YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

The.Chosen.One.2023.S01E04.1080p.NF.WEB-DL[CM].mp4

770.68 MB N/A video/mp4 44 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Dragon Ball Super: Super Hero
7.9

ဒီကားက​​တော့ dragon ballကာတွန်းရုပ်ရှင်​တွေထဲမှာ ၂၁ကား​ မြောက်ဖြစ်သလို စီးရီးရဲ့canonလည်းဖြစ်ပါတယ်။ ပြီး​တော့ သူ့​ ရှေ့ကား dragon ball super : brolyနဲ့လည်းတိုက်ရိုက်ဆက်ပါ တယ်။ ဆို​တော့ ​ရှေ့ကားကိုလည်း canonလို့ ယူလို့ရမယ်ထင်တာပဲ။ Dragon ballရဲ့ဇာတ်​ကောင် Son Gokuဆိုတာလည်း နယ်နယ်ရရ မဟုတ်ပါဘူး။ တရုတ်ဂန္ဓဝင်ဝတ္ထုကြီးဖြစ်တဲ့ အ​နောက်အရပ်သို့ ခရီး သွားခြင်းထဲက စွန်းဝူခုန်းကိုပဲ ဂျပန်ကာတွန်းဗားရှင်းပါ။ 1980ဝန်း ကျင်မှာ Son Gokuဟာ တစ်ကမ္ဘာလုံး​ပေါက်ခဲ့တာမလို့ တရုတ်ကပါ သူတို့ရဲ့မူရင်းဇာတ်လမ်းကိုယူဆွဲတာ​တောင်​ပေါက်​နေရင် ငါတို့ကိုယ်တိုင် ရိုက်မယ်ကွာဆိုပြီး Journey to the westဇာတ်လမ်းတွဲကြီးကို ရိုက်ကူး ခဲ့ရာက​နေ ဂန္ဓဝင်ဇာတ်လမ်းတွဲကြီး​ပေါ်​ပေါက်လာခဲ့တာပါ။ ဟာ...အဲ့​လောက် နာမည်ကြီး​နေပြီး ဂျပန်ကာတွန်း ကြီးသုံးကြီး( naruto, bleach, onepiece) ထဲ ဘာလို့မပါလဲဆိုရင် အဲ့၃ခုက ၁၉၉၀​နောက်ပိုင်း ​နောက်​ပေါက်​တွေ ဖြစ်ပြီး Dragon ballက​တော့ ၁၉၈၀ဝန်းကျင် ဘိုး​အေကာတွန်းဖြစ်​နေလို့ ပါပဲ။ ဇာတ်လမ်းအကျဥ်းက​တော့ ----------------------------- စီးရီးမှာပါဖူးတဲ့ Red ရဲ့ Red Ribbon Armyကို ​မွေးစားသားဖြစ်သူ Magnentaက ပြန်တည်​​ထောင်ဖို့လုပ်​​နေရာမှာ androidစက်ရုပ်ကျွမ်း ကျင်သူပညာရှင် ​ဒေါက်တာ Geroရဲ့​မြေးဖြစ်သူ Dr.Hedoကို စည်းရုံး ပါ​တော့တယ်။ အဲ့ဒီ​နောက်မှာ​တော့ Hedoဟာ Gamma 1 and 2ကို တီထွင်ပြီး Piccoloကိုသိပ်ခိုင်းရာ Piccoloကြီးကိုနိုင်သွားခဲ့ပါတယ်။ ဒါ့အပြင် Dragon ball fan​တွေသိကြတဲ့ ဇာတ်​ကောင်​တွေအားလုံး​တောင် မနည်းချခဲ့ရတဲ့ ​ဒေါက်တာGeroရဲ့Cellသတ္တဝါဆိုးကြီးကို အဆင့်မြှင့်တင် ထားတဲ့ Cell Maxကိုပါ ​ဒေါက်တာHedoကြီးက တီထွင်​နေပြန်ပါတယ်။ ဘယ်သူမှအနိုင်မယူနိုင်တဲ့ Cell Maxကို ဘယ်လို​တွေအနိုင်ယူကြမလဲ ဆိုတာကိုကိုယ်တိုင်ပဲဆက်ကြည့်ရှုကြပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ DrNyan ဖြစ်ပါတယ်) File Size..........(1.91 GB) / (1.21 GB) Quality............WEB-RIP 1080p /  720p Subtitle...........Myanmar Hardsub Duration..........1Hr 40Mins Format............MP4 Genre..............Animation, Action, Adventure Translator.......DrNyan Encoder..........SWM

Action • Crime
7.9 2022 99 mins
Dragon Ball Super: Super Hero
Good Will Hunting
8.1

ဒီဇာတ်ကားက IMDB- 8.3/10 နဲ့ RT- 97% တောင် Rating ရထားတဲ့ ဇာတ်ကားပါ.. ရုပ်ရှင်ပရိတ်သတ်တွေကတော့ “Good doesn't describe” (ကောင်းတယ် ဆိုတဲ့စကားလောက်နဲ့ မပြည့်စုံဘူး)လို့ ပြောကြတဲ့ဇာတ်ကားပါ ထူးခြားတာက ဒီကားရဲ့ဇာတ်ညွှန်းကို ဇာတ်ကားရဲ့ အဓိကနေရာက သရုပ်ဆောင်ထားကြတဲ့ ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကျော်ကြီး မက်ဒေမွန်(Matt Damon)နဲ့ ဘန်အဲဖလက်(Ben Affleck)ကိုယ်တိုင် ရေးထားတာပါ... သူတို့နှစ်ယောက်က ဇာတ်ညွှန်းအကယ်ဒမီဆုရ၊ Robin Williams က အကယ်ဒမီဇာတ်ပို့ဆုနဲ့အတူ အခြားရုပ်ရှင်ဆု ၂၂ ဆု ဆွတ်ခူးထားတဲ့ ဇာတ်ကားပါ - ------- ကမ္ဘာကျော်သင်္ချာပါရဂူကြီးတွေ နှစ်နဲ့ချီပြီး သက်သေပြဖို့ကြိုးစားရတဲ့ သင်္ချာပုစ္ဆာမျိုးတွေကို တစ်ထိုင်တည်းနဲ့ သက်သေပြနိုင်တဲ့ ဆယ်ကျော်သက် အရွယ် ဂျစ်ကန်ကန်ကောင်လေးတစ်ယောက် မိဘမဲ့ ခြေဦးတည်ရာမဲ့ ဆိုးဖော်ဆိုးဖက်တွေနဲ့မူးအောင်သောက် ဘဝကို ကြုံသလိုဖြတ်သန်း ဒါပေမယ့် သူဟာ ဂျီးနီးယက်စ်တစ်ယောက် သူ့ရဲ့ဦးနှောက်က Genius-level IQ နဲ့ သူဟာ သူ့အင်ပါယာမှာ သူ့ဥပဒေနဲ့ နေထိုင်တဲ့သူ သံယောဇဉ်တွယ်ရမှာကိုကြောက်တယ်... လူတွေရဲ့ သမားရိုးကျအတွေးအခေါ်တွေကို ရွံတယ် ဒီလိုနဲ့ သူ့ရဲ့အရည်အချင်းကို Field's Medal (သင်္ချာပါရဂူ)ဆုရှင်ပရော်ဖက်ဆာတစ်ယောက်က သတိထားမိသွားတယ်.. ..ဖြစ်နိုင်ရင်အညွှန်းကိုတစ်လုံးမှမရေးဘဲတင်လိုက်ချင်တာ.... ဘာလို့ဆို ဒီကားရဲ့ရသတွေဟာ ကျွန်တော့်ရဲ့ခပ်ညံညံရေးသားချက်အောက်မှာ မှေးမှိန်သွားမှာစိုးလို့ပါ... ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Sherlockဖြစ်ပါတယ်.... File Size…(5.23GB) and (1.27GB) Quality…BluRay 720p Format…mp4 Duration…02:06:00 Subtitle…Myanmar Subtitle(Hardsub) Encoder…..Phyo Pyae Translated by Sherlock

8.1 1997 127 mins
Good Will Hunting
Double Threat
3

ဇာတ်လမ်းလေးကတော့ ဂျင်မီရူးဒေါ့ဖ် ဆိုတဲ့ မှုခင်း စာရင်းကိုင်တစ်ယောက်ဟာ ဆုံးသွားတဲ့ သူ့အစ်ကိုရဲ့ အရိုပြာကို ကမ်းခြေမှာ ရေမျှောဖို့ သွားရင်း လမ်းဘေး စတိုးဆိုင်လေးတစ်ခုမှာ မုန့်ဝင်ဝယ်တာကနေ စတာပေ့ါ။ စတိုးဆိုင် ကောင်တာက ကောင်မလေးက ဂျင်မီကလွဲပြီး အခြား ဆိုင်ထဲ ဝင်လာတဲ့ သူအားလုံးကို သေနတ်နဲ့ပစ် ဓားနဲ့ပေါက်ပြီး သတ်ပစ်လိုက်တာကြောင့် ဂျင်မီတစ်ယောက်လည်း ကြောင်တောင်တောင်ဖြစ်သွားပြီ ကျသင့်ငွေကို ကောင်တာပေါ်တင်ပေးကာ ဆိုင်ထဲက ပြန်ထွက်လာခဲ့ပါတယ်။ ဂျင်မီတစ်ယောက် ကြောင်တိကြောင်တောင်နဲ့ သူ့ကားပေါ်တက်ပြီး ပြန်မောင်းထွက်လာခဲ့ပေမဲ့ ခုနက ကောင်တာက ကောင်မလေးက သူ့ရဲ့ကားထဲမှာ လိုက်ပါလာခဲ့ပါတယ်။ နောက်တော့ သိလိုက်ရတာက ကောင်မလေးနာမည်က နတ်တာရှာဖြစ်ပြီး ကိုယ်တူစိတ်ကွဲစိတ်ရောဂါ DID ခံစားနေရတဲ့ ကြေးစားတစ်ယောက်ပါတဲ့။ ဆိုလိုတာက နတ် နဲ့ တာရှာ ဆိုပြီး စိတ်နှစ်ခွရှိနေပြီး ပြဿနာရှာလွန်းတဲ့ တာရှာ့ရဲ့ အရှုပ်ထုပ်တွေကို ဉာဏ်ကောင်းတဲ့ နတ်က လိုက်ရှင်းရတာပေါ့။ သူ့အဖြစ်ကလည်း ဒုစရိုက်သမား အလုပ်ရှင်ဆီကနေ ပိုက်ဆံခိုးမိလို့ အဖွဲလိုက် လိုက်သတ်တာရှောင်နေရတာပါတဲ့ဗျာ။ ရုပ်ချောပြီး ချစ်စရာကောင်းတဲ့ ပြဿနာအိုးမလေးတစ်ယောက် ဂျင်မီရဲ့ ဘဝထဲ အမှတ်မထင် ရောက်လာတဲ့အခါ ဘာတွေဆက်ဖြစ်မလဲ? နတ်ကို လိုက်သတ်နေတဲ့ လူသတ်သမားတွေ ရန်ကနေ လွတ်အောင် ရှောင်နိုင်ပါ့မလား? ဆိုတာကိုတော့ ဇာတ်လမ်းလေးထဲ ဆက်ပြီး ကြည့်လိုက်ကြရအောင်ဗျာ Action, Comedy အမျိုးအစားဖြစ်တာကြောင့် ပေါ့ပေ့ါပါးပါးနဲ့ ဟာသလေးနှောပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားလေးပါ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Chevy ပါ။) File Size : 2.2GB, 921MB, 450MB Quality : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format : mp4 Duration : 1hr & 32mins Genre : Action, Adventure, Comedy Translated by Chevy Encoded by Kinnov

Romance
3 2023 91 mins
Double Threat
The French Dispatch
7.1

ရုပ်ရှင်တစ်ပုဒ်ဟာ ပြဇာတ်တစ်ပုဒ်လို အိပ်ရာဝင်ပုံပြင်တစ်ပုဒ်လို စိတ်ကူးယဉ်ဆန်ပြီးလှပ​နေပြီဆိုရင် Director Wes Andersonရဲ့လက်ရာ​တွေနဲ့ မကင်းနိုင်ပါဘူး၊ သူ့ဇာတ်ကား​တွေရဲ့ narrativeပုံစံ ဇာတ်လမ်းတင်ဆက်ပုံနဲ့ Uniqueဖြစ်သလို Colorfulလည်းဖြစ်တဲ့ ရိုက်ကွင်းအပြင်အဆင်တွေ​ကြောင့် ရုပ်ရှင်နဲ့မတူဘဲ ပုံပြင်ကမ္ဘာထဲ လက်​တွေ့​ရောက်သွားသလို ခံစားချက်မျိုး၊ The Palais Garnier ပြဇာတ်ရုံမှာ ကိုယ်တိုင်ပြဇာတ်ကြည့်​နေရသလို ခံစားချက်မျိုး ရ​စေတာကို - The Grand Budapest Hotel (2014) နဲ့ - Moonrise Kingdom (2012)မှာ ခံစားခဲ့ရပြီးပါပြီ၊ ဒီ ဇာတ်လမ်းကလည်း Wes Andersonရဲ့ ​နောက်ထပ် ရုပ်ရှင်မဟုတ်​သောရုပ်ရှင်၊ ပြဇာတ် မဟုတ်​​သော ပြဇာတ်လို့ ထပ်ရည်ညွှန်းရမယ်ထင်ပါတယ် ဒီဇာတ်လမ်းက​​တော့ Andersonရဲ့ ဝတ္ထုတို​တွေကို ချစ်မြတ်နိုးမှု၊ စာနယ်ဇင်း​လောကကို နှစ်ခြိုက်မှုအ​ပေါ် ရုပ်ရှင်ဇာတ်ကားအဖြစ် အသက်သွင်းလိုက်တဲ့ လက်ရာမွန်တစ်ခုပါပဲ၊ Cast​တွေကလည်း ​ပြေးကြည့်စရာမလို​​​​အောင်ကို ဒိတ်ဒိတ်ကြဲ​ဖြစ်တဲ့၊ သူ့လက်စွဲ​တွေ ဖြစ်တဲ့ - Tilda Swinton (Dr. Strange, The Grand Budapest Hotel) - Ghostbusters မင်းသားကြီး Bill Murray၊ - The Pianistရဲ့မင်းသားကြီး Adrien Brody၊ - Edward Norton (Fight Club) တို့အပြင် Timothée Chalamet, Saoirse Ronan, Owen Wilson, Léa Seydoux, William Dafoe တို့လို အရှိန်အဝါကြီးတဲ့ Cast​တွေဖြစ်တာမလို့ Wesရဲ့လက်ရာဟာ ပိုကြွသလို ပိုလည်း လှပ​စေပါတယ်၊ USA ..Kansasမြို့ လုပ်ငန်းရှင်ကြီးတစ်ဦးရဲ့သားဖြစ်သူ ပထမနှစ်​ကျောင်းသား​လေး Arthur Juniorရဲ့ ခရီးသွားမှတ်တမ်း​စာစဉ်မှအစပြုခဲ့တဲ့ The French Dispatch မဂ္ဂဇင်းဟာ သူဆုံးပါးချိန်မှာပဲ ​နောက်ဆုံးထုတ်​ဝေမှုနဲ့ ပိတ်သိမ်းရ​တော့မှာပါ၊ နှုတ်ဆက်စာအုပ်မှာအထူးစာမူအဖြစ် ထည့်​ဝေဖို့ မဂ္ဂဇင်းရဲ့ထိပ်သီးစာမူရှင်​တွေဆီက စာမူ​တောင်းတဲ့အချိန်မှာ စာမူ၄ပုဒ်ထွက်လာပါတယ်၊ မဂ္ဂဇင်းတိုက်ရဲ့ဘဏ္ဍာ​ရေးအ​ခြေအ​နေအရ စာမူတိုင်းကိုထည့်ဖို့ခက်ခဲ​နေတဲ့အချိန်မှာ တစ်ပုဒ်ချင်းစီကို အယ်ဒီတာ​တွေအ​​နေနဲ့ အ​သေးစိတ်အကဲဖြတ်ရင်း ဇာတ်လမ်းတို​လေး ၄ပုဒ်အဖြစ် ကွဲထွက်သွားပါတယ် ဇာတ်လမ်း၁ပုဒ်ချင်းစီတိုင်းဟာ Arc တစ်ခုလို စာမူရှင်ရဲ့အာ​ဘော်အရ အ​ရေးအသား၊ တင်ဆက်ပြသပုံ၊ အ​ကြောင်းအရာ​တွေ အမျိုးမျိုးကွဲထွက်​နေတဲ့အခါ တစ်ပိုင်း​ရောက်တိုင်း အရသာတစ်မျိုးခံစားရင်း ချိုချဉ်ငန်ဖန်စပ်ခါး ​သောင်း​ပြောင်း​ထွေလာအရသာကို တပြိုင်တည်းရရှိစေမှာပါ၊ ဝတ္ထုတို​တွေဖြစ်တဲ့အတွက်​ကြောင့် တစ်ပိုင်းချင်းစီဟာ ပုံပြင်ဖတ်​နေရသလို ခံစားမိ​စေတဲ့ Wesရဲ့အာ​ဘော်က​နေလည်း ​သွေဖီမသွားပြန်ပါဘူး၊ တစ်ပိုင်းချင်းစီက ရသတစ်မျိုး​ပေးသလို ကိုယ့်အ​တွေးနဲ့ ကိုယ်​​​သောက်ကြသည် ဆိုသလို ဇာတ်လမ်းက​ပေးတဲ့ အမြင်​တွေ၊ ခံစားချက်​တွေ အ​တွေးအ​ခေါ်​တွေ တစ်ဦးနဲ့တစ်ဦးတူမှာ မဟုတ်ပါဘူး၊ ဒီလိုမတူခြားနားတဲ့ အမြင်​တွေကိုပဲ Wes Anderson အ​နေနဲ့ ​ပေးချင်ပုံရပါတယ် ဇာတ်ကား​ကောင်းကြီးဖြစ်တာနဲ့အညီ သူနဲ့ထိုက်တန်တဲ့ rating​တွေ အသိအမှတ်ပြုခံရမှု​တွေ ကပ်ပါလာမြဲပါပဲ၊ ရုပ်ရှင်အသိုင်းအဝိုင်းမှာ အရှိန်အဝါကြီးတဲ့ Cannes နဲ့ Golden Globe award ​တွေအတွက် Nominations ​ဝင်ထားသလို လက်ရှိမှာ စုစု​ပေါင်း nomi 44ခုထိ စာရင်းရှိတဲ့ဇာတ်ကားဖြစ်ပါတယ်။ Detroit Film Critics Society (DFCS) နဲ့ Southeastern Film Critics association မှာ Best Ensemble 2 ဆုကိုလည်း ပူပူ​နွေး​နွေးရရှိထားတာပါ၊ ပုံမှန် ရုပ်ရှင်ကြည့်ပရိတ်သတ်​တွေနဲ့ မစိမ်းတဲ့ - IMDbမှာ 7.5, -Rotten Tomatoes မှာ review​ပေါင်း 273ခုနဲ့ Tomatometer 74%အထိ ​မှတ်​ကျောက်တင်ထားနိုင်ပါတယ်၊ ဒါရိုက်တာ Wes Andersonရဲ့ရုပ်ရှင်မဟုတ်​သောရုပ်ရှင်ကို ခံစားကြည့်ရှုရင်း စိတ်ကူးယဉ်ကမ္ဘာမှာ ​ပျော်​မွေ့နိုင်ဖို့ CMမှ တင်ဆက်​ပေးလိုက်ပါပြီ အညွှန်းကိုတော့ JimX က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ JYJ ပဲ ဖြစ်ပါတယ်။ Genre.....Comedy, Drama, Romance Quality….WEB-DL 1080p and 720p File size…1.5GB and 894MB and 293MB Format…mp4 Duration….1h 47min Subtitle….Myanmar Subtitle (Hardsub) Translator ..... JYJ Encoder ..... August

Sci-Fi & Fantasy
7.1 2021 108 mins
The French Dispatch
Thousand and One Lies
8

1001 Nunakal (2022) IMDb-8.0/10 ဇာတ်လမ်းတင်ဆက်ပုံခပ်ဆန်းဆန်းလေးနဲ့ အိမ်ထောင်သည်တွေ၊ အိမ်ထောင်တခုထူထောင်ဖို့ စဉ်းစားနေသူတွေကို အသိလေးတခုပေးနိုင်တဲ့ အိန္ဒိယကားလေးကိုတင်ဆက်ပေးလိုက်ပါပြီ။ ဇာတ်လမ်းနာမည်က မုသားစကား ၁၀၀၁တဲ့။ ဒီဇာတ်လမ်းမှာ အဓိကဇာတ်ဆောင်တွေကို မျက်နှာသစ်သရုပ်ဆောင်တွေ သုံးထားပေမယ့် ကျရာဇာတ်ရုပ်နဲ့လိုက်ဖက်အောင် ပါဝင်နိုင်ကြတာကို စိတ်ဝင်တစားနဲ့ကြည့်ကြရမှာပါ။ နေရာတခုတည်းမှာပဲ အဓိကတည်ပြီး ရိုက်ထားတဲ့ဇာတ်လမ်းတွေကိုကြည့်လိုက်ရင် စိတ်ဝင်စားစရာကောင်းရင်ကောင်း မဟုတ်ရင် ပျင်းစရာကောင်းလာရော။ကျွန်တော့်အမြင်အရကတော့ ဒီဇာတ်လမ်းကစိတ်ဝင်စားစရာပဲ။ဘာလဲဆိုတော့ ကြုံဖူးသိဖူးနေကြအကြောင်းရာတွေပါသလို ဘာတွေဖြစ်လာဦးမလဲ ဘာတွေပေါ်လာဦးမလဲဆိုတာမျိုးကို သိချင်စိတ်ဖြစ်အောင် ရိုက်ထားနိုင်လို့။ ဇာတ်လမ်းအကျဉ်းကိုပြောရရင် အဆောက်အဦးကြီးတခုမီးလောင်တယ်။အဲဒီမှာနေတဲ့ တိုက်ခန်းတွေက မိသားစုနှစ်ခုက သူတို့သူငယ်ချင်းအရင်းကြီးတယောက်အိမ်မှာ ခဏလာတည်းတယ်။ညစာစားကြရင်း နောက်ရက်မှာ အိမ်ရှင်လင်မယားရဲ့ ဆယ်နှစ်ပြည့်မင်္ဂလာနှစ်ပတ်လည်နေ့ရောက်မယ်ဆိုတာသိတော့ ပြန်မယ့်ဟာ မပြန်ကြသေးဘဲ ပွဲလေးကျင်းပကြတာပေါ့။တကယ်ခင်မင်ကြတဲ့ သူငယ်ချင်းအရင်းကြီးတွေပဲစုပြီးပွဲလေးလုပ်ရော။ အဲဒီမှာ သူငယ်ချင်းတွေဝိုင်းထိုင်ကြရင်း သူတို့တွေပြောကြတဲ့အကြောင်းအရာတွေ အဖြစ်အပျက်တွေက ဇာတ်လမ်းကိုဆွဲခေါ်သွားတာပဲ။ကွဲပြားတဲ့အမြင်တွေ အယူအဆမတူညီကြတာတွေကနေ သူတို့ရဲ့ဘ၀တွေကို စကားတွေကနေတဆင့် တင်ဆက်ပြသသွားတာကို ကြည့်လိုက်ကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V~BpL~Zwe~Yunniတို့ဖြစ်ပါတယ်) File size…1.37GB  /  613MB  Quality…1080p WEB DL  / 720p Format…mp4 Duration….1h 45mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  V~BpL~Zwe~Yunni

Drama • Mystery
8 2022 104 mins
Thousand and One Lies
You Don’t Mess with the Zohan
5.5

You Don’t Mess with the Zohan (2008) Adam Sandler ရဲ့ မကြည့်ဖူးသူမရှိလောက်မယ့် ကားဟောင်းကားကောင်းတစ်ကားပါ။ သူကိုယ်တိုင် သရုပ်ဆောင်ရုံတင်မကဘဲ ဇာတ်ညွှန်း‌ကိုလည်း သူပဲ ဝင်ရေးပေးခဲ့ပါသေးတယ်။ ဒါ့အပြင် အခြားနာမည်ကျော် ရုပ်ရှင်မင်းသားမင်းသမီးတွေဖြစ်ကြတဲ့ Emmanuelle Chriqui, John Turturro နဲ့ Buddy Games ဇာတ်ကားထဲက မင်းသားကြီး Nick Swardson ကိုလည်း လူငယ်သရုပ်ဆောင်အနေနဲ့ တွေ့ရမှာဖြစ်လို့ လုံးဝကို လက်ရာမြောက် ဟာသဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ ဇာတ်ကားကတော့ ဇိုဟန်ဆိုတဲ့ အစ္စရေးနိုင်ငံသား အထူးစစ်သားတစ်ယောက်အပေါ် ဇာတ်အိမ်တည်ပြီးတော့ရိုက်ကူးထားတာပါ။ ဇိုဟန်ဟာ သူလုပ်နေတဲ့အလုပ်မှာ ကျွမ်းကျင်ရုံတင်မကဘဲ အတော်လေးကို နာမည်ကြီးလှတဲ့ အကြမ်းဖက်နှိမ်နင်းရေး တပ်ဖွဲ့ရဲ့ နိုင်ငံကျော်စူပါစတားပဲဖြစ်ပါတယ်။ ဒါပေမဲ့ သူဟာ ဒီအလုပ်ကိုလုပ်နေရင်းနဲ့ ဒီလိုပဲ သူ့ဘဝကြီးက သံသရာလည်တာကို မနှစ်သက်တော့ပါဘူး။ အဲဒီအခါ ဇိုဟန်ဟာ သူ့ရဲ့ ဝါသနာပါရာ စိတ်ကူးအိပ်မက်ကို အကောင်အထည်ဖော်ဖို့အတွက် အမေရိကကို ထူးဆန်းတဲ့နည်းနဲ့ သွားဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ ဇိုဟန်တစ်ယောက် အမေရိကရောက်သွားတော့ ဘာတွေဆက်ဖြစ်မလဲ… ဘယ်လိုဆန်းပြားတဲ့အတွေ့အကြုံသစ်တွေနဲ့ ကြုံတွေ့ရမလဲဆိုတာကို Adam Sandler ထုံးစံ စခွီတစ်သိန်းနဲ့ မြင်ရမှာဖြစ်လို့ ရှုစားလိုက်ကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.2GB, 905MB Quality – 1080p, 720p IMDb Rating – 5.6/10 Format – mp4 Duration – 1H 53Min Genre – Action, Comedy Subtitle – Myanmar Subtitle (Hardsub) Translated by Mark Encoded by Y

Drama
5.5 2008 113 mins
You Don’t Mess with the Zohan
Rumble Through the Dark
6.7

Rumble Through the Dark (2023) ~ IMDb – 6.7/10, Rotten Tomatoes – 50% ~ “You either die a hero or live long enough to see yourself become the villain.” ဆိုတဲ့ နာမည်ကျော် ဒိုင်ယာလော့ကို ကြားရင် ခင်ဗျားတို့ ဘယ်သူ့ကိုပြေးမြင်ကြလဲ။ သေချာတာပေါ့… နိုလန်ရဲ့ The Dark Knight ထဲက ဟာဗီးဒန့် ခေါ် Two-Face ကြီးကိုပါပဲ။ ဒီဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ခဲ့တဲ့ Aaron Eckhart ကိုလည်း ခင်ဗျားတို့ကောင်းကောင်းရင်းနှီးကြမှာပါ။ Olympus Has Fallen, London Has Fallen, I, Frankenstein နဲ့ Sully တို့အပါအဝင် တခြားကားကောင်းတွေအများကြီးမှာ သရုပ်ဆောင်ခဲ့တဲ့ ဝါရင့်မင်းသားကြီးပါပဲ။ တခြားမတွေးပါနဲ့ နိုလန်ခေါ်သုံးခံရတဲ့ထဲ ခပ်ညံ့ညံ့သရုပ်ဆောင်တစ်ကောင်မှ မရှိပါဘူး။ ဒီကားကတော့ အဲဒီ ဟာဗီးဒန့်ကြီး Aaron Eckhart ရဲ့ ဒီနှစ်ထွက် အက်ရှင်ရုပ်ရှင်အသစ်ပါ။ ရိတ်တင်ဘာညာလည်းမဆိုးလှပါဘူး။ ဒါကိုမှ ရုပ်လေးနဲ့ လုပ်စားလို့ကောင်းတဲ့ နာမည်ကြီး Midnight Sun ဇာတ်လမ်းထဲက မင်းသမီး Bella Throneပါ ထပ်ဖြည့်ပေးထားတော့ ဒီကားက စိတ်ပြေလက်ပျောက်ရုပ်ရှင်တွေရဲ့ ပရိသတ်တွေ အက်ရှင်ရုပ်ရှင်တွေရဲ့ ပရိသတ်တွေနဲ့ အံကိုက်ပါပဲ။ ထုတ်ထားတာကလည်း နာမည်ကြီးကုမ္ပဏီ Lionsgate ကနေပါ။ အက်ရှင်ပရိသတ်တွေဟာ ဒီရုပ်ရှင်ကို တော်တော်လေးကြည့်ကောင်းတယ်လို့ မှတ်ချက်ပေးကြပြီး Aaron ကိုလည်း ဒီရုပ်ရှင်ကို ဆွဲတင်နိုင်ခဲ့တယ်လို့ ချီးကျူးထားကြပါတယ်။ ဇာတ်လမ်းကတော့ ခပ်ရိုးရိုးလေးပါပဲ။ အ​ကြွေး​တွေကို အကုန်ပြန်ဆပ်ပြီး အ​မေ့​ရဲ့ ​နောက်ဆုံးခရီးမ​ရောက်ခင် အိမ်​လေးကိုပြန်ဝယ်ပြီး ထား​ပေးချင်တဲ့ ဖိုက်တာ ဂျက် တစ်​ယောက်ရဲ့ ​နောက်ဆုံးထိုးသတ်ပွဲကို ရိုက်ပြထားတာပါ။ အထိုးအနှက်​တွေကို ​သေချာ​လေးရိုက်ပြထားပြီး ​သွေးထွက်သံယိုခန်း​တွေအများကြီးပါတာ​ကြောင့် အကြမ်းအတမ်းကြိုက်တဲ့သူ​တွေကြည့်သင့်တဲ့ကားကောင်းတစ်ကားဆို မမှားပါဘူး။ (ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.1GB, 920MB Quality – 1080p, 720p IMDb Rating – 6.7/10 Format – mp4 Duration – 1H 56Min Genre – Action, Mystery, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by DB Encoded by Y

6.7 2023
Rumble Through the Dark
Shaandaar

Shaandaar 2015 (ဖူးစာ) Super 30, Shaitaan, Goodbye တို့လို နာမည်ကြီးဇာတ်ကားပေါင်းများစွာကို ရိုက်ကူးတင်ဆက်ထားပြီး အကောင်းဆုံးဒါရိုက်တာဆုကို ရရှိထားတဲ့ ဒါရိုက်တာVikas Bahl ဘတ်ဂျက်သန်း၆၀၀နဲ့ ရိုက်ကူးထားတဲ့ တစ်ခေတ်တစ်ခါက နာမည်ကြီးရုပ်ရှင်ကားကြီးကို တင်ဆက်ပေးထားပါတယ်။ ဘောလိ၀ုဒ်ပရိသတ်တို့ရဲ့ အချစ်တော် ရှာဟစ်ကပူးလ်နဲ့ အာလီယားတို့လို နာမည်ကျော်သရုပ်ဆောင်တွေ ပါဝင်ထားပါတယ်။ အာလီယားလေးက ညမအိပ် နေ့မအိပ်တဲ့ဇီးကွက်လေးလို့ မွေးစားဖခင်ကတင်စားထားရသူလေးပါ။ မိဘမဲ့တစ်ယောက်ကိုအိမ်ခေါ်လာပြီးတော့ သမီးရင်းလိုပြုစုစောင့်ရှောက်ထားပေမဲ့ ဘယ်ကနေခေါ်လာတယ် ဘာလို့ခေါ်လာတယ်ဆိုတာကိုတော့ ဘယ်သူမှမသိကြပါဘူး။ ဒီလိုနဲ့နှစ်တွေကြာပြီး ကြီးပြင်းလာချိန်မှာတော့ မွေးစားဖခင်ဘီပင်ရဲ့သမီး မင်္ဂလာပွဲစီစဉ်ဖို့အကြောင်းဖန်လာခဲ့တယ်။ ပွဲစီစဉ်ဖို့သွားရင်း လမ်းမှာ ရှာဟစ်နဲ့ကားအက်စီးဒင့်ဖြစ်ကြပါလေရော။ ဘီပင်နဲ့ရှာဟစ်တို့ စကားအချေအတင်ဖြစ်ရင်း ကားပေါ်ကဆင်းလာတဲ့ အာလီယားလေးကိုမြင်တော့ နှစ်သက်ရတဲ့ဆေးလိပ်ကိုတောင် ပစ်ချရတဲ့ထိ မြင်မြင်ချင်းသဘောကျသွားလေရဲ့။ ကံကြမ္မာဖန်လေတော့ မင်္ဂလာပွဲစီစဉ်သူက ရှာဟစ်ဖြစ်နေပြီး ရှာဟစ်နဲ့အာလီယားတို့ကြား ဘယ်လိုဇာတ်လမ်းတွေ ဖြစ်တည်လာမလဲဆိုတာကတော့။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်)

0 2015
Shaandaar
Infini
5.5

အာကာသစခန်းတစ်ခုပေါ်မှာ ဇီဝကူးစက်မှု အဓိကရုဏ်းဖြစ်ပွါးတဲ့အချိန် ဝှစ်ကာမိုင်ကယ်တစ်ဦးတည်းသာ အသက်ရှင်ကျန်ခဲ့ပြီး ကမ္ဘာချီဝေးတဲ့ ဂြိုဟ်တစ်လုံးပေါ်က “အင်ဖနီ” ဆိုတဲ့ အာကာသမိုင်းတွင်းစခန်းကို ရောက်သွားခဲ့တယ်။ ဒီလိုနဲ့ သူ့ကို ကယ်တင်ဖို့ လက်ရွေးစင် ကယ်ဆယ်ရေးတပ်ဖွဲ့ကို ဖွဲ့စည်းစေလွှတ်လိုက်တဲ့အချိန်မှာ ဘယ်လို အခက်အခဲတွေ၊ ဘယ်လိုလျှို့ဝှက်ချက်ကို ကြုံတွေ့ကြရမလဲ၊ ဘယ်သူတွေက ရှင်သန်ကျန်ခဲ့မလဲဆိုတာကို စောင့်မျှော်ကြည့်ရှုရမဲ့ Sci-Fi/Horror ကားတစ်ကားပဲ ဖြစ်ပါတယ်။ File size…1.19GB / 515MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 50m Genre ….. Horror , Sci-Fi , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Esth

5.5 2015 110 mins
Infini
The Myth 2 : A Legend

ဂျက်ကီချန်းရဲ့ နာမည်ကျော် The Myth (2005) အဆက်အဖြစ် ထွက်ရှိလာတဲ့ တရုတ်ဇာတ်ကား A Legend (2024) ကတော့ ဒီနေ့ပဲ ရုပ်သံအကြည်ထွက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ The Myth ရဲ့အဆက်ဆိုပေမယ့် ဂျက်ကီချန်းရဲ့ဇာတ်ကောင်လောက်ပဲ ပထမကားရဲ့အဆက်အဖြစ် တူညီမှုရှိပြီး ဇာတ်လမ်းကတော့ တခြားဒဏ္ဍာရီ တစ်ပုဒ်ဖြစ်သွားခဲ့ပါပြီ။ လက်ရှိခေတ်နဲ့ အတိတ်က ဟန်မင်းဆက်ခေတ်ကို အသွားအပြန်တင်ဆက်ထားတာတွေ့ရမှာပါ။ ဟန်လူမျိုးတွေနဲ့ ရှုံနူလူမျိုးစုတွေရဲ့ ရာဇဝင်တိုက်ပွဲကို အခြေခံလို့ ချစ်ခြင်းဒဏ္ဍာရီ တစ်ပုဒ်ကို လွမ်းဆွေးဖွယ်တင်ဆက်ထားပါတယ်။ ဂျက်ကီချန်းရဲ့ငယ်ရုပ်တွေ CGI တွေအများအပြားသုံးထားပြီး ဘယ်လောက်ထိ ဒဏ္ဍာရီဆန်မလဲဆိုတာကိုတော့….။

Drama • Horror • Mystery
0 2024
The Myth 2 : A Legend
Escape Plan
6.7

Escape Plan (2013) IMDb Rating – 6.7/10 ဒီရုပ်ရှင်ကတော့ နာမည်ကျော်မင်းသားကြီး Stallone နဲ့ Arnold တို့ ပါဝင်ထားတဲ့ Action-thriller ရုပ်ရှင်ဇာတ်ကားပဲ ဖြစ်ပါတယ်။ Escape Plan သုံးကားထဲက ပထမဆုံးရုပ်ရှင်ဇာတ်ကားဖြစ်ပြီး ၂၀၁၃ ခုနှစ်က ထွက်ရှိခဲ့တာဖြစ်ပါတယ်။ Escape Plan ၃ ကားလုံးကို 4K Quality နဲ့ ဒီမှာ https://www.channelmyanmar.to/?s=escape+plan+stallone ဒေါင်းလို့ရပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ‘ရေး ဘရက်စလင်’က အကျဉ်းထောင်တွေကို အဆင့်မြင့်လုံခြုံရေးစနစ်ရှိ-မရှိ လိုက်လံစစ်ဆေးတဲ့အနေနဲ့ နိုင်ငံတဝှမ်းမှာရှိတဲ့ အကျဉ်းထောင်ပေါင်း တစ်ဒါဇင်ကျော်လောက်ကို ဝင်လိုက် -ထောင်ဖောက်ကြည့်လိုက်နဲ့ ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီတစ်ခုနဲ့ လက်တွဲကာအလုပ်လုပ်နေတဲ့ လုံခြုံရေး အဆောက်အဦဆိုင်ရာ လေ့လာသူတစ်ဦးဖြစ်ပါတယ်။ တစ်ရက်မှာတော့ စီအိုင်အေက လူတစ်ယောက်က သူ့ကို ဒေါ်လာသန်းနဲ့ချီပေးကာ အကျဉ်းထောင်တစ်ခုကို ဖောက်ခိုင်းပါတော့တယ်။ ထောင်ထဲကို ရောက်ပြီးမှ သိလိုက်ရတာက အဲ့ဒီထောင်ရဲ့ လုံခြုံရေးစနစ်က မြင့်မားလွန်းတဲ့အပြင် သူ့ကို အလုပ်လာအပ်တဲ့ သူကလည်း လိမ်လည်သွားခဲ့တာပါပဲ။ အပြင်က သူ့ကိုကူညီပေးနေတဲ့ သူ့အဖွဲ့သားတွေနဲ့လည်း အဆက်အသွယ်ပြတ်သွားတဲ့ ရေး တစ်ယောက် ဘယ်လိုတွေ ဆက်လုပ်မလဲဆိုတာကို ကြည့်ရှုလိုက်ကြပါဦး။ (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Nway Oo K Zaw မှတင်ဆက်ထားပါတယ်။)

Action • Thriller • Crime
6.7 2013 115 mins
Escape Plan
Stormskerry Maja

Stormskerry Maja (မူရင်း: Stormskärs Maja) သည် Amanda Jansson အဓိက ပါဝင်သရုပ်ဆောင်ထားပြီး Saara Cantell မှ ရိုက်ကူးထားသော ရင်ခုန်စိတ်လှုပ်ရှားဖွယ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ မာယာဟာ ဖင်လန်အနီးမှာရှိတဲ့ ကျွန်းကို ရောက်လာပြီး ဘဝရဲ့ အခက်အခဲတွေ၊ မိသားစုနှင့် ချစ်ခြင်းမေတ္တာတွေကြားက ရုန်းကန်မှုတွေကို ရင်ဆိုင်ရပါတော့တယ်။ Linus Troedsson သည် မာယာ အမျိုးသားဖြစ်ပြီး သူမရဲ့ ဘဝခရီးကို ပိုမိုကောင်းမွန်တဲ့ခရီးတစ်ခုအဖြစ်ဖန်တီးပေးပါတယ်။ ဒီရုပ်ရှင်က ကျေးလက်ဘဝရဲ့ အလှအပတွေနှင့် အခက်အခဲတွေကို တစ်ချိန်တည်းမှာပင် ဖော်ပြထားပြီး၊ စစ်ပွဲကြားက လူ့တစ်ယောက်မှာရှိရမယ့် ethic ကိုယ်ကျင့်တရားကိုလည်း ဖော်ကျူးပြသထားပါတယ်။ ဒီဇာတ်လမ်းကိုတော့ ပရိသတ်တွေကြည့်ရှု့ပြီးရင် အမှတ်တရတွေနဲ့ ပြန်လည်ခံစားသွားရစေနိုင်တဲ့ ရုပ်ရှင်တစ်ခုဖြစ်ပြီး နိုင်ငံတကာ ရုပ်ရှင်ရုံများတွင်လည်း အကောင်းဆုံးဇာတ်လမ်းတစ်ခုအဖြစ် ကျော်ကြားခဲ့ပါတယ်။ ဒီရုပ်ရှင်သည် ရင်ထဲထိမိစေသော ဇာတ်ကွက်များနှင့် တစ်သက်တာအတွက် ဘဝသင်ခန်းစာများကို ရရှိစေမယ့်အပြင် ရုပ်ရှင်လောကကြားမှာလည်းချီးကျူးမှု့တွေရရှိထားတာဆိုတော့ အရမ်းကိုမှကြည့်သင့်သောဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်ခင်ဗျာ။ File size…(2.5 GB)/(1.5 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Banyar Aung

0 2024
Stormskerry Maja
Who is the Trespasser

လူတွေကိုကယ်တင်ဖို့ နည်းပညာတွေကို လေ့လာတိုးတက်အောင်လုပ်ဆေးဝါးသစ်တွေ ကုသနည်းသစ်တွေ ကြိုးစားရှာဖွေနေကြတဲ့ လူတချို့အကြောင်း ရိုက်ကူးထားတဲ့ကားလေး ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်နော်… ဒီကားလေးမှာဆိုရင် လူသားတွေပြောတဲ့ ကုရာနတ္ထိဆိုတဲ့ ကင်ဆာရောဂါကို ကုသဖို့ဆေးရှာဖွေဖောတ်ထုတ်နေတဲ့ ဆေးဝါးလုပ်ငန်းက ဆေးသစ်ဖော်ဖို့အတွက် လူတွေမရောက်ဖူးတဲ့ မြေပုံပေါ်မှာ နာမည်မရှိတဲ့… ကျွန်းကြီးကို ကနဦးရှာဖွေသူတွေလွှတ်တာ အားလုံး စာမလာသတင်းမကြား ဆက်သွယ်မရဖြစ်ကုန်တာကြောင့်… သူဌေးကိုယ်တိုင်ဦးဆောင်ပြီး နောက်ခရီးသွားခဲ့ပါတယ်… ကျွန်းပေါ်ရောက်တော့မှာ မျိုးသုဉ်းသွားပြီဆိုတဲ့ ဒိုင်နိုဆောမျိုးနွယ်စုတွေကို တွေ့ရပါတော့တယ်… ဒိုင်နိုဆောနဲ့ လူသားတွေ ဘယ်သူက ဒီကျွန်းပေါ်မှာ ရှင်သန်သွားနိုင်မှာလဲ… နောက်ပြီး တကယ် ကင်ဆာရောဂါဆေးဖော်စပ်ဖို့ ရှာတွေ့မှာလား… ဆေးသစ်ရော ဖော်နိုင်မှာလား…အတူကြည့်ရအောင်နော်

Documentary
0 2025
Who is the Trespasser
The Third Eye
5.5

ဒီတစ်ခါမှာ CM ကနေအချစ်ဇာတ်လမ်းတိုကောင်းလေးတစ်ပုဒ်နဲ့တင်ဆက်ပေးလိုက်ချင်ပါတယ်။ ဇာတ်လမ်းလေးကတော့ကျန်းချီးရွေဆိုတဲ့ကောင်မလေးက မတော်တဆမှုကြောင့်ခဏတာ အတိတ်မေ့နေတာကနေအစချီထားပြီးအိပ်မက်ထဲမှာ ဟူခယ်နန်ဆိုတဲ့လူတစ်ယောက်ကို အသည်းအသန်ရှာဖွေနေတာပေါ့။ ဒီလိုနဲ့ အိပ်မက်ထဲကနေရုတ်တရက်နိုးထလာတဲ့အချိန်မှာဘေးနားမှာ လီမင်လို့ခေါ်တဲ့ကောင်လေးတစ်ယောက်ကကားမောင်းနေပြီး သူ့ကိုအကျိုးအကြောင်းမေးမြန်းပေမဲ့လည်းချီးရွေတစ်ယောက် အတိတ်မေ့နေတာကြောင့်လီမင်ကိုမမှတ်မိပဲအထိတ်တလန့်စိတ်မလုံခြုံမှုတွေခံစားနေရတာပေါ့ ။ဒီလိုနဲ့လီမင်ကချီးရွေကို ဖုန့်ဟွမ်တောင်ပေါ်မှာရှိတဲ့ဖုန့်ဟွမ်ရွာလေးကို ခေါ်သွားပြီးချီးရွေအတိတ်မေ့နေတဲ့အရာအားလုံး ဒီရွာမှာ ရှာတွေ့ပေးနိုင်လို့ချီးရွေကိုပြောကာ ခေါ်သွားခဲ့တယ်။ဒီလိုနဲ့ရွာကိုရောက်တဲ့အချိန်မှာလည်း ချီးရွေတစ်ယောက်အရာအားလုံးဖြစ်ခဲ့ဖူးသလို ဝေဝေဝါးဝါးပြန်မြင်ယောင်နေမိပြီးသူ့အိပ်မက်ထဲမှာ တချိန်လုံးလိုက်ရှာနေတဲ့ဟူခယ်နန်ကဘယ်သူလဲ ဘယ်လိုပုံစံမျိုးလဲဆိုတာ သိရဖို့အဲ့အရွာမှာတချိန်လုံး ဟူခယ်နန်ကိုလိုက်ရှာပါတော့တယ် လိုက်လံရှာဖွေဖော်ထုတ်နေတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်လာကြမလဲ ဒီရွာမှာဘယ်လိုဒဏ္ဍာရီပုံပြင်ဇာတ်လမ်းတွေရှိနေမလဲလီမင်ကကော ကျန်းချီးရွေနဲ့ဟူခယ်နန်ကြားမှာ ဘယ်လိုပတ်သက်နေလဲဆိုတာတွေကိုတော့ ဒီဇာတ်လမ်းလေးကနေအတူတူကြည့်ရူလိုက်ရအောင် ~

Family • Comedy • Romance
5.5 2025
The Third Eye
Or Utopia
6.7

Or Utopia (2024) ****************** ဒီတစ်ခေါက် CM ပရိသတ်ကြီးအတွက် ဂျပန်သဘာဝလွန် ဇာတ်ကားသစ်လေး တင်ဆက်ပေးပါရစေ။ ဒီကားလေး‌ထဲမှာဆိုရင် ဂျပန်နိုင်ငံတစ်ဝှမ်းလုံး အမည်မသိထူးဆန်းတဲ့ သတ္တဝါကြီးတွေရဲ့ တိုက်ခိုက်မှုကို ခံနေရတဲ့ အခြေအနေကို နောက်ခံထားရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ သတ္တဝါကြီးတွေရန်က ကာကွယ်ဖို့အတွက် လူတွေဟာ အိမ်ထဲမှာပဲ ပုန်းနေကြရတယ်။ အဲဒီလိုပုန်းနေကြတဲ့ အချိန် .. ဟိုတယ်တစ်ခုတည်းမှာ တည်းခိုနေကြတဲ့ အသက်ရှင်ကျန်ရစ်သူ ၁၂ယောက်ဟာလည်း အပြင်ကို ထွက်လို့မရတော့ဘဲ ပိတ်မိနေကြရပါတယ်။ ဆေးစွဲနေတဲ့ သက်လတ်ပိုင်း ရုပ်ရှင်မင်းသမီးတစ်ဦး၊ စာရေးဆရာတစ်ဦး၊ ဟိုတယ်မန်နေဂျာ၊ အောက်ပိုင်းသေနေတဲ့ ဟိုတယ်ပိုင်ရှင်၊ အမျိုးသမီးအဝတ်အစားတွေကို ဝတ်ရတာသဘောကျတဲ့ အမျိုးသားတစ်ဦး၊ အဲဒီဟိုတယ်မှာပဲ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ စီစဉ်ထားခဲ့ကြတဲ့ အဖွဲ့တစ်ဖွဲ့ အပါအဝင် လူအမျိုးမျိုးပါပဲ။ ဒီလိုနဲ့ အတူတူနေကြရင်း ဟိုတယ်ပိုင်ရှင် ဟိရာယာမာ ရုတ်တရက် သေဆုံးသွားတဲ့အခါ အချင်းချင်းသံသယဖြစ်မှုတွေ ရှိလာကြပါတယ်။ နောက်ဆုံးမှာ ပိတ်လှောင်ခံထားရတာကြောင့် တချို့က စိတ်ထွက်ပေါက်ရှာကြတယ်။ဟိုတယ်ထဲကို စိမ့်ဝင်လာတဲ့ လေထုကြောင့် တချို့လူတွေကလည်း မဟုတ်မမှန်တာတွေကို မြင်လာကြရတယ်။ တစ်ချိန်တည်းမှာပဲ ဟိရာယာမရဲ့ သေဆုံးခြင်း နောက်ကွယ်က အမှန်တရားကို ရှာတွေ့တဲ့အခါမှာ စာရေးဆရာမာကိအပါအဝင် တစ်ဦးချင်းစီရဲ့ အတိတ်တွေနဲ့ လျှို့ဝှက်ချက်တွေဟာ တစ်စတစ်စ ထွက်ပေါ်လာပါတော့တယ်။ ကယ်ဆယ်ရေးတပ်ဖွဲ့ကို စောင့်နေကြတဲ့ သူတို့ဟာ ကယ်ဆယ်ရေး တကယ်ရောက်လာတဲ့အချိန်ထိ ခံနိုင်ရည်ရှိကြမလား။ ကြားထဲမှာရော ဘယ်လိုတွေ ဖြစ်ကြမလဲ။ တစ်ဦးချင်းစီရဲ့ လျှို့ဝှက်ချက်တွေက ဘာတွေဖြစ်မလဲ။ ဟိုတယ်ပိုင်ရှင်ဟိရာယာမာ ဘာကြောင့်သေဆုံးသွားခဲ့ရတာလဲဆိုတာ ကြည့်ရှုပေးကြပါဦးနော်။ (အညွှန်းကို Reddy မှ ရေးသားထားပါတယ်) File size…1.84GB / 803MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….2h 09m Genre ….. Comedy, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Reddy Encoded by AHtet

Action • Comedy • Romance
6.7 2024 129 mins
Or Utopia