YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

The Cheating Heist S01E27 1080p CM.mp4

502.97 MB N/A video/mp4 14 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Sin City: A Dame to Kill For
6.4

2005က ထွက်ခဲ့တဲ့ Sin City (https://channelmyanmar.org/sin-city-2005/) ရဲ့ တိုက်ရိုက် အဆက်လို့ပြောလို့ရတယ်။ (အဆက်လို့တော့ လုံးလုံးပြောမရတာက ခေါင်းစီးအခန်းဖြစ်တဲ့ A Dame To Kill For က ပထမကားက ဒွိုက်ရဲ့ဇာတ်လမ်း မတိုင်ခင်က ဇာတ်လမ်းဖြစ်နေလို့ပါပဲ။ ပြောရရင် ဒီကဇာတ်တွေအားလုံးက တစ်ဇာတ်ကလွဲ ကျန်တာတွေက ပထမဇာတ်တွေကို ပြန်ဆက်ထားတဲ့ prequel တွေ sequel တွေချည်းပဲ။ ပထမကားရဲ့ အရသာကို ပြန်မီအောင်တော့လုပ်ထားတယ်။ ဒါပေမဲ့ ပထမကားလောက် လူမဆန်ခြင်းမျိုးတွေတော့ တွေ့ရမှာမဟုတ်ဘူး။ ဒါပေမဲ့လည်း သူ့နည်းသူ့ဟန်နဲ့ အီဗာဂရင်းနဲ့ ဂျက်စီကာအယ်ဘာရဲ့ အလှတွေနဲ့ သွေးသံရဲရဲတွေကို ပေါင်းစပ်ထားတဲ့ ခပ်ကြမ်းကြမ်းကားတော့ ဖြစ်နေတုန်းပဲ။ ပထမကားမှာတုန်းက တစ်ခန်းတစ်ခန်းချင်းစီကို သူ့အခန်းနာမည်နဲ့ စာတန်းထိုးပေးထားလို့ တစ်ဆက်တည်းမဟုတ်မှန်းသိသာခဲ့ပေမဲ့ ဒီကားကတော့ တစ်ဆက်တည်းလိုလိုတော့ လုပ်ထားတယ်။ ဒီကားက အဖြစ်တွေမှန်သမျှ တစ်ဆက်တည်းလို့ ပြချင်တာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒီတော့ သူ့ Timeline ကို ပြန်စီချင်ရင် ဒီကားရဲ့အစဉ်ကို ဗဟိုထားပြီး ပထမကားက အပိုင်းတွေကို ဖြည့်လိုက်မှရမယ်။ Clive Owenကလွဲ ကျန်တဲ့ဇာတ်ကောင်တွေမှာ အရင်သရုပ်ဆောင်တွေပဲ သရုပ်ဆောင်ထားတယ်။ အသစ်တွေလည်းပါတယ်။ ဒီကားရဲ့ ဒါရိုက်တာနှစ်ယောက်က ခေတော့မခေဘူး။ တစ်ယောက်က မူရင်း ဂရပ်ဖစ်နိုဗယ်ရဲ့ စာရေးဆရာ ။ နောက်တစ်ယောက်က တာရန်တီနိုနဲ့ တစ်ယောက်တစ်ခြမ်းရိုက်ဖူးသလို သူ့ကားမှာလည်း တာရန်တီနိုကိုထည့်သုံးဖူးတဲ့ဘဲ။ ပထမကားရိုက်တာမှာလည်း တာရန်တီနို အကြံယူလိုက်တာလား။ ဝင်ရိုက်ပေးတာလားတော့မသိ ရှိတော့ရှိခဲ့တယ်။ သူကိုယ်တိုင်လည်း Mexico Trilogyလို့ခေါ်တဲ့ နာမည်ကြီး Trilogy ကို ရိုက်ထားဖူးတယ်။ သူရိုက်ခဲ့တဲ့ထဲ Alita: Battle Angelတို့ Once Upon a Time in Mexicoတို့ From Dusk Till Dawnတို့တော့ လူတော်တော်သိလောက်မယ်။ Spy Kidsထွက်သမျှကားတွေအကုန်လည်း သူပဲရိုက်ထားတာ။ ဒီကားကပထမကားထက် နည်းနည်းတော့ လျော့သွားပေမဲ့ တော်တော်ကြည့်ကောင်းတဲ့ ကားဖြစ်နေတုန်းအပြင်ကို ထူးခြားချက်က ဒီကားထဲက အီဗာဂရင်းရဲ့ဇာတ်ကောင်က ရုပ်ရှင်သမိုင်းတစ်လျှောက်က noir ရုပ်ရှင်တွေထဲက နာမည်ကြီး black widowကာရိုက်တာတွေကို Homage ပေးထားတယ်လို့ ပြောကြတယ်။black widowဆိုတာက ကိုယ့်လင် ကိုယ့်ရည်းစားကို သတ်တဲ့ မိန်းမကိုခေါ်တာ။ Double Indemnityတို့ The Postman Always Rings Twice တို့ထဲက ကာရိုက်တာတွေကိုပေါ့။ Sin City: A Dame to Kill Forဟာ ပထမကားထက် ကြမ်းကြုတ်ရက်စက်တာတွေလျော့သွားပေမဲ့ ပထမကားထက်တော့ ပိုဆွဲဆောင်မှုရှိတဲ့ကားဆိုတာတော့ အီဗာဂရင်းနဲ့တင် အာမခံလို့ရပါတယ်။ ပထမကားလိုပဲ ရုပ်ရှင်ကြည့်ရတာနဲ့မတူဘဲ neo-noir comicsစာအုပ်တစ်အုပ်ဖတ်ရသလို အရသာမျိုးရစေမယ့်ကားပါပဲ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်တင်ဆက်ထားသူကတော့ WiRa Aung ဖြစ်ပါတယ်။) File size…(3 GB)/(1.3 GB) Quality….BluRay 1080p HEVC/720p Format…mkv/mp4 Duration….01:42:08 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by WiRa Aung

Action • Drama • Mystery • TV Movie
6.4 2014 102 mins
Sin City: A Dame to Kill For
The Lost Hero Of Ayodhya

ဒီတစ်ခါတော့ ထိုင်းလူရွှင်တော်ပေါင်းများစွာပါဝင်ထားတဲ့ “The lost hero of Ayodhya” ရုပ်ရှင်ဟာသကားတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျား ဇာတ်လမ်းအကျဉ်း ယယ်ဆိုတဲဲ့တိုင်းရင်းဆေးသမားတော်လေးဟာ အရမ်းရိုးသားဖြူစင်ခဲ့တာပေါ့ သူဟာ သူ့မိန်းမနဲ့ပျော်ပျော်ရွှင်ရွှင်နေပြီး လူနာတွေကိုအလကားကုသပေးရင်းနေထိုင်ခဲ့ပါတယ် လုန်ထလောက်ဆိုတဲ့လူကတော့ လူယုတ်မာကြီးပေါ့ သူက သမားတော်ယယ်ရဲ့မိန်းမကိုလိုချင်နေတာနဲ့ အကြောင်းအမျိုးမျိုးဖန်ပြီး ယယ်ကိုဝေးဝေးသွားအောင်လုပ်ဖို့ ကြံစည်ခဲ့ပါတယ် တစ်နေ့မှာ လူယုတ်မာလုန်ထလောက်က သမားတော်ယယ်ကို ဗမာစစ်သူကြီးနေမျိုးဆိုတဲ့လူရဲ့ခေါင်းကိုသွားဖြတ်ခိုင်းခဲ့ပါတယ် ဖြတ်နိုင်ပြီး သူ့ခေါင်းကိုမပုပ်မသိုးစေဘဲယူလာနိုင်ရင် အကြွေးတင်နေတာတွေကိုကျေပေးမယ့်အပြင် ဆုငွေပါချပေးဦးမယ်ဆိုပြီး သူ့ကိုမြူဆွယ်ခဲ့ပါတယ် ယယ်လည်း အကြွေးကျေချင်ပြီး သူ့မိန်းမကိုရင်းနှီးမြုပ်နှံငွေရှိစေချင်တာနဲ့ ဒီအပေးအယူကိုလက်ခံခဲ့ပါတယ် သမားတော်ယယ် ဒီသဘောတူညီမှုလက်ခံခဲ့ပြီးနောက် စစ်သူကြီးနေမျိုးရဲ့ခေါင်းကိုမပုပ်မသိုးစေဘဲယူလာနိုင်ပါ့မလား ဘယ်လိိုဘယ်လိုအခက်ခဲတွေနဲ့ကြုံရမလဲဆိုတာ ဇာတ်ကားထဲကြည့်ရှူလိုက်ရအောင်နော် အက်ရှင်ချည်းမဟုတ်ဘဲဟာသနှောထားတဲ့အတွက် လက်မလွှတ်သင့်တဲ့ဇာတ်ကားပါနော် အညွှန်း နဲ့ ဘာသာပြန်ကတော့ Nang Mwe Kham ပဲ ဖြစ်ပါတယ်။ Genre..... Action, Adventure, Comedy, History Quality…. 1080p | 720p | 480p File size…1.8GB | 936MB | 453MB Format… mp4 Duration…. 1h 50min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Nang Mwe Kham Encoder ..... August

Drama • Romance
0 2022 110 mins
The Lost Hero Of Ayodhya
Hugas
6.3

အယ်လ်က လမ်းဘေးမှာပဲတစ်ကောင်ကြွက်အဖြစ် ခိုးဆိုးလုနှိုက်အလုပ်တွေနဲ့ကြီးပြင်းလာတဲ့ လမ်းပျော်လူငယ်တစ်ဦးပါ။ သူ့မိတ်ဆွေတစ်ယောက်အဆက်အသွယ်နဲ့ ဘဏ်ဓားပြ၊မူးယစ်မှောင်ခို အစရှိတဲ့အလုပ်တွေလုပ်ကိုင်တဲ့ ဒန်ချိုရဲ့လူဆိုးဂိုဏ်းကို ဝင်ရောက်လာခဲ့ပြီး သူ့ကျွမ်းကျင်မှုတွေကြောင့် အချိန်တိုအတွင်းမှာပဲ လူယုံတစ်ယောက်ဖြစ်လာပါတော့တယ်။ အဲ့ဒီဂန်းစတားပေါက်စလေး အယ်လ်အနေနဲ့ ဒုစရိုက်လောကကိုစွန့်ခွာချင်စရာအကြောင်းပြချက်က ဒီဂိုဏ်းထဲမှာပဲတွေ့ခဲ့တဲ့ လီဆယ်လ်ဆိုတဲ့ မိန်းမလှလေး တစ်ဦးဖြစ်လာခဲ့ပါတယ်။ ဖိလစ်ပိုင်သမ္မတ ဒူတာတေးခေတ်မှာ မူးယစ်ဂိုဏ်းတွေအပေါ်ရိုက်ခတ်လာခဲ့တဲ့ တွေ့ရာနေရာ အမေးအမြန်းမရှိ ပစ်ခတ်သတ်ဖြတ်တဲ့ စီရင်မှုတွေ၊ ဂိုဏ်းအချင်းချင်းနယ်မြေလု ဖျံကျတဲ့အကွက်တွေ၊ အချင်းချင်း နောက်ကျောကနေ ဓားနဲ့ထိုးဖို့ဝန်မလေးတဲ့လောက ကနေ သူတို့ဘယ်လိုလွတ်အောင်ရုန်းမလဲဆိုတာကို ဆက်လက်ရှုစားကြပါ။ ဇာတ်လမ်းက အပစ်အခတ်အညှစ်အသတ်တွေများသလို အညစ်အပတ်တွေလဲအရမ်းများပါတယ်၊ဘဏ်ဓားပြတိုက်ရင်း စာရေးမကအထာပေးလို့ဂျိမ်းတာ၊ ချစ်သူချင်းမင်္ဂလာဦးညဂျိမ်းတာ၊ ပျော်လို့ဂျိမ်းတာ၊ စိတ်ညစ်တာကိုဖေးမနှစ်သိမ့်ရင်းလမ်းကြုံလို့ဂျိမ်းတာ စသဖြင့်အားနေဂျိမ်းနေကြတာဖြစ်လို့ မိသားစုနဲ့ကြည့်ဖို့မသင့်တော်ပါဘူး။ မင်းသမီးတွေကလဲချစ်စဖွယ်မျက်နှာလေးတွေနဲ့မလိုက်အောင် ရွှေရင်ဌေးဌေးတွေဆိုတော့ ခဏခဏ pause လုပ်မိနေမှာဖြစ်လို့ တစ်ယောက်တည်းကြည့်တာကောင်းပါလိမ့်မယ်။ File size…(1.2 GB) (500 MB) Quality…WEB-DL 1080p/720p Format…mkv Duration….01:40:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Alias

6.3 2022 99 mins
Hugas
Waist Deep
6.5

ဒီတစ်ခါတင်ဆက်ပေးချင်တဲ့ဇာတ်ကားကတော့ အက်ရှင်ကားကြမ်းကြမ်းကိုမှ မိသားစုဆိုတဲ့အဓိပ္ပါယ်ကိုလည်း ပေါ်လွင်အောင်ရိုက်ပြထားတဲ့ 2006 ခုနှစ်မှာထွက်ထားတဲ့ Tyrese Gibson ရဲ့ Waist Deep ဆိုတဲ့ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ ဇတ်လမ်းအကျဥ်းကတော့... O2(Tyrese Gibson) ဟာ မူးယစ်ဂိုဏ်းအဖွဲ့ဝင်ဟောင်းတစ်ယောက်ဖြစ်ပြီးတော့ ထောင်ကနေလွတ်လာတာသိပ်မကြာသေးတဲ့အကျဥ်းသားဟောင်းတစ်ယောက်လည်းဖြစ်ပါတယ်။ ထောင်ကလွတ်လာပြီးတဲ့နောက်မှာလုံခြုံရေးဝန်ထမ်းတစ်ဦးအဖြစ်နဲ့သားလေးကိုစောင့်ရှောက်ပြီးဘဝကိုရိုးရိုးသားသားနဲ့တစ်ကပြန်စဖို့ကြိုးစားနေတဲ့လူတစ်ယောက်လည်းဖြစ်ပါတယ်။ ဒါပေမဲ့ ကံတရားက O2 ကို အေးချမ်းခွင့်မပေးခဲ့ပါဘူး။ တစ်နေ့သူ့သားလေးကိုကျောင်းသွားကြိုပြီးပြန်လာတဲ့လမ်းမှာ သားလေးကိုအတင်းအဓ္ဓမပြန်ပေးဆွဲခံလိုက်ရပါတယ်။ ပြီးတော့ သူဘယ်လိုမှမတတ်နိုင်တဲ့ငွေပမာဏဖြစ်တဲ့ ဒေါ်လာတစ်သိန်းနဲ့ပြန်ရွေးဖို့အကျပ်ကိုင်ခံရပါတယ်။ တစ်ဦးတည်းသောခင်တွယ်စရာသားလေးအတွက် O2 တစ်ယောက် မလုပ်ချင်တဲ့အလုပ်တွေကိုပြန်လုပ်ဖို့ကြိုးစားရာကနေ အဆင်ပြေပြေနဲ့သားလေးကိုပြန်ရွေးနိုင်မလား? အဲ့ဒီလူဆိုးဂိုဏ်းကရော သူ့ကိုမှ Target ထားပြီး ဘာလို့အခုလိုလုပ်ရတာလဲ ဆိုတာကို ဇာတ်ကားထဲမှာအတူတူကြည့်ရှုရင်းအဖြေရှာလိုက်ကြရအောင်ပါ။ ကြမ်းကြမ်းရမ်းရမ်းအက်ရှင်ခန်းတွေရယ် အန္တာရယ်ကြားကဆုံစည်းခဲ့ရတဲ့ မိန်းကလေးနဲ့အချစ်ဇာတ်လမ်းတစ်ပုဒ်ရယ်၊ ဖအေနဲ့သား ညီအကိုတွေကြားက သံယောဇဥ်ထုံးဖွဲ့မှုတွေရယ်နဲ့ ဇာတ်လမ်းတစ်ခုလုံးကို အစကနေအဆုံး အနိမ့်အမြင့်အတက်အကျအစုံအလင်နဲ့ရင်တစ်ထိတ်ထိတ်ကြည့်ရှုရစေဖို့အတွက် တင်ဆက်ပေးလိုက်ရပါတယ်။

Drama
6.5 2006 97 mins
Waist Deep
To End All War: Oppenheimer & the Atomic Bomb
7.5

IMDb -7.5, RT – 91% ဒုတိယ ကမ္ဘာစစ်လို့ ပြောလိုက်ရင် အရင်ဆုံး ဟစ်တလာကြီးရဲ့ နာဇီအင်ပါယာကြီးကို ပြေးမြင်မိကြမယ်လို့ ထင်ပါတယ်။ ဒုတိယကမ္ဘာစစ်ရဲ့ အဆုံးသတ်လို့ ပြောလိုက်ရင်လည်း ဂျပန်အင်ပါယာကြီးရဲ့ ဟီရိုရှီးမားနဲ့ နာဂါဆာကီ၊ မြို့ နှစ်မြို့အဏုမြူဗုံး ကြဲချခံခဲ့ရတာနဲ့ အဆုံးသတ်သွားတာကို ပြေးမြင်မိကြမယ် ထင်ပါတယ်။ ယခု ဒီdocumentaryက ဒုတိယ ကမ္ဘာစစ်ကို အဆုံးသတ်စေခဲ့တဲ့ အဏုမြူဗုံးကို တီထွင်ခဲ့တဲ့ ဒေါက်တာ ဂျေ ရော့ဘတ် အော့ပန်ဟိုင်းမားရဲ့ ဇာတ်ကြောင်းကို documentaryအနေနဲ့ ရှု့စားရမှာ ဖြစ်ပါတယ်။ ရှေ့တလောတုန်းက Christopher Nolanရဲ့ လက်ရာဖြစ်တဲ့ Oppenheimer Biopicကို တင်ဆက်ခဲ့ပါတယ်။ ယခု ဒီdocumentaryဇာတ်လမ်းထဲမှာ အော့ပန်ဟိုင်းမားရဲ့ POVကနေ မဟုတ်ဘဲနဲ့ အော့ပန်ဟိုင်းမားနဲ့ အလုပ်တွဲလုပ်ခဲ့ဖူးကြတဲ့ တကယ့်အပြင်က လူတွေက အော့ပန်ဟိုင်းမားရဲ့ ဇာတ်ကြောင်းကို ပြောပြနေဟန်နဲ့ သရုပ်ဖော်ရိုက်ကူးထားပါတယ်။ Christopher Nolanရဲ့ လက်ရာဖြစ်တဲ့ Oppenheimerကို အကြိုက်တွေ့တဲ့ လူတွေအတွက် ဒီdocumentaryက ဆက်စပ်နေပြီး Biopicထဲမှာ မပါခဲ့တဲ့ အကြောင်းရာတွေကိုပါ ယခုဇာတ်လမ်းထဲမှာ ကြည့်ရှု့ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အော့ပန်ဟိုင်းမား၊ မက်စ် ဘွန်း၊ ဟိုက်ဆင်ဘက်၊ လက်စလီ ရစ်ချတ် ဂရို့ဖ်၊ ဂျင်း တက်လော့၊ ချဗလီရေး၊ ဘိုးရစ်ပက်ရှက်၊ အက်ဒ်ဝေါ့ တယ်လာနဲ့ လူးဝစ်စ် စထရောစ်လိုမျိုး အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်ခဲ့တဲ့လူတွေရဲ့ ပုံရိပ်တွေ၊ သမိုင်းဝင် ဗီဒီယိုမှတ်တမ်းတွေကိုပါ ကြည့်ရှု့ရမှာဖြစ်ပါတယ်။ အဲဒါကြောင့် Oppenheimerကို ကြည့်ရှု့ပြီးတော့ တကယ့်အပြင်က footagesတွေကို ကြည့်ရှု့ချင်တဲ့လူတွေအတွက် ဒီ documentaryက အကိုက်ပါပဲ။ ” အခု ငါဟာ သေခြင်းဖြစ်လာပြီ၊ ကမ္ဘာတွေကို ဖျက်စီးသူ ” ၊ အဆိုပါ quoteရဲ့ ပိုင်ရှင်ဖြစ်တဲ့ ရော့ဘတ် အော့ပန်ဟိုင်းမားရဲ့ ဘဝအစကနေ အလယ်၊ အလယ်ကနေ အဏုမြူတီထွင်ခဲ့တဲ့ ဘဝ အတက်ဘက်၊ ကွန်မြူနစ်အဖြစ် စွပ်စွဲခံရတဲ့ ဘဝ အကျဘက်နဲ့ ဘဝ နေဝင်ချိန်အထိ ရော့ဘတ် အော့ပန်ဟိုင်းမားရဲ့ ဘဝ ဇာတ်လမ်းကို ခံစားချက်ပေါ်အောင် သရုပ်ဖော်ပြထားနိုင်တဲ့ Documentary တစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် အဏုမြူဗုံးရဲ့ အလုပ်လုပ်ပုံပါ ပါဝင်ပါသေးတယ်။ အဏုမြူဗုံး အလုပ်လုပ်ပုံကို နားလည်ရလွယ်မယ့် စကားလုံးတွေနဲ့ ရွေးချယ်ပြီး တင်ဆက်ပေးထားတဲ့အတွက် ဒီdocumentaryက သာမန် documentaryတွေထက် ထူးခြားနေမှာဖြစ်ကြောင်း ပြောရင်း နိဂုံးချုပ်အပ်ပါတယ်။ အညွှန်းနဲ့ ဘာသာပြန်က Minn Khant Kyi Win ဖြစ်ပါတယ်။ File size…(1.6 GB)/(870 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:28:00 Genre…Documentary, History Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Khant Kyi Win

7.5 2023
To End All War: Oppenheimer & the Atomic Bomb
Notorious

နာမည်ကြီး Rapper Biggieရဲ့ ဘဝဇာတ်ကြောင်းကို ရုပ်ရှင်ဆန်ဆန် ပြန်ရိုက်ထားတဲ့ကားပါ။ Biggieရဲ့ Brooklyn မှာ တုန်းက ငယ်ဘဝက စလို့ သူ့အသက်သေဆုံးသွားတဲ့အထိ ဖြစ်သမျှကို ရိုက်ထားပါတယ်။ ငယ်ငယ်က အမေ့သားလေး Biggie အိမ်တွင်းပုန်း လူလိမ္မာလေးကနေ လမ်းပေါ်က ညီအစ်ကိုတွေကို အားကျပြီး ဆေးအရောင်းအဝယ်အလုပ်ကို ကလေးဘဝထဲက စလုပ်ခဲ့ပါတယ်။ ငယ်စဥ်ထဲက ပါရမီပါလာတဲ့ ကာရန်နဘေတွေကို လက်တမ်းရွတ်တတ်တဲ့ Biggie ခေါ် Christopher Wallaceက ကျောင်းစာမှာတော့ တစ်စက်လေးမှ စိတ်မပါခဲ့ပါဘူး။ ဒါပေမယ့် စာညံ့လို့မဟုတ်ဘဲ ဘဝကို သာမန်အလုပ်အကိုင်တွေနဲ့ သာမန် မဖြတ်သန်းချင်ခဲ့သူပါ။ ကျောင်းက ဆရာက သူ့ကို အမှိုက်ကောက်သမားပဲ ဖြစ်မယ်လို့ ဟောတမ်းထုတ်တာကို အမှိုက်ကောက်သမားရဲ့ ဝင်ငွေက ကျောင်းဆရာရဲ့ ဝင်ငွေထက် ပိုများနေကြောင်း ပြန်ပြောပြလို့ အတန်းထဲက နှင်ထုတ်ခံခဲ့ရဖူးပါတယ်။ အရွယ်ရောက်လာတဲ့အခါ ဂီတလောကထဲဝင်တဲ့အချိန်မှာ နာမည်ကြီး Rapper Lil’ Kimနဲ့ အချစ်နဲ့ အိမ်ထောင်ရေးအရှုပ်တော်ပုံတွေ မိန်းမဖြစ်သူ Faith Evans နဲ့ တွေ့ခဲ့ရပုံတွေ သူငယ်ချင်းအဖြစ်ကနေ ရန်သူတွေ ဖြစ်သွားတဲ့ Tupac နဲ့ ဇာတ်လမ်းတွေကိုပါ အပြည့်အဝ ကြည့်ရမယ့်အပြင် တစ်ကားလုံး hip-hop သီချင်းတွေ ဝေဝေဆာဆာကြားရမှာမို့လို့ တစက်မှ မပျင်းဘဲ ကြည့်ရမှာဖြစ်ပါတယ်။ File size…(2.9 GB)/(1.5 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:02:00 Genre…Music, Drama, History Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Leonie

0 2009
Notorious
Silent Witness
7

တရုတ်ရုပ်ရှင်လည်း ကြည့်ချင်တယ် ဂျင်းမိမှာလည်း ကြောက်တဲ့ CM ပရိသတ်ကြီးတို့ကို ဂျင်းမဟုတ်တဲ့ တကယ်ဇာတ်ကားကောင်းနဲ့ မိတ်ဆက်ပေးပါဦးမယ်။ Silent Witness လို့ခေါ်တဲ့ ဒီရုပ်ရှင်က ၂၀၁၃ ခုနှစ်က ထွက်ခဲ့တာပါ။ အဓိကသရုပ်ဆောင်တွေအဖြစ် Aaron Kwok, Sun Honglei, Yu Nan နဲ့ Ji Zihan တို့က ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကိုပြောပြရရင်တော့ လင်းမုန့်မုန့်ဆိုတဲ့ အသက် ၂၀ အရွယ် ကောင်မလေးက အောင်မြင်ကျော်ကြားတဲ့ စီးပွားရေးလုပ်ငန်းရှင် လင်းထိုက်ရဲ့သမီးဖြစ်သူပါ။ လင်းထိုက်က ဇနီးဖြစ်သူ ဆုံးသွားပြီး ၆ နှစ်အကြာမှာ နာမည်ကျော်အဆိုတော် ယန်းသန်းနဲ့ မေတ္တာမျှခဲ့ကြတယ်။ တစ်နေ့မှာ ယန်းသန်းက နာမည်ကြီးမင်းသားတစ်ယောက်နဲ့ ဖောက်ပြန်နေတာကို မီဒီယာတွေက ဖော်ထုတ်ခဲ့ပါတယ်။ သတင်းထွက်ပေါ်လာပြီး ရက်အနည်းငယ်အကြာမှာပဲ ယန်းသန်းက ကားနဲ့တိုက်အသတ်ခံခဲ့ရပါတယ်။ သံသယတရားခံကတော့ လင်းမုန့်မုန့် ဖြစ်နေခဲ့တယ်။ ဒီအမှုကို တရားလိုရှေ့နေအဖြစ် ဆောင်ရွက်သူက ထုန်ထောက်လို့ခေါ်တဲ့ နာမည်ကြီး အစိုးရရှေ့နေပါ။ သူက လင်းထိုက်ကို အပြစ်ရှာဖို့ ၁၀ နှစ်ကျော် ကြိုးစားနေခဲ့တဲ့ ရှေ့နေဆိုလည်း မမှားပါဘူး။ တစ်ဖက်မှာလည်း လင်းထိုက်က ဒီအမှုအတွက် တရုတ်ပြည်ရဲ့ ဈေးအကြီးဆုံး ရှေ့နေဖြစ်သူ ကျိုးလိကို ငှားထားခဲ့ပါတယ်။ နာမည်ကြီးရှေ့နေနှစ်ယောက် အမှုကို အပြိုင်ဖြေရှင်းကြမှာပေါ့နော်။ ဆိုတော့ ဒီရှေ့နေနှစ်ယောက်မှာ ဘယ်သူက အနိုင်ရသွားမလဲ၊ အသက် ၂၀ ပဲရှိသေးတဲ့ လင်းမုန့်မုန့်ကရော တကယ်ပဲ လူသတ်တရားခံလား၊ ဒီအမှုက လူတွေထင်ထားသလို ရိုးရှင်းလား၊ နောက်ကွယ်မှာ ဘာတွေရှိနေမလဲဆိုတာကိုတော့ ပရိသတ်ကြီးတို့ ကိုယ်တိုင်ကြည့်ရှုလိုက်ကြပါ။ ဘာသာပြန်သူကိုယ်တိုင်လည်း ဒီဇာတ်ကားလေးကို တကယ် သဘောကျမိပါတယ်။ အမှုတစ်ခုတည်းကို လှည့်ကွက်ပေါင်းများစွာနဲ့ ဟာခနဲ ဟင်ခနဲဖြစ်အောင် ရိုက်ပြသွားသလို လူသတ်သမားက ဟိုလူလား ဒီလူလားဆိုပြီး ခန့်မှန်းရတာမလို့ ရင်လည်းခုန်ရပါတယ်။ အချိန်ကုန်ခံရကျိုးနပ်စေမယ့် ရုပ်ရှင်တစ်ကားလို့ မြင်မိတာမလို့ အားလုံးကြည့်ကြဖို့ recommend ပေးလိုက်ပါတယ်။ File size… 3.3 GB / 1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 59m Genre ….. Drama, Crime Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Elizabeth Khant

Comedy
7 2013
Silent Witness
Jonah

Jonah 2024 ဇာတ်ကားက လျှို့ဝှက်သည်းဖို ဇာတ်လမ်းပါ။ ဂြိုလ်သားတွေရဲ့ တည်ရှိမှုကို အတည်ပြုနိုင် ၊ မပြုနိုင်အပေါ် တခြား လျှို့ဝှတ်ထားတဲ့ ရှုထောင့်တွေကနေ စိတ်ဝင်တစား ဖြစ်လာအောင် ဖန်တီးထားတာပါ။ လူသားတွေရဲ့ သဘာဝ အရင်းအမြစ်တွေအပေါ် လျစ်လျူရှုမှု ၊ ဖျက်လိုဖျက်ဆီးလုပ်မှု တွေကို ထည့်ဝင်ပြီးတော့ ရိုက်ကူထားတာမို့ ဇာတ်လမ်းနဲ့ သိပ်မဆိုင်သလိုခံစားမိနိုင်ပေမယ့် စဥ်းစားရမယ့် ကိစ္စကိုယ်၌က အဲဒီလိုဖြစ်နေတာကြောင့် Mystery တွေရဲ့ ပုံစံအတိုင်း စဥ်းစားရကျပ်တာတွေ ခံစားရမှာပါ။ ဇာတ်လမ်းကျောရိုးကတော့ စိတ်ဝင်စားစရာဇာတ်လမ်းတွေ ရှာဖွေထုတ်လုပ်တတ်တဲ့ရိုက်ကူးရေးလုပ်ငန်းက ဂြိုလ်သားရဲ့ ပြန်ပေးဆွဲမှုကို ခံရတယ်လို့ ပြောလာတဲ့ သားအမိနှစ်ယောက်ရဲ့ အခြေအနေကို စုံစမ်းရင်းက သူ့ကိုယ်သူပါ ဂြိုလ်သားပြန်ပေး ဆွဲမှုဆိုတာမျိုးကြုံဖူးသလို ခံစားမိရင်း ကြုံရတဲ့ဒုက္ခတွေကို တင်ပြထားတာပါ။ File size…1.06GB / 408MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 29m Genre ….. Mystery , Sci-Fi , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thy Santa

0 2023
Jonah
Operation Detoxification
5.8

ဒီတစ်ခါမှာ CM ပရိသတ်တွေအတွက် အက်ရှင်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်တဲ့ Operation Detoxification ကားလေးကို တင်ဆက်ပေးလိုက်ချင်ပါတယ်။ ဇာတ်လမ်းလေးကတော့ မူးယစ်ဆေးဖြန့်ချီရေးမှာ ဘုရင်တွေဖြစ်ကြတဲ့ စွန်းဟောက်, ချောင်ယွင်ဖေးနှင့် ကျန်းပင်းတို့က မူးယစ်ဆေးလောကကိုလက်ဝါးကြီးအုပ်ထားကြတယ်။ ဒီထဲမှာ စုန့်ဝိန်ထောင်လို့ခေါ်တဲ့ ရဲသားတစ်ယောက်ကတော့ငယ်စဉ်မှာ သူ့အဖေကမူးယစ်ဆေးသုံးစွဲလို့ ပတ်ဝန်းကျင်ရဲ့ရှောင်ကြဉ်းခြင်း ကဲ့ရဲ့ခြင်းကိုခံနေရတာကြောင့်ပဲ ဒီမူးယစ်ဆေးဘုရင်သုံးယောက်ကြားထဲ သူလျှိုအဖြစ်လုပ်ဖို့ဆုံးဖြတ်ခဲ့တယ်။ ဒီတော့မူးယစ်ဆေးလောကရဲ့အရူပ်အထွေးတွေ ရက်စက်မှုတွေ ဘယ်လိုထောက်လှမ်းကြမလဲ ဘယ်အထိသူလျှိုအဖြစ် လုပ်သွားနိုင်မလဲစတဲ့ အမိုက်စားအက်ရှင်တွေကို ဒီဇာတ်လမ်းထဲမှာ တဝက်ကြီး ကြည့်ရူရမှာဖြစ်တာကြောင့် ဇာတ်လမ်းလေးကိုကြည့်ရူအားပေးလိုက်ရအောင်

Documentary • Crime
5.8 2024
Operation Detoxification
Enemy at the Gates
7.5

Enemy at the Gates ( 2001 ) ဒီဇာတ်လမ်းက ဒုတိယဇာတ်ကမ္ဘာစစ်ကို အဆုံးအဖြတ်‌ပေးခဲ့တဲ့ တိုက်ပွဲတစ်ခုအကြောင်းလို့ ပြောရင်လည်းပြောလို့ရတယ်။ ဂျာမနီနဲ့ ဆိုဗီယက်ပြည်ထောင်စုကြားက တိုက်ပွဲပေါ့။ ဒီတိုက်ပွဲမှာ ဆိုဗီယက်တပ်နီတော်ကနေ ဂျာမန်တပ်တွေကို လုံးလုံးအနိုင်ယူနိုင်ခဲ့တယ်။ ဒီစစ်ပွဲမှာ စစ်သုံ့ပန်းဖြစ်ခဲ့တဲ့ ဂျာမနီတွေလည်း၉သိန်းကျော်၁၀သိန်းနီးပါးရှိခဲ့တယ်။ ဒီစစ်ပွဲမှာ ဆိုဗီယက်ပြည်ထောင်စုနဲ့ ဂျာမန်တွေကြား အင်အားက တော်တော်လေးကွာခြားခဲ့တယ်။ ဆိုဗီယက်တွေဘက်က ရိုင်ဖယ်တစ်လက်ကို နှစ်ယောက်ခွဲသုံးကြရတဲ့အထိကို လက်နက်အင်အားနည်းပါးခဲ့သလို ပြည်သူ့စစ်ကိုထည့်သုံးရတဲ့အထိကို အင်အားနည်းပါးခဲ့ပေမဲ့ စိတ်ဓာတ်ကတော့ တော်တော်လေးခိုင်မာခဲ့တယ်။ ဆိုပေမဲ့ ဒီရုပ်ရှင်တော့ အဲဒီလိုစိတ်ဓာတ်ခိုင်မာလာဖို့ လုပ်ရတဲ့ ဝါဒါဖြန့်စစ်ပွဲတွေ အတင်းအကျပ်ရဲ့အပိုင်းတွေကို ဒီရုပ်ရှင်မှာ ပါးပါးလေးပြသွားခဲ့သလို သူ့ဘာသာသူကို စိတ်ဓာတ်ခိုင်မာနေတဲ့အပိုင်းကိုလည်း ပြသွားခဲ့တယ်။ သမိုင်းကြီးတဲ့ ဒီစစ်ပွဲက ဒီရုပ်ရှင်ရဲ့နောက်ခံပေမဲ့ ဒီရုပ်ရှင်က မီးမောင်းထိုးပြထားတာက ဒီစစ်ပွဲအကြောင်းကိုတော့ မဟုတ်ခဲ့ဘူး။ Enemy at the Gates ဟာ ဒီစစ်ပွဲရဲ့ အရေးပါတဲ့ တစ်ထောင့်တစ်နေရာပါခဲ့တဲ့ လက်ဖြောင့်တပ်သားလေးတစ်ယောက်အကြောင်းကို မီးမောင်းထိုးပြသွားတယ်။ Enemy at the Gatesမှာ စစ်ပြတဲ့အခြေအနေက ဆိုဗီယက်တွေက ဂျာမနီရဲ့တိုက်ခိုက်မှုကို တင်းခံနေရပေမဲ့ တပ်ဆုတ်ရင်ပစ်သတ်ဆိုပြီး အမိန့်ပေးထားရတဲ့အထိ စိတ်ဓာတ်ရေးရာက ပျက်ပြားနေခဲ့တယ်။ ဒီတော့ ပစ်မလွဲဖြစ်နေတဲ့ လက်ဖြောင့်တပ်သားလေးတစ်ယောက်ရဲ့ အောင်ပွဲတွေကို သူရဲကောင်းဆန်ဆန် ရေးသားပြီး ပြည်သူတွေအားလုံး စိတ်ဓာတ်တက်ကြွလာအောင် ဝါဒဖြန့်ခဲ့တယ်။ အဲဒီလက်ဖြောင့်တပ်သားက ဒီတိုက်ပွဲရဲ့အရေးအပါဆုံး နာမည်အကျော်ဆုံး တပ်သားတစ်ယောက်ဖြစ်ခဲ့သလို တစ်ချိန်တည်းမှာပဲ ဒီတိုက်ပွဲရဲ့ အလေးဆုံးဝန်ကို ထမ်းထားရတဲ့ စစ်သားလည်းဟုတ်ခဲ့တယ်။ သူ့အလေးဆုံးဝန်က တကယ်တမ်း ရာထူးတွေ တာဝန်တွေထက် အားလုံးအချစ်ခံနေရ ချီးကျူးခံနေရတာဖြစ်ခဲ့တယ်။ တလောက ဇာတ်လမ်းတွဲတစ်ခုထဲက မှတ်မှတ်ရရရှိလိုက်တဲ့ ဒိုင်ယာယော့လိုတစ်ခုအတိုင်းပါပဲ။ ချီးကျူးခံရတာက ချီးကျူးခံရတဲ့သူဘက်ကပဲ ဝန်လေးတာဖြစ်ပြီး ချီးကျူးလိုက်ရတဲ့သူဘက်က ဘာမှ မဆုံးရှုံးသွားဘူးတဲ့။ ပြည်သူတွေရဲ့ ချစ်ခင်လေးစားမှုတွေကြားမှာ အဲဒီလက်ဖြောင့်တပ်သားက ကျရှုံးလို့မဖြစ်တဲ့ သူရဲကောင်းတစ်ယောက်အဖြစ်နေနေရမယ့် ဝန်ကြီးကို ထမ်းထားရတယ်။ ပြောရရင် ဒီရုပ်ရှင်ဟာ စစ်ပွဲတစ်ပွဲအကြောင်းဆိုတာထက် အလေးဆုံးဝန်ကို ထမ်းထားရတဲ့တပ်သားတစ်ယောက်အကြောင်းပဲ။ သာမန်စစ်သားတစ်ယောက်လို ရဲရဲတိုက် ရဲရဲသေလိုက်တာကမှ သူ့အတွက်ပိုလွယ်နေသေးပေမဲ့ သူကျရှုံးသွားရင် အားလုံးစိတ်ဓာတ်ပျက်ပြားသွားနိုင်တယ်ဆိုတဲ့အချက်ကြောင့် သူက ဒီဝန်ကြီးကို သူထမ်းနေရတယ်။ ဒီလိုနဲ့ သူ့ဂုဏ်သတင်းကြောင့် ပျက်ပြားလာတဲ့ ဂျာမန်စစ်သည်တွေရဲ့ စိတ်ဓာတ်ကို ပြန်အဖတ်ဆည်ဖို့ ဂျာမန်ဘက်ကလည်း သူတို့ရဲ့ နာမည်ကျော်စနိုက်ပါသမားကို လွှတ်လိုက်တယ်။ သူ့ထက်ပညာအရာမှာသာနေတဲ့ ဂျာမန်စနိုက်ပါသမားကို ရုရှစနိုက်ပါသမားလေးက ရှုံးလို့မဖြစ်တဲ့ဝန်ကြီးကို သယ်ပြီး ရင်ဆိုင်ခဲ့ရတယ်။ Enemy at the Gates ( 2001 )ဟာ စစ်ပွဲတစ်ပွဲမှာ ဝါဒဖြန့်ချီရေး စိတ်ဓာတ်စစ်ဆင်ရေးက အရေးအပါဆုံးဖြစ်ကြောင်း တင်ပြထားတဲ့ ရုပ်ရှင်ဆိုလည်း မမှားဘူး။ စစ်ကားတစ်ကားဆိုတာထက် လူ့စရိုက်တွေ လူတန်းစားကွာဟမှုတွေကို ပေါ်လွင်အောင် တင်ပြထားတဲ့ ရုပ်ရှင်လည်းဟုတ်တယ်။ Enemy at the Gatesရဲ့ ဒါရိုက်တာ Jean-Jacques Annaudဟာ The Lover (1992)တို့ Seven Years in Tibet (1997)တို့လို ဒီမှာလူသိများတဲ့ ကားတွေအပြင် တခြားကားကောင်းတွေကိုလည်း ရိုက်ခဲ့သလို ဒီရုပ်ရှင်ရဲ့ အဓိကဇာတ်ကောင် စနိုက်ပါသမား၂ယောက်နေရာမှာ Ed Harrisနဲ့ Jude Lawတို့လို သရုပ်ဆောင်ကောင်းတွေကိုသုံးထားပေးတယ်။ ဘာမှတော့မဟုတ်ပေမဲ့ ဒီရုပ်ရှင်မှာ ကျွန်တော့်အတွက် သိပ်လှတဲ့အခန်းက ဘွဲ့ရပညာတတ်ပေမဲ့ ရှေ့တန်းမှာပဲ မရမကတိုက်ချင်နေတဲ့ ကောင်မလေးကို လက်ဖြောင့်တပ်သားလေးက တစ်ဖက်လှည့်နဲ့ သူ့နေရာသူပြန်သွားဖို့ နားချတဲ့အခန်းပဲ။ ” တောထဲမှာ ဝံပုလွေတွေက သုံးနှစ်ပဲ အသက်ရှင်နိုင်ပေမဲ့ မြည်းတွေကတော့ ကိုးနှစ်ရှင်နိုင်တယ်။ မြည်းတွေက ပိုအသုံးဝင်လို့ ကြာကြာရှင်ရတယ်”လို့ လက်ဖြောင့်တပ်သားလေးကပြောတော့ ကောင်မလေးက ” အဓိပ္ပာယ်မရှိတာကြီး တောထဲမှာ မြည်းမရှိဘူးလေ”လို့ ပြန်ပြောလိုက်တယ်။ ခဏတော့တွေသွားပြီးမှ ကောင်မလေးထပ်ပြောခဲ့တဲ့စကားက “ရှင်က ကျွန်မကို မြည်းလို့ပြောချင်တာလား”တဲ့။ File size… 8.9 GB / 2.6 GB / 895 MB Quality… BluRay HEVC 4K / 1080p / 720p Format… mp4 Duration…. 2h 11m Genre ….. Drama/War Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by WiRa Aung

Horror • Thriller
7.5 2001
Enemy at the Gates
Ek Chalis Ki Last Local
7.3

Ek Chalis Ki Last Local (2007) “နောက်ဆုံးရထား” IMDb – 7.3/10 Zindagi Na Milegi Dobara (2011)မှာ လက်ပွားမင်းသားရဲ့ သူငယ်ချင်းနေရာကနေ ပါဝင်သရုပ်ဆောင်ထားပြီး အကောင်းဆုံးဇာတ်ပို့ဆုရခဲ့တဲ့ မင်းသား Abhay Deolရဲ့ ရုပ်ရှင်ကားဟောင်းကို တင်ဆက်ပေးလိုက်ပါတယ်။ မင်းသမီးကတော့ 2002ခုနစ်က အိန္ဒိယမယ်စကြဝဠာဖြစ်ခဲ့တဲ့ Neha Dhupia။ မိနစ်ပိုင်းဆိုတဲ့ အချိန်လေးတစ်ခုက လူတစ်ယောက်ရဲ့ဘ၀ကို အပြောင်းလဲကြီးပြောင်းလဲစေခဲ့တာ။ တိတိကျကျပြောရရင် နီလက်ရှ်ဆိုတဲ့ ကောလ်စင်တာတစ်ခုက ရုံးဝန်ထမ်းတစ်ယောက်ရဲ့ဘ၀ကိုပေါ့။ ရထားစီးဖို့ရည်ရွယ်ခဲ့ပေမဲ့ နောက်ကျသွားပြီး နောက်ဆုံးရထားကို လွတ်သွားခဲ့တဲ့ နီလက်ရှ်နဲ့ မာဒူ။ သူတို့နှစ်ယောက်က ရထားမရှိတော့လို့ သုံးဘီးငှားဖို့လုပ်ရင်း သိသွားရာကစ သွားလိုရာခရီး တူနေတဲ့အတွက် နှစ်ယောက်အတူငှားဖို့ကြိုးစားနေကြချိန်။ မြို့ထဲမှာ သုံးဘီးတစ်စီးဗုံးပေါက်ကွဲရာက သုံးဘီးသမားနဲ့အတူမိသားစုပါ အဖမ်းခံထားရတဲ့အတွက် သုံးဘီးသမားတွေကလည်း ခရီးသည်မပို့ဘဲ သပိတ်မှောက်နေကြချိန်။ ညနှစ်နာရီဝန်းကျင်မှာ ဘူတာကနေထွက်လာပြီး သုံးဘီးငှားဖို့ကြိုးစားကြတဲ့ သူတို့နှစ်ဦး တွေ့ကြုံရမဲ့ အရာတွေကို မြင်တွေ့ခံစားကြရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)

War • Animation • Comedy
7.3 2007
Ek Chalis Ki Last Local
Taklee Genesis

Taklee Genesis (2024) ********************* Taklee Genesis ဆိုတာက ဟိုးအရင် စစ်အေးတိုက်ပွဲတွေမှာ… US စစ်သားတွေ လျှို့ဝှက်ပြီး စမ်းသပ်တီထွင်ခဲ့တဲ့ အချိန်ခရီးသွားစက်တစ်ခုဖြစ်ပါတယ်။ စစ်ပွဲပြီးသည်အထိ ဒီအချိန်ခရီးသွားစက်က အသုံးပြုလို့ရတဲ့ အခြေအနေ မဟုတ်ခဲ့တာကြောင့်… စစ်ပြီးနောက်မှာတော့ အဲဒီစက်က ထိုင်းနိုင်ငံမှာပဲကျန်ခဲ့ပါတယ်။ စတယ်လာရဲ့ အဖေကတော့… လွန်ခဲ့တဲ့ နှစ်30က ပျောက်ဆုံးသွားခဲ့တာဖြစ်ပြီး လက်ရှိမှာသူ့အမေကနေမကောင်းဖြစ်နေလို့ … ပြုစုဖို့အတွက် သူ့မွေးရပ်မြေကို ပြန်ခဲ့ရပါတယ်။ တစ်ည‌မှာတော့ သူ့အဖေကရေဒီယိုကနေတဆင့်… ဆက်သွယ်လာပါတယ်။ စတယ်လာက သူ့အဖေကိုကယ်တင်နိုင်ဖို့အတွက် အချိန်ခရီးသွားစက်ကိုအသုံးပြုပြီး… စွ့န်စားခရီးထွက်ရမှာဖြစ်ပါတယ်။ အချိန်ခရီးသွားစက်ကို အသုံးပြုရင်း ဘယ်လိုအန္တရာယ်တွေကြုံရမလဲ… သူ့အဖေက ဘာကြောင့် ပျောက်သွားခဲ့ရတာလဲဆိုတာတွေကိုတော့ CGI အမိုက်စားနဲ့ … Taklee Genesis ဆိုတဲ့ဇာတ်ကားလေးမှာ ဆက်လက်ကြည့်ရှုအားပေးကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Taklee Genesis ရဲ့ အဓိက သရုပ်ဆောင်တွေအနေနဲ့ စတယ်လာ အဖြစ် Paula Taylor… အစ်သီ အဖြစ် Peter Corp Dyrendal နဲ့ ကွန် အဖြစ် War Wanarat Ratsameerat တို့က ပါဝင်ထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းကိုတော့ Kim မှ ရေးသားပေးထားပါတယ် File Size : 2.14GB / 860MB Quality : WEB-DL 1080p / 720p Duration : 2 hr. 27 min. Genres: Action, Adventure, Sci-Fi Subtitle : Myanmar Subtitle (Hard Sub) Translated by Mary, Kim & Dao Phyo Encoded by Heather Oo

0 2024 146 mins
Taklee Genesis
Amy
7.8

“Amy Winehouse” ရိုးရှင်းမှုနဲ့ အင်အားကြီးမားမှုတို့ ပေါင်းစပ်ထားတဲ့ နာမည်တစ်ခုက ကမ္ဘာကြီးကို ကိုင်လှုပ်နိုင်စေဖို့ သာမန်မိသားစုလေးတစ်စုကနေ Amy Winehouse ကို ၁၉၈၃ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့မှာ မွေးဖွားပေးခဲ့ပါတယ်။ Documentary Film တွေရဲ့ ထုံးစံအတိုင်းပဲ သူ့ရဲ့အင်တာဗျူးတွေ၊ မိသားစု၊ သူငယ်ချင်းမိတ်ဆွေ တွေရဲ့ အင်တာဗျူးတွေ၊ ဗီဒီယိုမှတ်တမ်းတွေ၊ တီဗီအစီအစဉ်တွေကနေတစ်ဆင့် Amy ရဲ့ ဘဝဖြစ်စဉ်ကို နောက်ခံစကား‌ပြောပုံစံမျိုးနဲ့ တင်ဆက်ထားပါတယ်။ ဂျက်ဇ်ဂီတကို ခုံမင်တဲ့ Amy ရဲ့ ငယ်ဘဝဟာ တီးဝိုင်းအဖွဲ့တွေထက် တစ်ကိုယ်တော်ဖျော်ဖြေရေးသမားတွေရဲ့ သီချင်းတွေကို နားထောင်ရင်း ကြီးပြင်းခဲ့ပါတယ်။ သူ့ရဲ့ပထမဆုံး မန်နေဂျာဖြစ်လာခဲ့သူ Nicky Shymansky ရဲ့ တိုက်တွန်းမှုကြောင့်ပဲ သီချင်းတွေကို စတင်ရေးသားဖြစ်ခဲ့ပါတယ်။ ကိုယ်ပိုင်ခံစားချက်သီးသန့်ကိုပဲ သီချင်းအဖြစ် ဖန်တီးတတ်သူ Amy ဟာ ငယ်ရွယ်တဲ့အချိန်မှာပဲ ကိုယ်ဆိုမယ့်သီချင်းကို ကိုယ်တိုင်ရေးစပ်နိုင်တဲ့ Musical Genius တစ်​ယောက်ဖြစ်နေခဲ့ပါပြီ။ စကားပြောပွင့်လင်းပြီး ချိုသာတဲ့အပြုံးနဲ့ လူတွေကို ရင်ဖွင့်ဆက်ဆံတတ်တဲ့ Amy ဟာ သူ့ရဲ့ ကိုယ်ပိုင်စတိုင်၊ ကိုယ်ပိုင်သီချင်းဆိုဟန်တွေနဲ့ပဲ ပရိသတ်ရဲ့ အသည်းနှလုံးကို ဖမ်းစားယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ပရိသတ်ထောင်ပေါင်းများစွာရဲ့ ရှေ့မှာဖျော်ဖြေရလောက်တဲ့အထိ အောင်မြင်ဖို့က သူ့ရဲ့ ရည်ရွယ်ချက်မဟုတ်ခဲ့ပါဘူး။ ဂျက်ဇ်ကလပ်တွေထဲက လူနည်းစုလေးတွေရဲ့ လက်ခုပ်သံကိုပဲ ခုံမင်ခဲ့သူ ဖြစ်ပါတယ်။ သူ့ရဲ့ပွဲဦးထွက်အယ်လ်ဘမ် ဖြစ်တဲ့ “Frank” ဟာ ဝေဖန်ရေးအရရော၊ ငွေကြေးအရရော အထိုက်အလျောက် အောင်မြင်ခဲ့တာကြောင့် Amy ဟာ လူထုရဲ့အမြင်မှာ စောင့်ကြည့်ခံရတဲ့ အနုပညာရှင်တစ်ယောက် ဖြစ်လာခဲ့ပါပြီ။ Amy ဟာ သူ့ဘဝမှာ အခန်းကဏ္ဍ ကြီးကြီးမားမား တစ်ခုအနေနဲ့ ချယ်လှယ်နိုင်စွမ်းရှိတဲ့ Blake နဲ့ မတွေ့ခင်အထိ အချစ်ရေးမှာ အပြောင်းအလဲမြန်ခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။ သူ့ရဲ့လက်ရှိရည်းစားကို မစွန့်လွှတ်နိုင်တဲ့ Blake ဟာ Amy ဆီကို လမ်းခွဲဖို့ မက်ဆေ့ပို့လာခဲ့ပါတယ်။ အချစ်ရေးကို လျင်လျင်မြန်မြန် ပြောင်းလဲနိုင်ခဲ့တဲ့ Amy ဟာ Blake နဲ့ လမ်းခွဲချိန်ကာလတွေမှာတော့ စိတ်ခံစားချက်တွေ ပြိုလဲကြေကွဲပြီး အရက်စွဲရောဂါ စွဲကပ်လာခဲ့ပါတယ်။ သူ့ရဲ့ ပရိုဂျူဆာတွေက Amyကို အရက်ဖြတ်ပေးဖို့ ကြိုးစားလာခဲ့ပေမယ့်. ဖခင်ဖြစ်သူရဲ့ ခွင့်ပြုချက်မရတာကြောင့် ရှေ့ဆက်မရခဲ့ပါဘူး။ ဒီအခိုက်အတန့်က သူ့အတွက် အရေးအကြီးဆုံးအချိန်လို့ ပြောလို့ရပါတယ်။ ဘာလို့လဲဆိုတော့ Amy အရက်ဖြတ်တာ အောင်မြင်သွားခဲ့ရင် စိတ်ထိခိုက်စရာတွေတော့ ဖြစ်မလာနိုင်ဘူး။ ကမ္ဘာကြီးကတော့ “Back to Black” အယ်လ်ဘမ်ကို ဘယ်တော့မှ နားမထောင်ခဲ့ရတာလည်း ဖြစ်သွားနိုင်တယ်။ ၂၀၀၆ ခုနှစ်မှာ Amy က သူ့ရဲ့ပရိသတ်အတွက် “Back to Black” အယ်လ်ဘမ်ကို ကြိုးစားချပြပေးနိုင်ခဲ့ပါတယ်။ “Back to Black” အယ်လ်ဘမ်ရဲ့ အောင်မြင်မှုက Amy ဆီကို ဂရမ်မီ (၅) ဆု ယူဆောင်လာပေးနိုင်တဲ့အပြင် ပါပါရာဇီတွေရဲ့ အချိန်ပြည့်အာရုံစိုက်မှုကိုပါ တစ်ပါတည်း ယူလာပေးခဲ့တာဖြစ်ပါတယ်။ အောင်မြင်ပြီးစကာလမှာ ဝိုင်းဝန်းချီးမြှောက်ခဲ့ကြတဲ့ မီဒီယာတွေကပဲ အောင်မြင်မှုရဲ့သားကောင် ဖြစ်လာခဲ့တဲ့ Amy ကို သူတို့အတွက် လှောင်ပြောင်ရှုံ့ချစရာ အဖြစ် မြင်လာခဲ့ပါတယ်။ ၂၀၁၁ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့မှာ အရက်အဆိပ်သင့်မှုကြောင့် Amy ဟာ လန်ဒန်က နေအိမ်မှာပဲ သူ့ရဲ့ပရိသတ်ကြီးရော ချစ်ရတဲ့သူငယ်ချင်း၊ မိတ်ဆွေ၊ မိသားစုတွေကိုပါ စွန့်ခွာပြီး လောကကြီးထဲက အပြီးအပိုင်ထွက်သွားခဲ့ပါတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ အသက်ဆုံးပါးခဲ့ရပေမယ့် Amy ဟာ ဂီတချစ်သူပရိသတ်တွေတင်မကဘဲ ဂီတဖန်တီးသူ၊ အဆိုတော်အချင်းချင်းကပါ လေးစားပြောစမတ်တွင်လောက်မယ့် သီချင်းတွေ၊ ဂီတအမွေအနှစ်ခြေရာတွေကိုပါ ချန်လှပ်ထားခဲ့နိုင်သူဖြစ်ပါတယ်။ File size… 3.3 GB / 1.7 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 2h 8m Genre ….. Biography, Documentary, MUsic Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Sai Sumali

7.8 2015 128 mins
Amy