YoteShin Drive is below this article. Scroll down to view.

The Redmi Pad will be announced on October 4

Author: Anonymous Published on: 12 Aug 2022

Xiaomi will announce a 12T series with the 200MP camera on October 4, and the company has now confirmed that the new tablet is called the Redmi Pad. 𝑻𝒉𝒆 𝑹𝒊𝒈𝒉𝒕 𝑹𝒊𝒈𝒉𝒕 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 for entertainment, gaming, e-learning, and browsing is here. 🤩the #redmipad is launching on the 4th of October, 12 pm! Stay tuned: https://t.co/3wa6eqk0um Tell us in Comments Below What You Would Use #redmipad! pic.twitter.com/z5sgr48szy & mdash; Redmi India (@redmiindia) September 29, 2022 The Redmi Pad is the entertainment, Games, Gain for e-learning and browsing and the company will produce green. The 8MP camera will be equipped on the back. The brown model will be released under the photo displayed on Xiaomi's official website. Xiaomi has not said anything to the specs of the Redmi Pad, but it will be included in HELO G99 Soc, Android 12-based MIUI to select 4GB of RAM and 128GB storage. The Redmi Pad will feature a 10.61-inch 90hz LCD 2000 & # 215; The 8,000 pixel battery and 18w Charging. The 22.5W adapter will be included in the container. The tablet will also include Dolby ATMOS Certificate Specifices and will feature an 8MP camera on the east. Graphite Gray, Moonlight Silver and Mint Green colors will be made. This is the specs of the WiFi model, which is different in the 11.2-inch display. 7,800mAh batteries are reported. It is not yet known whether the model will be announced on the 4th of this month. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

The.Calling.S01E04.720p(CM).mp4

225.18 MB N/A video/mp4 372 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Prisoner of Love
5.9

မကြာ​သေးခင်ကမှ ၁၈ နှစ်ပြည့်သွားတဲ့ ​မေ​မေ့သမီး​လေးတစ်‌ယောက် အ​မေကို ပုန်ကန်ချင်စိတ်နဲ့ ကလန်ကဆန်လုပ်​နေတုန်း အိမ်နားကို ​ပြောင်းလာတဲ့ အသက် ၅၀ ​ကျော် ဥစ္စာ​ပေါရုပ်​ချော ဘိုး​တော်ရဲ့ ​တော်ကီ​တွေ​အောက်မှာ ​မျှောပြီး ​သူငယ်ချင်း​တွေ မိသားစု​တွေကို​တောင် မမြင်​တော့ပဲ လင်ထိပ်ထားစံ ဖြစ်သွားတဲ့ ကယ်လီရဲ့ ​​ရှေ့​​လျောက်ကြုံ​တွေ့ရတဲ့ စိတ်ညစ်စရာတွေကို ရိုက်ပြထားတဲ့ကား​လေးပဲဖြစ်ပါတယ်။ ဖြစ်ရပ်မှန်ကို အ​ခြေခံပြီးရိုက်ထားတဲ့ ဇာတ်ကား​လေးလည်းဖြစ်ပါတယ်။ ကယ်လီ မိဘကို ပုန်ကန်ပြီး လင်ထိပ်ထားစံမိတာ​ကောင်းလား မ​ကောင်းလားဆိုတာ တစ်​ခေါက်​လောက်ကြည့်ပြီး သင်ခန်းစာယူသင့်တဲ့ကား​လေးလည်းဖြစ်တဲ့အပြင် ဘဲ ၁ ​​ဘော် ၂ ​တွေလည်း ကြည့်ဖြစ်​အောင်ကြည့်သင့်တဲ့ကား​လေးလည်းဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.6GB, 700MB Quality - 1080p, 720p Format - mp4 Duration - 1H 29Min Genre - Thriller Subtitle - Myanmar Subtitle (Hardsub) Translated by DB Encoded by Y

Thriller
5.9 2022 85 mins
Prisoner of Love
Deep Blue Sea
6

ဒီဇာတ်ကားကိုကြည့်နေရင်းနဲ့ အဆုံးသတ်နားနီးတော့မှ ဇာတ်လိုက်က ဒီကားနာမည် Deep Blue Seaကို ညွှန်းလိုက်တဲ့စကားတစ်ခွန်းကြောင့် ခံစားရတဲ့ ရသလည်း အသစ်ပြောင်းသွားရပါတယ်။ ပြောရရင် ရှုထောင့်ပြောင်းပြီး မြင်လာတဲ့ အမြင်သစ်တစ်ခု ရသွားတာပေါ့လေ။ Alzheimer's diseaseဆိုတာ လူတွေမှာ အဖြစ်အများဆုံး ဦးနှောက်ရောဂါတစ်ခုပါ။ မှတ်ဉာဏ်တွေ မေ့ပျောက်ကုန်တဲ့ရောဂါတစ်မျိုးပါပဲ။ သူငယ်ပြန်တာမျိုးလည်း မဟုတ်ဘဲ ကြာလေလေ ဘာကိုမှ မမှတ်တော့လောက်အောင် ဦးနှောက်ဆဲလ်တွေ သေဆုံးသွားတာမျိုးပါ။ အဲဒီရောဂါနဲ့သူ့မိဘတွေ ကွယ်လွန်သွားရလို့ အခဲမကျေဖြစ်နေတဲ့ ဆရာဝန်မလေးတစ်ယောက်ဟာ ဆေးကုမ္ပဏီကြီးတစ်ခုရဲ့ အထောက်အပံ့နဲ့ အယ်လ်ဇိုင်းမားရောဂါ ကုထုံးသစ်အတွက် သုတေသနလုပ်နေပါတယ်။ သူလုပ်နေတဲ့ သုတေသနဌာနက ဒုတိယကမ္ဘာစစ်လက်ကျန် ရေငုပ်သင်္ဘောတွေ ဆီဖြည့်တဲ့ စခန်းဟောင်းတစ်ခုကို ပြုပြင်ပြီး လုပ်ထားတာပါ။ ဘာလို့ အဲဒီနေရာကိုမှ သွားလုပ်ရသလဲဆိုရင် သူတို့ စမ်းသပ်နေတဲ့ဆေးကုထုံးက ငါးမန်းတွေရဲ့ ဦးနှောက်နဲ့ ပတ်သက်နေလို့ပါပဲ။ ငါးမန်းတစ်ကောင်ရဲ့ဦးနှောက်ကို ပုံမှန်ထက်ငါးဆလောက်ကြီးလာအောင် အရင်လုပ်လိုက်ကြတယ်။ အဲဒီငါးမန်းရဲ့ဦးနှောက်ထဲကို အယ်လ်ဇိုင်းမားလူနာရဲ့ ပျက်စီးနေတဲ့ဦးနှောက်ဆဲလ်တွေ မြှုပ်နှံထားပြီးတော့ ရလဒ်တွေကို သုတေသနပြုနေကြတာပါ။ စမ်းသပ်ချက်က အောင်မြင်ပါတယ်။ ငါးမန်းဦးနှောက်ရဲ့ ပရိုတင်းဆဲလ်တွေက အယ်လ်ဇိုင်းမားလူနာရဲ့ ဦးနှောက်ဆဲလ်တွေ ပြန်အလုပ်လုပ်လာအောင် ဓာတ်ပြုပေးလိုက်ပါတယ်။ ဒါပေမဲ့ ထည့်တွက်မထားမိတဲ့တစ်ချက်က စမ်းသပ်ခံငါးမန်းတွေဟာ သူတို့ရဲ့ဦးနှောက် ငါးဆကြီးထွားလာတာနဲ့အတူ သူတို့ရဲ့ဉာဏ်ရည်ဉာဏ်သွေးတွေကပါ အလွန်မြင့်မားလာကြတော့တာပါပဲ။ လေးဆယ့်ငါးပေအရှည်ရှိပြီး အလေးချိန် ပေါင် ရှစ်ထောင်လောက်လေးတဲ့ အင်မတန်ဉာဏ်ရည်မြင့်မားနေတဲ့ ငါးမန်းပြာတစ်ကောင် ဘာကိုစဉ်းစားမိမလဲ။ သူ ဘာလိုချင်မှာလဲ။ အဲဒါဟာ အစမှာ ကျွန်တော်ပြောခဲ့တဲ့ ရှုထောင့် အလှည့်အပြောင်းလေးပါပဲ။ ဇာတ်လမ်းအရတော့ ထူးထူးခြားခြားမရှိပေမယ့် တစ်ကားလုံး ပျင်းရတဲ့အချိန်မရှိလောက်အောင် ကြည့်ရှုသူကို ဆွဲခေါ်သွားမှာပါ။ ရယ်ရမှာလိုလို မရယ်ရဘူးလိုလိုအကွက်တွေလည်း ပါပါသေးတယ်။ Samuel L. Jacksonကတော့ ဒီဇာတ်ကားထဲမှာ သိပ်မဆဲလိုက်ရရှာပါဘူး။ အဆိုတော် သရုပ်ဆောင် LL Cool J လည်းပဲ ပါဝင်ထားပါသေးတယ်။ မင်းသမီး Saffron Burrows ကတော့ Troy ရုပ်ရှင်ဇာတ်ကားထဲမှာ သူရဲကောင်း Hector ရဲ့ဇနီးနေရာက ပါဝင်သရုပ်ဆောင်ခဲ့တာ မှတ်မိကြပါလိမ့်မယ်။ ကြည့်ရှုခံစားကြပါစို့။ File size…(2.34GB) / (1.24GB) / (719MB) Quality…. Web 1080P / 720p / 480P Format…mp4 Duration….01:45:00 Genre...Action / Adventure /  Sci-Fi Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Arr Khun Winchester

Action • Adventure • Comedy • Horror
6 1999 105 mins
Deep Blue Sea
Joe Maddison's War
7.5

ငါက ပထမကမ္ဘာစစ်ရဲ့ စစ်သားတစ်ယောက်။ အဲဒီစစ်ကြီးရဲ့ ဒဏ်ရာဒဏ်ချက်တွေ အခုထိ ခြောက်လှန့်နေဆဲ။ ညဘက် အိပ်မက်ဆိုးတွေမက်ရင်း မျက်ရည်ကျမိတယ်။ စစ်ပွဲကြီးအပြီး တို့နိုင်လိုက်ပြီပဲ ထင်ခဲ့တာပေါ့။ ဒီလိုစစ်ပွဲမျိုး ထပ်မဖြစ်နိုင်တော့ဘူး ထင်ခဲ့မိ။ ငါလည်း သင်္ဘောကျင်းလုပ်သားတစ်ယောက်အဖြစ် ဇနီးသည်နဲ့ သားတစ်ယောက်၊ သမီးတစ်ယောက်နဲ့အတူ နေထိုင်လာခဲ့တယ်။ ငါနဲ့တိုက်ဖော်တိုက်ဖက်ရောင်းရင်းတွေလည်း ငါ့လိုပဲ စစ်ပွဲကြီးကို မမေ့နိုင်ကြသူတွေပါ။ ဒါပေမဲ့ ၁၉၃၉ ခုနှစ်မှာ ဒုတိယကမ္ဘာစစ်ကြီး ဖြစ်လာပြန်တယ်။ တစ်ကမ္ဘာလုံးချီတဲ့စစ်ဖြစ်လာသလို ငါ့ကမ္ဘာငယ်‌လေးတစ်ခုလုံးလည်း ကျွမ်းထိုးမှောက်ခုံ ဖြစ်သွားတော့တာပါပဲ။ ငါ့သားကိုစစ်ထဲဝင်ဖို့ ဆင့်ခေါ်ကြတယ်။ ငါ့သမီးရဲ့ခင်ပွန်းသည်လည်းပါတာပေါ့။ လက်ထပ်ပြီးလို့မှမကြာခင် ခွဲကြရရှာတယ်။ ကမ္ဘာစစ်ဆိုတာကို ကောင်းကောင်းကြုံခဲ့ရတဲ့ငါ့အတွက် ပထမအကြိမ်ကထက် ပိုပြီးလက်နက်တွေထွန်းကားလာပြီဖြစ်တဲ့ ဒီတစ်ပွဲက ဘယ်လောက်ရက်စက်ကြမ်းကြုတ်လိမ့်မယ်ဆိုတာ မတွေးရဲဘူး။ ငါ့ဒုက္ခတွေက ဒီလောက်နဲ့မဆုံးခဲ့။ ငါ့ဇနီးသည်ကပါ ငါ့ကို စွန့်ပစ်ပြီး တခြားလူတစ်ယောက်နဲ့ အဝေးကိုထွက်သွားပြန်တယ်။ ဘာကြောင့်မှန်းလည်း ငါမသိရပါလား။ သူ အကတော်သလောက် ငါက လုံးဝမကတတ်လို့လား မသိပါဘူးလေ။ အဲဒီအချိန်မှာပဲ ဟစ်တလာရဲ့လေတပ်မတော်က ဗြိတိန်နိုင်ငံရဲ့ မြို့ကြီးတွေပေါ်ကို နေ့စဉ်ရက်ဆက် ဗုံးမိုးတွေရွာချပေးကြတော့တယ်။ ငါ့သူငယ်ချင်း လှုပ်ရှားတက်ကြွသူတွေကတော့ ဒေသခံကာကွယ်ရေးစေတနာ့ဝန်ထမ်းတပ်ဆိုတာမှာ ဝင်ရောက်ကူညီနေကြပြီ။ ငါကတော့ စိတ်ဆင်းရဲလွန်းလို့ ဗုံးကြဲလေယာဉ်တွေလာချိန်မှာတောင် ဗုံးခိုကျင်းထဲမဝင်မိတော့ဘူး။ 2010 ခုနှစ်မှာထွက်ရှိခဲ့တဲ့ Joe Maddison's War ဇာတ်ကားဟာ စစ်ပွဲနဲ့သမိုင်းနောက်ခံ ဒရာမာဇာတ်ကားကောင်းတစ်ခုဖြစ်ပါတယ်။ ရုပ်မြင်သံကြားဇာတ်လမ်းတစ်ခုဖြစ်လို့ လူသိပ်မသိခဲ့ကြဘူးထင်ပါတယ်။ ဒုတိယကမ္ဘာစစ်ကာလ ပျိုရွယ်သူယောက်ျားမှန်သမျှစစ်ထဲဝင်သွားကြချိန်မှာ ကျန်ခဲ့တဲ့ အသက်အရွယ်ကြီးသူအမျိုးသားတွေ နဲ့ ပညာသည်ဝန်ထမ်းဖြစ်လို့စစ်မှုထမ်းခွင့်ကင်းလွတ်ခံရသူ အရပ်သားတွေက ဒေသခံ ကာကွယ်ရေးတပ်တွေဖွဲ့စည်းပြီး ဂျာမန်တွေရဲ့ရန်ကို ခုခံတွန်းလှန်ခဲ့ကြပုံကို ဇာတ်လမ်းဆင်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ အဲဒီအချိန်က ရုရှားကွန်မြူနစ်တွေကလည်း အင်္ဂလန် အမေရိကန်နိုင်ငံတို့နဲ့ မဟာမိတ်အဖြစ်လက်တွဲပြီး နာဇီဖက်ဆစ်တွေကို တိုက်ခိုက်ခဲ့ကြတဲ့ကာလပါ။ class လို့ခေါ်တဲ့ လူတန်းစားအမျိုးမျိုး အဆင့်ဆင့်ရှိတဲ့ အင်္ဂလန်နိုင်ငံရဲ့ အောက်ခြေအလုပ်သမားလူတန်းစားတွေကြားမှာ အလုပ်သမားထုသွေးစည်းညီညွတ်ရေး ဆိုတဲ့ ကွန်မြူနစ်ဆန်တဲ့အတွေးအခေါ်မျိုးတွေ အားကောင်းနေခဲ့တာကိုလည်း ဖော်ကျူးထားတာ တွေ့ရမှာပါ။ ဇာတ်ကောင်တွေအနေနဲ့လည်း British တွေဖြစ်တော့ သူတို့စကားပြောတဲ့ လေယူလေသိမ်း အသုံးအနှုန်းတွေက ဟောလီးဝုဒ်ဇာတ်ကားတွေမှာ အမေရိကန်အင်္ဂလိပ်အသံထွက်နဲ့သာ ရင်းနှီးနေကြတဲ့ ရုပ်ရှင်ကြည့်ပရိသတ်အတွက် ထူးဆန်းနေဖွယ်ရာရှိပါတယ်။ ချစ်စရာလည်းကောင်းပါတယ်။ စာတန်းထိုးရာမှာ လွဲချော်မှု မဆီလျော်မှုများရှိခဲ့ရင်တော့ ဘာသာပြန်သူရဲ့လိုအပ်ချက်ပါပဲ။ ဂျိုးမက်ဒီဆန်တစ်ယောက် ရစရာမရှိလောက်အောင် ပျက်စီးသွားတဲ့သူ့ဘဝကို ပြန်အဖတ်ဆည်နိုင်ပါ့မလား။ သူ့ဇနီးသည်က‌ရော ဘာကြောင့်သူ့ကိုစွန့်ပစ်ခဲ့တာလဲ။ သူ့ဆီများပြန်လာဦးမလား။ သူတို့ရဲ့သင်္ဘောကျင်းတွေတည်ရှိရာမြို့ကလေးကရော နေ့စဉ်ရက်ဆက်ဗုံးကြဲခံရတဲ့ဒဏ်ကို ခံနိုင်ပါ့မလား။ ဗုံးလာကြဲတဲ့နာဇီလေယာဉ်တစ်စီးလောက်ကို ပစ်ချလိုက်နိုင်လို့ အောင်ပွဲခံပျော်ရွှင်နေကြစဉ်မှာ ဂျိုးရဲ့သားလေးကလည်း ဗြိတိသျှဗုံးကြဲလေယာဉ်တစ်စီးနဲ့ ဂျာမနီနိုင်ငံကို သွားပြီး ဗုံးကြဲတိုက်ခိုက်နေရတော့ အတုံ့အလှည့်နဲ့ ကိုယ်ချင်းစာတရားက အဘိုးကြီး မက်ဒီဆန် အတွက် ထိုးနှက်ချက်ဖြစ်လာတယ်။ စစ်ပွဲနဲ့သမိုင်းနောက်ခံဇာတ်လမ်းတွေကို ကြိုက်နှစ်သက်ကြသူများ အားပေးရကျိုးနပ်မယ့်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ မထင်မရှား သမိုင်းတကွေ့ရဲ့ မကြီးကျယ်တဲ့အဖြစ်ကလေးဆိုပေမဲ့ ကိုယ်တိုင်တွေ့ကြုံခဲ့ရသူတွေအဖို့တော့ တသက်စာ အမှတ်တရပေါ့။ (ဇာတ်ကားနဲ့အညွှန်းကို Thaman Myint မှ ပြန်ဆိုရေးသားထားပါတယ်) Size - 1.52GB, 661MB Quality - 1080p, 720p IMDb Rating - 6.9/10 Format - mp4 Duration - 1H 25Min Genre - Drama, War Subtitle - Myanmar Subtitle (Hardsub) Translated by Thaman Myint Encoded by Y

Documentary • Music
7.5 2010 85 mins
Joe Maddison's War
(18+)Parasite Choon
5

(18+)Parasite Choon (2021) ဇာတ်လမ်းဇာတ်ကွက်လေးကောင်းမှ မှောင်ချင်တယ်ဆိုရင် ဒီကားကိုကြည့်ဖို့အကြံပေးပါရစေ Parasite ဇာတ်ကား ကျောရိုးနဲ့ဆင်တူလေး ရိုက်ထားပြီး ဇာတ်လမ်းကလည်းစိတ်ဝင်စားဖို့ကောင်းပါတယ် အဓိကဇာတ်ကကောင်ကတော့ ကိုယ်တွေမြင်နေကြပွဲတိုင်းကျော် ကိုရီးယား18+ဇာတ်ပေါ့ ဒါပေမယ့် ဒီတစ်ခါဇာတ်လမ်းလေးကစိတ်ဝင်စားဖို့ကောင်းတယ် မြင်နေကြ မင်းသားထဲက ပွဲတိုင်းကျော်မင်းသားက ကုမ္ပဏီပိုင်ရှင် သူဌေး တစ်ယောက်အနေနဲ့ သရုပ်ဆောင်ထားပြီး အလှတရားတွေနဲ့ပြည့်စုံနေတဲ့ ကောင်မလေးတစ်ယောက်ကသူ့အိမ်မှာကပ်နေချင်လို့ စပွန်ဆာရှာရင်း တမျိုးလုံးတဆွေလုံး အလုပ်ခေါ်ခန့်လိုက်ရတဲ့ဇာတ်ကြောင်းလေးပါ အကြင်နာတွေလဲပေး အလုပ်လည်းပေး နောက်ဆုံး ဘယ်လိုသင်ခန်းစာရမယ်ဆိုတာတော့ ဒီပညာပေးကားလေးကြည့်ရင် ပညာယူလိုက်ကြပါဦး File size…1.4GB / 652MB Quality…1080p  /720p Format…mp4 Duration….1h 20mins Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by FOX

Drama
5 2021 60 mins
(18+)Parasite Choon
Suicide Squad
5.9

Hype တွေများလွန်းလို့ တကယ့်ဇာတ်ကားထွက်လာတော့ထင်သလောက်ခရီးမရောက်ဖြစ်ခဲ့ရတဲ့ ဇာတ်ကားကိုဘယ်လိုဘယ်ပုံတွေကောင်းကြောင်း ဆိုးကြောင်းထပ်ပြီး မညွှန်းချင်တော့ပါဘူး။ မျှော်လင့်ထားသလောက် ဖြစ်မလာပေမယ့်မကောင်းဘူးလို့တော့လဲလုံးဝပြောလို့မရတာတော့အမှန်ပါ ဒါ့ကြောင့် ဇာတ်လမ်းသွားလေးပဲ နည်းနည်းညွှန်းပေးပါရစေ။ ဇာတ်ကားကို Batman နဲ့ Supermanရဲ့တိုက်ပွဲအပြီးSuperman သေဆုံးသွားတဲ့နောက်ပိုင်းကာလမှာဇာတ်အိမ်တည်ထားပါတယ်။ အစိုးရအဖွဲ့အနေနဲ့ Supermanလို လူစွမ်းကောင်းမျိုးသာ ဆိုးသွမ်းတဲ့ဘက်ကနေ လူသားတွေကိုဒုက္ခပေးမယ့်Villainတစ်ဦးဖြစ်နေမယ်ဆိုရင် ဆိုတဲ့စိုးရိမ်စိတ်တွေဖြစ်လာကြတဲ့အတွက်Amanda Waller ဆိုတဲ့အမေရိကန်အစိုးရအဖွဲ့မှ အမျိုးသမီးကြီးရဲ့အကြံအစည်ကDC ရဲ့နာမည်ကျော် Villainsကြီးများနဲ့အဖွဲ့တစ်ခုထူထောင်ပြီး အစိုးရအနေနဲ့မဖြေရှင်းနိုင်တဲ့ကိစ္စများကိုသူ့ရဲ့Task Force X ခေါ် Suicide Squad အဖွဲ့ကိုလွှတိပြီးဖြေရှင်းစေဖို့ပဲဖြစ်ပါတယ်။ Amanda ရဲ့ အကြံအစည်အောင်မြင်မလား ဒီvillainsကြီးတွေကိုရောသူထိန်းချုပ်နိုင်ပါ့မလား Suicide Squadအဖွဲ့သားတွေကရောဘယ်လိုအန္တရာယ်တွေကိုရင်ဆိုင်ဖြေရှင်း ရမလဲဆိုတာကိုတော့ဇာတ်ကားထဲမှာပဲဆက်လက်ကြည့်ရှုခံစားပေးပါခင်ဗျာ။ မညွှန်းတော့ဘူးဆိုပေမယ့် တစ်ခုလေးပြောပြစရာရှိပါသေးတယ် :-P ဇာတ်ကားရဲ့ အဓိက အားသာချက်တစ်ခုကတော့ characters ကိုက်ညီမှုရှိတာပါပဲ အထူးသဖြင့်Deadshot အဖြစ်သရုပ်ဆောင်တဲ့ Will Smith နဲ့ရေပန်းစားနေတဲ့ Harley Quinn အဖြစ်Margot Rubbie တို့ရဲ့ သရုပ်ဆောင်ပီပြင်မှုတွေကတော့ ပရိတ်သတ်အထူးကြိုက်နှစ်သက်ကြလိမ့်မယ်ဆိုတာကျိန်းသေပေါက် အာမခံရဲပါတယ် ။ Joker အဖြစ် အများစိတ်ဝင်စားနေတဲ့ Jared Letoကိုလဲ သူပါသမျှဇာတ်ဝင်ခန်း များအရသုံးသပ်ဖို့ခက်ခဲနေသေးပေမယ့် မဆိုးဘူးလို့တော့မြင်မိပါတယ်။ ဒါ့ကြောင့် rating တွေ Review တွေ ဘေးခဏချိတ်Hype ခဲ့သမျှတွေကိုခဏမေ့ပြီး မိမိအမြင်နဲ့ သာကြည့်ရှုခံစားကြပြီး မိမိအမြင်နဲ့သာဝေဖန်သုံးသပ်ကြည့်ကြပါလို့ပဲတိုက်တွန်းပါရစေခင်ဗျာ/ အော် ဒါနဲ့ .... နောက်ဆုံးမှာ နောက်လာမယ့် Justice League ဇာတ်ကားအတွက်အစပျိုးထားတဲ့ post credits sceneပါပါ တယ် မကြည့်ဖြစ်လိုက်မှာစိုးလို့ ကြိုပြီးသတိလေးပေးထားပါရစေ။ (ဘာသာပြန်သူကတော့ ဟန်ထူးဇော် ဖြစ်ပါတယ်) File Size : (2.18 GB) and (950 MB) Quality : EXTENDED Blu-Ray (1080p 5.1, 720p) Running Time : 2hr 15min Format : Mkv and Mp4 Genre : Action, Adventure, Fantasy Subtitle : Myanmar Subtitle (Hard Sub) Source : .EXTENDED.1080p.BluRay.x264-SPARKS Translated by Han Htoo Zaw Encode by Thanhtike Zaw

Crime • Thriller
5.9 2016 123 mins
Suicide Squad
Angry Neighbors

Angry Neighbors (2022) ဒီတစ်​ခေါက်မိတ်ဆက်​ပေးမှာ​​တော့ 2022 မှာထွက်ရှိထားတဲ့ Angry Neighbors ဆိုတဲ့ ​ဟာသကား​လေးပဲဖြစ်ပါတယ်။ ~ ဇာတ်လမ်းအညွှန်း ~ ဘဝကို တစ်​ယောက်တည်းဖြတ်သန်းချင်လို့ ကျွန်း​လေးတစ်ကျွန်း​ပေါ်မှာ အိမ်​လေး​ဆောက်ပြီး ​စကား​ပြောတတ်တဲ့​ခွေး​လေးနဲ့ အတူ​နေ​နေတဲ့ တစ်ချိန်တုန်းက နာမည်​ကျော်စာ​ရေးဆရာ ဟယ်ရီတစ်​ယောက် သူ့အိမ်​ဘေးမှာ သူ​ဌေးမိသားစု လမ်ပမ်တို့ ဇိမ်ခံအိမ်အကြီးစားကြီး လာ​ဆောက်တဲ့အချိန်ကစပြီး ဘယ်လို​တွေ သူ့အတွက် မျက်စိစပါး​မွှေးစူးလဲ… လမ်ပမ်ရဲ့ အိမ်တက် ညစာစားပွဲကြီးကို ပျက်​အောင်ဘာ​တွေကြံစည်​နေလဲ… အဲဒီလိုကြံစည်ရာမှာ ဘယ်လိုကြိုးစားခဲ့ရလဲ… ဆိုတာ​တွေကို ရယ်ရယ်​မော​မောကြည့်ရမယ့် ဟာသကား​လေးတစ်ကားပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.7GB, 710MB Quality – 1080p, 720p Format – mp4 Duration – 1H 29Min Genre – Comedy Subtitle – Myanmar Subtitle (Hardsub) Translated by DB Encoded by Y

Drama
0 2023
Angry Neighbors
What We Did on Our Holiday

ပေါ့ပေါ့ပါးပါးနဲ့ မိသားစုလိုက်ထိုင်ကြည့်ပြီး ခွီးလို့ရမယ့် ၂၀၁၄ ခုနှစ်ထွက် ဗြိတိသျှ black comedy- drama ဇာတ်ကားလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်။ Outnumbered ဆိုတဲ့ BBC Show တစ်ခုကို အတုခိုးပြီး ရိုက်ကူးထားတဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်။ Doctor Who (2005) မှာပါဝင်တဲ့ David Tennant နဲ့ Jack Reacher (2012)၊ Die another day (2002) စတဲ့နာမည်ကြီးဇာတ်ကားတွေမှာ ပါဝင်တဲ့ မင်းသမီးချော Rosamund Pike တို့ခေါင်းဆောင်ပါဝင်ထားပြီး Billy Connolly၊ Ben Miller၊ Lewis Davie၊ Celia Imrie၊ Amelia Bullmore စတဲ့သရုပ်ဆောင်တွေလည်း ပါဝင်အားဖြည့်ပေးထားပါတယ်။ Andy Hamilton နဲ့ Guy Jenkin တို့ကပူးတွဲရိုက်ကူးထားပြီး BBC Films၊ Creative Scotland စတဲ့ကုမ္ပဏီများကထုတ်လုပ်ထားပြီး UK၊ US နိုင်ငံတွေမှာ Lionsgate ကဖြန့်ဖြူးပေးထားပါတယ်။ ကုန်ကျစရိတ် ပေါင် ၃.၅ သန်းဝန်းကျင် ဘတ်ဂျက်သုံးစွဲထားပြီး Box Office မှာတင် ဒေါ်လာ ၁၀.၇ သန်း ပြန်ရတာဖြစ်လို့ တွက်ချေကိုက်ခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ကင်ဆာရောဂါနဲ့ကွယ်လွန်ခါနီး ဖခင်ကြီးဖြစ်သူ ဂေါ်ဒီမက်ကလောက်ရဲ့ဆန္ဒအရ သားငယ်ဖြစ်သူ ဒေါက်မက်ကလောက်နဲ့ ချွေးမဖြစ်သူ အဘီတို့ဟာ ကလေးဘုစုခရုသုံးကောင်ကို လက်ဆွဲပြီး လန်ဒန်ကနေ စကော့တလန်ကို လာတွေ့တဲ့အကြောင်းပါ။ ဘဝနေဝင်ချိန်ရောက်နေတဲ့ ဖခင်ကြီးအတွက် အစ်ကိုကြီးဖြစ်သူ ဂယ်ဗင်မက်ကလောက်က ခမ်းခမ်းနားနား ပါတီကြီးတစ်ခုကျင်းပပေးဖို့ စီစဥ်ရင်း ညီဖြစ်သူတို့မိသားစုကိုပါ အဖေဖြစ်သူနဲ့ တွေ့ရအောင် စီစဥ်လိုက်တာပါ။ အမှန်တော့ ညီတော်မောင်လင်မယားက ကလေးသုံးယောက်ရပြီးကာမှ ယောကျ်ားဖြစ်သူရဲ့ဖောက်ပြန်မှုကြောင့် လင်မယားနှစ်ယောက် အိမ်ခွဲနေကြရင်း ကွာရှင်းဖို့အထိ အခြေအနေတွေဖြစ်နေကြတာပါ။ ကလေးသုံးယောက်ကလည်း တကယ့်ကိုမိမနိုင်၊ဖမနိုင် မျောက်လောင်းလေးတွေဖြစ်ကြပြီး အမှန်တော့ ဇာတ်လမ်းတစ်ခုလုံးဟာလည်း ကလေးသုံးယောက်မွှေသမျှကို ကျောရိုးတည်ထားတင်ပြထားသလို ဖြစ်နေတာပါ။ ဘဝနေဝင်ချိန်ရောက်နေတဲ့ ဖခင်ကြီးစိတ်မချမ်းမသာမဖြစ်ရစေဖို့ ကလေးတွေကို သူတို့အတူမနေကြောင်းအဘိုးကို သွားမပြောဖို့ ဖခင်ဖြစ်သူ ဒေါက်က စည်းရုံးရာကနေ မအောင်မမြင်ဖြစ်ပြီး တလွဲတွေတောက်လျှောက်ဖြစ်ပါတယ်။ လွဲချက်လက်လွန်ပြီး အဘိုးဖြစ်သူခမျာ မျောက်လောင်းသုံးကောင်မွှေတဲ့ဒဏ်နဲ့ သူ့အတွက်စီစဥ်ပေးတဲ့ ပါတီကိုပါ မတက်လိုက်ရတဲ့အထိ အလွဲလွဲအချော်ချော်တွေချည့်ဖြစ်ကြပုံကို တစ်ကားလုံးခွီးရင်း ကြည့်ကြရမှာပဲဖြစ်ပါတယ်။ မိသားစုဝင်များကြား၊ လင်မယားနဲ့ သားသမီးမိဘကြား ဖြစ်တတ်တဲ့စိတ်သဘောထားမတိုက်ဆိုင်မှုတွေ၊ လွဲချော်မှုတွေအကြောင်း ဟာသနှောတင်ပြရင်း ဘဝမှာထားသင့်ထားအပ်တဲ့ စိတ်ထားမျိုး၊ ရှင်သန်မှုပုံစံမျိုးကိုလည်း တစ်စွန်းတစ်စလှစ်ဟပြသထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်။ ဝေဖန်ရေးပိုင်းမှာလည်း IMDb rating 6.9 နဲ့ Rotten Tomatoes လည်း 75% ရထားတာဖြစ်လို့ ဆက်ဆက်ကြည့်ရှုကြဖို့ လက်တို့လိုက်ရပါတယ်။ File size…(1.8 GB)/(900 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:35:00 Genre… Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ninja

Horror • Mystery
0 2014 95 mins
What We Did on Our Holiday
Midnight Peepshow

Midnight Peepshow [2022] ( IMDb 4.7/10, RT 100% ) ဂရေဟမ်က စီးပွားရေးရင်းနှီးမြှုပ်နှံရေးသမား… သူ လုပ်တာက တက်သစ်စ စီးပွားရေးကုမ္ပဏိတွေမှာ လိုက်ရင်းနှီးပြီးတော့ စီးပွားရှာတာပဲ… ဇာတ်လမ်းအစမှာ ဂရေဟမ် ကောင်မလေးတစ်ယောက်နဲ့ ဝင်တိုက်ရင်း ပိုက်ဆံအိတ်လုခံလိုက်ရတယ်… လုခံရမှန်း တန်းသိတော့ ပိုက်ဆံအိတ်ထဲက သူ့မိန်းမဓာတ်ပုံလေးကိုသာ ပြန်ပေးဖို့ သူတောင်းဆိုရှာတယ်… နောက်တော့ ဘားသွား အရက်သောက်… အဲ့နောက်မှာ ဟီရိုအင်း ဝယ် ဆေးချပြီးတော့ လန်ဒန်မြို့ထဲ ပတ်တယ်… ဒီလိုနဲ့ တစ်နေရာမှာ ပိုက်ဆံပေးပြီး ချောင်းကြည့်ပေါက်ကနေ အဖော်အချွတ်မယ်တွေကို ကြည့်ရတဲ့ Peepshow တစ်ခုကို သူရောက်သွားပါတယ်… ဂရေဟမ်က အစကတော့ အဖော်အချွတ်မယ်လေး တစ်ယောက်ကို ကြည့်နေပါတယ်… နောက်မှတော့ မှော်ဆန်စွာပဲ မြင်ကွင်းတွေက ပြောင်းလဲသွားပါတော့တယ်… ဘာတွေလဲဆိုတော့ ဂရေဟမ် ရင်းနှီးမြှုပ်နှံထားတဲ့ Black Rabbit ဆိုတဲ့ ကုမ္ပဏီဟာ လက်တွေ့လောကက လိင်အသားပေး ကြမ်းကြမ်းရမ်းရမ်း သတ်ဖြတ်မှုတွေကို Live လွှင့်ပြတုန်းက ဟာတွေပဲဖြစ်နေပါတယ်… ဒီလိုနဲ့ ဂရေဟမ် သိပ်ချစ်သိပ်မြတ်နိုးရတဲ့ ဇနီးလေးဟာလည်း ဒီ ဝက်ဘ်ဆိုဒ်ရဲ့ သားကောင်ဖြစ်နေမှန်း မြင်လာရပါတော့တယ်… ဒီလိုနဲ့ ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ရှုစားကြရမှာပါ…. 18+ ကြမ်းကြမ်းတမ်းတမ်းတွေ သတ်ဖြတ်ဆက်ဆံခန်းတွေ ပါတာကိုတော့ ကြိုတင်သတိပေးလိုက်ရပါတယ်နော် အညွှန်း နဲ့ ဘာသာပြန်ကတော့ Tun Aung Kyaw ပဲ ဖြစ်ပါတယ်။ Genre….. Horror Quality…. 1080p | 720p File size… 1.3GB | 640MB Format… mp4 Duration…. 1h 38min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Tun Aung Kyaw Encoder ….. Aaron

0 2022
Midnight Peepshow
Sumpahan Malam Raya
7.2

Sumpahan Malam Raya 2023 IMDb 7.1/10 (Comedy/Horror/Mystery) ရှဝဲလ်ဆိုတဲ့ မိဘမဲ့ကောင်လေးတစ်ယောက်နဲ့ သူ့ကောင်မလေး တာနီယာတို့ ဂန်းစတားတွေရန်ကိုကြောက်လို့ပြေးရမယ့်အချိန်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် သူ့အဖေရဲ့ သေတမ်းစာရောက်လာပြီး ဘန်ဂလိုတစ်လုံး အမွေရတော့ Motel ဖွင့်စားတာပေါ့ ရှဝဲလ် တစ်ယောက်ငယ်ရည်းစားနဲ့လဲ ပြန်ဆုံ လက်ရှိရည်းစားကိုလဲချစ်နဲ့ ဒုက္ခတွေများနေတဲ့အချိန်မှာ သူ့ Motel ကိုလာတဲ့ ဧည့်သည်တွေ တစ်ယောက်ပြီးတစ်ယောက်သေကုန်ကြတယ် နောက်ထပ်လဲထူးခြားဆန်းပြားတဲ့ကိစ္စတွေကိုထပ်ကြုံလိုက်ရတဲ့အခါမှာတော့… ဇာတ်လမ်းအစကနေအဆုံးထိ ပါးစပ်မပိတ်အောင်ရယ်ရမှာတော့ သေချာပါတယ် Horror/Comedy တွဲထားတာဆိုပေမဲ့ ခပ်ပေါပေါကားတော့မဟုတ်ပါဘူးနော် မင်းသမီးချောလေးတွေလဲ ရှယ်သုံးပေးထားတာဆိုတော့ ကြည့်ရတာ တန်တယ် Rating ကိုလဲရှိုးလိုက် 7.1 ထိရထားတာ ပေါ့ပေါ့ပါးပါးလေး နဲ့ တကယ်ကောင်းတဲ့ကားလေးပါ အညွှန်း နဲ့ ဘာသာပြန်ကတော့ Thet Oo ပဲ ဖြစ်ပါတယ်။ Genre….. Comedy, Horror, Mystery Quality…. 1080p | 720p File size… 1.7GB | 945MB Format… mp4 Duration…. 1h 51min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Thet Oo Encoder ….. Aaron

7.2 2023
Sumpahan Malam Raya
Gladiator II Gladiator 2
6.9

Gladiator II (2024) IMDb Rating (6.9) / Rotten Tomatoes (71 %) ဒါရိုက်တာ ရစ်ဒလီစကော့ရဲ့ ဂလက်ဒီအိတ်တာဒုတိယမြောက်ဇာတ်ကားလာပါပြီ။ ရောမခေတ်ရဲ့ ကြီးကျယ်ခမ်းနားတဲ့ ခါလက်ဆီယံတိုက်ကွင်းကြီးထဲက ဂလက်ဒီအိတ်တာတွေအကြောင်းကို အခြေခံထားပြီး ရောမနိုင်ငံရေး သမိုင်းနဲ့ ရောမွှေထားတဲ့ ရုပ်ရှင်ကြီးပါ။ မင်းသားကြီး ရက်ဆဲခရိုးရဲ့ ဇာတ်ကောင်း မက်စီးမပ် ဒက်စီးမပ် အော်ရဲလိယက်ကတော့ ပထမရုပ်ရှင်မှာ သေဆုံးသွားပြီးပါပြီ။ 177-192 အေဒီဝန်းကျင်မှာ ပထမရုပ်ရှင်ဇာတ်အိမ်တည်ခဲ့သလို အခုရုပ်ရှင်ကတော့ ၁၆ နှစ်အကြာ 211 AD အဆုံးနားမှာ တည်ဆောက်ထားတာပါ။ သရုပ်ဆောင်တွေကတော့ ပေါမက်စကယ်၊ ပီဒရို ပက်စကယ်၊ ဒန်ဇယ်ဝါရှင်တန်တို့လို ဒိတ်ဒိတ်ကျဲတွေ ပါဝင်ထားတာပါ။ တိုက်ခိုက်ခန်းတွေရော ဇာတ်လမ်းရော သရုပ်ဆောင်ရောအားလုံးကောင်းတာမို့ ကြိုက်ကြမှာ သေချာပါတယ်။ ဒီရုပ်ရှင်မှာသုံးတဲ့ ဆက်တင်တွေကလည်း Kingdom of Heaven (2005) ရိုက်တုန်းက ဆက်တင်ဆောက်ထားတာကို သူ ပြန်ဖျက်ရင် ဈေးကြီးလို့ မော်ရိုကိုအစိုးရကို ၁၀ ဒေါ်လာနဲ့ရောင်းစားခဲ့တဲ့ ဆက်တင်ပါပဲ။ အဲဒီနေရာကိုပဲ အစိုးရဆီက ပြန်ငှားသုံးလိုက်တာပါ။ ဇာတ်လမ်းအကျဉ်း ဧကရာဇ် ကွန်မိုးဒပ် ကျဆုံးအပြီး အင်ပါယာ ဂေတာ နဲ့ ကာရာကယ်လာလက်ထက်မှာ မိဖုရား လူစဲလာဟာ ဗိုလ်ချုပ် အာကေးစီးရပ်နဲ့အတူ လက်ထပ်ထားပြီး ရောမတိုင်းပြည်တစ်ခုလုံးက ဗိုလ်ချုပ် အာကေးစီးရပ်နဲ့ လူစဲလာကိုချစ်ခင်ကြပါတယ်။ ဒါပေမဲ့ အာဏာရှင်စနစ် ဧကရာဇ်စနစ်တွေရဲ့ ဆိုးမွေတွေကြောင့် တိုင်းပြည်တစ်ခုလုံး ချွတ်ခြုံကျပြီး ပုန်ကန်ကြလုဆဲဆဲအခြေအနေမှာ ရှိနေတာပါ။ အာကေးစီးရပ်ကလည်း ဧကရာဇ်နှစ်ပါးကိုဖြုတ်ချဖို့ပါ ကြံစည်နေပါပြီ။ အဲဒီအချိန်မှာပဲ စစ်သုံ့ပန်းတွေထဲက ဟန်နိုဆိုတဲ့ စစ်သည်တော်ဟာ ပြိုင်ကွင်းထဲမှာ အောင်ပွဲတွေ ဆက်တိုက်ရလာသလို ရောမ နန်းဆက်နဲ့ နိုင်ငံရေးအတွက်ပါ အရေးပါတဲ့လူတစ်ယောက် ဖြစ်နေတာ သိလိုက်ရပါတယ်။ ဟန်နိုကလည်း သူ့ဇနီးအတွက် အာကေးစီးရပ်နဲ့ ဧကရာဇ်တွေကို လက်စားချေဖို့ ကြိုးစားနေချိန်မှာ ကလဲ့စား၊ နိုင်ငံရေး နဲ့ လွတ်လပ်တဲ့ရောမနိုင်ငံကို ယုံကြည်သူတွေကြားမှာ တိုက်ပွဲတွေ ပေါ်ပေါက်လာပြီး ဘာတွေဆက်ဖြစ်မလဲဆိုတာ…….။ WEB-DL ရုပ်သံအစစ်ဖြစ်တဲ့ Ksub မပါတဲ့ Clean Version ကို ထပ်မံတင်ဆက်လိုက်ပါတယ်။

6.9 2024 148 mins
Gladiator II Gladiator 2
Tiyaan
6.4

Tiyaan (2017)”ဗျာဒိတ်” ==================== ၂၀၁၇ ခုနှစ်က ထွက်ရှိခဲ့တဲ့ မာလျာလမ်စကားပြော ဘာသာရေး လျှို့ဝှက်သည်းဖို အက်ရှင်ရုပ်ရှင်တစ်ခုကို ပရိသတ်တွေအတွက် ရှာဖွေတင်ဆက်ပေးလိုက်ပါတယ်။ ဒီရုပ်ရှင်ထဲမှာ နာမည်ကြီး မာလျာလမ်မင်းသားတွေဖြစ်ကြတဲ့ အင်ဒရာဂျိသ်ဆူကူမာရန်နဲ့ ပရီသ်ဗီရာ့ဂျ်ဆူကူမာရန်တို့အပြင် မင်းသားကြီး မိုဟန်လာလ်ကလည်း နောက်ခံစကားပြောသူအနေနဲ့ ပါဝင်ထားပါသေးတယ်။ ဇာတ်လမ်းကတော့ အေဒီ ၉ ရာစုလောက်တုန်းက တောင်တန်းတွေပေါ်မှာ တရားကျင့်နေတဲ့ ဂုရုကြီးတွေရဲ့ ဂုရုကြီးက သူသိထားတဲ့တရားတွေဟောဖို့ အိန္ဒိယမြောက်ပိုင်းလွင်ပြင် ကန္တာရထဲကို ဆင်းလာတယ်။ အဲဒီကန္တာရထဲမှာ သူ့အဆုံးအမကိုလိုက်နာတဲ့သူတွေရဲ့ မျိုးနွယ်တွေ နေထိုင်ကြတယ်။ ဂီရီကတော့ အဲဒီမျိုးနွယ်ထဲကဆင်းသက်လာတဲ့ ကျမ်းတတ်ပုဂ္ဂိုလ်တစ်ယောက်၊ သူ့ကို တစ်ရွာလုံးက လေးစားကြတယ်။ ဘာသာပေါင်းစုံ အတူတူနေကြတဲ့ သူတို့ရွာလေးကို မဟာရှေဆိုတဲ့ဘုရားကို ကိုးကွယ်တဲ့ လူကုန်ထံတစ်ယောက်က ဘုရားကျောင်းဆောက်ဖို့အတွက်ဆိုပြီး လူမိုက်တွေနဲ့ တစ်ရွာလုံးကို ရွှေ့ခိုင်းတယ်။ ဂီရီက အဲဒီပြဿနာကို ဖြေရှင်းဖို့ကြိုးစားရင်းနဲ့ မိုဟာမက်ဆိုတဲ့ မူဆလင်လူငယ်တစ်ယောက်နဲ့အတူ ဘာသာရေးအဓိကရုဏ်းတစ်ခုထဲ အတူပိတ်မိသွားပြီး လွတ်မြောက်ဖို့ ကြိုးစားကြရပုံတွေကို ဒီရုပ်ရှင်ထဲမှာ မြင်ကြရမှာဖြစ်ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)

6.4 2017 168 mins
Tiyaan
Azzamine
7

Azzamine (2024) IMDb Rating (7.0) Jasmine က ဘာသာရေးကိုင်းရှိင်းမှုမရှိတဲ့ အပျိုဖော်ဝင်စ မိန်းကလေးတစ်ဦးဖြစ်ပြီး မိဘတွေရဲ့ ပေးစားမှုကြောင့် Azzam ဆိုတဲ့ ဘာသာရေးအလွန်ကိုင်းရှိင်းတဲ့ ကောင်လေးနဲ့ မိတ်ဆက်အောင်သွယ်ပေးခံခဲ့ရတယ်။ ဒါပေမဲ့ Jasmine က ဆန့်ကျင်ဘက်စရိုက်တွေကြောင့် Azzam ကို မြင်မြင်ချင်း ကြည့်မရဖြစ်ပြီး Azzam ဆီကနေ ရှောင်ဖယ်ငြင်းဆိုဖို ဆက်တိုက်ကြိုးစားခဲ့ပေမဲ့ အချိန်ကြာလာတာနဲ့အမျှ Azzam ရဲ့ စိတ်ကောင်းရှိမှု၊ စိတ်ထားနူးညံ့မှုနဲ့ စိတ်ရှည်မှုတွေကို မြင်လာရပြီး Jasmine တစ်ယောက် တွေဝေရင်း ခံစားချက်တွေ ယိမ်းယိုင်လာပါတော့တယ်။ ပြဿနာက Jasmine မှာ သူ့အဖေသဘောမတူပေမဲ့ လေးနှစ်ကြာတွဲနေခဲ့တဲ့ Deka ဆိုတဲ့ ရည်းစားလည်းရှိတာကြောင့် Azzam နဲ့ Deka ကြား ဒွိဟတွေဖြစ်ပြီး Jasmine ဘယ်သူ့ကို ရွေးချယ်မလဲဆိုတာကိုတော့ ဒီဇာတ်လမ်းလေးထဲမှာ ဆက်လက်ကြည့်ရှုလိုရပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။) File size…(1.6 GB) / (650 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,Romance Duration….01:44:14 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Thwal Htoo Zin

Science Fiction • Thriller
7 2024 104 mins
Azzamine
Sång Đèn Lighting Up the Stage
7.1

Sáng Đèn (2024) IMDb Rating (7.1) “Sáng Đèn” က ၁၉၉၀ ခုနှစ်တွေက ဗီယက်နမ်မှာ ရေပန်းစားခဲ့တဲ့ Cai Luong (ဗီယက်နမ်ရိုးရာ အော်ပရာပြဇာတ်) ရဲ့ ထွန်းတောက်မှုနဲ့ ကျဆင်းမှုကို ပြသထားတဲ့ ဒရာမာရုပ်ရှင်တစ်ခုပါ။ ဒီရုပ်ရှင်ကို Hoang Tuan Cuong က ဒါရိုက်တာအဖြစ် ရိုက်ကူးထားပြီး Huu Chau၊ Cao Minh Dat၊ Bach Cong Khanh နဲ့ Le Phuong တို့လို ဗီယက်နမ်သရုပ်ဆောင်တွေ ပါဝင်ထားတယ်။ ဇာတ်လမ်းက ၁၉၉၄ ခုနှစ်မှာ စတင်ပြီး Cai Luong ပြဇာတ်အဖွဲ့တွေ ပရိသတ်တွေရဲ့ အာရုံစိုက်မှုကို ရရှိခဲ့တဲ့ အချိန်ကို ပြသထားတယ်။ ဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်ဖြစ်တဲ့ Thanh ဆိုတဲ့ ၁၀ နှစ်အရွယ် ငါးဖမ်းလုပ်သားလေးက တစ်နေ့မှာ အန္တရာယ်ကြားက လွတ်ပြီး Mr. Bau ရဲ့ ပြဇာတ်အဖွဲ့ထဲ မွေးစားခံရတယ်။ အဲဒီအဖွဲ့မှာ Kieu Truc Linh ဆိုတဲ့ ၉ နှစ်အရွယ် ချောမောတဲ့ မိန်းကလေးနဲ့ တွေ့ဆုံတယ်။ သူက နာမည်ကြီး Cai Luong အဆိုတော် Kieu Truc Le ရဲ့ သမီးဖြစ်ပြီး၊ သူ့အမေ Truc Le က သမီးဖြစ်သူကို ကာကွယ်ဖို့ ကိုယ့်ကိုယ်ကိုယ် စွန့်လွှတ်ခဲ့ရတယ်။ ၁၀ နှစ်ကြာပြီးတဲ့နောက် Cai Luong ရဲ့ လူကြိုက်များတဲ့အချိန် ကျဆင်းလာပြီး ပြဇာတ်အဖွဲ့ဟာ ရှင်သန်နိုင်ဖို့ နည်းလမ်းမျိုးစုံကို သုံးရတယ်။ တစ်ချိန်က ရိုးရာအနုပညာကို ဖျော်ဖြေခဲ့တဲ့ အဖွဲ့ဟာ အခုဆို ဆပ်ကပ်နဲ့ ထီပြဇာတ်တွေပါ ဖျော်ဖြေနေရတဲ့ အနေအထားရောက်သွားတယ် ဒီရုပ်ရှင်က Cai Luong ရဲ့ ယဉ်ကျေးမှုအနုပညာရဲ့ အတက်အကျကို လှပစွာ ပုံဖော်ထားပြီး အနုပညာရှင်တွေ ရုန်းကန်ရတာနဲ့ စိတ်အားထက်သန်တာကို ဖော်ပြတယ်။ ဒီရုပ်ရှင်ရဲ့ အဓိကထင်ရှားတဲ့ အချက်က Cai Luong ယဉ်ကျေးမှုကို ဗီယက်နမ်သမိုင်းနဲ့ ချိတ်ဆက်ပြသထားတာပဲ။ IMDb မှာ အဆင့် 7.7 ရထားပြီး ဝင်ငွေ $136,860 ရရှိခဲ့တယ်။ ရုပ်ရှင်ရဲ့ ပြသချိန်က ၂ နာရီ ၈ မိနစ်ဖြစ်ပြီး ဗီယက်နမ်ဘာသာနဲ့ ရိုက်ကူးထားတယ်။ ဖေဖော်ဝါရီ ၁၀၊ ၂၀၂၄ မှာ ဗီယက်နမ်မှာ ရုံတင်ပြသခဲ့တယ်။ ဒီရုပ်ရှင်က Cai Luong အနုပညာကို ချစ်မြတ်နိုးသူတွေအတွက်ရောဗီယက်နမ်ယဉ်ကျေးမှုသမိုင်းကို စိတ်ဝင်စားသူတွေအတွက်ပါ ကြည့်ရတာ တန်ဖိုးရှိတဲ့ ရုပ်ရှင်တစ်ခုပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Min Khant ဖြစ်ပါတယ်။) File size…(2.7 GB) / (1.3 GB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Drama,Music Duration….02:09:16 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Min Khant

Animation • Action • Science Fiction • Thriller
7.1 2024
Sång Đèn Lighting Up the Stage