YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

The Brave Yong Soo Jung(2024) EP10 WEB-DL 720P[CM] FIX.mp4

184.64 MB N/A video/mp4 131 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Overheard
6.8

ဟောင်ကောင်ဂန်း မာစတာပိစ်ကားဖြစ်တဲ့ Infernal Affairsကားကို ရိုက်ခဲ့တဲ့ ဇာတ်ညွှန်းရေးခဲ့တဲ့ ၂ယောက်ဖြစ်တဲ့ Felix Chongနဲ့ Alan Mak တို့ ပူးတွဲ ရိုက်ထားတဲ့ကားပါ။ Infernal Affairsလိုပဲ ၃ကားထွက်ရှိထားပြီး ဟောင်ကောင်မှုခင်းကားကောင်း စာရင်းဝင်ကားဆိုလည်း မမှားပါဘူး။ မင်းသားတွေ ဇာတ်ပို့တွေကတော့ တကယ့်နာမည်ကြီးတွေချည်းပါပဲ။ The Mitchells vs. the Machines ကို ဆိုနီနဲ့ပူးတွဲထုတ်ခဲ့တဲ့ One Cool Group Limited ရဲ့ဖောင်ဒါ 1994က ရုပ်ရှင်စရိုက်ခဲ့ပြီး ဟောင်ကောင်ရဲ့ သရုပ်ဆောင်အကောင်းဆုံးမင်းသားတွေထဲ အပါအဝင်ဖြစ်သလို Johnnie Toလို ဆရာကြီးရဲ့ လက်စွဲတော်ဖြစ်ခဲ့တဲ့ တလောကတင်နာမည်ကြီးခဲ့တဲ့ ဟောင်ကောင်သိပ္ပံကား Warriors of Futureရဲ့မင်းသား Louis Koo , ဂျက်ကီချမ်းရဲ့ New Police Story နဲ့ လူသိများတယ်ပြောလို့ရတဲ့ ခုတော့ အမေရိကန်တက်ပြီး Reminiscence ,Tomb Raider , Warcraft , Into the Badlands , Westworld တို့လို အနောက်က နာမည်ကြီးစီးရီးတွေ ဇာတ်ကားတွေမှာသရုပ်ဆောင်နေတဲ့ daniel wu , Johnnie Toရဲ့ ကားတိုင်းလိုလို မင်းသားအဖြစ်တစ်ဖုံ ဇာတ်ရန်အဖြစ်တစ်မျိုး ပါနေကျ Sean Lau , နောက် Rush Hour 3ထဲက တရုတ်မ , Lost and Found ထဲက နိုင်ငံခြားသား , Bullet in the Headတို့ A Better Tomorrowတို့လို ဂျွန်ဝူးကားတွေထဲ ဗီလိန်ဘဲ waise leeစသဖြင့် နာမည်ကြီးတွေ ဆရာ့ဆရာကြီးတွေ ရင်းနှီးပြီးသားလူတွေ မြိုင်မြိုင်ဆိုင်ဆိုင်ပါပဲ။ ဇာတ်လမ်းကတော့ မင်းသားသုံးယောက်က စတော့ဈေးကစားပြီး စီးပွားရေးမသမာမှုလုပ်နေတဲ့လုပ်ငန်းတစ်ခုနောက် လိုက်နေကြတယ်။ သူတို့လုပ်ရတဲ့အလုပ်က အသံဖမ်းစက်တွေတပ်ပြီး သူတို့ပြောတာကို ချောင်းနားထောင်ကြတာပေါ့။ တစ်ခါကျ သူတို့တွေ သူဌေးဖြစ်မယ့်အကွက်ကို ကြားလိုက်ရာကနေ အစီရင်ထည့်မခံတော့ဘဲ ကွက်ပျောက်လေးရိုက်ပြီး စတော့လောင်းလိုက်ကြတယ်။ ဒါပေမဲ့ သူတို့ အဲဒီကနေမှ သူတို့ငွေတွေဆုံးသွားပြီး ငွေတွေပြန်ရဖို့ကြိုးစားရင်း အာဏာလည်းကြီးသလို မလုပ်ရဲတာဘာမှမရှိတဲ့ ကုမ္ပဏီပိုင်ရှင်နဲ့ ထိပ်တိုက်ရင်ဆိုင်ရဖို့ဖြစ်လာခဲ့တယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ WiRa Aung ပါ ) File Size__(1.8GB) / (900MB) Quality__WEB-DL1080p, 720p IMDb Rating__7.1/10 Format__mp4 Duration__01:45:00 Type__Crime , Thriller Subtitle__Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Naing Aung Latt

Comedy • Horror • Mystery
6.8 2009 100 mins
Overheard
Saakini Daakini
5.9

ကောင်မလေးနှစ်ယောက်ရှိတယ် သူတို့က ရဲသင်တန်းကျောင်းမှာ ကျောင်းလာအပ်ရင်းနဲ့ ဆုံကြတာ နှစ်ယောက်သားက စစဆုံကတည်းက ဘယ်လိုမှမတည့်ကြဘူး မတည့်တဲ့သူနှစ်ယောက်က အဆောင်မှာကျတော့လည်း အခန်းအတူတူကျပြန်ရော ကြောင်နဲ့ကြွက် သူတို့နှစ်ယောက် သင်တန်းဆင်းနေရင်းနဲ့ တစ်ယောက်ကိုတစ်ယောက် အမြဲ ချောက်တွန်း၊ ချောက်ချကြရင်း ခင်မှန်းမသိ ခင်လာကြတာပေါ့ အဲဒီလိုနဲ့ သူတို့တွေ လက်တွေ့ကွင်းဆင်းရမယ့် အချိန်ကိုရောက်လာပြီး တစ်ရက် သူတို့ရဲ့ အိမ်ပြန်လမ်းမှာ ကောင်မလေးတစ်ယောက် ပြန်ပေးဆွဲခံရတာကို မြင်လိုက်ရတယ် ကောင်မလေးရဲ့ နောက်ကြောင်းကို စုံစမ်းကြည့်တော့ ကောင်မလေးက မိသားစုမရှိတဲ့ တစ်ကောင်ကြွက် အဲဒီမှာ သူတို့သိသွားတာက အဲဒီပြန်ပေးဆွဲသမားတွေက မိသားစုမရှိတဲ့ မိန်းကလေးတွေကိုပဲ ပစ်မှတ်ထားပြီး ဖမ်းနေတယ်ဆိုတာပဲ ဘာလို့ဆို မိသားစုမရှိတော့ သူတို့အတွက် တိုင်ချက်ဖွင့်မယ့်သူလည်းမရှိဘူးလေ တိုင်ချက်တွေမရှိတော့ အဲဒီဒုစရိုက်ဂိုဏ်းကြီးရဲ့လုပ်ရပ်ကို သိသူလည်းမရှိတော့ဘူးပေါ့ အဲဒါကို စုံစမ်းဖော်ထုတ်မှာက ဒီလေ့ကျင့်ရေးဆင်း မိန်းကလေးနှစ်ယောက်ပေါ့ ရဲအစစ်မဟုတ်သေးတဲ့ သူတို့နှစ်ယောက်.. ဒုစရိုက်ဂိုဏ်းအကြီးကြီးကို ဘယ်လိုဖော်ထုတ်အရေးယူမလဲ အဲဒီဒုစရိုက်လုပ်ငန်းကရော ဘာကြောင့် မိန်းကလေးတွေကိုပဲ ဖမ်းနေတာလဲဆိုတာ ဒီဇာတ်ကားထဲမှာ စိတ်ဝင်စားဖွယ် ဟာသအနှောလေးနဲ့ကြည့်ရှုရမှာပဲဖြစ်ပါတယ် File size…1.9GB / 914MB Quality…1080p True WEB DL / 720p Format…mp4 Duration….2h 24m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thet Kko & BpL & Sora

Drama • Romance
5.9 2022 115 mins
Saakini Daakini
The Mechanic
6.5

မင်းသားကြီး Jason Statham ရဲ့ ဇာတ်ကားတွေထဲမှာ ဒီဇာတ်ကားကလဲ နာမည်ကြီးပါတယ်။ ကြေးစားလူသတ်သမား ဘစ်ရှော့ဆိုတာ Mechanic စက်တစ်လုံးလို တိကျသေချာတဲ့နည်းလမ်းနဲ့ အလုပ်လုပ်တတ်တဲ့သူပါ။ ဘယ်နေရာမှာမဆို တိကျသေချာအောင် အကွက်ချတတ်ပြီးတော့ သူ့ရဲ့အလုပ်က လူသတ်ယုံမဟုတ်ဘဲ အဲ့ဒီ့လူသတ်မှုကို မတော်တဆမှုလိုလို...အခန့်မသင့်လို့သေတာလိုလို...ဖန်တီးရတာမျိုးပါ။ ဒီလိုကြေးစားလူသတ်သမားကိုမှ လာရှုပ်မိတဲ့ ငနဲသားတွေ ဘယ်လိုဒုက္ခဝေသွားမလဲဆိုတာ.....။ မာကြောပြတ်သားတဲ့ အက်ရှင်ဇာတ်ရုပ်နဲ့ Jason Statham နဲ့ကတော့ အလိုက်ဆုံးအတွဲအဖက်ပါပဲ။ Action,Crime,Thriller အမျိုးအစားဖြစ်ပြီး IMDb Rating (6.6/10 ) ရရှိထားပါတယ်။ File size…(1.8 GB) / (700 MB) Quality….BluRay 1080p HEVC /720p Format…mkv/mp4 Duration….01:32:44 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung

Adventure • Comedy • Family • Fantasy • Music • TV Movie
6.5 2011 93 mins
The Mechanic
Twisted Sister
5

Twisted Sister (2023) =============== ကျွန်တော်တို့ ဘဝမှာ ရှိနေမှန်းမသိခဲ့တဲ့ အစ်မတစ်ယောက် ရုတ်တရက်‌ ပေါ်လာခဲ့မယ်ဆိုရင် ဘယ်လိုလုပ်ကြမလဲ။ မိဘတွေ တည်ထောင်ခဲ့တဲ့ ကုမ္ပဏီကို အမွေဆက်ခံပြီး ချစ်စရာသမီးလေး ခင်ပွန်းနဲ့အတူ အမ်မလီရဲ့ ဘဝလေးက ပြီးပြည့်စုံနေပါတယ်။ တစ်ရက်မှာတော့ ကလေးထိန်း အလုပ် လျှောက်မယ့် အမျိုးသမီးတစ်ယောက် အမ်မလီတို့ အိမ်ကို ရောက်လာပါ တယ်။ အဲဒီအမျိုးသမီးက သူ့ကိုယ်သူ အမ်မလီရဲ့ မိဘတွေ စွန့်ပစ်လိုက် တဲ့ အစ်မရင်း လီလီပါလို့ ပြောလာပါတော့တယ်။ ကုမ္ပဏီအလုပ်တွေနဲ့ ဖိအားများနေပြီး အားကိုးစရာ လိုအပ်နေတဲ့ အမ်မလီ တစ်ယောက် အစ်မကို စိတ်ချလက်ချ ယုံကြည်နိုင်ပါ့မလား၊ တစ်ချိန်တည်း မှာပဲ အမ်မလီတစ်ယောက် တိုက်ခိုက်မှုတွေ ဆက်တိုက်ကြုံလာရချိန် တ ရားခံက ဘယ်သူလဲ၊ အမ်မလီနဲ့ မိဘတွေက လီလီ့ကို ဘာလို့ စွန့်ပစ်လိုက် တာလဲ ဆိုတာတွေကို ရင်တမမ ခံစားရမှာမလို့ အားလုံးအတူ ခံစားကြည့် လိုက်ကြရအောင်ပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Phu Myat Thwe ဖြစ်ပါတယ်) File Size……….(1.4 GB) / (635 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 41Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama Translator…….Phu Myat Thwe Encoder……….SWM

5 2023 90 mins
Twisted Sister
Dead Silence
5.7

ဒီရုပ်ရှင်လေးမှာ ပန်းပဲသမားလေးလုလီရဲ့ ကံဆိုးမှုတွေနဲ့ ရင်နင့်စရာတွေကို ခံစားရမှာဖြစ်ပါတယ်။ မင်္ဂလာဦးဇနီးလေး သေဆုံးသွားပြီးနောက် ဇာတိက ထွက်လာတဲ့ လုလီဟာ တိုက်ဆိုင်စွာနဲ့ ညခရီးသွားတစ်ဦးကို ဆရာတင်ခဲ့ပြီး လူအများက လေးစားရတဲ့ ညခရီးသွားတစ်ဦး ဖြစ်သွားခဲ့ပါတယ်။ ၇ နှစ်ကြာပြီးနောက် လုလီဟာ ဇာတိကို ပြန်ရောက်လာခဲ့ပြီး မိုးခေါင်ရေခန်းခြင်းကို ဖြစ်ပေါ်စေတဲ့ မိုးခေါင်မိစ္ဆာကို ဖြေရှင်းတဲ့အချိန်မှာ သူ့ဇနီးသေဆုံးရခြင်းရဲ့ အ ကြောင်းရင်းရဲ့ နောက်ကွယ်မှာ ယုတ်မာတဲ့ အကြံအစည်တွေ ရှိနေတာ သိခဲ့ရပါတယ်။ အမှန်တရားကို ရှာဖွေနေတဲ့ အချိန်မှာလည်း မိန်းကလေးတစ်ယောက်က သူ့အတွက်နဲ့ သေဆုံးသွားခဲ့ပါတယ်။ ရန်ငြိုးအဟောင်းနဲ့ အသစ်ပေါင်းစပ်ပြီးနောက် မိစ္ဆာကိုနှိမ်နင်းရတဲ့ ညခရီးသွားဆိုတာကို သူမလုပ်ချင်တော့အောင် ဖြစ်ခဲ့ရပါတယ်။ လွန်ခဲ့တဲ့ ၇ နှစ်က ဘယ်လို ယုတ်မာမှုတွေ ရှိခဲ့တာလဲ…… မိစ္ဆာဆိုတာ မိစ္ဆာပဲဆိုပေမယ့် မိစ္ဆာထက် ကြောက်ဖို့ကောင်းတဲ့အရာက လူ့စိတ်ဖြစ်ကြောင်းကို ရုပ်ရှင်လေးကိုပဲ ကြည့်ရှုခံစားလိုက်ရအောင်နော်။

5.7 2023
Dead Silence
Okka Kshanam
7

Okka Kshanam (2017) နှစ်ကြိမ်ဖြစ်တော့ တိုက်ဆိုင်မှုလို့ ပြောနိုင်ရဲ့။ သုံးလေးကြိမ်မက အားလုံးတူညီနေတော့ တိုက်ဆိုင်မှုထက် ပိုသွားပြီ။ ဥပမာ ပြောရရင် လင်ကွန်း နဲ့ ကနေဒီ လိုပေါ့ နှစ်တစ်ရာပဲ ကွာပြီး အားလုံးတူနေတာမျိုး။ အဲ့လို တစ်ထပ်တည်းကျ တူနေတာမျိုးကို Parallel Life လို့ ခေါ်တယ်။ ဒီဇာတ်ကားလေးက လင်ကွန်းနဲ့ ကနေဒီတို့ ထပ်တူကျမှုကို ဥပမာယူပြီး ဇာတ်အိမ်တည်းထားတာဆိုတော့ တစ်ယောက်ဖြစ်တာ နောက်တစ်ယောက်ဖြစ်ရတော့မယ်။ ဇာတ်လမ်းထဲမှာ ဂျီဗာနဲ့ ဂျို တို့အတွဲရယ်၊ ဂျိုတို့ အိမ်ရှေ့က ရှီနီဗာ နဲ့ ဆွာတီတို့ အတွဲရယ်။ Parallel Life ကျတဲ့ အတွဲနှစ်တွဲပေါ့။ ရှီနီဗာနဲ့ ဆွာတီတို့ကို အိမ်ထောင်ရေး အဆင်မပြေသူများအဖြစ်ပုံဖော်ထားပြီး၊ သူတို့အတွဲ ဖြစ်ပျက်သမျှ ဂျီဗာနဲ့ ဂျို ဖြစ်လာတယ်။ Parallel life ဖြစ်နေတယ်ဆိုတာ သိရတော့ ဂျီဗာနဲ့ ဂျိုတို့အတွဲဟာ သူတို့ရဲ့အနာဂတ်အဖြစ် မြင်နေရတဲ့ ရှီနီဗာနဲ့ ဆွာတီတို့ ဘဝတွေကို ကြည့်ရင်း စိုးရိမ်ကြောက်ရွံ့လာခဲ့ပါတယ်။ ” သူတို့ရဲ့ပစ္စုပ္ပန်က မင်းတို့ရဲ့အနာဂတ်ပဲ ” တဲ့။ မထင်မှတ်ဘဲ ဆွာတီဟာ သေဆုံးခဲ့တယ်။ ဘယ်သူ သတ်တာလဲ? သေကြောင်းကြံတာလား? ဘာကြောင့် သတ်တာလဲ? ဘာကြောင့် ကြံတာလဲ? ဂျိုဟာ သူ့အနာဂတ်ဖြစ်တဲ့ ဆွာတီဆုံးတော့ သူလည်း သေရတော့မှာကို ကြောက်ရွံ့လာတယ်။ ဂျီဗာဟာ အဖြေစရှာပါတော့တယ်။ အဖြေသိမှ ဂျိုကို ကယ်နိုင်မှာ ဖြစ်သလို ကံကြမ္မာကို တားဆီးနိုင်ပါ့မလား? B57 ကားပါကင်ထဲက လူသတ်သမားလား? ခင်ပွန်းဖြစ်သူကပဲ သတ်ပစ်လိုက်တာလား? ဂျိုလည်း ဆွာတီလို ဖြစ်မလား? တားဆီးနိုင်မှာလား? ဖြစ်လာမလား? အဖြေရှာရင်းပဲ တခြားအမှုတစ်ခု ပေါ်ပေါက်လာခဲ့ပါတယ်။ ဆေးရုံထဲက ကလေးငါးယောက်ကိစ္စပေါ့။ သူတို့ကံကြမ္မာက ဘာလို့ဒီလို ကံဆိုးခဲ့ရတာလဲ? ။ အစပိုင်းမှာတော့ အချစ်ဇာတ်လမ်းဖြစ်ပြီး အလယ်ကနေ အဆုံးထိ ရင်တထိတ်ထိတ်နဲ့ ကြည့်ရမယ့် ကားလေးပါ။ အချစ်ဇာတ်လမ်း ကြိုက်တဲ့သူတွေရော၊ လျှို့ဝှက်သဲဖို ကြိုက်တဲ့သူတွေရော အကြိုက်တွေ့စေမယ့် ကားလေးပါလို့ ပြောပါရစေ။ (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Nyi Nyi Koe မှ တင်ဆက်ထားပါတယ်။)

Comedy • Drama • Romance • Thriller
7 2017 140 mins
Okka Kshanam
Rage Chase
5.7

ဒီတခေါက်CM ရဲ့ ပရိသတ်တွေအတွက် မှုခင်းအက်ရှင်ရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- တစ်ချိန်က အထူးတပ်ဖွဲ့မှာ အဖွဲ့ခေါင်းဆောင်ဖြစ်ခဲ့တဲ့ လင်ယွမ့်ဟာ အထူးလှုပ်ရှားမှု တစ်ခုမှာ သူ့ရဲ့အမှားကြောင့် အဖွဲ့သားတွေနဲ့ ဓားစာခံတွေ အကုန် စတေးသွားခဲ့ရပါတယ်။ အဲ့ဒီနောက်မှာတော့ သူဟာ သူ့ဘဝအမှန်ကို ဖုံးကွယ်ပြီး နေထိုင်ခဲ့ပါတယ်။ နာရီပြင်သူ တစ်ယောက်အနေနဲ့ နေထိုင်နေတဲ့ လင်ယွမ့်ဟာ အပေါ်ထပ်က ရှောင်ယွဲ့ဆိုတဲ့ ကလေးမလေးတစ်ယောက်ကို သမီးလေးတစ်ယောက်လို သံယောဇဉ် တွယ်မိသွားပါတယ်။ ဒုစရိုက်ဂိုဏ်းတွေက ရှောင်ယွဲ့တို့ သားအမိကို အန္တရာယ်ပြုဖို့ ဦးတည်လာသောအခါ…… လင်ယွမ့်တစ်ယောက် ဒုစရိုက်ဂိုဏ်းရဲ့ ပြစ်မှုတွေကို တားဆီးနိုင်ပါ့မလား…… ဒုစရိုက်ဂိုဏ်းရဲ့ နောက်ကွယ်က ခေါင်းဆောင်ကြီးကိုရော ဖမ်းဆီးနိုင်လိမ့်မလား…… ဆိုတာကို ရုပ်ရှင်နဲ့အတူ ကြည့်ရှုအဖြေရှာလိုက်ရအောင်နော်။

5.7 2023
Rage Chase
Jackpot

Jackpot 2013 “လောင်းကြေး” အိန္ဒိယရဲ့ loving standardအမြင့်ဆုံးနေရာလည်းဖြစ် သာယာလှပတဲ့ကမ်းခြေတွေရှိတဲ့ အပန်းဖြေမြို့ ဂိုအာ အပန်းဖြေတဲ့နေရာဆိုတဲ့အတိုင်းပဲ ဂိုအာဟာ သာယာပြီးစည်ကားသလို ကာစီနိုဝိုင်းတွေလည်း အတော်များတဲ့နေရာဆိုလည်း မမှားပါဘူး။ ဆိုတော့ ဖဲသမားတွေကျက်စားရာနေရာ လူချမ်းသာတွေ ငွေလာဖြုန်းတဲ့နေရာတစ်ခုဖြစ်သလို ဉာဏ်တိမ်ရင်တိမ်သလို ကလိမ်တွေကြားမှာ ငွေအထုပ်လိုက်ပျောက်သွားနိုင်တဲ့နေရာတစ်ဖြစ်လည်း ဘဝကိုလောင်းကြေးထပ်ရင်း ဖဲချပ်လှန်ရာကနေ ကံကြမ္မာပါ ကျွမ်းထိုးမှောက်ခုံဖြစ်စေမယ့်နေရာတစ်ခုပေါ့။ ခြုံငုံပြောရရင် ဖဲနိုင်ဖို့ဆိုတာ ကံလည်းလိုသလို ဉာဏ်လည်းအတော်လိုတဲ့အရာတစ်ခုဖြစ်နေတော့ ဉာဏ်အားသန်သူတွေရဲ့ ဉာဏ်နီဉာဏ်နက် ဉာဏ်ရောင်စုံတွေကြားမှာ မနပ်တဲ့သူကတော့ ခံရတာလည်း ဒုနဲ့ဒေးပါပဲ။ အခုဒီကားလေးထဲမှာလည်း ပိုကာဂုရုတစ်သိုက်က ပိုကာပြိုင်ပွဲမှာဝင်ပြိုင်ဖို့ ကြိုးစားရင်း ကလိမ်ဉာဏ်မျိုးစုံနဲ့ ဂျက်ပေါ့ကိုပေါ်တင်အလစ်သုတ်မလဲဆိုတာ ရှုစားကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ V ~ ToMo ~ Yunni ~ Alexတို့ပဲ ဖြစ်ပါတယ်)

Comedy • Romance
0 2013 132 mins
Jackpot
Dr. Strangelove or: How I Learned to Stop Worrying and Love the Bomb
8.3

ဒီကားလေးကတော့ ၁၉၆၄တုန်းကထွက်ခဲ့တဲ့ War/Comedy အဖြူအမည်းအမျိုးအစားဇာတ်ကားဖြစ်ပါတယ်။ Ratingတွေကိုကြည့်လိုက်ရင် old but goldထဲကတစ်ကားဖြစ်မှန်းသိမှာပါ။ Oscarဆုလေးဆုအတွက်လည်း ဆန်ခါတင်၀င်ခဲ့ပါသေးတယ်။ စစ်အေးခေတ် အမေရိကန်လေတပ်က ရုရှားပိုင်နက်အနီးမှာ နျုဗုံးသယ်လေယာဉ်တွေကို အချိန်ပြည့်ဖြန့်ကျက်ထားခဲ့တဲ့အချိန်ကို အခြေပြုရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းက‌တော့ လေတပ်ဗိုလ်မှူးတစ်ယောက်အရူးထပြီး လေယာဉ်တွေကို ရုရှားပိုင်နက်ထဲပစ်မှတ်တွေကို နျူဗုံးကျဲခိုင်းတာကနေစပြီး အဲဒီကနေမီးခိုးကြွက်လျှောက်သလိုပြဿနာတက်ပြီး အမေရိကန်သမ္မတ ရုရှား၀န်ကြီးချုပ်ပါမနေရဘဲ ပြဿနာဖြေရှင်းဖို့ကြိုးစားကြပါတော့တယ်။ (ဇာတ်လမ်းအရသာပျက်မှာစိုးလို့ reviewအရှည်ကြီးမရေးတော့ပါဘူး အားလုံးပဲကိုယ်တိုင်ကြည့်ရှုခံစားလိုက်ကြပါ။) File size…(1.8 GB)/(950 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:35:00 Genre… Comedy, War Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Soe Thiri Swe

Drama
8.3 1964
Dr. Strangelove or: How I Learned to Stop Worrying and Love the Bomb
Hiroshima Mon Amour
7.8

Hiroshima Mon Amour (1959) ~ IMDb – 7.8/10, Rotten Tomatoes – 96% ~ Alain Resnais ရဲ့ Hiroshima Mon Amour ဟာ Breathless (1960) တို့၊ The 400 Blows (1959) တို့လိုပဲ ပြင်သစ်နယူးဝေ့ရဲ့ အခရာကျတဲ့ ရုပ်ရှင်တစ်ကားပါပဲ။ ဒီကားဟာ စစကတော့ အက်တမ်ဗုံးအကြောင်း ဒိုကူမန်ထရီအတိုအဖြစ်ရိုက်ဖို့လုပ်ရာကနေ စတယ်။ Alain Resnais က Night and Fog ဆိုတဲ့ နာမည်နဲ့ နာဇီအကျဉ်းစခန်းတွေအကြောင်း ရိုက်ဖူးတော့ ဒီလိုပုံစံမျိုးထပ်မဖြစ်ချင်တော့ ဘယ်လိုပုံစံနဲ့ရိုက်ပြရမလဲ တော်တော်ခေါင်းစားခဲ့တယ်။ ဒီ့နောက်တော့ ဒီလိုပုံစံဖြစ်လာတယ်ပေါ့။ ဒါပေမဲ့ သူဝန်ခံထားတာကတော့ ဒီကားနဲ့ ‌အော်စကာဆန်ခါတင်ဝင်ခဲ့တဲ့ ဇာတ်ညွှန်းရေးဆရာမ Marguerite Duras သာ မပါခဲ့ရင် သူတော်တော်ခေါင်းစားနေရမှာတဲ့။ Marguerite Duras ကို‌တော့ The Lover နဲ့ သိကြလိမ့်မယ်။ ပြောရရင် Hiroshima Mon Amour (1959) ဟာ အက်တမ်ဗုံးဒဏ်ခံခဲ့ရတဲ့ ဟိရိုရှိမမြို့အကြောင်း တင်ဆက်ရမယ့် ရုပ်ရှင်ဖြစ်ရမှာပေမဲ့ Resnais ကတော့ ဟိရိုရှိမရဲ့ဝေဒနာကို ပြင်သစ်ရဲ့ဝေဒနာနဲ့ လူနှစ်ယောက်ရဲ့ဝေဒနာနဲ့ တွဲဖက်ပုံဖော်သွားခဲ့တယ်။ သူစစဖွင့်ခဲ့သလိုပဲ ဟိရိုရှိမအကြောင်းကို ပြင်သစ်သူကနားမလည်နိုင်ဘူးဆိုသလိုပဲ သူကိုယ်တိုင်လည်း မဖြစ်မနေ ဒါကိုရိုက်ရပေမဲ့ ဟိရိုရှိမရဲ့ ‌ဝေဒနာကို သူအပြည့်အဝနားမလည်နိုင်တာ ကောင်းကောင်းသိခဲ့ပုံပါပဲ။ ဒီတော့ သူက ဝေဒနာကို ဝေဒနာချင်းထပ်တူပြုပုံဖော်သွားခဲ့တယ်။ ခြေထောက်ပြတ်တဲ့လူရဲ့ဝေဒနာကို ကျွန်တော်တို့အပြည့်တော့ နားမလည်နိုင်ပေမဲ့ ကျွန်တော်တို့သာ လက်သန်းပြတ်ဖူးရင်တော့ နည်းနည်းတော့နှိုင်းယှဉ်သိနိုင်မယ်။ ဒါပေမဲ့ အပြည့်အဝသိနိုင်တာတော့မဟုတ်ဘူးပေါ့။ Resnais ကတော့ ခြေထောက်ပြတ်တဲ့လူလိုဖြစ်နေခဲ့တဲ့ ဟိရိုရှိမရဲ့ဝေဒနာကို လက်သန်းပြတ်ဖူးတဲ့ သူတို့ဝေဒနာနဲ့ တတ်နိုင်သလောက်အထိ တွဲဖက်တင်ဆက်ပြသွားခဲ့တယ်။ ဒါဟာ ဟိရိုရှိမအကြောင်းပေမဲ့ ဒါဟာ Resnais နဲ့ Duras တို့ရဲ့ ပုဂ္ဂိုလ်ရေးလည်း ဟုတ်နေပါတယ်။ ကျွန်တော်တို့လည်း ကျွန်တော်တို့ဝေဒနာနဲ့ နားလည်နိုင်သလောက် ခံစားရမှာပါပဲ။ အချစ်နဲ့ရူးသွပ်ခြင်းဟာ ပက်ပင်းတိုးရမှ နားလည်နိုင်တဲ့အရာတွေပဲတဲ့။ ဒါပေမဲ့လည်း အဲဒီအရာတွေ မရှိတော့တဲ့အခါကျရင်လည်း အဲဒီအရာတွေကို နားမလည်နိုင်တော့ပြန်ဘူး။ လူ့မှတ်ဉာဏ်ရဲ့ မေ့လွယ်ပျောက်လွယ်တတ်ခြင်းတွေပေါ့။ ဝေဒနာတွေဟာ မေ့ပျောက်တတ်ပါသလား။ မမေ့ပျောက်ရင်တောင် လူတွေက အသားကျသွားတတ်တာတော့သေချာတယ်။ အချစ်နဲ့ပက်ပင်းမတိုးရတဲ့အချိန်တွေမှာ ချစ်ဖူးတဲ့ခံစားချက်တွေက ပျောက်ပျက်တတ်သွားတတ်တယ်။ အချစ်နဲ့ပက်ပင်းတိုးမှပဲ ချစ်ဖူးတဲ့ခံစားချက်ကို ကျွန်တော်တို့ ပြန်သတိရတတ်တယ်တဲ့။ ဝေဒနာလည်း ဒီလိုပါပဲ။ မှုန်ရီဝေဝါးသောစိတ်များဟာ ဘယ်တော့မှ ရှင်းရှင်းလင်းလင်းမရှိနိုင်ဘူး။ ဒါကိုပဲ ကျွန်တော်တို့ဗီဇတစ်ခုလို့ လက်ခံလိုက်ကြတာပေါ့။ ဇာတ်လမ်းရဲ့အဆုံးသတ်မှာ အမျိုးသမီးက အမျိုးသားကို မေ့သွားခဲ့တယ်။ သူ့နာမည်ကို ဟိရိုရှိမလို့ပဲ မှတ်မိခဲ့တယ်။ အမျိုးသားကလည်း အမျိုးသမီးဝေဒနာတွေတည်နေတဲ့ မြို့ကလေးနာမည်ကိုပဲ အမျိုးသမီးနာမည်အဖြစ် သတ်မှတ်ခဲ့တယ်။ လူတစ်ယောက်ရဲ့နာမည်ကိုမေ့သွားတဲ့အခါမှာ အရာအားလုံး မေ့သွားတော့တာပဲတဲ့။ မှန်ချင်မှလည်းမှန်ပါမယ်။ ဝေဒနာသက်သက်ကို ခံစားမိနေတတ်တဲ့ နေ့ရက်တချို့တို့လိုပေါ့။ ဟိရိုရှိမမြို့ရဲ့ ပြတိုက်ထဲမှာ လိမ်ကောက်ကွေးညွတ်သွားတဲ့ သတ္တုတွေရှိတယ်တဲ့။ မာကျောလှတဲ့ သတ္တုတွေကိုတောင် အဖတ်ဆည်မရဖြစ်သွားစေခဲ့တဲ့ ပြင်းအားနောက်မှာ လူသားကတော့ ရှင်သန်နိုင်ခဲ့တယ်။ ဒါပေမဲ့ ပုံပျက်ပန်းပျက်ပါပဲ။ ကမ္ဘာမှာ ပုံပျက်ပန်းပျက်နဲ့ ရှင်သန်နေရတဲ့ နှလုံးသားတွေသိပ်များတယ် ဟိရိုရှိမရယ်…။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.4GB, 996MB Quality – BluRay 1080p, 720p IMDb Rating – 7.8/10 Format – mp4 Duration – 1H 30Min Genre – Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.8 1959
Hiroshima Mon Amour
Powder
6.9

Powder 2024 ပေါင်ဒါ မှောင်ခိုလောကမှာ ကျင်လည်နေတဲ့ ဘိန်းရာဇာကြီး ဘရုစ်လီ သူ့ရဲ့လက်ရုံးတွေကတော့ နယ်စပ်ကနေ မှောင်ခိုသယ်ဖို့ အရာရာကူညီနေတဲ့ ဂျိဗ်စ် နယ်စပ်ကသယ်လာတာကို မြို့ထဲဖြန့်ပေးတဲ့ အန်နာချီနဲ့ ဂျိဗ်စ်နဲ့အန်နာချီတို့အရှုပ်မှန်သမျှ နောက်ကလိုက်ရှင်းရတဲ့ ကြေးစား မလိကာတို့ပါ။ ဒီတစ်ခါ သူတို့ရဲ့မဟာအကြံကတော့ ဘိန်းဖြူကို ပေါင်ဒါမှုန့်ဘူးထဲထည့်ပြီး မှောင်ခိုသယ်ဖို့ပါပဲ။ ဒါပေမဲ့ ကံဆိုးချင်တော့ အစီအစဉ်ချွတ်ချော်ပြီး ကုဋေချီတန်တဲ့ ဘိန်းဖြူပေါင်ဒါဘူးက သူများလက်ထဲရောက်သွားတဲ့အခါ… ဘိန်းဖြူဆိုတော့ပေါ်ပေါ်ထင်ထင်ကလည်း ရှာလို့မဖြစ်လေတော့ ဒီဘိန်းဖြူပေါင်ဒါဘူးကို ပြန်ရယူဖို့လုပ်ရင်း ဘယ်လိုတလွဲတချော်တွေဖြစ်ကြမလဲဆိုတာ အခွီလေးတစ်ဖြတ်နဲ့ ရှုစားလိုက်ရအောင်ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲ ဖြစ်ပါတယ်)

6.9 2024
Powder
Pyaar Diwana Hota Hai
5

Pyaar Diwana Hota Hai (2002) – ထူးဆန်းသောချစ်ခြင်းတရား သီတင်းကျွတ်အခါသမယလေးမှာ အိမ်တွင်းအောင်းကြမယ့် ပရိသတ်တွေအတွက် ဘောလီးဝုဒ်အချစ်ဟာသကားဟောင်းလေးတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။ (၂၀၀၂) ကထွက်ထားတာဆိုတော့ ကားဟောင်းလေးဆိုပေမယ့် ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်တော့ နယူးဒေလီလို မြို့ကြီးမှာ အလုပ်ရှာဖို့ရည်ရွယ်ချက်နဲ့ မြို့ပေါ်တက်လာတဲ့ ကျေးလက်ဒေသရွာလေးတစ်ရွာက ဆွန်ဒါ…အနုပညာမှာထူးချွန်သလို ရုပ်ရည်ကလည်းသန့်ပြန်ချောမောပေမယ့် ဂေါ်မစွံသေးတဲ့လူပျိုကြီးဆွန်ဒါ… မြို့ပေါ်က လူလည်ကြီးသားသမီး သူငယ်ချင်းတွေက ဗျူဟာတွေခင်းပေးပေမယ့် ဂေါ်မစွံဖြစ်နေရှာတဲ့ ဆွန်ဒါတစ်ယောက် ပါယယ်ခူရာနာဆိုတဲ့ မိန်းမချောလေးတစ်ယောက်နဲ့ အမှတ်မတင်ဆုံစည်းခဲ့မိပြီး မိန်းမချောလေးရဲ့အချစ်ကိုရဖို့ ဟန်ဆောင်လိမ်ညာခဲ့ရင်းကနေအစပြုပြီးတော့…… ဇာတ်လမ်းလေးအဆုံးမှာ ဂေါ်မစွံလူပျိုကြီးတစ်ယောက် မိန်းမချောလေးနဲ့ပေါင်းဖက်ခွင့်ရမလားဆိုတာကို ကြည့်ရှုခံစားရင်း သီတင်းကျွတ်အခါသမယကို ပျော်ပျော်ရွှင်ရွှင်ကုန်ဆုံးလိုက်ကြရအောင်လား။ (အညွန်းနဲ့ဘာသာပြန်ကိုတော့ Bollywood Team မှ ရေးသားပေးထားတာဖြစ်ပါတယ်)

5 2002
Pyaar Diwana Hota Hai
28 Days
6.1

28 Days (2000) IMDb Rating (6.1) “28 Days” ဇာတ်ကားဟာ ၂၀၀၀ ခုနှစ်က ရိုက်ကူးခဲ့တဲ့ ဒရာမာနဲ့ ဟာသရောစပ်ထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာ‌တော့ ဂွမ် ဟာ ပါတီပွဲတွေ၊ အရက်တွေနဲ့ ဘဝကို ဖြတ်သန်းနေသူဖြစ်ပါတယ်။ ဒါပေမယ့် တစ်နေ့မှာ သူမဟာ မတော်တဆမှုတစ်ခုကို ဖန်တီးမိပြီး နောက်ဆုံးမှာ ပြန်လည်ထူထောင်ရေးစင်တာကို ရောက်ရှိသွားပါတယ်။ ဒီနေရာမှာ ဂွမ် ဟာ သူမရဲ့ ဘဝကို ပြန်လည်သုံးသပ်ပြီး ကိုယ့်ကိုယ်ကို ပြန်လည်ရှာဖွေရတဲ့ ခရီးကို စတင်ပါတယ်။ ဇာတ်ကားထဲမှာ ဂွမ် ရဲ့ ဇာတ်ရုပ်ဟာ ပြောင်းလဲမှုတွေ၊ စိန်ခေါ်မှုတွေကို ရင်ဆိုင်ရပြီး သူမရဲ့ အားနည်းချက်တွေကို လက်ခံပြီး ကျော်လွှားနိုင်တဲ့ ဇာတ်ကောင်တစ်ယောက်ဖြစ်လာပါတယ်။ သူမရဲ့ ခံစားချက်တွေ၊ ရုန်းကန်မှုတွေကို ဇာတ်ကားက ရိုးရိုးသားသား ဖော်ပြထားပါတယ်။ ဒီဇာတ်ကားဟာ ပြန်လည်ထူထောင်ရေးနဲ့ ကိုယ့်ကိုယ်ကို ပြန်လည်ရှာဖွေတဲ့ ဇာတ်လမ်းကို ရိုးရှင်းစွာနဲ့ စိတ်ဝင်စားဖွယ်ရာ ဖော်ပြထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ Sandra Bullock ရဲ့ သရုပ်ဆောင်မှုက ဇာတ်ကားကို ပိုမိုအသက်ဝင်စေပြီး ဇာတ်ကားကြည့်ပြီးရင် ကိုယ့်ဘဝကို ပြန်လည်သုံးသပ်မိစေမယ့် အတွေးတွေကို ပေးစွမ်းနိုင်ပါလိမ့်မယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Ivy Noe ဖြစ်ပါတယ်။) File size…(2.2 GB) / (1.2 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Drama Duration….01:44:26 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Ivy Noe

TV Movie • Comedy • Romance
6.1 2000 103 mins
28 Days
Exclusive Memory
5.6

အရာအားလုံးကိုမြင်ဖူးရုံနဲ့ မေ့မရတဲ့မှတ်ဉာဏ်စွမ်းရည်ရှိတဲ့သူများဟာ ကမ္ဘာပေါ်မှာအင်မတန်ရှားပါးပါတယ်။ ဖြစ်ချင်တိုင်းမဖြစ်ရတဲ့ အရာအားလုံးအဆင်ပြေတယ်ဆိုတာာ မရှိတဲ့လောကကြီးမှာ မေ့မရခြင်းဟာလဲ ကောင်းလှတဲ့အရာတော့မဟုတ်ပါဘူး။ ဒီလိုလက္ခဏာရှိတဲ့သူတွေကို စိတ်ပညာအရ မှတ်ဉာဏ်လွန်ရောဂါလို့ခေါ်ပါတယ်။ တစ်နေ့မှာတော့ ဒေါက်တာချင်ဆိုတဲ့ စိတ်ရောဂါကုဆရာဝန်တစ်ယောက်ဟာ အရာအားလုံးကိုမေ့မရတာကြောင့် ဖိအားတွေဖြစ်ပြီ း ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ကြိုးစားလာနိုင်တဲ့လူငယ်လေးကို ကုသပေးဖို့ကြိုးစားတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။ ဆန်းကြယ်တဲ့စိတ်ပညာအကြောင်းတွေစိတ်ဝင်စားတဲ့လူတွေ ဦးစားရတာကြိုက်တဲ့လူတွေအတွက် အကြိုက်တွေ့စေမယ့် ဇာတ်ကားပဲဖြစ်ပါတယ်။

5.6 2025
Exclusive Memory
A Strange House
5.5

The Floor Plan – A Strange House (2024) IMDb – 5.5 Mysteryကြိုက်နှစ်သက်သူတွေအတွက် Uketsuရဲ့ ရောင်းအားအကောင်းဆုံးဝတ္ထုတစ်ပုဒ်ကို Junichi Ishikawaက ရုပ်ရှင်အဖြစ် ပြန်လည်အသက်သွင်းထားတဲ့ ၂၀၂၄ထွက်ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ ထူးခြားတဲ့ဇာတ်ကြောင်းနဲ့ တင်ဆက်ပုံကြောင့် box office မှာ 30 millionsကျော်ရရှိခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း ~~~~~~~~~~~ အမဲမိရ လို့ခေါ်တဲ့ လူသိနည်းတဲ့ YouTuber တစ်ယောက်က သူ့ရဲ့အလုပ်အတွက် contentရှာရင်းနဲ့ ထူးဆန်းတဲ့အခန်းဖွဲ့ပုံရှိတဲ့ အိမ်တစ်အိမ်ကို ရှာတွေ့ခဲ့ပါတယ်။ အဲဒီအိမ်ရဲ့ အခန်းတွေက ပုံမှန်မဟုတ်တဲ့ နေရာအစီအစဉ်တွေရှိနေပြီး ဘာရည်ရွယ်ချက်နဲ့ ထည့်ဆောက်ထားမှန်းမသိတဲ့ အခန်းလွတ်တစ်ခန်းလည်း ပါနေခဲ့ပါတယ်။ အဲဒီအခန်းငယ်ဟာ ပြတင်းပေါက်လည်း မရှိဘဲ အိမ်သာနဲ့လည်းတွဲထားသလို အလွယ်တကူရှာမတွေ့နိုင်လောက်အောင် လှည့်ကွက်များနဲ့ ရှိနေခဲ့တာပါ။ အမဲမိရက ဒီအိမ်အကြောင်း တွေ့ပြီးတဲ့နောက်မှာတော့ သူ့အသိ ဗိသုကာပညာရှင်နဲ့အတူ ဒီအိမ်ရဲ့ လျှို့ဝှက်ချက်အကြောင်း Videoတစ်ပုဒ်ဖန်တီးဖို့ ဖြစ်လာပါတယ်။ အစကတော့ လူသတ်ဖို့ရည်ရွယ်ချက်နဲ့ စီစဉ်ထားတဲ့အိမ်လို့ ထင်ကြေးပေးခဲ့ပေမဲ့ တကယ်တမ်း သေချာလေ့လာလိုက်တဲ့အခါမှာတော့ ရှုပ်ထွေးတဲ့ဖြစ်ရပ်တွေ အကြောင်းအရင်းတွေဖြစ်နေတာမို့ mystery thriller ပရိသတ်တွေ အကြိုက်တွေ့စေမှာပါ။ File Size ~~~ 2.14 GB/ 644 MB Quality ~~~WED-DL 1080p/ 720p Duration~~~ 1:51:55 Format~~~mp4 Genre ~~~ Thriller, Mystery Subtitle ~~~ Myanmar Subtitle (Hard Sub) Translated by ~~~ Roseline Encoded by~~~ Treasure Htet

Horror
5.5 2024 110 mins
A Strange House