YoteShin Drive is below this article. Scroll down to view.

Tesla can sell 370,000 electric vehicles in 3

Author: Anonymous Published on: 12 Aug 2022

Tesla is the world's largest electric car company. Recently, Tesla has increased the production of automobiles. Shanghai It has improved because of the upgrade to the factories in Berlin and the Texas. The company's car manufacturer has been recorded in the record in July 3 in September. In addition, car sales have come up. Observers say Tesla sells between 350,000 to 370,000 cars in 350,000. If this is true, it is record sales for the company. Tesla also has a record sales in January 1 of January this year. In 2022, Tesla sold more than 3,100,000 vehicles sold over 31,000 vehicles. Tesla usually goes up at the end of the year. The same year is also reported that Tesla said that Tesla said that it would go up to 3. Tesla will be income in the record of record 3 in District 3. Now, the 3-time disclosure of Tesla must be monitored. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

The Book of Sijjin & Illiyyin (2025) 720p WEB-DL [RMC].mp4

787.85 MB N/A video/mp4 20 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Angel Heart
7.1

လောကမှာ ဘယ်အရာကိုမှ အလကားမရနိုင်တာမို့ တစ်ခုလိုချင်ရင် တစ်ခုပေးဆပ်ရတတ်တာက သဘာဝပါပဲ။ ဒါပေမယ့် ကိုယ်ရလိုက်တဲ့အရာတစ်ခုက ပေးဆပ်လိုက်ရတာနဲ့ ထိုက်တန်မှု ရှိပါ့မလားဆိုတာကတော့.. IMDB 7.2/10, Rotten Tomatoes 82% ရရှိထားတဲ့ Mysetery/Psychological Horror/Thriller အမျိုးအစား၊ ဝေဖန်ရေးသမားတွေရဲ့ ချီးကျူးမှုအများအပြားရရှိထားတဲ့ Old but gold ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ၁၉၈၀ ပြည့်နှစ်များဆီက နာမည်ကြီး ဒါရိုက်တာကြီး (အခုတော့ ကွယ်လွန်သွားပြီဖြစ်တဲ့) Alan Parker ရဲ့ Mississippi Burningတို့ Birdyတို့လို ပြောင်မြောက်တဲ့လက်ရာတွေထဲက တစ်ခုဆိုရင်လည်း မမှားပါဘူး။ ဇာတ်လမ်းကိုပြောရမယ်ဆိုရင်တော့ အလွတ်စုံထောက်တစ်ယောက်ဖြစ်တဲ့ ဟားရော့ဒ်အိန်ဂျယ့်ဆီကို လူးဝစ်ဆိုင်ဖရာဆိုတဲ့ အမှုသည်တစ်ယောက်က လူပျောက်ရှာပေးဖို့ အမှုလာအပ်ခဲ့တာပါ။ ရှာပေးရမယ့်လူက ဂျွန်နီဖေးဘရစ်ဆိုတဲ့ အဆိုတော်ဖြစ်ပြီး ဓာတ်ပုံလည်းမရှိ နေရပ်လိပ်စာလည်းမသိဘဲ သူ နောက်ဆုံးတက်ခဲ့တဲ့ဆေးရုံလိပ်စာကလွဲလို့ ဘာဆိုဘာမှမသိတာမို့ ကောက်ရိုးပုံထဲ အပ်ပျောက်ရှာရသလိုကနေ စခဲ့ရပါတော့တယ်။ ဇွဲကြီးတဲ့အိန်ဂျယ်တစ်ယောက် သူ့အမှုသည်စိတ်ချမ်းသာဖို့အရေး ဂျွန်နီဖေးဘရစ်နဲ့ သိကျွမ်းခဲ့တဲ့လူတွေကို အင်တာဗျူးရင်း၊ ကြိုးကြိုးစားစား လိုက်လံတွေ့ဆုံရင်းနဲ့ အမှုက ထင်သလို ရိုးရှင်းတဲ့ လူပျောက်မှုမဟုတ်တာကို သိလိုက်ရပါတော့တယ်။ မှော်နက်ပညာလို့ခေါ်တဲ့ စုန်း၊ ကဝေအတတ်တွေနဲ့ ဆက်စပ်နေတဲ့အပြင် မထင်မှတ်ဘဲ သူအင်တာဗျူးခဲ့တဲ့လူတွေက ကြေကွဲဖွယ်အဖြစ်ဆိုးတွေနဲ့ ကြုံခဲ့ရပြီး သူ့ဆီကိုပါ အဲဒီအဖြစ်ဆိုးတွေက တွယ်ငြိယစ်နွယ်လာခဲ့ချိန်မှာတော့.. အဲဒီအဖြစ်ဆိုးတွေက လွတ်အောင် သူ ရုန်းထွက်နိုင်သွားမှာလား.. ဂျွန်နီဖေးဘရစ်ကိုရော ရှာဖွေတွေ့ရှိသွားနိုင်မှာလား.. သူရှာတွေ့ခဲ့တဲ့အမှန်တရားကရော ဘာများဖြစ်မလဲ.. ဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ စိတ်ဝင်စားဖွယ် ကြည့်ရှုလိုက်ကြပါဦး။ (ဇာတ်လမ်းရဲ့ အဆုံးနားလောက်မှာ အိန်ဂျယ်ပြောလိုက်တဲ့ မန္တလေးဆိုတာက Road to Mandalay ဆိုတဲ့ကဗျာကို ရည်ညွှန်းတာပါ.. ဟုတ်ပါတယ်..မြန်မာနိုင်ငံက မန္တလေးပါ.. မြန်မာနိုင်ငံကိုရောက်လာခဲ့တဲ့ ဗြိတိသျှစစ်သားတစ်ဦးက မန္တလေးမြို့အကြောင်း ၁၈၉၀ခုနှစ်လောက်က လွမ်းဆွတ်ဖွယ်ရေးဖွဲ့ထားခဲ့တဲ့ ကဗျာပါ.. မြန်မာနိုင်ငံက ချစ်သူကိုရည်ညွှန်းဖွဲ့ဆိုထားတယ်လို့လည်း ဆိုကြပြီးတော့.. သီချင်းလည်း ရှိပါတယ်.. ဇာတ်ကားနဲ့ ကဗျာနဲ့ ဘယ်လိုဆက်စပ်လဲဆိုတာကတော့ ... Spoiler ဖြစ်သွားမှာစိုးလို့ သိချင်ရင် ဇာတ်ကားကိုပဲ ကြည့်ကြည့်လိုက်ကြပါလို့။ ဪ.. သွေးထွက်သံယိုအခန်းတွေနဲ့ အသက်ပြည့်မှ ကြည့်လို့ရမယ့်အခန်းတွေပါတာမို့ ထုံးစံအတိုင်း ကြောက်တတ်ရင်၊ အသက်မပြည့်သေးရင် ပြည့်အောင်ဖြည့်ကြည့်ကြပါလို့) File size…(2.9 GB)/(1.2 GB)/(570 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:53:00 Genre...Horror, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Emily

Thriller
7.1 1987 113 mins
Angel Heart
Through My Window
7.4

ဆယ်ကျော်သက် အချစ်ဇာတ်လမ်း ကောင်းကောင်းလေးတွေ ကြိုက်တတ်တဲ့သူတွေအတွက် သိပ်ကောင်းတဲ့ စပိန် ဇာတ်လမ်းလေးလာပါပြီဗျာ။ ခေတ်သစ် စင်ဒရဲလား ဇာတ်လမ်းလေးလို့ ပြောရလောက်တဲ့အထိကို ဇာတ်လမ်းလေးက ဆွဲဆောင်မှု ရှိပါတယ်။ ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့  Hidalgo Mansion မှာနေထိုင်တဲ့ ချမ်းသာတဲ့မိသားစုကြီး တစ်စုရှိပါတယ်။ အကြင်နာ မေတ္တာတွေကို ဘေးဖယ်ထားပြီး စီးပွါးရေးကို ရှေ့တန်းတင်တဲ့ လူချမ်း သာ မိသားစုတစ်စုပေါ့။ အဲဒီမိသားစုမှာမှ ရုပ်ချောချော ခပ်မိုက်မိုက် ညီအစ်ကိုသုံးယောက်ထဲက အလတ်ကောင် Ares Hidalgo ဆိုတဲ့ ကောင်လေး ရှိပါတယ် ဘေးမှာကတော့ Raquel ဆိုတဲ့ အိမ်နီးချင်းမလေး ရှိတာပေါ့လေ။ Raquel တို့ကတော့ သာမန်မိသားစုလေးတစ်စုပါပဲ။ သူမက အလတ်ကောင်ဖြစ်တဲ့ Ares ကို ကြိတ် သဘောကျနေခဲ့ရတာပါ။ ဒီလိုနဲ့ တစ်နေ့တော့ သူတို့နှစ်ဦး နီးစပ်ဖို့ အကြောင်းဖန်လာတာကတော့ wifi ပဲ ဖြစ်ပါတယ်။ စင်ဒရဲလား ဇာတ်လမ်းမှာ မင်းသားလေးနဲ့ စင်ဒရဲလားကို နီးစပ်သွားစေတာက ဖန်ဖိနပ်လေးတစ်ရံဆိုရင် ဒီကားထဲမှာ သူတို့နှစ်ဦးကို နီးစပ်သွားစေတာကတော့ Wifi လိုင်းလေးပဲ ဖြစ်ပါတယ်။ စာရေးဝါသနာပါတဲ့ မနူးမနပ်‌ကောင်မလေး Raquel နဲ့ အချစ်ဆိုတာကြီးက စီးတဲ့ဖိနပ်တစ်ရံလောက်တောင် တန်ဖိုးမရှိတဲ့ လူချမ်းသာ အသိုင်းအဝိုင်းက Ares တို့ ဘယ်လို နီးစပ်သွားကြမှာလဲ ဆိုတာ ခံစားချက်ရသ အပြည့်အ၀နဲ့ ကြည့်ရမှာ ဖြစ်ပါတယ်။ အိမ်နီးချင်းဆိုတဲ့အခွင့်အရေးကိုအကောင်းဆုံးအသုံးချပြီး crushနေခဲ့တဲ့ Raquel တို့ရဲ့ Wifi Password တစ်ခုအကြောင်းပြုရင်းဖြစ်တည်ခဲ့တဲ့ အချစ်ဇာတ်လမ်းလေးကို ဖော်ကျူးထားတဲ့ ကားလေးပါ။ လူငယ်တို့ရဲ့ အချစ် အလွမ်းအဆွေး တွေကို လူငယ်ဆန်ဆန်ရိုက်ကူးထားတဲ့ စပိန်အချစ် ဒရမ်မာ ဟာသကားလေးဆိုတော့ ကြည့်ရှုရင်း မိမိရဲ့ wifi ကို ခိုးသုံးနေတဲ့ကောင်လေးချောချောရှိနေမလားကြည့်ကြပါဦး လို့။ လူငယ်ဇာတ်ကားဆန်ဆန် nude scene တွေ ခပ်ပါးပါးပုတ်ထားတဲ့ sex scene လေးတွေတော့ ပါ‌တာမို့ မိသားစုနဲ့အတူ ကြည့်ရှူရမယ့် ဇာတ်ကားမဟုတ်ကြောင်း အသိပေးလိုက်ပါရစေ။ (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Chit Tee, Chuck Chuck တို့ဖြစ်ပါတယ်။) File Size - (1.21 GB) / (605.24 MB) / (272.7 MB) Quality – WebDL - (1080p) / (720p) / (480p) Duration - 1hr 56min Subtitle – Myanmar Hardsub Format – MP4 Genre : Comedy, Drama, Romance Translator – Chit Tee, Chuck Chuck Encoder – San Win Maung

Drama • Family
7.4 2022 112 mins
Through My Window
A Thousand Lines

လူတိုင်းချစ်ခင်လေးစားအားကျရတဲ့ သတင်းထောက်တစ်ဦးဖြစ်သူ Lars Bogenius က ဘာရေးရင် စာဖတ်သူတွေကို စိတ်လှုပ်ရှားစေမလဲ သေချာနားလည်ထားသူတစ်ဦးပါ သူအထက်လူကြီးတွေကလည်း အင်တာနက်ခေတ်ကြီးမှာ ပုံနိုပ်ထုတ်ဝေတဲ့သတင်းတွေ လူဖတ်များအောင် လုပ်နိုင်တဲ့ ဒီလိုအရည်အချင်းရှိသတင်းထောက်ကို သိပ်သဘောကျကြတာပေါ့ ဒီလိုအဘက်ဘက်မှာ ပြီးပြည့်စုံနေတဲ့ Lars ဟာ တစ်နေ့မှာ ဆောင်းပါးတစ်ပုဒ်ကို Juan Romero ဆိုသူ အလွတ်တန်းသတင်းထောက်တစ်ယောက်နဲ့အတူ ပူးတွဲတာဝန်ယူရေးသားရပါတယ် အဲအခါမှာတော့ မယုံနိုင်စရာကောင်းလောက်အောင် စိတ်လှုပ်ရှားစရာကောင်းတဲ့ဆောင်းပါးကို တွဲဖက်ဖြစ်သူ Juan တစ်ယောက် တကယ်ပဲ မယုံနိုင်တော့တဲ့အခါမှာတော့… ဒီဇာတ်ကားကတော့ ဂျာမနီနိုင်ငံမှာဖြစ်ခဲ့တဲ့ အကြီးမားဆုံး သတင်းတုထုတ်ဝေမှုအကြောင်း မှီငြမ်းရိုက်ကူးထားတာပဲဖြစ်ပါတယ် File size…(1.6 GB)/(900 MB)/(300 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:33:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Myat Noe Cho

0 2022
A Thousand Lines
I Have Electric Dreams

ဒီဇာတ်ကား ရုပ်ရှင်ဆုတွေအများကြီးသိမ်းပိုက်ထားတဲ့ စပိန်ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်။ အီဗာလို့ခေါ်တဲ့ ၁၆ နှစ်သမီးလေးဟာ မိခင်ဖြစ်သူနှင့်အတူနေနေရပေမယ့် သဘောထားမကြာခဏကွဲလွဲလေ့ရှိပြီး ဖခင်နှင့်အတူနေခွင့်ရဖို့သာ ကြိုးစားနေသူဖြစ်ပါတယ်။ ဖခင်နှင့်အတူနေဖို့ တိုက်ခန်းတွေကို လိုက်စုံစမ်းတဲ့အချိန်မှာ တွေ့ကြုံရမယ့် အခက်အခဲတွေ ၊ ဆယ်ကျော်သက်တို့ရဲ့ အတုမြင်အတက်သင် စူးစမ်းချင်ပုံ၊ ကန့်လန့်တိုက်တက်ပုံ၊ နောက်ဆုံးမှာရော အီဗာမျှော်လင့်ထားသလို ဖခင်ဖြစ်သူနဲ့ အတူနေခွင့်ရပါ့မလားကို ကြည့်ရှုရမယ့်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ File size…(2.2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:50:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Alias

Comedy • Drama
0 2023
I Have Electric Dreams
The Darjeeling Limited
7.2

The Darjeeling Limited (2007) ~ IMDb – 7.2/10, RT – 69%, Meta – 67% ~ The Darjeeling Limited ဟာ နာမည်ကျော်အမေရိကန်သရုပ်ဆောင်တွေချည်းသုံးထားပေမဲ့ အိန္ဒိယမှာပဲ တစ်ကားလုံးနီးပါးပြီးသွားတဲ့ ရုပ်ရှင်ပါပဲ။ Wes Anderson ဟာ သူ့ထုံးစံအတိုင်း ဒီကားမှာလည်း နာမည်ကြီးစတားတွေ မြိုင်မြိုင်ဆိုင်ဆိုင်သုံးပြီး အိန္ဒိယခရီးစဉ်တစ်ခုကို ရိုက်ပြထားခဲ့တယ်။ အန်ဒါဆန်စကားအရတော့ “အိန္ဒိယဟာ သူမတူအောင် အရောင်အသွေးစုံလင်တဲ့ နိုင်ငံပေါ့။ အိန္ဒိယဟာ သိပ်မြူးကြွနေတဲ့ နိုင်ငံဆိုလည်း ဟုတ်တယ်။ အိန္ဒိယမှာ တစ်ယောက်တည်း အေးဆေးနေချင်လို့တောင် နေမရဘူး”တဲ့။ အိန္ဒိယဟာ ဒီဇာတ်ကားရဲ့ ဇာတ်အိမ်တည်ရာဖြစ်နေရုံတင်မဟုတ်ဘဲ အိန္ဒိယကိုယ်တိုင်ကိုက ဒီဇာတ်ရဲ့အကြောင်းအရာဖြစ်နေတယ်လို့လည်း ဆိုတယ်။ အန်ဒါဆန်ဟာ The Darjeeling Limited ကို ရိုက်တဲ့နေရာမှာ အိန္ဒိယကို သူ့ပုံစံအတိုင်းပဲထားပြီး ရိုက်ကူးခဲ့တယ်။ သူတို့ရိုက်ကွင်းမှာ ရှိနေတဲ့အရာတွေ ရောက်လာတဲ့အရာတွေကို ထိန်းချုပ်ဖို့ လုံးဝမကြိုးစားခဲ့ဘူး။ ရိုက်ပြီးလို့ ပြန်ကြည့်တဲ့အခါ သူတို့ရုပ်ရှင်ထဲ ဘယ်သူတွေဖြတ်သွားလဲ ဘယ်သူတွေရှိနေလဲ ပြန်ကြည့်ပြီး သူတို့ကိုယ်တိုင်လည်း အံ့ဩခဲ့ရတယ်။ ဒီအရာတွေကို သူတို့က လုံးဝမထိန်းချုပ်ခဲ့ဘူး။ အိန္ဒိယကကိုက ဒီဇာတ်ဖြစ်လာခဲ့တာပါပဲ။ ဒီဇာတ်လမ်းအတွက် ဇာတ်ညွှန်းရေးဖို့ အန်ဒါဆန်ရယ် ဒီရုပ်ရှင်ထဲက မင်းသားတစ်ဖြစ်လဲ Jason Schwartzman ရယ်၊ ဖရန်စစ်ဖို့ဒ်ကော်ပိုလာရဲ့သား ရိုမန်ကော်ပိုလာရယ်ဟာ အိန္ဒိယကိုခရီးထွက်ခဲ့တယ်။ ခရီးမှာပဲ ရေးခဲ့တယ်။ ဒါကြောင့် ဒီဇာတ်မှာ အိန္ဒိယအငွေ့အသက်တွေ အိန္ဒိယဓလေ့တွေကို အိန္ဒိယကားစစ်စစ်တွေထက်တောင် ပိုတွေ့နိုင်တယ်။ ဒီအိန္ဒိယဆိုတဲ့ ဇာတ်လမ်းကျောရိုးကြီးကို ပရိသတ်ဆီရောက်အောင်စီးကူးပေးဖို့ သူ့ထည့်ထားတဲ့ ဒြပ်ကူပစ္စည်းက ညီအစ်ကိုသုံးယောက်။ မကြာသေးခင်ကမှ အဖေဆုံးထားပြီး အမေက သူတို့အနားမရှိနေသလို သူတို့ချင်းလည်း ပွင့်ပွင့်လင်းလင်းမရှိ ချစ်တော့ချစ်ကြပေမဲ့ တစ်ကောင်နဲ့တစ်ကောင် ချောက်ချမိနေတဲ့ ညီအစ်ကိုသုံးယောက်။ ဒီခရီးကိုထွက်မှာကလည်း သူတို့သုံးယောက်ပဲ။ ဘာလို့ ညီအစ်ကိုသုံးယောက်သုံးထားသလဲဆို အန်ဒါဆန်ကိုယ်တိုင်လည်း ညီအစ်ကိုသုံးယောက်ထဲကတစ်ယောက်ဖြစ်ပြီး သူတို့နဲ့ အန်ဒါဆန်ဟာလည်း ဒီရုပ်ရှင်ထဲက ကောင်တွေလိုပဲ အမြဲရန်ဖြစ်နေကြတာပဲ။ ဒါပေမဲ့လည်း သူတို့ဟာ အန်ဒါဆန်ရဲ့ အရင်းနီးဆုံးတွေလည်းဖြစ်နေတယ်။ အန်ဒါဆန်ကတော့ ဒီရုပ်ရှင်ထဲက ညီအစ်ကိုသုံးယောက်လုံးက စိတ်ကူးယဉ်သက်သက်လို့ပြောခဲ့တယ်။ ဒါပေမဲ့ ရုပ်ရှင်ထဲမှာလည်း အငယ်ဆုံးညီဖြစ်တဲ့ စာရေးဆရာဂျက်ဟာ သူတို့ညီအစ်ကိုတွေအကြောင်းကို မသိမသာဆိုသလို သူ့စာထဲထည့်ထည့်ရေးပေမဲ့ အမြဲ စိတ်ကူးယဉ်ဇာတ်ကောင်တွေလို့ပဲ ပြောတတ်တယ်။ ဘာပဲဖြစ်ဖြစ် သူ့စိတ်ကူးတွေဟာ သူ့အစ်ကိုတွေနဲ့မကင်းနိုင်ခဲ့ဘူး။ အန်ဒါဆန်အတွက်လည်း ဒီရုပ်ရှင်ဟာ ထိုနည်းလည်းကောင်း ဖြစ်လိမ့်မယ်။ အိန္ဒိယမှာ သူတို့ခရီးထွက်ဖို့ အဓိကသုံးရတဲ့ ယာဉ်က ရထားဖြစ်သလို ဇာတ်ညွှန်းရေးတဲ့လူတွေလည်း အိန္ဒိယက ရထားပေါ်ပဲ တက်ရေးခဲ့ကြတာပါပဲ။ ဒီခရီးမှာ အိန္ဒိယက ကျင့်စဉ်ဓလေ့ ပူဇော်ပသမှုတွေကို မနည်းမနောတွေ့ရတယ်။ မြွေတွေကနေ ယောဂအထိအကုန်ပါတယ်လို့လည်း အန်ဒါဆန်က ဆိုထားတယ်။ ဒီရုပ်ရှင်မှာ အိန္ဒိယက ကျင့်စဉ်ဓလေ့တွေအကုန် ထည့်သွင်းထားပေမဲ့ အကြီးဆုံးကျင့်စဉ်က ဒီရုပ်ရှင်ကိုယ်တိုင်ပဲလို့လည်း ဆိုထားတယ်။ ဒီဘက်ရာစုရဲ့ အကောင်းဆုံး အိန္ဒိယသရုပ်ဆောင်လို့ သတ်မှတ်ရမယ့် Irrfan Khan တောင်ပါတယ်။ သိပ်တော့မပါလိုက်ရပါဘူး။ ဒါပေမဲ့ သိပ်ပါတာမပါတာက အရေးတော့မပါလှဘူး။ ဘာလို့ဆို ဒီရုပ်ရှင်မှာ Bill Murray လည်း သိပ်မပါဘူး။ ဒါပေမဲ့ အန်ဒါဆန်က သူ့ကို နားချတော့ သူ့ရုပ်ရှင်မှာ ဧည့်သည်သရုပ်ဆောင်အနေနဲ့မဟုတ်ဘဲ Symbolism နိမိတ်ပုံတစ်ခုအနေနဲ့ ပါပေးနိုင်မလားမေးခဲ့တာ။ မာရေးကလည်း သဘောကျပြီး လက်ခံခဲ့တယ်။ ဒီရုပ်ရှင်မှာ Symbolism နိမိတ်ပုံတွေ မနည်းဘူး။ ညီအစ်ကိုသုံးယောက်ကိုယ်တိုင်ကိုကလည်း Symbolism နိမိတ်ပုံဖြစ်နေခဲ့တယ်။ နောက် ဒီရုပ်ရှင်မှာသုံးထားတဲ့ နောက်ခံတေးတွေကလည်း “အိန္ဒိယတွင်ပြုလုပ်သည်” တွေပဲ။ ဆတ္တရာဂျစ်ရေးရဲ့ ရုပ်ရှင်တွေကနေ ယူထားတယ်လို့ဆိုတယ်။ ရေးရဲ့ ရုပ်ရှင်တွေကြောင့်ပဲ အန်ဒါဆန်ဟာ အိန္ဒိယကို လာချင်ခဲ့တာပါတဲ့။ ရေးဟာ သူ့ကားတွေအတွက် နောက်ခံတေးကို သူကိုယ်တိုင်ပဲဖန်တီးခဲ့တယ်။ အန်ဒါဆန်ကိုယ်တိုင်လည်း ဆတ္တရာဂျစ်ရေး လွှမ်းမိုးမှုမကင်းတဲ့လူတစ်ယောက်ဆိုတော့ အိန္ဒိယကို သူချစ်ခဲ့၊ Homage ပေးချင်ခဲ့တာလည်း မဆန်းလောက်ဘူး။ ဂီတနဲ့ အကြောင်းအရာပိုင်းနဲ့ အပြင်အဆင်မှာတင်မဟုတ်ဘဲ အရောင်အသွေးမှာလည်း The Darjeeling Limited ဟာ အိန္ဒိယလို့ ကျွန်တော်တို့ ယုံကြည်တဲ့ အရောင်အသွေးမျိုးရှိနေတယ်။ ဝေဖန်ရေးသမားတွေအတွက်တော့ အရမ်းကြီးအကြိုက်တွေ့စရာမဖြစ်ခဲ့ပေမဲ့ ဝက်စ်အန်ဒါဆန်ဟာ သူ့ရည်ရွယ်ချက်ကို သူပြည့်မြောက်အောင်လုပ််နိုင်ခဲ့တယ်။ လွယ်လွယ်ပြောရရင် The Darjeeling Limited ဟာ အိန္ဒိယရုပ်ရှင်မဟုတ်တဲ့ အိန္ဒိယအကြောင်းရုပ်ရှင်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.95GB, 935MB Quality – 1080p, 720p IMDb Rating – 7.2/10 Format – mp4 Duration – 1H 31Min Genre – Adventure, Comedy, Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.2 2007
The Darjeeling Limited
The Mystery of Jade
5.8

မီးထွန်းပွဲတော်ညတစ်ညမှာ ပြည်သူတွေပျော်ပျော်ရွှင်ရွှင်နဲ့ လည်ပတ်ပြီး မီးပုံးတွေရှုစားနေတဲ့အချိန်မှာ တော်ဝင်နတ္ခတ်ပညာရှင်ကြီးက ” စုန့်တိုင်းပြည်ကြီးပျက်တော့မည်” ဆိုတဲ့တဘောင်ကို တွင်တွင်အော်ဟစ်ပြီး အဆောက်အဦးပေါ်ကနေခုန်ချသေဆုံးသွားခဲ့တယ်။ တဘောင်ကြောင့် ပြည်သူတွေထိတ်လန့်တကြားဖြစ်ရပြီး တိုင်းပြည်တည်ငြိမ်ရေးကိုပါ ထိခိုက်လာနိုင်တဲ့အတွက် ဘုရင်မင်းမြတ်ဟာ ပေါင်ချိန်ကို (၃)ရက်အတွင်းအမှုဖော်ဖို့ တာဝန်ပေးလိုက်ပါတယ်။ (၃)ရက်အတွင်းမှာ ဆန်းကြယ်လှတဲ့ဒီအမှုကိုဘယ်လိုစုံစမ်းစစ်ဆေးမလဲ…… ပြည်သူတွေကိုကိုင်လှုပ်ခဲ့တဲ့တဘောင်ကိုပြန့်အောင်လုပ်တဲ့သူကဘယ်သူဖြစ်နေမလဲ…… အရာအားလုံးကိုနောက်ကွယ်ကချုပ်ကိုင်နေတဲ့တရားခံဟာ ဘယ်လိုရည်ရွယ်ချက်နဲ့များကျူးလွန်ခဲ့တာဖြစ်မလဲ…… လူငယ်ပေါင်ချိန်ဇာတ်ကားဖြစ်ပြီးတော့ ပေါင်ချိန်ဇာတ်လမ်းတွဲနဲ့မတူတဲ့ ဟန်တစ်မျိုးနဲ့ တင်ဆက်ပုံဖော်ထားတာဖြစ်ပါတယ်။ မှုခင်းဇာတ်လမ်းတွေကိုကြိုက်တဲ့ ပရိသတ်အတွက် စိတ်ဝင်စားစရာဇာတ်ကားလေးပဲဖြစ်ပါတယ်။

5.8 2024
The Mystery of Jade
Lost Soulz
5.7

“Lost Soulz” ရုပ်ရှင်ကားဟာ ဒါရိုက်တာ Katherine Propper ရိုက်ကူးပြီး အမေရိကန် ဟစ်ဟော့ဂီတသမားများတွေရဲ့ စိတ်ကူးအိပ်မက်တွေနဲ့ လမ်းမပေါ်က ခရီးစဉ်အကြောင်းကို ရိုက်ကူး တင်ဆက်ထားတာဖြစ်ပါတယ်။ ဖျော်ဖြေရေးခရီးထွက်လာတဲ့ Sol တို့ဘော်ဒါတစ်အုပ်က ကိုယ်တိုင်ရှာဖွေတွေ့ရှိမှုနဲ့ ပေါင်းစပ်ပြီး စွန့်စားခန်း တစ်ခုထွက်လာတာဖြစ်သလို သူတို့အချင်းချင်းကြားက စကားလုံးတွေမလိုဘဲ တေးဂီတဖန်တီးမှုကြောင့် ထူးခြား‌ပျော်စရာကောင်းလာပြီး ခင်မင်ရင်းနှီးသွားကြတာ ဖြစ်ပါတယ်။ ကိုယ်တိုင်ရေး၊ ကိုယ်တိုင်ဆို အမိုက်စားကိုယ်ပိုင် ရက်ပ်သီချင်းတွေကို တဝကြီးခံစားရမှာဖြစ်သလို Sol နဲ့ သူ့ရဲ့ဘော်ဒါတစ်သိုက်က ဂီတသံတွေနဲ့ သူ့ဘဝ အကြောင်းတွေကို ထင်ဟပ်ပြသသွားမှာပါ။ ဂီတရှုခင်းတွေ၊ အနုပညာကို အတူတကွ ဖန်တီးခြင်းတွေနဲ့ အတူ လူအများကိုပျော်ရွှင်မှုပေးစွမ်းစေနိုင်တာကြောင့် စိတ်အေးလက်အေး ပေါ့ပေါ့ပါးပါး ကြည့်ရှုရမယ့် ရက်ပ်ဂီတရုပ်ရှင်ကားကောင်းတကားဖြစ်ပါတယ်။ File size…3.34GB / 1.19GB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 35m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Zaw Myint

5.7 2023 95 mins
Lost Soulz
Fight Against Evil
6.2

ကြမ်း မှ ဖိုက်မှ ကြိုက်တဲ့ Action ပရိတ်သတ်တွေအတွက် အက်ရှင်ကားကောင်းလေးတကားတင်ဆက်ပေးလိုက်ပါတယ် ဒီ Fight Against Evil ဇာတ်ကားကတော့ စုန်းပေမြို့မှာဖြစ်ပွားခဲ့တဲ့ မှုခင်းတစ်ခုအကြောင်းကိုရိုက်ပြထားတာဖြစ်ပါတယ် ကျွန်တော်တို့ရဲ့မင်းသား လီဟုမ်ချီက‌တော့ ရဲအရာရှိလေးတစ်ယောက်ပါ လီဟုမ်ချီကသူခိုးဖမ်းရင်းနဲ့ ပြည်သူတစ်ယောက်နဲ့စကားများပြီး တိုင်ကြားခံလိုက်ရတာကနေတစ်ဆင့် အလုပ်ခဏနားလိုက်ရပါတယ် လီဟုမ်ချီနဲ့ သူ့ရဲ့ရည်းစားဖြစ်သူတို့က မိန်းကလေးရှင်ဘက်ကအိမ်ပြန်ပြီး မိဘတွေနဲ့တွေ့ဖို့ စုန်းပေမြို့ကို ခဏတာခရီးထွက်လိုက်ချိန်ကနေ ဒီ‌အမှုက စတင်ဖြစ်ပွားခဲ့တာဖြစ်ပါတယ် လီဟုမ်ချီက ယောက္ခထီးဖြစ်သူနဲ့အဆင်ပြေအောင် ညှိယူရင်းနဲ့ မထင်မှတ်ပဲ လူတွေသတ်လိုက် ငွေတွေလိမ်လိုက်နဲ့ အမြတ်ထုတ်နေတဲ့ ညီအကို ၃ယောက်နဲ့ တွေ့စုံလိုက်ရပါတယ် သုညအဆင့်ကနေ ဘဝစခဲ့တဲ့ ညီအကို ၃ယောက်က ဘယ်လိုအကြံတွေနဲ့ လောင်းကစားလောကကြီးကို ထိန်းချုပ်သွားမလဲ လီဟုမ်ချီကရော အမှုကိုဘယ်လိုလိုက်မလဲ ဒီအမှုကရော သူ့ချစ်ရသူနဲ့ ယောက္ခထီးဖြစ်သူကြားမှာ‌ရောပတ်သက်မှုတွေရှိနေလို့ ဘယ်လိုအမှုကိုဖြေရှင်းသွားမလဲဆိုတာကိုဆက်လက်ကြည့်ရှုလိုက်ရအောင်

6.2 2021
Fight Against Evil
Black Storm
6.2

အတိုက်အခိုက်နဲ့ ကြမ်းတာလေးမှ ကြည့်ချင်သူတွေအတွက် ငယ်ငယ်က ရှောင်လင်ကတုံးလေးက ရဲသားကြီး လေကျယ်အနေနဲ့ ပြန်လာပါပြီနော်… ဇာတ်လမ်းအကျဉ်းလေးကတော့… ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းနဲ့အတူ ရွာသားတွေကို ခေါင်းပုံဖြတ်ပြီး လုပ်ငန်းစုတစ်ခုကြောင့် လူနေတဲ့မြေတင်မကဘူး သေသွားသူရဲ့အုတ်ဂူပါ အဓမ္မ ရွေ့ပြောင်းခံရတာကြောင့် လန်ကူးရွာမှာ တိုင်ကြားမှုတွေများနေခဲ့တာပေါ့… ဒီလုပ်ငန်းစု ခေါင်းဆောင်နာမည်က ဝေ့ထျန်းလန်တဲ့.. သူက တစ်ရွာလုံးမှာ အချမ်းသာဆုံးဖြစ်သလို ခေါင်းပုံအဖြတ်ဆုံး အမောက်မာဆုံးသူပေါ့… တစ်နေ့ သူမြေသိမ်းတာကို ဂူတာ့ဟဲ့အိမ်က လက်မခံဘူး.. လက်မခံတာကလည်း အိမ်ဘေးမှာရှိတဲ့ သူ့အမေ အုတ်ဂူကြောင့်ဆိုတာသိတော့… တစ်ခါတည်း စရိတ်ငြိမ်းနဲ့ အိမ်ဖျက်ရုံမက အုတ်ဂူပါ တူးဆွပြီး ပြာအိုးထုတ်ပေးခဲ့တယ်… တစ်ချိန်တည်းမှာပဲ အညိုအမည်း ဒဏ်ရာတွေပါ အဆစ်ထည့်ပေးခဲ့တာမို့ … ဂူတာ့ဟဲ့ က ရဲတိုင်ခဲ့ပါတယ်… ထူးဆန်းတာက ရဲကို အမှုဖွင့်ပြီးတာနဲ့ ဂူတာ့ဟဲ့ ပျောက်သွားလေရဲ့… ဒီအမှုကို လေကျယ်က လိုက်ရမှာဖြစ်ပါတယ်.. ဂူတာ့ဟဲ့ပျောက်တာက တကယ်ပဲ ဝေ့ထျန်းလန်ကြောင့်လား… တခြား ဘာပတ်သက်မှုတွေရှိသေးလဲ… လေကျယ် ဒီအမှုလိုက်ရင်း ဘာတွေ ထပ်ပြီး စုံစမ်းနိုင်မှာလဲ… ဇာတ်လမ်းလေးက ပြောပြသွားပါလိမ့်မယ်…

Crime • Thriller
6.2 2024
Black Storm
Chances Are, You and I
8.4

Chances Are, You and I (2024) IMDb Rating (8.4) Sol Sikat ဟာဦးနှောက်ထဲမှာအကျိတ်တည်နေတဲ့ဝေဒနာကိုခံစားနေရပြီး လောကကြီးကိုစိတ်ကုန်အရွဲ့တိုက်နေတဲ့ လူငယ်တစ်ယောက်ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ငါးနှစ်က မတော်တဆမှုတစ်ခုမှာ သူ့မိခင်ကိုဆုံးရှုံးခဲ့ရပြီး ဖခင်ဖြစ်သူကလည်း သူ့မိသားစုအသစ်နဲ့နိုင်ငံခြားမှာပျော်ရွှင်နေပြီဖြစ်တဲ့အတွက် သူ့အတွက်အသက်ဆက်ရှင်စရာအကြောင်းပြချက်မရှိတော့ဘူးလို့ ယူဆထားတာဖြစ်ပါတယ်။ Gabi Sinag ဆိုတဲ့ကောင်မလေးကလည်း သူနဲ့ထပ်တူဝေဒနာမျိုးခံစားနေရတဲ့သူဖြစ်ပြီး သူ့လိုပဲ မတော်တဆမှုတစ်ခုမှာ မိခင်ရောဖခင်ကိုပါဆုံးရှုံးခဲ့ရသူလည်းဖြစ်ပါတယ်။ဒါပေမယ့် သူနဲ့ဆန့်ကျင်စွာ လောကကြီးကိုအကောင်းမြင် လူတွေကိုအကူအညီပေးတတ် ပျော်ပျော်နေတတ်တဲ့သူတစ်ယောက်ပါ။ တစ်နေ့မှာတော့ သူတို့နှစ်ယောက် အတူဆုံဖြစ်ခဲ့ပြီး ရင်းနှီးမှုရလာ လောကကြီးအပေါ် ခံစားချက်တွေ အတွေးအမြင်တွေရင်ဖွင့်ဖလှယ်ရင်းကနေ ခရီးရှည်တစ်ခုထွက်ဖြစ်ခဲ့ပြီးဘ၀ရဲ့အပြောင်းအလဲတွေကို ရင်ဆိုင်တွေ့ကြုံရဖို့ဖြစ်လာပါတော့တယ်။ နာမည်ကျော်တက်သစ်စနှစ်ယောက်ဖြစ်တဲ့ Kelvin Miranda နဲ့ Kira Balinger တို့ခေါင်းဆောင်ပါဝင်ထားတဲ့ ဒီဇာတ်ကားဟာပေါ့ပေါ့ပါးပါးကြည့်ရှုရမယ့် Netflix ထုတ် ဖိလစ်ပိုင် romance/drama ဇာတ်ကားကောင်းလေးတစ်ကားပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ပဲဖြစ်ပါတယ်) File size…(2.2 GB) / (985 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Duration….02:13:29 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Alias

8.4 2024
Chances Are, You and I
Utopia
5

မက်သရူးက အမေရိကန် အထူးတပ်ဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီး အမြဲတမ်းလိုလို စစ်ဆင်ရေး ထွက်နေရသူတစ်ယောက်ပါ။ တစ်နေ့မှာတော့ သူ စစ်ဆင်ရေးထွက်နေတဲ့အချိန်မှာ ဇနီးဖြစ်သူကို ယူတိုးပီးယား ဆိုတဲ့ အဖွဲ့အစည်းကနေ ဖမ်းခေါ်သွားပါတော့တယ်။ ယူတိုးပီးယားအဖွဲ့ဟာ ကမ္ဘာအနှံ့က အမျိုးသမီး ချောချော လှလှလေးတွေကို စုဆောင်းပြီး ဥာဏ်ရည်တုနည်းပညာသုံးပြီး ဇီဝရုပ်ကို ပြုပြင်ပြီးတော့ အထက်တန်းလွှာတွေကို လိင်ပိုင်းဆိုင်ရာ ဖျော်ဖြေပေးတဲ့ လုပ်ငန်းမှာ ပြန်အသုံးချနေတာဖြစ်ပါတယ်။ မက်သရူးရဲ့ မိန်းမဖြစ်သူ အလက်စစ်နဲ့ တခြားမိန်းကလေးပေါင်း များစွာကိုလည်း ဖမ်း‌ခေါ်ထားပြီးတော့ မှတ်ဥာဏ်တွေဖျောက်ပစ်ပြီး သူတို့လုပ်ငန်းထဲမှာ ပြန်အသုံးချနေတာပါ။ ဒီလိုနဲ့ပဲ မိန်းမဖြစ်သူ ပျောက်သွားတဲ့အခါ မက်သရူးတစ်ယောက် မစ္စတာဝိုက် အနေနဲ့ ရင်းနှီးမြှုပ်နှံသူအဖြစ် ဟန်ဆောင်ပြီး ယူတိုးပီးယားကို လာခဲ့ပါတော့တယ်။ မစ္စတာ ဝိုက်တဖြစ်လည်း မက်သရူးတစ်ယောက် သူ့မိန်းမကို ကယ်ထုတ်သွားနိုင်မလား၊ ယူတိုးပီးယား ဆိုတဲ့ အဖွဲ့ အစည်းကြီးနဲ့ သူတို့ရည်ရွယ်ချက်ကရော ဘာလဲဆိုတာကို အက်ရှင်ခန်းတွေအပြည့်နဲ့ ရှုစားရမှာဖြစ်ပြီး အမျိုးသမီး ချောချောလေးတွေရဲ့ လိင်ပိုင်းဆိုင်ရာပြကွက်တွေ အများအပြား ပါဝင်တာကြောင့် မိသားစုနဲ့အတူ ကြည့်ရှုဖို့တော့ မသင့်တော်ကြောင်းပါခင်ဗျာ။ File size… (1.65GB) / (757MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 31m Genre ….. Action , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Wil

TV Movie • Comedy • Romance
5 2024 93 mins
Utopia
Undisputed 3: Redemption
7.3

Scott Adkins ကို ဘွိုင်ကာလို လူသိများစေခဲ့တဲ့ ဇာတ်ကားကို သိပြီးသားဖြစ်ကြမှာပါ။ ထောင်သားတွေအချင်းချင်းချကြတဲ့ အကြမ်းစားဖိုက်တာကားကြီး။ ယူရီဘွိုင်ကာဟာ အရင်က အတော်ဆုံးဖိုက်တာဖြစ်ခဲ့ပေမဲ့ အခုချိန်မှာတော့ ဒူးဒဏ်ရာနဲ့ ဒဏ်ရာရမြင်းတစ်ကောင်လိုဖြစ်နေပြီး အကျဉ်းထောင်ထဲမှာ အိမ်သာဆေးနေကာ အိမ်သာတိုက်ချန်ပီယံကြီးဖြစ်နေရတယ်။ အနိုင်ရတဲ့သူကို လွတ်လပ်ခွင့်ပေးမယ်ဆိုတဲ့ နိုင်ငံတကာက ကြမ်းပေ့ဆိုတဲ့ထောင်တွင်းလူမိုက်တွေနဲ့ ထိုးသတ်ရမယ့်ပွဲမှာတော့ ဘွိုင်ကာဟာ ပြီးပြည့်အစုံဆုံးဖိုက်တာဖြစ်ပြီး တစ်ခုခုနဲ့ထိုက်တန်တယ်ဆိုတာကို သက်သေပြသွားမှာပါ။ File size…(2 GB)/(1.1 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:36:00 Genre… Action, Crime, Drama, Sport Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su

Horror • Science Fiction • Thriller
7.3 2010 96 mins
Undisputed 3: Redemption
Love Wine & Salt: A Tuscan Romance
5.4

Love Wine & Salt: A Tuscan Romance (2024) ဒီကားဟာဆိုရင် Italy နိုင်ငံရဲ့ Tuscany ပြည်နယ်ရှိ တောင်ကုန်းတွေပေါ်က စပျစ်ခြံတွေအကြားမှာ ရိုက်ကူးထားသော အချစ်ဟာသဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာတော့ အဖိုးအိုနဲ့ Roberta ၊ Claudia ၊ Georgia ဆိုတဲ့မြေးမလေးသုံးယောက်တိုဟာ ငွေရေးကြေးရေးအခက်အခဲကြောင့် သူတိုရဲ့ အိမ်၊ စပျစ်ခြံနဲ့ ဝိုင်သိုလှောင်ခန်းကို ရောင်းရဖိုဖြစ်လာတယ်။ သိုပေမဲ့ မြေးမလေးတွေမှ အိမ်နဲ့ခြံမရောင်းရဖိုအရေး အကြံထုတ်ရာမှ အိမ်ကို တည်းခိုခန်းအဖြစ်ပြောင်းလဲဖို အကြံရသွားတယ်။ မိန်းမလှလေးတွေ ဦးစီးတဲ့တည်းခိုခန်းဖြစ်သည့်အလျှောက် လာတည်းခိုတဲ့ ဧည့်သည်တွေမှာ ယောကျာ်းလေးများဖြစ်ပြီး မြေးမလေးတွေကို အမြဲစိုးရိမ်နေနဲ့အဖိုးနဲ့ ဧည့်သည်တွေအကြား မကြာမကြာပြဿနာတက်ကြတာပေါ့။ Germany မှ Ali ၊ Allan ၊ Thomas သူငယ်ချင်းသုံးယောက်ဟာလည်း Italy ကို အပန်းဖြေခရီးထွက်လာရာ မြေးမလေးတွေရဲ့တည်းခိုခန်းမှာတည်းရင်း မမျှော်လင့်ပဲ အချစ်ဇာတ်လမ်းတွေဖြစ်လာပါတယ်။ ဒါကို အဖိုးဖြစ်သူက သိရှိသွားပြီးတော့ သူငယ်ချင်းသုံးယောက် ဘယ်လိုပြဿနာတွေတက်ကြမလဲ၊ သူတိုချစ်တဲ့ ကောင်မလေးတွေနဲ့ရော ပေါင်းစည်းနိုင်မလားဆိုတာကတော့ ဒီ Love, Wine & Salt: A Tuscan Romance ဆိုတဲ့ ပေါ့ပေါ့ပါးပါး အချစ်ဟာသဇာတ်လမ်းလေးကို ကြည့်ရှုပေးကြပါဦးနော်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Morana ဖြစ်ပါတယ်။) File size… (1.4 GB) / (640 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Romance Duration…. 01:20:21 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Morana

5.4 2024 80 mins
Love Wine & Salt: A Tuscan Romance
On the Go
5.5

အသက် ၃၇ နှစ်အရွယ်ရှိ မီလာဂရို့စ်ဆိုတဲ့အမျိုးသမီးဟာ သူ့လက်ကျန်ဘဝမှာ အထီးမကျန်ချင်တဲ့အတွက်လက်မထပ်ဘဲကလေးမွေးချင်နေပါတယ်။ လွတ်လပ်မှုကိုခံစားချင်တဲ့အတွက် အသည်းကွဲနေတဲ့သူ့ရဲ့ ဂေးသူငယ်ချင်း ဂျွန်နသန်နဲ့ကိုခေါ်ကာ Conrvair ကားဟောင်းလေးတစ်စီးနဲ့ စပိန်တောင်ပိုင်းဖက်ကိုအပန်းဖြေထွက်လာပါတော့တယ်။ သူတို့နဲ့အတူ ရေသူမလေးတစ်ယောက်လည်းပါလာပြီး သူကတော့ အိမ်ထောင်ရှင်မကောင်းဖြစ်ချင်ဆိုတဲ့ဆန္ဒပဲတစ်ချိန်လုံးရှိနေတယ်။ လမ်းခရီးတစ်လျှောက်မှာ သူတို့ရဲ့ ဘဝတွေ အတွေးတွေ ကိုတိုင်ပင်ဖလှယ်ကြရင်းနဲ့ တစ်နည်းတစ်ဖုံသူတို့ရဲ့ရည်မှန်းချက်တွေကိုဖြည့်ဆည်းဖို့ကြိုးစားပါတော့တယ်။ ကလေးရဖို့အသည်းသန်ကြိုးစားမယ့် မီလာဂရို့စ်၊ အသည်းကွဲတာကိုဖြေဖျောက်မယ့် ဂျွန်နသန်နဲ့ လက်တွဲဖော်ရှာမတွေ့သေးတဲ့ ရေသူမလေးတို့က ရည်မှန်းချက်အောင်ဘယ်လိုလုပ်ကြမလဲဆိုတာ ဆက်လက်ကြည့်ရှုပေးပါဦး…………. File Size… (1.74 GB) / ( 1.18 GB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 12m Genre …..Adventure , Comedy, Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by TML

Drama
5.5 2024 82 mins
On the Go