YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

The Book of Boba Fett 720p (CM) END.mp4

551.99 MB N/A video/mp4 1432 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
[18+] Striptease
5.6

Striptease (1996) ဒီကားကိုရိုက်တဲ့သူက မာလွန်ဘရန်ဒိုရဲ့ The Freshman နဲ့ နစ်ကေ့ရဲ့ ပွဲဦးထွက် ဂိကာလကားတစ်ချို့ကို ရိုက်ခဲ့တဲ့ Andrew Bergman ပါပဲ။ မင်းသမီးက Ghost ရဲ့ သရုပ်ဆောင် အလှပဂေး ဒယ်မီမိုး။ ဇာတ်လမ်းကတော့ Erotic ဆန်ဆန်ရိုက်ထားပေမဲ့ ထူးထူးခြားခြားကို Mystery ကားလိုလို စုံထောက်ကားလိုလို အငွေ့အသက်အပြည့်ရပါတယ်။ မင်းသမီးက FBI က အတွင်းရေးမှူးဟောင်း။ ရာဇဝတ်မှတ်တမ်းနဲ့သူ့ယောက်ျားကြောင့် အလုပ်က ပြုတ်သွားတယ်။ သူတို့သမီးလေးကို အုပ်ထိန်းခွင့်အတွက် တရားရင်ဆိုင်ရာမှာလည်း သူ့ယောက်ျားကို ရှုံးသွားပြီး သူခိုးလုပ်နေတဲ့ ယောက်ျားနဲ့ သမီးကို ထားထားရတဲ့အတွက် ရတက်မအေးဖြစ်နေတာပေါ့။ ဒီလိုနဲ့ တစ်နေ့ သူအလုပ်လုပ်နေတဲ့ အဖော်အချွတ်ကလပ်မှာ နာမည်ကျော်လွှတ်တော်အမတ်တစ်ယောက်ရောက်လာပြီး သူ့ကို သဘောကျသွားတယ်။ လွှတ်တော်အမတ်က အဖော်အချွတ်ကလပ်ထဲရောက်နေတာနဲ့တင် ပြဿနာကြီးနေပြီကို ဒီဘဲက သူများခေါင်းပါသွားခွဲချလိုက်တယ်။ ဒီလိုနဲ့ အဲဒီအခြေအနေရဲ့ပုံတစ်ချို့ ထွက်လာပြီး သူ လွှတ်တော်အမတ်ဆိုတာ သိနေတဲ့ လူတစ်ချို့က သူ့ကို အကြပ်ကိုင်ကြတယ်။ ဒါပေမဲ့ လွှတ်တော်အမတ်ရဲ့နောက်ကွယ်က လက်မဲကြီးက ဒီလူတွေကိုရှင်းပစ်လိုက်လို့ အကုန်လုံးသေကုန်ကြတယ်။ အဲဒါပြီးတော့ မင်းသမီးဆီ လွှတ်တော်အမတ်အဘိုးကြီးဆီက ဖိတ်ကြားစာရောက်လာခဲ့တယ်။ သူ့အတွက်သီးသန့်ဖျော်ဖြေပေးဖို့ မယုံနိုင်စရာ အခကြေးငွေပေးပြီး ဖိတ်ကြားထားတာပေါ့။ တစ်ဖက်မှာလည်း မင်းသမီးက သူ့ကို လာစစ်ဆေးတဲ့ရဲနဲ့ ခင်သွားတာကြောင့် အခြေအနေတွေကို သိသင့်သလောက်သိနေတာဆိုတော့ သူ့အသက်အန္တရာယ်ရှိနေတာ ရိပ်တော့ရိပ်စားမိနေတယ်။ အာဏာတွေ ရမ္မက်တွေ လူ့သရိုက်တွေကြားက မိခင်တစ်ယောက်ရဲ့ သမီးနဲ့ နီးစပ်ဖို့ကြိုးစားခြင်းဟာ အောင်မြင်သွားမလား... ကျရှုံးသွားမလား... နိုင်နေကျ စာနာတရားခေါင်းပါးတဲ့ လူ့ယဉ်ကျေးတွေကပဲနိုင်သွားမလား... တစ်ခါတလေလေးများ အမှန်တရားက နိုင်သွားမလား... ကြည့်ကြရမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို "___" မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.9GB, 750MB Quality - 1080p, 720p Format - mp4 Duration - 1H 55Min Genre - Comedy, Crime, Drama Subtitle - Myanmar Subtitle (Hardsub) Translated by "___" Encoded by Y

Adventure • Drama
5.6 1996 115 mins
[18+] Striptease
The Plot to Kill My Mother
5.4

(ဖြစ်ရပ်မှန်ကို အခြေခံထားသည်) အယ်လီနာဆိုတဲ့ကောင်မလေးတစ်ယောက်ဟာ မမွေးခင်ကတည်းက ဖက်ဒရယ်အေးဂျင့်တွေရဲ့ သက်သေခံစောင့်ရှောက်မှု ရထားတာကိုမသိဘဲ နေထိုင်လာခဲ့ပါတယ်။ တစ်နေ့မှာ သူမရဲ့မိခင် သေဆုံးသွားတဲ့အချိန်မှာတော့ ဒီအကြောင်းတွေကို သိလိုက်ရပြီး သူမရဲ့မျိုးရိုးနာမည်အပြင် သိထားသမျှကိစ္စတွေအားလုံးကို မယုံကြည်နိုင်ဖြစ်လာတော့တာပါပဲ။ ဒီအခါမှာ အယ်လီနာဟာ အစိုးရရဲ့မျက်မြင်သက်သေစောင့်ရှောက်မှုကို စွန့်လွှတ်ပြီး မိခင်ဖြစ်သူရဲ့ မွေးရပ်မြေကို ပြန်သွားဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ မိခင်ဖြစ်သူအသတ်ခံရတဲ့ အကြောင်းအရင်းရဲ့အဖြေကိုရှာဖို့ မွေးရပ်မြေကိုပြန်သွားတဲ့ အယ်လီနာ..။ သူမကိုစောင့်ရှောက်ပေးဖို့ မိခင်ဖြစ်သူ ထရီဇာကို ကတိပေးခဲ့တဲ့ အေးဂျင့်ကာတာ။ သူတို့နှစ်ယောက် အဖြေရှာ ဖော်ထုတ်သွားမယ့် တရားခံအကြောင်းကို သို့လော သို့လော စဥ်းစားရင်းကြည့်ရှုရမယ့်ဇာတ်ကားတစ်ကားဆိုလည်း မမှားပါဘူး။ ထူးထူးခြားခြား ပါးစပ်အဟောင်းသားဖြစ်သွားမယ့် ရုပ်ရှင်ကားမျိုးမဟုတ်ပေမဲ့လည်း ကွက်ကျော်တွေးပြီး စဥ်းစားရင်းကြည့်ရတဲ့ဇာတ်ကားမျိုး တစ်ကားပဲ။ ဒါကိုမှ ဖြစ်ရပ်မှန်ကို အခြေခံထားတယ်ဆိုတော့ မျက်ခုံးပင့်မိလောက်မယ့် တင်ဆက်မှုမျိုးပေါ့..။ တစ်ကားလုံးမှာ သုံးပြထားတဲ့အရောင်တွေ ၊ အလင်းအမှောင်တွေ ကွက်တိကျတယ်။ အပိုမရှိ ၊ အလိုမရှိ ၊ အစပ်အဟပ်မိတယ်။ အသွေးအသားထဲမှာ စုံထောက်ညဉ်တွေ စီးဆင်းနေရင် ဒီကားကို ကြည့်။ ဖြစ်ရပ်မှန်ကိုအခြေခံထားတာဆိုတော့ သူများရဲ့ဘဝအကြောင်းကို 'ဘယ်က ဘယ်လို စဖြစ်ကြတာလဲ' လို့ ပေါက်ပေါက်ဆုပ်စားပြီး စပ်စုချင်ရင်လည်း ဒီကားကိုကြည့်။ ဒီဇာတ်ကားကိုကြည့်ခြင်းအားဖြင့် ၅၂၈ မေတ္တာအကြောင်းကို အနည်းငယ်တော့ ပြန်ဆင်ခြင်မိမှာပါ။ ပြီးတော့ လူသတ်သမား ဘယ်သူလဲဆိုတာကို စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေရင်းနဲ့ Romy Weltman တို့ Samantha Brown တို့လို အလှတရားလေးတွေကိုလည်း ရှုစားရဦးမယ်ဗျာ။ သိပ်မကြာသေးခင်ကမှ ထွက်တဲ့ကားဆိုတော့ ဘယ်သူမှ ဝေဖန်လေကန်ရေးမလုပ်ခင် မြန်မြန်လေးတော့ကြည့်ထားကြပါ။ လူသတ်သမား ဘယ်သူလဲဆိုတာကိုလည်း ကြိုတင်ခန့်မှန်းပြီး အဖြေတိုက်ကြည့်ကြပေါ့။ File size… (775MB) / (974MB) Quality….  720p / 480p Format…mp4 Duration….01:14:00 Genre...Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Shin Man Htet Myat

Action • Thriller
5.4 2023 88 mins
The Plot to Kill My Mother
Dr. Wai in the Scripture with No Words
5.6

Dr. Wai in the Scripture with No Words ( 1996 ) ဂျက်လီရဲ့ အင်ဒီယာနာဂျုန်းလိုလိုကားပါ။ မှတ်မိချင်မှ မှတ်မိမှာပေမဲ့ စက်ရုပ်နွားကြီးနောက် ဂျက်လီပြေးလိုက်ချတဲ့ အခန်းကိုတော့ ငယ်ငယ်က ဖြစ်ဖြစ် ကြည့်ဖူးလောက်ကြမှာပါ။ အဲဒီကားပါပဲ။ ဂျက်လီအပြင် ဟောင်ကောင်ရဲ့ အလှတရားတွေထဲ အပါအဝင်ဖြစ်တဲ့ ဂျက်လီနဲ့တွဲအရိုက်များတဲ့ Rosamund Kwan နဲ့ ashes of time , Fallen angels နဲ့ New Police Storyထဲက မင်းသမီး charlie yeung လည်းပါပါတယ်။ နောက်ဆုံးနဲ့ ဒီကားကို ကျွန်တော်ကြည့်ဖြစ်သွားတဲ့အကြောင်းရင်းဖြစ်တဲ့သူကတော့ ဟောင်ကောင်မှာပဲ ကားအလန်းစားတွေ ဆက်တိုက်အရိုက်များခဲ့တဲ့ ဂျပန်ထိုင်ဝမ်သွေးနှော Takeshi Kaneshiroပါပဲ။ cast တွေနဲ့တင် ဒီကားက တော်တော်တန်နေပါပြီ။ ဇာတ်လမ်းကတော့ အင်ဒီယာနာဂျုန်းဆန်ဆန်ဘဲက အင်ဒီယာနာဂျုန်းထဲကလို ကျိန်စာတွေနဲ့ သေတ္တာကြီးကို ရှာတဲ့အကြောင်း ဖွင့်မိပြီးကျိန်စာသင့်သွားတဲ့ လူဆိုးကို ရင်ဆိုင်ရတဲ့အကြောင်းတွေပါ။ ဟာတွေလည်း နှောထားလို့ ရယ်လည်းရယ်ရသလို ဂျက်လီရဲ့အက်ရှင်ခန်းအလန်းတွေကိုလည်း မြင်ရမှာပါ။ ငယ်ဘဝကို ပြန်လွမ်းလို့ကောင်းမယ့် ရုပ်ရှင်အဟောင်းလေးပါပဲ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ W ပါ ) File Size__(1.5GB) / (500MB) Quality__BluRay_1080p, 360p IMDb Rating__5.7/10 Format__mp4 Duration__01:37:00 Type__Action, Adventure, Comedy Subtitle__Myanmar Subtitle (Hardsub) Translated by W Encoded by Naing Aung Latt

Comedy • Drama
5.6 1996 90 mins
Dr. Wai in the Scripture with No Words
777 Charlie
7.8

IMDb - 9.1 / 10 လူတစ်ယောက်ကို ပြောင်းလဲစေတာက အချစ်လို့ပြောမယ်ဆို ရဲရဲကြီးယုံလိုက်ပါ... ငယ်စဉ်က မိသားစုတွေ ဆုံးပါးသွားပြီး တစ်ယောက်တည်းကျန်ခဲ့တဲ့ "ဒါမာ" ကြီးပြင်းတဲ့အထိ တစ်ယောက်တည်းနေဖို့ကိုပဲ ရွေးချယ်ခဲ့ပြီး လူ့ပတ်ဝန်းကျင်နဲ့ ဝင်ဆံ့ဖို့ မကြိုးစားတဲ့ လူ့ဂွစာတစ်ယောက် အဲဒီ့သူ့ဘဝထဲကို မမျှော်လင့်ဘဲ ရောက်လာတာကတော့ ခွေးလေးတစ်ကောင် အဲဒီခွေးလေးကို သူမမွေးချင်လို့ မွေးစားမယ့်သူကို ရှာနေတုန်းမှာပဲ ခွေးလေးနဲ့ သံယောဇဉ်တွယ်သွားပြီး ခွေးလေးက သူ့ရဲ့ဘဝဖြစ်လာခဲ့တော့တယ် သူ့ရဲ့ မာကြောနေတဲ့ ဘဝကြီးကို နူးညံ့ပျော့ပျောင်းလာစေပြီး ဂျစ်ကန်ကန်နဲ့ လောကကြီးကို အရွဲ့တိုက်နေထိုင်ခဲ့တဲ့ သူ့ကို အမြင်ကျယ်လာစေခဲ့တာက အဲဒီခွေးလေးပေါ့ လူနဲ့ တိရစ္ဆာန်ကြားက မေတ္တာတရား‌ အဲဒီမေတ္တာဆိုတဲ့အရာဟာ စစ်မှန်ရင် ဘယ်လောက်တောင် စွမ်းအားကြီးတယ်ဆိုတဲ့ အကြောင်း ရိုက်ကူးပြသထားတဲ့ မျက်ရည်မခိုင်သူတွေ မျက်ရည်ကျစေမယ့် ဒရမ်မာကားကောင်းတစ်ကားပဲ ဖြစ်ပါတယ် File size…2.6Gb / 1.15GB Quality…1080p VOOT WEBDL AAC5.1CH / 720p Format…mp4 Duration….2h 18m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Sora & Thet Ko

Drama • Mystery • Romance • Thriller • War
7.8 2022 166 mins
777 Charlie
The Weather Man
6.1

ကျွန်တော်တို့အားလုံးဟာ ဘဝသင်ခန်းစာတွေကို ပုံစံအမျိုးမျိုးနဲ့ life long learningလုပ်နေရတဲ့ ဘဝကျောင်းတော်ထဲက ကျောင်းသားလေးတွေပေါ့။ တစ်ခါတလေမှာ အလွယ်တကူနားလည်လိုက်တာ ရှိပေမဲ့ တစ်ခါတစ်လေကျ ခက်ခက်ခဲခဲနဲ့ ရင်းနှီးပေးဆပ် မှုတွေများပြီးမှ ရင်ဘတ်ကြီးကိုရင်းနှီးလိုက်ရပြီးမှ သင်ယူလိုက်ရတာတွေလည်း အများကြီးပါပဲ။ လွယ်ကူတယ်ဆိုတာ အရွယ်ရောက်ပြီးသူတစ်ယောက်ရဲ့ ဘဝထဲကို ဝင်မလာဘူးလို့ ဒေ့ဗ်ရဲ့အဖေက ဒေ့ကို အမြဲဆုံးမပါတယ်။ ဒါပေမဲ့ဒေ့ဗ်တစ်ယောက် ဒါကို လက်မခံနိုင်ဘဲ ပြဿနာပေါင်းစုံနဲ့ ဗရုတ်သုတ်ခလူ့ဘဝကြီးကို အကြီးအကျယ်အဆိုးမြင်နေသူတစ်ယောက်ပါ။ အသက်အရွယ်နဲ့ယှဉ်ရင် မရင့်ကျက်နိုင်သေးတဲ့ဒေ့ဗ်ကတော့ ဘဝရဲ့ပြဿနာတွေကို ထိုင်အလိုမကျဖြစ်နေတဲ့ Grumpy kidလိုပါပဲ။(Grumpyဖြစ်မဖြစ်ကတော့ တစ်ကားလုံးကိုလွှတ်ဆဲနေတော့တာ) work lifeကိုကြည့်ရင်လည်း ဒေ့ဗ်စပရစ်ဇ်ရဲ့ဘဝက စာမေးပွဲခန်းထဲက ကျွန်တော်တို့နဲ့မခြားပါဘူး။ စာမေးပွဲခန်းထဲ ထိုင်နေပေမဲ့ စာဆိုတာဒါလားလို့မေးယူရတဲ့အနော်တို့လိုပဲ သူလည်း မိုးလေဝသပညာဆိုတာ ချိုနဲ့လားဆိုသလိုပါပဲ။ ဒီလိုလူက မိုးလေဝသသတင်းကြေညာသူဆိုတော့ကာ သူမှန်းသမျှကတော့ ကတွတ်ပီအမဲလိုက်သလိုပါပဲ___ ပြောင်းပြန်မှတ်ယူမှ စိတ်ချရမှာပါ။ အလုပ်ကအဆင်မပြေတော့ Family Lifeကိုကြည့်တော့လည်း တလွဲ။ ဇနီးဖြစ်သူနိုရင်းနဲ့ကလည်း တကျက်ကျက်ရန်ဖြစ်၊ နေ့တိုင်းဆူပူနေတဲ့မိဘတွေကြောင့် စိတ်ထွက်ပေါက်ရှာ‌တဲ့ ကလေးတွေက ဆေးစွဲတဲ့လူနဲ့ ဆေးလိပ်သောက်တဲ့လူနဲ့ ပြဿနာတွေဒုနဲ့ဒေး။ ဒီကြားထဲမှာမှ အဖေဖြစ်သူရဲ့ သတင်းဆိုးကလည်း သူ့အတွက်တော့ ကံဆိုးမသွားလေရာ မိုးလိုက်လို့ရွာပါပဲ။ Social lifeကတော့ အထွေအထူးပြောစရာ မလိုပါဘူး။ တလွဲချည်းပဲ တီဗီပေါ်တက်တက်ပြောနေတဲ့ဒေ့ဗ်ကို လူတွေကအင်မတန်ချစ်ခင်ကြတော့ အပြင်မှာတွေ့ရင် ကြုံသလို သွားရည်စာနဲ့ပစ်ပေါက်ပြီး ဆွမ်းကြီးလောင်းကြပါတယ်။ ဒီလိုစုတ်ပြတ်နေတဲ့ဒေ့ဗ်ရဲ့ဘဝကို ပြောင်းလဲပေးမယ့် မဟာအခွင့်အရေးဖြစ်တဲ့ သူ့ရဲ့Dream Jobက သူ့ရှေ့မှောက်ကို ရောက်လာတဲ့အခါမှာတော့ သူ့ရဲ့ရွေးချယ်မှုတွေ အရင်လိုပဲ ဝေဝါးနေဦးမှာလား။ ဘဝရဲ့ပြဿနာတွေကိုရော သူဘယ်လို ဖြေရှင်းသွားမလဲဆိုတာ အတူတူကြည့်ရှုလိုက်ရအောင်ပါ။ Family Dramaပီသစွာနဲ့ လက်တွေ့ဘဝကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတဲ့ Nicolas Cageရဲ့နာမည်ကျော်ရုပ်ရှင်ကား တစ်ကားဖြစ်သလို လက်တွေ့ဘဝလိုပဲ မထင်မှတ်ထားတာတွေ အလွဲအချော်တွေ အဖုအထစ်တွေရှိလာတဲ့အခါမှာ လူသားတွေ အတွက်လိုအပ်တဲ့ self-acceptance ဆိုတာကို မျက်ဝါးထင်ထင် ရိုက်ကူးပြထားတဲ့ဒရာမာကောင်းတစ်ကားဆိုတာတော့ ငြင်းမရတဲ့ အမှန်တရားပါပဲ။ life lessonက ပြောင်မြောက်သလို ပရိတ်သတ် ရင်ထဲကိုထိသွားစေမဲ့ နောက်ထပ်တစ်ခုကတော့ ဒေ့ဗ်နဲ့ ရောဘတ်တို့ရဲ့ ဖခင်မေတ္တာပါပဲ။ Comedy drama‌ ကောင်းတစ်ခုပီပီ အခွီလေးလည်းပါ Deepသွားမဲ့scene‌‌လေးတွေလည်းပါတာဖြစ်လို့ ဘဝရဲ့အဆင်မပြေမှုတွေကြားက warming vibe‌လေးကို လိုအပ်နေတဲ့ ပရိသတ်တွေအတွက် Healing ဖြစ်စေမယ့် ရုပ်ရှင်ကားအဖြစ် ညွှန်းပေးလိုက်ရပါတယ်။ File size…1.66GB / 642MB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 42m Genre ..... Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jane

Action • Adventure • Comedy • Romance
6.1 2005 101 mins
The Weather Man
Three Thousand Years of Longing
7

ဒီရုပ်ရှင်ကို ရိုက်တဲ့သူက Mad Max ကားတွေရဲ့ ဒါရိုက်တာ စာရေးဆရာဖြစ်တဲ့ George Miller ဖြစ်တဲ့အပြင်ကို အမျိုးအစားကလည်း Fantasy, ပိုစတာကြည့်တော့လည်း မီးခွက်စောင့်ဘီလူးလိုဘဲနဲ့ဆိုတော့ Fantasy / Adventure ဆန်ဆန်ကားဖြစ်မယ် ထင်ခဲ့မိတာပေါ့။ တက်တက်စင်အောင်လွဲပါတယ်။ Before Trilogy နဲ့များ မှားဒေါင်းမိသလားထင်ရတဲ့အထိ အတိတ်မှာ ဂျင် ဖန်ပုလင်းထဲ ဆော်လမုန်ပိတ်တာခံရတဲ့ ရှီဘာဘုရင်မနဲ့ဆော်လမုန်တို့ခေတ်တို့၊ ကွန်စတန်တီနိုပယ်နန်းတော်ထဲရောက်သွားတာတို့၊ ဒါဗင်ချီလိုလို ဂျီးနီးယပ်စ်မနဲ့ ခေတ်သုံးခေတ်ကလွဲ ကျန်တဲ့တစ်ကားလုံး Tilda Swinton ရဲ့ဇာတ်ကောင် အလစ်သီယာနဲ့ အခန်းထဲ စကားတွေထိုင်ပြောရင်းတင် ပြီးသွားပါတယ်။ ရိုလည်းရိုပါတယ်။ စကားတွေက ဒိလည်းဒိပါတယ်။ ဒါကြောင့် Before Trilogy နဲ့များ မှားသွားလား ပြန်မေးယူရတာပါပဲ။ ဇာတ်ကတော့ အလစ်သီယာလို့ ခေါ်တဲ့မိန်းမတစ်ယောက်က ဖန်ပုလင်းတစ်ခု ဝယ်တာကနေ စတာပါပဲ။ အထဲက အာလာဒင်ရဲ့ မီးခွက်စောင့် ဘီလူးလို ဂျင်တစ်ကောင် ထွက်လာပြီး သူ့ကိုဆုတောင်း၃ခုဖြည့်ပေးမယ်ပြောတယ်။ ဒါပေမဲ့ ဆော်လမုန်က ဂျင်ဟာ သူ့ဆန္ဒ ထုတ်ပြမိလို့ ဖန်ပုလင်းထဲ ပိတ်ထားခဲ့တာဆိုတော့ သူဖြည့်ပေးရမယ့်ဆုသုံးခုက ဆုတောင်းတဲ့သူ အသည်းထဲကနေ နှစ်နှစ်ကာကာ တကယ်လိုချင်တဲ့ဆုဖြစ်ရပါမယ်။ အဲဒီလိုဆုမဟုတ်ရင် သူမလွတ်နိုင်ပါဘူး။ ဒီလိုနဲ့ဂျင်နဲ့ အလစ်သီယာဟာ အလစ်သီယာ ဘာလိုချင်တာလဲ သိရဖို့ စကားတွေထိုင်ပြောကြရင်း ဂျင်ကလည်း အလစ်သီယာကို သူ့အခြေအနေကို နားလည်အောင် သူ သုံးကြိမ်သုံးခါပိတ်လှောင်ခံထားခဲ့ရတဲ့ နှစ်ပေါင်းသုံးထောင်အကြောင်း ပြန်ပြောကြရင်း သူတို့၂ယောက်ကြားက ကွက်လပ်ကို အဖြေရှာကြမှာပါ။ ဘယ်လိုဆုမျိုးတောင်းမလဲကတော့ ခင်ဗျားလည်း ထင်မိမှာမဟုတ်ပါဘူး။ တော်တော်လေး စိတ်ဝင်စားစရာကောင်းပါတယ်။ ဇာတ်လမ်းထဲမှာ အလစ်သီယာက ပုံပြင်တွေဇာတ်လမ်းတွေကို လေ့လာတဲ့သူပါ။ သူက ဆုတောင်းတာရဲ့ အန္တရာယ်များတဲ့အကြောင်းတွေ အကုန်လုံးသိထားတယ်။ ဟိုကြားဖူးနေကျ လှေပေါ်သောင်တင်နေရာက ရှေ့ကဆုတောင်းပြီး လစ်သွားတဲ့ ၂ကောင်ကို တတိယကောင်က ကျွန်တော့်သူငယ်ချင်းတွေကို လွမ်းတယ်ဆိုပြီး ပြန်ခေါ်ခိုင်းတဲ့ ဇာတ်လမ်းကိုတောင် ထည့်ပြောထားပါတယ်။ ဆုတောင်းမတော်ရင် ဖြစ်တတ်တဲ့ အကျိုးဆက်တွေကို ကောင်းကောင်းနားလည်ထားတဲ့သူက ဆုကိုသတိထားပြီးတောင်းတာကို ပြထားတာက မိုက်ပါတယ်။ ဒီကားကြည့်ရတာ အာလာဒင်လိုကားမျိုးဖြစ်မလားထင်ခဲ့ပေမဲ့ တက်တက်စင်အောင်လွဲပြီး အနီးစပ်ဆုံးတူတဲ့ ဥပမာပေးရရင် The Man from Earth ကားနဲ့တူပါတယ်။ စကားပဲထိုင်များနေပေမဲ့လည်း သူက သိပ်တော့မပျင်းရအောင် (တကယ်ဆို စကားတွေက ပျင်းစရာလည်းမရှိပါဘူး) ဆော်လမုန်နဲ့ရှီဘာတို့လို စိတ်ဝင်စားစရာ ဒဏ္ဍာရီလာဇာတ်ကြောင်းတွေကို ညှပ်ညှပ်ပြီး စိတ်ကူးယဉ်ဆန်ဆန်လည်း ပြသွားတော့ အပျော်ကြည့်ကားဘက်ကို သိပ်မရောက်ဘဲ ဒိနေပေမဲ့လည်း ကြည့်လည်းပျော်ပါတယ်။ ဒီဇာတ်လမ်းဟာ သူ့နာမည် Three Thousand Years of Longing လို့တဲ့အတိုင်းပဲ ဆန္ဒတွေ အချစ်တွေအကြောင်းကိုပိုဦးတည်ထားတဲ့ ဇာတ်လမ်းပါပဲ။ ဒီဇာတ်လမ်းကို အစအဆုံးကြည့်မိရင် သေချာတာတော့ အဆုံးကျရင် ဒီဇာတ်လမ်းကို ခင်ဗျားချစ်မိမှာပါပဲ။ ကြည့်ဖူးသမျှ မီးခွက်စောင့်ဘီလူးကားထဲတော့ အကောင်းဆုံးကားလို့ပြောလည်း မလွန်တော့မလွန်ပါဘူး။ ကောင်းလည်းကောင်း၊ ဆန်းလည်းဆန်းတဲ့ ကားမျိုးကြည့်ချင်ရင်တော့ ကွက်တိပါပဲ။ ဒီရုပ်ရှင် ဘယ်လိုရုပ်ရှင်မျိုးလဲ ပြောရရင် စိတ်ရောဂါကုဆရာဝန်နဲ့ လူနာစကားပြောနေတာကို ထိုင်ကြည့်နေရသလို ရုပ်ရှင်မျိုးပေါ့။ မတူတာကတော့ အခုဒီမှာ ကျွန်တော်တို့ ကြည့်ရမှာက ရူးနေတဲ့ စိတ်ရောဂါကုဆရာဝန်တွေနှစ်ယောက် စကားထိုင်ပြောတာကို ထိုင်ကြည့်နေရတဲ့ ဖီလင်မျိုးပေးပါလိမ့်မယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.2GB, 1.3GB, 680MB Quality - 1080p, 720p, 480p IMDb Rating - 6.9/10 Format - mp4 Duration - 1H 48Min Genre - Drama, Fantasy, Romance Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Comedy • Romance
7 2022 108 mins
Three Thousand Years of Longing
A Banquet
4.3

Horror, Thriller ဟိုလီဟာ ခင်ပွန်းသည် ရောဂါဆိုးတစ်ခုနဲ့သေဆုံးသွားပြီးတဲ့နောက်မှာ ဘက်စီ ၊ အစ်ဇီ ဆိုတဲ့ သမီးနှစ်ယောက်နဲ့ ဘ၀ကို ဆက်လက်ရုန်းကန် နေခဲ့ပါတယ်။ တစ်နေ့မှာ သမီးကြီး ဘက်စီဟာ အစာလုံး၀မစားနိုင်ဘဲ နေမကောင်း ဖြစ်လာပါတယ်။ ဆရာ၀န်မျိုးစုံ အထူးကုမျိုးစုံပြပေမယ့် ထူးခြားမလာ ပါဘူး။ တကယ်တော့ ဘက်စီကို နတ်ဆိုးတစ်ကောင်က ၀င်ပူးနေခဲ့တာ ဖြစ်ပြီး ဘက်စီရဲ့ အပြုအမူအပြောအဆိုတွေဟာလုံး၀ပြောင်းလဲလာကာ ရှေ့ဖြစ်ဟော မှော်ဆရာတစ်ယောက်လိုဖြစ်ပါတယ်။ အဲ့တော့ ဘက်စီကို ဘာကြောင့် ဒီလိုတွေဖြစ်နေတာလဲ၊ ဖခင်သေဆုံးမှုနဲ့ ဘယ်လိုပတ်သက် နေလဲဆိုတာကိုတော့ ကိုယ်တိုင်ပဲ စိတ်၀င်တစားစောင့်ကြည့်ရမှာဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်) File Size..........(730 MB) / (489 MB) / (281 MB) Quality............WebRip 1080p / 720p / 480p Duration.........1Hr 37mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror, Thriller Translator.......Thiha Yan Naing Encoder..........SWM

Action • Drama
4.3 2022 97 mins
A Banquet
Last Summer
6.3

Last Summer (or) Geçen Yaz (2021) =============== IMDb Rating – 6.3/10 ဒီဇာတ်ကားလေးကို ကြည့်မိတော့လည်း ကလေးဘဝတုန်းက ဇာတ်လမ်းလေးတွေကိုတောင် ပြန်သတိရမိတယ်။ နွေရာသီ အားလပ်ရက် အချစ်ဇာတ်လမ်းလေး အနည်းဆုံး တစ်ခုလောက် တော့ ရှိဖူးကြမယ်ထင်ပါတယ်။ နွေရာသီရောက်လို့ အမှတ်တရ တွေ တွေးမိချိန်တိုင်း အမောပြေစေမဲ့ တစ်ချိန်တစ်ခါက ကြုံခဲ့ဆုံ ခဲ့ရသူလေးနဲ့ ခဏတာရိုမန့်စ်လေးပေါ့။ Last Summer ဆိုတဲ့ ဒီဇာတ်ကားလေးမှာလည်း Daniz ဆိုတဲ့ 16 နှစ်သား လူပျိုဝင်ခါစ ကောင်လေးတစ်ယောက်ရဲ့ နွေရာသီ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို ကြည့်ရှုရမှာပါ။ တူရကီနိုင်ငံက ရိုက်ကူးထားတာဖြစ်လို့ နွေဇာတ်လမ်းလေးနဲ့ အကိုက် ကမ်းခြေမှာ ဘစ်ကနီလေးနဲ့ တူရကီသူချောချောလေးတွေကိုလည်း တစ်ဝငေးရင်း Daniz တစ်ယောက်ရဲ့ နွေရာသီအချစ်ဇာတ်လမ်းလေးကို ကြည့်ရှု ခံစားလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thetti Tun ဖြစ်ပါတယ်) File Size……….(1.67 GB) / (753 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 41Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama, Romance Translator……Thetti Tun Encoder……….Zin Phyo Aung

6.3 2021 101 mins
Last Summer
Friday the 13th: The Final Chapter
6

Friday the 13th: The Final Chapter (1984) အပွဲပွဲနွှဲခဲ့တဲ့ ဂျေဆင်ဟာ ခု လေးကားမြောက်မှာတော့ ထင်မထားတဲ့သူလက်ချက်နဲ့ မရှုမလှ အသက်ထွက်ခဲ့ရပါတယ်။ တတိယကားမှာ ခရစ် လက်ချက်နဲ့ သေခဲ့ရသူ ဂျေဆင်ကို ရဲတွေက အခင်းဖြစ်ရာမှာ သေဆုံးခဲ့သူအဖြစ် ရင်ခွဲရုံကို ပို့လိုက်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တစ်နည်းနည်းနဲ့ ပြန်လာနေလေ့ရှိတဲ့ ဂျေဆင်က အအေးခန်းသေတ္တာထဲကနေ နိုးထလာပြီး ဝန်ထမ်းကိုသတ်ဖြတ်လို့ သူ့ရဲ့ ဘူမိဇာတိ ခရစ်စတယ်ရေကန်စခန်းကိုပဲ ပြန်သွားပါတယ်။ ဒီတော့ မောင်နှ‌မလေး နှစ်ယောက်ရယ် အမေရယ်၊ စခန်းလာချတဲ့လူငယ်တစ်အုပ်ရယ်နဲ့ ရေကန်တဝိုက်က စည်ကားလာပြန်တော့ ဂျေဆင်တစ်ယောက် အလုပ်ရှုပ်ရပြန်တာပေါ့။ တစ်ယောက်ပြီးတစ်ယောက် လှလှပပနဲ့ စနစ်တကျ သတ်ဖြတ်တတ်တဲ့ ဂျေဆင်ကို ကလေးအရွယ် တွန်မီရယ်၊ သူ့အစ်မရယ်၊ အခြားလူငယ်လေးတွေက ဘယ်လိုရင်ဆိုင်သွားတယ်ဆိုတာ ဂျေဆင် ဇာတ်ကားတွေရဲ့ အရသာအတိုင်း ကြည့်ရပါဦးမယ်နော်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်) Size – 3.3GB, 945MB Quality – 1080p, 720p IMDb Rating – 6/10 Format – mp4 Duration – 1H 31Min Genre – Horror, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

Action
6 1984
Friday the 13th: The Final Chapter
Feast

ဒီဖိလစ်ပိုင်မှုခင်းဇာတ်ကားလေးကတော့ ကားတိုက်ပြေးမှုတစ်ခုကြောင့် မိသားစုနှစ်ခုကြား ပတ်သက်ဆက်နွယ်ဖို့ ရှိလာတာကို အခြေခံရိုက်ကူးထားပါတယ် ချမ်းသာတဲ့မိသားစုက သားဖြစ်သူ ရာဖယ်က ဧည့်ခံပွဲအတွက် အဖေ အက်ဖရက်ဒိုတွာဇွန်နဲ့အတူတူ ဈေးဝယ်သွားကြရာကနေ အပြန်မှာ နီတာရဲ့ ယောကျ်ား မတ်ရှပ်စ် နဲ့သမီးလေးခတ်တို့စီးနင်းလာတဲ့ သုံးဘီးဆိုင်ကယ်ကို မတော်တဆတိုက်မိခဲ့ပါတယ်။ ရာဖယ်က ကြောက်လန့်လွန်းသွားတဲ့အတွက် အဖေဖြစ်သူက ကားမောင်းသူနေရာပြောင်းနေပြီးတော့ လမ်းပေါ်မှာ ဒဏ်ရာတွေနဲ့ရှိနေတဲ့ သူနှစ်ဦးကို ပစ်ထားခဲ့ကာ မောင်းပြေးခဲ့ကြပါတယ်။ သူတို့ဟာ ကားတိုက်မိပြီးထွက်ပြေးမိခဲ့တဲ့အတွက် ရှေ့နေနဲ့တိုင်ပင်ဆွေးနွေးခဲ့ကြကာ ရှေ့နေအကြံပေးခဲ့တဲ့အတိုင်း နစ်နာသူ မိသားစုမသိအောင် ဆေးရုံကုသစရိတ်များကို တိတ်တဆိတ် ပေးချေခဲ့ပေမယ့်လည်း မတ်ရှပ်စ်ဟာ ကိုမာဖြစ်ပြီး ကွယ်လွန်သွားခဲ့ရပါတယ်။ နီတာဟာ ကားမတော်တဆမှုကို အမှုဖွင့် တိုင်ကြားခဲ့တဲ့အတွက် အက်ဖရက်ဒိုတွာဇွန်ဟာ ထောင်ကျသွားခဲ့ပါတယ်။ ရာဖယ်တို့မိသားစုက နစ်နာသူ မတ်ရှပ်စ်ရဲ့ဇနီးနဲ့အတူနေမိသားစုကို ၎င်းတို့စားသောက်ဆိုင်မှာ အလုပ်ပေးထားခဲ့ပြီး စောင့်ရှောက်ထားခဲ့ပါတယ်။ ဆင်းရဲပေမယ့် ပျော်စရာကောင်းတဲ့မိသားစုအသိုက်အမြုံလေး ပျက်စီးသွားရတဲ့အပေါ် မတ်ရှပ်စ်ရဲ့ ခယ်မနဲ့ ဇနီး နီတာတို့က စိတ်ရင်းအမှန်နဲ့ ရာဖယ်တို့ မိသားစုကို ခွင့်လွှတ်ပေးနိုင်ပါ့မလား… ရာဖယ်တို့မိသားစုကရော တကယ်ပျော်ရွှင်နိုင်ပါ့မလားဆိုတာကို… ဒီဇာတ်ကားလေးမှာ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ် (အညွှန်းနဲ့ဘာသာပြန်ကတော့ Dao Phyo ဖြစ်ပါတယ်) Genre….. Crime, Drama Quality…. 1080p WEB-DL | 720p WEB-DL File size… 1.8GB | 907MB Format… mp4 Duration…. 1h 37min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Dao Phyo Encoder ….. Aaron

0 2023
Feast
Blood and Snow
5

သိပ္ပံစိတ်ကူးယဉ်ဇာတ်လမ်းဖြစ်သလို Horror အမျိုးအစားလည်းဖြစ်တဲ့ Blood And Snow ရုပ်ရှင်ကားကတော့ ၂၀၂၃ ခုနှစ်မှာ ထွက်ရှိထားတာ ဖြစ်ပါတယ်။ ဒါရိုက်တာ Jeese Palangio ရိုက်ကူးထားပြီး Michael Swatton ၊ Anne-Carolyne Binette ၊ Vernon Wells နဲ့ Simon Phillips အစ ရှိတဲ့သရုပ်ဆောင်တွေပါဝင်ထားပါတယ်။ ဇာတ်ကောင်တွေရဲ့များပြားလှတဲ့စကားပြောခန်းတွေ၊ ခြောက်ခြားစရာ အသံနောက်ခံတွေနဲ့ Horror ဇာတ်ကားကို အရှိန်မြင့်အောင်ဆွဲခေါ်သွားတဲ့ ရုပ်ရှင်မျိုးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ************** သိပ္ပံပညာရှင်နှစ်ယောက်ဟာ အာတိတ်ရေခဲပြင်ကြီးထဲကျရောက်ထားတဲ့ ဥက္ကာခဲတစ်ခုကို လာရောက်လျှို့ဝှက်လေ့လာရင်းကနေ တစ်ဦးက အသတ်ခံ လိုက်ရပြီး ကျန်တစ်ဦးကတော့ ကူးစက်ခံလိုက်ရပါတယ်။ ကပ်ပါးကောင်ပါလာမှန်းမသိဘဲ အသက်ရှင်ကျန်ရစ်တဲ့သိပ္ပံပညာရှင် မိန်းမငယ်လေးကို အနီးဆုံးစခန်းက လက်ခံစောင့်ရှောက်ထားရာကနေ စခန်းတွင်းမှာ မမျှော်လင့်ထားတာတွေဖြစ်ပျက်လာခဲ့ပါတယ်။ ဘာတွေဖြစ်နေလဲဆိုတာကိုနားလည်အောင်ကြိုးပမ်းကြရင်းကနေ သူတို့ ကယ်တင်လာတဲ့မိန်းကလေးဟာ အရင်ကတွေ့ခဲ့ဖူးတဲ့လူမဟုတ်တော့တာကို သိရှိလိုက်ရတဲ့အခါ ကပ်ပါးကောင်ကထိန်းချုပ်နေတဲ့မိန်းကလေးကို ရင်ဆိုင်ဖို့ ကြိုးစားကြရပါတော့တယ်။ File size…1.25GB Quality…WEB-DL 1080p HEVC Format…mp4 Duration….1h 54m Genre ….. Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

Comedy • Romance
5 2023 114 mins
Blood and Snow
Familyhood
6.3

Familyhood (2016) ***************** Comedy/ drama အမျိုးအစားလေးတစ်ခုဖြစ်တဲ့ familyhood ဇာတ်ကားလေးကတော့ အောင်မြင်မှုနဲ့ငွေကြေးအားလုံး ပိုင်ဆိုင်ထားပေမဲ့ သူ့ဘက်မှာအမှန်တကယ် ရပ်တည်ပေးမယ့်သူတစ်ယောက်မှ မရှိတဲ့ မင်းသမီးတစ်ယောက် သူ့ဘက်တော်သားဖန်တီးဖို့ ကလေးမွေးဖို့ရာ ကြိုးစားတဲ့အခါ ဖြစ်လာတဲ့ ဂယက်လေးတွေကို ဟာသအနေနဲ့ပုံဖော်ထားတာဖြစ်ပါတယ် .. Queen of umbrella ထဲက မင်းသမီးကြီး Kim Hye Soo, Penthouse ထဲက မင်းသမီး Kim Hyun Soo နဲ့ Train to busan ထဲက မင်းသားကြီး Ma Dong Seok တို့က အဓိကပါဝင်ထားလို့ cast တွေနဲ့တင် ကြည့်ရတာတန်နေတဲ့ Movie လေးဖြစ်မှာပါ .. ဇာတ်လမ်းအကျဉ်း ************** ဂိုဂျူယွန်း(Kim Hye Soo)ကတော့ Dating scandal ပေါင်းများစွာနဲ့ နာမည်ကြီးတဲ့အပြင် ထင်ရာစိုင်းတတ်တဲ့အကျင့်ကြောင့် ‘အရူးမ’လို့ လူသိများတဲ့ မင်းသမီးတစ်ယောက်ပါ .. ဖြောင်းဂူ(Ma Dong Seok)ကတော့ ဂိုဂျူယွန်းထင်ရာစိုင်းသမျှကို သည်းခံရင်း သူ့ရဲ့စတိုင်လစ်အနေနဲ့ အနှစ်၂၀ကျော်လက်တွဲလုပ်လာခဲ့တဲ့ သစ္စာရှိအခင်ဆုံးသူငယ်ချင်းတစ်ယောက်ပေါ့ .. ဒန်ဂျီ(Kim Hyun Soo)ဆိုတဲ့ အလယ်တန်းကျောင်းသူလေးကတော့ မိဘတွေမရှိတော့တဲ့နောက် အစ်မဖြစ်သူနဲ့ခက်ခက်ခဲခဲရှင်သန်နေရတဲ့အပြင် အသက်မပြည့်တဲ့ ကိုယ်ဝန်သည်တစ်ယောက် ဖြစ်လာတယ် .. ချစ်သူဖြစ်သူရဲ့ သစ္စာဖောက်မှုကို ခံလိုက်ရတဲ့ ဂျူယွန်းတစ်ယောက် သူ့ကိုသစ္စာမဖောက်ဘဲ ဘေးမှာအမြဲရှိပေးမယ့်သူကို စဉ်းစားလိုက်တဲ့အခါမှာ မိသားစုဖြစ်နေခဲ့တယ် .. အဲဒီလိုနဲ့ ကလေးယူဖို့ ကြိုးစားလိုက်ပေမဲ့ မရနိုင်တော့တဲ့ဂျူယွန်းက အလယ်တန်းကျောင်းသူ ကိုယ်ဝန်သည်ဒန်ဂျီကို တွေ့သွားခဲ့တယ် .. ဒန်ဂျီရဲ့ကလေးကိုမွေးစားဖို့ ဖြောင်းဂူနဲ့တိုင်ပင်ပြီး စာချုပ်ချုပ်ဆိုခဲ့ကြရာကနေ… အများပြည်သူဆီကနေ အာရုံစိုက်ခံနေရတဲ့ မင်းသမီးတစ်ယောက် ကိုယ်ဝန်ရတယ်ဆိုပြီး ဘယ်လိုဇာတ်လမ်းတွေခင်းသွားမလဲ…. ဒန်ဂျီနဲ့စာချုပ်မှာရော ဘယ်လိုပြဿနာတွေ ကြုံတွေ့ရမလဲဆိုတာကို ဟာသလေးတွေနှောထားတာမို့ ကြည့်ရှုခံစားလိုက်ပါဦးနော် .. (ဇာတ်လမ်းအကျဉ်းကို Vanessa မှ ရေးသားထားပါတယ်) File size…1.64GB / 768MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1 hr. 59 min. Genre ….. Comedy, Life, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Vanessa Encoded by AHtet

6.3 2016
Familyhood
Vampire Vs. Vampire
6.1

၁၉၈၉ခုနှစ်ကထွက်ခဲ့တဲ့ တရုတ်တစ္ဆေလေးကားကို အကြည်တင်ပေးလိုက်ပါပြီနော်။ ဒီကားလေးမှာတော့ တရုတ်တစ္ဆေလေးနဲ့ အနောက်တိုင်းဗန်ပိုင်းယားကောင်တို့တွေ့ကြတဲ့ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ ဆရာကြီးယိမေနဲ့ တစ်လွဲအမြဲလုပ်တဲ့တပည့်နှစ်ယောက်တို့က ရွာတစ်ရွာရဲ့ဖုန်းရွှေကိုလိုက်ကြည့်ပေးရင်း ရေတွင်းတူးဖို့ရေထွက်ရှာကြပါတယ်။ ဖုန်းရွှေတွက်ပြီးရေတွင်းတူးလိုက်တဲ့အခါ အလောင်းခြောက်တစ်လောင်းကိုတူးမိပါတယ်။ ဒီလိုနဲ့ရွာရဲ့ပြဿနာကိုဖြေရှင်းပေးရင်း သွေးစုပ်ဖုတ်ကောင်အ န္တရာယ်ကိုဖြေရှင်းပေးရဖို့ဖြစ်လာခဲ့ပါတယ်။ ဒီအဖြူကောင်ဗန်ပိုင်းယားကြီးက အရမ်းအင်အားကြီးတဲ့အတွက် ဆရာတပည့်(၃)ယောက်အပြင် တရုတ်တစ္ဆေလေးကပါ ကူညီပြီးတော့တိုက်ခိုက်ပေးရတဲ့ ဟာသဇာတ်ကားလေးဖြစ်ပါတယ်။

Thriller • Mystery • Crime
6.1 1989
Vampire Vs. Vampire
The Moonhunter
6.2

The Moonhunter (2001) ********************* MoonHunter တစ်နည်းပြောရရင် လမင်းကိုအမဲလိုက်မယ့်မုဆိုး၊ မဖြစ်နိုင်တာကိုမျှော်လင့်ရင်း ကြိုးစားနေတဲ့သူတစ်ယောက် စနစ်ဆိုးတစ်ခုကို တစ်ယောက်အားနဲ့တော်လှန်ဖို့ ကြိုးစားခဲ့တဲ့ ကျောင်းသားလေးတစ်ယောက်ရဲ့ တော်လှန်ခရီးကိုရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်… ဒီဇာတ်လမ်းလေးကတော့ ၁၉၇၃ ခေတ်သစ်ထိုင်းနိုင်ငံ‌ရေးသမိုင်းက အကြီးဆုံးဆန္ဒပြပွဲကြီးကို ဦးဆောင်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင်တစ်ယောက်နဲ့ ဆန္ဒပြပွဲအပြီး တော်လှန်ရေးသမားဘဝကို လုံးလုံးလျားလျားခံယူလိုက်ပြီးချိန် သူ့ရဲ့ဘဝခရီးကြမ်း… တော်လှန်ရေးအင်အားစုတွေကြားက အယူဝါဒီကွဲပြားမှုတွေနဲ့ စိတ်ဝမ်းကွဲမှုတွေ ပြည်ပရဲ့သက်ရောက်မှုတွေ၊ အဖွဲ့အစည်းတွေရဲ့ အကျင့်ပျက်ခြစားမှုတွေ… ကလောင်တံကနေ သေနတ်ကိုင်တဲ့အထိ အတူလိုက်ပါခဲ့တဲ့ချစ်ရသူနဲ့အတူ တော်လှန်ရေးသမားတစ်ယောက်ရဲ့ ပေးဆပ်မှုတွေ စတေးခံမှုတွေနဲ့ ဖယောင်းလမ်းမဟုတ်တဲ့ ခယောင်းလမ်းပေါ်က သူတို့တွေရဲ့ဘဝကို တစ်စွန်းတစ်စရိုက်ပြထားတာပဲဖြစ်ပါတယ်… ဇာတ်လမ်းအညွှန်းနှင့် ဘာသာပြန်သူကတော့ Mary ဖြစ်ပါတယ်… File Size : 4.12GB / 1.4GB Quality : WEB-DL 1080p / 720p Duration : 1h 47m Genres : Biography, Drama, History, War Subtitle : Myanmar Subtitle (Hard Sub) Translated by Mary Encoded by Heather Oo

Comedy
6.2 2001 122 mins
The Moonhunter
Beatdown
4.5

Beatdown (2010) IMDb Rating (4.5) / Rotten Tomatoes (29%) ဘရန်ဒန်က Street fight တွေထိုးတဲ့ ဖိုက်တာတစ်ယောက်။ သူ့အကိုနဲ့အတူ Street fight တွေလိုက်ထိုးတယ်။ သူ့အကိုကတော့ အလောင်းကစားသမား မြင်းပွဲတွေလောင်းရတာကြိုက်တဲ့သူ။ သူတို့ညီအကိုနှစ်ယောက်တည်းနေရပြီး ဂန်းစတားတစ်ယောက်ဆီက ပိုက်ဆံချေးထားတာတွေရှိတယ်။ သူ့အကိုကလည်း မြင်းပွဲလောင်းဖို့ အဲဒီဂန်းစတားဆီမှာ ပိုက်ဆံတွေချေးထားတယ်။ တစ်ညမှာ သူ့အကိုက အသတ်ခံလိုက်ရတယ်။ သူ့အကိုအသတ်ခံလိုက်ရတဲ့အချိန် ဂန်းစတားဆီမှာက အကြွေး ဒေါ်လာ ၆၀၀၀၀ ရှိနေပြီ။ ဂန်းစတားက အကြွေးပြန်ဆပ်ဖို အချိန်တစ်ပတ်ပေးတော့ ညီဖြစ်သူ သူ့အဖေရှိတဲ့တောမြို့လေးကိုရှောင်လာတယ်။ အဲဒီမှာအလုပ်လုပ်ရင်း လုပ်ဖော်ကိုင်ဖက်တစ်ယောက်နဲ့ Street fight တွေမှာ ပိုက်ဆံရှာကြတာကိုကြည့်ရမှာဖြစ်ပါတယ်။ Fight scene မြိုင်မြိုင်ဆိုင်ဆိုင်လေးနဲ့မို့ ဘွိင်ကာတို့လို Vibe မျိုးကြိုက်သူတွေအတွက်ကတော့ မပျင်းရမှာအသေအချာပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ linmyat hein ဖြစ်ပါတယ်။) File size…(1.7 GB) / (950 MB) Quality….Blu-Ray 1080p / 720p Format…. mp4 Genre….Action,Adventure,Thriller Duration….01:30:27 Subtitle….Myanmar Subtitle (Hardsub) Encoder….Thit San Khant Translated by linmyat hein

Action • Drama
4.5 2010 89 mins
Beatdown