YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

The Blue Whisper E35 CM.mp4

291.73 MB N/A video/mp4 1730 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Black Clover: Sword of the Wizard King
8.4

Black Clover: Sword of the Wizard King (2023) ================================== IMDb Rating - 7.7/10 Black Clover ကို Anime fan အတော်များများသိပြီးဖြစ်ပါလိမ့်မယ်။ Manga ကနေ Anime Adaptation လုပ်ထားတဲ့ Shounen type anime series ပါ။ Season 4ခုထိ ထွက်ရှိထားပြီး Manga ရော Anime ရော အတန်အသင့်အောင်မြင်မှုရရှိထားပါတယ်။ ယခု Sword of the Wizard King ဆိုတဲ့ Movie တစ်ခုထွက်ရှိလာ ပါတယ်။ ပါဆင်နယ်အမြင်အရ အစောပိုင်းထက် Animation ကပိုမို ကောင်းမွန်လာတယ်လို့ မြင်မိပါတယ်။ Shounen တို့ထုံးစံအတိုင်း အိပ်မက်အကြီးကြီးနဲ့ ကောင်လေးတစ် ယောက်အကြောင်းပေါ့။ ကြည့်ဖူးပြီးသား Black Clover fan တွေ အတွက်တော့ အထူးတလည် ညွှန်းစရာတောင်လိုမယ်မထင်ပါဘူး။ ကြည့်ရတာတန်ပါတယ်။ ကျွန်တော်တို့ရဲ့အချစ်တော် စစ္စတာရဲ့အငြင်း ခံ‌လေး အာပြဲအက်စ်တာတစ်ယောက် ဒီ Movie ထိရောက်တာတောင် အရပ်မရှည်လာ‌သေးပါဘူး။ ယူနိုကတော့ ပိုပိုချောလာ..အဲလေ..ပိုရင့် ကျက်လာပါတယ်ပေါ့။ ဒီ Movie ထဲမှာ အရင်မှော်ဝိဇ္ဇာဘုရင်ဟောင်းတွေက ဗီလိန်အဖြစ်ပါ လာမှာမို့ Blattle ကောင်းကောင်းတွေကို တဝကြီးကြည့်ရမှာပါ။ မှော် စွမ်းအားအရ Next Level မှာရှိနေတဲ့ မှော်ဝိဇ္ဇာဘုရင်ဟောင်းတွေကို အက်စ်တာတို့ Magic Knights တွေဘယ်လိုရင်ဆိုင်ကြရမလဲဆိုတာ ကြည့်ရှုခံစားလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်) File Size..........(2.76 GB) / (1.1 GB) / (711 MB) Quality............WEB-DL 1080p / 720p / 480p Duration.........1Hr 50Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Animation, Action, Adventure Translator.......Ngwe Zin Encoder..........Zin Phyo Aung

Mystery • Thriller
8.4 2023 113 mins
Black Clover: Sword of the Wizard King
cars on the road

ဒီ စီးရီးလေးကတော့ ကမ္ဘာကျော်ကာတွန်းတစ်ခုဖြစ်တဲ့ Cars ကိုပဲ ဇာတ်လမ်းတွဲအဖြစ် ပြန်လည်တင်ဆက်ထားတာပါ။ စုစုပေါင်း ၉ ပိုင်းပါပြီ တစ်ပိုင်းကို ၁၀ မိနစ်ပဲ ကြာပါတယ်။ ဒါကြောင့် ကိုယ့်လူတွေ ဒေါင်းရသက်သာအောင် ၉ ပိုင်းလုံးကို ဆက်ပြီး မိနစ် ၉၀ အဝကြည့်လို့ရအောင် ဖန်တီးပေးထားလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ လိုက်တနင်းမကွင်းရဲ့ အခင်ဆုံးသူငယ်ချင်း မိတ်တာဟာ သူ့အစ်မရဲ့ မင်္ဂလာဆောင်ရှိလို့ ခရီးဝေးကြီးကို တစ်ယောက်တည်းမောင်းနှင်သွားဖို့ အစီအစဉ်ရှိလာပါတယ်။ အဲဒီမှာ မကွင်းကလည်း အားလပ်ရပ်ခရီးသဘောမျိုး အဖော်လိုက်လာတဲ့အခါ သူငယ်ချင်းနှစ်ကောင် တစ်လမ်းလုံး အလွဲမျိုးစုံရယ်စရာမျိုးစုံ တွေ့လာရပါတော့တယ်။ The Shinning ကို ကိုးကားထားတဲ့ သရဲခြောက်တဲ့ဟိုတယ်ကြီးတွေ၊ ဂျူရက်ဆစ်ဝါးဒ် တို့ ဘစ်ဂ်ဖု တို့ တွေကိုပါ ထည့်သွင်းဇာတ်လမ်းဆင်ထားတာမို့ အတော်လေး ကြည့်ကောင်းတဲ့ စီးရီးဖြစ်သွားပါတယ်။ ခံစားကြည့်လိုက်ကြပါဦး File size…(2.3 GB)/(800 Mb)/(300 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….90 Min Genre...Animation Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr. Anderson

Action • Fantasy
null 2022
cars on the road
Nenjuku Needhi
7.5

“လူသားအားလုံး သာတူညီမျှ ဖြစ်သွားရင် ဘယ်သူက အုပ်ချုပ်မင်းလုပ်မှာလဲ…တဲ့ လူသားအားလုံးဟာ သာတူညီမျှ အခွင့်အရေးရသင့်ကြောင်း တွေးခေါ်နိုင်စွမ်းရှိတဲ့သူပေါ့ဗျာ” ကမ္ဘာအနှံ့မှာ လူ့အခွင့်အရေးအရ သာတူညီမျှဖြစ်နိုင်ဖို့ ယနေ့ထိတိုင် Ideology Revolution တွေ ဆင်နွှဲနေရဆဲပါ။ ပဒေသရာဇ်စနစ်တော်လှန်ရေးမှစပြီး ယနေ့ LGBTQ+ အခွင့်အရေးတွေအထိ ကျွန်တော်တို့ လူသားတွေ တော်လှန်ခဲ့ကြရာ သာတူညီမျှ အခွင့်အရေးရှိတဲ့ လူ့အဖွဲ့အစည်းဟာ တဖြည်းဖြည်းနဲ့ ရုပ်လုံးပေါ်လာခဲ့ပါပြီ။ သို့ပေမဲ့ ကျွန်တော်တို့နိုင်ငံအပါအဝင် ကမ္ဘာ့ဒေသတချို့မှာလည်း ခွဲခြားဆက်ဆံခံရမှုတွေ ရှိနေဆဲဖြစ်ပါတယ်။ အဲ့ဒီအထဲကမှ အိန္ဒိယနိုင်ငံဟာ လူတန်းစားခွဲခြားမှုကြီးမားပြီး ဇာတ်နိမ့်၊ ဇာတ်မြင့် စသဖြင့် အမျိုးမျိုး ခွဲခြားဆက်ဆံတဲ့ ပြဿနာဟာ ယနေ့ထိတိုင် ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းလေးကတော့ အိန္ဒိယနိုင်ငံရဲ့ဇာတ်ခွဲခြားမှုအပေါ် အခြေခံပြီး လူ့အခွင့်အရေးအတွက် လှလှပပ တင်ဆက်ထားတဲ့ ဇာတ်ကားကောင်း ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ================ ဗီဂျာယာရာဂါဗန်ဟာ နိုင်ငံခြားကနေ ပြန်လာပြီးနောက် အိန္ဒိယနိုင်ငံ ရဲတပ်ဖွဲ့မှာ စတင်တာဝန်ထမ်းဆောင်မယ့် ရဲအရာရှိတစ်ယောက်ပါ။ နယ်ဘက်ကို တာဝန်ကျတဲ့အခါမှာတော့ လူတန်းစားခွဲခြားမှုတွေကို သိရပြီး ကသိကအောင့် ဖြစ်ရတာပေါ့။ တာဝန်ထမ်းဆောင်ရင်း တစ်နေ့မှာတော့ ပျောက်ဆုံးနေတဲ့ ဇာတ်နိမ့်အမျိုးသမီးငယ် ၃ ဦးထဲမှာ ၂ ဦးကို သေဆုံးလျက် တွေ့ရပြီး နောက်ကျန်တဲ့တစ်ဦးကိုတော့ သဲလွန်စ အစတောင် ရှာမရဘဲ ဖြစ်နေပါတယ်။ အာဒီတီဟာ လူ့အခွင့်အရေးအတွက် ဆောင်းပါးတွေရေးတဲ့ အိန္ဒိယအမျိုးသမီးလူငယ်ဖြစ်ပါတယ်။ ဗီဂျာယာရာဂါဗန်ရဲ့ ချစ်ဇနီးဖြစ်ပြီး ဇာတ်နိမ့်အမျိုးသမီး သုံးဦးအမှုမှာ လူ့အခွင့်အရေးအတွက် ရပ်တည်သူပီပီ အမှုမှန်ပေါ်ပေါက်ဖို့အရေး အစွမ်းကုန် ဗီဂျာယာရာဂါဗန်ကို ကူညီပေးမှာ အသေအချာပါပဲ။ ကူမာရန်ကတော့ ဇာတ်နိမ့်လူတန်းစားရဲ့ ခေါင်းဆောင်ဖြစ်ပြီး Revolution ကို ဦးဆောင်နေသူပါ။ ပျောက်ဆုံးနေတဲ့ အမျိုးသမီးငယ်သုံးဦးထဲမှာ သူ့ရဲ့ ညီမ ပါဝင်တာမို့ ယူကျုံးမရဖြစ်ပြီး ဒီအမှုကို သူ့နည်းသူ့ဟန်နဲ့ ဖော်ထုတ်ဖို့ ကြိုးစားလာနိုင်ပါတယ်။ ဒီအမှုက ရိုးရှင်းရဲ့လား…? နောက်ကွယ်မှာ ဘာတွေ ပါဝင်ပတ်သက်နေဦးမလဲ…? တွေးခေါ်စရာတွေ ငြင်းခုန်စရာတွေ အပြည်နဲ့ “ငါရော လူသားဆန်ရဲ့လား” ဆိုတဲ့ အဖြေကို ဖြေကြည့်ဖို့ အကောင်းဆုံးဇာတ်လမ်းတစ်ပုဒ်ဖြစ်ပြီး ကြည့်ရှုပြီးရင်တော့ အတွေးအခေါ်ကို တိုးတက်စေမှာ အသေအချာပါပဲ။ File size…1.9GB  / 1GB Quality…1080p True WEB DL  / 720p Format…mp4 Duration….2h 18m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thet Ko & Kham Mon & OeliuJ & Sora

7.5 2022 140 mins
Nenjuku Needhi
Retribution
6.2

ဂျပန်ရဲ့ David Cronenbergလို့တင်စားကြတဲ့ ဂျပန်horrorမှာနာမည်ကြီး ဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ Kiyoshi Kurosawaရိုက်ကူးထားတဲ့ horror/mysteryရုပ်ရှင်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ စုံထောက်တစ်ယောက်ဖြစ်တဲ့ "ခိုးဂျိ ရခုရှော"ဟာ ကမ်းစပ်မြို့တစ်ခုမှာ တာဝန်ကျနေပြီး လူသတ်မှုတွေကို လိုက်လံစုံစမ်းနေပါတယ်။ ငလျင်လှုပ်ပြီးတဲ့တစ်နေ့မှာတော့ အပျက်အစီးပုံတွေကြားမှာ သေဆုံးနေတဲ့မိန်းမတစ်ယောက်ကို တွေ့လိုက်ရပါတယ်။ သူ့ကို ဆားငန်ရေထဲ နှစ်သတ်ပြီးမှ လာရောက်စွန့်ပစ်ထားပုံ ရတာမို့ ဒီအမှုကို ဆက်စုံစမ်းခဲ့ပါတယ်။ ဒါပေမဲ့ အမှုရဲ့ သဲလွန်စတွေက သူကိုယ်တိုင်ကိုပဲ တရားခံအဖြစ် ညွှန်ပြနေပြီး သူလည်းဘာမှမမှတ်မိတာမို့ အကျပ်ရိုက်နေပါတယ်။ မကြာခင်မှာပဲ အသတ်ခံထားရတဲ့ ကျောင်းသား အလောင်းတစ်လောင်း ထပ်ပေါ်လာပါတယ်။ သူ့ကိုလည်း စစ်ဆေးတဲ့အခါမှာလည်း ဆားငန်ရေတွေတွေ့ရပြီး ကြိုးနဲ့ချည်ခံထားရပရပုံပေါက်တာမို့ လူသတ်သမားက ကွင်းဆက်လူသတ်သမားဖြစ်နိုင်ခြေများလာပါတယ်။ ဒီအမှုတွေကို စုံစမ်းနေစဉ်မှာပဲ သူ့အနားကို ဝတ်စုံနီဝတ်ထားတဲ့ သရဲမက အမြဲရောက်လာပြီး နှောင့်ယှက်တာကို ခံနေရပါတယ်။ သူ့ကို အမြဲနှောင်ယှက်နေတဲ့ သရဲမနဲ့ ဒီအမှုတွေက ဘယ်လိုဆက်စပ်ပြီး ဘာကြောင့် စုံထောက်ကိုပဲ အမြဲတမ်းနှောင့်ယှက်နေရလဲဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲ အဖြေရှာကြရအောင်ပါ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူက‌တော့ Ingyin San ပါ ) File Size__(1.8GB) Quality__1080p, 720p IMDb Rating__6.3/10 Format__mp4 Duration__01:44:00 Type__Horror, Mystery, Thriller Subtitle__Myanmar Subtitle (Hardsub) Translated by Ingyin San Encoded by Naing Aung Latt

Adventure • Family • Fantasy
6.2 2006 104 mins
Retribution
Speak No Evil
6.7

ဥရောပ ဟော်ရာ ရုပ်ရှင်အသစ်တစ်ကားလောက် ကြည့်ရအောင်။ ဆုတွေလည်းရထားပြီး ပရိသတ်တွေလည်း ကြိုက်တဲ့သူနဲ့မကြိုက်တဲ့သူ နှစ်ခြမ်းကွဲနေတဲ့ ရုပ်ရှင်တစ်ခုပါပဲ။ ဒါရိုက်တာ စဉ်းစားစရာ၊ တထိတ်ထိတ်ဖြစ်စရာ၊ အားမလိုအားမရဖြစ်စရာ၊ နိမိတ်ပုံတွေနဲ့ ပရိသတ်တွေကိုပုံမှန်မဟုတ်တဲ့ ခံစားချက်မျိုး ပေးထားတာပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ ရိုးရှင်းပါတယ် သမီးလေးတစ်ယောက်ရှိတဲ့ ဒိန်းမတ် မိသားစုတစ်စုဟာ၊ စကားမပြောတတ်တဲ့ သားလေးတစ်ယောက်ရှိတဲ့ နယ်သာလန်မိသားစုတစ်စုနဲ့ ရင်းနှီးခဲ့တယ်။ နောက်တော့ နယ်သာလန်ကို အလည်လာဖို့ ဖိတ်တဲ့အတွက် ကျေးလက်အိမ်လေးဆီကို မိသားစုလိုက် သွားလည်ကြတယ်ပေါ့။ နောက်တော့ အဲဒီမိသားစုနှစ်စု ဘာဆက်ဖြစ်မလဲဆိုတာ လှည့်ကွက်တွေနဲ့ ဆက်ကြည့်ရမှာပါပဲ။ File size…1GB / 500MB Quality…1080p WEB RIP / 720p Format…mp4 Duration….1h 37m Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit San Khant Translated by Mr.Anderson

Action • Crime • Thriller
6.7 2022 97 mins
Speak No Evil
Ramon
7.1

Ramon (2023) ~ IMDb rating - 7/10 ~ ရိုမေးနီးယားထုတ် ဟာသဇာတ်ကားတစ်ကားဖြစ်ပြီး ရုပ်ရှင်ခေါင်းစဉ်အတိုင်း ရာမွန်ဆိုတဲ့ သူကို ဇာတ်အိမ်တည်ပြီး​တော့ ရိုက်ကူးထားတာပါ။ ရာမွန်ဆိုတာကတော့ ရိုးသားကြိုးစားလှတဲ့ တောသားလေးပေါ့။ သူဟာ ငယ်ငယ်ကတည်းက အရမ်းကိုစိတ်ကောင်းရှိပြီး သူများတွေကို ကူညီတတ်တဲ့သူမျိုးပါ။ ဒါပေမဲ့ "စေတနာကနေ ဝေဒနာ" ဆိုသလို သူကတော့ ကူညီပေးလိုက်ပေမဲ့ သူများတွေအတွက်တော့ ဒုက္ခပေးသလို ဖြစ်ဖြစ်သွားတတ်ပါတယ်။ ဒီလိုနဲ့ပဲ တစ်နေ့တော့ သူဟာသူ့ ဖူးစာရှင်ကိုပိုးပန်းဖို့အတွက် ဘူခါရက်စ်ကို ရှာပုံတော် ထွက်သွားပါတော့တယ်။ ဘူခါရက်စ်မှာ ရာမွန်တစ်ယောက် ဘယ်လိုဒုက္ခမျိုးစုံနဲ့ ကြုံတွေ့ရဦးမလဲ၊ ဘယ်သူတွေကို ကူညီသွားဦးမှာလဲဆိုတာကို ရယ်မောဖွယ် ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ IMDB မှာ 7/10 အထိရရှိထားပြီးတော့ ဇာတ်လမ်းကလည်း အရမ်းကြီး Serious မဖြစ်သလို အရမ်းလည်းပေါတောနေတာ မဟုတ်တဲ့အတွက် စိတ်အပန်းဖြေချင်သူများအတွက် အသင့်တော်ဆုံးဇာတ်ကားပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.8GB, 770MB Quality - 1080p, 720p IMDb Rating - 7/10 Format - mp4 Duration - 1H 36Min Genre - Action, Comedy Subtitle - Myanmar Subtitle (Hardsub) Translated by Mark Encoded by Y

Action • Horror • Thriller
7.1 2023 96 mins
Ramon
Incantation
6.5

Incantation (2022) Netflix က ဖြန့်ချီပြီး 2022ခုနှစ်အတွင်း ထိုင်ဝမ်ရဲ့ ရုံဝင်ငွေ အကောင်းဆုံး ရုပ်ရှင်ကားလည်းဖြစ်၊ ထိုင်ဝမ်သမိုင်း တစ်လျှောက် ရုံဝင်ငွေအကောင်းဆုံး horror ကားတစ်ကားလည်းဖြစ်နေပြီး၊ ကောင်းမွန်တဲ့ သုံးသပ်ချက်တွေ ရရှိထားတဲ့ ထိတ်လန့်သည်းဖို horror ကားတစ်ကားပါ။ လီရိုနန်ဟာ မိဘမဲ့ဂေဟာကို ပေးခဲ့တဲ့ ငါးနှစ်အရွယ် သူ့သမီးလေး ဒိုဒိုကို အုပ်ထိန်းခွင့်ပြန်လည်ရရှိဖို့အတွက် စောင့်ကြည့်ကာလအတွင်းမှာ သူ့အိမ်ကိုခေါ်ထားခွင့်ရလိုက်ပါတယ်။ အချိန်အတော်ကြာ ခွဲခွာခဲ့ရတာလည်းဖြစ်ပြန်၊ အတိတ်က ဖြစ်ရပ်တွေရဲ့ ခြောက်လှန့်မှုဒဏ်တွေကို ခက်ခက်ခဲခဲ ကျော်ဖြတ်ခဲ့ရတဲ့ တစ်ကိုယ်တော် မိခင်တစ်ယောက်လည်းဖြစ်နေရှာတော့ အုပ်ထိန်းခွင့်ပြန်ရဖို့ကို ကောင်းကောင်းလုပ်နိုင်ပါ့မလားဆိုပြီး ရိုနန်တစ်ယောက် စိုးရိမ်နေရရှာပါတယ်။ စောင့်ကြည့်ကာလ ဖြစ်တာကြောင့် ပိုပြီး အဆင်ပြေအောင် နေပြရပါမယ်ဆိုမှ သမီးလေးဒိုဒိုမှာ ထိတ်လန့်စရာ ဖြစ်ရပ်တွေ ကြုံနေရပါတယ်။ သူ့သမီး ကြုံနေရတဲ့ ဖြစ်ရပ်တွေဟာ လွန်ခဲ့တဲ့ခြောက်နှစ်က တားမြစ်ထားတဲ့ အရာတစ်ခုကို သူလုပ်ခဲ့မိတဲ့ အကျိုးဆက်ရဲ့ ကျိန်စာတွေ ဖြစ်နေပြီး အဲ့အရာကို သိရှိသူတိုင်းဟာ ကြမ္မာဆိုးနဲ့ အဆုံးသတ်ရစမြဲဖြစ်တာကြောင့် ကျိန်စာဆိုးကနေ သမီးဖြစ်သူကို ကယ်တင်ဖို့ကြိုးစားရင်း … ဇာတ်လမ်း‌ကောင်းကောင်းနဲ့ သေသပ်တဲ့ သရုပ်ဆောင်ချက်တွေကို ကောင်းမွန်တဲ့ ဖန်တီးမှုနဲ့အတူ ဇာတ်လမ်းကို ဆွဲခေါ်သွားတာဖြစ်လို့ သာမာန်သရဲကားတွေထက်တော့ သေချာပေါက်ပိုမဲ့ Horror ကားကောင်းတစ်ကားပါပဲ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Moe Lay ပါ။) File Size : 2.9GB, 1GB & 444MB Quality : 1080p WEB-DL AC3 5.1CH, 720p WEB-DL & 480p Format : mp4 Duration : 1hr & 50mins Genre : Horror Translated by Moe Lay Encoded by Kinnov

Drama
6.5 2022
Incantation
Babysitting
6.7

Babysitting (2014) =============== IMDb Rating – 6.7/10 Babysitting ကလေးထိန်းတဲ့ရုပ်ရှင်ကားလေးပေါ့။ မှိုလိုပေါက်နေတဲ့ ကလေးထိန်းကားတွေလို ပိစိညှောင့်တောက်လေးကို ထိန်းရမှာမဟုတ် ဘူးဗျ၊ ၉နှစ် ၁၀ နှစ်ဆိုဒ်ကို ထိန်းရမယ့် adventure ဆန်ဆန်ရုပ်ရှင်ကား လေးပါ။ ပေါ့ပေါ့ပါးပါးလေးနဲ့ တကယ်ကြည့်လို့ကောင်းပါတယ် ။ ဖရန့်က ကာတွန်းဆွဲဖို့အရူးအမူးဝါသနာပါပြီး ကာတွန်းဆွဲတာ ဘယ်လောက်ပဲ တော်တော် သူ့သူဌေးက သူ့ကိုရှိမှန်းတောင်မသိပါဘူး။ ဖရန့်က သူဌေးကို ဝင်မိတ်ဆက်မယ်ဆိုပြီး ရုံးခန်းထဲတိုးဝင်တာနဲ့ပဲ သူဌေးက မျက်မှန်းတန်းမိ သွားပါတယ်။ ဖရန့်ရဲ့ဘဝကြီးကို ဇောက်ထိုးဖြစ်အောင်လုပ်မယ့်နေ့ပေါ့။ အဲ့ဒီနေ့မှာ သူ့သူဌေးက ပါတီပွဲတက်စရာရှိလို့ အိမ်မှာကလေးထိန်းဖို့ ဖရန့်ကိုကမ်းလှမ်းလာပါတယ်။ ဖြစ်ချင်တော့ အဲ့ဒီနေ့က သူ့မွေးနေ့ ၊ ဘဝ တစ်ဆစ်ချိုး အသက်(၃၀)ပြည့်တဲ့မွေးနေ့။ ဒါပေမဲ့ သူလက်ခံခဲ့ပါတယ်.. သူ့အိမ်မက်တွေရှိသေးတယ်လေ။ ဂျစ်ကန်ကန် ကလေးကို ထိန်းရမယ့်အပြင် သူ့မိတ်ဆွေတွေကလည်း မွေးနေ့ပါတီကို ဘော်ဒါ စိတ်အပြည့်နဲ့ ဖန်တီးခဲ့တာဆိုတော့ ဖရန့်တစ်ယောက် ဘယ်လိုတွေတိုင်လည်မလဲ၊ ကလေးနဲ့ဘယ်လို လုံးပါးပါးမလဲ ဆိုတာကိုတော့ ဆက်ကြည့်လိုက်ပါတော့နော်။ ရယ်ရယ်မောမောနဲ့ပေါ့ပေါ့ ပါးပါးကြည့်ရှုရမယ့်ကားလေးဖြစ်တာမို့ မိသားစုနဲ့အတူ ကြည့်ရှုအပန်းဖြေနိုင်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်)

Action • Adventure • Fantasy
6.7 2014
Babysitting
Rosario Tijeras
6.3

IMDb 6.3 ၊ ခရမ်းချဉ်သီး 81 % rating တွေနဲ့အတူ TV series ရော movie ရောထွက်ထားရတဲ့အထိ အောင်မြင်ထားတဲ့ Columbia ရုပ်ရှင်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်ဗျာ.. ရိုဆာရီယိုလို့ခေါ်တဲ့ မိန်းကလေးတစ်ယောက်ရဲ့ဘဝကို အကြောင်းစုံကြိုးခုန်အောင် ဇာတ်လမ်းဆင်ထားထာပါ။ အရမ်းချော အရမ်းလှ အရမ်းကြမ်း အရမ်းလန်းတဲ့ မမရိုဆာရီယိုက သူ့ကိုယ်သူတောင်မသိလိုက်ဘဲနဲ့ ပတ်ဝန်းကျင်ကြောင့် လမ်းမှားဘက်ရောက်ခဲ့ရသူလေးပါ။ Broken မိသားစုကနေမွေးဖွားလာပြီး ပထွေးဖြစ်သူရဲ့အနိုင်ကျင့်မှုကိုခံခဲ့ရပါတယ်။ အဲ့ဒီအချိန် သူ့အတွက်အားကိုးစရာဆိုလို့ သူ့အစ်ကိုဂျွန်ဟီဖီကပဲ စောင့်ရှောက်ခဲ့ရတာပါ။ အရွယ်ရောက်လာတော့လည်း လမ်းပေါ်မှာကြီးပြင်းခဲ့တဲ့သူတွေအတိုင်း ပိုက်ဆံရဖို့အတွက် မကောင်းတာမှန်သမျှလုပ်ခဲ့ရသူလေးပေါ့။ ပျော်ရွှင်မှုဆိုတာ ဘယ်လိုပုံစံလဲဆိုပြီး မေ့သွားခဲ့တဲ့ ရိုဆာရီယိုတစ်ယောက် လူကုံထံအသိုင်းအဝိုင်းထဲက သူငယ်ချင်းနှစ်ဦးနဲ့တွေ့ဆုံပြီးနောက်မှာ ဘယ်လိုတွေဇာတ်ခင်းဦးမလဲ? ဘယ်လိုရှုပ်ထွေးမှုတွေနဲ့ ကြုံတွေ့ရဦးမလဲဆိုတာ ဆက်ပြီးကြည့်ရှုလိုက်ပါတော့နော်…. File size… 3.4 GB / 1.3 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 2h 6m Genre ….. Crime , Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by JoJoVa

Drama
6.3 2005 126 mins
Rosario Tijeras
Something in the Water
5.5

Something in The Water ကတော့ နာမည်အတိုင်း ရေထဲမှာရှိနေတဲ့အရာတစ်ခုခုဟာ ငါးမန်းဆိုတာကို ရုပ်ရှင်ကြည့်ပရိသတ်တွေရိပ်မိကြမှာပါ။ ၂၀၂၄ မေလ ၃ ရက်ကမှထွက်ရှိထားတဲ့ငါးမန်းရုပ်ရှင်သစ်က Mystery ၊ Thriller အမျိုးအစားဖြစ်ပြီး ပင်လယ်ထဲကို စွန့်စားခန်းထွက်မယ့်ဇာတ်ကောင်တွေက အမိုက်စား ကောင်မလေးငါးယောက်ဖြစ်တဲ့အတွက် ပရိသတ်တွေကို ဆွဲဆောင်နိုင်မယ့်ဇာတ်ကားတစ်ခုပါပဲ။ ဇာတ်လမ်းအကျဉ်း *************** မက်ဂ်၊ လစ်ဇီ၊ ကမ်၊ ရု့သ်နဲ့ကေလာတို့သူငယ်ချင်း ငါးယောက်ဟာ တစ်ယောက်အကြောင်းတစ်ယောက် အတွင်းကျကျသိရှိထားကြတဲ့ အချစ်ဆုံးသူငယ်ချင်းတွေ ဖြစ်ပါတယ်။ သူတို့ထဲက မက်ဂ်နဲ့ကေလာကတော့ တစ်ဘဝလုံးစာအထိရည်ရွယ်ထားကြတဲ့လိင်တူချစ်သူတွေ ဖြစ်ပါတယ်။ တစ်ရက်မှာတော့ လစ်ဇီကို ကမ်ရဲ့အစ်ကို ဖြစ်တဲ့ဒွန်က လက်ထပ်ခွင့်တောင်းလိုက်တဲ့အတွက် မင်္ဂလာဆောင်ကို ကမ်းခြေမှာသွားလုပ်ဖို့စီစဉ်ခဲ့ကြပါ တော့တယ်။ လစ်ဇီရဲ့မင်္ဂလာဆောင်အတွက် ပြဿနာ တွေကြောင့်ခဏတာဝေးကွာနေတဲ့မက်ဂ်နဲ့ကေလာလည်း ကမ်းခြေကိုရောက်ရှိလာခဲ့ပါတယ်။ လစ်ဇီရဲ့မင်္ဂလာဆောင် မတိုင်မီတစ်ရက်မှာတော့ ကမ်က ဟိုတယ်ရဲ့လှေနဲ့အလည် အပတ်ခရီးကိုမလိုက်ဘဲ လှေငယ်လေးတစ်စီးနဲ့ပင်လယ်ထဲကို သူငယ်ချင်းငါးယောက်စွန့်စားခန်းထွက်ဖို့လုပ်ပါတော့တယ်။ ခရီးစဉ်ရဲ့တကယ့်ရည်ရွယ်ချက်က မက်ဂ်နဲ့ကေလာကို ပြန်တွဲအောင်လုပ်ပေးဖို့ဖြစ်တာကြောင့် ဝေးလံတဲ့နေရာက လူမရှိတဲ့ကျွန်းတစ်ခုအထိသွားခဲ့ကြပါတယ်။ အစောပိုင်းမှာ အဆင်ပြေနေခဲ့ပေမယ့် သူတို့ရောက်နေတဲ့ရေပိုင်နက်ဟာ ငါးမန်းတွေကျက်စားရာနေရာမှန်းသိလိုက်ရတဲ့အခါမှာတော့ သူငယ်ချင်းငါးယောက်ဟာ မင်္ဂလာပွဲအတွက် အိမ်ပြန်နိုင်ဦး မှာလားဆိုတာ ဆက်လက်ကြည့်ရှု့ခံစားရမှာပဲဖြစ်ပါတယ်။ File size…2.59GB/ 1.24GB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 26m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

5.5 2024 86 mins
Something in the Water
A Million Days

Rust Creek, Sea Fever, The Misfits, We Hunt Together, Mission: Impossible – Rogue Nation တို့ထဲက မင်းသမီးချောလေးဖြစ်တဲ့ Hermione Corfieldနဲ့အတူ Knightfall, Invisible Eyes, The Winter Kingတို့ထဲ မင်းသား Simon Merrellsတို့နှင့်တကွ London Has Fallen, The Letter for the King, The Dark Crystal: Age of Resistanceတို့ရဲ့ နန်းဆန်တဲ့အလှပိုင်ရှင် မင်းသမီး Kemi-Bo Jacobs တို့ ၃ယောက်သားအတူတူ ရုပ်ရှင်ကို ဇာတ်ရှိန်အမြင့်ဆုံးဖြစ်အောင် ကြည့်ရှု့သူကို ဆွဲဆောင်သွားမယ့် ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ ကမ္ဘာကြီးက ဂေဟစနစ်တွေ ဖောက်ပြားပြီး လူတွေနေထိုင်ဖို့ မဖြစ်နိုင်တော့ပါဘူး။ ထို့အတွက်ကြောင့်မို့လို့ ကမ္ဘာပြင်ပမှာ နေထိုင်ဖို့အတွက် လူသားတွေက ကိုလိုနီနယ်မြေတွေ တည်ဆောက်ကြရပါတော့မယ်။ ဒီလိုအာကာသနဲ့ပတ်သက်တဲ့ ကိုလိုနီခရီးစဥ်တွေအတွက် ဂျေလို့ခေါ်တဲ့ အေအိုင်ကို စီမံကိန်းတွေ ရီပို့တွေကို ဦးစီးဦးဆောင်လုပ်ပေးဖို့ ပရိုဂရမ်ရေးပြီး တာဝန်ပေးထားပါတယ်။ လပေါ်မှာ ကိုလိုနီသွားနေမယ့် ပရိုဂရမ်ကို ဦးဆောင်ရတဲ့ လူသားကတော့ အန်ဒါဆန်ဖြစ်ပါတယ်။ ဒီလိုနဲ့ လပေါ်ကိုမသွားခင် တစ်ညအလိုမှာ အန်ဒါဆန်၊သူ့မိန်းမဖြစ်သူ ဆမ်နဲ့ ဆမ့်ရဲ့လက်အောက်ငယ်သားဖြစ်တဲ့ ချာလီတို့ ဆုံမိတုန်းမှာ အေအိုင်ဆီကနေ ရက်တစ်သန်းစာ ရှေ့ဖြစ်ဟောကိန်းတွေ ထွက်လာပါတော့တယ်။ ဒီဟောကိန်းတွေကို ကြည့်ပြီး အန်ဒါဆန်တို့ ၃ယောက် ဘယ်လိုလုပ်ကြမလဲ၊ အေအိုင်က ဟောပေးတဲ့ ရှေ့ဖြစ်ဟောကိန်းတွေက မှန်လာတဲ့အခါ … အေအိုင်ရဲ့ဟောကိန်းကို မျက်ကွယ်ပြုပြီး လပေါ်ကိုပဲ သွားမလား၊ လပေါ်ကို မသွားဘဲ ပိုပြီးကြီးမားတဲ့အရာတွေကို လုပ်ဆောင်နိုင်ဖို့ပဲ ဆုံးဖြတ်သွားမလား၊ အေအိုင်က ဟောကိန်းထုတ်ပေးရုံတင်မဟုတ်ဘဲ လူသားတွေကို စိုးမိုးဖို့ပါ ကြိုးစားလာခဲ့တဲ့အခါ …. ဤကဲ့သို့သော အကြောင်းရာတွေကို ဇာတ်လမ်းအဆုံးထိ အရှိန်ကို မကျသွားဘဲ တဖြည်းဖြည်းနဲ့မြင့်တက်သွားရင်းနဲ့ ရုပ်ရှင်မှာ ဖော်ပြသွားတာကို စိတ်ဝင်စားစွာ ကြည့်ရှု့ရမှာဖြစ်ပါတယ်။ အညွှန်းနဲ့ဘာသာပြန်သူက Minn Khant Kyi Win ဖြစ်ပါတယ်။ File size…(950 Mb)/(500 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:23:00 Genre… Sci-fi Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Min Khant Kyi Win

Comedy • Drama
0 2023
A Million Days
Malayalee from India
6

Malayalee From India 2024 ကြုံရဆုံရ ဒီဘဝ IMDb – 6.1/10 Heavy plotတွေပဲကြည့်ရတာ ရိုးအီနေသူတွေအတွက် ပေါ့ပေါ့ပါးပါးနဲ့ ဟာသခပ်များများပါတဲ့ ရိုးရှင်းတဲ့ဇာတ်လမ်းကောင်းလေးတစ်ခု တင်ဆက်ပေးလိုက်ပါတယ်။ ဒီဇာတ်လမ်းကတော့ ယဉ်ကျေးမှုမတူ လူမျိုးမတူ အတွေးအမြင်မတူတဲ့ ဆရာတပည့်နှစ်ယောက်ကြားက သံယောဇဉ်အကြောင်းလေးကို ပုံဖော်ထားတာပါ။ မလေယာလီသား ဂိုပီဟာ သူငယ်ချင်းနဲ့ပေါင်းပြီး ပြဿနာအိုးလုပ်နေတဲ့ ဇိုးတစ်ယောက်၊ ဒီလိုနဲ့ အရေးအခင်းတစ်ခုမှာ သူငယ်ချင်းနှစ်ယောက် ပဲလှော်ကြားဆားညှပ်အဖြစ်ရောက်ပြီး ဂိုပီတစ်ယောက် နိုင်ငံခြားမှာ အလုပ်သွားလုပ်ဖို့ ပို့ခံလိုက်ရပါတော့တယ်။ ဖြစ်ချင်တော့ ဂိုပီရဲ့ဆရာက ပါကစ္စတန်လူမျိုး အိန္ဒိယနဲ့ပါကစ္စတန်ရဲ့ ရန်စတွေက အခုထိလည်း မငြိမ်းသေးတာမလို့ ဘုနဲ့ဘောက်ဖြစ်ရတဲ့ထဲ ဆရာသမားက မလေယာလီသားတစ်ယောက် တစ်ပတ်ရိုက်တာခံရဖူးတာကြောင့် မလေယာလီသားကို ပိုပြီးတော့ မျက်စိဆံပင်မွေးစူးနေတဲ့အခါ…. အလွဲလွဲအချော်ချော်နဲ့ ဘယ်လောက်ပဲမတည့်အတူနေဖြစ်နေပါစေ အရေးကြုံလာတော့ သွေးစည်းရသလိုပဲ ဒီဆရာတပည့်နှစ်ယောက်လည်း ရန်ဖြစ်ငြင်းခုန်ရင်းနဲ့ ဘယ်လိုသံယောဇဉ်တွယ်လာကြမလဲ။ ဘဝကပေးတဲ့အတွေ့အကြုံတွေကြောင့် ဇိုးလေးဂိုပီတစ်ယောက်ရော လူကောင်းတစ်ယောက်ဖြစ်လာမလားဆိုတာ ရှုစားကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်)

Science Fiction • Drama • Thriller
6 2024
Malayalee from India
Fussclass Dabhade
6.1

Fussclass Dabhade (2025) “ချစ်ခြင်းမေတ္တာအပိုင်းအစများ” မာရသီစကားပြော အိန္ဒိယမိသားစုဒရာမာရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ ခုနောက်ပိုင်း မာရသီစကားပြောရုပ်ရှင်တွေ ဆက်တိုက်တင်ဆက်ပေးခဲ့တာမှာ တွေ့ရသလောက် ဇာတ်ကြောင်းက မင်သက်ရလောက်အောင်ထိမဖြစ်တောင် ဇာတ်လမ်းကို အငြိမ့်လေးနဲ့ ခံစားမှုတစ်ခုခုရအောင် ရိုက်ကူးထားတာကို တွေ့ရပါတယ်။ ဒီရုပ်ရှင်မှာဆိုလည်း မိသားစုညီကိုမောင်နှမတွေကြား၊ သူငယ်ချင်းတွေကြား၊ အမျိုးတွေကြားက သံယောဇဉ်အနှောင်အဖွဲလေးတွေနဲ့ အထင်လွဲမှားမှုတွေကို သဘာ၀ကျကျ ဖန်တီးရိုက်ကူးထားပါတယ်။ ဒါဘာဒေမိသားစုက အငယ်ဆုံးသားမင်္ဂလာဆောင်မှာ မောင်နှမတွေ ဆွေမျိုးတွေ ပြန်ဆုံစည်းကြတာကစ သားလတ်ရဲ့ မိသားစုအပေါ်ရှိခဲ့ဖူးတဲ့ စိတ်အစာမကြေမှုလေးတွေ၊ အငယ်ဆုံးကောင်ရဲ့ ဇနီးလောင်းနဲ့ တလွဲဖြစ်ကြတာလေးတွေကို ဟာသတစ်လှည့် အတည်တစ်လှည့်နဲ့ မပျင်းရအောင်ရိုက်ကူးတင်ဆက်ထားတာမို ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM BOLLYWOOD TEAM ဖြစ်ပါတယ်)

Drama
6.1 2025 154 mins
Fussclass Dabhade
December 31st Express
6.7

December 31st Express (2024) IMDb Rating (6.7) ရထားပေါ်မှာပဲ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်မျိုးစုံကို စိတ်ဝင်စားစရာရိုက်ကူးထားတဲ့ ယူကရိန်းရုပ်ရှင်။ ဒီဇင်ဘာလ ၃၁ရက်နေ့ညမှာ အယ်လ်ဗစ်ကိုသွားမဲ့ အမြန်ရထားတစ်စီး။ ပတ်ဝန်းကျင်အသီးသီးကနေလိုက်ပါကြမဲ့ စရိုက်အသီးသီး အဖြစ်အပျက်အမျိုးမျိုးနဲ့ ခရီးသည်တွေ။ ဒီခရီးစဉ်ပြီးရင် အငြိမ်းစားယူတော့မယ့် တွဲစောင့်ကြီး၊ မယားငယ်နဲ့အတူ သွားဒိတ်ဖို့ စီစဉ်ပြီးမှ မယားကြီးပါလိုက်ချလာတဲ့ ကုမ္ပဏီပိုင်ရှင်လည်းပါရဲ့။ ရုရှားနဲ့စစ်ပွဲမှာ တိုက်ပွဲဝင်နေတဲ့ စစ်သည်တော်ချစ်သူနှစ်ယောက်၊ နှစ်ကူးတဲ့အချိန်မှာ မင်္ဂလာဆောင်ဖို့လုပ်ထားရင်းက ခင်ပွန်းလောင်းက မင်္ဂလာပွဲပြီးရင် သူ့ကို နောက်တန်းပြန်ပို့ဖို့ စီစဉ်ထားလို့ မင်္ဂလာပွဲဖျက်ပြီး ထွက်ပြေးလာတဲ့ သတို့သမီးလည်းပါရဲ့။ မွေးခါနီးဖွားခါနီး ကိုယ်ဝန်သည်လည်းပါရဲ့။ စသဖြင့် စသဖြင့် အကြောင်းအရာကိုယ်စီနဲ့ ခရီးသည်တွေကြားက အဖြစ်အပျက်တွေကို စိတ်ဝင်စားစရာ ရှုစားကြရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyo ဖြစ်ပါတယ်) File size… (1.6 GB) / (820 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy Duration….01:25:25 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Pyae Phyo

6.7 2024 90 mins
December 31st Express