YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

The Blue Whisper E31 CM.mp4

290.16 MB N/A video/mp4 1791 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Blue Velvet
7.6

‘Blue Velvet’ ဆိုတာ တကယ်တော့ တစ်ခေတ်တစ်ခါက အရမ်းကိုနာမည်ကြီးခဲ့တဲ့ Bobby Vintonရဲ့ သီချင်းတစ်ပုဒ်ပါ။ ဒါရိုက်တာအတွက် ဒီရုပ်ရှင်ရေးဖို့ စိတ်ကူးရချိန်တုန်းက ခံစားရတဲ့ mood တစ်ခုဖြစ်တဲ့အပြင် ရုပ်ရှင်ထဲမှာပါ ဒီသီချင်းကို အဓိက နေရာက ထည့်သုံးထားတာမို့ ရုပ်ရှင်နာမည်ဖြစ်လာခဲ့တာပါ။ Surrealism နဲ့ neo-noir film တို့ရဲ့ ဘိုးအေကြီး David Lynch ရဲ့ လက်ရာတစ်ခုဖြစ်ပြီး ၁၉၈၆ ရဲ့ အကောင်းဆုံးရုပ်ရှင်လို့ ဝေဖန်ရေး ဆရာတွေက သတ်မှတ်ခဲ့ကြပါတယ်။ လင့်ချ်ဘိုးတော်နဲ့ ပတ်သတ်ရင် အဝေးပြေးလမ်းမကြီးပေါ် အခြေခံထားတဲ့ ရုပ်ရှင်ကိုတောင် “Straight Story” လား “Lost Highway” လားဆိုတာမျိုး အရသာက သိသိသာသာကွဲမှာမို့ ဒီကားဟာတော့ ဒုတိယတစ်မျိုးထဲကလို့ ကြိုပြောထားချင်ပါတယ်။ Mulholland Drive ကြိုက်တဲ့သူတွေ အတွက်လည်း အံကိုက်ပါပဲ။ ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်တော့ ဖခင်ဖြစ်သူ ရုတ်တရက် လေဖြတ်သွားလို့ နယ်မြို့လေးကို ပြန်လာတဲ့ ကောလိပ်ကျောင်းသားလေး တစ်ယာက် နားရွက်ပြတ်တစ်ဖက်ကို ကောက်ရပြီးနောက်ပိုင်း သူ့ရဲ့ စူးစမ်း လိုစိတ်ကြောင့် လျှို့ဝှက်နက်နဲမှုတွေထဲ တစ်စတစ်စကျွံဝင်သွားရင်း သူ မမြင်ယောင်ကြည့်ဖူးတဲ့ ကမ္ဘာတစ်ခုစီ ဦးတည်သွားမိသွားတဲ့အကြောင်းပါ…။ တကယ်တမ်းတွေးကြည့်ရင်တော့ 'Blue Velvet' ဆိုတာ ဖရိုဖရဲဖြစ်နေတဲ့ လောကကြီးပါပဲ။ အပြစ်ကင်းသလိုလို အေးချမ်းနေတဲ့ အမေရိကန် မြို့ငယ်လေးရဲ့ အမှောင်ခြမ်းဥပစာပေါ့။ ဒီကားမှာ ယစ်မူးစေတဲ့ ပြင်းပြင်း ထန်ထန် လိင်ပိုင်းဆိုင်ရာတိမ်းညွှတ်မှုကို ပေါ်ပေါ်တင်တင် သရုပ်ဖော်သွားပြီး အမှတ်သင်္ကေတ (Symbolism) တွေလည်း အများကြီး သုံးထားပါတယ်။ Blue Velvet ဟာ အမေရိကန် surrealism ရုပ်ရှင်တွေရဲ့ အကောင်းဆုံး သာဓကအနေနဲ့ရော ၈၀ပြည့်နှစ်တွေရဲ့ ကောင်းဆုံး ရုပ်ရှင်တစ်ခုအနေနဲ့ရော သတ်မှတ်ခံထားရပေမယ့်လည်း တစ်ချိန်တည်းမှာ တစ်ချို့သော အမေရိကန် ဝေဖန်ရေးဆရာတွေကတော့ လိင်ကိစ္စနဲ့ အကြမ်းဖက်မှုတွေကို ခပ်စိပ်စိပ် ချဉ်းကပ်ထားတာမို့ အနုပညာလက်ရာအဖြစ်ကနေ ယုတ်လျော့သွားတယ်လို့ ဆိုကြပြန်ပါတယ်။ ဘယ်လောက်ရယ်ရလဲဆို တစ်ချို့ဆို ညစ်ညမ်းကား လို့တောင် သမုတ်ခဲ့ကြပါသေးတယ် တဲ့။ ကြိုက်/မကြိုက်ကတော့ ကိုယ်တိုင်ပဲ ဆုံးဖြတ်ရမယ့်အရာမို့ ဒေါင်းကြည့်လိုက်ကြပါဦးနော့်.. ဒီထဲမှာ သီချင်း ကောင်းတွေလည်း မြိုင်မြိုင်ဆိုင်ဆိုင်ပါသမို့ လုံးဝတန်မယ်ဆိုတာတော့ လုံးဝ အာမခံပါတယ်။ File size…1.63GB / 678MB Quality…Blu-Ray 1080P 5.1CH  / 720p Format…mp4 Duration….2h Genre ..... Crime , Drama , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Z

Action • Animation • Science Fiction
7.6 1986 120 mins
Blue Velvet
(18+) Secrets

ဒီကားလေးကတော့ ဖီလစ်ပိုင်လိင်ပညာပေးကားလေးပါ ကြည့်သင့်တယ်ပေါ့နော် ဇာတ်လမ်းအစမှာ လက်မထက်ရသေးတဲ့စုံတွဲတစ်တွဲက အားလပ်ရက်ခရီးလေး ဆန်တာမာရီယာကမ်းခြေကိုသွားကြတယ် အဲ့ဒီက Resort ကသူတို့သူငယ်ချင်းပိုင်တာကိုး ကောင်လေးက အရင်အိမ်ထောင်နဲ့ကွဲနေပြီး ကလေးတစ်ယောက်ရှိတယ် သူ့ဇနီးဟောင်းကဖုန်းဆက်တာကို ကောင်မလေးကမကြိုက်တော့ဆက်ဆံရေးက အဆင်မပြေဘူး ကောင်လေးက ကုတင်ပေါ်မှာကျတော့လဲပုံမလာဘူးအဲ့လိုဖြစ်နေတဲ့သူတို့နှစ်ယောက်ကြားထဲကိုဝင်လာတဲ့သူကတော့ပရိတ်သတ်ကြီးပဲကြည့်လိုက်ပါတော့ ဘယ်လောက်တောင်လဲဆို လခွမ်းကွာ လို့တောင်ထအော်မိလိမ့်မယ့်ပညာပေးကားကောင်းလေးပါ File size…1.2GB / 597MB Quality…1080p WEB DL / 720p Format…mp4 Duration….1h 43m Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by Andrew Mason

Action • Adventure • Fantasy
null 2022 103 mins
(18+) Secrets
Vendetta
6.2

ဆရာကြီး ဘရုစ်ဝီလီရဲ့ Vendettaဆိုတဲ့ အက်ရှင် ဇာတ်ကားသစ် ထွက်ရှိလာပြန်ပါပြီ၊ ဒီဇာတ်ကားထဲမှာ​တော့ ဇာတ်လိုက်မဟုတ်တဲ့ ဗီလိန်အ​နေနဲ့ ​တွေ့ရမှာဆို​တော့ တမျိုးဆန်းတာ​ပေါ့၊ ဒါတင်မကဘဲ မိုက်တိုင်ဆန်ဆိုတဲ့ လက်သီးချင်းမနိုင်လို့ သူများနားရွက်​ပြေးဟပ် တဲ့ လူကြမ်းလက်​​ဝှေ့သမားကြီးလည်း ပါဝင်ထားပါ​သေးတယ်။ အညွှန်းက​တော့ ဝီလီယမ်ဒန်ကန်ဆိုတဲ့ စစ်မှုထမ်း​ဟောင်းကြီးဟာ မိသားစုနဲ့အတူ သာယာ​ပျော်ရွှင်တဲ့ ဘဝ​လေးကိုဖြတ်သန်း​နေရင်း တစ်​နေ့မှာ​တော့ ကံဆိုးစွာပဲ သမီးဖြစ်သူ ကက်သရင်းဟာ ​ဒေသခံ Fetterလူမိုက်ဂိုဏ်းရဲ့ လက်ချက်နဲ့ ​သေဆုံးသွားပါတယ်၊ ဒန်ကန် အ​နေနဲ့ တရားခံကို လက်ရဖမ်းမိခဲ့​ပေမယ့် မျက်မြင်သက်​သေမရှိ ဓါတ်ပုံနဲ့ စီစီတီဗွီ​တွေလည်းမရှိလို့ တရား​သေလွတ်သွားခဲ့ပါတယ်။ သမီးဖြစ်သူကို သတ်သွားတဲ့သူကို ဥပ​​ဒေအရ စီရင်လို့မရတဲ့အဆုံး ဒန်ကန်တစ်​ယောက် ဥပ​ဒေပြင်ပက​နေ သူကိုယ်တိုင်ပဲ လက်တုံ့ပြန် ခဲ့ပါတယ်၊ ဒါ​ပေမဲ့ တရားခံက Fetter ဂိုဏ်းချုပ်ရဲ့ သားဖြစ်​နေလို့ Fetter ဂိုဏ်းကလည်း ဒန်ကန်ကို လက်စား​ချေဖို့အတွက် ကြိုးစား လာရင်း ဗုံလုံတစ်လှည့် ငါးပျံတစ်လှည့် လက်စား​ချေပွဲ ဆင်နွှဲကြ ပါ​တော့တယ်။ File size…1.4GB / 647MB Quality… 1080p WEBRIP AAC5.1CH/ 720p Format…mp4 Duration….1h 35m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by JimX

Comedy • Romance
6.2 2022 96 mins
Vendetta
The Half of It
7.1

IMDb Rating 7.2/10 ထိရရှိထားပြီး လူကြည့်များ လူကြိုက်များနေတဲ့ မေလ (၁)ရက်နေ့က Netflix မှာ ပြသခဲ့တဲ့ ဇာတ်လမ်းအသစ်စက်စက်ကလေးပဲ ဖြစ်ပါတယ်။ ယခုအချိန်မှာ ထရိုက်ဘီကာ ရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံး နောက်ခံစကားပြောဆုကို ရရှိထားပါတယ်။ ဇာတ်လမ်းနာမည်အတိုင်းပါပဲ။ အရင်ကြားဖူးတဲ့ ပုံပြင်တွေလို ကျွန်တော်တို့က ကျွန်တော်တို့ရဲ့ တခြားအခြမ်းကို ရှာနေကြတာပါ။ ကိုယ့်ရဲ့တခြားအခြမ်းကို တွေ့တဲ့အချိန်မှာ မပြောဘဲနဲ့ နားလည်တဲ့ ခံစားမှုမျိုး ရကြတာပါ။ ဒီဇာတ်လမ်းရဲ့ တခြားအခြမ်းကရော ..... ဇာတ်လမ်းအကျဉ်းကတော့ ...... စကွေဟေမစ်ရှ်မြို့က အယ်လီချူး ဆိုတဲ့ ကောင်မလေးတစ်ယောက် အကြောင်းပါပဲ။ သူက အထက်တန်းကျောင်းသူ တစ်ဦးဖြစ်ပြီးတော့ သူ့ဖခင်ကြီးကိုလည်း ပြုစုရ၊ သူ့ကျောင်းစားရိတ်ကိုလည်း သူ ရှာနေရတာပါ။စာတော်တဲ့လူဖြစ်တာကြောင့် တခြားကျောင်းသားတွေ အတွက် အက်ဆေးရေးပေးပြီး ပိုက်ဆံရှာရပါတယ်။ တစ်နေ့တော့ သူ့ကို ကောင်လေးတစ်ယောက်က အကူအညီတောင်းလာပါတယ်။ရည်းစားစာ ရေးပေးဖို့ပါတဲ့။ သူ ရည်းစားစာ စရေးပေးလိုက်တဲ့အချိန်မှာတော့ ....... IMDb Rating ကလည်း 7.2/10 ရထားပါတယ်။ Rotten Tomatoes ကတော့ 95% ရထားပါတယ်။ အချစ်ကား၊ ကျောင်းသား ကို နည်းနည်း Deep ဖြစ်တာလေး ခံစားချင်ရင်တော့ ကြည့်ကြည့်ကြပါ။ ရင်ထဲမှာ တစ်မျိုးတော့ ခံစားရပါလိမ့်မယ်။ (ဒီဇာတျလမျးရဲ့ အညှှနျးနဲ့ ဘာသာပွနျရေးသားပေးသူကတော့ August ပဲဖွဈပါတယျ။) Quality – 720p  Web-Rip Duration – 2 hrs 32 mins Subtitle – Myanmar Hardsub Format – Mp4 Genre : Comedy, Romance Source : 1080p.WEB-RIP Translator – August Encoder – San Win Maung

Fantasy • Mystery • Thriller
7.1 2020 104 mins
The Half of It
Collide
4

Collide (2022) ဇီး x လီလီ တမီရာ x ဟန်တာ အိန်ဂျလီကာx ပီတာ သူတို့သုံးတွဲလုံးက တစ်ညမှာ Collide ဆိုတဲ့စားသောက်ဆိုင်မှာရှိနေခဲ့တယ်။ ဒီသုံးတွဲက တစ်ယောက်နဲ့တစ်ယောက်လုံးဝမသိကြဘူး။ ဇီး နဲ့လီလီက စားသောက်ဆိုင်မှာအလုပ်လုပ်ကြတဲ့စုံတွဲလေး။ ဇီးကတစ်နေ့မှာ ရေထဲမျောလာတဲ့ကိုကင်းထုပ်ကြီးကိုမတော်တဆရပြီးနောက်မှာ မူးယစ်ဆေးအကြောင်းလဲသိပ်နားမလည်တော့ အဲဒါတွေကိုရရာစျေးလောက်နဲ့ရောင်းပြီး သူတို့ချစ်သူနှစ်ဦးဘဝကိုအသစ်စတင်ကြမယ်ပေါ့။ တမီရာကတော့ စားသောက်ဆိုင်မှာတစ်ယောက်ယောက်ကိုအကြာကြီးထိုင်စောင့်နေခဲ့တယ်။ တော်တော်ကြာမှဟန်တာကရောက်လာတယ်။ ဟန်တာနောက်ကျတာလားဆိုတော့မဟုတ်ဘူး။ တမီရာက ဟန်တာတောင်မသိခဲ့တဲ့ဟန်တာ့ကြောင့်နစ်နာခဲ့ရမှုကို အကြွေးပြန်ယူဖို့အစောကြီးရောက်လာပြီးပြင်ဆင်ထားတာရှိတယ်။ အန်ဂျလီကာကတော့ အသက်၄၀ ကျော်မမကြီး။ စားသောက်ဆိုင်ကမန်နေဂျာနဲ့ဖောက်ပြန်နေတာ။ သူ့ယောကျ်ားဖြစ်တဲ့ပီတာကလဲ ဆိုင်ပြင်မှာရှိနေတယ်။ ပီတာကအရမ်းရိုးအေးသူဆိုတော့ ဖောက်ပြန်တဲ့မိန်းမကိုသူပဲကားနဲ့ဝင်တိုက်ပစ်ရမလား သူ့ကိုယ်သူပဲသတ်သေပစ်ရမလား ကားထဲမှာထိုင်ပြီးဝေခွဲမရဖြစ်နေသူ။ အဲဒီလိုလုံးဝမသိကြတဲ့ စုံတွဲသုံးတွဲရဲ့ဇာတ်လမ်းတွေက Collide စားသောက်ဆိုင်မှာ အရှိန်ပြင်းပြင်းတဲ့တိုက်ခိုက်မိချိန်မှာတော့…… အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။ Genre…..Thriller Quality…. 1080p | 720p | 480p File size…1.33GB | 656MB | 352MB Format… mp4 Duration….1h 30min Subtitle…. Myanmar Subtitle (Hardsub) Translator …..Rashida Encoder …..August

Drama
4 2022 90 mins
Collide
Lake Mungo
7

Lake Mungo(2008) အညွှန်း ********************** ဆယ်ကျော်သက်မလေး အဲလစ်ပါးမားတစ်ယောက် ရုတ်တရက် ရေနစ်ဆုံးတဲ့သတင်းက သူတို့ရပ်ကွက်မှာ ဟိုးလေးတကျော်ပါပဲ။ ကျန်ရစ်သူ ပါးမားမိသားစုဝင်တွေလည်း အတော်လေး ဝမ်းနည်းကြေကွဲနေကြတာပေါ့။ တစ်ရက်မှာတော့ အဲလစ်တစ်ယောက် မကျွတ်လွတ်သေးပဲ သူ့အစ်ကို ရိုက်ကူးတဲ့ပုံတွေထဲမှာ ပါလာတယ်ဆိုတဲ့ သတင်းတွေ ထွက်လာပြန်ပါတယ်။ ဒီလိုနဲ့ သူ့ကိုယ်သူ စိတ်တန်ခိုးရှင်လို့ အမည်ခံတဲ့ ရေးဆိုသူပါ ပါဝင်ပတ်သက်လာပြီး အဲလစ် သေဆုံးခဲ့ရတာ သွေးရိုးသားရိုးမှ ဟုတ်ရဲ့လားဆိုတာကို မိသားစုဝင်နဲ့ အသိမိတ်ဆွေတွေကို အင်တာဗျူးလုပ်ထားသလို format နဲ့ ကြည့်ရှုခံစားရမယ့် Horror ကားတစ်ကားမို့ ခံစားကြည့်ကြပါဦး File Size : (4.6GB) and (947MB) Quality : Blu-Ray 1080P5.1Ch,720p Format…mp4 Duration…01:27:00 Genre : Horror, Drama , Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by May Myat Thu Encoded by Phyo Pyae

Comedy
7 2008 87 mins
Lake Mungo
The Bélier Family
7.3

ဒီတစ်ခါမှာတော့ CM ပရိသတ်ကြီးကို ပေါ့ပေါ့ပါးပါးနဲ့ ကြည့်လို့ကောင်းမယ့် ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက် ပေးချင်ပါတယ်။ ဇာတ်ကားနာမည်ကတော့ La famille Belier လို့ခေါ်ပြီးတော့ ၂၀၁၄ ခုနှစ်က ထွက်ရှိခဲ့တာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကို ပြောပြရမယ်ဆိုရင်တော့ ဘီလီရာလို့ ခေါ်တဲ့ မိသားစုလေးမှာ မိသားစုဝင် ၄ ယောက်ရှိပြီးတော့ ၃ ယောက်က ဆွံ့အနားမကြားသူတွေပါ။ သမီးတစ်ယောက် တည်းကပဲ ချွတ်ယွင်းမှုမရှိနေတာပါ။ သူက ကျန်တဲ့မိသားစု ၃ ယောက် အဆက်အသွယ်လုပ်နိုင်ဖို့ ကြားကနေ ဘာသာပြန်ပေး နေရသူဆိုလည်း မမှားပါဘူး။ သူဟာ မိသားစုနဲ့အတူ ဈေးထဲမှာ ချိစ်တွေကို ရောင်းပါသေးတယ်။ ကျောင်းတွေပြန်ဖွင့်လို့ ကျောင်းပြန်တက်တဲ့အခါမှာ သင်ရိုးအပို တွေထဲက တစ်ခုကို ရွေးချယ်ဖို့ ဖြစ်လာတဲ့အခါ သူဟာ ဓမ္မတေး အဖွဲ့ထဲဝင်ဖို့ ရွေးချယ်လိုက်ပါတယ်။ အဲဒီကနေမာ ဂီတဆရာ သောမက်ဆန်နဲ့ တွေ့ခဲ့ပြီးတော့ သူ့အသံဟာ သူများနဲ့မတူ တမူ ထူးခြားကြောင်း သိလာခဲ့ပါတယ်။ ဆရာဖြစ်သူ သောမက်ဆန်က သူ့အသံနဲ့ဆိုရင် ပဲရစ်မှာ ကျင်းပမယ့် အဆိုပြိုင်ပွဲကို ဝင်ပြိုင် လို့ရကြောင်း၊ ပြိုင်ပွဲကိုနိုင်ရင် ပဲရစ်မှာရှိတဲ့ အနုပညာကျောင်းမှာ ကျောင်းတက်ခွင့်ရမယ့်အကြောင်း ပြောပြခဲ့ပါတယ်။ ဒါဆိုရင် ဘီလီရာက သူ့ဆရာပြောတဲ့ ပြိုင်ပွဲကို ဝင်ပြိုင်ဖြစ်မလား၊ ပြိုင်ပွဲကိစ္စကို သူ့မိဘတွေက ခွင့်ပြုပါ့မလား၊ သူ့အနေနဲ့ ဒီမြို့ငယ်လေးထဲမှာပဲ ဆက်နေသွားမလား ပဲရစ်ကိုသွားပြီး စွန့်စားခန်းအသစ် ရေးဆွဲမလားဆိုတာကိုတော့ ဟောဒီ La Famille Belier ဆိုတဲ့ ဇာတ်ကားထဲမှာ ကိုယ်တိုင်ကြည့်ရှုလိုက်ကြပါ။ File size…2.14GB / 0.98GB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 46m Genre ….. Comedy , Drama , Music Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Elizabeth khant

Family • Comedy
7.3 2014
The Bélier Family
Red Rock West
7

Red Rock West (1993) ================ IMDb Rating – 7.0/10 ဒီဇာတ်လမ်းမှာတော့ မိုက်ကယ်ဆိုတဲ့အမျိုးသားတစ်ဦးက ပိုက်ဆံ မရှိလို့ အလုပ်ရှာရင်း တက်ဆာကနေကားတစ်စီးနဲ့လာခဲ့တယ်။ သူ ကျောက်ခဲနီမြို့(Red Rock)ကိုရောက်တော့ အလုပ်အရမ်းလိုနေ တာနဲ့ ဘားပိုင်ရှင်ဝိန်းဆီမှာ လိမ်ပြီး ဘာအလုပ်မှန်းမသိခင် လက်ခံ လိုက်တယ်။ နောက်မှ သိလိုက်ရတာ သူလက်ခံလိုက်တဲ့အလုပ်က ဘားပိုင်ရှင်ဝိန်းရဲ့မိန်းမ ဆူဇန်ကို သတ်ဖို့ဖြစ်နေ​​လေရဲ့။ မိုက်ကယ်လည်း ကြေးစားလူသတ်သမားဟန်ဆောင်ပြီး လက်ခံခဲ့ တာမို့ အလိမ်မပေါ်အောင် ပြန်ငြင်းလို့လည်းမရ ရထားတဲ့ပိုက်ဆံ ကလည်း အများကြီးဆိုတော့ ဘာတွေဆက်လုပ်ပြီး ထွက်ပြေးရမ လဲဆိုတာ ဒီဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုလို့ရပါတယ်။ ဒီဇာတ်လမ်းမှာ မိုက်ကယ်အဖြစ် မင်းသားကြီး Nicolas Cage က သရုပ်ဆောင်ထားပြီး IMDb Rating 7.0 နဲ့ Rotten tomatoes 97% ရရှိထားတဲ့ Nicolas ရဲ့ ကားကောင်းကားဟောင်းလေးဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်) File Size……….(2.0 GB) / (791 MB) Quality…………BLU-RAY 1080p / 720p Duration………1Hr 38Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Crime, Drama, Thriller Translator…….Thwal Htoo Zin Encoder……….SWM

7 1993
Red Rock West
Hopeless
6.3

Hopeless (2023) ဒီရုပ်ရှင်ကတော့ ကိန်းရုပ်ရှင်ပွဲတော်မှာ ပထမဆုံးအကြိမ်ပြသပြီး အောင်မြင်မှုတွေ တစ်သီကြီးရရှိထားတဲ့ ရုပ်ရှင်ဖြစ်သလို မင်းသား Song Joong Ki ကိုယ်တိုင် ဇာတ်ညွှန်းကိုဖတ်ကြည့်ရုံနဲ့ သဘောကျပြီး အနုပညာကြေးမယူဘဲ ရိုက်ကူးထားတဲ့ ဇာတ်လမ်းဖြစ်လို အကုန်လုံး စောင့်မျှော်နေကြတဲ့ကားလည်း ဖြစ်မယ်ထင်ပါတယ်။ Song Joong Ki, The Worst of Evilထဲက တရုတ်မလေး BiBi နဲ့ မင်းသားသစ် Hong Xa-Bin တို အဓိကပါဝင်ထားပြီး Blue Dragon Film Awards 2023 မှာလည်း အသီးသီး Nomination ဝင်ထားတဲ့ကားလည်းဖြစ်ပါတယ်.. ဇာတ်လမ်း အကျဥ်းကတော့ ၁၇နှစ်သား Yeon-gyu ဟာ သူ့ပထွေးရဲ့ အိမ်တွင်းအကြမ်းဖက်မှုတွေ အောက်ကနေ သူ့အမေနဲ့ သူ့ညီမကို ခေါ်ပြီး ရာဇဝတ်မှုတွေနဲ့ ပြည့်နေတဲ့ မြောင်အန်းမြို့ကနေ ထွက်သွားဖိုက သူ့အိပ်မက်ပါပဲ။ တစ်နေ့မှာ‌တော့ သူ့ညီမကို ကာကွယ်ဖိုအတွက် ရန်ဖြစ်မိလို ကျေအေးငွေလိုနေတဲ့ Yeon-gyu တစ်ယောက် Chi-geon ဆီက အကူအညီယူမိပြီး သူ့ဂိုဏ်းထဲကို ရောက်သွားပါတော့တယ်။ ငရဲတွင်းကနေ လွတ်မြောက်ဖိုလုပ်ရင်း ငရဲတွင်းဆီ ခုန်ဆင်းမိပြီး ဒုစရိုက်လောကထဲမှာ နစ်မြောမှန်းမသိ နစ်မြောလာတဲ့အခါမှာ‌တော့… ဘာသာပြန်တွေကတော့ Hnin Miri,Stary Tiff & Treasure Estel တို့ပဲ ဖြစ်ပါတယ်။ Genre….. Crime, Drama Quality…. 1080p | 720p File size… 1.2GB | 459MB Format… mp4 Duration…. 2h 13min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Hnin Miri,Stary Tiff & Treasure Estel Encoder ….. Aaron

6.3 2023
Hopeless
Hardcore Never Dies
6.9

နယ်သာလန် ဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ Jim Taihuttu ရဲ့လက်ရာကောင်းလေးဖြစ်တဲ့ Crime ဇာတ်ကားလေး တစ်ကားပါ 2022 မှာ Do Not Hesitate ဇာတ်ကားနဲ့ Best Leading Role ဆုရထားတဲ့ မင်းသား Joes Brauers နဲ့ 2018-21 မှာထွက်ရှိထားတဲ့ ဇာတ်လမ်းတွဲဖြစ်တဲ့ Joardy Season မှာ Honorable Mention Television Award ရရှိခဲ့တဲ့ မင်းသား Jim Deddes တို့ အဓိကပါဝင်သရုပ်ဆောင်ထားပါတယ် ညီအစ်ကိုနှစ်ယောက်ဖြစ်တဲ့ မိုက်ကယ် နဲ့ ဒန်နီ တို့နှစ်ယောက်ဟာ အကျင့်ရော၊ စာရိတ္တ ရော ဘာဆိုဘာမှ မတူနဲ့ ညီအစ်ကိုနှစ်ယောက်ပေါ့ အစ်ကိုဖြစ်သူ ဒန်နီ ကမိဘတွေက မနိုင်တော့လို့အိမ်ပေါ်ကနေကန်ချထားတဲ့ မူးယစ်ဆေးဝါးဝယ်ရောင်းလုပ်တဲ့သူပေါ့ ညီဖြစ်သူကတော့ စန္ဒယားအတီးသင်ပြီး ပိုကောင်းတဲ့ဘဝဖြစ်နိုင်ဖို့ အချိန်ပိုင်းအလုပ်လေးလုပ်ပြီး ကြိုးစားနေတဲ့သူပေါ့ အဖေဖြစ်တဲ့သူက ညီဖြစ်သူ သူ့အစ်ကိုလို လမ်းမှားရောက်သွားမှာစိုးလို့ အရိပ်တကြည့်ကြည့်နဲ့ ထိန်းနေရတယ် တရက်တော့ အစ်ကိုဖြစ်သူရောက်လာပြီး သူ့အရောင်းအဝယ်ကိစ္စမှာတစ်ခါလောက်ကူညီပေးဖို့ အကူအညီတောင်းရာကနေ တစ်နွယ်ငင်တစ်စင်ပါဆိုသလို ငွေကိုရေလိုသုံးနေတဲ့ သူ့အစ်ကိုရဲ့ဘဝကို တဖြည်းဖြည်းအားကျမိရာကနေ အဲဒီမူးယစ်ဆေးဝါးနွံထဲက ဘယ်လိုခက်ခက်ခဲခဲ ရုန်းထွက်မလဲဆိုတာကိုတော့………. ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ် File size…(2.3 GB)/(2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre…Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Leo

6.9 2022 108 mins
Hardcore Never Dies
Camp Hideout
4.7

Camp Hideout (2023) ================ လူငယ်ထိန်းသိမ်းရေးစခန်းကနေ လွတ်လာတဲ့ Noah က သူနဲ့ရွယ်တူ ဆယ်ကျော်သက်ကလေးတွေစုထွက်တဲ့ နွေရာသီစခန်းဆီ ဆန္ဒမပါဘဲ ဝင်ခဲ့ရတယ်။ ဖော်ဖော်ရွေရွေမရှိ အမြဲတမ်းစိတ်တိုနေတတ်တဲ့ Noah က စခန်းမှာလည်း လူတွေနဲ့အရောတဝင်မရှိခဲ့ဘူး။ အဲဒီအချိန်မှာ သူအ ရင်ကပတ်သက်ခဲ့တဲ့ လူလိမ်သူခိုးတွေရဲ့ပစ္စည်းက သူ့ဆီ မှားပါနေတာကို သိလိုက်ရပြီး အဲဒီပစ္စည်းကို လူဆိုးတွေလာယူရင် သူ့သူငယ်ချင်းတွေဒုက္ခ မရောက်ဖို့ ကြိုးစားရပါတော့တယ်။ ဒီဇာတ်လမ်းက ဆယ်ကျော်သက်လူငယ်ကလေးတွေရဲ့ ဟာသဇာတ်လမ်း ဖြစ်ပြီး သူငယ်ချင်း​တွေရဲ့ အချင်းချင်းစည်းလုံးပြီးကူညီတတ်တဲ့ဆက်ဆံရေး ကို နားလည်အောင်ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်) File Size……….(1.8 GB) / (750 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 40Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Family Translator…….Thwal Htoo Zin Encoder……….SWM

Romance • Drama
4.7 2023 100 mins
Camp Hideout
Crush

Crush (2024) ကြင်သူအလိုကျ Genre – Romance, Drama ကာနာဆိုတာ တွေ့သမျှကောင်မလေးတိုင်း လိုက်ဖွံကြောင် ရည်းစားစကားလိုက်ပြောပေမဲ့ အမြဲတမ်း အငြင်းခံရပြီး ပလစ်ခံနေရတဲ့ ကောလိပ်ကျောင်းသားလေး ဖြစ်ပါတယ်။ ဒီလိုနဲ့ နေလာရင်း ကျောင်းမှာ ရှကီရာတို့လို့ ဆံပင်ကောက်ကောက်လေးနဲ့ အလန်းလေးတစ်ယောက်တွေ့လို့ နောက်ထပ်တစ်ခါ ဇွဲလုံ့လ ဝီရိယကြီးစွာနဲ့ လိုက်ခဲ့ပါတော့တယ်။ ဒါပေမဲ့ ဒီ အမ်မီဆိုတဲ့ ဆံကောက်မလေးမှာက ကလေးဘဝကတည်းက အဖြစ်ချင်ဆုံး ဆန္ဒလေးတစ်ခု ရှိနေတယ်၊ အဲဒါကလည်း လွယ်တော့ လွယ်မနေပါဘူး။ ဒီလိုနဲ့ ကာနာတစ်ယောက် သူချစ်ရတဲ့သူလေးကို ဖြစ်ချင်တဲ့ဆန္ဒတွေ ဖြည့်စည်းနိုင်အောင် ကူညီပေးနိုင်မလား၊ ကူညီပေးရင်းကနေ လိုချင်တဲ့အချစ်မေတ္တာကို ရရှိသွားမလားဆိုတာ စောင့်ကြည့်ရမယ့် ကန်နားဒါ အိန္ဒိယအချစ်ကားသစ်လေးပဲ ဖြစ်ပါတယ်ဗျာ။ (အညွန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်)

0 2024 119 mins
Crush
The Past

The Past (2018) “အတိတ်တစ္ဆေ” ဒီတစ်ခါတော့ CM Bollywood ပရိသတ်ကြီးအတွက် အကြည့်နဲ့တင်ဖျားသွားမဲ့‌ ဟော်ရာ-ဒရာမာ ဇာတ်လမ်း‌တစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်။ ဆင်မ်ရန်ဟာ အမြဲအလုပ်ကိုပဲအာရုံစိုက်နေတတ်တဲ့ စာရေးဆရာမတစ်ယောက်ပါ။ သူ့မှာ အာလီယာဆိုတဲ့ ညီမ‌လေးတစ်ယောက်ရှိပါတယ်။ တစ်‌နေ့တော့ သူ့ညီမလေးပူဆာတာကြောင့် ညီအစ်မနှစ်ရက်အလည်ခရီးထွက်ဖို စီစဉ်ရာက လိုနာဗလာဆိုတဲ့ တောင်ပေါ်မြိုလေးကို သွားရောက်လည်ပတ်ဖြစ်ခဲ့ပါတယ်။ ထုတ်‌ဝေသူယူဗရာ့ဂ်ျစီစဉ်ပေးမှုနဲ့ အဲဒီမြိုလေးက ယူဗရာ့ဂ်ျရဲ့ဘန်ဂလိုမှာ ဆင်မ်ရန်တိုညီအစ်မ အပန်းဖြေအနားယူရဖို ဖြစ်လာပါတယ်။ ဘန်ဂလိုနဲ့ရှုခင်းအလှအပတွေကြောင့် ညီမနှစ်ယောက်လုံး ရောက်ခါစမှာ အပျော်ကြီးပျော်နေခဲ့ကြပါတယ်။ ဒါပေမဲ့ အဲဒီအပျော်ဟာတာရှည်မခံခဲ့ပါဘူး။ ဘာလိုလဲဆိုရင် အဲဒီဘန်ဂလိုမှာ စွဲကပ်နေတဲ့ဝိညာဉ်က စတင်ခြောက်လှန့်လာတာကြောင့်ပါပဲ။ ဆင်မ်မရန်လည်း မူမမှန်တာတွေ စဖြစ်လာပြီး တဖြည်းဖြည်းနဲ့ အခြေအနေပိုဆိုးလာခဲ့ပါတယ်။ နောက်ပိုင်းမှာ အစွဲကြီးလွန်းတဲ့ဘန်ဂလိုသရဲမက ဆင်မ်ရန်ရဲ့ခန္ဓာကိုယ်ကို အပိုင်သိမ်းဖိုအထိ ဖြစ်လာတဲ့အခါ…။ ဆင်မ်ရန်တိုညီမ အစွဲကြီးရဲ့သရဲမအန္တရာယ်ကို ဘယ်လိုရင်ဆိုင်ရမလဲ၊ အဲဒီလိုအစွဲကြီးရတဲ့ နောက်ကွယ်မှာ ဘယ်လိုအကြောင်းတရားတွေရှိနေမလဲဆိုတာ အမြင်ရောအကြားနဲ့ပါ သည်းထိတ်ရင်ဖို ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ Cym~ToMo~V~KKKZ ပါ။)

Crime • Drama • Thriller
0 2018 120 mins
The Past
Hot Breath/Cold Air
5.8

Hot Breath/Cold Air (2025) သောမတ်ဟာ ပျော်ပျော်နေတတ်တဲ့ သူငယ်ချင်း ၂ ယောက်နဲ့အမြဲတမ်းအတူရှိနေပေမဲ့ အထီးကျန် လမ်းပျောက်နေပြီး ကိုယ့်ကိုကိုယ် ဘာဖြစ်ချင်နေမှန်း မသိတာကို နားလည်သဘောပေါက်လာခဲ့တယ်။ စည်းကမ်းကြီးခေါင်းမာတဲ့အဖေဖြစ်သူကြောင့် သူမကြိုက်တဲ့မေဂျာကိုတောင် မပြောင်းရဲတဲ့သောမတ်ဟာ တစ်ညမှာ သူ့ကိုဖောက်မြင်နေသလိုမျိုး သူ့အကြောင်းအကုန်သိနေတဲ့ ဗေဒင်ဆရာမလိုလိုဘာလိုလို ကောင်မလေးတစ်‌ယောက်နဲ့ ဆုံခဲ့ပြီး သူ့ဘ၀ဟာ ပြောင်းလဲလာခဲ့တယ်။ ကံတရားဆိုတာကို အယုံအကြည်မရှိတဲ့ကောင်လေးတစ်ယောက်နဲ့ နက္ခတ်ဗေဒင်တွေကို ယုံကြည်တဲ့ကောင်မ‌လေးတစ်ယောက်တိုရဲ့ ဟာသအချစ်ဇာတ်လမ်းလေးပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Su ဖြစ်ပါတယ်။) File size… (1.1 GB) / (480 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy, Drama, Romance Duration…. 01:02:44 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Su

5.8 2025 62 mins
Hot Breath/Cold Air
Ye Zongxing
5.7

ဒီတစ်ခေါက်မှတော့ အတ္ထုပတ္တိကားလေးကို ရသဆန်ဆန်ရိုက်ကူးထားတဲ့ ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… ဒီကားမှာတော့ နှစ်ပေါင်း ၇၀၀ သမိုင်းသက်တမ်းရှိတဲ့ ရှန်ဟိုင်းမြို့ ဟာ တစ်ချိန်မှာတော့ ရေဘေးခဏခဏ ကြုံရပြီးတော့ ဘဝအသက်အိုးအိမ်ဆုံးရှုံးပြီး စီးပွားမလုပ်နိုင်ခဲ့ရာကနေ ယနေ့ တရုတ်ပြည်ရဲ့ စီးပွားမြို့တော်ဖြစ်အောင် ပြောင်းလဲခဲ့တာကတော့ ရေစီးကြောင်းကို ပြန်လည်စီမံရေးဗျူဟာ ရေးဆွဲ ဖန်တီးခဲ့တာကြောင့်ပါပဲ… ဒီကားလေးမှာတော့ သမိုင်းမေ့နေတဲ့ ယနေ့ခေတ်လူငယ်တစ်ယောက်… အဖေ့ဆီက မုန့်ဖိုးတောင်းမရလို့ စိတ်ပျက်ပျက်နဲ့ ပြန်ထွက်လာရင်း… ရေကန်ထဲပြုတ်ကျပြီး လွန်ခဲ့တဲ့ အနှစ် ၇၀၀ ကို ပြန်ရောက်သွားတဲ့အကြောင်းလေးကနေ စမှာပေါ့… တစ်ချိန်တစ်ခါက စဉ်းစားထားတဲ့ မြေပုံအပြင် ဘာမှမရှိတဲ့ ယဲ့ကျုံရှင်းတစ်ယောက်ရဲ့ ရေစီးကြောင်းကို ပြန်လည်စီမံရေးဗျူဟာ ဖန်တီးခဲ့တဲ့ လုပ်ငန်းစဉ်မှာ သူကိုယ်တိုင် ပါဝင်ကူညီခဲ့ရတဲ့အခြေအနေကို ရောက်သွားခဲ့တာပေါ့… သုတရော ရသပါ ခံစားနိုင်မယ့်ကားလေးမို့ ကြည့်ဖို့တိုက်တွန်းလိုက်ပါတယ်

5.7 2025
Ye Zongxing