YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

The Blue Whisper E07 CM.mp4

309.05 MB N/A video/mp4 2632 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Step Up 2: The Streets
6.7

Genre – Drama, Music, Romance IMDB – 6.2/10 ခင်ဗျားတို့တွေကို အကရုပ်ရှင် ဘာကောင်းလဲမေးလိုက်ရင် သေချာပေါက် Step Up ကားတစ်ကားကို ညွန်းပေးကြလိမ့်မယ်။ အဲဒီလို ညွန်းရအောင်လည်း သူက ၂၀၀၀ ခုနှစ်အကျော်တွေမှာ ပေါက်ခဲ့ပြီး Franchise ကြီးကို ဖြစ်သွားခဲ့တာကိုး။ မင်းသား Chaning Tatum စတင်ခဲ့လိုက်တဲ့ Step Up ရုပ်ရှင်ဟာဆို နောက်ပိုင်း Step Up 2 The Streets, Step Up 3D, Step Up Revolution နဲ့ Step Up All In ထိ ဆက်တိုက်ထွက်ခဲ့တယ်။ အဓိကကျောရိုးကတော့ ကျွန်တော်တို့ငယ်စဉ်ဘဝက သိခဲ့ကြတဲ့ ဟစ်ဟော့အက၊ ဖရီးစတိုင်၊ Underground လမ်းဘေးအကပေါင်းစုံက လမ်းဘေးကလူငယ်တွေရဲ့ လွတ်လပ်တဲ့ဘဝ၊ ရွေးချယ်မှုတွေကို ကိုယ်စားပြု တော်လှန်ရေးပြယုဂ်အနေနဲ့ဆိုပြီး သီချင်းကောင်းကောင်း တွေနဲ့ ရိုက်ကူးတင်ဆက်ပြတာမျိုး။ ဒီထဲက နာမည်ကြီးဇာတ်ကောင်တွေဆိုလည်း အဓိကဇာတ်ကောင် မဖြစ်ရပေမယ့် နောက်ပိုင်းကားတွေမှာပါ ဆရာကြီးနေရာတွေက Cameo ပြန်ပါတတ်ကြတယ်၊ ကျွန်တော်အကြိုက်ဆုံးကတော့ ဒီရုပ်ရှင်မှာ စပါဝင်လာတဲ့ မုစ်ပါပဲ။ ဒီရုပ်ရှင်အကြောင်းပြောရမယ်ဆို သူက မူလရုပ်ရှင်နဲ့ နည်းနည်းလေး ဆက်စပ်နေပါတယ်။ Step Up မှာတော့ မယ်ရီလန်းအနုပညာကျောင်းက တိုင်လာနဲ့ နိုရာအကြောင်း ပြီးသွားတဲ့နောက် တိုင်လာ့ညီမဝမ်းကွဲဖြစ်တဲ့ အန်ဒီအကြောင်းကို အခြေခံထားတာပါ တိုင်လာလည်း Cameo အဖြစ် ပြန်ပါထားပါသေးတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ အန်ဒီဆိုတဲ့ကောင်မလေးက လမ်းဘေးဖရီးစတိုင်အကကို ကနေရတာ ကျောင်းတွေလစ်ပြီး ကရလောက်တဲ့ထိကို ရူးသွပ်သူပေါ့။ မိခင်ဖြစ်သူ ကင်ဆာနဲ့ ဆုံးပါးသွားတဲ့အတွက် အမေ့သူငယ်ချင်းအုပ်ထိန်းမှုအောက်နေရပြီး ပြန်အာခံတတ်သူလေးပေါ့။ အဲဒီမှာ အုပ်ထိန်းသူက မနိုင်တော့လို့ နယ်ပို့မယ့်အချိန်မှာ မယ်ရီလန်းအကကျောင်းတက်ရင် နယ်မပို့တော့ ဘူးဆိုလို့ ကြိတ်မှိတ်တက်လိုက်ရရော။ ဒီမှာတင် အရင်အဖွဲ့က လမ်းဘေးစတိုင်နဲ့ ဘဲလေးအက တူညီစရာလား ဘာလား မကျေမနပ်တွေဖြစ်ပြီး သူ့ကို ထုတ်လိုက်တော့ သူက လက်ရှိကျောင်းက ရွက်ပုန်းသီးတွေကို ရွေးထုတ် ကိုယ့်ဘာသာအဖွဲ့ထောင်ပြီး ဒီ The Streets လို့ ခေါ်တဲ့ လမ်းမကပွဲကို ဝင်ပြိုင်ဖို့ ဖြစ်လာတဲ့အခါ ဘယ်လိုအခက်အခဲတွေကြုံပြီး ဘယ်လိုကကြ လန်းကြမလဲဆိုတာ ကြည့်ရှုရမှာပါ။ ကျွန်တော့်အတွက်ကတော့ မုစ်တစ်ယောက် မိုးရေထဲမှာ Timbaland သီချင်းကြီးနဲ့ ကပြသွားတာဆို ခုထိ မျက်စိထဲကနေ မထွက်သေးဘူး ပြောရမယ်။ နောက်ပြီး ၂၀၀၈ ပတ်ဝန်းကျင်က မြန်မာမှာရော ကမ္ဘာမှာရော နာမည်ကြီးခဲ့တဲ့ “ဆော်တကာ Low Low….” ဒီ Low ဆိုတဲ့သီချင်းဟာ ဒီရုပ်ရှင်ရဲ့ ဇာတ်ဝင်တေးပဲ ဖြစ်ပါတယ်။ (ခုထိလည်း နားထောင်ကောင်းတုန်းပါ) File size…2.16GB / 746MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 38m Genre ..... Drama, Music, Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Aung

Music • Romance
6.7 2008 98 mins
Step Up 2: The Streets
Pil's Adventures
6.7

တိုင်းပြည်တစ်ပြည်ရဲ့မင်းကြီးနတ်ရွာလားသွားပြီးတဲ့နောက် အဲဒီတိုင်းပြည်က မင်းသားလေးအရွယ်မရောက်ခင်အထိ မှော်ဆရာတစ်ယောက်က ရင်ခွင်ပိုက်အုပ်ချုပ်ခဲ့ပါတယ်။ မင်းသားလေးအရွယ်ရောက်လို့ ထီးနန်းလွှဲပေးရမယ့်အချိန်ဟာာ မှော်ဆရာဟာ အရင်မင်းကြီးကို အဆိပ်ခတ်လုပ်ကြံခဲ့သလို မင်းသားလေးကို သတ်ဖို့ကြံပါတယ်။ အဲဒီအချိန်မှာ Pil ဟာ အဆိပ်ဖော်တဲ့နေရာကို ခိုးဝင်လာပြီး ဆေးတွေကို ဗြောင်းဆန်အောင်လုပ်ပစ်တာမို့ မင်းသားလေးဟာ ဆေးသောက်မိတဲ့နောက် မသေသွားဘဲ ကြက်ကြောင်ဖြစ်သွားပါတယ်။ ကြက်ခေါင်း ကြောင်ကိုယ်နဲ့ ကြက်ကြောင်ပါ။ ကြက်ကြောင်ဖြစ်သွားတဲ့မင်းသားလေးကို Pil က မှော်ဆရာရဲ့  Maleficient ဆန်ဆန် မွေးစားအမေ‌နေတဲ့ ကျိန်စာသင့်တောအုပ်ကြီးထဲ ခေါ်သွားပြီး ဖြေဆေးရအောင်ကူညီပေးပါတယ်။ အပြန်အလှန်အနေနဲ့ပေးရမှာကတော့ အရင်မင်းကြီးချန်ထားခဲ့တဲ့ ရတနာသိုက်ကြီးပါ။ ဒီလိုနဲ့ ကူကယ်ရာမဲ့ ကချော်ကချွတ်ဖြစ်နေတဲ့ ကြက်ကြောင်ကြီးဟာ ကြောင်တိကြောင်တောင်အစောင့်ရယ် ကိုယ့်အားကိုယ်ကိုး နေနေရတဲ့ ကလေးမလေးရယ် ၊ ကက်ကက်လန်အောင် ကန့်လန့်ဖီလာတိုက် ကန်းမစကားဆိုနေတဲ့ ရုပ်သေးရုပ်ရယ်။ ကိုရိုးကားရား ကိုးလိုးကန့်လန့် အကောင်လေး၃ကောင်နဲ့အတူ ကျိန်စာကျိန်ချက်မိနေတဲ့ ကြီးကြီးမားမား တောအုပ်ကြီးထဲ ကောင်းကောင်းကန်းကန်း ပြန်ဖြစ်အောင်လုပ်ပေးမယ့် စုန်းမကြီးဆီ ကတ်သီးကတ်သတ် ကတ်ဖိုးကတ်ဖဲ့ ကုတ်ကုတ်ကျစ်ကျစ်သွားကြပါတယ်။ သူတို့နောက်ကို မှော်ဆရာက လွှတ်သတ်ခိုင်းထားတဲ့ ကြေးစားလူသတ်သမားတွေရော ယူနီကွန်းကိုမှ ဗလကောင်းကောင်းယူနီကွန်းတွေရော ခွေးပျံကြီးနဲ့ရော ရင်ဆိုင်ကြရမှာပါ။ မက်ဆေ့လိုချင်သူတွေအတွက်လည်း ဖရန့်ရှစ် မေတ္တာ အုပ်ချုပ်ရေး မက်ဆေ့အကုန်ပေးနိုင်သလို ရုပ်ရှင်ကို ရုပ်ရှင်လိုပဲ စိတ်ကျေနပ်ရုံကြည့်ချင်တဲ့သူတွေအတွက်လည်း ဇာတ်လမ်းက တော်တော်ကြည့်ပျော်ပါတယ်၊။ ရယ်လည်းရယ်ရပါတယ်။ ကယောင်ကချောင်နဲ့ ကမောက်ကမဖြစ်နေတဲ့ ကြောင်တိကြောင်တောင်ခေတ်ကြီးမှာ တစ်ခါငိုပြီးတိုင်း တစ်ခါပြန်ပြုံးနိုင်ဖို့ ကြည့်ထားသင့်တဲ့ ချစ်စရာဟာသကာတွန်းရုပ်ရှင်လေးပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.6GB, 830MB, 604MB Quality - 1080p, 720p, 480p IMDb Rating - 6.2/10 Format - mp4 Duration - 1H 29Min Genre - Animation, Adventure, Fantasy Subtitle - Myanmar Subtitle (Hardsub) Translated by W Encoded by Y

Comedy
6.7 2021 89 mins
Pil's Adventures
Valiyor Silar
9

ဒီနေ့မှာတော့ Channel Myanmar ရဲ့ အိန္ဒိယရုပ်ရှင်ချစ် ပရိတ်သတ်တွေအတွက် သွေးထွက်သံယိုတွေ မပါတဲ့ ရုပ်ရှင်ကောင်းတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေဗျာ။ မှုခင်းစုံထောက်ဇာတ်ကားအများစုရဲ့ အနှစ်က သဲလွန်စတွေနဲ့ ခေါင်းခဲစရာ မြုပ်ကွက်တွေပဲလေ ဟုတ်တယ်မလား။ ဒီရုပ်ရှင်ကလည်း ပုံမှန်ရိုးရိုးရှင်းရှင်း ဇာတ်အိမ်ထဲမှာပဲ လူငယ်တစ်ယောက်နဲ့ ရဲတစ်ယောက်ကြားက ပဋိပက္ခကို သရုပ်ဖော်ထားတာပါ။ မိသားစု စီးပွားရေးမပြေလည်တဲ့ အာဂျွန်တို့မိသားစုက ညီမငယ်လေး ရမ်ယာလက်ထပ်ပွဲအတွက် အိမ်ကိုပေါင်ပြီး ပိုက်ဆံချေးလာတာပေါ့။ ဒါပေမယ့် အပြန်လမ်းမှာ စာရွက်စာတမ်းနဲ့ ကိုယ်ရေးအချက်အလက်တွေ မပါလို့ဆိုပြီး ရဲတွေက သံသယဝင်ပြီး ပါလာတဲ့ ပစ္စည်းတွေကို တစ်ညထိန်းသိမ်းထားလိုက်ပါတယ်။ နောက်နေ့မှ စာရွက်စာတမ်းပြပြီး ပစ္စည်းလာထုတ်ပေါ့။ ဒီတော့ နောက်နေ့ရဲစခန်းမှာ အာဂျွန်သွားယူတော့ သူပေးလိုက်တဲ့ ငွေ သိန်း ၂၀ အစား ၅ သိန်းပဲ ပြန်ရပါတော့တယ်။ ဒီတော့ ဒီငွေသာမရှိတော့ရင် ညီမလေးရဲ့ မင်္ဂလာပွဲပျက်မယ့်အရေးမို့ အာဂျွန်ခမျာ အရူးမီးဝိုင်းဖြစ်တော့တာပေါ့။ ဒီတော့ ငွေတွေကရော ဘယ်ကိုရောက်သွားတာလဲ။ အာဂျွန်ထင်သလိုပဲ ရဲတွေက ကြားကနေ တစ်ပတ်ရိုက်ပြီး အစဖျောက်ယူသွားတာလား။ အခြေအနေက ဘာပဲဖြစ်ဖြစ် ဒီပြဿနာကို ဖြေရှင်းရမယ့် အာဂျွန်တစ်ယောက် လုပ်မိလုပ်ရာတွေ လုပ်လိုက်ပါတော့တယ်။ မပြေလည်တဲ့ မိဘနှစ်ပါးကိုလည်း အကြောင်းရင်းစုံကို ပွင့်ပွင့်လင်းလင်း ထုတ်မပြောနိုင်။ ညီမလေးရဲ့ လက်ထပ်ပွဲကိုလည်းအပျက်ခံလို့မဖြစ်။ ဒီလို ရွေးစရာမရှိတဲ့ကြားထဲမှာ အာဂျွန်ဘယ်လိုမျိုး ထွက်ပေါက်ရှာမလဲ။ ဒါတွေကို ရိုးရှင်းတဲ့ဇာတ်အိမ်မှာ ညိမ့်ညိမ့်ညောင်းညောင်းဆွဲယူသွားမယ့် သဲလွန်စတွေနဲ့ အခုပဲ ကြည့်ရှူခံစားလိုက်ပါတော့ဗျာ။ File size…1.3Gb / 650MB Quality…1080p WEB DL AAC 5.1CH / 720p Format…mp4 Duration….1h 25m Subtitle….Myanmar Subtitle (hard sub) Encoder….YK Translated by Poe & HM

Action • Comedy • Science Fiction
9 2021 75 mins
Valiyor Silar
Maze Runner: The Scorch Trials
6.7

ဒီ Maze Runner 2 မှာတော့ သောမတ်(စ်) ဆိုတဲ့ကောင်လေးကို WCKD အဖွဲ့က အဖွဲ့ဝင်တွေ ခေါ်ဆောင်သွားတာနဲ့အစပျိုးထားပါတယ် နှစ်တွေကြာလာတဲ့ အချိန်မှာတော့ သောမတ်(စ်)နဲ့အတူ ကျန်ရှိနေသေးတဲ့ ဂလိတ် အဖွဲ့ဝင်တွေကို မစ္စတာ ဂျေဆင် က ကယ်တင်ခဲ့ပါတယ် သူကတော့ WCKD အဖွဲ ့ဝင်တွေရဲ ့ ရန်ကနေ ကယ်တင်ပေးဖို့လို့ ပြောပေမဲ့ သောမတ်(စ်) ကမသင်္ကာလို ့စုံစမ်းလာတဲ့ အခါမှာတော့ မစ္စတာ ဂျေဆင်ကလည်းWCKD အဖွဲ့ နဲ့ ပူးပေါင်းလုပ်ကိုင်နေတယ်ဆိုတာကို သူ သိလာခဲ့ရပါတယ် ဒီနောက်ပိုင်းမှာတော့ သူတို ့တွေ ဘယ်လိုကြိုးစားရုန်းကန်ကြမလဲဆိုတာကိုတော့ ရုပ်ရှင်ထဲမှာ ဆက်လက်ရှုစားကြရမှာပါ (ဇာတ်ကားအညွန်းရေးသူကတော့ Carey Nyein ပဲဖြစ်ပါတယ်) File Size : (900 MB) and (405 MB) Quality : Blu-Ray 720p Running Time : 2hr 11min Format : Mp4 Genre : Action, Sci-Fi, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 720p.BluRay.x264-SPARKS Translated by ကျော်ကျော် (CU-Mdy) Encoded by Thanhtike Zaw

Drama
6.7 2015 131 mins
Maze Runner: The Scorch Trials
U311 Cherkasy
6.6

U311 Cherkasy (2019) ================ IMDb Rating – 6.6/10 ၂၀၁၉ ခုနှစ်က ထွက်ရှိထားတဲ့ တကယ့်ဖြစ်ရပ်မှန် စစ်ပွဲကို အခြေခံပြီး ရိုက်ကူးထားတဲ့ စစ်ကားကောင်းလေးတစ်ကား ကို တင်ဆက်ပေးလိုက် ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ ၂၀၁၄ ခုနှစ် ရုရှားနိုင်ငံဟာ ယူကရိန်းပိုင်ဖြစ်တဲ့ ခရိုင်းမီးယားဒေသကို သိမ်းပိုက်ပြီး ဒွန်နူစလပ်ပင်လယ်ကွေ့မှ ပင်လယ်နက် ဆီသို့ ထွက်ပေါက်ကို ပိတ်ဆို့လိုက်ပါတော့တယ်။ အဆိုပါ ပိတ်ဆို့မှုကြောင့် ယူကရိန်း ‌ရေတပ်သင်္ဘော ၇ စင်းဟာလည်း နိုင်ငံဆီသို့ပြန်မရဘဲ ပိတ်မိသွား ပါတော့တယ်။ သင်္ဘော ၇ စင်းဟာ တစ်စင်းပြီး တစ်စင်း ရုရှားထံသို့ အညံ့ခံ သွားခဲ့ကြပါတယ်။ သို့သော် မိုင်းရှင်းလင်းရေး သင်္ဘော Cherkasy ကတော့ မျှော်လင့်ချက် မရှိနိုင်သည့်တိုင်အောင် ပြန်လည်ခုခံဖို့ ဆုံးဖြတ်လိုက်ပါတယ်။ Cherkasy သင်္ဘောမှ ယူကရိန်းရေတပ်သားတွေ အင်အားကြီးမားတဲ့ ရုရှား‌‌ရေတပ်ကို ဘယ်လိုခုခံကြမလဲ။ ရှုံးနိုင်ချေများတဲ့ စစ်ပွဲတစ်ခုမှာ စစ်သားတွေရဲ့ ခံယူချက်၊ ခံစားချက်၊ ရုန်းကန်ရမှုတွေကို ရှု့ထောင့်တစ်မျိုးမှ ကြည့်ရှု့ရမယ် ဇာတ်ကားကောင်းလေး တစ်ကားဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Leonard Lin ဖြစ်ပါတယ်) File Size – (1.13 GB) / (650 MB) / (420 MB) Quality – Web-Rip 1080p/ 720p / 480p Duration – 1Hr 42mins Subtitle – Myanmar Hardsub Format – MP4 Genre : Action, Drama, War Translator – Leonard Lin Encoder – SWM

Adventure • Fantasy • Science Fiction
6.6 2019
U311 Cherkasy
Of Mice and Men
7.5

Of Mice and Men (1992) ~ IMDb – 7.5/10, Rotten Tomatoes – 97% ~ အမေရိကန်စာရေးဆရာကြီး ဂျွန်စတိုင်းဘတ် (John Steinbeck) ရဲ့ ကမ္ဘာကျော်ဝတ္ထုတစ်ပုဒ်ဖြစ်တဲ့ Of Mice and Men ကို ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားပဲဖြစ်ပါတယ်။ ရှေးတစ်ခေတ်က အမေရိကန်ကျောမွဲလယ်လုပ်သားတွေရဲ့ဘဝကို ပုံဖော်ထင်ဟပ်ထားတဲ့ဇာတ်လမ်းပါပဲ။ ကျွန်တော်တို့ဆီမှာလည်း လယ်ပိုင်နွားပိုင်မရှိတဲ့ စာရင်းငှား(သူရင်းငှား) လယ်ကူလီလို့ခေါ်ကြတဲ့ လူတန်းစား ရှိတာပါပဲ။ ၁၉၂၀ ဝန်းကျင်လောက်က အမေရိကန်နိုင်ငံမှာလည်း ကိုယ်ပိုင်မြေမရှိ၊ အနာဂတ်မရှိ လယ်တောခြံတစ်ခုကနေတစ်ခု ပြောင်းရွှေ့ပြီး အလုပ်လုပ်ကြရတဲ့ လယ်လုပ်သားတွေ ရှိခဲ့ပါတယ်။ ဂျော့ နဲ့ လန်နီ တို့ဟာ အဲဒီလို ရွှေ့ပြောင်းလယ်လုပ်သားနှစ်ယောက်ပါ။ ဂျော့ က ပညာမတတ်ပေမယ့် ထက်ထက်မြက်မြက်ရှိသူတစ်ယောက်။ လန်နီကတော့… လန်နီကတော့ ထွားကျိုင်းသန်စွမ်းလှတဲ့သူဖြစ်ပေမယ့် ပြောရရင် ဦးနှောက်ဖွံ့ဖြိုးမှုအားနည်းတယ် လို့ ဆိုရမလား၊ ကျပ်မပြည့်ဘူးလို့ပဲ မညှာမတာပြောရမလား အဲလိုလူတစ်ယောက်ပါ။ လန်နီဟာ ပင်ကိုယ်စိတ်ရင်းက ကလေးတစ်ယောက်လို အလွန်နူးညံ့ပါတယ်။ လှလှပပ ချောချောမွေ့မွေ့အရာလေးတွေ ဥပမာ – ကတ္တီပါစလိုဟာလေးတွေ၊ အဝတ်လှလှလေးတွေ၊ ကြောင်ကလေး ခွေးကလေးတွေရဲ့ အမွေးလေးတွေကိုတွေ့ရင် သူက ယုယုယယ ပွတ်သပ်ပေးနေချင်တာ။ ဒါပေမဲ့ သူ့ခွန်အားကို သူက မထိန်းသိမ်းတတ်တော့ ဘာကောင်မှ သူ့လက်ထဲကြာကြာမခံဘူး။ အဲဒီအကျင့်ကြောင့်လည်း ဘယ်အလုပ်ထဲမှာမှ မမြဲဘဲ ပြေးခဲ့ကြရပေါင်းလည်း များလှပြီ။ ( ဥပမာ – ကောင်မလေးတစ်ယောက် ဝတ်ထားတဲ့ ဝတ်စုံလှလှလေးကို သွားပြီး ကိုင်ကြည့်မိလို့ ကောင်မလေးက သူ့ကို မုဒိန်းကျင့်ဖို့ကြံစည်တယ်ထင်ပြီးအော်ပါလေရော။ လူတွေက လိုက်ဖမ်းကြတော့ သူတို့နှစ်ယောက် အသက်လုပြီး ထွက်ပြေးရတာမျိုးပေါ့ ) နောက်ပြီး သူက မှတ်ဉာဏ်ကလည်း မကောင်းတော့ ဘာပဲဖြစ်ဖြစ် အကုန်မေ့သွားတာပဲ။ သူမမေ့တာဆိုလို့ တစ်ခုပဲရှိတယ်။ အဲဒါက ဘာလဲဆိုတော့… လန်နီ နဲ့ ဂျော့တို့မှာ အိပ်မက်တစ်ခုရှိတယ်။ တစ်နေ့ကျရင် သူတို့နှစ်ယောက် ကိုယ်ပိုင်မြေတစ်ကွက် ဝယ်ကြမယ်။ အဲဒီမြေပေါ်မှာ သူတို့ နေမယ့်အိမ်ကလေးတစ်လုံးရှိမယ်။ နွားတွေ ဝက်တွေ ကြက်တွေ မွေးကြမယ်။ လန်နီကတော့ ယုန်လေးတွေမွေးမယ် တဲ့။ ယုန်လေးတွေကို သူပဲ ထိန်းမှာတဲ့။ အဲဒီအကြောင်းတွေကို ဂျော့က လန်နီ့ကို အိပ်ယာဝင်ပုံပြင်လို မကြာခဏပြောပြရလေ့ရှိပါတယ်။ သူ မပြောချင်လည်း လန်နီက သတိရတိုင်းပြောခိုင်းတာပဲ။ ဒီဇာတ်ကားကိုရိုက်ကူးခဲ့တဲ့ မူရင်းဝတ္ထု ထွက်ရှိခဲ့တဲ့ အချိန်တုန်းက ဝတ္ထုထဲမှာ စကားလုံးအသုံးအနှုန်းတွေက ကြမ်းတမ်းလို့၊ လူမျိုးရေးခွဲခြားတဲ့ အသုံးအနှုန်းတွေပါလို့ဆိုပြီး အမေရိကန်နိုင်ငံက စာကြည့်တိုက်တွေ ကျောင်းတွေမှာ ပိတ်ပင်ခံခဲ့ရပါသတဲ့။ ဆင်ဆာအထိဆုံးစာအုပ်တစ်ရာ စာရင်းတွေထဲမှာလည်း မကြာခဏ ပါနေခဲ့တဲ့ စာအုပ်ဖြစ်ပါတယ်။ တကယ်တော့ စာရေးဆရာက အမေရိကန်ကျေးလက်လူတန်းစားရဲ့ အငွေ့အသက်ကို အရှိအတိုင်း ပုံဖော်ထားတဲ့အတွက် အဲဒီလိုစကားလုံးတွေ ပါနေတာလို့ပဲ ယူဆပါတယ်။ ဇာတ်ကားထဲမှာလည်း အဲဒီစရိုက်က ပီပြင်ပါတယ်။ ဘာပဲပြောပြော အဆဲကလေးနဲ့ပြောတာမျိုး၊ သဒ္ဒါမမှန်တဲ့ စကားပြောတွေ၊ အနှိမ်ခံရတဲ့ လူမည်းတစ်ယောက်ရဲ့ ရင်ပွင့်စကား(ရင်ဖွင့်မဟုတ်)တွေ စသဖြင့်…။ ဒီဝတ္ထုကို ကျွန်တော်တို့ဆီက စာရေးဆရာ၊ ကဗျာဆရာ # ပိုင်သ က “တို့ပိုင်တဲ့မြေ” ဆိုတဲ့နာမည်နဲ့ ဘာသာပြန်ဖူးကြောင်း သိရပါတယ်။ ဗီဒီယိုရိုက်ဖို့လည်း ကြိုးစားဖူးပါသတဲ့။ ဆင်ဆာအဖွဲ့က ဒီဇာတ်လမ်းကို ရိုက်ခွင့်မပြုခဲ့ဘူးလို့ ဆိုပါတယ်။ ဝတ္ထုတစ်ပုဒ်ကို ရုပ်ရှင်ရိုက်တဲ့အခါ ပျက်သွားတာများပါတယ်။ ဒီတစ်ခုကတော့ ဝတ္ထုနဲ့ရုပ်ရှင်နှစ်ခုလုံးက ပေးစွမ်းနိုင်တဲ့ ခံစားမှု အရသာချင်း ထပ်တူနီးပါး ရနိုင်မှာပါ။ ဝေဖန်ရေးဆရာတွေရော ပရိသတ်တွေကပါ အားပေးချီးကျူးမှုများစွာ ရခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါကြောင်း။ (ဒီဇာတ်ကားနဲ့အညွှန်းကို Thaman Myint မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 880MB Quality – 1080p, 720p IMDb Rating – 7.5/10 Format – mp4 Duration – 1H 55Min Genre – Drama, Western Subtitle – Myanmar Subtitle (Hardsub) Translated by Thaman Myint Encoded by Y

Drama
7.5 1992
Of Mice and Men
The Wolf of Wall Street
8.2

The Wolf of Wall Street (2013) IMDb Rating (8.2) / Rotten Tomatoes (80%) The Wolf of Wall Street ဆိုတာက ဖြစ်ရပ်မှန်အတ္ထုပ္ပတ္တိကိုပြန်ရိုက်ထားတာ… အခုထိ သက်ရှိထင်ရှားရှိနေသေးတဲ့ Jordan Belfort ဆိုတဲ့ဆရာသမား စတော့ရှယ်ယာဈေးကွက်မှာ ဘယ်လိုတွေ လူလည်ဖျံကျပုံ… အချိန်တိုအတွင်း ငွေတွေဒလဟောဝင်ပြီး ဘယ်လိုတွေချမ်းသာသွားပုံ… ချမ်းသာလွန်ပြီး ဘာတွေဆက်ဖြစ်သွားပုံစတဲ့ သူ့ဘဝဇာတ်ကြောင်းကိုရိုက်ထားတာ… မင်းသား လီယိုနာဒိုက Jordan Belfort နေရာကနေ သရုပ်ဆောင်ထားပြီး ဇာတ်ကားရဲ့နောက်ဆုံးပိုင်းမှာ Jordan Belford ကိုယ်တိုင်လဲ ဝင်ရိုက်ထားသေးတယ်။ မင်းသမီးက Margot Robbie …သိတဲ့အတိုင်း ဒီဇာတ်ကားမှာရှယ်ဟော့တာ..သူများလင်ယူထားတဲ့ အငယ်အနှောင်းပုံစံနဲ့ ဟော့တယ် ထိတယ်မိတယ်ပေါ့။ သူမက အဲ့ကာလက တက်သစ်စမင်းသမီးပဲရှိသေးပေမယ့် ဒီဇာတ်ကားမှာ အဟော့ခန်းတွေ အဖော်အချွတ်ခန်းတွေပါမကျန် ဇာတ်နဲ့ကျရာဇာတ်ရုပ်ကို ပီပြင်စွာရိုက်ကူးသရုပ်ဆောင်ခဲ့တာကြောင့် တခါထဲ နာမည်ကြီးမင်းသမီးတန်းဝင်သွားပါတယ်။ မင်းသားလီယိုနာဒိုကတော့ ပြောမနေနဲ့တော့…သူ့ကြောင့်ပဲ ဒီရုပ်ရှင်ကား ဒီလောက်ကောင်းသွားတာ.. Jordan Belfort တောင် သူ့လောက် Jordan Belfort မဖြစ်လောက်ဘူး… လီယိုနာဒိုကမှ တကယ့်လူလည်ပတ်ကား ကျရာပျော် ငွေသမား ဆေးသမား ဆော်သမား အကုန်ကြမ်းတဲ့ တကယ့် Jordan Belfort ။ မူးယစ်ဆေးအမျိုးမျိုးကို နှစ်သက်တဲ့ Jordan Belfort မှာ မူးယစ်ဆေးတွေထက် ပိုယစ်မူးတဲ့ အရာတစ်ခုရှိတယ်… အဲ့ဒါပိုက်ဆံပဲ။ ” ပိုက်ဆံသာ အလုံအလောက်ရှိလာရင် မင်း ဘာမဆိုလုပ်နိုင်လိမ့်မယ် ကမ္ဘာကြီးကိုလည်းသိမ်းပိုက်နိုင်လိမ့်မယ်..မင်းရန်သူတွေကိုလည်းဖျက်ဆီးပစ်နိုင်လိမ့်မယ် ပိုက်ဆံက မင်းကိုဘဝကောင်းကောင်းတစ်ခု ဝယ်ပေးရုံမဟုတ်ဘူး အစားကောင်းကောင်းရော ကားကောင်းကောင်းရော မိန်းမကောင်းကောင်းရောဝယ်ပေးတာ မင်းကိုပိုကောင်းတဲ့လူတစ်ယောက်ဖြစ်လာစေတယ် မင်းကြိုက်တဲ့ဘုရားကျောင်း၊နိုင်ငံရေးပါတီ ကြိုက်တာကိုမင်းလှူလို့ရတယ် စိတ်ပါရင် ဇီးကွက်မျိူးစိတ်တစ်ခုလုံးကိုတောင် ပိုက်ဆံပေးပြီးကာကွယ်ထားလို့ရသေးတယ်။” ဒီလိုခံယူချက်တွေနဲ့ Jordan Belfort ဟာ ဘာမှမရှိတဲ့သာမန်အရောင်းစာရေးဘဝကနေ အချိန်တိုအတွင်း သန်းကြွယ်သူဌေးဖြစ်လာဖို့ အားထုတ်ပါတော့တယ်… ပွဲစားတစ်ယောက် ဈေးရောင်းသူတစ်ယောက် Marketing သမားတစ်ယောက် ဈေးဘယ်လိုရောင်းရမယ်ဆိုတာ Jordan Belfort က ဒီရုပ်ရှင်မှာပြလိမ့်မယ်… လီယိုနာဒိုရဲ့တွဲဖက်က ဟာသမင်းသား Jonah Hill တဲ့…ပွဲကိုသိမ်းရော…နှစ်ယောက်သား တစ်ကားလုံး ဆဲလိုက် မူးလိုက် ပေါက်ကရတွေချည်းဆော်တာ။ မိသားစုနဲ့ကြည့်လို့မပြေအောင်ထိ ဇာတ်ကကြမ်းတယ်…ဒါရိုက်တာက နာမည်ကျော် Martin Scorsese ။ တခါတလေ စိတ်ညစ်လို့ Moti ပျောက်နေပြီဆိုရင် ဒီရုပ်ရှင်ကားက အမြင်တစ်မျိုးနဲ့ Moti ပေးနေပါလိမ့်မယ်။ ၃ နာရီကျော်ကြာပေမယ့် လုံးဝစွဲသွားမှာမလို့ ကြည့်ကြည့်ပါ။ (4K ကိုတော့ HDR Version နဲ့ လုပ်ထားတာမလို့ ခေတ်ပေါ် ဖုန်း pc tv တချို့မှာသာ ကာလာစုံမြင်ရမှာဖြစ်ပါတယ်…1080p နဲ့ 720p ကတော့ ပုံမှန်အတိုင်းကြည့်လို့ရပါတယ်။)

Mystery • Drama
8.2 2013 180 mins
The Wolf of Wall Street
Never Been Kissed
6

Never Been Kissed (1999) ~ IMDb – 6/10, Rotten Tomatoes – 55% ~ ဒီကားလေးဟာဆိုရင်ဖြင့် 90s အကျော်အမော် မင်းသမီးချော Drew Barrymore ရဲ့ ငယ်ရွယ်စဉ်အပျိုပေါက်အရွယ်တုန်းက ရိုက်ကူးခဲ့တဲ့ အချစ်ဟာသဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ ဂျိုစီဂယ်လာဆိုတဲ့ ၂၅နှစ်အရွယ် အမျိုးသမီးလေးတစ်ယောက်ဟာ Chicago Sun Times သတင်းစာတိုက်မှာအလုပ်လုပ်နေတဲ့ အငယ်ဆုံးဝန်ထမ်းတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့ အစည်းအဝေးမှာ အထက်လူကြီးက ဂျိုစီ့အတွက် ပထမဆုံးသူလျှိုသတင်းထောက်တာဝန်ကို ပေးခဲ့တယ်။ သူလျှိုသွားလုပ်ရမယ့်နေရာကတော့ ဂျိုစီရဲ့အိပ်မက်ဆိုးလို့ပြောလို့ရတဲ့ သူ့အတွက်မကောင်းတဲ့အမှတ်တရတွေအပြည့်နဲ့ သူတက်ခဲ့တဲ့ South Glen အထက်တန်းကျောင်းဖြစ်နေခဲ့တယ်။ တာဝန်အတွက် ကျောင်းပြန်တက်ဖို့သွားတဲ့အခါမှာလည်း အရင်တုန်းက အထက်တန်းကျောင်းသူ စာဂျပိုးဂျိုစီပုံစံ ပြန်ဖြစ်နေခဲ့တဲ့အပြင် ဆရာတွေထဲကတစ်ယောက်ဖြစ်တဲ့ ဆမ်ကိုလ်ဆင်ဟာ သူ့ကိုစိတ်ဒဏ်ရာပေးခဲ့တဲ့ အထက်တန်းကျောင်းဖော် ဒိတ်ဒိတ်ကြဲ ကောင်ချောလေး ဘီလီပရင့်စ်နဲ့ ရုပ်ဆင်‌နေခဲ့တယ်။ အရင်အတိုင်း ဝင်မဆံ့ဖြစ်နေတဲ့ညီမကို မကြည့်ရက်တော့တာကြောင့် အစ်ကိုဖြစ်သူ ရော့ဘ်ကပါ သူလျှိုဇာတ်ထဲ ဝင်ပါခဲ့ရပါတော့တယ်။ ဒီလိုနဲ့ ကလေးတွေရဲ့ဘဝကို မိဘတွေပိုသိလာဖို့အတွက် ဆောင်းပါးလည်းရေးရင်း ကျောင်းမှာလည်း လူဝင်ဆံ့လာပြီး ကျောင်းကပွဲမှာ အလှဘုရင်မရတဲ့အထိ ဖြစ်လာတယ်။ ဒါပေမဲ့ ကျောင်းကပွဲညမှာတင် ဖုံးကွယ်ထားတဲ့ အလိမ်အညာတွေပေါ်သွားခဲ့ပြီး ကျောင်းသားနဲ့ဆရာဝတ္တရားကြောင့် စောင့်ထိန်းထားခဲ့ရတဲ့ ဂျိုစီနဲ့ ကိုလ်ဆင်ကြားက ကံကြမ္မာက ဘယ်လိုပြောင်းလဲသွားမလဲဆိုတာကိုတော့ စိတ်ဝင်စားဖွယ်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Jina မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 895MB Quality – 1080p, 720p IMDb Rating – 6/10 Format – mp4 Duration – 1H 47Min Genre – Comedy, Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by Jina Encoded by Y

Fantasy
6 1999
Never Been Kissed
Unexpected

(IMDb 4.4/10) မင်းသားကြီး Joseph Mazzello နဲ့ မင်းသမီးကြီး Anna Camp တို့အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ Comedy/ Drama/ Romance ဇာတ်ကားလေးတစ်ကားပါ ဒီဇာတ်ကားလေးမှာလည်း ပေးချင်တဲ့ message ကတစ်မျိုးလေးပါပဲ ရင်ထဲတစ်ခုခုတော့ကျန်မှာသေချာပါတယ် ကျွန်တော်တို့နေထိုင်နေတဲ့လောကကြီးကလည်း လိုတာမရ ရတာမလိုနဲ့ အတော်ကိုထူးဆန်းတာမျိုးပဲမလား ကျွန်တော်တို့ မျိုရိုးဗီဇရဲ့ဖြစ်တည်မှုဆိုတာကြီးကလည်းထူးဆန်းတဲ့ဖြစ်ရပ်တစ်မျိုးပါပဲ ဇာတ်အိမ်လေးကတော့ ဘော့ နဲ့ အေမီ တို့လင်မယားနှစ်ယောက်ဟာ ကလေးလိုချင်လွန်းလို့ကြိုးစားနေကြတဲ့သူတွေပေါ့ ဆေးစစ်ချက်မှာ အေမီ ရဲ့အားနည်းချက်ကြောင့်မရနိုင်တာလို့သိတဲ့အချိန်မှာ အေမီ တစ်ယောက်ဆောက်တည်ရာမရခဲ့ဘူး ဂီတဝေဖန်ရေးဆောင်းပါးရေးတဲ့ ဘော့ ကလည်းကလေးရဖို့စိတ်နဲ့ပဲ အလုပ်ကောင်းကောင်းမလုပ်နိုင်တော့ အလုပ်ပြောင်းခံရနဲ့ နှစ်ယောက်စလုံး စိတ်ထောင်းကိုယ်ကြေဖြစ်နေတဲ့အချိန်ပေါ့ တစ်နေတော့ ကြော်ငြာတစ်ခုမှာ ကျေးလက်ကအိမ်လေးတစ်အိမ်အရောင်းတင်ထားတာကို အေမီ တစ်ယောက်တွေ့သွားပြီးတော့ ကျေးလတ်ဒေသလေးမှာ လင်မယားနှစ်ယောက် စိတ်ထွက်ပေါက်တစ်ခုအနေနဲ့သွားပြီး ကလေးရဖို့ နောက်ထပ်တစ်နည်းနဲ့ကြိုးစားဖို့အခွင့်အရေးကိုလုပ်ကြဖို့ဆုံးဖြတ်လိုက်ကြရာကနေ…….. အဲဒီဒေသမှာ တွေရတဲ့လူတွေနဲ့ ဘယ်လိုဆက်ဆံရေးတွေဖန်တီးမှာလည်း….ဝယ်လိုက်တဲ့အိမ်ကရော အဆင်ပြေရဲ့လား…… သူတို့ရဲ့ရည်ရွယ်ချက်ကိုရော အောင်မြင်အောင် အကောင်အထည်ဖော်နိုင်ပါ့မလားဆိုတာကိုတော့…….. ဒီဇာတ်ကားလေးကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ပဲဖြစ်ပါတယ် File size…(1.5 GB)/(810 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre… Comedy, Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Leo

0 2022
Unexpected
Shaolin vs. Evil Dead
6

မကျွတ်မလွတ်တဲ့တစ္ဆေတွေကိုကယ်တင်ဖို့ ပယောဂဆရာကြီးဟာ တပည့်နှစ်ယောက်နဲ့ နေရာအနှံ့လှည့်လည်သွားပြီး လူတွေကိုကူညီနေခဲ့တယ်။ တစ်နေ့မှာတော့ သူ့ရဲ့တပည့်လေးတစ်ယောက်က ဝိဉာဉ်ချုပ်တဲ့ဥကိုမတော်တဆမြိုချမိလိုက်တယ်။ အန်ထုတ်မရ စွန့်ထုတ်လို့မရနဲ့ ဒုက္ခရောက်ပြီး ကောင်လေးဟာအခက်တွေ့နေခဲ့တယ်။ အဲဒီအချိန်မှာပဲ ပယောဂဆရာကြီးရဲ့ ဂိုဏ်းတူဆရာတူအစ်ကိုဟာ လမ်းမှားရောက်ပြီး ပညာကိုအသုံးချပြီး လူတွေကိုလိမ်လည်နေခဲ့ရင်း ထူးဆန်းတဲ့တန်ဖိုးကြီးကျောက်တစ်ခုကိုခိုးယူမိတာကြောင့် ဒုက္ခအကြီးအကျယ်ရောက်တဲ့အချိန်မှာ ဆရာကြီးက အရင်ရန်ငြှိုးတွေကိုလစ်လျူရှုပြီး သွားကယ်တဲ့ပါတော့တယ် ၂၀၀၀ခုနှစ်တွေရဲ့ ဟောင်ကောင်ကားဆိုတဲ့အတိုင်း အက်ရှင်ပီပြင်ပြီး ရယ်ရတဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။

6 2004
Shaolin vs. Evil Dead
Hawaizaada
5.5

Hawaizaada (2015) “လွတ်လပ်သော နှလုံးသား” ၂၀၁၅ တုန်းက ထွက်ရှိခဲ့တဲ့ ဟင်ဒီစကားပြော စိတ်ကူးယဉ်ဒရာမာရုပ်ရှင်လေးကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ် ဗြိတိသျှအုပ်စိုးတဲ့ခေတ်မှာ တည်ထားပြီး ဆက်တင်အရောင်အသွေးစုံလင်စွာနဲ့ ဖန်စီဆန်ဆန်ရိုက်ကူးထားပေမဲ့ အပြင်မှာတကယ်ရှိခဲ့တဲ့လူတစ်ယောက်ကို အခြေခံထားတဲ့ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ ရှီဗီဟာ ၄ တန်းရှစ်ခါကျပြီး သူ့မိသားစုအပါအဝင် ဘယ်သူမှသူ့ကိုသဘောမကျပေမဲ့လို့ အပူအပင်မရှိဘဲ ခပ်ပျော်ပျော်နေတတ်တဲ့ လူငယ်လေးပါ တစ်နေ့တစ်နေ့ အလေလိုက်ရင်း ရှာစထွီဆိုတဲ့ အင်္ဂလိပ်စစ်သားတွေလိုက်လံစုံစမ်းနေတဲ့ ခပ်ရူးရူးသိပ္ပံပညာရှင်တစ်ယောက်နဲ့ ပတ်သက်မိသွားတဲ့နောက်မှာ သူတို့နှစ်ယောက်ပေါင်းပြီး ဘာကိုတီထွင်ကြမှာလဲ ပရိသတ်တို့ကပဲ ဆက်ကြည့်ကြပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်

Comedy • Drama • Romance
5.5 2015 157 mins
Hawaizaada
Dragon Sword : Outlander
6

တနေ့ကတင်ဆက်ထားတဲ့ To Be Immortal ဇာတ်ကားလေးရဲ့ အဆက်သဘောလေးပဲဖြစ်ပါတယ် ဒီကားလေးက သိုင်းပညာနဲ့အဂ္ဂိရတ်ပညာကို ရိုက်ပြထားတဲ့ကားကောင်းတစ်ကားပါပဲ ကျင့်ကြံသူတွေဒုက္ခရောက်ပြီး အားလုံးသေဆုံးတော့မဲ့အချိန်မှာ ဖုယန်နဲ့သူ့သူငယ်ချင်းတစ်စုဟာ ပြသနာကိုဖြေရှင်းဖိုလိုက်ရှာရင်း တောအုပ်တစ်ခုထဲရောက်သွားခဲ့ပါတယ်တကယ်တော့ အဲ့တောအုပ်ဟာ သာမန်တောအုပ်တစ်ခုမဟုတ်ပါဘူး လောကကြီးနဲ့အဆက်ဖြတ်ပြီး တသီးတခြားတည်ရှိနေတဲ့ ဝင်္ကပါတောအုပ်တစ်ခုပါ သာမန်သူတွေလည်းမဝင်နိုင်သလို ဝင်ချင်လည်း သားရဲမိစ္ဆာကောင်တွေကြောင့် အသက်မရှင်နိုင်ပါဘူး ဒါပေမဲ့ဖုယန်ဟာ ထိုတောအုပ်ထဲကိုရောက်ရှိသွားခဲ့ပါတယ် တောအုပ်ထဲက ကိုယ်ပိုင်ကမ္ဘာမှာနေထိုင်တဲ့ဂိုဏ်းမှ အကြီးအကဲအမတမျိုးနွယ်ကလည်း ဖုယန်ကုသတိထားမိပြီး သူ့တပည့်ကိုလိုက်ချဥ်းကပ်ခိုင်းပါတော့တယ် တစ်ဖက်မှာလည်း အဂ္ဂိရတ်ပညာရှင် တန်းကျွင်းကလည်း သူ့ပညာတွေအမွေပေးရန် ဖုယန်ကုအတင်းချဥ်းကပ်အကျပ်ကိုင်ပြီး သင်ပေးပါတော့တယ် ကဲ ဖုယန်တစ်ယောက်လွတ်မြောက်နိုင်မလား? အဂ္ဂိရတ်ပညာကိုလည် တစ်ဖက်ကမ်းခပ်တက်မြောက်နိုင်မလား? သူဘာတွေကြုံတွေ့နေရမလဲ? ဇာတ်လမ်းလေးထဲ စောင့်ကြည့်ပေးပါနော်

Drama
6 2021
Dragon Sword : Outlander
The Jönsson Gang Returns
6

ဆွီဒင်ရဲ့ အကျော်ကြားဆုံး သူခိုးဂိုဏ်းလေး ပြန်လာပါပြီ! နှစ်ပေါင်းများစွာ ထွက်ပြေးနေခဲ့ရတဲ့ ဆစ်ကန်ဟာ သူ့ရဲ့ အဖွဲ့ဟောင်း ဗန်ဟီဒန်၊ ဒိုရစ်နဲ့ ဒိုင်နမိုက်ဟယ်ရီတို့နဲ့ ပြန်လည်ပေါင်းစည်းပြီး သဘာဝသမိုင်းပြတိုက်က တီရက်စ်အရိုးစုတစ်ခုလုံးကို ခိုးယူဖို့ အစီအစဉ်ဆွဲတယ်။ ဒီအရိုးစုကို စီးပွားရေးသမား ဝေါလ်အင်ဘတ်ကို ခရိုနာ သန်း ၃၂၀ နဲ့ ရောင်းချဖို့ အသေးစိတ်စီမံထားပြီးပြီ။ ဒါပေမယ့် ဂျွန်ဆင်ဂိုဏ်းကို ဖမ်းဆီးဖို့ စိတ်အားထက်သန်နေတဲ့ ရဲမေရစ်မောဂရင်းကို သူတို့ကို ဖမ်းဆီးဖို့ကြိုးစားတဲ့အခါမှာတော့…. ဘယ်လိုတွေဆက်ဖြစ်လာမလဲဆိုတာ ကြည့်ရှုလိုက်ကြရအောင်… File Size… (1.86 GB) / ( 885 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….1h 44m Genre …..Comedy , Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by ZWT

Drama • Family
6 2024 104 mins
The Jönsson Gang Returns
The Fantastic Four: First Steps
7.6

The Fantastic Four: First Steps (2025) HDTC Version Screenshot The Fantastic Four: First Steps (2025) IMDb Rating (7.6) / Rotten Tomatoes (89%) မနေ့က ရုံစတင်ပြီဖြစ်တဲ့ ဖန်တက်စတစ်ဖောရုပ်ရှင် HDTC ကြည်တောက် အဆင့်ရပါပြီ။ Screenshot မှာပြထားတဲ့အတိုင်း ကြည့်လို့ရတဲ့အဆင့်ထိ ကြည်ပြီဖြစ်ပေမယ့် ကြော်ငြာတချို့ပါနေတာမလို့ အရှင်းတော့မဟုတ်ဘူးပေါ့။ စာတန်းထိုးလည်းမရှိတာမို့ နားထောင်ပြီး ရသမျှ ဘာသာပြန်ပေးထားပါတယ်။ စူပါမန်းအရင်ထွက်ပြီး ဒါပဲ တင်ပေးတယ်ဆိုပြီးတော့ စိတ်တော့မကောက်ကြပါနဲ့။ ပြည်တွင်းမှာ ရုံတင်တဲ့ကားတွေကျ ရုံမချမချင်း မတင်ဘူးလို့ ဆုံးဖြတ်ထားရယ် ကြည်တောက်ရှင်းမရသေးတာရယ်ကြောင့် ခနတော့စောင့်စားပေးကြပါဦးနော်။ Endgame အပြီးမှာ အမာခံတွေကလွဲရင် ပရိသတ်တွေကို ဖမ်းစားနိုင်စွမ်းလျော့နေတဲ့ ဇာတ်ကားတွေ ဆက်တိုက်ထွက်နေအပြီးမှာတော့ အခု အရင်လို ပြန်အရှိန်တက်တဲ့ ရုပ်ရှင်ကောင်းမျိုးထွက်လာပါတယ်။ ဇာတ်လမ်း၊ အထူးပြုလုပ်ချက်၊ မပေါတဲ့ဟာသတွေ စသဖြင့် အဆင့်မီမီလေး ကြည့်နိုင်ပါပြီ။ ဒါရိုက်တာ Matt Shakman ကလည်း the boys တို့ game of thrones တို့မှာ အပိုင်းတွေ ဝင်ရိုက်ပေးနေကျမို့ ဆရာပါပဲ။ သရုပ်ဆောင်တွေကလည်း Pedro Pascal, Vanessa Kirby တို့ အစွမ်းပြထားသလို မီးလူသားအဖြစ် ပါဝင်ထားတဲ့ Joseph Quinn ကလည်း Stranger Things မှာကတည်းက ကောင်းခဲ့တဲ့သူဖြစ်သလို ဒီရုပ်ရှင်မှာလည်း သူရဲကောင်းဆန်ဆန် ပုံဖော်ပေးထားပါတယ်။ ဇာတ်လမ်းအကျဉ်း ဒီဇာတ်လမ်းကိုတော့ အပြိုင်ကမ္ဘာ-၈၂၈ မှာ အခြေခံထားပြီး အဓိကကမ္ဘာဖြစ်တဲ့ ၆၁၆ နဲ့ နောက်ပိုင်းမှာ ပေါင်းစပ်လာပါလိမ့်မယ်။ အားလုံးသိတဲ့အတိုင်း အာကာသယာဉ်မှူးလေးဦးဟာ အာကာသလေ့လာရေးခရီးထွက်ရင်း အာကာသမုန်တိုင်းကြောင့် ဒီအန်အေတွေ ပြောင်းလဲသွားပြီး စွမ်းအားရှင်တွေဖြစ်လာပါတယ်။ ကမ္ဘာကိုကယ်တင်နေသူ သူရဲကောင်းတွေအဖြစ် ရှိနေရင်းနဲ့ပဲ ရိဒ်နဲ့ဆူးတို့မှာ ကိုယ်ဝန်ရှိလာပါတယ်။ ကလေးငယ်မွေးခါနီးမှာပဲ မာဗယ်ရဲ့ အကြီးဆုံးဗီလိန်တွေထဲက တစ်ယောက်ဖြစ်တဲ့ ဂြိုလ်ဘူဖေးစားတဲ့ ဂလက်တက်ကြီးရောက်လာပြီး သူတို့ဂြိုလ်ကို စားဖို့ ပြင်ပါတော့တယ်။ ဂလက်တက်ကို တားဖို့ကြိုးစားနေတုန်းမှာပဲ ဂလက်တက်ဟာ ဆူးရဲ့ကလေးဟာ စကြဝဠာအဆင့်စွမ်းအားရှင်ဖြစ်လာမယ်ဆိုတာကိုသိပြီး ကလေးကိုလုဖို့ကြိုးစားလာပါတော့တယ်။ ဖန်တက်စတစ်ဖောအနေနဲ့ သူတို့ဘယ်လိုမှ မယှဉ်နိုင်တဲ့ နတ်ဘုရားအဆင့် ဂလက်တက်ကို ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာ ကြည့်ရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mr. Anderson ဖြစ်ပါတယ်။) File size… (3.7 GB) / (1.4 GB) Quality…. HDTS 1080p HEVC / 720p Format…. mkv/mp4 Genre…. Action, Adventure, Sci-Fi, Superhero Duration….01:55:00 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Ka Naung Translated by Mr. Anderson

Comedy • Horror • Action
7.6 2025 115 mins
The Fantastic Four: First Steps