YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

The.Black.Phone.2022.720P {CM}.mp4

546.23 MB N/A video/mp4 2927 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
You Hurt My Feelings
7

You Hurt My Feelings (2023) ~ IMDb - 7/10, Rotten Tomatoes - 95% ~ တစ်ခါတလေမှာ ကိုယ်ချစ်ရတဲ့သူတွေအတွက် သုံးလိုက်တဲ့မုသားတွေက အဲဒီလူတွေကို နာကျင်စေတတ်ပါတယ်။ ဒီကားကတော့ ယုံကြည်မှု၊ မုသားတွေနဲ့ ချစ်ရတဲ့သူတွေကို ပြောတတ်တဲ့အကြောင်းအရာတွေအကြောင်းရိုက်ထားတာပါ။ ဘက်နဲ့ ဒန်တို့ လင်မယားမှာ အယ်လီရော့ဆိုတဲ့ သားတစ်ယောက်ရှိပြီး သူတို့ စုံတွဲက နှစ်တွေကြာတဲ့ထိ အချစ်မပြယ်ဘဲနေခဲ့ကြပါတယ်။ ဘက်က စာရေးဆရာမဖြစ်ပြီး ဒန်ကတော့ ကုထုံးဆရာ၀န်ပါ။ ဘက်မှာ ဆာရာဆိုတဲ့ ညီမတစ်ယောက်လည်းရှိပါတယ်။ သူက အိမ်တွင်းအလှဆင်တဲ့သူပါ။ ဘက်ရဲ့ အရင်စာအုပ်တစ်အုပ်က နာမည်ကြီးခဲ့ပြီး လက်ရှိနောက်တစ်အုပ်ထုတ်ဖို့လုပ်တဲ့အချိန်မှာ အေးဂျင့်က သဘောမကျပါဘူး။ ဒန်ကတော့ သဘောကျတယ်ပဲပြောပါတယ်။ ဘက်က ဒန်ပြောတာကို ယုံပါတယ်။ ဒန်ကလည်း သူ့အလုပ်မှာအဆင်မပြေတာတွေကြုံရပြီး ဆာရာတို့လင်မယားကလည်း ကိုယ်စီ အလုပ်မှာ စိတ်မောစရာတွေရှိနေကြပါတယ်။ ဆာရာရဲ့ခင်ပွန်းမက်က ပြဇာတ်သရုပ်ဆောင်ဖြစ်ပြီး အလုပ်ပြုတ်သွားပါတယ်။ ကံဆိုးတာက တစ်ရက်မှာ ဒန်နဲ့ မက်တို့ ‌ဈေး၀ယ်ရင်း ဘက်စာအုပ်ကို ဒန်ကမကြိုက်ကြောင်းပြောနေတာကို မထင်မှတ်ဘဲ ကြားလိုက်ရတဲ့အခါ... ဘက်ရဲ့ ဒန်အ‌ပေါ် နှစ်ရှည်လများ ယုံကြည်ခဲ့တာတွေ ပျောက်ဆုံးသွားသလိုခံစားလိုက်ရတဲ့အခါ... တကယ်တမ်း လူတိုင်းက ကိုယ်ချစ်ရတဲ့သူတွေ အဆင်ပြေအောင် စိတ်သက်သာအောင် လိမ်တာမဟုတ်တဲ့ အဖြူရောင်မုသားတွေသုံးတတ်ကြတာကို သတိထားမိသွားတဲ့အခါ... ဒါက ခွင့်လွှတ်ဖို့ ထိုက်တန်လားဆိုတာကိုတော့ နာမည်‌ကျော် A24 ကနေ လတ်လတ်ဆတ်ဆတ်ထုတ်ထားတဲ့ ကားသစ်လေးကြည့်ရင်းဆုံးဖြတ်ပေးကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.9GB, 735MB Quality - 1080p, 720p IMDb Rating - 7/10 Format - mp4 Duration - 1H 33Min Genre - Comedy, Drama Subtitle - Myanmar Subtitle (Hardsub) Translated by Shune Lai KK Encoded by Y

Drama
7 2023 93 mins
You Hurt My Feelings
Fast 888
6

ထိုင်း အခွီမင်းသားချော Nick Kunatip နဲ့ ဟာသတွဲဖက် Chuanchen Chaet တို့အဓိက ပါဝင်ထားတဲ့ တကားလုံးရီနေရတဲ့ဇာတ်ကားပါ။ လတ်တလောကမှ ကျောက်ဖုရားမြစ်ထဲ တွန်းချခံရလို့ သေဆုံးခဲ့တဲ့ မင်းသမီးချောလေး Tangmo Nida Patcharaveerapong လဲ ဒီကားထဲ ပါဝင်သရုပ်ဆောင်ထားခဲ့ပါတယ်။ ဇာတ်လမ်းအကျဥ်း... ဖွန်(Chuanchen Chaet)) က ဘတ်စ်ကားအမှတ်၈၈၈ကိုမောင်းနှင်သူတစ်ယောက်ဖြစ်ပြီး သူငယ်ချင်းဖြစ်သူ ဝင်း(Kunatip)ကတော့ ကားစပယ်ယာလုပ်ပေးနေသူပဲဖြစ်ပါတယ် ဖွန်ရဲ့ ဇနီးဖြစ်သူ မီအာ(Tangmo)က ဖခင်နဲ့ချစ်သူဖွန်ကြား ဖွန့်ကိုရွေးလာသူမို့ ဖွန့်အနေနဲ့ မိန်းမရှိခိုး သွားမကျိုးဆိုတဲ့အတိုင်းနေလာခဲ့သူလည်းဖြစ်ပါတယ် တစ်ရက် ဖွန်နဲ့ ဝင်းတို့ ဘတ်စ်၈၈၈ ကိုမောင်းလာရင်း ဖွန်ရဲ့ ဝါသနာအတိုင်း တခြားဘတ်စ်ကားနဲ့ ကားမောင်းပြိုင်ရာက အလွဲတွေ စဖြစ်ပါတော့တယ်.. ကားပေါ်မှာ ဖွန့်ကိုကြည့်မရလို့ ကားဘရိတ်ကြိုးဖြတ်ဖို့နဲ့ ချိန်ကိုက်ဗုံးထောင်ထားတဲ့ အဖွဲ့နှစ်ဖွဲ့အပြင် ကောင်မလေးကြောင့် သတ်သေချင်နေသူ, မော်ဒယ်အဖွဲ့, လျှို့ဝှက်တဲ့ပုံနဲ့နေနေတဲ့ညီအစ်ကိုနှစ်ယောက်, ရောဂါသည်တစ်ယောက် နဲ့ သီချင်းဆိုပြိုင်ပွဲလာဝင်တဲ့သူ စတဲ့ခရီးသည်ပေါင်းစုံပါလာပြီး ကားပေါ်က ဖွန်နဲ့ ခရီးသည်တွေရဲ့အကြောင်းစုံကို ဟာသနှောပြီးတင်ဆက်ပေးထားတဲ့ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။ ပေါ့ပေါ့းပါးပါးရီချင်နေရင်တော့ ဒီဇာတ်ကားက အဲ့လိုပါ။ (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Kyi Nue Zin မှ တင်ဆက်ပေးထားပါတယ်။) File size…(2.1 GB)/(999 MB) Quality….WEB-DL 1080p/720p Format…mp4 Duration….01:33:41 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Kyi Nue Zin

Comedy • Drama
6 2016 95 mins
Fast 888
The Exorcist

CM ကနေပြီးတော့ဒီတစ်ခါအမိုက်စားဇာတ်ကားလေးတစ်ကားဖြစ်တဲ့ THE EXORCIST ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ပယောဂဆရာဖြစ်တဲ့ Lin Jiu ရဲ့ သူ့တပည့်ဖြစ်တဲ့ Liu Yi Ze က Ding အိမ်ရဲ့သမီးဖြစ်သူ Ding Xiang နဲ့စေ့စပ်တဲ့အချိန်မှာ Ding အိမ်ကမိစ္ဆာအတတ်တွေနဲ့ ထိန်းချုပ်ခံထားတာတွေ့လိုက်ရတယ်။ မိစ္ဆာတွေကိုနှိမ်နင်းနေတဲ့ပယောဂဆရာတပည့်နှစ်ယောက်သိသွားတဲ့အချိန်မှာ ဘယ်လိုတွေဖော်ထုတ်ကြမလဲ ? ဘာကြောင့်များ Ding အိမ်ကိုထိန်းချုပ်ထားရတာလဲ ?ဆိုတာတွေကိုတော့ ဒီရုပ်ရှင်လေးကနေပြသသွားမှာဖြစ်ပါတယ်။ Quality : WEB-DL 1080p ,480p Format : mp4 Genres : Action , Thriller Runtime : 1h 26min Subtitle : Myanmar Subtitle ( Hardsub ) Translated by Chu Chu , Ann Chi , Nu Mon Encoded by LK

Action • Adventure • Drama • Romance • Thriller
null 2022
The Exorcist
Hanuman Shadow Master
7.3

ဒါကတော့ မွေ့ထိုင်းအတိုက်အခိုက်တွေကို အခြေခံပြီး သမ္မာကျမ်းစာလာ မြင်းစီးသမားလေးယောက်ရဲ့ ကမ္ဘာပျက်ကိန်းကို ရာမရဲ့ စစ်သူကြီး ဟာနုမန်က သေမင်းနတ်ဘုရားအနေနဲ့ အင်္ဂလိပ်လိုတွေပြောပြီးဝင်တားတဲ့ကားမျိုးဖြစ်လို့ နည်းနည်းတော့ကြောင်ပါတယ်။ ဒါပေမဲ့ Ong-bak ဆန်ဆန် အက်ရှင်တွေနဲ့ ပဟေဠိဆန်ဆန် ရိုက်ချက်တွေကြောင့် အပျော်ကြည့်အနေနဲ့တော့ အဆင်ပြေမယ့်ကားမို့ တင်ပေးလိုက်ပါတော့တယ်။ မင်းသားကတော့ စားစရာနေစရာမရှိလို့ ဆေးရုံပျက်တစ်ခုမှာ ညစောင့်ကင်းသမားလာလုပ်ရတဲ့သူပေါ့။ သူ့အတိတ်ကို ဆေးရုံမှာမှီခိုနေရတဲ့လူတွေကလည်းမသိကြဘူး။ ကြည့်တဲ့သူတွေပဲသိမှာပါ သူက ဂန်းစတားဟောင်းကြီး မွေ့ထိုင်းကျွမ်းတယ်ဘာညာပေါ့။ ဒါပေမဲ့ ဟာနုမန်နတ်ဘုရားက မြင်းသည်တော်လေးယောက်နဲ့ချဖို့ အသုံးချတာကိုခံလိုက်ရတဲ့အခါ ပိုပြီးကြမ်းလာပြီး နတ်ဆိုးတွေနဲ့ပါ ချနိုင်သွားတာပေါ့။ အဲတော့ ချကြတယ်ပေါ့။ ကြည့်ကြည့်လိုက်ပါ။

Documentary
7.3 2022 90 mins
Hanuman Shadow Master
A Maple Valley Christmas
6.3

IMDb 6.3/10 ခရစ္စမတ်လည်း နီးပြီဆိုတော့ အိမ်တွင်းအောင်းပြီးကြည့်ပြီး ခရစ္စမတ်ကားကောင်းလေးတစ်ကားကို Channel Myanmar က ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ် ။ ဇာတ်လမ်းအကျဥ်းကတော့ Maple Valley လယ်တောရဲ့ သမီးကြီး ဖြစ်တဲ့ အန်ရီကာ နဲ့ မြေကွက်လေလံဝယ်ဖို့လာတဲ့ သူဌေးသားလေး အေရွန်တို့ရဲ့ အချစ်ဇာတ်လမ်းလေးပါပဲ ။ မိသားစုသမိုင်းကြောင်းကြောင့် မြေကွက်ကို မဖြစ်မနေလိုချင်နေတဲ့ အန်ရီကာ နဲ့ ခေါင်းမာတဲ့အဖေကို ပိုင်ဆိုင်ထားရတဲ့ အေရွန်တို့ ဘယ်လိုတွေ ညှိယူပြီး ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို ခရစ္စမတ်နောက်ခံနဲ့ ကြည့်ရှုရမှာပါ ။ ဒီဇာတ်လမ်းမှာတော့ ညီအစ်မအချင်းချင်း သားအဖအချင်းချင်း အလုပ်အတူတူတွဲ လုပ်တဲ့အခါ ဖြစ်တတ်တဲ့ ကတောက်ကဆလေးတွေနဲ့ အဲဒီကတောက်ကဆတွေကို ဘယ်လိုညှိယူရင်း ရှေ့ဆက်သွားကြမလဲဆိုတာကိုလည်း ထည့်သွင်းထားပါသေးတယ် ။ ခရစ္စမတ်မှာ အရသာရှိတာတွေစားရင်း မိသားစုနဲ့အတူ ချစ်သူနဲ့အတူ ကြည့်သင့်တဲ့ ကားကောင်းလေးတစ်ကား ဖြစ်ကြောင်း ညွှန်းလိုက်ပါရစေ ။ File size…1.75GB/ 769MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 25m Genre ….. Comedy , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Ashley

6.3 2022
A Maple Valley Christmas
Landline
6.4

Landline (2017) ============ IMDb Rating – 6.4/10 ဒီဇာတ်လမ်းလေးက 1995 ခုနှစ်မှာ အခြေခံထားတာပါ။ ညီအစ်မနှစ်ယောက်ရှိတဲ့ ပျော်ပျော်ရွှင်ရွှင်မိသားစုလေး တစ်ခုက နောက်တော့ သူတို့အဖေ ဖောက်ပြန်နေတာကို သိသွားကြတယ်။ အစ်မ Dana က သူ့ချစ်သူ Ben နဲ့စေ့စပ် ထားပြီး ညီမဖြစ်တဲ့ Ali ကတော့ အရွယ်နဲ့မလိုက်​အောင် ဉာဏ်ကောင်းတဲ့အထက်တန်းကျောင်းသူတစ်ယောက်ပေါ့။ သူတို့ညီအစ်မနှစ်ယောက် သူတို့အဖေဖောက်ပြန်နေတဲ့စာ ကိုမြင်တော့ သူတို့အမေကိုမပြောသေးဘဲ တိတ်တိတ်လေး ဆက်စုံစမ်းလိုက်ကြတယ်။ ဒီဇာတ်လမ်းက မိသားစုနဲ့ စုံတွဲ တွေကြားက ပြဿနာကိုဖော်ပြထားပြီး ချစ်ခြင်းမေတ္တာ၊ သံယောဇဥ်တွေနဲ့ ဘယ်လိုဖြေရှင်းကြမလဲဆိုတာကို ရသစုံ စွာရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်) File Size……….(1.5 GB) / (507 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 37Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Drama Translator…….Thwal Htoo Zin Encoder……….SWM

Action • Science Fiction • Crime
6.4 2017
Landline
I.S.S.
5.5

I.S.S(International Space Station)နိုင်ငံတကာ အာကာသစခန်းတည်ဆောက်လိုက်ခြင်းဟာ စစ်အေးတိုက်ပွဲအပြီး အမေရိကန်နဲ့ ရုရှားပူးတွဲဆောင်ရွက်မှုရဲ့ ပြယုဂ်ဖြစ်ခဲ့ပါတယ်…။ ဒီစခန်းမှာက အဓိကအားဖြင့် အဆင့်မြင့်နည်းပညာတွေနဲ့ ဆေးဘက်ဆိုင်ရာတွေ၊ အာကာသလေ့လာရေးအတွက် သုတေသနပြုမှုတွေလုပ်တာ‌ပေါ့။ ဒီကနေ့ခေတ်အရောက်မှာတော့ အမေရိကန်နဲ့ရုရှားနှစ်နိုင်ငံလုံးမှ အာကာသယာဥ်မှူးတွေဟာ နိုင်ငံတကာအာကာသစခန်းမှာ အခြေချနေထိုင် သုတေသနပြုလျက်ရှိပြီး… ကမ္ဘာမြေပြင် ပြင်ပက သီးသန့်သုတေသနနိုင်ငံလေးလိုဖြစ်နေပါပြီ။ သို့ပေမယ့် ကမ္ဘာမြေပြင်မှာ နျူစစ်ပွဲတွေဖြစ်လာပြီး စစ်မီးတွေ တောက်လောင်လာချိန်မှာတော့ ဒီသုတေသနနိုင်ငံလေးကလည်း မငြိမ်းချမ်းနိုင်တော့ပါဘူး…။ အမေရိကန်ဘက်ကရော ရုရှားဘက်ကမှာ ဒီအာကာသစခန်းကို အပိုင်သိမ်းဖို့ သူတို့ရဲ့အာကာသယာဥ်မှူးတွေကို အမိန့်ပေးလာတဲ့ အခါမှာတော့….။ ဒီစခန်းက နျူစစ်ပွဲအတွက် ဘာလို့အ‌‌‌ရေးပါနေတာလဲ…၊ အာကာသစခန်းထဲက သိပ္ပံပညာရှင်တွေကရော ဘယ်လိုဆုံးဖြတ်ချက်တွေချသွားမလဲ.. အားလုံးအသက်ရှင်နိုင်ပါ့မလားဆိုတာကို ကြည့်ရှုရမယ့် sci-fi၊ thriller မူဗီလေးပဲဖြစ်ပါတယ်… File size…1.34 GB / 570 MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 35m Genre ….. Sci-Fi , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

5.5 2023
I.S.S.
Baby Assassins 2 Babies
6.7

Babe Assassins 2: Babies (2023) ========================== IMDb rating 6.7/10 Genre – Comedy, Action, Crime ဒါကတော့ ၂၀၂၀ကထွက်ထားတဲ့ကားရဲ့အဆက်ပါ။ sequelကားတွေက စုတ်ပြတ်သတ်သွားတာများပေမဲ့ ဒီကားကတော့ကောင်းတဲ့ထဲပါပါတယ် ။ plotကပိုရိုးရှင်းပေမဲ့ ကျွန်တော့်ရဲ့တစ်ကိုယ်ရည်အမြင်ရဆို ဒီsequelက ကြည့်ရတာ funဖြစ်ပြီး heart warmingပိုဖြစ်ပါတယ်။ လုပ်ကြံသတ်ဖြတ်ရေးသမားနှစ်‌ယောက်ဖြစ်တဲ့ ချီဆာတိုနဲ့ မာရီယာတို့နှစ်ယောက် အရင်ကထက်ပိုတွဲဖက်ညီလာကြပါပြီ။ ဒါပေမဲ့ နှစ်ကောင်ပေါင်းလောင်းကျော်ပြီး အဖွဲ့အစည်းရဲ့စည်းမျဉ်းတွေကိုချိုးဖောက်မိလို့ တာ၀န်ကနေ ခဏဆိုင်းငံ့ခံထားရပါတယ်။ အကြွေးတွေလဲဆင့်နေလို့ အချိန်ပိုင်းအလုပ်လုပ်နေရတဲ့အပြင်ကို တခြားလုပ်ကြံရေးသမားနှစ်ယောက်လည်း သူတို့နောက်ကိုလိုက်လာတဲ့အခါမှာတော့ ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ ပထမကားလိုပဲ သွက်သွက်လက်လက်အက်ရှင်ခန်းတွေကို ဟာသလေးစွက်ပြီးကြည့်ရမှာပါ။ အားလုံးပဲကြည့်ရှုခံစားကြပါဦး။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Soe Thiri Swe ပါ ) File size_(1.9GB)/(900MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:41:00 Genre_Action, Comedy, Crime Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Soe Thiri Swe

Drama • Romance
6.7 2023 101 mins
Baby Assassins 2 Babies
Trinket Box
5

သရဲကား ကြိုက်နှစ်သက်သူတွေအတွက် အသစ်ထွက်ရှိလာတဲ့ Trinket Box ဆိုတဲ့ သရဲကားလေးကို တင်ဆက်ပေးလိုက် ပါတယ်။သရဲကား အမျိုးအစားတွေထဲကမှ ပြောရမယ်ဆိုရင် ဒီကားက ဖြဲခြောက်တာမျိုးမဟုတ်ဘဲနဲ့ စိတ္တဇဆန်ဆန် ခြောက်ခြားစရာကောင်းအောင် ရိုက်ကူးထားတဲ့ကားမျိုးပဲ ဖြစ်ပါတယ်။ပြီးတော့ သရဲခြောက်ရတဲ့ အကြောင်းအရင်းက အမေရိကန်မှာ ဘိုးဘေးဘီဘင်‌ ခေတ်အဆက်ဆက် ကတည်းဖြစ်တည်လာခဲ့တဲ့ လူဖြူလူမည်းလူမျိုးရေးခွဲခြားမှုကို အခြေခံပြီး ဖြစ်လာရတာပဲဖြစ်ပါတယ်။ လူဖြူကောင်မလေးနဲ့ လူမည်းကောင်လေးတို့က ကောင်မလေးရဲ့ အိမ်ထဲမှာ တိုးတိုးတိတ်တိတ် မိဘတွေမသိအောင်ချိန်းတွေ့ ကြည်နူး သာယာတစ်တီတူးနေတုန်း ကောင်မလေးရဲ့ အဖေဖြစ်သူ အိမ်ကိုပြန်ရောက်လာခဲ့ပါတယ်။ဖြစ်ချင်တော့ ကောင်မလေးရဲ့ အဖေကလူမည်းတွေကို အရမ်းမုန်းတီးနေသူဖြစ်တဲ့အတွက် ကောင်လေးကို မရမကလိုက်ဖမ်းပြီး အပီအပြင်တွယ်ပါ တော့တယ်။ခွေးတောင်မှ ချောင်ပိတ်ခံရရင် ပြန်ကိုက်သလို သူလည်းကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ပါတဲ့ ဓားနဲ့ယမ်းလိုက်တာ ကောင်မလေးအဖေ သေသွားပါတော့တယ်။ဒီလိုနဲ့ နောက်ပိုင်း သူတို့နေတဲ့ အိမ်ထဲမှာခြောက်ခြားစရာတွေဖြစ်လာပြီး အခုခေတ် အချိန်ကာလကို ရောက်လာပါတော့တယ်။အခုလည်း အဲ့ဒီအိမ်မှာ လူဖြူကောင်မလေးနဲ့ လူမည်းကောင်မလေးလင်မယား နှစ်ယောက်ပြောင်းရွှေ့နေထိုင်နေတာကို တွေ့ရမှာဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ ဘ၀လေးက ပျော်ရွင်စရာလေးဆိုပေမဲ့ မစ္စဒေးဗစ်လို့ခေါ်တဲ့ လူမျိုးရေးခွဲခြားတဲ့ အဖွားကြီးတစ်ယောက်က အတင်းတွေအိမ်ကို လာမိတ်ဆက်ပြီး လည်ဆွဲလေးတစ်ခုကို လက်ဆောင်ပေးခဲ့ပြီးနောက်မှာ သူတို့လင်မယားဘ၀မှာ ထူးဆန်းမှုတွေ ပြည့်နှက်လာပြီး အဲ့ဒီလည်ဆွဲကရော ဘာတွေထူးခြားနေလဲဆိုတာကိုကြည့်ရမဲ့ Horror/Thriller ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…1GB/ 427MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 43m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Documentary
5 2023 104 mins
Trinket Box
Unexpected

(IMDb 4.4/10) မင်းသားကြီး Joseph Mazzello နဲ့ မင်းသမီးကြီး Anna Camp တို့အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ Comedy/ Drama/ Romance ဇာတ်ကားလေးတစ်ကားပါ ဒီဇာတ်ကားလေးမှာလည်း ပေးချင်တဲ့ message ကတစ်မျိုးလေးပါပဲ ရင်ထဲတစ်ခုခုတော့ကျန်မှာသေချာပါတယ် ကျွန်တော်တို့နေထိုင်နေတဲ့လောကကြီးကလည်း လိုတာမရ ရတာမလိုနဲ့ အတော်ကိုထူးဆန်းတာမျိုးပဲမလား ကျွန်တော်တို့ မျိုရိုးဗီဇရဲ့ဖြစ်တည်မှုဆိုတာကြီးကလည်းထူးဆန်းတဲ့ဖြစ်ရပ်တစ်မျိုးပါပဲ ဇာတ်အိမ်လေးကတော့ ဘော့ နဲ့ အေမီ တို့လင်မယားနှစ်ယောက်ဟာ ကလေးလိုချင်လွန်းလို့ကြိုးစားနေကြတဲ့သူတွေပေါ့ ဆေးစစ်ချက်မှာ အေမီ ရဲ့အားနည်းချက်ကြောင့်မရနိုင်တာလို့သိတဲ့အချိန်မှာ အေမီ တစ်ယောက်ဆောက်တည်ရာမရခဲ့ဘူး ဂီတဝေဖန်ရေးဆောင်းပါးရေးတဲ့ ဘော့ ကလည်းကလေးရဖို့စိတ်နဲ့ပဲ အလုပ်ကောင်းကောင်းမလုပ်နိုင်တော့ အလုပ်ပြောင်းခံရနဲ့ နှစ်ယောက်စလုံး စိတ်ထောင်းကိုယ်ကြေဖြစ်နေတဲ့အချိန်ပေါ့ တစ်နေတော့ ကြော်ငြာတစ်ခုမှာ ကျေးလက်ကအိမ်လေးတစ်အိမ်အရောင်းတင်ထားတာကို အေမီ တစ်ယောက်တွေ့သွားပြီးတော့ ကျေးလတ်ဒေသလေးမှာ လင်မယားနှစ်ယောက် စိတ်ထွက်ပေါက်တစ်ခုအနေနဲ့သွားပြီး ကလေးရဖို့ နောက်ထပ်တစ်နည်းနဲ့ကြိုးစားဖို့အခွင့်အရေးကိုလုပ်ကြဖို့ဆုံးဖြတ်လိုက်ကြရာကနေ…….. အဲဒီဒေသမှာ တွေရတဲ့လူတွေနဲ့ ဘယ်လိုဆက်ဆံရေးတွေဖန်တီးမှာလည်း….ဝယ်လိုက်တဲ့အိမ်ကရော အဆင်ပြေရဲ့လား…… သူတို့ရဲ့ရည်ရွယ်ချက်ကိုရော အောင်မြင်အောင် အကောင်အထည်ဖော်နိုင်ပါ့မလားဆိုတာကိုတော့…….. ဒီဇာတ်ကားလေးကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ပဲဖြစ်ပါတယ် File size…(1.5 GB)/(810 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre… Comedy, Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Leo

0 2022
Unexpected
The Thinning
5.5

The Thinning (2016) ဇာတ်ကားကတော့ Action/Drama/Horror အမျိုးအစားပါ Directed by Michael J. Gallag’her ဖြစ်ပါတယ် IMDb 5.5/10 ဖြစ်ပြီး Rotten Tomatoes ရဲ့ Audience Score မှာလည်း 62% ရရှိထားပါတယ် ကိုယ်လည်းစကြည့်တုန်းက အစပိုင်း၁၀မိနစ်လောက်ထိ ဘာလဲပေါ့ဆိုပြီး ကြည့်ခဲ့တာ တကယ်ကိုစိတ်ဝင်စားဖို့ကောင်းပါတယ် ဇာတ်လမ်းအဆုံးထိဘာဖြစ်မလဲသိချင်အောင် ဆွဲခေါ်သွားခဲ့တယ် သမားရိုးကျဇာတ်လမ်းတွေကနေ ခွဲထွက်ထားတော့ ပိုကောင်းတာပေါ့ (စာကျက်ပျင်းတဲ့သူတွေပိုကြည့်သင့်ပါတယ်နော် ) 2038 ခုနှစ်မှာ ကမ္ဘာတစ်ဝှမ်းလုံးလူဦးရေသိပ်သည်းမှုကြောင့် နိုင်ငံတိုင်းဟာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ လူဦးရေထူထပ်လာမှုကို လျှော့ချကြပါတယ် နှစ်တိုင်းမှာ လူဦးရေရဲ့ငါးရာခိုင်နှုန်းကို လျှော့ချကြတာပါ ကလေးတစ်ယောက်ပဲ မွေးရမယ်တို့ ဘာတို့ ဒါပေမယ့် အမေရိကမှာတော့ ကျောင်းသားကျောင်းသူ တွေကို စစ်ဆေးမှုပြုလုပ်ပါတယ် စာမေးပွဲပေါ့ စစ်ဆေးမှုရဲ့ အဆင့်အနိမ့်ဆုံး အမှတ်အနည်းဆုံး ကျောင်းသားကျောင်းသူတွေကို thinning လုပ်လိုက်တယ် သတ်ပစ်လိုက်တာပေါ့ Michaels (Peyton List) တက္ကဆက်ပြည်နယ် ဗစ်စတာပွိုင့်အထက်တန်းကျောင်းရဲ့ အတော်ဆုံးကျောင်းသူတစ်ဦး မိခင်ရဲ့ကျန်းမာရေးကြောင့် ဆေးဖိုးဝါးခရှာရင်း ကျူရှင်လဲသင် စာမရတဲ့ကျောင်းသားတွေကို ခိုးချလို့ရတဲ့ မျက်ကပ်မှန်လေးတွေရောင်းရင်း ကော်ရင်းနဲ့ဂျိုဝီဆိုတဲ့ ညီမလေးနဲ့မောင်လေးကိုလည်း ပြုစုစောင့်ရှောက်နေတဲ့ မမတစ်ယောက် စစ်ဆေးမှုမှာ အမြဲ90%ကျော်နေခဲ့ပြီး ဘာလို့ စစ်ဆေးမှုကျရှုံးသွားရတာလဲ Blake Redding (Logan Paul) & Ellie Harper ( Lia Marie Johnson) သူတို့ကတော့coupleပါ မြို့တော်ဝန်ရတ်ဒင်းန်ရဲ့ သားဖြစ်သူ ဘလိတ်ရတ်ဒင်းန်နဲ့ ကျောင်းကခပ်လန်းလန်းကောင်မလေး အယ်လီဟက်ပါ စစ်ဆေးမှုမတိုင်ခင်ညမှာ ချိန်းတွေ့ကြတာမိသွားတော့ မြို့တော်ဝန်က သူ့သားကျမှာစိုးလို့မပေါ့လျော့ဖို့ဆုံးမ မနက်ရောက်တော့ စစ်ဆေးမှုမှာ အယ်လီကျသွားတယ် ချစ်သူကိုအဆုံးရှုံးမခံနိုင်တဲ့ဘလိတ်ခ်က အဖေကို အကူအညီတောင်းပေမယ့် ဥပဒေအထက်မှာ ဘယ်သူမှ မရှိဘူးလို့ငြင်းခံရတော့ ဒီစနစ်ကိုဒီလောက်ထောက်ခံရလားဆိုပြီး သူပါ တမင်ကျရှုံးအောင်ဖြေမယ့်အကြောင်း videoတစ်ခု လုပ်ထားခဲ့တယ် ရမှတ်တွေမထွက်ခင် မြို့တော်ဝန် သိသွားတဲ့အခါတားမှာလား ဥပဒေအတိုင်းထားမှာလား Woods (Calum Worthy) လီနာရဲ့သူငယ်ချင်းကောင်း စီစီတီဗွီတွေကိုအမြဲဟက်ပြီး ကြည့်လေ့ရှိသူ သတင်းထောက်လည်းဖြစ်ချင်တဲ့အတွက် နာမည်ကျော်သတင်းထောက် ဝမ်ဒီဆီကိုသတင်းတွေ အမြဲပို့နေသူတစ်ယောက် Thinning လုပ်တယ်ဆိုတာကရော ဘယ်လိုနည်းနဲ့သတ်ပစ်တာလဲ စစ်ဆေးမှုရလာဒ်တွေကရော အမှန်တိုင်းဟုတ်ရဲ့လား ကယ်လန်ကရော စီစီတီဗွီမှတ်တမ်းကနေတစ်ဆင့် သူငယ်ချင်းတွေကိုဘယ်လိုကူညီနိုင်မှာလဲ သနားစရာလီနာနဲ့ အယ်လီတို့ကရော ကယ်တင်ခံရမှာလား ဘလိတ်ခ်ကရော သတ်ပစ်ခံရတဲ့ထဲပါသွားမှာလားဆိုတာ Channel Myanmar ကနေတစ်ဆင့် ကြည့်ရှုခံစားကြမယ်နော်

Drama
5.5 2016 84 mins
The Thinning
Fireflies in the Garden
6.4

ဥယျာဉ်ထဲက ပိုးစုန်းကြူးတွေ အထက်ကောင်းကင်ကိုဖြည့်ဖို့ရာ ကြယ်တွေရှိပါသတဲ့ ကမ္ဘာပေါ်မှာတော့ ပိုးကလေးတွေပေါ့ အရွယ်အစားချင်းတော့ဘယ်တူလိမ့် အနှစ်သာရအားဖြင့်လည်းသူတို့က ကြယ်တွေမဟုတ်ခဲ့ တစ်ခါတလေတော့ သူတို့မှာကြယ်လိုစတင်ခြင်းမျိုးရှိလေရဲ့ ကြယ်လိုတောက်ပမှုမျိုး ကြာကြာထိန်းမထားနိုင်တာကလွဲ…။ – ရောဘတ်ဖရော့စ် ဒီကဗျာဟာ မှောင်မိုက်တဲ့အချိန်တွေကြားက ခဏတဖြုတ်ဖြစ်လာတဲ့ အလင်းရောင်အခိုက်အတန့်လေးတွေကို ဖော်ကျူးထားတာပါပဲ။ ဘယ်အရာမှမတည်မြဲပါဘူး။ မတည်မြဲဘူးဆိုတိုင်း အခွင့်သင့်သလိုလင်းလာတတ်တဲ့ အေးချမ်းခြင်းအခိုက်အတန့်တွေကို မခံစားရတော့ဘူးလို့မှမဟုတ်ပဲလေ။ ကဗျာနဲ့ရုပ်ရှင်က ထပ်တူကျလောက်အောင်ဆွဲညှိမရပေမဲ့ ကြည့်တတ်ရင် အရိပ်အမြွက်လောက်တော့မြင်ပါလိမ့်မယ်။ Cast တွေကတော့ လက်ဖျားခါလောက်စရာပါပဲ။ William Dafoe, Ryan Reynolds, Julia Roberts, Carrie- Ann Moss တို့လို တကယ့်အကြီးကြီးတွေကိုမှရွေးသုံးထားတယ်။ ဒီရုပ်ရှင်ကတော့ ရီဗျူးတွေကောင်းလှတယ်မဟုတ်ဘူး။ ကောင်းလှတယ်မဟုတ်တဲ့အခြေအနေကိုတောင် သရုပ်ဆောင်တွေဆွဲတင်ခဲ့လို့ ရောက်တာဖြစ်လိမ့်မယ်။ တိုက်ဆိုင်မှုရှိသူတွေအတွက်တော့ ရင်ထဲရောက်မှာပေါ့။ ဒီရုပ်ရှင်က မိသားစုပြဿနာတွေအကြောင်း။ အဓိကကတော့ အဖေ နဲ့ သားကြားက ညှိမရတဲ့နာကျည်းချက်တွေပေါ့။ သိပ်ကိုဒေါသကြီးပြီး အရာအားလုံးကိုထိန်းချုပ်ချင်နေတဲ့အဖေတစ်ယောက်၊ အဖေ့ကိုသေလောက်အောင်မုန်းနေတဲ့သားတစ်ယောက်၊ သားကိုချစ်လွန်းတဲ့အပြင် အဲဒီလိုအဖေကိုလည်း သည်းခံလွန်းတဲ့အမေ။ ဒါက သိပ်မဆန်းတဲ့ မိသားစုပုံစံတစ်ခုပါပဲ။ “လှိုင်းထန်လေထဲမျောတဲ့အခါ အထီးကျန်လာတိုင်းအတွေးထဲမှာ အမြဲမြင်ယောင်တမ်းတမိတယ်အဖေ ဘဝဒဏ်ချက်များအိပ်မက်မှာ မျက်ရည်တွေစို့ရတဲ့အခါ အမြဲမြင်ယောင်တမ်းတမိတယ်အဖေ ဒုက္ခတွေထည်လဲတွေ့ခဲ့အခါ တခြားသူမရှိဘူးကျွန်တော့်အတွေးမှာ အမြဲမြင်ယောင်တမ်းတမိတယ်အဖေ…” လေးဖြူရဲ့အဖေသီချင်းကို နားထောင်မိတဲ့လူတိုင်းကတော့ အဖေ့ကိုချစ်စိတ်နဲ့လွမ်းနိုင်လိမ့်မယ်မထင်ဘူး။ အဖေ့ကိုမျက်နှာချင်းတောင်မဆိုင်ချင်တဲ့လူတွေ တပုံတပင်ကြီးရှိလိမ့်မယ်။ မြင်ယောင်တမ်းတမိသမျှ အဖေ့ပုံရိပ်တွေက အမုန်းရောင်ခြယ်ထားရင် ဘယ်လိုနတ်ဆေးမျိုးက ပယ်ဖျက်နိုင်ပါ့မလဲ။ မိဘဆိုတာက ကောင်းတာပဲဖြစ်စေချင်မှာပါ။ ဒါပေမဲ့ မိဘတွေရဲ့အတ္တကြား ကလေးတွေရင်ထဲ ကျည်ဘယ်နှချက်ထိခဲ့ပြီလဲ။ ငယ်ဘဝစိတ်ဒဏ်ရာဆိုတာ ပျောက်ဖို့အခက်ဆုံး ဒဏ်ရာတွေထဲမှာပါတယ်။ အနာကျက်တယ်ဆိုတာမရှိဘူး။ အချိန်မရွေးသွေးထွက်လာနိုင်တဲ့ ဒဏ်ရာမျိုးပါပဲ။ အထူးသဖြင့် အဲဒီဒဏ်ရာက ကိုယ့်မိဘတစ်ယောက်ယောက်ဆီက ရခဲ့တာဆိုရင်ပေါ့။ ဒီရုပ်ရှင်ထဲမှာ အဖေဖြစ်တဲ့ချာလီနဲ့ သားဖြစ်တဲ့ မိုက်ကယ်တို့ကြားက ပြဿနာတွေက ဇာတ်လမ်းပဲ။ ချာလီက သိပ်စည်းကမ်းကြီးတယ်။ အတင်းအကြပ်ဆန်တယ်။ အရာရာကို ပြီးပြည့်စုံနေစေချင်တယ်။ မိုက်ကယ်ခမျာ ငယ်သေးတော့ ကလေးဆန်ဆန် အမှားတွေလုပ်မိတာပေါ့။ ဒီထဲမှာ ကလေးတွေအမှားလုပ်တဲ့အပေါ် မိဘတွေရဲ့ဖြေရှင်းပုံက သိပ်အရေးပါကြောင်းပြသွားတယ်။ ဆူလိုက် ငေါက်လိုက်လုပ်တဲ့ ချာလီကို သူ့သားမိုက်ကယ်က သေစေချင်တဲ့အထိ မုန်းတီးသွားအောင် အဲဒီစကားလုံးတွေက ဖန်တီးခဲ့တာပါပဲ။ အချိန်တွေကိုအမြန်ရစ်ပြီး လက်ရှိအချိန်မှာတော့ ချာလီက ပင်စင်စားအရွယ်၊ မိုက်ကယ်က သက်လတ်ပိုင်းအရွယ် ရောက်နေကြပြီ။ မိုက်ကယ်ရင်ထဲက ဆူးတွေတော့ ရှိနေဆဲပါပဲ။ ချာလီရဲ့စရိုက်တွေကလည်း အရင်လိုပါပဲ။ သူတို့တွေပြန်တွေ့မယ့်နေ့မှာ ယာဉ်မတော်တဆမှုနဲ့ မိုက်ကယ်ရဲ့အမေ လီဆာ ဆုံးပါးသွားခဲ့တယ်။ ဇာတ်လမ်းဟာ ဒီအချိန်မှအသက်ဝင်လာတယ်။ အတိတ်နဲ့ ပစ္စုပ္ပန်ကို တလှည့်စီပြရင်း ချာလီစိုက်ခဲ့တဲ့ မိုက်ကယ်ရင်ထဲက ဆူးတွေကို တချောင်းချင်း အသက်ပြန်သွင်းတယ်။ ချာလီဟာတော်တော်ဆိုးတာပဲလို့ ကျွန်တော်တို့ လိုက်မုန်းမိလိမ့်မယ်။ မိုက်ကယ်နေရာမှာ ကိုယ်ရောက်နေသလို ချာလီ့အပေါ်ရွံမုန်းစိတ်တွေမွေးမိလိမ့်မယ်။ ဒါပေမဲ့ တနေ့ထက်တနေ့ မျက်ဝန်းမှာနောင်တရိပ်တွေပြည့်လာတဲ့ ချာလီကိုမြင်လာရတော့ ကျနော်တို့သနားမိလိမ့်မယ်။ “ကျွန်တော်တို့ကြားထဲ ဘာတွေဖြစ်သွားတာလဲ” ဆိုတာ မိုက်ကယ်က သူ့အဖေ ချာလီကိုမေးခဲ့တဲ့စကားပေါ့။ မိသားစုနဲ့မတူလောက်တဲ့အထိ ထူးဆန်းနေလွန်းတဲ့သူတို့ရဲ့ဆက်ဆံရေးမှာ စကား ၁၀ ခွန်းလောက်တောင် ဖြောင့်အောင်မပြောနိုင်တဲ့အထိဖြစ်သွားတယ်။ ဒီနေရာမှာ ကျနော်တို့သူတို့ ၂ ယောက်လုံးဘက်က ခံစားကြည့်လို့ရတယ်။ မိုက်ကယ်ဆိုရင် ဘယ်တုန်းကမှ နွေးထွေးမှုမရခဲ့တဲ့သားတယောက်၊ အဖေ့ရဲ့တင်းကြပ်တဲ့စည်းကမ်းတွေအောက်မှာ ပြားပြားဝပ်ခဲ့ရတဲ့အပြင် တချိန်လုံးအမှားလုပ်မိမှာကြောက်နေရတဲ့အထိ စိတ်ဒဏ်ရာပေါင်းစုံ သူ့အဖေကြောင့်ရခဲ့တယ်။ ဒါဆို ချာလီကကော။ ချာလီကလည်း အထီးကျန်နေတဲ့ အတ္တသမားကြီးပါပဲ။ သူ့မိန်းမကလည်းသူ့ကိုမချစ်၊ သူ့သားကလည်း သူ့ကိုသေစေ‌ချင်လောက်တဲ့အထိမုန်း၊ အလုပ်ကလည်းအဆင်ပြေလှတယ်မရှိ။ အဲဒါတွေကို သူ့ဘေးနားကလူတွေဆီပုံချပြီး အားလုံးရဲ့အမုန်းကိုလက်ခံခဲ့တယ် ။ ဒါပေမဲ့ဘယ်တတ်နိုင်မလဲ။ သူ့ရဲ့အထီးကျန်မှုကလည်း သူစိုက်ပျိုးသမျှ သူရိတ်သိမ်းရတာပဲကိုး။ သူတို့ ၂ ယောက်ဘယ်သူမှန်သလဲဆိုရင် ကျနော်က မိုက်ကယ်မှန်တယ်လို့မြင်တယ်။ ဒီအမြင်က ကျနော်အဖေနေရာမရောက်သေးလို့လည်းဖြစ်ပါလိမ့်မယ်။ ရောက်ခဲ့ရင်လည်း ကိုယ်မရှိတော့တဲ့အခါ ကိုယ့်သားသမီးတွေကို လိပ်ပြာလုံလုံနဲ့ လေးဖြူရဲ့ အဖေသီချင်းကို နားထောင်စေချင်တယ်။ ဒါပါပဲ။ File size…(1.7 GB)/(840 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:39:00 Genre… Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Min Thant Bo

6.4 2008 108 mins
Fireflies in the Garden
Enter the Dragon
7.6

Enter the Dragon (1973) IMDb Rating (7.6) / Rotten Tomatoes (88%) ဒီကားလေးကတော့ Bruce Lee မသေဆုံးခင်မှာ နောက်ဆုံးရိုက်ကူးခဲ့တဲ့ကားလေးဖြစ်တဲ့အပြင် Rating ကလည်း IMDb 7.6/10 နဲ့ Rotten Tomatoes 88% ရထားတဲ့ ကားကောင်းတစ်ခုပါပဲ။ ကိုယ်ခံပညာရုပ်ရှင်တွေထဲမှာ အကောင်းဆုံးတွေထဲက တစ်ခုလို့တောင် သတ်မှတ်ခံထားရတဲ့ကားလေးပါ။ Bruce Lee ကိုတော့ မသိသူမရှိတာမို့ အတိုက်အခိုက်တွေကတော့ ထွေထွေထူးထူးပြောပြနေရစရာမလိုအောင် ကောင်းပြီးသားပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ ရှောင်လင်ကိုယ်ခံပညာရှင်တစ်ယောက်က ကိုယ်ခံပညာပြိုင်ပွဲကြီးကို တက်ရောက်သလိုဟန်ဆောင်ပြီး ရှောင်လင်ကျောင်းရဲ့ ဘုန်းကြီးဟောင်းတစ်ယောက်ဖြစ်တဲ့အပြင် သူ့ရဲ့ကိုယ်ရံတော်အိုဟာရာက အစ်မဖြစ်သူသေဆုံးမှုနဲ့ပါ ပတ်သက်နေတဲ့ အဲ့ကျွန်းပိုင်ရှင်ဟန်ဆိုတဲ့ လူရဲ့ တရားမ၀င်လုပ်ငန်းတွေကို စုံစမ်းစစ်ဆေးဖို့ ကျွန်းတစ်ကျွန်းပေါ်သွားရောက်တဲ့အကြောင်းပါပဲ။ ဒီဇာတ်ကားကတော့ အရင် ၂ကားနဲ့ မတူတာက နိုင်ငံရပ်ခြားမှာ သွားရောက်ရိုက်ကူးထားခြင်းပဲ ဖြစ်ပြီး ဘရုစ္စလီ ရဲ့ ပြောင်မြောက်လှတဲ့ကိုယ်ခံပညာ စွမ်းရည်တွေကိုမြင်တွေ့ကြရမှာမို့ ပရိတ်သတ်ကြီးထဲက အသတ်အပုတ် ဝာသနာပါတဲ့သူတွေအနေနဲ့ကတော့လက်လွတ်မခံသင့်တဲ့ ကားတစ်ကားပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ PhuThetKhin ဖြစ်ပါတယ်။) File size…(3 GB) / (1.6 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Crime, Drama, Thriller Duration….01:43:24 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by PhuThetKhin

7.6 1973 102 mins
Enter the Dragon
The Front Line Go-ji-jeon
7.4

The Front Line (2011) IMDb Rating (7.4) / Rotten Tomatoes (69%) ဒီဇာတ်ကားအညွှန်းမရေးခင်ပြောချင်တာတခုရှိသေးတယ်ဒီဇာတ်ကားကိုကြည့်ပြီးမှ အိမ်ကအဒေါ်တွေဘာလို့ကိုရီးယားကားကို အငမ်းမရကြည့်လဲဆိုတာကို ကိုယ်ချင်းစာမိသွားတယ်။ အရင်က ကိုရီးယားကားဆိုမကြည့်ဖြစ်ဘူး။ ဒီဇာတ်လမ်းထဲမှာ ၁၉၅၀ ဝန်းကျင်တောင်မြောက်ကိုရီးယားစစ်ပွဲကိုအခြေခံပြီးရိုက်ကူးထားတယ်။ ၂နိုင်ငံ အပစ်အခတ်ရပ်စဲရေးစာချုပ်လက်မှတ်မထိုးခင် အရို ကေတောင်ကုန်းနဲ့ပါတ်သက်ပြီး ၂ဖက်ခေါင်းဆောင်တွေအငြင်းပွါးကြတယ်။ ဒီတောင်ကုန်းကို ၂ဖက်တပ်တွေအလုအယက်သူတပြန်ကိုယ်တပြန်သိမ်းနေရင်းနဲ့မှနောက်ဆုံးဘယ်လိုဇာတ်သိမ်းသွားမလဲ။ တောင်ကိုရီးယားတွေဘက်က မိကျောင်းတပ်ခွဲကဒီတိုက်ပွဲကိုအဆုံးထိတိုက်ရပြီးနောက်ဆုံးသူတို့ဘယ်လိုတွေဇာတ်သိမ်းသွားကြလဲ? အသက်ရောရှင်ရဲ့လား? တောင်ကုန်းလေးရယ်စစ်မြေပြင်ရယ် အပစ်အခတ်ရပ်စဲရေးလက်မှတ်ထိုးတာရယ်နေရာ၃ခုပဲပါပေမယ့် အချစ်အမုန်း အယူဝါဒ…အစုံကိုသရုပ်ဖော်သွားတဲ့ဒီကားကစစ်ကားကောင်းတကားဖြစ်သလို ၂ဖက်တပ်တွေရဲ့ သရုပ်ကိုပီပြင်အောင်သရုပ်ဖော်ထားတဲ့ ဇာတ်ကားကောင်းတကောင်းဖြစ်လို့မလွတ်တမ်းကြည့်သင့်တဲ့ဇာတ်ကားကောင်းတကားဖြစ်ပါတယ်။ File size…(3.7 GB) / (1.5 GB) Quality….Blu-Ray 1080p HEVC /720p Format…. mkv/mp4 Genre….Action,Drama,War Duration….02:14:02 Subtitle….Myanmar Subtitle (Hardsub) Encoder….Thit San Khant Translated by Jia

Comedy • Romance
7.4 2011 133 mins
The Front Line Go-ji-jeon
You Call It Passion
6.2

You Call It Passion (2015) ************************* IMDb… 6.2 ဒီတစ်ခေါက်တင်ဆက်ပေးသွားမှာကတော့ လက်ရှိထုတ်လွှင့်နေဆဲဖြစ်တဲ့ Our Unwritten Seoul ထဲက မင်းသမီးလေး Park Bo-young နဲ့ Partners For Justice ထဲက မင်းသားကြီး Jung Jae-young တို့ရဲ့ Comedy,Romance ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း ဘယ်ကုမ္ပဏီမှာ အလုပ်ဝင်လျှောက်လျှောက် ဘယ်တော့မှမအောင်တဲ့ ရာဟီး (Park Bo-young) တစ်ယောက် ကံကောင်းထောက်မစွာနဲ့ အားကစားသတင်းကုမ္ပဏီဖြစ်တဲ့ ဒုံမြောင်ရဲ့ဖျော်ဖြေရေးဌာနမှာ အလုပ်သင် သတင်းထောက်အဖြစ်လုပ်ဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ ဒါပေမဲ့ စိတ်မကောင်းစရာကတော့ သူမ အလုပ်ဝင်ရမယ့်ဌာနရဲ့ ခေါင်းဆောင်သတင်းထောက်က အင်မတန်လက်ပေါက်ကပ်ပြီး ဇီဇာကြောင်တဲ့သူဖြစ်နေတယ်ဆိုတာပါ။ ဒီလိုနဲ့ ရာဟီးတစ်ယောက် အဆဲမပါဘဲ စကားပြောလို့မပြီးသူ ခေါင်းဆောင် ဟာဂျယ်ဂွမ် (Jung Jae-young) ရဲ့ လက်အောက်မှာ ဘယ်လိုအလွဲတွေလုပ်ပြီး အဆူခံအ​ဆဲခံရမလဲ.. သတင်းထောက်အဖြစ် ဘယ်လိုအဖြစ်အပျက်တွေနဲ့တွေ့ပြီး ရင်ဆိုင်ဖြေရှင်းသွားမလဲ.. ပါးစပ်ကြမ်းသော်လည်း စိတ်ထားကောင်းတဲ့ခေါင်းဆောင်ဆီက ပညာတွေသင်ယူရင်း စစ်မှန်တဲ့သတင်းထောက်အဖြစ် ဘယ်လိုပြောင်းလဲလာမလဲဆိုတာကို ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရှုရမဲ့ကားလေး ဖြစ်တာကြောင့် ညွှန်းဆိုတင်ဆက်ပေးလိုက်ပါတယ်ရှင်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့ Hsu Pyae ပဲ ဖြစ်ပါတယ်။) File Size : 1.61GB/ 740MB Quality : BluRay 1080p 5.1CH/ 720p Format…mp4 Duration…01:43:49 Genre : Comedy, Romance, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Hsu Pyae Encoded by Tiff

Comedy • Thriller • Crime • Drama • Horror
6.2 2015 106 mins
You Call It Passion