YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

The.Big.Bang.Theory.S08E05.1080p.(CM).mp4

336.15 MB N/A video/mp4 655 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Linoleum
6.7

~ IMDb - 6.7/10, RT - 80%, Meta - 80% ~ အသက်၅၀ကျော်အရွယ် ကမ်မရွန်ဟာ ကလေးတွေအတွက် အာကာသသိပွံနဲ့ဆိုင်တဲ့ တီဗီ Program တင်ဆက်သူဖြစ်ပါတယ်။ သူဟာ သိပ္ပံပညာကို ရူးသွပ်ပြီး ငယ်စဉ်က အာကာသယာဉ်မှူးဖြစ်ချင်ခဲ့တာပါ။ လက်ရှိမှာတော့ နက္ခတဗေဒပညာရှင်ဘ၀နဲ့ပဲ တီဗီ Program Host လုပ်နေရတာပါ။ Program က ညသန်းခေါင်မှာလွှင့်တာဖြစ်ပြီး သိပ်မအောင်မြင်တဲ့အတွက် လွှင့်ဖို့အချိန်ကောင်းကိုလည်းမရတဲ့အပြင် တခြားလူဆီကိုပါ ပါသွားပါတယ်။ ကမ်မရွန်နေရာမှာ ၀င်လာတဲ့သူကတော့ ထူးချွန်ပြီး ဆုရထားတဲ့ အာကာသယာဉ်မှူး ကန့်ပါ။ ကန့်က ကမ်မရွန်ဖြစ်ချင်တဲ့အရာတွေကို ပိုင်ဆိုင်ထားတဲ့ အောင်မြင်တဲ့သူပါ။ အလုပ်ကအဆင်မပြေတဲ့အပြင် မိသားစုနဲ့ပါ ကတောက်ကဆတွေဖြစ်လာတော့ ကမ်မရွန်ဟာ သူ့ရဲ့လုပ်နိုင်စွမ်းကို သက်သေပြချင်ပြီး သူ့အိပ်မက်ကို အကောင်အထည်ဖော်ချင်နေခဲ့ပါတယ်။ တစ်နေ့မှာ ရုရှားက ဒုံးကျည်အစိတ်အပိုင်းတစ်ခု ကမ်မရွန်တို့ခြံနောက်ကို မတော်တဆ ပျက်ကျလာတဲ့အခါ ကမ်မရွန်က သူထိုက်တန်တာကို သက်သေပြဖို့ အခွင့်အရေးရလာပါတယ်။ ဒုံးကျည်ပြုတ်ကျတဲ့အတွက် ကမ်မရွန်တို့အိမ်က အစိုးရလုပ်ပိုင်ခွင့်အောက်ရောက်ပြီး ‌လုပ်စရာတွေမပြီးပြတ်ခင်အထိ အိမ်မှာနေလို့မရပါဘူး။ အဲ့အတွက်သူတို့မိသားစုဟာ ကမ်မရွန်ရဲ့ဇနီး အီရင်နဲ့ ညီမဖြစ်သူအိမ်မှာ ခဏသွားနေရပါတယ်။ အဲဒီရပ်ကွက်မှာပဲ သမီးဖြစ်သူက သူတို့လိုပဲ အိမ်ပြောင်းလာတဲ့ ကျောင်းက အသစ်ကောင်လေးနဲ့ တွေ့ပြီး သူငယ်ချင်းတွေဖြစ်ခဲ့ပါတယ်။ အဲ့ကောင်လေးရဲ့အဖေကတော့ တခြားသူမဟုတ်ဘဲ ကမ်မရွန်နေရာကိုလုသွားတဲ့ ကန့်ရဲ့သားဖြစ်နေပါတယ်။ ကမ်မရွန်ကတော့ ပျက်ကျလာတဲ့ ဒုံးကျည်အစိတ်အပိုင်းကနေ သူ့ကိုယ်ပိုင် ဒုံးကျည်ဆောက်ဖို့ လုံးပန်းနေခဲ့ပါတယ်။ အစပိုင်းမှာ ဇနီးဖြစ်သူက သဘောမတူတဲ့အတွက် စကားများခဲ့ပေမယ့် နောက်တော့ ဇနီးဖြစ်သူကလည်း အတူပါ၀င်ပြီး တည်ဆောက်ခဲ့ကြပါတယ်။ အားလုံးပြီးသွားလို့ လွှတ်တင်မယ့်နေ့မှာတော့ ကမ်မရွန်ဟာ သူ့ဘ၀ဟာ သူထင်သလောက်မရိုးရှင်းဘူးဆိုတာ အမှတ်ရလာပါတော့တယ်။ သူတစ်လျှောက်လုံးထင်နေတဲ့ အရာတွေက တကယ့်ဘ၀မှာ တကယ်ကော ဟုတ်ပါ့မလားဆိုတာကို ရသအစုံနဲ့ ကြည့်ပြီး Plot Twist အကြီးစားကြီးနဲ့အတူ စဉ်းစားခန်း၀င်လို့ရမယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.9GB, 805MB Quality - 1080p, 720p IMDb Rating - 6.7/10 Format - mp4 Duration - 1H 41Min Genre - Comedy, Drama, Sci-Fi Subtitle - Myanmar Subtitle (Hardsub) Translated by Shune Lai KK Encoded by Y

Horror • Mystery • Thriller
6.7 2023 101 mins
Linoleum
Shine
7.4

မိုးရေထဲဆေးပေါ့လိပ်တိုလေးကိုက်ပြီးပြေးလွှားနေတဲ့လူတစ်ယောက်၊ ပြောတဲ့စကားတွေကလည်း ဗလုံးဗထွေးနဲ့ရယ် တစ်ခွန်းကိုထပ်ခါတလှဲလှဲလည်းပြောသေးတယ်။ စကားပြောနေရင်း ထပြီးရယ်တတ်တဲ့သူ့ပုံစံက ခင်ဖို့ကောင်းမယ့်ပုံ။ လူအများရှေ့မှာဖျော်ဖြေဖို့ စန္ဒရားခုံရှေ့ထိုင်လိုက်တာနဲ့ ပြဿနာတတ်နေပုံပေါက်ပြီး စပြီးတီးလို့ ဆုံးတာနဲ့ လက်ခုပ်ဩဘာပေးသံတွေနဲ့ ဩချရလောက်တဲ့ အဆိုပါပုဂ္ဂိုလ်ဟာ ဒီဇာတ်လမ်းရဲ့ဇာတ်လိုက်ကျော် ဒေးဗစ်ဟပ်ဖ်ဂေါ့(David Helfgott)ပဲဖြစ်ပါတယ်။ ငယ်ငယ်လေးကတည်းက ဂီတမှာတစ်ဖက်ကမ်းခပ်ထူးချွန်ခဲ့တဲ့ ဒေးဗစ်ဟာ အဖေဖြစ်သူရဲ့အဆမတန်ဖိအားပေးမှုတွေကြားမှာ ကြီးပြင်းခဲ့ရသူတစ်ယောက်။ ဂီတကျောင်းကိုရောက်ပြန်တော့လည်း ဂီတကလွဲလို့ နေ့စဉ်ဘဝလုပ်ငန်းဆောင်တာလေးဟာ သူ့အတွက်ခက်ခဲနေခဲ့တယ်။ ဒေးဗစ်မှာ သူ့ခံစားချက်တွေကိုဖော်ပြဖို့ စကားလုံးတွေမရှိပါဘူး ဂီတသာလျှင်တစ်ခုတည်းသောအဖော်မွန်ဖြစ်ပါတယ်။ သူ့အဖေရဲ့ဖိအားပေးစကားတွေ၊ သူ့ဆရာပါမောက္ခကြီးရဲ့မောင်းနှင်မှုတွေ၊ အပြင်းထန်လေ့ကျင့်မှုတွေ၊ အောင်မြင်မှုဒဏ်တွေအကြားမှာ ဒေးဗစ်ရဲ့စိတ်ဓာတ်ဟာဗုန်းဗုန်းလဲကျပါတော့တယ်။ အဆိုပါ ရုပ်ရှင်ဟာ ဩစတေးလျနိုင်ငံသား ဂျူးလူမျိုး စန္ဒရားပါရမီရှင် ဒေးဗစ်ဟပ်ဖ်ဂေါ့(David Helfgott)ရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ရုပ်ရှင်မင်းသားကြီး Geoffrey Rush မှ ဒေးဗစ်ဟပ်ဖ်ဂေါ့အဖြစ် ပြီပြင်စွာရုပ်လုံးထုသရုပ်ဆောင်ထားပြီး ၁၉၉၆ တွင် အကောင်းဆုံးဇာတ်ဆောင်အော်စကာဆုအား ဆွပ်ခူးရရှိခဲ့ပါတယ်။ Box Office တွင်လည်း ကန်ဒေါ်လာ ၃၆သန်းထိ ဝင်ငွေရရှိခဲ့တဲ့ရုပ်ရှင်ပဲဖြစ်ပါတယ်။ ဂန္ဒဝင်ဂီတသံများအကြားပျောက်ဆုံးနေတဲ့ ဒေးဗစ်တစ်ယောက် အောင်မြင်မှုလမ်းကြောင်းပေါ် ဘယ်နည်းဘယ်ပုံနဲ့ပြန်ရောက်လာပုံအား ခမ်းနားလှပတဲ့စန္ဒရားသံများနဲ့အတူ ပင့်သက်ရှိုက်ကာ ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ File size…(1.67GB)  / (978.61MB) / (578.7MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:45:00 Genre...Biography / Drama / Music Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by  Kaung Paing

Action • Comedy
7.4 1996 105 mins
Shine
Mili
6.3

ခုတစ်ခါတင်ဆက်ပေးမယ့်ကားလေးကလည်း Roohi ထဲက မင်းသမီးချောလေး ဂျန်ဗီးကပူးနဲ့ချစ်သူနဲ့တွေ့ရဖို့ လန်ဒန်မြစ်ကြီးကို လက်ပစ်ကူးတဲ့ Shiddat ကားထဲက မင်းသားလေးဆန်နီကော်ရှားတို့ရဲ့ ကားလေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ မီလီဆိုတဲ့ကောင်မလေးနဲ့ ဇာတ်လမ်းကို အစပြုထားပါတယ်။ မီလီဟာ မိဘတွေရဲ့တစ်ဦးတည်းသော သမီးလေးဖြစ်ပြီး သူ့ဘဝရည်မှန်းချက်အတွက် အပတ်တကုပ် ကြိုးစားနေသူတစ်ယောက်ဖြစ်သလို တစ်ဖက်မှာလည်း စားသောက်ဆိုင်တစ်ခုမှာ အလုပ်ဝင်လုပ်ရင်း မိဘကို တစ်ဖက်တစ်လမ်းကကူပေးနေတဲ့ သမီးလိမ်မာလေးပေါ့။ ကံကြမ္မာက အမြဲမျက်နှာသာမပေးသလို လောကဓံဆိုတာကလည်း တစ်ခါတလေကျရင်လူကို တအားနှိပ်စက်တတ်တာကိုး။ အဲ့ဒီလိုပါပဲ မီလီရဲ့ဘဝမှာလည်း လောကဓံတရားကြီးဟာ မီလီ့ကို ရက်ရက်စက်စက်ကို စမ်းသပ်ခဲ့ပါတယ်။ အဲ့ဒါကတော့ သူ အလုပ်လုပ်တဲ့ စားသောက်ဆိုင်ရဲ့အအေးခန်းထဲမှာ တစ်ယောက်တည်း ပိတ်မိနေခဲ့ခြင်းဖြစ်ပါတယ်။ သာမန်လူတစ်ယောက်ဟာ ၁၇ဒီဂရီဖွင့်ထားတဲ့ အဲကွန်းခန်းထဲမှာ ၃-၄နာရီကြာအောင် မနေနိုင်တဲ့အချိန်မှာ မီလီကတော့ အပူချိန် အနှုတ် ၁၈ ဒီဂရီရှိတဲ့ အခန်းထဲမှာတစ်ညလုံး ပိတ်မိနေခဲ့ပါပြီ။ ဆက်လက်ပြီးတော့ မီလီဟာ ဘယ်လိုလွတ်မြောက်ဖို့ ကြိုးစားလာမလဲ...။ အသက်ရှင်လျက်နဲ့ရော ပြန်ထွက်လာနိုင်ပါ့မလား...။ ဆိုတာကိုတော့ ရင်ခုန်စိတ်လှုပ်ရှားစွာ ကြည့်ရှုရဦးမှာပဲဖြစ်ပါတယ်နော်။ File Size : (1.6 GB) and (850 MB) Quality : Blu-Ray (1080p 5.1, 720p) Running Time : 2hr 7min Format : Mp4 Genre :  Drama , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Taylor & Jerrica Encoded by Thit San Khant

Horror • Mystery • Thriller
6.3 2022 129 mins
Mili
Prince

အခုတစ်ခါတင်ဆက်ပေးမယ့် ကားလေးကတော့ Hero (2019), Doctor (2021) ကားနဲ့ မြန်မာပြည်ပရိသတ်တွေကြား လူသိများလာခဲ့တဲ့ မင်းသား ရှီဗားကာသီကေယန်းရဲ့ အချစ်ဟာသဇာတ်ကားလေးပဲဖြစ်ပါတယ်... ဒီဇာတ်ကားမှာ မင်းသားက ကျောင်းဆရာ.. ကျောင်းဆရာဆိုလို့ မြတ်ဆရာတော့ မထင်လိုက်နဲ့နော် အတန်းချိန်မှာ စာမသင်ဘဲ အတန်းလစ်ပြီး ရုပ်ရှင်သွားသွားကြည့်တတ်တဲ့ကျောင်းဆရာ... ကျောင်းသားတွေကို စာမေးပွဲမှာ စာခိုးချခွင့်ပြုတဲ့ ကျောင်းဆရာ...။ ပေါ့တီးပေါ့ဆနိုင်လွန်းတဲ့ ဆရာပေါ့ဗျာ...။ အဲ...သူ စာသင်တဲ့ကျောင်းကို အင်္ဂလိပ်စာသင်ဖို့ဆိုပြီး ကျောင်းဆရာမလေး တစ်ယောက်ရောက်လာတယ်... သူကတော့ ဗြိတိသျှသူလေး ဂျက်ဆီကာပေါ့နော်...။ ဘာမှသေချာအောင်မလုပ်နိုင်တဲ့ ဒီကျောင်းဆရာလေးဟာ အခုသူ့အချစ်ကို ရေရာသေချာစေဖို့ ဆရာမကိုပဲ အသည်းစွဲအောင်ချစ်မိပြီ ဆိုပါပြီခင်ဗျာ...။ ဆရာမလေးကလည်း မောင်နဲ့သာဆိုရင် ဆိုပြီးစိတ်ယိုင်စပြုလာနေပါပြီ...။ အဲ့မှာပဲ ဒါရိုက်တာက ရက်စက်ပါပြီ..ဘယ်လိုရက်စက်တယ်လို့ထင်လဲ မင်းသားအဖေက ဗြိတိသျှကို မုန်းတယ် မင်းသမီးအဖေက အိန္ဒိယသားတွေကို မုန်းတယ် ဆိုတော့ သူတို့နှစ်ဦးကို နှစ်ဖက်မိဘတွေက သဘောမတူကြဘူး...။ ကဲ..အချစ်အတွက်ဆို ဓါးတောင်ကိုကျော်ရကျော်ရ မီးပင်လယ်ကိုဖြတ်ရဖြတ်ရဆိုတဲ့သူများ ဒီဇာတ်ကားလေးကို ကြည့်ရှုခံစားသောတပန်ဆင်လို့ရပါပြီနော်.. File size…2.5GB /1.5GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 23m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by HM ~ Sora ~ Taylor ~Yunni ~ BpL

Drama • Romance
null 2022
Prince
The Glass House
5.9

Channel Myanmar ရဲ့ပရိတ်သတ်တွေအတွက် ဟောင်းပေမယ့် ကောင်းဆဲဆိုတဲ့ ဒီလိုရုပ်ရှင်မျိုးတွေကို တစ်ဖန်ပြန်ပြီး တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ ရုံတင်ငွေ 23.6 သန်းအထိရထားတဲ့ ဒါရိုက်တာ Daniel Sackheim ရဲ့ ရုပ်ရှင်ကောင်းတစ်ခုပါ။ Daniel Sackheim ဆိုရင် Game of thrones , The Walking Dead ဒီလို ဝက်ဝက်ကွဲအောင်မြင်တဲ့ရုပ်ရှင်တွေမှာ တစ်စိတ်တစ်ပိုင်း ပါဝင်ခဲ့တဲ့ နာမည်ကြီးဒါရိုက်တာတစ်ယောက်ပါ။ ဒီတော့ The Glass House မှာလည်း ဘယ်လိုလက်စွမ်းပြထားမလဲဆိုတာ ခံစားကြည့်လိုက်ပါဦးဗျာ။ ဆယ်ကျော်သက်တို့ထုံးစံအတိုင်း ရူဘီဟာ သောက်စား ပျော်ပါး ဘဝကိုပေါ့ပေါ့ပါးပါးပဲ ဖြတ်သန်းနေတဲ့ အထက်တန်းကျောင်းသူတစ်ယောက်ပါ။ တစ်ရက်တော့ ဘဝဟာ ကံဆိုးမိုးမှောင်ကျပြီး မိဘနှစ်ပါးလုံးကို တစ်ပြိုင်တည်း ဆုံးရှုံးလိုက်ရပါတယ်။ အဲဒီနောက်​တော့ ရူဘီနဲ့ သူ့မောင်လေး ရက်တ်ဟာ သူတို့ရဲ့ အိမ်နီးချင်းဟောင်း ဂလပ်စ်တို့ လင်မယားဆီမှာ မွေးစားခံလိုက်ရပါတယ်။ ပြီးတော့ ဂလပ်စ်တို့လင်မယားရဲ့ မယ်လ်ဘူက အိမ်ကိုပြောင်းရွေ့ခဲ့ကြတာပေါ့။ ဂလပ်စ်တို့မိသားစုက ကြင်နာတတ်ပြီး ငွေကြေးဥစ္စာလည်း ကြွယ်ဝကြပါတယ်။ ခိုးကိုးရာမဲ့နေတဲ့ မောင်နှမတွေအတွက်တော့ သူတို့က ဘုရားသခင်လိုပဲပေါ့။ ဒါပေမယ့် ဘဝနဲ့လူတွေက ခန့်မှန်းလို့မရနိုင်တာ အားလုံးအသိပဲ မဟုတ်လားဗျာ။ ဒီလင်မယားရဲ့ ချိုသာပြီး နွေးထွေးတဲ့မျက်နှာဖုံးရဲ့နောက်ကွယ်မှာ ဘာတွေရှိနေမလဲ။ ဂလပ်စ်တို့ရဲ့ ဖန်သားအတိကာထားတဲ့ အိမ်ကြီးမှာ ရူဘီကြုံတွေ့လာရမယ့် အရာတွေကဘာလဲ။ ရူဘီ သူလွတ်မြောက်နိုင်ပါ့မလား။ ဒါတွေကို ရင်တထိတ်ထိတ်နဲ့ ဒီရုပ်ရှင်မှာပဲ အပြည့်အဝ ခံစားကြည့်ရှုလိုက်ပါတော့ခင်ဗျာ။ File size…2GB / 1GB Quality…1080p BluRay H.264 AAC 5.1CH / 720p Format…mp4 Duration….1h 46min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by HM & Go-O

Drama
5.9 2001 107 mins
The Glass House
Nobody
8

ဒီကားကိုတော့ ဂျွန်ဝစ် lite လို့ ပြောရမလား pro max လို့ ပြောရမလား ကိုယ်တိုင်ဆုံးဖြတ်ကြည့်ပါတော့။ ကြမ်းတာတော့ အတော်ကြမ်းပါတယ်။ ဘရုစ်ဝီလီရဲ့ Red လို ခံစားမှုမျိုးလည်းပါတယ်။ ဇာတ်လမ်းကတော့ ရှင်းပါတယ်။ မန်ဆယ်လ်ဟာ စာလုံးသုံးလုံးပါတဲ့ အဖွဲ့အစည်းတွေရဲ့ စာရင်းစစ် အငြိမ်းစားပါ။ မိသားစုနဲ့ ကလေးနှစ်ယောက်နဲ့ အေးဆေးနေပါတယ်။ ဒါပေမယ့် မိသားစုကို ညဘက် ဓားပြတိုက်ခံလိုက်ရတဲ့ကိစ္စနဲ့ ပတ်သတ်ပြီး ပြန်လိုက်ရှင်းရင်းနဲ့ သမိုင်းပေးလူဆိုးတွေဖြစ်တဲ့ ရုရှားတွေနဲ့ သွားရှုပ်မိတဲ့အခါ... ချူချာတွေ ကံဆိုးရပါတော့တယ်... ဒီကားက သတ်ဖြတ်ခန်းတွေကြမ်းတဲ့အပြင် မင်းသားကြီး Bob Odenkirk ရဲ့အမိုက်စားသရုပ်ဆောင်ချက်တွေကြောင့် Box Office မှာလည်း တော်တော်ဝင်ငွေကောင်းတဲ့ကားကြီးဖြစ်ခဲ့တာမို့ အားလုံးပဲ လက်မလွှတ်သင့်ပါကြောင်း နင်းကန်သတင်းကောင်းပေးပါရစေ..... File Size : 856MB Quality : WEB-DL 720p Format…mp4 Duration…01:32:00 Genre :  Action, Crime, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Littleneo Encoded by Phyo Pyae

Action • Mystery • Thriller
8 2021 92 mins
Nobody
The Huntsman: Winter's War
6.3

IMDb rating 6.1/10 ပဲ လက်ရှိမှာရထားသေးပေမယ့် ပရိတ်သက်တော်တော်များများကြိုက်နှစ်သက်တဲ့ ဇာတ်ကားကောင်းတစ်ကားပါပဲ . . . ပါဝင်ထားတဲ့မင်းသားက ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကြီး Thor မင်းသား Chris Hemsworth က Huntsman အဖြစ်သရုပ်ဆောင်ထားပါတယ်။ တကယ်တော့ ဒီဇာတ်ကားဟာ 2012 ခုနှစ်ကထွက်ခဲ့တဲ့ Snow White and the Huntsman ရဲ့ အဓိက ဇာတ်အိမ်တစ်ခုလည်းဖြစ်ပါတယ်။ ဇာတ်လမ်းအစောပိုင်းမှာ စုန်းမ၂ယောက်ဖြစ်တဲ့ ရဗန်နာ နဲ့သူ့ ညီမ ဖရယ်ယာတို့နဲ့စတင်ထားပါတယ်။ ရဗန်နာဟာ snowwhite ကားထဲက စုန်းမဖြစ်ပြီး သူ့ညီမရဲ့ချစ်ခြင်းကိုပါ ဖျက်ဆီးခဲ့တယ်။ ဒါကြောင့်အကြီးအကျယ်ဒေါသထွက်ခဲ့တဲ့ ဖရယ်ယာ တစ်ယောက်သူ့ရဲ့ အင်ပါယာကိုစတင်တည်ထောင်မှုကနေ Huntsman ရဲ့ ဇာတ်လမ်းပါပေါ်ထွက်လာခဲ့ပါတယ်။ ဒီဇာတ်ကားဟာ Snow White ကားမစတင်ခင်ကအဖြစ်အပျက်တွေနဲ့ Snow White ကားပြီးတော့ ထပ်မံဖြစ်ပေါ်လာတဲ့ အချိန်ကာလနှစ်ခုကို ပြန်လည်ဆက်စပ်ပေးထားတဲ့ ဇာတ်ကားဆိုလည်းမမှားပါဘူး။ Snow White ရဲ့လက်ချက်နဲ့သေဆုံးခဲ့တဲ့ ရဗန်နာက ဒီဇာတ်လမ်းမှာပြန်လည်ရှင်သန်လာတာလည်း တွေ့ရပြီး . သူ့ရဲ့မှော်ကြေးမုံဟာ ဒီဇာတ်ကားမှာ အဓိကနေရာကပါဝင်တဲ့ပစ္စည်းတစ်ခုဖြစ်လာပါတယ်။ ကဲ ဇာတ်လမ်းကောင်းကောင်းကို spoiler မဖြစ်စေဖို့ ဒီလောက်ပဲညွှန်းပါရစေ Snow White ကားမကြည့် ရသေးသူကလည်း ပြန်လည်ကြည့်ရှုသင့်ပါတယ်။ အဲ့ဒါဆိုရင် ဇာတ်အိမ်တစ်ခုလုံးကိုပိုပြီးနားလည်လာပါ လိမ့်မယ်။ တရုတ်စာတွေတွဲလျှက်ပါနေပေမယ့် ရုပ်ထွက်က HD ဖြစ်နေတာကြောင့်အတတ်နိုင်ဆုံး အဆင် ပြေအောင်တင်ဆက်ပေးထားပါတယ်။ (ဒီဇာတ်လမ်းကိုဘာသာပြန်ရေးသားပေးသူကတော့ ညီလေး Wai Yan M ပဲဖြစ်ပါတယ်။) File Size - 1 GB Translated By Wai Yan M Encoded By San Win Maung

Action • Crime • Horror • Thriller
6.3 2016 114 mins
The Huntsman: Winter's War
Dead Man’s Shoes
7.6

Dead Man’s Shoes (2004) ================== Crime / Drama/ Thriller Old but Gold ဖြစ်တဲ့ British ကားကောင်းလေးတွေကို ရှာဖွေ ကြည့်ရှုတတ်သူတွေအတွက် အလွန်သင့်တော်တဲ့ ရုပ်ရှင်ကားလေး တစ်ကားကို ညွှန်းပေးရမယ်ဆိုရင် ဒီရုပ်ရှင်ကားလေးဟာ ရှေ့ဆုံးကနေ နေရာယူထားလောက်မှာလည်းဖြစ်ပါတယ်။ ဟိုးအရင်ကကားတွေကို အမူပိုတယ်လို့ ထင်တတ်တဲ့သူတွေတောင် ကြည့်ရအဆင်ပြေမယ့်ကားလေးတစ်ကားလည်းဖြစ်တဲ့ ၂၀၀၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဒီရုပ်ရှင်ကားလေးဟာ Drama/ Thriller အမျိုးအစားဖြစ်ပြီး Google Users ပေါင်း ၉၁% လောက် ကြိုက်နှစ်သက်ထားတဲ့ ကားကောင်း လေးပဲဖြစ်ပါတယ်။ နာမည်ကျော်ကြားပြီး ကောင်းမွန်လှတဲ့အင်္ဂလန်စီးရီးတွေဖြစ်တဲ့ This is England(2010/2011/2015), The Virtues နဲ့ A Room For Romeo Brass(1999) တို့ကို ရိုက်ကူးခဲ့တဲ့ အင်္ဂလန်ဒါရိုက်တာ Shane Meadows ရဲ့ ရုပ်ရှင်ကားကောင်းလေးဖြစ်တာကြောင့် ကြည့်ရှုသင့်တဲ့ အင်္ဂလန်ကား ကောင်းလေးတစ်ကားလည်းဖြစ်ပါတယ်။ ရုပ်ရှင်ကားဟာ ၂၀၀၄ ခုနှစ်က ထွက်ရှိခဲ့တာနဲ့အညီ ၉၀ ခုနှစ်အငွေ့အသက်တွေ ရနေမှာ အန်တိုနီနဲ့ ရစ်ချက်တို့ ညီအစ်ကိုနှစ်ယောက်ရဲ့ ဘဝဇာတ်ကြောင်းကို ဇာတ်အိမ်ကောင်းကောင်းနဲ့ တည်ထားတဲ့ရုပ်ရှင်ကားကောင်းလေးဖြစ်တာကြောင့် မလွတ်တမ်းအားပေးကြည့်ရှုပေးလှည့်ပါဦးခင်ဗျာ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ San Thu Aung ဖြစ်ပါတယ်) File Size……….(2.63 GB) / (1.05 GB) / (569 MB) Quality…………BluRay 1080p / 720p / 480p Duration………1Hr 30Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Crime, Drama, Horror Translator…….San Thu Aung Encoder……….SWM

Comedy • Romance
7.6 2004
Dead Man’s Shoes
Infinite Sea
6.2

Infinite Sea (2021) ဂလက်ဆီကြီးကို ဖြတ်သန်းပြီး… အရာအားလုံးကို ချန်ထားရစ်ပြီး တခြားဂြိုဟ်တစ်ခုမှာ ဘဝသစ်စဖို့ တွေးကြည့်မိဖူးလား… ထားခဲ့ခံရခြင်းတွေ… ကျန်ရစ်ခံရခြင်းတွေ… အထီးကျန်ဆန်မှုတွေ… “အနန္တပင်လယ်ကြီးရဲ့ တခြားတစ်ဘက်မှာ ကျွန်မကို ရှာပါ” တဲ့။ တစ်ခါတစ်ခါကျ လူတွေဟာ ထားခဲ့ခံရတယ်။ ဒါပေမဲ့ ကျန်ရစ်ခဲ့တာက သူ့ရဲ့ သူ့ဖြစ်တည်မှု အပြည့်အဝမဟုတ်တော့ဘဲ မရေရာမှုထဲပိတ်မိနေတဲ့ တစ်စိတ်တစ်ပိုင်းလောက်နဲ့ မောင်းနှင်နေရတဲ့ ခန္ဓာကိုယ်ကြီးပါပဲ။ သိပ္ပံပညာဖွံ့ဖြိုးလာတဲ့အလျောက် Robot လေး ခလုတ်နှိပ်ရုံ မပင်မပန်းနဲ့ စားပွဲပေါ်စားစရာတွေ ရောက်လာပေမယ့် တစ်ခုခုတော့ အမြဲလစ်ဟင်းနေသလိုခံစားရတာမျိုးပေါ့…။ ဒီကားထဲက ဇာတ်လိုက်ဟာ တခြားဂြိုဟ်ပေါ်လိုက်ပါခွင့်ရမယ့် ခရီးစဉ်အတွက် အရွေးမခံရသူပါ။ သိပ်ကို သွားချင်နေတဲ့ သူဟာ System ကို ဟက်ခ်ပြီး သူ့နာမည်ကို ဖြည့်ခွင့်ရဖို့ အပတ်တကုတ်လုံးပန်းနေပါတယ်။ အပေါ်မှာပြောခဲ့သလိုတော့ သိပ္ပံပညာဖွံ့ဖြိုးတာမှန်ပေမယ့် အရာရာဟာ ဆုတ်ခေတ်မှာမို့ သူလိုအပ်တဲ့အရာတွေ အမြဲတမ်းတော့မရနိုင်ပါဘူး။ ခေတ်မီပေမယ့် ခေတ်ရှားမှာ နေရသူတွေပေါ့။ ဇာတ်လမ်းအကြောင်းက အများကြီးပြောလို့မရပါဘူး။ စကားလုံးတစ်ခုတည်းနဲ့ ဒီကားအကြောင်းပြောရမယ်ဆိုရင်တော့ ‘အထီးကျန်မှု’ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.7GB, 850MB Quality – 1080p, 720p IMDb Rating – 6.2/10 Format – mp4 Duration – 1H 18Min Genre – Drama, Sci-Fi Subtitle – Myanmar Subtitle (Hardsub) Translated by Z Encoded by Y

Drama • Crime
6.2 2021
Infinite Sea
Trespassers
5

လူတွေရဲ့စိတ်ဆိုတာတစ်ခါတစ်လေမှာ ဖြောင့်မတ်တည်ကြည်မူ့တွေရှိနေတတ်ပေမယ့် တစ်ခါ‌တစ်လေကျတော့လည်း မြစ်တစ်စင်းလိုကောက်ကွေ့ကြစမြဲပါ။ဒီဇာတ်လမ်းလေးထဲမှာတော့ Kanae San သူငယ်ချင်း OGAWA နဲ့ TANAKA တိုသုံးယောက်က ကုမ္ပဏီတစ်ခုထဲမှာ အရမ်းကိုခင်ကြတဲ့သူငယ်ချင်းသုံးယောက်ပါ။သုံးယောက်လုံးက သွားအတူ လာအတူ စားအတူနဲ့အရမ်းကိုခင်မင်ကြပါတယ်။ တစ်နေ့မှာတော့ သူတိုရဲ့ကုမ္ပဏီက လစာငွေပေးတာအရမ်းနည်းတဲ့အတွက် သူတိုအတွက်အခက်အခဲတွေအရမ်းဖြစ်လာပါတော့တယ်။အဲ့ဒီတော့ အဲ့ဒီကိစ္စကိုသုံးယောက်သားတိုင်ပင်ပြီး သူဌေးအိမ်ကို ဖောက်ထွင်းဖိုကြံပါတော့တယ်။ သူတိုရဲ့လုပ်ရပ်က ရက်စက်ရာကြတယ်ဆိုပေမယ့် သူ‌တိုရဲ့မသိစိတ်မှာတော့ လူတစ်ဖတ်သားကိုအာနာမိတဲ့အသိစိတ်လေးဝင်လာတာကြောင့် သူတိုလုပ်ရပ်ကို ချက်ချင်းဘဲရပ်လိုက်ပါတော့တယ်။နောက်ဆုံး သူတိုရဲ့လုပ်ရပ်တွေအားလုံး သူဌေးသိသွားတဲ့အခါမှာတော့ ဘယ်လိုရှုပ်ထွေးမူ့တွေနဲ့ ထပ်ပြီးရင်ဆိုင်ရမလဲဆိုတာ…. File size_(1.1GB)/(600MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:30:00 Genre_Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Blank

5 2024
Trespassers
Desperado
7.1

ဘယ်လူမိုက်ကိုမှ အထာမထားဘဲ သမတတ်တဲ့ ဂီတာအိတ်ကြီးလွယ်ထားတဲ့သားသတ်သမား လူထွားကောင်ကြီး ဇာတ်လမ်းတွေကို ကြည့်ဖူးကြမှာပါ။ ဟုတ်ပါတယ်….အဲ့ဒီရုပ်ရှင်တွေကတော့… Mexico Trilogy ဆိုပြီး နာမည်ကျော်ကြားတဲ့ ဒါရိုက်တာ Robert Rodriguez ရဲ့ El Mariachi (1992), Desperado (1995), Once Upon a Time in Mexico (2003) ရုပ်ရှင် ၃ ကားပဲဖြစ်ပါတယ်။ ပထမဆုံးရုပ်ရှင် El Mariachi (1992)ဇာတ်ကားဆိုရင် ဘတ်ဂျတ် ဒေါ်လာ ၇၀၀၀ လောက်သာစရင်းပြီး ဒေါ်လာ ၂သန်းလောက်ထိပြန်လည်ရရှိခဲ့တာကြောင့် အားလုံးရဲ့ချီးကျူးမှုကိုရရှိခဲ့ပါတယ်။ ဒါရိုက်တာကြီး Quentin Tarantino က ဒီရုပ်ရှင်ကို ကြွေလွန်းလို့ ဒုတိယရုပ်ရှင် Desperado (1995) မှာ ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ခဲ့ပြီး Trilogy ဖြစ်အောင် Once Upon a Time in Mexico (2003) ကိုပါဆက်ရိုက်ဖို့ မြှောက်ပေးခဲ့ပါတယ်။ ၃ ကားလုံးကို CM App နဲ့ Website https://www.channelmyanmar.to/?s=Mexico+Trilogy မှာ ကြည့်လို့ရပါတယ်။ ++++++++++++++++ Desperado (1995) IMDb Rating (7.1) / Rotten Tomatoes (70%) ဒီရုပ်ရှင်က တစ်ကားလုံး ချတာမှမြင်ချင်တဲ့လူတွေအတွက် ရုပ်ရှင်ပါ။ ၈၀% လောက်က ဝုန်းဒိုင်းကြဲနေတာကို တွေ့လိမ့်မယ်။ ဂန်းတွေပစ်မယ်။ သွေးတွေအလိမ်းလိမ်းနဲ့ ကြမ်းပေ့ဆိုတဲ့ အက်ရှင်ကားမျိုးပေါ့။ ဒီရုပ်ရှင်က ရုပ်ရှင်လောကထဲ အန်တိုနီယို ဘန်းဒရက်စ် ခပ်ကြမ်းကြမ်း ဝင်လာတဲ့ရုပ်ရှင်တစ်ခုဆိုရင်လည်းဟုတ်တယ်။ ဒီရုပ်ရှင်ရှေ့မှာ ဒါရိုက်တာ ရောဘတ်ရိုဒရီဂူးဇ်က El Mariachi ဆိုတဲ့ ရုပ်ရှင်တစ်ခုရိုက်ခဲ့ဖူးတယ်။ ဘတ်ဂျက်ကို ဒေါ်လာ ၇၀၀၀ ပဲ သုံးပြီး သန်းနဲ့ချီ ပြန်အမြတ်ထွက်တဲ့အတွက် တော်တော် ချီးကျူးခံခဲ့ရတဲ့ရုပ်ရှင်ပေါ့။ ဒီကားက El Mariachi ကို အမေရိကန်အထာ ဘတ်ဂျက် ၇ သန်းသုံးပြီး ပြန်ရိုက်ထားတဲ့ကားပါ။ ဒီရုပ်ရှင်ကလည်း ၁၀ဆ နီးပါး ပြန်အမြတ်ထွက်ခဲ့တယ်။ ဇာတ်လမ်းက သူ့မိန်းမကို သတ်ခဲ့တဲ့လူကို ပြန်လက်စားချေတဲ့ Miriachi မက္ကဆီကန် ဂီတသမားအပေါ် တည်ထားတယ်။ သူ့မိန်းမကို သတ်သွားတဲ့ မူးယစ်ရာဇာတွေကို လက်စားချေဖို့ ဘဝတစ်ခုလုံးကို ရင်းထားတဲ့လူပေါ့။ ဂီတာသေတ္တာကြီးတစ်လုံးကို ဆွဲပြီး သူလက်စားချေချင်တဲ့ မူးယစ်ရာဇာကို တစ်မြို့ဝင် တစ်မြို့ထွက် လိုက်ရှာတယ်။ သူ့ရဲ့ ဂီတာသေတ္တာထဲက သေနတ်ကြီးကို ထုတ်ပြီး လူဆိုးတွေကို ဘယ်လိုသတ်ကြောင်း ဇာတ်လမ်းက ဂိုဏ်းတွေကြားမှာပါ ဒဏ္ဍာရီတစ်ပုဒ်အနေနဲ့ ပျံ့နေတယ်။ တစ်နေ့‌တော့ မက္ကဆီကို မြို့ငယ်လေးကို သူရောက်လာတယ်။ အဲဒီမြို့မှာ သူလက်စားချေချင်တဲ့ မူးယစ်ရာဇာလည်း ရောက်နေတယ်။ အဲဒီမှာ စာအုပ်ဆိုင်ကကောင်မလေး (Salma Hayek) နဲ့ တွေ့ပြီး ချစ်သွားကြတယ်။ ဒါပေမဲ့ ဒီရုပ်ရှင်က အက်ရှင်ကိုအသားပေးတဲ့အတွက် ချစ်ခန်း ကြိုက်ခန်းတွေ သိပ်တော့မပါဘူး။ ‌ဇာတ်လမ်းထဲမှာ သူ့ရဲ့ ဆုံးဖြတ်ချက်တွေကို သံသယဝင်ရက်စရာတွေ ပါတယ်။ လက်စားချေဖို့အတွက် သူ့ဘဝတစ်ခုလုံးကိုရင်းထားတာ တန်ရဲ့လားပေါ့။ ဇာတ်လမ်းကတော့ အပစ်အခတ်တွေနဲ့ လက်စားချေတဲ့ ဇာတ်ကြောင်းတစ်ခုပဲ။ Plot Twist ကတော့ ဇာတ်လမ်းပြီးခါနီးမှလာတယ်။ ဒီရုပ်ရှင်မှာ အန်တိုနီယိုဘန်းဒရက်စ်ရဲ့နာမည်ကို မပြောသွားဘူး။ Manito (ကောင်လေး) နဲ့ Miriachi (ဂီတသမား) လို့ပဲသုံးသွားတယ်။ အဲဒီလို နာမည်မပြောသွားတာက တမင်လုပ်ထားတဲ့သဘောပဲ။ သူ့ရဲ့ Mysterious ဆန်ဆန် အငွေ့အသက်ကို တတ်နိုင်သမျှ ထိန်းချင်တဲ့ ဒါရိုက်တာရဲ့ စိတ်ကူးပဲဖြစ်လိမ့်မယ်။ Cast တွေကလည်း တော်တော်ကောင်းတယ်။ ထိပ်တန်းသရုပ်ဆောင်တွေကို သူတို့ရဲ့ အရှိန်အတက်ဆုံးအချိန်မှာ သုံးလိုက်တာပဲ။ Antonio Banderas က ဒီရုပ်ရှင်မထွက်ခင်ကတည်းက စပိန်မှာ နာမည်တော်တော်ရနေပြီ။ Desperado မှာ သူ့ရဲ့ performance ကြောင့် ဟောလိဝုဒ်အက်ရှင်လောကမှာ ခြေဆန့်ဖို့ အရှိန်တော်တော်ရသွားတယ်။ Salma Hayek ကတော့ ဘာပြောကောင်းမလဲ ဟော့လိုက်တာမှ အရမ်းပဲ။ Quentin Tarantino လဲ Cameo ပါထားပါတယ်။ ဒီရုပ်ရှင်က အကောင်းရော၊ အဆိုးရော ဝေဖန်ခံခဲ့ရတဲ့ရုပ်ရှင်ပါ။ Cinematography ပိုင်းနဲ့ သရုပ်ဆောင်ပိုင်းမှာ ချီးကျူးခံရသလို ဇာတ်လမ်းသွက်တဲ့အပေါ်လည်း ဝေဖန်ခံခဲ့ရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ခုနောက်ပိုင်း ဖောဖောသီသီထွက်နေတဲ့ မရယ်ရတဲ့ဟာသတွေနဲ့ အက်ရှင်ကားတွေထက်စာရင်တော့ ဇာတ်လမ်းပိုင်း၊ စတန့်ပိုင်း နဲ့ Cinematography ပိုင်းမှာ သာတဲ့ ရုပ်ရှင်တစ်ခုပါပဲ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Min Thant Bo မှ တင်ဆက်ထားပါတယ်။)

7.1 1995
Desperado
Hunting With Tigers
6.1

ဘဏ်ဖောက်တာတွေ ဓားပြတိုက်တာတွေကို အသည်း တယားယားနဲ့ကြည့်ချင်သူတွေအတွက် အကွက်ကျကျစီစဉ်ပြီး ဓားပြတိုက်တဲ့ပြင်သစ်ဇာတ်ကားသစ်လေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့ Hunting With Tigers ဖြစ်ပြီး လက်ရှိ IMDb Rating 6.1 အထိရရှိထားပါတယ်။ပြင်သစ်ကားဆိုပေမဲ့အမေရိကန်ကားတွေ နီးနီး အက်ရှင်တွေ ဇာတ်ဝင်ခန်းတွေကိုသေချာကြည့်ကောင်းအောင် ရိုက်ကူးထားတဲ့အတွက် ဒါမျိုးတွေစိတ်ဝင်စားတယ်ဆိုရင်တော့ ကြည့်ကြည့်သင့်တဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာတော့ နာမည်ကြီးဓားပြတွေကို အိမ်အထိ ဝင်ရောက်ဖမ်းဆီးတာကိုတွေ့ရမှာဖြစ်ပြီး သိပ်မကြာခင်မှာပဲ တရားခွင်ရင်ဆိုင်ရပါတော့တယ်။သူတို့ကတကယ်နာမည်ကြီးပြီး တကယ်လည်းဆိုးခဲ့ရမ်းခဲ့ကြမ်းခဲ့ကြတဲ့သူတွေဖြစ်တဲ့အတွက် တရားခွင်မှာအနိုင်ရဖို့ လမ်းစဆိုတာ မဖြစ်နိုင်သလောက်ကို ဖြစ်နေပါတော့တယ်။အဲ့ဒီဓားပြတွေထဲမှာ ဒီဇာတ်ကားရဲ့အဓိက မင်းသားဖြစ်တဲ့ မာလစ်ရဲ့ပထွေးဖြစ်သူလည်းပါဝင်နေခဲ့ပါတယ်။ သူကိုယ်တိုင်ကလည်းမူးယစ်ဆေးရောင်းဝယ်သူဖြစ်တဲ့အတွက် ဒုစရိုက်လောကနဲ့မကင်းမရှင်းပါပဲ။သူ့ပထွေးဆိုပေမဲ့ ငယ်ငယ် လေးတုန်းက သူ့အသက်ကိုကယ်ထားခဲ့ဖူးတဲ့ကျေးဇူးကြောင့် တရားခွင်မှာအနိုင်ရရှိစေချင်ပေမဲ့ မဖြစ်နိုင်ဖို့ကများနေခဲ့ပါတယ်။ ဒီလိုနဲ့တရားရင်ဆိုင်စဉ်ကာလမှာ သူ့ပထွေးအဖွဲ့ထဲကတစ်ယောက်ရဲ့ ရှေ့နေကသူ့ကိုဆက်သွယ်ပြီး သူတို့ကိုကယ်ထုတ်ပေးဖို့ကမ်းလှမ်း လာပါတော့တယ်။အဲ့ဒီအခါမှာတော့မာလစ်နဲ့ တခြားသူတွေစုပေါင်းကာ တရားရုံးထဲက ဓားပြကြီးတွေကိုကယ်ထုတ်ဖို့ကြိုးစားပုံကိုရှုစားရမဲ့ ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ File size… (1.97GB) / (1.05GB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 49m Genre …..Action , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Animation • Documentary • History
6.1 2024 109 mins
Hunting With Tigers
Cocaine Stepdad
6.2

Cocaine stepdad (2024) mockumentary, comedy ဇာတ်လမ်းအမျိုးအစားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း တယ်ရီမေလာဆိုတဲ့ထောင်ထွက်လူမိုက်ဟာ သူ့ရဲ့ရည်းစားဟောင်းဆီကို ပြန်သွားဖို့ကြိုးစားတဲ့အပေါ်မှာအခြေခံထားတာပဲဖြစ်ပါတယ်။ သူ့ရဲ့ရည်းစားဟောင်းဖြစ်သူ ကလေးတစ်ယောက်အမေထရေဇီဟာ နောက်အိမ်ထောင်ပြုတော့မှာဖြစ်ပြီး သူမရဲ့သားဖြစ်သူ၁၂နှစ်အရွယ်ကိုင်လ်ဆိုတဲ့ကောင်လေးဟာ ဖခင်မေတ္တာငတ်နေတဲ့ဂျစ်ကန်ကန်ကလေးတစ်ဦးဖြစ်ပါတယ်။ တယ်ရီတစ်ယောက် ရည်းစားဟောင်းရဲ့သား ကိုင်လ်နဲ့ပူးပေါင်းပြီး ရည်းစားဟောင်းနောက်အိမ်ထောင်ပြုမှာကို ဘယ်လိုတားဆီးကြမလဲ သူတို့နှစ်ယောက်ရဲ့ပူးပေါင်းဆောင်ရွက်မှုကဘယ်လိုအလွဲအချော်တွေနဲ့ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုမှတ်တမ်းတင်ရိုက်ကူးတင်ဆက်ပြသထားပုံကို ဇာတ်လမ်းလေးထဲမှာကြည့်ရှုခံစားကြည့်လိုက်ကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Senju ဖြစ်ပါတယ်။) File size… (3.4 GB) / (2 GB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy Duration…. 01:41:47 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Senju

6.2 2024 100 mins
Cocaine Stepdad
Materialists
6.7

Materialists (2025) IMDb Rating (6.7) / Rotten Tomatoes (79%) ဇာတ်ကားပိုစတာထွက်တုန်းက မြင်မိတော့ သုံးအချို့လို့ ထင်ခဲ့မိပေမဲ့ မမ ဒါကိုတာတစ်ယောက် အတောင့်အဖြောင့်ဘဲကြီးနှစ်ဗွေကြားမှာ ဗျာများရမဲ့ဇာတ်ကားလေးပါ။ ဟောလိဝုဒ်ရဲ့ ခေါင်သုံးယောက်ကို တစ်ကားတည်းမှာ ကြည့်ရတာနဲ့တင် တန်နေပါပြီ။ ဇာတ်လမ်းအကျဉ်း လူစီက အောင်သွယ်တော်လုပ်ပေးတဲ့ကုမ္မဏီမှာ အချစ်ပျောက်ငှက်ငယ်တွေကို နဖူးစာရွာလည်စေတဲ့ ဖူးစာရေးနတ်သမီးလေးပေါ့။ လူစီရဲ့ အကျိုးဆောင်မှုကြောင့် အခုဆို လက်ထပ်သွားတဲ့စုံတွဲ ကိုးတွဲတောင်ရှိပါပြီ။ နောက်ဆုံးတစ်တွဲကတော့ သူမကို လက်ထပ်ဖိတ်စာပို့ထားတဲ့အတွက် လူစီတစ်ယောက် သတို့သမီးနဲ့ သတို့သားကို ဂုဏ်ပြုချင်တာကတစ်ကြောင်း အောင်သွယ်ရေး ပရိုမိုးရှင်းဆင်းချင်တာကတစ်ကြောင်းနဲ့ မင်္ဂလာဆောင်ကို သွားရောက်ခဲ့ပါတယ်။ မင်္ဂလာဆောင်ပါတီကိုရောက်တော့ သူမဟာ သတို့သားရဲ့အစ်ကိုဖြစ်သူ ဟယ်ရီဆိုတဲ့ Daddy type ရုပ်ရှိငွေလျှံဘဲကြီးနဲ့ ကြုံကြိုက်သွားခဲ့ရင်း စကားပြောဖြစ်ကြပါတယ်။ သူတို့နှစ်ယောက်သား ကီးကိုက်သလို ရှိနေပြီး ဟယ်ရီကလည်း သူမကို စိတ်ဝင်စားနေပါတယ်။ အဲအချိန်မှာ သူမ ငါးနှစ်တာတွဲခဲ့တဲ့ ရည်းစားဟောင်း ငမွဲကောင်လေး ဂျွန်က မင်္ဂလာဆောင်မှာ စာပွဲထိုးဝင်လုပ်ရင်းက သုံးယောက်သား တေ့တေ့ဆိုင်ဆိုင် တွေ့ကြပါတော့တယ်။ အဲလိုကနေ လူစီတစ်ယောက် ငါးနှစ်တာချစ်ခဲ့တဲ့ ရည်းစားဟောင်း ဂျွန်ဆီကိုပဲ စိတ်ပြန်ပါသွားမလား၊ အရွယ်ရောက်ရင့်ကျက်လာပြီး အခြေတကျဖြစ်ချင်တဲ့စိတ်ကြောင့် ဟယ်ရီဆီကိုပဲ စိတ်ယိုင်သွားမလားဆိုတာကို ကြည်နူးဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Matteo ဖြစ်ပါတယ်။) File size… (7.5 GB) / (3.2 GB) / (1 GB) Quality…. WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama,Romance Duration….01:57:09 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Matteo

Animation • Family • Western • Adventure • Comedy
6.7 2025 116 mins
Materialists