YoteShin Drive is below this article. Scroll down to view.

Google Pixel Watch brows and major functions

Author: Anonymous Published on: 12 Aug 2022

Google will announce the first smartwatch of the company called Pixel Watch on October 6. Before the introduction of the smartwatch, the photo and key features of the smartwatch were leaked. Black It will produce silver with gold and gold and can choose the colors such as Lemongrass, Olive, Red, Gray, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige and Green. The photos have been seen in the photo and crown. Google Pixel Watch: That Pic.twitter.com/jfeac8fkuj & mdash; Snoopytech (@_snoopytech_) October 2, 2022 You can wear up to 50 meters of water and protect against Gorilla Glass. Sleeping, The health features that measure heart rate will include Emergency Mode, Quick Pairing Buds and 6-month Fitbit Premium subscription. Other functions will include Maps for Wear OS, Google Assistant, Google Wallet, and Health BY Fitbit. Google will sell the minewriting for the pixel watch in the winter, and the smartwatch in the photo box shared by the Google News Telegram Channel. Sports Band, There are a USB-C Magnetic Charging Cable and Quick Start Guides. The pixel watch will be supported by Gmail and Google Calendar and the smartwatter's battery life will be used for a day. Wifi / Bluetooth edition is expected to set the LTE edition $ 399 for $ 399. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

The.Big.Bang.Theory.S07E02.1080p.(CM).mp4

283.94 MB N/A video/mp4 994 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Sin City
7.4

ဇာတ်လမ်းလေးပုဒ်ပါတယ်။အဲ့ဒီလေးပုဒ်လုံးရဲ့ Time Lineကဆက်နေတယ်။ဘာကအရင် ဘာကနောက်ဆိုတာကိုတော့ ပရိတ်သတ်ကို Mind Blowningလုပ်ဖို့ချန်သွားတယ်။ ဒါကလည်း အရသာတစ်မျိူးပါပဲ။ နံပါတ်၂ဇာတ်လမ်းဆို ကျွန်တော်ဖတ်ဖူးတဲ့ဘာသာပြန် ၀တ္တုတစ်ပုဒ်ကိုတောင် သတိရစေတယ်။ မောင်မိုးသူရဲ့သေနေ့။ အဲ့ဒီ၀တ္တုထဲမှာ ရောဂါနဲ့သေတော့မယ့်အမျိုးသမီး တစ်ယောက်က သူ့ကိုယ်သူသတ်ဖို့ တစ်ဆင့် လူသတ် သမားငှားထားတယ်။ ဘယ်သူလဲ သူမသိရဘူး။ ရောဂါရှိတယ်ဆိုတာကမှားနေတော့ လူသတ်သမားလက်က သူပြေးဖို့ဖြစ်လာတယ်။ ဒီထဲက Customer always Rightဆိုတဲ့အပိုင်းဟာ အဲ့ဒီ၀တ္တုကို တခြားအမြင်ကပြထားသလိုပါပဲ။ Customer Always Rightက အတော်အနုပညာ ဆန်သလို ကျန်တဲ့ သုံးပိုင်းကလည်း မနုံနဲ့ဘူး။ Crimeကားတွေကြိုက်တဲ့လူဖြစ်ဖြစ် Actionကားတွေကြိုက်တဲ့လူဖြစ်ဖြစ် ဇာတ်အိမ်ဆန်းတာတွေ ကြိုက်တဲ့လူဖြစ်ဖြစ်မကြည့်ရသေးလို့ ကြည့်ပြီးရင်တော့ . . . လွန်ခဲ့တဲ့ဆယ့်ငါးနှစ်ကထွက်ခဲ့တဲ့ ရုပ်ရှင်ကို ဆယ့်ငါးနှစ်လုံးမကြည့်ခဲ့မိလို့ နောင်တ ရမယ့်ရုပ်ရှင်မျိုးပါပဲ။ Sin City အဆက်အနေနဲ့ Sin City: A Dame to Kill For (2014) ဆက်လက်ထွက်ရှိခဲ့ပြီး ဒီမှာ https://channelmyanmar.org/sin-city-a-dame-to-kill-for-2014/ ကြည့်ပါ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်တင်ဆက်ထားသူကတော့ WiRa Aung ဖြစ်ပါတယ်။) File size…(4.8 GB)/(2 GB) Quality….BluRay(Unrated.Recut.Extended Version)1080p HEVC/720p Format…mkv/mp4 Duration….02:21:45 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by WiRa Aung

Adventure • Comedy • Family • Fantasy
7.4 2005 124 mins
Sin City
Prison 77
7.4

ထောင်ဖောက်တဲ့ရုပ်ရှင်ပေမဲ့ ထောင်ဖောက်တဲ့ရုပ်ရှင်မဟုတ်တဲ့ ရုပ်ရှင်ပေါ့။ ၁၉၇၆ကနေ ၁၉၇၈ကြားမှာဖြစ်ခဲ့တာတွေကို ဇာတ်အိမ်တည်ထားတဲ့ ဒီရုပ်ရှင်နာမည်က ထောင်, ၁၉၇၇။ ဒီခုနှစ်တွေက စပိန်သမိုင်းမှာ တော်တော်အရေးပါတဲ့ နှစ်တွေလို့ပြောရမယ်။ ဘာလို့ဆို ၁၉၃၉ကနေ ၁၉၇၅ အထိ စပိန်ကို စစ်အာဏာရှင်စနစ်နဲ့ အုပ်ချုပ်သွားတဲ့ ဂျန်နရယ် Francisco Franco ဟာ ၁၉၇၅မှာ သေသွားတယ်။ ဒီနောက် စပိန်ဟာ ဒီမိုကရေစီစနစ်ကို ကူးပြောင်းပြီး တိုင်းပြည်ကို အသစ်က ပြန်တည်ဆောက်ခဲ့တယ်။ ဆိုတော့ ဒီကာလတွေဟာ စပိန် ဒီမိုကရေစီရဲ့ အရေးအပါဆုံး ကာလတွေလို့ပြောရင် မမှားဘူး။ တိုင်းပြည်ကြီးက အကြီးအကျယ်ပြောင်းလဲနေတဲ့ကာလမှာ ထောင်ထဲမှာ ဖိနှိပ်ချုပ်ချယ်ခံနေရတဲ့ လူတွေကလည်း တိုင်းပြည်ကြီး အသစ်ကပြန်စသလို သူတို့ကိုလည်း လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး အသစ်က ပြန်စခွင့်ပြုသင့်တယ်လို့ အဆိုပြုကြတယ်။ အကျဉ်းသားအခွင့်အရေး အင်မတန်နည်းပါးတဲ့ စပိန်ထောင်ထဲက ထောင်သားတွေဟာ အကျဉ်းသားအခွင့်အရေးအစည်းအရုံးတွေ ထောင်ပြီး အကျဉ်းသားတွေရဲ့ ရပိုင်ခွင့်အတွက် ဆန္ဒပြခဲ့ကြတယ်။ ရာဇဝတ်သားတွေကို ဘာလို့အကုန်လွှတ်ပေးရမှာလဲလို့တော့ မေးချင်စရာရှိပေမဲ့ ဒီလူထဲက ထက်ဝက်လောက်နီးပါးဟာ တိုင်းပြည်ရဲ့ ကမောက်ကမအခြေအနေနဲ့ မတရားတဲ့ဥပဒေကြောင့် မမျှတတဲ့ တရားစီရင်ခြင်းခံခဲ့ရတဲ့လူတွေဖြစ်နေတယ်။ ငွေလေး ၅၀၀၀ခိုးပြီး ၈နှစ်လောက်ကျတဲ့လူတွေလည်း ပါချင်ပါတယ်။ အသက်မပြည့်သေးတဲ့ ကလေးတွေလည်း ပါချင်ပါတယ်။ စုံပလုံနေတာပါပဲ။ ဒီတော့ တိုင်းပြည်မကောင်းလို့ ဥပဒေမကောင်းလို့ ရောယောင်ရောက်သွားရတဲ့ သူတို့အတွက် ဒီလိုလွတ်ငြိမ်းခွင့်ပေးဖို့က တရားတယ်။ ပြဿနာက တကယ့်ဒုစရိုက်သမားတွေကလည်း ရှိနေလေတော့ ဒီပွဲဟာ ဘယ်လိုဆက်ဖြစ်မလဲ တော်တော်တော့ပြောရခက်လာပါတယ်။ ဒီရုပ်ရှင်ဟာ သူယုံကြည်တဲ့ တရားမျှတမှုအတွက် တိုက်ပွဲဝင်ခဲ့တဲ့ လူငယ်လေးတစ်ယောက်အကြောင်းပေါ့။ နောက် အလံတလူလူလွှင့်ခဲ့တဲ့‌ မျှော်လင့်ချက်တွေအကြောင်းပေါ့။ ပြောရရင် ရှောရှန့်ထက် ပိုသဘာဝကျတဲ့ ရှောရှန့်လိုကားမျိုးပေါ့။ ပိုသဘာဝကျတယ်ဆိုတာ သူ့ထက်ကောင်းတယ်လို့တော့ ဆိုလိုတာမဟုတ်ဘူးပေါ့။ ဒါပေမဲ့ တကယ်ဖြစ်ခဲ့တဲ့ သမိုင်းဒရာမာ ကားကောင်းပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.2GB, 1GB Quality - 1080p, 720p IMDb Rating - 7.1/10 Format - mp4 Duration - 2H 5Min Genre - Thriller Subtitle - Myanmar Subtitle (Hardsub) Translated by W Encoded by Y

Adventure • Horror • Thriller
7.4 2022 125 mins
Prison 77
My Name Is Vendetta
6.8

"သတ်မှာလား အသတ်ခံမှာလား ဒါဟာ ဥပဒေပဲ" ဆိုတဲ့ စကားစုလေးနဲ့ အစချီပြီး စတင်ထားတဲ့ "My Name is Vendetta" ဆိုတဲ့ ဇာတ်ကားလေးက အက်ရှင်ဇာတ်ကား ချစ်သူတွေအတွက် လက်မလွှတ်သင့်တဲ့ Netflix ဇာတ်ကားကောင်းလေး တစ်ကားပါ။ ဇာတ်လမ်းအကျဉ်း ... ဘဝမှာ သူများကို သတ်မှာလား ကိုယ် အသတ်ခံမှာလား ဆိုတဲ့စိတ်နဲ့ ဘဝတစ်လျှောက်နေလာခဲ့တဲ့ မာဖီးယား တစ်ဦးက ဖူးစာရှင်လေးနဲ့တွေ့ပြီး သူ့ဘဝကို ပြောင်းလဲလိုက်တယ်။ သမီးလေးတစ်ယောက် မွေး ဘဝကို ပျော်စရာတွေ မေတ္တာတွေနဲ့ ဘဝကို အဓိပ္ပါယ်ရှိရှိ ဖြတ်သန်းနေစဉ်မှာ အတိတ်မှာ ဆိုးခဲ့တဲ့အမှားတွေနဲ့ မာဖီးယားဂိုဏ်းတစ်ခုက သူ့ကို ကလဲ့စားချေဖို့အတွက် သူ့မိသားစုကို ရက်ရက်စက်စက် သတ်ပစ်လိုက်တယ်။ ကံကောင်းချင်တော့ သမီးဖြစ်သူ ဆိုဖီယာက မသေဘဲ လွတ်မြောက်နိုင်ခဲ့တယ်။ ဒီလိုနဲ့ သူ့မိသားစုကို သတ်ခဲ့တဲ့ သွေးကြွေးကို သမီးဖြစ်သူ ဆိုဖီယာနဲ့အတူ ကလဲ့စားချေဖို့ တာဆူတော့တာပေ့ါ။ သွေးသံတရဲရဲနဲ့ အက်ရှင်ခန်းတွေ အများကြီးပါပြီး လူမိုက်တစ်ဦးနဲ့ သူ့သမီးကြားက သံယောဇဉ်တွေကိုမြင်ရပြီး တန်ဖိုးထားရတဲ့ မိသားစုကို အလုယူခံလိုက်ရတဲ့အချိန် ဖြစ်ပေါ်လာတဲ့ နာကျည်းချက်တွေနဲ့ ဘယ်လို ကလဲ့စားချေမလဲဆိုတာတော့ ဇာတ်လမ်းလေးထဲ ဆက်လက်ကြည့်လိုက်ကြရအောင်ပါ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Kit ပါ။) File Size          : 1.1GB, 470MB, 254MB Quality            : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format            : mp4 Duration         : 1hr 30mins Genre              : Action, Crime, Drama Translated by Kit Encoded by Kinnov

Horror • Thriller
6.8 2022 90 mins
My Name Is Vendetta
Lady Chatterley's Lover
6.7

(18 ယောက်ဖြစ်ဖြစ် 21 ယောက်ဖြစ်ဖြစ် စုကြည့်ရမဲ့ ကားမျိုးဖြစ်တာကြောင့် မိသားစုနဲ့ ကြည့်ဖို့တော့ မသင့်တော်ပါဘူးခင်ဗျာ) 1928 ခုနှစ်တုန်းက ဒီနာမည်နဲ့ပဲ ထွက်ရှိခဲ့တဲ့ ဝတ္ထုဟာ ညစ်ညမ်းစာပေအဖြစ်နဲ့ အဲဒီခေတ်ကာလအခြေအနေအရ နိုင်ငံအတော်များများမှာ ပိတ်ပင်ခြင်းခံခဲ့ရပါတယ်။ ဒီဝတ္ထုကိုပဲ ရုပ်ရှင်၊ ဇာတ်လမ်းတွဲအဖြစ် မြောက်မြားစွာရိုက်ကူးခဲ့ကြပေမဲ့ သိပ်မအောင်မြင်ကြပါဘူး။ ဒီတစ်ခေါက် Netflix က ထွက်တဲ့ ဗားရှင်းကိုတော့ အတော်လေးချီးကျူးထားကြတာ တွေ့ရပါတယ်။ ပြီးတော့ မင်းသမီးဟာလည်း The Crown Season 4 မှာ မင်းသမီးဒိုင်ယာနာအဖြစ် သရုပ်ဆောင်ခဲ့တဲ့ Emma Corrin ဖြစ်ပါတယ်။ အင်္ဂလိပ်ရုပ်ရှင်လောကရဲ့ နောက်ထပ်တောက်ပလာမယ့် ကြယ်ပွင့်အဖြစ် အလားအလာရှိနေသူလေးလည်းဖြစ်ပါတယ်။ ဒီကားထဲက sex scene တွေဟာ ရမ္မက်စိတ်ကို နှိုးဆွပေးတယ်ဆိုတာထက် ပန်းချီကားတစ်ချပ်ကို ကြည့်နေရသလိုပါပဲ။ သစ်ပင်တွေကြားထဲမှာ၊ လယ်ကွင်းထဲမှာ၊ စမ်းချောင်းဘေးမှာစတဲ့ မြင်ကွင်းပေါင်းစုံမှာ အိပ်မက်ဆန်ဆန် မှုန်ဝါးဝါးပန်းချီကားအစုံကို ကြည့်နေရသလိုပါပဲ။ ကျွန်တော်သဘောကျတဲ့ မြင်ကွင်းတစ်ခုဆိုရင် အပြာရောင်ကောင်း‌ကင်တစ်ဝက်၊ အစိမ်းရောင်မြက်ခင်းပြင်တစ်ဝက်နဲ့ အလယ်ဗဟိုမှာ သရုပ်ဆောင်နှစ်ယောက်ရဲ့ အရိုင်းဆန်စွာနဲ့ လှုပ်ရှားနေတဲ့ ကင်မရာရိုက်ချက်ပါပဲ။ ဇာတ်လမ်းအကျဉ်းလေး ပြောရရင်တော့ ... လက်ထပ်ပြီးမကြာခင်မှာပဲ ပထမကမ္ဘာစစ်ကြောင့် Connie ရဲ့ ခင်ပွန်းသည်ဖြစ်သူဟာ ခါးအောက်ပိုင်း သေသွားပါတယ်။ စစ်ကြီးပြီးလို့ ခင်ပွန်းသည်ရဲ့ Wragby အမွေခံအိမ်ကြီးဆီ ပြန်လာနေကာ ကျောက်မီးသွေးမိုင်းတွင်းတွေကို ဦးစီးလုပ်ကိုင်ရပါတယ်။ ခင်ပွန်းဟာ အောက်ပိုင်းသေနေတဲ့အတွက် လိင်မှုကိစ္စလည်း လုပ်နိုင်စွမ်းမရှိတဲ့အပြင် သူ့အပေါ်ကို ချစ်သူဇနီးမယားတစ်ယောက်အနေနဲ့ မဟုတ်ဘဲ နာ့စ်တစ်ယောက် အိမ်အကူတစ်ယောက်အဖြစ် မှီခိုလာပါတော့တယ်။ ရုတ်တရက် မြို့ကြီးပြကြီးကနေ ကျေးလက်ဒေသကို ပြောင်လာမှုကြောင့် အသားမကျမှု၊ ခင်ပွန်းရဲ့ တဖြည်းဖြည်းအေးစက်လာမှု၊ ကာမ လိုအင် မပြည့်ဝမှု စတာတွေကြောင့် Wragby ခန်းမဆောင်ဟာ သူ့အတွက် မည်းမှောင်တိတ်ဆိတ်တဲ့ နေရာအဖြစ်မြင်လာပါတော့တယ်။ ဒီအရာတွေဟာ သူတို့အိမ်တော်က မွေးမြူရေးအလုပ်သမား Oliverနဲ့ တွေ့တဲ့အခါ အသစ်တဖန်ပြန်အသက်ဝင်လာပါတယ်။ ဝိဉာဉ်မဲ့နေတဲ့ Connieအတွက် Oliverဟာ ပြန်လည်အသက်ဆက်စရာ ကြိုးတစ်‌ချောင်း ဖြစ်လာတဲ့အခါ ... (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Jane ပါ။) File Size          : 3.1GB, 1.1GB, 507MB Quality            : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format            : mp4 Duration         : 2hr 6mins Genre              : Drama, Romance Translated by Jane  Encoded by Kinnov

6.7 2022 126 mins
Lady Chatterley's Lover
Lesson Plan
6.3

သူ့နာမည်က ဒမ်မီယမ်... သူဟာ အသွင်ယူရဲဟောင်းတစ်ယောက်ဖြစ်ခဲ့ဖူးပြီး မူးယစ်ဆေးလောကမှာ အသွင်ယူဖူးလို့ ဒီလောကကို ထုံးလိုကျေ ရေလိုနောက်တယ်။ တစ်နေ့ကျ အထက်တန်းကျောင်းတစ်ကျောင်းမှာ ဆရာဖြစ်တဲ့သူ့ သူငယ်ချင်းဟာ သူ့အခက်အခဲတစ်ခုအတွက် အကူအညီလာတောင်းတယ်။ ဒါပေမဲ့ သူမကူညီခဲ့ဘူး။ သိပ်မကြာခင်မှာပဲ... သူ့ သူငယ်ချင်းဟာ ချောက်ချခံရပြီး မတရားသဖြင့် နာမည်ဆိုးနဲ့သေခဲ့ရတယ်။ ဒီတော့ သူက ရှင်နေတုန်း ကူညီဖို့ ငြင်းဆန်မိခဲ့တဲ့ နောင်တနဲ့ အဲဒီအထက်ကျောင်းမှာ အစားထိုးဆရာအဖြစ် ဝင်လုပ်ပြီး သူ့ သူငယ်ချင်းအတွက် လက်စားချေဖို့ ကြိုးစားခဲ့တယ်။ ဒီလိုနဲ့ အဲဒီကျောင်းမှာ ဘာတွေဖြစ်ခဲ့လဲ။ သူငယ်ချင်းရဲ့ သေဆုံးမှုအပေါ် တာဝန်ရှိသူတွေကို ဘယ်လိုရှာဖွေမလဲ… ဆရာတစ်ယောက်အဖြစ် အသွင်ယူထားတဲ့ ဒမ်မီယမ်ရဲ့ ကျောင်းပေါ်က နေ့စွဲတွေကော ဘယ်လိုဖြစ်မလဲ... ဒီ ၂၀၂၂ မှ ထွက်ထားတဲ့ Low budget ပိုလန်ကားလေးပါ... စိတ်ဝင်စားရင် ဒေါင်းကြည့်လိုက်ပါဦး... (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.9GB, 910MB Quality - 1080p, 720p Format - mp4 Duration - 1H 41Min Genre - Action, Crime Subtitle - Myanmar Subtitle (Hardsub) Translated by Z Encoded by Y

Drama • Romance
6.3 2022 101 mins
Lesson Plan
[18+] Lover
5.8

Lover (2005) မင်းသမီးက ကင်ကီဒွပ်ရဲ့ The Net တို့ Hong Sang-soo ရဲ့ Woman Is the Future of Man တို့ထဲ သရုပ်ဆောင်ဖူးတဲ့လူပါ။ Lee Sun-kyunလို နာမည်ရမင်းသားနဲ့တွဲပြီး မင်းသမီးနေရာကလည်း ရိုက်ဖူးပါသေးတယ်။ ဒီကားထဲမှာတော့ ကင်မင်ဟီးလိုလို ရုပ်လေးနဲ့ဆိုတော့ ကြည့်ရတော်တော်တန်ပါတယ်။ မင်းသားကလည်း Bad Guys ဇာတ်လမ်းတွဲ ၂ခုလုံးရော မူဗီမှာပါ ပါဖူးတဲ့သူဆိုတော့ ၁၈အပေါင်းကားပေမဲ့ cast တွေတော့ ကြမ်းပါတယ်။ ဇာတ်လမ်းကတော့ ကုမ္ပဏီဒေဝါလီခံပြီး အာဖရိကကိုသွားတော့မယ့်လူတစ်ယောက်ဟာ ကိုရီးယားမှာနေတဲ့ နောက်ဆုံးနေ့မှာ မိန်းကလေးတစ်ယောက်နဲ့တွေ့ခဲ့တဲ့အကြောင်းပါပဲ။ အဲဒီမိန်းကလေးနဲ့ အဲဒီတစ်ရက်တာကို အတူကုန်ဆုံးပြီး ၂ယောက်အတူ ပျော်စရာဘဝလေးတစ်ခုကိုဖြတ်သန်းကြပါတယ်။ ဇာတ်လမ်းနဲ့ကားမို့ ၃ခန်းပဲပါပေမဲ့ မင်းသမီးလှလို့ ကြည့်ရတန်သလို ဇာတ်လမ်းကလည်း ရိုမန့်တစ်ဆန်ဆန်နဲ့ ကြည့်ရတန်တာမို့ ရိုမန့်တစ်အချစ်ညပြာပြာလေးကို ဖြတ်သန်းချင်တာပဲဖြစ်ဖြစ် ဒီတိုင်းဆွေးရင်းတစ်ကိုယ်တော်မှုပြုချင်တာပဲဖြစ်ဖြစ် ကြည့်ကောင်းမယ့်ကားလေးပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို 6 9 မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.8GB, 880MB Quality – 1080p, 720p Format – mp4 Duration – 1H 38Min Genre – Adult, Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by 6 9 Encoded by RGB

Action • Thriller
5.8 2005 98 mins
[18+] Lover
Antique
7

Antique(2008) ************** အလောင်ကားတွေပဲကြည့်နေလို့ ပူလောင်နေရရင် ဒီ comedy, romance, friendship အမျိုးအစားဖြစ်တဲ့ LGBT movie လေးကိုကြည့်ကြည့်ကြပါ။ ၂၀၀၈ ခုနှစ်က ထွက်ရှိခဲ့ပြီး rating လည်းကောင်းပါတယ်။ cast တွေကလည်းရှယ်ပါပဲ။ ဇာတ်လမ်းကတော့ လူပေါ်ကြော့သူဌေးသားလေးဂျင်ယော့ဟာ ကိတ်မုန့်ဆိုင်လေးတစ်ဆိုင်ဖွင့်ဖြစ်ခဲ့ပါတယ်။ ကိတ်မုန့်ဆိုင်မှာကိတ်မုန့်ဖုတ်မယ့်သူရှာရင်းနဲ့ သူ့ကိုအထက်တန်းတုန်းက crush ခဲ့တဲ့ မင်ဆွန်းဝူနဲ့အတူတူအလုပ်လုပ်ဖို့ဖြစ်လာပါတယ်။ မင်ဆွန်းဝူကတော့ ‘နတ်ဆိုးလိုဆွဲဆောင်မှုရှိတဲ့ဂေး’ ဆိုပြီးတော့ တင်စားကြရလောက်အောင်ကို သူနဲ့တွေ့သမျှယောက်ျားတိုင်းက သူ့ရဲ့ဆွဲဆောင်မှုကို မလွန်ဆန်နိုင်ကြပါဘူး။ သူတို့နှစ်ယောက်တည်းအလုပ်လုပ်နေရင်းနဲ့ လက်ဝှေ့ကစားသမားဟောင်းယန်းဂီဘုံးနဲ့ ဆူယောင်းဆိုတဲ့ဘော်ဒီဂတ်ကပါ သူတို့နဲ့အတူတူအလုပ်လုပ်ဖို့ဖြစ်လာပါတယ်။ စိတ်ဒဏ်ရာကိုယ်စီရှိတဲ့ယောက်ျားလေးယောက် တစ်ဆိုင်တည်းမှာအလုပ်လုပ်ရင်းနဲ့ သူတို့ရဲ့ဆက်ဆံရေးက ဘယ်လိုမျိုးပြောင်းလဲလာမလဲ၊ အချင်းချင်းရဲ့စိတ်ဒဏ်ရာကို ဘယ်လိုကုစားပေးကြမလဲ။ ရန်တကျက်ကျက်ဖြစ်ရင်း ရင်းနှီးသွားကြတဲ့ သူတို့တွေကြားက relationship လေးကို အခွီတွေ၊ အငိုတွေနဲ့ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File Size :(1.9GB) and (897MB) Quality : WEB-DL1080P, 720p Format…mp4 Duration…01:48:00 Genre : Comedy, Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Yee Wai Encoded by Phyo Pyae

7 2008
Antique
Take Me Back for Christmas
7.1

Take Me Back for Christmas (2023) ========================== IMDb Rating – 7.1/10 ဒီ Take Me Back For Chrismas လို့ခေါ်တဲ့ကားလေးကတော့ ကြည့်ပြီးရင် ရင်ထဲမှာ ကျန်ခဲ့မယ့် ကားမျိုးထဲ ပါပါတယ်။ နွေးနွေး ထွေးထွေးနဲ့ အတိတ် ပစ္စပ္ပုန် အနာဂတ် အရာအားလုံးကို ဒါရိုက် တာကြီး Joy Holliday က သေသေချာချာ တင်ဆက်ထားတာပါ။ မိသားစု၊ အချစ်၊ ‌ခရစ်စမတ်ရဲ့ တကယ့်အဓိပ္ပာယ် အကုန်လုံးရဲ့ အရေး ပါပုံကို ခံစားကြည့်ရှုရမှာပဲဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ တနေ့ ရီနေးဟာ အလုပ်က ပြန်စိတ်ပျက် လက်ပျက်နဲ့ ကူကယ်ရာ မဲ့နေတဲ့အချိန် ထူးဆန်းတဲ့ ‌နတ်သူငယ်ဝတ်စုံ ဝတ်ထားတဲ့ မိန်းမတစ်ယောက်ပေးခဲ့တဲ့ ‌ခေါင်းလောင်းလေးကို တီး ပြီးတော့ ဆုတောင်းမိပါတော့တယ်။ တောင်းမိတဲ့ ဆုတောင်းတာ “ခြား နားတဲ့ ဘဝမှာ နေရပါစေ” တဲ့။ ထူးဆန်းစွာနဲ့ သူ့ဆုတောင်းတွေပြည့်ပြီး နောက်တနေ့မနက်မှာ နယူးယောက်က အအောင်မြင်ဆုံး ကုမ္ပဏီအကြီး ကြီးရဲ့ ရုံးခန်းထဲမှာ နိုးလာပါတော့တယ်။ ဒါပေမယ့် အကောင်းနဲ့အတူအ ဆိုးပါ ဒွန်တွဲလာတတ်တယ်ဆိုတဲ့အတိုင်း မထင်မှတ်ထားတာလေးတွေ ဖြစ်လာပါတော့တယ်။ ရယ်စရာလေးတွေရော ရင်ကိုနွေးထွေးစေမယ့် အခိုက်အတန့်လေးတွေ ရောကိုပါ ရောနှောထားလို့ တကယ်ကို ကြည့်သင့်တဲ့ဇာတ်ကားလို့ ပြော ချင်ပါတယ်။ Imdb လဲ 7.1 တောင် ရထားလို့ မြည်းစမ်းကြည့်ကြပါခင်ဗျာ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Dr . Zac ဖြစ်ပါတယ်) File Size……….(1.55 GB) / (600 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 24Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Fantasy, Romance Translator…….Dr.Zac Encoder……….SWM

Horror
7.1 2023 84 mins
Take Me Back for Christmas
Secret Love Triangle

IMDb 6.1 ရရှိထားတဲ့ ၂၀၂၃ထွက် သည်းထိတ်ရင်ဖို ဒရာမာ ရုပ်ရှင်တစ်ကာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဂျက်ဆီကာနဲ့ လော်ရီတို့က မြို့ငယ်လေးတစ်ခုမှာ ကိတ်မုန့်ဆိုင်အတူဖွင့်တဲ့ သူငယ်ချင်းနှစ်ဦးပါ။ ဂျက်စီကာမှာ မက်လို့ခေါ်တဲ့ ခင်ပွန်းတစ်ဦးရှိပြီး လော်ရီရဲ့ခင်ပွန်းကတော့ ရောဘတ်ဖြစ်ပါတယ်။ ဒီလိုနဲ့ တစ်ရက်မှာ ရောဘတ်ဟာ အသတ်ခံလိုက်ရပြီး ဂျက်ဆီကာဟာ မတရားစွပ်စွဲခံလိုက်ရပြီး ထောင်ကျသွားပါတယ်။ အပြစ်မရှိတဲ့ ဂျက်ဆီကာဟာ ရောဘတ်ကိုသတ်ခဲ့တဲ့သူကို ဖော်ထုတ်ဖို့အတွက် ဆက်လက်ကြိုးစားတဲ့နောက်မှာတော့ ဂျက်ဆီကာ၊ မက် နဲ့ လော်ရီတို့သုံးယောက်ထဲမှာ ရောဘတ်ကို သတ်ခဲ့တဲ့လူသတ်သမားအစစ်က ဘယ်သူများဖြစ်နေမလဲ တရားမျှတမှုကရော ပေါ်ပေါက်လာပါ့မလားဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ File size…(1.7 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:27:00 Genre…Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven Khant

0 2023 88 mins
Secret Love Triangle
Good Grief
6.4

Good Grief (2023) ~ IMDb – 6.4/10, RT – 78%, Meta – 60% ~ Schitt’s Creek Sitcom နဲ့ နာမည်စရလာခဲ့သလို Schitt’s Creek ရဲ့နောက်ဆုံးစီဆန်ကိုလည်း ကိုယ်တိုင်ရေးသား ရိုက်ကူး သရုပ်ဆောင်ခဲ့တဲ့ Emmy လေးဆုပိုင်ရှင် Dan Levy ကိုယ်တိုင် ရေးသား ရိုက်ကူး သရုပ်ဆောင်ထားတဲ့ရုပ်ရှင်ပါ။ Dan Levy ရဲ့ ပွဲဦးထွက်ရုပ်ရှင်လည်း ဟုတ်တယ်။ Rotten Tomatoes – 78% ရထားတော့ ပွဲဦးထွက်အနေနဲ့ဆို အရည်အချင်းရှိတယ်ပြောရမှာပါပဲ။ နက်ဖလစ်ကနေ ဖြန့်ပေးထားတဲ့ ရုပ်ရှင်လည်း ဟုတ်ပါတယ်။ ဇာတ်ကတော့ လိင်တူအချစ်ကို Focus ထားပြသလိုပြနေရင်းက သူငယ်ချင်းတစ်အုပ်ကြားကအချစ်ကို Focus ထားပြထားတဲ့ ရုပ်ရှင်လို့ပြောလို့ရပါတယ်။ မက်ဆိုတဲ့ ဂေးတစ်ယောက်ရှိတယ်။ သူက ပန်းချီဆွဲတဲ့အလုပ်လုပ်တယ်။ ပြောရရင်သရုပ်ဖော်ပုံဆွဲတာပေါ့။ စာအုပ်အဖုံးတို့ ပုံပြင်တို့ကိုဆွဲတာများတယ်။ သူ့ယောက်ျားကတော့ နာမည်ကျော် စာရေးဆရာ။ သူ့ယောက်ျားစာအုပ်တွေကိုလည်း သူပဲ သရုပ်ဖော်ပုံဆွဲတာ။ သူတို့လင်ယောက်ျားနှစ်ယောက် ပျော်ပျော်ရွှင်ရွှင်နဲ့ပဲ နေလာခဲ့တာကြာပြီ။ သူတို့အိမ်လေးကလည်း ပါတီတွေ သူငယ်ချင်းတွေနဲ့သာယာနေခဲ့တယ်။ ဒီလိုနဲ့ အပျော်တွေမကုန်ခင် တစ်နေ့မှာ သူ့ယောက်ျားဆုံးသွားတယ်။ ဘဝမှာ သူ့ယောက်ျားကိုပဲကြည့်ရင်း နေလာခဲ့တဲ့လူတစ်ယောက်ဟာ သူ့ယောက်ျားမရှိတော့တဲ့နောက် သူ့ယောက်ျားနဲ့အတူနေခဲ့တဲ့ အိမ်ကြီးထဲ တစ်ကိုယ်တည်း ရှင်သန်ရဖို့ဖြစ်လာတယ်။ သူ့သူငယ်ချင်းတွေက သူတို့ဘဝရဲ့ တစ်နှစ်တာအချိန်ကို အကုန်ခံပြီး သူ့ကိုအားပေးဖို့ သူနဲ့အတူလာနေပေးကြတယ်။ တစ်နှစ်ပြည့်ပြီးတဲ့နောက် သူ့ယောက်ျားချန်ထားခဲ့တဲ့စာကို ဖောက်ဖတ်ဖို့ သတ္တိရှိလာတဲ့အချိန် ဒီစာဟာ သူ့ဘဝကို ဘယ်လိုရိုက်ခတ်သွားခဲ့သလဲ… သူ့သူငယ်ချင်းတွေနဲ့သူ့ဆက်ဆံရေးက ဘာဖြစ်သွားမလဲ… ကျွန်တော်တို့မြင်ရလိမ့်မယ်။ ဆိုခဲ့သလို ဒီရုပ်ရှင်ဟာ အချစ်အကြောင်းကနေ သူငယ်ချင်းတွေအကြောင်းဖြစ်သွားတဲ့ရုပ်ရှင်ပါပဲ။ ခင်မင်မှုရဲ့ ခွင့်လွှတ်ခြင်း လှပခြင်းတွေကို တစိမ့်စိမ့်ကြည့်ရလိမ့်မယ်။ ဒီလိုကားမျိုးတွေက သရုပ်ဆောင်ကောင်းရင်ကောင်းသလောက် ပိုတာသွားတတ်သလို Dan Levy, Luke Evans, Emma Corrin, Passing (2021) ထဲက အဓိကဇာတ်ကောင်ဖြစ်ခဲ့တဲ့ မင်းသမီးဇာတ်ဆောင်အော်စကာဆု ဆန်ခါတင်ဖူးခဲ့တဲ့ Ruth Negga, Yesterday (2019)ထဲက မင်းသား Himesh Patel တို့လို သရုပ်ဆောင်ကောင်းတဲ့ ဆရာကြီးတွေချည်း သရုပ်ဆောင်ထားတာမို့ ကြည့်ရတာတော့ ရှယ်တန်မှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.5GB, 665MB Quality – 1080p, 720p IMDb Rating – 6.4/10 Format – mp4 Duration – 1H 40Min Genre – Comedy, Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by W Encoded by Y

6.4 2023 101 mins
Good Grief
One Week
7

ဒီတစ်ခေါက် တင်ဆက်ပေးမယ့် ဇာတ်ကားလေးကဝောာ့ 2008ခုနစ်က ထွက်ရှိထားပြီး IMDb 7/10အထိရရှိထားတဲ့ Adventure/Drama အမျိုးအစား ဇာတ်ဂာားလေးပဲဖြစ်ပါတယ် အကယ်၍ မင်းမှာ တစ်လ၊ တစ်ပတ် ဒါမှမဟုတ် တစ်ရက်လောက်ပဲ အသက်ရှင်ခွင့်ရှိတော့မယ်ဆိုရင် ဘာလုပ်မလဲ။ ဘန်ဟာ ကျောင်းဆရာတစ်ယောက်ဖြစ်ပြီး မကြာခင်မှာ ချစ်ရသူနဲ့ လက်ထပ်ဖို့ ပြင်ဆင်ထားသူတစ်ဦးပါ။ သာမန်လူတစ်ယောက် အနေနဲ့ ဘဝကို ရိုးရှင်းစွာ ဖြတ်သန်းရင်း တစ်ရက်မှာတော့ သူ့မှာ ကင်ဆာရောဂါ အဆင့်လေးဖြစ်နေတယ်ဆိုတာ သိလိုက်ရပါတယ်။ ကုသပြီး အသက်ရှင်နိုင်ချေကတော့ ၁၀%ပါ။‌လောကကြီးမှာ အသက်ရှင်နိုင်ချေ ၁၀ပုံ ၁ပုံပဲရှိတော့တယ်ဆိုတာ သိ‌လိုက်ရတဲ့ ဘန်ဟာ သူ့အချိန်ကို ရိုးရှင်းစွာ ကုသမှုခံယူပြီး ချစ်ရသူတွေနဲ့ အချိန် မကုန်ဆုံးဘဲ ဆိုင်ကယ်တစ်စီးနဲ့ ခရီးထွက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဘန်တစ်ယောက် ကင်ဆာ နောက်ဆုံးအဆင့်မှာ ဘယ်လိုဆုံးဖြတ်ချက်တွေနဲ့ နေထိုင်သွားမှာလဲ။ သူ့ရဲ့ဆုံးဖြတ်ချက်တွေအတွက် နောင်တရနေမှာလား။ အကယ်၍ ကျွန်‌တော်တို့ကရော တစ်ပတ်လောက်ပဲ အသက်ရှင်ရတော့မယ်ဆိုရင် ဘာလုပ်ကြမှာလဲ ဆိုတဲ့ တွေးခေါ်စရာလေးတွေနဲ့အတူ ကနေဒါနိုင်ငံရဲ့ လှပ‌တဲ့ ရှုခင်းတွေကို ကြည့်ရှုခံစားနိုင်မှာပဲ ဖြစ်ပါတယ် File size… (997 Mb) Quality….Blu-Ray 720p Format…mp4 Duration….01:34:00 Genre… Adventure, Drama Subtitle…. Myanmar Subtitle (Hardsub) Encoder…. Garfield Translated by Ban

7 2008
One Week
Sheriff: Narko Integriti
7.6

မလေးရှားအက်ရှင်ဇာတ်ကားကောင်းတစ်ခုဖြစ်တဲ့ Sheriff: Narko Integriti ကတော့ မလေးရှားနိုင်ငံရဲ့ ဒုတိယရုံတင်ဝင်ငွေအများဆုံးရုပ်ရှင်ကားဖြစ်ပါတယ်။ ရုပ်ရှင်ရိုက်ကူးမှု၊ ဇာတ်လမ်းရေးသားမှု၊ သရုပ်ဆောင်ကောင်းမွန်မှု၊ ကင်မရာလှုပ်ရှားမှုနဲ့ ထင်မှတ်မထားတဲ့ဇာတ်လမ်းဇာတ်ကွက် အပြောင်းအလဲတွေအတွက် ချီးကျူးမှုတွေရရှိထားပြီး နောက်ဆက်တွဲရုပ်ရှင် ထပ်မံရိုက်ကူးဖို့အထိ ကြေညာထားပါတယ်။ ဥပဒေကိုလက်တစ်လုံးခြားလုပ်ပြီး တရားရုံးကိုဝင်လိုက်ထွက်လိုက် လုပ်နေတဲ့ မလေးရှားနိုင်ငံရဲ့အကြီးဆုံးဘိန်းဖြူဂိုဏ်းခေါင်းဆောင် တိုနီကို မူးယစ်နှိမ်းနှင်းရေးရဲတပ်ဖွဲ့ဝင်တစ်ဦးဖြစ်တဲ့နာဇရီက ဥပဒေနဲ့မဟုတ်ဘဲ ဘိန်းဖြူလူသတ်သမားဆိုတဲ့နာမည်နဲ့ ကိုယ်တိုင်ရှင်းလင်းဖို့လုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအချိန်မှာပဲ တိုနီရဲ့လူတွေကိုသတ်ဖြတ်နေတဲ့နာမည်ကြီးဘိန်းဖြူ လူသတ်သမားကို စစ်ဆေးဖော်ထုတ်ဖို့ ရှရစ်ဖ်ဆိုတဲ့ရဲတစ်ဦး ရောက်ရှိလာပြီး မူးယစ်နှိမ်နှင်းရေးတပ်ဖွဲ့ထဲက နာဇရီနဲ့အပေါင်း အပါတွေကို စတင်စုံစမ်းစစ်ဆေးလာခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေကြား တိုနီရဲ့သူလျှိုတွေကဘယ်သူလဲ.. ဘိန်းဖြူလူသတ်သမားက ဘယ်သူလဲဆိုတာ အချင်းချင်း သံသယတွေနဲ့ဖော်ထုတ်သွားကြပုံကို ရင်တမမနဲ့ကြည့်ရှု့ရမှာပဲ ဖြစ်ပါတယ်။ File size…2.12GB / 977MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….2h 13m Genre ….. Action , Adventure , Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

7.6 2024
Sheriff: Narko Integriti
You and Me / Ikaw At Ako
6.8

You and Me (2023) ဒီဇာတ်ကားလေးမှာ လူ့ဘဝရဲ့ဆည်းဆာနေဝင်ချိန်ကာလတွေကို ရင်ဆိုင်ဖြတ်သန်းနေကြတဲ့ အဖိုးနဲ့အဖွားတို့ရဲ့ လက်ရှိဆည်းဆာအချိန်ကာလ၊ သူတို့နှစ်ဦးရဲ့ သက်လတ်ပိုင်းအရွယ်မှာ မိသားစုဘဝတစ်ခု တည်မြဲနိုင်ဖို့အတွက် အချင်းချင်း သည်းခံအားတင်းရင်း ရင်ဆိုင်ဖြတ်ကျော်မှုတွေ၊ တစ်ဦးချင်းစီရဲ့ လိုအပ်ချက်နဲ့ နားလည်ပေးမှုနဲ့ ဆက်လက်ညှိနှိုင်းလိုခြင်းမရှိတဲ့အတွက် ဖြစ်ပေါ်လာရတဲ့ နောက်ဆက်တွဲ ဘဝအခက်အခဲစိန်ခေါ်ချက်ကို သရုပ်ဖော်ပြသထားပါတယ်။ ဒါ့အပြင် နွေရာသီတောတွင်းစခန်းချသင်တန်းကာလအတွင်းမှာ ဆုံတွေ့ကြတဲ့ ကလေးငယ်လေးနှစ်ဦးရဲ့ တစ်ဦးကိုတစ်ဦး တွယ်နှောင်ရစ်မိကြတဲ့ သံယောဇဉ်တွေကိုလည်း ဖော်ကျူးပြသထားပါတယ်။ သက်လတ်ပိုင်းအရွယ်မှာ ချစ်ရသူလက်တွဲဖော်ဆီကနေ ရယူချင်တဲ့ နားလည်ပေးမှုနဲ့ အချစ်၊ တစ်ဦးချင်းစီရဲ့ မညီမျှတဲ့ နားလည်သည်းခံပေးနိုင်မှုအတိုင်းအတာ၊ ချစ်နေကြဆဲဆိုပေမယ့်လဲ အတူတူ ဆက်မရှိနိုင်ကြတော့တဲ့ ချစ်သူနှစ်ဦးရဲ့ အချိန်တွေ၊ အတက်အကျ ခံစားချက်မျိုးစုံကို ပြန်ပြောင်းသတိရတွေးမိပုံနဲ့ ရိုက်ကူးပုံဖော်ပေးထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားလေးဟာ ဘဝနေဝင်ချိန် လက်တွဲဖော်အချစ်၊ ပိုင်ဆိုင်လိုစိတ်များတဲ့ လူငယ်သက်လတ်ပိုင်း အချစ်နဲ့ ကလေးငယ်ဘဝ သူငယ်ချင်းသံယောဇဉ်ကြီးမားကြပုံ စတဲ့ မတူညီတဲ့ ချစ်ခြင်းမေတ္တာပုံစံများကို အရွယ်သုံးမျိုးနဲ့ ဖော်ကျူးပြသထားတဲ့အတွက် မလွတ်တမ်းကြည့်ရှုခံစားသင့်တဲ့ ဖိလစ်ပိုင်ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ အညွှန်းနဲ့ဘာသာပြန်ကတော့ Dao Phyo ပဲ ဖြစ်ပါတယ်… Genre….. Drama Quality…. 1080p | 720p File size… 1.2GB | 580MB Format… mp4 Duration…. 1h 35min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Dao Phyo Encoder ….. Aaron

6.8 2023
You and Me / Ikaw At Ako
Qayamat Se Qayamat Tak
7.4

အငြိုးအတေးဆိုတာ အရမ်းကြောက်ဖို့ ကောင်းတဲ့အရာပါ။ ဇာတ်လမ်းရဲ့ အစမှာ ဒါနက်ပူးရ် ရွာလေးရဲ့ မြေပိုင်ရှင်ကြီးသား မင်္ဂလာပွဲ ပြင်နေတာက စပါတယ်။ ဘယ်သူမှ မသိတာက အဲဒီလူရဲ့ သားနဲ့ တခြား မြေရှင်ကြီးရဲ့ သမီးတို့ ငြိစွန်းပြီး ကိုယ်ဝန်ရှိနေတာပါပဲ။ သူနဲ့ ရတာ မဟုတ်ဘူးလို့ ငြင်းဆိုလိုက်ပြီး အဲဒီ ကောင်မလေးလဲ ကိုယ့်ဟာကိုယ် အဆုံးစီရင်သွားပါတယ်။ ဒါကို မကျေနပ်လို့ အစ်ကိုဖြစ်သူက ညီမအစား လူသတ်မှုကျူးလွန်ခဲ့တဲ့အထိ ဖြစ်ကုန်ကြပါတယ်။ ၁၄နှစ်အကြာမှာ ကြမ္မာရဟတ်က တစ်ပတ်ပြန်လည်လာခဲ့ပြီး အဲဒီ မိသားစု ၂ခုရဲ့ သား နဲ့ သမီးတို့ ချစ်ကြိုက်သွားကြပြန်ပါတယ်။ မိသားစု ၂ခုရဲ့ မပြေနိုင်တဲ့ အငြိုးအတေးတွေကြား သူတို့ရဲ့ အချစ်ခရီးက ဖြောင့်ဖြူးပါ့မလား။ ဇာတ်သိမ်းမှာရော ဘယ်လို ဖြစ်ကြမလဲဆိုတာကို စိတ်ဝင်တစား ကြည့်ရှုရမှာ ဖြစ်ပါတယ် File Size : 3.3 GB, 1.3 GB Quality : WEB-DL 1080p / 720p Running Time : 2hr 42min Format : Mp4 Genre : Drama, Musical, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by : Boomer Encode by : Thit San Khant

7.4 1988 162 mins
Qayamat Se Qayamat Tak
The Golden Voice
6.8

The Golden Voice (2025) IMDb Rating (6.8) / Rotten Tomatoes (99%) ကိုယ့်ရဲ့ အိပ်မက်ကို အကောင်အထည်ဖော်ဖို့ မဝံ့မရဲဖြစ်နေတဲ့ ဆယ်ကျော်သက်လေးတွေ ရှိကြလား? ဒါဆိုရင်တော့ ဒီကားလေးကို ကြည့်ဖို့ အကြံပေးချင်ပါတယ်.. ကိုယ့်အိပ်မက်ကို အားမပေးဘဲ သူ့အဖေခြေရာကိုနင်းဖို့ အတင်းတိုက်တွန်းနေတဲ့ အမေဖြစ်သူနဲ့ စကားများပြီး အိမ်က ထွက်ပြေးလာခဲ့တဲ့ ကေဂျေ.. ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ဖို့ ကြိုးစားနေချိန်မှာ အိမ်ယာမဲ့အဘိုးကြီးတစ်ယောက်နဲ့ တွေ့ဆုံခဲ့ပြီး သူ့အိပ်မက်ကို အကောင်အထည်ဖော်ဖို့ ဒုတိယအကြိမ်အခွင့်အရေးရခဲ့တယ်.. နာကျင်မှုတွေ၊ ဆုံးရှုံးမှုတွေ အပြည့်နဲ့ ဘဝကို ဖြတ်သန်းနေရတဲ့ အိမ်ယာမဲ့အဘိုးကြီးတစ်ယောက်က သူ့အတွက် ဘယ်လိုမျိုးအိပ်မက်ကို အကောင်ထည်ဖော်ပေးမှာလဲ? ငယ်စဉ်ကတည်းက အဖေကို ဆုံးရှုံးခဲ့ရတဲ့ ကေဂျေနဲ့ သားကိုဆုံးရှုံးခဲ့ရတဲ့ အိမ်ယာမဲ့အဘိုးကြီးတို့ နှစ်ယောက်ကကြားက နွေးထွေးတဲ့ သံယောဇဉ်တွေ၊ မေတ္တာတရားတွေကို လွမ်းမောဖွယ်ကြည့်ရှုရမယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်.. အမေရိကန်က အိမ်ယာမဲ့တွေရဲ့ ဘဝကို သေချာရိုက်ကူးပြသထားပြီး မေတ္တာတရားကို နက်နက်ရှိုင်းရှိုင်း ခံစားသက်ဝင်မိစေမယ့် ဇာတ်ကားလေးမို့ အသည်းငယ်သူတွေကတော့ မျက်ရည်သုတ်ဖို့ တစ်ရှူးလေးတွေ ဆောင်ထားကြနော်.. (အညွှန်းနဲ့ဘာသာပြန်ကတော့ Su Mon ဖြစ်ပါတယ်။) File size… (1.4 GB) / (710 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:26:33 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Su Mon

6.8 2025 86 mins
The Golden Voice