YoteShin Drive is below this article. Scroll down to view.

Tesla can sell 370,000 electric vehicles in 3

Author: Anonymous Published on: 12 Aug 2022

Tesla is the world's largest electric car company. Recently, Tesla has increased the production of automobiles. Shanghai It has improved because of the upgrade to the factories in Berlin and the Texas. The company's car manufacturer has been recorded in the record in July 3 in September. In addition, car sales have come up. Observers say Tesla sells between 350,000 to 370,000 cars in 350,000. If this is true, it is record sales for the company. Tesla also has a record sales in January 1 of January this year. In 2022, Tesla sold more than 3,100,000 vehicles sold over 31,000 vehicles. Tesla usually goes up at the end of the year. The same year is also reported that Tesla said that Tesla said that it would go up to 3. Tesla will be income in the record of record 3 in District 3. Now, the 3-time disclosure of Tesla must be monitored. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

The.Betrayal.S01E05.1080p.CM.mp4

866.42 MB N/A video/mp4 53 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Last 10 Years
7.1

~ IMDb rating - 6.9/10, MyDramaList - 8.1/10 ~ " ကောင်လေးရယ် ကောင်မလေးရယ် ကမ္ဘာကြီးရယ် ဘယ်လောက်ပျော်စရာကောင်းလိုက်သလဲ။ တကယ်ဆို ဒီလိုအချိန်မျိုးမှာ လေပြင်းမုန်တိုင်းဟာ မတိုက်ခတ်ခဲ့သင့်ပါဘူး။ ခုတော့ လျှို့ဝှက်စွာတိုက်ခတ်သွားတဲ့ လေပြင်းမုန်တိုင်းကြောင့် ထင်းရှူးပင်ကြီးဟာ မျက်ရည်တောက်တောက်ကျနေရပေါ့။ ထင်းရှုးတောအုပ်ကလေးတစ်ခုလုံးဟာလည်း မျက်ရည်သစ်ပင်ကြီးရဲ့ငိုသံမှာ အံ့အားသင့်နေကြတယ်။ ဒါပေမယ့် ထင်းရှူးပဒေသာလမ်းပေါ်မှာ ကောင်လေးတစ်ယောက်ဟာ လျှောက်နေတုန်းပါပဲ။ (သူ့ကိုကြည့်ရတာ ဘာကိုမှ နောက်ဆံတင်းပုံမပေါ်ဘူး) လမ်းဘေးက အုတ်ခုံကလေးမှာတော့ အင်္ဂတေတွေကွာနေလေရဲ့... " - မောင်သိန်းဇော် (မျက်ရည်သစ်ပင်၊ ၁၉၈၇) ဒီဇာတ်ကားရဲ့မူရင်းဝတ္ထုကိုရေးသားခဲ့တဲ့ စာရေးဆရာမဖြစ်သူဟာ ၂၀၁၇ ခုနှစ်မှာပဲ ကွယ်လွန်ခဲ့ပါပြီ။ သူကိုယ်တိုင် နာတာရှည်ရောဂါကို ရင်ဆိုင်နေခဲ့ပြီး စွန့်ခွာမဲ့နေ့ကိုစောင့်နေရတဲ့ခံစားချက်ကို ဇာတ်ကားထဲမှာ ပုံဖော်ထားတာမို့ ဒီရုပ်ရှင်ဟာ လူတစ်ယောက်ရဲ့ သူ့ခံစားချက်အမှန်ကို ထုတ်ပြထားတဲ့ ရိုးသားတဲ့ ဇာတ်လမ်းတစ်ပုဒ်လို့ပြောလို့ရတာမို့ အနုပညာစစ်သလို ရသလည်းမနုံနဲ့ပါဘူး။ IMDb rating - 6.9/10 ဟာလည်း ဒီလို Romance Drama ကားတစ်ကားအတွက် မနည်းလှတဲ့ rating ဖြစ်မှာပါ။ ဒီကပရိသတ်တွေ လူသိများတဲ့ မင်းသမီး Nana Komatsu ကလည်း အဓိကနေရာက ပါဝင်ထားပါတယ်။ ဇာတ်လမ်းထဲက မဆွတ်ရိ(Nana)က အသက်၂၀အရွယ်မှာပဲ အဆုတ်သွေးကြောနဲ့ပတ်သက်တဲ့ရောဂါကြောင့် ၂နှစ်ကျော် ဆေးရုံတက်ခဲ့ရသူပါ။ သူ့ရဲ့ရောဂါက ပျောက်ကင်းအောင်ကုသလို့ မရဘဲ နောက်၁၀နှစ်ထိသာ အသက်ရှင်နိုင်တော့မှာကို မဆွတ်ရိ သိသွားခဲ့ပါတယ်။ ဆေးရုံဆင်းတော့လည်း ပြင်းထန်တဲ့ လှုပ်ရှားမှုလုပ်ခွင့်မရှိတာကြောင့် အိမ်မှာပဲနားနေရပါတယ်။ သူငယ်ချင်းတွေကတော့ အလုပ်လုပ်ပြီး လက်တွဲဖော်ရှာဖို့ပြောပေမဲ့ လက်ကျန်သက်တမ်းကို သိနေတဲ့သူမကတော့ ဘယ်သူ့ကိုမှ ဘဝထဲမခေါ်ချင်တော့ပါဘူး။ ကျောင်းသားဟောင်းမိတ်ဆုံစားပွဲတစ်ခုကိုသွားတော့ ငယ်သူငယ်ချင်း ခဇုတိုနဲ့ပြန်ဆုံခဲ့ရပါတယ်။ ခဇုတိုကတော့ သူနဲ့ပြောင်းပြန်ပါပဲ။ သူ့မိဘတွေရဲ့ဖိအားပေးမှုနဲ့ အလုပ်အဆင်မပြေတာတွေကြောင့် သေကြောင်းကြံတဲ့အထိ ဖြစ်ခဲ့တဲ့သူပါ။ ဒီလိုနဲ့ အဖြစ်အပျက်တွေကြားမှာ မဆွတ်ရိနဲ့ ခဇုတိုတို့ ချစ်မိသွားကြတဲ့အခါ... ချစ်ခြင်းမေတ္တာဆိုတာ တစ်သက်လုံးအတူရှိရမှ ပန်းခင်းလမ်းကိုလျှောက်ရမှ ပြည့်စုံတာ မဟုတ်ဘူးဆိုတာ ဒီချစ်သူ၂ဦးက ပြောပြပါလိမ့်မယ်။ လက်တွဲဖော်ရဲ့စိတ်ခံစားချက်ကို ကိုယ်ပိုင်စိတ်ချမ်းသာမှုထက်ပိုပြီး ငဲ့ကွက်တာ၊ အရေးကြီးတဲ့အခါမှာ ချစ်သူကို ရှေ့တန်းတင် တွေးပေးတာတွေဟာလည်း နွေးထွေးမှုပါပဲ။ စကားဟောင်းလေးအတိုင်းပဲပေါ့။ လူဆိုတဲ့ သတ္တဝါဟာ အချစ်မရှိရင် တစ်ရည်လျော့တတ်တဲ့ အမျိုးမို့ လူဟာ အချစ်နဲ့ကင်းပြီးမနေနိုင်ကြဘူး။ မာယာတွေရစ်သိုင်းထားတဲ့ ဒီလောကဓံတရားအောက်မှာ ဘယ်လူသားကမှလည်း ဒဏ်ရာနဲ့ကင်းပြီးမနေနိုင်ကြဘူး။ အရှုံးတွေကပဲ ပိုချစ်တတ်အောင် သင်ပေးသွားရင်း ကံမဆုံပေမယ့် ချစ်ခြင်းတွေဟာ ဆက်လက်ရှင်သန်နေကြမှာပဲ။ ဒီရုပ်ရှင်ဟာ ဒီအချစ်တွေအကြောင်းပေါ့။ ~ Ref - မောင်သိန်းဇော်၊ သုခမိန်လှိုင်၊ တာရာမင်းဝေ ~ (ဒီဇာတ်ကားနဲ့အညွှန်းကို Ingyin San မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.05GB, 1.2GB, 661MB Quality - 1080p, 720p, 480p IMDb Rating - 6.9/10 Format - mp4 Duration - 2H 4Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by Ingyin San Encoded by Y

Drama • Thriller
7.1 2022 124 mins
The Last 10 Years
TÁR
7.2

ဒီဇာတ်ကားနာမည်က "Tar" "တာ" လစ်ဒီရာတာ လစ်ဒီရာက ဂီတလောကရဲ့အကျော်အမော်တစ်ယောက် ဘာလင်သံစုံတူရိယာဝိုင်းရဲ့ ဂီတမှူးတစ်ယောက်၊ သူ့ကိုလူတွေက"လစ်ဒီရာ" ဒါမှမဟုတ်"တာ" ဆိုတာထက် သူ့ရဲ့ဂုဏ်ပုဒ် "ပါရဂူဂီတမှူး" လို့လေးစားသမှုနဲ့ခေါ်ဆိုကြသူ။ဇာတ်လမ်းအဖွင့်မှာပဲ လစ်ဒီရာတာဖြေပေးတဲ့အင်တာဗျူးတစ်ခုမှာ သူ့ရဲ့အောင်မြင်မှုပေါင်းများစွာအပြင် ကိုယ်ရေးကိုယ်တာရောဂီတပိုင်းဆိုင်ရာရော ထူးချွန်ထက်မြက်မှုတွေကို ငြင်းမရအောင်မြင်ရဦးမှာပါ။ လစ်ဒီရာတာက တစ်ရက်တော့ဂျူလီယာ့ဒ်မှာ ဂီတလက်ချာတစ်ခုပေးခဲ့တယ်။ အဲဒီမှာကျောင်းသားတစ်ယောက်ကို ဘာ့ခ်ရဲ့တေးသွားတွေကိုကြိုက်နှစ်သက်လားမေးတော့ ကျောင်းသားကဘာ့ခ်ကို သူ့ကိုယ်ရေးကိုယ်တာပိုင်းကိုသဘောမကျတာကြောင့် သူ့ဂီတကိုလဲခံစားလို့မရပါဘူးတဲ့။ လစ်ဒီရာကဒီကျောင်းသားကို ဂီတကိုကောင်းမကောင်းစံသတ်မှတ်ချက်မှာ ဂီတဖန်တီးသူရဲ့ဘဝဖြစ်တည်မှု အကောင်းအဆိုးအမှားအပြစ်တွေနဲ့မဝေဖနဘဲ ဂီတအဖြစ်သာခံစားဖို့တိုက်တွန်းပေးခဲ့ပါတယ်။ ဒီနေရာမှာ လစ်ဒီရာ့အယူအဆက ပိုသင့်လျော်တယ်ထင်ရပေမယ့် ဘယ်အတိုင်းအတာထိလဲ။ ကိုယ်သဘောကျတဲ့ဂီတပညာရှင်တစ်ယောက်က အကျင့်စာရိတ္တတွေသိပ်ပျက်ပြားလွန်းနေရင်ရော ဒါမှမဟုတ်ခွင့်လွှတ်လို့မရနိုင်တဲ့အပြစ်ကိုကျူးလွန်လာရင်ရော ဒီခေတ်မှာသိပ်အားကောင်းတဲ့အရွေ့ဖြစ်တဲ့ Cancel Culture ဝင်လာသင့်လား။ ဒီဇာတ်လမ်းမှာ လစ်ဒီရာတာရဲ့ ပါရမီထူးချွန်မှုတွေနောက်ကို ကိုယ်ကျင့်တရားကအမှီမလိုက်နိုင်တော့တဲ့တစ်ချိန်မှာ သူ့ရဲ့ရုန်းကန်ရမှုတွေကို မှားတယ်မှန်တယ်ဝေဖန်မှုမရှိပဲ အလွှာလွှာအထပ်ထပ်နဲ့ သိမ်မွေ့အားကောင်းစွာပဲဖော်ပြထားလို့ ကိုယ်တိုင်သာကြည့်ပြီးအဖြေရှာရမယ့်ပုစ္ဆာတစ်ပုဒ်လိုပါပဲ။ လစ်ဒီရာတာကိုအသက်သွင်းထားတဲ့ မင်းသမီး Kate Blanchett ရဲ့ အော်စကာတန်းဝင်လို့ပြောနေကြတဲ့ သရုပ်ဆောင်မှုတွေကြောင့်လဲ "Tar" က လက်မလွှတ်သင့်တဲ့ဇာတ်ကားကောင်းပါပဲ အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။ Genre..... Drama, Music Quality…. 1080p | 720p | 480p File size… 1.3GB | 732MB | 395MB Format… mp4 Duration…. 2h 38min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Rashida Encoder ..... August

Comedy • Romance
7.2 2022 158 mins
TÁR
(18+) Virgin Forest
5.6

ဖရန်စစ်ဟာ နာမည်ကျော်ဓာတ်ပုံသတင်းထောက်တစ်ယောက်ဖြစ်ပြီး တစ်နေ့မှာ ဘူကစ်နွန်ခရိုင်မြို့တော်ဝန်ရဲ့ ဆက်သွယ်တာဝန်ပေးမှုကြောင့် ဒေသတွင်းထိန်းသိမ်းထားတဲ့အပျိုစင်သစ်တောတွေထဲမှာ ရပ်ဖလေးရှား လို့ခေါ်တဲ့ ဆန်းကြယ်တဲ့ ကမ္ဘာအကြီးဆုံးပန်းတွေကိုဓာတ်ပုံရိုက်ဖို့ဖြစ်လာပါတယ်။ မြို့တော်ဝန်က သူနဲ့အတူလမ်းပြအဖြစ် ရော်ဂျာဆိုတဲ့ဒေသခံကောင်လေးတစ်ယောက်ကိုထည့်ပေးလိုက်ပြီး စကားစပ်မိရာကနေ ရော်ဂျာရဲ့အရွယ်နဲ့မမျှတဲ့မိသားစုတာဝန်တွေ၊ ဝန်ထုပ်ဝန်ပိုးတွေအကြောင်းသိသင့်သလောက်သိလာခဲ့ပါတယ်။ ဖရန်စစ် မသိခဲ့တာက ရှေ့မှာစောင့်ကြိုနေမယ့် တောရဲ့ဆန်းကြယ်မှုတွေ ပဟေဠိတွေနဲ့ ဘယ်သူမှမရိပ်မိကြသေးတဲ့ လူသားနဲ့သဘာဝရဲ့ဆန်းကြယ်မှုတွေကြားက ပဋိပက္ခတွေအကြောင်းပါပဲ၊ အိမ်မက်လိုလိုတကယ်လိုလိုကြားရတတ်တဲ့ နားနားကပ်ပြောတဲ့ စကားသံတွေ၊ မျက်လုံးမှိတ်လိုက်တဲ့အခါမြင်ရတတ်တဲ့ အဝတ်ဗလာမိန်းမလှလေးတွေနဲ့ ချစ်တင်းနှောရပုံတွေ၊ ကျွန်မတို့ကိုကယ်ပါ ဆိုတဲ့ အကူအညီတောင်းခံသံတွေရဲ့ နောက်ကွယ်က ဖြစ်ရပ်မှန်တွေကို သူအဖြေရှာရမှာဖြစ်ပါတယ်။ Brillante Ma Mendoza ရဲ့ကားသစ်ဖြစ်ပြီး သူ့လက်စွဲတော် မင်းသားမင်းသမီးတွေအပြင် တစ်ခြားသရုပ်ဆောင်အင်အား အများအပြား ဇာတ်လမ်းဇာတ်အိမ်ခိုင်ခိုင်နဲ့တင်ဆက်ထားတာပါ။ သရုပ်ဆောင်အင်အားများသလို မိသားစုနဲ့ ကြည့်လို့မသင့်တဲ့အခန်းတွေလဲ ရှည်လျားများပြားစွာပါဝင်တဲ့အတွက်အချိန်ပေးပြီးတစ်ယောက်တည်းကြည့်ကြတာကောင်းပါလိမ့်မယ်။ File Size : (1.9 GB) & (950 MB) Quality : WEB-DL 1080p & 720p Running Time : 01:54:00 Format : mp4 Subtitle : Myanmar Subtitle (Hard Sub) Translated by ALS Encoded by RGB

Action • Adventure • Animation • Comedy • Family • Western
5.6 2022 113 mins
(18+) Virgin Forest
The Weapon

The Weapon (2023) Action, Thriller ဝုန်းဒိုင်းကြဲ​​တွေကြည့်ချင်တဲ့ Bro ​တွေအတွက် 2023 မှာထွက်ထားတဲ့ The Weapon ဆိုတဲ့ အကြမ်းပတမ်း အက်ရှင်အလန်းကား​လေးနဲ့ မိတ်ဆက်​ပေးပါရ​စေ။ ဘယ်လောက်ကြမ်းလဲဆို ဇာတ်လမ်းစလာတည်းက ​ဒေါသထွက်ပြီး ရန်လို​နေတဲ့ ဒဲလက်စ်ဆိုတဲ့သူကို​တွေ့ရမှာ​ဖြစ်ပါတယ်။ သူ့အ​ကြောင်းကို ဘာမှ​မမိတ်ဆက်ထားပဲနဲ့ ​နောက်ပိုင်းမှ တဖြည်းဖြည်း သူဒီလိုဖြစ်​နေရတာဘာ​ကြောင့်လဲ… သူ့​နောက်ကွယ်က သူ​တွေက​ရော ဘယ်သူ​တွေလဲ… ဘယ်အရာ​တွေက သူ့ကိုကျင်စက်​တွေနဲ့ နှိပ်စက်တာ​တောင် ဘာမှမဖြစ်တဲ့လူကြမ်းကြီးအဖြစ်​ပြောင်းလဲသွား​စေတာလဲ… သူ့ကို ဘယ်သူ​တွေက​ရော လက်နက်တစ်ခုအဖြစ် အသုံးချ​နေတာလဲဆိုတာကို အက်ရှင်ခန်း ကြမ်းကြမ်းတမ်းတမ်းကြီး​တွေနဲ့ ကြည့်ရဦးမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.9GB, 830MB Quality – 1080p, 720p Format – mp4 Duration – 1H 25Min Genre – Action, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by DB Encoded by Y

0 2023
The Weapon
My Professor’s Guide to Murder
5

အခုမိတ်ဆက်ပေးမှာကတော့ ဒီနှစ်မှထွက်ထားတဲ့ ဂျာမန် Comedy movie လေးပါ၊ ဇာတ်လမ်းလေးက လင်နဲ့မယား လျှာနဲ့သွားဆိုတဲ့စကားအတိုင်းတစ်ခါမဟုတ် ၂ခါမက ကိုက်မိနေရင်းပဲ ကိုယ်က လျှာလား သူက သွားလား စမန်ပြန်ခုတ်ကြတဲ့ ကလော်ဒီရာနဲ့ ဘော်ဘီတို့ရဲ့အိမ်ထောင်ရေးအကြောင်းကိုဟာသလေးနှောပြီးတမူထူးတဲ့တင်ဆက်ပုံလေးနဲ့ပြသထားတာပါ၊ ဇာတ်ဆောင်ဖြစ်တဲ့ဘော်ဘီကတော့ ဘာဖြစ်လို့ဒီလိုကတောက်ကဆတွေဖြစ်ရတာလဲဆိုတာအဖြေရှာရင်းလူနားမလည်နိုင်တဲ့ သီအိုရီတွေထုတ်ပြီး ကလော််ဒီရာကိုနားချပါတော့တယ်။ နားချရင်း နားမလည်ရာကနေနားလည်မှုတွေလွဲရင်း ကွဲမယ်ပြတ်မယ်လုပ်ကြရာ ကလော်ဒီရာကိုလက်မလွှတ်နိုင်တဲ့ဘော်ဘီတစ်ယောက်ဘယ်လိုအကွက်တွေပြန်သုံးချော့မယ်၊ ဘယ်လိုရှေ့ဆက်ကြမလဲဆိုတာကိုကြည်နူးဖွယ်ရှူစားရမှာဖြစ်ပါတယ် ။ Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre…TV Movie, Drama, Thriller, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khant Zarni

Romance • Comedy
5 2023
My Professor’s Guide to Murder
My Best Part
5.5

My Best Part (2020) =============== ဘဝဆိုတာ အလှည့်အပြောင်း အချိုးအကွေ့များစွာနဲ့ ခက်ခဲလွန်း လှပါတယ်။ ခက်ခဲလှတဲ့ ဘဝကြီးမှာ ကိုယ် ရင်ထဲထိနင့်နေအောင် သိပ်ချစ်ရတဲ့သူတစ်ယောက်ဟာ ကိုယ်ဘယ်တော့မှာ ပြန်မချစ်ချင် တော့တဲ့သူတစ်ယောက်ဖြစ်သွားတဲ့ အခိုက်အတန့်လောက် နာကျင် ခက်ခဲရတာ မရှိပါဘူး။ ဒါပေမဲ့လည်း ကျွန်တော်တို့ဟာ ဒီအခိုက် အတန့်တွေကိုကျော်ဖြတ်ရင်းနဲ့ ရှေ့ဆက်လျှောက်ကြရဖို့လိုအပ်ပါ တယ်။ အချစ်ဆိုတာပြဇာတ်တစ်ပုဒ်လိုပါပဲ၊ ပြဇာတ်ကြောင့် လူတွေ ပျော်ရွှင်၊ ကြည်နူး၊ ငိုကြွေးရသလို၊ အချစ်ကြောင့်လည်း လူတွေပျော် ရွှင်၊ ကြည်နူးငိုကြွေးရပါတယ်။ဒါပေမဲ့ လူတိုင်းအချစ်နဲ့ မကင်းနိုင် သေးပါဘူး။ ဒီဇာတ်ကားလေးထဲမှာလည်း အချစ်ကြောင့် ခံစားခဲ့ရတဲ့ ပြင်သစ် လူငယ်လေးတစ်ယောက်ရဲ့ အကြောင်းကိုရိုက်ကူးထားတာဖြစ်ပါ တယ်။ ထူးခြားတာက သာမာန်အချစ်ဇာတ်လမ်းတွေလိုမဟုတ်ပဲ LGBT အချစ်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ LGBT တို့ကြားက အချစ်ရေးအပြင် LGBT တစ်ယောက်ရဲ့ စိတ်ခံစားချက် ဘဝဇာတ် ကြောင်းတွေကိုပါ ပေါင်းစပ်ပုံဖော်ရိုက်ကူးထားတဲ့ My Best Part ဆိုတဲ့ ဇာတ်ကားလေးကိုကြည့်ရှုလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thetti Tun ဖြစ်ပါတယ်) File Size……….(1.71 GB) / (759 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 49Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Drama Translator…….Thetti Tun Encoder……….SWM

Comedy • Fantasy • Family
5.5 2020 108 mins
My Best Part
Me and Mr. Christmas
5.9

Me and Mr. Christmas (2023) ===================== IMDb rating – 5.9/10 ခရစ်စမတ်ရောက်ဖို့လည်းနီးလာပြီဆိုတော့ ဒီတစ်ခေါက်မှာတော့ ပရိတ် သတ်ကြီးတို့အတွက် Christmas vibe အပြည့်ကိုခံစားရစေမယ့် Romance ဇာတ်လမ်းလေးတစ်ပုဒ်ကိုတင်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းရဲ့အကျဉ်း – Zoe Deans ဆိုတဲ့မိန်းကလေးက သူ့ရဲ့အိပ်မက်တွေကိုအကောင်အထည် ဖော်ဖို့ ကြိုးစားနေတဲ့သူတစ်ယောက်ပါ။ နှစ်တိုင်း အားလပ်ရက်တွေမှာတောင် အနားမယူဘဲ အလုပ်အကြောင်းပဲတွေးနေတဲ့ ကိုယ်ပိုင်ကုမ္ပဏီကိုတည်ထောင် ထားတဲ့ မိန်းကလေးတစ်ယောက်ပေါ့။ သူ့ကုမ္ပဏီကအခုမှစတင်တည်ထောင် ထားတာကြောင့် လူသိနည်းပြီး မှန်ကန်တဲ့ဖောက်သည်တစ်ယောက်နဲ့ဆုံဆည်း ချင်တာက သူ့ရဲ့ဆန္ဒပါ။ အဲဒီဆန္ဒကိုအကောင်အထည်ဖော်ပေးနိုင်တဲ့ သူတို့မြို့ရဲ့ Mr Chirstmas ရွေးချွယ် ပွဲကြီးကိုသတိရသွားပါတော့တယ်။ ဒါမှ သူ့အတွက် Mr Chirstmas အဖြစ်ကိုယ် စားပြုပြီး ယှဉ်ပြိုင်ပေးမယ့်ကောင်လေးတစ်ယောက်ရှိဖို့လိုအပ်နေတာပါ။ အဲဒီအ ချိန်မှာ ကြင်နာတတ်တဲ့ ပုံတုံးတုံးစာအုပ်ဆိုင်ပိုင်ရှင်လေးနဲ့တွေ့သွားတဲ့အချိန်မှာတော့ သူရှာတွေ့တဲ့သူက Mr Chirstmas ဖြစ်ဖို့ထိုက်တန်တဲ့သူလား၊ ပြိုင်ပွဲမှာရော ဘယ်လို တွေယှဉ်ပြိုင်ရမလဲဆိုတာကို ဒီဇာတ်လမ်းတွဲလေးမှာကြည့်ရှူရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ June ဖြစ်ပါတယ်) File Size……….(2.2 GB) / (839 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 34Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Romance Translator…….June Encoder……….SWM

Horror • Thriller
5.9 2023 90 mins
Me and Mr. Christmas
The Beast in the Jungle
5.4

Beast in the Jungle ဆိုတဲ့ကားကတော့ ၂၀၂၃ ခုနှစ်က ထွက်ရှိထားတဲ့ ပြင်သစ် ဒရာမာကားလေးပဲဖြစ်ပါတယ်။ ဂျွန်ဆိုတဲ့ ကောင်လေးတစ်ယောက်က ကလပ်တစ်ခုကို လာရာကနေ မေဆိုတဲ့ ကောင်မလေးနဲ့ ဆုံတွေ့ခဲ့တဲ့အခါမှာ မေကသူ့ကို လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က ကိစ္စတစ်ခုကြောင့် သိနေခဲ့ပေမယ့် ဂျွန်ကတော့ မမှတ်မိပါဘူး။ တစ်ကယ်တော့ ဂျွန်က မေ့ကို အကြောင်းအရာ တစ်ခုခုဖြစ်မယ်ဆိုပြီး လျို့ဝှက်ချက်တစ်ခုကို ပြောပြခဲ့ဖူးပါတယ်။ အဲဒါကတော့ ဘယ်လိုအကြောင်းအရာလည်း ဆိုတာ သူတို့နှစ်ယောက်လုံး အစက မသိခဲ့ပါဘူး။ အဲဒီလိုနဲ့ တဖြည်းဖြည်း ကလပ်ထဲမှာပဲ ၂၅ နှစ်လောက် အချိန်ကုန်ရင်း ဖြစ်လာမဲ့ အကြောင်းအရာကို စောင့်နေခဲ့ရာက ဘယ်သူက ဖြစ်လာမယ့် ကိစ္စကို ရိပ်မိသွားလဲ အဒီအကြောင်းအရာ တစ်ခုကရော ဘာလဲဆိုတာ ကြည့်ရှုရမယ့် ကားလေးတစ်ကားပါ။ Techno နဲ့ disco ကိုကြိုက်တဲ့သူတွေလည်း music တွေအသားပေးထားတာကြောင့် ခံစားကြည့်လို့ရမယ်လို့ ထင်ပါတယ်။ File size…(4 GB)/(1.4 GB) Quality….WEB-DL 1080p / 720p Format…mp4 Duration….01:43:00 Genre… Drama, Music Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Kaung Myat

Mystery • Thriller • Horror
5.4 2023
The Beast in the Jungle
Dharmajuddha
6.8

Dharmajuddha 2024 မမေ့နိုင်သောညတစ်ည IMDb 6.8/10 အစ်မေးလ်ပူရ်ဆိုတဲ့ ရွာငယ်လေးမှာ ဘာသာရေးဂိုဏ်း၂ဖွဲ့က အကြီးအကျယ်ပြဿနာဖြစ်ကြလို့ အစိုးရကတောင်ပုဒ်မတွေထုတ်ပြီး ရဲကင်းတွေစောင့်ကြည့်ရတဲ့အနေအထားတစ်ခုထိဖြစ်ခဲ့တယ် နေရာအနှံ့မီးတောက်တွေ မီးခိုးတွေတလူလူနဲ့ ငရဲအလားပေါ့ ဇာတ်လမ်းအစမှာတော့ အဘွားကြီးတစ်ယောက်အိမ်ကို ကိုယ်ဝန်ဆောင်မိခင်ကညဘက်ကြီးခြံတံခါးလာခေါက်အကူအညီတောင်းရင်း စထားပါတယ် အဓိကရုဏ်းကြားကိုယ်ဝန့်ရင့်မာနေချိန် ဗိုက်ကမခံမရပ်နိုင်အောင်နာလာတာကြောင့် ကျန်းမာရေးစင်တာကို လူမသိအောင်ခိုးထွက်ရင်း လူမိသွားခဲ့လို့ အပြေးအလွှားနဲ့ ယောကျာ်းဖြစ်သူနဲ့ ကွဲခဲ့ရတယ် ဒီလိုအဓိကရုဏ်းကိုစလာစေတာကလည်း သူ့အမျိုးသားပါပဲ ဒါကြောင့်ဘယ်အိမ်ကမှလက်မခံလို့ နောက်ဆုံးကယ်တင်ရှင်အဘွားကြီးအိမ်ကိုရောက်သွားခဲ့တာပါ အဘွားကြီးရဲ့ သမီးကဒီအမျိုးသမီးနဲ့သူတို့စခဲ့တဲ့ဇာတ်လမ်းကိုသိနေတော့ မကြည်ဖြူချင် အဘွားကလည်း ညဘက်ဖြစ်တာကြောင့်ပြန်မလွှတ်ချင်နဲ့ နောက်ထပ်သူတို့ဆီကိုရောက်ရှိလာမဲ့အကြောင်းတရားတွေကိုတော့ ဆက်လက်ရှုစားလိုက်ပါရှင် ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် )

6.8 2022 111 mins
Dharmajuddha
Exodus: Gods and Kings
6

Exodus: Gods and Kings (2014) IMDb Rating (6.0) Director ကြီး Ridley Scott ရိုက်ကူးထားပြီး မင်းသား Christian Bale ခေါင်းဆောင် ပါဝင်ထားတဲ့ အီဂျစ်ခေတ် ရာဇဝင်ရုပ်ရှင်ကားကြီးပါ။ ဒီကားလေးက ကျွန်တော်တို့ငယ်ငယ်တုန်းက animation ဇာတ်ကားတစ်ကားထွက်ခဲ့ဖူးပါသေးတယ် တော်တော်များများလဲ ကြိုက်ကြတဲ့ကားလေးတစ်ကားပါ အီဂျစ် အကြောင်းစိတ်ဝင်စားတဲ့လူတွေဆိုပိုသိမှာပါ Myth တွေ ကြိုက်တဲ့လူတွေအတွက် ကြည့်လို့ကောင်းရုပ်ရှင်တကားပါပဲ။ ဇာတ်လမ်းအကျဉ်းချုံးကိုပြောရမယ်ဆိုရင်တော့ ဟောစာတမ်းတစ်ခုကနေစရမှာပါ အဲ့တုန်းက ဟီဘရူး(ဂျူး)လူမျိူးတွေကို အီဂျစ်ဘုရင်က ကျွန်အဖြစ်သိမ်းသွင်းထားတဲ့အချိန်ဖြစ်ပါတယ် ဟောစာတမ်းအရ နန်းလုခံရမှာစိုးလို့ အီဂျစ်ဘုရင်က ဟီဘရူးကလေးငယ်တွေအကုန်လုံးကို သတ်ခိုင်းခဲ့ပါတယ် ဒါပေမယ့် ကလေးငယ်တစ်ယောက်တော့လွတ်မြောက်သွားခဲ့ပြီး ဟီဘရူးလူမျိုးတွေကို ကျွန်အဖြစ်ကနေ လွတ်မြောက်အောင် စွမ်းဆောင်နိုင်မလားဆိုတာ…။

6 2014
Exodus: Gods and Kings
Aankhen
7.4

Aankhen (2002) IMDb Rating (7.4) / Rotten Tomatoes (71%) Bollywood Thriller/Comedy ဇာတ်ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးပါ့မယ်။ မင်းသားကြီး Amitabh Bachchan၊ Akshay Kumer၊ Arjun Rampal၊ Paresh Rawal တိုနဲ့ မင်းသမီးချော Sushmita Sen တို့ပါဝင်သရုပ်ဆောင်ထားပြီး (8 Nominations) လည်းရထားပါသေးတယ်။ ဇာတ်ကားလေးကတော့ ဘဏ်နေဂျာတစ်ယောက်ဖြစ်တဲ့ မစ္စတာ ရဂျ်ပွတ် ဟာတစ်နေ့မှာတော့ အလုပ်ကနေထုတ်ခံလိုက်ရပါတယ်။ သူ့ဘဝတစ်ခုလုံးကို ဘဏ်မှာပဲမြှပ်နှံထားတဲ့ ရဂျ်ပွတ် ဟာဘဏ်ကိုစိတ်အနာကြီးနာပြီး ပြန်ပြီးလက်စားခြေဖို့ဆုံးဖြတ်လိုက်ပြီး နည်းလမ်းပေါင်းစုံစဉ်းစားပါတော့တယ်။ ဒီလိုနဲ့ တစ်ကမ္ဘာလုံးမှာတစ်ခါမှမလုပ်ဖူး မဖြစ်ဖူး မကြုံဖူးတဲ့ပုံမျိုးနဲ့ ဘဏ်ဓားပြတိုက်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ အဲဒီမှာပဲ မျက်မမြင်သုံးယောက်ကိုလိုက်ရှာပြီး အဲဒီမျက်မမြင်သုံးယောက်ကိုလေ့ကျင့်ပေးမယ့်ဆရာမနဲ့ပေါင်းပြီးတော့ ဘဏ်ကိုနေ့ခင်းကြောင်တောင်ကြီး ဓားပြတိုက်ဖို့အစီအစဉ်ဆွဲပါတော့တယ်။ ဒီလိုနဲ့ ဘဏ်ကိုဓားပြတိုက်ရင်း ဘယ်လိုအခက်အခဲတွေ၊ ဘယ်လိုလေ့ကျင့်မှုတွေနဲ့ ဘယ်လိုစီစဉ်သွားမလဲဆိုတာကိုကြည့်ရှုရင်းနဲ့ သူလေ့ကျင့်ပေးထားတဲ့ မျက်မမြင်သုံးယောက်ကရော သူစီစဉ်သလိုဖြစ်ပါ့မလား ဆိုတာကိုတော့ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ မင်းသားကြီး Amitabh Bachchan ကိုယ်တိုင်းအဓိကပါဝင်သရုပ်ဆောင်ထားတာဆိုတော့ ပြောစရာမလိုတော့ဘူးပေါ့။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Leo ဖြစ်ပါတယ်။) File size…(3 GB) / (1.6 GB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Crime, Drama, Thriller Duration….02:38:40 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Leo

Horror • Thriller
7.4 2002 165 mins
Aankhen
Novitiate
6.7

Novitiate (2017) ~ IMDb – 6.7/10, RT – 86%, Meta – 73% ~ တလောတုန်းကမှ ထွက်ထားပြီး ခုထိ လူပြောသူပြောများနေတဲ့ The Substance မှာ မင်းသမီးကြီး Demi Moore နဲ့အတူ အပြိုင်ကြဲထားတဲ့ မမ Margaret Qualley ရဲ့ ကားအဟောင်းအကောင်းလေးပါ။ ကိုယ်တိုင် သူ့ကို စကြွေခဲ့ရတာကတော့ The Nice Guys မှာ ညဉ့်ငှက်မလေးအဖြစ်သရုပ်ဆောင်ခဲ့တုန်း‌ကပေါ့။ နောက်ပြီးတော့ တာရန်တီနိုရဲ့ Once Upon A Time in Hollywood မှာလည်း မှတ်မှတ်ရရ ရှိကြပါလိမ့်မယ်။ သိပ်ကိုလှပလွန်းတဲ့ မျက်ဝန်းတစ်စုံပိုင်ရှင် အလှတရားလေးပါပဲ။ “ပေးဆပ်ခြင်းမရှိတဲ့ အချစ်က အချစ်မဟုတ်ဘူး။ အကြွင်းမဲ့အချစ်ဆိုတာ အဆုံးအစွန်ပေးဆပ် စတေးရခြင်းဖြစ်တယ်” ကိုယ့်ရည်းစားက တစ်ရက်လောက် စာမပို့ဘဲ ဖုန်းမဆက်ဘဲနေရင်တောင် စိတ်ကောက်နေတတ်ကြတဲ့ မမတွေနဲ့ ဆန့်ကျင်ဖက်ပါပဲ ဒီဇာတ်ကားထဲက အဓိကဇာတ်ဆောင် ကတ်သလင်းကတော့ တစ်ယောက်သောသူကို တစ်ဖက်သတ် တစ်ဘဝလုံးစာ ပေးဆပ်ပြီး ဥပေက္ခာပါရမီဖြည့်ရင်း ချစ်နေချင်ပါတယ်တဲ့။ သူချစ်မိတဲ့သူကတော့ ဘုရားသခင်ပါပဲ။ သူ့ရဲ့ ငယ်ရွယ်မှုအပါအဝင် တစ်ဘဝလုံးစာ စတေးပြီး ဘုရားသခင်ကို ချစ်ခွင့်ရဖို့ ဆယ်ကျော်သက်အရွယ်မှာပဲ သူ့ဆုံးဖြတ်ချက်နဲ့သူ သီလရှင်ဝတ်ဖို့ ပထမအကြိမ် သစ္စာပြုပြီး ဒုလ္လဘဝတ်လိုက်ပါတယ်။ (တစ်သက်လုံးစာ မဝတ်ခင်ဝတ်တဲ့ ယာယီသီလရှင်သဘောမျိုးပါပဲ။ မြန်မာမှာ အနီးစပ်ဆုံး စကားလုံးယူသုံးထားတာပါ။ နားလည်မှုအလွဲအမှားဖြစ်သွားရင် တောင်းပန်ပါတယ်) ကတ်သလင်းက ဘာသာရေးနဲ့ မနီးစပ်တဲ့အသိုင်းအဝိုင်းကနေ ဘုရားသခင်ကို ချစ်တဲ့စိတ်တစ်ခုတည်းနဲ့ သီလရှင်ကျောင်းကို ရောက်လာတာပါ။ သီလရှင်ကျောင်းကို ရောက်တဲ့အချိန် တင်းကြပ်လွန်းတဲ့ ပညတ်တွေနဲ့ သူ့ရဲ့စတေးမှုက ထိုက်တန်ရဲ့လားဆိုတဲ့ သံသယတွေက တိုက်စားတာကို သူဘယ်လိုရင်ဆိုင်လဲဆိုတာကို ပြပေးထားပါတယ်။ ခေတ်ကတော့ ၁၉၆၀ များက ဗာတီကန် ၂ ကိုစမိတ်ဆက်ပြီး ရိုးရာဘာသာရေးကနေ ခေတ်သစ်ဘာသာရေးကို ပြုပြင်ပြောင်းလဲနေစဉ် ကာလမှာဖြစ်ပါတယ်။ လူတစ်စုရဲ့ ဆုံးဖြတ်ချက်ကြောင့် တချို့သူတွေ အခွင့်အရေးသစ်တွေရလာပြီး တချို့သူတွေရဲ့ တစ်ဘဝလုံးစာ အချည်းနှီးဖြစ်ရတာကို ခပ်ပါးပါးလေးပြပေးသွားပါတယ်။ ခင်ဗျားတို့ဆိုရင်ရော ရယူခြင်းလုံးဝမရှိဘဲ တစ်သက်လုံးစာစတေးပြီး ချစ်နိုင်ကြမလား… (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.2GB, 665MB Quality – BluRay HEVC 1080p, 720p IMDb Rating – 6.7/10 Format – mp4 Duration – 2H 3Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

6.7 2017 123 mins
Novitiate
Gemini
6.2

Gemini (2002)”ဂျီမီနီ” ================= ၂၀၀၂ ခုနှစ်ကထွက်ရှိခဲ့တဲ့ Gemini ဆိုတဲ့ ဒီရုပ်ရှင်လေးဟာဆိုရင် မေလ ၂၁ ရက်နေ့နဲ့ နဲ့ ဇွန်လ ၂၁ ရက်နေ့ကြားမှာမွေးတဲ့ မေထုန်ရာသီဖွားတွေအကြောင်းကို ဇာတ်လမ်းဆင်ရိုက်ကူးထားတာ မဟုတ်ဘဲ ဂျီမီနီဆိုတဲ့နာမည်နဲ့လူဆိုးတစ်ယောက်အကြောင်းကို ရိုက်ကူးပုံဖော်ထားတာပဲဖြစ်ပါတယ်။ ဂျီမီနီဆိုတာကတော့ တမီလ်နာဒူးပြည်နယ်ထဲမှာရှိတဲ့ မြို့ငယ်လေးတစ်မြို့က လူမိုက်တစ်ယောက်ပါ။ သူဟာ အစတုန်းက မြို့ခံဂိုဏ်းစတားကြီးတွေဆီမှာ အလုပ်လုပ်ခဲ့ပေမဲ့ သူအလုပ်လုပ်ပေးတဲ့ ဂိုဏ်းစတားတိုင်း အဖမ်းခံရ အရှော့ခံရဖြစ်ကုန်တဲ့အတွက် သူယုံကြည်ရတဲ့သူတွေကို စုပြီး ကိုယ်တိုင် ဂိုဏ်းစတားလုပ်ဖို့ ကြံစည်ပါတော့တယ်။ သူဟာ ဂိုဏ်းစတားတစ်ယောက်အနေနဲ့ အထိုက်အလျောက်အောင်မြင်ခဲ့ပေမဲ့ သူဌေးတစ်ယောက်ရဲ့ သမီးအလှလေးကို မေတ္တာသက်ဝင် ချစ်ခင်စုံမက်မိသွားချိန်မှာတော့ ဂိုဏ်းစတားပေါက်စ ဂျီမီနီရဲ့ဘဝလမ်းကြောင်းတွေ ပြောင်းလဲခဲ့ရပုံကို ဒီ တမီလ်စကားပြော အက်ရှင်ဒရာမာရုပ်ရှင်လေးထဲမှာ မြင်တွေ့ကြရမှာပဲဖြစ်ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)

Comedy • Horror • Action • Crime
6.2 2002 160 mins
Gemini
Away We Go
7

Away We Go (2009) IMDb – 7.0 ဇာတ်လမ်းအညွှန်း ~~~~~~~~~~~ အိမ်ထောင်တစ်ခု‌ထူထောင်ကြတော့မယ်ဆိုရင် ဘာကအရေးအကြီးဆုံးဖြစ်မယ်လို့ထင်ကြလဲ။ မင်္ဂလာ အကြီးအကျယ်ဆောင်တာလား၊ လက်ထပ်ခွင့်သေချာအတောင်းခံရတာလား။ ဘာဖြစ်မယ်ထင်လဲ။ ဒီဇာတ်ကားလေးထဲမှာတော့ အိမ်ထောင်ရေး၊ မိသားစုနဲ့ ဆိုင်တဲ့ သဘောတရားတွေကို နားလည်လွယ်အောင် ထည့်သွင်းရိုက်ကူးထားပါတယ်။ ဇာတ်လမ်းထဲမှာတော့ မင်္ဂလာမဆောင်ရသေးတဲ့အတွဲတစ်တွဲရဲ့ဖြတ်သန်းပုံကိုအဓိကပုံဖော်ထားပါတယ်။ ဘာ့တ်နဲ့ ဗီရိုနာတို့ဟာ လက်မထပ်ရသေးပေမယ့် ရုတ်တရက် ဗီရိုနာ့မှာ ကိုယ်၀န်ရှိလာတဲ့အခါမှာ ဘ၀နေရေးထိုင်ရေးအတွက် ဘယ်လိုတွေရုန်းကန်ကြမလဲဆိုတာကြည့်ရှုရမှာပါ။ Quite Place(2018) ထဲက မင်းသား John Krasinki နဲ့ Animaton ဇာတ်ကားတော်တော်များများရဲ့ အသံသရုပ်‌ဆောင် Maya Rudolph က အဓိကပါ၀င်သရုပ်‌ဆောင်ထားပါတယ်။ File Size – 1GB/ 458 MB Quality – BluRay 1080p/ 720p Duration – 1:38:37 Format – mp4 Genre – Comedy, Drama, Romance Subtitle – Myanmar Subtitle (Hard Sub) Translated by – Ivy Noe Encoded by – Treasure Htet

7 2009 98 mins
Away We Go
Bogieville
4

Bogieville (2024) ဟန်နဲ့ဂျိုဒီဆိုတဲ့ အတွဲတစ်တွဲက ‌ခြေဦးတည့်ရာ ထွက်လာကြရင်းနဲ့ လမ်းမှာ တစ်ခုခုကို တိုက်မိသွားတာကြောင့် လူတိုက်မိတယ်ထင်ပြီး လိုက်ရှာကြရင်း နောက်တွဲယာဉ်တွေစုပြီးနေကြတဲ့ လူသူမရှိခြောက်ကပ်နေတဲ့နေရာကို ရောက်သွားကြတယ်။ စွန့်ပစ်ထားတဲ့ ကားအိမ်တွေနဲ့ အသက်ကင်းမဲ့နေတဲ့နေရာမှာ သူတို့လျှောက်သွားကြရင်း ခရော့ဖော့ဒ်ဆိုတဲ့ အဘိုးကြီးတစ်ယောက်နဲ့တွေ့ခဲ့ပြီး သူက ဟန်တို့ကို ဒီနေရာကိုထိန်းသိမ်းပေးဖို့ အလုပ်ကမ်းလှမ်းခဲ့ပါတယ်။ ခြေဦးတည့်ရာသွားနေကြတဲ့ ဟန်တို့ကလည်း ခရီးပန်းလာတာရော ပင်ပန်းနေတာရောနဲ့ လက်ခံလိုက်ကြပါတယ်။ အဘိုးကြီးက သူတို့ကိုနေဖို့လိုက်ပြဖို့ ဒီနေရာမှာ ညတွေအပြင်မထွက်ဖို့နဲ့ အပြင်က လူတွေလာရင် မဖွင့်ပေးဖို့ စည်းကမ်းတွေပြောတော့ သံသယဖြစ်လာတဲ့ဟန်က မေးခွန်းတွေမေးတော့ ဒီနေရာကို သူ့ယောက်ဖမက်ဒီဆန်က ပိုင်တာလို့ အဘိုးကြီးက ပြောပြခဲ့ပါတယ်။ ဟန်က သိချင်ဇောနဲ့ ဆက်မေးခွန်းထုတ်တော့ ဒီနေရာမှာက နေရောင်ကိုကြောက်ပြီး လူသွေးစုပ်ပြီးဆက်ရှင်သန်နေရကာ အမှောင်တွေထဲမှာ ပုန်းကွယ်နေကြတဲ့ အကောင်တွေ နေထိုင်ကြတဲ့ အကြောင်း ပြောပြခဲ့ပါတယ်။ ဖြစ်ချင်တော့ ဒီနေရာရဲ့ ပိုင်ရှင်မက်ဒီဆန်ကပါ အဲဒီအကောင်မျိုးဖြစ်နေခဲ့ပြီး ဟန်တို့ကို သွားခွင့်မပေးတော့တဲ့အခါ အဲဒီနေရာကနေ ဟန်တို့ ဘယ်လိုထွက်ပြေးကြမလဲဆိုတာကိုတော့ ကိုယ်တိုင်ကြည့်လိုက်ကြပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Serenity ဖြစ်ပါတယ်။) File size… (1.4 GB) / (790 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Horror Duration…. 01:49:51 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Serenity

Family • Adventure • Comedy
4 2024 108 mins
Bogieville