YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

The Best Hit (2017) E07 WEB-DL 1080p [CM].mp4

936.94 MB 1080p video/mp4 31 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
A Nashville Legacy
7

A Nashville Legacy(2023) ************************ Rating 88%ရရှိထားပြီး ဖြစ်ရပ်မှန်ကိုအခြေခံထားတဲ့ ဂီတကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ Nashvilleလို့ဆိုလိုက်တာနဲ့ ဂီတသက်ဝင်စည်ကားရာ မြို့တစ်မြို့ဆိုတာ အားလုံးသိကြမှာပါ။ ဒီဇာတ်ကားဟာလည်း Nashvilleမြို့ အာဖရိကန်အမေရိကန်ဂီတပြတိုက်မှာ အခြေပြုရိုက်ကူးထားပါတယ်။ ဂီတဇာတ်ကားဖြစ်တဲ့အတွက် သီချင်းပေါင်းစုံမြူးမြူးကြွကြွပါဝင်ပါတယ်။ ဇာတ်ကြောင်းအနေနဲ့ကတော့ Naimaဟာ ပါရဂူဘွဲ့ယူဖို့ Nashvilleမြို့ရှိ အာဖရိကန်အမေရိကန်ဂီတပြတိုက်မှာ အလုပ်သင်လာဆင်းပါတယ်။ ပြတိုက်မှာစေတနာ့ဝန်ထမ်းလုပ်နေတဲ့ Damianနဲ့တွေ့ပြီးနောက်မှ ာ ဆုံးပါးသွားတဲ့အဘွားဖြစ်သူရဲ့ လူသိမခံခဲ့တဲ့အတိတ်ကို အစဖော်မိပါတော့တယ်။ အဘွားဖြစ်သူပါဝင်ခဲ့တဲ့ မိန်းကလေးဂီတအဖွဲ့အကြောင်းဖော်ထုတ်ပြီး ပါရဂူဘွဲ့စာတမ်းပြုစုဖို့ကြိုးစားရာကနေ တစ်နွယ်ငင် တစ်စင်ပါကာ တည်ငြိမ်နေတဲ့ရေပြင်ကို ခဲလုံးလေးနဲ့ပေါက်ရုံမက မုန်တိုင်းပါဝင်မယ့်အဖြစ်တွေရှိနေသောအခါ..... File Size :(1.5GB)& (776MB) Quality :WEB-DL1080P,720p Format…mp4 Duration…01:42:00 Genre : Drama , Comedy , Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Jane Encoded by Phyo Pyae

Drama
7 2023 84 mins
A Nashville Legacy
Under His Influence
4.5

လူမှုကွန်ရက်ဆိုတာ မသမာသူတွေအတွက်သားကောင်ရှာတဲ့နေရာတစ်ခုဖြစ်ပါတယ်။ မိန်းခလေးတွေအနေနဲ့ လူမှုကွန်ရက်ကို အရမ်းမယုံကြည့်ဖို့ ပညာသားပါပါနဲ့ရိုက်ပြထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ပေးလိုက်ရတဲ့အချိန်နဲ့ တန်အောင် မက်ဆေ့တွေအများကြီးပေးထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ဒိုင်းမွန်းကော်လဝေးဆိုတဲ့ IG မော်ဒယ် တစ်ယောက်ဟာ နေ့စဉ်နဲ့အမျှ မိဘရဲ့ချမ်းသာကြွယ်ဝမှုတွေနဲ့ ပျော်ပါးနေခဲ့ပါတော့တယ်။ တစ်ရက်ကျ သူ့ IG မှာ စာတွေပို့ထားတာကို ဖတ်ကြည့်လိုက်ရင်း စဒစ်ခ် ဟဲရစ်စ် ဆိုတဲ့ ထောင်ထဲကကောင်လေးနဲ့ စ‌ကားတွေပြောဖြစ်ကြပါတော့တယ်။ စဒစ်ခ်က သူထောင်ကျနေတာဟာ မှာယွင်းစွပ်စွဲခံရလို့ဆိုပြီး ဒိုင်းမွန်းကို သူ့ကိုထောင်ကနေလွတ်အောင် အကူ အညီ တောင်းပါတော့တယ်။ ဒီတော့ အယုံလွယ်တဲ့ ဒိုင်းမွန်းဟာ စဒစ်ခ်ကို ကူညီရင်းနဲ့ ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ဇာတ်ကားလေးထဲမှာပဲ ဆက်လက်ကြည့်ရှု့လိုက်ကြပါခင်ဗျာ...... File Size :(2.1GB) and (740MB) Quality :AMZN Web-Dl 1080P,720p Format…mp4 Duration…01:28:00 Genre : Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Proxy Encoded by Phyo Pyae

Horror • Thriller
4.5 2023 88 mins
Under His Influence
M. Butterfly
6.6

ဒီကားကို ရိုက်တဲ့ဘဲက ဒေးဗစ်ခရိုနင်ဘတ်။ သူ့တော့ သိကြတယ်ဟုတ်။ Crimes of the Future တို့၊ The Fly တို့၊ Crash တို့လို Body Horror တွေအရိုက်များခဲ့တဲ့သူပါပဲ။ Body Horror မာစတာတစ်ပါးအဖြစ်လူသိများတဲ့ ခရိုနင်ဘတ်ဟာ ဒီတစ်ခါတော့ ထူးထူးခြားခြား ဘာညာဘာညာကြတာတောင် ဘော်ဒီမပြတဲ့ ကားကို ရိုက်ချလိုက်တယ်။ မင်းသားက Jeremy Irons ပါ။ ပေါ်ပြူလာအရမ်းဖြစ်တဲ့ထဲ မပါပေမဲ့လည်း သရုပ်ဆောင် တော်တော်ကောင်းတဲ့ ဘိုးတော်ကြီးပေါ့။ မင်းသမီးကတော့ အဲလေ နောက်မင်းသားကတော့ ဂျွန်လုံးပါ။ သူကတော့ ပုရီကားမှာ တော်တော်များများသိကြမှာပါ။ Rush Hour 2 ကတော့ သူ့ကို လူသိအများကြဆုံးကားဖြစ်ပါလိမ့်မယ်။ ဇာတ်လမ်းကတော့ ပြင်သစ်သံရုံးက စာရင်းကိုင်တစ်ယောက်ဟာ တစ်နေ့ အော်ပရာသွားကြည့်ရင်း ပီကင်းအော်ပရာသမလေးတစ်ယောက်နဲ့တွေ့တယ်။ ဘာမှတော့မသိပေမဲ့ အနုပညာကိုခံစားတတ်သလို ဘာလိုလိုနဲ့ ရောဖောရင်း စကားသွားပြောရာက ငြိတိတိဖြစ်မလိုလို ဖြစ်သွားတာပေါ့။ အဲဒီနောက် တော်တော်ကြာသွားတယ်။ မတွေ့ဖြစ်ကြဘူး။ နောက် သူလက်ထောက်ကောင်စစ်ဝန်ရာထူးတိုးသွားတဲ့အခါမှာ အဲဒီအော်ပရာသမလေးဆီသွားပြီး ချစ်ရေးဆိုရာကနေ ပြင်သစ် တရုတ်အချစ်ဇာတ်လမ်းလေးတစ်ခု ဖြစ်ထွန်းလာတယ်ပေါ့။ စပွိုင်လာလို့ပြောလို့ရပေမဲ့ ဇာတ်ကိုက ဖြစ်ရပ်မှန်ကို ရိုက်ထားတာဆိုတော့ ကျန်တဲ့ပြောမှာတွေက စပွိုင်လာဖြစ်နိုင်တာမို့ မသိသေးရင် ဒီမှာပဲ ရပ်လိုက်ပါ။ မပြောလို့လည်း မဖြစ်တာမို့ ပြောရပါဦးမယ်။ ဒီလိုနဲ့ သူတို့တွေ ချစ်ခင်စုံမက်ပေါင်းဖက်လာလိုက်တာ သားလေးမွေးကြတဲ့အထိပေါ့။ ------------- ပြဿနာက တော်တော်ကြာပြီးမှ တရားရုံးက ခေါ်လို့သွားရာက အမှုအစစ်ဆေးခံရင်းသိလိုက်ရတာက သူမယားအဖြစ်ပေါင်းသင်းခဲ့တဲ့ အော်ပရာအဆိုတော်မက အမမဟုတ်ဘဲ အထီးကြီးဖြစ်နေရှာတာ။ အဲဒီမှာ တစ်လောကလုံးစာ အရှက်တွေကွဲပါလေရော။ ဟိုကလည်း ပိရိသကိုး။ ပီကင်းအော်ပရာသမားတွေက အစကတည်းကိုက အမျိုးသမီးဇာတ်ကောင်နေရာလည်း အမျိုးသားပဲ သရုပ်ဆောင်ကြတော့ အမျိုးသမီးနေရာက သရုပ်ဆောင်သွားတာလည်း သိပ်ကောင်းနေသကိုး။ ဂျင်းအကြီးကြီးမိသွားရှာတာပေါ့။ သို့ပေမဲ့ လိင်ပါဆက်ဆံတာတောင် မသိဘူးလားဆိုတဲ့အမေးတော့ရှိမယ်။ ဒါကတော့ ကားမှာလည်း တစ်ချို့တစ်ဝက်မြင်သာသလို တကယ့်အမှုကိုစစ်ခဲ့တုန်းက ဆေးပညာရှင်ရဲ့ အတည်ပြုချက်အရတော့ သူက ခုခေတ်လည်းသုံးကြတဲ့ Tucking လို့ခေါ်တဲ့ လိင်တံကို မပေါ်အောင် နောက်ပစ်ထားတဲ့နည်းဆိုလား သုံးခဲ့သတဲ့။ နောက် သူက ထူးထူးခြားခြားပဲ သူ့ဝှေးကိုလည်း သူလိုချင်သလိုပုံစံဖြစ်ရအောင် ကြွလို့ရှုံ့လို့ရတဲ့ စွမ်းရည်လည်းရှိသတဲ့။ ဒီတော့ ဗဂျိုင်နာလို ထင်ယောင်ထင်မှားဖြစ်အောင် လုပ်နိုင်ခဲ့သတဲ့။ ဇာတ်ကတော့ တိုနီဆုပါရခဲ့တဲ့ ဘ‌ရော့ဒ်ဝေးပြဇာတ်တစ်ခုကို အခြေတည်ပြီး ရိုက်ကူးထားတာပါ။ အဲဒီပြဇာတ်ကလည်း ပြင်သစ်သံအမတ်နဲ့ Shi Pei Pu လို့ခေါ်တဲ့ တရုတ်အော်ပရာအဆိုတော်ရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကကို အခြေတည်ထားတာပါ။ ဒီအဖြစ်အတွက် နှစ်ယောက်စလုံး ထောင်ကျပြီး လွတ်လာခဲ့ပါတယ်။ အပြင်မှာတော့ Shi ဟာ မသေခင်မှာ ပြင်သစ်သံအမတ်ကို ကျွန်တော်ကတော့ အစ်ကို့ကို ချစ်တုန်းပဲလို့ ပြောခဲ့သလို ၂၀၀၉အထိအသက်ရှည်ရှည်နေခဲ့ရပြီး ၇၀နဲ့ဆုံးသွားခဲ့ပါတယ်။ ဖြစ်ရပ်မှန်ဆိုပေမဲ့လည်း ဒီဇာတ်လမ်းဟာ သိပ်မယုံနိုင်စရာကောင်းလွန်းနေသလို မူရင်းပြဇာတ်ကို ရေးတဲ့စာရေးဆရာကလည်း " ဒီပြဇာတ်မှာ Gay နဲ့ Straight ကြားက မျဉ်းလေးဟာ အင်မတန်ဝေဝါးပါတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ အဲဒီလူဟာ သူယောက်ျားတစ်ယောက်နဲ့ သံဝါသပြုနေခဲ့တယ်ဆိုတဲ့အချက်ကို သိခဲ့မယ်လို့ထင်ပါတယ်။ ဒါကြောင့်မို့ ပမာဏတစ်ခုအထိတော့ သူ့စိတ်က Gay ဖြစ်နေပုံပါပဲ " တဲ့။ ပြဇာတ်ရေးဆရာရဲ့ ဒီစကားကတော့ ပိုပြီးနှိုင်းဆကြည့်ရလွယ်ပါလိမ့်မယ်။ ပီကင်းအော်ပရာသမားတွေ ဈာန်အဝင်လွန်ပြီး ဒီမျဉ်းအရမ်းပါးလျသွားတာလည်း ဒါဦးဆုံးမဟုတ်ဘူးမို့လား။ Farewell My Concubine မှာလည်း ကျွန်တော်တို့တွေ့ခဲ့ရပြီးပြီပဲလေ... (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.6GB, 660MB Quality - 1080p, 720p IMDb Rating - 6.7/10 Format - mp4 Duration - 1H 41Min Genre - Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by W Encoded by Y

6.6 1993 101 mins
M. Butterfly
Night Blooms
5

ရုပ်ရှင်ဆိုတာ မက်ဆေ့တစ်ခုခုပေးနိုင်ရပါတယ်။ ဘာမက်ဆေ့မှ မပေးတဲ့ ခံစားရုံသက်သက်လို့ ဂျင်းထည့်ကြတာတွေက ဇာတ်ညွှန်းမရှိ ဘတ်ဂျက်မနိုင်လို့ အဆင်ပြေသလိုရိုက်ပြီး အဓိပ္ပာယ်မရှိမှ လျှောက်အာရွှီးတာတွေပါပဲ။ အကောင်းဆုံးရုပ်ရှင်တွေကိုကြည့်ပါ။ IMDb ထိပ်ဆုံးကို ထိုက်ထိုက်တန်တန်ရရှိထားတဲ့ သူ့ထက်ကောင်းတဲ့ကား ဘာမှမရှိတဲ့ Shawshank Redemption ကနေဆို မျှော်လင့်ချက်ထားသင့်ကြောင်း မက်ဆေ့အကြီးကြီးရသလို Star Wars တို့မှာဆိုလည်း ယူတတ်ရင် မက်ဆေ့တွေချည်းပါပဲ။ ကျွန်တော်အသည်းစွဲ တစ်နေ့၂ကားအထိ ကြည့်နေကျ ဘောလိဝုဒ်နဲ့ တမီးလ်ကားတွေမှာလည်း မက်ဆေ့မပါတဲ့ ကားလုံးဝမရှိသလို ဒိုင်ယာလော့တွေနဲ့ ထိထိမိမိကို မက်ဆေ့ပေးနိုင်တဲ့ ရုပ်ရှင်တွေပါပဲ။ ကြည့်ဖူးတဲ့သူတွေ သိကြမှာပါ။ အခုရုပ်ရှင်ကလည်း မက်ဆေ့ကို ထိထိရောက်ရောက်ပေးနိုင်တဲ့ Coming Of Age ရုပ်ရှင်တစ်ကားပါပဲ။ သိပ်ချစ်ကြတဲ့ သူငယ်ချင်းမလေးနှစ်ယောက်ရှိတယ်။ သူတို့အတူတူ တီးဝိုင်းထောင်ထားပြီး တစ်ယောက်အိမ် တစ်ယောက် ဝင်နေထွက်နေကျဆိုတော့ သိပ်ခင်ကြတာပေါ့။ တစ်နေ့ကျတော့ တစ်ယောက်က တစ်ယောက်ရဲ့ အဖေကို ကြိုက်မိသွားပြီး တစ်ယောက်ရဲ့ အဖေနဲ့ အိပ်ရဖို့ ကြံတယ်။ နောက်ဆုံး ပါသွားတာပေါ့။ အဲဒီနောက်ဆက်တွဲတွေအကြောင်းပါပဲ။ ပညာပေးကားလား ဘာလားတော့ မသိပေမဲ့ လိင်ဆက်ဆံခန်းတွေ ၃ခန်းလောက်ပါတာမို့ မိသားစုနဲ့တော့ ကြည့်ဖို့မသင့်ပါဘူး။ Jessica Clement ဆိုတဲ့ မင်းသမီးချောလေးက သရုပ်ဆောင်ထားပါတယ်။ လောကကြီးမှာ မဖြစ်သင့်တာတွေကို လုပ်မိတဲ့အခါ ဘာတွေဖြစ်တတ်လဲ အားလုံးပညာယူနိုင်ရန်အလို့ငှာ မက်ဆေ့အကြီးကြီးပေးသွားတဲ့ ရုပ်ရှင်လေးကို တင်ဆက်လိုက်ပါတယ်။ ရုပ်ရှင်ဆိုတာ မက်ဆေ့ယူဖို့ပဲမဟုတ်လား။ ဇာတ်ကားကောင်းကောင်းလေးလားဆိုတာတော့ အာမ,မခံပေမဲ့ မက်ဆေ့‌ကောင်းကောင်းလေးတော့ရဖို့ ကြည့်လိုက်ကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို "___"မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.2GB, 555MB Quality - 1080p, 720p IMDb Rating - 5.4/10 Format - mp4 Duration - 1H 38Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by "___" Encoded by Y

Comedy • Horror • Music
5 2022 98 mins
Night Blooms
Meeting Evil
5.2

မင်းသား Luke Wilson နဲ့ ကျွန်တော်တို့ မာသာဖပ်ကာကြီး Samuel L Jackson ဦးဆောင်ထားတဲ့ ထိတ်လန့်သည်းဖိုဖွယ် ဇာတ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အိမ်ထောင်သည် ကလေးနှစ်ယောက်ရှိ အိမ်ခြံမြေပွဲစား ဂျွန်တစ်ယောက် အိမ်တွေလည်းမရောင်းရ ပိုက်ဆံတွေလည်းအကုန်ဆုံး အလုပ်ထုတ်ခံလာရပြီး သူ့မွေးနေ့ကို စိတ်ပျက်လက်ပျက် ပြန်လာပါတယ်၊ မိန်းမဖြစ်သူနဲ့လည်း စကားများပေါ့။ ပြီးတော့ မိန်းမက ကလေးတွေခေါ်ထွက်သွားတဲ့အချိန် တံခါးခေါက်လို့ ဖွင့်ပေးလိုက်တော့ ရစ်ချီဆိုတဲ့လူတစ်ယောက်က သူ့ကားပျက်နေလို့ဆိုပြီး ခဏလောက် တွန်းပေးဖို့ ကူညီခိုင်းပါတယ်။ အဲဒါနဲ့ ဂျွန်တစ်ယောက် ကူညီပေးတဲ့အချိန် အိပ်ဇောပေါက်ပြီး ခြေထောက်ထိသွားပါတော့တယ်။ ဒီတော့ ရစ်ချီကလည်း သူ့ကြောင့် ဖြစ်သွားရတဲ့အတွက် စိတ်မကောင်းပါဘူး ဆေးရုံလိုက်ပို့ပေးမယ်ဆိုပြီး ဂျွန်ငြင်းနေတဲ့ကြားက မရရအောင် ကားပေါ်တင်ပြီး ဆေးရုံလိုက်ပို့မယ်လုပ်ပါတယ်။ အဲဒီမှာပဲ ဂျွန့်ရဲ့ကံကြမ္မာဟာ အစကတည်းက ဆိုးနေရတဲ့ထဲ မြေနိမ့်သူကို လှံစိုက်သလို ဖြစ်လာရတော့တယ်။ ဂျွန်တစ်ယောက် ရစ်ချီဆိုတဲ့လူနဲ့ သွားလာရင်း ဘာထူးဆန်းတာတွေ ကြုံရမလဲ၊ ဘာလို့ သူ့ဆီကို ဒီရစ်ချီဆိုတာ ရောက်လာရတာလဲ၊ သူ့ဆီက ဘာလိုချင်နေတာလဲ စသဖြင့် လှည့်ကွက်တွေနဲ့ လူသတ်မှုတွေပါ ပါဝင်လာတဲ့အခါမှာတော့ ဂျွန်တစ်ယောက် သူ့မိသားစုကို ဘယ်လိုကယ်တင်မလဲဆိုပြီး စိတ်လှုပ်ရှားရတဲ့ ဇာတ်ကားတစ်ကားပါ။ ဇာတ်လမ်းရဲ့ရှေ့ဆုံးခန်းလေးကိုလည်း သေချာအာရုံစိုက်ပေးဖို့ အကြံပေးချင်တယ် မဟုတ်ရင် ခင်ဗျားတို့ သေချာပေါက် ပြန်ကြည့်ရလိမ့်မယ်...။ မာသာဖပ်ကာကြီးကတော့ သူ့အကျင့်အတိုင်း ဒီကားထဲမှာလည်း ၂ ခါတိတိ မာသာဖပ်ကာလို့ ဆဲသွားပါသေးတယ်ဗျ။ File size…1.78GB / 801.7MB Quality…Blu-Ray 1080p / 720P Format…mp4 Duration….1h 29m Genre ..... Crime , Drama , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Aung

Action • Adventure • Fantasy
5.2 2012 89 mins
Meeting Evil
Born on the Fourth of July
7

Born on the Fourth of July(1989) ******************************* ဒီရုပ်ရှင်ဟာ အမေရိကန်ရဲ့လွတ်လပ်ရေးနေ့ဖြစ်တဲ့၊ ဂျူလိုင် ၄ရက်နေ့မှာမွေးဖွားခဲ့တဲ့ စစ်ဆန့်ကျင်ရေးလှုပ်ရှားသူ အမေရိကန်-ဗီယက်နမ် စစ်ပြန်ကြီး Ron Kovicအကြောင်းဇာတ်အိမ်တည်ရိုက်ကူးထားတဲ့ စစ်ဆန့်ကျင်ရေး အတ္ထုပတ္တိကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ Ronရဲ့ငယ်စဥ်ကလေးဘဝဟာ ထိုခေတ်ထိုကာလကထုံးစံအတိုင်း စစ်ပွဲအောင်နိုင်မှုတွေအကြောင်း၊ တိုင်းပြည်တာဝန်ထမ်းပြီး စစ်တိုက်ရတာမှဂုဏ်ရှိတယ်၊ ကွန်မြူနစ်ဝါဒကို တိုက်ဖျက်ရမယ်ဆိုတဲ့ ပတ်ဝန်းကျင်မှာကြီးပြင်းခဲ့ရပါတယ်။ ဒါ့ကြောင့်လည်း အမေရိကန်-ဗီယက်နမ်စစ်ပွဲဖြစ်တော့ သူကိုယ်တိုင်ရော သူငယ်ချင်းတွေပါစိတ်လိုလက်ရ မရိန်းတပ်ထဲဝင်ပြီး တိုက်ပွဲဝင်ပါတော့တယ်။ ဒီစစ်ပွဲအတွင်းမှာပဲ စစ်ပွဲရဲ့ခါးသီးမှုတွေကြုံခဲ့ရပြီး စိတ်ဝေဒနာလည်းရ အကြောပါသေ၊ မြုံတဲ့ဘဝ ဒုက္ခိတဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း အဲ့အချိန်ထိ သူ့ရဲ့ စစ်ပွဲအပေါ်အယူအဆတွေက ပြောင်းလဲမသွားသေးပါဘူး။ စစ်ဆေးရုံကဆင်း မွေးရပ်ကိုပြန်ရောက်တော့မှ အဲ့ကာလမှာ စစ်ဆန့်ကျင်ရေးလှုပ်ရှားသူတွေ၊ နိုင်ငံရဲ့လက်ရှိအခြေအနေတွေကိုမြင်ရကြားရပြီး မျက်စိပွင့်နားပွင့်ဖြစ်လာကာ၊ ကိုယ်ကိုယ်တိုင်ကလည်း စစ်ပွဲနဲ့ပတ်သက်ပြီး စိတ်မလုံခဲ့သူမို့... Ron Kovidတစ်ယောက် စစ်တိုက်ရတာဂုဏ်ယူတဲ့လူငယ်လေးဘဝကနေ စစ်ဆန့်ကျင်ရေးသမားကြီးဘဝကို ဘယ်လိုကံကြမ္မာတွေ၊ အဖြစ်အပျက်တွေကြောင့် ရောက်လာလဲဆိုတာ ရိုက်ကူးပြသထားတဲ့ anti-war movieလေးပါပဲ။ File Size :(3.3GB)(1.3GB) and (714MB) Quality : BLU-RAY 1080P5.1Ch,720p Format…mp4 Duration…02:25:00 Genre : War, Biography , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae

Documentary
7 1989 145 mins
Born on the Fourth of July
Overboard
6.6

ဒီရုပ်ရှင်ကားဟာ ၁၉၈၇ ခုနှစ်က ထွက်ရှိခဲ့တဲ့ Overboard ဆိုတဲ့ ရုပ်ရှင်ကားကို ပြန်လည် ဆန်းသစ်ပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ် ဇတ်လမ်းပုံစံလေးက Drama , Comedy အမျိုးအစားလေးပါ ကျနော်တို့ သိတဲ့ စင်ဒရဲလား ပုံပြင်လေးလိုပါပဲ အတိဆင်းရဲ ဒုက္ခရောက်နေတဲ့ မင်းသမီးလေးဆီကို ရွှေမင်းသားလေးက ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာသလိုပေါ့ ယုံတမ်းပုံပြင်တွေက တကယ်တမ်း ဖြစ်လာနိုင်ပါတယ် အဲ့ဒီလိုပဲ မြို့လေးတစ်မြို့မှာ သူနာပြုတစ်ယောက်ဖြစ်ဖို့ စာတွေ ကျတ်ရင်း တစ်ဖက်မှာလဲ အဖေ မရှိတော့တဲ့ သမီးလေး ၃ ယောက် ရဲ့ တာဝန်တွေ ထမ်းဆောင်ရင်း Single Mother လုပ်နေတဲ့ ကိတ် ဆိုတဲ့ ကောင်မလေးရှိတယ် တစ်ခြားတစ်ဖက်မှာလဲ အန်တိုနီယို လုပ်ငန်းစုကြီးရဲ့ အမွေပိုင် လီယို ဆိုတဲ့ သူဌေးသားလေး လူရှုပ်လူပွေ လေး တစ်ယောက်လဲ ရှိပြန်တယ် လီယို က အဖေဖြစ်သူရဲ့ လုပ်ငန်းကို ဦးစီးဖို့ ရှောင်ပြေးနေပြီး အချိန်ရှိတိုင်း အပျော်စီး သင်္ဘောကြီး တစ်ခုဝယ်ကာ ကောင်မလေး အလန်းလေးတွေ တင်ရင်း သောက်လိုက် စားလိုက် ပျော်ပါးလိုက် နဲ့ အချိန်ကုန်နေတဲ့ သူတစ်ဦးပေါ့ တစ်ရက်မှာတော့ သူဌေးလေး လီယိုနာဒို ရဲ့ သင်္ဘောကြီးဟာ ကိတ်တို့ မြို့လေးရဲ့ ကမ်းစပ်မှာ ခဏတဖြုတ် ကမ်းကပ်လာပါတယ် အဲ့ဒီလိုနဲ့ သင်္ဘောပေါ် အချိန်ပိုင်း သန့်ရှင်းရေး အဖြစ် ကိတ် ကို အလုပ်ကနေ စေလွှတ်လိုက်ပါတယ် အဲ့ဒီမှာ စတွေ့တာပဲ လူဘော့ကျော့ သူဌေးလေး လီယိုက ပိုက်ဆံရှိရင် ဘာမဆိုဖြစ်တယ် ဆိုပြီး လူတိုင်းကို အနိုင်ကျင့်တက်သူ ကိတ်ကလဲ ပိုက်ဆံမရှိပေမယ့် ဘုကန့်လန့် သမား အဲ့ဒီ ၂ ယောက် တွေ့ပြီး ဘယ်လိုတွေ ရယ်ရမယ် ဘယ်လို တွေ မထင်မှတ်ထားတာတွေ ဖြစ်လာမယ်ဆိုတာကိုတော့ CM Fan တွေ ဆက်လက်ကြည့်ရှုလိုက်ပါအုံး ခင်ဗျ.... ဒီရုပ်ရှင်ကားကိုဘာသာပြန်ပေးထားသူကတော့ Cm Translator ဖြစ်သူ D3mon ဖြစ်ပြီး Thit San Khant မှ Encode ၍ တင်ဆက်ပေးထားပါတယ်

Comedy • Music • Romance
6.6 2018 112 mins
Overboard
Don’t Make Me Go
6.5

Don’t Make Me Go (2022) ဘဝမှာအလိုအပ်ဆုံးအရာကဘာများဖြစ်မလဲ…? အချိန်လား…? ငွေလား…? မိသားစုနဲ့အတူ ပျော်ရွှင်စွာနေထိုင်ရမယ့် အခိုက်အတန့်တွေလား…? ဒါတွေအားလုံးကို ထင်ဟပ်စေနိုင်မယ့်ရုပ်ရှင်ကားကောင်းလေးတစ်ကားကတော့ Don’t Make Me Go ဆိုတဲ့ Drama ကားလေးပါပဲ။ ပါဝင်တဲ့မင်းသားက John Cho ဖြစ်ပါတယ်။ ဒီမင်းသားကိုတော့ မြန်မာပရိသတ်တွေ သိပ်စိမ်းမယ်မထင်ပါဘူး။ ဇာတ်လမ်းသဘောကတော့ စင်ဂယ်ဖားသားတစ်ယောက်ဟာ ပြင်းထန်တဲ့ အကြိတ်ဝေဒနာကို ခံစားနေရပါတယ်။ သူ့သမီးလေးကလည်း ဆယ်ကျော်သက်အရွယ် နန့်နန့်ထိုးလို့ကောင်းတဲ့အချိန်ပေါ့။ သူခံစားနေရတဲ့ အကြိတ်ဝေဒနာဟာ ခွဲစိတ်ရင် အသက်ရှင်ခွင့် ၂၀ ရာခိုင်နှုန်းရှိပြီး မခွဲစိတ်ရင်တော့ ၁ နှစ်သာ ကျန်တော့လောက်အောင် ပြင်းထန်ပါတယ်။ အဲဒီတော့ အဖေတစ်ခုသမီးတစ်ခုဘဝမှာ သမီးရဲ့နောင်ရေးအတွက်ပူပန်ရင်း သမီးကို ငယ်ငယ်က စွန့်ပစ်သွားခဲ့တဲ့ မိခင်နဲ့ ဆုံစည်းပေးဖို့ ကြိုးစားပါတော့တယ်။ အမေလုပ်သူကို ရှာဖွေရင်း လမ်းတစ်လျှောက် သမီးလေးလိုအပ်မယ့်အရာတွေကို ကြိုးစားသင်ပြတဲ့ ဖခင်တစ်ယောက်ရဲ့ မေတ္တာတွေကို ခံစားရမှာပါ။ ဒရာမာကားကောင်းလေးတစ်ကားလို့ပြောရမှာဖြစ်ပြီး မထင်မှတ်ထားတဲ့ အချိုးအကွေ့ကိုလည်း ​​​မြင်ရပါမယ်။ ရုပ်ရှင်ကားလေးက ကြည်နူးစရာကောင်းလိုက်၊ အမြင်ကတ်လိုက်၊ အားကျလိုက်၊ ပြန်တွေးလိုက်နဲ့ ကုန်ဆုံးသွားရမယ့် ၂ နာရီ‌တောင်မပြည့်တဲ့ အချိန်လေးအတွင်းမှာ ရသမျိုးစုံကို ခံစားရမှာပါ။ ဒရာမာကားကောင်းလေးနဲ့ အတွေးနယ်ပယ်ထဲ လွင့်​မျောချင်ရင်တော့ Don’t Make Me Go ကို အလွတ်မပေးဖို့ အကြံပြုချင်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mugiwara Ya မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.3GB, 850MB Quality – 1080p, 720p IMDb Rating – 6.5/10 Format – mp4 Duration – 1H 49Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by Mugiwara Ya Encoded by Y

Drama
6.5 2022 109 mins
Don’t Make Me Go
Paul Blart: Mall Cop

ဒီ ဇာတ်လမ်းလေးကတော့ ခပ်ဝဝနဲ့ စိတ်ကောင်းရှိတဲ့ ကုန်တိုက်လုံခြုံရေး ပေါလ်ဘလတ် ကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတာပါ ။ Comedy, Actionအမျိုးအစားဖြစ်ပြီးတော့ မိသားစုနဲ့အတူတူကြည့်လို့ကောင်းမယ့် wholesomeဖြစ်တဲ့ ဇာတ်ကားမျိုးလေးလည်း ဖြစ်ပါတယ် ။ ဇာတ်လမ်းအကျဥ်းမှာတော့ ပေါလ်ဘလတ်က ဝက်စ်အောရိန့်ချ် ပါဗီလီယွန်ကုန်တိုက်ရဲ့ လုံခြုံရေးအစောင့်တစ်ယောက်၊ ပြည်နယ်ရဲတပ်ဖွဲ့ဝင်တစ်ဦးဖြစ်လာဖို့ကြိုးစားနေပေမဲ့ သွေးတွင်းသကြားဓာတ်နည်းတဲ့ရောဂါကြောင့် အိပ်မက်က အလှမ်းဝေးနေတယ်။ ပေါလ်ရဲ့ မိခင်နဲ့ ပေါလ်ရဲ့မိတဆိုးသမီးလေးမာရာကတော့ ပေါလ်ကို ဂရုစိုက်ရှာပါတယ်။ ပေါလ်ကို လက်တွဲဖော်လေးတစ်ယောက်လည်း ရစေချင်ကြတယ်။ ပေါလ်မှာလည်း သူလုံခြုံရေးစောင့်တဲ့ ကုန်တိုက်ထဲမှာ ချစ်ရတဲ့crushလေးရှိလာတယ်။ တစ်နေ့ ပေါလ်တို့ရဲ့ ကုန်တိုက်ကို အကြမ်းဖက် လူဆိုးအုပ်စုက ဓားပြတိုက်ဖို့ ဝင်ရောက်စီးနင်းကြတယ်။ အဲဒီအချိန်မှာ ဓားစာခံမိထားတဲ့crushလေးကိုကယ်လိုဇောနဲ့ ပေါလ်တစ်ယောက်က လူဆိုး၈ယောက်ကို တစ်ကိုယ်တော်အစွမ်းနဲ့ တစ်ဆင့်ချင်း ဘယ်လိုဖြုတ်သွားမလဲဆိုတာကိုတော့ Paul Blart Mall Cop ဇာတ်ကားလေးထဲမှာ ကိုယ်တိုင်ကြည့်ရှုခံစားလို့ရပါပြီ File size…(1.7GB) / (1.2GB) / (433MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:31:00 Genre… Action / Crime / Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Su Eaindra Zaw

Crime • Drama
0 2009 91 mins
Paul Blart: Mall Cop
The Last Supper
6.1

ဟန့်ခေတ်ရဲ့ ပထမဦးဆုံးဘုရင်ဖြစ်တဲ့လျိုပန်းရဲ့ ကြီးမားတဲ့ရည်မှန်းချက် ၊ လောဘ၊ ဒေါသနဲ့ အတ္တတွေပြည့်နေတဲ့ဘဝခရီးအကြောင်း သမိုင်းကြောင်းဇာတ်ကားတစ်ကားဖြစ်ပါတယ်။ BC 200 ခုနှစ်လောက်တုန်းက ချင်ဧကရာဇ်ဟာအရမ်းရက်စက်တဲ့အတွက် တိုင်းပြည်တစ်ဝှမ်းမှာပုန်ကန်မှုတွေစတင်လာခဲ့တယ်။ စစ်မက်တွေရှုပ်ထွေးပြီးငတ်မွန်းမှုတွေပြည့်နှက်နေတဲ့ဘဝကြီးမှာ လေလွင့်ကြရတဲ့ပြည်သူတွေကနေပြီးတော့ ရည်မှန်းချက်တူတဲ့လူချင်းစုပြီးတော့ သူရဲကောင်းတွေပေါ်လာခဲ့တယ်။ ရှန့်ယွီဆိုတဲ့ မျိုးရိုးမြင့်မြတ်တဲ့ စစ်သူကြီးတစ်ယောက်နဲ့ လျိုပန်းတူပူးပေါင်းပြီး လောကကြီးကိုသိမ်းပိုက်ဖို့ကြိုးစားခဲ့ကြတယ်။ ဒါပေမယ့်သိပ်မကြာခင်မှာပဲ ရင်ဘောင်တန်းပြီး တိုက်ပွဲဝင်တဲ့ညီနောင်တွေကနေပြီးတော့ အကြီးမားဆုံးရန်သူတွေဖြစ်လာခဲ့ကြတယ်။ ရှန့်ယွီဟာ လျိုပန်းကိုဟုန််မန်ညစာစားပွဲမှာသတ်ဖို့အခွင့်အရေးရှိခဲ့ပေမယ့် လက်လွှတ်ခဲ့တာ ရှန့်ယွီအတွက်မဟာအမှားကြီးဖြစ်လာခဲ့တယ်။ ဒီလိုနဲ့ ဘုရင်တစ်ပါးရဲ့အတ္တနဲ့ခင်းကြီးလျှောက်တဲ့လမ်းဟာ တစ်ဖြည်းဖြည်းအကျည်းတန်လာပါတော့တယ်။

6.1 2012
The Last Supper
A House in Jerusalem
6.9

ဒီတစ်ခါ cm ပရိသတ်ကြီးကို ဆယ်ကျော်သက် ဒရာမာကားကောင်းလေး တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားလေးက IMDB မှာ Rating 6.9 အထိ ရရှိထားပြီး ၂၀၂၃ ရွှေကြက်ဖရုပ်ရှင်ပွဲတော်မှာ ဆန်ကာတင်အဖြစ် ရွေးချယ်ခံခဲ့ရပါ သေးတယ်။ ဒီဇာတ်ကားမှာဆိုရင် ၁၉၄၈ ခုနှစ် ဝန်းကျင် အစ္စရေး-ပါလက်စတိုင်း သမိုင်းကြောင်းဆိုင်ရာ စစ်ပွဲ မငြိမ်းချမ်းမှုတွေရဲ့ စိတ်ဒဏ်ရာတွေနဲ့ ချစ်ခင်သူတွေကို ဆုံးရှုံးရတဲ့ ပူဆွေးဝမ်းနည်းမှုတွေကို တစ်စိတ်တပိုင်း ဖော်ကြူးရိုက်ကူးထားတာပါ။ အဓိကသရုပ်ဆောင်ဖြစ်တဲ့ ဆယ်ကျော်သက်အရွယ် မိုင်လေလော့ခ် ဟာ Stranger Things ထဲက နာမည်ကြီးမင်းသမီး မီလီဘရောင်းရဲ့ ဇာတ်ကောင် စရိုက်နဲ့ အတော်လေးဆင်တူတာကိုလည်း တွေ့ရပါတယ်။ ဇာတ်ကားအဆုံးသတ်ဟာဆိုလည်း ထင်မထားတဲ့ အံ့ဩစရာ လှည့်ကွက်နဲ့ အတူ ကြည့်ရှုသူတွေ မေးခွန်းထုတ်စရာ ပဟေဠိ အတွေးပွားစေမယ့် ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ ဇာတ်ကြောင်းကတော့…. ရီဘက်ကာဆိုတဲ့ ဆယ်ကျော်သက်ကောင်မလေး တစ်ယောက်ဟာ မိခင်ဖြစ်သူကို ကားမတော်တဆမှုမှာ အသက်ဆုံးရှုံးခဲ့ရပြီး အဖိုးအမွေ ထားခဲ့တဲ့ ဂျေရုဆလင်မြို့က အိမ်လေးကို ဖခင်နဲ့အတူ ပြောင်းရွှေ့လာခဲ့ ပါတယ်။ အဲဒီအိမ်မှာ ရီဘက်ကာ တစ်ယောက်ပဲ မြင်နိုင်တွေ့နိုင်တဲ့ သူမနဲ့ ရွယ်တူ ရာရှာဆိုတဲ့ ပါလက်စတိုင်းလူမျိုး ကောင်မလေးတစ်ယောက်ကို တွေ့ဆုံခဲ့ပါတယ်။ ဒီကောင်မလေးဟာ ရီဘက်ကာရဲ့ စိတ်ကူးထဲက ကောင်မလေးပဲလား… ဒါမှမဟုတ် ဒီအိမ်ရဲ့ သမိုင်းကြောင်းနဲ့ ဆက်စပ်နေတဲ့ ဝိဉာဉ်အပိုင်းအစလား ဆိုတာကိုတော့…။ File size…1.88GB / 970MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 43m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

Science Fiction • Adventure • Action • Drama • Thriller
6.9 2023 104 mins
A House in Jerusalem
Inside Job
8.2

Drama တွေ အက်ရှင်တွေရိုးနေတဲ့ လူတွေအတွက် Documentary type ဇာတ်လမ်းတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ 2008ခုနှစ်မှာဖြစ်ခဲ့တဲ့အရာတွေအများကြီးထဲကမှ ၂၀၀၈ ကမ္ဘာ့စီးပွားရေးပျက်ကပ်ဆိုရင် အတော်များများကြားဖူး သိဖူးမယ်လို့ထင်ပါတယ်။ ကမ္ဘာတစ်ဝှမ်းနဲ့ အမေရိကက စီးပွားရေးလုပ်ငန်းနဲ့ အိမ်ခြံမြေအရောင်းအဝယ်နဲ့ ကြွေးမြီကိစ္စတွေ အတော်လေးကို ထိုးဆင်းပြီး အရှုံးတွေလည်း ဒေါ်လာ ထရီလီယံနဲ့ချီတယ်လို့ပြောကြပါတယ်။ ဒီ 2008 စီးပွားပျက်ကပ်အကြောင်းကို စိတ်ဝင်စားပြီး ဘယ်ကနေဘယ်လိုအစပြုလို့ ဘယ်လိုကိစ္စ ဘယ်လိုလုပ်ငန်းတွေမှာ တိုင်ပတ်ခဲ့သလဲ ဘယ်သူတွေအကျိုးအမြတ်ရသွားကြလဲ ဘယ်လောက်တောင်ရသွားကြလဲဆိုတာနဲ့ ဘယ်လိုတွေ ဖြေရှင်းခဲ့ကြသလဲဆိုတာကို ဒီဇာတ်လမ်းလေးထဲမှာ ကြည့်ရှုခံစားနိုင်မှာဖြစ်ပါတယ်။ File Size : 1.9 GB, 703 MB Quality : Blu-Ray 1080p / 720p Running Time : 1hr 49min Format : Mp4 Genre : Crime, Documentary Subtitle : Myanmar Subtitle (Hard Sub) Translated by : Ko Wunna Encode by : Thit San Khant

Thriller • Action
8.2 2010 109 mins
Inside Job
What Lies Beneath
6.6

What Lies Beneath (2000) IMDb Rating (6.6) / Rotten Tomatoes (47%) ကလဲယာ ဟာ တယောပညာရှင် တစ်ယောက်ဖြစ်သလို အဆိုလဲ ကောင်းသူပါ ပထမ အိမ်ထောင် နဲ့ တုန်းက ခင်ပွန်းဖြစ်သူ မဆုံးပါးခင်ထိပျော်ရွှင်စရာ ဘဝ လေးကို ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ ပထမ ခင်ပွန်း ဆုံးပါးပြီးနောက် မျှော်လင့်ချက် မဲ့နေတဲ့သူ့ ဘ၀ ထဲကို နော်မန် ဆိုတဲ့ သက္ကသိုလ် တစ်ခုကသုတေသန ဆရာ တစ်ယောက် ဝင်လာခဲ့ပါတယ်။ နော်မန် နဲ့ လက်ထပ်ပြီးနောက်ပိုင်း ပျော်ရွှင်စရာဘ၀ တစ်ခုကို ထပ်မံ ပိုင်ဆိုင်ခဲ့ရပါတယ်။ ပထမ ယောင်္ကျားနဲ့ ရခဲ့တဲ့ သမီးလေးကိုလဲနော်မန် က သူ့သမီးအရင်းလေးလို ချစ်တဲ့သူပါ။ နော်မန် က ကျောင်းဆရာ ဖြစ်တာနဲ့ အညီအလုပ်ပြောင်းရင် အိမ်လိုက်ပြောင်းရပါတယ်။ တစ်နေ့မှာတော့ ကလဲယာ တို့ မိသားစု ဟာနော်မန် စာသင်ရမယ့် ကျောင်းရှိတဲ့ မြို့လေးကိုရောက်ရှိခဲ့ပြီး နော်မန် ရဲ့ ဖခင်ဖြစ်သူ ပိုင်ဆိုင်တဲ့အိမ်ကြီး တစ်ခုကို ပြန်လည်ပြုပြင်ပြီး နေထိုင်ခဲ့ပါတယ်။ အိမ်ကြီးရဲ့ နောက်ဖက်မှာလဲ မြစ်ကမ်းစပ်ကြီးက ကပ်လို့ပေါ့ နေချင်စရာ အတိပြီးတဲ့ အိမ်ကြီးပါပဲ၊ ဒါပေမဲ့ ကလဲယာ အတွက် အလုပ်ပိုတွေ ရှိလာပါတယ်။ ဘေးအိမ်က လင်မယားက အမြဲလိုလို ရန်ဖြစ်တာကိုစပ်စုနေတက်ခဲ့ပါတယ်။ တစ်ခါတစ်လေ အားလုံး အလုပ်သွား ကျောင်းသွားတဲ့အခါ သူတစ်ယောက်ထဲ အိမ်ကြီးထဲမှာ ခြောက်ခြားနေသလို ခံစားခဲ့ရပါတယ်။ အဲ့ဒီဖြစ်ရပ်တွေက ကလဲယာ ရဲ့ သမီးဖြစ်သူ ကျောင်းအိပ်ကျောင်းစားထွက်သွားတဲ့ နေ့ကစပြီး ပိုမိုပီပြင်လာခဲ့ပါတော့တယ်။ အိမ်ကြီးထဲ လူတစ်ယောက်လမ်းလျှောက်သွားသလိုရေစိုနေတဲ့ ခြေရာတွေ နဲ့ ရွံ့ပေနေတဲ့ ခြေရာတွေအမြဲလိုလို တွေ့ရပြီး ရေတွေစိုပြီး ခြံထဲကနေ ကလဲယာ ကိုငေးကြည့်နေတဲ့ အမျိုးသမီး တစ်ယောက်ကိုလဲ ရံဖန်ရံခါတွေ့ရတက်ပါတယ်။ ထိုအရာများကို တစ တစ အဖြေရှာခဲ့တဲ့ အခါမှာတော့.. File size…(1.8 GB) / (840 MB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, Horror, Mystery, Thriller Duration….02:10:20 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Aung Tayza

6.6 2000 130 mins
What Lies Beneath
Hisaab Barabar
6.1

Hisaab Barabar (2025)”အကြွေ” ========================= Vikram Vedha တို့ 3 idiots တို့လို ရုပ်ရှင်ကောင်းတွေမှာပါဝင်ခဲ့ပြီး ရိုက်သမျှထဲမှာ မကောင်းတဲ့ကား မရှိသလောက်ကိုရှားတဲ့ မင်းသားကြီး မာဒေဗန်းရဲ့ အသစ်ထွက်ထားတဲ့ ရုပ်ရှင်ကောင်းနောက်တစ်ခုကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်ဟာဆိုရင် လက်တွေ့မှာလည်း အများကြီးတွေ့နေရတဲ့ ဘဏ်တွေရဲ့ ရိုက်စားကွက်တွေကို ပညာသားပါပါ တင်ဆက်ပြထားတာပါ။ ၅၀ တန်သကြားလုံးနဲ့ လဲယူလိုက်ရတဲ့ ၁၀၀ တန် အမ်းငွေ၊ ဘဏ်စာရင်းတွေထဲမှာ အစပျောက်သွားတတ်တဲ့ ကျပ်စွန်း ပြားစွန်း၊ စပါယ်ရှယ်အကောင့်ဖွင့်လိုက်လို့ ဘယ်တော့မှ ပြန်ထုတ်မရတော့တဲ့ ပိုက်ဆံ ၁၀၀၀၀၊ အဲဒီလို အစွန်းထွက်ငွေတွေကို ပမာဏနည်းနည်းလေးပါဆိုပြီး ဘယ်သူကမှ အရေးတယူမလုပ်ကြပါဘူး။ ဒါပေမဲ့ အဲဒီိိလို ၁၀၀၀၀ တွေ အများကြီးပေါင်းသွားရင်၊ ကျပ်စွန်းပြားစွန်းလေးတွေ အဆပေါင်းများစွာပေါင်းသွားရင် လူတစ်ယောက်ကို ဘဝပြောင်းစေနိုင်လောက်တဲ့ ပမာဏဖြစ်လာပါတယ်။ ဒီရုပ်ရှင်ရဲ့ ဇာတ်လိုက်ဖြစ်သူ ရာဒီကတော့ စတိုးဆိုင်မှာ သကြားလုံးအကြွေ ပြန်အမ်းတာကအစ ဘဏ်စာရင်း ပြားစွန်းထွက်တာအထိကို စာရင်းတွက်တတ်တဲ့ အင်မတန်တိကျတဲ့သူပါ။ ၁၀ တန် ဆယ်ရွက်ပေါင်းရင် ၁၀၀ ဖြစ်တာသိတဲ့ ရာဒေးဟာ အဲဒီလို ကျပ်စွန်းပြားစွန်းတွေဖြတ်ပြီး လူညွန့်ခူးစားနေတဲ့ ဘဏ်သူဌေးနဲ့ ထိပ်တိုက်တွေ့ပြီး နောက်ကွယ်က scam တွေကို ဖော်ထုတ်ဖို့ကြိုးစားရာကနေ နောက်ဆက်တွဲတွေကြုံတွေ့ရပုံကို ဒီရုပ်ရှင်ထဲမှာ မြင်တွေ့ခံစားကြရမှာဖြစ်ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)

Thriller • Crime • Drama • Mystery
6.1 2025 112 mins
Hisaab Barabar
New World
7.5

New World (2013) ******************* IMDb….7.5 ပိတ်ရက်မှာ ကြည့်ဖို့အတွက် Lee Jung-Jae ,Choi Min-Sik ,Hwang Jung-Min, Park Sung-Woong , Song Ji-Hyo အစရှိတဲ့ နာမည်ကြီးသရုပ်ဆောင်များစွာ ပါဝင်သရုပ်ဆောင်ထားတဲ့ မှုခင်းရုပ်ရှင်ဟောင်းလေးကို ပြန်လည် တင်ဆက်ပေးလိုက်ပါတယ်။ – ဇာတ်လမ်းအကျဉ်း – အမျိုးသားရဲတပ်ဖွဲ့မှ ဌာနမှူးဖြစ်သူ ဂန်ဟျောင်းချော (Choi Min-Sik) က အကြမ်းဖက်အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ Goldmoon ကို လျှို့ဝှက်စုံစမ်းဖို့အတွက် ရဲဝန်ထမ်းသစ်လေးဖြစ်တဲ့ အီဂျာဆောင်း (Lee Jung-Jae) ကို Goldmoon လုပ်ငန်းစုထဲ သူလျှိုအဖြစ် သွင်းခဲ့ပါတယ်။ Goldmoon ဥက္ကဌကိုသာ ဖမ်းထည့်နိုင်ခဲ့မယ်ဆိုရင် ဂျာ‌ဆောင်းကို ပြည်ပမှာ တာဝန်သွားရောက်‌ ထမ်းဆောင်ဖို့ စေလွှတ်ပေးမယ်ဆိုတဲ့ သတ်မှတ်ချက်နဲ့ပေါ့။ ၈ နှစ်အကြာမှာတော့ ဂျာဆောင်းက Goldmoon လုပ်ငန်းစုရဲ့ နံပါတ် ၂ အာဏာရှိသူ ဂျောင်ချောင်း (Hwang Jung-Min) ရဲ့ ညာလက်ရုံးဖြစ်လို့နေခဲ့ပါပြီ။ တစ်ချိန်တည်းမှာပဲ Goldmoon ရဲ့ အကြီးဆုံးအာဏာရှိသူ ဥက္ကဌ ဆော့ချူဒုံကလည်း ရုတ်တရက် ကားတိုက်မှုနဲ့ ဆုံးပါးသွားတာဖြစ်လို့ Goldmoon လုပ်ငန်းစုတွင်းက ဂျောင်ချောင်းနဲ့ သူ့ရဲ့ပြိုင်ဘက် အီဂျွန်ဂူ (Park Sung-Woong) တို့ကြားဆက်ခံသူနေရာအတွက် အပြိုင်အဆိုင်ဖြစ်လာပါတော့တယ်။ တစ်ဖက်မှာလည်း အီဂျာဆောင်းက Goldmoon ဥက္ကဌ ဆုံးပါးသွားပြီဖြစ်လို့ သူလျှိုအဖြစ်ကနေ ရပ်လိုက်ဖို့ ဆန္ဒရှိလာပါတယ်။ ဒါပေမဲ့ ဌာနမှူးဂန်က Goldmoon ဥက္ကဌ‌နေရာ ဆက်ခံသူကို ရွေးချယ်မှုမှာ ဝင်ရောက်စွက်ဖက်မဲ့ “ကမ္ဘာသစ်” စစ်ဆင်ရေးအတွက် ဂျာဆောင်းကို လိုအပ်သေးတာဖြစ်လို့ လက်မခံခဲ့ပါဘူး။ ဂျာဆောင်းတစ်ယောက် စစ်ဆင်ရေးအောင်မြင်ဖို့ တစ်ခုပဲ ခေါင်းထဲရှိတဲ့ ဌာနမှူးဂန်နဲ့ အစ်ကိုရင်းတစ်ယောက်နဲ့ မခြားတဲ့ ဂျောင်ချောင်းတို့ကြား ဘက်ရွေးချယ်ရခက်လာတဲ့အခါမှာတော့… ဂျာဆောင်းက သူလျှိုဆိုတဲ့ သရုပ်မှန်ကို အဆုံးအထိ ပိပိရိရိ ဖုံးကွယ်ထားနိုင်ပြီး စစ်ဆင်ရေး အောင်မြင်သွားမလား။ Goldmoon လုပ်ငန်းစု ဥက္ကဌနေရာကိုရော ဘယ်သူရသွားမလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ဆက်လက် စောင့်ကြည့်ပေးကြပါဦး။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Hnin Wai Oo ပဲဖြစ်ပါတယ်…) File Size : 1.79GB/ 890MB Quality : Blu-Ray 1080p/ Blu-Ray 720p Format…mp4 Duration…02:15:00 Genre : Crime, Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Hnin Wai Oo Encoded by Tiff

Thriller • Drama • Crime
7.5 2013 134 mins
New World