YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

The.Bequeathed.(2024)EP4.NF.ffWEB-DL.720P(CM).mp4

308.68 MB N/A video/mp4 505 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Kondraal Paavam

Kondraal Paavm(2023) ဒီတစ်ခါတော့ CM ပရိသတ်ကြီးအတွက် IMDb 8.6/10 ရရှိထားပြီး ဇာတ်အိမ်အခိုင်အမာနဲ့ ကားသစ်လေးတစ်ကားကို တင်ဆက်ပေးလိုက်ရပါတယ်။ ကျွန်မတို့ငယ်ငယ်က သင်ရတဲ့ ပုံပြင်တွေထဲ ရေခရားနဲ့ ကျီးကန်းပုံပြင်လေးကို မှတ်မိကြဦးမယ်လို့ထင်ပါတယ်။ ရေခရားထဲကရေကို များများနဲ့ မြန်မြန်လိုချင်လို့ ကျောက်ခဲအသေးစားလေးတွေတစ်လုံးစီ ပစ်ချရမယ့်အစား အဆင်အခြင်မဲ့စွာနဲ့ ကျောက်တုံးကြီးပစ်ချလိုက်မိလို့ ရေခရားလည်းကွဲ ရေလည်းငတ်သွားရတဲ့ ပုံပြင်လေးပါ။ ဒီဇာတ်လမ်းလေးကလည်း အဲ့ဒီ့ပုံပြင်လေးရဲ့သင်ခန်းစာနဲ့ဆင်တဲ့ ဇာတ်လမ်းတစ်ပုဒ်ကို အခြေခံပြီးရီုက်ထားတာပါ။ ဝမ်းဆွဲသည်အမေနဲ့ အရက်သမားအဖေ၊ အကောင်းမြင်စိတ်ဆို နည်းနည်းလေးမှမရှိအောင်နေတဲ့ သမီးဖြစ်သူတို့အိမ်ကို ကြွယ်ဝခြင်းနတ်ဘုရားက ကြွယ်ဝခြင်းတွေပို့လိုက်ပြီဆိုတဲ့စကားသယ်လာပေးတဲ့ လူတစ်ယောက်ရဲ့စကားအဆုံးမှာ တကယ်ကိုပဲ လူတစ်ယောက်ဟာ ငွေထုပ်ပိုက်ပြီးရောက်လာခဲ့တဲ့အခါမှာတော့ အရာရာဟာပြောင်းလဲလာပါတော့တယ်။ လက်ရှိနဲ့ ပုံပြင်၊ လက်တွေ့နဲ့ ဘာသာရေးအယူအဆတွေကို Mystery ဆန်ဆန်ချိတ်ဆက်ရိုက်ကူးသွားပုံက စိတ်ဝင်စားဖို့ကောင်းတဲ့အပြင် Plot twist ဆန်းဆန်းတွေကို မထင်မှတ်တဲ့နေရာမှာထည့်သွားပုံကလည်း ဒီကားကိုအဆုံးထိ ဇာတ်ရှိန်မကျသွားစေရတဲ့ အကြောင်းအရင်းပဲဖြစ်ပြီး အချိန်ပေးရကျိုးနပ်မယ့်ကားလေးမို့ ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်နော်။ File size…1.97GB / 735MB Quality…1080p WEB DL / 720p Format…mp4 Duration….1h 47mins Subtitle….Myanmar Subtitle(Had Sub) Encoder….YK Translated by Aditi ~ Chiclon3~ Thaik San~BpL~Yunni

Drama • Romance
0 2023 108 mins
Kondraal Paavam
Young Detective Dee: Rise of the Sea Dragon
6.3

Young Detective Dee: Rise of the Sea Dragon (2013) IMDb Rating (6.5)/ Rotten Tomatoes (53%) Mark Chao သရုပ်ဖော်တဲ့ ဒီးလျန်ကျယ် ခေါ် စုံထောက် ဒီး ဒီဇာတ်လမ်း ဟာ ၂၀၁၀ ခုနှစ်ကထွက်ရှိထားတဲ့ Detective Dee and the Mystery of the Phantom Flame ရုပ်ရှင်ရဲ့ Prequel ဖြစ်ပါတယ် ...ဒါကြောင့် စုံထောက်ဒီးကိုငယ်စဉ်ဘဝကပုံစံနဲ့တွေ့ရမှာပါ။ မင်းသား Mark Chao ကစုံထောက်ဒီးအဖြစ်ပါဝင်ထားပြီး မင်းသမီးကတော့ Angelababy ဖြစ်ပါတယ်။ ကိုရီးယားမင်းသား Kim Bum လဲအရံပါဝင်ထားပါတယ်။ Andy Lou နဲ့ ဒီးလျန်ကျယ် ကို ရင်းနှီးခဲ့ရတဲ့ ကျွန်တော်တို့ဟာ Mark Chao နဲ့ ရုတ်တရက်ကြုံလိုက်ရတော့ အသားမကျဖြစ်လိုက်ရသေးတယ်။ ဒါပေမဲ့ ဒီဇာတ်ကားပုံဖော်လိုက်တဲ့ ဒီးလျန်ကျယ် က တောစာရေးလေးတစ်ယောက် လူးရန်မြို့ကြီးကို ရောက်လာတဲ့ပုံစံ ဒီး အငယ်စားလေးဆိုတော့ ကွက်တိဖြစ်နေပြန်ရော။ ဧကရာဇ်မင်းကြီး နတ်ရွာမစံမီ၊ ဧကရာဇ်ဘုရင်မကြီး ဝူ နဲ့ တိုင်းပြည်ကို အတူအုပ်ချုပ်ချိန်ကို ဇာတ်လမ်းတည်ပါတယ်။ အတူအုပ်ချုပ်တယ်ဆိုတာ နားခံသာအောင်ပြောတဲ့စကားပေါ့။ တကယ်တော့ အရုပ်ဘုရင်ကို မျောက်ပြစားပြီး ဝူ ဧကရာဇ်မ တန် နိုင်ငံတော်ကို ကြိုးကိုင်ချိန်ပါပဲ။ တန် နိုင်ငံတော်နဲ့ ဖူယု နိုင်ငံတော် စစ်မက်ဖြစ်ပွားချိန် ရေကြောင်းစစ်ချီမှုတစ်ခုမှာ ရေတပ်ကြီးတစ်ခုလုံးကို စိတ်ရှိလက်ရှိ ရိုက်ချိုးဖျက်ဆီးသွားတဲ့ ပင်လယ်သတ္တဝါကြီးတစ်ကောင်ကြောင့် တန် နိုင်ငံတစ်ခုလုံး ဟိုးလေးတကြော် ကြောက်လန့်တကြားဖြစ်ကုန်ပါတယ်။ ပင်လယ်နဂါးကြီး အမျက်ထွက်တယ်လို့ ယုံကြည်ကြတဲ့ မြို့သူမြို့သားတွေက လူးရန်မြို့ရဲ့ ပြည်ကြီးတန်ဆာ၊ အထက်တန်းပြည့်တန်ဆာမလေး ယင်ယူကျီ ကို ပင်လယ်နဂါးကျောင်းတော်မှာ ဥပုသ်စောင့်ဖို့ ရွေးချယ်လိုက်ပါတယ်။ ပင်လယ်နဂါးကြီး အမျက်ပြေစေရန်အတွက်ပါ။ အဲဒီအချိန်မှာ ဘင်း စီရင်စုကနေ နေပြည်တော်ကို အဆင့် ၇ အရာရှိမင်းအဖြစ်ရောက်လာတဲ့ ဒီးလျန်ကျယ် က သဲလွန်စတစ်ခုကို ဖော်ထုတ်မိပြီး မမျှော်လင့်ဘဲ နောက်ထပ်ရေသတ္တဝါငယ်တစ်ကောင်နဲ့ ဆုံရပြန်ပါတယ်။ ပင်လယ်ထဲမှာ ရေနဂါးတစ်ကောင်၊ လူးရန်မြို့ထဲမှာ ရေနဂါးတစ်ကောင်၊ တော်တော်ရှုပ်တဲ့ဇာတ်ပေါ့။ ပင်လယ်နဂါးတွေက အပျင်းပြေ လူ့ပြည်အလည်လာတာမဟုတ်ဘဲ တန်နိုင်ငံတော်ကြီးကို တစ်စစီဖျက်ဆီး၊ ဘုရင်အသစ်အဖြစ် ထီးနန်းကိုသိမ်းပိုက်ရန် ကြံစည်နေတဲ့သူရဲ့ အိမ်မွေးတိရစ္ဆာန်‌တွေဆိုတာ ဒီးလျန်ကျယ်တို့ မကြာခင်ပဲ သိလိုက်ရပါတယ်။ ဧကရာဇ် ဝူ ရဲ့ အပျင်းပြေ လူသတ်ချင်နေတဲ့စိတ်ဓာတ်၊ မထင်မရှား အရာရှိလေးကို မလေးမစား တန်ဖိုးမထားသူတွေကြား၊ နိုင်ငံနဲ့ချီတဲ့ ကပ်ဆိုးကြီးကို အချိန်အကန့်အသတ်နဲ့ ဖြေရှင်းရဖို့ဖြစ်လာတဲ့အခါ ရေမကူးတတ်တဲ့ ဒီးလျန်ကျယ် တစ်ယောက် ပင်လယ်ပြင်မှာ သင်္ဘောမှောက်တော့ ဘယ်မေခလာ လာကယ်မလဲ။ ပင်လယ်နဂါးတစ်ကောင်ကို သတ်၊ နောက်ပင်လယ်နဂါးတစ်ကောင်ကို ကယ်တင်ရမယ့် ဂွကျကျဇာတ်လမ်း၊ ပြည့်တန်ဆာမလေးရဲ့ အဖြူထည်နှလုံးသားကို စာနာမိလို့ အသက်နဲ့ပါ လောင်းကြေးထပ်ခဲ့တဲ့ ဒီးလျန်ကျယ် ဘယ်လိုဇာတ်သိမ်းရမယ်ဆိုတာ ကြည့်လိုက်ကြစို့ရဲ့။ ဒီဇာတ်လမ်းမှာ ဒီးလျန်ကျယ် က ခေါင်းသုံးတဲ့နေရာမှာ ကျွမ်းကျင်ပေမယ့် အတိုက်အခိုက်မှာတော့ တော်တော်လိုနေသေးတာကို တွေ့ရတယ်။ သူတာဝန်ထမ်းဆောင်နေတဲ့ တလီစီရုံးတော်က အကြီးအကဲ ယုချီ နဲ့ယှဉ်လိုက်ရင် သိသာပါတယ်။ ရေတောင်မကူးတတ်သေးဘူးပေါ့လေ။ ပြီးတော့ ဒီးလျန်ကျယ် စုံစမ်းစစ်ဆေးရေးမှူး အရာရှိမင်းတစ်ယောက် ဘယ်လိုဖြစ်လာလဲ၊ သူ့ရဲ့ ဝိသေသ နဂါးနိုင်ဓား ခေါ် ကျိုင်းတော်ကို ဘယ်လိုရခဲ့တယ်ဆိုတာ ဒီဇာတ်ကားမှာ မြင်တွေ့နိုင်ပြီး ပလ္လင်လုမယ့် ဧကရာဇ် ဝူ မျက်လုံးထဲက သွေးချောင်းစီးလူသတ်ပွဲကိုပါ ကြိုတင်ခန့်မှန်းမိပုံတွေပါ ပါဝင်နေလို့ ကျော်ခဲ့လို့မရတဲ့ ဒီး ဇာတ်လမ်းပါပဲ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်တင်ဆက်ထားသူကတော့ Arr Khun Winchester ဖြစ်ပါတယ်။) File size…(2.9 GB)/(1.7 GB) Quality….BluRay 1080p HEVC/ 720p Format…mkv/mp4 Duration….02:14:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Arr Khun Winchester

Action • Thriller
6.3 2013 133 mins
Young Detective Dee: Rise of the Sea Dragon
Slumberland
7.4

Jason Momoa ကြီးပါဝင်တဲ့ Slumberland ဆိုတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေခင်ဗျာ။ နီမိုဆိုတဲ့ ကလေးမလေးဟာ ကျွန်းတစ်ကျွန်းပေါ်က မီးပြတိုက်မှာ အဖေနဲ့အတူနေလာရင်း တစ်နေ့မှာ သူ့အဖေဆုံးပါးသွားခဲ့ပါတယ်။ ငယ်ငယ်တည်းက အမေဆုံးပါးခဲ့တာဖြစ်ပြီး အဖေပါမရှိတော့တဲ့ နီမိုဟာ တစ်ယောက်တည်းကျန်ခဲ့ကာ သူ့အဖေမသေခင်က ဆန္ဒအတိုင်း မြို့ကြီးပေါ်က သူ့ဦးလေးဆီမှာ သွားနေရပါတယ်။ ဒါပေမဲ့ နီမိုဟာ သူ့ဘဝမှာ အဖေတစ်ယောက်တည်းပဲရှိခဲ့တာကြောင့် အိပ်မက်ထဲမှာ သူ့အဖေနဲ့ ပြန်တွေ့ချင်နေရှာပါတယ်။ ဒီအပြင့် သူ့အဖေထားခဲ့တဲ့ လျှို့ဝှက်မြေပုံတစ်ခုရှိပါသေးတယ်။ ဒီမြေပုံဟာ အိပ်မောကျတိုင်းပြည်က ပုလဲတွေရှိရာကို ညွှန်ပြပေးတာဖြစ်ပြီး အဲဒီပုလဲရရှိသူဟာ လိုရာဆုတစ်ခုတောင်းရင် အိပ်မက်ကမ္ဘာထဲမှာ ဆန္ဒတွေပြည့်ဝနိုင်ပါတယ်။ ဒီတော့ နီမိုဟာ မြေပုံနဲ့အတူ သူ့အဖေသူငယ်ချင်း ဝရမ်းပြေးကြီးဖလစ်အကူအညီနဲ့ အိပ်မက်တစ်ခုကနေ တစ်ခုဆီ ခုန်ကူးရင်း ပုလဲကိုလိုက်ရှာတဲ့အခါ ... ကျန်တဲ့ နီမိုရဲ့ စွန့်စားခန်းနဲ့ အလွဲလေးတွေကိုတော့ ဇာတ်လမ်းလေးထဲ ခံစားကြည့်ရှုလိုက်ကြစို့နော်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Jane ပါ။) File Size          : 3GB, 1.2GB, 595MB Quality            : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format            : mp4 Duration         : 1hr 57mins Genre              : Adventure, Comedy, Drama Translated by Jane Encoded by Kinnov

Action • Comedy • Drama
7.4 2022 117 mins
Slumberland
(18+) Cinderella's Hot Night
5.8

အကြည့်တွေ အချိုးစားတွေ မြင်ရယုံနဲ့ တဖြုတ်ဖြုတ်ကြွေစေမဲ့ အလှနတ်သမီးတွေ ဖြစ်တဲ့ Blair Williams, Sarah Hunter, Karlie Montana တို့အပြင် အခြား စွဲမက်စရာ မော်ဒယ်တွေ အပြိုင်အစွမ်းပြထားတဲ့ စင်ဒရဲလားရဲ့ ကြွက်တွေ ရွှေဖရုံသီးတွေ ရထားတွေ မပါတဲ့ ခေတ်သစ် ဇာတ်လမ်းလေးလာပါပြီ ဖန်တျာတေအောင် ကြည့်ခဲ့ဖူးတဲ့ စင်ဒရဲလားနဲ့ အခုစင်ဒရဲလား လုံးဝမတူပါဘူးနော် စင်ဒရဲလား နောက်ခံကျောရိုးကိုယူထားတဲ့ အသွင်သစ် စင်ဒရဲလားဖြစ်ပါတယ် စင်ဒီတစ်ယောက် မိဘတွေဆုံးသွားပြီးနောက် ဘဝကိုခက်ခက်ခဲခဲနဲ့ ရုန်းကန်နေရရှာပါတယ် သူမက ကောလိပ်တက်နေရင် ကျူရှင်လခအတွက် လုံးပန်းနေရပါတယ် သူမက အလုပ်သင်အနေနဲ့ ယူနီဗာဆယ် လို့ခေါ်တဲ့ နိုင်ငံအသီးသီးနဲ့ချိတ်ဆက်ထားတဲ့ သွင်းကုန်ကုမ္ပဏီမှာ အလုပ်ရပါတယ် ကျူရှင်စရိတ်တွေရော အဆောင်ခတွေရော မတက်နိုင်တဲ့အဆုံး အဆောင်က နှင်ချခံရပေမဲ့ ကံအားလျာ်စွာပဲ သူဌေးရဲ့ အိမ်ကအခန်းလွတ်မှာ နေခွင့်ရခဲ့ပါတယ် သူ့မှာ အရမ်းဆိုးတဲ့ သမီးနှစ်ယောက်လည်းရှိနေပါတယ်......... တစ်နေ့မှာတော့ သူမတို့ ကုမ္ပဏီရဲ့ ပါတနာ အိမ်ရှေ့စံမင်းသားရဲ့ နှစ်သစ်ကြိုဆိုပွဲကြီးကျင်းပမှာမှာဖြစ်ပြီး စင်ဒီအရမ်းတက်ချင်ပေမဲ့ မိန်းမဆိုးလေးနှစ်ယောက်နဲ့ သူတို့မိခင်ကြီးက အတင်းအကြပ်တာတဲ့အခါ... ရှေ့ဆက် ဖြစ်ပေါ်လာတဲ့ ဖြစ်ရပ်တွေက အရမ်းရင်ခုန်စရာကောင်းလှတာဖြစ်ပြီး လူကြီးကြိုက် အသားပေး ရိုက်ကူးတာတာဖြစ်လို့ DS ဖန်တွေအတွက် တင်ဆက်လိုက်ပါတယ် File Size - 1.5GB / 790MB Quality - 1080p WEBRIP / 720p Subtitle - Myanmar Subtilte (Hard Sub) Translator - Dark Master Encoder - X Cross

Drama
5.8 2017 80 mins
(18+) Cinderella's Hot Night
Speak No Evil
6.7

ဥရောပ ဟော်ရာ ရုပ်ရှင်အသစ်တစ်ကားလောက် ကြည့်ရအောင်။ ဆုတွေလည်းရထားပြီး ပရိသတ်တွေလည်း ကြိုက်တဲ့သူနဲ့မကြိုက်တဲ့သူ နှစ်ခြမ်းကွဲနေတဲ့ ရုပ်ရှင်တစ်ခုပါပဲ။ ဒါရိုက်တာ စဉ်းစားစရာ၊ တထိတ်ထိတ်ဖြစ်စရာ၊ အားမလိုအားမရဖြစ်စရာ၊ နိမိတ်ပုံတွေနဲ့ ပရိသတ်တွေကိုပုံမှန်မဟုတ်တဲ့ ခံစားချက်မျိုး ပေးထားတာပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ ရိုးရှင်းပါတယ် သမီးလေးတစ်ယောက်ရှိတဲ့ ဒိန်းမတ် မိသားစုတစ်စုဟာ၊ စကားမပြောတတ်တဲ့ သားလေးတစ်ယောက်ရှိတဲ့ နယ်သာလန်မိသားစုတစ်စုနဲ့ ရင်းနှီးခဲ့တယ်။ နောက်တော့ နယ်သာလန်ကို အလည်လာဖို့ ဖိတ်တဲ့အတွက် ကျေးလက်အိမ်လေးဆီကို မိသားစုလိုက် သွားလည်ကြတယ်ပေါ့။ နောက်တော့ အဲဒီမိသားစုနှစ်စု ဘာဆက်ဖြစ်မလဲဆိုတာ လှည့်ကွက်တွေနဲ့ ဆက်ကြည့်ရမှာပါပဲ။ File size…1GB / 500MB Quality…1080p WEB RIP / 720p Format…mp4 Duration….1h 37m Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit San Khant Translated by Mr.Anderson

Action • Crime • Thriller
6.7 2022 97 mins
Speak No Evil
Christmas with You
5.6

Christmas With You (2022) ကျရောက်တော့မယ့် ခရစ္စမတ်အတွက် Netflix ကထွက်ရှိလာပြီး Aimee Garcia ပါဝင် သရုပ်ဆောင်ထားတဲ့ ခရစ္စမတ်ဇာတ်ကားကောင်းကိုတင်ဆက်ပေးချင်ပါတယ် နာမည်ကြီးအဆိုတော်အန်ဂျယ်လီနာဆိုတာက မသိသူမရှိလျှန်းလျှန်းတောက်အောင်မြင်တဲ့လူပါ ဒါပေမယ့် နှစ်ကြာလေ တက်သစ်စလေးတွေကနေရာယူလေဆိုတော့ သူမအတွက်စွန့်စားမှုတစ်ခုလိုအပ်နေခဲ့ပါတယ် တခြားတော့မဟုတ်ပါဘူး ခရစ္စမတ်သီချင်းရေးပေးဖို့ ထုတ်လုပ်သူကတောင်းဆိုလာခဲ့တာပါ ခရစ္စမတ်မှာမိခင်ဖြစ်သူသေဆုံးသွားတာကြောင့် စိတ်နာပြီး ခရစ္စမတ်သီချင်းကို တစ်သက်နဲ့တစ်ကိုယ်မရေးဖူးခဲ့တဲ့သူမအတွက်တော့ ဒါကစိန်ခေါ်မှုကြီးပါပဲ ခရစ္စတီးနာဆိုတာကတော့ အန်ဂျယ်လီနာရဲ့ အမာခံပရိတ်သတ်အကြီးစားပါ တစ်နေ့ IG မှာ သူမ Idol အတွက် Edit ထားတဲ့ဗီဒီယိုတစ်ခုတင်လိုက်ပြီး အန်ဂျယ်လီနာနဲ့တွေ့ဖို့က ခရစ္စမတ်အိပ်မက်ပါပဲလို့တင်လိုက်မိတယ် တိုက်ဆိုင်စွာပဲ အန်ဂျယ်လီနာကသွားတွေ့မိတော့ စွန့်စားမှုလိုနေတာနဲ့ ခရစ္စတီးနာဆီလိုက်သွားပါတော့တယ် ဒီခရီးမှာသူမအတွက်ဘယ်လိုစွန့်စားမှုတွေကြုံတွေ့မလဲ တစ်ခေတ်တစ်ခါကနာမည်ကို‌ပြန်ဆယ်နိုင်မှာလားဆိုတာ ဆက်လက်ရှုစားကြပါရန်

Action • Drama
5.6 2022
Christmas with You
Haita De Acțiune
5

Haita De Acțiune (2023) Romania က ရဲတွေရဲ့ အကျင့်ပျက်ခြစားမှုတွေ၊ တာ၀န်မကျေပွန်မှုတွေ၊ မတရားမှုကို လျစ်လျူရှုထားတာတွေကို အခြေတည်ရိုက်ကူးထားတဲ့ Romanian ဟာသဆန်ဆန် အက်ရှင်ကား လာပါပြီ။ ဒီမှာ အဓိကဇာတ်ကောင်က ဒန်ဇယ်လို့ခေါ်တဲ့ ယာဉ်ထိန်းရဲပါ။ သူ့ရဲ့ငယ်ဘ၀သူရဲကောင်းတွေက မတရားမှုကို တိုက်ခိုက်သူတွေဖြစ်ပြီး ဒန်ဇယ်ကလည်း သူတို့လို ဖြစ်ချင်ခဲ့တာပါ။ ကံမကောင်းစွာနဲ့ စာမေးပွဲကျတဲ့အတွက် ရဲအရာရှိဖြစ်မလာဘဲ ယာဉ်ထိန်းရဲလုပ်နေရသူပေါ့။ ဒန်ဇယ်အဖေကလည်း တစ်ချိန်က ယာဉ်ထိန်းရဲလုပ်ခဲ့ပြီး တရားမျှတမှုအတွက်ကြိုးပမ်းခဲ့တဲ့အတွက် သူတို့ ဌာနမှာ ခုထိလှောင်စရာဖြစ်နေပါတယ်။ သားအဖ၂ယောက်လုံး ဌာနမှာ သိုးမည်းဖြစ်နေတာပေါ့။ ဒန်ဇယ်တို့ မြို့မှာ ရဲတွေက သူတို့လုပ်ရမယ့်အလုပ်ကလွဲရင် ကျန်တာအကုန်လုပ်ပါတယ်။ ကိုကိန်းသုံးတာ အရက်သောက်တာ အလှပြင်တာ မိန်းမရှုပ်တာ အကုန်ပါပဲ။ ရဲတွေနဲ့ လူကြီးပိုင်းတွေ ပေါင်းပြီးတော့ အကျင့်ပျက်နေကြတာပါ။ သူတို့အတွက် တရားမျှတမှုဆိုတာ ဟာသလိုကို ဖြစ်နေတာပါ။ ဒန်ဇယ်ကတော့ ဒါတွေကို ပြောင်းလဲချင်ပါတယ်။ သူတို့မြို့က လောင်းကစားအိမ်ကို ဓားပြတိုက်တဲ့သူတွေကို ရအောင်ဖော်မယ်ဆိုပြီး မစ်ရှင်စပါတယ်။ သေချာပေါက် ရဲမှူးနဲ့ လုပ်ဖော်ကိုင်ဖက်တွေက သဘောမတူပါဘူး။ ဒန်ဇယ် တရားခံလို့ ထင်တဲ့သူက အထက်လွှတ်တော်အမတ်ရဲ့ သား ဖြစ်နေတဲ့အခါ… ဓားပြမှုကို ဆက်ပဲဖော်မလား… တခြားရဲတွေလိုပဲ မသိသလိုနေမလားဆိုတာကတော့…. ဒန်ဇယ်ရဲ့ Character ကို အလေးအနက်ကြီးမဟုတ်ဘဲ အူကြောင်ကြောင် ငတုံးလို လုပ်ထားတာမို့လို့ ဟာသဆန်ဆန် ကြည့်ရှုခံစားရမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.8GB, 740MB Quality – 1080p, 720p IMDb Rating – 5/10 Format – mp4 Duration – 1H 39Min Genre – Action, Comedy Subtitle – Myanmar Subtitle (Hardsub) Translated by Shune Lai KK Encoded by Y

5 2023 99 mins
Haita De Acțiune
Billion Dollar Brain
6

Billion Dollar Brain (1967) ~ IMDb – 6/10, Rotten Tomatoes – 50% ~ ဟယ်ရီပါလ်မာ Trilogy ရဲ့ ‌တတိယကားပါ။ တစ်ကားပြီးတစ်ကား ကြည့်ရင်း သိသာတဲ့ Character Development တစ်ခုကတော့ ဟယ်ရီပါလ်မာ စော်ပိုပိုကြည်လာတာပါပဲ။ ဒီ တတိယကားကိုတော့ The Devils, Women in Love နဲ့ Tommy တို့ရဲ့ ဒါရိုက်တာ Ken Russell က ရိုက်ကူးခဲ့တယ်။ သူရိုက်သမျှထဲ ဂယက်တော်တော်ထတဲ့ ရုပ်ရှင်ပါပဲ။ ဇာတ်လမ်းအနေနဲ့ ဟယ်ရီပါလ်မာ တစ်ယောက် ဘာလင်ကိစ္စအပြီးမှာ အလုပ်ထွက်ပြီး လန်ဒန်မှာ အလွတ်တမ်းစုံထောက်အနေနဲ့ အလုပ်လုပ်နေတာက စတယ်။ ဒါပေမဲ့ မင်းသားဆိုတော့ ပြဿနာတွေက လာလာရှာတာပေါ့လေ။ ကွန်ပျူတာအသံနဲ့ ဖုန်းတစ်လုံးက သူ့ကိုဆက်သွယ်လာပြီး ပစ္စည်းတစ်ခုကို လာပို့ပေးဖို့ပြောတယ်။ ဆရာသမားက ဘဏ္ဍာရေးထိခိုက်နေတယ်ဆိုတော့ ပိုက်ဆံရမယ်လည်းကြားကော ပို့ပေးတော့တာပေါ့။ ဖြစ်ချင်တော့ ပစ္စည်းလာပို့ခိုင်းတဲ့သူက သူ့ရဲ့ မိတ်ဆွေဟောင်းတစ်ယောက်ဖြစ်နေတယ်။ အဲဒီမှာ သူတို့ပေါင်းပြီး အလုပ်တွဲလုပ်ရင်း ငွေထုပ်ကြီးပိုက်မယ်လို့ ဆုံးဖြတ်လိုက်တာပေါ့။ သူတို့အလုပ်လုပ်ပေးရမယ့်လူက ဗိုလ်ချုပ်ကြီးမစ်ဝင်းတားဆိုတဲ့ အမေရိကန်က ကွန်မြူနစ်မုန်းတီးရေးသမားကြီးတစ်ယောက်။ သူက ဘီလျံဒေါ်လာတန် ကွန်ပျူတာကြီး တနည်းအားဖြင့် AI သဘောမျိုး ကိုသုံးပြီး ကမ္ဘာအနှံ့မှာ အေးဂျင့်တွေကို တာဝန်တွေပေးတယ်။ သူ့ရဲ့လက်ရှိမစ်ရှင်က ရုရှလက်အောက်ရောက်နေတဲ့ လက်ဗီယာနိုင်ငံက ကွန်မြူနစ်ဆန့်ကျင်ရေးသမားတွေကို ငွေအား လူအား လက်နက်အား တွေထောက်ပံ့ပြီး ရုရှတွေကို ပုန်ကန်‌ကြဖို့ပေါ့။ သူက ပါလ်မာတို့ကိုလည်း တာဝန်တွေပေးတယ်။ ဟိုလိုလုပ်ပါ။ ဒီလိုလုပ်ပါ ဘာညာပေါ့။ ဒါပေမဲ့ ပါလ်မာရုပ်ရှင်တွေထုံးစံအတိုင်း မြုပ်ကွက်တွေ တပတ်ရိုက်ကွက်တွေပါလာတဲ့အခါမှာတော့ ဘယ်သူတွေ အညာမိပြီး ဘယ်သူတွေနိုင်မလဲ။ ပါလ်မာကို ပို့ခိုင်းခဲ့တဲ့ ပစ္စည်းကကော ဘာလို့အရေးကြီးသလဲဆိုတာကို အထာကျကျ ပြသွားမယ့်ကားပါ။ ဒီတစ်ကားကတော့ ၃ ကားထဲမှာ သိပ္ပံအဆန်ဆုံးရုပ်ရှင်ပါပဲ။ Cast တွေကလည်း Karl Malden နဲ့ Ed Begley တို့လို ဆရာကြီးတွေပါဝင်ထားပါတယ်။ စိတ်မကောင်းစရာတစ်ခုအနေနဲ့ မင်းသမီးဖြစ်တဲ့ Françoise Dorléac ကတော့ ရုပ်ရှင် ရုံမတင်ခင် ၆ လ အလိုလောက်မှာ ကားမတော်တဆမှုတစ်ခုကြောင့် အသက် ၂၅နှစ်အရွယ်မှာပဲ ဆုံးပါးသွားခဲ့ပါတယ်။ ဒါက သူ့ရဲ့ နောက်ဆုံးရုပ်ရှင်ပါ။ သိပ်ကိုနှမျောဖို့လည်းကောင်းပါတယ်။ ဂယက်တွေထခဲ့ရတဲ့အကြောင်းက ဒါရိုက်တာရွေးချယ်ခဲ့တဲ့နေရာမှာ လွဲချော်ခဲ့လို့ ဆိုတာပဲပြောရမယ်။ ဘာကြောင့်လဲဆိုတော့ ဒါရိုက်တာ Ken Russell ကို ခံစားချက်များများပါတဲ့ရုပ်ရှင်တွေမှာပဲ တော်တယ်၊ ဒီလို နည်းပညာအသားပေးတို့ဘာတို့မှာ အဆင်မပြေဘူးဆိုတဲ့ ဝေဖန်သံတွေရှိခဲ့တယ်။ သူ့အနေနဲ့လည်း မရိုက်ချင်ဘဲ ရိုက်ခဲ့ရတာ‌ဖြစ်ကြောင်းပြောခဲ့တာလည်းရှိတယ်။ ကောင်းခြင်းဆိုးခြင်းကတော့ ကြည့်တဲ့သူတွေကပဲ ဆုံးဖြတ်ရလိမ့်မယ်။ အဆိုးဆုံးကတော့ ဒီရုပ်ရှင်မှာ ဆိုဗီယက်တွေကို လူကောင်းလိုလိုဘာလိုလိုရိုက်ထားတယ်ဆိုပြီး အမေရိကန်တွေက အသားကုန်နှက်ကြတာပဲ။ စစ်အေးကာလဆိုတော့ ပတ်ရမ်းရင်း ရုပ်ရှင်ကို ဇွတ်နာမ်နှိမ်ပစ်တာတွေလည်းရှိခဲ့တာပေါ့။ ဒီလိုဂယက်ပေါင်း သောင်းခြောက်ထောင်နဲ့ ဟယ်ရီပါလ်မာ Trilogy ကြီးဟာ တစ်နှစ်ကို တစ်ကား၊ တစ်ကားကို ဒါရိုက်တာတစ်ယောက် နဲ့ ကောင်းကောင်းရိုက်ကူးပြီးစီးခဲ့ပါတယ်။ ဗြိတိသျှ စပိုင်ရုပ်ရှင်တွေအကြောင်းပြောကြရင် Harry Palmer Trilogy ကလည်း Classic စပိုင်ရုပ်ရှင်တွေအနေနဲ့ အမြဲထည့်ပြောနေရမှာပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 860MB Quality – 1080p, 720p IMDb Rating – 6/10 Format – mp4 Duration – 1H 51Min Genre – Crime, Drama, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

6 1967 111 mins
Billion Dollar Brain
The Aviary

The Aviary [2022] ကန္တာရရဲ့အလယ်မှာ အေဗာရီဆိုတဲ့အရပ်မှာ စိတ်ကျန်းမာရေးကုထုံးနဲ့ လူတွေကို ကုသပေးနေတဲ့ ဂေဟာတစ်ခုရှိပါတယ်… ဆက်သ်ဆိုတဲ့ လူဟာ ဒီနေရာကို ဦးဆောင်နေသူပေါ့… တစ်နေ့မှာတော့ သူတို့ဂေဟာက နံပါတ် ၂ဖြစ်တဲ့ ဂျီလီယန်ဟာ သူ့သူငယ်ချင်း ဘလဲရ်နဲ့အတူ ဒီဂေဟာကနေ ထွက်ပြေးလာခဲ့ပါတယ်… ဂေဟာထဲမှာ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေဟာ သွေးထွက်သံယိုမှုတွေပါ ပါဝင်လာတာကြောင့် အသက်အန္တာရာယ် မကျရောက်လိုတဲ့ ဂျီလီယန်ဟာ ဆက်သ်လက်က လွတ်အောင် ထွက်ပြေးလာခဲ့တာပါ… ဂျီလီယန်ဟာ လွတ်မြောက်ရုံထွက်ပြေးလာပေမယ့် အတူလိုက်ပါလာတဲ့ ဘလဲရက်ကတော့ ဆက်သ်ရဲ့ လက်တော့ပ်ကိုပါ အပါယူလာခဲ့ပါတယ်… အရေးကြီးသက်သေခံမှတ်တမ်းတွေပါတဲ့ ဒီလက်တော့ပ်နဲ့သာဆို ဆက်သ်ကို တစ်သက်တစ်ကျွန်းထောင်ကျသွားအောင် လုပ်ပစ်နိုင်တာမို့ ဂျီလီယန်ရဲ့ ခရီးဟာ သူ့လွတ်မြောက်ရေးတင်မဟုတ်ပဲ အေဗာရီက လူတွေအားလုံး လွတ်မြောက်ရေးပါ ဖြစ်လာပါတော့တယ်… ဒီလွတ်မြောက်ရေးခရီးမှာတော့ သူတို့ရင်ဆိုင်ရတဲ့ အခက်အခဲတွေထဲက အကြီးအမားဆုံးအရာကတော့ ဆက်သ်ပါပဲ… ဆက်သ်ဟာ သူတို့ စိတ်တွေကို ထိုးနှောက်ဖျက်ဆီးထားပြီးပါပြီ… ပုံမှန်မဟုတ်တဲ့ သူတို့စိတ်အခြေအနေ…. နောက်ကတကောက်ကောက်လိုက်နေတဲ့ ဆက်သ်…. ဒါတွေအားလုံးကနေ သူတို့ လွတ်မြောက်ပြီး လိုရာပန်းတိုင်ကို ရောက်သွားနိုင်ကြမလား… ရှုစားကြရမှာပဲ ဖြစ်ပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့ Tun Aung Kyaw ပဲ ဖြစ်ပါတယ်။ Genre….. Thriller Quality…. 1080p | 720p File size… 1.3GB | 613MB Format… mp4 Duration…. 1h 36min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Tun Aung Kyaw Encoder ….. Aaron

0 2022
The Aviary
French Kiss
6.6

When Harry meets Sally, You’ve got mail, Sleepless in Seattle လိုမျိုး 90s romantic movies တွေရဲ့ ပင်တိုင်စံ မင်းသမီးကြီး တစ်ယောက်ဖြစ်တဲ့ Meg Ryan ရဲ့ romance ကားကောင်းလေး တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ကိတ်ဆိုတာက ဘ၀မှာ ဘာမှ မစွန့်စားရဲ သာမန်ရိုးကျလိုပဲ နေတတ်လွန်းတဲ့သူပေါ့။ သူ့ရဲ့ စေ့စပ်ထားသူဖြစ်တဲ့ ချာလီနဲ့ အတူတူ အိမ်လေး တစ်လုံး၀ယ် အခြေချဖို့ပဲ မျှော်လင့်ထားပြီး အချစ်မြို့တော် ပါရီမြို့ကို ချာလီနဲ့အတူတူ လေယာဉ်စီးလိုက်ခဲ့ဖို့ကိုတောင် မဝံ့ရဲတဲ့သူ‌‌လေးပါ။ ဒီလိုမျိုးကိုမှ ပါရီကို ထွက်သွားတဲ့ ချာလီတစ်ယောက်က ပြင်သစ်သူ တစ်ယောက်နဲ့ ငြိပြီး လမ်းခွဲဖို့တွေ ပြောလာတဲ့အခါမှာတော့ ကိတ်တစ်ယောက် ဘာကိုမှမကြောက်နိုင်တော့ပဲ ချာလီ့ကို ရှာဖို့ ပြင်သစ်ကို ထွက်လာရပါတော့တယ်။ ကိတ်ရဲ့ ပြင်သစ်တခွင် ချာလီ ရှာပုံတော်ခရီးမှာ ပါလာတဲ့သူကတော့ “လု”လည်းမဟုတ် “လယု”လည်းမဟုတ်တဲ့ “လျုခ်” တက်ဆီယာဆိုတဲ့ ပြင်သစ်သား သူခိုးတစ်ယောက်ပေါ့။ ကိတ်ကို အသုံးချပြီး ပြင်သစ်နိုင်ငံထဲ ပစ္စည်းခိုးသွင်းခဲ့တာကနေပဲ သူမရဲ့ ရှာပုံတော်ခရီးကို လိုက်ကူညီပေးဖို့ ဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ပဲ စလာတည်းက ဘုနဲ့ဘောက် တကျက်ကျက် စကားများနေရတဲ့ သူတို့ နှစ်ယောက်ရဲ့ ရည်းစားပျောက်ရှာပုံတော်ခရီးမှာ ချာလီကိုရော ရှာတွေ့ကြပါ့မလား။ ကိတ်နဲ့ လျုခ်တို့ကြားမှာ တဖြည်းဖြည်းနဲ့ ပေါက်ဖွားလာတဲ့ အချစ်မေတ္တာလေးတွေကရော သူတို့နှစ်ယောက်ရဲ့ အချစ်ခရီးအတွက် လမ်းစတစ်ခု ဖြစ်လာပါ့မလား။ ဒီခရီးကြီးရဲ့အဆုံးမှာရော သူတို့တွေရဲ့ အချစ်ဇာတ်လမ်းလေး တစ်ပုဒ်က ဘယ်လိုပြီးဆုံးသွားမလဲ ဆိုတာကို ကြည့်ရှုခံစားပေးကြပါဦးခင်ဗျ။ File size… 2.1 GB / 972 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 51m Genre ….. Comedy/Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Brackman

Thriller
6.6 1995
French Kiss
Mystery Hunting
5.8

အားနွဲ့တဲ့မိန်းမတွေဟာ စိတ္တဇလူသတ်သမားတွေရဲ့ အလွယ်တကူပစ်မှတ်ထားခြင်းကို ခံရတတ်တယ်။ မြို့တစ်မြို့မှာ ပိုက်ဆံချမ်းသာပြီး ငယ်ရွယ်တဲ့မိန်းကလေးတွေ ပြန်ပေးဆွဲခံရပြီး အသတ်ခံရတဲ့အမှုတွေဖြစ်နေပါတယ်။ ပိုက်ဆံရှိသူဌေးကြီးတွေရဲ့ ရည်းစားတွေကိုပစ်မှတ်ထား ပြန်ပေးဆွဲနေတာဖြစ်ပြီးတော့ ထူးခြားတာကတော့ ငွေညှစ်ပြီး ငွေရရင်တောင် လူသတ်တဲ့အတွက် ရဲတွေဟာဒါက ငွေအတွက်မဟုတ်ရင် ဘာကြောင့်သတ်နေတာလဲ လူသတ်ချင်တဲ့စိတ်ဆန္ဒကိုဖြည့်ဆည်းဖို့အတွက်ပဲလား ဘာကြောင့်လဲဆိုပြီး စဉ်းစားမရဖြစ်နေခဲ့တယ်။ အပြစ်မရှိတဲ့မိန်းကလေးတွေကို ကယ်တင်နိုင်ဖို့ ဉာဏ်များပြီး ဒီအန္တရာယ်အရမ်းများတဲ့ တရားခံကိုဘယ်လိုဖမ်းမလဲဆိုတာ ရိုက်ကူးထားတဲ့ မှုခင်းဇာတ်လမ်းလေးပဲဖြစ်ပါတယ်။

5.8 2024
Mystery Hunting
Mausam
4.8

Mausam (2011) “မုန်တိုင်းကို ရင်ဆိုင်၍” ၂၀၁၁ က ထွက်ရှိခဲ့တဲ့ ဟင်ဒီရိုမန့်ရုပ်ရှင်လေးကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ရပါတယ်ဗျာ မျက်နှာထားချိုချိုနဲ့ မင်းသား Shahid Kapoor နဲ့ မင်းသမီး Sonam Kapoor တို့ ပါဝင်ထားတဲ့ ဒီဇာတ်လမ်းမှာဆိုရင် ၁၉၉၂ – ၂၀၀၂ ကြား သမိုင်းနောက်ခံဖြစ်ရပ်တွေ အရေးခင်းတွေကိုပါ ထည့်သွင်းဖော်ပြထားပါတယ် ၁၉၉၂ မှာ အာရက်နဲ့ သူ့အဒေါ်ဟာ ကတ်ရှ်မီးယားကနေ Mallukut ကို ထွက်ပြေးလာပါတယ် သူ့အမေကို စစ်သွေးကြွတွေလက်ချက်နဲ့ ဆုံးရှုံးခဲ့ရတာပါ အဲဒီမှာ ပျော်ပျော်နေတတ်တဲ့ တက်တက်ကြွကြွကောင်လေး ဟယ်ရီနဲ့ စတွေ့ပါတယ် ဒီလိုနဲ့ ချစ်သူတွေဖြစ်သွားကြတယ် ဆိုပါတော့ ဒါပေမဲ့ သူတို့တွေအကြောင်းတစ်ခုကြောင့် ခွဲခွာခဲ့ရပြီး နောက်ထပ်ပြန်လည်ဆုံတွေ့ချိန်မှာလည်း နိုင်ငံရေးအခြေအနေတွေက သူတို့နှစ်ယောက်နီးစပ်ရေးကို အမျိုးမျိုးတားဆီးပြန်ပါတယ် မတူညီတဲ့ နောက်ခံမှလာတဲ့ ချစ်သူနှစ်ဦး… စစ်ပွဲ၊ ဘာသာရေးပဋိပက္ခ ခလုတ်ကန်သင်းတွေကြားမှ လွတ်လမ်းကို အတူရှာတွေ့သွားနိုင်မှာလား အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်

4.8 2011
Mausam
9-9-81
5.3

Director: Rapeepimol Chaiyasena ရိုက်ကူးတင်ဆက်ထားပြီး 13 September 2012 (Thailand) မှာ ရုံတင်ခဲ့တဲ့ ထိုင်းသရဲကားဖြစ်ပါတယ်… ဇတ်လမ်း ပုံစံကတော့ လက်ထပ်မယ် ပြောထားတဲ့ ချစ်သူက ကားမှောက် သေပြီလို့ ကြားပြီး တိုက်ပေါ်က ခုန်ချသွားတဲ့ မိန်းမချောလေး…. မသေခင်က သူမ ကို ကျိတ်ကြွေနေတဲ့ ထမင်းဆိုင်က ကောင်လေးကတော့ ကောင်မလေး တိုက်ပေါ်က ခုန်ချ သေသွားပြီးနောက်မှာ သူမ ရဲ့ အတွင်းခံ အဝတ်ကို ခိုးယူထားတာ စိတ်မသန့်လို့ ပြန်သွားအထား အခန်းရှေ့မှာပဲ ပျောက်ဆုံးသွားတယ်…. သေခါနီး ကင်ဆာ ရောဂါသယ် တစ်ယောက်ကလဲ ထိုအခန်းကို လာအငှား မစားသင့်တဲ့ သေသူကို ပူဇော်တဲ့ အစား စားမိလို့ အသေဆိုးနဲ့ သေရပြန်… ချစ်သူ ဆိုတဲ့ လူရဲ့ အလိမ်စကား ကို ပြောပေးတဲ့ သူငယ်ချင်း ဆိုတဲ့ မိန်းမလဲ ကားမှောက်ပြီး သေပြန်တယ်…. နောက်ဆုံး သူ လိမ်ညာမိလို့ သေသွားတဲ့ ကောင်မလေး အသုဘ ကို ရောက်လာတွေ့တဲ့ ကောင်လေးလဲ နောက်နေ့ မနက် ကားပဲ မြင်ရပြီး လူကတော့ ထူးဆန်းစွာ ပျောက်ဆုံးသွားပြန်တယ်…. File Size : 1.2 GB, 558 MB Quality : WEB-DL 1080p / 720p Running Time : 1hr 32min Format : Mp4 Genre : Horror Subtitle : Myanmar Subtitle (Hard Sub) Encode by : Thit San Khant

5.3 2012 92 mins
9-9-81
A Real Pain
7.3

A Real Pain (2024) IMDb Rating (7.3) / Rotten Tomatoes (96%) ဒီရုပ်ရှင်ကတော့ 2024 ရဲ့ထိပ်တန်းစာရင်းဝင် (၁၀) ကားထဲမှာ တစ်ကားအပါအဝင်ဖြစ်ပြီး Golden Globe မှာလည်း ဆုတွေ တစ်သီကြီးရရှိထားပါတယ်။ Now You See Me, Social Network တို့နဲ့ နာမည်ကြီးခဲ့တဲ့ မင်းသား Jesse Eisenberg ပါဝင်သရုပ်ဆောင်ထားပြီး ဆုရမင်းသား Kieran Culkin က ဦးဆောင်ထားပါတယ်။ ဇာတ်လမ်းက ပိုလန်နဲ့ အမေရိကန် ရုပ်ရှင်ကုမ္ပဏီ ပူးပေါင်းရိုက်ကူးတာဖြစ်ပြီး ဒုတိယ ကမ္ဘာစစ်က နာဇီဂျူးတပ်စခန်းမှာ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ လူတွေရဲ့ မျိုးဆက်တွေဖြစ်လာတဲ့ ကမ္ဘာအနှံ့က ဂျူးမျိူးနွယ်ဝင် လူတစ်စုက သူတို့ဘိုးဘေးတွေရဲ့သမိုင်းကြောင်းခြေရာပြန်ကောက်ဖို့ ပိုလန်ကိုခရီးထွက်ခဲ့ကြတဲ့အကြောင်းကို ရိုက်ကူးထားတာပါ။ ဒီထဲမှာ ဂျူး-အမေရိကန် တွေဖြစ်တဲ့ ဒေးဗစ်နဲ့ ဘန်ဂျီတို့ ဝမ်းကွဲညီအစ်ကိုကလည်း သူ့အဖွားနေခဲ့တဲ့ ပိုလန်ကအိမ်နဲ့ ဂျူးတွေရဲ့သမိုင်းကိုလေ့လာဖို့ ခရီးထွက်ရင်း ဇာတ်လမ်းလေးစတင်ထားပါတယ်။ လူတွေနဲ့သိပ်အပေါင်းအသင်းမရှိဘဲ Introvert ဆန်ဆန်နေတတ်တဲ့ ဒေးဗစ်နဲ့ ဆေးကွဲပြီး တွေ့ရာလူကို လိုက်ကြပ်နေတဲ့ဘန်ဂျီတို့ ၂ ယောက် ဒီခရီးစဉ်မှာ ဘယ်လိုအမှတ်တရတွေဖန်တီးသွားမလဲ ကြည့်လိုက်ကြပါဦး။ (အညွှန်းရေးသားသူကတော့ Thiha Yan Naing ဖြစ်ပါတယ်။) File size…(8.7 GB) / (2.2 GB) / (1 GB) Quality….WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Drama Duration….01:30:02 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Act Molemy, Thiha Yan Naing, Matteo

7.3 2024 90 mins
A Real Pain
Albert Nobbs
6.7

IMDb 6.7/10 ဒီတစ်ခါ တင်ဆက်ပေးလိုက်တာကတော့ Period Drama ကောင်းတစ်ခုဖြစ်တဲ့ Albert Nobbs ပဲ ဖြစ်ပါတယ် ။ အဓိက ဇာတ်ကောင်ဖြစ်တဲ့ albert nobbs ဟာ ဟိုတယ် တစ်ခုမှာ အလုပ်လုပ်တဲ့ စားပွဲထိုးတစ်ယောက်ပါ ။ ရှက်တတ်ပြီး စကားသိပ်မပြောတဲ့ Albert မှာ လျှိဝှက်ချက် အကြီးကြီး တစ်ခုရှိပါတယ် ။ တစ်ရက်မှာတော့ ဟိုတယ်ကို ဆေးသုတ်ဖို ငှါးထားတဲ့ ဆေးသုတ်သမားတစ်ယောက် ရောက်လာတဲ့အခါ Albert နဲ့ တစ်ခန်းတည်း အတူနေဖို ဖြစ်လာပါတော့တယ် ။ တစ်ခန်းတည်း အတူနေရင်းနဲ့ Albert ရဲ့ လျှိဝှက်ချက်ကို ဆေးသုတ်သမား Hubert က သိသွားပေမဲ့ ဖြစ်ချင်တော့ သူတိုနှစ်ယောက်ဟာ ဘဝတူတွေ ဖြစ်နေခဲ့ ကြပြန်ပါတယ် ။ ငယ်ငယ်တည်းက ရည်ရွယ်ချက်ကြီးတဲ့ Albert ဟာ ဘဝတူ Hubert ကို ကြည့်ရင် ဘယ်လိုစိတ်ကူး အိပ်မက်လေးတွေ ဖြစ်လာမလဲ ။ အဲဒီ စိတ်ကူးအိပ်မက်တွေကိုရော ဘယ်လိုအကောင် အထည်ဖော်မလဲ ။ အရေးအကြီးဆုံးကတော့ သူ့တစ်ဘဝ လုံးစာ အိပ်မက်ကလေးက ဖြစ်မြောက်သွားမှာလား ။ သေချာတာတော့ ဒီရုပ်ရှင်ဟာ slice of life မှာ romance ကို ပါးပါးလေး သုတ်ထားတဲ့ ရုပ်ရှင်မျိုးပါပဲ ။ Romance က နည်းနည်းလေးရယ်ဆိုပေမဲ့ ရင်ထဲမှာ နက်နက် နဲနဲခံစားရတာမျိုးဆိုရင်လည်း မမှားပါဘူး ။ ဒါဆိုရင်တော့ ကြမ်းတမ်းတဲ့ ၁၉ ရာစု လောကဓံမှာ သူမတူတဲ့ ဘဝနဲ့ ကြိုးစားရုန်းကန်နေတဲ့ albert nobbs ရဲ့ ဘဝဇာတ်ကြောင်းကို အတူတူခံစားလိုက်ရအောင်ပါနော် ။ File size… (1.47 GB) / (839 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 53m Genre …..Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Hazelle

Animation • Music • Comedy • Fantasy • Family
6.7 2011 113 mins
Albert Nobbs