YoteShin Drive is below this article. Scroll down to view.

Google Pixel Watch brows and major functions

Author: Anonymous Published on: 12 Aug 2022

Google will announce the first smartwatch of the company called Pixel Watch on October 6. Before the introduction of the smartwatch, the photo and key features of the smartwatch were leaked. Black It will produce silver with gold and gold and can choose the colors such as Lemongrass, Olive, Red, Gray, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige and Green. The photos have been seen in the photo and crown. Google Pixel Watch: That Pic.twitter.com/jfeac8fkuj & mdash; Snoopytech (@_snoopytech_) October 2, 2022 You can wear up to 50 meters of water and protect against Gorilla Glass. Sleeping, The health features that measure heart rate will include Emergency Mode, Quick Pairing Buds and 6-month Fitbit Premium subscription. Other functions will include Maps for Wear OS, Google Assistant, Google Wallet, and Health BY Fitbit. Google will sell the minewriting for the pixel watch in the winter, and the smartwatch in the photo box shared by the Google News Telegram Channel. Sports Band, There are a USB-C Magnetic Charging Cable and Quick Start Guides. The pixel watch will be supported by Gmail and Google Calendar and the smartwatter's battery life will be used for a day. Wifi / Bluetooth edition is expected to set the LTE edition $ 399 for $ 399. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

The.Beat.Beneath.My.Feet.2014.720p {CM}.mp4

766.59 MB 720p video/mp4 77 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Anthropoid
7.1

၁၉၃၈ခုနှစ် စက်တင်ဘာလမှာ ပြင်သစ်၊အီတလီ၊ဗြိတိန်မှ ခေါင်းဆောင်များနှင့် အက်ဒ်ဒေါဖ့် ဟစ်တလာဟာ မြူးနစ်မြို့၌ ညီလာခံတစ်ခုကျင်းပခဲ့ကြပါတယ်။ အဆိုပါ ညီလာခံမှာ ချက်ကိုစလိုဗားကီးယားကို ဂျာမဏီလက်သို့မအပ်ပါက အိမ်နီးချင်းနိုင်ငံများတွင် စစ်ဖြစ်လာနိုင်ကြောင်း ဟစ်တလာက ခြိမ်းခြောက်တယ်။ ဂျာမဏီကိုရင်ဆိုင်ရန် မဟာမိတ်မရှိသေးတဲ့ ချက်ကိုစလိုဗားကီးယားဟာ အသာတကြည်လက်နက်ချခဲ့ရပြီး ဂျာမဏီဟာ သေနတ်ကျည်တစ်ချက်မျှ မဖောက်ရဘဲ ချက်ကိုစလိုဗားကီးယားကို သိမ်းပိုက်သွားပါတယ်။ သို့ပေမဲ့ နာဇီအုပ်ချုပ်မှု ဆန့်ကျင်သူများကတော့ ဆက်လက်ခုခံတော်လှန်နေကြပြီး ဟစ်တလာက ထိုသူတွေကိုချေမှုန်းဖို့ ဗိုလ်ချုပ်ကြီးReinhard Heydrichကို Pragueမြို့ကိုစေလွှတ်ခဲ့ပါတယ်။ နာဇီအင်ပါယာမှာတော့ ဟစ်တလာနဲ့ ဟင်မလာပြီးရင် ထိုဗိုလ်ချုပ်ကြီးဟာ တတိယမြောက်အာဏာအရှိဆုံးလူပါ။ ဇာတ်ကားရဲ့ နာမည်ဖြစ်တဲ့ Anthropoidဆိုတာက ထိုဗိုလ်ချုပ်ကြီးကိုလုပ်ကြံမယ့် ချက်ဇ်အစိုးရရဲ့ စစ်ဆင်ရေးနာမည်ပဲဖြစ်ပါတယ်။ ဖြစ်ရပ်မှန်ကို ပြန်ရိုက်ကူးထားတာဖြစ်ပြီး ဒုတိယကမ္ဘာစစ်အတွင်း နာဇီဘက်မှ လုပ်ကြံခံရတဲ့ ရာထူးအကြီးဆုံးလူဖြစ်ပါတယ်။ လုပ်ကြံမှုကို ဦးဆောင်ခဲ့သူနှစ်ယောက်အဖြစ် Fifty Shades မင်းသား Jamie Dornan နဲ့ Peaky Blindersမင်းသား Cillian Murphyတို့ နှစ်ယောက်ကသရုပ်ဆောင်ထားပါတယ်။ လုပ်ကြံမှုကို ဘယ်လိုလုပ်ခဲ့လဲ၊ ဘယ်လိုပြီးဆုံးသွားလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းတဲ့အပြင်ရဲ့ Cillian Murphyရဲ့ မာစတာမိုင်းဆန်ဆန်သရုပ်ကိုတွေ့မြင်နိုင်သေးတဲ့ ကားကောင်းလေးဖြစ်ပါတယ်။ File Size :(3.8GB) and (1.1GB) Quality : WEB-DL1080p, 720p Format…mp4 Duration…02:00:00 Genre : Action ,Biography ,Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae

7.1 2016 120 mins
Anthropoid
1898: Our Last Men in the Philippines
6.5

ဒီဇာတ်ကားဟာ လေးရာစုနီးပါး သက်တမ်းကြာရှည်ခဲ့တဲ့ စပိန်အင်ပါယာရဲ့နောက်ဆုံး ကိုလိုနီနယ်မြေဆုံးရှုံးခဲ့ရတဲ့အကြောင်းကို ပြန်လည်ရိုက်ကူးထားတဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းလေးပါ။ ဘယ်သူမှမနိုင်နိုင်တဲ့စစ် ဘယ်သူမှ မရှုံးချင်တဲ့စစ်ပွဲလေးကို ရည်ညွှန်းရိုက်ကူးထားပါ။ ဇာတ်လမ်းအစမှာ စပိန်အင်ပါယာပိုင် ဖိလစ်ပိုင်နိုင်ငံ ဘာလယ်ဆိုတဲ့ကျွန်းမြို့လေးဟာ နယ်ခံတော်လှန်ရေးသမားတွေအလစ်ငိုက်သိမ်းပိုက်တာခံရပြီး စပိန်မြို့စောင့်တပ်သားတွေဟာလည်း အားလုံးနီးပါးသတ်ဖြတ်ခံလိုက်ရပါတယ်။ ဒီကိုလိုနီမြို့လေးကို ပြန်သိမ်းဖို့အတွက် ကပ္ပတိန် အန်းရစ်နဲ့ လက်ဖတင်နင် မာတင်စီရီဇိုတို့ဦးဆောင်ပြီးနောက်ထပ် တပ်စုတစ်စုကိုစပိန်ကစေလွှတ်လိုက်ပါတယ်။ အဲ့ကာလဟာစပိန်အင်ပါယာရဲ့ဆုတ်ယုတ်အချိန်လည်းဖြစ်နေတာကြောင့် သူတို့တပ်စုကို ရိက္ခာအင်အား ဘာ့မှထောက်ပံ့မပေးနိုင်တော့ပါဘူး။ အဆုံးသတ်မှာ ဘယ်လိုဖြစ်သွားမလဲဆိုတာ ကိုတော့ ဇာတ်လမ်းထဲမှာစောင့်ကြည့်ရင်းကြည့်ရှုခံစားလိုက်ပါဦး။ File Size :(2.1GB) (899 MB) and (380 MB) Quality : Blu-Ray 1080p ,720p Format…mp4 Duration…01:45:00 Genre : War, Drama , History Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae

Drama
6.5 2016 130 mins
1898: Our Last Men in the Philippines
Slumdog Millionaire
7.7

ဗြိတိန်ဇာတ်ကားလေးတစ်ခုကို ပြန်လည်အသက်သွင်းချင်ပါတယ်။ ငွေကြေးအရရော၊ အနုပညာအရပါ အကြီးအကျယ် အမြတ်ရခဲ့တဲ့ လက်ရာကောင်းတစ်ခုပါ။ ရုပ်ရှင်ချစ်ပရိသတ်တိုင်း ကြည့်ဖူးပြီးသားမလို့ အညွှန်းကို မိတ်ဆက်အနေနဲ့ မရေးတော့ဘဲ ထဲထဲဝင်ဝင်ရေးချင်ပါတယ်။ မကြည့်ရသေးသူများကတော့ ဇာတ်လမ်းကို အရင်ကြည့်ဖို့ တိုက်တွန်းပါတယ်ခင်ဗျာ။ ဇာတ်လမ်းအကျဉ်းက တစ်ကြောင်းနှစ်ကြောင်းလောက်ပဲရှိပါတယ်။ ဆင်းဆင်းရဲရဲကြီးပြင်းလာတဲ့ လူငယ်လေးတစ်ယောက်ဟာ ငယ်ငယ်ကဆုံခဲ့ပြီး သံယောစဉ်ဖြစ်ရတဲ့ မိန်းကလေးကို အစဉ်တစိုက်လိုက်ရှာရင်း မိန်းကလေးနဲ့ဆုံမယ့်အခွင့်အရေးရနိုင်မလားတွေးပြီး မိန်းကလေးကြိုက်နှစ်သက်တဲ့ တီဗီအစီအစဉ်မှာဝင်ပြိုင်ခဲ့တာပါ။ မေးခွန်းတိုင်းဟာ သူတွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေဖြစ်လို့ ကောင်းမွန်စွာ ဖြေနိုင်တယ်ဆိုတဲ့အကြောင်းပေါ့။ သူလိုလူက ဖြေနိုင်နေလို့ မသမာလုပ်တယ် မသင်္ကာဖြစ်ခံရပြီး နောက်ဆုံးမေးခွန်းမရောက်ခင်မှာ ရဲစခန်းကိုဖမ်းခေါ်ပြီး စစ်မေးခံရတဲ့ ဇာတ်ကွက်နဲ့ ဇာတ်လမ်းကိုစပါတယ်။ အိန္ဒိယမြေက ဇာတ်လမ်းလေးတစ်ပုဒ်ကို အသက်သွင်းထားတာဖြစ်ပြီး အိန္ဒိယသရုပ်ဆောင်များနဲ့ပဲ ရိုက်ကူးခဲ့တာမလို့ ဘောလိဝုဒ်နဲ့ မှားတတ်ကြပါတယ်။ ဗြိတိန်ဇာတ်ကားဖြစ်ပြီး စကားပြောများကို British Accent သံနဲ့ပဲ နားထောင်ရမှာပါ။ again ကို အဂိန်း (အနီးစပ်ဆုံး) လို့ကြားရပါလိမ့်မယ်။ အိန္ဒိယစာရေးဆရာရဲ့ ဝတ္ထုကိုပဲ ပြန်လည်ရိုက်ကူးထားတာပါ။ ၁၅ သန်း ကုန်ကျခဲ့တဲ့ ဒီဇာတ်ကားက Box Office မှာ ၃၇၈.၁ သန်းပြန်ရခဲ့တာပါ။ အကယ်ဒမီဆယ်ဆုစာ လျာထားခံရပြီး ရှစ်ခုရရှိခဲ့ပါတယ်။ ဘက်ဖ်တာ ဆု ခုနှစ်ခု၊ ဝေဖန်ရေးဆု ငါးခုနဲ့ ရွှေကမ္ဘာလုံးဆု လေးခု သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ထူးခြားတာကတော့ ဒီဇာတ်ကားကို sleeper hit အဖြစ် သတ်မှတ်ခဲ့တာပါပဲ။ စစချင်းမအောင်မြင်ဘဲ တဖြည်းဖြည်းနဲ့ အောင်မြင်မှုထိပ်ဆုံးရောက်လာတဲ့ဇာတ်ကားများကို ဆိုလိုပါတယ်။ IMDb 8 နဲ့ Rotten Tomato 90% ‌ရှိတဲ့ ဟောဒီဇာတ်ကားက Who wants to be a millionaire (မေးခွန်းဖြေစို့ သန်းကြွယ်ဖို့) အစီအစဉ်မှာ ဝင်ရောက်ယှဉ်ပြိုင်ပြီး အိန္ဒိယသုံးငွေကြေး ရူပီးသန်းနဲ့ချီပြီး အနိုင်ရရှိခဲ့သူတစ်ယောက်အကြောင်းပါပဲ။ ဒါပေမဲ့ သူဟာ အသက် ၁၈ နှစ်သာရှိပြီး ပညာတတ်ပုဂ္ဂိုလ်တစ်ယောက် မဟုတ်ပါဘူး။ ဆင်းရဲသားရပ်ကွက်တစ်ခုမှာ ဆင်းဆင်းရဲရဲ ကြီးပြင်းလာရပြီး ဘဝရဲ့အထုအထောင်းကို အရွယ်နဲ့မလိုက် ခါးစည်းခံရသူပါ။ သူဟာ ဘာ့ကြောင့် ဒီပြိုင်ပွဲကို အခြားပညာတတ်တွေထက် ကျော်လွန်ပြီး ရှေ့ဆက်နိုင်ခဲ့တာလဲ။ စာရေးဆရာကတော့ It is written (သတ်မှတ်ပြီးသားကံကြမ္မာကြောင့်) လို့ ပြောသွားခဲ့ပါတယ်။ အရေးကြီးမေးခွန်းတိုင်းဟာ သူ့ဘဝရဲ့ ခါးသီးတဲ့အတွေ့အကြုံတွေ မျက်ရည်တွေ သွေးစက်တွေကိုရင်းပြီး သိခဲ့ရတဲ့အဖြေတွေဖြစ်လို့ အောင်မြင်မှုရခဲ့တာပါ။ အဓိကသရုပ်ဆောင်တွေကို အသက်အရွယ်သုံးပိုင်းခွဲပြီး သုံးယောက်စီအသုံးပြုပါတယ်။ ကျွန်တော်သဘောအကျဆုံးကတော့ ပထမဆုံးအရွယ် ကလေးငယ်သရုပ်ဆောင်တွေပါပဲ။ အပီပြင်ဆုံးလို့လည်း ခံစားရပါတယ်။ ညီအစ်ကိုနှစ်ယောက်ရဲ့ ဘဝခရီးကြမ်းဟာ အဲဒီအရွယ်မှာပဲ အခက်ခဲဆုံးကြုံတွေ့ခဲ့ရတာကို အတိအကျ လုပ်ပြသွားနိုင်တဲ့ ကလေးတွေပေါ့ဗျာ။ နောက်ဆုံးမေးခွန်းဖြစ်တဲ့ တတိယသေနတ်ကိုင်စစ်သားရဲ့အမည်ကို လူငယ်လေး သိသလား မသိဘူးလားဆိုတာကတော့ အဓိကဆွေးနွေးရမယ့်အကြောင်းလို့ထင်ပါတယ်။ စာသင်ခဲ့ရစဉ်အရွယ်က ပြဌာန်းစာအုပ်ဖြစ်လို့ သိမှာပေါ့လို့ဆိုနိုင်သလို ပညာတပိုင်းတစနဲ့ ကျောင်းထွက်ခဲ့ရသူတွေမလို့ မသိဘူးလည်းပြောနိုင်ပါတယ်။ ပွဲထဲမှာလည်း မသိဘူးလို့ပဲ ဖြေသွားတာပါ။ ဒါပေမဲ့ သူက သိနေတဲ့အဖြေကို မသိဘူးပြောတတ်သူမလို့ အဲဒီစကားကိုလည်း အတည်ယူလို့မရပြန်ပါဘူး။ ဘာသာရေးအဓိကရုဏ်းဖြစ်ပြီး ထွက်ပြေးလာရတဲ့ညမှာ အစ်ကိုဖြစ်သူရဲ့ပြောစကားကိုလည်း ထည့်စဉ်းစားရပါတယ်။ တို့တွေမှ တတိယသေနတ်ကိုင်စစ်သားရဲ့ အမည်ကို မသိဘဲ ဆိုတဲ့စကားက အဓိပ္ပာယ်နှစ်ခွထွက်ပြန်ပါတယ်။ သူတို့ညီအစ်ကိုနှစ်ယောက်ကို သူတို့ဆရာက သေနတ်ကိုင်စစ်သားနှစ်ယောက်ရဲ့အမည် ခေါ်လေ့ရှိတာမလို့ သူတို့ကိုယ်သူတို့လည်း အဲဒီလိုပဲ သက်မှတ်ထားကြပါတယ်။ မင်းသမီးဝင်လာတော့ သူ့ကို တတိယမြောက်သေနတ်ကိုင်စစ်သားအဖြစ် အဖွဲ့ထဲထည့်ချင်တဲ့ ဇာတ်ဝင်စကားကိုလည်း တွေ့မြင်ရပါတယ်။ ဒါ့ကြောင့် နာမည်မသိဘူးဆိုတာဟာ စာအုပ်ထဲက သေနတ်ကိုင်စစ်သားပဲလား။ တတိယမြောက်အဖွဲ့ဝင် မင်းသမီးရဲ့နာမည်ကိုပြောတာလားဆိုတာကိုတော့ ပရိသတ်အတွက်ပဲ ချန်သွားပေးတဲ့ပုံပါ။ အိန္ဒိယရဲ့ အောက်ခြေအနက်ရှိုင်းဆုံးက အကျည်းတန်အဖြစ်တွေကို ခရေစေ့တွင်းကျ ကွက်ကွက်ကွင်းကွင်းရိုက်ပြထားလို့ တကယ့် Drama မှ Drama ပါပဲ။ အိုဗာလုပ်ပြတတ်တဲ့ အိန္ဒိယသရုပ်ဆောင်တွေကို ဇွတ်အတင်း အနောက်ဆန်ပစ်လိုက်တော့ ပရိသတ်မှာ ဟိုဟာလိုသလို ဒီဟာလိုသလိုတွေလည်း ဖြစ်ကုန်တာပေါ့ဗျာ။ ဇာတ်ကား အဆုံးနီးလာချိန်မှ အသားကျပြီး နောက်တစ်ခေါက်ပြန်ကြည့်တဲ့အခါမှာ လုံးဝစီးမျောသွားပါတယ်။ ဇာတ်ဝင်သီချင်းကိုတော့ M.I.A ရဲ့Paper Plane ကို အသုံးပြုထားပါတယ်။ ဇာတ်လမ်းနဲ့ အနီးစပ်ဆုံးဖြစ်အောင် မြန်မာမှုပြုထားတာမလို့ စာသားနဲ့ အနည်းငယ်လွဲချော်တာလေးတွေ ရှိပါတယ်။ သည်းခံပြီး ကြည့်ပေးကြပါခင်ဗျာ။ အိန္ဒိယစကားပြောများကို အင်္ဂလိပ်ဘာသာပြန်စာတန်းအသေများကိုလည်း Trimming လုပ်ပြီး စာတန်းထိုးပေးထားပါတယ်။ မူရင်းစာဖိုင်မှာ မပါလို့ပါ။ ဘယ်လိုပဲဖြစ်ဖြစ် ကြည့်လို့အဆင်ပြေအောင် အချိန်ယူလုပ်ပေးထားပါတယ်။ အားနည်းချက်များရှိရင် ချစ်သောမျက်စိနဲ့ ကြည့်ပေးကြပါခင်ဗျာ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Arr Khun Winchester မှ ခံစားတင်ဆက်ထားပါတယ်။) File size…(4 GB)/(900 MB) Quality….BluRay 1080p/720p Format…mp4 Duration….02:00:38 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Arr Khun Winchester

Drama • War
7.7 2008 120 mins
Slumdog Millionaire
Kills on Wheels
7.2

IMDb Rating - 7.1/10 ၂၀၁၆ခုနှစ်က ထွက်ရှိခဲ့တဲ့ ဟန်ဂေရီကားလေးဖြစ်ပါတယ်။ IMDb 7.1၊ Rotten Tomatoes 89% ရထားတာဆိုတဲ့ အထွေအထူးပြောနေစရာ မလိုတော့ပါဘူး။ ဇာတ်လမ်းကတော့ action, drama, comedy အမျိုး အစားဖြစ်ပါတယ်။ ကိုယ်လက်အင်္ဂါမသန်စွမ်းဖြစ်နေတဲ့ ဆယ်ကျော်သက်လူငယ်နှစ်ဦးဟာ ဝှီးချဲစီးပြီး လူလိုက်သတ်နေတဲ့ ကြေးစားလူသတ်သမားတစ်ယောက်နဲ့ ပတ်သတ်မိရာကနေ သူတို့ဘဝဟာ ဘယ်လိုတွေဖြစ်ကုန်ကြမလဲဆိုတာကို ဖိုက်တင်ခန်း ခပ်ကြမ်းကြမ်းတွေ၊ ဇာတ်ကောင်တစ်ယောက်နဲ့ တစ်ယောက် ကြားကမေတ္တာတရား၊ မသန်စွမ်းတစ်ယောက်ရဲ့ ဘဝကို ကြံကြံခံနေထိုင်ပုံကို ဂရုဏာဖြစ်ဖွယ်နဲ့ရော ရယ်စရာကောင်းအောင်ပါ ဖော်ပြထားပုံတို့နဲ့ ရသစုံစွာ ကြည့်ရှုရမယ့် ဇာတ်ကားတစ်ခုဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Zaw Myo Thu ဖြစ်ပါတယ်) File Size..........(1.68 GB) / (780 MB) / (480P) Quality............BluRay 1080p / 720p / 480p Duration.........1Hr 43mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Comedy, Drama Translator.......Zaw Myo Thu Encoder..........SWM

Action • Comedy • Thriller
7.2 2016 105 mins
Kills on Wheels
Moana
7.6

မကြာခင်ကမှ ထွက်ရှိ ထားတဲ့ စိတ်ကူးယဉ်စွန့်စားခန်း Animation ဇာတ်ကားလေး ဖြစ်တဲ့ Moanaကားလေး အကြောင်း ညွှန်း ပေးလိုက်ပါတယ်။ Disney ရုပ်ရှင် ထုတ်လုပ်ရေးရဲ့ ၅၆ ခု မြောက် Animationဇာတ်ကား အဖြစ် နိုဝင်ဘာ ၂၃ ရက်ကမှ ထွက်ရှိထားတာပါ။ #တီဖီတီ ဟာ ကျွန်းကို စောင့် ရှောက်တဲ့ နတ်သမီးတစ်ပါးဖြစ်ပြီး ကျွန်းတွေ၊ အသက်ဝိညာဉ်တွေ စတဲ့ အရာအားလုံးကို ဖန်ဆင်း ထားသူဖြစ်ပါတယ်။ #တီဖီတီ ရဲ့ နှလုံးသားဟာ ကျောက်စိမ်းတုံး လေးတစ်ခုအနေနဲ့ရှိပြီး အသက် ဝိညာဉ်တွေ ဖန်ဆင်းရာမှာ အသုံး ပြုနိုင်ပါတယ်။ အဲဒါကို လူသား နတ်ဘုရားဖြစ်တဲ့ #မာဝီ က သူ့ရဲ့ စွမ်းအားတွေ၊ ဝိညာဉ်တွေ မြှင့် တင်ဖို့နဲ့ မှော်ငါးမျှားချိတ်ကြီး ဖန် တီးဖို့ အသုံးပြုခဲ့ပြီး မီးတောင် ချော်ရည်မိစ္ဆာကောင်ကြီး #တီခါ နဲ့ ဆုံပြီးတဲ့နောက် တီဖီတီရဲ့ နှလုံးသားရော၊ မှော်ငါးမျှားချိတ်ကြီး ရော သမုဒ္ဒရာထဲမှာ ပျောက်ဆုံး သွားခဲ့ပါတယ်။ ထောင်စုနှစ် တစ်ခုကြာအ ပြီးမှာတော့ #တီဖီတီ ဖန်ဆင်းထား တဲ့ မိုတန်နူဝီ ကျွန်းသူကြီး တွီရဲ့ အမေ တာလာဟာ သူ့မြေး #မိုအာနာ အပါအဝင် ကျွန်းပေါ်က ကလေးတွေကို ကျွန်းနဲ့ပတ်သက်တဲ့ ဒဏ္ဍာရီတွေကို ပုံပြင်ပြောပြလေ့ ရှိပါတယ်။ တီဖီတီရဲ့ နှလုံးသားဖြစ်တဲ့ ကျောက်စိမ်းတုံးလေး ပျောက်ဆုံးနေတဲ့အတွက် ကျွန်းမှာ အန္တရာယ်တွေကျရောက်နိုင်တယ်လို့ တာလာက မကြာခဏ သတိပေးခဲ့ပါတယ်။ တစ်ရက်မှာ မိုအာနာဟာ ကမ်း တင်နေတဲ့ လိပ်လေးတစ်ကောင် ကို တွေ့ခဲ့ပြီး စင်ရော်တွေဝိုင်းနေ တာကြောင့် ရေထဲပြန်မဆင်းရဲ ဖြစ်နေတာကို မိုအာနာကယ်ဆယ်ခဲ့ တာကို သမုဒ္ဒရာကြီးက အသိအ မှတ်ပြုတဲ့အနေနဲ့ တီဖီတီရဲ့ နှလုံး သားကို ပေးခဲ့ပါတယ်။ မိုအာနာ့လက်ထဲက ကျောက် စိမ်းတုံးကို သူ့အဖေက သိမ်းသွား ခဲ့ပါတယ်။ ဒါပေမဲ့လည်း မိုအာနာရဲ့ အဘွားတာလာက ယူခဲ့ပြီး အဲဒီ အရာဟာ ကျွန်းသခင်မတီဖီတီရဲ့ ပျောက်ဆုံးနေတဲ့ နှလုံးသားဖြစ် တယ်လို ့ မိုအာနာကိုပြောပြခဲ့ပါတယ်။ နောက်တော့ မိုအာနာတို့ကျွန်းမှာ အုန်းပင်တွေပျက်စီး၊ ငါးတွေဖမ်း မမိနဲ့ တစ်ကျွန်းလုံး ဒုက္ခရောက် နေတာမို့ ကျွန်းကိုကျော်ပြီး အစာ ရှာထွက်ဖို ့ မိုအာနာစိတ်ကူးခဲ့ပေမယ့် ဒေါသကြီး၊ စည်းကမ်းကြီးတဲ့ သူ့ အဖေက လက်မခံခဲ့ပါဘူး။ နောက်တော့ မရတော့တဲ့အ ဆုံး မိုအာနာဟာ သူ့အချစ်တော် ဝက် ပေါက်လေး ပူးဝါးကိုခေါ်ပြီး သူ့အဘွားတာလာညွှန်ကြားတဲ့အတိုင်း လူသားနတ်ဘုရား မာဝီကိုရှာဖို့ သမုဒ္ဒရာထဲကို ထွက်သွားခဲ့ပါတော့တယ်။ လမ်းခရီးမှာ မုန် တိုင်းမိပြီး တခြားကျွန်းတစ်ကျွန်း ကို ရောက်သွားခဲ့ကာ အဲဒီမှာ မာဝီနဲ့ တွေ့ခဲ့ပါတယ်။ အဲဒီအခါမှာ မိုအာနာက တီဖီတီရဲ့ နှလုံးကို နေရာ မှန်မှာ ထိန်းသိမ်းနိုင်မှ တစ်ကျွန်း လုံးအန္တရာယ်ကင်းမှာမို့ မာဝီကူညီမှဖြစ်မယ့်အကြောင်း ပြောပြခဲ့ ပါတယ်။ အဲဒီမှာလည်း တီဖီတီရဲ့ နှလုံးသားကိုလုမယ့် ပင်လယ်ဓားပြ အဖွဲ့နဲ့လည်း ရင်ဆိုင်ခဲ့ကြရပြန်ပါ တယ်။ စွမ်းအားကြီးတဲ့ မာဝီဟာ ငှက်အသွင်လည်းပြောင်းလို့ရပြီး သူ့ရဲ့မှော်ငါးမျှားချိတ်ကြီး ပျောက်ဆုံးနေတဲ့အတွက် မိုအာနာကူရှာပေး ခဲ့ပြီး အတူတိုက်ပွဲဝင်ခဲ့ကြတော့ တယ်။ မိုအာနာတစ်ယောက် မာဝီနဲ့ အတူ သူတို့ကျွန်းမှာ ရောက်နေ တဲ့ မကောင်းဆိုးဝါးတွေကို ဘယ် လိုနှိမ်နင်းမှာလဲ။ နတ်ဘုရားမ တီဖီတီရဲ့ နှလုံးသားကိုကော မူလနေရာရောက်အောင် ပြန်ထားခွင့်ရမှာလားဆိုတာတော့ ကိုယ်တိုင်ပဲ ဆက်ကြည့်လိုက်ဦးနော်......... အထူးပြုလုပ်ချက်တွေကောင်းလွန်တဲ့ Animation ဇာတ်ကားမို့ ကလေး၊ လူကြီး မရွေး သဘောကျမှာ သေချာသလောက်ပါပဲ။ အသံသရုပ်ဆောင်ထားသူတွေက မိုအာနာအဖြစ် အော်လီအိုင်ခရက်ဗယ်ဟို၊ မာဝီအဖြစ် ဒွိန်းဂျွန်ဆင်၊ တာလာအဖြစ် ရေချယ်ဟောက်စ် စသူတွေပဲ ဖြစ်ပါတယ်။ ဒီကားလေးကို ဘာသာပြန်သူကတော့ မ Yoon Shwe Yee Shein ဖြစ်ပါတယ်ဗျ (ဇာတ်လမ်းအညွှန်းကိုတော့ Movie Bank Page မှကူးယူဖော်ပြတာဖြစ်ပါတယ်)

Drama
7.6 2016 107 mins
Moana
Little Forest: Winter/Spring
7.6

Little Forest: Winter/Spring (2015) …………………………….. တောအုပ်ငယ်လေးရဲ့ပထမကားဖြစ်တဲ့ (နွေ/ဆောင်းဦး)၂၀၁၄ ရဲ့အဆက်လာပါပြီ။ ဒီဒုတိယကားမှာတော့ အိချိကို ကိုထားရစ်ခဲ့တဲ့ သူ့အမေအကြောင်းနဲ့ အစချီထားပြီးနောက် မြို့ပေါ်မှာအလုပ်လုပ်တုန်းက ကြုံခဲ့ရတာတွေ ခိုမိုရိကိုချစ်ပေမယ့် အခြေမချချင်တဲ့ အိချိကိုတစ်ယောက် သူ့အမေရဲ့စာကိုဖတ်ပြီး နောက်ဆုံးမှာ ဘယ်လိုရွေးချယ်မှုကို လုပ်သွားမလဲဆိုတာကိုကြည့်ရှုရမှာပါ။ ဆိုတော့ကာ…Little Forest ရဲ့ထုံးစံအတိုင်း စိတ်ကြည်လင်စေတဲ့ရှုခင်းလေးတွေနဲ့၊ ချက်ပြုတ်စားသောက်ပြတာတွေကို ဆောင်း/နွေဦးအလှနဲ့အတူ ကြည့်ရှုခံစားပေးကြပါဦးလို့။ (*အဘိဓာန်ထဲမှာမရှိတဲ့ ပန်းနာမည်တစ်ချို့နဲ့ အစားအစာတွေကို လက်လှမ်းမီသလောက်ရှာဖွေပြီး ဆီလျော်အောင် ဘာသာပြန်ဆိုထားရတာဖြစ်လို့ အချို့နေရာတွေမှာ လွဲချော်မှုများရှိခဲ့ရင် နားလည်ခွင့်လွှတ်ပေးကြပါလို့ ကြိုတောင်းပန်ထားပါရစေ) အညွှန်း နဲ့ ဘာသာပြန်ကတော့ Moe Pwint Phyu ပဲ ဖြစ်ပါတယ်။ Genre…..Drama Quality…. 1080p | 720p | 480p File size… 2.2GB | 1.1GB | 598MB Format… mp4 Duration….2h Subtitle…. Myanmar Subtitle (Hardsub) Translator ….. Moe Pwint Phyu Encoder ….. August

Action • Adventure • Science Fiction
7.6 2015 120 mins
Little Forest: Winter/Spring
Crime Diaries: The Celebrity Stylist

အခုဇာတ်ကားလေးကတော့ ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးတင်ဆက်ထားတဲ့ မှုခင်းဇာတ်ကားဖြစ်ပါတယ် နိုင်ငံကျော် နာမည်ကြီး ဆံသပညာရှင်တစ်ယောက်နဲ့ သူ့အမေဖြစ်သူဟာ အိပ်ယာတစ်ခုတည်းမှာပဲ သေဆုံးလျက် တွေ့ရှိခဲ့ရပါတယ် ဆံသဆရာ ရေးထားခဲ့တဲ့ ခွင့်လွှတ်ပေးဖို့ စာတစ်စောင်ကိုလည်း တွေ့ခဲ့ရပါတယ် အခင်းဖြစ်ပွားရာ အနေအထားအရ သူဟာ သူ့အမေ့ကို သတ်ခဲ့ပြီး ကိုယ်ကိုယ်တိုင်လည်း သတ်သေခဲ့တယ်လို့ ထင်ရပါတယ် ဒါပေမဲ့ ရဲတွေ စစ်ဆေးကြည့်တဲ့အခါမှာတော့ အမှုဟာ လူသတ်မှုဖြစ်နေကြောင်း သိလိုက်ရပါတယ် နာမည်ကြီးတစ်ယောက် သေဆုံးတဲ့အမှုဖြစ်တာကြောင့် အထက်အရာရှိတွေဟာ စုံထောက် ရေဘတ်ကာကို ရက် ၂၀ အချိန်ပေးကာ အမှုကို ဖြေရှင်းခိုင်းပါတော့တယ် File size…(1 GB)/(512 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:11:00 Genre…Crime, Drama, Thriller, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ban

0 2023
Crime Diaries: The Celebrity Stylist
Juna Furniture
7

Juna Furniture (2024) အမေ့လျော့ခံ အာဃာတ Genre – Drama IMDB – 7.8/10 ဇာတ်လမ်း၊ ဇာတ်ညွန်း၊ ဒါရိုက်တာနဲ့ ဇာတ်ဆောင်နေရာအားလုံးကို မင်းသားကြီး Mahesh Manjrekar တစ်ယောက်တည်းတာဝန်ယူ ရိုက်ကူးဖော်ဆောင်ထားတဲ့ အသစ်ထွက် အိန္ဒိယဒရမ်မာကားကောင်းလေးဖြစ်ပါတယ်။ ဂိုဗင်ပတ်သာခ်ဆိုတဲ့ အသက် ၇၀ အရွယ် ဘဲကြီးဟာ ဇနီးဖြစ်သူနဲ့ လင်မယားနှစ်ယောက်တည်း အေးအေးဆေးဆေး ဖြတ်သန်းနေလျက်ရှိပါတယ်။ ရပ်ကွက်ထဲမှာလည်း မတရားတာမြင်ရင် မနေနိုင်ပဲ ဝင်ဝင်ပါမိလို့ ရပ်ကွက်ဇိုးလေးတွေနဲ့လည်း မကြာခဏ နောင်ဂျိန်ပလေးရသူပါ။ မဟုတ်မခံလူမှန်ကြီးတစ်ယောက် ဆိုပါစို့။ သားဖြစ်သူကတော့ နေရာကောင်းရထားတဲ့ အစိုးရအရာရှိဖြစ်ပြီး ချမ်းသာတဲ့ လုပ်ငန်းရှင်ရဲ့သမီးနဲ့ လက်ထပ်ထားပြီး ယောက္ခမဖြစ်သူနဲ့ အဆင်ပြေပြေရှိပြီး သူတိုနဲ့သာ အတူတူနေထိုင်တာပါ။ မိဘရင်းတွေဆီလည်း သိပ်မတွေ့ဖြစ်ပဲ ငွေရေးကြေးရေးလောက်သာ ထောက်ပံ့ထားသူပေါ့။ တစ်ရက်ကျ ဖခင်ဖြစ်သူဆီကို လစဉ်ငွေပို့ဖို့ မေ့ပြီး နောက်ကျတာတွေရယ် ရေပေါ်ဆီဘဝမှာ သာယာယစ်မူးနေပြီး မပေါ့ဆအပ်တာတွေ ဖြစ်သွားတဲ့အခါ ဖြစ်ရပ်ဆိုးတစ်ခု ဖြစ်လာပြီး သားအဖရင်းနှစ်ယောက်ကြား အာဃာတမီးတောက်တစ်ခု ပေါ်ထွန်းလာတဲ့အခါမှာတော့…..။ ရုပ်ဝါဒီတွေ ကြီးစိုးနေတဲ့ လူ့အသိုင်းအဝန်းမှာ သားသမီးတွေရဲ့ လျစ်လျူရှုမှု ခံရတဲ့ သက်ကြီးရွယ်အိုမိဘတွေရဲ့ဖြစ်ပေါ်လာတဲ့ ပြဿနာ အကျပ်အတည်းဒုက္ခတွေကို မီးမောင်းထိုးပြပေးထားတဲ့ ပညာပေးကားကောင်းလေးပဲ ဖြစ်ပါတယ်လို့ နိဂုံးချုပ်လိုက်ပါစေဗျာ။ (အညွန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်)

7 2024
Juna Furniture
Six Pack
6

ပြိုင်ကားသမားဟောင်း ဘရူးဘိတ်ကာဟာ တက္ကဆက်ပြည်နယ်က မြို့လေးတစ်ခုမှ ဆီထည့်ရင်း သူ၏ပြိုင်ကားအစိတ်ပိုင်းတွေ ဖြုတ်အခိုးခံလိုက်ရပါတော့တယ်။ ခိုးသွားတဲ့တရားခံကို လိုက်ရှာရင်း တရားခံတွေက ကလေးတစ်သိုက်ဖြစ်နေသောအခါ ဘရူးတစ်ယောက် လုပ်ရကိုင်ရကြပ်သွားပါတော့တယ်။ ကလေးတွေမှာ သာမန်ထက်ပိုတဲ့ကားပြင်တဲ့အရည်အချင်းတွေ ရှိနေတာကို သတိထားမိသွားတဲ့အခါမှာတော့ ဘရူးဘိတ်ကာဟာ သူ့ရဲ့ပြိုင်ပွဲတွေကို ကလေးတွေကို စတင်ပြီးခေါ်သွားပါတော့တယ်။ ကလေးတွေနဲ့ ပြိုင်ကားသမားကြီး တဖြည်းဖြည်းသံယောဇဉ်ဖြစ်လာပုံ ကားပြိုင်ကွင်းထဲမှာ ပြိုင်ကားတွေ ပြိုင်ဆိုင်မှုပြင်းထန်ပုံတို့ကို မပျင်းရအောင် ကြည့်ရှုရမည့် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ File size…(2 GB)/(1.2 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:48:00 Genre… Motorsport, Comedy, Drama, Sport Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Eunice

Action
6 1982
Six Pack
The Undertaker Supparor
6.7

The Undertaker (2023) Supparor “သုဘရာဇာ” သို့မဟုတ် ” နာရေးစီစဉ်သူ ” Horror ရသအပြည့်နဲ့ Chill ချင်တဲ့ သူတွေကို ထိုင်းရုပ်ရှင်ကားကောင်းတစ်ကားဖြစ်တဲ့ The Undertaker ( နာရေးစီစဉ်သူ)ဆိုတဲ့ သဘာဝလွန်ဇာတ်လမ်းကောင်းလေးကို တင်ဆက်လိုက်ပါတယ်။ ထိုင်းနိုင်ငံရဲ့ ဝင်ငွေအများဆုံးရုပ်ရှင်တွေထဲကတစ်ကားဖြစ်ပြီးတော့ ထိုင်းရုပ်ရှင်ဒါရိုက်တာအဖွဲ့အစည်းက ပေးအပ်တဲ့ အကောင်းဆုံးရုပ်ရှင်ဆုကိုပါ ရရှိထားပါတယ်။ ဇာတ်လမ်းကတော့…. နမ်ခွန်ကျေးရွာလေးမှာ ရွာရဲ့နာရေးတွေကို မြေမြုပ်နေရာချပေးရတဲ့ နာရေးစီစဉ်သူ(သုဘရာဇာ) Sak ဆိုတဲ့အဖိုးကြီးတယောက်ရှိပြီးတော့ တစ်နေ့မှာတော့ သူ့နေရာကို သူ့သားက ကိုယ်စားတာဝန်ယူဆောင်ရွက်ပေးဖို့ အကြောင်းဖန်လာပါတယ်… သူ့သားတော်မောင် ဂျိုးဆိုတဲ့ကောင်လေးက မြို့ကနေ ဉပဒေဘွဲ့ရခဲ့တဲ့ ခေတ်ပညာတတ်ဖြစ်ပြီးတော့ သူ့အဖေအလုပ်ဖြစ်တဲ့ နာရေးကိစ္စတွေကိုဝင်ကူနေရပေမယ့် သရဲလဲကြောက်တတ်ပါတယ်။ တိုက်ဆိုင်စွာပဲ အဲ့ရွာကကိုယ်ဝန်သည်မလေးတယောက်ဟာ ဘာမှန်းမသိတဲ့အကြောင်းရင်းတခုနဲ့ ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်သွားပြီးနောက်မှာ သရဲမအဖြစ်နဲ့ တရွာလုံးကို လိုက်လံခြောက်လှန့်တဲ့အခါမှာတော့ ဂျိုးတို့တသိုက်နဲ့ဘာတွေဆက်ဖြစ်မလဲဆိုတာ….။ ဒီဇာတ်ကားလေးမှာ ကျေးလက်တောရွာလေးက ဘုန်းကြီးကျောင်းတွေနဲ့ နာရေးစီစဉ်သူရဲ့ ဘဝအကြောင်း၊ ဂျိုးနဲ့စီရန်တို့ရဲ့ ဘဝ၊ စီရန်နဲ့ဘိတ်ခေါင်ရဲ့ ကြေကွဲဖွယ် အချစ်ဇာတ်လမ်း၊ သရဲတွေနဲ့ဆက်သွယ်ချင်တဲ့ စူးစမ်းချင်စိတ်အပြည့်နဲ့လူငယ်လေးရဲ့ထင်မှတ်မထားတဲ့ သဘာဝလွန်ဖြစ်ရပ်ဆန်းတွေအကြောင်းကို ပုံဖော်ရိုက်ကူးးထားပါတယ်။ Horror ရုပ်ရှင်ဆိုပေမယ့် မိသားစုဘဝ၊ ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းကနေထိုင်သူတွေရဲ့ ဘာသာရေးခံယူချက် ရိုးရာဓလေ့အပေါ် ယုံကြည်လေးစားသက်ဝင်မှုများအပြင် သဘာဝလွန်ဖြစ်ရပ်ဆန်းများကို ဟာသရသနှင့်အတူ ခံစားနိုင်မှာဖြစ်လို့ မလွှတ်တမ်းခံစားကြည့်ရှုသင့်တဲ့ရုပ်ရှင်ကားလေးဖြစ်ပါတယ် (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို CM Thai Team မှ တင်ဆက်ထားပါတယ်။)

6.7 2023 125 mins
The Undertaker Supparor
Heroes of the Golden Mask
5

ဒီဇာတ်ကာလေးကတော့ စွန့်စားခန်းတွေနဲ့ ဟာသကို နှောပြီး ရိုက်ထားတဲ့ Animation ကားကောင်း‌‌လေးတစ်ကား ဖြစ်ပါတယ်။ ချာလီဆိုတဲ့ အိမ်‌‌‌‌ခြေရာမဲ့ အမေရိကန် သူခိုးကောင်လေးဟာ တစ်ရက်မှာ တရုတ်မင်းဆက်တစ်ခုရဲ့ ဆန်ချွင်ဒီ တိုင်းပြည်ကို မှော်‌ဂိတ်ပေါက်ကနေ ရောက်သွားရာကနေ .. အဲဒီတိုင်းပြည်ရဲ့ သူရဲကောင်းတစ်ယောက် ဖြစ်လာပုံကို ဒီဇာတ်ကားထဲမှာ အရောင်စုံစုံနဲ့ ကြည့်ရှုခွင့်ရမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားက ၈၀ ခုနှစ်နှောင်းပိုင်းတွေတုန်းက တရုတ်ပြည်တောင်ပိုင်းမှာ ရှေး‌‌ဟောင်း မျက်နှာဖုံး‌တွေ ရှာတွေ့ထားတဲ့ ဖြစ်ရပ်မှန်ကို အခြေတည်ပြီး စိတ်ကူးယဉ် ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။ ဇာတ်ကားအနေနဲ့ Rating သိပ်မ‌ကာင်းပေမဲ့ ကလေးတွေနဲ့ လူငယ်တွေ အတွက်‌‌တော့ ကြည့်လို့‌ ‌အဆင်ပြေတဲ့ Comedy & Adventure ဇာတ်ကား တစ်ကားပါပဲ။ File size…1.73GB / 863MB Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 28m Genre …..Adventure , Animation , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by BZW

5 2024 88 mins
Heroes of the Golden Mask
Along with the Gods: The Two Worlds
7.2

Along with the Gods: The Two Worlds (2017) ********************************************** IMDb….. 7.2 ကိုရီးယားနိုင်ငံက ဒိတ်ဒိတ်ကြဲ သရုပ်‌ဆောင်တွေ ဖြစ်ကြတဲ့ Ha Jung Woo, Ju Ji Hoon, Cha Tae Hyun, Lee Jung Jae, Ma Dong Seok, Kim Hyang Gi တို့အပြင် သရုပ်ဆောင်များစွာ ပါဝင်တဲ့ ဇာတ်ကားကြီးကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ -ဇာတ်လမ်းအညွှန်း- လူသားတွေဟာ သေလွန်ပြီးနောက် တမလွန်ဘဝ ရောက်တဲ့အခါ ၄၉ရက်တာ ကာလအတွင်း တရားခွင် ၇ခု စီရင်ခံရတယ်လို့ ဆိုပါတယ်။ မီးသတ်သမားလေး ဂင်ဂျာဟုန်း (Cha Tae Hyun) ဟာ ပြည်သူတွေရဲ့ အသက်ကို ကယ်တင်ရင်းနဲ့ပဲ သူရဲကောင်း ဆန်ဆန် ဘဝကူးပြောင်းသွားခဲ့ပါတယ်။ သေမင်းတမန် ၃ယောက်ရဲ့ အကူအညီနဲ့ အတူ တမလွန်ဘဝကို ရောက်ရှိလာခဲ့တဲ့ ဂင်ဂျာဟုန်းဟာ တရားခွင် ၇ခုကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့မယ်ဆိုရင်တော့ လူဝင်စား ဖြစ်ခွင့်ရမှာ ဖြစ်ပါတယ်။ သက်ရှိ လောကမှာ ကျန်ရစ်ခဲ့တဲ့ မိခင်ဖြစ်သူကို ပြန်လည် တွေ့ရှိနိုင်ဖို့အတွက် ဂင်ဂျာဟုန်းဟာ သူ့ကို ကူညီပေးမဲ့ သေမင်းတမန် ၃ယောက်နဲ့ အတူ တရားခွင် အားလုံးကို ဖြတ်ကျော်နိုင်ပါ့မလား… ဘယ်လို စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရမလဲဆိုတာကို စိတ်ဝင်တစား ကြည့်ရှုနိုင်ဖို့ အတွက် ညွှန်းပေးလိုက်ရပါတယ်။ (ဇာတ်လမ်းအညွှန်းကိုတော့ Treasure Htet မှ ရေးသားပေးထားပါတယ်။) File Size : 2.39GB/ 1.14GB Quality : Blu-Ray 1080p 5.1 CH/720p Format…mp4 Duration…02:19:00 Genre : Action, Drama, Fantasy Subtitle : Myanmar Subtitle (Hard Sub) Translated by Theint, Treasure Htet, Hsu Pyae & Kyoun Encoded by Tiff

Crime • Drama
7.2 2017 139 mins
Along with the Gods: The Two Worlds