YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

The Auditors 2024 - Episode 11 - 720p [RMC].mp4

397.07 MB 720p video/mp4 1 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
White Men Can't Jump
6.6

Sports Type နဲ့ Basketball ကြိုက်တဲ့ဘရားသားတို့အတွက် ဇာတ်ကားကောင်းလေးလာပါပြီ။ 1992 ကထွက်ထားတဲ့ White Men Can't Jump ကို remake ပြန်လုပ်ထားတဲ့ကားပါ။ 1992 ရုပ်ရှင်မှာတော့ Zombieland မင်းသားကြီး Woody Harrelson နဲ့ Blade မင်းသားကြီး Wesley Snipesတိုက အတွဲမိမိတင်ဆက် သွားခဲ့ပါတယ်။ ရုပ်ရှင်နာမည်တူနေတာကလွဲလို ဇာတ်လမ်းဇာတ် အိမ်ကတော့ ပြောင်းလဲသွားတယ် အရင်ကားက လူတွေလည်း ပြန်မပါလာဘူး ပထမကားလောက် အောင်မြင်မှုမရခဲ့ပေမယ့် သူ့ပုံ စံနဲ့သူ ကွဲထွက်နေပြီး ကြည့်လိုအဆင်ပြေပါတယ်။ ဒီဇာတ်ကားရဲ့တွဲဖက်နှစ် ယောက်က Jeremy အဖြစ်နဲ့အမေရိကန် ရက်ပ်ပါ Thomas Harley၊ ပြီးတော့ Kamal အဖြစ် Sinqua Walls တို့ သရုပ်ဆောင်ထားပါတယ်။ Kamal Allan ရဲ့ဘတ်စကတ်ဘောစကေးက NBA မှာကစားခွင့်ရဖို့ အထိ ရေပန်းစားနေသလို အောင်မြင်မှုအမြောက်အမြားရထားတဲ့ ဆယ်ကျော်သက် တက်သစ်စအထက်တန်း ကျောင်းသားလေးပါ။ သူရဲ့အဖေရဲ့ စနစ်တကျပျိုးထောင်ပေးမှုနဲ့ ဒီလိုအခြေအနေအထိ တက် လှမ်းလာနိုင်ခဲ့တယ်။ ဒါပေမယ့် အရာရာက မျှော်လင့်ထားသလိုဖြစ် မလာဘဲ သူ့ဘဝရဲ့အမှောင်နေ့ရက်တွေကို ဖြတ်သန်းဖိုဖြစ်လာခဲ့တယ်။ တစ်ဖက်က Jeremy၊ သူလည်း အထက်တန်းကျောင်းလက်ရွေးစင် ဟောင်းဒူးဒဏ်ရာကြောင့် ဆက်ကစားနိုင်ခြင်းမရှိတော့ဘဲ လူငယ်လေး တွေကို ထရိန်နင်ပေးနေတဲ့ ထရိန်နာတစ်ယောက်၊ သူတို့စိတ်ထဲက တူ ညီတဲ့အချက်တစ်ခုကြောင့် ထိပ်တိုက် တွေ့ဖိုဖြစ်လာပါတယ်။ သူတို့ ဘဝကို ပြောင်းလဲသွားစေမယ့်ပြိုင်ပွဲတစ်ခုက သူတိုနှစ်ယောက်ကို တ တွဲတွဲဖြစ်စေဖိုအကြောင်းဖန်လာပါတော့တယ်။ ဒီဇာတ်ကားမှာ မိသားစုဘဝဇာတ်အိမ်လေးတွေ၊ ရဲဘော်ရဲဘက်စိတ် ဓါတ်၊ အဖေတစ်ယောက်ရဲ့ချစ်ခြင်းမေတ္တာတွေအပြင် တခြားသောရသ မျိုးစုံကိုပါ ခံစားရစေစေမှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ ZWT ဖြစ်ပါတယ်) File Size..........(2.11 GB) / (971 MB) / (580 MB) Quality............WEB-DL 1080p / 720p / 480p Duration.........1Hr 41Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Drama, Sport Translator.......ZWT Encoder..........Zin Phyo Aung

TV Movie • Thriller
6.6 2023 101 mins
White Men Can't Jump
Thappad
7.1

IMDb (7.1/10) /Rotten Tomatoes 92% Q - ညီမယောက်ျားနဲ့ ဘာဖြစ်လို့ ကွာရှင်းပြတ်စဲချင်တာလဲ A - သူ ပါးတစ်ချက်ရိုက်လိုက်လို့ပါ Q - ပါးရိုက်တာ အကြောင်းပြချက်မဟုတ်ပါဘူး တခြားကိစ္စရှိဦးမှာပေါ့ ဘာလဲ သူ့မိသားစုကြောင့်လား A - ဟင့်အင်း Q - သူ ညီမအပေါ် ဖေါက်ပြန်နေလို့လား A - ဟင့်အင်း Q - ညီမက သူ့အပေါ်မှာ ဖေါက်ပြန်နေလို့လား A - ဟင့်အင်း Q - လိင်မှုကိစ္စကြောင့်လား A - ဟင့်အင်း Q - ဒါဆို ပါးတစ်ချက်ရိုက်လိုက်ရုံပဲပေါ့ အမျိုးသမီးတစ်ယောက်က သူ့ယောက်ျား သူ့ကို ပါးတစ်ချက်ရိုက်လိုက်တဲ့အပေါ် ကွာရှင်းပြတ်စဲချင်ပါတယ်တဲ့ ဒီစကားအတွက် အတွေးပေါင်းစုံ မေးခွန်းပေါင်းစုံထွက်ကျလာပေလိမ့်မယ် လင်နဲ့မယား လျှာနဲ့သွားပဲ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ဟာကိုရှိပါသေးတယ် အရိုးကွဲအောင်ရိုက်မှ အသည်းစွဲအောင်ချစ်တာတဲ့ ဘာတဲ့အတွေးအခေါ်ပေါင်းစုံ ဒီတော့ ဒီကားကို ယောက်ျားလေးမိန်းကလေး လူပျိုအပျို အိမ်ထောင်သည်အားလုံးကို ကြည့်စေချင်ပါတယ် တစ်ယောက်အမြင်တစ်မျိုးစီရလိမ့်မယ်လို့ မျှော်လင့်ပါတယ် ကျွန်တော် ဇာတ်လမ်းကို မညွှန်းပေးတော့ဘူး Bollywood ကားကြည့်ချင်ပေမယ့် အယောက် ၁၀၀ နဲ့ တစ်ယောက်တည်းဖိုက်လို့ စိတ်ပျက်နေတဲ့သူတွေ ... ဒီကားကိုကြည့်ပါ Bollywood ကားကြည့်ချင်ပေမယ့် ၁၀ မိနစ်တစ်ခါ သီချင်းဆိုပြီး က,ခုန်နေတာကို စိတ်ပျက်နေတယ်ဆိုတဲ့သူတွေ ... ဒီကားကိုကြည့်ပါ Bollywood ကား ကြည့်ချင်ပေမယ့် အိုဗာဒရာမာခင်းတာတွေကို စိတ်ပျက်နေတဲ့သူတွေ ... ဒီကားကိုကြည့်ပါ ဒီကားထဲမှာ မင်းသား ငယ်ငယ်ချောချောမပါ,ပါဘူး  မင်းသမီးလည်း အချောကြီးမဟုတ် (ကျွန်တော့်အတွက်တော့ အချစ်ဆုံး :P) ဘာဖိုက်တင်မှလည်းမပါဘူး ခင်ဗျား ဘာကြည့်ရမှာလဲ relationship နဲ့ပတ်သတ်တဲ့ ရပိုင်ခွင့်တွေ ခင်ဗျားသိရမယ် RS ဆိုတဲ့အထဲမှာ အိမ်ထောင်ရေး၊ သမီးရည်းစားရေး ဆက်ဆံရေးအားလုံးပါဝင်ပတ်သတ်နေပါတယ် ဒီလိုပြဿနာတွေကို ထိထိမိမိတင်ဆက်ပြနိုင်တဲ့ ဒါရိုက်တာကြီး Anubhav Sinha ကငါယောက်ျားပါကွလို့ လက်မထောင်နေတဲ့သူတွေကို ဒီဇာတ်ကားနဲ့ ပါးပိတ်ရိုက်လိုက်သလိုပါပဲ Mulk (2018), Article 15 (2019) တို့ကိုကြည့်ဖူးရင်ဒီဒါရိုက်တာရဲ့အရည်အချင်းကို သိကြမှာပါ ဇာတ်လမ်းကောင်း/မကောင်းကတော့ နိုင်ငံတကာ အရုပ်ရှင်အဆင့်သတ်မှတ်ချက်တွေကိုကြည့်ပြီး ဆုံးဖြတ်လိုက်ကြပါတော့။ ပေးရတဲ့အချိန် အကျိုးရှိစေရမယ်ဆိုတာ ကျွန်တော် အာမခံပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Zaw Htoo မှ တင်ဆက်ထားပါတယ်။) File size…(4.5 GB)/(1.3 GB)/(1 GB)/(550 MB) Quality….WEB-DL 4K HEVC/ 1080p HEVC/ 720p / 480p Format…mkv/mp4 Duration….02:21:50 Subtitle….Myanmar Subtitle (Hardsub) Encoder….THZ, Nyeinsaeya Aung Translated by Zaw Htoo

Action • War
7.1 2020 144 mins
Thappad
Blind War
6.3

အကြမ်းအရမ်း တရုတ် Action ကားသစ် တစ်ကားပါ။ Social Media တွေမှာ ဟာသ ဇာတ်လမ်းတိုလေးတွေနဲ့ နာမည်ကြီးတဲ့ Dao Dao (သောင်းသောင်း) လည်း support role ကနေ ပါဝင် သရုပ်ဆောင်ထားပါတယ်။ လူကုန်ကူးဂိုဏ်းကြီးက ဆရာကြီးကို တရားရုံးကနေ ဂိုဏ်သားတွေက ကယ်ထုတ်ရာမှာ အထိကရုဏ်းတွေ ဖြစ်သွားပြီး ရဲအများအပြားရော၊ လုကုန်ကူးဂိုဏ်းသားတွေပါ သေဆုံးကာ၊ ရဲတပ်ဖွဲ့ဝင်ဒုံဂူလည်း မျက်စိအလင်းကွယ်ခဲ့ပါတယ်။ အထက်ကခွင့်ပြုချက်မပါဘဲလုပ်ဆောင်ခဲ့ခြင်းကြောင့် ဒုံဂူတစ်ယောက် ရဲတပ်ဖွဲ့ကလည်းအနားယူလိုက်ရသလို လူကုန်ကူးဂိုဏ်းသား၊ ခင်ပွန်းဖြစ်သူကို ဆုံးရှုံးလိုက်ရတဲ့ စီနာဆိုတဲ့ အမျိုးသမီးကလည်း သူ့ကို လက်စားချေချင်နေခဲ့ပါတယ်။ ဒီလိုနဲ့ မျက်စိကလည်းကန်း၊ အလုပ်ကလည်း ထွက်လိုက်ရတဲ့ ဒုံဂူဟာ သူ့ရဲ့ ဆယ်ကျော်သက်အရွယ်သမီးလေးနဲ့ပဲ နေထိုင်ခဲ့ကာ၊ တစ်နေ့ သူ့သမီးပြိုင်ပွဲအတွက် နိုင်ငံခြားက စီနာထောင်ကျနေတဲ့ မြို့ကို အတူသွားရင်း ရုတ်တရက် သူ့သမီးကို လူကုန်ကူးဂိုဏ်းက ဖမ်းသွားတဲ့အခါမှာတော့ ... Marvel ရဲ့ မျက်မမြင်ဟီးရိုး Daredevil လောက်မစွမ်းပေမဲ့၊ Don't Breathe ကားထဲက မျက်မမြင် စစ်ပြန်ကြီးထက် ပိုကြမ်းပြထားပြီး သမီးဖြစ်သူကို လိုက်ကယ်တဲ့ ခပ်ကြမ်းကြမ်း အက်ရှင်ကားလေးကို ကြည့်ရှုကြရမှာပါ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Moe Lay ပါ။) File Size : 1.5GB, 728MB & 444MB Quality : 1080p WEB-DL, 720p WEB-DL & 480p Format : mp4 Duration : 1hr & 43mins Genre : Crime, Action Translated by Moe Lay Encoded by Kinnov

Drama
6.3 2022 103 mins
Blind War
Ben & Jody
6.1

ဘန်ကတော့ သူ့ရဲ့  မွေးရပ်ဇာတိလေးမှာပဲ အေးအေးလူလူနဲ့ ကော်ဖီလုပ်ငန်းလေး လုပ်ကိုင်နေတဲ့ သူတစ်ယောက်ပါ။ တစ်နေ့မှာတော့ ကုမ္ပဏီကြီးတစ်ခုက ဘန်တို့ ရွာသားတွေ လယ်သမားတွေရဲ့  မြေတွေကို အတင်းအဓမ္မ သိမ်းယူဖို့ ပြင်ဆင်နေတယ်ဆိုတာကို သိလိုက်ရတဲ့အတွက် ဘန်က လယ်သမားတွေကို ဦးဆောင်ပြီး ဆန္ဒပြ ဆန့်ကျင်ခဲ့ပါတယ်။ ဒီလိုတွေဖြစ်ပြီး သိပ်မကြာလိုက်ပါဘူး ဘန် ကို ကုမ္ပဏီက ငှားထားတဲ့ လူမိုက်တွေက ရိုက်နှက်ပြီး ဖမ်းဆီး ထားလိုက်ပါတော့တယ်။ ဘန်လိုပဲ အခြား ဖမ်းဆီး ရီုက်နှက်ခံရတဲ့ ရွာသားတွေကလည်း အများကြီး ... တစ်နေ့မှာတော့ ဘန် တစ်ယောက် သူ့ရဲ့ ကော်ဖီဆိုင်ဖွင့်ပွဲကို မရောက်လာလို့ ဆိုပြီး ဘန်ရဲ့ သူငယ်ချင်း ဂျိုဒီက ရွာကို လာပြီး အကျိုးအကြောင်း စုံစမ်းမေးမြန်းတော့မှ ဖြစ်ကြောင်းကုန်စင် သိသွားပြီး ဘန်နဲ့ အဖမ်းခံထားရတဲ့ လူတွေကို ကယ်တင်ဖို့ ကြိုးစားတဲ့အခါ ... ဂျိုဒီတစ်ယောက် ဘယ်လိုစွန့်စားခန်းတွေလုပ်ပြီး ဘန်ကို ကယ်တင်မလဲ? အသက်ရှင်လျက် ကယ်ထုတ်နိုင်ပါ့မလား? ဆိုတာတွေကိုတော့ ဇာတ်လမ်းလေးထဲ ဆက်ပြီး ကြည့်ရှုအဖြေရှာလိုက်ကြရအောင်ပါ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Moe Lay ပါ။) File Size : 1.8GB, 755MB, 380MB Quality : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format : mp4 Duration : 1hr & 54mins Genre : Action, Adventure, Drama Translated by Moe Lay Encoded by Kinnov

Drama • Romance
6.1 2022 114 mins
Ben & Jody
Bloody Sunday
7.3

ဒီဇာတ်ကားလေးကတော့ ၁၉၇၂ ခု ဇန်နဝါရီလ ၃၀ ရက်မှာဖြစ်ပွားခဲ့တဲ့ဖြစ်ရပ်မှန်အပေါ်အခြေတည်ရိုက်ကူးထားခြင်းဖြစ်ပါတယ်။ ဗြိတိန်လက်အောက်ခံ အိုင်ယာလန်နိုင်ငံမြောက်ပိုင်းဒေသမှာ အဲဒီအချိန်က ကက်သလစ်ဘာသာဝင်တွေအပေါ် ခွဲခြားဆက်ဆံခံရမှုတွေကြောင့် ပြည်သူအများစုက ဗြိတိန်ကနေ ခွဲထွက်ချင်နေပါတယ်။ ဖိနှိပ်မှု နဲ့ ဖမ်းဆီးခံရမှုတွေကြောင့် အိုင်ဗန်ခေါင်းဆောင်တဲ့ ဒယ်ရီမြို့သားတွေက သူတို့လိုချင်တာကို ညှိညှိနှိုင်းနှိုင်းနဲ့ တောင်းဆိုဖို့ ကြိုးစားခဲ့ကြပေမဲ့ တစ်ဖက်က ဗြိတိသျှတွေကတော့ ဒါမျိုး တောင်းဆိုမှုတွေ ထပ်မံ မပေါ်ပေါက်လာဖို့အရေးကိုပဲ ကြိုးပမ်းခဲ့ကြပါတယ်။ ဒီလိုနဲ့ တစ်နေ့သော တနင်္ဂနွေ မနက်ခင်းတစ်ခုမှာတော့ ... ခွဲခြားဆက်ဆံခံခဲ့ရတဲ့ အိုင်ယာလန်မြောက်ပိုင်းဒေသက ကက်သလစ်ဘာသာဝင်တွေ သူတို့ လိုချင်တာတွေ ဖြစ်ချင်တာတွေကို ညှိနှိုင်းတောင်းဆိုလို့ရသွားမလားဆိုတာကိုတော့ ဒီ ဖြစ်ရပ်မှန် ဇာတ်လမ်းလေးထဲ ဆက်ကြည့်ရှုခံစားလိုက်ကြရအောင်ပါ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Poant ပါ။) File Size : 4.3GB, 1.7GB, 611MB Quality : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format : mp4 Duration : 1hr & 32mins Genre : Action, Adventure, Comedy Translated by Poant Encoded by Kinnov

Drama • Romance
7.3 2002 107 mins
Bloody Sunday
Cocaine Bear
6.2

Cocaine Bear (2023) ဖြစ်ရပ်မှန်တစ်ခုကို အခြေခံထားတဲ့ ဟာသ ဟော်ရာ ရုပ်ရှင်ကားသစ်တစ်ကားဖြစ်ပါတယ်။ ကိုကိန်း ၇၅ ပေါင်လောက်ကို စားမိခဲ့တဲ့ ဝက်ဝံနက်ကြီးတစ်ကောင်းအကြောင်းပါပဲ။ မူရင်းအဖြစ်အပျက်မှာတော့ ယနေ့ခေတ်တန်ကြေးနဲ့ ဒေါ်လာ သန်း ၅၀ ဖိုးလောက်ရှိတဲ့ ကိုကိန်းတွေကို စားပစ်ပြီး ဝက်ဝံက ဆေးလွန်သေသွားခဲ့တာပါ။ ဒါပေမဲ့ ဒီရုပ်ရှင်ထဲမှာတော့ ဆေးကွဲပြီးသောင်းကျန်းပြပါလိမ့်မယ်ဗျာ။ ဒါရိုက်တာကတော့ Hunger Games နဲ့ Pitch Perfect ရုပ်ရှင်တွေမှာ သရုပ်ဆောင်လုပ်ခဲ့တဲ့ မင်းသမီး Elizabeth Banks ပဲ ဖြစ်ပါတယ်။ ၁၉၈၅ ခုနှစ်တုန်းက သွန်တန်ဆိုတဲ့ဘိန်းမှောင်ခိုသမားတစ်ယောက်ဟာ ကိုကိန်းတွေအပြည့်ပါတဲ့ အိတ်တစ်လုံးနဲ့ လေယာဉ်ပေါ်ကနေ လေထီးနဲ့ခုန်ချခဲ့ပေမဲ့ လေထီးမပွင့်ဘဲ သေဆုံးသွားခဲ့ပါတယ်။ အဲဒီ ကိုကိန်းမှုန့်တွေကို ဝက်ဝံတစ်ကောင်က စားမိသွားပြီး သောင်းကျန်းတဲ့ ဒဏ်ကို၊ ရဲတွေ၊ ခရီးသွားတွေ နဲ့ ဘိန်းဖြူတွေပြန်လိုက်ယူတဲ့ဘိန်းမှောင်ခိုအဖွဲ့တွေ ကောင်းကောင်းကြီးခံရပုံကို ရိုက်ပါထားတာပါပဲ။ ဟာသဆိုပေမဲ့ ကိုက်တာဖြတ်တာပြတ်တာတွေနဲ့ ဆဲတာတွေပါလို့ R rated သတ်မှတ်ထားတဲ့ရုပ်ရှင်ဖြစ်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။ Genre..... Comedy, Thriller Quality…. 1080p | 720p | 480p File size… 1.6GB | 850MB | 400MB Format… mp4 Duration…. 1h 35min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Mr.Anderson Encoder ..... Aaron

Drama • Mystery
6.2 2023 96 mins
Cocaine Bear
Three Ways
5.7

စတေစီဟာ ထက်မြက်ပြီးတော့ စိတ်သဘောထားကောင်းပြီး အလုပ်အကိုင်ကောင်းတဲ့ ဂရပ်ဖစ်ဒီဇိုင်နာတစ်ယောက် ဖြစ်ပါတယ်။ ဒါပေမယ့် သူမဟာ လိင်မှုကိစ္စတွေမှာ မကျွမ်းကျင်ဘဲ ဇီဇာကြောင်တတ်တဲ့အတွက် အချစ်ရေးကံခေတဲ့သူပါ။ တစ်နေ့မှာတော့ သူ့ကိုအရှိအတိုင်းချစ်ပေးနိုင်တဲ့ ဂျပ်စတင်ဆိုတဲ့ကျောင်းဆရာနဲ့တွေ့ပြီး သမီးရည်းစားတွေ ဖြစ်သွားကြပါတယ်။ သူမရဲ့ လိင်မှုကိစ္စလိုအပ်ချက်ကြောင့် ဂျပ်စတင်က သူမကိုငြီးငွေ့လာမှာစိုးတာကြောင့် လိုက်လျောပေးတဲ့အနေနဲ့ ဂျပ်စတင်ရဲ့ ကျောင်းနေဖက်သူငယ်ချင်းဖြစ်တဲ့ လော်ရိန်းနဲ့ သုံးယောက်သား သရီးဆမ်းကြဖို့ ဖြစ်လာပါတော့တယ်။ တစ်ဖက်မှာ လော်ရိန်းကလည်း ကျောင်းတုန်းကတည်က ဂျပ်စတင်ကိုသဘောကျနေတာပါ။ သူတို့သုံးဦးသား အတွေးကိုယ်စီနဲ့ သရီးဆမ်းကြမယ့်အဖြစ်ကို ဟာသအနည်းငယ်နှောပြီး ကြည့်ရှုရမှာဖြစ်ပါတယ်။ Quality….Webrip 720p Format…mp4 Duration….01:32:00 Genre…Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Matteo

5.7 2022
Three Ways
A Christmas Spark
6

ဒီတစ်ခါမှာတော့ ကြည်နူးစရာကောင်းတဲ့ ခရစ္စမတ်အချစ် ဇာတ်လမ်းလေး တစ်ပုဒ်ကို တင်ဆက်ပေးသွားမှာပါ။ မိုလီဆိုတဲ့အမျိုးသမီးဟာ အပြောင်းအလဲကို မကြိုက်တဲ့ အမျိုးသမီးတစ်ယောက်ပါ သူရဲ့ ခင်ပွန်းဟာလည်း လွန်ခဲ့တဲ့ ၂နှစ်က ဆုံးပါးသွားတာဖြစ်ပြီး သူ့သမီးဟာလည်း တခြားမြို့မှာ သူ့မိသားစုနဲ့ အတူနေထိုင်နေတာပါ။ မိုလီတစ်ယောက် အတိတ်ကို လက်မလွှတ်နိုင်ဘဲ နေအိမ်မှာ တစ်ယောက်တည်း အထီးကျန်စွာ နေထိုင်နေရတာပေါ့။ တနှစ်မှာတော့ မိုလီရဲ့ သမီးမိသားစုဟာ သူ့အိမ်ကိုလာပြီး ခရစ္စမတ်ပွဲကို မကျင်းပနိုင်တာကြောင့် သူကိုယ်တိုင် သမီးဖြစ်သူရဲ့ နေအိမ်ကိုသွားဖို့ အကြောင်းဖန်လာပါတော့တယ်။ လေဆိပ်မှာ မိုလီနဲ့ တွေ့ခဲ့သူကတော့ ဂျာနယ်လစ်ဟောင်းတစ်ယောက်ဖြစ်ပြီး အသစ်အဆန်းတွေ အမြဲလုပ်ချင်နေတဲ့ ဟန့်ခ်ဆိုတဲ့သူပါ။ အကြောင်းအမျိုးမျိုးနဲ့ သမီးရဲ့မြို့မှာ ကျင်းပမယ့် ခရစ္စမတ်ပြဇာတ်အတွက် မိုလီဟာ ဒါရိုက်တာ တာဝန်ယူလိုက်ရပြီး သက်ကြီးပိုင်းထဲမှာ ရေပန်းစားနေတဲ့ ဟန့်ခ်နဲ့ ထပ်တွေ့ရပါတော့တယ်။ အပြောင်းအလဲမကြိုက်တဲ့ မိုလီတစ်ယောက် အသစ်အဆန်းတွေ စိတ်ဝင်စားတဲ့ ဟန့်ခ်နဲ့တွေ့ပြီး ရှောင်လွှဲလို့မရတဲ့ အပြောင်းအလဲတွေ ကြုံလာရင်း သူကိုယ်တိုင်ရော ပြောင်းလဲနိုင်ပြီး အတိတ်ကို လွှတ်ချနိုင်မလားဆို‌တာကိုတော့ စောင့်ကြည့်ပေးကြပါဦးခင်ဗျာ။ File size…(1.6 GB)/(960 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:25:00 Genre…Drama, Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ban

Horror
6 2022 85 mins
A Christmas Spark
My Week with Marilyn
6.9

My Week with Marilyn (2011) ~ IMDb – 6.9/10, Rotten Tomatoes – 83% ~ ဒီရုပ်ရှင်ကို ကောလင်းကလတ်ရေးတဲ့ The Prince, The Showgirl and Me နဲ့ My Week with Marilyn ဆိုတဲ့ ဒိုင်ယာရီစာအုပ်နှစ်အုပ်ကနေ ရိုက်ထားတာ။ The Prince and the Showgirl (1957) ကို မာရီလင်မွန်ရိုးနဲ့ လောရန့်အိုလီဗာတို့ ရိုက်ခဲ့ကြတုန်းက အကြောင်းပေါ့။ ဒီဇာတ်လမ်းကို သူ့ခေါင်းစဉ်အတိုင်းပဲ စာရေးဆရာ ကောလင်းကလတ်ရဲ့ ရှုထောင့်ကနေပဲ ပုံဖော်ထားတယ်။ ဒီဇာတ်လမ်းရဲ့ အဓိကက ကောလင်းလို့ပြောလို့ရပေမဲ့ သူက ဒီဇာတ်လမ်းထဲ အားကောင်းလှတဲ့ ဇာတ်ကောင်တော့ မဟုတ်နေဘူး။ သူက မွန်ရိုးကိုချစ်မိတဲ့ တတိယအဆင့်လက်ထောက်ဒါရိုက်တာနေရာက သူ့အမြင်ကို ဖော်ပြသွားရုံပဲ။ ဒီဇာတ်လမ်းရဲ့ အားအကောင်းဆုံး ဇာတ်ကောင်၂ကောင်ကတော့ မွန်ရိုးနဲ့ ဆာလောရန့်ပါပဲ။ မွန်ရိုးဘယ်သူလဲတော့ ဘယ်သူမှ ရေခင်းပြစရာမလိုပါဘူး။ ဆာလောရန့်ကလည်း ခေသူတော့မဟုတ်ပါဘူး။ အော်စကာလေးဆုနဲ့ တခြား ရွှေကမ္ဘာလုံးဆုတွေ ဘာတွေ အစုံရထားဖူးတဲ့ဘဲပါ။ သူယူထားတဲ့မိန်းမဆိုလည်း လေရူးသုန်သုန်ရုပ်ရှင်ထဲက မင်းသမီး Vivien Leigh… ဆာလောရန့်က ဒါရိုက်တာလုပ် မင်းသားလည်းလုပ်ပြီး The Prince and the Showgirl ကို ရိုက်ဖို့လုပ်တယ်။ မာရီလင်မွန်ရိုးနဲ့ဆို အရာရာအဆင်ပြေမယ်လို့ သူမျှော်လင့်ခဲ့တာပေါ့။ တကယ်တမ်းကျ မွန်ရိုးနဲ့ ရိုက်ကာမှပဲ သူ့ဆီမှာ ခေါင်းအစားဆုံးအခြေအနေတွေဖြစ်လာတယ်။ ဇာတ်အရတော့ မာရီလင်မွန်ရိုးကို အဲဒီခေတ်ကတည်းက အခမ်းနားဆုံးမင်းသမီးလို့ လက်ခံထားကြပြီးသား၊ ဒါပေမဲ့ ခေတ်တစ်ခေတ်ရဲ့ အခမ်းနားဆုံး မင်းသမီးဖြစ်နေပေမဲ့လည်း မာရီလင်မွန်ရိုးမှာ မိန်းမဆန်တဲ့စိတ်က အပြည့်ရှိနေတယ်။ အားငယ်တတ် သံသယများတတ် အချစ်ခံချင် မျက်ရည်လွယ် စိတ်ဓာတ်ကျလွယ် စိတ်ပျော်လွယ် ဆိုတဲ့ အချက်တွေလို့ပဲ ယေဘုယျထားပါတော့…။ သာမန်မိန်းမတစ်ယောက်အတွက်တောင် ဒီအရာတွေက သူ့စိတ်ကို ဒုက္ခပေးနိုင်တဲ့ နှုန်းမြင့်တယ်။ မာရီလွန်မွန်ရိုးဟာ သူ့ခေတ်ရဲ့ ဟိုးထိပ်ဆုံးကလူဖြစ်သလို လုပ်နေတဲ့အလုပ်ကလည်း မြင့်တက်ဖို့ခက်ပေမဲ့ ပြုတ်ကျဖို့လွယ်တဲ့ သရုပ်ဆောင်အလုပ်။ ဒီအလုပ်နဲ့ ဒီလောက်မိန်းမဆန်ခြင်း အပြည့်ရှိနေတဲ့ မာရီလင်မွန်ရိုး ဘယ်လောက်တောင် ဒုက္ခများမလဲ တွေးကြည့်လို့ရတယ်။ ဆာလောရန့်အတွက်လည်း ဒုက္ခတော်တော်များခဲ့တယ်။ သူက ဒါရိုက်တာဆိုတော့ ရိုက်ကွင်းထဲ မင်းသမီးလုပ်သမျှတွေက သူ့ကိုရိုက်ခတ်နေတာကိုး။ အားလုံးကတော့ မာရီလင်မွန်ရိုးကို စတားဆိုတဲ့ စိတ်နဲ့ ခွင့်လွှတ်ပေးလို့ရနေပေမဲ့ ဆာလောရန့်ကိုယ်တိုင်ကလည်း သူ့ခေတ်ရဲ့စတားဆိုတော့ မာနတော့ရှိသေးတယ်။ ဒီတော့ မွန်ရိုးအပေါ် သူက ခက်ထန်တယ်။ အဲဒီလိုခက်ထန်လေ မွန်ရိုးဘက်က အခြေအနေပိုဆိုးလာလေနဲ့ ရုပ်ရှင်ရိုက်ဖို့က တော်တော်လေး ဂျာအေးသူ့အမေရိုက်နေခဲ့တယ်။ ဒီလိုနဲ့ ဆာလောရန့်ခန့်ထားတဲ့ တတိယလက်ထောက်ဒါရိုက်တာ ကောလင်းက ဒီနှစ်ယောက်ကြား ပေါင်းကူးပေးဖို့ဖြစ်လာတယ်။ သူက ဒီ၂ယောက်ကြားက အခြေအနေကို ကောင်းကောင်းနားလည်သလို မွန်ရိုးကိုလည်း ချစ်မိသွားတဲ့လူဆိုတော့ သူက မွန်ရိုးကို ကောင်းကောင်းနားလည်ပေးပြီး ပေါင်းကူးပေးနိုင်ခဲ့တယ်။ စိတ်ပျော့တဲ့ မွန်ရိုးနဲ့ ခုမှ လူလားစမြောက်တဲ့ သူနဲ့ကြားလည်း အချစ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်လာခဲ့တယ်။ မာရီလင်မွန်ရိုးဟာ သူ့အချစ်ဦးဖြစ်လာခဲ့တယ်။ ဒီဇာတ်လမ်းဟာ မွန်ရိုးတို့ဘက်ကိုကြည့်ရင် ဟောလိဝုဒ်ရဲ့ သမိုင်းကို ပြန်လွမ်းမောရယ့် ဘိုင်အိုဂရပ်ဖီရုပ်ရှင်ပေါ့။ တစ်ခေတ်တစ်ခါက စတားတွေအများကြီးရဲ့ စရိုက်တွေ ခံယူချက်တွေ အချိုးအကွေ့တွေကို မြင်ရမယ့် ရုပ်ရှင်ပေါ့။ တကယ်လို့သာ ခင်ဗျား ကောလင်းဘက်က ကြည့်ခဲ့ရင်တော့ ဒီဇာတ်လမ်းဟာ လူငယ်လေးတစ်ယောက်ရဲ့ အချစ်ဦးဇာတ်လမ်းတစ်ပုဒ်ပဲ။ အချစ်ဦးဇာတ်လမ်းတွေဆိုတာ အမြဲဆိုသလို နာကျင်ဖွယ် ချိုမြိန်ခြင်းများအတိနဲ့ ကဗျာတွေပဲ။ ပြောရရင် ဒီဇာတ်လမ်းဟာ နာကျင်ဖွယ် ချိုမြိန်ခြင်းများအကြောင်းပါပဲ။ သူ့ရဲ့မွန်ရိုးတမ်းချင်းလို့ ပြောလည်းရတယ်။ ဒီရုပ်ရှင်ရဲ့ စီနီမာတိုဂရပ်ဖာ Ben Smithardက ၂၀၂၀တုန်းက အန်သိုနီဟော့ကင်းမင်းသားဆုရသွားပြီး ဇာတ်ညွှန်းဆုပါရသွားတဲ့ The Father ရဲ့ စီနီမာတိုဂရပ်ဖာဖြစ်တယ်။ Primetime Emmy Award for Outstanding Cinematography ဆုလည်းရဖူးတယ်။ သရုပ်ဆောင်တွေကလည်း ဟောလိဝုဒ်ရုပ်ရှင်တွေနဲ့ သေချာကျွမ်းဝင်တဲ့လူတွေ ထိတ်ထိတ်ကြဲတွေလို့ လက်ခံပြီးသားလူတွေချည်း။ မွန်ရိုးနေရာက Michelle Williams… မနှစ်က Blonde ထဲက မွန်ရိုးထက် သူ့မွန်ရိုးက ပိုသာတာတော့ သေချာတယ်။ ဒါလည်း ထည့်ပြောစရာမလိုပါဘူး။ မစ်ချဲလ်ဝီလီယမ် ဘယ်သူလဲ သိတဲ့လူတွေ မပြောလည်း သိကြမယ့်အချက်ပဲ။ ပြီးတော့ Eddie Redmayne… သူ့ကိုတော့ The Theory of Everything တို့၊ The Danish Girl တို့နဲ့ အားလုံးသိကြမှာပဲ။ သရုပ်ဆောင်စကေးကလည်း ပြောပြဖို့မလိုနေဘူး။ နောက် အခုဆို ဟာကျူလီပွာရိုတွေချည်း ဆက်တိုက်ရိုက်နေတဲ့ Kenneth Branagh, ဂျိမ်းစဘွန်းထဲက M တစ်ဖြစ်လဲ မင်းသမီးကြီး Judi Dench, နောက် အင်္ဂလန်ရဲ့ကျက်သရေဆောင် Emma Watson… ဒီထဲမှာမှ မစ်ချဲလ်နဲ့ ကန်းနက်တို့က အော်စကာမှာ မင်းသမီးဆုနဲ့ ဇာတ်ပို့ဆု အသီးသီးဆန်ခါတင်ဝင်ခဲ့ကြတယ်။ ထုတ်ထားတဲ့ ဘဲကလည်း လက်ရှိဟောလိဝုဒ်ရဲ့ နာမည်အပျက်ဆုံးလူလို့ ပြောလို့ရတဲ့ အဲဒီပျက်တဲ့နာမည်နဲ့ မလိုက်အောင်ဘဲ သူထုတ်တဲ့ ကားမှန်သမျှ ဂေါ်ထွက်နေတဲ့ ဟာဗေးဝင်းစတိန်း။ အဘက်ဘက်ကတော့ သူ့နည်းသူ့ဟန်နဲ့ ဟုတ်နေတာပါပဲ။ ကြည့်ဖို့မကြည့်ဖို့ကတော့ ခင်ဗျားတို့အလုပ်ပေါ့။ ————————————————— မာရီလင် မွန်ရိုးသို့ တမ်းချင်း “ဆင်းရဲခြင်းက ဒုက္ခ“တဲ့။ နီလာရောင် ရေချိုးခန်း “ပဲရစ်”ရေမွှေး ဖျန်းထားသော ပန်းခြံ မရန်းရောင် ရှမ်ပိန်၊ ရေခဲစိမ် “မာတနီ” ငွေခြည်ရောင် ရေခဲသေတ္တာတို့ ကြားမှာ အဆိပ်သောက် သေဆုံးသွားသော ဟောလိဝုဒ်၏ ကြယ်ပွင့်အပြာ အို၊ မာရီလင် မွန်ရိုး။ “ချမ်းသာခြင်းမှာ ဘာဒုက္ခများ တွေ့ခဲ့လဲ“။ ။ ~ သုခမိန်လှိုင် (ဂျွန်လ၏ မိုးရေများ – ၁၉၇၀) ————————————————— (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.55GB, 730MB Quality – 1080p, 720p IMDb Rating – 6.9/10 Format – mp4 Duration – 1H 39Min Genre – Biography, Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

6.9 2011
My Week with Marilyn
Various Geeks
5.6

တကယ်လို့ ဒေါ်လာ ၁၀ သိန်းက သင့်ရှေ့ကို ရောက်လာရင် ဘယ်လိုလုပ်မလဲ။ လိုချင်မိမလား။ ဒီတစ်ခေါက် CM ရဲ့ ပရိသတ်တွေအတွက် ဟာသမှုခင်းရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- နိုင်ငံခြားမှာ ကျောင်းတက်ပြီး ပြန်လာတဲ့ ကျန်းပေါ်ဟာ နိုင်ငံခြားခရီးသွားလုပ်ငန်းကို လုပ်နေသူဖြစ်ပါတယ်။ တစ်နေ့မှာတော့ သူဌေးဝမ်ရဲ့ တောင်းဆိုချက်အရ ဒေါ်လာ ၁၀ သိန်းကို နိုင်ငံခြားပို့ဖို့ စီစဉ်ခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ သူ့ရဲ့ ငယ်သူငယ်ချင်း ဖုန်လဲ့ချီက ဒေါ်လာအတုအမှုတစ်ခုကို လိုက်လံစုံစမ်းနေခဲ့ပါတယ်။ သူတို့ နှစ်ယောက်နဲ့ နယ်ပယ်အစုံက ငွေမက်သူတွေနဲ့ ဒေါ်လာ ၁၀ သိန်းရဲ့ အရှုပ်တော်ပုံထဲကို ဝင်ရောက်သွားခဲ့ပါတယ်။ ငွေအတုတွေ အစစ်တွေနဲ့ လူတိုင်းဟာ အရှုပ်တော်ပုံထဲကို ရောက်သွားတဲ့အခါမှာတော့…… ကျန်းပေါ်တစ်ယောက် ဒေါ်လာ ၁၀ သိန်းကို သေချာထိန်းသိမ်းနိုင်ပါ့မလား…… ဒေါ်လာအတု အရောင်းအဝယ်လုပ်နေတဲ့ လူတွေကရော ဘယ်လို ဇာတ်သိမ်းမျိုးဖြစ်မလဲ…… ဆိုတာကို ရုပ်ရှင်နဲ့အတူ ခံစားကြည့်ရှုလိုက်ရအောင်နော်။

5.6 2023
Various Geeks
Wolf Garden

ဒီတစ်ခေါက်မှာတော့ ပရိတ်သတ်ကြီးအတွက် Horror/Thriller ဆန်ဆန်ဇာတ်ကားလေးတစ်ခုကိုတင်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့ အချစ် စိတ်ပျက်မှု အမှောင်ထုကြားမှာပိတ်မိနေတဲ့လူတစ်ယောက်။ အစကတော့ သူနဲ့သူ့ချစ်သူလေးက ပျော်ပျော်ရွှင်ရွှင်ပဲ လူတွေနဲ့ကင်းကွာတဲ့တောအုပ်လေးထဲက တစ်ထပ်အိမ်လေးထဲမှာ အပူအပင်းကင်းမဲ့စွာနဲ့ဖြတ်သန်းနေတာပါ။ ရုတ်တရက်ကြီး ချစ်သူလေးရဲ့”ရှင်ကျွန်မကို အမြဲတမ်းကာကွယ်စောင့်ရှောက်ပေးမယ်မဟုတ်လား”ဆိုတဲ့စကားက ဘာအဓိပ္ပာယ်လဲ။ သူကတော့ သေချာပေါက်စောင့်ရှောက်ပေးပါမယ်ဆိုပြီး ကတိပေးလိုက်တာပေါ့။ ဒီကတိတစ်ခုကစတင်လာတဲ့သံသရာ။ ဘာလို့ဒီသံသရာစက်ဝန်းထဲမှာပိတ်မိနေတာလဲ ဘာတွေဖြစ်နေတာလဲ ဘာတွေမှားယွင်းနေတာလဲ ငါပြန်တွေ့နေရတဲ့ ငါ့ရှေ့ကိုရောက်တဲ့ချစ်သူလေးက ငါ့ချစ်သူလေးရောဟုတ်ရဲ့လား…ဆိုပြီး ဇာတ်လိုက်နဲ့အတူ ဇာတ်လမ်းထဲမှာဇာတ်ရှိန်အနိမ့်အမြင့်ကို အတူတူလိုက်ခံစားကြည့်ရှူလို့ရမယ့်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ ကြည့်ရှူခံစားပေးကြပါဦး။ File size…(839 MB)/(421 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:29:00 Genre… Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Swe Yee

0 2023
Wolf Garden
Fleet of Time
5.6

ဒီတစ်ခါမှာတော့ တရုတ် romance ကားလေး တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ ဇာတ်ကားနာမည်ကတော့ fleet of time လို့ခေါ်ပြီးတော့ ၂၀၁၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ ရုပ်ရှင်ကားပဲ ဖြစ်ပါတယ်။ ၁၉၉၀ – ၂၀၀၀ ပြည့်နှစ်ကြားမှာ အထက်တန်းကျောင်းသားဘဝကို ဖြတ်သန်းခဲ့ကြတဲ့ သူငယ်ချင်းတစ်ဖွဲ့အကြောင်းကို အဓိက ရိုက်ကူးထားတာဖြစ်ပါတယ်။ အဓိကဇာတ်ဆောင်တွေအနေနဲ့ မင်းသား Eddie Peng က ချန်ရွှင်အဖြစ်နဲ့ နာမည်ကြီးရုပ်ရှင် Lost in the Stars ထဲက မင်းသမီး Ni Ni က ဖန်းဟွေအဖြစ် ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကို ပြောပြရရင်တော့ ဖန်းဟွေဟာ တခြားကျောင်းကနေ ပြောင်းလာတဲ့ ကျောင်းသူအသစ်ပါ။ အမြဲတမ်း တစ်ယောက်တည်း သီးသန့်နေတတ်ပြီး ဘယ်သူနဲ့မှလည်း စကားမပြောပါဘူး။ ချန်ရွှင်က ဖန်းဟွေကို စစတွေ့ချင်းနေ့မှာတင် စိတ်ဝင်စားသွားခဲ့ပြီးတော့ ဖန်ဟွေရဲ့ အာရုံစိုက်မှုကိုရဖို့ နည်းမျိုစုံသုံးတော့တာပေါ့။ ချန်ရွှင်တို့ သူငယ်ချင်းအဖွဲ့ထဲက လင်းကျားမော့ဆိုတဲ့ ကောင်မလေးရဲ့ ဖန်တီးပေးမှုကြောင့် ဖန်းဟွေလည်း ချန်ရွှင်တို့အဖွဲ့ထဲကို ရောက်လာခဲ့ပါတယ်။ တဖြည်းဖြည်းနဲ့ ချန်ရွှင်ဟာ ဖန်းဟွေရဲ့ နာကျင်စရာ အတိတ်စိတ်ဒဏ်ရာကို သိသွားရင်းကနေ ချစ်မိသွားခဲ့ပါတယ်။ ဖန်းဟွေကလည်း ချန်ရွှင်ကို ပြန်ချစ်နေခဲ့တာမလို့ နှစ်ယောက်ဟာ ရည်းစားတွေဖြစ်သွားခဲ့ကြပါတယ်။ ဒါပေမဲ့လည်း တစ်ခါတလေမှာ အချစ်ဆိုတဲ့အရာက ဒီလူတစ်ယောက်နဲ့စခဲ့ပြီး ဒီလူနဲ့ပဲ အဆုံးသတ်မယ်လို့ တပ်အပ်မပြောနိုင်တဲ့ အရာတစ်ခုပါပဲ။ အထူးသဖြင့် အထက်တန်းဘဝမှာ စတင်တွေ့ရှိခဲ့တဲ့ အချစ်ဟာ တစ်သက်စာ အတူရှိသွားနိုင်ဖို့က လက်တွေ့မှာ မလွယ်ကူခဲ့ပါဘူး။ ချန်ရွှင်နဲ့ ဖန်းဟွေဟာလည်း အချိန်ရေစီးကြောင်းထဲမှာ ဖြတ်သန်းနေတဲ့ လူတွေပဲဖြစ်တာမလို့ သူတို့နှစ်ယောက်ကရော အချိန်ရဲ့ စမ်းသပ်မှုတွေကို ကျော်လွှားနိုင်ပါ့မလား။ အထက်တန်းဘဝမှာ ထားရှိခဲ့တဲ့ ကတိတွေကိုရော တစ်သက်စာ တည်သွားနိုင်လိမ့်မလားဆိုတာကိုတော့ ပရိသတ်ကြီးတို့ကိုယ်တိုင် ကြည့်ရှုလိုက်ပါ။ ဇာတ်လိုက်နှစ်ဦးရဲ့ အချစ်ဇာတ်လမ်းအပြင် ကျောင်းသားဘဝမှာ တွေ့ကြုံလေ့ရှိတဲ့ အချစ်မေတ္တာတွေ၊ လွဲချော်သွားခဲ့တဲ့ ရေစက်တွေ၊ ချစ်တိုင်းလည်း မနီးစပ်နိုင်တာတွေ…. ဒါတွေအားလုံးကို ရိုက်ပြထားတာမလို့ ရင်ထဲမှာ ခပ်ဆွေးဆွေးဖြစ်စေမယ့် ရုပ်ရှင်ကားလေးတစ်ကားပဲဖြစ်ပါတယ်။ ဒါကြောင့်မလို့ ပရိသတ်ကြီးတို့လည်း လက်မလွတ်တမ်း ကြည့်ရှုလိုက်ပါဦးနော်။ File size… 2.4 GB / 660MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 59m Genre ….. Drama/Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Elizabeth Khant

Crime • Romance • Drama
5.6 2014
Fleet of Time