YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

The Auditors (2024) E05 WEB-DL 1080P (CM).mp4

765.1 MB N/A video/mp4 238 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Summer Frost
10

၂၀၂၂ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Un hiver en été (Summer Frost) လို့ အမည်ရတဲ့ ပြင်သစ်ရုပ်ရှင်ကားတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ ဒီကားကို ဒါရိုက်တာ Laetitia Masson ကိုယ်တိုင်ရေးသားရိုက် ကူးခဲ့ပြီး ဇာတ်လမ်းပုံစံကတော့ Drama ရုပ်ရှင်အမျိုးအစားဖြစ် ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ ပြင်သစ်နိုင်ငံရဲ့ နွေရာသီတစ်ခုမှာ ရုတ်တရက်အပူချိန်မညီမျှမှုတွေ ဖြစ်ပေါ်ခဲ့ရာကနေ ပြင်းထန်တဲ့ အအေးလှိုင်းဖြတ်ခြင်းကို ခံစားခဲ့ရပါတယ်။ အအေးဓာတ်က (-10C) အထိကျဆင်းသွားခဲ့ပြီး ရေပိုက်လိုင်းထဲကရေတွေပါ ခဲကုန် ကာ လူတွေရော တိရိစ္ဆာန်တွေပါ အစာရေစာပြတ်လပ်မှု၊ အဆုံး စွန်ထိ အေးခဲမှုတွေကြောင့် အသက်သေဆုံးကြတဲ့အထိ ဖြစ်ကုန် ကြပါတယ်။ တဖြည်းဖြည်းပိုအေးလာတာကြောင့် မကြာခင်မှာပဲ ကမ္ဘာပျက်တော့မယ်ဆိုပြီး သတင်းတွေမှာ ကြေညာနေကြပါတယ်။ ပိုက်ဆံသိပ်ချမ်းသာတဲ့ တချို့လူတွေကတော့ အင်္ဂါဂြိုဟ်ပေါ်မှာ သွားနေနိုင်ဖို့အထိ ပြင်ဆင်နေကြပြီး သာမန်လူတွေမှာတော့ စိတ် ဓာတ်ကျကာ မျှော်လင့်ချက်မဲ့နေကြပါတယ်။ ဒီဇာတ်လမ်းထဲက ဇာတ်ကောင်ဆယ်ယောက်ရဲ့ အထီးကျန်ဝမ်း နည်းမှု စိတ်ပျက်မှုတွေကြောင့် ကမ္ဘာမပျက်ခင် မျှော်လင့်ချက်နဲ့ အချစ်ကိုလိုက်ရှာနေကြတဲ့အကြောင်း ရိုက်ပြထားပါတယ်။ ဇာတ် ကောင်တစ်ယောက်ချင်းစီရဲ့ စရိုက်၊ ခံယူချက်နဲ့ မျှော်လင့်ချက်အ သီးသီးကို ရောနှောပြသထားပြီး ဇာတ်ရှိန်အတက်အကျနည်းပြီး ခပ်အေးအေးဇာတ်လမ်းလို့ထင်ရပေမယ့် ဇာတ်လမ်းထဲမှာ ပါးပါး လေးနဲ့ထည့်သွားတဲ့ ဒိုင်ယာလော့ခ်လေးတွေကတော့ စိတ်ဝင်စား ဖို့ကောင်းပါတယ်။ "ငါတို့တွေ မွေးဖွားခွင့်ရဖို့အတွက် ပိုက်ဆံပေးရတယ်၊ အသက်ရှင် နေထိုင်ရေးအတွက် ပိုက်ဆံပေးရတယ်၊ နောက်ဆုံးသေသွားတဲ့ အချိန်ထိ ပိုက်ဆံပေးရတယ်၊ ဒီလိုလည်ပတ်နေတဲ့ကိစ္စကြီးကို ဖျက် သိမ်းပစ်ချင်တယ်"။ ဇာတ်လမ်းတစ်နေရာမှာ တံမျက်စည်းလှဲနေတဲ့ သန့်ရှင်းရေးဝန်ထမ်းအမျိုးသမီးအပေါ် က အမှိုက်ချသွားတဲ့အမျိုး သားကို အမှိုက်ပုံးထဲကိုသေချာပစ်ဖို့ ပြောတဲ့အခါမှာ "ငါတို့အခွန်တွေ ဆောင်ထားတယ် အဲဒီ့အခွန်တွေနဲ့ နင့်ကိုလစာပေးထားရတာ ဒါနင် လုပ်ရမယ့်အလုပ်"ဆိုတဲ့ သဘော မောက်မောက်မာမာပြန်ပြောတယ်။ သန့်ရှင်းရေးအမျိုးသမီးက ဒါပိုက်ဆံကြောင့်မဟုတ်ဘူး ဒါကနိုင်ငံသား တစ်ယောက်ရဲ့ မဖြစ်မနေသိနေရမယ့် ကျင့်ဝတ်ဆိုတာမျိုး ပြန်ပြောရဲ တယ်။ သူတို့နိုင်ငံမှာ သန့်ရှင်းရေးသမားကလည်း ပြန်ဆုံးမလို့ရတာပဲ၊ ယုံကြည်မှုအပြည့်ရှိတယ်။ လူတန်းစားခွဲခြားမှုတွေ၊ လူမျိုးရေးမုန်းတီး မှုတွေရှိတာကို မသိမသာထည့်ရိုက်ထားတယ်။ နောက်ထပ်ဇာတ်ကောင်တစ်ယောက်ကတော့ ကိုယ့်အဖေအပေါ်ဖောက် ပြန်ခဲ့တဲ့အမေကို ကြည့်ရင်း ကြီးပြင်းလာတဲ့ယောက်ျားတစ်ယောက်ဟာ မိန်းမတွေကို မယုံကြည်၊ လေးစားမှုမရှိဘဲ အချစ်ကိုကိုးကွယ်တဲ့မိန်းမ တွေဆို အထင်သေးတတ်တဲ့လူဖြစ်လာခဲ့တယ်။ ပြီးတော့ ကိုယ်လက်ထပ် ထားတဲ့မိန်းမအပေါ် ဂရုမစိုက်ဘဲ ကွဲသွားတဲ့ရည်းစားဟောင်းအပေါ် စိတ် မပြတ်နိုင်တဲ့ ယောက်ျားတစ်ယောက်ကို "နင့်မိန်းမကိုသာ နင်တကယ်ချစ်ပြီး တကယ်ဂရုစိုက်မယ်ဆိုရင် တခြားတစ်ယောက်အကြောင်းကို ဆယ်နှစ်လုံး လုံးသတိရနေမှာမဟုတ်ဘူး။ သူ့ကိုကွာရှင်းလိုက်တာထက် သူနဲ့အတူရှိနေတဲ့ ဆယ်နှစ်တာမှာ တခြားမိန်းမအကြောင်းပဲ သတိရနေတာကမှ သစ္စာဖောက် တာပဲ" ဆိုပြီးပြောထားတဲ့အခန်းဆို တော်တော်လေးရင်ထဲထိစေပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ ကမ္ဘာကြီးအဆုံးမသတ်ခင် လူတွေရဲ့အမျိုးမျိုးသော စိတ် ဆန္ဒတွေ လိုချင်တပ်မက်မှုတွေအကြောင်း ရိုက်ကူးတင်ပြထားပါတယ်။ သူတို့ လိုချင်တဲ့ လိင်စိတ်ဆန္ဒ၊ လုံခြုံမှု၊ မိတ်ဆွေ၊ အချစ်၊ အနုပညာ စတဲ့အရာတွေ အကြောင်းကို စိတ်ဝင်စားစရာကောင်းအောင် ရိုက်ပြထားပါတယ်။ မိတ်ဆွေတို့ လည်း အခုအချိန်မှာ ကမ္ဘာပျက်တော့မယ်ဆိုရင် ကိုယ့်ရဲ့တကယ့်ဆန္ဒကဘာလဲ၊ ကိုယ်ဘာလိုချင်လဲဆိုတာကို စဥ်းစားကြည့်ဖူးပါလား။ ကဲပါ ဒီကားလေးကိုကြည့် လိုက်ကြရအောင် . . . (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ HannaH ဖြစ်ပါတယ်) File Size..........(1.6 GB) / (600 MB) Quality............WEB-RIP 1080p / 720p Duration.........1Hr 52Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama Translator.......HannaH Encoder..........SWM

Action
10 2022 112 mins
Summer Frost
The Hunt for Red October
7.4

~ IMDb - 7.5/10, Rotten Tomatoes - 88% ~ ဒီရုပ်ရှင်က စာ​ရေးဆရာ Tom Clancy ရဲ့ ဇာတ်​ကောင် Jack Ryan တစ်ယောက် စာမျက်နှာ​ထက်က​နေ ပိတ်ကား​ပေါ်ကို စတင်​ရောက်ရှိခဲ့တဲ့ရုပ်ရှင်ဆို မမှားပါဘူး။ Prime ရဲ့ Jack Ryan shows တွေလိုပဲ ရုပ်ရှင်ဘက်မှာ Jack Ryan Franchise ဆိုပြီး ဇာတ်ကား၅ကား ထွက်ခဲ့ဖူးပါတယ်။ CM မှာ 2014 ခုနှစ်ထွက် Jack Ryan ဇာတ်ကားကို တင်ပြီးပြီဖြစ်ပြီး အခုတင်ဆက်​ပေးမှာက​တော့ ဒီ Franchise ထဲက ပထမဆုံးကားပါ။ ဒီဇာတ်ကားက ၁၉၉၀မှာထွက်ရှိခဲ့တာဖြစ်ပြီး Jack Ryan's Theme ဖြစ်တဲ့ Political Spying ပုံစံကို သေချာခံစားရလို့ Old but Gold မှ ကြိုက်တယ်ဆိုသူ​တွေ​ရော Action ကားပရိသတ်​တွေပါ ကြိုက်မယ့် ဇာတ်ကားပါပဲ။ ဇာတ်လိုက်၂​ယောက်က​တော့ အားလုံးသိတဲ့ ဂျိမ်းစ်ဘွန်းမင်းသားကြီး Sean Connery နဲ့ Pearl Harbor နဲ့ Beetlejuice အပြင် တခြားကားပေါင်းများစွာထဲက မင်းသားကြီး Alec Baldwin ပါ။ ရုရှား​ရေတပ်ကပ္ပတိန် ရေးမီယပ်စ် ဦး​ဆောင်တဲ့ Red October ဆိုတဲ့ အဖျက်ရေငုပ်သင်္ဘောကြီးဟာ ရုရှားပြည်တွင်းက​နေ အ​မေရိကန်ကို ထွက်​ပြေးလာပြီးနောက် ရုရှားနိုင်ငံတွင်းက ​ရေတပ်သင်္ဘောအားလုံး သူတို့ပိုင်သင်္ဘောကို ပြန်ရဖို့ ဖမ်းဆီး​ရေးခရီးစဉ်ကို စတင်ခဲ့ပါတယ်။ ရေးမီယပ်စ်က မထွက်ခွာခင် ​ရုရှားရေတပ်ရဲ့ဗိုလ်ချုပ်ကြီးပါဒိုရင်ကို အ​မေရိကန်ဘက်မှာ ခိုလှုံမယ့်အ​ကြောင်းစာပို့ခဲ့တာဖြစ်လို့ ရုရှား​တွေ အသည်းအသန်တားဆီးဖို့ အ​ကြောင်းဖန်လာတာပါ။ အ​မေရိကန်​တွေအမြင်မှာ​တော့ တာ​​ဝေးပစ်ဒုံး​တွေ သယ်​ဆောင်လာတဲ့ ဆိုဗီယက်ပိုင်​ရေငုပ်သင်္ဘောကြီးက အ​ကြောင်းအရင်းမသိရဘဲ သူတို့နိုင်ငံဘက်ကို ဦးတည်လာတဲ့အတွက် တားဆီးရဖို့ဖြစ်လာပါတယ်။ Red October ရဲ့ ရည်ရွယ်ချက်အစစ်ကို သတိပြုမိခဲ့က​တော့ CIA ရဲ့ သု​တေသီ ဂျက်ရိုင်ယန်ဖြစ်ပြီး သူ့အ​နေနဲ့ အဆိုပါသင်္ဘောရဲ့ကပ္ပတိန် ရေးမီယပ်စ်ရဲ့ ခိုလှုံချင်တဲ့သ​ဘောထားကို ယူအက်စ်​အာဏာပိုင်​တွေ၊ ရေတပ်အရာရှိ​​တွေ ယုံကြည်အောင် နားချရပါ​တော့တယ်။ ဆိုဗီယက်အစိုးရဘက်ကလည်း သူတို့ရဲ့​ရေငုပ်သင်္ဘောကြီး သူတို့ရဲ့မဟာရန်သူ လက်ထဲ အလွယ်တကူအ​ရောက်မခံနိုင်လို့ ​​သွေးထိုးမှု​တွေ ဆက်တိုက်လုပ်လာခဲ့လို့ ဂျက်ရိုင်ယန်နဲ့ ကပ္ပတိန်ရေးမီယပ်စ်တို့ဟာ အ​မေရိကန်နဲ့ ဆိုဗီယက်တို့ရဲ့ ​ရှေ့​နောက်ညှပ်တိုက်မှုကို ခံရမယ့်အ​​​ခြေအ​နေပါ။ ဂျက်အ​​နေနဲ့ ဆိုဗီယက်ရဲ့​သွေးထိုးမှု​တွေကို ယူအက်စ်​​အာဏာပိုင်​တွေ နားမ​ယောင်​အောင် ​ပြောနိုင်မလား။ အ​နောက်ကလိုက်ပါလာတဲ့ ရုရှားအဖျက်သင်္ဘော​တွေရန်က​နေ Red October ကိုကယ်တင်ပြီး ခိုလှုံခွင့်တောင်းချင်တဲ့ ကပ္ပတိန်ရေးမီယပ်စ်တို့ရဲ့ ရည်ရွယ်ချက်အမှန်ကို ချပြနိုင်မလားဆိုတာ ကြည့်ရှုရမယ့် Action Thriller ဇာတ်ကားကောင်းတစ်ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို X မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.4GB, 780MB Quality - 1080p, 720p IMDb Rating - 7.5/10 Format - mp4 Duration - 2H 15Min Genre - Action, Adventure, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by X Encoded by Y

Drama
7.4 1990 135 mins
The Hunt for Red October
The Peanut Butter Falcon
7.4

လက်ရှိIMDbမှာ rating 7.9 နဲ့ tomatoမှာ 95%ရထားတဲ့ Dramaကားကောင်းတစ်ကားပါ။ ရင်းနှီးပြီးသားသရုပ်ဆောင်တွေလည်းပါဝင်ထားပါတယ် (Dakota Johnsonလေး) ဇာတ်လမ်းကတော့ ဇက်ခ်ဆိုတဲ့၂၂နှစ်အရွယ်ကောင်လေးတစ်ယောက်က ဉာဏ်ရည်နိမ့်ပါးတဲ့ရောဂါဖြစ်နေပြီး သူ့ကိုစောင့်ရှောက်‌ပေးမယ့် မိသားစုမရှိတာကြောင့် အစိုးရကသူ့ကို သက်ကြီးဘိုးဘွားဂေဟာမှာ နေခိုင်းထားပါတယ်။ ဒါပေမယ့် သူ့ရဲ့နပန်းသမားအိပ်မက်ကိုအကောင်အထည်ဖော်ဖို့အတွက် အဲ့ကနေထွက်ပြေးလာရင်း လမ်းမှာပြဿနာဖြစ်လို့ထွက်ပြေးလာတဲ့ ‌အကြမ်းဗတမ်းအကုန်ရတဲ့တောသား ကြီးတိုင်လာနဲ့ တွေ့ဆုံမိသွားတယ်။ နောက်တော့ ဇက်ခ်သွားမယ့်နေရာက တိုင်လာသွားမယ့်နေရာနဲ့ တစ်လမ်းတည်းဖြစ်နေတာကြောင့် သူတို့နှစ်ဦးသား အတူတူခရီးနှင်ဖြစ်သွားတာပေါ့။ ဇက်ခ်ကိုလည်း ဂေဟာကစောင့်ရှောက်ပေးနေသူလေးကလိုက်ရှာ၊ တိုင်လာကိုလည်း သူ့ကိုမကျေနပ်တဲ့သူတွေ(Yelawolfတောင်ပါသေး)က လိုက်ရှာဆိုတော့ လမ်းမကနေမသွားဘဲ ပုန်းလျှိုးကွယ်လျှိုးနဲ့သွားလာနေကြရတာပေါ့။ အဲ့လိုခရီးအတူတူနှင်ရင်းနဲ့ သူတို့နှစ်ဦးလမ်းခရီးမှာ အခက်အခဲတွေကိုကျော်ဖြတ်ရင်း၊ ဒုက္ခသုခတွေကိုမျှဝေရင်းနဲ့ ဖြစ်လာတဲ့သံယောဇဉ်တွေ၊မေတ္တာတွေကို ညိမ့်ညိမ့်ညောင်းညောင်း‌ဖော်ကျူးတင်ဆက်ထားတဲ့ကားလေးပါ။ Ratingတွေလည်းအရမ်းကောင်းနေတာမို့လို့ ကိုယ်တိုင်ပဲခံစားကြည့်ရှုလိုက်ပါ။ File Size : ( 908 MB , 342 MB) Quality :  WEB-DL 720p Running Time : 1 hr 37 min Format : Mp4 Genre : Adventure , Comedy , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Moe Lay Encoded by Moe Myint Lwin

Drama • Family
7.4 2019 97 mins
The Peanut Butter Falcon
My Father’s Violin
6.4

My Father’s Violin (2022) ~ IMDb – 6.4/10, Rotten Tomatoes – 82% ~ ဂရမ်မီဆုရှင် တယောဆရာ Joshua Bell က ပြောဖူးပါတယ်… “တယောနဲ့ တေးသွားတစ်ပုဒ်ထိုးတဲ့အခါ… သင်ဟာ ဇာတ်ကြောင်းပြောသူဖြစ်လာပြီး ဇာတ်လမ်းတစ်ပုဒ်ကို ပြောပြနေတာပါ” တဲ့။ ဒီကားလေးထဲမှာတော့ ဆံပင်အနီနဲ့ ချစ်စရာကလေးမလေးတစ်ယောက်က ဇာတ်ကြောင်းပြောသူဖြစ်ပြီး ဟောဒီ့ဇာတ်လမ်းလေးကတော့ သူနဲ့ သူ့ဦးလေးတို့ကြားက ဇာတ်လမ်းလေးပါ။ ကလေးမလေးကတော့ လမ်းတွေပေါ် လှည့်လည်ဖျော်ဖြေလိုက်၊ အလှူငွေလေးကောက်လိုက်၊ ရဲတွေလာဖမ်းရင် ထွက်ပြေးလိုက်နဲ့ လူမှုဘဝကို စောစောထိတွေ့ဖြတ်သန်းနေရသူလေးဖြစ်ပါတယ်။ တစ်ဖက်မှာတော့ သူ့ဦးလေးဟာ အောင်မြင်နေတဲ့ တိုင်းသိပြည်သိ အကျော်ဇေယျ တယောပညာရှင်ကြီးတစ်ဦးဖြစ်ပါတယ်။ တယောချင်းတူကြပေမယ့် ကိုယ်စားပြုမှုမတူကြတဲ့ သူတို့ရဲ့ ကိုယ်ပိုင်တေးသွားတွေ အချိတ်အဆက်မိကြဖို့ ဘာတွေများ ခက်ခဲနေမှာလဲ… ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ဇာတ်လမ်းက မှန်းရလွယ်ပါတယ်။ ဒါပေမဲ့လည်း ပြင်ပလောကရဲ့ ထင်တိုင်းကြဲနေတဲ့ ကံကြမ္မာနဲ့ ဖရိုဖရဲဖြစ်နေတဲ့ ဟောဒီကမ္ဘာကြီးကို အခုလို သိမ်မွေ့နူးညံ့တဲ့ မှန်းရလွယ်တဲ့ ရုပ်ရှင်လေးနဲ့ အံတုရမယ်ဆိုလည်း မဆိုးပါဘူး။ နေ့ခင်းနေ့လယ် ကော်ဖီခါးခါးကို ကွတ်ကီးဆိမ့်ဆိမ့်လေးနဲ့ မြည်းရသလိုပေါ့။ နောက်ပြီး ဒီကားထဲက ကလေးသရုပ်ဆောင်လေးဟာလည်း သိပ်ကိုမှ ချစ်ဖို့ကောင်းပါတယ်လို့။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 940MB Quality – 1080p, 720p IMDb Rating – 6.4/10 Format – mp4 Duration – 1H 52Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by Z Encoded by Y

6.4 2022 112 mins
My Father’s Violin
Terrified
6.5

ဒီကားလေးကတော့ စပိန် horror ကားလေးဖြစ်ပြီးတော့ horror ချစ်သူတွေ‌‌တော်တော်အကြိုက်တွေ့စေမှာပါ။ စပိန်ကားတစ်ကားအနေနဲ့ IMDB 6.5 တောင်ရထားလို့ ခေတော့မခေဘူးဗျ။ ဇာတ်လမ်း ဇာတ်အိမ်ကလဲစိတ်ဝင်စားဖို့ကောင်းသလို ကြောက်ဖို့လဲတော်တော်ကောင်းပါတယ်။ ဇာတ်လမ်းကသာမာန်မဟုတ်တဲ့ သဘာဝလွန်ဖြစ်ရပ်တွေဖြစ်နေတဲ့ရပ်ကွက်တစ်ခုကို သဘာဝလွန်ဖြစ်ရပ်တွေကိုအဓိကထားပြီးလေ့လာတဲ့ဒေါက်တာတစ်ဦးရယ် သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်နဲ့ ရဲအရာရှိတစ်ယောက်အတူတူ စုံစမ်းစစ်ဆေးရင်းနဲ့ ဘာဖြစ်လို့ ဒီရပ်ကွက်မှာ ဒီလိုတွေဖြစ်နေရတာလဲ ဘာတွေကြုံတွေ့ရအုံးမလဲဆိုတာကို စောင်ကိုက်ရင်း စိတ်ဝင်စားဖွယ်ကြည့်ရမှာပဲဖြစ်ပါတယ်။ သွေးထွက်သံယိုတွေ၊ Jump scare တွေအများကြီးပါလို့ကလေးသူငယ်များနဲ့ အသဲငယ်တတ်သူများမကြည့်‌ရင်ကောင်းပါတယ်ဗျ (ကျွန်တော်တော့ဘာသာပြန်ပြီး တစ်ညလောက်အိပ်မပျော်ဘူးဖြစ်သွားတယ်)။ ဘာပဲဖြစ်ဖြစ်ပါ horror တွေ slasher တွေကြိုက်တတ်ရင် လက်မလွှတ်သင့်တဲ့ ကားမျိုးဖြစ်လို့ မြည်းစမ်းကြည့်ကြပါလို့ပဲ ‌အကြံပေးချင်ပါတယ်ခင်ဗျာ။ File size… 1.34 GB / 473 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 27m Genre ….. Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Dr Zac

Horror • Thriller
6.5 2017 88 mins
Terrified
Collision
5.9

ဒီတစ်ခါ ဘာသာပြန်တင်ဆက်ပေးလိုက်တဲ့ ရုပ်ရှင်လေးကတော့ နာမည်အတိုင်းပဲ ကားမတော်တဆမှုတစ်ခုကနေ အစပြုတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ ။ စကော့ထ်နဲ့ တေလာတို့ ကြင်စဦးဇနီးမောင်နှံဟာ မော်ရိုကို နိုင်ငံကို ဟန်းနီးမွန်းထွက်လာရင်း သဲကန္တာရထဲမှာ ကားမတော်တဆဖြစ်ခဲ့ပါတယ် ။ ဒီလိုကနေ ကားမတော်တဆဖြစ်ပြီး ကန္တာရထဲမှာ သောင်တင်နေခဲ့ရတာတော့ သူတို့လင်မယားနှစ်ယောက်တည်း မဟုတ်ပါဘူး ။ သူတို့ကားကို အသည်းအသန် ကပ်လိုက်လာတဲ့ ထရားဗစ် ၊ မီးလောင်နေတဲ့ကားထဲက အော်ဒရေ ၊ ပေတိပေစုတ်ပုံစံနဲ့ လူထူးဆန်း အိုမာ ၊ ဆိုင်ကယ်ပျက်ပြီး ကန္တာရထဲမှာ သောင်တင်သွားရတယ်ဆိုတဲ့ ဆလာ တို့နဲ့အတူ သူတို့လင်မယားဟာ ကန္တာရထဲက ထွက်ရဖို့ ကြိုးစားပါ တော့တယ် ။ နောက်ကြောင်းမသိတာမို့ အချင်းချင်းမယုံကြတဲ့ သူတို့တွေဟာ ဘယ်လို စခန်းသွားကြမလဲ ။ ကန္တာရထဲကနေရော ဘယ်သူတွေက ထွက်သွားနိုင်ကြမှာလဲ ။ သေချာတာတော့ အဲဒီလူငါးယောက်ရဲ့ နောက်ကွယ်မှာ ဆက်နွယ်မှုတွေ ရှိနေတယ်ဆိုတာပါပဲ ။ ဒါ့အပြင် ဂွကျကျနဲ့ ဆရာလုပ်တတ်တဲ့ လူထူးဆန်း အိုမာဆီမှာ စိန်ရိုင်းတုံးတွေလည်း ရှိနေတယ်ဆိုတာကို သိလိုက်ရတဲ့အခါ… အိုမာဟာ ဘယ်လိုလူလဲ ။ စိန်တုံးတွေက ဘယ်သူ့ဆီရောက်သွားမလဲ ။ စကော့ထ်နဲ့ တေလာတို့ လင်မယားကရော ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲ ဆိုတာကို collision ရုပ်ရှင်မှာ ကြည့်ရှုခံစားလိုက်ရအောင်နော် ။ File size…1.69GB / 858MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 41m Genre ….. Action , Romance , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Ashley

Drama
5.9 2013
Collision
4 Kings 2
7

4 Kings 2 (2024) ရုံတင်ဝင်ငွေတွေ တော်တော်များများ ရရှိထားတဲ့ 4 Kings 2021ရဲ့အဆက်ဖြစ်တဲ့ 4 Kings 2 ထွက်ရှိလို့လာပါပြီ။ 4Kings 2 ကလည်း Box officeတော်တော်လေးများတဲ့အပြင် good review, good ratingတွေပိုင်ဆိုင်ထားတဲ့ အက်ရှင်ကားကောင်းလေးဆိုတော့ ထိုင်းကားက လင်လုကားတွေ LGBTQ ကားတွေချည်းပဲလားဆိုသူတွေအတွက် အက်ရှင်ကားလေးလည်းရှိပါတယ်လို့ရည်ညွှန်းရင်း… 4 Kings တုန်းကလိုပဲ 4 Kings 2ကလည်း နိုင်ငံရေးမတည်ငြိမ်မှုတွေကြားမှာ ကျောင်းဆိုတဲ့အရာတွေက ဇိုးအဖွဲ့တွေကြောင့် ကျောင်းသားတွေအတွက် အန္တရာယ်အရှိဆုံးနေရာ ဖြစ်လာနေတာပေါ့။ ဒီတစ်ခါမှာတော့ 2 Kingsကပဲ အဓိကလှုပ်ရှားသွားမှာဖြစ်ပြီး ခိုးဆိုးလုနှိုက်တစ်ပိုင်း ဘုရားစူးကျောင်းသားရိုင်းလေးတွေကြားကရန်ပွဲကိုပဲ ဆက်လက်ရှုစားရမှာပါ။ ဇိုးကိုမှဆရာတင်တဲ့အမှောင်ခေတ်နဲ့အညီ ထုံးစံအတိုင်း ကျောင်းတွေမှာ ဂိုဏ်းတွေကိုယ်စီနဲ့ ဆက်လက်ဆိုးသွမ်းမြဲ သောင်းကျန်းမြဲဖြစ်နေတုန်းပါပဲ။ ဒီတစ်ခါမှာတော့ ဘူရန်ဖွန်ကျောင်းက ဇိုးတစ်သိုက်က ကနော့ကျောင်းက ကျောင်းသားတစ်ယောက်ကို လက်စွမ်းပြရာကနေ ကျောင်းတော်ကရန်စတွေ ပြန်လည်စတင်လာပြန်တာပေါ့။ နဂိုထဲက တစ်ယောက်နဲ့တစ်ယောက် အားပြိုင် မိုက်လုံးချင်းပြိုင်ဘယ်သူဖြစ်နေတဲ့ ကင်းတွေကြားမှာ ရန်စတစ်ခုရသွားချိန်မှာတော့ တစ်ယောက်နဲ့တစ်ယောက် လက်စားချေဖို့ အမုန်းပွေပါတော့တယ်။ ဒီရန်ပွဲတွေကြားထဲမှာ ရတ်ဆိုတဲ့ကောင်ဇိုးလေးကတော့ ကြားခံဖြစ်နေတာပေါ့။ ဒါပေမဲ့ ရတ်ကလည်း ကျောင်းတွင်းရန်ပွဲကြောင့် traumaတွေရထားဖူးတဲ့သူဖြစ်နေတဲ့အခါ… 4Kingsရဲ့ထုံးစံအတိုင်းပဲ ဘာမဟုတ်တဲ့ကိစ္စတွေနဲ့ ကိုယ့်ကိုယ်ကိုယ် ဇိုးလို့ခံယူ အရက်သောက်ဆေးချပြီး ကိုယ့်ဘဝကိုယ်ဖျက်နေတဲ့ အမှောင်ခေတ်က ကောင်ဇိုးလေးတွေအကြောင်း ရိုက်ကူးပုံဖော်ထားတာဖြစ်လို့ ရှုစားကြပါဦး။ အညွှန်းကိုတော့ Mary က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Mary, Char, Kim, Su တို့ပဲ ဖြစ်ကြပါတယ်။ Genre….. Action, Crime, Drama Quality…. 1080p | 720p File size… 2.59GB | 920MB Format… mp4 Duration…. 2h 13min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Mary, Char, Kim, Su Encoder ….. Aaron

Drama • Romance
7 2024
4 Kings 2
Hard Target 2
5.3

သူငယ်ချင်းကို လက်ဝှေ့ကြိုးဝိုင်းထဲမှာ မတော်တဆသတ်ခဲ့မိလို့ အပြစ်ကြွေးဆပ်ချင်ရာကနေ မြန်မာပြည်က ဗိုလ်ချုပ်တွေနဲ့ လက်ဝါးချင်းရိုက်ထားတဲ့ သတ်ကွင်းမှာ အမဲလိုက်ခံရသူ ဇာတ်ကားအကျဉ်း ဘေလာနှင့် ဆူသာလန်ဟာ အခင်ဆုံးသူငယ်ချင်းတွေဖြစ်ပြီးတော့ နာမည်တစ်လုံးနဲ့ ကျော်ကြားတဲ့ လက်ဝှေ့သမားတွေဖြစ်ပါတယ်။ သူတို့ဟာ နှစ်ယောက်ယှဉ်ထိုးဖို့ ငွေပမာဏအများကြီး ကမ်းလှမ်းခံရတဲ့အခါ ဘယ်သူနိုင်နိုင်အရေးမကြီးဘူး ပိုက်ဆံရဖို့ အဓိကပဲဆိုပြီး ယှဉ်ထိုးဖို့ သဘောတူလိုက်ပါတယ်။ ဒါပေမဲ့ အနိုင်ရလိုစိတ်ပြင်းပြသွားတဲ့ ဘေလာက လက်လွန်သွားပြီး ဆူသာလန်ကို သေအောင် ထိုးလိုက်မိပါတယ်။ ဒီလိုကနေ စိတ်ရောလူရော ထောင်းထောင်းကြေသွားတဲ့ ဘေလာဟာ ဆူသာလန် မသေခင်ကို လိုချင်တဲ့တဲ့ ကမ်းခြေဘေးက အိမ်ကို ဝယ်ပေးဖို့ မြန်မာပြည်က ဗိုလ်ချုပ်တွေနဲ့ အဆက်အသွယ်ရှိတဲ့ အဲဒရစ်ချ်ဆိုတဲ့လူနဲ့ ဆုံမိပြီး ထိုးပွဲတစ်ခုအတွက် လက်ခံပြီး မြန်မာပြည်ကို လိုက်လာခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီကိုရောက်သွားတဲ့အခါမှ လက်ဝှေ့ပွဲမဟုတ်ပဲ သူ့ကို ဝိုင်းအမဲလိုက်မယ့် သတ်ပွဲဖြစ်နေတာကို သိလိုက်ရတဲ့အခါမှာ သူ့အနေနဲ့ ဘယ်လိုလွှတ်မြောက်အောင်လုပ်မလဲဆိုတာကို ရင်ထဲ တလှိုက်လှိုက် ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ File size…(2.8 GB)/(1.7 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:44:00 Genre…War , Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Matteo

5.3 2016 104 mins
Hard Target 2
Hostile Dimensions

Multiverse နဲ့ပတ်သက်တဲ့ရုပ်ရှင်တွေဟာ အခုခေတ်ကာလတွေမှာအများအပြားထွက်ခဲ့ကြတဲ့အထဲ ဒီကားလေးလည်းအပါအဝင်ဖြစ်ပါတယ်။ Emily နဲ့ Brian တို့နှစ်ယောက်ဟာ documentary ရိုက်နေစဉ် တံခါးတစ်ချပ်‌ကိုတွေ့ပြီး Emily တစ်ယောက်အဲ့တံခါးထဲကိုဝင်ရင်းပျောက်သွားပါတယ်။ Wolf Door လို့ခေါ်တဲ့အဆိုပါတံခါးတွေကနေတစ်ဆင့် ကိုယ်စိတ်ကူးယဉ်လိုက်တဲ့ကမ္ဘာမှန်သမျှကိုသွားနိုင်တာကို Sam နဲ့ Ash တို့သူငယ်ချင်းနှစ်ယောက်သိသွားပြီးနောက် Emilyကိုလိုက်ရှာကြရင်းဘယ်လိုမျိုးတွေကြုံရမလဲဆိုတာက Found Footageပုံစံဇာတ်လမ်းမျိုးအဖြစ်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ Rotten Tomatoes မှာလည်း 85%အထိရှိထားတဲ့ Independence movie တစ်ခုဖြစ်တဲ့ လက်မလွတ်တမ်းကြည့်သင့်တဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ File size…(1.8 GB)/(990 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 02:01:00 Genre… Found Footage Horror, Horror, Sci-Fi Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by S4L

0 2023 77 mins
Hostile Dimensions
The Mystic Nine: Qing Shan Hai Tang
6.3

TU ထဲက မုန့်ယောင်လေးရဲ့ The Mystic Nine: Qing Shan Hai Tang (2022) ဇာတ်ကားကောင်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… The Mystic Nine ဆိုတဲ့နာမည်ကို C-drama ဖန်တွေစိမ်းနေမယ်မထင်ပါဘူး… ဟုတ်ပါတယ် 2016 မှာ အတော်လေး နာမည်ကြီးခဲ့တဲ့ The Mystic Nine ဒရာမာကို ပြန်ပြီး adaptထားတဲ့ ရုပ်ရှင်ကားလေးပါ… The Mystic Nine (2016) မှာ ကျန်းချီရှန်းနဲ့ အာ့ယွဲ့ဟုန်ကြားက ဂျင်းချိုတွေ စားခဲ့သူရှိပေမယ့် ဘယ်သူမှ သူတို့နှစ်ယောက် ဘယ်လိုဆုံပြီး ဘယ်လို မိတ်ဆွေဖြစ်ခဲ့ကြတယ်ဆိုတာ မသိခဲ့ကြဘူး… ဒီအဖြေကို ဒီရုပ်ရှင်ကားလေးက ဖြေပေးပါလိမ့်မယ်… ကျန်းချီရှန်းဟာ အဖေ့အတွက် လက်စားချေပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ချန်ရှားကိုရောက်လာခဲ့ပါတယ်… ဒါပေမယ့် ချန်ရှားမှာ အာဏာရနေသူ ကျော်ချန်ကျီးက သူလက်စားချေရမယ့်သူဖြစ်နေတာကြောင့် ခိုင်မာတဲ့သက်သေကို ရှာရင်း အာ့ယွဲ့ဟုန်နဲ့ အမှတ်မထင်ဆုံခဲ့ရာကနေ… ကျန်းချီရှန်းရဲ့ ပထမဆုံးသော မိတ်ဆွေအဖြစ်ထိ ဖြစ်လာခဲ့ပါတယ်… တစ်ဖက်က အာ့ယွဲ့ဟုန်အတွက်လည်း ကျန်းချီရှန်းက အတော်လေး ထူးခြားတဲ့သူဖြစ်နေပေမယ့် သူလက်စားချေမယ့် ကျော်ချန်းကျီးဟာ အာ့ယွဲ့ဟုန် အဖေနဲ့ ရင်းနှီးသူဆိုတာထက်ပိုတဲ့ တစ်လှေတည်းစီးနေတဲ့ သေဖော်သေဖက်တွေဖြစ်နေတော့… ကျန်းချီရှန်းတစ်ယောက် ကျော်ချန်းကျီရဲ့ အပြစ်ကို သက်သေပြရမယ့် ပစ္စည်းသက်သေ စာရင်းစာအုပ်ကို လက်ဝယ်ရဖို့ အခက်တွေ့သလို… အာ့ယွဲ့ဟုန်မှာလည်း တစ်သက်လုံး သားလိမ်မာအနေနဲ့နေပေးခဲ့တာကြောင့် အဖေနဲ့ ပထမဆုံးခင်မင်တဲ့ မိတ်ဆွေ ကြား အတော်လေး ဗျာများနေရတာပေါ့…အဆုံးသတ်မှာ မိတ်ဆွေကောင်းတွေဖြစ်သွားမှာ သိပြီးသားဆိုတော့… လက်စားချေနိုင်မှာလား…ပစ္စည်းသက်သေ တကယ် ရနိုင်ခဲ့မှာလား… ဒါ့အပြင် ဒီရန်ငြိုးတွေနောက်မှာ ဘာဖုံးကွယ်ထားတာရှိဦးမလဲ…ဆက်လက်ခံစားကြည့်ရှုပါ

6.3 2022
The Mystic Nine: Qing Shan Hai Tang
A Kid in King Arthur’s Court
4.7

ကျောက်တုံးကြီးထဲက ဓါးကို ဆွဲထုတ်လိုက်နိုင်တဲ့ ဘုရင်အာသာနဲ့ မှော်ဆရာမာလင်တို့ကို မသိတဲ့သူ မရှိသလောက်ပါပဲ။ ဒါပေမယ့် (၁၉၉၅)တုန်းက ထွက်ရှိခဲ့တဲ့ “A Kid in King Arthur’s Court” ဆိုတဲ့ ဇာတ်ကားလေးမှာတော့ ကျွန်တော်တို့ မြင်နေကျ ဇာတ်ကားတွေထဲကလို ရဲစွမ်းသတ္တိနဲ့ ပြည့်ဝနေတဲ့ ဘုရင်မင်းမြတ်အာသာကို မြင်ရမှာတော့ မဟုတ်ပါဘူး။ အဲ့ဒီအစား အာသာတို့ခေတ်ကို မာလင် ဆင့်ခေါ်လိုက်လို့ ဘုမသိဘမသိ ရောက်သွားတဲ့ အရှုံးသမား ကောင်လေးတစ်ယောက်ရဲ့ အဖြစ်အပျက်လေးတွေနဲ့ စွန့်စားခန်းတွေကို မြင်တွေ့ ကြည့်ရှုနိုင်မှာပဲ ဖြစ်ပါတယ်။ မထင်ထား မမျှော်လင့်ထားမိလောက်အောင် ပြောင်းလဲသွားတဲ့ ဘုရင်အာသာကိုကော ကောင်လေး ကယ်ဗင်တစ်ယောက် ကူညီနိုင်ပါ့မလား။ အာသာ့စားပွဲဝိုင်းရဲ့ ‘Knight in King Arthur’s Court’ မဟုတ်တဲ့ ကလေးတစ်ယောက်က အာသာတို့ရဲ့ ဘယ်လိုအရေးအခင်းမှာ ဘယ်လို ကူညီသွားမယ်ဆိုတာကို ပေါ့ပေါ့ပါးပါး ကြည့်ရှုလို့ရမယ့် “A Kid in King Arthur’s Court” ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ရပါတယ်။ File size… 3.7 GB / 1.2GB Quality… Web-DL 1080p / 720p Format… mp4 Duration…. 1h 30m Genre ….. Comedy/Adventure Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Doros

Drama
4.7 1900 89 mins
A Kid in King Arthur’s Court
Until Dawn
6

Until Dawn (2025) IMDb Rating (6.0) / Rotten Tomatoes (53%) ညတာကို ရှင်သန်နိုင်အောင်လုပ်မလား ညတာနဲ့ တစ်သားတည်းဖြစ်သွားမလားတဲ့။ ရှင်းရှင်းပြောရရင် မနက်မိုးလင်းတဲ့အထိ အသက်ရှင်အောင် ရုန်းကန်ရတာပေါ့။ ဒါပေမဲ့ ဘယ်အရာတွေကနေ အသက်ရှင်အောင် ရုန်းကန်ရမှာလဲ? ဇာတ်လမ်းအကျဉ်း ကလိုဗာဟာ သူမရဲ့ သူငယ်ချင်းလေးယောက်ဖြစ်တဲ့ မက်စ်၊ မီဂန်၊ အေ့ဘ်၊ နီနာတို့နဲ့အတူ ခရီးထွက်လာခဲ့ပါတယ်။ အကြောင်းအရင်းကတော့ ကလိုဗာ့အမေ ဆုံးသွားတာ မကြာသေးတဲ့အပြင် ကလိုဗာ့အစ်မ မယ်လနီကလည်း နယူးရော့ခ်ကို ကျောင်းတက်ဖို့ဆိုပြီး သွားလိုက်တာ ပျောက်ချင်းမလှပျောက်သွားခဲ့တဲ့အတွက် စိတ်ပြေလက်ပျောက် ဖြစ်အောင်ရယ်၊ စိတ်ဖြတ်နိုင်အောင်ရယ် ကားတစ်စီးနဲ့ ထွက်လာကြတာပါ။ ဒါပေမဲ့ သူတို့ငါးယောက်သား ခရီးထွက်လာတယ်ဆိုတာထက် ကလိုဗာ့စိတ်တိုင်းကျ သူ့အစ်မသွားခဲ့တဲ့လမ်းအတိုင်း ခြေရာကောက်လာတာပါ။ ဒီလိုကနေ ဂလိုရယ်တောင်ကြားဆိုတဲ့ မြို့အဝင်နားလေးက ဓာတ်ဆီဆိုင်ကို ရောက်လာခဲ့ပါတယ်။ ကလိုဗာက ဓာတ်ဆီဆိုင်ပိုင်ရှင်ကို လူပျောက်တွေ့သေးလား မေးရင်းကနေ ဂလိုရယ်တောင်ကြားဆိုတဲ့မြို့မှာ လူတွေခဏခဏပျောက်ကြောင်း၊ လူပျောက်ပြီးရင် ပြန်ပေါ်မလာတော့ကြောင်း ပြောရာကနေ သူ့အစ်မလည်း အဲမှာ ပျောက်သွားတာများလားလို့ တွေးမိတဲ့အတွက် သူငယ်ချင်းတွေကိုပြောပြပြီး အဲမြို့ကို မောင်းလာပါတော့တယ်။ ဒါပေမဲ့ လမ်းမှာ မိုးတွေအသည်းအသန်ရွာလာပြီး ကားမောင်းလာရင်းကနေ အိမ်တစ်အိမ်ကိုရောက်သွားပြီး မိုးချုပ်သွားတဲ့အခါ ဘာတွေဆက်ဖြစ်မလဲဆိုတာကို ကိုယ်တိုင်သာ ကြည့်လိုက်ကြပါတော့ဗျာ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Matteo ဖြစ်ပါတယ်။) File size…(3.5 GB) / (1.7 GB) / (840 MB) Quality….WEB-DL 1080p HEVC / WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Horror,Mystery Duration….01:43:59 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K,Thit San Khant Translated by Matteo

6 2025 103 mins
Until Dawn
Two for the Road
7.4

ဒီရုပ်ရှင်က ကျွန်တော့်ရဲ့ အကြိုက်ဆုံး ရုပ်ရှင်ပါပဲ။ လက်ထပ်ပြီးသူတွေ (သိုမဟုတ် ရယ်စရာရှာနေသူတွေ) အနေနဲ့ ဒီရုပ်ရှင်ကို သေချာပေါက် ကြည့်သင့်ပါတယ်။ မဖြစ်မနေ ကြည့်ရမယ့်ကား ပါပဲ။ လွန်ခဲ့တဲ့ ၂ ပတ်လောက်ကမှ ကြည့်ဖူးတာဖြစ်ပြီး အခုဆို ၇ ကြိမ်လောက် ရှိနေပါပြီ။ Mark နဲ့ Joanna တို့ရဲ့ ဆက်ဆံရေးကို အချိန်ကာလ ပြောင်းလဲမှုတွေနဲ့ ချပြထားတာက အချိန်ကို မှတ်မိဖို့ ခက်မယ်ထင်ရပေမဲ့ တကယ်တမ်းကျတော့ ဇာတ်ကောင်စုံတွဲရဲ့ ဆံပင်ပုံစံနဲ့ သဘောထားတွေကို ကြည့်ရင် ရိုးရှင်းပါတယ်။ Audrey Hepburn က ထူးချွန်လွန်းပြီး သူမရဲ့ အကောင်းဆုံး သရုပ်ဆောင်ချက်တွေထဲက တစ်ခုပါပဲ။ Albert Finney ကလည်း အလုပ်ကြိုးစားလွန်းတဲ့ ခင်ပွန်းအဖြစ် ဆွဲဆောင်မှုရှိပါတယ်။ Maxwell-Manchester မိသားစုက ရယ်စရာကောင်းပြီး၊ အထူးသဖြင့် Ruthie လိုခေါ်တဲ့ ကလေးမလေးက ပိုရယ်ရပါတယ်။ Audrey ကတော့ ၁၂ နှစ်ကြာ အိမ်ထောင်ရေးကို ကယ်တင်ဖို့ ကြိုးစားနေတဲ့ ပျင်းရိနေတဲ့ ဇနီးဖြစ်ပြီး Albert ကတော့ အလုပ်ပင်ပန်းလွန်းပြီး စိတ်တိုတတ်တဲ့ ခင်ပွန်းပါ။ ဒီရုပ်ရှင်က သူတိုရဲ့ ခရီးစဉ် သုံးခုကို ပြသထားပါတယ်။ ပထမခရီးစဉ်က သူတိုရဲ့ အချစ်ဇာတ်လမ်း စတင်ခဲ့ချိန်၊ ဒုတိယခရီးစဉ်က ပထမဆုံး ကလေး ကိုယ်ဝန်ရှိချိန်၊ တတိယခရီးစဉ်ကတော့ သူတိုရဲ့ အိမ်ထောင်ရေး ပြိုကွဲစပြုလာချိန်တွေပါ။ သူတိုရဲ့ ချစ်ခြင်းမေတ္တာကို အံ့ဩစရာကောင်းအောင် ပြသထားပြီး Hepburn နဲ့ Finney တိုဟာ တကယ့်ဘဝမှာလည်း ချစ်ခဲ့ကြတယ်ဆိုတာ ဘယ်သူမဆို မြင်နိုင်ပါတယ်။ တေးဂီတက လှပပြီး ရုပ်ရှင်တစ်လျှောက်လုံး ဖွင့်ထားတာကို ကျွန်တော် သဘောကျပါတယ်။ ဒါဟာ ရုပ်ရှင်တစ်ခုလုံးရဲ့ အကောင်းဆုံး အစိတ်အပိုင်းတွေထဲက တစ်ခုလို့ ကျွန်တော် ထင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ရုပ်ရှင်ထဲက အဖြစ်အပျက်တွေမှာ ကျွန်တော် တို့ကို တဖြေဖြေး ကြည်နူးစရာဆီ ဆွဲခေါ်သွားပါလိမ့်မယ်။ File size…(1.8 GB)/(935 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:51:00 Genre… Comedy, Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by YDN

7.4 1967 112 mins
Two for the Road