YoteShin Drive is below this article. Scroll down to view.
Snapdragon 8+ GEN 1 capacity to better Dimensity 9000+
Author: Anonymous Published on: 12 Aug 2022
Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina
YoteShin Drive
Sign in using google and save to your drive
The.Art.Of.War.2000.UNRATED.1080p(CM).mp4
2.52 GB N/A video/mp4 680 downloads
Save this file to your google drive account to download
Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Tin & Tina
6.1
Tin & Tina (2023) ဒီဇာတ်ကားလေးကတော့ Psychological Thriller & Horror အမျိုးအစား စပိန်ကားလေး ဖြစ်ပါတယ်။ ခရစ်ယာန် ဘာသာရေးအစွဲအလမ်းကြီးမှုရဲ့ အကျိုးဆက်တွေအကြောင်းကို ရိုက်ပြထားတာပါ။ အဒေါ့ဖိုနဲ့ လိုလာတို့ လင်မယားနှစ်ယောက်က ခရစ်ယာန် သီလရှင်မိဘမဲ့ကျောင်းကနေ ကလေးမွေးစားဖို့ ဆုံးဖြတ်လိုက်တယ်။ မကြာခင်မှာပဲ သူတို့ရဲ့ ဆုံးဖြတ်ချက်က နောင်တရစရာ ဖြစ်လာတယ်။ သူတို့မွေးစားလိုက်တဲ့ တင်နဲ့တီနာတို့ မောင်နှမနှစ်ယောက်က ဘုရားသခင်နဲ့ သမ္မာကျမ်းစာအပေါ်မှာ ယုံကြည်မှုပြင်းထန်လွန်းပြီး ကျမ်းစာထဲပါသမျှကို တဖက်စွန်းရောက်တဲ့အထိ အလေးအနက် ကျင့်သုံးတတ်ပါတယ်။ ထူးဆန်းတဲ့ ဒီကလေးတွေ အိမ်ကိုရောက်လာပြီး မကြာခင်မှာပဲ လိုလာမွေးထားတဲ့ ခွေးကြီးက ဗိုက်ပွင့်ပြီး သေသွားရတယ်။ နောက်ထပ် ကျောင်းမှာ သူတို့ကို အနိုင်ကျင့်တဲ့ ကောင်လေးကလဲ သေသွားရပြန်တယ်။ တင်နဲ့တီနာက လိုလာ့ခေါင်းကို အဝတ်နဲ့အုပ်ပြီး အသက်ရှူကျပ်သွားအောင် လုပ်ပစ်တဲ့အထိ ဘုရားသခင်ကို အယုံအကြည်ပြင်းကြတယ်။ ဒါ့အပြင် ကုတင်ပေါ်မှာ လိုလာ့ကို ကြိုးနဲ့ချည်၊ သူ့ခြေအတုကို ဖြုတ်ယူပြီး ကိုယ်ဝန်ရှိတဲ့ဗိုက်ထဲကို ဆေးထိုးအပ်နဲ့ ထိုးဖို့ကြိုးစားတယ်။ ဒါတွေအားလုံးကို သူတို့က ရယ်စရာဟာသလို လုပ်နေကြတာပါ။ ဒီလောက်ဖြစ်နေတာတောင်၊ လိုလာတစ်ယောက် အသည်းအသန် ကြောက်ရွံ့နေတာတောင်မှ အဒေါ့ဖိုဟာ အရာအားလုံးကို မတော်တဆ ဒါမှမဟုတ် အမှားတစ်ခုလို့သာ မြင်နေပြီး ကလေးတွေကို လုံးဝ အပြစ်မတင်ဘူး။ အဒေါ့ဖို ထင်နေသလိုမျိုး ဒီကလေးတွေက တကယ်ပဲ အပြစ်ကင်းသလား... မကောင်းတဲ့အရာတွေက ဘယ်လိုဖြစ်လာတာလဲ... ဒီကလေးတွေကို ဘယ်လိုရပ်တန့်နိုင်မှာလဲ... ဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာ ဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Hnyun Yadanar Myintmo Htun မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.3GB, 560MB Quality - 1080p, 720p Format - mp4 Duration - 1H 59Min Genre - Horror, Mystery, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Hnyun Yadanar Myintmo Htun Encoded by Y
Crime • Drama • Mystery
6.1 2023 119 mins
Tin & Tina
Romantic Adventures
2
အချစ်ဟာသကားလေး တင်ဆက်ပေးလိုက်ပါတယ်။ မမျှတတဲ့အိမ်ထောင်ရေးတစ်ခုဟာ တည်မြဲဖို့မလွယ်ပါဘူး။ တီခယ့်ဟာစီးပွားရေးအရာမှမဖြစ်ထွန်းပဲ သူ့ရဲ့မိန်းမကတော့လုပ်ငန်းပိုင်းမှာအရမ်းအောင်မြင်တာမလို့ တီခယ့်ဟာ အိမ်ထောင်ရှင်ယောင်္ကျားတစ်ယောက်တာဝန်ကို အပြည့်အဝယူရပါတယ်။ သူကအိမ်မှာနေ ထမင်းဟင်းချက် အိမ်မှုကိစ္စတွေလုပ်ပြီးနေရတာကိုမပျော်ပါဘူး ယောင်္ကျားတစ်ယောက်အနေနဲ့အပြင်ထွက်ပြီးအလုပ်လုပ်ချင်ပါတယ်။ ဒါကိုသူ့ရဲ့မိန်းမကခါးခါးသီးသီးငြင်းဆန်ပါတယ်။ ဒီလိုနဲ့ပဋိပက္ခတွေဖြစ်ပြီး ကွာရှင်းဖို့အထိပါဖြစ်လာပါတယ်။ လုပ်ငန်းမှာအရမ်းအောင်မြင်ပြီး ယောင်္ကျားကိုအထင်မကြီးတဲ့မိန်းမကို ပညာပေးဖို့အတွက် တီခယ့်ကလူတစ်စုနဲ့အတူပူးပေါင်းပြီး အပြိုင်ကမ္ဘာကတီခယ့်ဆိုပြီးဖန်တီးလိုက်ပါတယ်။ သူ့မိန်းမကိုလဲပြန်ခံစားရစေမယ်ဆိုပြီး ဟစ်ကြွေးလို့ပေါ့...... သူ့တို့ဆင်တဲ့ဇာတ်လမ်းကြောင့်လင်မယာကြားပြန်သင့်မြတ်သွားမလား...... ဒါမှမဟုတ်ပြဿနာတွေပဲပိုဆိုးလာမလားဆိုတာကိုတော့.... Quality : WEB-DL 1080p , 480p Format : mp4 Genres : Comedy , Drama Runtime : 1h 29 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
Drama • History • Romance
2 2023 89 mins
Romantic Adventures
Arrest The Wicked
3
CM ချစ်ပရိသတ်တို့အတွက် ဆတိုးချေးငွေနဲ့ပတ်သက်ပြီး ဗဟုသုတလည်းရ မှတ်သားဖွယ်ရာ တရုတ်ကားကောင်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်... ဒီကားလေးထဲမှာ ဘယ်ကမှန်းမသိတဲ့ ငွေတွေနဲ့ ချေးငွေလုပ်ငန်းကြီးလုပ်ကာ အတိုးပေါ်အတိုးဆင့် ပြီး အတိုးကလူကိုပြန်ဝါးမြိုအောင် တမင် လှည့်ကွက်တွေဆင်ထားတဲ့ ထောင်ချောက်ကြီးအကြောင်းကို ရိုက်ကူးပုံဖော်ထားပါတယ်... ဇာတ်လမ်းအကျဉ်းလေးကိုဆိုရရင် ကျားဖောင်ဆိုသူဟာ သူ့စားသောက်ဆိုင်လေး တိုးချဲ့ဖို့ဆိုတဲ့ စိတ်ကူးနဲ့ ငွေတိုးချေးလုပ်ငန်းမှာ ငွေချေးမိရာကနေ နောက်ဆုံး အသက်အန္တရာယ်ကြုံတဲ့အထိ အတိုးက လည်ပင်းပေါ်တက်လာတာပေါ့... ဒီလိုနဲ့ ဟောင်ကောင်ဘားမှာ အလုပ်လုပ်တဲ့ ဟောက်ဇီတစ်ယောက် လမ်းခွဲကြေး ၃ သိန်းရပြီးကြီးပွားတိုးတက်ဖို့ စိတ်ကူးနဲ့ ကျားဖောင်ဆီရောက်လာတာပေါ့... တိုက်တိုက်ဆိုင်ဆိုင် ကျားဖောင်ကလည်း သူ့ကို ပါတနာအဖြစ် စိတ်လိုလက်ရ ကြိုဆိုနေတာမြင်တော့ သူအပျော်ကြီးပျော်သွားတာပေါ့... တစ်ဖက်က ကျားဖောင်လည်း အပျော်ကြီးပျော်ကာ ဟောက်ဇီကို စားသောက်ဆိုင်လွှဲပြီး ထွက်ပြေးသွားလေရဲ့ အဲ့တော့ကာ ငွေတိုးချေးသမားတွေကို ငွေပြန်ဆပ်ရမယ့်သူက ဟောက်ဇီဖြစ်သွားတာပေါ့... နေ့ချင်းညချင်း ဆိုင်ရှင်ကနေ အကြွေးထူဘဝရောက်သွားတဲ့ ဟောက်ဇီတစ်ယောက် အတိတ်မေ့နေတဲ့ လူနာတစ်ယောက်နဲ့ ဆုံမိခဲ့ရာကနေ... ကဲ ဒီတော့ကာ ကျားဖောင်တစ်ယောက် တကယ်ပြေးလွတ်မှာလား... ဟောက်ဇီရော ဘယ်လို ကျော်ဖြတ်မလဲ... ကျားဖောင်လိုပဲ သူလည်း နောက်တစ်ယောက်ပုခုံးပေါ် အကြွေးလွှဲပေးမှာလား... အမြန်သာ ကြည့်လိုက်ကြပါတော့... [ Reviewed By Chu Chu ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Drama Runtime : 1h 15 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
Action • Adventure • Science Fiction
3 2022 74 mins
Arrest The Wicked
Satan's Slaves 2: Communion
7.3
2017 တုန်းက ထွက်ခဲ့တဲ့ အင်ဒိုနီးရှားသရဲကား Pengabdi Setan ရဲ့အဆက်က ယခုနှစ် 2022 မှာ ထွက်ရှိလာပါပြီ IMDb 7.4 ရထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ မိခင်သေဆုံးပြီးတဲ့နောက်ပိုင်းမှာ RIni တို့မောင်နှမတွေက အဖေနဲ့အတူတူ တိုက်ခန်းမှာနေကြပါတယ်။ တိုက်ခန်းမှာနေရတာ အဆင်ပြေတယ်လို့ တွေးနေကြပေမယ့် ဂျကာတာမြောက်ပိုင်းကို မုန်တိုင်းဝင်လာတဲ့တစ်နေ့မှာ သူတို့အမေရဲ့ အတိတ်ဆိုးကလည်း အဲဒီနေ့မှာပဲ သူတို့ဆီရောက်လာပါတယ်။ မုန်တိုင်းဝင်လို့ ရေတွေတက် မီးပျက်တဲ့ညမှာပဲ Rini တို့မောင်နှမတွေ သူ့မိဘတွေရဲ့ အတိတ်ဆိုးကနေ လွတ်အောင် ပြေးနိုင်ပါမလားဆိုတာကို ရင်တထိတ်ထိတ်နဲ့ ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုသွားကြပါနော်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။ Genre..... Drama, Horror, History Quality…. 1080p | 720p | 480p File size… 1.86GB | 822MB | 430MB Format… mp4 Duration…. 1h 59min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Moh Moh Encoder ..... August
Adventure • Comedy • Drama • History
7.3 2022 119 mins
Satan's Slaves 2: Communion
Hansan: Rising Dragon
7
ဒါရိုက်တာ Kim Han-min ဆိုတာကတော့ The Admiral: Roaring Current, War of the Arrows တို့လို နာမည်ကြီး ဇာတ်ကားတွေကို ရိုက်ကူးခဲ့သူပါ။ အခုလည်း ဂျိုဆွန်း ရေတပ် စစ်သူကြီး လီဆွန်းရှင်းအကြောင်း ထပ်မံရိုက်ကူးထားတဲ့ ဇာတ်ကားသစ် ထွက်လာခဲ့ပြန်ပါပြီ။ အားလုံးသိကြတဲ့အတိုင်း စစ်သူကြီး လီဆွန်းရှင်းဟာ ဂျပန် ကျူးကျော်စစ်ကို ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ခဲ့ပြီး စစ်ပရိယာယ် ကြွယ်ဝတဲ့ နည်းဗျူဟာမှုးအဖြစ်လည်း ကျော်ကြားပါတယ်။ ဒီ Hansan: Rising Dragon ဆိုတဲ့ ရုပ်ရှင်ကတော့ စစ်သူကြီး လီဆွန်းရှင်းရဲ့ သမိုင်းဝင် အောင်ပွဲဆင်နိုင်ခဲ့တဲ့ ဟာဆန်းဒို တိုက်ပွဲ အကြောင်းကို အခြေခံပြီး အသေးစိတ် ပြန်လည်ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားကောင်းလေး ဖြစ်ပါတယ်။ တစ်ခေတ်တစ်ခါက အာရှကို မင်းမူခဲ့တဲ့ ဂျပန်တွေကို ပင်လယ်ပြင်မှာ ဘယ်လို ဗျူဟာခင်းပြီး အနိုင်ယူခဲ့လဲ? ကိုးရီးယားတွေရဲ့ ဂန္တဝင် လိပ်သင်္ဘောတွေက စစ်ရေးမှာ ဘယ်လို အရေးပါ အရာရောက်သလဲ? စတာတွေ ကြည့်နိုင်မဲ့အပြင် နိုင်ငံရေး စစ်ရေး လှည့်ကွက်တွေ ပြည့်နှက်နေ‌တဲ့ စိတ်ဝင်စားစရာ ကားကောင်းလေး ဖြစ်ပါတယ်။ စစ်သူကြီး လီဆွန်းရှင်း အနေနဲ့ ဝါရင့်မင်းသားကြီး Park Hae Il က ပါဝင် သရုပ်ဆောင်ထားပြီး မင်းသမီးလေး Kim Hyung Gi အပြင် Byun Yo Han , Taec Yeon , Gong Myung တိုနဲ့အတူ ဝါရင့်သရုပ်ဆောင်ကြီးတွေ တွဲဖက် ရိုက်ကူးထားတာမို့ လက်မလွှတ်သင့်တဲ့ ကားလေး ဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းကိုတော့ Win က ရေးပေးထားပါတယ်။) File Size : 8GB, 3GB, 1.2GB & 593MB Quality : 4K WEB-DL HEVC, 1080p WEB-DL, 720p WEB-DL & 480p Format : mkv,mp4 Duration : 2hr & 10mins Genre : Action, Drama, History Subtitle : Myanmar Subtitle(Hardsub) Translated by Win, Estel & Yumeko Encoded by Phyo Pyae & Kinnov
Drama • Music
7 2022 130 mins
Hansan: Rising Dragon
Accident Man
6.1
Accident Man ဆိုတာလူတစ်ယောက်ပေါ့။ ဘယ်လိုလူတစ်ယောက်လဲဆိုတော့ အခကြေးငွေယူပြီး လူသတ်ပေးရတဲ့ အလုပ်ကိုလုပ်ရတဲ့လူ။လူသတ်ကုန်သည်လို့လည်းခေါ်ကြတယ်။ သူတို့လောကမှာ အဲ့ဒီစျေးကွက်က တော်တော်ဖြစ်ထွန်းနေသလို ကိုယ့်အလုပ်ကိုကိုယ် ဂရုစိုက်ကြရတယ်။ အလုပ်အပ်တဲ့လူကပွဲစားကတစ်ဆင့် သတ်ရမယ့်လူရဲ့အချက်အလက်နဲ့ငွေကိုပေးတယ်။ ပွဲစားကနေပြီးတော့မှ သတ်ရမယ့်ပုံစံကိုလိုက်ပြီး လုတ်ကြံသတ်ဖြတ်သူတွေကို တာဝန်တွေပြန်ခွဲပေးတယ်။ သတ်ရမယ့်ပုံစံဆိုတာ အဆိပ်ခတ်သတ်ရမလား၊ လမ်းဘေးလူသတ်မှုပုံစံလား၊ မီးရှို့သတ်မလား၊ မတော်တဆပုံစံလားစသဖြင့်ပေါ့။ Accident Man ဆိုတာက မတော်တဆပုံစံသတ်ရတဲ့အခါ တာဝန်ယူပေးရတဲ့လူ။ ဇာတ်လမ်းကတော့ ပြောမပြတော့ဘူး။ အထိုးအကြိတ်အသတ်အပုတ်ကားကြိုက်တဲ့လူတွေအတွက်တော့ အကြိုက်ပဲပေါ့။ မင်းသားကလည်း ဘွိုင်ကာလက်ဝှေ့ကားထဲက နာမည်ကျော်ဆိုတော့ ကိုယ်တိုင်သာကြည့်ကြည့်လိုက်ပါတော့။ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်က ဆရာဇွဲခန့်သွင်ပါ) File Size : (850 MB) and (344 MB) Quality : Blu-Ray 720p Running Time : 1hr 45min Format : Mp4 Genre :Action, Crime, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 720p.BluRay.x264-NODLABS Translated by Zuel Khant Thwin Encoded by Thanhtike Zaw
Comedy
6.1 2018 101 mins
Accident Man
Enemy at the Gates
7.5
Enemy at the Gates ( 2001 ) ဒီဇာတ်လမ်းက ဒုတိယဇာတ်ကမ္ဘာစစ်ကို အဆုံးအဖြတ်‌ပေးခဲ့တဲ့ တိုက်ပွဲတစ်ခုအကြောင်းလို့ ပြောရင်လည်းပြောလို့ရတယ်။ ဂျာမနီနဲ့ ဆိုဗီယက်ပြည်ထောင်စုကြားက တိုက်ပွဲပေါ့။ ဒီတိုက်ပွဲမှာ ဆိုဗီယက်တပ်နီတော်ကနေ ဂျာမန်တပ်တွေကို လုံးလုံးအနိုင်ယူနိုင်ခဲ့တယ်။ ဒီစစ်ပွဲမှာ စစ်သုံ့ပန်းဖြစ်ခဲ့တဲ့ ဂျာမနီတွေလည်း၉သိန်းကျော်၁၀သိန်းနီးပါးရှိခဲ့တယ်။ ဒီစစ်ပွဲမှာ ဆိုဗီယက်ပြည်ထောင်စုနဲ့ ဂျာမန်တွေကြား အင်အားက တော်တော်လေးကွာခြားခဲ့တယ်။ ဆိုဗီယက်တွေဘက်က ရိုင်ဖယ်တစ်လက်ကို နှစ်ယောက်ခွဲသုံးကြရတဲ့အထိကို လက်နက်အင်အားနည်းပါးခဲ့သလို ပြည်သူ့စစ်ကိုထည့်သုံးရတဲ့အထိကို အင်အားနည်းပါးခဲ့ပေမဲ့ စိတ်ဓာတ်ကတော့ တော်တော်လေးခိုင်မာခဲ့တယ်။ ဆိုပေမဲ့ ဒီရုပ်ရှင်တော့ အဲဒီလိုစိတ်ဓာတ်ခိုင်မာလာဖို့ လုပ်ရတဲ့ ဝါဒါဖြန့်စစ်ပွဲတွေ အတင်းအကျပ်ရဲ့အပိုင်းတွေကို ဒီရုပ်ရှင်မှာ ပါးပါးလေးပြသွားခဲ့သလို သူ့ဘာသာသူကို စိတ်ဓာတ်ခိုင်မာနေတဲ့အပိုင်းကိုလည်း ပြသွားခဲ့တယ်။ သမိုင်းကြီးတဲ့ ဒီစစ်ပွဲက ဒီရုပ်ရှင်ရဲ့နောက်ခံပေမဲ့ ဒီရုပ်ရှင်က မီးမောင်းထိုးပြထားတာက ဒီစစ်ပွဲအကြောင်းကိုတော့ မဟုတ်ခဲ့ဘူး။ Enemy at the Gates ဟာ ဒီစစ်ပွဲရဲ့ အရေးပါတဲ့ တစ်ထောင့်တစ်နေရာပါခဲ့တဲ့ လက်ဖြောင့်တပ်သားလေးတစ်ယောက်အကြောင်းကို မီးမောင်းထိုးပြသွားတယ်။ Enemy at the Gatesမှာ စစ်ပြတဲ့အခြေအနေက ဆိုဗီယက်တွေက ဂျာမနီရဲ့တိုက်ခိုက်မှုကို တင်းခံနေရပေမဲ့ တပ်ဆုတ်ရင်ပစ်သတ်ဆိုပြီး အမိန့်ပေးထားရတဲ့အထိ စိတ်ဓာတ်ရေးရာက ပျက်ပြားနေခဲ့တယ်။ ဒီတော့ ပစ်မလွဲဖြစ်နေတဲ့ လက်ဖြောင့်တပ်သားလေးတစ်ယောက်ရဲ့ အောင်ပွဲတွေကို သူရဲကောင်းဆန်ဆန် ရေးသားပြီး ပြည်သူတွေအားလုံး စိတ်ဓာတ်တက်ကြွလာအောင် ဝါဒဖြန့်ခဲ့တယ်။ အဲဒီလက်ဖြောင့်တပ်သားက ဒီတိုက်ပွဲရဲ့အရေးအပါဆုံး နာမည်အကျော်ဆုံး တပ်သားတစ်ယောက်ဖြစ်ခဲ့သလို တစ်ချိန်တည်းမှာပဲ ဒီတိုက်ပွဲရဲ့ အလေးဆုံးဝန်ကို ထမ်းထားရတဲ့ စစ်သားလည်းဟုတ်ခဲ့တယ်။ သူ့အလေးဆုံးဝန်က တကယ်တမ်း ရာထူးတွေ တာဝန်တွေထက် အားလုံးအချစ်ခံနေရ ချီးကျူးခံနေရတာဖြစ်ခဲ့တယ်။ တလောက ဇာတ်လမ်းတွဲတစ်ခုထဲက မှတ်မှတ်ရရရှိလိုက်တဲ့ ဒိုင်ယာယော့လိုတစ်ခုအတိုင်းပါပဲ။ ချီးကျူးခံရတာက ချီးကျူးခံရတဲ့သူဘက်ကပဲ ဝန်လေးတာဖြစ်ပြီး ချီးကျူးလိုက်ရတဲ့သူဘက်က ဘာမှ မဆုံးရှုံးသွားဘူးတဲ့။ ပြည်သူတွေရဲ့ ချစ်ခင်လေးစားမှုတွေကြားမှာ အဲဒီလက်ဖြောင့်တပ်သားက ကျရှုံးလို့မဖြစ်တဲ့ သူရဲကောင်းတစ်ယောက်အဖြစ်နေနေရမယ့် ဝန်ကြီးကို ထမ်းထားရတယ်။ ပြောရရင် ဒီရုပ်ရှင်ဟာ စစ်ပွဲတစ်ပွဲအကြောင်းဆိုတာထက် အလေးဆုံးဝန်ကို ထမ်းထားရတဲ့တပ်သားတစ်ယောက်အကြောင်းပဲ။ သာမန်စစ်သားတစ်ယောက်လို ရဲရဲတိုက် ရဲရဲသေလိုက်တာကမှ သူ့အတွက်ပိုလွယ်နေသေးပေမဲ့ သူကျရှုံးသွားရင် အားလုံးစိတ်ဓာတ်ပျက်ပြားသွားနိုင်တယ်ဆိုတဲ့အချက်ကြောင့် သူက ဒီဝန်ကြီးကို သူထမ်းနေရတယ်။ ဒီလိုနဲ့ သူ့ဂုဏ်သတင်းကြောင့် ပျက်ပြားလာတဲ့ ဂျာမန်စစ်သည်တွေရဲ့ စိတ်ဓာတ်ကို ပြန်အဖတ်ဆည်ဖို့ ဂျာမန်ဘက်ကလည်း သူတို့ရဲ့ နာမည်ကျော်စနိုက်ပါသမားကို လွှတ်လိုက်တယ်။ သူ့ထက်ပညာအရာမှာသာနေတဲ့ ဂျာမန်စနိုက်ပါသမားကို ရုရှစနိုက်ပါသမားလေးက ရှုံးလို့မဖြစ်တဲ့ဝန်ကြီးကို သယ်ပြီး ရင်ဆိုင်ခဲ့ရတယ်။ Enemy at the Gates ( 2001 )ဟာ စစ်ပွဲတစ်ပွဲမှာ ဝါဒဖြန့်ချီရေး စိတ်ဓာတ်စစ်ဆင်ရေးက အရေးအပါဆုံးဖြစ်ကြောင်း တင်ပြထားတဲ့ ရုပ်ရှင်ဆိုလည်း မမှားဘူး။ စစ်ကားတစ်ကားဆိုတာထက် လူ့စရိုက်တွေ လူတန်းစားကွာဟမှုတွေကို ပေါ်လွင်အောင် တင်ပြထားတဲ့ ရုပ်ရှင်လည်းဟုတ်တယ်။ Enemy at the Gatesရဲ့ ဒါရိုက်တာ Jean-Jacques Annaudဟာ The Lover (1992)တို့ Seven Years in Tibet (1997)တို့လို ဒီမှာလူသိများတဲ့ ကားတွေအပြင် တခြားကားကောင်းတွေကိုလည်း ရိုက်ခဲ့သလို ဒီရုပ်ရှင်ရဲ့ အဓိကဇာတ်ကောင် စနိုက်ပါသမား၂ယောက်နေရာမှာ Ed Harrisနဲ့ Jude Lawတို့လို သရုပ်ဆောင်ကောင်းတွေကိုသုံးထားပေးတယ်။ ဘာမှတော့မဟုတ်ပေမဲ့ ဒီရုပ်ရှင်မှာ ကျွန်တော့်အတွက် သိပ်လှတဲ့အခန်းက ဘွဲ့ရပညာတတ်ပေမဲ့ ရှေ့တန်းမှာပဲ မရမကတိုက်ချင်နေတဲ့ ကောင်မလေးကို လက်ဖြောင့်တပ်သားလေးက တစ်ဖက်လှည့်နဲ့ သူ့နေရာသူပြန်သွားဖို့ နားချတဲ့အခန်းပဲ။ ” တောထဲမှာ ဝံပုလွေတွေက သုံးနှစ်ပဲ အသက်ရှင်နိုင်ပေမဲ့ မြည်းတွေကတော့ ကိုးနှစ်ရှင်နိုင်တယ်။ မြည်းတွေက ပိုအသုံးဝင်လို့ ကြာကြာရှင်ရတယ်”လို့ လက်ဖြောင့်တပ်သားလေးကပြောတော့ ကောင်မလေးက ” အဓိပ္ပာယ်မရှိတာကြီး တောထဲမှာ မြည်းမရှိဘူးလေ”လို့ ပြန်ပြောလိုက်တယ်။ ခဏတော့တွေသွားပြီးမှ ကောင်မလေးထပ်ပြောခဲ့တဲ့စကားက “ရှင်က ကျွန်မကို မြည်းလို့ပြောချင်တာလား”တဲ့။ File size… 8.9 GB / 2.6 GB / 895 MB Quality… BluRay HEVC 4K / 1080p / 720p Format… mp4 Duration…. 2h 11m Genre ….. Drama/War Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by WiRa Aung
Horror • Thriller
7.5 2001
Enemy at the Gates
Cellar Door
IMDb – 5.4 Thriller ကားကောင်းတွေ သဘောကျတဲ့ cm ပရိသတ်တွေအတွက် 2024 ထွက် thriller ရုပ်ရှင်ကားကောင်းတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဂျွန်နဲ့ ဆာရာတို့ကတော့ သူတို့ရဲ့ပထမဆုံးကိုယ်ဝန်ပျက်ကျပြီးနောက်မှာ အရာအားလုံးကိုပြန်စတင်ဖို့ အိမ်အသစ်လေးတစ်လုံးကို လိုက်ရှာဖွေနေခဲ့ကြ‌တာပါ။ သူတို့နေချင်တဲ့မြို့မှာ အိမ်တွေလိုက်ရှာခဲ့ပေမဲ့လည်း ဈေးမတတ်နိုင်တဲ့အိမ်တွေနဲ့ ပျက်စီးနေတဲ့အိမ်ဟောင်းတွေပဲတွေ့နေရလို့ လက်လျော့ခါနီးဖြစ်နေပါတယ်။ ဒါပေမဲ့လည်း အိမ်ခြံမြေပွဲစားက သူ့ရဲ့မိတ်ဆွေကတော့ ကူညီပေးနိုင်လောက်တယ်ဆိုပြီးအကြံပေးမှုကြောင့် အိမ်ကြီးပိုင်ရှင် အမ်းမက်ဆီ ရောက်သွားခဲ့ကြရာကနေ အခြေအနေတစ်ခုကို လက်ခံနိုင်ရင် အိမ်ကြီးတစ်အိမ်လုံးကို အပိုင်ရမယ်ဆိုပြီးအမ်းမက်က ကမ်းလှမ်းလာခဲ့ပါတယ်။ ဒီအခြေအနေကတော့ မြေအောက်ခန်းတံခါးကို ဘယ်တော့မှဖွင့်မကြည့်ဖို့ပါ။ ဂျွန်နဲ့ ဆာရာတို့လည်း ကမ်းလှမ်းချက်ကို လက်ခံလိုက်ပြီး သူတို့အိပ်မက်ထဲကအတိုင်း အိမ်ကြီးမှာ ဘဝသစ်ကိုစကြရတော့မယ်ဆိုပေမဲ့ တဖြည်းဖြည်းနဲ့ အိမ်ကြီးရဲ့ လျို့ဝှက်ချက်တွေပေါ်ပေါက်လာတဲ့အခါမှာ‌ ဂျွန်နဲ့ဆာရာရော သူတို့သဘောတူထားတဲ့ အချက်ကို ဆက်ပြီး လိုက်နာနိုင်မလားဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ File size…(1.3 GB)/(786 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:37:00 Genre…Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by TMMT
Drama
0 2024
Cellar Door
Teresa
6.1
Teresa (2023) IMDB – 6.0/10 စပိန်ရှေးခေတ် ကက်သလစ်ဘုရင်လက်အောက်က ဘာသာရေးကိစ္စတွေကို တင်ပြထားတဲ့ စပိန်ရုပ်ရှင်ကားလေး ဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ကားလုံးမှာ လူနှစ်ယောက်ပဲ ပါပါတယ်။ သူတို့နှစ်ယောက်ရဲ့ ဘာသာရေး ယုံကြည်သက်ဝင်မှု အမှန်တရားကို ရှာဖွေတဲ့ အပြိုင်အဆိုင် စကားဝိုင်းကိုပဲ ပုံစံအမျိုးမျိုးနဲ့ ပုံဖော်ထားတာပါ။ တယ်ရီဆာဆိုတာ သီးသန့်သီလရှင်ကျောင်းလေးကို ဦးစီးနေတဲ့ သီလရှင်အိုကြီးပါ။ အဲဒီမှာ ကက်သလစ်ဘုရင်ရဲ့ ဘာသာရေး စုံစမ်းထောက်လှမ်းရေးမှူး ရောက်လာပြီး ဒီ သီလရှင်အိုကြီး တယ်ရီဆာရဲ့ ယုံကြည်သက်ဝင်မှုအကြောင်း၊ ငယ်စဉ်ဘဝ၊ သံသယ စသဖြင့် ဘာသာရေးဆိုင်ရာကိစ္စတွေကို မေးမြန်းဖို့ရောက်လာပြီး ဘာတွေဆက်ဖြစ်မလဲ ကြည့်ရမှာ ဖြစ်ပါတယ်။
Crime • Action • Drama
6.1 2023 96 mins
Teresa
The Gangs, the Oscars, and the Walking Dead
The Gangs, the Oscars, and the Walking Dead (2019) ************************************************** ဒီတစ်ခါမှာတော့ ၂၀၁၉ ခုနှစ်က ထွက်ရှိထားတဲ့ ထိုင်ဝမ် ဟာသကားလေးတစ်ကားကို… တင်ဆက်ပေးမှာဖြစ်ပါတယ်။ ရုပ်ရှင်ဝါသနာကြီးတဲ့ လူမိုက်တွေရဲ့ အဖြစ်အပျက်တွေကို ဒီဇာတ်လမ်းမှာ ဟာသမြောက်အောင် ရိုက်ကူးပုံဖော်ပေးထားပါတယ်။ ဇာတ်လမ်းအကျဉ်း ————- ငယ်ငယ်ကတည်းက ဝါသနာတူပြီး အတူကစားပြီးကြီးပြင်းလာကြတဲ့ သူငယ်ချင်း(၂)ယောက်… တစ်ယောက်နဲ့တစ်ယောက် ကူညီရိုင်းပင်းပြီးနေလာရာကနေ အသက်လေးရလာတော့… ငယ်ငယ်တုန်းကစိတ်ကူးယဉ်ဇာတ်လမ်းတစ်ခုရိုက်ဖို့ ရုပ်ရှင်လောကထဲကိုဝင်ခဲ့တယ်… ရုပ်ရှင်ပြီးအောင်မရိုက်နိုင်တဲ့အပြင် အားလုံးပျက်စီးသွားလို့ အကြွေးဗရပွနဲ့ကျန်ခဲ့တယ်… အလုပ်ရှုံးသွားပြီး လျော်ကြေးပေးဖို့အတွက် လူဆိုးဂိုဏ်းထဲ မဝင်ချင်ဘဲ ဝင်လိုက်ရတယ်… သူတို့အတွက်ကံလေးပြန်တက်လာမယ်လို့ထင်လိုက်တာ… အဲဒီဂိုဏ်းထဲရောက်မှ ငါးပါးမှောက်တော့တာပဲ…သူတို့ လူဆိုးဂိုဏ်းထဲရောက်ပြီး… ဘယ်လိုတွေတိုင်ပတ်ကြလဲဆိုတာကိုတော့ ခံစားကြည့်ကြပါဦး… ဇာတ်လမ်းအညွှန်းကို MiMi မှ ရေးသားပေးထားပါတယ်။ File Size : 1.72GB / 772MB Quality : WEB-DL 1080p / 720p Duration : 01:45:00 Genre : Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Esther Oo Encoded by Heather Oo
Horror • Thriller
0 2019 105 mins
The Gangs, the Oscars, and the Walking Dead
Tegkang
7.6
Tegkang (2024) IMDb Rating (7.6) London ကနေ မလေးရှားက Bario လိုခေါ်တဲ့ ရွာငယ်လေးတစ်ရွာကို အနားယူဖို့ထွက်လာတဲ့ ဓာတ်ပုံဆရာ Hanafi တစ်ယောက် သူ ရွာမှာ စိတ်အပန်းဖြေရုံပဲလို့ ထင်ခဲ့တယ်။ ဒါပေမဲ့ Rinai လို့ခေါ်တဲ့ မိန်းကလေးတစ်ယောက်နဲ့ဆုံပြီး Rinai နဲ့ ရင်းနှီးအောင် ကြိုးစားချင်ပေမဲ့ ရွာသားတွေရဲ့ Rinai အပေါ် ထူးခြားတဲ့ အကာအကွယ်လွန်ကဲမှုတွေကို တွေ့လာရတယ်။ ဒီလိုနဲ့ Hanafi တစ်ယောက် ရွာမှာအပန်းဖြေရင်း Rinai နဲ့ ရွာသားတွေရဲ့ သံယောဇဉ်တွေကို သဘောပေါက်လာပြီး ရွာရဲ့ Rinai အပေါ် ‌လျှို့ဝှက်ချက်ကိုပါ သိလာတဲ့အခါမှာ Rinai ကို ဘယ်လိုတွေကူညီသွားမလဲဆိုတာကို စိတ်ဝင်စားဖွယ် ဆက်လက်ကြည့်ရှုရမဲ့ ကြည်နူးစရာ မလေးရှားဇာတ်လမ်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။) File size…(2.1 GB) / (870 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:41:17 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Thwal Htoo Zin
Drama • War
7.6 2024 101 mins
Tegkang
Into the Forest
5.8
Into the Forest (2015) IMDb Rating (5.8) / Rotten Tomatoes (76%) ဒီဇာတ်ကားဟာ Musical film ဖြစ်တဲ့ Into the Woods ကိုမှီငြမ်းထားပါတယ်။ ဒါရိုက်တာ Patricia Rozemaရိုက်ကူးထားပြီး မင်းသမီး Elliot Page, Evan Rachel Wood နဲ့မင်းသား Max Minghella တို့အဓိကပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ တစ်ရက်မှာ နေရာအနှံ့အပြားအကြီးအကျယ် လျပ်စစ်ဓာတ်အားနဲ့ ဖုန်းလိုင်းတွေ ပြတ်တောက်သွားတဲ့အခါ ဒီမိသားစုဟာ တောထဲကသူတို့အိမ်မှာသောင်တင်နေခဲ့ပါတယ်။ မကြာခင်မှာပဲသူတို့ဟာ အသက်ရှင်ဖို့အတွက်တိုက်ပွဲဝင်ရတော့မယ်ဆိုတာ သဘောပေါက်လိုက်ပါတယ်။ ညီအစ်မ၂ယောက်ဟာ သံယောဇဉ်တွေနဲ့ တစ်ယောက်ကိုတစ်ယောက် ဘယ်လိုကူညီပြီး အသက်ရှင်အောင်ကြိုးစားရလဲဆိုတာ စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Na Ei ဖြစ်ပါတယ်။) File size…(1 GB) / (930 MB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,Science Fiction Duration….01:42:28 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Na Ei
5.8 2015 101 mins
Into the Forest
The Chronicles of Riddick
6.7
Family • Fantasy • Adventure
6.7 2004 119 mins