YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

The Apostles 2014 720p WEB-DL CM.mp4

731.19 MB N/A video/mp4 110 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
A Nashville Legacy
7

A Nashville Legacy(2023) ************************ Rating 88%ရရှိထားပြီး ဖြစ်ရပ်မှန်ကိုအခြေခံထားတဲ့ ဂီတကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ Nashvilleလို့ဆိုလိုက်တာနဲ့ ဂီတသက်ဝင်စည်ကားရာ မြို့တစ်မြို့ဆိုတာ အားလုံးသိကြမှာပါ။ ဒီဇာတ်ကားဟာလည်း Nashvilleမြို့ အာဖရိကန်အမေရိကန်ဂီတပြတိုက်မှာ အခြေပြုရိုက်ကူးထားပါတယ်။ ဂီတဇာတ်ကားဖြစ်တဲ့အတွက် သီချင်းပေါင်းစုံမြူးမြူးကြွကြွပါဝင်ပါတယ်။ ဇာတ်ကြောင်းအနေနဲ့ကတော့ Naimaဟာ ပါရဂူဘွဲ့ယူဖို့ Nashvilleမြို့ရှိ အာဖရိကန်အမေရိကန်ဂီတပြတိုက်မှာ အလုပ်သင်လာဆင်းပါတယ်။ ပြတိုက်မှာစေတနာ့ဝန်ထမ်းလုပ်နေတဲ့ Damianနဲ့တွေ့ပြီးနောက်မှ ာ ဆုံးပါးသွားတဲ့အဘွားဖြစ်သူရဲ့ လူသိမခံခဲ့တဲ့အတိတ်ကို အစဖော်မိပါတော့တယ်။ အဘွားဖြစ်သူပါဝင်ခဲ့တဲ့ မိန်းကလေးဂီတအဖွဲ့အကြောင်းဖော်ထုတ်ပြီး ပါရဂူဘွဲ့စာတမ်းပြုစုဖို့ကြိုးစားရာကနေ တစ်နွယ်ငင် တစ်စင်ပါကာ တည်ငြိမ်နေတဲ့ရေပြင်ကို ခဲလုံးလေးနဲ့ပေါက်ရုံမက မုန်တိုင်းပါဝင်မယ့်အဖြစ်တွေရှိနေသောအခါ..... File Size :(1.5GB)& (776MB) Quality :WEB-DL1080P,720p Format…mp4 Duration…01:42:00 Genre : Drama , Comedy , Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Jane Encoded by Phyo Pyae

Drama
7 2023 84 mins
A Nashville Legacy
Can't Help Falling in Love
7.4

KathNielလို့ ချစ်စနိုးခေါ်ကြတဲ့ Kathryn Bernardo နဲ့ Daniel Padilla တို့ရဲ့ နောက်ထပ်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်... အေးအေးငြိမ့်ငြိမ့် romance တွေကို ကြည့်ရှုတာ သဘောကျနှစ်သက်တဲ့ ပရိသတ်တွေကို ဖိလစ်ပိုင်း romance ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အဲဒီဇာတ်ကားကတော့ Can't Help Falling in Love ဆိုတဲ့ ဇာတ်ကားလေးပါ။ မချစ်မိဘဲမနေနိုင်ဘူးဆိုတဲ့ ဇာတ်ကားနာမည်လေးအတိုင်းပဲ ဒို့စ်ဆိုတဲ့ကောင်လေးက ဂက်ဘ်ဆိုတဲ့ ကောင်မလေးကို ချစ်မိသွားတဲ့ ဇာတ်လမ်းလေးကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းချုပ်ကို ပြောပြရမယ်ဆိုရင် ဂက်ဘ်ဟာ ၆ နှစ်ကျော်တွဲလာတဲ့ ရည်းစားဖြစ်သူနဲ့ မကြာခင်မှာ လက်ထပ်တော့မယ့် မိန်းကလေးပါ။ သူဟာ သူငယ်ချင်းဖြစ်သူရဲ့ မင်္ဂလာပွဲညမှာ အရက်မူးပြီးတော့ ဒို့စ်ဆိုတဲ့ တခြားကောင်လေးတစ်ယောက်နဲ့ လက်ထပ်စာချုပ်မှာ လက်မှတ်ထိုးမိသွားပါတယ်။ အဲဒီအဖြစ်အပျက်ကို မမှတ်မိကြသလို သူတို့မထင်ထားခဲ့တာက အဲဒီလက်ထပ်စာချုပ်က တရားဝင်ဖြစ်နေခဲ့မယ်ဆိုတာကိုပါပဲ။ ရည်းစားဖြစ်သူနဲ့ မင်္ဂလာဆောင်ဖို့ ပြင်ဆင်နေတဲ့အချိန်မှာ လက်ထပ်စာချုပ်က ဂက်ဘ်ဆီကို ရောက်လာခဲ့ပါတယ်။ ဂက်ဘ်ဟာ ဒို့စ်ကို လိုက်ရှာပြီးတော့ ကိစ္စအကြောင်းအစုံကို ပြောပြပြီး ကွာရှင်းဖို့ တောင်းဆိုတော့တာပေါ့။ ဖိလစ်ပိုင်နိုင်ငံမှာ လက်ထပ်ပြီးရင် ကွာရှင်းဖို့က မလွယ်ပါဘူး။ ဂက်ဘ်နဲ့ ဒို့စ်ဟာ ကွာရှင်းခွင့် တောင်းခံနိုင်ဖို့အတွက် သက်သေအဖြစ်တင်နိုင်မယ့် အကြောင်းပြချက်မျိုးစုံကို ဖန်တီးရင်း တဖြည်းဖြည်း နီးစပ်လာခဲ့တော့တာပါပဲ။ နီးစပ်လာရင်းနဲ့ ဘယ်သူက အရင်ချစ်မိသွားမလဲ၊ ဂက်ဘ်ကရော သူ့ရည်းစားကို စွန့်ပစ်နိုင်ပါ့မလား၊ ဂက်ဘ်ရဲ့ ရည်းစားကရော ဒီလက်ထပ်စာချုပ်ကိစ္စကို သိသွားမလား၊ လက်ထပ်ပွဲကရော ဖြစ်နိုင်ပါဦးမလား၊ ဘာတွေဘယ်လိုဆက်ဖြစ်လာဦးမလဲဆိုတာကိုတော့ Can't Help Falling in Love ဆိုတဲ့ ဒီဇာတ်ကားလေးထဲမှာပဲ ဆက်ပြီးကြည့်ရှုလိုက်ကြပါနော်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Elizabeth Khant မှတင်ဆက်ထားပါတယ်။) Tele Link ကနေပဲကြည့်တတ်တယ်ဆိုရင် https://t.me/Myname2021hakak/83  မှာဝင်ကြည့်ပါ။720p HD ကို တင်ပေးထားပါတယ်။ File size…(3.2 GB)/(999 MB) Quality…WEB-DL AMZ (Clean Version) 1080p / 720p Format…mp4 Duration….01:59:47 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Elizabeth Khant

Horror • Science Fiction • Thriller
7.4 2017 119 mins
Can't Help Falling in Love
Eros
5.6

ဝေါင်ကာဝေး၊ စတီဗင် ဆိုဒါးဘတ်၊ မိုက်ကယ်အိန်ဂျလို အန်တိုနီယိုနီ စတဲ့ ဟောင်ကောင် အမေရိကန် အီတလီက နာမည်ကျော် ဒါရိုက်တာ၃ယောက်ဟာ Eros ဆိုတဲ့နာမည်နဲ့ ဇာတ်လမ်းတို သုံးခုကို Erotic ဆန်ဆန်ရိုက်ဖို့ တွဲဖက်ပေးခံခဲ့ရပါတယ်။ ဇာတ်လမ်းသုံးခုလုံး ကိုယ်တိုင်ရေး ကိုယ်တိုင်ရိုက်တွေပါပဲ။ သုံးယောက်လုံး နာမည်ကျော်တွေပေမဲ့ ဝေါင်ကာဝေးရဲ့ The Hand ကတော့ အသပ်ရပ်ဆုံး အလှပဆုံးပါပဲ။ - "The Hand" By Wong Kar Wai အပြာရောင်ရဲရဲသမိုင်းနဲ့ မကင်းတဲ့သူတွေ မရေနိုင်မတွက်နိုင် ရှိကောင်းရှိဖူးကြမှာပဲ။ အားလုံးနီးပါးပဲ ထင်ပါတယ်။ တစ်ခါတလေတော့လည်း သိ‌နေပြီးတဲ့ အရာရာတိုင်းကို သိဖို့မလိုဘူးပေါ့။ ဒီနည်းနဲ့ ထားသင့်အရာတွေကို ထားသင့်တဲ့နေရာမှာထားပြီး ကျွန်တော်တို့‌ ကမ္ဘာမပြိုပျက်ဖို့ နံရံတစ်ခုခြားခဲ့ကြတာပါပဲ။ အနုပညာပစ္စည်းတစ်ခုမှာ ကျန်တာထက် အခရာကျတဲ့ အရည်အသွေးက ရိုးသားမှုလို့ ကျွန်တော်တော့ မှတ်ယူတာပဲ။ ဖန်တီးသူဟာ သူ့ခံစားချက် သူရိုးသားရတာပေါ့။ ဒီလိုနဲ့ အဲဒီနံရံကို ပညာသားပါပါနဲ့ ကျော်ဖြတ်ဖို့ ဖန်လာတာပါပဲ။ ကိုမောင်မောင် (မဇ္ဈိမလှိုင်း) ရဲ့ ပန်းချစ်သူတို့၊ စိုင်းခမ်းလိတ်ရဲ့ အပြာရောင်မျက်ရည်တို့ပေါ့။ ဝေါင်ကာဝေးရဲ့ The Hand ကလည်း ထိုနည်းလည်းကောင်းပါ။ ဂေါင်လီရဲ့ အဝတ်အစားမဲ့တဲ့အခန်းတစ်ခန်းမှမပါ နမ်းခန်းတောင် သေသေချာချာမပါဘဲ အတော်ပညာသားပါပါနဲ့ ဒီနံရံကိုချိုးသွားတာပါပဲ။ ဝေါင်ကာဝေးဟာ 2046 မှာ ကျန်းကျိရီရဲ့ အသားတစ်စက်မှ မပြတဲ့အခန်းတွေကိုတောင် ဆွဲဆောင်မှုအပြည့်ရှိအောင် ရိုက်ခဲ့ဖူးပါတယ်။ (ပြတဲ့အခန်းလည်းပါပေမဲ့ မပြတာတွေမှာလည်း ဆွဲဆောင်မှုအပြည့်ရှိအောင် ရိုက်နိုင်တာကို ဆိုလိုတာပါ)။ ဒီမှာလည်း ထိုနည်း၎င်း ပုံစံလည်း သုံးထားပါတယ်။ ဂေါင်လီနဲ့ပေါ့။ သိတဲ့ထဲ သူ့တင်ပြပုံနဲ့ အနီးစပ်ဆုံး တူတာကို ဥပမာပေးရမယ်ဆိုရင် ဆရာဇော်ဇော်အောင် စာကြောင်းတစ်ကြောင်းပြချင်ပါတယ်။ " တင်းတင်းစည်းနှောင်းထားသော အဝါရောင်ပါတိတ်လုံချည်အောက်က နူးညံ့လုံးဝန်းပြီး ညွတ်ပျောင်းနွဲ့နှောင်းနေသည့် ပေါင်တံများ၏ ညှို့ဓာတ်ပါသော ကောက်ကြောင်းသည် ဆွတ်ပျံ့ဖွယ်ရာ အမှတ်သညာတစ်ခုပင်။ ပါးစပ်အရွယ်အစားက ဖြစ်သင့်သည်ထက် ပိုကျယ်လွန်းနေသည်။ မလိုက်ဖက်သော တစ်ခု နှစ်ခုပင် အလှတရား..." ။ ~ ဇော်ဇော်အောင် (အပိုင်းအစများ) မိန်းမတစ်ယောက်ရဲ့ ခန္ဓာကိုယ်လှပပုံကို ဆရာဇော်ဇော်အောင် ပုံဖော်ရေးသားတွေဟာ ရိုင်းတယ်လို့ မထင်ရတဲ့အထိကို စကားလုံးတော်တော်ယဉ်ပါတယ်။ ဝေါင်ကာဝေးရိုက်ကူးပုံကလည်း ထိုနည်းလည်းကောင်းပါပဲ။ Eros ဆိုတဲ့ ခေါင်းစဉ်နဲ့ညီအောင် အယဉ်ဆုံးအညင်ဆုံး ရိုက်ကူးသွားတာပါပဲ။ သူပေးချင်တဲ့ ရသလည်းမပျက်ခဲ့ပါဘူး။ သူ့လူမျိုးစံနှုန်းအရ ရှိသင့်တာထက်လည်း မကျော်ပါဘူး။ ဝေါင်ကာဝေးဟာ ဝေါင်ကာဝေးပါပဲ။ သူ ရွေးသွားတဲ့အကြောင်းအရာကလည်း လက်ပါ။ အတော်ကောင်းတဲ့ရွေးချယ်မှုပါပဲ။ ဂေါင်လီဟာ ဘယ်လိုဇာတ်ရုပ်နဲ့မဆို လိုက်နေတဲ့ မင်းသမီးအစစ်လို့ ဆိုရမှာပဲ။ ပုဂ္ဂလိကအမြင်အရ 2046 က ကျန်းကျိရီရဲ့ ပခြုပ်သည်မကာရိုက်တာကို ပိုသဘောကျမိပေမဲ့ ဂေါင်လီနဲ့လည်း လိုက်ဖက်နေတာကိုတော့ ငြင်းမရပါဘူး။ ဇာတ်ကောင်၂ကောင်ဟာ ကွဲလွဲမှုနည်းနည်းတော့ရှိနေတော့ ဂေါင်လီဟာ ဒီဇာတ်ရုပ်နဲ့ အံကိုက်လို့ဆိုရပါမယ်။ နောက် အပ်ချုပ်သမားဇာတ်ကောင်နေရာမှာလည်း ချန်းချန်ကလွဲ ဝေါင်ကာဝေးနဲ့ ရိုက်နေကျလူတွေနဲ့ မြင်ကြည့်လို့မရပါဘူး။ သူ့ဇာတ်နဲ့သူ အကောင်းဆုံးလုပ်ခဲ့ကြသလို လူရွေးလည်းတော်တော်တော်ခဲ့ကြတယ် ဆိုရပါမယ်။ အိပ်မက်ပြာပြာတွေနဲ့ပဲ လူဟာ သက်၀င်ခဲ့တာပါပဲ။ The Hand ဟာ အနီရဲရဲတောက်နေတဲ့ အိပ်မက်ပြာတစ်ခုအ‌ကြောင်းပေါ့။ The Hand ဟာ အပြာရောင်အိပ်မက်တွေမှာ ပါ၀င်ဖူးခဲ့တဲ့ လက်ချောင်းတွေကို အလှပဆုံးပုံဖော်သွားတဲ့ကဗျာပေါ့။ နောက်ချစ်ခြင်းကိုရောပေါ့။ ဒါတွေဟာ အချစ်ဟုတ်ပါ့မလား ဆိုရင်တော့ စောဒကတက်ရခက်ခက်ပါ။ သေချာတာတော့ နား‌ထောင်နေကျ၊ အချစ်ပါပဲ သီချင်းထဲကလို "အရောင်တွေရှိတယ် မရှိဘူး မလိုပါဘူး" - "Equilibrium" By Steven Soderbergh ရုပ်ရှင်ရဲ့ဦးတည်ချက်အရ Eroticဆန်တဲ့ ပုံစံကို ရိုက်ရမှာပေမဲ့ စတီဗင်ဆိုဒါးဘတ်ရဲ့ ရွေးချယ်မှုကတော့ ဆန်းတော့ဆန်းတယ်ပြောရမယ်။ Robert Downey Jr. ဟာ အိပ်မက်ထဲမှာ မိန်းကလေးတစ်ယောက်ကို အမြဲမက်နေလို့ စိတ်ကုဆရာဝန်နဲ့ပြတဲ့အကြောင်းသက်သက်ပါပဲ။ အိပ်မက်ထဲက မိန်းကလေးကိုလည်း ခဏလောက်ပဲပြသလို ရိုက်ထားတဲ့ပုံစံကလည်း အဖြူအမဲနဲ့ပါ။ ဘယ်ကလဲမသိပေမဲ့ ကြားဖူးတဲ့စကားလေးရှိတယ်။ ဖုံးကွယ်ထားတဲ့အရာတွေက အလှဆုံးအရာတွေပဲ။ ဆိုဒါးဘတ်ဟာ ဒီသီအိုရီကိုပဲ မိုင်ကုန်သုံးပြီး Erotic ဆန်အောင် ရိုက်သွားသလားလို့ တွေးချင်စရာပဲ။ သိချင်စိတ်ကို ဆွပေးပြီး ရိုက်သွားတယ်လို့တော့ ဆိုရမှာပဲ။ သူ့မူလရည်ရွယ်ချက်ဖြစ်တဲ့ Erotic ဖြစ် မဖြစ်ကတော့ လူပေါ်မူတည်ပြီးကွဲပြားသွားမယ်ထင်ပါတယ်။ - "The Dangerous Thread of Things" By Michelangelo Antonioni မိုက်ကယ်အိန်ဂျယ်လိုရဲ့ အပိုင်းကတော့ ဒီရုပ်ရှင်ကို စဖြစ်စေခဲ့တဲ့ အကြောင်းရင်းပါ။ သူ့ဒီအပိုင်းက ခုနအပိုင်းလို မသိကိန်းလည်းဆန်သလို ကိုယ်လုံးတီးနီးပါး အခန်းတွေပါတဲ့ တစ်ပိုင်းတည်းသော အပိုင်းလည်းဟုတ်တယ်။ ဒီထဲမှာ သူဝါအရင့်ဆုံးပါပဲ။ ၁၉၄၇ကတည်းက ရုပ်ရှင်တွေ စရိုက်လာခဲ့တဲ့သူဖြစ်ပြီး Art Film တွေ မနည်းမနောရိုက်ထားဖူးတဲ့သူပါ။ တန်းမြင့်ရုပ်ရှင်တွေလည်း ရိုက်ထားတာမနည်းပါဘူး။ ရှာကြည့်သလောက်တော့ ဒါသူ့နောက်ဆုံးရုပ်ရှင်ပါပဲ။ ပြဿနာတစ်ခုရှိတာက ဒီအပိုင်းက ကျွန်တော့်ပုဂ္ဂလိကခံစားချက်အရတော့ Erotic ဆန်ဆန် ဘာမှသိပ်မခံစားရပါဘူး။ အသက်တော်တော်ကြီးမှ ရိုက်လိုက်လို့ နည်းနည်းပေါ့သွားတာဖြစ်နိုင်သလို ကျွန်တော် ဉာဏ်မမီတာလည်းဖြစ်နိုင်သလို ရေခံမြေခံအကွာကြောင့် ခံစားမရတာလည်း ဖြစ်နိုင်ပါတယ်။ ဘာနေနေပါ။ Eros ဟာ Rating အရ သုံးကားပေါင်းပေးရတာဆိုတော့ ဘယ်သူ့ကြောင့် နိမ့်သွားလဲ တရားခံမပေါ်ပေမဲ့ ရုပ်ရှင်တိုလေးသုံးကားမှာ ဆရာကြီးသုံးယောက်ပေးတဲ့ ကွဲပြားတဲ့အရသာသုံးခုကို ခံစားရမှာမို့ တော်တော်ကြည့်ရတန်တဲ့ ရုပ်ရှင်ပါပဲ။ "The Hand" ကလည်း ဝေါင်ကာဝေးရဲ့ အနားသားမာစတာပိစ်တစ်ကားပါပဲ။ (ဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆိုရေးသားထားပါတယ်) Size - 2.4GB, 990MB, 500MB Quality - 1080p, 720p, 480p Format - mp4 Duration - 1H 44Min Genre - Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Action
5.6 2004 104 mins
Eros
Speak No Evil
6.7

ဥရောပ ဟော်ရာ ရုပ်ရှင်အသစ်တစ်ကားလောက် ကြည့်ရအောင်။ ဆုတွေလည်းရထားပြီး ပရိသတ်တွေလည်း ကြိုက်တဲ့သူနဲ့မကြိုက်တဲ့သူ နှစ်ခြမ်းကွဲနေတဲ့ ရုပ်ရှင်တစ်ခုပါပဲ။ ဒါရိုက်တာ စဉ်းစားစရာ၊ တထိတ်ထိတ်ဖြစ်စရာ၊ အားမလိုအားမရဖြစ်စရာ၊ နိမိတ်ပုံတွေနဲ့ ပရိသတ်တွေကိုပုံမှန်မဟုတ်တဲ့ ခံစားချက်မျိုး ပေးထားတာပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ ရိုးရှင်းပါတယ် သမီးလေးတစ်ယောက်ရှိတဲ့ ဒိန်းမတ် မိသားစုတစ်စုဟာ၊ စကားမပြောတတ်တဲ့ သားလေးတစ်ယောက်ရှိတဲ့ နယ်သာလန်မိသားစုတစ်စုနဲ့ ရင်းနှီးခဲ့တယ်။ နောက်တော့ နယ်သာလန်ကို အလည်လာဖို့ ဖိတ်တဲ့အတွက် ကျေးလက်အိမ်လေးဆီကို မိသားစုလိုက် သွားလည်ကြတယ်ပေါ့။ နောက်တော့ အဲဒီမိသားစုနှစ်စု ဘာဆက်ဖြစ်မလဲဆိုတာ လှည့်ကွက်တွေနဲ့ ဆက်ကြည့်ရမှာပါပဲ။ File size…1GB / 500MB Quality…1080p WEB RIP / 720p Format…mp4 Duration….1h 37m Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit San Khant Translated by Mr.Anderson

Action • Crime • Thriller
6.7 2022 97 mins
Speak No Evil
Red Notice
6.8

ဒီနှစ်ထဲမှာ ကြည့်ချင်ကြတဲ့ ကားတွေထဲက တစ်ကားလာပါပြီ။ ရိုင်ရန်ရေးနိုး၊ ရော့ခ်၊ ဂယ်ဂါဒေါ့တို့ ပါဝင်ထားတဲ့ red notice ရုပ်ရှင်ပဲ ဖြစ်ပါတယ်။ Red Notice ဆိုတဲ့အဓိပ္ပါယ်ကတော့ အင်တာပိုလ်(နိုင်ငံတကာရဲတပ်ဖွဲ့)ကနေ ကမ္ဘာ့အလိုရှိဆုံး ဝရမ်းအဆင့်အနေနဲ့ ထုတ်ပြန်ရတဲ့ ရာဇဝတ်ကောင်ပဲဖြစ်ပါတယ်။ ဒီရုပ်ရှင်မှာတော့ သူခိုးနှစ်ယောက်ပေါ့။ သူတို့ ခိုးချင်တာကတော့ ကလီယိုပက်ထရာရဲ့ ဥပါပဲ။ ဟုတ်ပါတယ် အီဂျစ်ဘုရင်မ ကလီယိုပက်ထရာ ပိုင်ဆိုင်ခဲ့တဲ့ ရတနာဥ သုံးလုံးကို အပြိုင်အဆိုင်ခိုးယူကြမှာပါ။ တစ်လုံးက ပြတိုက်မှာရှိတယ်၊ တစ်လုံးက အရမ်းအန္တရာယ်ကြီးတဲ့လူတစ်ယောက်လက်ထဲမှာ ရှိပြီး၊ နောက်ဆုံးတစ်လုံးကတော့ ဘယ်မှာရှိလဲဆိုတာ ဘယ်သူမှ မသိကြပါဘူး။ အဲဒီရတနာဥသုံးလုံးကို ရရင် ဒေါ်လာ သန်း ၃၀၀ ပေးမယ့် ဘီလီယံနာကြီးတစ်ယောက်က အသင့်စောင့်ကြိုနေပါပြီ။ ဒီတော့ ဥတွေကို deadpool နဲ့ wonder woman တို့ တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုဉာဏ်များပြီးလုကြမလဲ။ စုံထောက်ကြီး the rock ကရော ဘယ်လိုလိုက်ဖမ်းမလဲဆိုတာကို ကြည့်လိုက်ရအောင်။ File Size : (1.5 GB) & (900 Mb) Quality : HEVC WEB-DL EAC3 5.1CH, 1080p & 720 p 5.1 CH, 480p Running Time : 1:58:00 Format : mp4 Subtitle : Myanmar Subtitle (Hard Sub)| Genre : Action, Crime, Comedy Translated by Yoon Sandi Aung and Thaung Htike Zaw Encoded by CM Team

Drama • Sci-Fi & Fantasy
6.8 2021 118 mins
Red Notice
Tyson’s Run
7

Tyson’s Run (2022) Wholesome ဖြစ်တဲ့ Family Friendly ဇာတ်ကားလေးဖြစ်ပါတယ်။ လောကမှာ ကိုယ်ရွေးချယ်လို့ရတဲ့အရာရယ် ကိုယ်ရွေးချယ်လို့မရတဲ့အရာရယ်ဆိုတာ ရှိစမြဲပါ။ ကိုယ့်ရဲ့ဖြစ်တည်မှုကို ရွေးချယ်လို့မရခဲ့ပေမဲ့ ကိုယ်ရထားတဲ့ဘဝကို ဘယ်လိုရှေ့ဆက်ရှင်သန်မယ်ဆိုတာကတော့ ရွေးချယ်လို့ရရဲ့မဟုတ်လား။ ဘော်ဘီဟိုလာမန်းက စတန်းဘရေ့ချ်မြို့ရဲ့ အထင်ကရပုဂ္ဂိုလ်တစ်ဦးပါ။ ဘယ်လိုအထင်ကရဖြစ်တာလဲဆိုတော့ စတန်းဘရေ့ချ်မြို့ ဂရေးဟောင်း အထက်တန်းကျောင်းရဲ့ ဘောလုံးအသင်းနည်းပြအနေနဲ့ ဂရေးဟောင်းအသင်းကို ခုနစ်နှစ်ဆက်တိုက် ရှုံးပွဲမရှိတဲ့အသင်းဖြစ်စေခဲ့ပြီး ပြည်နယ်ကိုယ်စားပြုချန်ပီယံဆုကို ငါးနှစ်ဆက်တိုက် ဆွတ်ခူးစေခဲ့လို့ပါပဲ။ ဒီလိုမြို့ခံလူထုက လေးစားရတဲ့သူ့မှာ တိုင်ဆန်ဆိုတဲ့ ၁၅ နှစ်အရွယ်သားလေးရှိပါတယ်။ ကံဆိုးရှာတာက တိုင်ဆန်ဟာ အော်တစ်ဇင်ဖြစ်နေရှာတာပါပဲ။ ဒါပေမဲ့လည်း တိုင်ဆန်ဟာ ဘောလုံးနည်းပြကြီး သူ့အဖေ ဂုဏ်ယူရတဲ့သူ ဖြစ်အောင် လုပ်ပြချင်ရှာတယ်။ တစ်နေ့ သူတို့မြို့မှာ မာရသွန်အပြေးပြိုင်ပွဲကြီး ကျင်းပမယ်ဆိုတော့ တိုင်ဆန်က သူလည်း ဝင်ပြိုင်ချင်တယ်ဆိုပြီး သူ့မိဘတွေကို ပူဆာရှာတာပေါ့။ ဒါပေမဲ့ စိတ်ပူတတ်တဲ့မိခင်နဲ့ မလုပ်နိုင်ဘူးထင်တဲ့ဖခင်က တားကြလေရဲ့။ ခေါင်းမာတဲ့ တိုင်ဆန်တစ်ယောက် ချန်ပီယံဟောင်းအာခလိလုနဲ့ အမှတ်မထင်ခင်မင်ရင်းနှီးသွားရာက သူ့အိပ်မက်တွေ တကယ်ဖြစ်လာပါ့မလားဆိုတာကတော့ .. ထူးခြားတာက တိုင်ဆန်အဖြစ် သရုပ်ဆောင်တဲ့မင်းသားက အပြင်မှာလည်း အော်တစ်ဇင်ဖြစ်နေတာပါတဲ့။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ May Myat Thu ပါ။) File Size : 2.3GB, 982MB & 474MB Quality : 1080p WEB-DL, 720p WEB-DL & 480p Format : mp4 Duration : 1hr & 43mins Genre : Drama Translated by May Myat Thu Encoded by Kinnov

Animation • Comedy • Family
7 2021
Tyson’s Run
What a Girl Wants
5.8

ဒက်ဖနီဆိုတဲ့ကောင်မလေးက ငယ်စဉ်ကတည်းက အဖေ့ကိုတွေ့ဖို့မျှော်လင့်ရင်းကြီးပြင်းလာခဲ့ရသူပါ သူ့အဖေနဲ့အမေကတော့ အဆင့်အတန်းကွာခြားမှုတွေကြား ဝေးကွာသွားခဲ့ရသူတွေပါ သူ ၁၇ နှစ်ပြည့်တော့ အဖေဖြစ်သူ တော်ဝင်မျိုးနွယ်အမတ်ဒက်ရှ်ဝုဒ်ကိုတွေ့ဖို့လိုက်လာခဲ့ပါတယ် သူ့ရဲ့လွတ်လပ်ပေါ့ပါးတဲ့ပုံစံနဲ့ တော်ဝင်အနွယ်တို့ရဲ့ဣ​န္ဒြေကြီးမားတဲ့ပုံစံတွေကြား ကွာခြားမှုတွေ ကြောင့် သတင်းစာတွေထက်အတင်းအဖျင်းတွေပြောခံခဲ့ရတယ် အဖေ့မှာစေ့စပ်ထားသူတစ်ယောက်ရှိနှင့်နေပြီး သူ့မှာကလည်းသမီးတစ်ယောက်ရှိနေပါတယ် သူတို့ကလည်းစင်ဒရဲလားပုံပြင်လေးလိုပဲ ဒက်ဖနီအပေါ်အကွက်ချမကောင်းကြံပြီး အမေရိကန်ဆီပြန်ပို့ချင်နေတာပါ ဒက်ဖနီဟာ အဖေဖြစ်သူကိုချစ်တဲ့စိတ်ကြောင့် သူ့ကိုယ်သူပြောင်းလဲရင်း ချစ်ရသူအီရန်နဲ့လည်းဝေးသွားခဲ့ရတယ် တဖြည်းဖြည်းချင်းအဆင်မပြေမှုတွေကြားသည်းခံနေရရင်း သူ့ဘဝအမျှော်လင့်ဆုံးဖြစ်တဲ့ ဖခင်ဖြစ်သူနဲ့တွဲကဖို့ကို အမေပါသမီးကလာဆီရာကလုသွားတာမြင်လိုက်ရချိန်မှာ သူသည်းမခံနိုင်တော့ပါဘူး သူနဲ့ ချစ်သူအီရန်ပြန်ပေါင်းထုပ်နိုင်မလား ဖခင်ဒက်ရှ်ဝုဒ်ကရော သမီးနဲ့ဂုဏ်ဒြပ်တွေကြားဘာကိုရွေးချယ်မလဲ ဒက်ဖနီလိုချင်ခဲ့ရတဲ့အိပ်မက်တွေကိုရော တကယ်ရလာပါ့မလားဆိုတာ ကြည့်ရှုခံစားလိုက်ကြပါ File size…(2.14GB)/(1.11GB)/(571MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:45:00 Genre…Comedy, Drama, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Hein Zayar Kyaw

Action & Adventure • Crime • Drama
5.8 2003
What a Girl Wants
Guardians of the Galaxy Volume 3
8.4

Guardians of the Galaxy Volume 3 (2023) ************************************** WEB-DL ကြည်တောက်ရှင်းထွက်ရှိလို့လာပါပြီ ဒါရိုက်တာ ဂျိမ်းဂန်းပဲ ရိုက်ကူးထားပြီး မူရင်းသရုပ်ဆောင်တွေပဲ ပါဝင်ထားတာဖြစ်ပါတယ်။ Rating 8.4 အထိ IMDb မှာတက်နေတာမို့ အတော်လေးကောင်းမယ်ဆိုတာ သိသာပါတယ်။ GotG 1 တုန်းကတောင် 8 အထိပဲ တက်ခဲ့တာပါ။ ဇာတ်လမ်းအကျဉ်း ဂါဒီယံတွေဟာ နိုးဝဲမှာ အေးအေးဆေးဆေးအနားယူနေချိန်၊ ပီတာကြီးလည်း အသည်းကွဲပြီးမူးရူးလို့ကောင်းနေချိန်မှာ အန္တရာယ်အသစ်ပေါ်ပေါက်လာပါတယ်။ ပထမဆုံးအန္တရာယ်ကောင်ကတော့ အဒမ် ဝေါလော့ခ်ပါပဲ။ အဲဒီနောက်မှာတော့သူ့ကို ခိုင်းစေနေတဲ့ ဟိုက်အီဗော်လူရှင်နရီဆိုတဲ့ ဉာဏ်ကြီးရှင်ကြီးတစ်ယောက်ပါလာပါတယ်။ သူ့ရဲ့ ရည်ရွယ်ချက်ကတော့ နှစ်ပေါင်းများစွာ မျိုးဗီဇတွေကို ဆန်းသစ်တီထွင်ပြီး ပြီးပြည်စုံတဲ့မျိုးစိတ်တွေနဲ့ ကမ္ဘာကို ဖန်တီးဖို့ပါပဲ။ အဲဒီမတိုင်ခင် မျိုးစုံစမ်းသပ်ထားတဲ့ ကမ္ဘာတွေပါ ရှိနေတာမို့ သူ့ကို နတ်ဘုရားအဆင့်လို့တောင် သတ်မှတ်ကြပါတယ်။ အဲဒီလို အင်အားကြီးတဲ့ ဟိုက်အီဗော်လူရှင်နရီက ဂါဒီယံအဖွဲ့ထဲက ရော့ကတ်ကို အသေရရ အရှင်ရရ လိုချင်နေတာပဲဖြစ်ပါတယ်။ အဲဒီအကြောင်းရင်းက ဘာဖြစ်မလဲ ဂါဒီယံတွေကရော အရမ်းအင်အားကြီးတဲ့ ဗီလိန်ကို ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာ စွန့်စားခန်းတွေနဲ့ ထုံးစံအတိုင်းဟာသတွေနဲ့ကြည့်ရမှာပါပဲ။ ဒါလေးကိုမကြည့်ခင် Guardians of the Galaxy Holiday Special ရုပ်ရှင်တိုလေးကိုကြည့်လိုက်ရင်တော့ ပိုပြီးချိတ်ဆက်မိမှာပါ။ ချန်နယ်မြန်မာမှာ တင်ပေးထားပြီးပါပြီ။ မစောင့်နိုင်သူတွေ ခံစားလိုက်ပါဦး။ ss တွေကို ဖေ့ဘုပို့စ် ကွန်မန့်မှာ ပြပေးထားပါတယ်။ File size…(3.2GB)&(1.26GB) Quality….WEB-DL1080p5.1Ch,720p Format…mp4 Duration….02:30:00 Genre… Adventure, Action, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder…. Phyo Pyae Translated by Mr. Anderson

Romance • Comedy • Music • Drama
8.4 2023
Guardians of the Galaxy Volume 3
Passages
6.9

Passages (2023) ဒီရုပ်ရှင်ဟာ Drama/ Romance အမျိုးအစားပါ။ BL Drama လို့ ပြောရင် ပိုမှန်ပါလိမ့်မယ်။ IMDb Rating 7.0 ရရှိထားပါတယ်။ မိသားစုနဲ့ အတူမကြည့်သင့်တဲ့ ဇာတ်ဝင်ခန်းတစ်ချို့ပါဝင်တာမို့ ကြိုပြီး သတိပေးလိုက်ပါ့ရစေ။ သိပ်ပြီး အများကြီးမညွှန်းတော့ပါဘူး။ တိုမတ်စ်နဲ့ မာတင်ဟာ သာယာတဲ့အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားတဲ့ Gay စုံတွဲတစ်တွဲပါ။ တိုမတ်စ်ဟာ ရုပ်ရှင်ဒါရိုက်တာ တစ်ယောက်ပါ။ ရုပ်ရှင် ရိုက်ကူးရေးအပြီး ပါတီတစ်ခုမှာ အာဂတ်သ် ဆိုတဲ့ ကောင်မလေးတစ်ယောက်နဲ့ ဆုံတွေ့ခဲ့ပါတယ်။ ဒီလိုနဲ့ တိုမတ်စ်လည်း မစားသင့်တဲ့ အသီးကို စားသုံးပြီး အစွဲလန်းကြီး စွဲလန်းသွားပါတယ်။ တိုမတ်စ်နဲ့ မာတင်တို့ကြား အစစ်မ တစ်ယောက်ရောက်လာပြီး သုံးပွင့်ဆိုင် အချစ်ဇာတ်လေးတစ်ပုဒ် ဘယ်လိုဆက်ဖြစ်မယ်ဆိုတာ ဇာတ်ကားထဲမှာ ဆက်လက်ပြီး ခံစားလိုက်ပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Leonard Lin ပဲ ဖြစ်ပါတယ်။ Genre….. BL, Drama, Romance Quality…. 1080p | 720p File size… 1.2GB | 618MB Format… mp4 Duration…. 1h 53min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Leonard Lin Encoder ….. Aaron

Action • Adventure • Animation • Horror
6.9 2023
Passages
Minxiong Haunted House
5.5

Minxiong Haunted House (2023) ================= He Sheng Xin ဆိုတဲ့ အမျိုးသမီးတစ်ယောက် သူ့သမီးပျောက်လို့လိုက်ရှာရာကနေ He မိသားစုရဲ့ လျှို့ဝှက်ချက်တွေနဲ့ ဆန်းကြယ်မှုတွေကို တွေ့ကြုံရပါတော့တယ်။ အတိတ်က သေဆုံးသွားခဲ့တဲ့ သူ့အစ်မရဲ့ဝိဉာဥ်က သူ့ဆီကိုပြန်ရောက်လာပြီး ခြောက်လှန့်တဲ့အခါမှာတော့ Sheng Xin ဘယ်လိုကြိုးစားပြီး သူ့သမီးကိုကယ်တင်မလဲ၊ ဘယ်လိုလှည့်ကွက်တွေနဲ့ အမှန်တရားက သူထင်ထားသလိုရောဟုတ်ပါ့မလားဆိုတာကို ကျောချမ်းစွာကြည့်ရှုရမယ့် Taiwanese Horror ကားကောင်း တစ်ပုဒ်ပဲဖြစ်ပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Thwal Htoo Zin ပါ ) File size_(1.3GB)/(600MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:16:00 Genre_Horror Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Thwal Htoo Zin

5.5 2023 79 mins
Minxiong Haunted House
Out of Order
6.1

ဒီတစ်ခေါက်မိတ်ဆက်ပေးမယ့် movieလေးကတော့ ပေါ့ပေါ့ပါးပါး ဟာသကားလေးဖြစ်တဲ့ ရှေ့နေဇာတ်ကားလေးဖြစ်ပါတယ် ဒီဇာတ်လမ်းထဲမှာ ကိုရီးယားရဲ့နာမည်ကြီးမင်းသားမာဒုန်ဆွတ်ပါဝင်သရုပ်ဆောင် ထားပါတယ် လူသန်ကြီး မာဒုန်ဆွတ်ကို K Movies တွေထဲမှာနဲ့မတူပဲ ဒီဇာတ်ကားထဲမှာတော့ပုံစံတမျိုးနဲ့တွေ့ရမှာပါ ထိပ်တန်းရှေ့နေဖြစ်တဲ့ဟူကုံးဖျင်က ထက်မြက်ဖြောင့်မှန်ပြီး တရားခွင်မှာ မ‌ရေတွက်နိုင်တဲ့အမှုပေါင်းများစွာကိုဖြေ ရှင်းနိုင်ခဲ့တယ်။ အမှုတစ်ခုဖြေရှင်းတဲ့အတောအတွင်း ဟူကုံးဖျင်က တရားခံရှေ့နေ လက်ထောက်ဖြစ်တဲ့ ရှဲရှောင်မန့် နဲ့ ဟိုတယ်မှာ ချိန်းတွေ့တယ်။ သူတို့နှစ်ဦး ပျော်စရာအချိန်တွေဖန်တီးချိန်မှာ အခန်းပြတင်းပေါက်မှာအမည်မသိ အလောင်းတစ်ခုရှာတွေ့မိတယ် ဒီမတော်တဆဖြစ်မှုကိုဖုံးကွယ်ဖို့အတွက် ဟူကုံးဖျင်က သူ့မဟာလက်ထောက်ဖြစ်တဲ့ ကျူးရှစ်ချီကို အမည်မသိအလောင်းဖယ်ထုတ်ဖို့အတွက် အကူညီခေါ်ရနောက်မှာ မထင်မှတ်တဲ့အရာတွေ ဖြစ်ပေါ်လာခဲ့တယ်။ ဟူကုံးဖျင်က ဒီထူးဆန်းတဲ့အလောင်းအမှုကို သူဘယ်လိုဖြေရှင်းမလဲ။ သူ့လက်ထောက်ကရော သူနဲ့အတူ အံ့သြဖွယ်အမှုတွေကို အတူရင်ဆိုင်ဖြေရှင်းနိုင်မလား။ သူနဲ့ရှဲရှောင်မန့်တို့အကြား ရှုပ်ထွေးမှုလည်း ပြေလည်မလား ဆိုတာ ဒီဟာသဇာတ်ကားလေးကို‌‌ စောင့်မျှ်ောကြည့်ရှုကြပါဦးနော်

6.1 2025
Out of Order
Snowy Road
7.2

Snowy Road (2015) *********************** ကိုရီးယားကို ဂျပန်တွေကြီးစိုးချိန်ဖြစ်တဲ့ ၁၉၄၄ ခုနှစ်ကို ဇာတ်အိမ်တည်ရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ကားမှာတော့ castတွေအဖြစ် မင်းသမီးလေး Kim Sae Ron, “Along with the god, At Eighteen”စတဲ့ ဇာတ်ကားကောင်းတွေမှ မင်းသမီးလေး Kim Hyang Gi, “Iron Family, The Judge from Hell”စတဲ့ ဇာတ်ကားတွေမှ မင်းသမီးကြီး Kim Young Ok တို့က အဓိကပါဝင်ထားပါတယ် .. 24th Golden Rooster & Hundred Flowers Film Festival (2015) မှာ ဇာတ်ကားအတွက် Best Foreign Film ဆု အပြင် Kim Sae Ron လေးက Best Foreign Actress ဆု ရရှိခဲ့ပြီး .. KBS Drama Awards (2015) မှာလည်း Kim Hyang Gi လေးက Best Young Actress ဆု ရရှိခဲ့ပါတယ် .. IMDb rating ကောင်းကောင်းရထားပြီး Box office လည်း ရှယ်ကြမ်းခဲ့တဲ့ ကားကောင်း လေးကို ကြည့်ဖို့အတွက်ဆိုရင် တစ်ရှူးလေးတော့ ဆောင်ထားမှဖြစ်မယ်နော် .. ဇာတ်လမ်းကတော့ ************** ဂန်ယောင်းအယ် (Kim Sae Ron)နဲ့ ချွဲဂျုံဘွန်း (Kim Hyang Gi)တို့ဟာတစ်ရွာတည်းမှာ မွေးဖွားလာတဲ့ သက်တူရွယ်တူ ကောင်မလေးနှစ်ယောက်ဖြစ်ပေမဲ့ မိသားစု နောက်ခံ အသိုင်းအဝိုင်းကတော့ လုံးဝကွဲပြားလှပါတယ် .. ။ ယောင်းအယ်က ချမ်းသာတဲ့ မိသားစုမှာ ကြီးပြင်းလာသူဖြစ်သလို လှပထက်မြက်ပြီး ပညာထူးချွန်တာမိုလို့ ဂျပန်ကို ပညာတော်သင်သွားဖို့ ရွေးချယ်ခံထားရသူဖြစ်ပါတယ် .. ။ ဂျုံဘွန်းကတော့ တက်ကြွပြီး ရဲရင့်ပေမဲ့ ဆင်းရဲပြီး ပညာသင်ယူခွင့်မရရှိခဲ့တာကြောင့် ပညာ ထူးချွန်တဲ့ ယောင်းအယ်ကိုအားကျပြီး ဂျပန်ကို ပို့ပေးဖို့ အမေကို အမြဲပူဆာနေတဲ့သူလေးပေါ့ .. တစ်နေ့မှာတော့ ဂျုံဘွန်းရဲ့အမေဟာ ဆော့ချွန်းကို ပန်းကန်တွေ သွားရောင်းရမှာဖြစ်လို့ ဂျုံဘွန်းနဲ့ သူ့မောင်လေး ဂျုံဂီကို အိမ်မှာနှစ်ယောက်တည်း ထားခဲ့ရပါတယ် .. အဲဒီနေ့မှာပဲ ဂျပန်စစ်သားတွေက အိမ်ထဲကိုကျူးကျော်ဝင်ရောက်လာကာ ဂျုံဘွန်းကို ပြန်ပေးဆွဲပြီး ရထားတစ်စင်းပေါ်ကို အတင်းဆွဲခေါ်သွားပါတယ် .. ရထားပေါ်ကို ရောက်တဲ့အချိန်မှာ ဂျုံဘွန်းဟာ သူနဲ့သက်တူရွယ်တူကောင်မလေးတွေ အများကြီးအပြင် သူအားကျရတဲ့ .. ဂျပန်ကို ပညာတော်သင်သွားရမယ်ဆိုပြီး လှည့်စားခံထားရတဲ့ ယောင်းအယ်ကိုပါ တွေ့လိုက်ရပါတော့တယ် .. အရင်ကကံကြမ္မာမတူညီခဲ့ပေမဲ့ ဂျပန်စစ်သားတွေ ပြန်ပေးဆွဲလာတဲ့ရထားပေါ်ကိုရောက်တော့မှ ဆိုးရွားတဲ့ကံကြမ္မာချင်း တူညီသွားတဲ့ ဒီကောင်မလေးနှစ်ယောက်ဟာ ရှေ့ဆက်ဘယ်လိုဖြစ်ကြမလဲ အရင်ခေတ် ဂျပန်စစ်သားတွေရဲ့ ရက်စက်ယုတ်မာမှုတွေကို မျက်ဝါးထင်ထင်မြင်ရအောင် ရိုက်ပြထားတဲ့ ရုပ်ရှင်ဇာတ်ကားကောင်းဖြစ်လို့ ညွှန်းပေးလိုက်ပါတယ်နော် .. (အညွှန်းကို Toe Toe Aung မှ ရေးသားထားပါတယ်) File size…2.69GB / 906MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….2h 00m Genre ….. Historical, Psychological, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Toe Toe Aung Encoded by AHtet

7.2 2015 121 mins
Snowy Road
Manada Kadalu
7.3

Manada Kadalu (2025) “အချစ်မီးလျှံလေးများ” ပေါ့ပေါ့ပါးပါးအချစ်ဇာတ်လမ်းမျိုးမှ ကြည့်ချင်တဲ့ ပရိသတ်ကြီးအတွက် လူငယ်အချစ်-ဒရာမာ ဇာတ်လမ်းတစ်ပုဒ် လာပါပြီ။ အချစ်နဲ့ဒရာမာမှာ ဟာသလေးတွေနှောထားတာမို့ အချစ်နဲ့ အလွမ်း၊ ပျော်စရာနဲ့ငိုစရာ ရသစုံခံစားကြရမှာပါ။ ဆူမူခါဟာ ဆေးကျောင်းနောက်ဆုံးနှစ်တက်နေတဲ့ လူငယ်တစ်ယောက်ပါ။ ဖခင်ကဆရာ၀န်မို့ သူလည်း ဆေးကျောင်းရောက်လာခဲ့တဲ့ ဆူမူခါတစ်ယောက် ကောလိပ်နောက်ဆုံးနှစ်မှာ ကြုံရတဲ့ဖြစ်ရပ်တစ်ခုကြောင့် ကျောင်းထွက်ပြီး လေလွင့်နေပါတော့တယ်။ အဲဒီအချိန်မှာပဲ ရာရှီကာဆိုတဲ့ အားကစားမယ်လေးနဲ့ ဆုံမိပြီး ဆူမူခါတစ်ယောက် အရူးအမူးစွဲလမ်းသွားပါတယ်။ ရာရှီကာ သူ့ခရစ်ကတ်ပြိုင်ပွဲအတွက် အချိန်ပေးဖို့ တောင်းဆိုပြီး ၆ လကြာမှတွေ့ဖို့ ချိန်းဆိုလိုက်ပါတယ်။ ဒါပေမဲ့ ချိန်းဆိုထားတဲ့အတိုင်း ၆ လပြည့်တဲ့နေ့မှာ ရာရှီကာကိုမတွေ့ခဲ့ရပါဘူး။ အဲဒါကြောင့် ဆူမူခါဟာ ပျောက်ဆုံးနေတဲ့ရာရှီကာကို လိုက်လံရှာဖွေရင်း ကျွန်းတစ်ကျွန်းကို ရောက်ရှိသွားပါတယ်။ အဲဒီကျွန်းပေါ်မှာ ဆူမူခါတစ်ယောက် ရာရှီကာအပြင် သူ့ရဲ့သူငယ်ချင်းမချောချောလေး အန်ဂျလီနဲ့ပါ ရင်းနှီးခင်မင်သွားတဲ့အခါ…။ ဆူမူခါ၊ ရာရှီကာနဲ့ အန်ဂျလီတို့ရဲ့ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းက ဘာဆက်ဖြစ်မလဲ… ရာရှီကာက ဘာလို့ဇာတ်မြှုပ်ပြီး ကျွန်းပေါ်ရောက်နေတာလဲ၊ ကျွန်းပေါ်မှာ သုံးယောက်သား ဘာတွေရင်ဆိုင်ကြုံတွေ့ရမလဲ ဆိုတာ… ဆက်လက်ကြည့်ရှုခံစားလိုက်ကြပါဦး။ (ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်တွေကတော့ Cym~Alex~KKKZ~ZweYan~Star တို့ ဖြစ်ပါတယ်။)

Drama
7.3 2025 154 mins
Manada Kadalu
Mr.Robot
6.8

Mr.Robot (2025) **************** K-Robot Industry ကိုယ်စားလှယ်တစ်ယောက်ဖြစ်တဲ့ ဂန်ဟျော့ဟာ စက်ရုပ်တွေကို တီထွင်ဖန်တီးရင်းနဲ့ အချိန်ကုန်ကာ ကိုယ့်မိသားစုအတွက် အချိန်‌မပေးနိုင်ခဲ့သူပါ။ ဂန်ဟျော့ရဲ့ သမီးဖြစ်သူ ဂန်နာနာဟာလည်း တစ်နှစ်မှ တစ်ခါလောက် အိမ်ပြန်လာတဲ့ အမေနဲ့ အမြဲ မအားမလပ်ဖြစ်နေတဲ့ အဖေတို့ကြောင့် အိမ်ကြီးထဲမှာ စက်ရုပ်တွေနဲ့ အထီးကျန်စွာ ဖြတ်သန်းနေရသူပေါ့။ တစ်နေ့ ဂန်ဟျော့က စက်ရုပ်အသစ်မိတ်ဆက်ပွဲကျင်းပရာ သူဖန်တီးထားတဲ့ စက်ရုပ် မက်စ်က Error တက်ပြီး သူ့ကို လိုက်လံ တိုက်ခိုက်ရာက‌နေ အဲဒီပွဲမှာတင် သေဆုံးသွားပါတော့တယ်။ သို့ပေမဲ့ မက်စ် Error တက်သွားတာက သမာရိုးကျ‌မဟုတ်ဘဲ ဂန်ဟျော့ရဲ့ နေရာကို လက်ဝါးကြီးအုပ်ချင်နေတဲ့ ညီဖြစ်သူ ဂန်မင်းကြောင့်ဆိုတာပါပဲ.. သို့ပေမဲ့ ဂန်နာနာကလည်း အတားအဆီးသဖွယ်ဖြစ်နေတာကြောင့် နာနာကိုပါ ရှင်းပစ်ဖို့ ကြံစည်လာတဲ့အချိန်… တစ်ဖက်မှာလည်း ဂန်ဟျော့က စက်ရုပ် မက်စ်ခန္ဓာကိုယ်နဲ့ ပြန်လည်နိုးထလာခဲ့ပြီး နာနာကို ကာကွယ်ပေးဖို့လုပ်သလို Error စက်ရုပ်တွေကို လိုက်နှိမ်နင်း‌နေတဲ့ စက်ရုပ်ထိန်းချုပ်ရေးဌာနကလည်း ရှိနေခဲ့ရာ… ဂန်ဂျော့တစ်ယောက် စက်ရုပ်အနေနဲ့ ဂန်မင်းလက်ထဲကနေ သူ့သမီးလေးကို ကာကွယ်ပေးနိုင်သွားမှာလား.. သူကိုယ်တိုင်ရော စက်ရုပ်ထိန်းချုပ်ရေးဌာနလက်ထဲကရော လွတ်မြောက်နိုင်ပါ့မလား.. ချစ်စရာဇာတ်ကောင်လေးတွေနဲ့အတူ ပုံဖော်ထားတဲ့ ဒီဇာတ်လမ်းကောင်းလေးထဲမှာ ကြည့်ရှုလိုက်ပါဦးနော်။ (ဇာတ်လမ်းအညွှန်းကိုတော့ Miri မှ ရေးသားထားပေးပါတယ်။) File Size : 1.77GB/ 860MB Quality : WEB-DL 1080p/ 720p Format…mp4 Duration…01:27:50 Genre : Animation, Action, Sci-Fi Subtitle : Myanmar Subtitle (Hard Sub) Translated by Stary, Hnin Wai Oo & Miri Encoded by Tiff

6.8 2025
Mr.Robot