YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

The Adventures of Young Indiana Jones - 1x05 - Journey of Radiance_new.480p.(CM).mp4

560.1 MB N/A video/mp4 678 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Chalk Line (a.k.a) Jaula

(1080p ရပါပြီ) Thriller/Crime Genre စပိန်ဇာတ်ကားသစ်လေးဖြစ်ပြီး မဲပြာပုဆိုးမဟုတ်ပဲ plot twist တွေနဲ့ အတော်လေးကြည့်လို့ကောင်းပါတယ်။ ပေါလာနဲ့ ဆီမွန်က အသက် လေးဆယ်ကျော်ဇနီးမောင်နှံဖြစ်ပြီး ကလေးယူဖို့ အပူတပြင်းကြိုးစားနေကြသူတွေပါ။ ကံဆိုးစွာပဲ ကိုယ်ဝန်မရခဲ့ကြပါဘူး။ စိတ်ညစ်နေတဲ့ သူတို့ဘဝထဲကို ကလဲရာဆိုတဲ့ ခြောက်နှစ်အရွယ် ကလေးမလေးဝင်လာခဲ့ပါတယ်။ ကလဲရာကို ကားလမ်းမကြီးပေါ်မှာ ညကြီးသန်းခေါင် သူတို့ကားနဲ့ ဝင်တိုက်မိမလို ဖြစ်ပြီး စတွေ့ခဲ့ကြတာပါ။ နေမကောင်းဖြစ်နေတဲ့ ကလဲရာဟာ စကားမပြောတတ်သလို အပြုအမူတွေကလည်း ထူးခြားနေပါတယ်။ မြေဖြူနဲ့စည်းတားထားရင် အဲဒီစည်းအပြင်ကို မထွက်ရဲတာတို့၊ ဂျာမန်ဘာသာစကားကို နားလည်နေတာတို့၊ အစရှိသဖြင့်ပေါ့။ ဒီလိုနဲ့ ဆေးရုံက အကူညီတောင်းတာကြောင့် သူတို့ ကလဲရာကို အိမ်ခေါ်လာပြီးနောက်မှာတော့ ဘယ်လိုဆိုးရွားတဲ့ကိစ္စတွေ ကြုံတွေ့ရမလဲဆိုတာ ... (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က May Myat Thu ပါ။) File Size          : 1.7GB, 605MB, 320MB Quality            : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format            : mp4 Duration         : 1hr & 46mins Genre              : Horror, Mystery, Thriller Translated by May Myat Thu Encoded by Kinnov

Animation • Drama
null 2022
The Chalk Line (a.k.a) Jaula
Shanghai Knight
1

စစ်​အေး​ခေတ် ဗြိတိသျှ​နေမဝင်အင်ပါယာနဲ့ ဂျပန်အင်ပါယာတို့ အာရှတိုက်တစ်ဝန်း နယ်ချဲ့ကျွန်ပြုထားတဲ့ ​ခေတ်ကာလတစ်ခုမှာ တရုတ်ပြည်မကြီးမှာလည်း မျက်နှာဖြူနဲ့ ဂျပန်​တွေ ကြီးစိုး​​နေတဲ့ အချိန်​ပေါ့၊ ရှန်ဟိုင်းမြို့Bundအရပ်မှာ ဂျင်ဂွမ်ယုံဆိုတဲ့ သူ​ဌေးက ဆိပ်ကမ်း ၇ခုပိုင်ဆိုင်ပြီး ကုန်တင်ကုန်ချလုပ်ငန်းက​နေ စီးပွားရှာနေသူ​ပေါ့၊ သူနဲ့စီးပွားပြိုင်ဖက်က​တော့ အုချီယမဆိုတဲ့ ဂျပန်ပြည်ကလာတဲ့ သူ​ဌေးတစ်​ယောက်ပါ၊ ဆိပ်ကမ်းပိုင်သူ​ဌေးနဲ့ သွင်းကုန်လုပ်ငန်းရှင်တို့ ဖြစ်တာနဲ့အညီ ရန်ပွဲ၊တိုက်ပွဲ​တွေ ပဋိပက္ခ​တွေအမြဲဖြစ်​လေ့ရှိတဲ့ ကမ္ဘာ့ရန်​သဖွယ် ဖြစ်​နေကြသူ​တွေပါ။ ဒီလိုစီးပွားပြိုင်၂ဦးလုံးက တိုက်တိုက်ဆိုင်ဆိုင် မြင်းပွဲကို​တော့ အထူးခုံမင်ကြပါတယ်၊ ဒီလိုနဲ့ပဲ နှစ်ရှည်လများ ဖြစ်တည်လာတဲ့ သူတို့ရဲ့ ပြိုင်ဆိုင်မှုကို မြင်းပွဲတစ်ပွဲနဲ့ စည်းစိမ်ကုန် ​​လောင်း​ကြေး ထပ်ကာ အဆုံးသတ်ဖို့သ​ဘောတူခဲ့ကြပါတယ်၊ မြင်းပွဲရှိပြီဆိုရင် ကိုယ့်ပြိုင်မြင်းကို အ​ကောင်းဆုံးထိန်း​ကျောင်းနိုင်တဲ့ ​ဂျော်ကီကို လိုလာစမြဲပါ၊ ဒီလို စည်းစိမ်ကုန်၊ ဂုဏ်သိက္ခာကုန် ​အ​လောင်းစား လုပ်ထားတဲ့ပွဲမှာ ​ဂျော်ကီ​ကောင်းရှိဖို့ ပိုလိုအပ်လာပါတယ်။ အဆိုပါ​ဂျော်ကီ​နေရာကို​ လုပ်ငန်းရှင်၂ဦးက မာယွန်​ဖေးဆိုသူ ဆိပ်ကမ်းအလုပ်သမားတစ်ဦးကို မျက်စိကျလာပါတယ်၊ သူက လူရိုးလူ​ဖြောင့်ဖြစ်သလို အလုပ်သမား​တွေရဲ့ နစ်နာဆုံးရှူံးမှု​တွေတန်ရာတန်​ကြေးပြန်ရ​ဖို့ ဂျင်ဂွမ်ယုံနဲ့ မကြာခဏ ထိပ်တိုက်​တွေ့​ဖြေရှင်းတတ်တဲ့ သူတစ်​ယောက်ပါ၊ မြင်းစီးပညာလည်း ​ထူးချွန်တာဖြစ်လို့ ဂျင်ဂွမ်ယုံ​ရော အုချီယမ​ရောက သူ့ကို ​ဂျော်ကီအဖြစ်​ခေါ်ယူချင်​နေတာပါ။ အ​လောင်းအစားတစ်ခုနဲ့ အရာအားလုံးရင်းထားတဲ့ ဒီမြင်းပွဲမှာ ဘယ်သူကဗိုလ်ဝင်ခံမှာလဲ ၂ဖက်လုံး​ခေါ်ယူချင်​တဲ့ မာယွန်​ဖေးက ဘယ်သူ့ဘက်က ရပ်တည်မလဲ ​မြွေ​မြွေချင်း​​ ခြေမြင်၊ ကတုံး​ပေါ် ထိပ်ကွက်ဖို့ပဲ ကြံ​နေတဲ့ ဒိတ်ဒိတ်ကြဲ သူ​​ဌေး၂ဦးရဲ့ အားပြိုင်ပွဲမှာ ဘယ်လိုလှည့်ကွက်​တွေ၊ ​နောက်​ကျောဓါးထိုးမှု​တွေ ရှိမလဲဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပါ၊ တရုတ်ကားဆို CGI အများကြီး ပါဝင်တဲ့ သိုင်းကား​တွေပဲ အထွက်များ​နေတဲ့အချိန် ကိုလိုနီ​ခေတ် ဂိုဏ်းအားပြိုင်မှု​တွေ ပြန်မြင်​တွေ့ခွင့်ရတာတမျိုးထူးခြားတာမို့ ကြည့်ရှူခံစားကြည့်လိုက်ပါဦး။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Jim X ပါ ) File Size__(1.6GB) / (750MB) Quality__WebDL_1080p, 720p IMDb Rating__7.5/10 Format__mp4 Duration__01:30:00 Type__Action, Crime, History Subtitle__Myanmar Subtitle (Hardsub) Translated by Jim X Encoded by Naing Aung Latt

Comedy • Drama • Family
1 2022 88 mins
Shanghai Knight
The Exorcism of God
7.2

Exocrism ဆိုတာကတော့ လူတွေကိုယ်ထဲကို ဝင်ပူးနေတဲ့ မကောင်းဆိုးရွားကို နှင်ထုတ်တာဆိုပေမဲ့ ဒီဇာတ်ကားရဲ့နာမည်ကတော့ ဘုရားသခင်ကို နှင်တာပါတဲ့။ ဇာတ်လမ်းအကျဉ်းကတော့ မကောင်းဆိုးရွား ပူးကပ်ခံထားရတဲ့ ကောင်မလေးတစ်ယောက်ကို ကယ်ချင်ဇောနဲ့ အတွေ့အကြုံမရှိသေးတဲ့ ဘုန်းကြီးလေးက အပနှင်ဖို့ကြိုးစားပေမဲ့ မကောင်းဆိုးရွားရဲ့ စေ့ဆော်မှုကို မတွန်းလှန်နိုင်ဘဲ အပမှီနေတဲ့ ကောင်မလေးနဲ့ အိပ်မိသွားပါတယ်။ မကောင်းဆိုးရွားကတော့ ဒီအမှုကိုကျူးလွန်ပြီးတော့ ထွက်သွားပါတယ်။ အတွေ့အကြုံမရှိသေးတဲ့ ဘုန်းကြီးလေးက မကောင်းဆိုးရွားကို နှင်နိုင်ခဲ့လို့ သူတော်စင်လို့ နာမည်ကျော်လာပါတယ်။ ဒါပေမဲ့ တကယ်ဖြစ်ပျက်သွားတဲ့ ကိစ္စကိုတော့ သူနဲ့ ဘုရားသခင်နဲ့ နတ်ဆိုးပဲ သိနိုင်တာပေါ့။ နတ်ဆိုးက ဒီအတိုင်းထွက်သွားတာနဲ့ နောက်ကွယ်မှာ ကြီးမားတဲ့ အစီအစဉ်တွေရှိနေတာကို နောက် ၁၈ နှစ်ကြာမှ သိလာရပါတယ်။ ဒီဇာတ်ကားမှာတော့ ဘုရားသခင်ရဲ့ အစီအစဉ်တွေကိုတင်မဟုတ်ဘဲ နတ်ဆိုးရဲ့အစီအစဉ်တွေကိုလည်း တွေ့ရမှာပါ။ နတ်ဆိုးရဲ့ အစီအစဉ်တွေကဘယ်လိုလဲဆိုတာတော့ ဇာတ်ကားကိုပဲ ကြည့်လိုက်ကြစေချင်ပါတယ်။ ပုံမှန် သရဲပူးလို့ ဖာသာက သရဲနှင် သရဲထွက် ဖာသာနိုင် ဇာတ်လမ်းတွေကနေကွဲထွက်ပြီး ဖာသာရဲ့ ယုံကြည်မှုကို နတ်ဆိုးက ကစားပြီး သူ့ဘက်ပါအောင် သိမ်းသွင်းတဲ့ ထူးထူးခြားခြား ဇာတ်အိမ်မျိုးပါပဲ။ ဗာတီကန်က ဘုန်းတော်ကြီးတွေရဲ့ လိုက်နာရမယ့် နည်းစနစ်တွေ ဥပ‌ဒေ‌တွေကိုတောင်မှ သရော်ပြ မေးခွန်းထုတ်ပြထားတဲ့ Horror ကားကောင်းတစ်ကားပေါ့။ (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆိုရေးသားထားပါတယ်) Size - 800MB, 424MB Quality - 1080p, 720p IMDb Rating - 5.6/10 Format - mp4 Duration - 1H 38Min Genre - Drama, Horror Subtitle - Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

Action
7.2 2022 98 mins
The Exorcism of God
The Getaway King
6.5

The Getaway King (2021) ဒီတစ်ခါတော့ ပေ့ါပေ့ါပါးပါးနဲ့ ကြည့်လို့ကောင်းမဲ့ ပိုလန် ဇာတ်ကားကောင်းလေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဇာတ်လမ်းလေးကတော့ ပိုလန်နိုင်ငံမှာ ကွန်မြူနစ်ဝါဒီတွေ ကြီးစိုးခဲ့ချိန်ရဲ့ နောက်ဆုံးနေ့ရက်တွေကို အခြေပြု ဇာတ်အိမ်တည်ထားပြီး အဲ့ဒီအချိန်က ရဲတွေအလိုအရှိဆုံး ဒုစရိုက်သမားတစ်ယောက်အကြောင်းကို ရိုက်ကူးပုံဖော်ထားတာပါ။ ရဲလက်ကနေ ၂၉ ကြိမ်တိတိ ရဲလက်က လွတ်အောင်ပြေးနိုင်ခဲ့ပြီး အဲ့ဒီထဲက တစ်ကြိမ်ဆို ထောင်ဖောက်ပြီးပါ လွတ်မြောက်ခဲ့တာပါ။ ဒီလိုနဲ့ တစ်ရက်မှာတော့ အမျိုးသမီးတစ်ယောက်နဲ့ တွေ့ပြီးနောက် အဆိုပါ စောရဝိဇ္ဇာတစ်ယောက် သူ့ရဲ့ ဘဝနဲ့ အတွေးအခေါ်အယူအဆတွေ ဘယ်လိုပြောင်းလဲသွားမလဲဆိုတာ ... Action, Crime, Comedy အမျိုးအစားဖြစ်ပြီး ဖြစ်ရပ်မှန်တချို့တဝက်ကို ရိုက်ကူးပြထားတဲ့ ဇာတ်လမ်းကောင်းလေး ဖြစ်ပါတယ်။ File Size : 3.2GB, 806MB & 367MB Quality : 1080p WEB-DL, 720p WEB-DL & 480p Format : mp4 Duration : 1hr & 40mins Genre : Action, Crime, Comedy Translated by Chothet_mlmt & Hnin Wut Yi  Encoded by Kinnov

Horror • Thriller
6.5 2021 96 mins
The Getaway King
The Fall
7.6

နိုင်ငံပေါင်း ၂၈ နိုင်ငံမှာ ၄ နှစ်ကြာအောင် ရိုက်ခဲ့ပြီး ဆက်တင်မသုံးပဲ တကယ့်ရှုခင်းအလှအပ သဘာဝစစ်စစ်တွေနဲ့ Landscape အလန်းစားတွေ သုံးထားတဲ့ စိတ်ကူးယဉ် ဒရမ်မာကားကောင်းလေးပါ။ ရိုက်ထားတဲ့ Cinematography တွေဆိုလည်း ဓာတ်ပုံပညာတတ်စရာ မလိုပဲ မြင်လိုက်တာထက် မှင်သက်ရအောင်ထိ မိုက်တဲ့ ရိုက်ချက်တွေ Landscape အယူအဆတွေ မြင်ရမှာပါ။ ဒါတင်ပဲလား ရိုက်ချက်တွေ ရှုခင်းတွေကတော့ ဟုတ်ပါရဲ့ ဇာတ်လမ်းကျ ကောင်းရဲ့လားဆိုပြီးလည်း စိတ်ပူမနေနဲ့ ဇာတ်လမ်းလေးက ရိုးမလိုနဲ့ တင်ဆက်ပုံဆန်းပြီး IMDB မှာက 7.8 ရထားတယ် လူ ၁ သိန်းကျော်ပေးထားတာ Legit ဖြစ်ချက်ပဲ။ သရုပ်ဆောင်ထားတဲ့မင်းသားကလည်း ခပ်ဖြောင့်ဖြောင့် နဲ့ ဘဲကြီး Lee Pace နာမည်ကြီးဇာတ်ကောင်တွေ ပြောရရင် Gurdian of the Galaxy ပထမကားထဲက ဗီလိန် Ronan တို့ နောက်ပြီး Hobbit ထဲမှာ ပါမန်း Legolas ရဲ့ အဖေနေရာက Thranduil လုပ်ထားတာ ဒီထဲမှာလည်း သရုပ်ဆောင်ထားတာရှယ်၊ သူနဲ့ အပြိုင်ကြမ်းထားတဲ့ကလေးမကလည်း အရမ်းချစ်စရာကောင်းတာ။ ဇာတ်လမ်းအကျဉ်းလေးကတော့ ၁၉၂၀ ခုနှစ် လော့အိန်ဂျလိစ့်က သာသနာပြုဆေးရုံမှာ ရုပ်ရှင်စတန့်သမားတစ်ယောက် စတန့်လုပ်ရာ ကနေ ခြေကျိုးလို့ ဆေးရုံတင်ထားရတယ်။ အဲဒီဆေးရုံမှာလည်း လိမ္မော်သီးခူးရာကနေ လက်ကျိုးလို့ ရောက်လာတဲ့ ချစ်စရာကောင်မ လေးတစ်ယောက်လည်း ရှိတယ်၊ လူအများက ဝိုင်းချစ်ကြပြီး ဆေးရုံပတ်မွှေနေတဲ့ ကောင်မလေးပေါ့လေ။ တစ်ရက်ကျ ကောင်မလေး စာတစ်စောင် ဆော့လိုက်ရာကနေ စတန့်သမားဆီကို ရောက်သွားတော့ ပြန်ယူရင်း နှစ်ယောက်သား ခင်သွားခဲ့တယ်၊ စကားတွေပြောရင်းနဲ့ စတန့်သမားက ကောင်မလေးကို ပုံပြင်တွေ ပြောပြတာပေါ့။ အဲဒီပုံပြင် တွေကို ရှုခင်းအလှတွေနဲ့ ပုံဖော်ထားပြီး အမြင်တစ်မျိုးနဲ့ ပြသထားတယ်။ သူ့ ပုံပြင်လေးကကျတော့ အနယ်နယ်အရပ်ရပ်က လူမျိုးမတူတဲ့ လူ ၅ မျိုးက ကိုယ်စီနာကြည်းချက်ကြောင့် အကျင့်မကောင်းတဲ့ ဘုရင်ခံကြီးကို လက်စားချေဖို့ စွန့်စားခန်းထွက်ကြတဲ့ အကြောင်းပေါ့လေ။ ဒါပေမဲ့ ဒီလို ပုံပြင်တွေပြောပြီး စတန့်သမားက ကလေးမလေးကို ဘာခိုင်းချင်နေတာလဲ နောက်ကွယ်မှာရော ဘာတွေဖြစ်ခဲ့လို့ ဒီရောက်လာတာလဲ၊ ကောင်မလေးရော ဘာဆက်ဖြစ်မလဲဆိုပြီး ပုံပြင်လေးနဲ့အတူ သူတို့ နှစ်ယောက်ကြားက သံယောဇဉ်ကို ကြည့်ရမယ့် အပြင် ပြောနေတဲ့စွန့်စားခန်းအကြောင်းကိုလည်း ကြည့်ရှုရမယ့် ဒရမ်မာ စွန့်စားခန်း ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။ ဇာတ်လမ်း၊ သရုပ်ဆောင်ကောင်းတဲ့အပြင် ရှုခင်းအလှအပတွေကိုလည်း တဝကြီး ခံစားရလို့ တန်စေရမယ်လို့ အာမခံလိုက်ပါတယ်ဗျာ။

Adventure • Animation • Family
7.6 2006 117 mins
The Fall
Diabolik – Ginko Attacks
5.5

Diabolik – Ginko Attacks (2022) ၂၀၂၁ ခုနှစ်မှာထွက်ခဲ့တဲ့ Diabolik ရုပ်ရှင်ရဲ့ အဆက်ပါ။ ဇာတ်လမ်းကတော့ ဖောက်ထွင်းဝိဇ္ဇာ Diabolik ဟာ အာမန်သရဖူကိုခိုးပြီး အာမန်‌ကျောက်မျက်အားလုံးကို ခိုးဖို့ ကြံစည်တာကနေ စတင်ထားပါတယ်။ ဒါပေမဲ့လည်း ရတနာတွေဟာ စုံထောက်ဂျင်ကိုရဲ့ ငါးစာတွေဖြစ်နေတဲ့အခါ Diabolik တစ်ယောက် ဒုက္ခရောက်ပါတော့တယ်။ ဒုက္ခရောက်ရတဲ့အထဲ ချစ်ရသူဖြစ်တဲ့ အေဗာကပါ ကျောခိုင်းသွားပြီး Diabolik ရဲ့ ပိုင်ဆိုင်မှုအားလုံးကို ရဲတပ်ဖွဲ့က သိမ်းယူသွားခဲ့ပါတယ်။ Diabolik ဟာ ပြေးပေါက်ပိတ်နေပါပြီ။ ဒီလိုခက်ခဲတဲ့အခြေ‌အနေတွေကြားထဲမှာ စုံထောက်ကြီးဂျင်ကိုကပဲ အနိုင်ရပြီး Diabolik ကိုဖမ်းမိသွားမလား။ Diabolik ကပဲ လက်မတင်လေး လွတ်သွားဦးမလားဆိုတာကို စုံထောက်ကားပီပီ လှည့်ကွက်တွေနဲ့ ကြည့်ရှုရမှာပါ။ ဒီဇာတ်ကားမှာတော့ ပုရိသတွေအားလုံးရဲ့ အသည်းစွဲ ဂန္ထဝင်မမကြီး Monica Bellucci ကလည်း ပါဝင်အားဖြည့်ပေးထားပါသေးတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.15GB, 930MB Quality – 1080p, 720p IMDb Rating – 5.5/10 Format – mp4 Duration – 1H 56Min Genre – Action, Crime Subtitle – Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Adventure • Comedy • War
5.5 2022
Diabolik – Ginko Attacks
[18+] The Cook, the Thief, His Wife & Her Lover
7.5

The Cook, the Thief, His Wife & Her Lover (1989) ~ IMDb – 7.5/10, Rotten Tomatoes – 86% ~ ” 18+ ခန်းတွေပါတာကြောင့် အသက်ပြည့်မှကြည့်ဖို့အကြံပေးပါရစေ “ ဒီကားကတော့ 1989 မှာထွက်ရှိထားပြီး ဆု​တွေလည်းအများကြီးရထားရုံတင်မက တစ်ခေတ်တစ်ခါရဲ့ ဗြိတိန်ဂန္ထဝင်မင်းသားကြီး မင်းသမီးကြီးတွေပါဝင်ထားတဲ့ မှုခင်းဒရာမာကားကောင်းတစ်ကား The Cook, the Thief, His Wife & Her Lover ဆိုတဲ့ကား​ပဲဖြစ်ပါတယ်။ ဒီကားရဲ့ ဒါရိုက်တာကလည်း BAFTA လို‌ ဗြိတိန်အကယ်ဒမီဆု အပါအဝင် ဆု​တွေအများကြီးရထားတဲ့ Peter Greenaway ပဲဖြစ်ပါတယ်။ ဇာတ်လမ်း​​ကျောရိုးကို​တော့ ဇာတ်လမ်းနာမည်အတိုင်း ဇာတ်​ကောင် ၄ ​​ယောက်ကို ဗဟိုပြုပြီးရိုက်ကူးထားတာပဲဖြစ်ပါတယ်။ လန်ဒန်မြို့က စား​​သောက်ဆိုင်တစ်ဆိုင်ကို ဝယ်လိုက်ပြီး ​​နေ့တိုင်း ထင်တိုင်းကြဲ​​သောင်းကျန်း​နေတဲ့ အဲဘက် (The Thief) အဲဘက်ရဲ့နှိပ်စက်သမျှ တင်စီးသမျှကို ခံ​နေရတဲ့ ​ဂျော်ဂျီနာ (His Wife) အဲဘက်ရဲ့ စား​သောက်ဆိုင်မှာ အဲဘက်ရဲ့ သ​ဘောထား​တွေကို ဆန့်ကျင်ပြီးလုပ်​​လေ့ရှိတဲ့ ဘို့စ် (The Cook) စား​သောက်ဆိုင်မှာ လာစားရင်း ​ဂျော်ဂျီနဲ့ ချစ်မိသွားတဲ့ မိုက်ကယ် (Her Lover) တို့ကို အဲဘက်တစ်​ယောက် မိသွားတဲ့အခါ ဘာ​တွေဆက်ဖြစ်မလဲ… သူတို့​လေး​ယောက်ကို ချိတ်ဆက်ပြီး ဇာတ်ကားတစ်ခုလုံးကို ဘယ်လိုရိုက်ပြသွားလဲ… ဆိုတာ​တွေကို စိတ်ဝင်တစားကြည့်ရှူရမယ့် ဂန္ထဝင်ဇာတ်ကား​ကောင်း​တစ်ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.9GB, 780MB Quality – 1080p, 720p IMDb Rating – 7.5/10 Format – mp4 Duration – 2H 4Min Genre – Crime, Drama Subtitle – Myanmar Subtitle (Hardsub) Translated by DB Encoded by Y

7.5 1989 124 mins
[18+] The Cook, the Thief, His Wife & Her Lover
To End All War: Oppenheimer & the Atomic Bomb
7.5

IMDb -7.5, RT – 91% ဒုတိယ ကမ္ဘာစစ်လို့ ပြောလိုက်ရင် အရင်ဆုံး ဟစ်တလာကြီးရဲ့ နာဇီအင်ပါယာကြီးကို ပြေးမြင်မိကြမယ်လို့ ထင်ပါတယ်။ ဒုတိယကမ္ဘာစစ်ရဲ့ အဆုံးသတ်လို့ ပြောလိုက်ရင်လည်း ဂျပန်အင်ပါယာကြီးရဲ့ ဟီရိုရှီးမားနဲ့ နာဂါဆာကီ၊ မြို့ နှစ်မြို့အဏုမြူဗုံး ကြဲချခံခဲ့ရတာနဲ့ အဆုံးသတ်သွားတာကို ပြေးမြင်မိကြမယ် ထင်ပါတယ်။ ယခု ဒီdocumentaryက ဒုတိယ ကမ္ဘာစစ်ကို အဆုံးသတ်စေခဲ့တဲ့ အဏုမြူဗုံးကို တီထွင်ခဲ့တဲ့ ဒေါက်တာ ဂျေ ရော့ဘတ် အော့ပန်ဟိုင်းမားရဲ့ ဇာတ်ကြောင်းကို documentaryအနေနဲ့ ရှု့စားရမှာ ဖြစ်ပါတယ်။ ရှေ့တလောတုန်းက Christopher Nolanရဲ့ လက်ရာဖြစ်တဲ့ Oppenheimer Biopicကို တင်ဆက်ခဲ့ပါတယ်။ ယခု ဒီdocumentaryဇာတ်လမ်းထဲမှာ အော့ပန်ဟိုင်းမားရဲ့ POVကနေ မဟုတ်ဘဲနဲ့ အော့ပန်ဟိုင်းမားနဲ့ အလုပ်တွဲလုပ်ခဲ့ဖူးကြတဲ့ တကယ့်အပြင်က လူတွေက အော့ပန်ဟိုင်းမားရဲ့ ဇာတ်ကြောင်းကို ပြောပြနေဟန်နဲ့ သရုပ်ဖော်ရိုက်ကူးထားပါတယ်။ Christopher Nolanရဲ့ လက်ရာဖြစ်တဲ့ Oppenheimerကို အကြိုက်တွေ့တဲ့ လူတွေအတွက် ဒီdocumentaryက ဆက်စပ်နေပြီး Biopicထဲမှာ မပါခဲ့တဲ့ အကြောင်းရာတွေကိုပါ ယခုဇာတ်လမ်းထဲမှာ ကြည့်ရှု့ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အော့ပန်ဟိုင်းမား၊ မက်စ် ဘွန်း၊ ဟိုက်ဆင်ဘက်၊ လက်စလီ ရစ်ချတ် ဂရို့ဖ်၊ ဂျင်း တက်လော့၊ ချဗလီရေး၊ ဘိုးရစ်ပက်ရှက်၊ အက်ဒ်ဝေါ့ တယ်လာနဲ့ လူးဝစ်စ် စထရောစ်လိုမျိုး အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်ခဲ့တဲ့လူတွေရဲ့ ပုံရိပ်တွေ၊ သမိုင်းဝင် ဗီဒီယိုမှတ်တမ်းတွေကိုပါ ကြည့်ရှု့ရမှာဖြစ်ပါတယ်။ အဲဒါကြောင့် Oppenheimerကို ကြည့်ရှု့ပြီးတော့ တကယ့်အပြင်က footagesတွေကို ကြည့်ရှု့ချင်တဲ့လူတွေအတွက် ဒီ documentaryက အကိုက်ပါပဲ။ ” အခု ငါဟာ သေခြင်းဖြစ်လာပြီ၊ ကမ္ဘာတွေကို ဖျက်စီးသူ ” ၊ အဆိုပါ quoteရဲ့ ပိုင်ရှင်ဖြစ်တဲ့ ရော့ဘတ် အော့ပန်ဟိုင်းမားရဲ့ ဘဝအစကနေ အလယ်၊ အလယ်ကနေ အဏုမြူတီထွင်ခဲ့တဲ့ ဘဝ အတက်ဘက်၊ ကွန်မြူနစ်အဖြစ် စွပ်စွဲခံရတဲ့ ဘဝ အကျဘက်နဲ့ ဘဝ နေဝင်ချိန်အထိ ရော့ဘတ် အော့ပန်ဟိုင်းမားရဲ့ ဘဝ ဇာတ်လမ်းကို ခံစားချက်ပေါ်အောင် သရုပ်ဖော်ပြထားနိုင်တဲ့ Documentary တစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် အဏုမြူဗုံးရဲ့ အလုပ်လုပ်ပုံပါ ပါဝင်ပါသေးတယ်။ အဏုမြူဗုံး အလုပ်လုပ်ပုံကို နားလည်ရလွယ်မယ့် စကားလုံးတွေနဲ့ ရွေးချယ်ပြီး တင်ဆက်ပေးထားတဲ့အတွက် ဒီdocumentaryက သာမန် documentaryတွေထက် ထူးခြားနေမှာဖြစ်ကြောင်း ပြောရင်း နိဂုံးချုပ်အပ်ပါတယ်။ အညွှန်းနဲ့ ဘာသာပြန်က Minn Khant Kyi Win ဖြစ်ပါတယ်။ File size…(1.6 GB)/(870 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:28:00 Genre…Documentary, History Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Khant Kyi Win

7.5 2023
To End All War: Oppenheimer & the Atomic Bomb
Nebraska
7.7

သင်အိုမင်းလာပြီး ဇရာထောင်းလာတဲ့အချိန်မှာ သင့်ကိုယ်သင် ဘယ်လိုဖြစ်နေမယ်လို့ထင်ပါသလဲ။ ဒီဇာတ်ကားကတော့ အမေရိကန်မြောက်ပိုင်းဒေသမှာ အသက်အရွယ်ရလာပြီး စိတ်သွားတိုင်းကိုယ်မပါတော့တဲ့ တစ်ယောက်တည်းအထီးကျန် မေတ္တာမပေးတတ်တဲ့ ဘောက်ဆတ်ဆတ်အဖိုးကြီးတစ်ယောက်နေရာကနေ စီးမြောခံစားရမှာပါ။ ဝူဒီဂရန့်ဆိုတဲ့ အဖိုးကြီးဟာ နေထိုင်လာတဲ့တစ်လျှောက်မှာ သားနှစ်ယောက်နဲ့ ဇနီးအပေါ် လင်ဝတ္တရား ဖခင်ဝတ္တရား မကျေပွန်တဲ့ အရက်ဂျိုး ယစ်ထုပ်တစ်ယောက်ပါ။ တစ်နေ့မှာတော့ သူဟာ မဂ္ဂဇင်းစာအုပ်တစ်အုပ်ကနေ သင်ဟာ ဆုကြေးငွေကို ကံထူးပါတယ် ဆိုတဲ့လက်မှတ်တစ်စောင်ကို တွေ့ရှိခဲ့ပြီး အသက်ကြီးပြီး အတိတ်မေ့ချင်ချင်ဖြစ်နေတဲ့ ဝူဒီဟာ သူ့ကိုယ်သူ ဒေါ်လာတစ်သန်းပေါက်တယ်ဆိုပြီး ခံယူလိုက်ပါတော့တယ်။ သူဟာ မိသားစုက ဒေါ်လာတစ်သန်းပေါက်တာ မဟုတ်ကြောင်း ဘယ်လိုပဲရှင်းပြရှင်းပြ ဒီစာရွက်ကိုယူပြီး မွန်တားနားပြည်နယ်ကနေ နဲဗရာစကာပြည်နယ်အထိ ခြေကျင်သွားပြီး ဆုကြေးငွေသွားထုတ်ဖို့ တာဆူနေပါတော့တယ်။ တားမရတဲ့နောက်ဆုံး သားငယ်ဖြစ်သူ ဒေးဗစ်ဟာ အဖေစိတ်ချမ်းသာပါစေဆိုပြီး ကားနဲ့လိုက်ပို့ပါတော့တယ်။ ဒီလိုနဲ့ နဲဗရာစကာသွားတဲ့လမ်းမှာ ဝူဒီငယ်မြို့လေးကို လမ်းကြုံနေတာနဲ့ ဝင်လည်ပါတော့တယ်။ ဒီအချိန်မှာ ဝူဒီတစ်ယောက် ငယ်တုန်းက ဘော်ဒါတစ်ယောက်ဖြစ်တဲ့ ပီဂရင်းကို ဒေါ်လာတစ်သန်း ပေါက်ကြောင်းပြောပြလိုက်တဲ့အချိန်မှာ ဒီသတင်းက တစ်မြို့လုံးကို ပျံ့သွားပါတော့တယ်။ ဒီအချိန်မှာ အသိခေါက်ခက်အဝင်နက်တဲ့ ဝူဒီတစ်ယောက် ဒေါ်လာတစ်သန်း တစ်ကယ်ပေါက်တာမဟုတ်ဘဲ နာမည်ကြီးထမင်းငတ်ဖြစ်နေတဲ့အမှန်တရားကို ဘယ်လိုလက်သင့်ခံရမလဲ၊ သူ့ရဲ့ဆွေမျိုးသားချင်းတွေက ဒေါ်လာတစ်သန်းပေါက်တယ်မှတ်ပြီး သူ့ဆီက ငွေဘယ်လိုတောင်းကြမလဲ၊ သားဖြစ်သူဒေးဗစ်တစ်ယောက် ဒီအချိန်မှာ ယစ်ထုပ်အရှုံးသမားဖြစ်နေတဲ့ ဘယ်တော့မှ မေတ္တာမပေးတဲ့ သူ့အဖေရဲ့ငယ်ရွယ်စဉ်ဘဝကို တဖြည်းဖြည်းနဲ့ သိရှိလာပြီး သားအဖနှစ်ယောက်ကြား ဘယ်လိုနားလည်လာမလဲဆိုတာကို ဆွတ်ပျံ့လွမ်းမောဖွယ်ရာ ကြည့်ရှုရမှာဖြစ်ပါတယ်။ File size…(1.6 GB)/(740 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:55:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Matteo

7.7 2013 115 mins
Nebraska
Infamous
7

Infamous ဇာတ်ကားဟာ 2006 ခုနှစ်မှာထွက်ရှိခဲ့ပြီး Douglas McGrath ရေးသားခဲ့ကာ ဒါရိုက်တာ Douglas McGrath ရိုက်ကူးခဲ့တဲ့ အမေရိကန် ဒရာမာဇာတ်ကား အမျိုးအစားပဲဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ Truman Capote ဟာ ဉာဏ်ရည်ထက်မြတ်တဲ့ စာရေးဆရာတစ်ယောက်ဖြစ်ပါတယ် သူဟာ Kansas မြို့မှာ မိသားစုတစ်စုလုံးကို အသတ်ခံရခဲ့တဲ့အကြောင်း သိခဲ့ပါတယ် အဲ့တာနဲ့ Capote ဟာ သူ့ရဲ့ အရင်းနှီးဆုံး သူငယ်ချင်းဖြစ်သူ Harper Lee နဲ့အတူ အမှုဖြစ်ခဲ့တဲ့မြို့ကို လည်ပတ်ပြီး လူတွေရဲ့ တုံ့ပြန်မှုအကြောင်းကို သတင်းရေးချင်ခဲ့ပါတယ် ပထမဆုံး သူဟာ ဒေသခံတွေကို လူသတ်မှုအကြောင်း မေးမြန်းခဲ့ပါတယ် လူသတ်သမားတွေကို ဖမ်းမိတဲ့အခါမှာလည်း Capote ဟာလူသတ်သမားတွေရဲ့ ပြစ်မှုကျူးလွန်ခဲ့ရတဲ့အကြောင်းအရင်းနဲ့ လူသတ်သမားတွေရဲ့စိတ်ခံစားချက်တွေကို ဖော်ပြတဲ့ စာအုပ်ထုတ်ပြီး သတင်းဖော်ပြမှုပုံစံသစ်ကို ဖန်တီးနိုင်မယ်လို့ ယုံကြည်ခဲ့ပါတယ် Capote ဟာသူ့ရဲ့စာအုပ်ကိုဖန်တီးတဲ့နေရာမှာ ဘယ်လိုအခက်အခဲတွေကြုံတွေ့ရမလဲ၊ သတင်းယူရင်းနဲ့ လူသတ်သမားနဲ့ Capote ရဲ့ ဆက်ဆံရေး၊ Capote ရဲ့ လူမှုဆက်ဆံရေးကောင်းပုံတွေကိုပါ စွဲမက်ဖွယ် ကြည့်ရှုနိုင်မယ့် ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ် Infamous ဇာတ်ကားဟာ Thriller/Drama အမျိုးအစားဖြစ်ပေမယ့် ပေါ့‌ပေါ့ပါးပါးနဲ့၊ သုတရော ရသကိုပါ ပေးစွမ်းပါတယ် ထူးချွန်တဲ့ သရုပ်ဆောင်မှုတွေနဲ့ အခုခေတ်မှာ ရှားပါးပစ္စည်းတစ်ခုလို့‌တောင်ထင်ရတဲ့ ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ် File size…(910 Mb) Quality….Blu-Ray 720p Format…mp4 Duration….01:50:00 Genre…Biography, Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su

7 2006
Infamous
Low Life
6.1

Low Life (2004) *************** ဘာကိုမှ မကြောက်ရွံ့တတ်ခဲ့တဲ့ ထယ်ဝန်းတစ်ယောက် အနိုင်ကျင့်ခံရတဲ့ သူငယ်ချင်းအစား လက်စားချေဖို့အတွက် Hongik အထက်တန်းကျောင်းကို တစ်က်ုယ်တည်း သွားခဲ့တယ် အနိုင်ကျင့်သူကို ရှာတွေ့သွားပြီး ကောင်းကောင်း ပြန်ရိုက်နိုင်ခဲ့ပေမဲ့လည်း လှည့်အပြန်မှာ မျက်မြင်သက်သေ ကျောင်းသားတစ်ယောက်ရဲ့ ဓားနဲ့ ထိုးတာကို ခံလိုက်ရတယ် .. အဲဒီအခါမှာ ဒေါသတကြီးနဲ့ ဓားထိုးသူအိမ်ကို လိုက်သွားခဲ့ရာ ဓားထိုးသူက သမ္မတရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်း ဘတ်အီဝန်းရဲ့ သားဖြစ်သူ ဆွန်းမွန်း ဖြစ်ကြောင်း သိလိုက်ရတယ် .. ဒါပေမဲ့လည်း ရဲကိုတော့ ဖွင့်မဟခဲ့ပါဘူး အဲဒီ‌နောက်ပိုင်းမှာ ဘတ်အီဝန်းက ထယ်ဝန်းကို သားအနေနဲ့ မွေးစားလိုက်တော့တယ် ဘတ်အီဝန်းဆီမှာ ဟယ်အို့ဆိုတဲ့ သမီးတစ်ယောက်ရှိခဲ့ရာ သမီးဖြစ်သူက ထယ်ဝန်းကို တိတ်တိတ်လေး ရင်ခုန်နေခဲ့တယ် .. အဲဒီနောက် ထယ်ဝန်းက မြောင်ဒုံ‌လူမိုက်ဂိုဏ်းက လူမိုက်တစ်ယောက်ဖြစ်လာခဲ့တယ် တစ်နေ့မှာတော့ မွေးစားအစ်မဖြစ်တဲ့ ဟယ်အို့ အပေါ်မှာ စိတ်မထိန်းနိုင်ဘဲ ချစ်ကြိုးသွယ်မိသွားတယ် .. ဟယ်အို့နဲ့ လက်ထပ်လိုက်တဲ့နောက်မှာ စီးပွားရေး မပြေလည်လာတဲ့အတွက် မကောင်းတဲ့ ဒုစရိုက်အလုပ်တွေ အကုန်လုပ်ခဲ့တယ် ထယ်ဝန်းတစ်ယောက် ဘဝက နိမ့်လိုက် မြင့်လိုက်နဲ့ ခက်ခဲကြမ်းတမ်းနေခဲ့တယ် ဒီလိုနဲ့ တစ်နေ့မှာ မထိသင့်တဲ့ အရာကို သွားထိမိခဲ့ရာက ထယ်ဝန်းတစ်ယောက် ဘယ်လို ဖြစ်လာမလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ကြည့်ရှုအားပေးလိုက်ကြပါဦးနော် .. (အညွှန်းကို Miri မှ ရေးသားပေးထားပါတယ်) File size…5.13GB / 1.48GB Quality… WEB-DL 1080p/ 720p Format…mp4 Duration…. 1 hr. 45 min. Genre ….. Action, Crime, Political Subtitle….Myanmar Subtitle (Hard Sub) Translated by Miri Encoded by AHtet

6.1 2004
Low Life
Street Fighter IV: The Ties That Bind
5.3

Street Fighter IV: The Ties That Bind (2009) IMDb Rating (5.3) ဇာတ်လမ်းအစမှာတော့ ကမ်မီဝှိုက်ပါဝင်တဲ့ Delta Red အဖွဲ့အစည်းဟာအမေဇုန်တောအုပ်ထဲကနေ စွမ်းအင်ထုတ်လွှင့်မှုတွေရဲ့ အရင်းအမြစ်ကို စုံစမ်းနေခဲ့ပါတယ်။ ကမ်မီဝှိုက်ကတော့ ဒါက Shadowlaw (ခ) Shadaloo ရာဇဝတ်အဖွဲ့အစည်း ရဲ့ လက်ချက်လို့ တစ်ထစ်ချယုံကြည်နေပါတယ်။အားလုံးကတော့ Shadaloo ပြန်ရှင်သန်လာတာကို လက်ခံဖို့ ငြင်းဆန်နေဆဲပါ။ တစ်ဘက်မှာတော့ ချွန်းလီ နဲ့ ကပ္ပတိန်ဂိုင်းလ်တို့ Duo က ကမ္ဘာတလွှားက ထိပ်သီးကိုယ်ခံပညာရှင်တွေထူးဆန်းစွာ ပျောက်ဆုံးနေမှုကို စုံစမ်းစစ်ဆေးနေတာလည်း ဖြစ်ပါတယ်။ ကိုယ်ခံပညာရှင်တွေရဲ့ အရေးကိစ္စပေါ်လာတိုင်းမှာမေ့ထားလို့မဖြစ်တဲ့ သိုင်းလောကထိပ်သီးလို့ ဆိုရမယ့် “ရူ” ကို မသမာသူတွေ လက်မဦးခင် ရှာဖွေဖို့ ကြိုးစားလာရပြန်ပါတယ်။ ထိုအချိန်မှာ “ရူ”က သူ့ရဲ့အသွေးအသားထဲမှာ ဖြစ်တည်နေတဲ့ အမှောင်စွမ်းအား တစ်ခုဖြစ်တဲ့ “Satsui no Hado” ကိုလက်ခံအရှုံးမပေးလိုက်ဖို့ အသည်းအသန် ကြိုးစားလေ့ကျင့်နေပါတယ်။ “ရူ”ဆီ့ကိုရောက်နိုင်မယ့် အကောင်းဆုံးနည်းလမ်းကသူ့ရဲ့အချစ်ဆုံးသူငယ်ချင်း ကန်မာစတာစ်ကို အရင်တွေ့မှဖြစ်တာကြောင့် ချွန်းလီနဲ့ဂိုင်းလ်တို့က ကန့်ဆီကို ရောက်လာကြပါတယ်။ ချွန်းလီတို့နဲ့ မတွေ့ခင်မှာပဲ ကန်ဟာ မာယာဆိုတဲ့ ဂျာနယ်လစ်တစ်ယောက်နဲ့ မမျှော်လင့်ဘဲ တွေ့ဆုံခဲ့ရပါတယ်။ “ရူ”အကြောင်းတစ်စွန်းတစ်စ မေးခွန်းထုတ်သွားခဲ့ပြီး ချိန်းဆိုမှုပြုလုပ်ပြီးမှ လာဖြစ်မယ့်အကြောင်း ပြောသွားပါတယ်။ စီးပွားရေးကိစ္စတွေကိုသာ ဦးစားပေးနေတဲ့ကန်ဟာ သိုင်းလောကနဲ့ ဝေးကွာနေပြီးတော့ ဇနီးသည်ကိုလည်း ယခင်ကလောက် အလေးမထားနိုင်ဘဲ စိတ်တွေ အမှောင်ဖုံးနေခဲ့တာလည်း ဖြစ်ပါတယ်။ ပင်ပန်းနေတဲ့ ကန်ဟာ အိမ်ပြန်အလာမှာပဲ ဇနီးသည်က အရင်နဲ့မတူဘဲ ပြောင်းလဲနေတဲ့သူ့ရဲ့ပုံစံကိုတိုက်ဆိုင်မေးမြန်းခြင်း ခံနေရပါတယ်။ ထိုအချိန်မှာပဲ သူ့ရဲ့အစောင့်တွေကို တစ်ယောက်ယောက်က အလဲထိုးထားတာ တွေ့ရပြီးလက်သည်တရားခံက သူ့ဆီကို လာလည်တဲ့ “ဆာကူရာ” ဖြစ်နေပါတယ်။ ဆာကူရာ့ဆီက သတင်းစကားကြောင့် ကိုယ်ခံပညာရှင်တွေ ပျောက်ဆုံးနေမှုကို သိရှိသွားခဲ့ပြီးချွန်းလီဆီက ဖုန်းဝင်လာတော့ အလုပ်တွေရှုပ်နေတဲ့အကြောင်းကို ပြောပြပြီး သူတို့ကို လက်ခံတွေ့ဆုံဖို့ စီစဉ်ပါတယ်။ထိုအချိန်မှာပဲ ကန်နဲ့စကားပြောခဲ့ဖူးတဲ့ ထရပ်ကားမောင်းသမားတစ်ယောက်ဆီကနေ ရူရဲ့ တည်နေရာကိုသိရှိသွားတဲ့အတွက် ရူ့ဆီကို မဆိုင်းမတွလိုက်သွားခဲ့ပြီး ချွန်းလီ နဲ့ ဂိုင်းလ်တို့ကိုလည်း ထိုနေရာကို ချိန်းဆိုခဲ့ပါတယ်။ သူတို့ရဲ့ မပြီးပြတ်သေးတဲ့တိုက်ပွဲကို အဆုံးသတ်ဖို့ စိတ်ထဲမှာအမြဲရှိနေတဲ့ ကန်က သူလိုချင်တဲ့တိုက်ပွဲကို ရနိုင်မှာလားရူ့အတွက်ကရော သူအမြဲတမ်း သားရဲတစ်ကောင်လို ချုပ်နှောင်ထားတဲ့ “Satsui no Hado” ကို ဖြေလွှတ်ပြီး တိုက်ပွဲဝင်သွားမှာလားဒီ ပျောက်ဆုံးနေတဲ့ ကိုယ်ခံပညာရှင်တွေရဲ့နောက်ကွယ်မှာ Shadaloo အဖွဲ့အစည်းကြီးကရော တကယ်ရှိနေတာလားဆိုတာကိုအဖြေရှာနိုင်ဖို့ CM ကနေ ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ရပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Sai Sumali ဖြစ်ပါတယ်။) File size…(890 MB) / (320 MB) Quality….Blu-Ray 1080p / 720p Format…. mp4 Genre….Action,Animation Duration….01:05:55 Subtitle….Myanmar Subtitle (Hardsub) Encoder….Thit San Khant Translated by Sai Sumali

Animation • Comedy • Family • Music
5.3 2009 65 mins
Street Fighter IV: The Ties That Bind
Night of Deception aka Dajal: Satu Malam Dipedajal
5.6

Night of Deception aka Dajal: Satu Malam Dipedajal 2025 စံအိမ်ကြီးရဲ့ပဟေဠိ မလေးhorror ကောင်းကောင်းမျှော်နေတဲ့ CMပရိသတ်တို့အတွက် Body Horror ကားသစ်လေးထွက်ရှိလာလို့ ခုပဲ တင်ဆက်ပေးလိုက်ပါပြီ။ Cleaner လို့ပြောလိုက်ရင် သန့်ရှင်းရေးသမားလို့ထင်ကြပေမဲ့ တကယ်တော့ ဒီကားထဲက သန့်ရှင်းရေးသမားသူငယ်ချင်းနှစ်‌ယောက်ကတော့ သာမန်cleanerတွေမဟုတ်ဘဲ လူသေထားတဲ့နေရာတွေကို သန့်ရှင်းရေးလုပ်ပေးရ‌သူတွေပါ။ ဒီလိုနဲ့သူငယ်ချင်းနှစ်ယောက် အိမ်တစ်အိမ်ကို သန့်ရှင်းပေးဖို့တာဝန်ကျလာပေမဲ့ ထုံးစံအတိုင်းပဲလို့ ယူဆလာတဲ့အတွက် အလုပ်ဖိုင်လည်းယူမလာမိသလို အစီရင်ခံစာလည်း မဖတ်မိပါဘူး။ ဒါပေမဲ့ အရင်လိုပဲလို့ယူဆပြီး အိမ်ကို သန့်ရှင်းရေးလုပ်ဖို့စစ်ဆေးချိန်မှာ လူသေအလောင်း 3 လောင်းနဲ့ ထူးခြားတဲ့စာအုပ်တစ်အုပ်ကို တွေ့လိုက်မိချိန်မှာတော့… (အညွှန်းနဲ့ဘာသာပြန်ကတော့ Alex ~ ToMo ~ Yunniပဲဖြစ်ပါတယ်)

War • Adventure • Thriller • Action
5.6 2025 95 mins
Night of Deception aka Dajal: Satu Malam Dipedajal
Summer Days with Coo
7.4

Summer Days with Coo (2007) ——————— IMDB – 7.4/10, MyAnimeList – 7.4/10 တစ်ရက်မှာ ကိုးအိချိဆိုတဲ့ကောင်လေးဟာ မြေကြီးထဲက ကျောက်တုံးထဲမှာပိတ်မိနေတဲ့ ဂျပန်ဒဏ္ဍာရီလာ ကပ်ပါအကောင်လေးကို အမှတ်တမဲ့ ကောက်ယူမိပြီး အိမ်ကိုခေါ်လာခဲ့ပါတယ်။ ကပ်ပါဆိုတာ ကလေးအရွယ်ခန္ဓာကိုယ်အရွယ်အစားကို လိပ်ကျောအခွံနဲ့ခေါင်းမှာအပြားလေးပါတဲ့ မြစ်နေသတ္တဝါလေးတွေဖြစ်ပါတယ်။ သူတို့ကလူစကားလည်းပြောတတ်ကြသလို ရေကူးလည်းအရမ်းကျွမ်းကျင်ကြပြီး လူတစ်ယောက်ထက်တောင် အားပိုကောင်းပါတယ်တဲ့။ ကပ်ပါဆိုရင် သခွားသီးနဲ့တွဲမြင်ရလောက်အောင်လည်း သူတို့က သခွါးသီးလည်း အရမ်းကြိုက်ကြပါသေးတယ်နော်။ အဲဒီ လွန်ခဲ့တဲ့နှစ်ပေါင်းရာချီက ကပ်ပါကောင်လေးဟာ သူ့ရဲ့မျိုးနွယ်စုတွေကိုရှာဖွေဖို့ ကိုးအိချိနဲ့ခရီးတွေသွားရင်း ဘာတွေဆက်ဖြစ်မလဲ ဘယ်လိုဒရမ်မာတွေခင်းမလဲဆိုတာ သိရအောင် ကြည့်ရှုဖို့ ဖိတ်ခေါ်လိုက်ပါရစေနော်။ (အညွန်းနဲ့ ဘာသာပြန်ကတော့ Na Ei ဖြစ်ပါတယ်) File size… 1.8 GB / 840 MB Quality… Blu-ray 1080p / 720p Format… mp4 Duration…. 2h 18m Genre ….. Animation, Adventure, Fantasy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Na Ei

7.4 2007 138 mins
Summer Days with Coo