YoteShin Drive is below this article. Scroll down to view.

Tesla can sell 370,000 electric vehicles in 3

Author: Anonymous Published on: 12 Aug 2022

Tesla is the world's largest electric car company. Recently, Tesla has increased the production of automobiles. Shanghai It has improved because of the upgrade to the factories in Berlin and the Texas. The company's car manufacturer has been recorded in the record in July 3 in September. In addition, car sales have come up. Observers say Tesla sells between 350,000 to 370,000 cars in 350,000. If this is true, it is record sales for the company. Tesla also has a record sales in January 1 of January this year. In 2022, Tesla sold more than 3,100,000 vehicles sold over 31,000 vehicles. Tesla usually goes up at the end of the year. The same year is also reported that Tesla said that Tesla said that it would go up to 3. Tesla will be income in the record of record 3 in District 3. Now, the 3-time disclosure of Tesla must be monitored. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

The.Adventures.of.Sharkboy.and.Lavagirl.3-D.2005.1080p.CM.mp4

2.4 GB 1080p video/mp4 325 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Huesera: The Bone Woman
5.8

Rotten Tomatoes ရော၊ Metacritic ရော ထိပ်ဆုံးရောက်နေတဲ့ စပိန် ဘော်ဒီဟော်ရာ ဒရာမာကားပါ။ A24 ကထုတ်တဲ့ကားမဟုတ်ပေမဲ့ A24 ဖန်တွေ ကြိုက်လောက်တဲ့ A24 ကားတွေလို ကားမျိုး‌ပေါ့။ Horror ဆိုပေမဲ့ မှောင်ခန်းမည်းခန်းက မပါသလောက်ဖြစ်ပြီး Midsommar လို လင်းလင်းကျင်းကျင်းနဲ့ လန့်ရမယ့် အခန်းတွေက ပိုများပါတယ်။ ဟော်ရာကားနဲ့မလိုက်မဖက် စစချင်းမှာတင် ကလေးမွေးတော့မယ့် မိခင်တစ်ယောက်ရဲ့ ကလေးအတွက် ပြင်နေဆင်နေခြင်းတွေကနေမှ တငွေ့ငွေ့ချင်း ပဟေဠိဆန်ဆန်သွားထားတဲ့ ခပ်ဆန်းဆန်းကားပါပဲ။ ခြောက်တာလှန့်တာ သိပ်မပါဘဲနဲ့ကို ဘာတွေဖြစ်နေလဲ အဖြေဝင်ရှာရင်း သိချင်စိတ်နဲ့ စိုးထိတ်ရမယ့် ဟော်ရာကားဆို ပိုမှန်ပါလိမ့်မယ်။ Body Horror ကားပီပီသသတော့ အသည်းယားစရာ အခြေအနေတွေပါပေမဲ့ အရမ်းဆိုးဆိုးကြီးတော့ မဟုတ်ပြန်ပါဘူး။ ခေါင်းစားရတဲ့ ဇာတ်ကားအဆန်းကြီးတွေကို ကြိုက်တတ်ရင်တော့ ကြည့်သင့်တဲ့ရုပ်ရှင်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2GB, 930MB Quality - 1080p, 720p IMDb Rating - 6.4/10 Format - mp4 Duration - 1H 37Min Genre - Drama, Horror Subtitle - Myanmar Subtitle (Hardsub) Translated by W Encoded by Y

5.8 2023 93 mins
Huesera: The Bone Woman
Bad Moms
6.5

Bad Moms ရုပ်ရှင်ကားသည် Comedy အမျိုးအစားဖြစ်ပြီး 18+ စကားလုံးများစွာ အမူအရာများစွာ ပါဝင်၍ မိသားစုနှင့် အတူ မကြည့်သင့်ကြောင်း ကြိုတင် သတိပေးအပ်ပါသည်။ Directors: Jon Lucas, Scott Moore ရိုက်ကူးထားပြီး July 29, 2016 (USA) တွင် ရုံတင်ပြသခဲ့ကာ Box office: 179.4 million USD ရရှိခဲ့တဲ့ ရုပ်ရှင်ကား ဖြစ်ပါတယ်.. ဇတ်လမ်း ပုံစံလေးကတော့ သမီးတစ်ယောက် သားတစ်ယောက် ရဲ့ ဝေယျာဝစ္စ တွေကို လုပ်ရင်း အလုပ်တစ်ဖက် နဲ့ အိမ်ထောင်ရေးမှာလဲ မကူညီတက်တဲ့ ယောကျင်္ား ကို ရရှိထားပြီး အသက်ငယ်ရွယ်တဲ့ အိမ်ထောင်သည် အေမီမစ်ချယ် ၏ ကသောင်းကနင်း ဖြစ်နေသော အမေ တစ်ယောက်ရဲ့ စိတ်ပျက်စရာ ဘဝ အကြောင်းပါ... အိမ်ထောင်ရေးမှာလဲ ပြိုပျက်လုမတက် ဖြစ်နေပြီး ကလေး နှစ်ယောက်ကို ထိမ်းကျောင်းရင်း အလုပ်မှာလဲ မိမိ ကို ခိုင်းစားပြီး အသုံးမကျတဲ့ သူတွေ နဲ့ အလုပ်တွဲလုပ်နေရတဲ့ အပြင် မိဘ ဆရာအစည်းအဝေးတွေမှာလဲ သိုးမည်း ဖြစ်နေရသူပါ.... တစ်ရက်မှာတော့ စိတ်ညစ်ညစ်နဲ့ ဘားတစ်ခုမှာ အရက်သောက်ရင်း သူမ နှင့် ဘဝ တူများဖြစ်သော ကာလာဒက်ကာ နှင့် ကီကီ တို့ကို စတင်သိကျွမ်းခဲ့ပါတယ်... သူမ တို့ ဘဝတွေက သေဆုံးနစ်မြုတ်နေပြီဟု စတင် သိရှိခဲ့ပြီး ဘဝ ကို အကောင်းဆုံး ပျော်ရွှင်နိုင်ဖို့ လုပ်နေကြ ပုံစံတွေကို ချိုးဖောက်ပြီး အမေဆိုးများ ( Bad Moms ) များ အဖွဲ့အဖြစ် စတင်ကာ လုပ်နေကျ အရာတွေကို ပြောင်းပြန်လှန်ခဲ့ပါတယ်... ပေါ့ပေါ့ပါးပါး နေသင့်တဲ့ ဘဝ ကို ပြန်လည်ကူးပြောင်းကြပြီး ပြသနာပေါင်းစုံ နဲ့ စတင်ရင်ဆိုင်ကြရပါတော့တယ်.... ဒီ Bad Moms ရုပ်ရှင်ကားကို Channel Myanmar Translator များဖြစ်ကြသော Poe Thin Zar Kyaw , Bro Chan , Ye Khant Min , Kaung Myat Thu တို့ မှ ဘာသာပြန်ပူးပေါင်းတင်ဆက်ပေးလိုက်ပါတယ်... (သစ်ဆန်းခန့်)

Horror • Science Fiction • Thriller
6.5 2016 100 mins
Bad Moms
Critical Eleven
7.2

Critical Eleven (2017) ၂၀၁၇ ခုနှစ်တုနးက ထွက်ရှိထားတဲ့ အင်ဒို အချစ်အိမ်ထောင်ရေး ဇာတ်ကားကောင်ုးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ ဇာတ်လမ်းကတော့ လေယာဉ်ပေါ်မှာ ဆုံတဲ့ ဖူးစာ လို့ ပြောရမှာပါပဲ။ အယ်လီဆိုတဲ့အမျိုးသားနဲ့နှင့် အာဉာဏ်လို့ခေါ်တဲ့အမျိုးသမီးတစ်ဦးဟာ Jakarta ကနေ Sydney ကို သွားတဲ့လေယာဉ်ပေါ်မှာပထမဆုံးတွေ့ဆုံကြပါတယ်။ မြင်မြင်ချင်းအချစ်လို့ခေါ်ရမလိုပဲ သူတို့တစ်ယောက်ကိုတစ်ယောက်‌ လေယာဉ်‌ပေါ်မှာတင်ချစ်သွားကြပါတယ်။ အဲဒီနောက်မှာ‌ေတာ့ အိမ်ထောင်ကျပြီး ကိုယ်ဝန်ရှိလာပါတယ်။ ဘ၀ဆိုတာ အမြဲတမ်း‌ေဖြာင့်ဖြူး‌ေနတာမဟုတ်ပါဘူး အချိုးအကွေ့အလှည့က်အ‌ေပြာင်းဆိုတာရှိပါတယ်။ တစ်‌နေ့မှာတော့ သူတို့နှစ်ယောက်ရဲဆက်ဆံရေးကို သွေးတိုးစမ်းတဲ့ ဖြစ်ရပ်ဆိုးတစ်ခု ပေါ်ပေါက်လာပါတာ့တယ်။ အဲဒီ ဖြစ်ရပ်ဆိုးရဲ့ နောက်ကွယ်မှာ ဘာတွေ ဆကဖြစ်မယ် ဆိုတာတော့ …. အညွှန်း နဲ့ ဘာသာပြန်ကတော့ Kyal Sin Yati Ko ပဲ ဖြစ်ပါတယ်။ Genre….. Drama, Romance Quality…. 1080p | 720p | 480p File size… 1.75Gb | 982MB | 547MB Format… mp4 Duration…. 2h 15min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Kyal Sin Yati Ko Encoder ….. August

Drama • History • Thriller
7.2 2017
Critical Eleven
Mystery Team
6.6

အချစ်ဆုံးသူငယ်ချင်း သုံးယောက်နဲ့ ဖွဲ့စည်းထားတဲ့ စုံထောက်ဝါသနာအိုးလေးဦးဆောင်တဲ့ လှို့ဝှက်ဆန်းကြယ်အဖွဲ့ဟာ ရပ်ကွက်ထဲကအရေးမပါတဲ့အမှုငယ်လေးတွေက်ု ဖြေရှင်းနေရာမှ တစ်နေ့မှာတော့ ကလေးမလေးတစ်ယောက်က သူ့မိဘတွေရဲ့လူသတ်မှုကို သူတို့ထံလာရောက်ဖြေရှင်းခိုင်းပါတော့တယ်။ လူသတ်မှုကို အဖြေရှာရင်း အလွဲတွေနဲ့တွေ့ကြံုပုံ လွဲလွဲလေးပဲကောင်းပါတယ်ဆိုသလို လွဲနေရင်းနဲ့ပဲ သဲလွန်စတွေတွေ့လာပုံ၊ သူငယ်ချင်းသုံးယောက်ရဲ့ အူကြောင်ကြောင်နိုင်ပုံ ကလေးဆန်ပုံနဲ့ သူငယ်ချင်း သံယောဇဉ်တို့ကို မပျင်းရအောင် ဟာသနှောကာ ရိုက်ကူးတင်ဆက်ထားတဲ့ လူငယ်စုံထောက်ဟာသကားလေးတစ်ကားဖြစ်ပါတယ်။ File size…(1.8 GB)/(933 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:37:00 Genre…Comedy, Crime, Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Eunice

6.6 2009
Mystery Team
Perfect Days
7.9

Perfect Days (2023) ~ IMDb – 7.9/10, RT – 93%, Meta – 73% ~ ကျွန်တော့်အတွက်တော့ ၂၀၂၃ထဲ အမျှော်ခဲ့ရဆုံးကားက “PERFECT DAYS” ပဲ။ ဘာလို့ဆို Wim Wenders ရုပ်ရှင်ဖြစ်နေတာကတစ်ကြောင်း၊ Kōji Yakusho ကြောင့်တစ်ကြောင်းပေါ့။ နောက်ကျ ကိန်းမှာ ခိုဂျိက မင်းသားဆုရသွားသလို ဂျပန်ရဲ့ အော်စကာ Entry ကားဆိုတော့လည်း ပိုမျှော်ချင်စရာကောင်းသွားတယ်။ တစ်ခုရှိတာက ဒီနှစ် ထိတ်ထိတ်ကြဲ ဂျပန်ဒါရိုက်တာနှစ်ယောက်ရဲ့ နှစ်ကားလည်း ထွက်ထားသေးတယ်။ တစ်ကားက Evil Does Not Exist ပါ။ တနှစ်က အော်စကာရခဲ့တဲ့ Drive My Car ဒါရိုက်တာ ရူဆုခဲဟမဂုချိ ရိုက်တာ။ ဒါပေမဲ့ အဲဒီကားက သိသိသာသာကို ကျန်တဲ့၂ကားကို မမီနေဘူးပြောကြတော့ ထားလိုက်လို့ရတယ်။ နောက်တစ်ကားက Hirokazu Kore-eda ရဲ့ Monster ပေါ့။ Monster ကို အာရှရုပ်ရှင်ပရိသတ်တော်တော်များများကြည့်ပြီးကြသလို တော်တော်လည်းကြိုက်ကြတယ်။ Perfect Days ရဲ့ဇာတ်နဲ့ ပြသခြင်းဟာ အရမ်းရိုးရှင်းလွန်းတော့ Monster ကိုပဲ ဘာလို့ Entry မရွေးလိုက်လဲ ဝိုင်းပြောခဲ့ကြသေးတယ်။ Perfect Days ကို ကြည့်ပြီးတဲ့အချိန်မှာတော့ ကျွန်တော့်အတွက် ဒီသံသယက ရှင်းသွားတယ်။ Perfect Days ဟာ ရိုးရှင်းလွန်းတာမှန်ပေမဲ့ တစ်ခါတ‌လေကျ ဒီလိုအပိုမပါဘဲ ရိုးရှင်းတာကို ရိုးရှင်းတဲ့အတိုင်းရိုက်ပြနိုင်တာကိုက ပိုအနုပညာမြောက်သလို သတ္တိပိုလိုတယ်လို့ မြင်တာပဲ။ ဒီလိုပြနိုင်လို့ပဲ ပါဖက်ဒေးဟာ ပါဖက်ဖြစ်တဲ့ရုပ်ရှင်ဖြစ်ခဲ့တယ်။ ကျွန်တော့်အတွက်တော့ ဒီနှစ်ကြည့်ခဲ့သမျှထဲ ဂျပန်အနေနဲ့ရော အင်တာအနေနဲ့ရော အကြိုက်ဆုံးရုပ်ရှင်လို့ပြောရမယ်။ လက်ရှိမှာ အော်စကာ Shortlist ၁၅ကားထဲတော့ ဝင်ထားတယ်။ ကျန်တဲ့အပြိုင်ကားတွေကလည်း ကြမ်းသလို ဇာတ်တွေလည်း ဆန်းပြားကြတော့ ပါဖက်ဒေးဟာ ဆန်ခါတင်အနေနဲ့တောင် ဝင်ချင်မှတောင်ဝင်လိမ့်မယ်။ ဒါပေမဲ့ အရေးမကြီးပါဘူး။ ရုပ်ရှင်တွေနဲ့ပတ်သက်လာရင် အတတ်ပညာကိုပါ ထည့်သွင်းစဉ်းစားမယ့် ဆုပေးပွဲတွေဟာ ဘယ်တုန်းကမှ လူ‌တွေရဲ့ ခံစားချက်တွေနဲ့ မညီဖူးဘူးကိုး။ ဒါပေမဲ့ ပါဖက်ဒေးက ခင်ဗျားကို ခင်ဗျားလိုချင်တဲ့ အရသာကိုတော့ ကျိန်းသေပေးနိုင်လိမ့်မယ်။ Perfect Days ရဲ့ အစက Win Wenders ကို တိုကျိုအိမ်သာပရောဂျက်ကို လေ့လာဖို့ဖိတ်ကြားလိုက်ရာက စတယ်။ တိုကျိုအိမ်သာပရောဂျက်က ကမ္ဘာတစ်ဝန်း Creator ၁၆ယောက်ကို ဖိတ်ခေါ်ပြီး တိုကျိုက နေရာ၁၇နေရာမှာ ခေတ်မီဆန်းသစ်တဲ့ အိမ်သာတွေဆောက်ခဲ့တဲ့ ပရောဂျက်ပေါ့။ တကယ်လည်း အိမ်သာတွေက လန်းတယ်။ ဒီရုပ်ရှင်မှာ အဲဒီအိမ်သာတွေကို မြင်ရလိမ့်မယ်။ ပရိုဂျူဆာက စစချင်း Wenders အနေနဲ့ ရှော့ဖလင်လေးတွေလောက်ရိုက်လောက်မယ်ပဲထင်ခဲ့ပေမဲ့ Wenders က Feature Film အနေနဲ့ပဲ ပြောင်မြောက်စွာ အသက်သွင်းခဲ့တယ်။ ဇာတ်ကြောင်းကတော့ ဆိုခဲ့သလို ရိုးရိုးလေးပဲ။ အဲဒီတိုကျိုအိမ်သာတွေကို သန့်ရှင်းရေးလုပ်ရတဲ့ ဟိယာရာမဆိုတဲ့ အိမ်သာသန့်ရှင်းရေးသမားတစ်ယောက်ရဲ့ နေ့တွေအကြောင်းပဲ။ မနက်ဆို ဟိယာရာမက သူနေတဲ့အဆောင်ခန်းလို အခန်းလေးကနေထတယ်။ မျက်နှာသစ် အအေးတစ်ဘူးသောက် သူ့ကားပေါ်တက် အိမ်သာသွားဆေးတယ်။ ဆေးပြီးရင် ရေချိုးခန်းသွားရေချိုး။ ညနေကျ သူစားနေကျ မြေအောက်ဘူတာက ဆိုင်လေးမှာသွားစား။ ညဘက်ဆို စာအုပ်တစ်အုပ်ဖတ် အိပ်ရာဝင်တယ်။ သူ့တစ်နေ့တာက ဒါတွေပဲဖြစ်နေတာ။ တချို့နေ့တွေကျရင်တော့ သူထိုင်နေကျ အသေးစားဘားလေးကိုသွားတာတို့၊ သူ့ဖလင်ကင်မရာလေးနဲ့ရိုက်ထားတဲ့ ဓာတ်ပုံတွေကိုသွားထုတ်တာတို့၊ စာအုပ်ဆိုင်သွားပြီး ဈေးပေါပေါစာအုပ်တွေကို ရွေးတာတို့ လုပ်တတ်တယ်။ ဒီလောက်ကိုမှ ကားရဲ့တစ်ဝက်လောက်ကိုက အိမ်သာဆေးရင်းပဲ အချိန်ကုန်သွားတယ်။ ဒါဆိုဘာလို့ကြည့်သင့်တာလဲလို့ မေးလာရင်တော့ သူ့ရှင်သန်မှုနဲ့ သူ့ရှင်သန်ပုံ သူ့ရှင်သန်နည်းကြောင့်ပဲ။ ပြောခဲ့တဲ့ဟာတွေက ဒီကားထဲက သူ့တစ်နေ့တာအရာတွေအကုန်ပဲ။ ဒါပေမဲ့ အဲဒီတစ်နေ့တာအရာတွေကို သူလုပ်တဲ့ပုံက အဓိပ္ပာယ်ရှိနေတယ်။ ရှင်သန်မှုရှိနေတယ်။ ကျေနပ်ခြင်းရှိနေတယ်။ သူအိမ်သာသွားဆေးတဲ့အချိန် အိမ်သာဝင်မယ့်သူတွေက တစ်ခါတစ်ခါ သူဆေးနေရင်းတန်းလန်ကြီး ဝင်ဝင်လာတတ်တယ်။ အဲဒီကျ သူက အပြင်ထွက်စောင့်ပေးရတယ်။ နေရာအနှံ့အပြားရှိနေတဲ့ အိမ်သာပေါင်းစုံကို လိုက်ပတ်ဆေးနေရတဲ့သူအတွက် ဒီလိုပြန်စောင့်နေရတာက တော်တော်တော့အချိန်ပုပ်လိမ့်မယ်။ ဒေါသထွက်ချင်စရာ စိတ်ရှုပ်စရာကောင်းနေလိမ့်မယ်။ ဒါပေမဲ့ ဟိယာရာမကတော့ အိမ်သာ အပြင်ထွက်လိုက်တဲ့အခါ လေယိမ်းတိုင်းလှနေတဲ့သစ်ပင်ကြီးကို၊ သစ်ပင်ရဲ့အရိပ်တွေ လူတွေရဲ့အရိပ်တွေ အိမ်သာနံရံပေါ်ထင်ပြီး ပန်းချီတစ်ချပ်လို လှပနေတာကို အရသာခံကြည့်ရင်း အမြဲဆိုသလို သူ့မျက်နှာမှာ ဒီမြင်ကွင်းကို သူမြင်လိုက်ရတဲ့အတွက် အားရကျေနပ်တဲ့အငွေ့အသက်တွေ… ဒီမြင်ကွင်းကို အရသာခံစားနေတဲ့အငွေ့အသက်တွေ ပေါ်နေတယ်။ ဒါတော့ ခိုဂျိရဲ့ သရုပ်ဆောင်နိုင်စွမ်းကို ချီးကျူးရလိမ့်မယ်။ အိမ်သာဆေးတဖြတ်နားလို့ နေ့ခင်းမုန့်စားတဲ့အခါလည်း ပန်းခြံထဲမုန့်စားနေရင်း သူ့ကိုမိုးထားတဲ့ သစ်ပင်ကြီးရဲ့အကိုင်းအရွက်တွေကို အမြဲအရသာခံကြည့်တတ်သလို သူမျက်စိထဲ လှတဲ့မြင်ကွင်းတွေအားလုံးကို သူ့ရဲ့ ခေတ်တော်တော်ဟောင်းနေတဲ့ ဖလင်ကင်မရာတစ်လုံးနဲ့ရိုက်ထားတတ်တယ်။ သူအားတဲ့နေ့တွေဆို အဲဒီဖလင်တွေကို ဓာတ်ပုံသွားကူးပြီး ပုံတွေကို ဘူးတွေ ဘူးတွေနဲ့ထည့်ပြီး တစ်လကိုတစ်ဘူးနှုန်းနဲ့ဘူးပေါင်းများစွာ သူ့ဗီရိုထဲသိမ်းထားတတ်တယ်။ ကင်မရာအပါအဝင် သူ့မှာ ဒစ်ဂျစ်တယ်ပစ္စည်းတစ်ခုမှမရှိဘူး။ အကုန်အန်နာလော့တွေချည်း။ သူအလုပ်သွားတိုင်း သူ့ကားအိုကြီးက ကက်ဆက်ထဲ တိတ်ခွေတွေထည့်ပြီး သီချင်းနားထောင်တတ်တယ်။ ညဘက်ဆိုစာအုပ်တွေဖတ်တယ်။ ဖုန်းတောင် ခလုတ်ဖုန်းပဲ။ ဒါလည်းသုံးလှတယ်မဟုတ်ဘူး။ သူ့အလုပ်ဖြစ်တဲ့ အိမ်သာဆေးတဲ့အလုပ်ကိုလည်း အရမ်းကြီးစေ့စပ်သေချာလွန်းလို့ ဘေးလူတွေကတောင် ပြောယူရတဲ့လူမျိုး။ ပြောရရင် သူက သူ့ဘဝမှာသူလုပ်နေသမျှအားလုံးကို အရသာခံပြီးလုပ်တယ်… အရသာလည်းခံတတ်တယ်။ ဆိုခဲ့သလို အိမ်သာနံရံမှာထင်နေတဲ့အရိပ်တွေကိုတောင် ပန်းချီတစ်ချပ်လိုအရသာခံတတ်တဲ့လူမျိုး။ လမ်းမှာတွေ့တဲ့ အပင်ပေါက်စလေးတွေကိုတောင် ကောက်သိမ်းလာပြီး အိမ်မှာပြန်စိုက်ပြီး လှပစေတဲ့လူမျိုး။ ဒီလိုဆိုလို့ သူ့မှာဝမ်းနည်းခြင်းတွေ မရှိဘူးလားဆိုတော့ မရှိဘူးမဟုတ်ဘူး။ ရှိတယ်။ ဒီကားမှာ Wim Wenders အဖြူအမဲနဲ့ပြထားတဲ့အရာတွေရှိတယ်။ ဟိယာရာမရဲ့ အိပ်မက်လိုလို သူ့ညဘက်တွေရဲ့လွမ်းဆွေးခြင်း ဝမ်းနည်းခြင်းလိုလို သူ့ရဲ့တမ်းတခြင်းလို သူ့ရဲ့အတိတ်တွေလိုလို မရေရာတဲ့အရာတွေပေါ့။ ဒီအဖြူအမဲအခန်းတွေမှာ အပြက တော်တော်လေးလှသလို ဝမ်းနည်းစရာလွမ်းစရာလည်းကောင်းနေတယ်။ Wenders ဟာ ဟိယာရာမရဲ့ ညဘက်တွေကို အဲဒီလိုအရိပ်တွေနဲ့ပဲ ပုံဖော်ထားခဲ့တယ်။ ညခင်းတွေရဲ့ အထီးကျန်ခြင်းကို နားလည်တဲ့လူတွေအတွက်တော့ ဒီအခန်းတွေဟာ တော်တော်လှတဲ့ အခန်းတွေဖြစ်မှာဖြစ်သလို Wenders ရဲ့ပြသပုံကလည်း သူမတူအောင်ကောင်းတယ်လို့ ခံစားမိလိမ့်မယ်။ အခန်းတိုင်းရဲ့ စီနီမာတိုဂရပ်ဖီတွေလည်း လှလွန်းတယ်။ နောက် OST… Wenders အနေနဲ့ OST တွေကို သွင်းပုံက တော်တော်လေးမိုက်တယ်။ ဒီကားမှာ OST တွေကို နားထောင်ရတာက ဟိယာရာမနဲ့အတူတူပဲ နားထောင်ရမှာ။ နားထောင်ရမယ့်အချိန်ကလည်း များသောအားဖြင့်တော့ သူကားမောင်းတဲ့အချိန် ကားကက်ဆက်ထဲ တိတ်ခွေထည့်ပြီး ဖွင့်ထားတဲ့အချိန်တွေပဲ။ ဇာတ်ဝင်ခန်းတွေမှာ သီချင်းကိုလုံးဝမသုံးသွားဘူး။ တစ်ခါတော့သုံးသလိုလိုဖြစ်သွားပေမဲ့ အဲဒါကလည်း ရှေ့ကဖွင့်ထားတဲ့အချိန်နဲ့ တစ်ဆက်တည်းဖြစ်သွားတဲ့တစ်ခေါက်ပဲ။ ကျန်တာတွေကိုတော့ ဟိယာရာမနားထောင်တဲ့အချိန် သူနဲ့အတူတူ လိုက်နားထောင်ရမှာ။ သီချင်းတွေကတော့ ၁၉၆၀ – ၇၀က သီချင်းတွေချည်းပဲ။ အဓိကကတော့ ဒီကားရဲ့နာမည်တစ်ဖြစ်လဲ Lou Reed ရဲ့ “Perfect Day”ပေါ့။ နောက် Lou Reedရဲ့ “Pale Blue Eyes” တို့၊ Van Morrison ရဲ့ “Brown Eyed Girl”တို့၊ Nina Simone ရဲ့ “Feeling Good” တို့၊ Sachiko Kanenobu ရဲ့ “Aoi Sakana” တို့ပေါ့။ ဟိယာရာမရဲ့ တိတ်ခွေတွေကဖွင့်တဲ့သီချင်းတွေဆိုတော့ သူကြိုက်တဲ့ ၇၀ ၈၀က အင်္ဂလိပ်သီချင်းတွေများတယ်။ ဒီလိုခေတ်ဟောင်း အင်္ဂလိပ်သီချင်းတွေကို ကြိုက်တတ်တဲ့သူတွေအတွက်တော့ တော်တော်အရသာရှိတယ်။ Pale Blue Eyes ကတော့ ကျွန်တော့်အတွက် အကြိုက်ဆုံးသီချင်းပဲ။ ဟိယာရာမဟာ တော်တော်စကားနည်းတဲ့လူ။ ဒီကားရဲ့ပထမတစ်ခြမ်းကျော်ကျော်လောက်ကို သူတစ်လုံးမှ မပြောသွားဘူး။ သူများပြောလည်း သူခေါင်းညိတ်ခေါင်းခါလောက်နဲ့ပဲ တုံ့ပြန်တယ်။ ဒါပေမဲ့ ဒီလိုဆိုလို့ သူဟာအေးစက်တဲ့သူတော့မဟုတ်ဘူး။ သူရဲ့လူသားဆန်မှုကို ဒီကားရဲ့နေရာတော်တော်များများမှာ သိသိသာသာကြီးမဟုတ်ပေမဲ့ တော်တော်လေးပြသွားတယ်။ အထင်ရှားဆုံးကတော့ အိမ်သာထောင့်မှာ ဘယ်သူမှန်းမသိတဲ့လူနဲ့သူ့ရဲ့ အဝိုင်းနဲ့ကြက်ခြေခတ်ကစားပွဲပဲ။ အားလုံးသိတဲ့ကစားနည်းပါ။ ဇယားကွက်လို နေရာလွတ်ကိုးကွက်ရှိမယ်။ တစ်ဘက်က အဝိုင်းယူရင် တစ်ဘက်က ကြက်ခြေခတ်ယူရတယ်။ သုံးခုအရင်တန်းတဲ့လူကနိုင်မယ်။ အိမ်သာဆေးရင်း အဲဒီစာရွက်လေးကို အိမ်သာထောင့်မှာတွေ့တော့ သူက မလွှင့်ပစ်ဘူး။ ဘာမဟုတ်တဲ့ကိစ္စလေးပေမဲ့ သူက တစ်ကွက်ထပ်ဖြည့်ပြီး အိမ်သာထောင့်မှာ ပြန်ညှပ်ထားလိုက်တယ်။ တစ်ဘက်လူက ဒီနေ့အိမ်သာတက်ရင်း တစ်ကွက်ဖြည့်ခဲ့၊ သူက နောက်နေ့အိမ်သာဆေးရင်း နောက်တစ်ကွက်ထပ်ဖြည့်။ အဲဒီလိုနဲ့ အနိုင်အရှုံးတော့မရှိပေမဲ့ အကွက်ပြည့်သွားတယ်။ အကွက်ပြည့်သွားတဲ့အချန် တစ်ဘက်လူက “Thank You” ဆိုတဲ့စာလေးရေးရင်းထားခဲ့တယ်။ ဘာမဟုတ်တဲ့ကိစ္စလေးပါပဲ။ သိပ်လှတဲ့အဖြစ်အပျက်လေးဖြစ်သွားတယ်။ ဆိုခဲ့သလို ပထမတစ်ခြမ်းကျော်ကျော်အထိ စကားလုံးဝမပြောခဲ့တဲ့ ဟိယာရာမဟာ သူ့တူမလေး အိမ်က ထွက်ပြေးရင်း သူ့ဆီအလည်ရောက်လာမှပဲ စကားစပြောတယ်။ အဲဒီအချိန်မှာ သူ့အတိတ်ဘဝကို ဒဲ့ကြီးတော့ ပြောမပြပေမဲ့ ပါးပါးလေးလှစ်ပြသွားတယ်။ ဒါပေမဲ့ သူမပြောပြပေမဲ့ တော်တော်လည်းမြင်လိုက်ရသလိုပါပဲ။ Wenders ဟာ အိုဇုရုပ်ရှင်တွေကိုကြိုက်ဖူးတော့ အိုဇုဟန်နွယ်သွားတာလည်းဖြစ်နိုင်တယ်။ သူ့တူမလေးက သူ့ကို သူ့အမေက သူ့ကို သူ့ဦးလေးနဲ့သူ ကမ္ဘာမတူကြောင်းပြောတဲ့အကြောင်းပြောတော့ သူပြန်ပြောတာက “ဒီကမ္ဘာကြီးမှာ မတူညီတဲ့ကမ္ဘာတွေအများကြီးပဲ။ တချို့ကမ္ဘာတွေက ဆက်စပ်နေတယ် တချို့ကမ္ဘာတွေကတော့ မဆက်စပ်ဘူး”တဲ့။ သူ့အတိတ်က နုံချာတဲ့အတိတ်တော့မဟုတ်ခဲ့ဘူး။ ဘာလို့ ဒီလိုအလုပ်ရွေးလိုက်သလဲတော့မသိရပေမဲ့ သူ့ညီမက သူသိပ်ချစ်တဲ့တူမလေးကိုခေါ်ပြီး ထွက်သွားတဲ့အခါ ကျွန်တော်တို့မြင်ရမှာက မျက်ရည်တွေပဲ။ ဒီမျက်ရည်တွေက သူ့အတိတ်ပါပဲ။ နောက်တစ်နေ့ သူ့တူမလေးမပါတော့ပေမဲ့ မနက်ခင်းသူအိမ်သာသွားဆေး ညနေနိစ္စဓူဝလုပ်တဲ့ သူ့တစ်နေ့တာကို ဆက်ဖြတ်သန်းရတာပဲ။ အရင်လို အရသာအပြည့်နဲ့ပဲ။ Wim Wenders ရဲ့ “PERFECT DAYS” ဟာ ဟိယာရာမလို့ခေါ်တဲ့ အိမ်သာသန့်ရှင်းရေးအလုပ်သမားတစ်ယောက်ရဲ့ ကမ္ဘာအကြောင်းပဲ။ နောက် သူနဲ့ဆက်စပ်နေတဲ့ တခြားကမ္ဘာတွေအကြောင်း။ မဆက်စပ်တော့တဲ့ ကမ္ဘာဟောင်းတွေအကြောင်း။ ညညဆို မြင်နေရတတ်တဲ့ မဆက်စပ်တော့တဲ့ ကမ္ဘာတွေရဲ့အရိပ်တွေအကြောင်းပေါ့။ ကမ္ဘာထဲက ဆက်စပ်နေတဲ့ကမ္ဘာတွေ။ ကမ္ဘာထဲက မအပ်ဆက်တော့တဲ့ ကမ္ဘာတွေ။ ကမ္ဘာဟာ လည်နေမြဲပဲ။ ကမ္ဘာဟောင်းရဲ့ အရိပ်တွေ ထင်နေဆဲပဲ။ အရိပ်တွေနဲ့ပဲ ကျွန်တော်တို့ကမ္ဘာတွေလည်း လည်နေမြဲပဲ။ အပ်ဆက်နေတဲ့ကမ္ဘာတွေ မအပ်ဆက်တော့တဲ့ကမ္ဘာတွေလည်း လည်နေမြဲပဲ။ အရိပ်တွေလည်းရှိမယ်။ ရေခဲမြစ်တွေလည်းရှိမယ်။ တံခါးကိုဖွင့်ကြည့်တတ်ရင် နွေဦးတွေကိုလည်း မြင်မယ်။ ရေခဲမြစ်တွေလည်း အရည်ပျော်ဦးမယ်။ အရိပ်တွေနဲ့ အလှတရားတွေနဲ့ လည်နေတဲ့နေ့ရက်တွေ။ နွေဦးပေါက်နေ့ရက်တွေ။ မပြည့်စုံတဲ့ကမ္ဘာကြီးထဲ မပြည့်စုံခြင်းတွေနဲ့ ပြည့်စုံနေခဲ့တဲ့နေ့ရက်တွေ… ရှင်သန်နေတဲ့နေ့ရက်တွေ… နေ့ရက်တွေ… နေ့ရက်တွေ…။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.55GB, 1.2GB Quality – 1080p, 720p IMDb Rating – 7.9/10 Format – mp4 Duration – 2H 3Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.9 2023
Perfect Days
Love at first bite (aka) Dragoste Pe Muchie De Cutit
5.2

ပိုလန်တာဟင်းဆိုတာက ​ပြောင်းဂျုံကို ထောပတ် ချိစ်စတာတွေနဲ့ရောချက်ရပြီး ကြက်ဥနှစ်လိုအရောင် ပြောင်းဖူးလိုအရသာမျိုးရှိတဲ့ အီတလီအစားအစာတစ်မျိုးပါ။ ဒီရိုမေးနီယားဇာတ်ကားထဲမှာတော့ ပိုလန်တာကို ဝက်ဝံရုပ်မိုနဲ့ ပုံဖော်ပြီးတည်ခင်းတာမို့လို့ ဝက်ဝံပိုလန်တာအချိုပွဲလို့ခေါ်ပါတယ် ။ တစ်ကားလုံးက ဒီပိုလန်တာအစားအစာကိုဇာတ်အိမ်တည်ထားတာပါ ။ တစ်မြို့လုံးရဲ့အထင်ကရ အတော်ဆုံးစားဖိုမှူးဖြစ်တဲ့ အဖွားအိုမာသာမာရာမှာ ဒူကူဆိုတဲ့မြေးတစ်ယောက်ရှိတယ်။ ဒူကူက ငယ်ဘဝမှာ မိသားစုရဲ့ပြိုင်ဘက်စားဖိုမှူးကက်ပါကိုမိသားစုကမြေးမလေးမာရီနာကို ချစ်ကျွမ်းဝင်ခဲ့တယ်။ ဒါပေမဲ့ မိသားစုရန်ငြှိုးကြောင့် ဒူကူက မာရီနာကိုလက်လွှတ်ခဲ့ရပါတယ် ။ ဒါပေမဲ့ မာသာမာရာက ​မြေးဒူကူရဲ့ခံစားချက်ကိုဂရုမစိုက်ခဲ့ပါဘူး ။ ဒါကြောင့်ပဲဒူကူက ပိုပြီးနာကျည်းလာရင်း မာသာမာရာနဲ့ဆန့်ကျင်ဘက်တွေလုပ်ခဲ့တယ် ။ ဆယ်စုနှစ် နှစ်ခုစာကြာခဲ့ပြီး ဒူကူကအချစ်ဦးမာရီနာနဲ့အမှတ်မထင် ပြန်ဆုံတွေ့လာတဲ့အခါမှာတော့… File size…(1.4 GB)/(760 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:22:00 Genre… Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su Eaindra

Horror
5.2 2023
Love at first bite (aka) Dragoste Pe Muchie De Cutit
Road Trip
6

Road Trip (2024) ခရီးလေးတစ်ခေါက် ဒီတစ်ခါတော့ CMပရိသတ်ကြီးအတွက် မိုးအေးအေးလေးနဲ့ ငယ်ဘဝကိုတစ်ခါလောက် ပြန်တွေးမိမယ့် ဖိလစ်ပိုင် လူငယ်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဆယ်ကျော်သက်ဘဝမှာ သူငယ်ချင်းတွေနဲ့ ခရီးတစ်ခေါက် ထွက်မယ်လို့ လူတိုင်းစဥ်းစားဖူးကြပါတယ်။ တချို့ကျတော့လည်း သူငယ်ချင်းတွေစုံစုံညီညီနဲ့ ဆန္ဒတွေ ပြည့်ပြီးခရီးတွေ ထွက်ဖြစ်ကြတယ်။ တချို့ကျတော့လည်း အသက်ကြီးတဲ့ထိ ခရီးမထွက်ဖြစ်ဘဲ ပါးစပ်အရသာခံရင်း ပြီးဆုံးသွားရတယ်။ ဆိုဖီယာ၊ မာရီကာ၊ ဂျီဂျီနဲ့ချီကီတို့ သူငယ်ချင်းလေးယောက်ကတော့ ဒုတိယအမျိုးအစားပေါ့။ ပူလက်တောင်ကို ခရီးထွက်ကြမယ်ဆိုတဲ့ ငယ်ဘဝဆန္ဒလေးကို အသက်၄၇နှစ်ကြာမှ အကောင်အထည်ဖော်ကြရတယ်။ ဒီတစ်ခါတော့ ဆယ်ကျော်သက်ဘဝလို အရာရာလွတ်လွတ်လပ်လပ် မဟုတ်တော့ဘူး။ မိသားစုတာဝန်၊ အလုပ်တာဝန်တွေ ရောယှက်လာခဲ့ပြီ။ ငယ်ရွယ်ချိန်တုန်းကာသူတို့တွေဟာ ငယ်တုန်းကအတိုင်း ရှိနေကြသေးရဲ့လား။ ဘာတွေပြောင်းလဲသွားမလဲ။ မတည့်အတူနေ လေးယောက် ခရီးထွက်မယ့်အစီအစဥ် အောင်မြင်ပါ့မလား။ ငယ်ရွယ်စဥ်မှာ လုပ်ခဲ့တဲ့အမှားတွေ၊ အမှတ်တရတွေ၊ အထင်လွဲတာတွေ၊ ရန်ဖြစ်ကြတာတွေကို ပြန်ပြီးတွေးတောကြရင်း ဒီခရီးလေးမှာ ဘာတွေဆက်ဖြစ်မလဲ ဆိုတာကိုတော့ ဒီကားလေးမှာစောင့်ကြည့်ပေးကြပါဦး (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollyood Team ဖြစ်ပါတယ်)

6 2024
Road Trip
[18+] Desperate Living
7

Desperate Livings က 1977 ထွက် Comedy/Horror Film အမျိုးအစားဖြစ်ပါတယ်။ IMDb 7 နဲ့ RT 70% ရရှိထားပါတယ် ဇာတ်လမ်းကတော့ စိတ်မနှံ့တဲ့ မိန်းမ Peggy Gravel က သူ့‌ယောက်ျားကို သတ်မိပြီး လွတ်သွားတယ်..အဲဒါကို သူ့အိမ်ဖော်မ ဂရီဇယ်ဒါက ပက်ဂီကိုကူညီရင်း ထွက်ပြေးရင်း မော့ဗေးဆိုတဲ့ ဒုစရိုက်သမားတွေ စုနေတဲ့ မြို့တစ်မြို့ကိုရောက်သွားတယ်။ မော့‌ဗေးမှာ ပက်ဂီနဲ့ ဂရီဇယ်ဒါဟာ ထူးထူးခြားခြား characters တွေ အဖြစ်အပျက်တွေ နဲ့ တွေ့ကြံကြရတယ် ဇာတ်လမ်းတစ်လျှောက် characters တွေရော events တွေရောက ယုတ္တိမတန်ပြီး မသတီစရာကောင်းကြတယ်။ ကောင်းတဲ့ဘက်ကနေ တော်တော် chaotic ဖြစ်တဲ့ကားပါ။ Dark comedy ကြိုက်တဲ့သူတွေ ကြိုက်မှာပါ။ File size…(2.3 GB)/(1.4 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre… Comedy, Crime, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Galone Translated by BB

7 1977
[18+] Desperate Living
The Killer Inside: The Ruth Finley Story

အသစ်ထွက်ရှိထားတဲ့ ဖြစ်​ရပ်မှန် မှုခင်းဇာတ်ကားလေးဖြစ်ပါတယ်။ Crime/Thriller အမျိုးအစားဖြစ်ပြီး ၁၉၇၀ ကျော်​ခုနှစ်​တွေက အမှန်​တကယ် ဖြစ်ပွား​ခဲ့တဲ့ Ruth Finley ဆိုသူ​ အမျိုး​သမီး​တစ်ဦး​ရဲ့ ဖြစ်​ရပ်​မှန်​ကို ရိုက်​ကူး​ထားတာ​ ဖြစ်​ပါတယ်။ Lois & Clark စီးရီးထဲက Louis Lane အဖြစ် သရုပ်ဆောင်​ခဲ့တဲ့ Teri Hatcher က Ruth Finley အဖြစ်​ ပါဝင်​ထား​ပါတယ်။ ဇာတ်လမ်း​အကျဥ်း​ကတော့​ ၁၉၈၀ မတိုင်မီကာလတွေမှာ အမေရိကန်​ပြည်ထောင်​စု ကန်း​ဆတ်​စ်​ပြည်နယ်​ Wichita မြို့​မှာ BTK killer ဆိုတဲ့ ကွင်း​ဆက်​လူသတ်သမား တစ်ဦး​ သောင်းကျန်းနေခဲ့ပါတယ်။ Ruth ဆိုတဲ့ အမျိုး​သမီး​တစ်ဦးဟာ ခင်​ပွန်း​ဖြစ်​သူ Ed Finley နဲ့အတူ Wichita မြို့​မှာနေထိုင်ပါတယ်။ တစ်နေ့​မှာ ခင်ပွန်း​ဖြစ်​သူ နှလုံး​ရောဂါ​ကြောင့်​ ဆေးရုံ​တင်​လိုက်ရပြီး မကြာခင်မှာပဲ Ruth ဆီကို​ အမည်​မသိ​လူတစ်ဦးကနေ ဖုန်း​ခေါ်ဆို​မှုတွေ၊ ခြိမ်း​ခြောက်​စာတွေ ရရှိလာပါတော့တယ်။ Ruth နောက်​ကိုလည်း​ တစ်စုံ​တစ်​ယောက်​က ထက်ကြပ်​မကွာ နောက်​ယောင်​ခံစောင့်ကြည့်နေသလို ခံစား​မိတာကြောင့် ရဲတိုင်ခဲ့ပေမဲ့လည်း ထူး​ဆန်း​စွာနဲ့ သဲလွန်စ​တစ်ခုမှ ရှာမတွေ့ခဲ့ပါဘူး။ Ruth ကို နောက်​ယောင်​ခံ​လိုက်​နေသူက နာမည်​ကြီး BTK killer ပဲလား၊ တခြား​တစ်ယောက်​လား၊ Ruth တစ်ယောက်​ ဒီလို​ကြုံတွေ့​နေခြင်း​ နောက်​ကွယ်​မှာ အကြောင်း​ရင်းတစ်ခုခုရှိလား ဆိုတာ​ကို စိတ်ဝင်စား​ဖွယ်​ ကြည့်​ရှု​ရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားက​ TV ရုပ်​သံ​လိုင်း​ကနေ ပြသတဲ့ ရုပ်​ရှင်​ဖြစ်ပြီး ဇာတ်​လမ်း​ဇာတ်​အိမ်က ရိုး​ရှင်းပေမဲ့ အချိန်​ပေးကြည့်ရှုလို့ အဆင်ပြေမဲ့ ဇာတ်ကား​တစ်ခုဖြစ်ပါတယ်။ တကယ့်ဖြစ်ရပ်မှန်ကို အခြေ​ခံထားတာကြောင့်လည်း ပိုပြီး​စိတ်ဝင်စား​ဖို့ ကောင်းပါ​တယ်။ File size…(647 MB) Quality….Webdl 720p Format…mp4 Duration….01:27:00 Genre… TV Movie, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Wolfanheim

Horror
0 2024
The Killer Inside: The Ruth Finley Story
Watching
5.8

Watching (2019) ****************** 2019 ထွက် Horror Movie လေးတင်ဆက်ပေးလိုက်ပါတယ်… ယောင်းဝူဟာ အလုပ်အရမ်းကြိုးစားတဲ့ အဖွဲ့မှူး တစ်ယောက်ပါ … သူမက Single Mother တစ်ယောက်ဖြစ်ပြီး ဂုဏ်သိက္ခာအပြည့်နဲ့ ရပ်တည်နေသူပါ … သူမရဲ့ အလုပ်ပြန်ချိ်န်ကတော့ အမြဲနောက်ကျလေ့ ရှိပါတယ် … သူမကို အဖွဲ့ခေါင်းဆောင်ကလည်း အလုပ်တွေအနိုင်ကျင့်ပြီး ခိုင်းတတ်ပါသေးတယ် … ဒါပေမဲ့ သူမကို အမြဲ သတိထားစောင့်ကြည့်နေတဲ့သူရှိပါတယ်… သူကတော့ သူမတို့ Company အဆောက်အဦ ကားပါကင်က ဂျွန်ဟိုဆိုတဲ့ လုံခြုံရေးကောင်လေးပါ… သူမကို အမြဲတမ်း စကားတွေ လိုက်ပြောလေ့ရှိပြီး မမ လို့ တရင်းတနှီးလည်း ခေါ်တတ်ပါသေးတယ်… စွဲလမ်းမှုကနေ စိတ္တဇလိုဖြစ်လာပြီး ဂျွန်ဟိုတစ်ယောက်ဟာ မလုပ်သင့်တာတွေ လုပ်ပါတော့တယ်… ယောင်းဝူဘယ်လိုတွေရင်ဆိုင်ရမလဲဆိုတာကိုတော့…. ခံစားကြည့်ကြပါဦး… (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Han Thu Aye ပဲဖြစ်ပါတယ်…) File Size : 1.02GB/ 430MB Quality : WEB-DL 1080p/ WEB-DL 720p Format…mp4 Duration…01:39:00 Genre : Thriller,Horror Subtitle : Myanmar Subtitle (Hard Sub) Translated by Han Thu Aye Encoded by Tiff

5.8 2019 97 mins
Watching
Dead Money
5.9

Dead Money (2024) IMDb Rating (5.9) / Rotten Tomatoes (25%) ဒီ သဲထိပ်ရင်ဖိုဇာတ်ကားတော့ လောင်းကစားကိုနောက်ခံထားပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ အန်ဒီလို့ခေါ်တဲ့ ပရော်ဖက်ရှင်ပိုကာကစားသမားတစ်ယောက်ဟာ တစ်ညမှာ သူ့ရဲ့ ခွင်တွေ့ထားတဲ့ကစားဝိုင်းကို သွားကစားခဲ့ပါတယ်။ ဖြစ်ချင်တော့ အန်ဒီအကုန်ရှုံးပြီးကာမှ အချီကြီးပြန်နိုင်သွားပါတယ်။ အချီကြီးနိုင်သွားပြီးတဲ့နောက် သူ့ရဲ့ကောင်မလေး ကလိုဝီနဲ့ မြို့ပြောင်းပြီးနေဖို့ စိတ်ကူးထားတာပါ။ ဒါပေမဲ့ဖြစ်ချင်တော့ ဝိုင်းသိမ်းခါနီးမှာပဲ ဓားပြနှစ်ယောက်ဟာ အန်ဒီတို့ ကစားနေတဲ့ဝိုင်းကို ဓားပြတိုက်သွားပြီး တစ်ဝိုင်းလုံးအလုခံလိုက်ရပါတယ်။ ဓားပြတိုက်ခံရလို့ ဝိုင်းပျက်သွားပြီးတဲ့နောက်မှာ အန်ဒီဟာ စိတ်ပျက်ပျက်နဲ့ သူ့ကောင်မလေးနဲ့အတူ​ အိမ်ကိုကားနဲ့ပြန်လာခဲ့ပါတယ်။ ပြန်နေရင်းလမ်းမှာပဲကောင်မလေးက လပ်တော့ပ်ကျန်ခဲ့လို့ဆိုပြီး ဝိုင်းထောင်တဲ့အိမ်ကိုပြန်သွားလိုက်ပါတယ်။ ဒီလိုနဲ့ အန်ဒီတစ်​ယောက် ပစ္စည်းသွားပြန်ယူတဲ့အချိန်မှာငွေထုပ်ကြီးတစ်ထုပ် အိမ်ရဲ့ လှေကားရင်းမှာရှိနေတာကိုတွေ့လိုက်ရပါတယ်။ ဒီငွေထုပ်ကြီးကိုယူပြီးနောက်မှတော့ အန်ဒီရဲ့ဘဝဟာ တဖန်ပြန်သာယာမလိုဖြစ်သွားခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီ ငွေထုပ်ကြီးရဲ့ သမိုင်းကို အန်ဒီသိသွားတဲ့အခါမှာတော့.. (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။) File size… (1.1 GB) / (600 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Thriller Duration….01:40:59 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Mark

Crime • Comedy
5.9 2024 100 mins
Dead Money
Depart from It
6.3

Depart from It (2025) အဲလစ်ဆစ်မိုင်းလ်လို့ခေါ်တဲ့ ဆယ်ကျော်သက်ကောင်မလေးတစ်ယောကက်က မူးယစ်ဆေးတွေ လူကုန်ကူးမှုတွေ လိင်အမြတ်ထုတ်မှုတွေကို ကျူးလွန်နေတဲ့လူတစ်ယောက်ရဲ့ သား‌ကောင်ဖြစ်ခဲ့ရပါတယ်။ ပျောက်ဆုံးသွားခဲ့ပြီး သူမကို ပြန်ကယ်တင်နိုင်ခဲ့ကာ ကျူးလွန်သူကို ထောင်ချနိုင်ခဲ့ပေမဲ့ သူမက အရင်တုန်းကလို ပြန်မဖြစ်နိုင်တော့ပါဘူး။ အဲလစ်ဆစ်ရဲ့အဖြစ်အပျက်ကို မြင်တွေ့ခဲ့ကြရတဲ့ သူ့သူငယ်ချင်းတွေကလည်း ကိုယ်စီစိတ်ဒဏ်ရာတွေရကုန်ကြပါတယ်။ အဲ့လိုနဲ့ ၁၈နှစ်‌လောက်အကြာ အဲလစ်ဆစ်က ကြီးပျင်းလာပေမဲ့ ကောင်းမွန်နေတဲ့ ဘဝတစ်ခုမှာရှင်သန်‌နေတာမျိုးတော့မဟုတ်ခဲ့ပါဘူး။ တစ်ရက်မှာတော့ အဲလစ်ဆစ်ရဲ့သူငယ်ချင်းတစ်ယောက်က သူ့ရည်းစားသတ်တာကို ခံလိုက်ရပါတယ်။ အဲ့ကနေ သူတစ်ချိန်က သိခဲ့ဖူးတဲ့ အသိုက်အဝန်းဆီကို ပြန်လာခဲ့ရပါတယ်။ တစ်ချိန်ထဲမှာပဲ ဒီပြစ်မှုတွေကို ကျူးလွန်ခဲ့တဲ့လူက လျှော့ရက်တွေနဲ့ လွတ်လာတာကြောင့် အဲလစ်‌ဆစ်တစ်ယောက် ပြန်လက်စားချေဖို့ ကြံစည်နေလိုက်ပါတယ်။ သူ့သူငယ်ချင်းတွေကတော့ အဲလစ်ဆစ်ကို ဘဝကိုရှေ့ဆက်နိုင်ဖို့ ကူညီနေကြတုန်းပါပဲ။ ဒီလိုနဲ့ပဲ အရင်ကကျူးလွန်ခဲ့တဲ့လူကရော အဲလစ်ဆစ်ကို အလွတ်ပေးပါ့မလား။ အဲလစ်ဆစ်တစ်ယောက်ကလည်း ဆယ်စုနှစ်ကြာ ဒဏ်ရာတွေကနေ ရုန်းထွက်နိုင်မလားဆိုတာကိုကြည့်ရှုကြရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Lwin ဖြစ်ပါတယ်။) File size… (3.2 GB) / (1.4 GB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama Duration…. 01:53:32 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Lwin

Drama • Comedy • Romance
6.3 2025 113 mins
Depart from It
Restless
6.3

Restless (2025) IMDb Rating (6.3) / Rotten Tomatoes (94%) အဓိကသရုပ်ဆောင် Lyndsey Marshal ဟာ ဇာတ်ကောင်ကို အကောင်းဆုံးပေါ်လွင်အောင် သရုပ်ဆောင်နိုင်ခဲ့တာကြောင့် Manchester Film Festival မှာအကောင်းဆုံးအမျိုးသမီးသရုပ်ဆောင်ဆုကို ဆွတ်ခူးရရှိခဲ့တဲ့အပြင် အကောင်းဆုံးဇာတ်ကားဆုကိုပါရရှိထားတဲ့ Restless (2024) ရုပ်ရှင်ဇာတ်ကားကြီး ။ လူမှုရေး ပြဿနာများနှင့် စိတ်ပိုင်းဆိုင်ရာ ရှုပ်ထွေးမှုများကို ပုံဖော်ရိုက်ကူးထားပြီး မမျှော်လင့်ထားတဲ့ ဇာတ်ကွက်အလှည့်အပြောင်းတွေ အများကြီးပါဝင်တာကြောင့် စိတ်ဝင်စားမှု လျော့ကျမသွားစေဘဲ ကြည့်ရှုသူကို ဆွဲဆောင်နိုင်မယ့် ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ နစ်ကီ (Lyndsey Marshal) က တစ်ကိုယ်တည်း အထီးကျန်စွာ ဖြတ်သန်းနေရတဲ့ သတ်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးပေါ့။ မိသားစုပြဿနာတွေ၊ အလုပ်ဖိအားတွေနဲ့ စိတ်ဖိစီးမှုတွေကို ရင်ဆိုင်နေရတဲ့ သူမရဲ့ ဘဝကြီးဟာ ဘေးအိမ်ကို ပြောင်းလာခဲ့တဲ့ အိမ်နီးချင်းအသစ်တွေကြောင့် ဇောက်ထိုးမိုးမျှော်ဖြစ်ခဲ့ရတယ်။ ဘယ်လိုတွေ ဇောက်ထိုးမိုးမျှော်ဖြစ်ပြီး ဘယ်လိုတွေ ကမ္ဘာပျက်ခဲ့ရလဲဆိုတာကို မထင်မှတ်ထားတဲ့အလှည့်အပြောင်းဇာတ်ကွက်တွေနဲ့ Restless (2024) ရုပ်ရှင်ကားကြီးကို ကြည့်ရင်း အဖြေရှာကြည့်လိုက်ရအောင်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Su Mon ဖြစ်ပါတယ်။) File size…(1.4 GB) / (610 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,Thriller Duration….01:29:19 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Su Mon

Crime • Comedy
6.3 2025 89 mins
Restless