YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

The Abyss E02 CM.mp4

187.15 MB 720p video/mp4 59 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
My Dinner with Andre
7.5

~ IMDb - 7.7/10, Rotten Tomatoes - 92% ~ ဒီဇာတ်ကားအကြောင်းပြောမယ်ဆိုရင် ပါတဲ့လူ ၂ ယောက်အကြောင်းက စပြောရပါလိမ့်မယ်။ အမေရိကန် ပြဇာတ်ရေးဆရာ Wallace Shawn နဲ့ ပြင်သစ်-အမေရိကန် ပြဇာတ်ဒါရိုက်တာ Andre Gregory တို့ပေါ့။ ဇာတ်လမ်းထဲမှာလည်း သူတို့နာမည်ရင်းပဲသုံးထားတယ်။ ဒီဇာတ်ကားရိုက်ဖြစ်မယ့်အချိန်တုန်းက Andre ဟာ နှစ်နဲ့ချီခရီးတွေထွက်နေခဲ့လို့ အနုပညာကိစ္စတွေနဲ့ဝေးနေတဲ့အချိန်... အဲဒီမှာသူ့လုပ်ဖော်ကိုင်ဖက်ဟောင်း Wallace Shawn ကိုဆက်သွယ်ပြီး အနုပညာနဲ့ပတ်သက်တဲ့တစ်ခုခုလုပ်ကြဖို့ ပြောခဲ့တယ် (အဲဒီလိုဆက်သွယ်လာတာကို ရုပ်ရှင်ထဲမှာတော့ ညစာစားဖို့ဆက်သွယ်လာခဲ့ကြောင်း ထည့်ရိုက်ထားတယ်) Wallace ကလည်း လက်ခံလိုက်ပေမယ့် ဘာလုပ်ရမှန်းသိခဲ့တာမဟုတ်ဘူး။ သူတစ်ခုသိတာက Andre အနေနဲ့ သူတို့ချင်းမတွေ့ရတဲ့အတောအတွင်းက ဇာတ်ကြောင်းတွေပြန်ပြောပြချင်မယ်ဆိုတာပဲ။ အဲဒါကို တည်ပြီး မိတ်ဆွေနှစ်ယောက် ညစာစားရင်း စကားပြောကြတဲ့ပုံစံမျိုးနဲ့ ရုပ်ရှင်ရိုက်တယ်။ သူတို့နှစ်ယောက်ပဲ ဇာတ်ညွှန်းရေးတယ်။ ဒါရိုက်တာက Louis Malle... 1950 ‌ဝန်းကျင် ပြင်သစ်ရုပ်ရှင်လောက‌အကြောင်းပြောရင် မပြောမဖြစ်ထည့်ပြောရမယ့်၊ ဗင်းနစ်ရုပ်ရှင်ပွဲတော်ရဲ့ ရွှေခြင်္သေ့ဆုကို နှစ်ကြိမ်ရထားတဲ့ ဒါရိုက်တာတစ်ယောက်။ ရိုက်ပုံရိုက်ကွက်တွေက ‌Reality ဆန်တယ်၊ တချိန်တည်းမှာပဲ အနုပညာမြောက်တယ်။ ဒီရုပ်ရှင်က အခုအချိန်ထိ ရုပ်ရှင်လောကမှာလွှမ်းမိုးမှုကြီးနေသေးတာကလည်း သူရိုက်ကူးခဲ့တာကြောင့် တစ်စိတ်တစ်ပိုင်းပါပါလိမ့်မယ်။ ဇာတ်လမ်းအကြောင်းအရာအရဆိုရင် ဒီဇာတ်ကားက ရိုးလည်းရိုး ဆန်းလည်းဆန်း လန်းလည်းလန်း လို့ပြောလို့ရတယ်။ ဇာတ်လမ်းအစမှာတော့ ကိုယ့်ဘဝကိုယ်မကျေမနပ်ဖြစ်နေပြီး ပုံစံခွက်တစ်ခုထဲ ပိတ်မိနေတဲ့ ဝေါလေ့စ် တစ်ယောက် ညစာစားဖို့ အန်ဒရေ ဆီ သွားရာကစထားတယ်။ လမ်းမှာလည်းသူ့ဘဝသူ ငြီးတွားရင်းပေါ့။ စားသောက်ဆိုင်ကို အန်ဒရေရောက်လာတော့ အန်ဒရေက သူပျောက်နေတဲ့အတောအတွင်းအဖြစ်အပျက်တွေကို ရေပက်မဝင်ပြောတော့တာပဲ။ သူ ပိုလန်က တောထဲရောက်သွားပြီး စိတ်လိုလက်ရ စိတ်ထဲရှိတဲ့အတိုင်းလုပ်ခဲ့တဲ့အကြောင်းတွေ... ဆာဟာရထဲသွားပြီး ဘုန်းကြီးတစ်ပါးနဲ့ ပြဇာတ်ရိုက်ဖို့လုပ်ခဲ့ပုံတွေ... စကော့တလန်က ဖင်းန်ဟွန်းဆိုတဲ့အဖွဲ့ဆီသွားခဲ့ပုံတွေ... ဟောလိုးဝင်းမှာအရှင်လတ်လတ် မြေမြုပ်ခံခဲ့ပုံတွေပေါ့။ အဲဒီနေရာတွေကို အန်ဒရေ သွားခဲ့ရတာကလည်း သူ့အနေနဲ့ သူနေထိုင်နေရတဲ့ဘောင်လေးထဲကနေရုန်းထွက်ပြီး တကယ့် လူစစ်စစ်ဖြစ်ဖို့၊ လူလူချင်းအမှန်တကယ်ဆက်နွယ်မိဖို့နဲ့ ပကတိတရားနဲ့ ထိတွေ့ဖို့ အတွက်ဆိုပြီး အကြောင်းပြချက်ပေးတယ်။ လူစစ်စစ်ဖြစ်ဖို့ဘာတွေလိုလဲ... လူတွေဟာ အခုလို စက်ရုပ်ကြီးအတိုင်း ကိုယ်လုပ်နေကျကိစ္စတွေကို လုပ်‌ရင်းပဲ သေဆုံးသွားရမှာလား... ပကတိတရား သဘာဝတရားကြီးနဲ့ထိတွေ့မှုရှိမှ လူစစ်စစ်ဖြစ်နိုင်မယ့်အကြောင်းကိုပြောတယ်။ ဝေါလေ့စ်ကတော့ သူ့အမြင်တွေကို သိပ်သဘောမတူဘူး။ လူတိုင်းဟာ ပကတိတရားနဲ့ထိတွေ့ဖို့ အဲဒီလောက်မလုပ်နိုင်ဘူးလို့သူယုံတယ်။ သူ့အမြင်တွေကို သူ လျှပ်စစ်စောင်လေးကိုကြိုက်ပုံ၊ ကော်ဖီအသင့်ဖြစ်နေတာလေးကို ကျေနပ်ပုံတွေနဲ့ ပြန်ရှင်းပြတယ်။ အဲဒီလို သူတို့ရဲ့ရှုထောင့်ကိုယ်စီကနေ အဲဒီခေတ်နဲ့ အခုခေတ်လူတွေကြုံတွေ့နေရတဲ့ လစ်ဟာမှုကို အဓိပ္ပာယ်ဖွင့် ဖြေရှင်းချက်ထုတ်ဖို့ကြိုးစားကြတာပေါ့။ စကားလေးတွေ‌ပဲပြောပေမဲ့ ကြည့်နေတဲ့သူက ပုံရိပ်တွေတစ်ကွက်ပြီးတစ်ကွက် ကြည့်နေရသလိုခံစားရတယ်။ လူလူချင်း လက်တွေ့ဆက်နွယ်‌မှုပျောက်နေတဲ့အကြောင်း၊ လူတိုင်းဟာ ကိုယ်ပိုင်စိတ်ကူးယဉ်ကမ္ဘာထဲ နေထိုင်နေတဲ့အကြောင်းတွေ ပြောတဲ့အခါ ကိုယ့်အဖြစ်တွေနဲ့ပါ တိုက်ဆိုင်ဆက်စပ်ကြည့်ရင်း ကိုယ့်ရဲ့လောကအပေါ် ရှုမြင်ပုံတွေပါ တစ်မျိုးလေးပြောင်းသွားနိုင်မယ်လို့ယုံပါတယ်။ ဒီထဲမှာ မင်းသားချောချောလေးမပါဘူး။ မင်းသမီးချောချောလေးလည်းမပါဘူး။ ဗီလိန်ကြီးလည်း မပါသလို စားပွဲထိုးတစ်ယောက်ကလွဲလို့ တခြား ဇာတ်ပို့ဇာတ်ရံတွေလည်းမပါဘူး။ ပျင်းစရာကြီးနေမှာပေါ့ လို့ထင်နေပြီဆိုရင်တော့ "သားကြီးမင်းမှားမယ်နော်" လို့ပဲ ပြောချင်ပါတယ်။ ဒီဇာတ်ကားက ကြည့်‌နေရင်း ဪ ဒီလိုပါလားလို့ ဒဲ့ဒိုးသိလာတာမဟုတ်ဘဲ ကိုယ့်စိတ်ထဲကနေ တစ်ခုခုကို နားလည်လာသလို ခံစားချက်မျိုးပေးနိုင်တဲ့ကားမျိုး။ အနုပညာဆိုတာ ဒါပါပဲ... ရုပ်ရှင်တစ်ကားလုံး စကားလေးပြောရင်း ကားချပ်တစ်ခုကိုခြယ်သွားတယ်၊ မယ်လိုဒီ တစ်ပုဒ်ကို စပ်သွားတယ်၊ ပေလိပ်တစ်ခုကိုလှစ်သွားတယ်၊ ပုခုံးပေါ်ကဝန်ထုပ်တွေကို ဘယ်လိုပစ်ချရမလဲ အရိပ်အမြွက်လေးပြသွားတယ်၊ ဖြစ်တည်မှုကို မေးခွန်းထုတ်သွားတယ်၊ မမြဲခြင်းတရားကို မမေ့ဖို့သတိပေးသွားတယ်။ ဒီလိုရသပေါင်းစုံကို ဖန်သားပြင်က ကြည့်နေတဲ့လူတစ်ယောက်ရဲ့ မသိစိတ်ထဲနစ်ဝင်အောင်ရိုက်ပြသွားနိုင်တာကတော့ ဒီရုပ်ရှင်ရဲ့ လေးစားစရာတစ်ခုပဲဖြစ်ပါတယ်။ ရုပ်ရှင်မကောင်းလို့ စွတ်ညွှန်းတာမဟုတ်ပါဘူး။ ကျွန်တော်တောင်နောက်ကျမှကြည့်မိရလေခြင်းလို့ နည်းနည်းတောင်ရင်နာမိပါသေးတယ်။ ဒီရုပ်ရှင်ကောင်းလွန်းလို့ ကြည့်သင့်တဲ့ကားတစ်ကားကို မကြည့်လိုက်ရလေခြင်းဆိုပြီး နောင်တမရစေချင်ရုံပါ။ အချိန်ကလည်း ၂ နာရီမပြည့်ဘူးဆိုတော့ ၂နာရီမပြည့်တဲ့အချိန်အတွင်း ကိုယ့်ဘဝကိုယ် မေးခွန်းထုတ်ကြည့်လိုက်ကြပါစို့ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.2GB, 950MB Quality - 1080p, 720p IMDb Rating - 7.7/10 Format - mp4 Duration - 1H 50Min Genre - Comedy, Drama Subtitle - Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Action • Comedy
7.5 1981 110 mins
My Dinner with Andre
Shape of Tulip
5

ဂျပန်သူလေး ဆာရီတာ ယူရီကိုက လွန်ခဲ့တဲ့ သုံးနှစ်က တိုကျိုကို ခရီးထွက်လာတဲ့ ကိုရီယားသားလေးနဲ့ ၁၅ မိနစ်လောက် စကားပြောမိရာကနေ အမှတ်မထင် ချစ်မိသွားခဲ့တယ် ...ဒါပေမဲ့ ရုပ်ရည်ကိုတော့ အတိအကျ မမှတ်မိတော့သလို နာမည်ကိုလည်း မမေးထားမိဘူး ... ကုံးဂျူဆိုတဲ့ မြို့လေးက လာတယ်ဆိုတာကိုပဲ သိခဲ့ရတယ်...ဒါပေမဲ့လည်း ပြန်တွေ့ရမယ်လို့ ယုံကြည်ပြီး ကိုရီးယားဘာသာစကားကို ၃နှစ်တိုင်တိုင် သင်ယူပြီးတော့ အဲဒီအမျိုးသားကို ရှာဖို့ ကိုရီးယားကို ထွက်လာခဲ့တယ် .... အဲဒီနောက်မှာ သူတို့နှစ်ယောက် ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲ ဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ကြည့်ရှူအားပေးလိုက်ကြပါဦးနော်.... File Size :(1.98GB) &(719MB) Quality : ‌WEB-DL 1080P,720P Format…mp4 Duration…01:46:00 Genre :Drama ,  Romance Subtitle : Myanmar Subtitle (Hard Sub) Translated  Miri Encoded by Phyo Pyae

Thriller
5 2023 122 mins
Shape of Tulip
Ikai Dek Wat Chedi
6

ကိန်နဲ့ပီအက်တို့ ညီအစ်ကိုနှစ်ဦး တောင်ပိုင်းက ရွာတစ်ရွာကိုလာပြီးကြက်တိုက်ကြပါတယ်.. ကြက်တိုက်ပွဲမှာရှုံးသွားလို့ ပိုက်ဆံမပေးချင်တာ မြို့ခံလူမိုက်တွေဆီက ထွက်ပြေးရင်း စွန့်ပစ်ဘုရားကျောင်းတစ်ခုကိုရောက်သွားခဲ့ပါတယ် ... အဲဒီဘုရားကျောင်းက Sichon ပြည်နယ်မှာရှိပြီး ရှေးသမိုင်းအစဥ်အဆက်တည်းရှိလာခဲ့တဲ့ Nakhon Si Thammarat ခရိုင်မှာရှိတဲ့ဘုရားကျောင်းပဲဖြစ်ပါတယ် ... အဲဘုရားကျောင်းမှာဆိုရင် အသက် ၁၀ နှစ်အရွယ်ကောင်လေးတစ်ဦးက ရတနာတွေကိုစောင့်ကြပ်ပေးနေပါတယ်သူခိုးတွေရန်ကနေ.... ဒါမယ့်တစ်နေ့မှာတော့ ရတနာတွေကိုယူချင်နေတဲ့မြို့ခံတစ်ချို့နဲ့ ကိန် ပီအက်နဲ့ ခိုင်တို့ နိုက်ခိုက်ကြပါတော့တယ် .. အဲဒီကနေတဆင့် ဆန်းကြယ်မှုတွေဖြစ်ပွားလာပြီး အဲ ၁၀ နှစ်အရွယ်ကောင်လေးက ဘယ်ကလာပြီး ဘ့ာလို့ဒီဘုရားကျောင်းကိုစောင့်ကြပ်ပေးနေရတာလဲ ကိန်နဲ့ပီအက်ကရေ ာ ဒီအရှုပ်တော်ပုံထဲဘယ်လိုဝင်ပြီး ဘာတွေဆက်​ဖြစ်မလဲဆိုတာကိုတော့ ဒီသဘာဝလွန်ဇာတ်ကားလေးထဲမှာပဲ ကြည့်လိုက်ကြပါတော့..... File Size :(3.2GB) and (1.3GB) Quality : WEB-DL1080P5.1Ch,720p Format…mp4 Duration…01:54:00 Genre : Comedy,Fantasy, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Shoon Thu Thu Chian Encoded by Phyo Pyae

Action • Adventure • Family • Science Fiction
6 2023 115 mins
Ikai Dek Wat Chedi
Hustle
7.8

IMDb Rating - 7.3/10 Comedy, Drama, Sport Basketball ကိုအခြေခံထားတဲ့ Netflix ရဲ့ Sport ဇာတ်ကားကောင်းလေး အသစ်ထွက်လာပါတယ်။ နာမည်ကြီး ဟာသ သရုပ်ဆောင် Adam Sandler က ဦးဆောင်ပါ၀င်ထားပြီး IMDB မှာလည်း 7.3 အထိရထားပါတယ်။ ဇာတ်လမ်းအညွှန်းက စတန်လီဟာ NBA လိဂ် ( အမေရိကန် ဘတ်စ်ကတ်ဘော ပရိုလိဂ်) စစ်ဆာ ဘတ်စ်ကတ်ဘော အသင်းရဲ့ ကစားသမားရှာ ကင်းထောက် အဖြစ်လုပ်ခဲ့တာ သူ့တစ်သက်နည်းပါးပါပဲ ။ နောက်ဆုံး အသင်းပိုင်ရှင်အပြောင်းအလဲမှာ သူ့ကို လက်ထောက်နည်းပြအဖြစ် ခန့်ဖို့ အကြောင်းဖန်လာပါတယ် ။ ဒါပေမယ့် ပရိုလိဂ်နဲ့ ကိုက္မယ့် ကစားသမား တစ်ယောက်ရှာခဲ့ဆိုပြီး တာ၀န်ပေးလိုက်ပါတယ်။ သူ့ဘ၀ရဲ့‌ နောက်ဆုံးနဲ့အကောင်းဆုံး ကစားသမားကိုရှာဖို့ စပိန်ကိုထွက်လာခဲ့ပေမယ့်၊ မထင်မှတ်ဘဲ လမ်းဘေး basketball ပွဲကနေ ရွက်ပုန်းသီး ကစားသမားတစ်ယောက်ကိုတွေ့သွားပြီး NBA စင်မြင့်ပေါ် တင်ကာ အောင်မြင်မှုတွေ ဆွတ်ခူးသွားမယ့်ပုံကို ကြည့်ရမယ့် ကားကောင်းလေး ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို Thiha Yan Naing မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသား ပေးသူများကတော့ Thiha Yan Naing, Chuck Chuck, Chit Tee တို့ဖြစ်ပါတယ်။) File Size..........(1.97 GB) / (950 MB) / (550 MB) Quality............WebRip 1080p / 720p / 480p Duration.........1Hr 57mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Drama, Sport Translator.......Thiha Yan Naing, Chuck Chuck, Chit Tee Encoder..........SWM

Drama
7.8 2022 118 mins
Hustle
The Prom
6.2

ကျောင်းကပွဲဆိုတာ ကျောင်းပြီးဆုံးခါနီးကျောင်းသားတွေအတွက်တော့ ကိုယ့်ချစ်သူတွေ သဘောကျတဲ့သူတွေနဲ့အတူ ပျော်ရွှင်စွာဖြတ်သန်းရင်း ဘဝမှာမေ့ပျောက်လို့မရတဲ့ညတစ်ညအဖြစ်နဲ့ အမှတ်တရတွေ အများကြီး ချန်ထားခဲ့ရမယ့်ပွဲတစ်ပွဲပဲဖြစ်ပါတယ်။ အင်ဒီယားနားပြည်နယ် အက်ချ်ဝါးတားမြို့က အထက်တန်းကျောင်းသူလေးအမ်မာကတော့ လိင်တူချစ်သူတစ်ယောက်ဖြစ်နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကျောင်းကပွဲတက်ရောက်ခွင့် မရရှိပါဘူး.... မြို့နေလူထုဟာတစ်ဖက်သန်တစ်ယူသန်တွေများပြီး ကျောင်းသားမိဘတွေဟာလည်း လိင်တူစုံမက်ချစ်ခင်မှုကို မလိုလားတဲ့သူတွေဖြစ်ပါတယ်... လိင်တူချစ်ခင်သူတစ်ယောက်ဖြစ်တဲ့အကြောင်းပြချက်နဲ့တင် Parent Teacher Association (PTA)ကဆုံးဖြတ်ချက်နဲ့ ကျောင်းကပွဲတက်ရောက်ခွင့်မပြုပဲ လူ့အခွင့်အရေးကို ချိုးဖောက်ခံခဲ့ရပါတယ်... တစ်ဖက်မှာလဲ အရင်တုန်းကနာမည်ကြီးခဲ့ကြတဲ့ ပြဇာတ်သရုပ်ဆောင်တွေဟာ ပွဲတစ်ပွဲကရာမှ ဝေဖန်ပြစ်တင်မှုများစွာခံရပြီး နာမည်ကိုပြန်အဖတ်ဆယ်ရဖို့ ဖြစ်လာခဲ့ပါတယ်။ ကောင်းတဲ့အရာတစ်ခုခုကိုလုပ်ပေးလိုက်ရင် လူတွေအမြင်ပြောင်းသွားမှာပဲဆိုတဲ့ ဆယ်လီဘရစ်တီတွေလုပ်နေကြ လှည့်ကွက်တွေနဲ့အတူ လူတွေအာရုံပြောင်းဖို့ အမ်မာရဲ့ဖက်ကနေ ကူညီပေးဖို့ကြိုးစားကြပါတော့တယ်.... အဆုံးသတ်မှာအမ်မာတစ်ယောက် သူချစ်ရတဲ့သူနဲ့အတူ ကျောင်းကပွဲကိုတက်ရောက်နိုင်ပါ့မလား... လူတွေရဲ့လိင်တူချစ်သူတွေကို မြင်တဲ့အမြင်ကရောဘယ်လိုရှိသလဲဆိုတာ ကြည့်ရှုလိုက်ကြပါဦး။ Musicalကားတစ်ကားဖြစ်တာနဲ့အညီ သီချင်းဒိုင်ယာလော့တွေ ဝေဝေဆာဆာပါဝင်ပါတယ်။ဆုကြီး (၂)ဆုရရှိထားတဲ့အပြင် မင်းသမီးကြီး Meryl Streep လည်းပါဝင်ထားလေတော့ အလန်းဖြစ်ကြောင်း သတင်းကောင်းပါးပါရစေ... ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူက MarTizasပါ File Size :(2.3GB) and (1.02GB) Quality : WEB-DL1080P, 720p Format…mp4 Duration…02:10:00 Genre :  Comedy, Drama, Musical Subtitle : Myanmar Subtitle (Hard Sub) Translated by MarTizas Encoded by Phyo Pyae

Drama • Mystery • Sci-Fi & Fantasy
6.2 2020 132 mins
The Prom
Jingle Jangle: A Christmas Journey
6.6

ဒီတစ်ခေါက် မိတ်ဆက်ပေးမယ့်ကားလေးကတော့ မိသားစုခရစ္စမတ်ကားလေးပဲ ဖြစ်ပါတယ် ဆောင်းညတစ်ညမှာ အဘွားအိုတစ်ယောက် သူ့မြေးလေးနှစ်ယောက်ကို မီးလင်းဖိုလေးနံဘေးမှာ ပုံပြင်တစ်ပုဒ်ကို ပြောပြနေရာကနေ အစချီထားပါတယ် ဂျရောနစ်ကပ်စ် ဂျန်ဂယ်လ်ဆိုတဲ့ သိပ်တော်တဲ့ တီထွင်သူကြီး တစ်ယောက်အကြောင်းပေါ့ သူ့ရဲ့အိပ်မက်က အားလုံးရဲ့စိတ်ကို ပြောင်းလဲနိုင်လောက်စရာ တီထွင်မှုကြီးတစ်ခု ဒါကို သူနှစ်ပေါင်းများစွာကြိုးစားနေခဲ့တယ် အဲ့ဒီတီထွင်မှုကြီးကို သူနောက်ဆုံးလုပ်နိုင်ခဲ့ပေမယ့် တပည့်ဖြစ်သူ ဂတ်စတက်ဖ်ဆန်ဟာ ခိုးယူထွက်ပြေးသွားပါတယ် ဂျရောနစ်ကပ်စ်တစ်ယောက်ဟာ ဒီနောက်မှာ ဇနီးလည်းသေ သမီးကိုလည်းမေ့လျောလိုက်ပြီး သူ့ဘ၀ကြီးဟာ လုံး၀ကို စုတ်ပြတ်သပ်သွားပါတော့တယ် ဒီလို စုတ်ပြတ်သပ်နေတဲ့ ဂျရောနစ်ကပ်စ်ရဲ့ဘ၀ထဲကို မြေးမလေး ဂျာနီပြန်ရောက်လာပြီး အရင် တီထွင်သူကြီး ဂျရောနစ်ကပ်စ်အဖြစ် ‌ ပြန်လည်ပြောင်းလဲသွားမယ့်ပုံကို ကြည့်ရှုရမယ့် မိသားစု ခရစ္စမတ် ကားကောင်းလေးပဲဖြစ်ပါတယ် File size… 1 Gb / 500 Mb Quality… webrip 1080p Format…mp4 Duration….02:00:00 Genre … Family, Fantsy, Musical Subtitle….Myanmar Subtitle (Hardsub) Translated by Chuck Chuck

Comedy
6.6 2020 122 mins
Jingle Jangle: A Christmas Journey
Widows
6.5

IMDb....7.2,,,,Rotten...91% 2018 ထွက် Widows ဆိုတဲ့ စိတ်လှုပ်ရှား အံ့အားသင့်စရာ ဇာတ်ကားလေးတစ်ကားတင်ဆက်ပေးချင်ပါတယ်… IMDb -7.2 Rottem Tomatoes 91% စတဲ့ အကောင်းစား Rating ကြီးတွေရထားလေတော့ ကားကောင်းနဲ့ ဒေါင်းကြည့်ဖို့တော့ပြောစရာလိုမယ်မထင်ဘူး... သို့ပေမယ့်  ဇာတ်လမ်းအကြောင်းအနည်းငယ်တော့လိုအပ်မယ်ထင်လို့ပြောပါရစေ.... ဒုစရိုက်လုပ်ငန်းတွေကို အာဏာရှင်တွေ ကျောထောက်နောက်ခံနဲ့ဆောင်ရွက်နေတဲ့ ဟယ်ရီ ရောလင်း (Liam Neeson)ဟာ လူမည်းလုပ်ငန်းရှင်တစ်ဦးထံက အမေရိကန်ဒေါ်လာ တစ်သန်းလုယူအပြီး အပြန်လမ်းမှာ ရဲတွေနဲ့ပက်ပင်းမိတာကြောင့် ပစ်ကြခတ်ကြရင်း သူအပါအဝင် နောက်လိုက်နှစ်ယောက်လည်း သေဆုံးသွားပါတော့တယ်... သူတို့နဲ့အတူ လုယူလာတဲ့ ဒေါ်လာ တစ်သန်းလည်း ကားပေါက်ကွဲ မီးလောင်တဲ့အထဲပါသွားပါတယ်… သေတဲ့လူတွေကသေသွားပြီဖြစ်ပေမယ့် ဒေါ်လာတစ်သန်းကိစ္စဟာ ကျန်ရစ်သူ ဟယ်ရီရဲ့မိန်းမ ဗရော်နီကာထံ ပြဿနာခေါင်းပုံကျလာပါတော့တယ်... အသက်အန္တရာယ်ခြိမ်းခြောက်မှုတွေရှိလာတဲ့အတွက်ကြောင့် ဗရော်နီကာဟာ ပေါက်ကွဲမှုမှာသေဆုံးသွားသူတွေရဲ့ ဇနီးတွေထံဆက်သွယ်ပြီး မုဆိုးမသုံးယောက် ဒီပြဿနာကို ဘယ်လိုများဖြေရှင်းကြမလဲ...... ဒုစရိုက်ဂိုဏ်းကြီးနဲ့မှ ပတ်သက်မိတော့ မိန်းမသားတွေအဖို့ရင်ဆိုင်ဖြေရှင်းနိုင်ပါ့မလား..... အားနွဲ့တဲ့မိန်းမသားတွေလား ကျားသစ်မတွေလားဆိုတာကိုတော့ .....ခံစားကြည့်လိုက်ပါဦးဗျို့... ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Zuel Khant Thwin ပဲဖြစ်ပါတယ်... File Size : (1GB) and (376MB) Quality : Blu-Ray 720p Format…mp4 Duration…02:39:00 Genre :  Crime, Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Zuel Khant Thwin Encoded by Phyo Pyae

Comedy • Drama
6.5 2018 129 mins
Widows
The Dead Don't Die
5.4

သေခြင်းတရားဟာ မသေဆုံးပါဘူး။ အဆို‌တော်တစ်ယောက်ရဲ့နာမည်ကြီးဇာတ်ဝင်သီချင်းတစ်ပုဒ်။ လူ‌တွေဟာ Polar Fracking ကနေ စွမ်းအင်ထုတ်ယူ သုံးစွဲခဲ့ကြတယ်။ အလွန်အကျွံ သုံးစွဲမှုတွေရဲ့နောက်ဆက်တွဲ အနေနဲ့ ကမ္ဘာ‌‌မြေကြီးဟာ Polar Fracking ကြောင့် သူ့ဝင်ရိုးပေါ်ကနေ တိမ်းစောင်းခဲ့ပါတယ်။ အဲဒီရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကတော့ ..... နေ့အလင်းရောင်ဟာ တော်တော်နဲ့မကုန်တော့ပါဘူး။ နေ့တာရှည်လာပါတယ်။ ရေဒီယိုတွေ လိုင်းမကောင်းချင်တော့ပါဘူး။ ဖုန်းလိုင်းတွေ ပြတ်တောက်ကုန်ပါတယ်။ အိမ်မွေးတိရစ္ဆာန်လေးတွေ ပျောက်တဲ့ကောင်ပျောက်ကုန်ပါတယ်။ အမူအကျင့်တွေ ‌ပြောင်းလဲကုန်ပါတယ်။ အဲဒီထက် ဆိုးတာကတော့ ဒီဇာတ်လမ်းရဲ့ ခေါင်းစဉ်အတိုင်းပါပဲ။ သေဆုံးခြင်းက မသေဆုံးတော့တဲ့အခါ ..... တစ်နည်းအားဖြင့် သေပြီးသားလူတွေ အသက်ပြန်ရှင်လာကြတဲ့အခါ ..... ခင်ဗျားတို့ရော တွေးကြည့်ဖူးလား????? Zombie ကားကို အတွေးအခေါ်တစ်မျိုးနဲ့ ထပ်ကြည့်ကြည့်ပါ။ Horror ကား ကောင်းကောင်း ကြိုက်တတ်သူများ လက်မလွှတ်စေချင်ပါဘူး။ အဲ ..... တစ်ခု လက်တို့စရာ ကျန်သွားလို့ Selena Gomez လေးလည်း ပါတယ်ဗျ။ ? ? ?? ? ဘာသာပြန် နဲ့ Review ကတော့ August ပါ။

Drama
5.4 2019 104 mins
The Dead Don't Die
The Stand Up
5

The Stand Up (2022) ================ 2022 က ထွက်ရှိခဲ့တဲ့ နိုင်ဂျီးရီးယား comedy, crime, drama ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အိုဗီက သူ့အဖေနဲ့အတူ ဝါရီမြို့မှာ လုံခြုံရေးအ စောင့်အနေနဲ့ အလုပ်လုပ်ပါတယ်။ တစ်နေ့မှာ အဖေက ပစ်သတ်ခံလိုက်ရပြီး မြေမြှုပ်တဲ့နေ့မှာပဲ ဒီဝါဆိုတဲ့လူကြီးက အိုဗီ့အဖေက သူ့ဆီမှာ နိုင်ရာနှစ်သန်း အကြွေးတင်နေတယ်လို့ စာချုပ်နဲ့တကွ ပြလာတယ်။ ဘယ်တုန်းက ချေးထား မှန်းလဲ မသိရ၊ ဘယ်မှာသုံးထားမှန်းလဲ မသိရတဲ့ အိုဗီက မပေးနိုင်ဘူးငြင်းတဲ့ အခါမှာ ဒီဝါက အိုဗီ့ညီမလေးကို ဖမ်းခေါ်ထားလိုက်ပါတယ်။ ဒါနဲ့ပဲ အိုဗီက လူတွေပြောပြောနေကြတဲ့ လီဂိုစ်မြို့ကိုသွားပြီး ပိုက်ဆံရှာဖို့လုပ် ပါတော့တယ်။ ဘာရည်မှန်းချက် ပန်းတိုင်မှမရှိတဲ့ ကောင်လေးက ညီမကို ကယ် ဖို့လုပ်ရာကနေ သူကျွမ်းကျင်တဲ့အလုပ်ကို တွေ့သွားပြီး အောင်မြင်အောင်ကြိုး စားတဲ့ ခရီးစဉ်ကို ရိုက်ကူးထားတာပါ။ Stand-up comedian တွေရဲ့ ဟာသတွေ ပြက်လုံးတွေ အိုဗီ့ခရီးလမ်းတစ်လျှောက် တွေ့ကြုံရတဲ့ အခက်အခဲတွေနဲ့ လူတွေရဲ့ ယုတ်မာကောက်ကျစ်မှုတွေကို ဝေဝေဆာဆာထည့်သွင်းထားတဲ့ ကားတစ်ကားပဲ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ EL ဖြစ်ပါတယ်) File Size……….(1.5 GB) / (624 MB) Quality…………WEB-DL 1080p / 720p Duration……..1Hr 30Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Drama Translator……EL Encoder……….SWM

Science Fiction • Mystery • Thriller
5 2022 113 mins
The Stand Up
It Be an Evil Moon

ဘတ်ဂျက် အင်ဒီရုပ်ရှင်ပါ။ ဇာတ်လမ်းအကျဉ်းကတော့ ဖရက်ဒီက သိပ္ပံပညာရှင်တစ်ယောက်ပါ။ ဖရက်ဒီက အမေအိုကြီးနဲ့ အတူနေပါတယ်။ ဖရက်ဒီက ဆေးတစ်ခုကိုဖော်နေပါတယ်။ ဆံပင်ကျွတ်တာ သက်သာစေတဲ့ဆေးပါ။ ဖရက်ဒီရဲ့ဆေးဖော်မြူလာဟာ အစပိုင်းမှာတော့ အဆင်ပြေနေပြီး ဆံပင်ကျွတ်တာတွေ တကယ် သက်သာနေခဲ့ပါတယ်။ ဒါပေမဲ့ ဖရက်ဒီမသိလိုက်တာတစ်ခုက ‌ဒီဆေးဖော်မြူလာမှာ ဘေးထွက်ဆိုးကျိုးတစ်ခုရှိနေတာပါ။ ဒီဘေးထွက်ဆိုးကျိုးကတော့ ဆေးကိုအသုံးပြုထားတဲ့သူတွေကို သမန်းဝံပုလွေအဖြစ် ပြောင်းလဲသွားစေတာကို ဖရက်ဒီသိလိုက်ရတဲ့နောက်မှာတော့ ဖရက်ဒီအတွက် သိပ်နောက်ကျသွားခဲ့ပါပြီ။ သမန်းဝံပုလွေဆေးကိုသုံးမိခဲ့တဲ့ ဖရက်ဒီတစ်ယောက် ဘာတွေဆက်ကြုံတွေ့လာရမလဲ၊ ဖရက်ဒီကိုယ်တိုင်ရော သမန်းဝံပုလွေဖြစ်သွားမှာလား၊ ဖရက်ဒီတစ်ယောက် ဘယ်လိုအဆုံးသတ်သွားမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ပါဦး။ File size…(1.4 GB)/(626 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre… Comedy, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant

0 2023
It Be an Evil Moon
Felines

ဒီတစ်ခေါက်မိတ်ဆက်ပေးချင်တာကတော့ GL ကားလေးတစ်ကားပါ။ မက်စ်က သူ့ကိုယ်သူ ထူးခြားတဲ့ လိင်စိတ်တိမ်းညွတ်မှုရှိသူလို့ လက်ခံထားပေမဲ့ တစ်ခါမှတော့ တခြားမိန်းကလေးတစ်ယောက်နဲ့ မတွဲခဲ့ဖူးသူပါ။ ငြီးငွေ့ဖွယ် ဘဝကို အထီးကျန်စွာ ဖြတ်သန်းနေရင်းနဲ့ တစ်နေ့မှာတော့ လျှို့ဝှက်ဆန်းကြယ်လှတဲ့ လီလီဆိုတဲ့ ကောင်မလေးတစ်ယောက်နဲ့ တွေ့ဆုံခဲ့ပါတယ်။ လီလီနဲ့တွေ့ပြီးနောက် သူ့ဘဝက အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ပြီး အရင်ကနဲ့ မတူတဲ့ ပုံစံစရိုက်မျိုး ပေါ်လာခဲ့တဲ့ မက်စ်က လီလီ့ကို အစွဲလမ်းကြီး စွဲလမ်းခဲ့ပြီး အခုမှ ဘဝရဲ့လက်တွဲဖော်အစစ်ကို ရှာတွေ့ပြီလို့ ထင်မှတ်မိရုံရှိသေး၊ သူ လုံးဝ ထင်မထားတဲ့ လီလီ့ရဲ့ လျှို့ဝှက်ချက်ကို မထင်မှတ်ဘဲ ရှာတွေ့ခဲ့ချိန်မှာတော့.. ဆက်စီကျသလောက် လျှို့ဝှက်ဆန်းကြယ်မှုတွေနဲ့ ပြည့်နေတဲ့ လီလီဆိုတဲ့ မိန်းကလေးရဲ့ သရုပ်မှန်ကို မက်စ်တစ်ယောက် ရှာဖွေတွေ့ရှိနိုင်မလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ကြည့်ရှုလိုက်ကြပါဦး။ File size…(1.5 GB)/(750 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:34:00 Genre…Crime, Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Emily

0 2023
Felines
[18+] Pwede G, Pwede B
4.5

ဘာဆီဟာ အသက် ၃၀ ဝန်းကျင်လူပျိုလူလွတ်တစ်ယောက်ဖြစ်ပြီး မိန်းမကိစ္စ ဝါသနာထုံပါတယ်။ မိန်းကလေးတွေတစ်ယောက်ပြီးတစ်ယောက်ကို စားပြီးနားမလည်လုပ်ခဲ့ရာကနေ လီလီဆိုတဲ့ ကောင်မလေးနဲ့အလှည့်မှာတော့ စိတ်အနာကြီးနာသွားတဲ့ လီလီရဲ့ကျိန်စာတိုက်မှုကို သူခံခဲ့ရပါတယ်။ အဲ့ဒီကျိန်စာကတော့ မိန်းကလေးတွေကိုလှည့်စားခဲ့တဲ့အတိုင်း သူ့အပေါ်မေတ္တာမတုန့်ပြန်ပဲ အပျော်ကြံမယ့်ယောက်ျားတစ်ယောက်ကို ချစ်မိသွားပါစေဆိုတာပါပဲ။ အဲ့ဒီညမှာပဲ အသည်းကွဲလာတဲ့ အတူနေအခန်းဖော် သူငယ်ချင်း သီယိုနဲ့အမှတ်မထင်အချစ်နယ်ကျွံမိခဲ့ကြပြီး တစ်ဖြည်းဖြည်းနဲ့ သီယို့အပေါ်သူ့ခံစားချက်တွေပြောင်းလဲလာနေပြီဆိုတာ အလန့်တကြားသိလိုက်ရချိန်မှာတော့..။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(810 MB) / (360 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Duration….00:51:12 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Alias

4.5 2024
[18+] Pwede G, Pwede B
Art of the Devil 2
6

Art Of The Devil 2 (2005) ************************* IMDb 6.0 ရထားတဲ့ ထိုင်း Horror ကားတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်… ဇာတ်လမ်းအကျဉ်းကတော့ အထက်တန်းကျောင်းသား တစ်စု ကျောင်းဆင်းပြီး ၂ နှစ်အကြာမှာ သူငယ်ချင်းတစ်ယောက် ရဲ့ အိမ်မှာ သူ့အဖေရဲ့ အသုဘ အတွက်ပြန်လည် ဆုံတွေ့ဖြစ်ကြပါတယ်… အမှောင်ချိန်ရောက်ရှိလာတဲ့အခါမှာတော့ ထူးဆန်းတဲ့အရာတွေ တစ်ယောက်ယောက်ပြီးတစ်ယောက်အပေါ် ဖြစ်ပေါ်လာပါတော့တယ်…တစ်ယောက်ယောက်က အောက်လမ်းနည်းနဲ့ သူတို့ တွေကို ကလဲ့စားချေဖို့ ကြိုးစားနေသလိုမျိုးဖြစ်လာပါတယ်…ဒါတွေက ဘာကြောင့်လဲ ဘယ်သူကြောင့်လဲ ဆိုတာ ဒီဇာတ်လမ်းမှာ ဆက်လက်ရှုစားလိုက်ပါဦးနော်… File Size : 2.83GB / 1.02GB Quality : WEB-DL 1080p / 720p Duration : 01:40:00 Genres : Horror, Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by TheintYT Encoded by Heather Oo

6 2005 102 mins
Art of the Devil 2
Handle Me with Care
7.1

Handle Me with Care (2008) IMDb ~~~ 7.1 ‘ကွဲကြေလွယ်သည်၊ သတိနှင့် ကိုယ်တွယ်ပါ’ ဒါကို ဖန်ပုလင်းတွေ၊ ဖန်ခွက်တွေထည့်ထားတဲ့ စက္ကူဘူးတွေမှာ ရေးထားကြတာကို မြင်ဖူးကြမှာပါ။ ပစ္စည်းတွေကိုကျ မကျိုးပဲ့ရအောင် သတိနဲ့ကိုင်တွယ်ဖို့ သတိပေးတတ်ကြတဲ့ ကျွန်တော်တို့လူတွေဟာ အချင်းချင်းကိုတော့ အကြင်နာတရားနဲ့ ဆက်ဆံဖို့ မေ့လျော့နေကြပါတယ်။ ဒီဇာတ်ကားက ဒါကို ဖော်ပြထားတာပါပဲ။ ခွမ်ဆိုတဲ့ကောင်လေးမှာ မွေးကတည်းက လက်တစ်ဖက်အပိုပါလာတယ်။ သာမန်လူတွေနဲ့မတူဘဲ လက်သုံးဖက်ရှိတဲ့လူဖြစ်နေတာပါ။ အဲဒီလိုလူတစ်ယောက်က လူမှု့အသိုင်းအဝိုင်းမှာ လွယ်လွယ်ကူကူရှင်သန်နိုင်မယ်လို့ ထင်ပါသလား။ သေချာပေါက် ကဲ့ရဲ့ခံရ၊ လှောင်ပြောင်ခံရ၊ သူ့ကို ကျိန်စာသင့်နေတဲ့လူဆိုပြီး သနားစရာကြည့်ကြတာတွေကို အမြဲကြုံနေရတာပါ။ ပထမဆုံး သူ့အမေဆုံးတယ်။ ပြီးတော့ သူဝတ်ဖို့အင်္ကျီကို အမြဲချုပ်ပေးနေကျ အပ်ချုပ်ဆရာလည်း ဆုံးသွားတဲ့အခါ ခွမ်တစ်ယောက် ခံနိုင်ရည်အားကုန်ဆုံးပြီးတော့ သူ့လက်အပိုတစ်ဖက်ကိုဖြတ်ပစ်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ဒါပေမဲ့ လက်ဖြတ်ပြီးတော့ရော သူ့ဘဝက သာမန်လူတွေလို လွယ်ကူသွားပါ့မလား… သာမန်လူဖြစ်တာကကောင်းတာလား၊ ထူးခြားတဲ့လူဖြစ်တာက ကောင်းတာလား… ဒီဇာတ်ကားကနေ သိလိုက်ရတာက လူ့အသိုင်းအဝန်းကိုယ်တိုင်ကိုက လူတွေကို စိတ်ဒါဏ််ရာအပေးနိုင်ဆုံးနေရာဆိုတာပါပဲ။ဇာတ်ကားကောင်းလေးမလို့ ကြည့်ရှုခံစားကြည့်ကြဖို့ တိုက်တွန်းပါတယ်။ (အညွှန်းကိုတော့ Yee Waiက ရေးသားပေးထားပါတယ်) File Size ~~~880 MB/ 2.26 GB Quality ~~~WEB-DL 1080p/ 720p Duration ~~~02:04:29 Format ~~~mp4 Genre~~~Romance, Drama Subtitle ~~~ Myanmar Subtitle (Hard Sub) Translated by ~~~ Yee Wai Encoded by ~~~ Treasure Htet

War • History • Adventure
7.1 2008
Handle Me with Care
Frozen: The Hit Broadway Musical
7.3

Frozen: The Hit Broadway Musical (2025) IMDb Rating (7.3) / Rotten Tomatoes (80%) Frozen ကာတွန်းကြိုက်သူတွေအတွက် Live Action မလာခင်မှာ “Frozen: The Hit Broadway”ဆိုတဲ့ musical ပြဇာတ်လေးကိုအရင်ကြည့်ရှုခံစားလိုက်ကြပါ။ Disney ရဲ့ official production ​ဖြစ်တာကြောင့် စတိတ်စင်ပေါ်မှာ ကပြတင်ဆက်ထားတာဖြစ်ပေမဲ့ တော်တော်အသက်ဝင်ပြီး မူရင်းအရသာမပျောက်ပဲကြည့်ရမှာပါ။ သရုပ်ဆောင်တွေအနေနဲ့ Samantha Barks, Laura Dawkes တို့က Elsa နဲ့ Anna အဖြစ်ပါဝင်ထားပါတယ်။ ကာတွန်းထဲမှာပါခဲ့တဲ့သီချင်းတွေအပြင် နောက်ထပ်သီချင်းအသစ်တွေလည်းပါဝင်ပါသေးတယ်။ Frozen ရဲ့အငွေ့အသက်တွေကို ပြန်လည်ခံစားရမယ့်ပြဇာတ်လေးပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Rubyjane ဖြစ်ပါတယ်။) File size… (6.8 GB) / (2.7 GB) / (1.5 GB) Quality…. WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre…. Adventure, Comedy, Family, Fantasy, Musical Duration…. 01:52:00 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Rubyjane

Romance
7.3 2025 112 mins
Frozen: The Hit Broadway Musical