YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

The.47.AKA.El.47.2024.720p.BluRay.YK(CM).mp4

906.66 MB 720p video/mp4 148 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Ripper's Revenge
6.4

လန်ဒန်မြို့မှာ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ကွင်းဆက်လူသတ်သမား Jack the Ripper ရဲ့ လူသတ်မှုတွေ ဖြစ်ပွားပြီး တစ်နှစ်အကြာ ၁၈၈၉ ခုနှစ်မှာ ဖြစ်ပါတယ်။ ရဲတွေက စုံစမ်းစစ်ဆေးမှုတွေ အသည်းအသန် လုပ်ခဲ့ကြပေမဲ့လည်း Jack the Ripper ရဲ့ သရုပ်မှန်ဟာ ခုချိန်ထိ လျှို့ဝှက်ဆန်းကြယ်ဖြစ်နေဆဲပါ။ ဆီဘက်ရှန် စတပ်ဘ်က London Morning’s Times က သတင်းထောက်တစ်ဦးပါ။ ၁၈၈၈ က Jack the Ripper ရဲ့ လူသတ်မှုတွေအကြောင်း ရေးပြီး အကြီးအကျယ် အောင်မြင်ခဲ့ပေမဲ့ တစ်နှစ်အကြာမှာတော့ ကံဆိုးမိုးမှောင်ကျပြီး လူစိတ်မဝင်စားတဲ့ သတင်းတွေကိုပဲ ရေးနေရပါတယ်။ ငွေရေးကြေးရေး ကြပ်တည်းပြီး အိမ်ငှားခတောင် မပေးနိုင်ဖြစ်နေပါတယ်။ တစ်နေ့မှာတော့ သူ့ဆီကို ထူးဆန်းတဲ့ စာတစ်စောင်ရောက်လာပါတယ်။ စာအောက်ခြေမှာလည်း Jack the Ripper လို့ လက်မှတ်ထိုးထားပြီး သူ ကျူးလွန်ခဲ့တဲ့ လူသတ်မှုအကြောင်း ရေးထားပါတယ်။ နောက်တစ်နေ့မနက်မှာလည်း စာထဲက ရေးထားတဲ့နေရာမှာ တကယ်ပဲ လူသတ်မှု ဖြစ်သွားပါတယ်။ စာထဲမှာလည်း လူသတ်သမားက သူ့လူသတ်မှုတွေကြောင်းကို ရှေ့ဆုံးစာမျက်နှာမှာ ထည့်ရေးစေချင်တယ်လို့ ပြောထားပါတယ်။ စာတွေ ထပ်ရောက်လာပြီး လူသတ်မှုတွေ ထပ်ဖြစ်လာချိန်မှာတော့ ဆီဘက်ရှန်တစ်ယောက် စုံစမ်းရပါပြီ။ စာတွေအကြောင်း သတင်းထည့်ရေးပြီး သူ့ငွေကြေး အကြပ်အတည်းကို လွယ်လွယ်ပဲ ဖြေရှင်းလိုက်မလား လူသတ်သမား လိုချင်တဲ့ လူထုအာရုံစိုက်မှု မရအောင် မရေးဘဲနေမလား ဝေခွဲမရဖြစ်နေပါပြီ။ အမှုကို ထပ်ပြီးတူးဆွလိုက်တဲ့အခါမှာတော့ အမှန်တရားဟာ ထင်ထားတာထက် အများကြီး ရှုပ်ထွေးနေတာ တွေ့လိုက်ရပါတယ်။ ထင်မထားတဲ့ ဇာတ်လမ်းအလှည့်အပြောင်းတွေနဲ့ ရင်တထိတ်ထိတ် ကြည့်ရှုရမှာဖြစ်လို့ ခံစားကြည့်လိုက်ကြပါဦးနော် File size…(950 MB)/(400 MB)/(220 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:25:00 Genre...Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Phu Myat Twe

Comedy • Romance
6.4 2023 85 mins
Ripper's Revenge
Burning

မင်းသမီးလှလှလေးနဲ့ ပရိသတ်ရဲ့ ရင်ဘတ်ကို အကဲစမ်းထားတဲ့ ခြံခုန်ဒရာမာ ဟောင်ကောင်ကားလေးပါ။ အိမ်ထောင်သည် လူရိုး ဆရာဝန်ပညာတတ် စည်းလည်းစောင့်သလို မယားလည်းကြောက်တဲ့ ဒေါက်တာတစ်ယောက်ဟာ တစ်နေ့မှာ အခန်းထဲပိတ်လှောင်ခံရတာကို ကြောက်တဲ့ စိတ်ရောဂါရှိနေတဲ့ ကောင်မလေးတစ်ယောက်ကို ကူညီပေးခဲ့မိပါတယ်။ ကောင်မလေးဟာ ဘဲပစ်ခံရရာကနေ ယောက်ျားတွေကို မယုံသင်္ကာဖြစ်နေတဲ့ စိတ်ဝေဒနာပါရှိနေသူဖြစ်ပြီး ဆရာဝန်ကိုကိုကို အကဲစမ်းရာက ဒေါက်တာကိုကိုရဲ့ရင်ဟာ ဖြူစင်တဲ့ ပုလဲပန်းတွေမှန်းသိသွားပြီး မခူးသင့်တဲ့ပန်းကို မရမကလှမ်းရာက ပတ်ဝန်းကျင်ရော သူများမိသားစုကိုရော ဖျက်ဆီးမိမလို ဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ်ပါ ဖျက်ဆီးမိတဲ့ အိမ်ထောင်ရေး ဖောက်ပြန်ရေး ဇာတ်ကားကောင်းလေးပါပဲ။ မင်းသမီးအရူးမက တော်တော်လှတာမို့ ကြည့်ရတော့တန်ပါတယ်။ ဒီဇာတ်လမ်းလေးဟာ နေနဲ့လမှာ ပန်းဘာသာနဲ့ရေးထိုးထားတဲ့ အချစ်ဆိုတဲ့ မက္ခရာကို မိုက်ကန်းရူးရဲ ဖတ်ဖို့ကြိုးစားရင်း လောင်ကျွမ်းပြာကျခဲ့ရတဲ့ ပန်းကလေးရဲ့ ဘဝအကြောင်းပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို "___" မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.1GB, 550MB Quality - 1080p, 720p Format - mp4 Duration - 1H 26Min Genre - Mystery, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by "___" Encoded by Y

Action • Comedy • Drama
null 2022 86 mins
Burning
Ride or Die
6.6

ဇာတ်လမ်းရဲ့အစမှာတော့ ReiNagaswa က Nanae Tsujimuraရဲ့အမျိုးသားကိုခန္ဓာကိုယ်ရင်းကာ လှည့်စားပြီးလုပ်ကြံသတ်ဖြတ်ခဲ့ပါတယ် Rei Nagasawa နဲ့ Nanae Tsujimura တို့ကမတွေ့တော့ဘဲ အဆက်အသွယ်ဖြတ်ထားတာ ၁၀နှစ်လောက်ရှိပါပြီ တနေ့မှာ‌Nanae Tsujimura ကသူ့ရဲ့အဆက်ဟောင်းလေးဖြစ်တဲ့ Nagasawa ကိုပြန်လည်‌ဆက်သွယ်တွေ့ဆုံခဲ့ပါတယ် ဒါပေမဲ့သူတို့တွေရဲ့ ပတ်သက်ဆက်ဆံမှုကအထက်တန်းကျောင်းသားဘဝက သာယာလွမ်းမောဖွယ်စတင်ခဲ့ပေမဲ့ ထင်သလိုမျိုး လိင်တူချစ်သူရည်းစားတွေလည်းမဟုတ်ခဲ့ပါဘူး ဒါပေမဲ့ တစ်ယောက်နဲ့တစ်ယောက်ငယ်သံယောဇဉ်တွေ ရှိတဲ့အပြင် ဘယ်လိုအကြောင်းရင်းအကြောင်းခံတွေ ဘဝနောက်ခံတွေရှိခဲ့သလဲဆိုတာ သူတို့နှစ်ယောက်ဘာလို့လမ်းခွဲခဲ့ကြသလဲ Rei က Tsujimura ရဲ့ယောက်ျားကိုဘာလို့ သတ်ဖြတ်ခဲ့တာလဲဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမှာပါ ဒီဇာတ်ကားမှာတော့ Lesbianတစ်ယောက်ရဲ့ သူ့ချစ်ရသူ‌အပေါ် စွန့်လွှတ်အနစ်နာခံမှုတွေ ပေးဆပ်မှုတွေကိုရိုက်ပြပြီး romanticဆန်ချက်ကတော့ straight တွေတောင်အရှုံးပေးရလောက်မဲ့ အချစ်စစ်မျိုးပါ Reiတို့ လူသတ်မှုကိုကျူးလွန်ပြီးထွက်ပြေးလွတ်မြောက်နိုင်ပါ့မလား.... ထို့အပြင်ဒီဇာတ်ကားရဲ့ ဇာတ်ဝင်ခန်းတွေမှာ cameraကို 360°ရိုက်ပြတဲ့ sceneတွေ ကိုယ်ကိုယ်တိုင်နောက်ကနေလိုက်ပြီး stalkingလုပ်ရသလိုမျိုး ခံစားရမဲ့ sceneတွေ ပါဝင်တာကြောင့် စကားနဲ့ထုတ်မပြောဘဲ မျက်လုံးတွေကနေ ခံစားချက်တွေကိုဖော်ထုတ်ပြသတာတွေကြောင့် တမူထူးခြားတဲ့ရသကို ခံစား‌ရစေမှာပါ ဒါကြောင့် Japanese dramaတွေကိုကြည့်ဖူးသူတွေကတော့ ဒီဇာတ်ကားရဲ့အဆင့်အတန်းကိုခန့်မှန်းမိလောက်မှာပါ ဒါပေမဲ့ 18+ Scenes တွေလည်း ကွက်ကွက်ကွင်းကွင်း ပါတာကြောင့် ၁၈ယောက်စုပြီးကြည့်ကြပါ မှားလို့ ..... မိသားစုနဲ့ကြည့်ရှုဖို့မသင့်တော်ပါခင်ဗျာ။ ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Dark Knight ပဲ ဖြစ်ပါတယ်။ Genre..... Drama, Romance, Thriller Quality…. 1080p | 720p | 480p File size…  2.9GB | 1.5GB | 938MB Format… mp4 Duration…. 2h 22min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Dark Knight Encoder ..... Blank

6.6 2021 142 mins
Ride or Die
The Tragedy of Macbeth
7

မင်းသားကြီး ဒန်ဇယ်ဝါရှင်တန် အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆု ရယ် အကောင်းဆုံး Cinematography ဆု အကောင်းဆုံး Production Design ဆု အော်စကာသုံးဆု ဆန်ကာတင်ဝင်နေတဲ့ ရုပ်ရှင်ကြီးတစ်ခုကို တင်ဆက်ပေးထားပါတယ်။ ရှိတ်စပီးယားရဲ့ ကမ္ဘာကျော် ပြဇာတ်ကြီးကို ပြန်လည်ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ရုပ်ရှင်ထဲမှာ မူရင်း ပြဇာတ်စကားတွေကို အသုံးပြုထားတာမို့ တိုက်ရိုက်ဘာသာပြန်ရင် အတော်ကို ဖတ်ရပြန်ရ ခက်ခဲတာမို့ စကားပြေအနေနဲ့ ဘာသာပြန်ပေးထားပါတယ်။ အကုန်လုံးမှန်မယ်လို့တော့ သေချာမပြောရဲပါဘူး။ ဒီပြဇာတ်ထဲက စာသားတွေကို ရုပ်ရှင်တွေ စာအုပ်တွေ အများကြီးမှာ ပြန်လည်ကိုးကားအသုံးပြုထားကြပါတယ်။ အဓိပ္ပါယ်ဖွင့်ဆိုထားတာတွေလည်းအများကြီးပါပဲ။ ဥပမာ V for Vendetta ရုပ်ရှင်မှာဆို I dare do all that may become a man; Who dares do more is none (ယောကျာ်းကောင်းတစ်ယောက်လုပ်ဝံ့တဲ့အရာအားလုံး ငါလုပ်ဝံ့တယ်၊ မလုပ်သင့်တာကို လုပ်ရဲတဲ့သူဟာ ယောကျာ်းကောင်းမဟုတ်ဘူး) ဆိုပြီး သုံးခဲ့တာမျိုး၊ Harry Potter မှာ "Double, double, toil and trouble, something wicked this way comes" ဆိုတဲ့ ဂါထာကို ပြန်သုံးတာမျိုး၊ Beauty and The Beast ထဲမှာ "screw their courage in the sticking place." ဆိုတာမျိုး၊ Birdman ရုပ်ရှင်ထဲမှာပြောသွားတဲ့ "Tomorrow and tomorrow and tomorrow" ဆိုတာမျိုး စသဖြင့် အများကြီးပါပဲ။ စကားလုံးလှပမှုတွေအပြင် ဇာတ်လမ်းကလည်း စံတင်လောက်အောင် ရသမြောက်ပါတယ်။ ပြဇာတ်စာသားအားလုံးမပါဘဲ ချုံ့ထားတာမို့ စိတ်ဝင်စားရင်တော့ ပြဇာတ်မူရင်းကို ရှာဖတ်ကြည့်လိုက်ပါ။ ဒီရုပ်ရှင်ထက် ပိုလှတာတွေ့ပါလိမ်မယ်။ ဇာတ်လမ်းအကျဉ်း စကော့တလန်နိုင်ငံရဲ့ ဂလမ်းစ်နယ်စား မက်က်ဘက်သ်ဟာ အင်အားကြီးလှတဲ့ ရန်သူတွေကို ရဲရဲရင့်ရင့်အနိုင်ယူခဲ့ပြီး သူ့မိတ်ဆွေဘန်ကိုနဲ့အတူ အပြန်လမ်းမှာ စုန်းမသုံးယောက်နဲ့ တွေ့ခဲ့ပါတယ်။ စုန်းမတွေက မက်က်ဘက်သ်ကို ဂလမ်းနယ်စားရာထူးအပြင် ကော်ဒေါ်နယ်စားရာထူးကိုပါ ရရုံမက ဘုရင်ဖြစ်လာလိမ့်မယ့်လို့ ဟောပြောသွားခဲ့တယ်။ သူ့သူငယ်ချင်း ဘန်ကိုကိုတော့ ဘုရင်မဖြစ်နိုင်ပေမဲ့ ဘန်ကိုရဲ့သားသမီးတွေဟာ ဘုရင်ဖြစ်လာလိမ့်မယ်လို ဟောပြောခဲ့ပါတယ်။ ဒီဟောကိန်းကြောင့် မက်က်ဘက်သ်တစ်ယောက်စိတ်ရိုင်းတွေဝင်လာပြီး မလုပ်သင့်တာတွေကို လုပ်မိလာပါတော့တယ်။ ရှိတ်စပီးယားရဲ့စကားအတိုင်း Bad deeds force you to commit more bad deeds (ဒုစရိုက်လုပ်ရပ်တွေဟာ နောက်ထပ်ဒုစရိုက်လုပ်ရပ်တွေ ထပ်လုပ်မိစေတယ်) ဆိုသလို မက်က်ဘက်သ်တစ်ယောက် မိုက်တွင်းအနက်ကြီး နက်လာတဲ့အခါ.... File size…(2 GB)/(1 GB)/(600 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:45:00 Genre...Drama, History, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr. Anderson

Action • Crime • Drama • Mystery
7 2021 105 mins
The Tragedy of Macbeth
The Guilty
7.3

IMDb rating 7.7 ရထားတဲ့ ဒိန်းမတ်ကားလေးတစ်ကား တင်ပေးလိုက်ပါတယ်။ ဒီရုပ်ရှင်က thriller အမျိုးအစားပါ သည်းထိတ်ရင်ဖိုလေး ကြည့်ရမှာပေါ့။ ဒီကားက ထူးခြားပါတယ်။ သရုပ်ဆောင် တစ်ယောက်ထဲကိုပဲ ပြသွားတာ။ ကျန်တာအားလုံးက လိုက်ပြီး စိတ်ကူးနဲ့ မြင်ယောင်ကြည့်ရတာ။ တကယ်ကို feel ပါပဲ။ ဇာတ်လမ်းအကျဉ်း ============ အက်စ်ဂါဆိုတဲ့ ရဲတစ်ယောက်ဟာ အရေးပေါ်ဖုန်းလိုင်းမှာ တာဝန်ကျနေတယ်။ သူ့ဆီကို ဆေးသမားတွေ ဓားပြတိုက်ခံရတဲ့သူ ရန်ဖြစ်တဲ့သူ ကကြိုးကကြောင် မျိုးစုံ ဖုန်းဆက်ကြတယ်။ သူက ဖြေရှင်းပေးရတယ်။ အဲဒီဖုန်းတွေကြားမှာ မိန်းမတစ်ယောက်ရဲ့ ဖုန်းသံဝင်လာခဲ့တယ်။ ဒါပေမယ့် အဲဒီမိန်းမက သူ့သမီးကိုပဲ ဖုန်းပြောနေတဲ့ပုံပဲ ဖြစ်နေတော့ ဖုန်းမှားနေတာလားဆိုပြီး ဖုန်းချတော့မလိုပဲ။ ဒါပေမယ့် ဘေးမှာ ပြန်ပေးဆွဲထားတဲ့လူရှိလို့ ဟန်ဆောင်ပြောနေတာလားဆိုတာ သံသယဝင်သွားတယ်ပေါ့။ ဒါကြောင့် yes or no မေးခွန်းတွေကို ပါးပါးနပ်နပ်မေးပြီး ရဲနဲ့သူနဲ့ အဆက်အသွယ်လုပ်ကြတယ်။ အက်စ်ဂါက သူ့လိပ်စာ၊ ပြန်ပေးသမားလိပ်စာ နောက်ကြောင်းတွေလိုက်ပြီး နီးစပ်တဲ့ ရဲကားတွေ ဌာနတွေနဲ့ ချိတ်ပြီးလိုက်ခိုင်းတယ်။ ဒီကားမှာ အခြားရဲတွေ အဓိကဇာတ်ကောင် မိန်းမ ယောက်ျား ကလေးတွေ ဘာကိုမှ မပြသွားပါဘူး။ အက်စ်ဂါရဲ့ ဖုန်းထဲက အမေးအဖြေတွေ အသံတွေအစုံပြပြီး ပရိသတ်ကို ကိုယ်တိုင် မျက်စိနဲ့ လိုက်မြင်ယောင် ခံစားအောင် ဆွဲဆောင်သွားတာပါ။ မထင်ထားတဲ့ လှည့်ကွက်တွေနဲ့ ရင်တုန်စရာ ကောင်းအောင် ရိုက်ပြထားပါတယ်။ တကယ်တမ်းပြောရရင် ဒီလို ဇာတ်ညွှန်းမျိုးကို မြန်မာတွေသာ စဉ်းစားမိခဲ့တဲံလူရှိရင် ကောင်းကောင်းရိုက်နိုင်ပါတယ်။ အသံတွေ ဖမ်းဖို့နဲ့ လူတစ်ယောက် ရုံးခန်းတစ်ခုပဲ လိုသလောက်ရှိမှာပါ။ ဒါပေမယ့်ပေါ့လေ မပြောတော့ပါဘူး အာလည်းပေါက်လှပါပြီ။ ဒိန်းမတ်ကားလေးပဲ စိတ်ချမ်းသာအောင် ကြည့်ကြပါတော့။ Quality          :     Bluray rip Duration       :     1 hr 25 min Translator     :     Littleneo Encoder         :     Than Htike Zaw

Action • Crime • Mystery
7.3 2018 86 mins
The Guilty
The Master Plan
7.2

မိဘမဲ့ ငယ်သူငယ်ချင်း ကောင်လေး၂ယောက်ရှိလေသည်…မာကိုတိုနဲ့ ကီဒါ.. သူတို့ရဲ့ ကမ္ဘာငယ်လေးထဲကို နောက်ထပ်မိဘမဲ့ ကောင်မလေးတစ်ယောက် ယို့ချီ ဝင်ရောက်လာပြီး အချစ်ဆုံးသူငယ်ချင်းတွေ ဖြစ်ခဲ့ကြတယ် ကျောင်းပြီးတော့ မင်းသား ၂ယောက်က ကားဝပ်ရှေ့တစ်ခုမှာ အတူဝင်လုပ်ကြတယ် တစ်နေ့မှာ ကားဝပ်ရှော့မှာ ခွေးတိုက်မိလို့ ကားလာပြင်တဲ့ မင်းသမီးချော လီဆာလေးကို မာကိုတိုတစ်ယောက်စွဲလမ်းသွားချိန်မှာတော့… မာကိုတိုတစ်ယောက် ဂုဏ်အဆင့်အတန်း ​ဩဇာ ငွေကြေး အရာရာမှာမိုးနဲ့မြေလို ကွာနေတာမို့ အောက်လမ်းနည်းတွေနဲ့ ကြိုးစားရုန်းကန်ခဲ့တယ် အချစ်ဆုံးသူငယ်ချင်း ကီဒါကလည်း မြေအောက်ဂိုဏ်းဝင်တစ်ယောက် အဖြစ်ခံပြီး မာကိုတိုရဲ့ ခရစ္စမတ် အကြိုညမှာလုပ်မယ့် လက်ထပ်ခွင့်အစီအစဥ်ကြီးကို တစ်စိုက်မတ်မတ် ပါဝင်ကူညီခဲ့တယ် ဆယ်နှစ်ကြာသွားချိန်မှာတော့ စီစဥ်ထားတဲ့ညဟာ ရောက်ရှိလို့လာခဲ့တယ် သူတို့ရဲ့ သူငယ်ချင်းမလေး ယို့ချီဟာ ဘယ်နေရာကိုရောက်နေလဲ ဘာဖြစ်လို့ မာကိုတိုကရော လီဆာကို တန်းတန်းစွဲဖြစ်နေရသလဲဆိုတာ plot twist အကြီးစားလေးနဲ့ ကြည့်ရှုခံစား ကြေကွဲရမှာဖြစ်ပါကြောင်း… ဒီဇာတ်ကားလေးမှာ သူငယ်ချင်းတွေရဲ့ချစ်ခြင်း မေတ္တာနဲ့ ၃ပွင့်ဆိုင် ချစ်ဇာတ်လမ်းလေး ခေါင်းစဉ်အတိုင်း သူငယ်ချင်း၃ယောက်ရဲ့ ကမ္ဘာငယ်လေး ဘယ်ပုံဘယ်နည်းနဲ့ ပျက်သုဉ်းသွားရလဲဆိုတာကို ကြည်နူးဖွယ် ဝမ်းနည်းဖွယ် ကြည့်ရှုရမှာမို့ တစ်ရှူးလေးတော့ ဆောင်ထားကြပါလို့… ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Mugiwara Ya ပါ ) File Size__(1.5GB) / (650MB) Quality__WEB-DL_1080p, 720p IMDb Rating__7.2/10 Format__mp4 Duration__01:41:00 Type__Drama Subtitle__Myanmar Subtitle (Hardsub) Translated by Mugiwara Ya Encoded by Naing Aung Latt

Drama • Horror • Science Fiction • Thriller
7.2 2021
The Master Plan
Young Guns
6.8

Young Guns (1988) ကြမ်းကြမ်းရမ်းရမ်း ကောင်းဘွိုင်ကား အနောက်ပိုင်းကား ကြိုက်တဲ့လူတွေအတွက် အလန်းစားရုပ်ရှင်လို့ ပြောလို့ရပါတယ်။ Billy the Kid လို့ခေါ်တဲ့ နာမည်ကြီး ဝရမ်းပြေး သေနတ်သမားအကြောင်း ဖြစ်ရပ်မှန်ကို ပုံစံသစ်နဲ့ ပြန်ပြောင်းပြောပြထားတဲ့ ဇာတ်လမ်းလည်းဟုတ်တယ်။ သူက အသက် ၂၁ မှာသေသွားပေမဲ့ သူမသေခင် ခပ်ငယ်ငယ်မှာတင် လူ ၂၁ ယောက်ကို သတ်ခဲ့တယ်လို့ တစ်ချို့ကပြောကြတယ်။ နယူးမက္ကစီကိုမှာဖြစ်ခဲ့တဲ့ လင်ကွန်းကောင်တီဝါးကိစ္စမှာလည်း လူသုံးယောက်သတ်ခဲ့တယ်ပြောကြတယ်။ ဒီကားကလည်း အဲဒီလင်ကွန်းကောင်တီဝါးမှာဖြစ်ခဲ့တဲ့ကိစ္စကိုပဲ ရိုက်ပြထားတာ။ Young Guns ဟာ Billy the Kid အကြောင်းရိုက်ထားတဲ့အထဲက သမိုင်းအချက်အလက်နဲ့ အကိုက်ဆုံးရုပ်ရှင်လို့လည်း ပြောကြတယ်။ ကားနာမည်နဲ့လိုက်အောင်ပဲ ဒီကားထဲက သေနတ်သမားတွေအကုန်လုံးဟာ အသက် ၂၀ အောက် ဖိုက်တာတွေချည်းပါပဲ။ ဒီရုပ်ရှင်က ၂ထွက်ထားသလို ၃လည်းလာဖို့ရှိပါတယ်။ ၁၈၇၈ နယူးမက္ကစီကိုမှာ ဂျွန်လို့ခေါ်တဲ့လူက လမ်းဘေးက အလေနတောသေနတ်သမားလေးတွေကိုခေါ် ပြီး သူ့ခြံမှာအလုပ်ပေးထားတယ်။ သူက ခိုင်းစားရုံမဟုတ်ဘဲ စာဖတ်ဘာညာပါသင်ပေးပြီး စာတတ်ပေတတ် သေနတ်သမားလေးတွေဖြစ်လာအောင် လုပ်ပေးခဲ့တယ်။ အဲဒီအချိန် အဲဒီနေရာမှာ သူ့ပြိုင်ဘက် ပိုအင်အားကြီးတဲ့ မာဖီလို့ခေါ်တဲ့ ခြံရှင်တစ်ပွေရှိသေးတယ်။ သူက ဂျွန်ကို မျက်စိစပါးမွှေးဆူးနေတယ်။ ဆူးဆို စီးပွားပြိုင်ဘက်ကိုး။ ပင်လယ်ရေဆိုတာ ခပ်သောက်မကုန်ပေမဲ့ ကမ်းစပ်မှာ ဆားချက်ပြီးရောင်းရင်တော့ သူ့ဆားနဲ့ကိုယ့်ဆား ပြိုင်ရောင်းရမှာကိုး။ ပြိုင်ဘက်မရှိတာ အကောင်းဆုံးပဲဆိုတော့ မာဖီ့လူတွေက ဂျွန့်ကိုသတ်ချလိုက်တယ်။ ဒီကားက အနောက်ပိုင်းတရားလက်လွန်မဖြစ်သေးခင်ကနေ ဘာလို့ ဒီလိုဖြစ်သွားလဲဆိုတဲ့ အချက်ကို ပါးပါးလေးပုတ်ထားတာဆိုတော့ တရားဥပဒေနည်းနည်းပိုပါသေးတယ်။ တရားသူကြီးတစ်ပွေရှိတယ်။ ဝီလ်ဆန်တဲ့။ မာဖီ့ဘက်မှာ ရဲမှူးကရှိနေတော့ တရားသူကြီးလည်း ဒီအမှုကိုဘာမှလုပ်မရဘူး။ ရှေ့နေက တရားသူကြီးကို မဟုတ်တမ်းတရမ်း အကြံပေးတယ်။ အဆိပ်ကို အဆိပ်နဲ့ပဲတိုက် ဆရာ… လူမိုက်တွေကိုရှင်းဖို့ လူမိုက်တွေကို လိုတယ်ဆိုပြီး ဂျွန်လက်သပ်မွေးထားတဲ့ ၂၀ မပြည့်သေးတဲ့ သေနတ်သမား စောက်ကလေးတွေကို ဝရမ်းပေးပြီး ကြည့်ရှင်းခိုင်းလိုက်တယ်။ ဟိုကလည်း ဖမ်းသွားပါဆိုပြီး အဖမ်းမခံတော့ ဆော်ကြပစ်ကြနဲ့ ဘီလီသောက်ကလေးဆိုပြီးဖြစ်လာမယ့်ဘဲက ဖမ်းရမယ့်ကောင်တွေကို ပစ်သတ်ချလိုက်တယ်။ အဲဒီနောက် သူတို့နာမည်ကြီးလာရော။ ဒါပေမဲ့ သူတို့ကို စစ်တပ်ကရော မာဖီ့လူတွေကရော လိုက်ဖမ်းကြတဲ့အခါမှာတော့… Billy the Kid အဖြစ် The Breakfast Club တို့၊ The Outsiders တို့လို ဂန္ထဝင် Coming of Age ရုပ်ရှင်တွေက သရုပ်ဆောင် Emilio Estevez က သရုပ်ဆောင်ထားပါတယ်။ 3 အနေနဲ့လာမယ့်ကားထဲမှာတော့ Billy the Kid နေရာဟာ ခုလတ်တလော ရုပ်ရှင်ပရိသတ်တွေအကြိုက် မင်းသားတစ်လက်ဖြစ်တဲ့ Barry Keoghan ဖြစ်ပါလိမ့်မယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 880MB Quality – 1080p, 720p IMDb Rating – 6.8/10 Format – mp4 Duration – 1H 47Min Genre – Action, Drama, Western Subtitle – Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

6.8 1988 107 mins
Young Guns
The Tunnel
5.8

ဒီတစ်ခါတင်ဆက်ပေးမဲ့ဇာတ်ကားလေးကတော့ Imdb 5.8ရရှိထားတဲ့ The Tunnelဆိုတဲ့ Horror, Thriller ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ Natasha Warnerဟာ Sydneyမြို့မှာနေတဲ့ သတင်းထောက်တစ်ယောက်ပါ။ တစ်နေ့မှာ အစိုးရဟာ Sydneyမြို့ရဲ့ မြေအောက်ဥမင်တွေအတွက် စီမံကိန်းတွေဆွဲပြီး လုပ်ဆောင်ချက်တွေကြေငြာပြီးမှ အမျိုးအမည်မသိအကြောင်းတစ်ခုခုကြောင့် ထိုအစီအစဉ်တွေအားလုံးကို ချက်ခြင်းဖျက်သိမ်းခဲ့ပါတယ်။ အစိုးရဟာ ဘာကြောင့်အဲဒီလိုလုပ်ခဲ့လဲဆိုတာကို Natashaဟာ အရမ်းသိချင်တဲ့အတွက် သူမရဲ့ အဖွဲ့နဲ့အတူတူ မြေအောက်ဥမင်တွေထဲကို အရဲစွန့်သွားဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ဘာအကြောင်းကြောင့် အစိုးရဟာ ထိုအစီအစဉ်တွေဖျက်သိမ်းခဲ့သလဲ၊ Natashaတို့ရော မြေအောက်ဥမင်တွေထဲမှာ ဘာတွေနဲ့တွေ့ရမလဲဆိုတာကို ထိတ်လန့်ဖွယ်ရာရိုက်ကူးထားတဲ့ ကားကောင်းတစ်ကားဖြစ်သောကြောင့် Horror, Thriller fanတွေ လက်မလွှတ်တမ်းကြည့်သင့်‌ကြောင်းပြောလိုက်ရပါတယ်ခင်ဗျာ Translated by Yurnero File size…(1.6 GB)/(877 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre… Horror, Thriller, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Yurnero

5.8 2011
The Tunnel
Taken In Montana

ဒီဇာတ်ကားလေးကတော့ မိသားစုအပန်းဖြေခရီးထွက်ရာကနေ အဖြစ်ဆိုးတွေကြုံတွေ့ခဲ့ရတဲ့ မိသားစုအကြောင်းကိုရိုက်ကူးထားတာဖြစ်ပါတယ် ခရေ့နဲ့ သူ့မိန်းမဖြစ်သူ ဆယ်ရာဟာ အလုပ်ကိုယ်စီရှုပ်နေကြသူမို့ မိသားစုအတွက် အချိန်ကောင်းကောင်းမပေးနိုင်ကြသူတွေပါ အဲ့ဒါကို အဆင်ပြေစေဖို့ သူတို့ဟာ သမီးဖြစ်သူ ရေဂန်နဲ့အတူ မိသားစုခရီးလေး‌ထွက်ခဲ့ကြပါတယ် နောက်တစ်နေ့ နံနက်မှာတော့ ရေဂန်ဟာ သူ့မိဘတွေ ပျောက်သွားတာကို လိုက်ရှာနေခဲ့ပါတယ် သူဟာ သူတို့တည်းခိုနေတဲ့ ခြံပိုင်ရှင်ဖြစ်သူ သူ့အဖေရဲ့သူငယ်ချင်းဟောင်း ဂျက်ဆင်ကို အကူအညီတောင်းပြီး မိဘတွေကို အသည်းအသန်လိုက်ရှာပါတော့တယ် ဒါပေမဲ့ သူ့မိဘတွေက ဘယ်ရောက်သွားတာလဲ သူ့အဖေနဲ့ ခြံပိုင်ရှင်ကြားက ဆက်ဆံရေးကရော ဘာလဲ ရေဂန်တစ်‌ယောက် သူ့မိဘတွေကို ပြန်ရှာတွေ့မှာလားဆိုတာကတော့ ကြည့်ရှုလိုက်ကြပါဦးခင်ဗျာ File size…(1.5 GB)/(700 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:27:00 Genre…Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ban

Drama
0 2023
Taken In Montana
Goodbye Mr. Loser
6.7

ဒီကား​လေးဟာ imdb6.7ရရှိထားပြီးChinese box officeမှာ $228millionအထိဝင် ငွေရရှိ​ထားတဲ့ဇာတ်​ကား​ကောင်​း​လေးတစ်​ကားဖြစ်​ပါတယ်​.. ဇာတ်​လမ်​းအကျဉ်​း​လေးက​တော့ရှ​လော့ဟာ​တေး​ရေးအဆို​ကျော်​ဖြစ်​ချင်​​နေ​ပေမယ်​့ မ​အောင်​မြင်​နိုင်​ပဲ အမြဲကျရှုံး​နေရသူပါ…တစ်​​နေ့မှာသူငယ်​စဉ်​ကcrushခဲ့ရတဲ့ ​ကျောင်​းရဲ့အလှဘုရင်​မ​လေးချုံးယာမင်္ဂလာ​ဆောင်​ကိုစမတ်​ကျကျနဲ့ ဟန်​​ဆောင်​ပြီးသွားရာက​နေ​ မင်္ဂလာပွဲမှာဘယ်​​လို​တွေရှုပ်​ယှက်​ခတ်​ကုန်​မလဲ.. သူ့မိန်​းမ မာတုန်​းမိန်​လို်က်လာပြီးအရှက်​​တွေကွဲပြီးထွက်​​ပြေးရာက​နေ 1990ခုနစ်​ သူ့ရဲ့အထက်​တန်​း​ကျောင်​းသားဘဝကို အမှတ်​မထင်​အချိန်​ခရီးသွားပြီး ပြန်​လည်​​ရောက်​ရှိသွားပါ​တော့တယ်​… ဒီလိုနဲ့ သူ မပိုင်​ဆိုင်​နိုင်​ခဲ့တဲ့အချစ်​နဲ့ ​အောင်​မြင်​မှု​တွေကို ရယူနိုင်​ဖို့ကြိုးစားပါ​တော့တယ်​… ရာစုနှစ်​၂စု​လောက်​​နောက်​ကျပြီးမှထွက်​လာမယ်​့အဆို​ကျော်​​တွေရဲ့သီချင်​း​တွေကို Copyလုပ်​ပြီး​အောင်​မြင်​​ကျော်​ကြားလာပါ​တော့တယ်​….. သူလိုချင်​တဲ့​အောင်​မြင်​မှု​တွေနဲ့ချုံးယာကိုပိုင်​ဆိုင်​ခဲ့ရ​ပေမယ်​့ ဒါကသူလိုချင်​တဲ့ဘဝမျိုးဖြစ်​ရဲ့လား…သူ့နှလုံးသားထဲမှာရှိ​နေတဲ့ မိန်​းက​လေးဟာတစ်​စုံတစ်​​ယောက်​လို့သိလိုက်​ရချိန်​မှာ​တော့.. ဇာတ်​ကားတစ်​ခုလုံးကိုစိတ်​ဝင်​စားဖွယ်​ကြည်​့ရှုရမှာဖြစ်​ပါတယ်​.. ဒီဇာတ်​ကား​လေးကြည်​့ပြီးရင်​​တော့ ကိုယ်​မပိုင်​ဆိုင်​ခဲ့ရတဲ့ဘဝ​တွေကိုတမ်​းတ​နေမဲ့အစား ကိုယ်​့​ဘေးမှာ ဆိုးတူ​ကောင်​းဖက်​ရှိ​နေ​ပေးတဲ့သူကို မြင်​နိုင်​ပြီးတန်​ဖိုးထား​ရမယ်​ဆိုတာသိလာမိပါတယ်​….

6.7 2015 104 mins
Goodbye Mr. Loser
Mannequin
6

(function(f,b,n,j,x,e){})(); ဂျိုနာသန်ဆွစ်ချာဟာ သူ့ရဲနမော်နမဲ့ နိုင်မှုတွေကြောင့် အလုပ်တွေမကြာခဏပြောင်းရလေ့ရှိတဲ့ အနုပညာဝါသနာရှင် လူငယ်လေးတစ်ယောက်။ သူ ပထမဆုံးဒီဇိုင်းထွင်ခဲ့ စွဲလန်းခဲ့တဲ့ အရုပ်ကလေးတစ်ရုပ်ကို နောက်ဆုံး သူအလုပ်ရတဲ့ စတိုးဆိုင်မှာ ပြန်တွေ့ရတဲ့ အချိန် အဲ့ဒီအရုပ်မလေးက နှစ်ယောက်တည်းရှိတဲ့အချိန် အသက်ဝင်လာခဲ့ပြီး သူ့ကိုယ်သူ အမ်မာ လို့ မိတ်ဆက်လာခဲ့ပါတယ်။ အမ်မာကလဲ အီဂျစ်ခေတ်သူတစ်ဦး။ မိဘက သဘောတူတဲ့သူနဲ့ မယူနိုင်ရာကနေ ကျိန်စာသင့်ပြီး ခေတ်တွေ တစ်ခေတ်ပြီး တစ်ခေတ်ဖြတ်သန်းလာရင်း အခုချိန်ထိ သူချစ်နိုင်မယ့်သူကိုရှာဖွေနေဆဲသူတစ်ယောက်။ . ဂျိနာသန်ဆိုတဲ့သူဟာ ဘယ်တုန်းကမှ အောင်မြင်မယ့်သူ တစ်ယောက်ဖြစ်လာမှာမဟုတ်ဘူးလို့ ယူဆပြီး အဆက်အသွယ်ဖြတ်သွားတဲ့ သူ့ချစ်သူတင်မက သူ့ကိုအမြဲတမ်းအထင်သေးခဲ့တဲ့ ပြိုင်ဘက် နာမည်ကျော် စတိုးဆိုင်က ပိုင်ရှင်တွေပါ အံ့သြသင့်ရတဲ့အထိ ပြူတင်းပေါက်ပြခန်း အလှဆင်ခင်းကျင်းသူအဖြစ် အကြီးအကျယ်အောင်မြင်လာတဲ့အခါ..။ သူ့အောင်မြင်မှုတွေရဲ့ နောက်ကွယ်ကလျှို့ဝှက်ချက်က ဘာလဲ? ဘယ်သူကမှ ဆေးဖော်ကြောဖက်မလုပ်ခဲ့တဲ့ ကောင်လေးတစ်ယောက်ကို ပံ့ပိုးကူညီခဲ့ကြသူတွေက ဘယ်သူတွေဖြစ်မလဲ? အစစအရာရာ အဆင်ပြေချောမွေ့နေပြီလို့ပြောလို့ရတဲ့ အချစ်ဇာတ်လမ်းမှာဖြစ်ပေါ်လာမယ့် ဆူးညှောင့်ခလုတ်တွေရယ်။ လူစင်စစ် မဟုတ်တဲ့ သူချစ်ကျွမ်းဝင်မိတဲ့ အရုပ်မလေးနဲ့ ဘယ်လိုပေါင်းဖက်ကြမလဲ? . Mannequin ဟာ ဝေဖန်ရေးဆရာတွေက သိပ်အကောင်းမပြောကြပေမယ့်လဲ Cult Classic ဖြစ်တဲ့အထိအောင်မြင်ခဲ့တဲ့ ချစ်စရာ အချစ် ဟာသဇာတ်လမ်းလေး တစ်ပုဒ်ပါ။ အဲ့ဒီခေတ်ကာလရဲ့ ခေတ်ပေါ် ရောင်စုံဖက်ရှင်တွေ ပေါ့ပ်သီချင်းတွေ ပေါ့ပါးတဲ့ဟာသတွေ ချောချောငယ်ငယ် ခေါင်းဆောင်မင်းသားမင်းသမီးနှစ်ယောက်ရဲ့ ဦးဆောင်မှုတွေနဲ့ ဇာတ်လမ်းဟာ အစကနေအဆုံးထိ မြူးပြီးသွက်ပါတယ်။ မြန်မာပြည်က 90s kids တွေအတွက် လဲပြန်ကြည့်မိရင်ငယ်ဘဝကိုသတိရစေမယ့်အချစ်ဟာသဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်သလို ပိုစတာကိုမြင်ရုံနဲ့ အဲ့ဒီခေတ်က ဗီဒီယိုအခွေဆိုင်အယ်လ်ဘမ်လေးတွေကို ပြန်အမှတ်ရစေမှာပါ။

6 1987
Mannequin
Free Willy
6

ငယ်ငယ်ရွယ်ရွယ်နဲ့ အမေက စွန့်ပစ်သွားလို့ ပေတေလေလွင့်နေတဲ့ ၁၂ သားလေး ဂျက်စီ … သူ့အုပ်စုထဲကနေ အဖမ်းခံလိုက်ရပြီး အပြစားခံထားရတဲ့ ၃တန်လောက်ကြီးတဲ့ ဝေလငါးကြီး ဝီလီ .. သူတို့ကြားက ချည်နှောင်မိသွားတဲ့ ယုံကြည်မှုတစ်ခုရယ်.. ဖွင့်ဖြစ်ခဲ့ကြတဲ့ စွန့်စားခန်းတစ်ခုရယ်ဟာ ဟောဒီ့ Free Willy ဆိုတဲ့ ရုပ်ရှင်ကားပဲဖြစ်ပါတယ်။ Adventure genre ထဲ ပါတာမို့ ဇာတ်ကားအကြောင်းကိုတော့ ဒီ့ထက်ပိုပြောတော့ပါဘူး။ အဲ့ဒီ့အစား ဒီကားထဲက ဝီလီ့နေရာမှာ သုံးသွားခဲ့တဲ့ ခဲကို (keiko)ဆိုတဲ့ ဝေလငါးကြီးအကြာင်းကို ပြောပြချင်ပါတယ်။ ဘာလို့ဆို Free Willy ဟာ ၃ကား ထွက်ခဲ့တာဖြစ်ပေမယ့် Keiko သရုပ်ဆောင်ခဲ့တာက ဒီတစ်ကားထဲမို့လို့ပါ။ ဒီရုပ်ရှင်ထွက်လာပြီးတဲ့နောက်မှာ လူထုဟာ Keiko ရဲ့ နေထိုင်မှုအခြေအနေကို အာရုံစိုက်မိလာကြပါတယ်။ ဝေလငါးကြီးတစ်ကောင်အဖို့ သူ့အရွယ်နဲ့ မမျှတဲ့ ကန်ထဲမှာ နေ,နေရတာ၊ ကလိုရင်းတွေပါတဲ့ ဆားငန်ရေအတုနဲ့ နေရတာတွေကြောင့် Keiko ဟာ ခုခံအားစနစ် အားနည်းပြီး သူ့ရဲ့ ဆူးတောင်တွေတဝိုက်မှာ အရေပြားရောဂါ ခံစားနေရတာပဲဖြစ်ပါတယ်။ ဒီရုပ်ရှင်ကြောင့်မို့ Keiko ကို ပြန်လွှတ်ပေးဖို့ဆိုတဲ့ ကြိုးပမ်းမှုတွေ ကြီးကြီးမားမားပေါ်လာခဲ့ပါတယ်။ အဲ့ဒီလိုနဲ့ ရုပ်ရှင်ထွက်ပြီး ၃နှစ်အကြာ ၁၉၉၆ မှာတော့ ဝေလငါးကြီး Keiko ကို မက္ကဆီကိုကနေ အော်ရီဂွန်ကို ပြောင်းရွှေ့ပေးခဲ့ကြပြီး အော်ရီဂိုကမ်းခြေငါးပြတိုက်မှာ သူ့အတွက် အထူးသီးသန့်ပြုလပ်ထားတဲ့ ကန်ကြီးထဲမှာ နေစေခဲ့ပါတယ်။ Keiko ဟာ သက်သာလာခဲ့ပြီး ၂၀၀၂ ခုနှစ်မှာတော့ ၂၂ နှစ်ကြာ လှောင်ပိတ်ခံခဲ့ရာကနေ သဘာဝထဲကို ပြန်လည်ရောက်ရှိခဲ့ပါတယ်။ ဒါပေမဲ့ စိတ်မကောင်းစွာနဲ့ပဲ သဘာဝနဲ့ အသားမကျတော့တဲ့ Keikoဟာ ၂၀၀၃ ခုနှစ်မှာ သေဆုံးခဲ့ပါတယ်။ File size… 2.5 GB / 1.4 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 52m Genre ….. Family/Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Z

Horror • Science Fiction • Thriller
6 1993
Free Willy
Werewolf Game
4

Werewolf Game (2025) Mafia , Among us တို့လို mind game တွေကို ဆော့ဖူးကြလား? ဒီဇာတ်ကားလေးက မာဖီးယားဂိမ်းလို ခပ်ဆင်ဆင် Werewolf Game ဆိုတဲ့ ကစားပွဲကို လူ့အသက်နဲ့ရင်းပြီး ဆော့ကစားရတဲ့ လူ၁၂ယောက်ရဲ့ဘဝပုံစံကို ဖန်တီးပုံဖော်ထားတာဖြစ်ပါတယ်။ လူ၁၂ယောက်ကို ပြန်ပေးဆွဲပြီး ‌အခန်းတစ်ခုထဲမှာ ထားစေကာ Werewolf Game ကို ဆော့ကစားစေခဲ့တယ်။ အနိုင်ရရှိသူက ‌လတိုင်း ဒေါ်လာသန်းပေါင်းများစွာ ရရှိမှာဖြစ်သလို ရှုံးနိမ့်သူတွေက အသတ်ခံရမှာဖြစ်ပါတယ်။ ၁၂ယောက်ထဲမှာ ဝံပုလွေ ၃ ကောင်ပါဝင်ပြီး ညတိုင်း ဝ‌ံပုလွေတွေက ကျန်သူတွေထဲကတစ်ယောက်ကို အမဲလိုက်သတ်ဖြတ်ရပါတယ်။ ဘယ်သူတွေက ဝံပုလွေတွေဖြစ်မလဲဆိုတာကို မသိရဘဲ တစ်ယောက်နဲ့တစ်ယောက် သံသယတွေ၊ ယုံကြည်မှုတွေ၊ အပြစ်မဲ့တဲ့သူတွေရဲ့ညှင်းပန်းသတ်ဖြတ်ခံရမှုတွေ၊ လူတွေရဲ့ကြောက်စိတ်၊ အတ္တ၊ လောဘ စတာတွေကို ပေါ်လွင်အောင် ဖန်တီးတင်ဆက်ထားတဲ့ ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာ horror နဲ့ thriller genre ထဲက psychological suspense ကိုအဓိကထားတဲ့ကားဖြစ်တာကြောင့် Horror ဇာတ်ကားကြိုက်နှစ်သက်သူများအတွက် ကြည့်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Su Mon ဖြစ်ပါတယ်။) File size… (1.6 GB) / (780 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Horror Duration…. 01:37:21 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Su Mon

Drama • Comedy • Romance
4 2025 96 mins
Werewolf Game