YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Thank You Doctor E16 (1080p) CM.mp4

454.54 MB N/A video/mp4 52 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Kindred
6.5

ဟယ်လင် တာလစ်တ်ဟာ အက်ဆီးဒင့်တစ်ခုကြောင့် ဆေးရုံပေါ်မှာ တစ်နှစ်လောက် ကိုမာဝင်နေရာကနေ မှတ်ဉာဏ် တချို့တစ်ဝက်နဲ့ သတိပြန်ရလာပါတယ်။ ဟယ်လင် သတိပြန်ရလာတဲ့အချိန်မှာ ကိုမာ ဝင်နေရင်း ကလေးမွေးနိုင်တဲ့ တတိယမြောက် အမျိုးသမီး အဖြစ် မှတ်တမ်းဝင်နေပြီး လသားအရွယ် သမီးလေးတစ်ယောက်က သူ့ကို စောင့်ကြိုနေပါတယ်။ ဟယ်လင်ရဲ့ ခေါင်းထဲမှာ စွဲနေတာက အက်ဆီးဒင့် မဖြစ်ခင်လေးမှာ သူ့မျက်စိရှေ့မှာ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတဲ့ သူ့အဖေ ရော ဘတ် ဖြစ်ပြီးတော့ ဘာလို့ သတ်သေခဲ့ရလဲ ဆိုတာကို နားမလည်နိုင် ဖြစ်နေပါတယ်။ ဆေးရုံက ဆင်းပြီး သူ့အဖေနေခဲ့တဲ့ အိမ်ကို ပြောင်း လာတဲ့ အခါမှာတော့ ဟယ်လင်တစ်ယောက် ၅ နှစ်ကနေ ၉ နှစ်ကြား ကလေးဝိဉာဉ်တွေကို မကြာမကြာ မြင်လာရပါတော့တယ်။ ကလေး ဝိဉာဉ်တွေကနေတစ်ဆင့် လွန်ခဲ့တဲ့ အနှစ် ၃၀ လောက်က ဖြစ်ခဲ့တဲ့ လူသတ်မှုတွေ အကြောင်း သိရှိလာရပြီး အဲဒီဖြစ်ရပ်ဆိုးကြီးက သူ့ အဖေ ရောဘတ်နဲ့ ဘယ်လိုတွေ ပတ်သက်နေလဲ၊ ဟယ်လင်ရဲ့ သမီး လေးဆီကို ဘယ်လိုအန္တရာယ်မျိုးတွေ ကျရောက်လာမလဲ ဆိုတာကို တော့ ကိုယ်တိုင်ပဲကြည့်ရှူလိုက်ကြပါ။ ဟယ်လင်အဖြစ် Horror fan တွေနဲ့ မစိမ်းလှတဲ့ မင်းသမီး April Pearson က သရုပ်ဆောင်ထားပါတယ်။ Horror fan စစ်စစ်တွေ ကတော့ “Mystery ပိုဆန်ပြီး Horror vibe အပြည့်အဝ မခံစားရတဲ့ ဇာတ်ကား”လို့ ဝေဖန်ထားကြပေမဲ့ ဇာတ်လမ်းဇာတ်ကွက်ကောင်းပြီး ထင်မထားတဲ့ plot twist တွေလည်း ပါတာကြောင့် ကြည့်ပျော်တဲ့ ဇာတ်ကားမျိုးပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Roman Nox ဖြစ်ပါတယ်) File Size..........(970 MB) / (400 MB) Quality............WEB-RIP 1080p / 720p Duration.........1Hr 34Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Thriller, Mystery Translator.......Roman Nox Encoder..........SWM

Comedy • Drama
6.5 2021 94 mins
The Kindred
Hunger
7.3

ဒီဇာတ်ကားဟာ ၁၉၈၁ခုနှစ်က အိုင်ယာလန်တောင်ပိုင်း Mazeအကျဉ်းထောင်မှာ Irish Republicanခေါင်းဆောင်တစ်ဦးဖြစ်သူ Bobby Sands အစာငတ်ခံဆန္ဒပြခဲ့တဲ့အကြောင်းရိုက်ကူးတင်ဆက်ထားတာပါ။ ဘာကြောင့်ဒီလို ဆန္ဒပြပွဲတွေဖြစ်လာရသလဲဆိုတော့ ၁၉၇၂ခုနှစ်မှာ အိုင်ယာလန်မှာ နိုင်ငံရေးအကျဉ်းသားတွေဟာဆိုရင် ရာဇဝတ်သားတွေလို ထောင်ဝတ်စုံဝတ်စရာမလို၊ အလုပ်ကြမ်းလုပ်စရာမလို၊ ကိုယ်ပိုင်အဝတ်ဝတ်ဆင်ခွင့်ရှိပြီး တစ်ပတ်တစ်ခါဧည့်တွေ့ခွင့်၊ အစားအစာလက်ခံခွင့်တွေ၊ ထောင်ကန်တင်းမှာပဲ ကိုယ်ပိုင်ပိုက်ဆံနဲ့ဝယ်စားခွင့် စတဲ့နိုင်ငံရေးအခွင့်အရေးတွေရှိကြောင်း ပြဌာန်းခဲ့ပါတယ်။ ဒါပေမယ့်လည်း ၁၉၇၆ခုနှစ်မှာ ဗြိတိသျှအစိုးရဟာ ဒီနိုင်ငံ‌ရေးခံစားခွင့်တွေပိတ်သိမ်းလိုက်ပြီး နိုင်ငံရေးအကျဥ်းသားတွေကို ရာဇဝတ်သားတွေလိုဆက်ဆံပါတော့တယ်။ ဒါကိုလက်မခံနိုင်တဲ့ ထောင်ကျနေတဲ့ IRA(Irish Republican Army)တပ်ဖွဲ့ဝင်တွေဟာ နည်းမျိုးစုံသုံးပြီး သပိတ်ကိုစတင်ခဲ့ပါတယ်... ဖြစ်ရပ်မှန်ဖြစ်တဲ့အပြင် ကြမ်းတမ်းရက်စက်တာတွေကို ထင်သာ မြင်သာအောင်ရိုက်ပြထားတဲ့ Biography ကားကောင်းမို့ ခံစားကြည့်ကြပါဦး... Bobby Sandsနေရာမှာတော့ X-menထဲက Magnetoမင်းသားကြီးMichael Fassbenderသရုပ်ဆောင်ထားပါတယ်ဗျ။ File Size :(2.4GB) and (948MB) Quality : Web-Dl1080p, 720p Format…mp4 Duration…01:36:00 Genre : Biography, Drama, Crime Subtitle : Myanmar Subtitle (Hard Sub) Translated by Eric Encoded by Phyo Pyae

Drama • Romance
7.3 2008 96 mins
Hunger
All Eyes
5.5

Podcast ကနေ သရဲဇာတ်လမ်းတွေ သည်းထိတ်ရင်ဖို ဇာတ်လမ်းတွေကို အင်တာဗျူးတဲ့ ဘဲတစ်ပွေရှိတယ်။ တစ်နေ့ သူ့အစီအစဉ်မှာ နောက်ယောင်ခံလိုက်ခံနေရတယ်လို့ သူ့ကိုယ်သူထင်နေတဲ့ လူတစ်ယောက်ကို အင်တာဗျူးရင်း အဲဒီလူက သူ့ကိုနောက်ယောင်ခံလိုက်နေတဲ့သူကို မိထားပြီ သတ်ပစ်မယ်ဆိုပြီး ကောက်လုပ်တယ်။ တကယ်လည်း သတ်ပစ်တော့ သူ့ကြောင့်ဖြစ်တာပါဆိုပြီး အလုပ်ပြုတ်သွားတယ်။ ဒီလိုနဲ့ သူ့အစီအစဉ်ကိုပြန်စဖို့ အကောင်းဆုံးဇာတ်လမ်းတစ်ပုဒ်ကိုရှာဖို့ဖြစ်လာတယ်။ အဲဒီအချိန်မှာ သူ့ဆီပို့ထားတဲ့ စာတစ်စောင်ကိုဖတ်ဖြစ်သွားတယ်။ ဒေါ်လာ၂သောင်းခွဲတန် ချက်လက်မှတ်ပေးပြီး အကောင်ကြီးတစ်ကောင်ကို သတ်တာကို လာကြည့်ဖို့ ဖိတ်တဲ့အဘိုးကြီးတစ်ယောက်ရဲ့စာပေါ့။ အဲဒီအကောင်ကြီးဟာ တစ်ကိုယ်လုံးမျက်လုံးတွေနဲ့ ပြည့်နေတဲ့ ထူးဆန်းတဲ့အကောင်ကြီးလို့သိလိုက်ရတယ်။ ဒီလိုနဲ့ သူဟာ သူ့ကိုဖိတ်ကြားတဲ့သူကို အင်တာဗျူးရင်း အကောင်ကြီးကို သတ်တာကို သွားကြည့်ဖို့လုပ်ခဲ့တယ်။ အဘိုးကြီးပြောတဲ့ အကောင်ကြီးကို သူမြင်လိုက်ရလား။ အဘိုးကြီးကရော ဘာလဲ။ ဒီအကောင်ကြီး ဘယ်လိုဖြစ်လာတာလဲ။ အဘိုးကြီးကရော ဘာလို့သတ်ချင်နေတာလဲဆိုတဲ့ သို့လောသို့လော ပဟေဠိတွေနဲ့ ကြည့်ရမယ့်ကားပေါ့။ တကယ်လည်း ဇာတ်သိမ်းက ထင်သလိုမဖြစ်ဘဲ တော်တော်လည်း မှန်းရခက်တဲ့ကားဆိုလည်း မမှားပါဘူး။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.8GB, 720MB Quality - 1080p, 720p IMDb Rating - 5.4/10 Format - mp4 Duration - 1H 27Min Genre - Thriller Subtitle - Myanmar Subtitle (Hardsub) Translated by W Encoded by Y

Comedy • Horror • Science Fiction
5.5 2022 87 mins
All Eyes
Phir Hera Pheri
6.3

ကဲ ဟိုတလောက CM မှာ တင်ပေးသွားတဲ့ ဟာသကားလေး Hera Pheri ကားလေးရဲ့ အဆက်လေးကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်...။ ထုံးစံအတိုင်း ဒီကားထဲမှာလည်း မင်းသားကြီး အရှေးကူမား..ဆူနီးရှက်တီး မင်းသမီး ဗီပါရှားဘာဆူးနဲ့ ရီမီဆန်တို့ပါဝင်သရုပ်ဆောင်ထားသလို နာမည်ကျော်ဟာသသရုပ်ဆောင်များ ဖြစ်ကြတဲ့ ဂျွန်နီလီဗာ..ပရေရှ်လာဝလ်တို့လည်း ပါဝင်အားဖြည့်ပေးထားပါတယ်...။ အဓိကဇာတ်ကောင်တွေကတော့ ရာဂျူး..ရှာမ် နဲ့ ဘာဘူရောင်း...။ ပထမကားရဲ့အဆုံးသတ်မှာတုန်းက သူတို့ပိုက်ဆံတွေအများကြီးရသွားပြီး သူဋ္ဌေးတွေဖြစ်သွားကြတယ် ဒီကားမှာလည်း လူ့အလို နတ်မလိုက်နိုင်ဆိုသလို ပိုက်ဆံချမ်းသာသွားသော်ငြားလည်းပဲ လူသားရဲ့ မတော်လောဘက အတောမသတ်နိုင်ဘူးလေ လောဘရဲ့နောက်ကို လိုက်မိရင်းနဲ့ အလိမ်ခံရပြီး သူတို့သုံးယောက်စလုံး ပြန်လည် မွဲပြာကျဆင်းရဲသွားပြန်တယ် နဂိုဗီဇကိုက အချောင်လိုချင် အချောင်ချမ်းသာချင်တော့ ဒီကားမှာလည်း မဟုတ်တဲ့ နည်းလမ်းနဲ့ သူတို့ ချမ်းသာဖို့ ကြိုးစားပါတော့တယ်...။ ကဲ ဆက်လက်ပြီး ဘယ်လိုအခွီလေးတွေနဲ့ မျက်နှာဖြဲနေရမလဲဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲ ရှုစားတော်မူလိုက်ကြပါဦးနော်...။ File size…3.66GB / 1.67GB Quality…1080p WEBRIP / 720p Format…mp4 Duration….2h 33min Subtitle…. Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor

Horror
6.3 2006 155 mins
Phir Hera Pheri
13: The Musical
6.2

Musical ဆိုတဲ့အ‌တိုင်း သီချင်းသံ မြူးမြူးကြွကြွတွေနဲ့ ကြည့်ရမယ့်ကားပါဗျ။ ဆယ်ကျော်သက်ဖြစ်ကာစ လူငယ်ပေါက်စလေးတွေရဲ့ အလွဲတွေလည်း ပါသပေါ့ဗျာ ဇာတ်လမ်းအညွှန်းကတော့ ... အယ်ဗန်ဂိုးမန်းဆိုတဲ့ကောင်လေးက နယူးယောက်မြို့သားလေး ဂျူးလူမျိုးမလို့ တစ်ဆယ့်သုံးနှစ်မှာ ကျင်းပရမယ့် Bar Mitzvah ပွဲအတွက် အမျှော်လင့်ကြီး မျှော်လင့်နေသူပေါ့။ ဒါပေမယ့်လည်း အဖေဖြစ်သူရဲ့ ပြဿနာတွေကြောင့် မိသားစုကွာရှင်းလိုက်ရပြီး အင်ဒီယာနာက ပုံတုံးလှတဲ့ နယ်မြို့လေးကို ပြောင်းရွှေ့လိုက်ရတဲ့အခါ ... တောမြို့လေးဆိုပေမယ့် ကျောင်းအသစ်မှာလည်း ဆယ်ကျော်သက်ပေါက်စတွေရဲ့ အတတ်ဆန်းချင်တဲ့ ကိစ္စဝိစ္စလေးတွေ ရှိနေပါသေးတယ်။ Bar Mitzvah ပွဲကို အကြီးကျယ်ဆုံးဖြစ်ချင်တဲ့ မြို့သားလေး တောမြို့လေးမှာ ဘယ်လိုဂြိုဟ်မွှေခြင်းတွေနဲ့ ကြုံတွေ့ရမလဲဆိုတာ ကြည့်ရှုကြရမှာပါ။ 13 နှစ်ကလေးတွေရဲ့ teenage ကားမလို့ ပိတ်ရက်မှာ မိသားစုနဲ့အတူ ကလေးတွေနဲ့အတူ ပေါ့ပေါ့ပါးပါးကြည့်မယ်ဆိုရင် ရွေးသင့်တဲ့ကားလေးပါ။ Musical မို့ သီချင်းသံတွေတော့ တော်တော်မြိုင်ဆိုင်ပါလိမ့်မယ်ဗျ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Chevy ပါ။) File Size : 2.2GB, 1GB, 517MB Quality : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format : mp4 Duration : 1hr & 31mins Genre : Drama, Comedy, Family, Musical Translated by Chevy Encoded by Kinnov

Thriller
6.2 2022 94 mins
13: The Musical
Naradan
6.9

ယခုတစ်ခေါက်မှာတော့ IMDb rating 7.4/10 ရရှိထားတဲ့ အိန္ဒိယဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါ့မယ်။ သတင်းမီဒီယာဆိုတာ နိုင်ငံတစ်နိုင်ငံအတွက်အရေးပါသလို အဆိပ်အတောက်ဖြစ်စေတဲ့ သတင်းတစ်ပုဒ်က ဘယ်လောက်အတိုင်းအတာထိ သွားလဲဆိုတာ အားလုံးပဲသိကြမှာပါ။ ဒီဇာတ်ကားလေးထဲမှာတော့ မီဒီယာလောကမှာ နာမည်ကြီးတဲ့ သတင်းတင်ဆက်သူ ချန်ဒရာပရာကစ်ရှ်ဟာ ရုပ်သံလိုင်းကြည့်ရှုသူမြင့်လာဖို့အတွက် သတင်းရှာရေးဖို့ သူဌေးနဲ့ အယ်ဒီတာဆီက အမျိုးမျိုးဖိအားပေးခံနေရသူတစ်ယောက်ပါ။ ဒါပေမယ့် တခြားရုပ်သံလိုင်းမှာ သတင်းတင်ဆက်သူအသစ်ကလေး ပရာဒီဟာသူ့ထက် နှာတစ်ဖျားသာပြီး နာမည်ကြီးသတင်းတစ်ပုဒ်ကိုတင်ဆက်နိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ ချန်ဒရာတစ်ယောက် သူလက်ကိုင်ထားတဲ့ သတင်းတင်ဆက်သူတစ်ယောက်ရဲ့ ကိုယ်ကျင့်တရားတွေကို ဖောက်ဖျက်ပြီး လုပ်ကြံဖန်တီးထားတဲ့ အဆိပ်အတောက်သတင်းတွေနဲ့ လူစိတ်ဝင်စားအောင်ရေးသားပါတော့တယ်။ အတ္တ လောဘတရားကိုဆုပ်ကိုင်ထားသူကို ဘယ်သူကမှမတားဆီးနိုင်တော့တဲ့အခါ ဘယ်လိုတွေဆက်ဖြစ်မလဲ ကြည့်ရှူခံစားပေးကြပါဦး။ File size…1GB / 2.3GB Quality…720p WEB DL / 1080p WEB DL Format…mp4 Duration….2h 30m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Haruko & Yunni & Allena

Action • Drama • History
6.9 2022 150 mins
Naradan
The Real Charlie Chaplin
8

~ IMDb - 7.3/10, RT - 95%, Meta - 66% ~ " ကံအကြောင်းတိုက်ဆိုင်လို့ ချာလီချက်ပလင် ဇာတ်ကားတွေကို ကြည့်ဖြစ်ရင် ဒီအတိုင်းပဲကြည့်ပါ။ တခြားတွေ့ဖူးကြည့်ဖူးထားတဲ့ ချာလီချက်ပလင်တွေနဲ့ ဆက်စပ်ဖို့ မကြိုးစားပါနဲ့။ ချာလီချက်ပလင်တွေ အများကြီးရှိလို့ပါပဲ... " - မက်စ်အိစ်မန်း (စာရေးဆရာ၊ ချာလီချက်ပလင်၏ မိတ်ဆွေတစ်ဦး) ချာလီချက်ပလင်ဆိုတာနဲ့ ဘောင်းဘီအပွကြီးဝတ်ထားပြီး ဦးထုပ်ဝိုင်းလေးဆောင်း တုတ်ကောက်ကိုင်ထားတဲ့ တံမြက်စည်းနှုတ်ခမ်းမွေးနဲ့ လူညှက်ကလေးကို ပြေးမြင်မိကြမှာပါ။ ချက်ပလင်ကပ်ရောဂါလို့ တင်စားရလောက်အောင် ချာလီချက်ပလင်ကို နှစ်သက်သဘောကျ အတုခိုးကြသူတွေ ချက်ပလင်ရောဂါဖြစ်ကြသူတွေ တစ်ကမ္ဘာလုံးအနှံ့မှာရှိခဲ့ဖူးပါတယ်။ ဒီလူပိန်လေးက ဘုရင်တွေ၊ ဘုရင်မတွေ၊ တွေးခေါ်ပညာရှင်တွေ၊ ဘာသာရေးအထင်ကရပုဂ္ဂိုလ်တွေထက် နာမည်ကျော်ကြားခဲ့ပါတယ်။ ဒါပေမဲ့ သူက ချာလီချက်ပလင်မဟုတ်ပါဘူး ချာလီချက်ပလင်သရုပ်ဆောင်တဲ့ Tramp ဆိုတဲ့ ဇာတ်ကောင်လေးပါ။ အဲဒီတော့ ချာလီချက်ပလင်က အစစ်က ဘယ်သူလဲ..... ချာလီက အိမ်ထောင်ပျက် မိသားစုကနေ မွေးဖွားလာခဲ့တဲ့သူဖြစ်ပြီး မိဘတွေလို အနုပညာကို ဝါသနာထုံခဲ့သူပါ။ ဒုက္ခတွေကြားမှာ ဆင်းဆင်းရဲရဲနေခဲ့ရပေမဲ့ ဟာသညာဉ်ကို မပျောက်ပျက်အောင် ထိန်းသိမ်းနိုင်ခဲ့သူလည်းဟုတ်ပါတယ်။ ဇာတ်ဝင်ခန်းလေးတစ်ခန်းကို ၅၃၄ ရက်ကြာအောင် ရိုက်ခဲ့တဲ့ Perfectionist ပါ။ ရိုက်ကွင်းတစ်ခုလုံးကအလုပ်တွေကို သူတစ်ယောက်တည်း လုပ်နိုင်ရင် လုပ်လောက်တယ်လို့ ရိုက်ကူးရေးအဖွဲ့သားတွေကပြောကြတယ်။ တကယ်လည်း သူကိုယ်တိုင် အကုန်လုံးနီးပါးကို သူ့ခြေသူ့လက်ဖြစ်အောင် လုပ်ခဲ့တာပါပဲ။ ကမ္ဘာကြီးက သူ့ကို ဗဟိုထားပြီးလည်ပတ်နေတယ်လို့ ယူဆရလောက်အောင် အတ္တကြီးတယ်။ အဲဒါကြောင့်ပဲ သူ့ရဲ့ ဇနီးသုံးယောက်က သူ့ကို မကောင်းဆိုးရွားလို့ မြင်ကြတာဖြစ်နိင်ပါတယ်။ သူ့ရဲ့ အတ္တကြောင့် အချစ်ဆုံး ဇနီး Oona O'neil-Chaplin နဲ့ရခဲ့တဲ့ သားသမီးတွေကတောင် သူတို့အဖေနဲ့ ဝေးကွာနေတယ်လို့ ခံစားခဲ့ကြရပါတယ်။ သူက မိန်းမလည်းပွေတယ်။ နောက်ကွယ်ကနေ တိတ်တဆိတ်နဲ့ပါရမီဖြည့်ရတာနဲ့ပဲ ကျေနပ်တဲ့ Oona O'neil နဲ့မှ ကလေး ၈ ယောက်ဖွားမြင်တဲ့အထိ လက်တွဲသွားတာပါ။(အသက်ကလည်း ၅၀ ကျော်ပြီကိုး) အောင်မြင်မှုတွေရခဲ့သလောက် သူ့ရဲ့တစ်စိတ်တစ်ပိုင်းကတော့ ဆင်းရဲမှာကိုကြောက်နေတုန်းပဲ။ အမြဲတမ်းဆာလောင်မွတ်သိပ်နေခဲ့တဲ့သူလို့ ပြောလို့ရတာပေါ့။ ချာလီရဲ့အကြောင်းကိုပြောရင် Tramp က မပါမဖြစ်ပါပဲ။ ချာလီက Tramp ဖြစ်သလို Tramp ကလည်း ချာလီပါပဲ။ ချာလီက Tramp ကိုဖန်တီးခဲ့သလို Tramp ကလည်း ချာလီရဲ့အောင်မြင်မှုတွေကို ဖန်တီးပေးခဲ့တာကိုး။ Tramp က ချာလီ့လိုပဲ စကားလုံးတွေမပါဘဲ အမူအရာနဲ့ ကျယ်ကျယ်လောင်လောင် ပြောတတ်သူပါ။ သူ့ကို တစ်ကမ္ဘာလုံးကလည်း ကြားခဲ့ပါတယ်။ Tramp ကိုကြည့်ရင် ချာလီကို မြင်ရပါလိမ့်မယ်။ The Kid ဇာတ်ကားမှာ ချာလီရဲ့ ထပ်ခိုးထပ်က အိမ်လေးခန်းလေး၊ City Lights မှာ Tramp နဲ့ ပန်းသည်မလေးတွေ့တဲ့နေရာက ချာလီရဲ့အချစ်ဦးနဲ့ ပထမဆုံးချိန်းတွေ့ခဲ့တဲ့ ကင်လင်တန်ပန်းခြံအဝင်ပေါက်၊ The Gold Rush မှာတော့ ချာလီရဲ့ကလေးဘဝက အခက်အခဲတွေ၊ Tramp ကိုကြည့်လိုက်တိုင်း ချာလီကိုတွေ့နေရမှာပါပဲ။ ချာလီကို ကြည့်လိုက်တိုင်းလည်း နှုတ်ခမ်းမွေးမပါတဲ့ Tramp ကိုမြင်ရပါလိမ့်မယ်။ အနီးကပ်ကြည့်ရင် ဘဝဟာ ဝမ်းနည်းစရာဖြစ်ပေမဲ့ အဝေးကကြည့်ရင်တော့ ရယ်စရာပါလို့ ပြောခဲ့တဲ့အတိုင်းပဲ သူ့ရဲ့ ဝမ်းနည်းစရာဘဝအကြောင်းအရာတွေကို Tramp က ရယ်စရာအဖြစ်ပြောင်းပေးခဲ့ပါတယ်။ Tramp ရဲ့ နိဂုံးက ချာလီချက်ပလင်ကို ဘဝတစ်ဆစ်ချိုး ပြောင်းစေခဲ့ပါတယ်။ နာမည်မရှိ၊ နေရာမရှိ၊ အချိန်ကာလမရှိဘဲ အမြဲတမ်း နှုတ်ဆိတ်နေခဲ့တဲ့ Tramp တစ်ယောက် The Great Dicatator ဇာတ်ကားမှာ ပထမဆုံး စပြီးစကားပြောခဲ့ပါတယ်။ ဒါက Tramp ရဲ့ ဂူသင်္ချိုင်းလို့ပြောလို့ရပါတယ်။ တစ်ချိန်လုံး ပရိသတ်ကို ရယ်အောင်ဖျော်ဖြေနေခဲ့တဲ့ Tramp စပြီးစကားပြောတဲ့အချိန်မှာ အဓိပ္ပါယ်ပြည့်ဝလေးနက်တဲ့ စကားတွေပြောခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ သူက ဟာသသရုပ်ဆောင်ကောင်း မဟုတ်တော့ဘူးလို့ သတ်မှတ်လာကြတဲ့အထိ ဖြစ်လာပါတယ်။ ဒီစကားတွေကြောင့် ချာလီကို ကွန်မြူနစ်လို့ စွပ်စွဲလာကြပါတယ်။ သူကိုယ်တိုင်ကတော့ ကွန်မြူနစ်ပါလို့ သူကိုယ်သူ ဘယ်တုန်းကမှ မသတ်မှတ်ဘူးလို့ ပြောပါတယ်။ တိတ်ဆိတ်ခြင်းကို ချိုးဖျက်ခဲ့တဲ့ သူ့ရဲ့စကားလုံးတွေက ယန္တရားကြီးကိုတော့ အနိုင်မတိုက်နိုင်ခဲ့တာသေချာပါတယ်။ အမေရိကကနေ နယ်နှင်ဒဏ်ကျတဲ့ အခြေအနေထိ ရောက်သွားတယ်လေ။ ဒါပေမဲ့ လူတွေကို ဖျော်ဖြေဖို့ သူ့ရဲ့ကြိုးစားမှုကတော့ ရပ်မသွားခဲ့ပါဘူး။ ချာလီချက်ပလင်က အင်္ဂလန်က ချီးမြှင့်တဲ့ Sir ဘွဲ့ကို ရရှိချိန်မှာ လမ်းမလျှောက်နိုင်တော့ဘဲ ဝှီးချဲစီးနေရတဲ့အချိန် အသက် ၈၅ နှစ်ရှိပါပြီ။ အမေရိကန်က သူ့ကို ကွန်မြူနစ်လို့ စွပ်စွဲထားတဲ့ ကိစ္စမပြီးပြတ်သေးလို့ အနှစ် ၂၀ ကြာအောင် စောင့်ခဲ့ရတာပါ။ ဒူးမထောက်ဘဲ သူရဲကောင်းဘွဲ့ရခဲ့သူလို့ ပြောလို့ရတာပေါ့။ ဘုရင်မကြီးကိုယ်တိုင်က သူ့ရဲ့ဇာတ်ကားတွေအတွက် ကျေးဇူးတင်ခဲ့ပါသေးတယ်။ ချာလီချက်ပလင်(Tramp) ရဲ့ နှုတ်ခမ်းမွေးကို ကြည့်ပြီး တစ်ယောက်ယောက်ကို သွားပြီးသတိရကြမှာပါ။ သူကတော့ ချာလီလို လူချစ်လူခင်ပေါလို့ ကျော်ကြားတာမျိုးမဟုတ်ဘဲ လူပေါင်း ၁၇ သန်းကျော်ကို သတ်ဖြတ်ခဲ့လို့နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ အာဏာရှင် နာဇီပါတီခေါင်းဆောင် ဟစ်တလာပါပဲ။ ချာလီက လူတွေကောင်းဖို့ ပြောသလို ဟစ်တလာက လူတွေသတ်ဖို့လုပ်တယ်။ ဆန့်ကျင်ဖက်ဖြစ်နေပေမဲ့ သူတို့နှစ်ယောက်မှာ တူတာတွေလည်း အများကြီးရှိပါတယ်။ အမြင်သာဆုံးကတော့ နှုတ်ခမ်းမွေးပေါ့။ ဟစ်တလာက ချာလီရဲ့ နှုတ်ခမ်းမွေးကို ကူးချထားတာလို့လည်း မခိုင်လုံတဲ့သတင်းတွေရှိပါသေးတယ်။ ဟစ်တလာကတော့ ချာလီကို ဂျူးလို့ နာမည်တပ်ပြီး ချာလီမုန်းတီးရေးဝါဒပါ ဖြန့်ခဲ့ပါသေးတယ်။ ချာလီကအမြဲတမ်း သရုပ်ဆောင်နေတတ်တဲ့သူလို့ နီးစပ်သူတွေကပြောပါတယ်။ သူ့ရဲ့အတိတ်ကရခဲ့တဲ့ ဒဏ်ရာတွေကြောင့် စိတ်မလုံခြုံမှုဖြစ်ပြီး အမြဲတမ်း သရုပ်ဆောင်နေတတ်တာ ဖြစ်ပါလိမ့်မယ်။ သူက သူကိုယ်သူ ဖျော်ဖြေသူအဖြစ်မွေးလာတာလို့ သတ်မှတ်ထားလို့လည်း ဖြစ်နိုင်ပါတယ်။ ကင်မရာရှေ့မှာရော ကင်မရာမရှိတဲ့အချိန်မှာရော ပရိသတ်ရှိတိုင်း သူက ဖျော်ဖြေနေတတ်ပါတယ်။ သူဟာ ဖျော်ဖြေရေးသမားတစ်ယောက်.... သူဟာ ဟာသသရုပ်ဆောင်တစ်ယောက်... ယန္တရားကို မုန်းခဲ့သူတစ်ယောက်... တစ်ကမ္ဘာလုံးကို စကားတစ်ခွန်းမှမပြောဘဲ ကြီးစိုးခဲ့ဖူးတဲ့သူတစ်ယောက်.... သူက ချာလီချက်ပလင်ပါ... The Real Charlie Chaplin က ချာလီချက်ပလင် ပိတ်ကားနောက်ကွယ်က ချာလီရဲ့အကြောင်းကို ဇာတ်ကားဆန်ဆန်ရိုက်ကူးထားတဲ့ Biography, Documentary ဇာတ်ကားလေးပါ။ ချာလီချက်ပလင်ရဲ့ အကြောင်းတွေကို အကြောင်းအရာဆန်ဆန် သိရတာထက် ချာလီရဲ့ဘဝထဲကို စီးမျောလိုက်ပါနေသလိုခံစားရပါလိမ့်မယ်။ ချာလီချက်ပလင်ကို မသိသေးတဲ့သူတွေအတွက် ဒါမှမဟုတ် သိထားဖူးတဲ့သူတွေ တကယ်ရောသိရဲ့လားဆိုတာ ဒီဇာတ်ကားလေးက ချာလီချက်ပလင်ရဲ့အကြောင်းကို ပြောပြသွားပါလိမ့်မယ်။ ချာလီချက်ပလင်ရဲ့ အမှောင်ဘက်ခြမ်းတချို့ကိုလည်း ဖော်ပြထားပါသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အစကပြောခဲ့သလိုပဲ တကယ့်ချာလီချက်ပလင်ကို သိပြီလို့တော့ မထင်လိုက်ပါနဲ့... ချာလီချက်ပလင်တွေ အများကြီးရှိပါတယ်။ (ဒီဒိုကူမန်ထရီနဲ့အညွှန်းကို 666 မှ ပြန်ဆိုရေးသားထားပါတယ်) Size - 2.72GB, 1.6GB, 600MB Quality - 1080p, 720p, 480p IMDb Rating - 7.3/10 Format - mp4 Duration - 1H 54Min Genre - Documentary Subtitle - Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

Horror
8 2021 114 mins
The Real Charlie Chaplin
In Our Prime
7.9

ကိုရီးယားရဲ့ အထင်ကရမင်းသားကြီး Choi Min-sik ဟာ Nameless Gangster: Rules of the Time မှာ လန့်စရာကောင်းတဲ့ ဂန်းစတားပုံမျိုးပီပြင်သလို The Admiral: Roaring Currents လို သူရဲကောင်းဆန်ပြီး သနားစရာကောင်းတဲ့ စစ်သူကြီးစရိုက်ဆိုလည်းရတယ်။ I Saw the Devil လို့ TV ပြေးရိုက်ခွဲချင်လောက်အောင် ကျက်သရေတုံးသမားကြီးစရိုက်လည်း ရတယ်။ ဒီကား In Our Prime မှာလည်း လျှို့ဝှက်အေးဆေးတဲ့ သင်္ချာပညာရှင်တစ်ယောက်အဖြစ် သရုပ်ဆောင်ထားတယ်။ မင်းသားကြည့်ပြီး ဇာတ်လမ်းရွေးသင့်တဲ့အထဲမှာ သူထိပ်ဆုံးကပါတယ်။ ဒီ In Our Prime ရုပ်ရှင်ဟာ South Korea Box Office မှာ နံပါတ်တစ် ချိတ်ခဲ့ပါတယ်။ ကျော်ကြားတဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတစ်ခုက အပယ်ခံ Ji Woo ဟာ သူ့ အတန်းဖော်တွေနဲ့ မတူညီတဲ့ လူမှုရေး နောက်ခံကြောင့် အံဝင်ခွင်ကျ ဖြစ်မနေခဲ့ပါဘူး။ ကျောင်းရဲ့ လုံခြုံရေး အစောင့်တစ်ဦးဖြစ်တဲ့ Hak Sung ဟာ သင်္ချာဉာဏ်ကြီးရှင်တစ်ဦး ဖြစ်ပြီးတော့ မြောက်ကိုရီးယားမှ ပြောင်းလာခဲ့တဲ့သူတစ်ဦးဖြစ်ပြီး အခုချိန်မှာ သူဟာသူ့ရဲ့ အတိတ်ကို ပိတ်လှောင်ကာ နေထိုင်နေပါတယ်။ Ji Woo တစ်ယောက် ရင်ဆိုင်ရတဲ့ အခက်အခဲတွေများလှတာကြောင့် သင်္ချာဘာသာရပ်မှာ လက်လျှော့ဖို့အထိ စဉ်းစားဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း အမှတ်မထင် Hak Sung နဲ့သိခွင့်ရပြီး သူ့ကို သင်္ချာသင်ပေးဖို့ တောင်းဆိုကြည့်လိုက်တဲ့အခါမှာတော့ ... (ဇာတ်လမ်းအညွှန်းကိုတော့ Ei Shoon က ရေးပေးထားပါတယ်။) File Size          : 1.8GB, 725MB, 358MB Quality            : 1080p WEB-DL, 720p WEB-DL, 480p Format            : mp4 Duration         : 1hr & 57mins Genre              : Drama Translated by Ei Shoon & Lwin Lwin Aung Encoded by Kinnov

Romance
7.9 2022 117 mins
In Our Prime
Valley of the Dead
5.8

Malnazidos (a.k.a) Valley of The Dead (2020) (1080p ရပါပြီ) ဒီတစ်ခါတင်ဆက်ပေးမှာကတော့ ရှေ့လကမှ Netflix မှာ ပြသသွားတဲ့ စပိန် ဇွန်ဘီဇာတ်ကားသစ်လေးပါ။ စပိန်ပြည်တွင်းစစ်ပွဲအတွင်းက အကြောင်းအရာကို နောက်ခံထားပြီး ဇာတ်အိမ်တည်ပြီး ရိုက်ကူးပုံဖော်ထားတာပါ။ ဇာတ်လမ်းအညွှန်းအနေနဲ့ကတော့ … ကပ္ပတိန်ဟန်လိုဇာနိုဟာ နိုင်ငံရေးအကြောင်းအရာတွေမှာ ၀င်စွက်ဖက်ခဲ့တဲ့အတွက်ကြောင့် အထက်လူကြီးတွေရဲ့ အမုန်း ခံရပြီး အန္တရာယ်များတဲ့ တာ၀န်တစ်ခုကို ထမ်းဆောင်ဖို့ စေလွှတ်ခြင်းခံရပါတယ်။ တာဝန်ထမ်းဆောင်ဖို့ သွားနေတဲ့ လမ်းခရီးမှာ ကပ္ပတိန်ဟန်လိုဇာနိုနဲ့ သူရဲ့တပည့်ဟာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ဖမ်းဆီးခြင်း ခံရပြီး ထူးဆန်းတာတွေ ဆက်တိုက် ကြုံတွေ့ခဲ့ရပါတော့တယ်။ ဒီထူးဆန်းတဲ့ဖြစ်ရပ်တွေက ဘယ်လိုဖြစ်လာလဲ? ကပ္ပတိန်တို့အဖွဲ့ ဘာတွေနဲ့ ကြုံတွေ့လာရမလဲ? ဆိုတာ ဆက်လက်ရှုလိုက်ကြပါဦး။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ YKH ပါ။) File Size : 1.6GB, 668MB, 339MB Quality : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format : mp4 Duration : 1hr & 41mins Genre : Action, Adventure, Fantasy Translated by YKH Encoded by Kinnov

Action • Adventure • Mystery • Science Fiction • Thriller
5.8 2020
Valley of the Dead
Hera Pheri
8.1

Hera Pheri (2000) Action, Comedy, Crime IMDb 8.1/10 (67K) ဒီကားလေးကတော့ အရှေးကူမား နဲ့ ဆူနီးရှက်တီးတို့ တွဲဖက်ကောင်းခဲ့စဥ်က ရိုက်ကူးခဲ့တဲ့ ဟာသကားကောင်းလေးလို့ ပြောရမယ် အတော်လည်းရယ်ရတယ် ရာဂျူး ရှာမ်နဲ့ ဘာဘူရောင်းဆိုတဲ့ မတည့်အတူ​ေနလူသုံးယောက်… ရာဂျူးက အမြဲလူတွေကို နှစ်ကျပ်ကွက်နင်းပြီး ပိုက်ဆံရှာချင်နေတယ် ရှာမ်ကတော့ အလုပ်တစ်ခုရှာလုပ်ပြီး အကြွေးဆပ်ချင်နေသူ… ဘာဘူရောင်းကတော့ ဒီနှစ်ယောက်စလုံးကို အိမ်ခေါ်တင်ကြွေးထားတဲ့ စိတ်သဘောထားမြင့်မြတ်တဲ့ ဂလည်အူကြောင်တစ်ယောက်ပေါ့ဗျာ… ဒီလိုလုံးလည်ချာလည်လိုက်နေတဲ့ သူတို့သုံးယောက်ရဲ့ဘဝထဲမှာ အဆန်းတကြယ်ဖြစ်ရပ်တစ်ခုကြုံခဲ့ပါတယ် အဲ့ဒါကတော့ သူဠေးကြီးတစ်ယောက်ရဲ့မြေး ပြန်ပေးဆွဲခံရတာကို သူတို့ဆီကို ဖုန်းဆက်ပြီးပြန်ပေးငွေတောင်းနေပါတယ် ဖြစ်ချင်​တော့လမ်းညွှန်းစာအုပ်က ဖုန်းနံပါတ်ကို မှားရိုက်မိတာပါပဲ ငွေလိုနေတဲ့သူတို့သုံးယောက်စလုံး ဒီကိစ္စကို အခြေခံပြီးဘယ်လိုနှစ်ကျပ်ကွက်နင်းမလဲဆိုတာတော့…။ တစ်ကားလုံး အလွဲလွဲအချော်ချော်နဲ့ရယ်မောပျော်ရွှင်နေရမယ့် ကားကောင်းလေးတစ်ကားဖြစ်ပါတယ်လို့ ညွှန်း​ဆိုပေးလိုက်ပါတယ်နော်… ဒါနဲ့ စကားမဆက် သူ့အဆက်ကိုတင်ဆက်ပေးဦးမှာမို့ နံပါတ်၂ ကို cm မှာ ဆက်လက်စောင့်မျှော်ပေးပါဦးလို့ လက်တို့ပေးလိုက်ပါတယ်….

Drama • Fantasy
8.1 2000
Hera Pheri
I Don’t Want to Sleep Alone
6.9

I Don’t Want to Sleep Alone (2006) ~ IMDb – 6.9/10, Rotten Tomatoes – 88% ~ ” Tsai Ming-liang ကားတွေ ထုံးစံအတိုင်း အကြည်ရဖို့မလွယ်လို့ 480p ကိုပဲ ကြည့်ရအဆင်ပြေအောင် ကုတ်ပေးလိုက်ပါတယ် “ ပူလောင်အိုက်စက်နေတဲ့ ရာသီဥတုမှာ မွေ့ယာဟောင်းကြီးတစ်ခုကို သူစိမ်းတွေနဲ့ အတူမျှသုံးရမယ်ဆို ဘယ်လိုနေမလဲ။ ဒါပေမဲ့ ကိုယ်ကချစ်ရတဲ့သူနဲ့ဆိုရင်ကော။ တစ်မျိုးတမည် ပြောင်းသွားမယ်ထင်ပါတယ်။ ဒါပေမဲ့ အဲဒီထက်ပိုပြီး ကိုယ်ကချစ်ရတဲ့သူရဲ့ ချစ်ရတဲ့သူနဲ့ပါဆိုရင်ကော…။ ကိုယ်ရယ် သူရယ် သူ့ချစ်သူရယ် ခင်းမွေ့ယာကြီးတစ်ခုမယ်ပေါ့။ ဘဝက အထီးကျန်ဆန်လွန်းတဲ့အခါ ချစ်ခြင်းမေတ္တာက အတိုင်းနယ်လွန်သွားတဲ့အခါ သူ့အနားရှိဖို့မှတစ်ပါး တခြားတွေးဝံ့နိုင်ပါ့မလား…။ မလေးရှားမှာ အလုပ်လာလုပ်တဲ့ ဘင်္ဂလားဒေ့ရှ်ရွှေ့ပြောင်းလုပ်သားလေးတစ်ယောက်ဟာ တစ်ညမှာ လူဆိုးတွေရိုက်နှက်ခံထားရလို့ လမ်းပေါ်လဲကျနေတဲ့ လူတစ်ယောက်ကို သူနေတဲ့ ဆောက်လက်စ တိုက်ကြီးဆီကို ခေါ်သွားပြီး ပြုစုပေးခဲ့ပါတယ်။ နာလန်ပြန်ထလာတဲ့ အဲဒီလူဟာ စားပွဲထိုးမလေးတစ်ယောက်ကို ချစ်မိသွားခဲ့ပါတယ်။ တကယ်တမ်းတော့ ဒီရုပ်ရှင်ဟာ ဇာတ်အသွားအလာအကြောင်း ဇာတ်လမ်းအကြောင်းပြောရမှာမဟုတ်ဘဲ ခံစားမှုတွေနဲ့အတူ စီးမျှောရမှာပါ။ Slow Cinema ကို အရမ်းကြီး မရင်းနီးသူတွေအတွက်တော့ စိတ်ရှည်နိုင်စွမ်းကို စမ်းသပ်နေသလို ရုပ်ရှင်အသွားဟာ နည်းနည်းနှေးကောင်းနှေးနေနိုင်ပါတယ်။ ဒါပေမဲ့ ဒိုင်ယာလော့ ခပ်နည်းနည်း၊ Long shot ခပ်များများ သုံးတတ်တဲ့ Tsai Min-liang ရဲ့ ပရိတ်သတ်တွေအတွက်တော့ ဒီကားကပေးတဲ့ စိတ်ခံစားမှုဟာ အဖိုးဖြတ်နိင်မယ်မထင်ပါဘူး။ ဒီကားထဲက အဓိကဇာတ်လိုက်ဖြစ်တဲ့ မွေ့ယာအလယ်ကလူနေရာမှာတော့ ထုံးစံအတိုင်း ဆိုင်းမင်းလျံရဲ့ အချစ်တော်ကောင်လေး လီကန်ရှန်းကပဲ သရုပ်ဆောင်ထားပါတယ်။ ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ ရုပ်ရှင်အစကနေ အဆုံးထိ အများစုသတိမထားမိနိုင်မယ့် နောက်တစ်နေရာမှာလည်း လီကန်ရှန်းပဲ သရုပ်ဆောင်သွားခဲ့တာပါ။ ဒီကားက လူတိုင်းအတွက်မဖြစ်နိုင်ပေမယ့် ဆိုင်းမင်းလျံပရိသတ်မှ ကြည့်ရမယ်ဆိုတာမျိုးမဟုတ်ဘဲ ခံစားတတ်တဲ့သူတိုင်း ဒီကားရဲ့အထိအတွေ့ကို စမ်းသပ်ကြည့်သင့်ပါတယ်။ တကယ်ဆို ခံစားမှုဆိုတာ လူကသာ အရင်းခံတာပဲ မဟုတ်ပါလား…။ မလေးရှားဆင်ဆာအဖွဲ့က ဒီရုပ်ရှင်ဟာ ယဉ်ကျေးမှုနဲ့ လူ့ကျင့်ဝတ်တွေအတွက် အပျက်သဘောဆောင်တယ်ဆိုပြီး ပိတ်ပင်ခဲ့တာမို့ မလေးရှားပြည်တွင်းမှာတော့ ဆင်ဆာအဖွဲ့က ညွှန်ကြားတဲ့အတိုင်း ဖြတ်တောက်ထားတဲ့ အတိုလေးကိုပဲ ပြခွင့်ရခဲ့ပါတယ်တဲ့။ ဒါပေမဲ့ ကမ္ဘာ့အကြီးကျယ်ဆုံး “Big Six” ထဲက နိုင်ငံတကာရုပ်ရှင်ပွဲတော်တစ်ခုဖြစ်တဲ့ Venice Film Festival မှာတော့ ဆုရခဲ့တဲ့ရုပ်ရှင်ပါ။ ကြည့်မလား/မကြည့်ဘူးလားကတော့ ကိုယ်တိုင်ပဲ ဆုံးဖြတ်လိုက်ကြပါ… (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.1GB Quality – 480p IMDb Rating – 6.9/10 Format – mp4 Duration – 1H 55Min Genre – Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by Z Encoded by Y

Drama
6.9 2006
I Don’t Want to Sleep Alone
We’re the Millers
7

2013 ခုနှစ်က ထွက်ရှိထားပြီး IMDB 7/10 ရရှိထားတဲ့ Crime/Comedy ကားဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ ဆေးခြောက်ကို ကိုယ်စားလှယ်ယူပြီးရောင်းတဲ့ ဒေးဗစ် တစ်ယောက် တစ်နေ့မှာ ဓားပြတိုက်ခံရပြီး ရှိသမျှပိုက်ဆံတွေရော ဆေးခြောက်တွေပါ အကုန်ပါသွားပါတော့တယ် ဒီအခါမှာ ပိုက်ဆံတွေ ပြန်မလျော်နိုင်တဲ့ ဒေးဗစ်ကို သူ့ရဲ့ သူငယ်ချင်းလည်းဖြစ် အလုပ်ရှင်လည်းဖြစ်သူက အလျော်အစားအနေနဲ့ အလုပ်တစ်ခုကမ်းလှမ်းပါတယ် ဒီအလုပ်ကတော့ မက္ကစီကိုက ဆေးခြောက်တွေကို နယ်စပ်ကိုဖြတ်ပြီး အမေရိကန်ထဲ သယ်လာဖို့ပါ ရွေးစရာလမ်း မရှိတော့တဲ့ ဒေးဗစ်ဟာ နယ်စပ်ဖြတ်ပြီး ဆေးခြောက်တွေသယ်မယ့် မူးယစ်ဆေးမှောင်ခို အလုပ်ကို လက်ခံလိုက်ရပါတော့တယ် ဆေးခြောက်မှောင်ခိုသယ်မယ့်အလုပ်ကို ကူညီဖို့ အူကြောင်ကြောင်ကောင်လေးတစ်ယောက်ရယ် အိမ်ခြေမဲ့ ကလေကချေမလေးတစ်ယောက်ရယ် ကလပ်တစ်ခုကဖော်ချွတ်မယ်တစ်ယောက်ရယ်ကို ပိုက်ဆံပေးမယ်ပြောကာ မိသားစုဟန်ဆောင်ပြီး အတူလိုက်ခဲ့ဖို့ခေါ်လာခဲ့ပါတယ် ဒေးဗစ်တို့ အဖွဲ့ အလွဲလွဲအချော်ချော်နဲ့ ဘယ်လိုတွေ ဆက်လုပ်သွားကြမယ် ဆေးခြောက်တွေ သယ်လာပြီး ငွေတွေပဲ ရမလား အဖမ်းပဲခံရမလားဆိုတာ ဒီဇာတ်ကားလေးမှာ တဝါးဝါး တဟားဟား ရယ်ရင်း ကြည့်သွားရမှာဖြစ်ပါတယ် File size… 1.9 GB / 884 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 2h Genre ….. Drama, Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by… Chanyein Soe

7 2013
We’re the Millers
The Outsiders
7

ဒီရုပ်ရှင်ကားက S.E Hinton ရဲ့ နာမည်တူဝတ္ထုကို ရုပ်ရှင်ပြန်ရိုက်ထားတာဖြစ်ပြီး 1960 ခုနှစ် ဝန်းကျင်မှာ ဇာတ်အိမ် တည်ထားပါတယ်။ Greaserလို့ ခေါ်တဲ့ အမေရိကရဲ့ လမ်းသရဲလူငယ်လေးတွေ နဲ့ Soc လို့ခေါ်တဲ့ အထက်တန်းလွှာ လူငယ်တွေရဲ့ ရန်ပွဲ ပဋိပက္ခကို နောက်ခံထားပြီး သူငယ်ချင်း ညီအစ်ကို ဆက်ဆံရေးတွေကို လှပအောင် ရိုက်ထားတာပါ။ Castတွေ အနေနဲ့လည်း အများသိပြီးသား နာမည်ကျော်တွေ ပါဝင်ထားပြီး The Godfather တို့ Apocalypse Now တို့ရဲ့ Director Francis Ford Coppola ပဲ ရိုက်ထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကြောင်း ဆက်ရရင် Ponyboy နဲ့ Johnny ဆိုတဲ့ သူငယ်ချင်း နှစ်ယောက်ဟာ သူတို့ သူငယ်ချင်းအဖွဲ့ထဲမှာ အငယ်ဆုံးတွေ ဖြစ်သလို Socs တွေရဲ့ အနိုင်ကျင့်ရိုက်နှက်တာကိုလည်း ခံနေရသူတွေပါ။ တစ်ည ရုပ်ရှင်ရုံက အပြန်မှာ Socs တွေနဲ့ ကြုံပြီး တိုက်ခိုက်ခံခဲ့ရပါတယ်။ အဲ့ဒီနောက်ပိုင်းမှာ Socsထဲက တစ်ယောက်က သေဆုံးသွားတဲ့ အခါမှာ အရာအားလုံး ပြောင်းလဲသွားပြီး Greasers တွေနဲ့ Socs တွေရဲ့ ထိပ်တိုက် ရန်ပွဲ ဖြစ်လာပါတော့တယ်။ File size…(1.9 GB)/(990 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:31:00 Genre… Coming of Age, Teen Drama, Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Leonie

7 1983
The Outsiders
Kyuka: Before Summer’s End
6.9

Kyuka: Before Summer’s End (2024) IMDb Rating (6.9) နွေရာသီတစ်ခုမှာ ဆင်ဂယ်ဖခင်တစ်ယောက်ဖြစ်တဲ့ ဘာဘီးစ် ဆယ်ကျော်သက်သားနဲ့သမီးတို့ပါဝင်တဲ့ မိသားစုသုံးယောက်ဟာပိုရိုစ်ကျွန်းပေါ်ကို အားလပ်ရက်ခရီးထွက်ခဲ့ကြပါတယ်။ ရေတွေကူးရင်း နေဆာလှုံရင်း ငါးတွေဖမ်းရင်း တွေ့ဆုံရင်းနှီးသွားတဲ့မိသားစုတစ်ခုမှာ သူတို့ရဲ့မွေးမိခင်အရင်းပါဝင်နေတယ်ဆိုတာကိုတော့ သူတို့မသိခဲ့ကြပါဘူး။ ဒီတွေ့ဆုံမှုဟာ သူတို့ဖခင် ဘာဘီးစ်ရဲ့ နှစ်ပေါင်းများစွာမျိုသိပ်ထားတဲ့ အမုန်းတွေ၊ချိုးနှိမ်ထားတဲ့ မကျေနပ်ချက်တွေ၊ ရုန်းကြွလာဖို့အစပျိုးလာတဲ့အခါ အေဆေးငြိမ်သက်နေတဲ့ သူတို့ဘ၀တွေထဲ ဘယ်လိုဂယက်ရိုက်မှုတွေရှိလာမလဲဆိုတာကိုတွေ့မြင်ကြရပါလိမ့်မယ်။ ဒရာမာဆိုပေမယ့် ပါးပါးလေးညှပ်ထားတဲ့ဟာသတွေ၊ နွေရာသီရဲ့ရှုခင်းလှလှတွေနဲ့၊cinematography အမိုက်စားတွေနဲ့တွေ့မြင်ရမယ့် နွေရာသီမိသားစုဒရာမာကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(2.6 GB) / (2 GB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Drama Duration….01:46:48 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Alias

Mystery • Thriller
6.9 2024 103 mins
Kyuka: Before Summer’s End
Madagascar 3: Europe’s Most Wanted
6.8

ဒီတစ်ခါတော့ Channel Myanmar ပရိတ်သတ်တွေအတွက် ၂၀၁၂ ခုနှစ်ကထွက်ရှိခဲ့တဲ့ Animation ကားကောင်းလေးတစ်ကားတင်ပေးလိုက်ပါတယ်။ Madagascar လို့ပြောလိုက်တာနဲ့ တလွဲတွေလုပ် ဟာသတွေဖြစ်နေတတ်တဲ့ ခြင်္သေ့ကြီး Alex နဲ့ သူ့သူငယ်ချင်းတွေဖြစ်ကြတဲ့ မြင်းကျား Marty သစ်ကုလားအုတ် Melman နဲ့ ရေမြင်းမကြီး Gloria တို့ကိုပြေးမြင်မိကြဦးမှာပါ ဒီနောက်ဆုံးထွက် Europe’s Most Wanted မှာဆိုရင် Alex နဲ့သူ့သူငယ်ချင်းတွေဟာ သူတို့ရဲ့အိမ်ဖြစ်တဲ့ New York’s Central Park Zoo ကိုပြန်ဖို့ကြိုးစားနေကြတုန်းပါ ဒါပေမဲ့ Monte Carlo ကာစီနိုမှာဘဏ်ဖောက်ဖို့ကြိုးစားနေတဲ့ ပင်ဂွင်းနဲ့မျောက်တွေကို သွားခေါ်ရဖို့အကြောင်းဖန်လာပါတယ် အဲ့လိုနဲ့ ပြင်သစ်ကတိရစ္ဆာန်ထိန်းချုပ်ရေးအရာရှိမကြီး Dubois နဲ့တိုးတဲ့အခါမှာ Alex တို့မမျှော်လင့်တဲ့အခြေအနေတွေနဲ့ကြုံရပြန်ပါတယ် Alex တို့သူတို့ရဲ့အိမ်ကိုပြန်ရောက်နိုင်ပါ့မလား Dubois ကြီးကရော ဘယ်လိုတွေတားဆီးမလဲ ဆိုတာ အရှေ့က Madagascar 1 & 2 အတိုင်း ပရိသတ်များကိုစိတ်မပျက်စေဘဲ ချစ်စရာဟာသဆန်ဆန် တိရစ္ဆာန်လေးတွေကို ကြည့်ရှုရမှာဖြစ်ပါတယ် (ဇာတ်လမ်းအညွှန်းကိုတော့ ကွီး Chuck Chuck မှရေးပေးထားတာဖြစ်ပါတယ်)

Drama • History
6.8 2012 93 mins
Madagascar 3: Europe’s Most Wanted