YoteShin Drive is below this article. Scroll down to view.

Tesla can sell 370,000 electric vehicles in 3

Author: Anonymous Published on: 12 Aug 2022

Tesla is the world's largest electric car company. Recently, Tesla has increased the production of automobiles. Shanghai It has improved because of the upgrade to the factories in Berlin and the Texas. The company's car manufacturer has been recorded in the record in July 3 in September. In addition, car sales have come up. Observers say Tesla sells between 350,000 to 370,000 cars in 350,000. If this is true, it is record sales for the company. Tesla also has a record sales in January 1 of January this year. In 2022, Tesla sold more than 3,100,000 vehicles sold over 31,000 vehicles. Tesla usually goes up at the end of the year. The same year is also reported that Tesla said that Tesla said that it would go up to 3. Tesla will be income in the record of record 3 in District 3. Now, the 3-time disclosure of Tesla must be monitored. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Thai Cave Rescue (2022) (Ep4_Lucky.Baht)_720p.mp4

412.01 MB 720p video/mp4 493 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Internship
6.3

Billy McMahon နဲ့ Nick Campbell တို့ဟာ အလွန်တော်တဲ့ အရောင်းသမားတွေ ဖြစ်ကြပါတယ်။ အလုပ်လည်း ကြိုးစားကြသလို သူတို့ဘဝဟာ ခိုင်မာတယ်လို့ မြင်ခဲ့ကြပါတယ်။ ကံကြမ္မာ အလှည့်အပြောင်းမှာတော့ သူတို့ရဲ့ နာရီကုမ္ပဏီဟာ လုပ်ငန်းဖျက်သိမ်းလိုက်တာကို မသိလိုက်ကြပါဘူး။ အသက်ကြီးမှ ခက်ခက်ခဲခဲ အလုပ်လိုက်ရှာကြတဲ့အခါမှာလည်း ခက်ခဲပြီး စိတ်ဓာတ်ဆိုးဝါးတဲ့ အလုပ်ရှင်တွေနဲ့ပဲ တွေ့ရပါတယ်။ နောက်ဆုံး Billy ဟာ အင်တာနက်ကနေတဆင့် အလုပ်ရှာဖို့ ဆုံးဖြတ်လိုက်ပါတယ်။ Google ကို သုံးပြီး အလုပ်ရှာနေတဲ့ Billy ဟာ Google က ခေါ်တဲ့အလုပ်တစ်ခုကို တွေ့ပါတယ်။ အဲဒီအလုပ်ဟာ အမြဲတမ်းအလုပ် မဟုတ်သေးပဲ အလုပ်သင်အနေနဲ့ ခေါ်တာ ဖြစ်ပေမယ့် Bill က စိန်ခေါ်မှုအသစ်တွေ ရင်ဆိုင်ဖို့ တိုက်တွန်းတာကြောင့် Nick လည်း စိတ်ပါသွားခဲ့ပါတယ်။ သူတို့နှစ်ယောက်ကို အွန်လိုင်းကနေ အင်တာဗျူးတဲ့အခါ သက်ဆိုင်ရာနယ်ပယ်မှာ အတွေ့အကြုံလည်း မရှိ၊ အသက်အားဖြင့်လည်း အတော်ကြီးနေပေမယ့် ရှေးရိုးမဆန်ပဲ သွက်လက်တဲ့ အဖြေကြောင့် အလုပ်သင်အဖြစ် ရွေးချယ်ခံရပါတယ်။ သူတို့ Google ကို ရောက်တဲ့အခါမှာတော့ စိတ်ကူးယဉ်သိပ္ပံဝတ္ထုတွေထဲမှာသာ မြင်ဖူးတဲ့ နည်းပညာတွေကို စတင်တွေ့ရှိရပါတော့တယ်။ ဒါ့အပြင် တခြားကုမ္ပဏီတွေလို မဟုတ်ပဲ အစစအရာရာ အလကား အသုံးပြုနိုင်တဲ့အပြင် လုပ်ငန်းခွင်အတွင်း အနားယူချိန်မှာလည်း ပြည့်ပြည့်ဝဝနဲ့ သက်တောင့်သက်သာ အနားယူနိုင်တာကြောင့် သူတို့နှစ်ယောက် သဘောကျသွားကြပါတယ်။ ပြဿနာကတော့ အလုပ်သင်တွေကို အဖွဲ့ခွဲ၊ အဖွဲ့လိုက်ပြိုင်ပွဲ ကျင်းပပြီး အနိုင်ရတဲ့ အဖွဲ့ကသာ Google မှာ အလုပ်ရဖို့ အာမခံမှာ ဖြစ်ပါတယ်။ သူတို့နဲ့ အတူ ပါဝင်ရမယ့် သူတွေဟာ တက္ကသိုလ် ပြီးကာစ လူငယ်တွေ ဖြစ်ပြီး အသက်အရွယ်ကြောင့် သူတို့နဲ့ ဘယ်သူကမှ အဖွဲ့မဖွဲ့ချင်ကြပါဘူး။ နောက်ဆုံး သူတို့အဖွဲ့မှာ ဘယ်သူကမှ မခေါ်ချင်တဲ့လူတွေချည်း ကျန်နေခဲ့ကြပါတယ်။ Nooglers လို့ခေါ်တဲ့ ဒီအလုပ်သင်တွေဟာ အုပ်စုဖွဲ့ပြီး သူတို့ကို ပေးအပ်လာမယ့် တာဝန်ကို စောင့်နေကြရပါတယ်။ သူတို့အဖွဲ့ထဲမှာ Stuart လို့ခေါ်တဲ့ သူ့ဖုန်းကိုပဲ စိတ်ဝင်စားသူ၊ Yo-Yo လို့ခေါ်တဲ့ အိမ်မှာပဲ စာသင်ဖူးပြီး ပြင်ပလောကကို ခုမှ စတင်ထိတွေ့သူ၊ Neha လို့ခေါ်တဲ့ ပေါက်ကရတွေးတတ်တဲ့ ကောင်မလေးတို့ ပါဝင်လာပြီး အဖွဲ့ခေါင်းဆောင်ကတော့ သူ့ရဲ့ စိတ်မလုံခြုံမှုကြောင့် အမြဲတမ်းလိုလို တက်ကြွချင်ယောင်ဆောင်နေတဲ့ Lyle ဆိုတဲ့ Google က ဝန်ထမ်းငယ်လေးပါ။ Mr. Chetty ဟာ ဒီအလုပ်သင်တွေကို အကဲဖြတ်ပေးမယ့်သူဖြစ်ပြီး သူတို့အဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေ၊ အားကစားနဲ့ နည်းပညာပိုင်းမှာ ဘယ်လို အကျွမ်းတဝင်ရှိသလဲဆိုတာတွေကို လေ့လာစောင့်ကြည့်နေပါတယ်။ Billy နဲ့ Nick ရဲ့ ရှေ့ခရီးဟာ ဘာတွေ ဖြစ်လာမလဲ။ မတူညီတဲ့ ပတ်ဝန်းကျင်တွေမှာ ကြီးပြင်းလာပြီး လူတွေနဲ့ အဆင်မပြေတဲ့ သူတို့အဖို့ ဘယ်လို အခက်အခဲတွေ ကြုံတွေ့ရမလဲ။ သူတို့ ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေက ဘာတွေလဲ။ သူတို့ထက် အင်အားကြီးမားသူတွေ၊ ငယ်ရွယ်ထက်မြက်သူတွေကို ဘယ်လို ရင်ဆိုင်ကြမလဲ ဆိုတာကိုတော့ ဆက်လက်ရှုစားကြပါ။ ဒါရိုက်တာ Shawn Levy ရိုက်ကူးပြီး Vince Vaughn နဲ့ Owen Wilson တို့ ခေါင်းဆောင်ပါဝင်ထားတဲ့ The Internship ဇာတ်ကားဟာ Google ကို ကြော်ငြာပေးတဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ လူမှုဘဝဟာသတွေနဲ့ Google ရဲ့ လူသစ်စုဆောင်းမှုကို ပေါင်းစပ်ထားပြီး အရောင်းမြှင့်တင်ရေး သဘောမျိုး ရိုက်ကူးထားတာ ဖြစ်ပါတယ်။ Vince Vaughn နဲ့ Owen Wilson တို့ အတူပူးတွဲပါဝင်တဲ့ တတိယမြောက် ဟာသဖာတ်ကားလည်း ဖြစ်ပါတယ်။ IMDb မှာ Rating 6.3 ပေးထားပေမယ့် Rotten Tomatoes မှာတော့ Tomatometer 34% ပဲ ပေးထားပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ ဟာသဇာတ်ကား ကြည့်ချင်သူတွေ၊ ခေတ်သစ် ဟာသအရသာ ခံစားချင်တဲ့သူတွေ၊ ဘဝအတွက် ရည်မှန်းချက် ပျောက်ပြီး စိတ်ညစ်နေသူတွေ ကြည့်သင့်တဲ့ ဇာတ်ကား ဖြစ်ပါတယ်။ ဝေဖန်သူအများစုကတော့ Google ကို အလွန်အမင်း ပုံရိပ်မြှင့်တင်ပေးထားခြင်းနဲ့ ကြော်ငြာဆန်နေခြင်းကို အပြင်းအထန် ဝေဖန်ထားကြပါတယ်။ အလုပ်ခွင်မှာ စိတ်ညစ်နေသူတွေအတွက်တော့ အပန်းဖြေကြည့်ရှုစရာ ဇာတ်ကားတစ်ကား ဖြစ်ပါလိမ့်မယ်။ File size…2.18GB / 970MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 59m Genre ..... Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Kasashi

Drama • Mystery • Thriller
6.3 2013 119 mins
The Internship
Gabriel's Rapture: Part I
8.1

အိပ်ရာခန်းများပါဝင်တာမို့ မိသားစုနဲ့အတူမကြည့်သင့်ပါခင်ဗျ.... ဒီဇာတ်လမ်းကတော့ သူ့ရှေ့မှာ Gabriel's Inferno (Part - 1,2,3) ဆိုပြီး သုံးကားထွက်ထားတာရဲ့နောက် ထွက်လာတဲ့ ကားသစ်တစ်ခုပါ။ Romance လေး ပေါ့ပေါ့ပါးပါးကြည့်ချင်တယ်ဆိုတဲ့ လူတွေကတော့ ဒီကားကိုစကြည့်လည်း အချိတ်အဆက်မိမိနဲ့ ကားကောင်းတစ်ကားဖြစ်တာ ခံစားမိမှာပါ။ ပိုမိုက်တဲ့ခံစားချက်တွေကိုမှ ကြုံချင်တာဆိုရင်တော့ သူ့အရင်ထွက်ထားပြီးသားသုံးကားကို အရင်ကြည့်ပြီး ဒီဇာတ်ကားကို ပြန်ကြည့်လိုက်ပါ။ "ဒီကောင်ကွာ ဒီကောင်မကွာ" ဆိုပြီးရေရွတ်နေရလောက်အောင် ခံစားရမှာပါ။ ဇာတ်ကားကတော့ ဂေဘရီရယ်ဆိုတဲ့ ပရော်ဖက်ဆာတစ်ယောက်နဲ့ ဂျူလီယာဆိုတဲ့ ကျောင်းသူလေးရဲ့ အချစ်ဇာတ်လမ်းဖြစ်ပြီး နှစ်ယောက်လုံးရဲ့ အတိတ်အဖြစ်အပျက်ကိုယ်စီတွေက သူတို့နှစ်ယောက်ရဲ့ လက်ရှိအချစ်ရေးခရီးလမ်းမှာ ဆူးငြှောင့်ခလုတ်လေးတွေဖြစ်လာတာကို ရိုက်ကူးထားတဲ့ကားတစ်ကားဖြစ်ပါတယ်။ ဒိုင်ယာလော့တွေက ချစ်သူနှစ်ယောက် နှစ်ကိုယ်ကြားပြောတဲ့ အပြောအဆိုတွေနဲ့ ဖွဲ့နွဲ့ထားတဲ့အတွက် ရင်သပ်ရှုမောလေးခံစားရမှာဖြစ်ပါတယ် File Size :(1.8GB)(892 MB) and (280 MB) Quality : WEB-DL1080P,720p Format…mp4 Duration…01:46:00 Genre : Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Paing Encoded by Phyo Pyae

Action • Thriller
8.1 2021 106 mins
Gabriel's Rapture: Part I
The Princess
6.9

The Conjuring , Kissing Booth တို့နဲ့ လူတော်တော်များများသိလာကြတဲ့ မင်းသမီး Joey King ရဲ့ အလန်းစားကားတစ်ကားထွက်လာပြန်ပါပြီ ဇာတ်လမ်းအကျဥ်း လှပပြီး စိတ်ဓာတ် ခံယူချက်ပြင်းထန်တဲ့ မင်းသမီး ‌ချော‌လေးကို လာရောက်တောင်းရမ်း စေ့စပ်ထားတဲ့သူကို လက်မထပ်ချင်လို့ မင်းသမီးကငြင်းလိုက်တဲ့နောက်... အငြင်းခံရတဲ့ စစ်သည်တော်က ခံပြင်းပြီး မင်းသမီးကို ရဲတိုက်ထဲ ဖမ်းကာ နန်းတော်ကို သိမ်းလိုက်တယ် ဘုရင်အစစ်ဖြစ်ဖို့ မင်းသမီးကို လက်ထပ်မှဖြစ်မယ်ဆိုပြီး နည်းအမျိုးမျိုးနဲ့ ကြိုးစားတော့တာပေါ့ မင်းသမီးလေးကလည်း ရဲတိုက်ထဲကနေ မိဘတွေကိုကယ်တင်ပြီး ဘယ်လို လွတ်မြောက်ဖို့ ကြိုးစားမလဲဆိုတာတွေကို ကြည့်ရှုကြရမှာပါ ။ File Size__( 1.7GB) / (900MB) Quality__WEB-DL_1080p, 720p IMDb Rating__6.0/10 Format__mp4 Duration__01:32:00 Type__Action, Drama, Fantasy Subtitle__Myanmar Subtitle (Hardsub) Translated by Myinn Encoded by Naing Aung Latt

Drama • War
6.9 2022 94 mins
The Princess
Koogle Kuttappa
5.7

ဒီတစ်ခါမှာတော့ IMDB မှာ 7.2 အထိရရှိထားတဲ့ 2022 ခုနှစ်ထွက် မေတ္တာဖွဲ့ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ မေတ္တာဖွဲ့ကားတွေအထွက်ကျဲချိန်မှာ ဒီကားလေးထွက်လာတာဝမ်းသာစရာပါပဲ ဇာတ်လမ်းအကျဉ်း... သားကို ချစ်လွန်းလို့ စက်ရုပ်အင်ဂျင်နီယာဘွဲ့ရတဲ့အထိကျောင်းထားပေးပြီး မွေးရပ်မြေမှာပဲ နေ့စဉ်ရုံးတက်ရုံးဆင်း လုပ်စေချင်တဲ့အဖေ ဖခင်ကို မလွန်ဆန်နိုင်ပေမယ့် ဘ၀ရှေ့ရေးအတွက် နိုင်ငံရပ်ခြားအထိ အလုပ်သွားလုပ်ချင်နေတဲ့သား.. နိုင်ငံခြားမှာ အလုပ်လုပ်ဖို့ အသက်ကြီးတဲ့အဖေကို စောင့်ရှောက်နိုင်မယ့် အိမ်တွင်းသူနာပြုတွေ ခေါ်ပေမယ့် လူ့ဂွစာအဖေကြောင့်အကုန် ပြန်ပြေးရတဲ့အချိန် သူ့ကို အလုပ်ခန့်တဲ့ကုမ္မဏီက နှစ်ဦးနှစ်ဖက် အဆင်ပြေအောင် စီစဉ်ပေးချိန်မှာတော့ ခံစားချက်ရသတွေ အများကြီးခံစားလို့ရနိုင်မယ့် ရုပ်ရှင်တစ်ကားကို မွေးထုတ်ပေးလာတာကြောင့် လိုက်ပါစီးမြောခံစားလိုက်ကြပါဦးခင်ဗျာ... အညွှန်းနဲ့ဘာသာပြန် Lwin Htoo Aung ဖြစ်ပါတယ် File size…2.1GB / 1.05GB Quality…1080p WEB DL Tamil AAC 5.1CH / 720p Format…mp4 Duration….2h 7m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Lwin Htoo Aung

Horror • Mystery • Thriller
5.7 2022 131 mins
Koogle Kuttappa
Semper Fi
6.1

IMDB - 6.1/10 ကယ်လန်ဟန်ဆိုတာက စစ်တပ်ထဲမှာ နိုင်ငံတာဝန်ထမ်းဆောင်ပြီး လက်ရှိ ရဲလုပ်နေတဲ့လူတစ်ယောက်။ သူငယ်ချင်းအရင်း ၃ ယောက်နဲ့အတူ သွေးတစ်ဝက်ပါတဲ့ လူရမ်းကားလေး ညီဖြစ်သူ အွိုင်းစတားနဲ့ အတူတူသွားလာလှုပ်ရှားနေကြပေါ့။ တစ်လကို တစ်ခါလည်း အုပ်စုလိုက် စစ်တပ်ထဲကို ပြန်ပြန်သွားပြီး စစ်မှုထမ်းပေးရပါသေးတယ်။ တစ်ညကျတော့ ဘားထဲမှာ အုပ်စုလိုက်သောက်ပြီး ကယ်လန်ဟန်တို့ ပြန်လာတဲ့အချိန် ညီဖြစ်သူက ကောင်မလေးကိုကြောင်ရင်း ကျန်ခဲ့ပါတယ်။ အဲဒီမှာပဲ တစ်ဖက်ကလာကြောင်တဲ့လူနှစ်ယောက်နဲ့ အွိုင်းစတားတစ်ယောက် ရန်ဖြစ်ရာကနေ မတော်မဆဖြစ်ပြီး လူသတ်မှုဖြစ်သွားခဲ့ပါတယ်။ ညီဖြစ်သူက ပြေးပေမယ့် အစ်ကိုကတော့ ကိုယ်တိုင်လိုက်ဖမ်းပေးပြီး ဥပဒေလက်ထဲ အပ်ပေးခဲ့ပါတယ်။ အဲဒါနောက်ပိုင်း ကယ်လန်ဟန်တို့လည်း အီရတ်မှာ တာဝန်ကျဖို့ ဖြစ်လာတယ်။ ထောင်ထဲမှာလည်း အွိုင်းစတားတစ်ယောက် အစောင့်တွေရဲ့ အနိုင်ကျင့်မှုတွေကို ဆက်တိုက်ခံစားနေရခဲ့တယ်။ ဒီလိုနဲ့ စစ်ပွဲထဲမှာ ရခဲ့တဲ့စိတ်ဒဏ်ရာတွေနဲ့အတူ ထောင်ထဲမှာ အဆင်မပြေဖြစ်နေတဲ့ ညီတော်မောင်ကို သူကိုယ်တိုင် ပရမ်းပတာတွေ ဖြစ်နေတဲ့ကြားကနေ ဘယ်လိုမျိုး ကယ်တင်ပေးမလဲဆိုတာကို ကြည့်ရှုရမယ့် အက်ရှင်ကားတစ်ကားပါ။ Cast ကတော့ အဓိကဇာတ်ဆောင် ကယ်လန်ဟန်နေရာကို Suicide Squad မှာ Captain Boomerang လုပ်ခဲ့တဲ့ သြစတြီးယားသရုပ်ဆောင် Jai Courtney က ပိုင်နိုင်စွာ သရုပ်ဆောင်ထားပေးပါတယ်။ File size…1.84GB / 689.8MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 39m Genre ..... Action , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Aung

Action & Adventure • Drama • Sci-Fi & Fantasy
6.1 2019 100 mins
Semper Fi
Our Little Sister
7.5

Our Little Sister ( 2015 ) ————————- Directed by Hirokazu Koreeda IMdb – 7.5 / Rotten Tomatoes – 94% ( ပထမဆုံးအပိုဒ်ဟာ ရုပ်ရှင်အကြောင်းမဟုတ်ဘဲ ဂျပန်စီနီမာက မျက်မှောက်ခေတ်ဒါရိုက်တာတွေအကြောင်းမို့ ကျော်ချင် ကျော်ဖတ်လို့ရပါတယ် ) ( ဂျပန်ရုပ်ရှင်တွေဟာ Ozu , Akira Kurosawa အပါအဝင် တခြားဒါရိုက်တာတွေနဲ့ သမိုင်းအစဉ်အလာတော်တော်ကြီးခဲ့သလို Contemporary Japanese Directorsတွေဖြစ်တဲ့ Shunji Iwai , Takashi Miike , Sion Sono , Kiyoshi Kurosawa , Tetsuya Nakashima , Yōjirō Takita, Yôji Yamada , Hirokazu Koreeda တို့တွေဟာလည်း မျက်မှောက်ခေတ်အထိ ဒီသမိုင်းအစဉ်အလာကို ထိန်းသိမ်းထားနိုင်တုန်းပါပဲ။ ဂျပန်ဟာ ကိုရီးယားထက် နောက်ကောက်ကျသွားပြီပြောကြပေမဲ့ လက်ရှိထိရှိနေတဲ့ ဇာတ်ကားကောင်းတွေထုတ်ပေးနိုင်တဲ့ ဒါရိုက်တာ အင်အားဟာ တော်တော်အားကောင်းတုန်းပါပဲ။ ထွက်လည်းထွက်နေကြတုန်းပါပဲ။ မကျော်တောင် နောက်ကောက်တော့မကျတာ သေချာပါတယ်။ Takashi Miikeတို့ Kiyoshi Kurosawaတို့လို Extremeဆန်တဲ့ ဒါရိုက်တာတွေကလည်း သူ့လိုင်းနဲ့သူအောင်မြင်သလို Hirokazu Koreeda တို့ Shunji Iwaiတို့ကလည်း အသိမ်မွေ့ဆုံး အလှပဆုံး ရုပ်ရှင်တွေကို ထုတ်ပေးနေတုန်းပါ။ Sion Sonoတို့ဆို မနှစ်က နစ်ကေ့နဲ့ ဘိုကားသွားရိုက်ခဲ့သလို Koreedaဆိုလည်း အီသန်ဟန့်နဲ့ ရိုက်ဖူးတဲ့သူပါ။ Kiyoshi Kurosawaရဲ့ cureကိုတော့ david Fincherရဲ့ Se7enထက်တောင် သာတယ်လို့ပြောတဲ့သူတွေမနည်းပါဘူး။ Shunji Iwaiရုပ်ရှင်တွေကတော့ လူ့ပြည်ကနိဗ္ဗာန်ဘုံလို့တောင် ဆိုကြပါတယ်။ ဒီထဲတော့ Personallyအရတော့ Hirokazu Koreedaနဲ့ Shunji Iwaiတို့ရဲ့ ရုပ်ရှင်အေးအေးလေးတွေကိုတော့ သဘောအကျဆုံးပါပဲ။ ဂျပန်ရုပ်ရှင်ဆိုတဲ့ အငွေ့အသက်ကိုလည်း သူတို့ဆီ အပြည့်အဝတွေ့ရပါတယ်။ ဒါကြောင့်ပဲ Shunji Iwaiဟာ last letterကို တရုတ်တွေနဲ့ အရင်ရိုက်ကြည့်တုန်းက မအောင်မြင်ခဲ့သလို korredaရဲ့ Brokerဟာလည်း ထင်သလောက်တော့ မဖြစ်သွားခဲ့တာနေပါမယ်။ သူတို့ရုပ်ရှင်တွေဟာ ဂျပန်အငွေ့အသက်နဲ့ပဲ လုံးဝပနဲပနံသင့်လှပနေတဲ့ ဂျပန်ရုပ်ရှင်အစစ်တွေပါပဲ။ ) Our Little Sisterဟာ korredaရဲ့ ကားကောင်းတွေများစွာထဲက တစ်ကားပါပဲ။ သူ့တခြားကားကောင်းတွေဖြစ်တဲ့ Nobody Knowsတို့ Like Father, Like Sonတို့ Brokerတို့ Air Dollတို့ Shopliftersတို့ Still Walkingတို့ကိုတော့ စီအမ်မှာတင်ထားဖူးတော့ သူ့မသိတောင် ဒီထဲက တစ်ကားကားကို အားလုံးရင်းနှီးပြီးသားဖြစ်မှာပါ။ Koreedaဟာ ozuရဲ့အငွေ့အသက်မကင်းတဲ့သူဖြစ်တာနဲ့အညီပဲ ရုပ်ရှင်အများစုဟာ ရိုးရိုးရှင်းရှင်းလေးပဲ မိသားစုတစ်ခုထဲက အဖြစ်အပျက်တို့ ဘာတို့ကို ချပြပြီး ဘာမှအဆန်းတကြယ်အဖြစ်အပျက်တွေမပါဘဲနဲ့ကို ဒိုင်ကြောင်တွေမဟုတ်နဲ့ သာမန်စကားလုံးတွေနဲ့ပဲ အဲဒီမိသားစုရဲ့ နောက်က အစိုင်အခဲတွေ သံယောဇဉ်တွေ ချစ်ခြင်းတွေ နားမလည်ခြင်း နားလည်ခြင်းတွေကို ပရိသတ်ရင်ထဲ အရောက်ပို့ပေးနိုင်တဲ့ရုပ်ရှင်တွေပါပဲ။ ကျွန်တော်ကြည့်ဖူးသလောက် သူ့ရုပ်ရှင်တွေထဲ ဒီဓာတ်ရဲ့အသိမ်မွေ့ဆုံးရုပ်ရှင်က still walkingပါပဲ။ နောက်ပိုင်းသိရတာတော့ still walkingဟာ သူ့မိသားစုကို အခြေတည်ရိုက်ထားတယ်ဆိုပါတယ်။ ဒါကြောင့်လည်း ဒီလိုဖြစ်နေတာပဲနေမှာပါ။ our little sisterကတော့ ညီအစ်မသုံးယောက်ဘဝထဲကို သူတို့အဖေရဲ့ နောက်မိန်းမရဲ့ သမီးလေး ရောက်လာတဲ့အကြောင်း ရိုက်ပြထားတဲ့ရုပ်ရှင်ပါပဲ။ သူ့ဟန်အတိုင်း သိမ်သိမ်မွေ့မွေ့လေးနဲ့ပဲ မပြထားတဲ့ နောက်ကြောင်းတွေကို တငွေ့ငွေ့မြင်လာအောင် ပြထားတယ်။ Koreedaပေးတဲ့ အရသာကိုကြိုက်တဲ့သူတွေအတွက် စိတ်ကျေနပ်မှုအပြည့်ရစေမယ့် ရုပ်ရှင်လို့ ပြောလို့ရပါတယ်။ ဂျပန်အကယ်ဒမီမှာ စီနီမာတိုဆု လိုက်တင်ဆု ဒါရိုက်တာဆုတွေအပြင် တက်သစ်စသရုပ်ဆောင်ဆုနဲ့ အကောင်းဆုံးရုပ်ရှင်ဆုကိုလည်း ရရှိခဲ့ပါတယ်။Palme d’Or ပြိုင်ဖို့လည်းအရွေးခံခဲ့ရသလို ပုဂ္ဂလိအမြင်အရတော့ Masami Nagasawaရဲ့ ဆွဲဆောင်မှုကလည်း ဒီရုပ်ရှင်ကို ပိုလှပစေခဲ့တဲ့ တစ်ချက်လို့ပြောရင်မမှားပါဘူး။ Our Little Sisterဟာ ဘာမှအလွန်အကျူးတွေမပါဘဲ သာမန်အဖြစ်အပျက်တွေ သာမန်ပျော်စရာတွေ သာမန်ဝေဒနာတွေနဲ့ကို ထူးထူးခြားခြားလှပနေတဲ့ KOREEDAရဲ့ မာစတာပိစ်တစ်ကားပါပဲ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ WiRa Aung ပါ ) File Size__(2.2GB) / (1.1GB) Quality__BluRay_1080p, 720p IMDb Rating__7.5/10 Format__mp4 Duration__02:07:00 Type__Drama, Family Subtitle__Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Naing Aung Latt

Adventure • Fantasy
7.5 2015
Our Little Sister
Eternally Younger Than Those Idiots
7.2

Eternally younger than those idiots (2021) “မင်းရဲ့စိတ်ဝိဉာဉ်နဲ့ ဖြစ်တည်မှုကို ကမောက်ကမဖြစ်အောင်လုပ်တဲ့သူတွေကြောင့် ဘယ်တော့မှ လက်လျှော့အရှုံးမပေးလိုက်ပါနဲ့။ သူတို့က တစ်နေ့ထက်တစ်နေ့ ပိုပြီးအိုမင်းလာ အားနည်းလာနေတာပါ။ မင်းကတော့ ဒီလူ့အန္ဓတွေထက် ထာဝရငယ်ရွယ်နုပျိုပါတယ်။” ဟိုရိဂအိ IMDb rating 7.1/10အထိရရှိထားပြီး dialogueတွေ​က လေးနက်မှုရှိနေတဲ့ ဒီကားလေးထဲမှာဆိုရင် ဟိုရိဂအိလို့ခေါ်တဲ့ တက္ကသိုလ်ကျောင်းသူက မကြာခင်ဘွဲ့ရတော့မှာဖြစ်ပြီး လုပ်စရာအလုပ်ကလည်း အသင့်ရှိနေပါပြီ။ ဒါပေမဲ့ နွေဦးရောက်မှ ဘွဲ့ရပြီးအလုပ်စလုပ်ရမှာမို့ ဖြုန်းစရာအချိန်တွေက ပိုနေပါတယ်။ သူလုပ်ရမဲ့အလုပ်က ကလေးသူငယ်စောင့်ရှောက်ရေးစင်တာမှာဖြစ်ပြီး ဒီအလုပ်ကိုလုပ်ရတဲ့ရည်ရွယ်ချက်ကလည်း ပျောက်ဆုံးနေတဲ့ကလေးတစ်ယောက်ကို တစ်နေ့မှာကယ်တင်နိုင်ဖို့ပါပဲ။ အလုပ်ကိုစောင့်ရင်း သူ့ဘွဲ့အတွက် စာတမ်းတစ်စောင်လည်း ​ပြုစုနေပါတယ်။ သူငယ်ချင်းတစ်ယောက်ကိုကူညီရင်းနဲ့ အိနိုဂိဆိုတဲ့ introvertသူငယ်ချင်းတစ်ယောက်လည်း ရလာခဲ့ပါတယ်။ သူတို့နှစ်ယောက်လုံးက ငယ်စဉ်ကအနိုင်ကျင့်ခံခဲ့ရတဲ့စိတ်ဒဏ်ရာကိုယ်စီကြောင့် လက်ရှိမှာလည်း ပေါင်းသင်းဆက်ဆံရေးခက်ခဲ့နေခဲ့ကြတာပါ။ ဒါ့ကြောင့် ဟိုရိဂအိက ကလေးစောင့်ရှောက်ရေးအလုပ်နဲ့မသင့်တော်ဘူးလို့ သူ့ကိုယ်သူထင်နေပါတယ်။ အိနိုဂိကတော့ ဖြစ်ရပ်ဆိုးတစ်ခုကြောင့် သေလုမျောပါးခံစားရပြီးမှ​ လွတ်မြောက်ခဲ့ရတဲ့ကောင်မလေးပါ။ သူတို့နှစ်ယောက်ရဲ့ တဖြည်းဖြည်းချင်းတိုးတက်လာတဲ့ ခင်မင်မှုနဲ့ စိတ်ပိုင်းဆိုင်ရာ အပြန်အလှန်မှီခိုမှု အကြောင်းကြည့်ရှုရမှာဖြစ်ပါတယ်။ ဟိုရိဂအိက သူရည်းစားတစ်ခါမှမထားရသေးဘဲ အပျိုဖြစ်နေသေးတာကို မကျေနပ်တဲ့သူပါ။ ဒါပေမဲ့ သူ့ရဲ့အဓိကပြဿနာလို့ထင်နေတဲ့အရာထက် ပိုပြီး အရေးကြီး တဲ့လုပ်စရာတွေလည်းအများကြီးရှိတယ်ဆိုတာကို ဟိုရိဂအိသိလာခဲ့ပါတယ်။ ရုန်းကန်နေရတာက ကိုယ်တစ်ယောက်တည်းမဟုတ်ဘဲ ကိုယ့်ထက်ပို ခက်ခဲတဲ့စိတ်ဓာတ်ကျစရာအခြေအနေနဲ့ ရှင်သန်နေရတဲ့သူတွေ ပုံမှန်မဟုတ်တဲ့ပြဿနာတွေနဲ့ရင်ဆိုင်ရတဲ့သူတွေ လည်းရှိနေပါသေးတယ်ဆိုတာပါပဲ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Ingyin San ပါ ) File Size__(1.5GB) / (800MB) Quality__WEB-DL_1080p, 720p IMDb Rating__7.2/10 Format__mp4 Duration__01:58:00 Type__Drama Subtitle__Myanmar Subtitle (Hardsub) Translated by Ingyin San Encoded by Naing Aung Latt

Drama • Romance
7.2 2021
Eternally Younger Than Those Idiots
Big Joy Event
5.9

အခုတစ်ခေါက် CM က Big Joy Event ဆိုတဲ့ ဟာသကားလေး တစ်ကားကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- ကားပြင်ဆရာလီတကျွင်းနဲ့ လက်သည်းအလှပြင်သူ လျိုမိန်တို့ ချစ်သူနှစ်ယောက်ဟာ စေ့စပ်ပွဲနေ့မှာ မင်္ဂလာပွဲနေ့ကို သတ်မှတ်ခဲ့ကြတယ်။ တစ်ချိန်တည်းမှာပဲ လီတကျွင်းဟာ ယောက္ခထီးကြီးဖြစ်သူ လျိုခဲ့ကျန်ရဲ့ စိန်ခေါ်မှုကြီး တစ်ရပ်ကို လက်ခံခဲ့ရတယ်။ တင်တောင်းငွေ ၅ သိန်းတဲ့။ လီတကျွင်းအတွက်တော့ နှစ်ဝက်အတွင်း ၅ သိန်းရဖို့က မဖြစ်နိုင်တဲ့ တာဝန်ကြီးတစ်ခုပါ။ ထိုနောက် လီတကျွင်းနဲ့ လျိုမိန်တို့ပူးပေါင်းပြီး လျိုခဲ့ကျန်ကို တိုက်စစ်ဆင်ပါတော့တယ်။ လူငယ် နှစ်ယောက်က ရှေးဟောင်း အတွေးအခေါ်တွေကို ဘယ်လို ကျော်ဖြတ်ကြမလဲ…… သူတိုနှစ်ယောက် မင်္ဂလာပွဲကို အောင်မြင်စွားကျင်းပနိုင်ပါမလား…… ဆိုတာကို ဇာတ်လမ်းလေးနဲ့အတူ ရယ်မောကြည့်ရှုကြရအောင်နော်။

5.9 2023
Big Joy Event
Sawah
5.5

Sawah (2019) ========== မိတ်​ဆွေတို့​ ကိုယ်လုပ်ချင်တဲ့အရာထက် လုပ်သင့်တဲ့အရာကို​ ရွေးချယ်ခဲ့ကြဖူးလား ဘယ်အရာကိုပဲဖြစ်ဖြစ် ကိုယ်လုပ်ချင် တာလုပ်ရမှ ​ကျေနပ်ကြတဲ့သူ​တွေရှိသလို အ​​ခြေအ​နေအချိန် အခါကိုလိုက်ပြီး အလိုက်တသိဖြစ်သင့်တာကို​ရွေးချယ်သွား ကြတဲ့သူ​တွေလည်း ဒုနဲ့​​ဒေးပါပဲ။ ဘယ်အရာကိုပဲလုပ်လုပ် တာ ဝန်ယူမှုတာဝန်ခံမှုဆိုတာ ရှိသင့်ပါတယ်။ ကိုယ်လိုချင်တဲ့အရာ ကို အရယူနိုင်ဖို့ မဆုတ်မနစ်ကြိုးစားကြရမှာပါ။ မလုပ်နိုင်ဘူး၊ မလုပ်ချင်ဘူးဆိုတာ ဆင်​ခြေတစ်ခုပါပဲ ဒါက ခင်ဗျား မလိုချင် တဲ့အရာဖြစ်​နေလို့ပါ။ ​ အောင်မြင်မှုကို ဆာ​လောင်တဲ့ စကာရတ်ဖ်က ပြည်တွင်း DJ ပြိုင်ပွဲမှာ အနိုင်ရပြီး ဘရပ်ဆဲလ်မှာလုပ်တဲ့ DJ World Champion မှာယှဥ်ပြိုင်ဖို့ အ​​ရွေးခံလိုက်ရပါတယ်။ ဖြစ်ချင်​တော့ သူတို့ တိုင်းပြည်မှာ ဆန္ဒပြုမှု၊သပိတ်​မှောက်မှုနဲ့ရုန်းရင်းဆန်ခတ်မှု​တွေ ဖြစ်​နေတဲ့ကာလပါ စကာရတ်ဖ်က တိုင်းပြည်ကအ​ခြေအ​​နေကို မငဲ့ဘဲ ပြည်ပထွက်ပြီး​အောင်မြင်မှုကို အရယူချင်​နေတာပါ။ ချစ်သူ ကလည်း ဒီလိုအ​ခြေအ​နေ​တွေမှာ အတူမသွားနိုင်တာ​ကြောင့် စကာရတ်ဖ်တစ်​ယောက် ဘယ်လ်ဂျီယံကို တစ်ကိုယ်​တော်ခရီး သွားထွက်လာခဲ့တယ်။ ကံဆိုးစွာနဲ့ ခရီးစဥ်မှာ ရဲဖမ်းခံလိုက်ရ တယ်။ သူ​အဖမ်းခံလိုက်ရတဲ့​နေရာကလည်း လူဇင်ဘတ်မှာ ဖြစ်​ နေတယ် သွားချင်တာ တစ်​နေရာ၊ ​​ရောက်သွားတာ တစ်​နေရာ ဖြစ်​နေ​တော့ စကာရတ်ဖ် ဘာ​တွေဆက်လုပ်မလဲဆိုတာ ကိုယ် တိုင်ပဲကြည့်ရှုလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ ZWT ဖြစ်ပါတယ်) File Size……….(1.36 GB) / (605 MB) / (345 MB) Quality…………BLU-RAY 1080p / 720p / 480p Duration………1Hr 26Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Drama, Thriller Translator…….ZWT Encoder……….SWM

Horror
5.5 2019
Sawah
Sathiya Sothanai
7.6

Sathiya Sothanai (2023) “အမှန်တရားရဲ့တိုက်ပွဲ” IMDb 8.6/10 ၂၀၂၃ အစောပိုင်းက ထွက်ရှိခဲ့တဲ့ “A Jackfruit Mystery” ဆိုတဲ့ ဇာတ်လမ်းရဲ့ပိန္နဲသီးပျောက်ရှာပုံတော်လိုမျိုး ယခုတစ်ခေါက် Sathiya Sothanaiဆိုတဲ့ဇာတ်လမ်းထဲမှာတော့ အလောင်းပျောက်ရှာပုံတော်ကို ကြည့်ရှုရမှာပါ။ ဒီဇာတ်လမ်းထဲမှာ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့သူတွေကတော့ Premgi Amaren, Swayam Siddhaနဲ့ Reshma Pasupuletiတို့ပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ … ရွာပြင်က စားကျက်မြေမှာ ဆိုင်ကယ်ပတ်စီးနေတဲ့ ရိုးသားတဲ့ဖိုးသခွားလေး ပရာဒိတစ်ယောက် လူတစ်ယောက် သေနေတာကို မြင်လိုက်ရပါတယ်။ ဒီလိုနဲ့ ပရာဒိဟာ သက်သေတွေပျောက်မှာစိုးပြီး အလောင်းဆီက လက်ဝတ်ရတနာတွေကို သူ့ကိုယ်ပေါ်ပြောင်းဝတ်လို့ ရဲစခန်းဆီ ဦးတည်ခဲ့ပါတယ်။ လမ်းမှာ အဘွားကြီးတစ်ယောက်နဲ့တွေ့လို့ ပတ်ရစ်ပြီး ဘွားတော်ပါ ဆိုင်ကယ်ပေါ်တင်လာခဲ့ပါတယ်။ ဒီလိုနဲ့ ရဲစခန်းကို ရောက်သွားပြီး ရဲတွေပြန်အလာကို စောင့်နေတုန်း ကိုယ်ပေါ်က ပစ္စည်းတွေ ပျောက်သွားပါတယ်။ ပစ္စည်းတွေကလည်းပျောက် တိုင်စရာကလည်း မရှိနဲ့ ရွာပဲ ပြန်မယ်ဆိုတော့ ရဲတွေက အလောင်းကို လိုက်ပြခိုင်းခဲ့ပါတယ်။ ဒီလိုနဲ့ အလောင်းတွေ့ခဲ့တဲ့ဆီ ရောက်သွားတော့ အလောင်းပါ ပျောက်နေပါလေရော။ ဒီလိုကနေ လူရိုးလေးပရာဒိတစ်ယောက် လူသတ်မှု‌ထဲ ရောက်လာတဲ့အခါမှာတော့ လောဘကြီးတဲ့ ရဲတွေရဲ့ လက်တွေကနေ ဘယ်လိုမျိုး ရုန်းထွက်မလဲဆိုတာ အလွဲလွဲအချော်ချော်တွေနဲ့ ဇာတ်လမ်းလေးကို ကြည့်ရှုခံစားလိုက်ကြပါစို့နော်။(ဒီဇာတ်လမ်းကိုတော့ V ~ ToMo ~ KKKZ ~ Dee တို့က ညွှန်းဆိုဘာသာပြန်ထားပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

Comedy • Adventure
7.6 2023
Sathiya Sothanai
Mean Streets
7.2

ချာလီက မာဖီးယားဂိုဏ်းရဲ့ မိသားစုဝင်တစ်ယောက်ပါ။ သူ့ဦးလေးက စီးပွားရေးလုပ်ငန်းတစ်ချို့ကို ဦးစီးခိုင်းစေချင်နေပါတယ်။ ဒါပေမယ့် သူ့ရဲ့ သူငယ်ချင်းလို ညီတစ်ယောက်လို ချစ်ခင်ရတဲ့ ဂျွန်နီကို လိုက်လံစောင့်ရှောက်ပေးနေရတာနဲ့ပဲ ပြဿနာပေါင်း သောင်းခြောက်ထောင် တက်နေခဲ့တာပါ။ ဂျွန်နီက တကယ့်မလည်ရှုပ် လောင်းကစားသမား တစ်ယောက်ဖြစ်ပါတယ်။ ငွေကြေးအရှုပ်အရှင်းလည်း အရမ်းများတဲ့သူပါ။ ဂျွန်နီတစ်ယောက် ချာလီရဲ့ မိတ်ဆွေ မိုက်ကယ်ဆီကနေ ငွေချေးပြီး ပြန်မဆပ်ရာကနေ ပြဿနာတွေ စတော့တာပဲ။ ချာလီက ဂျွန်နီရဲ့ ဝမ်းကွဲအမဖြစ်တဲ့ ထရီစာနဲ့လည်း ချစ်ကြိုက်နေတာပါ။ ထရီစာက စိတ်သိပ်မမှန်လို့ ချာလီက သနားလည်းသနားပါတယ်။ ဂျွန်နီနဲ့ ထရီစာတို့ မောင်နှမအရေးနဲ့ သူ့ရဲ့ ကိုယ်ပိုင်ဘဝကြားမှာ ကြားညပ်သွားတဲ့ ချာလီရဲ့အဖြစ်ကို ရှုစားရမှာပါ။ ငြိမ့်ငြိမ့်လေးနဲ့ပဲ ဆွဲခေါ်သွားတဲ့ ဇာတ်လမ်းမျိုးဖြစ်ပြီး စဉ်းစားစရာ သင်ခန်းစာယူစရာတွေလည်း အများကြီးပါပဲ။ တကယ့်ဇာတ်အေးကြီး ဖြစ်ပေမယ့် ဝါရင့်သရုပ်ဆောင်ကြီးတွေရဲ့ ပြောင်မြောက်လှတဲ့ သရုပ်ဆောင်ချက်တွေ အသက်ဝင်လှတဲ့ ဇာတ်ကွက်တွေကြောင့် လုံးဝမြောပါသွားပါလိမ့်မယ်။ Vintage ဇာတ်လမ်းတွေကို ကြိုက်နှစ်သက်တဲ့သူတွေနဲ့ဆိုရင် ကွက်တိပါပဲ။ ၁၉၇၃ ခုနှစ်မှာ ထွက်ရှိထားတဲ့ ဒရာမာဇာတ်ကားကောင်းလေးပါ။ နာမည်ကြီးမင်းသားကြီး ရောဘတ်ဒနီိရိုက မလည်ရှုပ် ဂျွန်နီရဲ့ နေရာကနေ ပြောင်မြောက်စွာပဲ ပါဝင်သရုပ်ဆောင်ထားပါတယ်။ File size…(2 GB)/(940 Mb) Quality….Blu-Ray 1080p/720p Format…mp4 Duration….01:52:00 Genre… Crime, Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ken

7.2 1973
Mean Streets
The Clearing

The Clearing ဆိုတဲ့ ၂၀၀၄ ခုနှစ်ထွက် ဇာတ်ကားဟာ ခံစားမှုများပြားတဲ့ စိတ်ကူးယဉ်သည့် ဇာတ်လမ်းဖြစ်ပြီး သည်းထိတ်ရင်ဖိုအမျိုးအစားဖြစ်ပါတယ်။ ဇာတ်လမ်းအနေနဲ့ Wayne Hayes (Robert Redford) ဟာ လောဘမပါဘဲ အောင်မြင်မှုရနေသူတစ်ဦးဖြစ်ပြီး၊ သူ့ဇနီး Eileen Hayes (Helen Mirren) နဲ့အတူ ချမ်းသာကျေနပ်စွာနေထိုင်ပါတယ်။ တစ်နေ့မှာတော့ Wayne ကို Arnold Mack (Willem Dafoe) ဆိုတဲ့ လူဆိုးတစ်ဦးက အတင်းဖမ်းဆီးပြီး ပျောက်ဆုံးသွားတဲ့အခါမှာ Eileen နဲ့ မိသားစုဟာ ရင်ဆိုင်နေရတဲ့ စိတ်ဖိစီးမှုများပြားတဲ့ အခြေအနေကို တွေ့ကြုံရပါတယ်။ “The Clearing” ရုပ်ရှင်ဟာ စိတ်ကူးယဉ်နဲ့ ထင်မြင်ချက်တွေကို လှုံ့ဆော်ပေးပြီး ရင်ဖိုစရာအချိန်တွေနဲ့ ပြည့်နှက်နေပါတယ်။ကိုယ်တိုင်ကြည့်ရှုခံစားပေးပါဦး။ File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:33:00 Genre… Drama, Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Ye Htut

0 2004
The Clearing
Willie and Me
5

Willie and Me (2024) သူမနာမည်က ဂရေတာတဲ့ ဂျာမန်သူလေး….. ငယ်ငယ်ကတည်းက လင်ကံမကောင်းတဲ့အမေဖြစ်သူနဲ့ နေလာရတော့ မိဘမေတ္တာငတ်ရှာတဲ့ သူမအတွက် ကမ္ဘာတစ်ဖက်ခြမ်းက ဝီလီနယ်လ်ဆန်ဆိုတဲ့ နာမည်ကျော် အမေရိကန်ကန်းထရီးအဆိုတော်ရဲ့ သီချင်းတွေက သူမရဲ့အဖော်ပဲ။ ဝီလီသီချင်းတွေက သူမဘဝကို နေပျော်စေသလို သူမအမေကိုလည်း နေပျော်စေချင်တဲ့အတွက် ရေဒီယိုမှာ ဝီလီသီချင်းတွေလာတိုင်း အမေ့ကို နားဆင်စေတယ်။ ဒါပေမဲ့ သူ့အမေက သေကြောင်းကြံသွားတဲ့အခါ သူမဟာ ဝီလီရဲ့သီချင်းကို လုံးဝနားမထောင်တော့ဘူး။ အခုတော့ သူ့မဟာ အိမ်ထောင်အတည်တကျ သက်လတ်ပိုင်းအမျိုးသမီးလေးဖြစ်နေပါပြီ။ အချစ်မခံခဲ့ရတော့ သူတို့အိမ်ထောင်ရေးမှာ အချစ်ဆိုတာ ရှိလား မရှိလားဆိုတာ သူမသိရှာ။ သူ့ယောက်ျားကလည်း ဥစ္စာခြောက် မာနခဲ၊ တစ်နေ့တစ်နေ့ မယားဝတ္တရားကျေပွန်အောင်လုပ်ပြီး ဘဝကိုဖြတ်သန်းနေရာက နှစ်ပေါင်းများစွာကြာမှ ရုတ်တရက်ဆိုသလို ဝီလီရဲ့သီချင်းတွေက ရေဒီယိုမှာ ပြန်ပေါ်လာခဲ့တယ်။ နောက်ဆုံးနှုတ်ဆက်ဖျော်ဖြေပွဲတဲ့ လက်စ်ဗီးဂတ်မှာ ကျင်းပမှာတဲ့။ ဂရေတာတစ်ယောက် မီးစဟောင်းလေး ပြန်တောက်လောင်လာခဲ့တယ်။ သူမ ဘဝမှာ ဝီလီ့ကို မသေခင် တစ်ခါလောက်တော့ သွားတွေ့မှဖြစ်မယ်လို့ အတွေးပေါက်ဟန်တူတယ်။ တခါမှ မတောင်းဆိုဖူးတဲ့ ဂရေတာတစ်ယောက် သူမသူ့ယောက်ျားကို လက်စ်ဗီးဂတ်ကို လိုက်ပို့ပေးဖို့ပြောပေမဲ့ သကောင့်သားက လိုက်မပို့ပေးတော့… သူ့ယောက်ျား သည်းသည်းလှုပ် ပေါ့ရှ်ကားကို ယူရို ၇၅၀၀ နဲ့ ရောင်းစားပြီး အမေရိကကို ခြေဆန့်လာခဲ့တယ်။ ရောက်တာဖြင့်မကြာ လော့စ်အန်ဂျလိစ်မှာ ရှိစုမဲ့စု ငွေထုပ်ခိုးခံရ… လက်စ်ဗီးဂတ်က ဝီလီ့ဖျော်ဖြေပွဲက ရက်ပိုင်းအတွင်း စတော့မှာ သူမလက်ထဲ ခြူးတစ်ပြားတောင် မရှိဘူးဆိုတော့….ဘယ်လိုတွေဆက်ဖြစ်မလဲ….. ကျွန်တော်ကတော့ ကန်းထရီးသီချင်းသံလေး နားထောင်ပြီး ဘာသာပြန်နေရင်း နွေပူပူ တံလျှပ်ထနေတဲ့ အမေရိကန်အဝေးပြေးလမ်းပေါ်မှာ အိပ်မက်ပျောက်ရှာနေတဲ့ လူငယ်ဖြစ်သွားသလို ခံစားရတယ်။ ဒီဇာတ်ကားလေးက nostalgic ဖြစ်ပြီးတော့ အမေရိကန်အိပ်မက်ရေးရေးလေးကို ကြည့်နေရသလိုပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Matteo ပဲဖြစ်ပါတယ်) File size…(1.5 GB) / (700 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Duration….01:28:17 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Matteo

5 2024 87 mins
Willie and Me
A Poem in Love
5.9

လောကကြီးမှာ တစ်ယောက်သောအတွက်နဲ့တစ်ဘဝလုံးသစ္စာရှိပြီးချစ်ပေးခဲ့တဲ့အချစ်မျိုးမှာ တစ်ဖက်ကလည်းသစ္စာရှိရှိပြန်ချစ်ပေးခဲ့မယ်ဆိုရင်တော့ပျော်ရွှင်စရာအချစ်မျိုးပိုင်ဆိုင်နိုင်ပေမဲ့ ပြန်မရတဲ့အခါမှာတော့နာကျင်မှုတွေခံစားရတတ်ကြတာပါပဲ။ အမြဲတမ်းတက်ကြွထက်မြတ်ပြီး ပုံပြင်နဲ့ကဗျာကိုရေးသားစပ်ဆိုရတဲ့ ရှောင်ရှီးဆိုတဲ့မိန်းကလေးမှာ ကဗျာကိုရူးသွပ်လွန်းပြီ းကိုယ့်ကိုယ်အထင်ကြီးလွန်းတဲ့ခန်းဆိုက်ဆိုတဲ့ကောင်လေးနဲ့ ငယ်စဉ်တည်းက အတူတူကြီးပြင်းကြတဲ့ ငယ်ပေါင်းကြီးဖော်တွေဆိုပေမဲ့ ခန်းဆိုက်ကတော့ရှောင်ရှီးကို နှလုံးသားထဲက နတ်သမီးလေးတစ်ပါးလို အမြတ်တနိုးတန်ဖိုးထားတာပေါ့။ ဘွဲ့ရပြီးနောက်မှာ ကဗျာစပ်ဆိုဖို့အတွေးအခေါ်တွေရှာဖို့အတွက်နဲ့ ခန်းဆိုက်တစ်ယောက်အေးချမ်းလှတဲ့တောင်ပေါ်ဒေသလေးဆီထွက်သွားတဲ့အချိန်မှာ ရှောင်ရှီးကလည်း တစ်လျှောက်လုံးလိုက်ဖြည့်ဆည်ပေးခဲ့တယ်။ ဒီလိုနဲ့အဲ့ဒေသလေးမှာ အတူတူဖြတ်သန်းကြရင်းကိုယ့်ရဲ့ စိတ်အားထက်သန်လှတဲ့အိမ်လေးတစ်လုံးကို ရှာတွေ့သွားကြပြီး ထောင်လဲ့လို့အမည်ပေးခဲ့တာပေါ့။ တစ်ဘဝလုံးစာရင်းပြီး ချစ်ပေးနေတဲ့ရှောင်ရှီးနဲ့ ရှောင်ရှီးကိုလည်းမြတ်မြတ်နိုးနိုးချစ်နေတဲ့ ခန်းဆိုက်နှစ်ဦးသားကြားမှာ တစ်ယောက်နဲ့တစ်ယောက်ခံစားချက်တွေကမပွင့်လင်း မပြောထွက်ရဲလာကြတဲ့အခါမှာခံစားချက်တွေ ဝေဝါးလာခဲ့ကြတဲ့အချိန်မှာတော့ဘယ်လိုတွေဆက်ဖြစ်ကြမလဲ။ ဒီတော့ အချစ်ရဲ့နာကျင်မှုဆိုတာတစ်ခါတစ်ရံမှာ ကိုယ့်ဘက်ကခံစားချက်ကိုရဲရဲဝံ့ဝံ့ထုတ်မပြတော့တဲ့အခါ တစ်ယောက်သောသူကို လက်လျှော့မလား။ရှေ့ဆက်တိုးမလားဆိုတဲ့ရွေးချယ်စရာတွေ အတွေးပေါင်းများစွာဖြစ်ပေါ်လာတတ်တာကိုဖော်ကျူးရိုက်ကူးထားတာကြောင့် ဒီဇာတ်ကားလေးကို စောင့်မျှော်ကြည့်ရူလိုက်ရအောင်

Action • Comedy
5.9 2024
A Poem in Love