YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

TGC x Starship.S01E4.480p.CM.mp4

96.04 MB N/A video/mp4 74 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Lovelace
6

သူမွေးတုန်းက သူ့နာမည်က လင်ဒါဘိုးမန်း။အဖေ့ဘက်က မျိုးရိုးနာမည်ကို ယူတဲ့ထုံးစံအရ ဘိုးမန်းကို ယူထားတာပေါ့။ နောက်တော့ ချက် ထရေနာဆိုတဲ့ ဘဲနဲ့ အိမ်ထောင်ကျပြီး လင်ဒါ ထရေနာဆိုပြီး ဖြစ်လာတယ်။ အပြာကားမင်းသမီး ဖြစ်လာချိန်မှာတော့ သူဟာ လင်ဒါလက်ဗလေ့စ်ဆိုတဲ့ နာမည်နဲ့ အောင်မြင်ခဲ့တယ်။လက်ဗလေ့(စ်)ဆိုတာက ဘာမျိုးရိုးနာမည်မှ မဟုတ်ဘူး။ အခွေထွက်ခါနီး ပရိုဂျူဆာဘဲက(ချစ်ဖို့ကောင်းတဲ့ နှောင်ကြိုးလေး ) Lovely Lace …. Lovelace ဆိုပြီး ပေးလိုက်လို့ ဖြစ်လာတဲ့နာမည်။ ဒီလိုနဲ့ သူ့ရဲ့ ပထမဆုံး Pornographic film Deep Throat အပြီးမှာ သူဟာ အဲ့ဒီနာမည်နဲ့သျှမ်းသျှမ်းတောက် အောင်မြင်လာတယ်။သူပါတဲ့ Deep Throat ဟာလည်း ရုံကနေကို မချရတဲ့အထိအောင်မြင်လာလို့ အပြာလောကရဲ့ Gone With The Wind လို့ကို ပြောစမှတ်တွင်ခဲ့တယ်။ ဒါပေမယ့် ဒီလိုကျော်ကြားမှုတွေ အောင်မြင်မှုတွေရဲ့ နောက်မှာတော့ လူတွေ မမြင်နိုင်ခဲ့တဲ့ အဖြစ်ဆိုးတွေ ရှိနေခဲ့တယ်။ ဒီကားက 1970 တစ်ဝိုက်မှာ သျှမ်းသျှမ်းတောက် အောင်မြင်ခဲ့တဲ့ အပြာမင်းသမီး Linda Lovelace အကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ဘာသာရေးကိုင်းရှိုင်းတဲ့ ရှေးရိုးစွဲမိသားစုကလာတဲ့ လင်ဒါလက်ဗလေ့(စ်)၊ အရှက်အကြောက်ကြီးတဲ့ ကလေးမ​လေး လင်ဒါလက်ဗလေ့(စ်) ၊ဒီလို လင်ဒါလက်ဗလေ့(စ်)တစ်ယောက်ဟာ ဘယ်လို ကံတရားတွေကြောင့် အပြာကားမင်းသမီး ဖြစ်လာတာလဲ၊ဒီဘဝကိုရွေးချယ်ဖို့ သူ့ကို ဘယ်လို အရတွေကတွန်းအားပေးခဲ့သလဲဆိုတာကို ဒီကားမှာ စိတ်ဝင်စားဖွယ်၊ စိတ်မသက်သာဖွယ် မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်ခင်ဗျ။ File size…1.91GB / 781.9MB Quality…Blu-Ray 1080p 5.1CH/ 720p Format…mp4 Duration….1h 33m Genre ..... Biography , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit San Khant Translated by Damien

Drama
6 2013 92 mins
Lovelace
Somebody I Used to Know
6.1

ဒီရုပ်ရှင်လေးကတော့ ရည်းစားဟောင်းရဲ့ မင်္ဂလာဆောင်ကို သွားရှုပ်တဲ့အကြောင်းကိုမှ ပူရဆွေးရတာတွေ၊လက်ခံပေးရတာ၊အသည်းကွဲရတာ၊ အသစ်ပြန်စရတာမျိုးတွေစတဲ့ ချိုချဥ်စပ်ခါးအရသာလေးနဲ့ကြည့်ရှုရမှာပါ၊ ဇာတ်လမ်းကိုတော့ မမAlison Brieနဲ့ ခင်ပွန်းဖြစ်သူ now you see meထဲက မင်းသားDave Francoတို့အတူတူဇာတ်ညွှန်းရေးပြီး အယ်လီနေရာမှာ မမAlison Brieကသရုပ်ဆောင်၊ Dave Francoက ဒါရိုက်တာလုပ်ပြီးအပြိုင်ကြဲထားကြပါတယ်။ အတိတ်မှာဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ အတိတ်မှာပဲထားခဲ့၊ လက်ရှိဘဝကိုယူလာရင်တော့ အနာဂတ်ပါရှုပ်ထွေးသွားနိုင်တာကိုရိုက်ပြထားပြီး ကိုယ့်ကိုယ်ကိုလက်ခံတတ်စေဖို့ စိတ်ဝင်စားစရာဇာတ်လမ်းလေးနဲ့ရိုက်ပြထားတဲ့ဇာတ်ကားကောင်းလေးပါပဲ။ ဇာတ်လမ်းအကျဥ်းကတော့ အယ်လီဟာ အစီအစဥ်တင်ဆက်သူတစ်ယောက်၊ အလုပ်ကိုပဲတမ်းတမ်းစွဲလုပ်တတ်သူပေါ့၊ ဒီအလုပ်ကိုရွေးချယ်ခဲ့တာကြောင့် ရည်းစားဟောင်းဖြစ်သူ ရှောင်နဲ့ ကွေကွင်းခဲ့ရတာပေါ့နော်။ သူလုပ်ချင်တဲ့ ရှိုးကို သုံးနှစ်လောက်လုပ်အပြီးမှာ အကြောင်းမလှဘဲရှိုးပွဲကရပ်နားခံလိုက်ရတေ ာ့ အယ်လီတစ်ယောက်စိတ်ဓာတ်တွေကျပြီး မိခင်ရှိရာနယ်မြို့လေးကိုပြန်လာခဲ့တယ်ပေါ့၊ ရောက်တဲ့နေ့မှာပဲ မထင်မှတ်ဘဲ ရီးစားဟောင်း ရှောင်နဲ့ပြန်တွေ့ပြီး ဇာတ်လမ်းလေးတွေပြန်စမယ်ကြံမိခါမှ သူက မင်္ဂလာဆောင်တော့မှာတဲ့၊ အဲ့ဒီနောက်မှာတော့ File Size :(1.5GB) and (644MB) Quality : Blu-Ray 1080P,720p Format…mp4 Duration…01:46:00 Genre : Comedy , Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae

Horror • Western
6.1 2023 106 mins
Somebody I Used to Know
Highway
5.7

Thriller ခုတစ်ခါထွက်ရှိလာတဲ့ကားလေးကတော့ Arjun Reddy ကားနဲ့ ပျိုမေတွေအသည်းစွဲမင်းသားလေး ဗီဂျေးဒေဗရာကွန်ဒါရဲ့ညီဖြစ်သူ အာနန်းဒေဗရာကွန်ဒါရဲ့စတုတ္ထမြောက်ထွက်လာတဲ့ ကားလေးတစ်ကားပဲ ဖြစ်ပါတယ် ဒီကားလေးကတော့ သည်းထိပ်ရင်ဖိုကားလေးပေါ့နော်... ဟိုက်ဒရာဘတ်မြို့ကြီးထဲမှာ မိန်းမပျိုလေးတွေ အသတ်ခံနေရပါတယ် လူသတ်သမားဟာ ခြေရာလက်ရာမချန်ထားခဲ့လို့ ရဲတွေကလည်း ဖမ်းမိဖို့ အခက်တွေ့နေပြန်တယ်... လူသတ်သမားဟာလည်း လူသတ်ပြီးရင် ကိုယ်ပျောက်လိုပဲ ပျောက်ပျောက်သွားလို့ ဘယ်လိုမှကို ခြေရာခံမရဘူး.. ကဲ ရုပ်ရှင်ကြည့်ရင်း ကိုယ်တိုင်ဆားပုလင်းနှင်းမောင်လုပ်ကြည့်ကြပါ... ဒီဇာတ်ကားမှာ မထင်မှတ်တဲ့ ပေါင်းဆုံမှုလေးတွေရယ်... ကံတရားရဲ့လှည့်စားမှုတွေရယ်... ရိုးသားအပြစ်ကင်းမှုရဲ့ရလဒ်တွေကို မြင်တွေ့ရမှာဖြစ်ပါတယ် ဆိုတော့ ခံစားကြည့်ရှုပေးကြပါလို့ ညွှန်းဆိုပေးလိုက်ပါတယ်... File size…2.4GB / 1.2GB Quality…1080p TRUE WEB DL / 720p Format…mp4 Duration….2h Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor

Adventure • Animation • Comedy • Family
5.7 2002 97 mins
Highway
King Richard
7.7

2021 အကောင်းဆုံးကားတွေထဲက တစ်ကားလို့ပြောလို့ရတဲ့ Will Smith ကားလာပါပြီ ဒီကားဟာ သူနာမည်ကြီးခဲ့တဲ့ Pursuit of Happyness ကိုပုံစံတစ်မျိုးနဲ့ ပြန်ကြည့်ရသလိုပါပဲ တော်တော်လေးကောင်းပါတယ် ဒါပေမယ့် ဒီဇာတ်ကားမှာ ပါဝင်တဲ့ အဓိကဇာတ်ကောင်တွေ တင်းနစ်ကစားသမားအကျော်အမော်တွေ ကစားပွဲတွေ ဒိုင်ယာလော့တွေကအစ တကယ့်ဖြစ်ရပ်ကို အခြေခံရိုက်ကူးထားတာဖြစ်ပါတယ် တင်းနစ်အားကစားကိုစိတ်ဝင်စားတဲ့လူတွေဆိုရင် ဆီရီနာနဲ့ဗီးနပ်စ်ဝီလီယျံ( Serena & Venus) ကို သိကြမှာပါ Grand Slam အိုးပင်းနဲ့ ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲတွေမှာ ၂၃ ကြိမ်လောက် ဗိုလ်စွဲထားတဲ့ ညီအစ်မဖြစ်ပြီး ကမ္ဘာ့အဆင့် ၁ နဲ့ ၂ နေရာကိုရှေ့နောက်ယူခဲ့တဲ့ ပထမဆုံး အာဖရိကန် - အမေရိကန်ညီအစ်မလည်းဖြစ်ပါတယ် ဒါပေမယ့် သူတို့ဒီလောက်ထိအောင်မြင်ခဲ့ဖို့ နောက်ကွယ်က ကြိုးကိုင်ပေးခဲ့တဲ့ သူတို့အဖေ ရစ်ချက် ဝီလီယျံ( Richard William) ကိုမေ့ထားလို့မရပါဘူး ဒီကားမှာ ရစ်ချက်ဝီလီယျံအဖြစ် Will Smith ကပါဝင်ထားပြီး ဆီရိနာနဲ့ဗီးနပ်တို့ရဲ့ ငယ်ဘဝကနေ.. ပရိုတင်းနစ်သမားတွေဖြစ်အောင် ဖခင်ဖြစ်သူနဲ့ ဘယ်လောက်ထိ ရုန်းကန်လှုပ်ရားခဲ့ရသဲဆိုတာ တွေ့ရမှာပါ တင်းနစ်ဆိုတာ လူဖြူတွေပဲ ကြီးစိုးတဲ့ အားကစားဖြစ်ပြီး လူမည်းကစားသမားဆိုတာ မရှိသလောက်ရှားပါတယ် အထူးသဖြင့် လူမည်းအမျိုးသမီး တင်းနစ်မယ်ဆိုတာ မရှိခဲ့ပါဘူး . ဒါပေမယ့် ရစ်ချက်ဝီလီယျံပြောတဲ့ စကားအတိုင်း.. "ကျွန်တော့်သမီးတွေ မမွေးခင်ထဲက သူတို့ရဲ့ အနာဂတ်အတွက် အစီအစဉ်ဆွဲထားပြီးသား အဲ့ဒါကတင်းနစ်ချန်ပီယံတွေဖြစ်ဖို့ပဲဆိုပြီး သူ့စကားအတိုင်းအကောင်အထည်ဖော်ခဲ့ပါတယ် ဒီကားဟာ အတော်လေး Inspiration ဖြစ်တဲ့ကားဖြစ်ပြီး ၂ နာရီခွဲလောက်ကြာတာကြောင့် တစ်ဝကြီးကြည့်ရမှာ HBO ကထုတ်တဲ့ကားဖြစ်တာကြောင့်လည်း မကောင်းမှာမပူရပါဘူး. Main Lead ကလည်း Will Smith၊ ရှားရှားပါးပါး Biography, Sport ကားဆိုတော့ အများကြီးပြောစရာမလိုအောင် အချိန်ပေးရတာထိုက်တန်မှာပါ ( ဘာသာပြန်နဲ့ အညွှန်းရေးသားပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်) File size…(2.6 GB) / (1.4 GB) Quality….Webrip 1080p / 720p 5.1CH Format…mp4 Duration….02:33:00 Genre...Sport, Drama, Biography Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Thiha Yan Naing

Comedy
7.7 2021 145 mins
King Richard
Private Desert
7

~ IMDb - 7.2/10, Rotten Tomatoes - 100% ~ ဘရာဇီးကားလေးတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။ အော်စကာဆုစာရင်းထဲမှာလည်းပါ၊ အော်စကာဆုများနဲ့လည်း ထိုက်တန်ပါတယ်လို့ ပြောဆိုမှုတွေရှိတဲ့ကြားက ဆုမချိတ်နိုင်ခဲ့ပေမဲ့ ကြည့်နေကြ ဟောလိဝုဒ်ထဲက ကွဲထွက်နေတဲ့ ဘရာဇီးကားလေးမို့ အရသာကတော့ အသစ်အဆန်းလေးပေါ့။ မော်ဒန်ခေတ်သစ်ရဲ့ အသုံးပြုမှုအများဆုံး ဆိုရှယ်ပလက်ဖောင်းလို့ခေါ်တဲ့ လူမှုကွန်ယက်‌ပေါ်က အချင်းချင်းတွေ့ကြတဲ့ဇာတ်လမ်းပါပဲ။ ဒေါသကို ထိန်းချုပ်ရာမှာ ပြဿနာရှိတဲ့ ရဲလေ့ကျင့်ရေးအရာရှိတစ်ယောက်က သင်တန်းသားလူသစ်တစ်ယောက်ကို ဆုံးမရင်း လက်လွန်မတတ်ဖြစ်သွားလို့ အလုပ်ပြုတ် တရားရင်ဆိုင်နေရတာကနေ ဇာတ်လမ်းစပါတယ်။ သူက အဖေအိုကြီးကို ပြုစုလုပ်ကျွေးနေသူတစ်ယောက်။ ရည်းစားမရှိ၊ မိန်းမမရှိ။ အွန်လိုင်းပေါ်ကတွေ့တဲ့ ကောင်မလေးကိုပဲ စွဲစွဲလမ်းလမ်း ချစ်နေတဲ့ လူပျိုကြီးပါပဲ။ သူတို့ဟာ လူချင်းမတွေ့ရပေမဲ့ လိုင်းပေါ်မှာကတော့ လင်မယားတွေလိုပဲ‌ပေါ့။ ကိုယ်တုံးလုံးပုံတောင် ကိုရဲကြီးက လှမ်းပို့သေးသတဲ့။ ဒါပေမဲ့ တစ်နေ့မှာ အကောင့်ပိုင်ရှင်လေးပျောက်ဆုံးလို့ စာမပြန် ဖုန်းမကိုင် သစ်စိမ်းချိုး ချိုးသွားတဲ့အခါမှာတော့... အလုပ်ပြုတ်တာ၊ တရားရင်ဆိုင်ရတာတွေက သူ့အတွက် အရေးမပါလှပါဘူး။ သိပ်ချစ်ရတဲ့ကောင်မလေး ရုတ်တရက် အဆက်ဖြတ်သွားတာကပဲ ကိုရဲကြီးကို ငါးရံ့ပြာလူး ဖြစ်စေခဲ့တာပါ။ ကောင်မလေးရှိရာ တောင်ပိုင်းပြည်နယ်ကို မိုင်နှစ်ထောင်‌ကျော် ကားမောင်းပြီး အပြေးရောက်လာတာကိုသာ ကြည့်တော့။ ဒါပေမဲ့ ကောင်မလေးက အတွေ့မခံပါဘူး။ အူနုကျွဲခတ်ခံရရှာတဲ့ ကိုရဲကြီးကလည်း ဓာတ်ပုံတွေ တစ်မြို့လုံးလိုက်ကပ်ပြီး ရှာတော့တာပါပဲ။ ကောင်မလေးဟာ ကောင်မလေး မဟုတ်ခဲ့ပါဘူး။ သူ့ရဲ့ချစ်ခြင်းမေတ္တာ၊ သူ့ရဲ့ နှလုံးသား၊ သူ့ခံစားချက်တွေကကောင်မလေးဆိုပေမဲ့ ကောင်မလေးဟာ လိင်အရတော့ ကောင်မလေး မဖြစ်တဲ့သူပေါ့။ အဲဒါကို ကိုရဲကြီး သိရှိဖော်ထုတ်မိချိန်မှာတော့ ... ချစ်ခြင်းကို ဖွဲ့သီတဲ့ ဇာတ်ကားဆိုပေမဲ့ လိင်တူချင်း တပ်မက်ကြတဲ့ ဇာတ်ကားလေးပါပဲ။ ဒီဘက်ခေတ်မှာ ရေပန်းစားလာတဲ့ အမျိုးအစားပေါ့။ ဒီတော့ သူတို့နှစ်ယောက်ဟာ ဘာတွေဆက်ဖြစ်ကြမှာလဲ။ ကိုရဲကြီးက ဘယ်လိုဆုံးဖြတ်ပြီး ဘယ်လိုတုံ့ပြန်မှာလဲ။ ကောင်မလေးမဟုတ်ရှာတဲ့ ကောင်မလေးကရော ကိုရဲကြီးကို ပိုင်ဆိုင်ခွင့်ရနိုင်ပါ့မလား။ ငွေရောင်ပိတ်ကားပေါ်မှာ ရှုစားနိုင်ပါကြောင်း... (ဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆိုရေးသားထားပါတယ်) Size - 2.3GB, 803MB Quality - Blu-ray 1080p, 720p IMDb Rating - 7.2/10 Format - mp4 Duration - 2H 1Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

7 2021 121 mins
Private Desert
The Lord of the Rings: The Return of the King
8.5

The Lord of the rings နဲ့ The hobbit ရုပ်ရှင်တွေဟာ Fantasy လို့ခေါ်တဲ့ စိတ်ကူးယဉ် ရုပ်ရှင်အမျိုးအစားတွေ ဖြစ်ပါတယ်။ အပြင်လောကမှာ မရှိတဲ့ ပုံပြင်တွေ ဒဏ္ဍာရီတွေ ဇာတ်ကောင်တွေနဲ့ တည်ဆောက်ထားတာပါ။ ဒါပေမယ့် အချို့ Fantasy ရုပ်ရှင် စာအုပ်တွေဟာ အပြင်လောကနဲ့ ရောမွှေထားတာမျိုး ရှိတတ်ပါတယ်။ ဥပမာ - နာနီယာ၊ ဟယ်ရီပေါ်တာ၊ ပါစီဂျက်ဆန် စသည်ဖြင့်ပါ။ ဒါပေမယ့် ဒီ ဇာတ်လမ်းတွေကိုတော့ စာရေးဆရာကြီး J.R.R.Tolkien ကအစအဆုံး ကိုယ်ပိုင်စိတ်ကူးနဲ့ ရေးသားခဲ့တာပါ။ နတ်သူငယ်တွေ၊ လူပုတွေ၊ ဘီလူးတွေရဲ့ ကိုယ်ပိုင်ဘာသာစကားကို တီထွင်ခဲ့တယ်။ မူရင်းစာအုပ်တွေမှာ မြေပုံအပြည့်အစုံနဲ့ ရေးသားခဲ့တယ်။ သမိုင်းတစ်ခုလုံးကို ပြက္ခဒိန်ပါ ဖန်တီးပြီး ရေးသားခဲ့တာဖြစ်ပါတယ်။ စာသားတင်မက ကဗျာတွေ သီချင်းတွေပါ ရေးဖွဲ့ခဲ့တာပါ။ လူတစ်ယောက်ရဲ့ ဦးဏှောက်တစ်ခုထဲကနေ စကြဝဠာတစ်ခု ပေါ်ထွက်လာတယ်လို့ ပြောလို့ရပါတယ်။ စာအုပ်ကိုအသာထားပြီး ရုပ်ရှင်အကြောင်းကိုပဲ ပြောကြပါစို့။ The Lord of the rings (LotR) ရုပ်ရှင်တွေဟာ ၂၀၀၁ ကနေ စတင်ပြီးထွက်ရှိခဲ့တာဖြစ်ပါတယ်။ ပထမဆုံး LotR ရုပ်ရှင် သုံးကားဟာ စုစုပေါင်း Oscar 17 ဆု ရရှိခဲ့ပါတယ်။ ပထမကားက ၄ ဆု၊ ဒုတိယကားက ၂ ဆု နဲ့ သုံးကားမြောက်က ၁၁ ဆု ရရှိခဲ့တာပါ။ သူ့နောက်မှ ထွက်ရှိလာတဲ့ Hobbit သုံးကားကတော့ Oscar တစ်ဆုသာ ရခဲ့ပါတယ်။ LotR ရုပ်ရှင်တွေရဲ့ အောင်မြင်မှုဟာ ကာလအကန့်အသတ်မရှိ timeless လို့ပဲ ပြောရမှာဖြစ်ပါတယ်။ ၂၀၀၁ တုန်းက လူတွေကြိုက်ခဲ့သလို ၃၀၀၁ ခုနှစ်မှာလည်း ကြိုက်ကြဦးမှာပါပဲ။ အဓိကကတော့ ဇာတ်လမ်းအတွက် ဝတ်စုံ၊ရိုက်ကွင်းပြင်ဆင်မှုတွေ၊ ရိုက်ချက်တွေ၊ သရုပ်ဆောင်တွေ အသေးစိတ်ကျခဲ့တယ်၊ ခမ်းနားခဲ့တယ်လို့ပြောရမှာပါပဲ။ နောက်ထပ် ချီးကျူးရမှာကတော့ ဇာတ်ညွှန်းပါ။ စာအုပ်ပါ ဖတ်ဖူးတဲ့သူတွေ ပိုသိပါလိမ့်မယ်။ အရမ်းကိုကောင်းတဲ့ ဝတ္ထုရှည်ကြီးတစ်ခုကို ကြည့်လို့လည်းကောင်းအောင် အခန်းတွေဖြတ်တောက်ရ၊ ဇာတ်ကောင်တွေ ဖယ်ထုတ်ရတာ မလွယ်လှပါဘူး။ ဒါပေမယ့် အကောင်းဆုံး လုပ်နိုင်ခဲ့ပါတယ်။ ဒိုင်ယာလော့တွေ ဇာတ်လမ်းအနိမ့်အမြင့်တွေကိုလည်း အရှိန်တင်ပေးသွားတာ အံ့သြလောက်ပါတယ်။ ဥပမာ - လက်စွပ်ကို ဖျက်ဆီးဖို့ ဆွေးနွေးကြတဲ့အခန်းမှာ ဝတ္ထုအတိုင်းဆို အယ်ရွန်က အားလုံးကို ကြိုတင်မိတ်ဆက်၊ သမိုင်းကို ပြောပြပြီးမှ စတင်ဆွေးနွေးကြတာဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာတော့ ဒီအတိုင်း ဆွေးနွေးကြရင်း ဘိုမီရာက အာရာဂွန်ကို အထင်သေးစကားပြောချိန်မှာ လီဂိုးလက်စ်က ထပြောလိုက်တဲ့အခန်းမျိုး ပြင်လိုက်ခြင်းအားဖြင့် ဇာတ်ရှိန် တက်သွားတာ ရှိပါတယ်။ ပြီးတော့ အာရာဂွန်ဟာ ထီးနန်းကို ဆက်တိုက်ငြင်းပယ်ခဲ့တာ၊ Andúril ဓားကို နောက်ဆုံးအချိန်မှ ပြန်ပြင်တာတွေဟာ ဇာတ်ရှိန်ပိုတက်စေတဲ့ ပညာပါပဲ။ ပြီးတော့ ဆာရူးမန်းကို သေခိုင်းတဲ့ ဇာတ်ညွှန်းမျိုးဟာ အတော်လေးကို ရဲတင်းရာကျပါတယ်၊ ဘာကြောင့်လဲ ဆိုတော့ စာအုပ်ထဲမှာ ဆာရူးမန်းဟာ ထွက်ပြေးသွားခဲ့ပါတယ်။ လက်စွပ်ကိုဖျက်ဆီးပြီးလို့ ဟော့ဘစ်တွေ ရှိုင်းယားကို ပြန်လာချိန်မှာ ဆာရူးမန်းနဲ့ ထပ်ပြီးရင်ဆိုင်ကြရပါသေးတယ်။ ဒါတွေကို ဖျက်ပစ်လိုက်ပေမယ့် ရုပ်ရှင်က ညံ့မသွားခဲ့တာကို တွေ့မှာပါ။ ဒါကတော့ ဇာတ်ညွှန်းဆရာတွေရဲ့ အရည်အချင်းတွေပါပဲ။ ၁ မျက်နှာ ဖန်တရာတေ ဇာတ်ညွှန်းဆရာတွေ လေ့လာသင့်ပါတယ်။ ဇာတ်လမ်းအကျဉ်း =========== Three Rings for the Elven-kings under the sky, Seven for the Dwarf-lords in their halls of stone, Nine for Mortal Men doomed to die, One for the Dark Lord on his dark throne In the Land of Mordor where the Shadows lie. One Ring to rule them all, One Ring to find them, One Ring to bring them all, and in the darkness bind them, In the Land of Mordor where the Shadows lie. ဒါကတော့ LotR ဇာတ်လမ်းကြီးကို စတင်ခဲ့တဲ့ ဂန္ဓဝင်ကဗျာကြီးပါပဲ။ Dark Lord ဆော်ရွန်ဟာ နတ်သူငယ်တွေအတွက် လက်စွပ် ၃ ကွင်း၊ လူပု ဘုရင် ၇ ပါးအတွက် လက်စွပ် ၇ ကွင်း၊ လူတွေအတွက် ၉ ကွင်းကို ထုလုပ်စေခဲ့ပြီး ပေးအပ်ခဲ့ပါတယ်။ လက်စွပ်ကိုယ်စီဟာ စွမ်းအားရှိတာမို့ သူတို့တွေ လက်ခံခဲ့ကြတယ်။ ဒါပေမယ့် ဆော်ရွန်ဟာ လက်စွပ်ရှင်အားလုံးကို လွှမ်းမိုးနိုင်တဲ့ လက်စွပ်အားလုံးရဲ့ ဘုရင် တစ်ခုတည်းသော လက်စွပ်ကို ထုလုပ်ခဲ့ပြီး အားလုံးကိုချုပ်ကိုင်ဖို့ ကြိုးစားပါတော့တယ်။ ဒါပေမယ့် မဟာမိတ်တွေနဲ့ နောက်ဆုံးစစ်ပွဲမှာ ရှုံးနိမ်ခဲ့ပြီး လက်စွပ်ကိုလည်းလက်လွှတ်လိုက်ရပါတယ်။ နှစ်ပေါင်းများစွာကြာပြီးနောက် လက်စွပ်ပြန်ပေါ်လာချိန် ဆော်ရွန်လည်းအင်အားကြီးလာချိန်မှာ နတ်သူငယ်တွေ၊ လူတွေ၊ လူပုတွေ၊ ဟော့ဘစ်လေးတွေဟာ ဆော်ရွန်ကို တားဆီးဖို့နဲ့ လက်စွပ်ဖို့ ဖျက်ဆီးဖို့ ကြိုးစားကြရပါတော့တယ်………. ဒီလောက်ဆို ဒီရုပ်ရှင်တွေကို ဆက်ပြီးခံစားဖို့ လုံလောက်မှာပါ။ LotR ဇာတ်လမ်းမှာ အရေးပါခဲ့တဲ့ ကဗျာတစ်ခုကိုလည်း ဖော်ပြပေးလိုက်ပါတယ်။ All that is gold does not glitter Not all those who wander are lost; The old that is strong does not wither, Deep roots are not reached by the frost. From the ashes, a fire shall be woken, A light from the shadows shall spring; Renewed shall be blade that was broken, The crownless again shall be king ရွှေအဆင်းအတိနဲ့အရာဟာ တစ်လက်လက် တောက်ပမနေတတ်ပါဘူး လှည့်လည်နေသူတိုင်းဟာလည်း လမ်းပျောက်နေကြတာမဟုတ်ပါ အိုမင်းပေမယ့် ကြံ့ခိုင်သူဟာ ဆွေးမြေ့မလာတတ်ပါ နက်ရှိုင်းလွန်းတဲ့ အမြစ်တွေဟာ သစ်တောနဲ့ အလှမ်းကွာစမြဲ ပြာပုံကြားကနေ မီးတောက်နိုးထလာချိန် အမှောင်တွေထဲက အလင်းတန်းတစ်ခု ဖြန်းပက်လာရင်း ကျိုးပဲ့သွားခဲ့တဲ့ဓားကို ပြန်လည်ပြုပြင်ပြီးချိန်မှာ သရဖူမဲ့နေခဲ့သူဟာ ဘုရင်ပြန်လည်ဖြစ်လာမှာပါ။ (1) The Fellowship of The Ring(အော်စကာ ဆန်ကာတင် ၁၃ နေရာရရှိပြီး အော်စကာ ၄ဆု ရရှိခဲ့) (မူရင်းရုပ်ရှင်ဗားရှင်းမှာ ၃နာရီ ကြာမြင့်ပြီး လက်ရှိ Extended Versionမှာ ၃ နာရီခွဲ ကြာမြင့်) (2) The Two Towers (အော်စကာ ဆန်ကာတင် ၆ နေရာရရှိပြီး ၂ ဆု ရရှိခဲ့) (မူလဗားရှင်းမှာ ၃ နာရီကြာမြင့်ပြီး Ext.version မှာ ၃ နာရီ ၄၀ မိနစ် ကြာမြင့်) (3) The Return of The King (အော်စကာ ဆန်ကာတင် ၁၁ နေရာရရှိခဲ့ရာတွင် ၁၁ ဆုလုံးအား စံချိန်တင်ရရှိသွားခဲ့) (မူလဗားရှင်းမှာ ၃ နာရီ မိနစ် ၂၀ ဖြစ်ပြီး ext.version မှာ ၄ နာရီ ၁၁ မိနစ်ကြာမြင့်) The Lord of the Rings ဟာ ရုပ်ရှင်သမိုင်းရဲ့ အကြီးကျယ်ဆုံး အအောင်မြင်ဆုံးရုပ်ရှင်တွေထဲက တစ်ခုဖြစ်ပါတယ်။ အောင်မြင်မှုတွေကိုကတော့ တွေ့တဲ့အတိုင်းဖြစ်ပြီး RT မှာ rating 90% အထက် IMDb မှာ 8 အထက်တွေချည်းပဲဖြစ်ပါတယ်။ ကျွန်တော်တို့ ငယ်ငယ်ကတည်းက ခဏဏကြည့်ခဲ့ရပေမယ့် Thea.version နဲ့ Extended Version ၂ ခုလုံးကိုတော့ လူတိုင်းကြည့်ဖြစ်မယ်မထင်သေးပါဘူး။ တကယ်လို့ မိတ်ဆွေဟာ LOTR ကို ၉နာရီအစအဆုံးပဲ runကြည့်ဖူးတယ်ဆိုမပြည့်စုံသေးဘူးလို့ ပြောလိုက်ပါရစေ။ တစ်ခေါက်လောက် ၁၂ နာရီ ဗားရှင်းလေး runကြည့်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ File size…(9.8 GB) and (4.2 GB) Quality….Extended BluRay 4K HDR & 1080p HEVC Format…mkv Duration….04:23:17 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Dr.Nyan

Documentary • Music
8.5 2003 201 mins
The Lord of the Rings: The Return of the King
Salamat Daks
3

[19+]Salamat Daks(2023) *********************** အိပ်ရာခန်းအမိုက်စားတွေ လွန်စွာများပြားလွန်းသဖြင့် မိသားစုနဲ့အတူမကြည့်သင့်ပါ... မာရီကာ ဆိုတဲ့အသက်ငါးဆယ်အရွယ်အမျိုးသမီးကြီးဟာ သူ့ဘဝတစ်လျှောက်လုံးမိခင်ဖြစ် သူကိုပြုစုစောင့်ရှောက်ရင်းကုန်ဆုံးခဲ့ရပြီး သူ့မိခင်ဆုံးပါးသွားတဲ့နောက်မှာတော့ အဓိပ္ပါယ်မဲ့လမ်းပျောက်သွားသလို အထီးကျန်စိတ်ဓာတ်ကျနေရပါတယ်။သူငယ်ချင်းဖြစ်သူရဲ့ အားပေးမှုနဲ့ပျော်စရာ စိတ်တက်ကြွစရာတွေကိုရှာဖွေရင်း သူ့ဘဝရဲ့အဓိပ္ပါယ်သစ်လေးတစ်ခုအဖြစ်တွေ့ရှိခဲ့ရတာကတော့ တစ်တော့ဆယ်လီ မစ်ကိုဆိုတဲ့လူငယ်လေးတစ်ယောက်ပါပဲ။ တကယ်တမ်း မစ်ကိုဘဝထဲဝင်တိုးဖို့ကတော့ အသက်အရွယ်ကွာခြားလွန်းတဲ့အတွက်ကြံရာမရဖြစ်နေရင်းက ကြေငြာကောင်းတဲ့ ပလက်စတစ်ဆာဂျရီဆေးခန်းတစ်ခုကိုတွေ့ခဲ့မိပါတယ်။ အဲ့ဒီမှာပဲ အရူးအမူးဖြစ်နေတဲ့ မာရီကာဟာရှိသမျှစည်းစိမ်တွေပုံအောပြီး သူ့ထက်အသက်ထက်ဝက်လောက်ငယ်ရွယ်တဲ့ တက်သစ်စမင်းသမီးလေး အယန်နာမီဆိုလာနဲ့တူအောင်အသွင်ပြောင်းလိုက်ပါတော့တယ်။ ဒီလိုပဲ သူတွက်ဆမိတဲ့အတိုင်းပြောင်းယူထားတဲ့အသွင်သစ်နဲ့ မစ်ကိုရဲ့အချစ်ကိုလည်းရရှိခဲ့ပြီး မိုးမမြင်လေမမြင်ဖြစ်နေခဲ့တဲ့နောက်မှာတော့..။ သူ့ရဲ့အိမ်မက်လေး ဘယ်လောက်အထိတည်မြဲနိုင်မလဲ? အသက်ချင်းကွာခြားလွန်းတဲ့ လူငယ်လေးမစ်ကိုရဲ့အလိုဆန္ဒတွေကို စိတ်သွားတိုင်းကိုယ်ပါနိုင်ပါ့မလား? မုသားနဲ့စခဲ့တဲ့ အချစ်တစ်ခုဟာ အစစ်အမှန်ဖြစ်နိုင်ပါ့မလား? ဆက်လက်ရှုစားကြပါ။ Vivamax မင်းသမီးချောလေး ayanna misola (Bugso,Bula) ကိုယ်တိုင်ကပဲ ayanna misola /carrie အဖြစ်ခေါင်းဆောင်ပါဝင်ထားပါတယ်။ File Size :(1.4GB) and (685MB) Quality : WEB-DL1080P,720p Format…mp4 Duration…01:31:00 Genre : Adult , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by sd Encoded by ds

Adventure • Fantasy
3 2023 91 mins
Salamat Daks
Arlington Road

Thriller/Crimeထဲမှာမှ Terroristဇာတ်ကားမျိုးဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာ “မိုက်ကယ်ဖာရာဒေး”နဲ့ “အော်လစ်ဗာလန်း”ကတော့ အဓိကဇာတ်ဆောင်တွေပေါ့။ “မိုက်ကယ်ဖာရာဒေး”ဆိုသူ သမိုင်းဘာသာရပ်ပါမောက္ခက သီးခြားနေတတ်ပေမဲ့ ဉာဏ်လည်းကောင်း၊စိတ်ရင်းလည်းကောင်းသူတစ်ဦးပါ။ ဒီလိုနဲ့ အာလင်တန်လမ်းမှာရှိတဲ့ ဖာရာဒေးရဲ့အိမ်ရှေ့မျက်စောင်းထိုးအိမ်ကို မိသားစုတစ်စုပြောင်းလာခဲ့တယ်။ ဖာရာဒေးရဲ့အိမ်နီးချင်းအသစ် အော်လစ်ဗာမှာ ကြောက်ဖို့ကောင်းတဲ့လျို့ဝှက်ချက်တစ်ခုရှိနေတယ်။ အဲဒီလျို့ဝှက်ချက်က ဘဝပေါင်း​များစွာကို နေ့ချင်းညချင်း ပြောင်းလဲသွားစေနိုင်တဲ့ လျို့ဝှက်ချက်မျိုးပါ။ ဖာရာဒေးရိပ်မိသွားတဲ့အခါ ဘာတွေဆက်ဖြစ်မလဲ FBIအေးဂျင့်တစ်ဦးဖြစ်ခဲ့တဲ့ဇနီးသည်လီရယ်ကို ဆုံးရှုံးထားတဲ့ဖာရာဒေးရဲ့ဘဝထဲမှာ အိမ်နီးချင်းအသစ်ရောက်လာတဲ့အခါ ဖာရာဒေးဘဝက ဘယ်လိုအပြောင်းအလဲတွေဖြစ်သွားမလဲ။ သမိုင်းမှာဘယ်လိုနာမည်မျိုးကျန်ရစ်မလဲ။ ရက်အနည်းငယ်အတွင်းမှာပဲ လူတစ်ယောက်ရဲ့ဘဝထဲမှာ အရာအားလုံးဖြစ်ပျက်သွားနိုင်ပါတယ်။ သရုပ်ဆောင်တွေက actingအရမ်းတော်ပြီး ဇာတ်လမ်းဇာတ်ကွက်ရော အဆင့်မြင့်မြင့်ရိုက်ကူးထားတဲ့ကားတစ်ကားမျိုးဖြစ်တာမို့လို့ အချိန်ပေးကြည့်ရတာအရမ်းတန်လို့ ဒေါင်းကြည့်ဖို့ကို recommendပေးပါတယ်နော် File size…(2 GB)/(1B)/(500 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:58:00 Genre…Drama,Crime,Thriller,Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Su Eaindra

0 1999
Arlington Road
Everything I Am
6.8

Everything I Am (2022) ~ IMDb rating – 6.8/10 ~ ကမ္ဘာကို ဝေ့ဝဲကြည့်လိုက်ရင် ကိုယ့်ကိုယ်ကိုယ်ပြန်ကြည့်လိုက်ရင် အားလုံးက အတ္တဟိတနဲ့ပဲ အလုပ်များနေတာကိုတွေ့ရမှာပဲ။ ပရဟိတကို လုပ်ကြတဲ့လူတွေ ရှိတော့ရှိမယ်။ လုံးဝ ကိုယ်ကျိုးမကြည့်တဲ့ ပရဟိတသမားစစ်စစ်ကိုတော့ တော်တော်ရှာယူရလိမ့်မယ်။ ကမ္ဘာကိုက ဒီလိုကမ္ဘာဖြစ်နေတော့ ကမ္ဘာကို အသက်သွင်းထားတဲ့ ရုပ်ရှင်တွေကို အသက်သွင်းတဲ့အခါမှာလည်း ရက်စက်တဲ့ကမ္ဘာရဲ့ ပုံရိပ်တွေသာ ထင်နေတာကို တွေ့ကြရမှာပဲ။ ဝေဒနာက ကြီးလွန်းတော့ ဘယ်လောက်ပီပြင်လိုက်သလဲဆို အကောင်းဆုံးဆိုတဲ့ရုပ်ရှင်တွေဟာ ဝေဒနာတွေဖြစ်နေတာကို တွေ့ကြရမှာပဲ။ ဒီရုပ်ရှင်က အကောင်းဆုံးဆိုတဲ့ ရုပ်ရှင်တွေထဲတော့ မပါဘူး။ ဒါပေမဲ့ ဒီရုပ်ရှင်က ကမ္ဘာကြီးရဲ့ သိပ်နည်းပါးတဲ့ တစ်ထောင့်လေးကို ရိုက်ပြထားတယ်။ ချစ်ခြင်းတွေ ပရဟိတအစစ်တွေအကြောင်းပေါ့။ နောက် ကိုယ့်ထက်ကိုယ် အားလုံးကို ချစ်ကြတဲ့လူတွေအကြောင်းပေါ့။ အားလုံးကို ဘုံဆန်ဆန်ချစ်ဖို့ ဆိုတဲ့ ခက်ခဲတဲ့အရာတစ်ခုရဲ့အကြောင်းပေါ့။ သံသရာရုပ်ရှင်ရဲ့ နောက်ဆုံးက စာသားလိုပဲ။ ရေတစ်ပေါက်ကို ဘယ်တော့မှ မခန်းခြောက်အောင် အဲဒီရေပေါက်ကို ပင်လယ်ထဲ ပစ်ချလိုက်ရသတဲ့။ အားလုံးကို ထပ်တူညီချစ်ခြင်းဟာ ချစ်ခြင်းမေတ္တာကို မကုန်ခန်းစေတဲ့ နည်းတစ်နည်းပေါ့။ ကျင့်နိုင်ခဲလိမ့်မယ်။ ဒီရုပ်ရှင်ဟာ သူ့ခရစ်ယာန်ဘာသာကို ယုံကြည်တဲ့အတိုင်း အားလုံးကို ချစ်ဖို့ကြိုးစားခဲ့ ချစ်ခဲ့တဲ့ မိန်းကလေးတစ်ယောက်အကြောင်းပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို B မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.8GB, 750MB Quality – 1080p, 720p Format – mp4 Duration – 1H 28Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by B Encoded by Y

Horror
6.8 2022
Everything I Am
Sublime
6.4

ကမ်းခြေကနယ်မြို့လေးတစ်မြို့မှာ မန်နူအယ်ဆိုတဲ့ဆယ်ကျော်သက်ကောင်လေးတစ်ယောက်နေပါတယ်။ သူ့မှာ သူငယ်ချင်းတွေအများကြီးရှိပေမယ့် ငယ်ငယ်လေးကတည်းကပေါင်းလာတဲ့ သံယောဇဥ်အရှိဆုံးဖိလစ်ကိုတော့အခင်ဆုံးပေါ့ သူဖိလစ်ကိုဘယ်လောက်အထိခင်လဲဆိုရင် သူငယ်ငယ်ကမွေးနေ့ပွဲမှာ ဖိလစ်မလာရင် မျက်နှာတွေပျက်ပြီး မွေးနေ့မကျင်းပချင်တဲ့အထိပါ ဒီလိုနဲ့ မန်နူတစ်ယောက်ကြီးပြင်းလာပြီး အာဇူးဆိုတဲ့ကောင်မလေးနဲ့ တွဲကြပါတယ် တစ်ရက်သူ့ကောင်မလေးအာဇူးနဲ့ ပထမဆုံးအကြိမ်အတူတူအိပ်ဖို့လုပ်နေချိန်မှာ သူ့စိတ်ထဲမှာတစ်မျိုးကြီးခံစားလိုက်ရပါတယ် ဒါကတော့ သူဟာ ဖိလစ်အပေါ်မှာ သူငယ်ချင်းထက်ပိုနေမိပြီဆိုတာပါပဲ မန်နူတို့သူငယ်ချင်းအုပ်စုဟာ တီးဝိုင်းတစ်ခုလုပ်ပြီး တူရိယာတစ်မျိုးစီတီးကြပါတယ် ဖိလစ်ရဲ့မွေးနေ့ပွဲမှာ ဖျော်ဖြေပွဲလုပ်မယ်ဆိုပြီး အပြင်းအထန်လေ့ကျင့်ကြပါတယ် မန်နူဟာ ဘေ့စ်တီးပြီး ဖိလစ်က ဂီတာတီးပါတယ် မန်နူတစ်ယောက်ဖိလစ်ကိုချစ်မိနေတာကိုသတိထားမိချိန်မှစပြီး သူ့ရဲ့အပြုအမူတွေဘယ်လိုတွေပြောင်းလဲသွားလဲ သူ့ကောင်မလေးအာဇူးနဲ့ကရောအဆင်ပြေပါ့မလား သူတို့ကြိုးစားလေ့ကျင့်နေတဲ့ ဂီတဖျော်ဖြေပွဲကြီးကရော အောင်မြင်ပါ့မလားဆိုတာ ကြည့်ရှုရမှာပါ File size…(1.7 GB)/(820 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ruby Jane

6.4 2022
Sublime
The Moon and Back

ကောင်းတဲ့အမှတ်တရတွေနဲ့ ပျော်ရွှင်စရာဇာတ်သိမ်းတွေမှာပဲ ပိတ်လှောင်မိနေတဲ့ ဆယ်ကျော်သက်မလေးရဲ့ ဖခင်ဆုံးပြီးဘဝအကြောင်းကိုရိုက်ထားတာဖြစ်ပြီး The moon and back ဆိုတဲ့ဇာတ်ကားရဲ့ နာမည်အတိုင်းပဲ ချစ်ခြင်းမေတ္တာရဲ့ တန်းခိုးစွမ်းအင်ကြီးမားပုံကို ဒီဇာတ်ကားမှာ မတူညီတဲ့ ရှုထောင့်မျိုးစုံကနေခံစားလို့ရမှာဖြစ်ပါတယ်။ ဖခင်ရဲ့ကွန်ပြူတာရှင်းရင်းမှ တွေ့လိုက်ရတဲ့ဇာတ်လမ်းကလစ်ဒ်ဒီယာ့ကိုဘယ်လိုပြောင်းလဲပေးမှာလဲ၊ ချစ်ရတဲ့လူကိုဖခင်အနေနဲ့ ဆုံးရှုံးလိုက်ရတဲ့ သမီးလစ်ဒ်ဒီယာနဲ့ ချစ်သူကိုဆုံးရှုံးလိုက်ရတဲ့မိခင်ကြားက သဘောထားကွဲလွဲမှုလေးတွေကရော ဘာတွေလဲ။ ပျော်လိုက်၊ငိုလိုက်၊ရယ်လိုက်နဲ့ တစ်ခုခုအဆင်မပြေရင်ဘဝမမည်တဲ့ လောကကိုသူတို့သားအမိတွေဘယ်လိုခွန်းအားတွေနဲ့ ရှေ့ဆက်လည်းဆိုတာကို လွမ်းဖွယ်ကြည်နူးဖွယ်တွေ့မြင်ရမယ့် ဇာတ်ကားကောင်းလေးတစ်ပုဒ်ဖြစ်တာကြောင့် channel myanmar ပရိသတ်ကြီးအတွက်တင်ဆက်ပေးလိုက်ပါတယ်။ File size…(1.7 GB)/(854 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:20:00 Genre…Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Theint

0 2022
The Moon and Back
Unspeakable: Beyond The Wall of Sleep
4.2

Unspeakable: Beyond The Wall of Sleep (2024) IMDb Rating (4.2) ဇာတ်လမ်း အကျဉ်းကတော့ နာမည်ကြီး စိတ်ရောဂါကု ဆရာဝန် တစ်ယောက် ဖြစ်တဲ့ အမ်ဘရို့စ် လန်ဒန် လို့ ခေါ်တဲ့ ဆရာဝန် တစ်ယောက်ကို လူတစ်ကိုယ် စိတ်နှစ်ခု ဖြစ်နေတဲ့ လူနာတစ် ယောက်ကို ကြည့်ရှု့ ပေးဖို့ ဖိတ်ကြားခံခဲ့ရပါတယ်။ အဲ့ဒီ လူနာဟာ တစ်ကိုယ် နှစ်စိတ် မကပဲ ခန္ဓာကိုယ် တစ်ခုတည်းမှာ လူ နှစ်ယောက် ရှိနေတာကို သိရှိလိုက်ရပြီးတဲ့နောက် မှာ ဘာတွေ ဆက်ဖြစ်မလဲ ဆိုတာကို တော့ ဇာတ်ကားထဲမှာ ကြည့်ရှု့ ခံစားလိုက်ပါ့ခင်ဗျ။ ဝတ်လစ်စလစ် အခန်းတချို့ပါသောကြောင့် မိသားစုနှင့်အတူ မကြည့်သင့်ပါကြောင်း အသိပေးအပ်ပါသည်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Ko Dee ဖြစ်ပါတယ်။) File size…(1.2 GB) / (570 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Horror,Science Fiction Duration….01:31:47 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Ko Dee

Action • Crime • Comedy • Romance
4.2 2024 90 mins
Unspeakable: Beyond The Wall of Sleep