YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

TGC x Starship.S01E06.480p.CM.mp4

322.31 MB N/A video/mp4 71 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Epic
6.5

2013 ခု‌နှစ်ကထွက်ရှိထားတဲ့ Epic ဆိုတဲ့ Animation ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီကားက နာမည်နဲ့လိုက်အောင် တကယ့်ကို epic ဖြစ်တဲ့အတွေးအခေါ်‌တွေ၊ epic ဖြစ်တဲ့ယူဆချက်တွေနဲ့ ဇာတ်အိမ်ကိုတည်ဆောက်ထားတာပါ။ ဇာတ်ကားမှာ မယ်ရီကက်သရင်း ဆိုတဲ့ကောင်မလေးက သူ့‌အမေဆုံးပါးသွားလို့ တောထဲမှာ သုတေသနလုပ်နေတဲ့ အဖေ့ဆီလာနေဖို့ ရောက်လာခဲ့ပါတယ်။ သူ့အဖေက တောထဲမှာ လူအသေးလေးတွေရှိတယ်ဆိုတဲ့အကြောင်းကို အရူးအမူးကိုယုံကြည်နေခဲ့ပြီး သူ့ယုံကြည်ချက်မှန်ကြောင်း သက်သေပြဖို့ကြိုးစားနေတာလည်းဖြစ်ပါတယ်။ ဒါကို မယ်ရီကက်သရင်းက အဓိပ္ပါယ်မရှိဘူးဆိုပြီး မယုံကြည်ဖြစ်နေရာက သူကိုယ်တိုင် လူအသေးလေးတွေနဲ့တွေ့ကြုံလိုက်ရတဲ့အခါမှာ | ဘယ်လိုစွန့်စားခန်းတွေ ဘယ်လိုပြဿနာတွေရင်ဆိုင်ရမလဲဆိုတာကို စိတ်၀င်စားဖွယ်ကြည့်ရှုရမှာပါ။ သိပ်ကောင်းတဲ့ဇာတ်ကားတစ်ကားဖြစ်တာမို့ အညွှန်းတွေများပြီး အရသာပျက်မှာစိုးတာကြောင့် လူအသေးလေးတွေကဘာလုပ်ကြတာလဲ၊ မယ်ရီနဲ့လူအသေးလေးတွေဘယ်လိုဆက်စပ်မှုရှိတာလဲ၊ သူတို့ဘာကိုရင်ဆိုင်နေကြရတာလဲ ဆိုတာကို ကိုယ်တိုင်ပဲ ကြည့်ရှုခံစားကြည့်ဖို့ တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။ File size…1.7GB /  900MB Quality…1080p BluRay /  720p Format…mp4 Duration….1h 42m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Jaka

Mystery • Romance • Thriller
6.5 2013 102 mins
Epic
[18+] Jan Dara: The Finale
5.5

Jandara :The Finale ဟာ ပထမဇာတ်ကား Jandara the begining (၂၀၁၂) ရဲ့ မပြီးသေးတဲ့ အဆက် ဖြစ်ပြီး အရင် ဇာတ်ကားထက် ပိုစိတ်ဝင်စားစရာ ကောင်းလာပါတယ်။ ဂျန်ဒါရာ အနေနဲ့အသက်ကြီး လာပြီး သူ့အိမ်တော်ကြီးကို ပြန်လာခဲ့တယ်။ သူ့အဖေ အရင်းဟာ ဘယ်သူဘယ်ဝါ ဆိုတာ ရှာဖွေတွေ့ရှိခဲ့ပြီးမှပြန်လာတာပါ။ သူ့အနေနဲ့ ကလဲ့စားခြေပြီး Luang Vissanun-decha ရဲ့ လုပ်ပိုင်ခွင့်တွေကို ပြန်လည် ချေဖျက်ဖို့ ကြိုးစားလာပါတော့တယ်။ အသေးစိတ် ထပ်ပြောပြရရင်တော့ အိမ်ကစွန့်ခွာခဲ့ရတဲ့ Jan Daraဟာ ကျေးလက်ရွာတစ်ရွာမှာ အဘွားဖြစ်သူနဲ့ သွားအခြေချနေထိုင်ခဲ့ပါတယ်။ ဒီအချိန်မှာ Janရဲ့ ညီမနှစ်ဝမ်းကွဲ ကလည်း ပြဿနာတစ်ခုနဲ့ ကြုံတွေ့လာရပါတယ်။ ဒါကို Janက အခွင့်ကောင်းယူ ပြီး လက်စားချေဖို့ ကြိုးစားတာပါ။ သူ့ဘဝကို ရှင်လျက်ငရဲကျအောင် လုပ်ခဲ့တဲ့ လူတွေကိုပေါ့။ ကဲ.....ချစ်ခြင်းမေတ္တတရား တွေ ကာမဂုဏ်တွေ သူငယ်ချင်းရဲ့ ပံ့ပိုးမှုတွေက သူ့ကို ရှင်လျက်သေစေခဲ့တဲ့အရာတွေကို ပြန်ကလဲ့စားခြေ ရာမှာ ထောက်ပံ့ပေးနိုင်ပါ့မလား? လက်စားခြေ ဖို့ ဘယ်လို အခွင့်အရေး တွေ ရခဲ့သလဲ? ဘယ်လို စီမံ ခဲ့သလဲဆိုတာကတော့....။ မာရီယိုပရိတ်သတ်တွေလဲ မာရီယိုရဲ့စကေးတွေကို လက်လွတ်မခံသင့်သလို လူ့သဘောမနောအမှောင်ခြမ်းတွေအကြောင်းလဲ ဖော်ပြထားတာကြောင့် ပညာပေးဇာတ်လမ်းအဖြစ်လဲ လက်လွတ်မခံသင့်ပါဘူး။ Jan Dara  ၂ ကားစလုံးကို ဒီမှာ https://channelmyanmar.org/?s=jan+dara ကြည့်ပါ။ File size…(2.1 GB)/(800 MB) Quality….BluRay 1080p/720p Format…mp4 Duration….02:18:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Hseng Hom

Adventure • Mystery • Thriller
5.5 2013 138 mins
[18+] Jan Dara: The Finale
Saw Saw 1
7.6

Saw Collection ============== CM ကနေ နာမည်ကျော် Saw ဇာတ်ကားတွေကို ဆင်ဆာမဖြတ်ထားတဲ့ Version တွေဖြစ်တဲ့ Unrated/Director’s cut Version တွေနဲ့ ပြန်လည် Update လိုက်ပါတယ်။ Saw ဇာတ်လမ်းတွေရဲ့အစကတော့ ရုပ်ရှင်ကျောင်းကနေ သင်တန်းဆင်းလာတဲ့ ဒါရိုက်တာပညာသင်ထားတဲ့ James Wan နဲ့ ဇာတ်ညွှန်းပညာသင်ထားတဲ့ Leigh Whannell တို့ ၂ ယောက် ရုပ်ရှင်လောကထဲဝင်ဖို့ လုံလောက်တဲ့ ငွေကြေးမရှိရာကနေ စပါတယ်။ ရုပ်ရှင်ရိုက်ဖို့ ပိုက်ဆံမရှိတော့ ဘတ်ဂျက်နည်းနည်းနဲ့ Twist များတဲ့ ဇာတ်ညွှန်းကို နှစ်ယောက်သားဖန်တီးရိုက်ကူးခဲ့ရာကနေ Saw 2004 ပထမဆုံးရုပ်ရှင်ဖြစ်လာခဲ့ပါတယ်။ လူမငှားနိုင်လို့ ဇာတ်ညွှန်းဆရာ Leigh Whannell ကိုယ်တိုင်သရုပ်ဆောင်ဝင်ရိုက်ခဲ့ရပြီး အခန်းတစ်ခန်းအတွင်းမှာပဲ ရိုက်ကူးခဲ့ရတဲ့ Saw 2004 ရုပ်ရှင်ဟာ ဘတ်ဂျက် ၁ သန်းပဲ ကုန်ကျခဲ့ပေမယ့် ရုံတင်ဝင်ငွေ သန်း ၁၀၀ ကျော်ပြန်လည်ရရှိသည်အထိ အောင်မြင်သွားခဲ့ပါတယ်။ Saw ဟာ ဘယ်လိုရုပ်ရှင်တွေလဲဆိုတာကိုတော့….(လူသာမန်ရဲ့ အညွှန်း နဲ့ညွှန်းခဲ့ချင်ပါတယ်။) ဆိုးဆိုးရွားရွား လူသတ်ပြတဲ့ဇာတ်ကွက်တွေ၊ သွေးထွက်သံယို ရာဇဝတ်မှုတွေကို အိပ်မက်ထဲအထိ သယ်ပိုးယူဆောင်ကာ လန့်နိုးတတ်သူတွေအတွက် SAW Series ကို လုံးဝ ရှောင်သင့်တယ်။ ကြည့်မိရင် ကာလတစ်ခုစာအထိ ရက်စက်တဲ့လူသတ်ပုံတွေကို မေ့နိုင်မှာမဟုတ်လို့ ဒီလိုဆိုရခြင်းပါ။ Horror ရုပ်ရှင်တွေကို စွဲကြည့်တတ်သူတွေကတော့ SAW ကို လုံးဝ လက်မလွှတ်ကြ။ ● Jigsaw ဆိုပြီး ရဲတွေက အမည်သညာပေးထားတဲ့ ကွင်းဆက်လူသတ်သမားရဲ့ ထူးခြားတဲ့စီမံမှုတွေကြား Jigsaw ရွေးချယ်ထားတဲ့လူတွေဟာ ရှင်သန်မှုအတွက် ပါဝင်ကစားကြရတယ်။ ကစားကွင်းနယ်မြေကို Jigsaw က ရွေးချယ်ထားတာဖြစ်ပြီး ပါဝင်ကစားသူတွေဟာလည်း နိုးလာတာနဲ့ သူ့ကစားကွင်းထဲကို ရောက်နေကြရတာ ဖြစ်တယ်။ ထူးခြားတာက ဒီကစားပွဲမှာ ရှုံးရင် အသက်တွေ ပေးအပ်ကြရတာ။ Jigsaw ဟာ သူ ရွေးချယ်လိုက်တဲ့လူတွေကို မေ့မြောနေတဲ့အချိန်မှာကတည်းက သတ်ဖြတ်ပစ်လိုက်လို့ရပေမယ့် မသတ်ဘူး။ သူ့ရည်ရွယ်ချက်က ကိုယ့်အသက်ရှင်သန်မှုအတွက် ကိုယ်တိုင် ပါဝင်ပြီး ရွေးချယ်ဆုံးဖြတ်ကြစေလိုတာပဲ။ သူက တိကျတဲ့အချိန်တွေ သတ်မှတ်ပေးတယ်။ ရွေးချယ်ခွင့်တွေ ပေးတယ်။ လိုအပ်တဲ့တန်ဆာပလာတွေ ပေးတယ်။ ပေးထားချက်တွေကို ကိုယ် တတ်စွမ်းသမျှနဲ့ ဆောင်ရွက်ရင် အသက်ရှင်မယ်။ (တချို့သော ခန္ဓာကိုယ်အစိတ်အပိုင်းတွေတော့ ဆုံးရှုံးကောင်း ဆုံးရှုံးမယ်။) ပါဝင်ကစားရတဲ့သူတွေကလည်း အဆက်အစပ်မဲ့သူတွေ မဟုတ်ကြ။ တစ်နည်းမဟုတ်တစ်နည်းနဲ့ ဘဝမှာ ပတ်သက်ဖူးသူတွေကို ကွင်းတစ်ခုထဲ ချထားပေးသလို သူက ရွေးချယ်ထားတာ။ လူဖြစ်မှုနဲ့ပတ်သက်ပြီး Jigsaw ခံယူထားတာက ” ကိုယ့်ရှင်သန်မှုကို တန်ဖိုးထား တွယ်တာမှ လူဟာ ရှင်သန်နေထိုင်သင့်တယ် ” ဆိုတာပဲ။ ဒီ့အပြင် Jigsaw ဖော်ပြလိုတဲ့တခြားသောအရာတွေ ရှိသေးတယ်။ အထူးသဖြင့် ကလဲ့စားချေလိုမှုနဲ့ ခွင့်လွှတ်မှုပေါ့။ နောက် မိသားစုဘဝနဲ့ ရွေးချယ်ထားတဲ့အလုပ်ပေါ် တန်ဖိုးထားမှု။ Jigsaw ဆိုတဲ့ ကွင်းဆက်လူသတ်သမား ဖြစ်ပေါ်လာရခြင်းအကြောင်းကလည်း စိတ္တဇလူသတ်သမားတွေဖြစ်ပေါ်လာတတ်တဲ့အကြောင်းရင်းတွေအတိုင်းပါပဲ။ သို့သော် Jigsaw ရဲ့ ကြိုတင်စီမံမှုတွေကကျ တခြားလူသတ်သမားတွေထက် အဆင့်မြင့်တယ်။ မြင်နေကျ သာမန်သတ်ဖြတ်မှုပုံစံတွေလည်း မဟုတ်။ ရက်စက်လွန်းတဲ့သတ်ဖြတ်မှုပုံစံတွေဆိုတာကိုတော့ ပုံတွေ ကြည့်ရုံနဲ့တင် ခန့်မှန်းလို့ ရပါလိမ့်မယ်။ ● ကမ္ဘာပေါ်မှာ သမ္မာကျမ်းစာ စာအုပ်တွေပြီးရင် ရောင်းအကောင်းဆုံးဖြစ်တဲ့စာအုပ်တွေက ဖြစ်ရပ်မှန် ရာဇဝတ်မှုတွေအကြောင်းကို ပုံတွေနဲ့တကွ သေသေချာချာ ဖော်ပြ ရေးသားထားတဲ့စာအုပ်တွေပါတဲ့။ ဒီရုပ်ရှင်ဟာ အဲဒီလို လူတွေ အကြိုက်ဆုံးရုပ်ရှင်တွေထဲက တစ်ခုလို့ ဆိုကြတယ်။ တချို့လူတွေမှာ ဒီလိုအကြောင်းနဲ့ပတ်သက်ပြီး မေးခွန်းတစ်ခု ရှိတယ်။ ဒီလိုရက်ရက်စက်စက် ပြကွက်တွေ၊ ရေးသားချက်တွေကို လူတွေက ဘာလို့ကြိုက်ကြတာလဲ တဲ့။ စိတ်ပညာရှုထောင့်အရတော့ လူမှာ အမြဲဒွန်တွဲနေလေ့ရှိတဲ့ ဆန့်ကျင်ဘက် စိတ်နှစ်မျိုးအရ ဒီလိုကားတွေကို တချို့တွေ ကြိုက်ကြတာလို့ ဆိုတယ်။ လူဟာ သူတော်စင်လုပ်မလား၊ မကောင်းဆိုးဝါးလုပ်မလားဆိုတာကို ကိုယ်တိုင် ဆုံးဖြတ်ကြရတာပဲ။ သူတော်စင်ဘက် ယိမ်းသူက မကောင်းဆိုးဝါးကို ချိုးနှိမ်အုပ်ချုပ်ရာမှာ အောင်မြင်သူ၊ မကောင်းဆိုးဝါးဘက် ယိမ်းသူက သူတော်စင်ကို ချိုးနှိမ်အုပ်ချုပ်ရာမှာ အောင်မြင်သူ။ တချို့တွေကတော့ သူ ဖြတ်သန်းနေရတဲ့ဘဝအခြေအနေအရ ဟိုဘက် ယိမ်းလိုက် ဒီဘက် ယိမ်းလိုက်ဖြစ်နေကြသူတွေ။ လူတွေဟာ ကိုယ်တိုင် လက်တွေ့ မလုပ်ရဲတာတွေကို စိတ်ကူးနဲ့ပဲ ပုံဖော်ကြရတယ်။ ကိုယ့်အပေါ် တစ်ခုခု မတရားကျူးလွန်ခဲ့သူကို လက်တွေ့ မှာ ပေါ်ပေါ်ထင်ထင် မသတ်ရဲကြပေမယ့် စိတ်ကူးနဲ့ နေ့စဉ် သတ်ဖြတ်နေသူတွေ၊ ဝဇီကံနဲ့ သတ်ဖြတ်နေသူတွေ မနည်းလှဘူး။ ဒီလူတွေကပဲ ဘဝမှာ ခံခဲ့ရတဲ့မတရားမှုတွေ၊ အဆင်မပြေမှုတွေကို ဖြေဖျောက်ဖို့အတွက် သူတို့လိုတွေးတဲ့တခြားစိတ်ကူးတွေကို ရှာဖွေကြတယ်။ နွားရိုင်းသတ်ပွဲလို သွေးထွက်သံယို ပွဲတော်တွေကို နှစ်သက်ကြတယ်။ လူချင်း ထိုးသတ်ကြတဲ့ပွဲတော်တွေဆီ သွားကြတယ်။ နောက်တော့ စာပေထဲက ရက်စက်မှုတွေဆီ ရောက်တယ်။ ရုပ်ရှင်ကတော့ ကိုယ့်စိတ်ကူးနဲ့ကို ရိုက်စရာမလိုတော့ဘူး။ (စာပေက ကိုယ့်ဘာသာ ပြန်ရိုက်နေရသေးတာကိုး။) ဒါရိုက်တာက ပြထားတဲ့အတိုင်း ရက်စက်မှုတွေကို လိုက်ပါခံစားရုံ၊ ရင်ထိတ်ရုံ၊ ကျေနပ်ရုံပဲ။ ဒီတော့ Horror ကြိုက်တယ်ဆိုရင် . . . Jigsaw က စောင့်နေကြောင်း ဆိုပါရစေလား။ -လူသာမန်- Saw ဇာတ်ကားများအားလုံးကို ဒီမှာ https://channelmyanmar.to/category/special-package/saw-collection/ ကြည့်ပါ။ Saw 1 (2014)မှာတော့ လောရန့်နဲ့အက်ဒမ်က အလောင်းတစ်လောင်းရှိနေတဲ့ အခန်းတစ်ခန်းထဲမှာ နိုးလာတယ်။ ခြေထောက်တွေကိုသံကြိုးခတ်ခံထားရတယ်။ လူတစ်ယောက်က သူတို့နဲ့ဂိမ်းကစားချင်နေတယ်။ လောရန့်က သူ့မိသားစုအတွက် အက်ဒမ်ကိုသတ်ရမယ်တဲ့။ ဂိမ်းကိုနိုင်ဖို့လိုအပ်တဲ့ပစ္စည်းတွေက အခန်းထဲမှာပဲရှိနေတယ်။ သူတို့နှစ်ယောက်ဒီအခန်းထဲကလွတ်မြောက်ဖို့ ဘာတွေလုပ်ကြ ဘာတွေရင်းကြမယ်ဆိုတာ……။

7.6 2004
Saw Saw 1
Mia and the Dragon Princess

ဒီတစ်ခါမှာတော့ Mia And The Dragon Princess ဆိုတဲ့ Live action ဇာတ်ကားလေးကို တင်ဆက်ပေးချင်ပါတယ် ဒီဇာတ်ကားလေးကတော့ ဘားဝန်ထမ်းမလေးမီယာဟာ တစ်နေ့မှာ ပဟေဠိဆန်တဲ့မိန်းကလေးတစ်ယောက် သူတို့ဆိုင်နားမှာပုန်းနေတာကိုတွေ့လို့ကူညီပေးခဲ့ပါတယ်။ အဲ့မိန်းကလေးဟာ အင်္ဂလိပ်စကားလည်းမတတ်တာကြောင့် ပြောဆိုဆက်သွယ်ဖို့အခက်အခဲရှိနေပြီး ဘာမှလည်းမေးမရဖြစ်နေခဲ့ပါတယ် အဲ့နောက်မှာတော့ သူမကိုလိုက်ရှာတဲ့ လူမိုက်တစ်ဖွဲ့ရောက်လာပြီး သူတို့ဘားကို လာဖျက်စီးကြပါတော့တယ် အဲ့လူမိုက်တွေဟာ ဟိုးနှစ်ပေါင်းများစွာက ပင်လယ်ဓားပြမလေး ရက်ဒ်ကတ်မော်ဂန်ရဲ့ ရတနာတွေကိုလိုက်လံရှာဖွေနေကြတာပါ သူတို့ရှာနေတဲ့ရတနာနဲ့ ပဟေဠိဆန်တဲ့မိန်းကလေးတို့ကဘယ်လိုပက်သက်နေတာလဲ မီယာတစ်ယောက်လည်း သူမကယ်ဆယ်ခဲ့တဲ့ ထိုမိန်းကလေးကို အဆုံးထိကယ်ဆယ်ပေးနိုင်မလား ဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်… File size…(1.6 GB)/(770 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre…Action, Crime, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Rubyjane

0 2023 83 mins
Mia and the Dragon Princess
Scott Pilgrim vs. the World
7.5

Scott Pilgrim vs. the World (2010) ~ IMDb – 7.5/10, Rotten Tomatoes – 82% ~ ခင်ဗျားတို့အတွက် စီနီမာ (ရုပ်ရှင်) ဆိုတာ ဘာများလဲ။ မက်ဆေ့တစ်သီတစ်သန်းနဲ့ကားတွေလား။ ကြီးကျယ်ခမ်းနားလှတဲ့ ဆက်တင်ကြီးတွေ သိပ်ကောင်းတဲ့ စီဂျီအိုင်တွေ တပြုံတမကြီးသုံးထားတဲ့ ခမ်းကြီးနားကြီးကားတွေလား။ ကျွန်တော့်အတွက်တော့ စီနီမာဟာ အရသာရှိနေခြင်းပဲ။ ခမ်းနားချင်မှလည်း ခမ်းနားမယ်၊ ဘာတစ်ခုမှမပါဘဲ ပြကွက်တစ်ကွက်တည်းကိုပဲ အကြာကြီးပြချင်လည်းပြမယ်၊ သောက်တလွဲတွေချည်း ပြောချင်လည်းပြောမယ်၊ ဂလည်အူကြောင်ပြကွက်တွေ ပြချင်လည်းပြမယ်။ ဒါပေမဲ့ ဒီရုပ်ရှင်ကို ကြည့်လိုက်လို့ အရသာတော်တော်ကြီးရှိနေပြီဆိုရင် အဲဒီရုပ်ရှင်ဟာ ရုပ်ရှင်စစ်တယ်။ စီနီမာဖြစ်တယ်လို့ပဲ ပုဂ္ဂလိကအရ သတ်မှတ်လိုက်တာပဲ။ Scott Pilgrim vs. the World ဟာ အဲဒီစီနီမာအရသာ အပြည့်ရှိနေတဲ့ကားပေါ့။ မသိတဲ့လူဆို ဘာမှမဟုတ်ဘူးထင်ရင်း ကြည့်နေရင်း ကြည့်နေရင်း အရသာက တဖြည်းဖြည်းတက်လာမယ့် ရုပ်ရှင်မျိုးပဲ။ နောက်တစ်ချက်အားဖြင့်တော့ ဒီဘက်ခေတ်မှာ ကျွန်တော်တို့ ပြန်မရနိုင်တော့တဲ့ ကျွန်တော်တို့ငယ်ငယ်က ရုပ်ရှင်တွေမှာရှိနေခဲ့တဲ့ အငွေ့အသက်မျိုးပေးနိုင်တဲ့ကားလို့ ပြောလို့ရပါတယ်။ အဲဒီအငွေ့အသက်ကို ခင်ဗျား ဇာတ်လမ်းကတင်မဟုတ်ဘဲ သရုပ်ဆောင်တွေဆီကပါ ရလိမ့်မယ်။ Chris Evans, Brie Larson, Mary Elizabeth Winstead, Aubrey Plaza, Brandon Routh, Ellen Wong, Alison Pill နဲ့ Anna Kendrick တို့ကို ခင်ဗျား ဘယ်တော့မှ ထပ်မမြင်ရတော့မယ့်ပုံစံတွေနဲ့ မြင်ရလိမ့်မယ်။ မြင်ရရင်တောင် ဒီလိုမဟုတ်ဘဲ ကြောင်တောင်တောင်ဖြစ်နေမှာပဲ။ စကော့အဖြစ်သရုပ်ဆောင်တဲ့ Michael Cera ကိုလည်း ခင်ဗျား ဒီလိုပုံစံနဲ့ထပ်မြင်ရတော့မှာမဟုတ်ဘူး။ ပိုထူးတာက Jason Schwartzman ပဲ။ ဝက်စ်အန်ဒါဆန်ကားတွေတိုင်းပါခဲ့ဖူးတဲ့ သူ့ကို ဒီမှာမြင်ရတဲ့အဖြစ်မျိုးက ကြောင်တောင်တောင်တော့နိုင်ပေမဲ့ မိုက်လည်းမိုက်နေတယ်။ ပါတဲ့ပုံစံကလည်း စားတာကိုး။ မဆန်းပါဘူး ဂရပ်ဖစ်နိုဗယ်ကို ပြန်ရိုက်ထားပြီး စာအုပ်ကို အပြည့်အဝသစ္စာရှိထားတော့ ကြောင်တောင်တောင်ကြီးလုပ်ပြမနေမှကို ဆန်းနေမှာ။ ဇာတ်လမ်းအကျဉ်းကတော့ ရှင်းရှင်းလေးပဲ။ Scott Pilgrim ဆိုတဲ့ကောင်လေးက ကောင်မလေးတစ်ယောက်ကိုချစ်မိတယ်။ သူ့အချစ်ကိုရဖို့ အဲဒီကောင်မလေးရဲ့ ဆိုးရွားလှတဲ့ ရည်းစားဟောင်းခုနှစ်ယောက်ကို အနိုင်ပိုင်းရတယ်။ ဒါတွေကို ဂီတာဟီးရိုးလိုလို စထွိဖိုက်တာလိုလို မြင်ရုံနဲ့ Nostalgia ဖြစ်မယ့် အကွက်ဆန်းကြီးတွေနဲ့ချည်းပြသွားတာ။ တစ်ခါတလေ နိုင်ပုံနိုင်နည်းတွေကလည်း တော်တော်ဂလည်အူကြောင်နိုင်တယ်။ ဒါပေမဲ့ သူ့ Inner Logic ထဲဆို‌တော့ “လခွမ်းဟ” ဆိုပြီး ဖြစ်သွားရုံကလွဲ ကြည့်ကောင်းနေတာပါပဲ။ ဆက်တင်တွေကလည်း တော်တော် Nostalgia ဖြစ်တယ်။ ဒါကြောင့်လည်း တချို့က Scott Pilgrim vs. the World ကို စီနီမာရဲ့ တစ်ထောင့်တစ်နေရာက စီနီမာစစ်စစ် အရသာပေးနိုင်တဲ့ ရုပ်ရှင်ကားကောင်းတစ်ကားလို့ဆိုကြတယ်။ ဂရပ်ဖစ်နိုဗယ်ကို ရိုက်ပြီး ဒီလိုခပ်ကြမ်းကြမ်း လှလှပပ ရုပ်ရှင်ထွက်လာတာလည်း ကြက်ကန်းဆန်အိုးတိုးတာတော့မဟုတ်ဘူး။ Edgar Wright ကိုယ်တိုင် ရိုက်ကူး ဇာတ်ညွှန်းဝင်ရေး ပရိုဂျူဆာပါလုပ်ထားသကိုး။ ဒီဘဲက Satirical ဖလင်တွေမှာ ဂျွတ်လေတော့ ဒီကားကလည်း သူနဲ့အပြည့်အဝလည်း ကီးကိုက်သွားတယ်။ ဒီဘဲရိုက်တဲ့ကားတွေအကုန်ကလည်း ကြည့်လို့တော်တော်ကောင်းတဲ့ ကားတွေချည်း။ Shaun of the Dead, Hot Fuzz နဲ့ The World’s End ဆိုတဲ့ နာမည်ကျော် Cornetto Trilogy နဲ့ Baby Driver တို့လို ကားတွေကို ရိုက်ခဲ့တဲ့အပြင် သူရိုက်ခဲ့တဲ့ပုံစံတွေကနေ ကွဲထွက်ပြီးရိုက်ခဲ့တဲ့ Last Night in Soho ကလည်း တော်တော်လေး ကောင်းခဲ့တယ်။ ဒီလိုဘဲက အသက်သွင်းထားတဲ့ ကားဆိုတော့လည်း ဒီလိုထွက်လာတာပါပဲ။ Scott Pilgrim vs. the World ဟာ Edgar Wright ရဲ့ မာစတာပိစ်အဖြစ်ဆုံးရုပ်ရှင်ဖြစ်သလို စီနီမာရဲ့ စီနီမာစစ်မှန်တဲ့ ရုပ်ရှင်တွေထဲက တစ်ကားပါပဲ။ ဒီကားရဲ့အရသာမျိုးက ဒီကားမှာပဲရနိုင်တာမို့ Comic Book Movies တွေကြိုက်ရဲ့နဲ့ ဒီကား မကြည့်ဘူးဆိုတာက ဘယ်လိုမှမဖြစ်သင့်ပါဘူး။ (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်) Size – 7.75GB(HDR), 8.77GB(SDR), 2.75GB, 1.25GB Quality – 4K HEVC, 1080p, 720p IMDb Rating – 7.5/10 Format – mp4 Duration – 1H 52Min Genre – Action, Comedy, Fantasy Subtitle – Myanmar Subtitle (Hardsub) Translated by 666 Encoded by Y, Ka Naung

7.5 2010
Scott Pilgrim vs. the World
Jackpot

Jackpot 2013 “လောင်းကြေး” အိန္ဒိယရဲ့ loving standardအမြင့်ဆုံးနေရာလည်းဖြစ် သာယာလှပတဲ့ကမ်းခြေတွေရှိတဲ့ အပန်းဖြေမြို့ ဂိုအာ အပန်းဖြေတဲ့နေရာဆိုတဲ့အတိုင်းပဲ ဂိုအာဟာ သာယာပြီးစည်ကားသလို ကာစီနိုဝိုင်းတွေလည်း အတော်များတဲ့နေရာဆိုလည်း မမှားပါဘူး။ ဆိုတော့ ဖဲသမားတွေကျက်စားရာနေရာ လူချမ်းသာတွေ ငွေလာဖြုန်းတဲ့နေရာတစ်ခုဖြစ်သလို ဉာဏ်တိမ်ရင်တိမ်သလို ကလိမ်တွေကြားမှာ ငွေအထုပ်လိုက်ပျောက်သွားနိုင်တဲ့နေရာတစ်ဖြစ်လည်း ဘဝကိုလောင်းကြေးထပ်ရင်း ဖဲချပ်လှန်ရာကနေ ကံကြမ္မာပါ ကျွမ်းထိုးမှောက်ခုံဖြစ်စေမယ့်နေရာတစ်ခုပေါ့။ ခြုံငုံပြောရရင် ဖဲနိုင်ဖို့ဆိုတာ ကံလည်းလိုသလို ဉာဏ်လည်းအတော်လိုတဲ့အရာတစ်ခုဖြစ်နေတော့ ဉာဏ်အားသန်သူတွေရဲ့ ဉာဏ်နီဉာဏ်နက် ဉာဏ်ရောင်စုံတွေကြားမှာ မနပ်တဲ့သူကတော့ ခံရတာလည်း ဒုနဲ့ဒေးပါပဲ။ အခုဒီကားလေးထဲမှာလည်း ပိုကာဂုရုတစ်သိုက်က ပိုကာပြိုင်ပွဲမှာဝင်ပြိုင်ဖို့ ကြိုးစားရင်း ကလိမ်ဉာဏ်မျိုးစုံနဲ့ ဂျက်ပေါ့ကိုပေါ်တင်အလစ်သုတ်မလဲဆိုတာ ရှုစားကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ V ~ ToMo ~ Yunni ~ Alexတို့ပဲ ဖြစ်ပါတယ်)

Comedy • Romance
0 2013 132 mins
Jackpot
Parallels
6

လွန်ခဲ့တဲ့ ၉ နှစ်က ထွက်ရှိခဲ့တဲ့ sci-fi ရုပ်ရှင်လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ Parallel ဆိုတာ မြန်မာလိုဆိုရင် အပြိုင်ပေါ့။ အပြိုင်ဆိုတဲ့အတိုင်း ဒီရုပ်ရှင်က Parallel Universe အပြိုင်စကြာ၀ဠာထဲက တခြားကမ္ဘာ‌တွေနဲ့ပတ်သက်တဲ့အကြောင်းကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတာပါ။ သိပ္ပံကားတွေ၊ စူပါဟီးရိုးရုပ်ရှင်တွေ ကြည့်ဖူးတဲ့သူတွေဆိုရင်တာ့ ဒီလိုအရာတွေနဲ့ရင်းနှီးကြမှာပါ။ အပြိုင်စကြာ၀ဠာဆိုတာ ကျွန်တော်တို့စကြာ၀ဠာနဲ့ အပြိုင်တည်ရှိနေပြီး ‌ဒီစကြာ၀ဠာထဲက ကမ္ဘာတွေဟာလည်း ကျွန်တော်တို့ကမ္ဘာနဲ့ အနည်းနဲ့အများ တူညီနေကြပါတယ်။ ဥပမာ‌ပေးရရင် ကျွန်တော်တို့ကမ္ဘာမှာ အပြိုင်စကြာ၀ဠာထဲက ကမ္ဘာ ၁ ထက် ပုရွက်ဆိတ်လေးတစ်ကောင်ပဲပိုများပြီး တည်ရှိနေပြီး ကွာခြားနေနိုင်သလို ကမ္ဘာ ၅ မှာတော့ နည်းပညာတွေအရမ်းတိုးတက်ပြီး ကားပျံတွေပါပေါ်နေတာမျိုး အစရှိသဖြင့် မဖြစ်စလောက် ကွာခြားချက်လေးက‌နေ အကြီးကြီးအထိရှိနေနိုင်ပါတယ်။ ဒီနေရာမှာ အချိန်ခရီးသွားတာနဲ့မတူတာက အပြိုင်ကမ္ဘာတွေမှာက timeline အချိန်စီးကြောင်းတွေက အတူတူဖြစ်နေပြီး ဒီကမ္ဘာမှာ ခင်ဗျားက အသက် ၃၀ ဆိုရင် တခြားကမ္ဘာမှာလည်း အသက် ၃၀ ပဲဖြစ်နေမှာပါ။ ဒီကမ္ဘာမှာ ခင်ဗျားက ကြောင်ချစ်တတ်တဲ့ ဆရာ၀န်ဖြစ်နေပေမဲ့ တခြားကမ္ဘာမှာတော့ ခွေးချစ်တတ်တဲ့ အင်ဂျင်နီယာဖြစ်နေနိုင်ပြီး အဲဒီလိုဖြစ်တည်မှုနဲ့ပတ်သက်တာတွေပဲ ကွာခြားသွားတာပါ။ ဇာတ်ကြောင်းကတော့ ရိုနန်ကာဗာဆိုတဲ့ ကြေးစားလက်ဝှေ့သမားဆီကို မတွေ့တာကြာပြီဖြစ်တဲ့ အဖေဖြစ်သူဆီက စာရောက်လာခဲ့ပါတယ်။ ဒီစာထဲမှာ ရိုနန်ကို အိမ်ပြန်လာဖို့ အရေးတကြီးခေါ်ထားတာပါ။ ဒီလိုနဲ့ ရိုနန်တစ်ယောက် အဖေဖြစ်သူရဲ့အိမ်ကိုရောက်ရှိလာတဲ့အချိန်မှာတော့ အဖေကိုမတွေ့ဘဲ ညီမဖြစ်သူ ဘီယာထရစ်သာရှိနေပါတယ်။ အဲဒီနောက်မှာတော့ အဖေဖြစ်သူဟာ ပျောက်ချင်းမလှပျောက်သွားကြောင်းကို ညီမဖြစ်သူထံကနေသိရှိလိုက်ရပါတယ်။ ဒါ့အပြင် အဖေဖြစ်သူဟာ မပျောက်ဆုံးသွားခင်မှာ သူတို့နှစ်ယောက်လုံးကို တိုက်ကြီးတစ်ခုဆီကို သတ်မှတ်ထားတဲ့အချိန်မှာ အတိအကျ သွားကြဖို့ မှာခဲ့တဲ့နောက်မှာတော့ ရိုနန်ရယ် ဘီယာထရစ်ရယ် အိမ်နီးချင်း မိတ်ဆွေဖြစ်တဲ့ ဟာရိုရယ်ဟာ အဖေဖြစ်သူသွားခိုင်းတဲ့တိုက်ကြီးဆီရောက်လာကြပါတော့တယ်။ ဒါပေမဲ့ ဒီတိုက်ကြီးဟာ ရိုးရိုးတိုက်မဟုတ်ဘဲ အပြိုင်စကြာ၀ဠာထဲက ကမ္ဘာတွေနဲ့ အသွားအပြန်လုပ်တဲ့နေရာကြီးဖြစ်နေတဲ့နောက်မှာတော့ သူတို့သုံးဦး တခြားဘယ်ကမ္ဘာတွေကိုရောက်ပြီး ဘယ်သူ‌တွေနဲ့ ဆုံတွေ့ရမလဲ၊ ဘာတွေကြုံတွေ့ရမလဲ၊ သူတို့အဖေကိုရော ရှာတွေ့ပါ့မလား၊ သူတို့အဖေက ရော ဘာလို့တိုက်ကြီးဆီလွှတ်လိုက်တာလဲဆိုတဲ့ မေးခွန်းတွေရဲ့ အဖြေကို သိရဖို့အတွက် ဆက်လက်ကြည့်ရှုခံစားလိုက်ကြပါဦး။ File size…(1.3 GB)/(606 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:43:00 Genre…Action, Sci-fi Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven Khant

Comedy • Drama
6 2015
Parallels
Raundal
7

Raundal (2023) “လယ်သမား” IMDb 7.2 ရထားပြီး အက်ရှင် ဇာတ်ကြမ်း အချစ်အလွမ်းတို ရောယှက်ထားတဲ့ အိန္ဒိယကျေးလက်ဇာတ်လမ်းလေး တင်ဆက်ပေးလိုက်ပါတယ် ရှီဗာဟာ အမိမြေကို အလုပ်အကျွေးပြုချင်လို တပ်ထဲဝင်သွားပေမယ့် လေ့ကျင့်ရေးမှာ မလိုက်နိုင်တာရယ် အသက်ပြည့်သွားတာရယ်ကြောင့် ဝင်ခွင့်ကျသွားတော့ … ဘိုးဘွားပိုင် လယ် ၇ ဧကကို အထွက်တိုးအောင်လုပ်ပြီး တိုင်းပြည်ကို စိုက်ပျိုးရေးနဲ့ အလုပ်အကျွေးပြုဖို ဆုံးဖြတ်လိုက်တယ် စိုက်ပျိုးတာအောင်မြင်သလောက် ရိတ်သိမ်းရောင်းချဖိုကျ အခက်အခဲရှိတာကို သိရပြီး စက်ရုံပိုင်ရှင်တစ်ယောက်က သူတိုရွာကိုမှ ခွဲခြားနှိမ်ထားတဲ့ အကြောင်းတစ်ခုကလည်း ရှိနေပြန်တယ် သူ့အိပ်မက်အကောင်အထည်ဖော်ဖို ကြိုးစားရပုံတွေနဲ့အတူ တစ်ဖက်မှာလည်း ဘေးအိမ်က အထာတွေပေးနေတဲ့ ကောင်မလေးနဲ့ရော ဘယ်လိုဇာတ်လမ်းဆက်မှာလဲ အချစ်နဲ့ ဘဝ ဘက်မျှမျှ တင်ဆက်ထားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ် ဖြစ်ပါကြောင်း အညွှန်းနဲ့ ဘာသာပြန်ကတော့ V ~ ToMo ~ Yunni ~ Alex ~ KKKZ တို ဖြစ်ပါတယ်

Drama • Romance
7 2023
Raundal
Switch Case N
7

Switch Case N 2024 မယုံနိုင်စရာ ဘဝအချိုးအကွေ့ ဒီတစ်ခေါက် တင်ဆက်ပေးချင်တာကတော့ 2024 ခုနှစ်ထွက် ကန်နာဒါဒရာမာဇာတ်လမ်းလေးဖြစ်တဲ့ Switch Case N ဆိုတဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ IMDb ratingကလဲ အတော်သင့် ရရှိထားသလို IT နဲ့ ပတ်သက်ပြီး စိတ်ဝင်စားတဲ့ ပရိသတ်တွေအတွက်တော့ အံကိုက်ဖြစ်မှာ သေချာပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကို ပြောပြရမယ်ဆိုရင်တော့ ဒီဇာတ်လမ်းလေးမှာ အဓိကဇာတ်ဆောင် အိုင်တီပညာရှင်လေး ဆစ်ဒါ့သ်ဟာရစ်ရှ်ရဲ့ ဘဝတစ်ဆစ်ချိုး‌ပြောင်းလဲမှုကို မြင်တွေ့ရမှာပါ။ ဆစ်ဒါ့သ်ဟာ သူ့ရဲ့ကိုယ်ရေးကိုယ်‌တာ ကိစ္စတွေနဲ့ အသက်မွေးဝမ်းကြောင်း အလုပ်ကြားက ရှုပ်ထွေးမှုတွေ‌ကို ဖြေရှင်းရင်း အောင်မြင်ကြီးပွားလာသလို တိုးတက်ပြောင်းလဲခြင်းတွေနဲ့လည်း ကြုံတွေ့ခဲ့ရပါတယ်။ ဒီဇာတ်ကားလေးမှာဆိုရင်တော့ ဆစ်ဒါ့သ်တစ်ယောက် ကိုယ့်ကိုယ်ကိုယ် ပြန်လည်ရှာဖွေရင်း အခက်အခဲမျိုးစုံကြားမှာ ဘယ်လိုရွေးချယ်မှုတွေက သူ့ဘဝအတွက် သက်ရောက်မှုရှိနေမလဲဆိုတာ မီးမောင်းထိုးပြပေးထားတာမလို့ ဆစ်ဒါ့သ်ရဲ့ ဘဝတစ်ဆစ်ချိုးအပြောင်းအလဲက ဘယ်လိုမျိုးဖြစ်သွားမလဲဆိုတာ စောင့်မျှော်ကြည့်ရှုအားပေးကြပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်

7 2024
Switch Case N
Ek Kori Prem Katha
6.8

Ek Kori Prem Katha 2024 ရှေးရိုးစွဲရွာကခေတ်သစ်သမီးပျို IMDb – 6.1/10 ခုခေတ်မှာ virginityက ဘဝကြီးမဟုတ်ဘူးဆိုပြီး ပြောနေကြပေမဲ့ ကမ္ဘာကြီးရဲ့ တစ်ထောင့်တစ်နေရာထက်ပိုတဲ့နေရာမှာတော့ virgin serious တွေရှိနေဆဲပါပဲ။ အခုဒီရုပ်ရှင်လေးကတော့ အပျိုရည်ကို ရွှေလိုသဘောထားပြီး မိန်းမတွေကို နှိပ်ကွပ်တတ်တဲ့ရွာကလေးကို ဇာတ်အိမ်တည်ရိုက်ထားတာပါ။ ဒီရွာလေးမှာ Koriဆိုတဲ့ အစဉ်အလာတစ်ခုကို မင်္ဂလာဦးညမှာ လုပ်လေ့ရှိပါတယ်။ ရိုးရှင်းအောင်ပြောရရင် အပျိုစစ်ရင် မင်္ဂလာဦးညမှာ အတူနေပြီးရင် သွေးစွန်းရမယ် ဘာညာလေးတွေပေါ့။ အကယ်၍ သွေးမထွက်ခဲ့ရင်တော့ သတို့သမီးဘက်က ရာမာယနထဲကသီတာလို ‌မီးပေါ်ဖြတ်လျှောက်လို့ သန့်စင်မှုကို သက်သေပြခိုင်းပါသတဲ့။ ဒါပေမဲ့ လက်တွေ့ဘဝကြီးဟာ ရာမာယနဇာတ်မဟုတ်သလို သတို့သမီးလေးတွေလည်း သီတာမဟုတ်တဲ့ သာမန်သွေးနဲ့သားနဲ့လူသားဆိုတော့ မင်္ဂလာဦးညမှာ သွေးမထွက်တာနဲ့ ဒီမိန်းက‌လေးဘဝပျက်ပြီဆိုတာ အစဉ်အလာကြီးဖြစ်နေတော့တာပေါ့။ ဒီလို ရှေးရိုးစွဲရွာမှာ ဆိုင်ကယ်ကို ခပ်မိုက်မိုက်မောင်းတတ်တဲ့ ဆဘ်ဟရာတာဆိုတဲ့ မိန်းကလေးတစ်ယောက်ရှိပါသတဲ့။ ခပ်မိုက်မိုက်နေတတ်သူပီပီ ရှေးရိုးတွေဘာတွေ သိပ်ဂရုမစိုက်တတ်တဲ့သူတစ်ယောက် ရွာအကြီးအကဲရဲ့သား လဒ်ဒူနဲ့မှ မေတ္တာမျှမိလေတော့…… (အညွှန်းနဲ့ဘာသာပြန်ကတော့ Alex ~ ToMo ~ Yunni ~ KKKZတို့ပဲဖြစ်ပါတယ်)

6.8 2024
Ek Kori Prem Katha
Ghostlight
7.7

ဒီဇာတ်လမ်းလေးကတော့ ၂၀၂၄ မှ ထွက်ရှိထားတာဖြစ်ပြီးတော့ IMDb rating 7.8 အထိ ရရှိထားတဲ့Family Drama အမျိုးအစားဇာတ်ကားပဲဖြစ်ပါတယ် ဇာတ်လမ်းအညွှန်း- ဒန်ဟာ ဆောက်လုပ်ရေးအလုပ်သမားတစ်ယောက်ဖြစ်ပြီး သူ့ဇနီးနဲ့ အနုပညာဝါသနာပါတဲ့ သမီးလေး ဒေစီနဲ့အတူ နေထိုင်တယ်။ ဒန် တို့ မိသားစုက အတိတ်က ဖြစ်ရပ်တွေကြောင့် စိတ်ဒဏ်ရာကိုယ်စီ ရှိနေခဲ့တာဖြစ်ပြီး မိသားစုအတွင်းမှာလည်း ထုတ်မပြောနိုင်ခဲ့ကြတဲ့ စိတ်ဒဏ်ရာတွေရှိနေကြတယ်။ တစ်နေ့မှာတော့ ဒန်က မမျှော်လင့်ထားပဲ ပြဇာတ်အဖွဲ့တစ်ခုနဲ့ ပူးပေါင်းမိသွားတယ်။ ပြဇာတ်အဖွဲ့က ရိုမီယိုနဲ့ဂျူးလိယက် ပြဇာတ်အတွက် လေ့ကျင့်နေကြတာဖြစ်ပါတယ်။ ဒီဇာတ်ကားလေးကတော့ မိသားစုအတွင်း ဆက်ဆံရေး၊ ချစ်ခြင်းမေတ္တာနဲ့ စိတ်ဒဏ်ရာတွေကြောင့် ထိခိုက်ရပုံတွေကို ဇာတ်လမ်းသွား အေးအေးလေးနဲ့ဖော်ပြထားတာဖြစ်ပြီး ဒန်တို့ မိသားစု ကြုံတွေ့နေရတဲ့ မိသားစုပြဿနာတွေအကြောင်း တင်ဆက် ထားတာဖြစ်ပါတယ်။ Family Drama ဇာတ်ကားကောင်းလေးတစ်ကားဖြစ်တာမို့ အတူတူကြည့်ရှုလိုက်ကြရအောင်ခင်ဗျာ။ File size…2.19GB/ 1.04GB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 55m Genre ….. Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Wil

7.7 2024 115 mins
Ghostlight
Teenz
7.8

Teenz(2024) ဆယ်ကျော်သက်တစ်သိုက်ရဲ့ ရူးမိုက်မိုက်စွန့်စားခန်း IMDb-7.8/10 ယိုဂီဘာဘူကြီး တစ်ဖြတ်တစ်ကဒ်ပါဝင်ထားတဲ့ Thriller ဇာတ်လမ်းတစ်ပုဒ်။ အသက် ၁၃ နှစ်အရွယ်ဆယ်ကျော်သက်ကလေးတစ်သိုက်ရဲ့ ဗီဇတစ်ယောက်တစ်မျိုးနဲ့ အရာရာကိုလက်တည့်စမ်းချင်တဲ့စိတ်ကနေ ဖြစ်ပေါ်လာတဲ့ဇာတ်လမ်းတစ်ပုဒ်…။ ကျောင်းစာဆိုတာအရေးမကြီး ပြင်ပလက်တွေ့ကမ္ဘာကအရာတွေကိုပဲ လက်တည့်စမ်းချင်တာ ၊ အသက် ၁၃ နှစ်အရွယ်ရောက်ပြီမို့ လူကြီးတွေဆီက လေးစားမှုတွေရချင်တာဆိုတဲ့က‌လေးတစ်သိုက် ၊ ဘာမဆိုစွန့်စားဖို့ အသင့်ဖြစ်ပြီလို့ထင်ကြတဲ့ ကလေးတစ်သိုက် ၊ သူတို့အဖွဲ့ထဲက သူငယ်ချင်းတစ်ယောက်ရဲ့ အဘွားဇာတိက သရဲရေတွင်းနဲ့ ထူးဆန်းတဲ့သရဲဇာတ်လမ်းတွေကို ကြားပြီးသွားတဲ့အချိန်မှာ မိဘတွေကိုအသိမပေးဘဲ ၊ အတန်းလစ်ပြီးအရဲစွန့်သွားစပ်စုကြဖို့ တက်ညီလက်ညီ ဆုံးဖြတ်လိုက်ကြတော့တယ် သူတို့သွားမိတဲ့နေရာက ထင်ထားသလို သရဲရေတွင်းတစ်ခုတည်းမဟုတ်ဘဲ ဆယ်ကျော်သက်ကလေးတွေအတွက် လက်လှမ်းမမှီတဲ့အရာများစွာနဲ့ ကြုံတွေ့လာရတဲ့အချိန်မှာတော့…………. အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်

7.8 2024 122 mins
Teenz
Kondal
5.6

Kondal 2024 ပင်လယ်ပြင်ခရီးကြမ်း အက်ရှင်ဟီးရိုး Antony Varghese ရဲ့ ပင်လယ်ပြင်မှာကြမ်းမယ့် အက်ရှင်ကားသစ်တစ်ကားကို CMချစ်ပရိသတ်တို့အတွက် တင်ဆက်ပေးလိုက်ပါပြီ။ မာနူးဟာ လူဖြောင့်စိတ်တိုဆိုတဲ့အတိုင်း စိတ်သဘောထားဖြူစင်သူပေမဲ့ မဟုတ်မခံ ထစ်ခနဲဆို လက်ကအရင်ရောက်တဲ့သူ၊ မတရားသဖြင့်ချနင်းမယ်ဆိုရင်တော့ ဘယ်လိုလူကိုမဆို ပြန်ကြမ်းဖို့ဝန်မလေး နောက်မတွန့်တဲ့သူပေါ့။ သူ့ရဲ့ ဒီအကျင့်စရိုက်ကြောင့်ပဲ ငါးဈေးမှာ အကြီးအကျယ်ပြဿနာတက်ပြီး တစ်ရွာလုံးကမာနူးကို ရွာကနေ ခဏရှောင်နေဖို့ဝိုင်းပြောတာနဲ့ပဲ ရွာကနေထွက်လို့ ငါးဖမ်းသင်္ဘောတစ်စင်းပေါ်မှာ အလုပ်လုပ်ရဖို့ ဖြစ်လာပါတော့တယ်။ ဒါပေမဲ့ ရန်ပွဲကပဲ မာနူးနောက်လိုက်လာတာလား၊ မာနူးကပဲ ရန်ပွဲနောက်လိုက်နေသလား မသိရလောက်အောင် ငါးဖမ်းသင်္ဘောပေါ်မှာ ပြဿနာဖြစ်ဖို့ ဦးတည်လာတဲ့အခါမှာတော့…. (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်)

5.6 2024
Kondal
Chandlo
7

Chandlo (2023) “ဘဝသစ်” ရင်ကိုနွေးစေမယ့် ဂူဂျာရတ်တီစကားပြော ဒရာမာရုပ်ရှင်ကားလေးကို တင်ဆက်လိုက်ပါတယ် မီရာက တက္ကသိုလ်က ပရော်ဖက်ဆာတစ်ယောက်ဖြစ်ပြီး ရှာရန်ဆိုတဲ့ အဆိုရှင်ကို သိပ်ကိုနှစ်ခြိုက်တဲ့ အမျိုးသမီးပါ မီရာ့သမီးလေး အက်ရှ်သာကတော့ ရှာရန့်သီချင်းတွေကို နားမခံနိုင်တဲ့ ဆန့်ကျင်ဘက်ခပ်ဆိုးဆိုးကောင်မလေး သူတို့သားအမိနှစ်ယောက်လုံးက မြတ်နိုးရတဲ့လူတစ်ယောက်ကို ဆုံးရှုံးခဲ့ရလို့ အမှတ်တရတချို့ကို မေ့ပစ်ဖို့ကြိုးစားနေတဲ့အချိန်မှာ အဆိုရှင် ရှာရန်နဲ့ ရင်းနှီးသွားတဲ့အခါ ဘယ်လိုအချစ်ဇာတ်လမ်းတွေဖြစ်လာမှာလဲ ပရိသတ်ကြီးကပဲ ဆက်လက်ကြည့်ရှုပေးပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်

7 2023
Chandlo
Bad Tidings
5.5

Bad Tidings (2024) IMDb Rating (5.5) Home Alone လိုမျိုး ခရစ္စမတ် အားလပ်ရက်ကာလမှာ အိမ်ကိုပစ္စည်းဝင်ခိုးမဲ့ သူခိုးဓားပြတွေရန်ကနေ စွန့်စားခန်းဆန်ဆန်ကာကွယ်ရတဲ့ ဟာသဇာတ်မြူး ဇာတ်ကားမျိုးကို နှစ်သက်သဘောကျသူတွေအတွက် 2024 ထွက် Bad Tidings ကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ နေးလ်ဟာ အိမ်တွင်းလုံခြုံရေးကျွမ်းကျင်သူတစ်ဦးဖြစ်ပြီး ခရစ္စမတ်မီးတွေပို တစ်နှစ်ပတ်လုံး အလှဆင်ထားတဲ့ အိမ်ရှေ့အိမ်က မျက်မမြင် စကော့နဲ့ အမြဲတမ်းကတောက်ကဆဖြစ်နေခဲ့တာပါ။ တစ်ယောက်နဲ့ တစ်ယောက်လည်းမတည့်ကြတဲ့အပြင် အရွဲ့ပြိုင်တိုက်ကြရင်းနဲ့ ရပ်ကွက်စောင့်ကြည့်ကင်းအဖွဲ့မှာ တွဲဖက်လူကြီးရာထူးကို နှစ်ယောက်သားယူလိုက်ရပါတယ်။ ဒီနှစ်ခရစ္စမတ်မှာတော့ သူတို့တစ်လမ်းလုံး မီးပျက်သွားတဲ့အတွက် အိမ်တွေမှာလူမရှိတာကို အခွင့်ကောင်းယူပြီးဖောက်ထွင်းဖို့လုပ်ကြတဲ့ ဘရန်နန်မိသားစုကို ရပ်ကွက်စောင့်အနေနဲ့ကျန်ခဲ့ကြတဲ့ နေးလ်နဲ့ စကော့တို့ နှစ်ယောက် ဘယ်လို ရင်ဆိုင်ကြမလည်းဆိုတာကို ရယ်ရယ်မောမောနဲ့ကြည့်ရှုကြရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ TMMT ဖြစ်ပါတယ်။) File size…(1.1 GB) / (540 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,TV Movie Duration….01:22:14 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by TMMT

5.5 2024 80 mins
Bad Tidings