YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

TGCxSeventeen.Special.E03.1080p.CM.mp4

1.51 GB N/A video/mp4 70 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Mission: Impossible - Rogue Nation
7.2

IMDb Rating 7.4/10 ဒီကားကတော့ အားလုံးသိတဲ့အတိုင်း မင်းသားချော Tom Cruise ရဲ့ Mission Impossible ဇာတ်လမ်းတွဲ ထဲက ငါးကားမြောက် ဇာတ်ကားဖြစ်ပါတယ်။ ဇာတ်ကားအကြောင်းမပြောခင် MI ဇာတ်ကားတွေမှာ ထူးခြားချက်တစ်ခုရှိပါတယ်။ ဇာတ်ကားတစ်ကားပြောင်းတိုင်း ဒါရိုက်တာ အသစ်ပြောင်းသွားပြီး ဒါရိုက်တာအားလုံးကလည်း အသစ်တွေဖြစ်ကြပါတယ်။ Mission Impossible ကိုမရိုက်ကူးခင်မှာ အဲ့ဒီဒါရိုက်တာတွေ က ဇာတ်ကားကြီးတွေမရိုက်ဖူးထားပါဘူး။ Brian De Palma က ပထမဆုံးကား၊ John Woo က ဒုတိယကား၊ J.J. Abram က တတိယကားနဲ့ နောက်ဆုံး Brad Bird က Ghost Protocol ကိုရိုက်ကူးထားကြပါတယ်။ အခု Rogue Nation ကိုတော့ Christopher McQuarrie (Edge of Tomorrow) ကရိုက်ကူးထားပါတယ်။ ဇာတ်ကားအားလုံးကို Tom Cruise က တည်းဖြတ်ထုတ်လုပ်ခဲ့ပြီး ဒါရိုက်တာတွေကိုလည်း သူကိုယ်တိုင် ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ Mission Impossible က ပထမသုံးကားက ဆင်တူ ယိုးမှားဇာတ်လမ်းတွေပဲဖြစ်ပြီး၊ စတုတ္ထကား Ghost Protocol ကနေစပြီး Spy Action ကားကောင်း တစ်ကား အသွင်ဖြစ်လာပါတယ်။ ပထမသုံးကားက တစ်ကားနဲ့ တစ်ကား အဆက်အစပ်မရှိသလို သုံးကားလုံးမှာ Luther နဲ့ Hunt ကလွဲရင် ပါတဲ့ သရုပ်ဆောင်တွေ လည်း မတူပါဘူး။ ဒါပေမယ့်ဒီကားမှာ တော့ အရင် တုန်းကနဲ့ မတူပဲ Ghost Protocol အဆုံးကနေ ပြန်ဆက်ထားပါတယ်။ Ghost Protocol အဆုံးသတ်မှာ Ethan Hunt က The Syndicate ဆိုတဲ့အဖွဲ့အစည်းကို ခြေရာခံဖို့ တာဝန်ပေးခံရပါတယ်။ ဒီဇာတ်ကားအစမှာ Ethan Hunt က Nerve Gas တွေကို အကြမ်းဖက်သမားတွေ လက်ထဲမရောက်အောင် လုပ်ရင်းက The Syndicate ဆိုတဲ့အဖွဲ့အစည်း အကြောင်းကို စုံစမ်းဖို့ လုပ်ပါတယ်။ ဒီအချိန်မှာပဲ London မှာ သူ့ရဲ့ နောက်ထပ် Mission အကြောင်းအရာကို နားထောင်နေတုန်းမှာပဲ Syndicate ရဲ့ ဖမ်းဆီးခြင်းကိုခံလိုက်ရပါတယ်။ တစ်ဖက်မှာလည်း IMF အဖွဲကို ဖျက်သိမ်းလိုက်ပြီး CIA ရဲ့ လက်အောက်ကို ပေါင်းထည့်လိုက်ပါတယ်။ IMF Chief Analyst ဖြစ်တဲ့ William Brandt (Jeremy Renner) က လည်း CIA အရာရှိ Alan Hunley (Alec Baldwin) လက်အောက်ကို ရောက်သွားပါတယ်။ ဒါကြောင့် Hunt ကိုလည်းမကူညီနိုင်တော့သလို သူတို့ IMF အဖွဲ့လည်း ပျက်သွားပြီဖြစ်လို့ ဘာလုပ်ရမှန်း မသိဖြစ်နေပါတယ်။ Hunt က Syndicate ရဲ့ လက်ထဲကနေ MI6 (British Intelligence) Secret Agent မလေး ရဲ့ အကူအညီနဲ့ လွတ်မြောက်လာခဲ့ပြီးနောက် Syndicate ရဲ့ အဓိက ခေါင်းဆောင် Solomon Lane ကို ရအောင် ရှာဖွေပြီး သူရဲ့ အကြံအစည်တွေ အထမမြောက်အောင် တားဆီးရမှာဖြစ်ပါတယ်။ The Syndicate ဆိုတာ British တွေ ရဲ့ Black Ops အဖွဲ့အစည်းဖြစ်ပြီး သူတို့ရဲ့ အစီအစဉ်က အခြား နိုင်ငံတွေက Spy တွေကို Recruit လုပ်ပြီး Black Ops Mission တွေလုပ်ခိုင်းမှာဖြစ်ပါတယ်။ ဒီအစီအစဉ်ကို Prime Minister က အတည်မပြုပေမယ့် သူတို့ က တရားမဝင်လုပ်နေရင်းက Solomon Lane က သစ္စာဖောက်ပြီး သူ့ပါသူ ခွဲထွက်သွားတာဖြစ်ပါတယ်။ ဇာတ်လမ်းက စိတ်ဝင်စားဖို့ကောင်းပြီး James Bond ဇာတ်ကားတွေ ကြည့်ရသလိုပဲ Spy ကားဆန်ဆန် ရိုက်ကူးထားပါတယ်။ ဒါပေမယ့် James Bond ဇာတ်ကားတော်တော်များများထက်ကောင်းပြီး အက်ရှင် ကောင်းကောင်းတွေလည်းပါပါတယ်။ MI6 Agent အဖြစ် သရုပ်ဆောင်ထားတဲ့ Rebecca Ferguson က သရုပ်ဆောင်ကောင်းပြီး အက်ရှင် စတားတစ်ဦးအဖြစ်လည်း ပီပီပြင်ပြင် သရုပ်ဆောင်ထားနိုင်တာ တွေ့ရပါတယ်။ Tom Cruise နဲ့ အတူ Jeremy Renner, Simon Pegg နဲ့ Ving Rhames (Luther Stickell) တို့ကလည်း ပြန်လည်ပါဝင်ထားကြပါတယ်။ ဇာတ်ကားကောင်းတစ်ကားဖြစ်ပြီး Spy ကားကောင်း တစ်ကား ဖြစ်တာနဲ့အညီ ဇာတ်လမ်းကလည်း ပရိတ်သတ်ကို လှည့်စား ဆွဲဆောင်နိုင်မှာဖြစ်ပါတယ်။ ကြည့်သင့်တဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပြီး မင်းသမီး Rebbeca ကို ရေကူးဝတ်စုံနဲ့ တစ်ခန်းတွေ့ရပေမယ့် No Sex, No Nudity ဖြစ်လို့ မိသားစု တူတူကြည့်နိုင်ပါတယ်။ (ရုပ်ရှင်အညွှန်းကို Movies For Myanmar မှ တင်ဆက်ထားပါတယ်။) Mission Impossible ဇာတ်ကားအားလုံးကို ဒီမှာ https://channelmyanmar.org/?s=mission+impossible   ကြည့်ပါ။ File size…(10 GB)/(1.5 GB)/(1.1 GB) Quality….BluRay 4K HEVC/ 1080p / 720p Format…mkv/mp4 Duration….02:11:33 Subtitle….Myanmar Subtitle (Hardsub) Encoder….SWM, Nyeinsaeya Aung Translated by Ye Kyaw Htet

Action • Drama
7.2 2015 131 mins
Mission: Impossible - Rogue Nation
Those Who Wish Me Dead
6.7

ဒီရုပ်ရှင်မှာတော့ အန်ဂျလီနာ ဂျိုလီက ဦးဆောင်ပါဝင်ထားပါတယ်။ ကျန်တဲ့သရုပ်ဆောင်တွေကိုလည်း ရင်းနှီးထားတဲ့သူ များမှာပါ။ Game of Thrones ထဲက လက်သန်း ရယ် Marvel's Punisher ကြီးရယ် ပါပါသေးတယ်။ ဇာတ်လမ်းကတော့ action thriller ပါပဲ။ ဂျိုလီကတော့ မီးသတ်အဖွဲ့ခေါင်းဆောင်ပေါ့။ တစ်နေ့မှာ သူနဲ့သူအဖွဲ့ တောမီးကို ငြိှမ်းနေတုန်းမှာ လေကြောင်းတွက်ဆမှု မှားယွင်းခဲ့လို့ လူ ၃ ယောက် အသက်ဆုံးခဲ့ရပါတယ်။ အဲဒီ စိတ်ဒဏ်ရာတွေနဲ့ ပေပေတေတေ နေထိုင်နေတုန်းမှာ သူ့ဆီကို ကောင်လေးတစ်ယောက် လူသတ်သမားတွေလက်က ထွက်ပြေးပြီး ရောက်လာပါတယ်။ ကောင်လေးကို လိုက်သတ်တဲ့လူတွေလက်က ကယ်ပြီး လျို့ဝှက်ချက်တွေကို ဖွင့်ချနိုင်ဖို့ တောမီးကြီးတစ်ခုကိုပါ အံတုပြီး ပြေးကြရပါတော့တယ်.... File size…(1.7 GB) and (1 GB) Quality….BluRay 1080p and 720p Format…mp4 Duration….01:40:00 Subtitle….Myanmar Subtitle (Hardsub) Encoder…. Mr. Anderson Translator... Mr. Anderson

Mystery • TV Movie • Thriller
6.7 2021 100 mins
Those Who Wish Me Dead
The Haunting
5.4

The Haunting (1999) Liam Neeson, Catherine Zeta-Jones, Owen Wilson နဲ့ Lili Taylor တို့လို ခုချိန်ကာလမှာ မသိသူမရှိလောက်တဲ့ Cast အကြမ်းတွေပါဝင်တဲ့ Horror, Thriller ရုပ်ရှင်‌ဖြစ်ပါတယ်။ The Haunting of the Hill House ဝတ္ထုကို အခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီဝတ္ထုကို အခြေခံပြီး The Haunting (1963) နဲ့ နက်ဖလစ်စီးရီးတစ်ခုလည်းရိုက်ထားပါသေးတယ်။ အဲဒီ နက်ဖလစ်စီးရီးကတော့ အတော်လေးကို လူကြိုက်များခဲ့ပါတယ်။ Dr. Marrow ဟာ အကြောက်တရားနဲ့ပတ်သက်ပြီး သုတေသနလုပ်ဖို့ ညအိပ်မပျော်ရောဂါရှိတဲ့သူတွေကို Hill အိမ်ကြီးဆီ ခေါ်ခဲ့ပါတယ်။ အိမ်ကြီးကိုဆောက်ခဲ့တဲ့သူအကြောင်း ဘာကြောင့်ဆောက်ခဲ့သလဲဆိုတာကိုသိကြရပြီး ဘယ်သူမှမဝင်ရဲတဲ့ အိမ်ကြီးမှာ ဖြစ်ပျက်နေတာတွေကို သူတို့ကြုံရပါတော့တယ်။ အိမ်ကြီးမှာဖြစ်ပျက်သမျှကို အစပိုင်းမှာတော့ အိပ်မပျော်လို့ ထင်ယောင်ထင်မှားဖြစ်နေကြတယ် ထင်ခဲ့ပေမဲ့ တကယ့်လက်တွေ့မှာ ဖြစ်နေတဲ့အခါမှာတော့ သူတို့တစ်ဖွဲ့လုံးပိတ်မိပြီး မကောင်းဆိုးဝါးကြီးကိုရင်ဆိုင်ရပါလေတယ်။ ဇာတ်လမ်းကတော့ ပြောရလောက်အောင် ထူးခြားဆန်းကြယ်နေတာမျိုးမရှိပေမယ့် သရုပ်ဆောင်တွေက တကယ့်ဟဲဗီးဇာတ်ဆောင်ကြီးတွေပဲသုံးထားပါတယ်။ ဘာလို့ ဒီလောက် Rating နည်းရတာလဲဆိုရင်တော့ ကျွန်တော့်အနေနဲ့ CGI ကြောင့်လို့ပဲ အပြစ်ပုံချချင်ပါတယ်။ ဇာတ်လမ်းတစ်ခုလုံး ဝတ္ထုကို သွေဖယ်တာမျိုးနည်းနည်းပဲရှိပေမဲ့ သရဲခြောက်တဲ့အပိုင်းတွေမှာ သရဲတွေ ကာတွန်းရုပ်ပေါက်နေတာက သိပ်ယုတ္တိရှိတယ်မခံစားရပါဘူး။ ၂၀၀၀ခုနှစ် မတိုင်ခင် CGI ဆိုတော့လည်း ဒီလောက်ပဲရမှာပေါ့ဗျာ။ သရုပ်ဆောင်တွေကိုလည်း အပြည့်အဝသရုပ်ဆောင်ခွင့်ပေးထားတယ်လို့ မခံစားရပေမဲ့ သူ့ဟာနဲ့သူတော့ ကြည့်ကောင်းသလိုရှိပါတယ်။ ဒီရုပ်ရှင်မှာ ကြည့်ပျော်တဲ့အပိုင်း‌ဆိုရင်တော့ အိမ်ကြီးရယ် ဒါရိုက်တာရဲ့ရိုက်ချက်တွေရယ်ပါ။ သရဲကားတွေကိုကြည့်မယ်ဆိုရင် အတော်များများက ကြည့်တဲ့သူတွေခြောက်ခြားရအောင် ကိုယ်တိုင်ရောက်နေသလိုခံစားရအောင် သာမန်ထက်ပိုပြီး ရိုက်ကွက်ကို အသားပေးကြပါတယ်။ ဒီရုပ်ရှင်က The Conjuring လိုကားမျိုးတွေ ကြည့်နေကျလူတွေအတွက် ကြောက်ဖို့ကောင်းမှာမဟုတ်ပေမဲ့ နောက်ခံတီးလုံး၊ အလင်းအမှောင်နဲ့ ရိုက်ကွက်တွေက သရဲကားသာမန်ကြည့်‌တဲ့သူတွေအတွက် ကြည့်ပျော်တယ်လို့ပြောနိုင်ပါတယ်။ Liam Neeson, Catherine Zeta-Jones နဲ့ Owen Wilson တို့ရဲ့ ရှားရှားပါးပါး Horror ကားဖြစ်ပေမဲ့ ထင်သလောက်မအောင်မြင်ခဲ့တာကတော့ အတော်နှမျောစရာပါ။ ကိုယ်ကြိုက်တဲ့မင်းသား မင်းသမီးကြီးတွေရဲ့ ငယ်ရုပ်ကိုပြန်မြင်ခွင့်ရချင်တယ်၊ သိပ်ကြောက်ရတာမျိုးလည်းမလိုချင်ဘူးဆိုရင်တော့ ကြည့်သင့်တဲ့ကားကောင်းလေးတစ်ခုပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.85GB, 820MB Quality - 1080p, 720p IMDb Rating - 5/10 Format - mp4 Duration - 1H 53Min Genre - Fantasy, Horror, Mystery Subtitle - Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Drama
5.4 1999 113 mins
The Haunting
Selina’s Gold

(18+) Selina’s Gold (2022) CM ပရိတ်သတ်ကြီးနဲ့ မစိမ်းတဲ့ ဖိလစ်ပိုင်က မင်းသမီးလေးရဲ့ အသစ်ထွက်ရှိထားတဲ့ ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းလေးက တော်တော်လေးကို ဇာတ်အိမ်နာအောင်တည်ထားတာပါ။ အင်ဒိုချိုင်းနားကျွန်းဆွယ် အမေရိကန်နှင့် ဂျပန်တို့ရဲ့ ဒုတိယကမ္ဘာစစ်ကာလမှာ အခြေတည်ထားပြီး အရာရာဟာ ပျက်စီးနေတဲ့ကာလမှာ ဘဝတွေဟာဘယ်လောက် ပျက်စီးနေပြီလဲဆိုတာ အချိန်ကာလလေးနဲ့ လိုက်ပြီးဇာတ်လမ်းဆင်ထားတာလေးကတော်တော်လေး သဘောကျစရာပါ။ စစ်ပွဲကာလ လူတွေဟာ ဘဝတွေပျက်တယ် ကိုယ်ကျင့်တရားတွေပျက်ကြတယ် သိက္ခာတရား ဆိုတာ ဗိုက်ဆာနေချိန်မှာ မြောင်းထဲရောက်ကုန်ကြတယ် ဒီလိုအဘက်ဘက်ကပျက်စီးယိုယွင်းနေတဲ့ ခေတ်ပျက်ကြီးမှာ ဆယ်လီနာဆိုတဲ့ ကလေးမတစ်ယောက် အသက် ၁၇ နှစ်ပြည့်ပြီး လှလှပပလေး ဖူးပွင့်လာခဲ့တယ်။ သို့ပေမဲ့ ကံတရားရဲ့ ရက်စက်မှုတွေက ဒီလိုနုနုနယ်နယ် ကလေးမကို အရက်သမား ဖခင်ကြီးဆီမှာနေစေခဲ့တယ်။ နောက်ဆုံးတော့ ဖခင်ကြီးက သူ့ရဲ့ အကြွေးတွေကိုဆပ်ဖို့ ရွာကငွေတိုးချေးစားတဲ့ သူဆီမှာ ဆယ်လီနာလေးကို ရောင်းစားခဲ့တယ်။ တီအာဂိုဆိုတဲ့ ငွေတိုချေးတဲ့သူဟာလဲ သူ့ရဲ့ယုံကြည်ချက်တွေမှာ သူ့ရဲ့အာဏာရှင်စိတ်ဓာတ် ဩဇာပေးချင်တဲ့စိတ်တွေကို ဆယ်လီနာလေးအပေါ်ပုံချခဲ့ရာ ငယ်ငယ်ရွယ်ရွယ်ကလေးမတစ်ယောက် လောကကြီးကို ဘယ်လိုရင်ဆိုင်ပြမလဲ မိန်းမတို့ရဲ့ မာယာကိုဘယ်လိုထုတ်ပြမလဲ ဆိုတာကို လှည့်ကွက်မျိုးစုံနဲ့ ဇာတ်အိမ်ခိုင်ခိုင်လေးနဲ့ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ *** ကုတင်ပေါ်ကအခန်းများ စကားလုံးကြမ်းကြမ်းများ ပေါပေါသီသီပါဝင်သဖြင့် မိသားစုနှင့် အတူကြည့်ရှုလို့မရတဲ့ ၁၈+ အမျိုးအစား ဒရာမာကားလေးဖြစ်ပါတယ်။ *** အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။ Genre….. Drama Quality…. 1080p | 720p | 480p File size… 1.8GB | 842MB | 375MB Format… mp4 Duration….1h 20min Subtitle…. Myanmar Subtitle (Hardsub) Translator ….. K.Hein Encoder …..Blank

Action • Horror • Science Fiction • Thriller
0 2022
Selina’s Gold
Spartan
6.5

စကော့ဟာ ရိန်းဂျားတပ်သားဟောင်းတစ်ယောက်ဖြစ်ပြီး လက်ရှိမှာတော့ တပ်သားအသစ်တွေကို လေ့ကျင့်ပေးတဲ့ စစ်ရေးနည်းပြတစ်ယောက်ပါ…။ တစ်နေ့မှာတော့ ကောင်မလေးတစ်ယောက်ပြန်ပေးဆွဲခံရတဲ့ အမှုမှာ သူလည်းပါဝင်စုံစမ်းပေးဖို့ အမိန့်ကျလာပါတယ်…။ ပြန်ပေးဆွဲသွားတဲ့အကြောင်းအရင်းက လူကုန်ကူးဖို့၊လိင်လုပ်သားအဖြစ် အတင်းအကြပ်စေခိုင်းဖို့ပါ…။ ဒါပေမဲ့ ပြန်ပေးသမားတွေမသိတာ ဒီကောင်မလေးဟာ အစိုးရအရာရှိကြီး တစ်ယောက်ရဲ့သမီးဖြစ်နေရော….။ ဒီတော့ ပြန်ပေးသမားတွေ မသိခင် ကောင်မလေးကို ပြန်ကယ်မယ့်တာဝန်ဟာ စကော့ခေါင်းပေါ်ကျရောက်လာပြီး… စကော့တစ်ယောက် ဘယ်လိုစုံစမ်းထောက်လှမ်းကယ်ထုတ်မလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာ ကြည့်ရှုနိုင်ပါပြီ….။ File size…1.86GB / 655MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 46m Genre ….. Action , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

Drama
6.5 2004
Spartan
A Christmas Frequency

နာမည်ကြီး ရေဒီယိုတိုက်ရိုက်အသံလွှင့်တင်ဆက်သူ ဘရွတ်က ခင်ပွန်းနဲ့ကွဲပြီး ပုံမှန်တင်ဆက်နေကျ “ဘရွတ်နဲ့နံနက်စာ” ရေဒီယိုအစီအစဉ်မှာ လုပ်ငန်းစွမ်းဆောင်ရည်တွေကျဆင်းနေခဲ့တယ်။ ဘရွတ်ရဲ့လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ ကန်ဇီကတော့ မကြာခင် “ဘရွတ်နဲ့နံနက်စာ” အသံလွှင့်အစီအစဉ်ဖျက်ချခံရပြီး အလုပ်ပြုတ်တော့မှာကို စိုးရိမ်နေခဲ့တာပေါ့။ ဒီလိုနဲ့ အစီအစဉ်တစ်ခုဆွဲပြီး “ဘရွတ်နဲ့နံနက်စာ”ရှိုးကို ကယ်တင်ဖို့ကြိုးစားခဲ့တယ်။ အစီအစဉ်ကတော့ ဘရွတ်ကို ဘလိုင်းဒိတ်ရှာပေးဖို့ပါပဲ။ ဘရွတ်ကို ဘလိုင်းဒိတ်ရှာပေးနေတဲ့ကန်ဇီရဲ့အ​ချစ်ရေးကရော ဘယ်လိုမျိုးဖြစ်နေလဲ နောက်ဆုံးမှာဘရွတ်နဲ့သင့်တော်တဲ့ဒိတ်ကိုရှာတွေ့ပြီး ရှိုးကိုကယ်တင်နိုင်ပါ့မလားနဲ့ အချစ်ရေးနဲ့ အလုပ်ကြား ပဋိပက္ခနဲ့ဦးစားပေးမှု ရွေးချယ်မှုတွေအကြောင်းကို ကြည့်ရှူရမှာဖြစ်ပါတယ်။ File size…(1.6 GB)/(820 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre…Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su Eaindra

0 2023
A Christmas Frequency
Meet The Evil Spirits
5.8

CM ရဲ့ပရိသတ်တွေအတွက် သဲထိတ်ရင်ဖိုရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- မင်ကော်ခေတ်ကဇာတ်လမ်းလေး ဖြစ်ပါတယ်။ အမည်မသိ ခေါင်းပြတ်အမျိုးသမီးအလောင်းအတွက် ခေါင်းတစ်ခု ထည့်ပေးဖို့ အလောင်းပြင်သူကို တောင်းဆိုလာပါတယ်။ ဒါက နိမိတ်မကောင်းတဲ့ အလုပ်ဖြစ်တဲ့အတွက် လီတာ့တန်က မလုပ်ပေးချင်ပေမယ့် ငွေအများကြီးရတဲ့အတွက် လက်ခံခဲ့ပါတယ်။ ဒါပေမဲ့ အလောင်းက အသက်ဝင်လာပြီး လီတာ့တန်တစ်ယောက် ခြောက်လန့်ခံရပြီး ဖျားသွားခဲ့တဲ့အတွက် သမီးဖြစ်သူက နတ်ကတော်ခေါ်ပြီး နတ်ပွဲလုပ်ပေးချိန်မှာ လီတာ့တန်တစ်ယောက် အသက်ပျောက်သွားခဲ့ပါတယ်။ နတ်ကတော်ကလည်း အဓိက သံသယရှိသူဖြစ်သွားခဲ့ပါတယ်။ မြို့ကို အသစ်ပြောင်းလာတဲ့ ရဲအဖွဲ့ခေါင်းဆောင် ကျောက်ရန်က ဒီအမှုကို စုံစမ်းဖို့ တာဝန်ကျခဲ့ပါတယ်။ အမှုကို စုံစမ်းနေချိန်မှာ ခေါင်းပြတ်အလောင်းက လွန်ခဲ့တဲ့ ၃ နှစ်က သေဆုံးသွားခဲ့တဲ့ ချင်းအာရဲ့ အလောင်းဖြစ်တာကို သိခဲ့ရပါတယ်။ လွန်ခဲ့တဲ့ ၃ နှစ်က အမှုနဲ့အတူ သဲလွန်စတွေ ပေါ်ထွက်လာတဲ့ အခါမှာတော့…… အမှုရဲ့ တရားခံအစစ်ကို ရှာတွေနိုင်ပါ့မလား…… အမြဲတမ်း မြင်နေရတဲ့ ပုံရိပ်ယောင်တွေကရော ဘယ်လိုဖြစ်ခဲ့တာလဲ…… ဆိုတာကို ရုပ်ရှင်နဲ့အတူ သဲထိတ်ရင်ဖို ကြည့်ရှုခံစားလိုက်ရအောင်နော်။

Drama • Family
5.8 2023
Meet The Evil Spirits
Ice Age: Continental Drift
6.5

ဒီဇာတ်ကားက Ice age franchiseရဲ့ စတုတ္ထဇာတ်ကား ဖြစ်ပြီး ၂၀၁၂ ခုနှစ်မှာ ထွက်ရှိခဲ့ပါတယ်။ ဒီဇာတ်လမ်းကြီးတစ်ခုလုံးမှာ အစကတည်းက ပါဝင်ခဲ့တဲ့ ဝက်သစ်ချသီးကိုမှ အရူးအမူးစွဲလမ်း ​နေတဲ့ ရှဉ့်​လေး​ကြောင့်ပဲ ဒီဇာတ်လမ်း မြစ်ဖျားခံလာခဲ့တယ်လို့ ​ပြောရမှာပါပဲ။ အမြဲတမ်း ကိုရီးယားကားလိုမျိုး တေ့လွဲလွဲ​နေတဲ့ ဝက်သစ်ချသီးကို လိုက်ဖမ်းရင်း အဆိုပါရှဉ့်ဟာ ကမ္ဘာ့ဗဟိုချက် အူတိုင်ထဲကို ​ကျသွားပြီး သူ့ရဲ့ဂယက်​ကြောင့်ပဲ ကမ္ဘာဦး​ခေတ်ရဲ့ ကုန်း​မြေ​တွေ တစ်စစီပြိုကွဲသွားကာ ယ​နေ့​ခေတ် တိုက်ကြီး၇ခုရဲ့ ကနဦးဗားရှင်း​​တွေ ဖြစ်လာခဲ့ပါတယ်။ ဒီသက်​ရောက်မှုကို အဓိကခံခဲ့ရတာက ​ကမ္ဘာပေါ်က တိရစ္ဆာန်​တွေ ဖြစ်ပြီး ​မြေလွှာပြတ်​ရွေ့မှု​တွေ​ကြောင့် ​​နေရပ်​ဌာနတွေ ပျက်စီးကာ မိသားစုပြိုကွဲမှု​တွေ ကြုံခဲ့ရပါတယ်။ အဲဒီထဲမှာ ဇာတ်လိုက်​ကျော် မန်နီတို့ မိသားစုလည်း ပါဝင်ခဲ့ပြီး ဇနီးအယ်လီ၊သမီးပိချက်စ်တို့ရဲ့ အ​ဝေးကိုရောက်သွားခဲ့တာ​ကြောင့် မိသားစုဆီပြန်ဖို့ မန်နီတို့အဖွဲ့ရဲ့ ကြိုးစားအားထုတ်မှု​တွေ၊ ခရီးမှာကြုံရတဲ့ ဓါးပြ​အဖွဲ့ရဲ့ အန္တရာယ် ​တွေကို ​ကျော်ဖြတ်ဖို့ကြိုးစားမှု​တွေကို မြင်​တွေ့ရမှာပါ။ ဒီကားမှာ character အသစ်​တွေအဖြစ် ဒီ​ယေဂိုရဲ့ချစ်သူဖြစ်လာမယ့် ရှီရာ ဆိုတဲ့ ကျားမ​လေးနဲ့ ဆစ်ဒနီရဲ့ အဘွားဖြစ်သူပါ ပါလာတာ​ကြောင့် အလွဲအ​ချော်​တွေ၊ဟာသ​တွေနဲ့ Ice age​တွေရဲ့အရသာ မပျက်တဲ့ Animationဇာတ်ကား​ကောင်းပဲ ဖြစ်ပါတယ်။ File size… 5.8 GB / 2.2 GB / 1.1 GB Quality… Web-DL 4K HDR / 1080p / 720p Format… mp4 Duration…. 1h 28m Genre ….. Animation, Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by JimX

6.5 2012
Ice Age: Continental Drift
Flawless
6.7

ဒီကားလေးကတော့ IMDB 6.7/10 ရရှိထားတဲ့ Crime/Drama/Thriller ကားဟောင်းလေးဖြစ်ပြီး မင်းသမီးကြီး Demi Moore နဲ့ မင်းသားကြီး Michael Caine တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ၁၉၆၀ ခုနှစ်များဆီက ဥရောပတစ်ခွင်မှာ အလုံခြုံဆုံးဆိုတဲ့၊ အတွင်းဘက်မှာ ကွန်ကရစ်တွေ၊ ကျောက်သားနံရံတွေနဲ့ ကာရံထားပြီး အပြင်ဘက်မှာ ၃ လက်မထု စတီးနံရံနဲ့ ဝန်းရံထားတဲ့ လန်ဒန်စိန်အဖွဲ့အစည်းကြီးရဲ့ အလုံပိတ်ခန်းထဲကနေ စိန် ၂ တန်စာလောက်ပျောက်သွားခဲ့ပါတယ်။ ပေါင် သန်း ၁၀၀ လောက်တန်ကြေးရှိတဲ့ စိန်တွေကို လုံခြုံရေးကင်မရာတွေ၊ သံမဏိနံရံတွေ၊ အစောင့်တွေ၊ အဆောက်အအုံရဲ့ ပိတ်ထားတဲ့ တံခါးအထပ်ထပ်ကိုဖြတ်ပြီး ဘယ်သူက ဘယ်လိုပြောင်မြောက်တဲ့နည်းလမ်းနဲ့ ခိုးယူခဲ့လဲဆိုတာနဲ့ စိန်တွေကို ပြန်တွေ့အောင်ရှာနိုင်ပါ့မလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ စိတ်ဝင်စားဖွယ် ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ Emily ပါ။) File size…(1.8 GB)/(866 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:48:00 Genre…Crime, Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Emily

6.7 2007
Flawless
Ground
8

Ground (2024) “ကစားကွင်း” IMDb 8.3 ရထားပြီး ကိန်းခမ်းကြီးကျယ်ရုပ်ရှင်တွေကို ရိုးအီနေတဲ့ ပရိသတ်ကြီးအတွက် လူငယ်တွေဝိုင်းဝန်းဖန်တီးထားတဲ့ ရိုးရှင်းလတ်ဆတ်တဲ့ လက်ရာ – တေလဂူး ဟာသ/ဒရာမာ ရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ် ခရစ်ကတ်ရူးသွပ်ကြတဲ့ သူငယ်ချင်းတစ်သိုက် ကျောင်းပိတ်ရက်တစ်ရက်မှာ ရပ်ကွက်အစွန်က ကစားကွင်းကို ခရစ်ကတ်ဆော့ဖို့ ရောက်လာတယ် သူတို့တင်မကပဲ မိန်းကလေးတစ်ချို့လည်း လာကြည့်ကြရင်း သာမန်တနင်္ဂနွေနေ့ ပျော်စရာအားလပ်ရက်လေးမှာ ပျော်ရမယ်ကြံကာမှ … နောက်ထပ်အဖွဲ့တစ်ဖွဲ့နဲ့ အချင်းများကြလေရဲ့… ဒီလိုကနေ တဆင့်တက်လို့ ဟာရီက လောင်းကြေးနဲ့ဆော့ဖို့ စိန်ခေါ်လိုက်ရာကနေ မထင်မှတ်ထားတာတွေ ဖြစ်လာတဲ့အခါမှာတော့ … အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်

8 2024
Ground
Brother Team / Kardes Takimi

မတည့်အတူနေ မောင်နှမ ၄ ယောက် အထူးအေးဂျင့် မိဘနှစ်ပါးကို ကယ်တင်ရသောအခါ…. ဒီဇာတ်ကားလေးကတော့ ဒီနှစ်ထဲမှာမှ ထွက်ရှိထားပြီး ပေါ့ပေါ့ပါးပါးပျော်ပျော်ရွှင်ရွှင် ကြည့်ရှုရမယ့် တူရကီမိသားစု စွန့်စားခန်း ဇာတ်ကားလေးဖြစ်ပါတယ်။ ဒီနစ် ဒါရာ အလီ ရာ့စ် ဆိုတဲ့မောင်နှမလေးယောက်ဟာ မိဘနှစ်ပါးနဲ့အတူ ပြည့်ပြည့်စုံစုံနေထိုင်ရပြီးတော့ ပျော်ရွှင်သုခနဲ့ ပြည့်စုံတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားပါတယ်။ သူတို့ဟာ တစ်ယောက်တစ်မျိုးစီ ထူးချွန်ကြပြီးတော့ မိဘတွေကလည်း အလိုလိုက်ထားတော့ ကျောင်းမှာ တစ်ယောက်တစ်မျိုးပတ်မွေနေကြတာမျိုးတော့ ရှိပါတယ်။ တစ်နေ့မှာတော့ သူတို့မိဘတွေဟာ အလုပ်ခရီးဆိုပြီး ထွက်သွားရာက ပြန်မလာတော့ပဲ သူတို့မိဘတွေအစား လူဆိုးတွေက လာဖမ်းတဲ့အခါ အိမ်ထဲမှာ TM-OZ 4000 ဆိုတဲ့ ဉာဏ်ရည်တုစနစ်က လျှို့ဝှက်ခန်းကို ဖွင့်ပေးရာကနေ သူတို့မိဘတွေက သူတို့ထင်ထားသလိုမဟုတ်ပဲ အထူးအေးဂျင့်တွေဖြစ်ပြီး လူဆိုးတွေဖမ်းဆီးတာ ခံထားရကြောင်း သိလိုက်ရတဲ့အခါမှာတော့ မတည့်အတူနေ မောင်နှမလေးယောက်သား သူတို့မိဘတွေကို ကယ်တင်မဲ့စွန့်စားခန်းလေးထွက်ကြပါတော့တယ်။ ဒီတော့ သူတို့မိဘတွေကို ဘယ်လိုအလွဲပေါင်းများစွာနဲ့ ကယ်တင်ကြမလဲ လူဆိုးတွေက ဘာလို့ သူတို့မိဘကိုဖမ်းထားတာလဲ စသဖြင့် စိတ်ဝင်စားဖွယ်ရာ ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ File size…(1.7 GB)/(981 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:35:00 Genre… Family, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Matteo

0 2024
Brother Team / Kardes Takimi
The Second Act aka Le Deuxième Acts
6.7

The Second Act aka Le Deuxième Acts(2024) ဘဝအသစ်စတင်ခြင်း အချစ်ဟာသကားလေးကိုမှကြိုက်တယ်ဆိုတဲ့လူတွေအတွက် ၂၀၂၄ ထွက် ပြင်သစ်ဟာသကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားလေးက IMDB – 6.7/10 ရရှိထားတဲ့အပြင် ၂၀၂၄ ခုနှစ်၊ မေလကကျင်းပခဲ့တဲ့ ကိန်းရုပ်ရှင်ပွဲတော်ရဲ့ အဖွင့်ရုပ်ရှင်အဖြစ်ပြသခြင်းခံထားရတဲ့ ကားလေးတစ်ကားပဲဖြစ်ပါတယ်။ မိန်းမကျမ်းကြေပြီး မိန်းမတစ်ကာကိုထည်လဲတွဲနေတဲ့ ရုပ်ချောရေလျှံ ဒေးဗစ်တစ်ယောက်.. သူ့ကိုတမ်းတမ်းစွဲချစ်ပြီး ဖခင်ဖြစ်သူနဲ့ပါ မိတ်ဆက်ပေးဖို့လုပ်နေတဲ့ ဖလောရန့်ကို အဆက်အသွယ်ဖြတ်ဖို့လုပ်ပေမယ့် မအောင်မြင်လို့ သူငယ်ချင်းဖြစ်သူ ဝီလီကိုအကူအညီတောင်းခဲ့ပါတယ်။ ဝီလီက ဒေးဗစ်လိုရုပ်ချောရေလျှံတစ်ယောက်တော့မဟုတ်ပေမယ့် သူငယ်ချင်းဖြစ်သူကအကူအညီတောင်းလာတာကြောင့် အကူအညီပေးဖို့လက်ခံခဲ့ပါတော့တယ်။ အဆက်အသွယ်ဖြတ်ဖို့ကြိုးစားနေတဲ့ ဒေးဗစ်နဲ့ ဖခင်ဖြစ်သူနဲ့ပါမိတ်ဆက်ပေးဖို့လုပ်နေတဲ့ ဖလောရန့်ရဲ့ကြားမှာ ဝီလီတစ်ယောက် ဘယ်လိုဆက်ဖြစ်ပြီး ဘယ်လိုအလွဲတွေကြုံရမလဲဆိုတာကိုရိုက်ကူးထားတဲ့ ပြင်သစ်ဟာသကားလေးတစ်ကားဖြစ်လို့ ကြည်ရှုအားပေးကြပါဦး။ (အညွှန်းနဲ့ ဘာသာပြန်ကိုတော့ CM Team က ရေးသားပေးထားတာပဲဖြစ်ပါတယ်)

Drama
6.7 2024 80 mins
The Second Act aka Le Deuxième Acts
Frankie Freako
5.8

ဒီဇာတ်ကားလေးကတော့ Goosebumps တို့ Chucky တို့လိုမျိုး လက်ထိုးအရုပ်တွေကိုသုံးပြီးတော့ ရိုက်ကူးထားတဲ့ Horror ဆန်ဆန် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ အဓိကသရုပ်ဆောင်တွေအဖြစ် Kristy Wordsworth, Colin Cunningham, Rob Schrab တို့က ပါဝင်ပေးထားပြီးတော့ ဒါရိုက်တာ Steven Kostenski က ဦးဆောင်ရိုက်ကူးပေး ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကို ပြောပြရရင်တော့ သာမန်ပျင်းစရာ ရုံးဝန်ထမ်းဘဝမှာ ပျော်ရွှင်နေတဲ့ Conner ရဲ့ဘဝထဲကို မှင်စာလိုမကောင်းဆိုးဝါးကောင်လေးတွေ ရောက်လာပြီးတော့ သူ့ပိုင်ဆိုင်မှုအားလုံးကို ဖျက်ဆီးဖို့ကြိုးစားပါတယ်။ ဒါပေမယ့် အဲဒီမကောင်းဆိုးဝါးလေးတွေမှာလည်း သူတို့ရဲ့အကြောင်းအရင်း တစ်ခုရှိနေခဲ့ပါတယ်။ အဲဒီအကြောင်းအရင်းက ဘာဖြစ်မလဲ၊ ဘာဖြစ်လို့ Conner ဆီကို ရောက်လာရတာလဲဆိုတာတွေကို ဇာတ်ကားထဲမှာ ကိုယ်တိုင် ခံစားလိုက်ပါ။ Low budget movie ဆိုပေမယ့် IMDb မှာ rating 5.9/10, Rotten Tomato မှာ rating 89% အထိ ရရှိထားပါတယ်။ Horror genre ဆိုပေမယ့် သိပ်ကြောက်ဖို့ မကောင်းပဲ ပေါ့ပေါ့ပါးပါးလေးနဲ့ ကြည့်လို့ကောင်းတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ File size… (1.71 GB) / (803 MB) Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 52m Genre ….. Comedy , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Austin

5.8 2024 85 mins
Frankie Freako
Twitches Too
5.7

ဒီဇာတ်ကား က​တော့ Coventry လို့​ခေါ်တဲ့​မှော်တိုင်းပြည်မှာရှိတဲ့ Alex နဲ့ Camryn လို့​ခေါ်တဲ့ အမွှာစုန်းမနှစ်​ယောက်ရဲ့ ​မှော်စွန့်စားခန်းပဲဖြစ်ပါတယ်။ သူတို့နှစ်​ယောက်ဟာ လွန်ခဲ့တဲ့ ၂၁နှစ်ကနှိမ်နင်းခဲ့တဲ့ အ​မှောင် စွမ်းအား​တွေပြန်လည်နိုးထဖို့ကြိုးစားလာတဲ့အချိန် ဘယ်လိုတားဆီးကြမလဲကိုကြည့်ရှု့ရမှာဖြစ်ပါတယ်။ အမွှာနှစ်​ယောက်ရဲ့ အလွဲအ​ချော်​တွေ ငြင်းခုံမှု​တွေကို ရယ်စရာအ​နေနဲ့မြင်ရမယ့်အပြင် သူတို့ရဲ့ မှော်စွမ်းအား​တွေကိုထိန်းနိုင်​အောင်ဘယ်လို​လေ့ကျင့်ကြမလဲဆိုတာကို ကြည့်ရှု့ကြပါဦးခင်ဗျာ။ File Size : 2.2 GB, 930 MB Quality : WEB-DL 1080p / 720p Running Time : 1hr 23min Format : Mp4 Genre : Drama,Family, Fantasy Subtitle : Myanmar Subtitle (Hard Sub) Translated by : Jack Encode by : Thit San Khant

5.7 2007 83 mins
Twitches Too
The Mermaid: Monster from Sea Prison
6.1

ဒီတစ်ခေါက်တော့ CM ပရိတ်သတ်တွေအတွက် ရေသူမကားလေး တင်ဆက်ပေးလိုက်ပါတယ် ဇာတ်ကြောင်းလေးကတော့… ချန်ကျန်းဟာ ဝူကျွန်းရဲ့ ထိန်းသိမ်းစောင့်ရှောက်သူ ရေသူမတွေကို နှိမ်နှင်းရတဲ့ ချန်အိမ်တော်ရဲ့ စစ်သူကြီးတစ်ယောက်ပါ တစ်နေ့မှာတော့ ချန်ကျန်းရဲ့ ဇနီးနဲ့ ချန်အိမ်တော်ကလူအများစုဟာ ရေသူမကြောင့်သေဆုံးသွားတဲ့အတွက် ရေသူမကို ရှာပြီးလက်စားချေဖို့ကြိုးစားခဲ့ပါတယ် ဒါပေမဲ့လည်း ရေသူမနဲ့ဆုံရချိန်မှာတော့ ရေသူမရဲ့ ပြောစကားက သူသိထားတဲ့အမှန်တရားတွေနဲ့ ကွာခြားနေတဲ့အခါမှာ…. ရေသူမရဲ့စကားက တကယ်ပဲ အမှန်တရားတွေလား ဒါမှမဟုတ်ရင် လှည့်ကွက်တစ်ခုလား ချန်ကျန်းတစ်ယောက်ကရော သူ့ရဲ့အိမ်သားတွေကိုသတ်တဲ့တရားခံအစစ်ကို ရှာတွေ့နိုင်မှာလားဆိုတာကို ဆက်လက်ပြီးတော့ စိတ်ဝင်စားဖွယ်ကြည့်ရှုကြရမှာပါနော်

Thriller • Horror • Drama
6.1 2021
The Mermaid: Monster from Sea Prison