YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Terius Behind Me (2018).EP14.WEB-DL.1080P(CM).mp4

1.03 GB N/A video/mp4 179 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The People Under the Stairs
6.6

The People Under The Stairs (1991) ~ IMDb - 6.4/10, Rotten Tomatoes - 70% ~ ဒီတစ်​ခေါက် မိတ်ဆက်​ပေးမှာက​​တော့ 1991 မှာ ထွက်ရှိထားတဲ့ ​ကြောက်လည်း​ကြောက်ရ ရယ်လည်းရယ်ရမယ့် သည်းထိတ်ရင်ဖို ဟာသကား​လေး The People Under the Stairs ပဲဖြစ်ပါတယ်။ ~ ဇာတ်လမ်းအညွှန်း ~ တား​​ရော့ရူး အမတစ်​ယောက်​ကြောင့် နာမည်ရင်းထက် နာမည်​ပြောင်သာလူသိများကြတဲ့ ဖူး(Fool)တစ်​ယောက် မ​တော်​လောဘမက်တဲ့ ​မြေပိုင်ရှင် ​လင်မယား နှစ်​ယောက်​ကြောင့် အိမ်​ပေါ်ကဆင်းရဖို့ အ​ကြောင်းဖန်လာတဲ့အခါ... အ​မေဖြစ်သူကလည်း ကင်ဆာ​ရောဂါ ခံစား​နေရပြီး ခွဲစိတ်ဖို့ ပိုက်ဆံမတတ်နိုင်​သေးတဲ့အချိန် ​မြေပိုင်ရှင်​လင်မယားအိမ်မှာ ​ရွှေပြားသွားခိုးဖို့ ထွက်လာတဲ့အခါ... အိမ်ကြီးရဲ့​နောက်ကွယ်က ဖြစ်ရပ်မှန်​တွေ အိမ်ကြီးထဲမှာ ဘာ​တွေ လျှို့ဝှက်ထားတာ​တွေရှိလဲ... အိမ်ကြီးထဲဝင်​ဖောက်မိတဲ့အခါ ဘာ​တွေ​တွေ့ကြုံရမလဲ... ဆိုတာကို သည်းထိတ်ရင်ဖိုကြည့်ရမယ့်အပြင် အလွဲ​လေး​တွေလည်းပါတာမို့ ရယ်လည်းရယ်ရမယ့် ကား​ကောင်း​လေးတစ်ကားလည်းဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.75GB, 780MB Quality - 1080p, 720p IMDb Rating - 6.4/10 Format - mp4 Duration - 1H 42Min Genre - Comedy, Horror, Mystery Subtitle - Myanmar Subtitle (Hardsub) Translated by DB Encoded by Y

Action & Adventure • Comedy • Sci-Fi & Fantasy
6.6 1991 102 mins
The People Under the Stairs
(18+) Love Actually... Sucks!
4.9

လူရယ်လို့ဖြစ်လာရင် အချစ်ဆိုတာ တသက်လုံးကြုံတွေရမယ့် ခံစားချက်တခုဆိုရင် မမှားပါဘူး... လူတိုင်း ဆယ်ကျော်သက်ကနေ သေတဲ့အထိ အချစ်ဆိုတဲ့ခံစားချက်က တောက်လျှောက်အရိပ်တခုလို လိုက်နေပြီး အဲ့ဒီခံစားချက်ကနေပဲ အမုန်း အလွမ်း စိတ်ဒဏ်ရာ ပျော်ရွှင်မှု ၀မ်းနည်းမှုစတဲ့ ခံစားချက်တွေပါ ပါ၀င်လာမှာပါ ... အချစ်ကြောင့် ဘ၀တွေချိုသာပြီး ပျော်ရွှင်သွားရတဲ့လူတွေရှိသလို အချစ်ကြောင့်ပဲ ဘ၀က ကော်ဖီခါးခါးထဲ အခါးမှုန့်ထပ်ထည့်မိသလို ပိုခါးသွားတဲ့လူတွေ ရှိပါတယ် ဒီဇာတ်လမ်းကတော့ အချစ်ကြောင့်ဘဝပျက်သွားသူတွေ‌ပေါ့ ချိုလှလို့ မက်မောမိတဲ့အရာက အဆင်မပြေမှုတွေပေးတဲ့အခါ အချစ်ဟာခါးလှပါတယ်ဆိုပြီး အချစ်ကို ရွံစရာ မခင်တွယ်စရာခံစားချက်အဖြစ်ပစ်ပယ်သွားရတဲ့ သူတို့ဘ၀တွေကို အရှိတိုင်းဖွင့်ဟပြသသွားမှာပါ File size…1.1GB /554MB Quality…1080p WEBDL / 720p Format…mp4 Duration….1h 23m Subtitle….Myanmar  Subtitle (Hard Sub) Encoder…X Cross Translated by Dark

Crime • Drama • Thriller
4.9 2012 83 mins
(18+) Love Actually... Sucks!
Birdcage Inn
6.5

Birdcage Inn ဟာ ကင်ကီဒွပ်ရဲ့ အစောပိုင်း ကာလတွေတုန်းက ရုပ်ရှင်တစ်ကားပါ။ တိတိကျကျဆို တတိယမြောက်ကားပါ။ နောက်ပိုင်း တချို့ကားတွေမှာ ကင်ဟာ ပရိသတ်နဲ့ဈေးကွက်အကြိုက်အရ နာမည်ကျော်သရုပ်‌‌ဆောင်တွေသုံးရင်း သူ့ရုပ်ရှင်တွေကနေ သူပြချင်တဲ့အမှန်တရားရော သူကိုယ်တိုင်ရော ပျောက်ဆုံးဖူးခဲ့တယ်ဆိုပါတယ်။ အင်တာဗျူးတစ်ခုမှာ ရုပ်ရှင်ရိုက်တဲ့အခါ အရေးအကြီးဆုံးက ဘာလဲလို့မေးတော့ အမှန်တရား ဝါ ရိုးသားမှုလို့ဖြေခဲ့ဖူးပါတယ်။ ဒီရုပ်ရှင်ကတော့ သူ့ရုပ်ရှင်တွေမှာ သူ့ရင်ခုန်သံစစ်စစ်တွေကိုပဲ ကြားရချင်တဲ့ ကင်ရဲ့ အစောပိုင်းကာလတုန်းက အရိုးသားဆုံးရုပ်ရှင်တစ်ကားပါ။ ဇာတ်ကတော့ ငှက်လှောင်အိမ်အင်းလို့ခေါ်တဲ့ အင်းတစ်ခုဆီ ပြည့်တန်ဆာလုပ်ဖို့ လာတဲ့မိန်းမလှလေးတစ်ယောက်နဲ့စဖွင့်ထားတယ်။ ဒီအလုပ်က သူ့ကို ဘယ်လောက်ပင်ပန်းစေလဲတော့မသိပါဘူး။ အဖွင့်မှာ ရေစပ်နားချထားတဲ့ ခုံပေါ်မှာထိုင်ရင်း ငိုက်ပြီး ရေထဲပြုတ်ကျသွားတာနဲ့ စဖွင့်ထားတယ်။ Bad Guy မှာတော့ ကောလိပ်ကျောင်းသူလေးကနေ ဒီဘဝ ဘယ်လိုရောက်သွားလဲ အသေးစိတ်ပြထားပေမဲ့ ဒီထဲမှာတော့ ဒီကောင်မလေးရဲ့ ပြည့်တန်ဆာဘဝကိုပဲ သေချာပြထားတယ်။ တချို့အချက်တွေအရသူလည်း ကောလိပ်ကျောင်းသူ ဖြစ်ကောင်းဖြစ်ခဲ့ဖူးလောက်မယ်။ ဘာလို့ ဒီဘဝရောက်သွားလဲတော့ မရေမရာနဲ့ပဲ ပြသွားတယ်။ နောက်တော့ အဲဒီကောင်မလေးနဲ့ အင်းပိုင်ရှင်မိသားစုရဲ့ ဆက်ဆံရေးပေါ့။ သူတို့လည်း ချမ်းသာလှတယ်တော့ မဟုတ်ဘူး။ ဒီလိုပဲ။ မရှိလို့ လုပ်စားနေတာ။ ဒီရုပ်ရှင်ရဲ့ အဓိကဇာတ်ကောင် ၂ကောင်က သူတို့မိသားစုက ဒီအလုပ်ကိုမုန်းတဲ့သမီးရယ်၊ ခုနက ပြည့်တန်ဆာမလေးရယ်ပေါ့။ ထုံးစံအတိုင်း သူတို့၂ယောက်ရဲ့အခြေအနေကို အချစ်ကြောင့်လုပ်တာလား အမုန်းကြောင့်လုပ်တာလား မရေရာခြင်းတွေအပြည့်နဲ့ သီကျူးသွားတယ်။ ဒီပုံစံကိုတော့ ကင်ကီဒွပ်ပရိသတ်တွေရင်းနှီးပြီးသားပဲမလား။ ကင်ဟာ လုပ်ရပ်တွေမှာ အချစ်လားအမုန်းလားမသည်းကွဲနိုင်အောင်ပုံဖော်တတ်တဲ့ သူပါပဲ။ ဒီထဲမှာလည်း ပြည့်တန်ဆာမလေးက အိမ်ရှင်ကောင်မလေးနဲ့ အိမ်ရှင်ကောင်မလေးရဲ့ ရည်းစားကြား ပြဿနာရှာလိုက်တာလေးတွေရှိပေမဲ့ ဒါကို အချစ်ကြောင့်လည်း ပါတယ်လို့တော့ ကျွန်တော်တော့ မြင်တာပါပဲ။ ဒီရုပ်ရှင်ဟာ ပြည့်တန်ဆာမလေးရဲ့ အိပ်ခန်းတွေမနည်းပါပေမဲ့ အဲဒီအိပ်ခန်းတွေကိုယ်တိုင်ဟာ ဒီရုပ်ရှင်ရဲ့ ရိုးသားမှုကို အရောင်တင်ပေးထားတာတွေပါပဲ။ ကင်ဟာ ပြင်သစ်က ကမ်းခြေတစ်ခုမှာ ပန်းချီဆွဲရင်း နှစ်နှစ်လောက် အချိန်ဖြုန်းဖူးပါတယ်။ သူဘာပြပွဲမှလည်း မလုပ်ခဲ့ပါဘူး။ သူက သူ့ပန်းချီကားတွေကို လမ်းပေါ်မှာ တင်ပြခဲ့တဲ့သူပါ။ သူဘာလို့ပန်းချီဆွဲလဲဆို သူ့ပန်းချီကားတွေက စစချင်းကြည့်ရင် ဟီရိသြတ္တပ္ပ ကင်းမဲ့ပြီး ညစ်ညမ်းတယ်လို့ထင်ရပေမဲ့ သေချာကြည့်ကြည့်ရင်တော့ ဖန်တီးသူရဲ့ ရိုးသားခြင်းကို အပြည့်အဝ တွေ့မြင်နိုင်လို့ လို့ဆိုဖူးပါတယ်။ သူ့ရုပ်ရှင်တွေဟာလည်း ထိုနည်းလည်းကောင်းပါပဲ။ ညစ်ညမ်းတယ်လို့ထင်ကောင်းထင်ရနိုင်ပေမဲ့ သူဟာ သူသိတဲ့ဘဝတွေကို အရိုးသားဆုံးပြထားခဲ့တာပါပဲ။ ဒီရုပ်ရှင်ဟာလည်း ညစ်ညမ်းတာတွေ စိတ်ညစ်စရာတွေအပြည့်နဲ့ကို ရိုးရိုးသားသားနဲ့ လှနေတဲ့ ကင်ကီဒွပ်ရုပ်ရှင်တစ်ကားပါပဲ။ တစ်ခုရှိတာက ကင်ကီဒွပ်ဟာ ဒီပထမကားတွေမှာဆို ကိုရီးယားပြည်တွင်းမှာ ခွက်ခွက်လန်အောင်ရှုံးခဲ့တဲ့သူပါ။ ဒီကားနဲ့ နိုင်ငံတကာပရိသတ်တချို့ စရခဲ့ပါတယ်။ ဒီတော့ သူ့ဒီလိုကားဟောင်းတွေကို အကြည်ရဖို့ဆိုတာ အတော်လေးခက်ပါတယ်။ ဒီတိုင်းကြည့်ရဖို့တောင် မလွယ်ဘူးကိုး။ ဒီလိုတတိယမြောက်ရိုက်ခဲ့တဲ့ကားမျိုးဆို ရွှေထက်ရှားပါတယ်။ ဆိုတော့ကာ 1080p ဘာညာ ကွာလတီနဲ့ရှာမရပေမဲ့ ရုပ်သံကွာလတီမူကို နည်းနည်းအတိမ်းအစောင်းခံပြီး ကင်ကီဒွပ်ပရိသတ်တွေအတွက် ကင်ကီဒွပ်ကားကို ရှိတဲ့ကွာလတီလေးနဲ့ပဲ ကြံဖန် တင်ဆက်ပေးလိုက်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.5GB Quality - 480p IMDb Rating - 7/10 Format - mp4 Duration - 1H 45Min Genre - Adult, Drama Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Comedy • Drama
6.5 1998 101 mins
Birdcage Inn
Nitram
6.9

IMDb Rating - 7.2/10 , Rotten Tomatoes - 90% 1996မှာ ဩစတေးလျက ပေါ့အာသာ သမိုင်း၀င်ဆိုက်မှာ လူ၃၅သေဆုံးပြီး ၂၃ယောက် ဒဏ်ရာရခဲ့တဲ့ အစုအပြုံလိုက် အကြမ်းဖက်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။ လူတစ်ယောက်တည်းကသတ်တဲ့ လူသတ်မှုတွေထဲ ဩစတေးလျသမိုင်းရဲ့ အဆိုး ရွားဆုံးလူသတ်မှုဖြစ်ခဲ့ပြီး ကမ္ဘာ့အဆိုးဆုံးလူသတ်မှုတွေထဲကလည်း တစ်ခုအပါအ၀င် ဖြစ်ခဲ့ပါတယ်။ ဒီဖြစ်ရပ်ကြောင့် ဩစတေးလျရဲ့ လက်နက်ကိုင်ဆောင်ခွင့် ဥပဒေကိုလည်း တင်းကြပ်လိုက်ရပါတယ်။ ဒီဥပဒေကို ပြည်သူတွေကလည်း လိုလိုလားလား လက်ခံ လိုက်ကြပါတယ်။ လက်နက်လက်၀ယ်ကိုင်ဆောင်ထားသူ ၆သိန်းလေးသောင်းဆီက ဩစတေးလျအစိုးရဟာ လက်နက်တွေ ပြန်လည်သိမ်းယူ ဖျက်ဆီးခဲ့ပါတယ်။ အဆိုးရွားဆုံး လူသတ်မှုကြီးကို ကြုံထားရတာမို့ ဘယ်ပြည်နယ် ဘယ်နယ်မြေကမှ ဒါကို စောဒက မတက်ခဲ့ကြပါဘူး။ ဒီလူသတ်မှုကို ကျူးလွန်ခဲ့တဲ့သူကတော့ Martin John Bryant ဆိုတဲ့ ဩစတေးလျသားပါ။ ဒီပြစ်မှုအတွက် Martinဟာ ၃၅သက်၃၅ကျွန်း ထောင်ဒဏ်ချမှတ်ခံခဲ့ရပြီး ထပ်တိုး ၁၆၅၂နှစ်ပါ ချမှတ်ခံခဲ့ရပါတယ်။ ဒီရုပ်ရှင်ရဲ့နာမည် "Nitram"ဟာ သူ့နာမည် Martinကို နောက်ပြန်ရေးထားတာပါပဲ။ Martinဟာ စိတ်ပိုင်းဆိုင်ရာချို့ယွင်းမှု ရှိနေသူဖြစ်ပြီး ငယ်စဉ်ကတည်းက ကျောင်းမှာ ကလေးတွေ အနိုင်ကျင့်ခံခဲ့ရသူပါ။ မွေးထားတဲ့ အမေကိုယ်တိုင်က သူ့ကိုသိပ်အမြင် မကြည်သလို ပတ်၀န်းကျင်ကလည်း သူ့ကိုအမြင်မကြည်ပါဘူး။ သူ့ဘက်မှာ ရပ်တည် ခဲ့တဲ့သူဟာ သူ့အဖေပဲရှိခဲ့ပါတယ်။ Nitramဟာ Martinလို စိတ်ပိုင်းဆိုင်ရာချို့ယွင်းသူကနေ ဩစတေးလျရဲ့ အဆိုးရွားဆုံးလူသတ်မှုကို လုပ်ခဲ့တဲ့သူအဖြစ်ကို ဘယ်လိုဦးတည်လာခဲ့လဲ ဆိုတာကို Martinရဲ့ စိတ်ပိုင်းဆိုင်ရာကို အဓိကထား ပုံဖော်ပြထားတဲ့ Psychological Drama ရုပ်ရှင်ပါပဲ။ Martinကို ပရိသတ်က အသင့်အတင့် နားလည်နိုင်အောင်ပါ ပြထားပြီး စိတ်ချို့ယွင်းနေသူတွေကို မည်သို့မည်ပုံ မလုပ်သင့်တာကိုလည်း မသိမသာ ပုံဖော်ထားပါတယ်။ ဩစတေးလျဒါရိုက်တာ Justin Kurzel က ရိုက်ကူးထားပြီး ဒီရုပ်ရှင်ကို Kurzelရဲ့ မက္ကဘတ်လို့လည်း ဆိုကြပါတယ်။ ဒါရိုက်တာရော သရုပ်ဆောင်တွေရော ကောင်းကောင်းလက်စွမ်းပြထားပြီး မင်းသားဆို ဝေဖန်ရေးသမားတွေ ချီးကျူးတာ တော်တော်ခံခဲ့ရပါတယ်။ Martin နေရာက ပြောင်မြောက်စွာ သရုပ်ဆောင်တဲ့ Caleb Landry Jonesဟာ ကိန်းမှာလည်း Best Actorဆုရခဲ့ပါတယ်။ Nitramဟာ Requiem for a Dreamတို့ Magnoliaတို့ A Clockwork Orangeလို Disturbing အတော်ဖြစ်စေတဲ့ ရုပ်ရှင်တစ်ကားဖြစ်ပြီး သြစတေးလျရုပ်ရှင်ဆုပေးပွဲမှာ Best Film, Best Direction, Best Actor, Best Actress, Best Supporting Actor နဲ့Best Supporting Actressဆုတွေကို ရခဲ့ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ WiRa Aung ဖြစ်ပါတယ်) File Size - (1.76 GB) / (991 MB) / (602 MB) Quality – WebRip 1080p / 720p/480p Duration - 1h 52mins Subtitle – Myanmar Hardsub Format – MP4 Genre : Drama, Thriller Translator – WiRa Aung Encoder – SWM

Action • Adventure • Thriller
6.9 2021 112 mins
Nitram
Am I Next
5

Am I Next (2023) IMDb 7.3/10 ဒီကားကတော့ မင်းသားမင်းသမီးဘယ်သူဆိုတာမကြည့်အားဘဲ အဆုံးထိ ရင်တထိတ်ထိတ်နဲ့ကြည့်ရှုရမဲ့ Crime/ Drama ဇာတ်ကားမျိုးပါ ။ ဟန်နီဆိုတဲ့ကလေးမလေးက ၁၄နှစ်သာရှိပါသေးတယ် အဖေရော အမေရောကပါ တုန်နေအောင်ချစ်ကြတဲ့သမီးငယ်လေး စာလည်းတော်တဲ့ကလေးက တစ်ရက်တော့ကျောင်းမှာမူးလဲလို့ ဆေးရုံတင်လိုက်ရပါတယ် ဆေးစစ်ချက်ထဲ ထင်မထားတဲ့ကိစ္စကြီး ပေါ်လာပါတော့တယ် ဒီ၁၄နှစ်အရွယ်ကလေးမလေးမှာ ကိုယ်ဝန်ရှိနေတာပါ အဖေရော အမေပါယူကြုံးမရဖြစ်ကြပြီး တရားမျှတမှုကိုမြေလှန်ရှာပါတော့တယ် ဒါပေမဲ့ကိုယ်ချင်းစာတရားမရှိတဲ့မီဒီယာရဲ့ဖိအားတွေ ပတ်ဝန်းကျင်ဖိအားတွေကြား သူတို့ဘယ်လိုနှစ်ပါးသွားမလဲ ကလေးမလေးကို Rape လုပ်ခဲ့တဲ့ မုဒိမ်းကောင်ဘက်ကလည်းခေသူမဟုတ်တော့ အိန္ဒိယထိပ်တန်းရှေ့နေနဲ့ ဟန်နီ့ဘက်က အမျိုးသမီးလူမှုဖူလုံရေးထိပ်တန်းရှေ့နေတို့ရဲ့အပြိုင်အဆိုင်တွေကို အားပါးတရကြည့်ရှုရမဲ့ဇာတ်လမ်းကောင်းပဲဖြစ်ပါတယ် File size…1GB / 500MB Quality…1080p WEB DL / 720p Format…mp4 Duration….1h 26mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni~ Cherry

Comedy • Romance
5 2023 86 mins
Am I Next
Antlers
6.3

Story telling ဆိုတာ ​​ရှေးလူကြီး​တွေရဲ့ ဓ​လေ့​တွေ ယဥ်​ကျေးမှု​တွေ ဖြတ်သန်းခဲ့ရတဲ့ အ​တွေ့အကြုံ​တွေကို ​ နောင်လာ​နောက်သား​တွေဆီ ​ပြောပြတဲ့ နည်းလမ်းတစ်ခုပါ။ Storytelling လို့​ပြောတဲ့​နေရာမှာ တကယ့်သမိုင်း​ တွေသာမက fairytale ​တွေ၊ ဒဏ္ဍာရီ​တွေလည်း ပါဝင်တယ်။အဲ့လိုနဲ့ အော်​ရေဂန်​ဒေသက ​ရှေးတိုင်းရင်း အ​မေရိကန်လူမျိုး​တွေရဲ့ ယုံတမ်းပုံပြင်​တွေ အစပျိုးခဲ့တယ်။ ဇာတ်လမ်းအကျဥ◌်းလေးပြောရရင် . . . ဂျူလီရဲ့ အတန်းထဲမှာ ထူးဆန်းတဲ့ လူးကတ်လို့​ခေါ်တဲ့ ခပ်ပိန်ပိန်​ကောင်​လေးတစ်​ယောက်ရှိတယ်။ ဘယ်သူနဲ့မှလည်း အ​ပေါင်းအသင်းမလုပ်သလို အနိုင်ကျင့်တာလည်း ခံ​နေရတယ်။ တစ်​နေ့​ ဂျူလီက ပုံပြင်​ပြောပြဖို့ ​ရေးခဲ့ပါဆိုပြီး အိမ်စာ​ပေးလိုက်တယ်။ တခြားက​လေး​တွေက သာမန် နတ်သမီးပုံပြင်​တွေ ​ပြော​ပေမယ့် အဲ့ကောင်လေးက​တော့ မတူထူးဆန်း​နေတယ်။ "ဝက်ဝံ၃​ကောင်ဟာ ​တောင်​ပေါ်က ​အေးစက်တဲ့ ဂူမှာ​နေတယ် ဝက်ဝံကြီးရယ် ဝက်ဝံ​လေးရယ် ဝက်ဝံ​ပေါက်​လေးရယ်​ပေါ့ ဝက်ဝံကြီးက အားလုံးကို ​စောင့်​ရှောက်ရတာ​ပေါ့ တစ်​နေ့ဝက်ဝံ​လေးပြန်လာ​တော့ ဝက်ဝံကြီးနဲ့ ဝက်ဝံ​ပေါက်​လေးက ထူးဆန်း​နေတယ် ဝက်ဝံကြီးက ​နေမ​ကောင်းဖြစ်​နေပြီး စားစရာ အသားလည်းမရှိ​တော့ဘူး" လူးကတ်​ပြောပြတဲ့ ပုံပြင်ကို ဂျူလီကြားပြီး​နောက် အိမ်တွင်းအကြမ်းဖက်ခံ​နေရတယ် အထင်နဲ့ စိုးရိမ်ပြီး ကိစ္စ​တွေကို စုံစမ်း​ဖော်ထုတ်ရင်း လူသား​တွေရဲ့ ပုံမှန် ပြသာနာ မဟုတ်ဘူးဆိုတာ သိလိုက်ရတဲ့အခါ ဘာ​တွေဆက်ဖြစ်လာမလဲဆို တာကို ရင်ခုန် စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာပါ (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Oleander ဖြစ်ပါတယ်။ File Size - (950 MB)/(520 MB) Quality – WebDL - (720p) / (480p) Duration - 1hr 39min Subtitle – Myanmar Hardsub Format – MP4 Genre :  Drama, Horror, Mystery Translator – Oleander Encoder – SWM

Drama • Mystery • Sci-Fi & Fantasy
6.3 2021 99 mins
Antlers
[18+] Siew Lup

အခုတ်အဖြတ် သွေးထွက်သံယို လန့်ဖြန့်သွေးတက် ချစ်ခင်မြတ်နိုး ရိုမန့်ဒရမ်မာ စင်ကာပူဇာတ်ကားလေးတစ်ကားကိုတင်ဆက်လိုက်ပါတယ်။ မီယာဟာ တစ်ချိန်ကပြည့်တန်ဆာဘဝနဲ့အသက်မွေးခဲ့ပြီး အခုချိန်မှာတော့ ကွမ် ဆိုတဲ့အသားကင်ဆိုင်ရှင်တစ်ယောက်ရဲ့ဇနီးအဖြစ် ဘဝကိုဖြတ်သန်းနေပါတယ်။ ကွမ်ဟာ တစ်ချိန်က သူ့ကိုဘဝဆိုးထဲက ဆွဲထုတ်ကယ်တင်ခဲ့သူဖြစ်တဲ့အတွက် ကွမ်ကိုမလှန်ရဲသလို တောင့်တောင့်ဖြောင့်ဖြောင့်သူ့ဇနီးကို စိတ်မချနိုင်ပဲ လူတကာနဲ့သမုတ်ရိုက်နှက်တတ်တဲ့ ကွမ် ကြောင့်လည်း မီယာစိတ်ဆင်းရဲနေရပါတယ်။ တကယ်တမ်း အနီးကပ်ရန်သူ၊သူ့ဇနီးကို အသေရရအရှင်ရရ လိုချင်နေတဲ့သူကတော့ သူ့အရင်းနှီးဆုံးမိတ်ဆွေ ဂေါင် ဆိုတာတော့ ကွမ်မသိခဲ့ပါဘူး။a ဒီလိုနဲ့ မီယာဘဝကို ကယ်တင်ရှင်အဖြစ် သုဘရာဇာချောချောလေးဖြစ်တဲ့ ဝူ ဆိုတဲ့လူငယ်လေး သူ့ဘဝထဲကိုဝင်ရောက်လာချိန်မှာတော့ မီယာဟာ လင်ငယ်အားကိုးနဲ့ တစ်ချိန်ကကျေးဇူးရှင် လင်ကြီးကိုသတ်ဖို့အကြံဆိုးကြီးကိုကြံပါတော့တယ်။ ဝူတစ်ယောက် တကယ်ပဲသူ့ရဲ့ကြံရာပါအဖြစ်ခံမလား၊ သူ့ကိုအမြဲတမ်းကြံစည်နေတဲ့ အနီးကပ်ရန်သူ ဂေါင်ကရော ဘယ်နေရာကနေ ပါဝင်လာမလဲ။ ပိုပြီးအရေးကြီးတဲ့အချက်ကတော့ ဘယ်သူဟင်းအိုးထဲရောက်မလဲဆိုတာပါပဲ။သူတို့အတွက် အလောင်းဖျောက်ဖို့အလွယ်ဆုံးနည်းက အလောင်းကို ခုတ်ထစ်ကင်ပြီးတော့ ရောင်းမယ့်အသားတွေထဲထည့်လိုက်တဲ့နည်းဖြစ်နေလို့ပါ။ အဖော်အချွတ်ဇာတ်ဝင်ခန်းတွေနဲ့ကြမ်းတမ်းတဲ့ ခုတ်ထစ်သတ်ဖြတ်ခန်းတွေအများကြီးပါဝင်တဲ့အတွက် ၁၈ နှစ်အထက်ဇာတ်ကားဖြစ်ပါတယ်။ ငယ်ငယ်တုန်းက လူသားပေါက်စီကားတို့ခေါက်ဆွဲကားတို့ကို တဖန်ပြန်သတိရစေမယ့် လူသားအခေါက်ကင်ကားလေးကို ရှုစားလိုက်ကြပါဦး။ (Dark Side Production မှ တင်ဆက်သည်။) Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegram https://t.me/Darksideproductionmm မှာ Join ထားပေးကြပါ။ File Size : (1.4 GB) & (450 MB) Quality : BluRay 1080p & 720p Running Time : 01:22:25 Format : mp4 Subtitle : Myanmar Subtitle (Hard Sub) Translated by ALS Encoded by RGB

Family • Drama
0 2016 82 mins
[18+] Siew Lup
Fireworks
7.2

Fireworks (2023) အကယ်၍ တစ်စုံတစ်ယောက်ဟာ သတ်သေဖို့လုပ်ရာကနေ ဒုတိယအကြိမ် အခွင့်အရေးရခဲ့မယ်ဆိုရင် သူတို့စိတ်ပြောင်းနိုင်သလား။ ဒီ Fireworksဆိုတဲ့ဇာတ်ကားလေးကလည် းဒီမေးခွန်းကိုမေးထားတာပါ။ ဂျပန်ရုပ်ရှင် 3ft Ball And Soul (2017) ကို မှီငြမ်းရိုက်ကူးထားတဲ့အင်ဒိုဇာတ်ကားလေးပါ။ သာမန်ဆိုရင်တော့ ပထမပိုင်းလောက်မှာ ဇာတ်အေးပေမယ့် စနောက်ကိုစောင့်ကြည့်ရကျိုးနပ်ပါတယ်။ ညစ်ညမ်းတာတွေ ၊အကြမ်းဖက်တာတွေ မပါလို့ မိသားစုနှင့်ကြည့်ဖို့ သင့်လျော်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ တစ်ခါမှမတွေ့ဖူးတဲ့ လူလေးယောက် ဆိုကှယ်မီဒီယာမှာတွေ့ပြီး ဘဝနဲ့ကိုယ်ရေးကိုယ်တာပြဿနာတွေကို မျှော်လင့်ချက်မဲ့ပြီး မဖြေရှင်းနိုင်လို့ သတ်သေကြပါတယ်။ ဒါပေမဲ့ အစီအစဉ်က ထင်ထားသလို မဖြစ်တဲ့အခါမှာတော့ ဘာဖြစ်မလဲဆိုတာ ဘာလုပ်ကြမလဲဆိုတာ… ပရိသတ်ကြီးစောင့်မျှော်ကြည့်ရှုခံစားလိုက်ပါဦးခင်ဗျာ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Pyae Phyo Min ပဲ ဖြစ်ပါတယ်။ Genre….. Drama, Sci-fi, Thriller Quality…. 1080p | 720p File size… 984MB | 497MB Format… mp4 Duration…. 1h 44min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Pyae Phyo Min Encoder ….. Aaron

7.2 2023
Fireworks
Camino
7.4

မက်ဒရစ်မြို့မှာ နေထိုင်တဲ့ ၁၁ နှစ်အရွယ် ကာမီနိုဆိုတဲ့ကောင်မလေးဟာ ချစ်ရတဲ့ သူငယ်ချင်းတွေနဲ့အတူ ဘဝကို ပျော်ရွင်စွာဖြတ်သန်းနေတဲ့ သာမန်ကျောင်းသူလေးတစ်ဦးဖြစ်ပါတယ်။ သူမတို့မိသားစုဟာ ဘာသာရေးကိုင်းရှိုင်းပြီးတော့ အမေဖြစ်သူဟာ ကာမီနိုအပေါ်မှာ ချုပ်ချယ်တတ်လို့ ကာမီနိုဟာ အမေထားပေးတဲ့ အချက်အပြုတ်သင်တန်းကို တက်နေရပေမယ့် ပြဇာတ်ကိုသာ စိတ်ဝင်စားနေရှာတာပါ။ ပြီးတော့ ကာမီနိုလေးဟာ ကျောရိုးအဆစ်လွဲနေတဲ့အတွက် ပုံမှန် ဆေးစစ်ရပါတယ်။ ဒီလိုနဲ့ တစ်နေ့ ကာမီနိုလေးတစ်ယောက် ကျောရိုးက မခံမရပ်နိုင်အောင် နာကျင်လာတဲ့အတွက် ဆေးရုံမှာ ဆေးစစ်တဲ့အခါ ကျောရိုးအဆစ်လွဲနေတာမဟုတ်ဘဲ ကျောရိုးအဆစ်ပေါ်မှာ ကင်ဆာအကြိတ် တည်နေတယ်ဆိုတာကို သိလိုက်ရတဲ့အခါ ပုံမှန်ဆယ်ကျော်သက်ကျောင်းသူလေး ကာမီနိုရဲ့ ဘဝဟာ တစ်ဆစ်ချိုး ပြောင်းလဲသွားခဲ့ရပါတော့တယ်။ ဒီဇာတ်ကားလေးမှာ ကာမီနိုက အရွယ်နဲ့မလိုက်အောင် ဘာသာရေးကိုင်းရှိုင်းပြီး ရင့်ကျက်ပုံတွေ၊ သာမာန်ကျောင်းသူတွေလို မနေရဘဲ ကင်ဆာကုသဖို့ စွန့်လွတ်လိုက်ရတာတွေ၊ ဘုရားသခင်အပေါ် သက်ဝင်ယုံကြည်မှုကို မေးခွန်းထုတ်လာမိတာတွေကို ဝမ်းနည်းဖွယ်ရာရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်အခြေခံဇာတ်ကားလေးဖြစ်ပါတယ်။ File size…(2.6 GB)/(1.3 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:18:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Matteo

7.4 2008
Camino
Inside I’m Dancing / Rory Oshea Was Here

မင်္ဂလာပါ ရုပ်ရှင်ချစ်သူတို့ရေ! ဒီနေ့မှာ “Rory O’Shea Was Here” ဆိုတဲ့ ၂၀၀၄ ခုနှစ်ထွက် ရုပ်ရှင်ကို မိတ်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်ဟာ လူ့ဘဝရဲ့ အားမာန်နဲ့ ပြည့်စုံမှုကို ရင်ထိုးရင်နာဖြစ်စေမယ့် ဒရာမာဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ ဇာတ်လမ်းမှာ Michael (Steven Robertson) ဟာမွေးစဥ်ကတည်းကမသန်စွမ်းသူ ဖြစ်ပြီး အပြင်းအထန်ကြံ့ကြံ့ခံစိတ်ဓာတ်နဲ့ ဘဝကို ကြုံကြုံဆန်ဆန် ရင်ဆိုင်နေသူတစ်ဦးပါ။ သူဟာ တစ်ချိန်မှာ Rory O’Shea (James McAvoy) နဲ့ တွေ့ဆုံခဲ့ပြီး အကျွမ်းတဝင်ဖြစ်လာပါတော့တယ်။ Rory ကသွားလာရခတ်တဲ့ဒုက္ခတတစ်ယောက် ဖြစ်သော်လည်း သူ့ရဲ့ စိတ်အားမာန်နဲ့ ဘဝကို ပြန်လည်စတင်ဖို့ကြိုးစားနေသူဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ဘဝကို အခွင့်အရေးရဖို့ ကြိုးစားနေကြတဲ့ လူငယ်နှစ်ဦးပါ။ Rory ရဲ့ ကူညီမှုနဲ့ Michael က ပိုမိုလွတ်လပ်တဲ့ ဘဝကို ရယူဖို့ကြိုးစားပါတော့တယ်။ သူတို့အခက်အခဲတွေကို ရင်ဆိုင်ရင်း ဘဝရဲ့ အနုပညာနဲ့ ချစ်ခြင်းမေတ္တာကို ရှာဖွေတွေ့ရှိရမှာပါ။ “Rory O’Shea Was Here” ရုပ်ရှင်ဟာ လူ့ဘဝရဲ့ အခက်အခဲတွေကို ရင်ဆိုင်ဖို့ အားမာန်ပေးတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်လို့ လက်မလွတ်တမ်းကြည့်ရှုဖို့ တိုက်တွန်းပါတယ်။ ကြည့်ရှုခံစားပေးကြပါဦး။ File size…(1.4 GB)/(809 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre… Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Ye Htut

Thriller • Mystery
0 2004
Inside I’m Dancing / Rory Oshea Was Here
War Horse
7.3

War Horse (2011) **************** အခုတင်ပေးမှာကတော့ လူနဲ့တိရစ္ဆာန်အကြား ချစ်ခြင်းမေတ္တာ၊ မိသားစုချစ်ခြင်းမေတ္တာ၊ စစ်၏သဘောတရား စတဲ့ ခံစားမှုရသမျိုးစုံပါဝင်တဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်…ဇာတ်ကားနာမည်ကတော့ အပေါ်ကအတိုင်း War Horse ပါ။ စစ်မြင်းတစ်ကောင်အကြောင်းပေါ့… Jurassic Park, Jaws စတဲ့ တိရစ္ဆာန်ဦးစားပေးဇာတ်ကားတွေ၊ Saving Private Ryan၊ Schindler’s List၊ စတဲ့ စစ်ပွဲဦးစားပေးဇာတ်ကားတွေကို ရိုက်ကူးခဲ့တဲ့ နာမည်ကြီး ဒါရိုက်တာ Steven Spielberg က ရိုက်ကူးထားတာဖြစ်ပါတယ်… စာရေးဆရာကြီး Michael Morpurgo ရဲ့ နာမည်ကျော် War Horse စာအုပ်ကို မှီငြမ်းရိုက်ကူးထားတာဖြစ်ပြီး ပထမကမ္ဘာစစ်အတွင်း နိုင်ငံအသီးသီးက အသုံးပြုခဲ့တဲ့ မြင်းပေါင်း ရှစ်သန်းကျော်ရဲ့ သနားစရာဘဝကို တစ်ကောင်တည်းနဲ့ ကိုယ်စားပြု ရိုက်ကူးထားတာဖြစ်ပါတယ်… ပြီးတော့ Loki မင်းသား Tom Hiddleston နဲ့ Sherlock Holmes မင်းသား Benedict Cumberbatch တို့ကလည်း အားဖြည့်ကူညီထားပါတယ်…. ဇာတ်လမ်းအညွှန်း ————- ပထမကမ္ဘာစစ်မစမီ အင်္ဂလန်ပြည်မှာ လယ်ထွန်ဖို့အတွက် မြင်းတွေကို အသုံးပြုခဲ့တာပါ… ဈေးတွေမှာ မြင်းတွေကို လေလံဆွဲရောင်းချရာကနေ ဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်ဖြစ်တဲ့ Joey ဆိုတဲ့မြင်းလေးကို Ted Narracott ဆိုတဲ့လူက ဝယ်ယူခဲ့ရာက စတာပါ…လယ်ထွန်တတ်တဲ့ မြင်းဝယ်ရမယ့်အစား စစ်မြင်းလေးကို ဈေးကြီးပေး ဝယ်ချလာတဲ့ Ted တို့ မိသားစုမှာ ပြဿနာမျိုးစုံတက်တော့တာပါပဲ… Ted ရဲ့သားဖြစ်သူ Albertက မြင်းလေးကိုကောင်းကောင်းမွန်မွန်သင်ကြားပေးပြီး ပြဿနာအချို့ကို ကျော်လွှားနိုင်ခဲ့ပေမဲ့ အခြေအနေအမျိုးမျိုးကြောင့် ဒီမြင်းလေးကို စစ်တပ်ကို ရောင်းချခဲ့ရပါတယ်…ဒီလိုနဲ့ ပထမကမ္ဘာစစ်မှာ မြင်းလေးကို အသုံးပြုဖို့ဖြစ်လာခဲ့ပြီး သူ့ကိုအရမ်းချစ်တဲ့ Albert ကတော့ မြင်းလေးနဲ့ ဝေးဖို့ဖြစ်လာခဲ့ရာကနေ သူ့ရဲ့မြင်းလေးနဲ့ ပြန်တွေ့ဖို့ ကြိုးစားခဲ့ပုံတွေကို ရိုက်ကူးထားတာပါ… စစ်ပွဲအတွင်း မြင်းတွေကို အမျိုးမျိုးအသုံးချပုံတွေ၊ စစ်သားတွေရဲ့ ခက်ထန်မှုတွေ၊ တစ်ချိန်တည်းမှာပဲ စစ်သားတွေရဲ့ ချစ်စဖွယ်အပြုအမူတွေ၊ စစ်ပွဲတွင်းအဖြစ်အပျက်တွေကိုတခမ်းတနား ကြည့်ရမယ့် ဇာတ်ကားကောင်းလေးဖြစ်တာမို့ Channel Myanmar ပရိသတ်ကြီးလည်း အကြိုက်တွေ့မယ်လို့ မျှော်လင့်ပါတယ်… စစ်ကားလည်းဖြစ်တဲ့အပြင် ဒါရိုက်တာ Steven Spielberg ရဲ့ လက်ရာဆိုတော့ ထွေထွေထူးထူးညွှန်းစရာမလိုလောက်ဘူးထင်ပါတယ်… ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Paing ပဲဖြစ်ပါတယ်…. File Size : 3.05GB / 1.55GB Quality : WEB-DL 1080p 5.1 CH, 720p Duration : 02:26:00 Genres : Drama, History, War Subtitle : Myanmar Subtitle (Hard Sub) Translated by Paing Encoded by Heather Oo

Crime • Drama • Thriller
7.3 2011 146 mins
War Horse
Biaz: Kara İyenin Laneti
5.5

ဒီတစ်ခါမှာတော့ cm ရဲ့ Horror ပရိသတ်တွေ အကြိုက်တွေ့နိုင်မယ့် တူရကီ စကားပြော Horror ဇာတ်ကား တစ်ကားနဲ့ မိတ်ဆက်ပေးပါ့မယ်။ ဇာတ်လမ်းအကျဉ်းကတော့ တက္ကသိုလ်ကျောင်းသား လေးယောက်ဟာ စာမေးပွဲအပြီး အောင်ပွဲခံတဲ့အနေနဲ့ တစ်ယောက်ရဲ့အိမ်မှာ မုန့်တွေစား ရုပ်ရှင်အတူကြည့်ဖို့ လူစုခဲ့ကြပါတယ်။ ယူလာခဲ့တဲ့ ရုပ်ရှင်က ထင်သလောက် မကောင်းတော့ အပျင်းပြေ ဂိမ်းတစ်ခု ကစားကြဖို့ ကောင်မလေးတစ်ယောက်က စပြောခဲ့ပါတယ်။ သူဒီအိမ်ကိုပြောင်းလာတုန်းက အရင်အိမ်ရှင်တွေ ကျန်ခဲ့တဲ့ ရှေးဟောင်း စာအုပ်တစ်ခုထဲက ဝိဉာဉ်ခေါ်တဲ့ ကစားနည်း ကစားကြဖို့ပါ။ သူတို့တွေ ဆင့်ခေါ်လိုက်တဲ့ ဝိဉာဉ်ဟာ သာမန်ဝိဉာဉ်မဟုတ်ဘဲ အင်မတန်မှ ရက်စက်ကြမ်းကြုတ်တဲ့ မှော်ဆရာဝိဉာဉ် ဖြစ်နေတဲ့အခါမှာတော့…။ အသက်အန္တရာယ် ကနေ ကျော်လွှားနိုင်ဖို့ နည်းလမ်းတွေ ဘယ်လိုရှာဖွေကြမလဲ… နောက်ဆုံးမှာရော သူတို့တွေ လွတ်မြောက်နိုင်ပါ့မလား ဆိုတာ အားပေးကြည့်ရှု ကြပါဦးလို့ …။ File size… (1.07 GB) / ( 573 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….1h 29m Genre …..Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

Romance • Drama
5.5 2024
Biaz: Kara İyenin Laneti