YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Tempting Heart S01E30 1080p CM.mp4

479.07 MB N/A video/mp4 18 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
[18+] The Postman Always Rings Twice
6.5

~ IMDb - 6.6/10, RT - 79%, Meta - 61% ~ Chinatown, One Flew Over the Cuckoo's Nest, The Shining တို့လို ဂန္ထဝင်မာစတာပိစ်ကားတွေရဲ့ မင်းသား Jack Nicholson ရဲ့ ခေတ်ဟောင်းကားလေးပါ။ မမြင်အပ် မမြင်ရာ ဇာတ်ဝင်ခန်း တစ်ချို့ပါဝင်တာမို့ မိသားစုနဲ့တော့ မကြည့်သင့်ပါဘူး။ James M. Cain ရဲ့ နာမည်တူ နာမည်ကြီးဝတ္တုကို အခြေတည်ရိုက်ကူးထားပြီး ဒီဝတ္တုကို ၁၉၄၆မှာလည်း တစ်ခါရိုက်ကူးခဲ့သေးပါတယ်။ ၁၉၄၆ ဗားရှင်းကတော့ ဝေဖန်ရေးသမားတွေ အကြိုက်ပိုဖြစ်ခဲ့ပါတယ်။ ဇာတ်လမ်းဟာ လောဘနဲ့ ရမ္မက်နောက်ကိုလိုက်တဲ့ လူတွေအကြောင်း ဖော်ပြထားတာဖြစ်ပြီး လောကရဲ့ ကွေ့ကောက်တဲ့ မာယာတွေကြား တုန်ခါယိမ်းသွေ့သူတို့ရဲ့ ကွေ့ကောက်တဲ့လမ်းကြောင်းတွေကို ပုံဖော်ရိုက်ကူးထားတာ ဆိုလည်း မမှားပါဘူး။ ဒီမှာလည်း ဒီဇာတ်လမ်းကို ခဏခဏကော်ပီကူးခဲ့ကြသလို နောက်ပိုင်း ဒီကားကိုပြန်ကူးတဲ့ အင်္ဂလိပ်ရုပ်ရှင်တွေလည်း ထွက်ပေါ်လာတဲ့အထိ ဇာတ်လမ်းရှင်းရှင်းလေးနဲ့ကို လူ့သဘောမနော ပေါ်လွင်တဲ့ဇာတ်လမ်းပါပဲ။ ဇာတ်လမ်းကတော့ မက္ကင်းနစ်တစ်ယောက်ဟာ စားသောက်ဆိုင်လေးတစ်ခုမှာ စားရိတ်ငြိမ်း နေရင်း၊ အဲဒီနားကကားတွေပြင်ပေးရင်း စားသောက်ဆိုင်ပိုင်ရှင်ရဲ့ မယားရဲ့ ငြိကြတဲ့အကြောင်းပါပဲ။ သူတို့ ၂ယောက်ပေါင်းပြီး စားသောက်ဆိုင်ပိုင်ရှင်ကို သတ်ပြီး ဆိုင်ကိုမောင်ပိုင်စီး ချစ်ကမ္ဘာတည်ဖို့ တွေးကြပါရော။ ဒီလိုနဲ့ စားသောက်ဆိုင်ပိုင်ရှင်ကို သတ်ပြီးတဲ့နောက် ပြဿနာကစပါပြီ။ ဒီတိုင်းဆို မတော်တဆမှုလိုလိုနဲ့ ဘာလိုလိုညာလိုလို မေ့ပျောက်ပြီး ပြီးကောင်းပြီးသွားနိုင်တဲ့အမှုပေမဲ့ သူ့လင် ဘိုးတော်က အသက်အာမခံထားခဲ့တော့ အာမခံသမားကလည်း‌ ငွေမပေးရရေး တို့အရေးဆိုပြီး လူသတ်မှုဖြစ်ကြောင်း သတ်သေပြဖို့လုပ် ဘာညာဆိုတော့ ဇာတ်တွေရှုပ်လာပါတော့တယ်။ ဒီလို လူကောင်းမဟုတ်ရုံတင်မကဘဲ ဇာတ်လိုက်တောင်မဆန်တဲ့ အဓိကဇာတ်ကောင်ပုံစံမျိုးကို သရုပ်ဆောင်တိုင်း သရုပ်မဆောင်ရဲသလို သရုပ်ဆောင်တိုင်းလည်း သရုပ်မဆောင်နိုင်ပါဘူး။ ဂျက်ခ်ဟာ ဒီလိုဇာတ်ကောင်ကို ရဲရဲဝံ့ဝံ့သရုပ်ဆောင်ခဲ့တဲ့အပြင် တော်တော်လေး ပီပီပြင်ပြင်ဖြစ်အောင်ပါ သွေးအေးအေးနဲ့ အသက်သွင်းနိုင်ခဲ့ပါတယ်။ တစ်ခေတ်ရဲ့တစ်ယောက် ဆရာကြီး ဂျက်ရဲ့ Acting တွေကို ကြည့်ရရုံတင်မကဘဲ ရုပ်ရှင်ဝါသနာအိုး‌တွေ တရင်းတနီးရှိလောက်မယ့် Jessica Lange ရဲ့ အလှအပတရားတွေကိုပါ ရှုစားရမှာနဲ့တင် ဒီကားဟာ ကြည့်ရ အတော်ကိုတန်နေပါပြီ။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.1GB, 1GB, 448MB Quality - 1080p, 720p, 480p IMDb Rating - 6.6/10 Format - mp4 Duration - 2H 2Min Genre - Crime, Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by W Encoded by Y

Comedy • Romance • TV Movie
6.5 1981 122 mins
[18+] The Postman Always Rings Twice
The Borrowers
6

ဒီတစ်ခေါက်မှာတော့ မိသားစုနဲ့အတူတူပေါ့ပေါ့ပါးပါး ရယ်ရယ်မောမောကြည့်ရှုလို့ရမယ့် 1997 ကခုနှစ်ထွက်ရှိထားတဲ့ Comedy/Fantasy ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ပီးတ်တို့မိသားစုက သူတို့လက်ရှိနေနေတဲ့အိမ်ကြီးကိုအမွေရခဲ့ပေမယ့်လည်း သေတမ်းစာမရှိလို့ အိမ်ကိုဖြိုချချင်တဲ့ ရှေ့နေလက်ထဲထိုးအပ်လိုက်ရတော့မယ့်အခြေအနေနဲ့ ရင်ဆိုင်နေရတာပါ။ တစ်ချိန်တည်းမှာပဲ သူတို့အိမ်မှာ ပစ္စည်းသေးသေးလေးတွေ မကြာခဏပျောက်ပျောက်သွားတတ်လို့ (၁၀)နှစ်သားအရွယ်ကောင်လေး ပီးတ်တစ်ယောက် လက်သည်ဘယ်သူလဲဆိုတာသိရဖို့ အပြင်းအထန်ကြိုးစားနေခဲ့ပါတယ်။ သူဘယ်လောက်ပဲကြိုးစား ကြိုးစား ဘယ်လိုမှဖမ်းမမိနိုင်ပေမယ့် တစ်နေ့မှာတော့ မထင်မှတ်ဘဲ လက်သည်ဘယ်သူလဲဆိုတာသိလိုက်ရတဲ့အခါ ပီးတ်တစ်ယောက် အံ့ဩတကြီးနဲ့ ပါးစပ်အဟောင်းသားဖြစ်သွားရပါတော့တယ်။ လက်သည်က လုံးဝမထင်ထားတဲ့ ဘော်ရိုရာလို့ခေါ်တဲ့ လူသားသေးသေးလေးတွေဖြစ်နေလို့ပါပဲ။ မကြာခင် အိမ်ကြီးပေါ်ကနေဆင်းပေးရတော့မယ့် ပီးတ်နဲ့ အိမ်ကြီးထဲမှာနေနေကြတဲ့ ဘော်ရိုရာလေးတွေ ပေါင်းပြီး အိမ်ကိုမဆုံးရှုံးရဖို့ ဘယ်လိုတွေကြိုးစားကြမလဲ.. သေတမ်းစာမရှိဘူးလို့ပြောတဲ့ ရှေ့နေဆီမှာ သေတမ်းစာရှိနေတာသိလိုက်ရတဲ့အခါ ကောက်ကျစ်တဲ့ရှေ့နေလက်ထဲကနေ အဲဒီသေတမ်းစာကိုရဖို့ကြိုးစားရင်း ဘယ်လိုအသက်အန္တရာယ်တွေနဲ့ရင်ဆိုင်ရမလဲ.. ဉာဏ်ကောင်းပေမယ့် သေးငယ်တဲ့ဘော်ရိုရာလေးတွေက လူကောင်ကြီးပြီးကောက်ကျစ်တဲ့ရှေ့နေကြီးကို အနိုင်တိုက်နိင်ပါ့မလား.. အိမ်ကိုဖြိုချမယ့်အရေးကိုရော ဝိုင်းပြီး ကာကွယ်နိုင်ပါ့မလားဆိုတာကို မိသားစုနဲ့အတူ ချစ်စရာလူသေးသေးလေးတွေကို ကြည့်ရင်း ရင်တခုန်ခုန်နဲ့ ပေါ့ပေါ့ပါးပါး ရယ်မောခံစားလိုက်ကြပါဦးနော်။ File size…(3.36GB)  / (`1.16GB) / (579MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:29:00 Genre...  Adventure / Comedy / Family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Emily

Comedy • Fantasy
6 1997 86 mins
The Borrowers
Hotel Mumbai
7.6

Drama/Thriller IMDb - 7.8/10 Hotel Mumbai ဆိုတာ အိန္ဒိယနိုင်ငံရဲ့ နာမည်ကြီး ကြယ်ငါးပွင့် ဟော်တယ်ဖြစ်ပြီး ဒီဇာတ်ကားမှာလည်း 2008 ခုနှစ်က အဲ့ဒီဟိုတယ်ကြီးမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်မှန်အကြောင်းအရာများကို မှီငြမ်းရိုက်ကူးထားပါတယ်... ဘာသာရေးအထိကရုဏ်းတွေနဲ့ မဝေးကွာတဲ့ မြန်မာနိုင်ငံအတွက် ဘာသာရေး ပဋိပက္ခဆိုတာ မစိမ်းလှပါဘူး...ဒီဇာတ်ကားဟာလည်း အလ္လာရှင်မြတ်ကို အကြောင်းပြုပြီး ဘာသာရေးမှိုင်းတိုက်ကာ အကြမ်းဖက်တဲ့ဇာတ်ကားတစ်ကားပါ... ကြိုးကိုင်ခြယ်လှယ်သူတစ်ယောက်ရဲ့ ရုပ်သေးရုပ်တွေဖြစ်တဲ့ လူငယ်ဆယ်ယောက်ဟာ မွန်ဘိုင်းမြို့ကို လှေနဲ့ချဉ်းကပ်လာခဲ့ပြီး သူတို့ရဲ့ခေါင်းဆောင်ညွှန်ကြားတဲ့အတိုင်း တသဝေမတိမ်း လုပ်ဆောင်ကြရပါတယ်...သေဆိုသေ...ရှင်ဆိုရှင်...သေနတ်ဆိုသေနတ်...ဗုံးဆိုဗုံးပါ... ဘာသာရေးမှိုင်းမိနေတဲ့ လူငယ်လေး ဆယ်ယောက်ဟာ အထက်ကညွှန်ကြားတဲ့အတိုင်း အသက်စွန့်လုပ်ဆောင်တဲ့အခါမှာတော့ "အလ္လာရှင်မြတ်ဟာ ကြီးမြတ်တယ်" ဆိုတဲ့ ကြွေးကြော်သံတွေနဲ့အတူ သူတို့ကိုသူတို့ ဘုရားထံ အပ်နှံထားကြပါတယ်... မွန်ဘိုင်းမြို့က ပြည်သူတွေဟာ ဘုရားမသိ တရားမရှိ ဒိဌိတွေလို့ မှိုင်းတိုက်ခံထားရတဲ့ လူငယ်လေးတွေအတွက် လုပ်ဆောင်သမျှအရာတိုင်းကို ဘုရားရှင်ကောင်းကျိုးအတွက်လို့ ခံယူလာတဲ့အခါမှာတော့ အရာရာဟာ သွေးပျက်ဖွယ်တွေ ဖြစ်လာပါတော့တယ်.... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Paing ပဲဖြစ်ပါတယ်... File Size : (950 MB) and (374 MB) Quality : WEB-DL 720p, Format…mp4 Duration…02:03:00 Genre :  Drama, History, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by  Paing Encoded by Phyo Pyae

Drama • Sci-Fi & Fantasy
7.6 2019 123 mins
Hotel Mumbai
Dumbo
6.6

90's born အစောပိုင်း ကလေးတွေ ကာတွန်းကားအဖြစ် ခဏခဏ ပြန်ကြည့်ပြီး အသည်းစွဲကြိုက်ခဲ့ရသလို၊ အရမ်းချစ်စရာကောင်းတဲ့ 1941 ခုနှစ်ကထွက်ထားတဲ ့ Disney's Dumbo ကိုအခြေခံပြီး ယခုလက်ရှိမှာတော့ ဒါရိုက်တာ Tim Burton ကနေပြန်လည်အသက်သွင်းထားပါတယ်။ 1941 ခုနှစ်တုန်းက Dumbo ကားဟာ ကာတွန်းအနေနဲ ့အောင်မြင်မှုတွေရယူခဲ့ပြီး ယခု Dumbo (2019) ဇာတ်ကားကိုတော့ 3D Animation ရယ် Human Characters တွေရယ် ပေါင်းစပ်ထားပြီး Live Action အနေနဲ့ Walt Disney Studios Motion Pictures ကနေ ဇာတ်လမ်းအတွက် US 170 milion လောက်ကို သုံးထားပြီး ရိုက်ကူးဖြန့်ချီထားတယ်လို ့လည်းသိရပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ Colin Farrell, Michael Keaton, Danny DeVito နဲ့ Eva Green တို့က အဓိကပါဝင်ထားပြီး ဇာတ်လမ်းကြာချိန်ကတော့ 112 minutes လောက် ကြာမြင့်မှာဖြစ်တဲ့ စိတ်ကူးယဉ်ဆန်ဆန် ဇာတ်ကားလေးပဲဖြစ်ပါတယ်။ Dumbo လေးကို အမှတ်မထင််ရထားပေါ်မှာတွေ့မိပြီး မွေးကတည်းက နားရွက်ကလေးက ကြီးနေလို့ အထူးအဆန်း ဆင်ပေါက်ကလေးအနေနဲ့ မိခင်နဲ့ခွဲခံရကာ ဆပ်ကပ်အဖွဲ့ထဲရောက်ခဲ့ရပါတယ်။ အဲ့အချိန်မှာ Dumbo လေးက သူ့ဟာသူရော ဘယ်သူကမှပါ ပျံသန်းတတ်တာမသိကြသေးပါဘူး... Dumbo လေးက ချစ်စရာလေးမို ့ကလေးလေးတွေနဲ ့ဆော့ရင်း မတော်တဆပျံသန်းမိခဲ့သလို ့ဖြစ်ခဲ့ရာကနေ Dumbo ရှိတဲ့ ့ဆပ်ကပ်လေးက လူသိများလာတဲ့အခါ...ဆပ်ကပ်အဖွဲ့ရဲ့နောက်ကွယ်ဇာတ်လမ်းတွေအပေါ်မှာ Dumbo လေး ဘာတွေဆက်ဖြစ်သွားမယ်ဆိုတာကိုတော့။ (ရုပ်ရှင်အညွှန်းကို Yangon Directory မှကူးယူဖော်ပြပါသည်။) File size…(1.8 GB) and (900 MB) and (500 MB) Quality….Blu-Ray 1080p 5.1CH and 720p and 480p Format…mp4 Duration….01:52:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Little Neo

Action & Adventure • Drama • War & Politics
6.6 2019 112 mins
Dumbo
The Hunger Games: Mockingjay - Part 2
6.9

တော်လှန်ရေးကိုနယ်မြေတိုင်းပါဝင်ဆောင်ရွက်ဖို့လိုအပ်တာကြောင့် နယ်မြေ၂ကို ကတ်နစ်တို့အနေနဲ့ စည်းရုံးသိမ်းသွင်းဖို့လိုအပ်လာပါတယ်။ ကတ်နစ်ရဲ့ဘေးနားမှာအမြဲရှိနေပေးခဲ့တဲ့ဂေးလ်မှ ာအရင်နဲ့မတူညီတဲ့စိတ်တွေကိုလဲကတ်နစ်တစ်ယောက်မြင်လာပါတော့တယ်။ ကတ်ပီတယ်ရဲ့မြှပ်ကွယ်တဲ့ထားတဲ့ဗုံးတွေ လက်နက်တွေကို ရှာဖွေတဲ့ရှေ့တန်းကိုကတ်နစ်ရောက်လာပြီးတော့ တခြားသောတပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီးတော့ စနိုးကိုဖြုတ်ချဖို့အတွက်ကြိုးစားကြပါတော့တယ်။ ဒါပေမယ့် အချိန်တွေကြာလာလေလေ ကတ်ပီတယ်ရဲ့လက်နက်တွေကြားမှာပါဝင်တဲ့တပ်ဖွဲ့ဝင်တွေရဲ့ အသက်တွေပေးလိုက်ရလေလေနဲ့ပဲ နောက်ဆုံးအချိန်ထိ ကတ်နစ်တို့တောင့်ခံပြီးတော့ စနိုးကိုရင်ဆိုင်သွားနိုင်ပါ့မလား။ တကယ်လို့ သူတို့အနေနဲ့ စနိုးတို့တည်ရှိနေတဲ့ ကတ်ပီတယ်ကိုရင်ဆိုင်တိုက်ခိုက်ပြီးသွားတဲ့အချိန်မှာ အောင်နိုင်သူတွေဖြစ်ကြတဲ့ ကတ်နစ်အဲဗာဒင်းနဲ့ ပီတာမယ်လော့ခ် ၊ဂေးလ်တို့ရဲ့သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းကရေ ာနောက်ဆုံးဘယ်လို့အဆုံးသတ်သွားနိုင်မလဲဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။ အိမ်မက်ဆိုးတွေဟာလူတိုင်းမှာရှိကြပါတယ်။ ဒီအိမ်မက်ဆိုးတွေဟာ ဘယ်တော့မှထွက်ခွာသွားကြမှာ မဟုတ်ဘူးဆိုတာကိုလဲ သိကြမှာပါ ဒီတော့ ဒါကိုဘယ်လိုရင်ဆိုင်ရမလဲဆိုတာကိုပဲ ကျွန်တော်တို့တွေစဉ်းစားရတော့မှာပါ File Size : (1.73 GB,892 MB) Quality : Blu-ray 1080p,720p Running Time : 2h 03min  Format : Mp4 Genre : Action, Adventure, Sci-Fi Subtitle : Myanmar Subtitle (Hard Sub) Source : Blu-ray 1080p  Translated by Charm Encoded by sithu

Drama • Sci-Fi & Fantasy
6.9 2015 137 mins
The Hunger Games: Mockingjay - Part 2
To the Bone
7.2

~ IMDb - 6.8/10, RT - 70%, Meta - 64% ~ လူရယ်လို့ဖြစ်လာရင် အကြောက်တရားနဲ့ ဆင်းရဲဒုက္ခဆိုတာ ယှဥ်တွဲလာစမြဲပါပဲ။ ​တချို့က ဝလာမှာကြောက်တယ်။ တချို့က ​အသက်ရှင်ရတာကိုတောင် ကြောက်လာကြတယ်။ အမျိုးမျိုးသော အကြောက်တရားတွေကြားမှာ ဒီ အယ်လန်ဆိုတဲ့ ကောင်မလေးကတော့ ဝိတ်တက်မှာကို ကြောက်တာပါ... Broken Family ​ဖြစ်သွားတဲ့ အယ်လန်တစ်ယောက် မိထွေးလက်အောက် ဂေးမိခင်တစ်ယောက်လက်အောက်မှာ မိသားစုအရှုပ်အထွေးတွေကြားမှာ သနားစရာ ကြီးပြင်းလာခဲ့ပါတယ်။ အဲ့ကြားထဲကမှ အနုပညာကိုဝါသနာပါတဲ့ အယ်လန်ဟာ ကိုယ့် artwork ကြောင့် လူတစ်ယောက်နစ်နာသွားတာကို သိလိုက်ရတဲ့အချိန်မှာ ပြိုလဲပြီး အစာသိပ်မစားဘဲ အငတ်ခံလို့ စိတ်သက်သာရာ ရှာပါတော့တယ်။ အဲ့လို အယ်လန်ဟာ အကြောက်တရားကနေ ဘယ်လိုရုန်းထွက်မလဲ။ အယ်လန့်ကို ကူညီပေးတဲ့ဆရာဝန် ဒေါက်တာဘက်ခမ်းကရော ဘယ်လိုကုထုံးတွေနဲ့ ​အယ့်လန့်ဘဝကို အဖက်ဆယ်ပေးမလဲ။ အယ်လန့်သူငယ်ချင်းလုခ်ကရော အယ်လန့်ကိုဘယ်လိုပျော်အောင်လုပ်ပြီး အယ်လန့်ဘဝကို ဘယ်လိုအသက်ဝင်လာစေမလဲဆိုတာကို ဒီ '' To The Bone '' ဇာတ်ကားလေးမှာ ရှုစားရမှာပါ။ ဒီကား​လေးက ဝမှာတအားကြောက်နေတဲ့သူတွေ အစာအငတ်ခံလို့ အလွန်အမင်းဝိတ်ချနေတဲ့လူတွေ စိတ်ဆင်းရဲမှုကြောင့် ခံတွင်းမလိုက် ဖြစ်​နေသူတွေအတွက်လည်း ပညာပေးကားဆန်ဆန်​လေးဖြစ်မယ်လို့ ထင်ပါတယ်။ ကိုယ်အလေးချိန်နဲ့ ပတ်သက်တာကို အဓိကရိုက်ပြသွားပေမဲ့ ကိုယ့်ကိုယ်တွင်းက အကြောက်တရားကို တွန်းလှန်ပြီး စိတ်ချမ်းသာရာကို ဘယ်လိုရှာရမယ်ဆိုတာ ပြတဲ့ကားလေးဖြစ်တာမို့ လက်လွှတ်မခံသင့်ကြောင်း တိုက်တွန်းလိုက်ပါတယ်နော်... ခေါင်းဆောင် မင်းသား မင်းသမီး​တွေအဖြစ် Emily in Paris ထဲက မင်းသမီးလေး Lilly Collins နဲ့ မသိသူမရှိလောက်မယ့် မင်းသားကြီး Keanu Reeves တို့ ပါဝင်ထားတာမို့ မကောင်းမှာကိုတော့ စိတ်ပူစရာမလိုမယ့် ကားကောင်းတစ်ကားပါပဲ။ (ဇာတ်ကားနဲ့ အညွှန်းကို Nadi Myint Naing မှ ပြန်ဆိုရေးသားထားပါတယ်) Size - 1.6GB, 1GB Quality - 1080p, 720p IMDb Rating - 6.8/10 Format - mp4 Duration - 1H 47Min Type - Drama Subtitle - Myanmar Subtitle (Hardsub) Translated by Nadi Myint Naing Encoded by Y

Comedy • Drama
7.2 2017 107 mins
To the Bone
Detective Dee And Thunder Fire
6

ဒီတစ်ခေါက်မှာတော့ အမှုစစ်ဒီးရန်ကျယ်ရဲ့အမှုတွဲတွေထဲက နောက်ဆုံးထွက်ထားတဲ့ရုပ်ရှင်ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းအကျဥ်း… ဘုရင်မ အုပ်စိုးနေတဲ့ ရှန့်ယွမ်ပထမနှစ်မှာ သဘာဝဘေးအန္တရာယ်ဆိုး တွေ ကျရောက်လာတာကြောင့် တိုင်းပြည်မှာ ပြည်သူတွေရဲ့ အပြစ်တင်မှုတွေဖြစ်ပေါ်လာခဲ့တယ် ဘုရင်မဟာ ပြည်သူတွေရဲ့အပြစ်တင်သံတွေကို လျစ်လျူရှူခဲ့ပြီး နန်းတွင်း ဆရာကြီးရဲ့ အဆိုမိန့်အတိုင်းနန်းဆောင်ကို ဆောက်လုပ်ပြီး နတ်နဂါးကို ခေါ်ဆောင်ဖို့ပြုလုပ်ခဲ့ပါတယ် ဒါပေမယ့် နတ်နဂါးကြီး သက်ဝင်လှုပ်ရှားလာတဲ့အခါမှာတော့ နတ်နဂါးကြောင့် နန်းဆောင်ကြီး မီးလောင်သွားပြီး အနီးအနားကလူတွေအပြင် အမှုစစ်တွေကပါ သဘာဝလွန် ထူးဆန်းစွာ သေဆုံးလာကြတဲ့အခါ….. ဒီထူးခြားဆန်းကြယ်တဲ့ အမှုကြီးကိုဖြေရှင်းဖို ပြောင်းရွှေ့မိန့်ကျလာတဲ့ ဒီးရန်ကျယ် အတွက် ဘယ်လိုဖြေရှင်းချက်တွေပြုလုပ်လာမလဲဆိုတာကို ထုံးစံအတိုင်းဆက်လက်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်

6 2023
Detective Dee And Thunder Fire
[18+] La Maison
5.7

La Maison (2022) La Maison ခေါ် စံအိမ်တော်လို့ခေါ်တဲ့ ဆောင်ကြာမြိုင်လေးတစ်ခုရဲ့ ဇာတ်လမ်းပါ။ အဓိက ဇာတ်ဆောင် မင်းသမီးက စာရေးဆရာ။ သူက သူငယ်ချင်းတစ်ယောက်နဲ့ အလောင်းအစားလုပ်ရင်း ဆောင်ကြာမြိုင်ကို ရောက်သွားတယ်။ ရောက်သွားပြီးတဲ့နောက်မှာ ဆောင်ကြာမြိုင်ကို စိတ်ဝင်စားသွားပြီး ကိုယ်တိုင်အလုပ်လုပ်ရင်း နောက်ရေးမယ့်စာအုပ်အတွက် ကုန်ကြမ်းရှာပါတော့တယ်။ စာအုပ်အသစ်မရေးနိုင်သေးလို့ ကြပ်တည်းနေတဲ့အချိန်မှာ ဒီအလုပ်က ငွေရတော့ ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ရတာပေါ့။ ဒါပေမဲ့ သူက စာရေးဖို့ ကြိုးစားနေရင်းနဲ့ပဲ ဒီအလုပ်ကို ခင်တွယ်လာတယ်။ ဒီစံအိမ်ကို ခင်တွယ်လာတယ်။ အဲဒီက အမျိုးသမီးလေးတွေကို ခင်တွယ်လာတယ်။ လိင်ကိစ္စကို နဂိုကတည်းက ဝါသနာလို့ လုပ်ဖြစ်တယ်ဆိုပေမဲ့ တကယ်လုပ်ကြည့်တော့မှ ဒီလောကအကြောင်း ဒီလောကကလူတွေအကြောင်း သိလာပြီး ချစ်စိတ်ဝင်သွားတဲ့ အဖြစ်လေးပါ။ အက်ရှင်ခန်းတွေမှာတော့ ကွင်းကွင်းကွက်ကွက်ပြမထားပေမဲ့ ဘုရားသခင်ရဲ့ အနုစိတ်ဖန်တီးထားတဲ့ အလှအပတွေကိုတော့ အပြည့်အဝခံစားနိုင်မှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို 6 9 မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.9GB, 710MB Quality – 1080p, 720p IMDb Rating – 5.7/10 Format – mp4 Duration – 1H 29Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by 6 9 Encoded by RGB

5.7 2022
[18+] La Maison
[18+] Kamadora
6.3

Kamadora (2023) အီကာဖာယာဒိုဟာ အဆောင်သူလေးတစ်ယောက်ဖြစ်ပြီး ဒေးဗစ်ဆန်ကုန်တိုက်ကြီးမှာ အရောင်းစာရေးလုပ်ပါတယ်။ မျက်နှာချိုအပြုံးချိုနဲ့ လူတကာချစ်ခင်နှစ်သက်ခြင်းခံရတဲ့သူဟာ မဟုတ်မခံ ဆတ်ဆတ်ကြဲလေးလည်းဖြစ်ပြီး ရိုင်းစိုင်းတဲ့ ကပ်စတမ်မာတွေနဲ့လည်း ပြဿနာဖြစ်တတ်လို့ မန်နေဂျာရုံးခန်းထဲကို မကြာခဏခေါ်ဆူခံရတတ်ပါသေးတယ်။ ဒါပေမဲ့လည်း ဘယ်သူမှမသိတာက အဲဒီသဘောကောင်းတဲ့မျက်နှာလှလှလေးရဲ့နောက်ကွယ်မှာ ကြောက်စရာပင်ကိုစရိုက်တစ်ခုရှိနေတယ်ဆိုတာကိုပါပဲ။ အီကာရဲ့ငယ်ဘဝဟာ မြတ်နိုးတို့ ကြယ်စင်တို့လို ကြမ်းတမ်းလွန်းခဲ့ပါတယ်။ ရှာမကျွေးနိုင်တဲ့ဖခင်ဖြစ်သူကို သူ့မိခင်က စွန့်ခွာခဲ့ပြီးနောက် ငယ်စဉ်ကတည်းက ပထွေးနဲ့အတူနေခဲ့ရတယ်။ အရွယ်မရောက်တစ်ရောက်အချိန်လေးမှာ ပထွေးဖြစ်သူကစော်ကားလို့ အိမ်ကထွက်ပြေးခဲ့ပြီး လမ်းဘေးရောက်ခဲ့ရတာပါ။ အဲဒီမှာ ကယ်တင်ရှင်တစ်ယောက်နဲ့တွေ့ခဲ့ရပေမဲ့ အဲဒီကယ်တင်ရှင်ဖြစ်သူကလည်း သူ့ကိုမွေးပြီးစားနေတဲ့အခါမှာတော့… အဲ့ဒီဘဝကလွတ်ဖို့ နည်းပေါင်းစုံသုံးပြီး ကြိုးစားတော့မှာဖြစ်ပါတယ်။ အီကာအဖြစ် Lovely Ladies Dormitory ထဲမှာ ချစ်စရာကောင်မလေး အယ်လ်မာဇာတ်ရုပ်နဲ့ ပရိသတ်ကိုဖမ်းစားနိုင်ခဲ့တဲ့ Tiffany Grey လေးကို တွေ့မြင်ရမှာဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 845MB Quality – 1080p, 720p IMDb Rating – 6.3/10 Format – mp4 Duration – 1H 44Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by Alias Encoded by RGB

Drama
6.3 2023
[18+] Kamadora
The Ron Clark Story
7.5

The Ron Clark Story (2006) ~ IMDb – 7.5/10, Rotten Tomatoes – 85% ~ အမေရိကန်နိုင်ငံက နာမည်ကျော် ဆရာတစ်ယောက်ရဲ့ အကြောင်းကို ဇာတ်လမ်းဆင်ပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားလေးပါ။ ဝါသနာနဲ့ စေတနာတွေကို တွင်တွင်သုံးတဲ့ ဆရာတွေအများကြီးရှိပေမဲ့ အနစ်နာ ဆရာမျိုးကတော့ ပိုပြီးတွေ့ရခဲတယ်ထင်ပါတယ်။ ရွန်ကလက်ကတော့ နာသုံးနာပြည့်စုံတဲ့ ဆရာမျိုးဖြစ်ပြီး ဆရာဆိုတဲ့ အသံကြားတာနဲ့ ကျေးဇူးတင်တဲ့အသိ၊ နွေးထွေးတဲ့ခံစားချက်မျိုးရလာပြီး ဆရာက ကိုယ့်ဖက်မှာရှိနေသရွေ့ ဘာကိုမှကြောက်စရာမလိုဘူးလို့ ထင်လာနိုင်အောင် စွမ်းဆောင်နိုင်ခဲ့တဲ့ ဆရာတစ်ယောက်ပေါ့။ ဆရာဆိုတာ ဒါမျိုးပဲလို့ ပြရလောက်အောင် ဂုဏ်ယူစွာနဲ့ ပြနိုင်လောက်တဲ့ ဆရာမျိုးပါပဲ။ နယ်မှာ အောင်မြင်မှု အထိုက်အလျှောက်ရထားတဲ့ မူလတန်းဆရာလေး ရွန်ကလက်က အိပ်မက်အကြီးကြီးနောက်ကို လိုက်ဖို့ နယူးယော့ခ်မြို့ကြီးကို မျှော်လင့်ချက်တွေ တသီကြီးနဲ့တက်လာတယ်။ မြို့ကြီးတွေဆိုတာကတော့ သိကြတဲ့အတိုင်း အပြိုင်အဆိုင်တွေများ၊ ရှုပ်ယှက်ခတ်နေပြီး အနားမရတဲ့နေရာမျိုးမလား။ ဒါပေမဲ့လည်း မြို့ပြရဲ့ တိုက်စားတဲ့ဒဏ်ကို ကြံ့ကြံ့ခံရင်း ဆရာအလုပ်ကို ရှာနေရင်းမှာ ရွှေ့ပြောင်းနိုင်ငံသားတွေအများစုနေထိုင်ကြတဲ့ ဟာလမ်က မူလတန်းကျောင်းဆရာ အလုပ်တစ်ခုကိုက သူ့ရှေ့ကို မှောက်လျက်လဲပြီး ကျလာတယ်ပြောရမယ်ထင်တယ်။ သူအလုပ်သွားလျှောက်တဲ့အချိန်မှာပဲ ကလေးတစ်ယောက်နဲ့ ဆရာ ရန်ဖြစ်ပြီး ဆရာက သူ့မျက်စိရှေ့တင်ပဲအလုပ်ထွက်သွား​တော့ တန်းဝင်လျှောက်လိုက်တာပေါ့။ ဒါပေမဲ့ ပတ်ဝန်းကျင်ကြမ်းကြမ်းနဲ့ အပြင်လူတွေကို သူစိမ်းလို သတ်မှတ်တဲ့ ဟာလမ်ကတော့ သူ့ကို လွယ်လွယ်နဲ့တော့ လက်မခံပါဘူး။ သူ့ရဲ့အရည်အချင်းက လိုတာထက်ပိုနေတော့လည်း လက်လွှတ်မခံချင်လို့ လက်ခံလိုက်တဲ့အချိန်မှာတော့ ဘယ်သူမှ ဆရာဝင်မလုပ်ချင်တဲ့ အဆိုးဆုံးအတန်းကိုမှ ရလာဒ်ကောင်းတွေရလာအောင် ဖန်တီးနိုင်ပါတယ်လို့ သူကိုယ်တိုင်ပဲ တာဝန်ခံပြီး ယူလိုက်တယ်။ အဲဒီအတန်းရဲ့ ဂုဏ်သတင်းကတော့ ဝင်သွားတဲ့ ဆရာတိုင်း အကောင်းအတိုင်းပြန်ထွက်မလာနိုင်ဘူးလို့ အာမခံထားတဲ့ အတန်းမျိုးပါ။ သူအဲဒီအတန်းကို ဝင်ပြီဆိုတာသိကြတော့ အသုဘလုပ်ဖို့ ကြိုပြီးပြင်ဆင်ထားကြဖို့တောင် စဉ်းစားမိကြတဲ့သူတွေရှိပါသေးတယ်။ ဘယ်ဆရာမှမနိုင်အောင် ကြမ်းတဲ့ အတန်းမှာ ဆရာလေး ရွန်ကလက်က တစ်တန်းလုံးကို မိသားစုတွေဖြစ်လာအောင် ဖန်တီးနိုင်ခဲ့ပြီး ရလာဒ်ကောင်းတွေကို ဘယ်လိုဖန်တီးခဲ့လဲဆိုတာကို ဒီဇာတ်ကားက အဓိကပြပေးသွားမှာပါ။ ” Every child is Special ” ဆိုတဲ့အတိုင်း သူတို့ရဲ့ မိဘတွေကိုယ်တိုင်အပါအဝင် ဘယ်သူကမှ အလေးမထားကြတဲ့အပြင် သူတို့ကိုယ်တိုင်တောင် မသိသေးတဲ့ ကလေးတွေရဲ့ အရည်အချင်းတွေကို တောက်ပလာအောင် သွေးယူပေးခဲ့ပြီး ဒီလိုရယူနိုင်ဖို့လည်း သွေး၊ချွေးတွေရင်းနှီးခဲ့ရတဲ့အကြောင်းကိုလည်းတွေ့ရမှာပါ။ ဆရာ့နောက်စေ့မှာ မျက်စိပါတယ်လို့ ပြောရလောက်အောင် နောက်ကိုလှည့်မကြည့်ဘဲ၊ အတန်းထဲကို မရောက်ဘဲနဲ့တောင် အတန်းထဲက ဘယ်ကလေးတွေက ဘာလုပ်နေလဲဆိုတာကိုပါ သိနိုင်လောက်တဲ့ထိ နားလည်နေအောင် ကြိုးစားခဲ့တဲ့ သူ့ရဲ့ ကြိုးစားအားထုတ်မှုက လေးစား၊ အားကျစရာပါပဲ။ ဒီဇာတ်ကားက ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတာဖြစ်ပြီး ဇာတ်ကားထဲက ဇာတ်လမ်းဆန်ဆန် အဖြစ်အပျက်အများစုက အပြင်မှာ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေအတိုင်း အတိအကျရိုက်ကူးထားတာလို့သိရပါတယ်။ ဆရာနဲ့ တပည့်ဆက်ဆံရေးထက် မိသားစုဆန်ပြီး နွေးထွေးတဲ့ စာသင်ခန်းကို ဖန်တီးခဲ့ပြီး သင်ကြားရေးပုံစံသစ်ဆိုတဲ့ စာမျက်နှာကို ဖွင့်လှစ်စေခဲ့တဲ့ အဖြစ်အပျက်တွေထဲက တစ်ခုလည်းဖြစ်ပါတယ်။ အဲဒီအတန်းမှာ သူသတ်မှတ်ထားခဲ့တဲ့ စည်းကမ်း ၅၅ ချက်အကြောင်း ” Essential 55 ” ဆိုတဲ့နာမည်နဲ့ ရေးထားခဲ့တဲ့စာအုပ်က New York Times မှာ အရောင်းရဆုံး စာအုပ်စာရင်းဝင်ခဲ့ပါတယ်။ အခုအချိန်မှာတော့ ဆရာရွန်ကလက်က ရွန်ကလက်အကယ်ဒမီဆိုတဲ့ ပရဟိတအလယ်တန်းကျောင်းကို ဖွင့်လှစ်ထားပြီး ကလေးတွေကို ပညာပေးရင်း၊ သူ့ရဲ့ပညာရေးရဲဘော်ရဲဘက်များအတွက် Motivational Speaker အဖြစ်နဲ့ ပညာရေးလောကမှာ အကျိုးဆောင်နေလျှက်ရှိပါတယ်။ ဒီဇာတ်ကားကို အဓိကရေးဖြစ်တဲ့အကြောင်းကတော့ အခုနှစ် ၂၀၂၃ အောက်တိုဘာ ၂၈ ရက်နေ့က ဆုံးပါးသွားခဲ့တဲ့ Friends TV Series က Chandler Bing ဆိုတဲ့ ဇာတ်ကောင်ကို အသက်သွင်းပေးခဲ့တဲ့ သရုပ်ဆောင် Matthew Perry ကြောင့်ပါပဲ။ Matthew က ဒီဇာတ်ကားမှာလည်း သူက Chandler Bing မဟုတ်ပါဘူးဆိုတဲ့ သူ့ရဲ့သရုပ်ဆောင်စွမ်းရည်ကို ပြသသွားတာ မြင်ရမှာပါ။ ဆရာနေရာကသရုပ်ဆောင်နေတယ်ဆိုပေမဲ့လည်း သူ့ရဲ့ ဟာသပါရမီကတော့ ဖုံးဖိထားလို့မရတာကို တွေ့ရပါလိမ့်မယ်။ ငိုနေတဲ့ မျက်ဝန်းတွေကို အပြုံးမျက်နှာဖုံးကွယ်ပြီး ဖျော်ဖြေခဲ့သူ ဟာသပါရမီရှင် သူကတော့ သူ့ရဲ့အစားမထိုးနိုင်တဲ့ Sarcasm တွေကို ကျွန်တော်တို့အတွက် ထားခဲ့ပြီး ထွက်သွားခဲ့ပါပြီ။ အဲဒီလိုပြောရင် သူက “Where?” ဆိုပြီး တစ်နေရာက အရွှန်းဖောက်နေလောက်ပါတယ်။ “Could you be more being Great, Mr. Bing” ~ Matthew Perry (1969-2023) ကို အမှတ်ရအောက်မေ့စွာဖြင့် d3mon (A F.R.I.E.N.D) Size – 2GB, 835MB Quality – 1080p, 720p IMDb Rating – 7.5/10 Format – mp4 Duration – 1H 30Min Genre – Biograhphy, Drama Subtitle – Myanmar Subtitle (Hardsub) Translated by d3mon (A F.R.I.E.N.D) Encoded by Y

Drama • Thriller • War
7.5 2006 90 mins
The Ron Clark Story
The Sixth Secret

ဆုပေါင်း ၁၄ ဆုအထိရရှိထားတဲ့ Comedy/Horror/Mystery အမျိုးအစား ဇာတ်ကားကောင်းလေးတစ်ကားပါ။ ဒါရိုက်တာ Mart Sander ရဲ့လက်ရာကောင်းတစ်ခုဖြစ်တဲ့ ဒီဇာတ်ကားလေးထဲမှာ ဇာတ်ကားရဲ့ နာမည်အတိုင်း လျှို့ဝှက်ချက် ခြောက်ခုကို တဖြည်းဖြည်းနဲ့ဖော်ထုတ်သွားတာမျိုးပေါ့ ဇာတ်အိမ်ကလေးကတော့ ဝိညာဉ်တွေနဲ့ဆက်သွယ်ပြီး ချိတ်ဆက်စကားပြောပေးတဲ့ အလုပ်ကိုလုပ်ကိုင်တဲ့ မဒမ်အော်လော့ဖ်စကီ ဟာ အမြဲတမ်း လူ ၁၂ ယောက်ပါဖို့ သတ်မှတ်ထားတဲ့စားပွဲပေါ်မှာ ကိုယ့်ရဲ့လျှို့ဝှက်ချက်ကို သိချင်တဲ့ လူတိုင်းရဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ပေးပြီးတော့ တမလွန်က ဝိညာဉ်တွေနဲ့ ဆက်သွယ်ပေးတာပေါ့။ ဒါပေမယ့် တစ်နေ့မှာတော့ အဲလို စုဝေးပွဲမှာ မထင်မှတ်ထားတဲ့အဖြစ်အပျက်တွေနဲ့ ကံကြမ္မာအလှည့်အပြောင်းတွေနဲ့ တစ်ယောက်ချင်းစီရဲ့ လျှို့ဝှက်ချက်တွေက ဇာတ်လမ်းကြီးတစ်ခုလုံးကို အစကနေ အဆုံးထိ စိတ်ဝင်စားစရာကောင်းအောင် တင်ဆက်ပြသပေးသွားမယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ်။ File size…(1.3 GB)/(600 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre…Comedy, Horror, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Leo

Adventure • Action • Horror • Science Fiction
0 2022 90 mins
The Sixth Secret
Música

အသစ်ထွက်ရှိလာတဲ့ ရွှေရင်အေး Musical/ အချစ်ကားလေး ဖြစ်ပြီး rating တွေလည်း ကောင်းတာမို့ ကြည့်ပျော်ရှုပျော် ဖြစ်မှာပါ ရူဒီမန်ကူဆို ဆိုတဲ့ youtuber တစ်ယောက်ရဲ့ ပထမဆုံးဇာတ်ကားဖြစ်ပြီး သူကိုယ်တိုင် ပါဝင်သရုပ်ဆောင်ထားတဲ့ သူ့ဘဝ ဇာတ်လမ်းလေးပါပဲ မင်းသမီးကလည်း သူ wifey ပဲပေါ့ ရူဒီ ဆိုတဲ့ New Jersey ရောက် ဘရာဇီးသားလေးက ဂီတကို ဝါသနာထုံပြီး ရထားလမ်းဘေးမှာ ရုပ်သေးပြတဲ့ အလုပ်ကိုလည်း လုပ်ပါသေးတယ် ကျောင်းပြီးတော့မှာ ဖြစ်ပေမယ့် မေမေ့အိမ်မှာ အတူနေတုန်း၊ မာမားဘွိုင်းလေးပေါ့ သူ့မှာ ပတ်ဝန်းကျင်က သာမန်အသံမျိုးစုံကို ဂီတနုတ်အဖြစ် ပြောင်းလဲပြီး Melody တွေပါ ဖန်တီးနိုင်တဲ့ အစွမ်းတစ်ခုလည်း ရှိပါသေးတယ် အမေရိကန်သူ ရည်းစားကောင်မလေးကတော့ သူနဲ့ ပြဒါးတစ်လမ်း သံတစ်လမ်း ဖြစ်တဲ့ သူဌေးသမီးတစ်ယောက်ပါ ဒီလို ဆန့်ကျင်ဘက်စရိုက်နဲ့ သူတို့နှစ်ယောက် ပြဿနာတက်ရင်းကနေ ပြတ်သွားတဲ့အချိန်မှာ ငါးရောင်းတဲ့ ဘရာဇီးသူလေး “Isabella” ဆိုသူ၊ ပေါ့ပေါ့ပါးပါးနေတတ်ပြီး ဂုဏ်ဒြပ်တွေ မလေးမထားတဲ့ မိန်းကလေးကို ဆုံတွေ့မိတဲ့ အခါမှာဆိုရင်တော့…. ဇာတ်လမ်းလေးက တက်တက်ကြွကြွရှိပြီး rating လည်း ကောင်းတာမို့ ပရိသတ်ကြီး အပျင်းပြေခံစားနိုင်ဖို့ တင်ဆက်လိုက်ရပါတယ်….. File size…(1.7 GB)/(890 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…Romance, Comedy, Music Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sike Tan

0 2024
Música
Saved!

ဆယ်ကျော်သက်အရွယ် မေရီက အမေရိကန်အီးဂဲလ်ခရစ်ယာန်အထက်တန်းကျောင်းမှာ တက်ရောက်နေပြီးတော့ ယုံကြည်သက်ဝင်သူတစ်ဦး ဖြစ်ပါတယ်။ တစ်နေ့မှာတော့ သူမနဲ့ သူမရဲ့ ရည်းစား ဒင်းတို့ ရေတူတူကူးနေတဲ့အချိန် သူမရဲ့ရည်းစားက သူ့ကိုယ်သူ ဂေးနေတယ်လို့ ထင်ကြောင်း ဝန်ခံလာပါတော့တယ်။ အထိတ်တလန့်နဲ့ မေရီက ခေါင်းဆောင့်မိပြီး ဘုရားသခင်ကို မြင်လိုက်တဲ့အပြင် ဘုရားသခင်က ဒင်းကိုကူညီပေးဖို့ သူ့ကိုပြောလိုက်တယ်လို့ ထင်လာပါတော့တယ်။ ဘုရားသခင်က သူမကို ခွင့်လွှတ်ပေးလိမ့်မယ်လို့ ယုံကြည်ပြီး ဒင်းကို ကူညီဖို့အတွက် သူမရဲ့ အပျိုစင်ဘဝကို ပေးအပ်လိုက်ပါတော့တယ်။ ကံမကောင်းအကြောင်းမလှစွာနဲ့ သူမကိုယ်ဝန်ရှိလာတဲ့အခါ ဘာသာရေးကို ယုံကြည်သက်ဝင်သူအသိုင်းအဝိုင်းအကြား သူမဘယ်လိုရုန်းကန်မလဲ။ သူမသူငယ်ချင်းတွေကရော သူမအပေါ် ဘယ်လိုမြင်ကြမလဲ။ သူမသူငယ်ချင်းတွေထဲ ဘယ်သူတွေက သူမကို ကူညီမလဲ။ ဘယ်သူတွေက သူမကို ဝိုင်းပယ်လိုက်မလဲ ဆိုတာကို ပေါ့ပေါ့ပါးပါးနဲ့ ဆက်လက်ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအမျိုးအစားကတော့ Comedy အမျိုးအစားဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာ မေရီအဖြစ် Jena Malone၊ မေရီရဲ့ သူငယ်ချင်း ဟယ်လာရီအဖြစ် Mandy Moore နဲ့ Home Alone ရဲ့ အဓိကဇာတ်ဆောင် ဖြစ်တဲ့ Macaulay Culkin က ဟယ်လာရီရဲ့ အစ်ကို ရိုလန်အဖြစ် သရုပ်ဆောင်ထားပါတယ်။ အညွှန်းရေးသားသူနဲ့ ဘာသာပြန်သူကတော့ nway oo k zaw ဖြစ်ပါတယ်။ File size…(1.9 GB)/(955 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Nway Oo K Zaw

0 2004
Saved!
Lord of Wolves
5

ကမ္ဘာပေါ်မှာမတရားဆုံးအရာကိုပြောပြပါဆိုရင်တော့ ကံကြမ္မာလို့ ပြောရမှာပါပဲ။ကိုယ်တိုင်ကကြိုးစားချင်စိတ်ရှိတဲ့ သဘောကောင်းတဲ့ နှလုံးသားလှတဲ့ လူကောင်းတစ်ယောက်ဖြစ်နေရင်တောင် လောကကြီးကလက်ခလယ်ထောင်ပြပြီး ကိုယ့်ရဲ့ဘ၀နေ့ရက်တွေကို ခက်ခဲစေခဲ့တာတွေကို လူတော်တော်များများကြုံတွေ့ဖူးကြမှာပါ။ အခုတင်ဆက်ပေးမဲ့ Lord Of Wolves ဆိုတဲ့ဇာတ်ကားထဲမှာတော့ အဲ့လိုအဖြစ်အပျက်မျိုးတွေကြုံတွေ့နေရတဲ့သူတွေအတွက် မလွယ်ကူပေမဲ့ ကိုယ့်ဆန္ဒတွေကိုတကယ်ဖြစ်လာစေမဲ့အခွင့် အရေးတွေကိုကမ်းလှမ်းလာရင်ကိုယ်တိုင်ကရော သူတို့လို လက်ခံနိုင်ပါ့မလားဆိုတာကိုတွေ့ရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့အဓိကဇာတ်ဆောင်တွေကတော့ နစ် ရှောင် ဘက်သ်ဆိုတဲ့လူ ၃ ယောက်ပဲဖြစ်ပါတယ်။နစ်ကဓာတ်ပုံဆရာ အရမ်းဖြစ်ချင်သူတစ်ယောက်ဖြစ်ပြီး သူ့ဆရာရဲ့အိမ်မှာကပ်နေနေ ရသူတစ်ယောက်ဖြစ်ပါတယ်။ကင်မရာလေးတစ်ကားကားနဲ့ သူ့ဘ၀ကိုသာသာယာယာဖြတ်သန်းနေပေမဲ့ တစ်ညမှာတော့ရှိသမျှ ပစ္စည်းတွေအကုန်အလုခံလိုက်ရပြီး သူ့ရဲ့တန်ဖိုးထားရတဲ့ ကင်မရာအကောင်းစားလေးပါပျက်စီးသွားခဲ့ပါတော့တယ်။ ရှောင်ကတော့ဂေးတစ်ယောက်ဖြစ်ပြီး သူ့ရဲ့ဖြစ်တည်မှုကို မိဘတွေကစိတ်ပျက်နေတဲ့အတွက် တစ်နေ့တစ်ခြားပိုပိုဆိုးပြနေတဲ့ ကောင်လေးဖြစ်ပါတယ်။ဒါပေမယ့်အစ်မဖြစ်သူကတော့သူ့ကို ချစ်တဲ့အတွက် သူ့ဘ၀မှာသူ့ကိုဂရုစိုက်တဲ့သူတစ်ယောက်တော့ ရှိနေပါသေးတယ်။ဘက်သ်ကတော့ရုံးဝန်ထမ်းတစ်ယောက်ဖြစ်ပြီး ရုံးကသူဌေးချစ်တဲ့အားကိုးတာခံရတဲ့လူတစ်ယောက်ကသူ့ကိုအဓမ္မပြု ကျင့်ခဲ့တဲ့အတွက်အခုအချိန်မှာကိုယ်ဝန်ရနေပြီဖြစ်ပါတယ်။ သူ့ယောက်ျားရဲ့အခြေအနေကကိုယ်ဝန်မရနိုင်တာဖြစ်တဲ့အတွက် ယောက်ျားကိုလည်းမပြောပြရဲဘဲနဲ့ သူတစ်ယောက်တည်းဝေဒနာ ပေါင်းစုံကိုရူးမတတ်ခံစားနေခဲ့ရပါတယ်။ သိပ်မကြာခင်မှာဇာတ်ကားနာမည်ထဲက ဝံပုလွေတွေရဲ့သခင်ပေါ် ထွက်လာခဲ့ပြီး ဒီလူ ၃ ယောက်ကိုသူတို့ရဲ့နာကျင်ခံစားမှုတွေ ပျောက်ကွယ်သွားပြီး လိုချင်တာတွေရအောင်ကမ်းလှမ်းလာတဲ့ အခါမှာ လက်ခံလိုက်ကြမလား အဲ့ဒီဝံပုလွေသခင်ကြီးကရော ဘယ်ကနေပေါ်လာပြီး ဘယ်လိုတွေဆက်ဖြစ်ကြမယ်ဆိုတာကို စိတ်ဝင်စားစရာကြည့်ရှုရမဲ့ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။ File size…1.05GB / 611MB Quality…WEB-Rip 1080p HEVC / 720p Format…mkv / mp4 Duration….1h 27m Genre …..Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

5 2024 92 mins
Lord of Wolves