YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Tempting Heart S01E20 720p CM.mp4

214.89 MB 720p video/mp4 51 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Captain Fantastic
7.9

ဘန်နဲ့ သူ့ရဲ့အမျိုးသမီး လက်စလီတို့ဟာ မြို့ပေါ်မှာမနေတော့ဘဲ တောထဲမှာသွားရောက်နေထိုင်ပြီး သဘာဝအတိုင်း ခေတ်မီပစ္စည်းတွေမသုံးဘဲနဲ့ ရှင်သန်နေထိုင်ဖို့ရွေးချယ်ခဲ့ပါတယ်။ သူတို့သားဦးလေးငယ်စဉ်ကတည်းက မြို့ကနေထွက်လာခဲ့ကြပြီးတော့ ကလေး ၆ ယောက်ရတဲ့အထိ အားလုံးကိုတောထဲမှာပဲ ပြုစုပျိုးထောင်ခဲ့ကြပါတယ်။ ကလေးတွေကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်အောင်၊ တိုက်ခိုက်တတ်အောင် တောထဲမှာပုံမှန်လေ့ကျင့်ပေးပြီး စာပေပညာရပ်အားလုံးကိုလည်း သူတို့ကိုယ်တိုင်ပဲသင်ပေးခဲ့ကြပါတယ်။ ကလေးတွေက နည်းပညာ၊ ခေတ်မီပစ္စည်းအသုံးအဆောင်ဘာဆိုဘာမှ သုံးခွင့်၊ သိခွင့်မရကြပါဘူး။ တောထဲမှာပဲနေရင်း သဘာဝအလှအပတွေခံစားတတ်အောင်လေ့ကျင့်ပေးခံခဲ့ရပါတယ်။ တစ်နေ့မှာတော့ နဂိုကတည်းက စိတ်ရောဂါအခံရှိတဲ့သူတို့အမေ လက်စလီဟာ မြို့ပေါ်ဆေးရုံမှာ သေဆုံးသွားခဲ့ပါတယ်။ လက်စလီရဲ့အဖေက သူ့ရဲ့သမီးနဲ့ဘန်တို့တောထဲမှာနေဖို့ဆုံးဖြတ်ခဲ့တာကို အလွန်စိတ်ဆိုးခဲ့တဲ့အတွက် ဘန့်ကို လက်စလီဈာပနပွဲကို တက်ခွင့်မပြုဘူးလို့ပြောလိုက်ပါတယ်။ ဒါပေမဲ့ အချိန်အကြာကြီးမြို့ပေါ်သွားပြီးဆေးကုရင်းနဲ့ သေဆုံးသွားတဲ့မိခင်ကို ကလေးတွေကလွမ်းနေကြပြီးတော့ ဈာပနပွဲသွားလိုစိတ်ပြင်းထန်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဘန့်အနေနဲ့ သူတို့ကလေးတွေကို ပုံမှန်ကမ္ဘာကြီးထဲကို ပထမဆုံးခေါ်သွားရပါတော့တယ်။ တကယ့်ကမ္ဘာအစစ်ထဲကိုရောက်တဲ့အခါမှာ ကလေးတွေက သူတို့ကြီးပြင်းခဲ့ရတဲ့ပုံတွေကို စိတ်ကျေနပ်မှုရှိရဲ့လား၊ ဘန်နဲ့လက်စလီတို့ ကလေးတွေကိုလေ့ကျင့်သင်ပြပေးထားတာတွေက သူတို့လေးတွေ တကယ့်ကမ္ဘာမှာရှင်သန်ဖို့ တကယ်လက်တွေ့အသုံးဝင်ရဲ့လား၊ ဘန်ကိုယ်တိုင်ကရော ဖခင်တစ်ယောက်အနေနဲ့ သူ့ကိုယ်သူမှန်တယ်လို့ ဆက်ထင်သေးရဲ့လားဆိုတာတွေကို လွမ်းဆွေးဖွယ်ရိုက်ပြထားတဲ့ ဒရာမာကားကောင်းလေးပဲဖြစ်ပါတယ်။ File size…(2.3 GB)/(1.1 GB)/(600 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:01:00 Genre...Drama, Adventure Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Monica May

Drama • Mystery • Science Fiction • Thriller
7.9 2016 118 mins
Captain Fantastic
Gargi
8.1

Drama, Thriller, Mystery IMDb - 8.4 / 10 "ခွန်အားနည်းတဲ့ မိန်းမသားတွေရဲ့ဖြစ်တည်မှုဟာ ခွန်အားကြီးတဲ့ ယောက်ျားသားတွေရဲ့ ရှက်ဖွယ်ဖြစ်တဲ့ တဏှာရာဂ လောဘစိတ်တွေထွက်ပေါ်လာဖို့ လက်ယပ်ခေါ်နေတာမဟုတ်... မလုံ့တလုံဝတ်လို့ စော်ကားခံရတယ်ဆိုရင် လုံခြုံပြီး အပြစ်ကင်းတဲ့ ကလေးငယ်လေးတွေကိုရော ဘာကြောင့် လုပ်ရက်ကြတာလဲ...?" ဟုတ်ကဲ့.. ဒီနေ့မှာတော့ အားလုံးရဲ့အချစ်တော် သဘာဝအလှနဲ့ မင်းသမီးလေး စိုင်းပလာဗီရဲ့ ဇာတ်ကားကောင်းတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ် ဒီကားထဲမှာတော့ သူဟာ သာမန်မိသားစုတစ်ခုက သမီးကြီးတစ်ယောက်ဖြစ်ပြီး ကျောင်းဆရာမတစ်ယောက်ဖြစ်ပါတယ် ဒီလိုနဲ့ နေထိုင်လာခဲ့ရင်း လုံခြုံမှုမရှိတဲ့ သူတို့မြို့ထဲ အုပ်စုဖွဲ့ သက်ငယ်မုဒိန်းမှုတစ်ခု ပေါ်ပေါက်လာခဲ့ပါတော့တယ် ထူးဆန်းတာက အဲဒီမုဒိန်းကျင့်မှုမှာ သူ့အဖေဟာ ငါးယောက်မြောက်တရားခံ ဖြစ်လို့နေပါတယ် အဲဒီလိုနဲ့ သူတို့တွေ အမှုရင်ဆိုင်ဖို့ ဖြစ်လာတဲ့အခါမှာတော့.... သူ့အဖေဖြစ်သူဟာ အပြစ်မရှိဘဲ ယိုးစွပ်ခံရတာလား ဒါမှမဟုတ် တကယ့်တရားခံအစစ်ပဲလားဆိုတာ မေးခွန်းပေါင်းများစွာနဲ့အပြင် အမှုဖော်ထုတ်မှုတွေကိုလည်း သိချင်စိတ်ပြင်းပြစွာ ကြည့်ရှုရမှာဖြစ်လို့ စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်ကားလေးတစ်ကား ဖြစ်ကြောင်း အခုလိုပဲ အညွှန်းရေးသားလိုက်ရပါတယ် File size…4.5GB / 1.7GB  /  800MB Quality…4k HEVC WEB DL / 1080p WEB DL / 720p Format…mp4 Duration….2h 20m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Sora & Lwin Htoo & Kham Mon &  Thet Ko

Animation • Comedy • Family • Mystery
8.1 2022 137 mins
Gargi
Birds of Prey (and the Fantabulous Emancipation of One Harley Quinn)
7

DC ရဲ့ စူပါဟီးရိုး ရုပ်ရှင်အသစ် ထွက်လာပါပြီ။ ဒီဇာတ်လမ်းကတော့ ဆူဆိုက်စကွက်ထဲမှာ အားလုံးအားကျကြတဲ့ စုံတွဲလေးဖြစ်တဲ့ ဂျိုကာ နဲ့ ဟာလေကွင်းတို့ရဲ့ နောက်ဆက်တွဲပါပဲ။ ဇာတ်လမ်းအစမှာ ဟာလေကွင်းနဲ့ ဂျိုကာတို့ လမ်းခွဲရတာကနေ စပါတယ်။ လမ်းခွဲအပြီးမှာ နဂိုက ဟာလေကွင်းကို ချဉ်နေတဲ့ တစ်မြို့လုံးနီးပါးဟာ ဂျိုကာကိုမပူရတော့တဲ့အတွက် ဟာလေကွင်းကို အမဲဖျက်ဖို့ လိုက်လာကြပါတော့တယ်။ ဟာလေကွင်းကတော့ “သူက ဂျိုကာမရှိဘဲ မနေနိုင်ပါဘူးတို့၊ ခဏနေ ပြန်တွဲမှာပါပဲ၊ ဂျိုကာလက်ဖြောက်တီးလိုက်တာနဲ့ ရင်ခွင်ထဲပြန်ပြေးဝင်မှာပါ” တို့ သူငယ်ချင်းတွေက ဒီလိုအတင်းတုပ်တာတွေကို မကျေနပ်တာပေါ့။ ဒါကြောင့် တကယ်ပြတ်ပြီဆိုတာ သက်သေပြဖို့ သူတို့ရဲ့ အချစ်ဇာတ်လမ်းလေး စခဲ့တဲ့ ဓာတုစက်ရုံကြီးကို ဖျက်ဆီးပစ်လိုက်ပါလေရော။ ဒီနောက်မှာတော့ ဂေါ့သမ်ရဲ့ နာမည်ကြီးမာဖီယားကြီးတစ်ယောက်က သူ့ကိုဖမ်းမိပြီးသတ်ဖို့လုပ်ပါတော့တယ်။ အသတ်ခံရမှာ ကြောက်သွားတဲ့ ဟာလေကွင်းက မာဖီးယားကြီးပျောက်သွားတဲ့ အရေးကြီးတဲ့ စိန်တုံးကြီးကို ရအောင်ရှာပေးမယ်လို့ အပေးအယူလုပ်ရင်း ပြန်လွတ်လာတာပေါ့။ နောက်ပိုင်းဇာတ်လမ်းကတော့ အဲဒီစိန်ကြီးကို ရှာဖို့ သူ့လိုပဲ ထက်မြက်တဲ့မိန်းမတစ်စုနဲ့ ပူးပေါင်းပြီး စွန့်စားခန်းဖွင့်ရတာတွေကို ပြထားတာပါ။ အားလုံးက သတ်ဖို့လိုက်နေတဲ့ ကလေးမလေးတစ်ယောက်ကို ကယ်ထားတာတို့၊ သူအဘိုးလိုချစ်တဲ့လူကြီးတစ်ယောက်ရှိတာတို့ တွေ့ရတော့ ဟာလေကွင်းက ထက်မြက်ရုံတင်မကဘဲ စိတ်ထားလေးကလည်း ဖြူစင်ရှာတာလည်း တွေ့ရမှာပါ။ ဒါပေမယ့် ဟာလေကွင်းရဲ့အတိတ်တို့ အခြားထက်မြက်တဲ့ မိန်းမတွေရဲ့ အတိတ်ဇာတ်လမ်းတွေကတော့ deep ပြီး dark ကြောင်း တစ်ခွန်း၂ခွန်းထည့်ပြောထားတာမို့ အပျော်ကြည့်ကားချည်းပဲ သက်သက်လို့တော့ ပြောလို့မရပြန်ပါဘူး။ အရမ်းချစ်တဲ့ရည်းစားနဲ့ပြတ်သွားပြီး ကိုယ့်ခြေထောက်ပေါ်ကို ရပ်တည်ဖို့ ကြိုးစားတဲ့ စိတ်ထားဖြူစင်တဲ့ ထက်မြက်တဲ့မိန်းမဇာတ်ရုပ်ကို ပြထားတာဖြစ်လို့ ကြည့်လို့လည်းကောင်း မက်ဆေ့တွေလည်းအများကြီးရမယ့် ရုပ်ရှင်လေးပါပဲ။ File Size : ( 2 GB , 1 GB ) Quality : BluRay 1080p , BluRay 720p Running Time : 1 hr 49 min Format : Mp4 Genre : Action , Adventure , Crime Subtitle : Myanmar Subtitle (Hard Sub) Translated by Little Neo Encoded by Moe Myint Lwin

Drama • Sci-Fi & Fantasy
7 2020 109 mins
Birds of Prey (and the Fantabulous Emancipation of One Harley Quinn)
The Land Within
6.3

ဒီ Drama/Myetery ကားလေးမှာတော့ မင်းသား Florist Bajgora (Her 2018) နဲ့ မင်းသမီး Luàna Bajrami (Portrait of a Lady on Fire) တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပြီး ဒီကားကို ရိုက်တဲ့ဒါရိုက်တာ Fisnik Maxville က အကောင်းဆုံးဒါရိုက်တာဆုနဲ့ ရုပ်ရှင်ဆုအပါအဝင် ဆု ၅ ဆု ရရှိပြီး ဇကာတင် ၅ခု ဝင်ခဲ့တာပါ။ နှစ်အတော်ကြာ တခြားနိုင်ငံမှာ ပြည်ပြေးအဖြစ်နဲ့ ရောက်ရှိနေခဲ့တဲ့ မိဘမဲ့ဖြစ်သူ ရာမိုက ဘယ်လ်ကန်မှာရှိတဲ့ သူ့ငယ်ဘဝရွာလေးကို ပြန်ရောက်လာခဲ့ပါတယ်။ သူ့ကိုမွေးစားခဲ့တဲ့အဖေဖြစ်သူ စကန်ဒါ နေမကောင်းဖြစ်နေလို့ အမြန်ပြန်လာပါဆိုတဲ့ မွေးစားအစ်မဖြစ်သူ အူနာရဲ့အကြောင်းကြားမှုကြောင့် ပြန်ရောက်လာခဲ့တဲ့ ရာမို့ကို ဆီးကြိုနေခဲ့တာတွေကတော့ စစ်အတွင်းကသေဆုံးသွားခဲ့တဲ့ သူတို့ရွာလေးကလူတွေရဲ့ သင်္ချိုင်းဂူ တူးဖော်မှုပါပဲ။ စစ်အတွင်းမှာ သူတို့အမျိုးတွေ၊ မိသားစုဝင်တွေနဲ့ ရွာက လူတော်တော်များများ သေဆုံးခဲ့ပြီး အဲဒီအလောင်းတွေမြှုပ်ထားတဲ့ သင်္ချိုင်းဂူကို သိပ္ပံပညာရှင်အချို့က စစ်ဆေးမှုတစ်ခုအတွက် တူးဖော်ဖို့လိုတယ်လို့ ဆိုတာမို့ မိသားစုဆွေမျိုးတွေ စာရင်းကို အရင်တုန်းက ဓာတ်ပုံတွေကိုကြည့်ကာ နှစ်ယောက်သားရှာဖွေ စာရင်းပြုစုပြီးပေးခဲ့ရင်း မထင်မှတ်ထားတဲ အရာတစ်ခုကို သိခဲ့ရပါတော့တယ်။ အဲဒါကတော့ သူတို့ပြုစုထားတဲ့စာရင်းနဲ့ မူလသန်းခေါင်စာရင်းက ကွဲပြားနေပြီး ပျောက်ဆုံးနေသူတစ်ယောက် ရှိနေခဲ့တာပါပဲ။ ဖက်တီမီရာဆိုတဲ့အမျိုးသမီးက မူလသန်းခေါင်စာရင်းမှာ ရှိခဲ့ပေမဲ့ သူတို့ကအဲဒီအမျိုးသမီးကို မသိခဲ့တာမို့ နားလည်ရခက်စွာ အဖြေရှာရင်းနဲ့ အတိတ်က ဖုံးကွယ်ထားတဲ့အမှန်တရားတွေကို သိလိုက်ရချိန်မှာတော့.. တူးဖော်ခဲ့တဲ့အလောင်းတွေနဲ့အတူ ပေါ်ပေါက်လာခဲ့တဲ့ အတိတ်က အမှန်တရားက ဘာများဖြစ်မလဲ.. စစ်အတွင်းမှာ ရွာက လူတော်တော်များများ သေဆုံးခဲ့ရပေမဲ့ ရာမိုက ဘယ်လိုဖြစ်လို့ ပြည်ပြေးအဖြစ်နဲ့ အသက်ရှင်ကျန်ရစ်ခဲ့တာလဲ.. ဖက်တီမီရာကရော ဘယ်သူလဲ.. ဘာလို့ သူတို့က ဖက်တီမီရာရဲ့အကြောင်းကို မသိခဲ့ရတာလဲ ဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲ ဆက်ပြီး ရှာဖွေကြည့်ရှုလိုက်ကြပါဦးနော်။ (ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ Emily ပါ) File size…(1.6 GB)/(808 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:57:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Emily

6.3 2022
The Land Within
The Whisperer in Darkness
6.5

ဒီဇာတ်ကားဟာဆိုရင် ၁၉၃၀ခုနှစ်မှာ အမေရိကန်စာရေးဆရာ H.P.Lovecraft ရေးသားခဲ့တဲ့ စာလုံးရေ ၂သောင်း၆ထောင်ပါတဲ့ ၀တ္ထုကို အခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ Horror နဲ့ Science fiction ကိုပေါင်းစပ်ရိုက်ကူးထားတာကြောင့် Scientific horror ကြိုက်သူတွေ သဘောကျမယ့် ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ အဲလ်ဘတ်ဝေလ်မတ်ဆိုတဲ့ ရှေးပုံပြင်လေ့လာသူ ပရော်ဖက်ဆာတစ်ယောက်ဟာ ပုံပြင်တွေ ဒဏ္ဍာရီတွေကိုလေ့လာပြီး ဘာကြောင့် ဒီပုံပြင်တွေဖြစ်လာရသလဲ၊ ဒါတွေဟာတကယ်ဖြစ်နိုင်မလားဆိုတာကို ခွဲခြမ်းစိတ်ဖြာပြီး လူတွေရဲ့အယူသီးမှုကို ရှင်းလင်းပေးသူဖြစ်ပါတယ်။ တစ်နေ့မှာတော့ ဗာမောင့်တောင်တန်းတွေပေါ်မှာ ထူးဆန်းတဲ့သတ္တဝါတွေ၊ ဂြိုလ်သားတွေ ရောက်နေပြီဆိုတဲ့ ကောလဟာလတွေ လူပြောများလာခဲ့ပါတယ်။ အဲလ်ဘတ်လည်း ဒါတွေကို လွယ်လွယ်မယုံတတ်သူဖြစ်တာကြောင့် ဗာမောင့်ကိုသွားရောက်စုံစမ်းပါတော့တယ်။ ဒဏ္ဍာရီတွေရဲ့နောက်ကွယ်မှာ ဘာတွေရှိနေမလဲ။ ဒီကောလဟာလတွေကရော အမှန်ဖြစ်နိုင်မလား။ ဂြိုလ်သားတွေတကယ်ရှိသလား။ ဒီအဖြစ်အပျက်တွေကို ဘယ်သူတွေကြိုးကိုင်နေသလဲဆိုတာကို အဲလ်ဘတ်တစ်ယောက် အဖြေရှာတွေ့နိုင်မလားဆိုတာ တကယ့်ကိုစိတ်၀င်စားဖို့ကောင်းပါတယ်။ File size… 1.06 GB / 638 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 43m Genre ….. Sci-Fi , Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Jaka

Mystery • Thriller • Drama • Crime
6.5 2011
The Whisperer in Darkness
Open Season
6.1

သစ်တော နဲ့ နီးစပ်တဲ့ မြို့ငယ်လေး တစ်ခုမှာ ဘတ်ဂ် လို့ ခေါ်တဲ့ တောခေါင်း အမျိုးသမီးငယ်လေးဟာ ဘုဂ် လို့ နာမည်ပေးထားတဲ့ ဝက်ဝံကြီးတစ်ကောင်ကို ငယ်စဉ်ကတည်းက မွေးစားထားပါတယ် ဘုဂ် ဟာ သင်ရပြုရလွယ်ပြီး လိမ္မာရေးခြားရှိတဲ့ ဝက်ဝံကြီးတစ်ကောင် ဖြစ်လာပြီး သူ့သခင်မ နဲ့ အတူ နယ်မြိုကလေးမှာ လာလည်တဲ့ ဧည့်သည်တွေကို ဖျော်ဖြေလေ့ ရှိပါတယ်… တစ်ရက်မှာတော့ စည်းကမ်းမရှိတဲ့ မုဆိုးတစ်ယောက်ဟာ အမဲလိုက်ရာသီမစခင်မှာ သမင်လေးတစ်ကောင်ကို ကားနဲ့ တိုက်လာပြီး ဘုဂ် တို့ ရှိတဲ့ မြို့လေးထဲ ရောက်အလာ သနားတက်တဲ့ ဘုဂ် က သမင်လေး အီလီယော့ ကို ကယ်တင်ပေးလိုက်ပါတယ် ဒါပေမဲ့ ဘုဂ် ကယ်တင်ပေးလိုက်တဲ့ အီလီယော့ က တကယ့်ငမွေထိုးဖြစ်ပြီး တည်ငြိမ်နေတဲ့ ဝက်ဝံကြီး ဘုဂ် ရဲ့ ဘ၀ ကိုပါ ငါးပါးမှောက်အောင်လုပ်လိုက်တဲ့အခါ ဝက်ဝံကြီး ဘုဂ် ကို သခင်ဖြစ်သူက ရင်နာနာနဲ့ပဲ တောတွင်းထဲကို ပြန်လွှတ်ပေးလိုက်ရပါတော့တယ် လူယဉ်နေတဲ့ ဝက်ဝံကြီး ဘုဂ် တစ်ယောက် တောတွင်းထဲမှာ ဘယ်လို ကမောက်ကမတွေ ဆက်ဖြစ်မလဲ ဆိုတာတော့ ရုပ်ရှင်ချစ်သူများ ကြည့်ရှုလိုက်ကြပါဦး ရုပ်ရှင်အညွှန်းကို Thit San Khant မှ ရေးပေးထားပြီး Fio မှ ဘာသာပြန်ပေးထားပါတယ် File size… 2.09 GB / 923 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 26m Genre ….. Animation , Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Fio

6.1 2006
Open Season
The Bricklayer
5.5

Dark Knight ရုပ်ရှင်ထဲက ဟာဗေးဒန့်အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသား Aaron Eckhart ရဲ့ အက်ရှင်ကားအသစ်ပါ။ မင်းသမီးကတော့ Vampire Diaries ဖန်တွေရဲ့အချစ်တော Nina Dobrev ပဲ ဖြစ်ပါတယ်။ စုံထောက်အက်ရှင်အမျိုးအစားမို့ အပန်းဖြေ ကြည့်ဖို့ သင့်တော်တဲ့ ရုပ်ရှင်ပါပဲ။ ဇာတ်လမ်းအကျဉ်း *************** ဇာတ်လမ်းနာမည်အတိုင်း ဗေးဆိုတဲ့ မင်းသားက ပန်းရံလုပ်တာပါ။ ဒါပေမဲ့ စီအိုင်အေက အနားယူထားတဲ့ ဆရာကြီးပါပဲ။ တစ်နေ့မှာတော့ သူ့ရဲ့ ရန်သူဟောင်း သေပြီထင်နေတဲ့ ရာဒက်ဆိုတဲ့သူ ပြန်ပေါ်လာပြီး စီအိုင်အေကိုရော အမေရိကန်တစ်ခုလုံးကိုပါ ချောက်ချပြီး ကမ္ဘာစစ်ပါ ဖြစ်မဲ့ကိစ္စကို လုပ်ပါတော့တယ်။ စီအိုင်အေက သတင်းပေါက်ကြားပြီး သူ့နောက်ကိုလိုက်ခိုင်းဖို့ စိတ်ချရတဲ့သူမရှိတာကြောင့် အနားယူသွားတဲ့ မင်းသားကို ပြန်ခေါ်ပြီး အေးဂျင့်အသစ်ကောင်မလေးနဲ့အတူ ဂရိကို လွှတ်လိုက်ပါတော့တယ်။ အမေရိကန်ကိုတောင် ဒုက္ခရောက်သွားစေနိုင်တဲ့ ကိစ္စကဘာလဲ၊ ရာဒက်နဲ့ဗေးနဲ့ စီအိုင်အေရဲ့ ရာဇဝင်ဟောင်းကဘာလဲ ဆိုတာကို အဖြေရှာရင်း၊ ရာဒက်ရဲ့ အကြံအစည်ကြီးကို တားဖို့ကြိုးစားကြတာကို ကြည့်ရမှာပါ…. File size…2.00 GB / 914 MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 50m Genre ….. Action , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Mr. Anderson

5.5 2023
The Bricklayer
The Dry 2 – Force of Nature
6.2

The Dry 2 – Force of Nature (2024) ======================= စုံထောက် Aaron Falk က တောထဲ ခရီးထွက်ရာကနေ လမ်းပျောက်ခဲ့တဲ့ အမျိုးသမီးလေးယောက်ကို ကယ်တင်နိုင်ခဲ့တယ်။ ဒါပေမဲ့ ငါးယောက်မြောက်အမျိုးသမီးတစ်ယောက်ဖြစ်တဲ့ Alice ကတော့ ကယ်တင်ခံရတဲ့အထဲမပါဘဲ ကျန်တဲ့အမျိုးသမီးတွေနဲ့ အဖွဲ့ကွဲပြီး တောထဲကျန်ခဲ့တယ်လို့ပြောတယ်။ ရဲတွေလည်း ပျောက်သွားတဲ့အမျိုးသမီး Alice ကို ရှာဖို့ တောထဲမှာ ကယ်ဆယ်ရေးအဖွဲ့တွေလွှတ်ပြီး ရှာဖွေကြတော့တယ်။ ဒါပေမဲ့ ကယ်တင်ခံရတဲ့ အမျိုးသမီးတွေပြောတဲ့စကားက တစ်ယောက်နဲ့တစ်ယောက်မတူဘဲ အမျိုးမျိုးကွဲထွက်နေပြီး ယုံစားရခက်နေတာကြောင့် Alice ကို ရှာဖွေဖို့ ဘယ်လိုတွေအခက်အခဲဖြစ်မလဲ၊ တောထဲမှာ Alice ပါဝင်တဲ့ အမျိုးသမီးအဖွဲ့ရဲ့ တကယ်ဖြစ်ပျက်ခဲ့တဲ့ဇာတ်ကြောင်းအစစ်အမှန်က ဘာဖြစ်မလဲဆိုတာကိုတော့ ဒီဇာတ်လမ်းထဲမှာ Mystery ဆန်စွာ စိတ်ဝင်တစား စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Fiona Gillen ပါ ) File size_( 1.7GB)/( 900MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_02:00:00 Genre_Crime, Mystery, Thriller Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Fiona Gillen

Action • Thriller • Adventure • Crime
6.2 2024
The Dry 2 – Force of Nature
In Time
6.7

အဆိုတော်မင်းသားချော Justin Timberlake နဲ့ မင်းသမီး Amanda Seyfried တို့ပါဝင်ထားတဲ့ Action/Sci-fi/Thriller အမျိုးအစားဇာတ်ကားတစ်ကားပါ ။ နှစ်ပေါင်းများစွာကြာပြီးနောက် ၂၁၆၉ခုနှစ်မှာ လူသားတွေရဲ့ မျိုးရိုးဗီဇကို ပြောင်းပြီး အသက်၂၅ နှစ်ပဲ ရှင်သန်ခွင့်ရအောင် စမ်းသပ်တီထွင်ခဲ့ကြတယ် မွေးဖွားလာကတည်းက လက်မောင်းမှာ နာရီပါလာပြီး အသက်၂၅နှစ်ကျော်တာနဲ့ တစ်ရက်စာအချိန်တိုင်းအတွက် အသက်နာရီတွေကို ရှာဖွေကြရပါတော့တယ် အချိန်ချမ်းသာတဲ့လူတွေကတော့ ထာ၀ရ အသက်ရှင်နိုင်ကြပြီး ဆင်းရဲတဲ့သူတွေကတော့ နာရီတိုင်းမှာ အချိန်ရပ်တန့်ကာ သေဆုံးနေကြရတာပေါ့… တစ်နေ့မှာ နာရီနှစ်ပေါင်း သန်းချီချမ်းသာတဲ့ သူတစ်ယောက်က အရက်ဘားတစ်ခုမှာ စိတ်ပျက်လက်ပျက်နဲ့ နေရင်း လူဆိုးတွေနဲ့တွေ့ချိန် မင်းသား Justin Timberlake က ၀င်ကယ်ရင်း သူ့ဆီက နာရီအချိန်တွေအကုန်လုံး အလကားပေးသွားတာခံလိုက်တဲ့အခါ… တစ်ရက်စာအတွက် ဘ၀ကို ရုံးကန်နေရာကနေ နာရီနှစ်သန််းပေါင်းများစွာ ရလိုက်တဲ့သူတစ်ယောက် Dayton နှင့် New Greenwich ဆိုတဲ့ အချိန်ဇုံ၂ခုကြား…ဘာတွေ ဆက်လုပ်မလဲဆိုတာကို သည်းထိပ်ရင်ဖို ခပ်ကြမ်းကြမ်း Action တွေ ၊ အလန်းစားရိုက်ချက်တွေနဲ့ ကြည့်ရှု့ကြရမှာပါ ။ ( အညွှန်းရေးသားထားသူကတော့ Naing Aung Latt ပါ ) File size_(1.5GB)/(850MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:51:00 Genre_Action, Crime, Sci-Fi, Thriller Subtitle_Myanmar Subtitle (Hardsub) Encoder_Naing Aung Latt Translated by aungmyintoo

6.7 2011
In Time
Dopamine @ 2.22
6.5

Dopamine at 2:22 (2023) ” ဒိုပါမင်း (၂:၂၂)” IMDb – 7.1/10 ဒီရုပ်ရှင်မှာ မတူညီတဲ့လူနေမှုဘ၀တွေနဲ့ လူခြောက်ယောက်ရဲ့ဘ၀တွေကို အလှည့်ကျရိုက်ကူးတင်ဆက်ထားတာ မြင်တွေ့ရမှာပါ။ ကျွန်တော်တို့ကမ္ဘာကြီးက သဘာ၀တရားကြီးနဲ့အတူ ယဉ်ကျေးမှုတွေဖွံ့ဖြိုးတိုးတက်လာခဲ့တယ်။ ဖွံ့ဖြိုးလာတာနဲ့အမျှ မော်ဒန်ကမ္ဘာကြီးရယ်လို့ဖြစ်လာခဲ့တယ်။ မော်ဒန်ကမ္ဘာကြီးမှာ ဘာဖြစ်လာလဲဆိုတော့ ဆိုရှယ်မီဒီယာရဲ့လွှမ်းမိုးမှုကို ခံရမှန်းမသိခံရင်း နစ်မြုပ်တိုးဝင်နေကြလေရဲ့။ ရုပ်ရှင်နာမည်မှာပါတဲ့ ဒိုပါမင်းဆိုတာဘာလဲ။ဒိုပါမင်းဆိုတာ ကျွန်တော်တို့ဦးနှောက်တွေထဲမှာ လျှို့ဝှက်ထားတဲ့အရာတစ်ခုပေါ့။ ကိုယ်တိုင်စူးစိုက်အာရုံနှစ်မြုပ်ပြီး လုပ်နေတဲ့အရာတစ်ခု အောင်မြင်သွားပြီး အသိအမှတ်ပြုခံရတဲ့အခါတွေမှာဦးနှောက်ကနေ ဆုလာဘ်အနေနဲ့ထုတ်ပေးလိုက်တဲ့အရာလို့ပဲ ဆိုကြပါစို့။ ဒီတော့ အဲဒီအလုပ်ကိုထပ်ခါထပ်ခါနဲ့ လုပ်ချင်နေတဲ့စိတ် အောင်မြင်ချင်နေတဲ့စိတ် ဖြစ်ပေါ်စေတဲ့အရာ။အဲဒီအရာက ဒိုပါမင်းပေါ့။ ဒီရုပ်ရှင်မှာတော့ အဲဒီဒိုပါမင်းက နှစ်နာရီနှစ်ဆယ့်နှစ်မိနစ်အတိမှာ လူသတ်မှုဖြစ်ပေါ်စေမဲ့အရာဖြစ်လို့နေပါတော့တယ်။ မတူညီတဲ့ဇာတ်ကောင်တွေကို ချိတ်ဆက်ပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ဇာတ်အလှည့်အပြောင်းတွေကိုကြည့်ရှုရမှာမို့ အားပေးကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)

6.5 2024
Dopamine @ 2.22
The Platform 2
6.2

The Platform 2 (2024) 2019 ခုနှစ်တုန်းက ကမ္ဘာကျော်ခဲ့တဲ့ သိပ္ပံစိတ်ကူးယဉ် ဟော်ရာ ရုပ်ရှင် The Platform ရဲ့ အဆက် ဒုတိယရုပ်ရှင် ထွက်လာပါပြီ။ အဆက်ထွက်တဲ့ ရုပ်ရှင်တွေဟာ ပေါသွားတတ်တယ်ဆိုပေမဲ့ ဒီတစ်ခါမှာတော့ ပထမရုပ်ရှင်ကို ပိုပြီး ပြီးပြည့်စုံစေတဲ့ ဇာတ်လမ်းအနေနဲ့ထွက်ရှိလာပါပြီ။ ပထမကားဒါရိုက်တာဖြစ်တဲ့ Galder Gaztelu-Urrutia ပဲ ရိုက်ကူးထားတာပါ။ ဒုတိယကားဆိုပေမဲ့ Trimagasi နဲ့ Goreng တို့ရဲ့စကားအရ ပလက်ဖောင်း-၁ (၂၀၁၉) မစခင် ရှေ့နှစ်ပိုင်းကာလကို ရိုက်ကူးထားတယ်လို့ ယူဆရပါတယ်။ ဇာတ်လမ်းအကျဉ်း (၁ ရော ၂ ရော မကြည့်ရသေးတဲ့သူတွေ ဖတ်ဖို့ပါ) ဇာတ်လမ်းရဲ့ သဘောတရားကတော့ ထောင်တစ်ခုရှိတယ်။ ထောင်ထဲမှာ အကျဉ်းခန်းတွေကို တစ်ထပ်တစ်ခန်းဆီ မျှော်စင်ကြီးလိုတည်ဆောက်ထားတယ်။ နေ့တိုင်း အဲဒီ အထပ်တွေကို အပေါ်ဆုံးကနေ အောက်ဆုံးအထိ စားစရာတွေပါတဲ့ ပလက်ဖောင်းဆိုတဲ့ အခင်းပြားကြီးကို ချပေးတယ်။ တစ်ထပ်မှာ စားသောက်ချိန် မိနစ်ပိုင်းပဲရပြီး စားစရာတွေကို သိမ်းထားခွင့်လည်းမရှိဘူး။ ဒီတော့ အပေါ်ဆုံးကလူတွေက စားချင်တာတွေကို အားရပါးရစားတယ်။ အောက်ရောက်လေလေ ရွံစရာအကြွင်းအကျန်တွေပဲ ရှိလေလေပဲ။ အောက်ဆုံးထပ်ကလူတွေဆိုရင် ငတ်မွတ်ပြီး အချင်းချင်းပါ သတ်စားရတဲ့အခြေအနေဖြစ်လာတယ်။ ဒါပေမဲ့ ဒါက တသမတ်တည်းမဟုတ်ဘူး။ တစ်လကို တစ်ခါ အကျဉ်းသားတွေကို မေ့ဆေးပေးပြီး အထပ်တွေကို ကျပမ်းပြန်လဲပစ်တဲ့အတွက်၊ အပေါ်ဆုံးရောက်တဲ့လူတွေက အောက်ကလူတွေကို တဖန် အကျင့်ပြန်ယုတ်ပြီး သံသရာလည်နေတယ်။ ပထမရုပ်ရှင်မှာတော့ အဲဒီသံသရာကို ချိုးဖျက်ပြီး လူတွေအားလုံး တန်းတူစားနိုင်ဖို့ ကြိုးစားတဲ့လူတစ်ယောက်အကြောင်းနဲ့ လူတွေရဲ့ စိတ်ရိုင်းနဲ့ စရိုက်တွေကို ဖော်ပြထားတဲ့ ရုပ်ရှင်ကို ကြည့်ရမှာပါ။ ဒုတိယရုပ်ရှင်ကတော့ အဲဒီ ပထမဇာတ်လမ်းရဲ့ နောက်ဆက်တွဲတွေကို ရိုက်ကူးပြထားတာပါ။ The Platform 2 ဇာတ်လမ်းအကျဉ်း (၁ ကြည့်ပြီးသူများသာ ဖတ်ပါ) ဒီရုပ်ရှင်က ပထမဆုံး ရုပ်ရှင်ကို ဘာလို့ ပြီးပြည့်စုံသလဲဆိုရင် ပထမရုပ်ရှင်ကို ကြည့်ခဲ့တဲ့လူအားလုံးရဲ့ စိတ်ထဲက မေးခွန်းတွေကို ဖြေပေးလို့ပါပဲ။ လူတွေအကုန် မျှမျှတတစားကြမယ်ဆိုရင် ဘာဆက်ဖြစ်မလဲဆိုတာပေါ့။ ဒုတိယရုပ်ရှင်မှာတော့ ပထမဆုံးရုပ်ရှင်ရဲ့ မင်းသား ကြိုးစားခဲ့သလိုပဲ မျှတစွာစားသုံးရေး နည်းလမ်းကို ယုံကြည်သူတွေ ရှိနေပါတယ်။ သူတို့ကိုယ်သူတို့ သစ္စာရှင်တွေလို့ ခေါ်ကြတယ်။ အဲဒီလူတွေက ဒီနည်းလမ်းကို စပြီးဖော်ဆောင်ခဲ့တဲ့ ပရောဟိတ်ကို ဘုရားလို ကိုးကွယ်ပြီး ထောင်တစ်ခုလုံးကို ဥပဒေထုတ်ထားပါတယ်။ ကိုယ်မှာခဲ့တဲ့ အစားအစာပဲ စားရမယ်။ သူများဟာကိုမစားရဘူး။ သေသွားတဲ့လူဟာကိုတောင် မစားရဘူးစသဖြင့်ပေါ့။ စည်းကမ်းဖောက်တဲ့လူရှိရင်လည်း အပေါ်ထပ်တွေကနေ လူစုပြီး လာသတ်ကြတယ်။ ထောင်တစ်ခုလုံးကို တင်းကြပ်တဲ့စည်းကမ်းနဲ့ ထိန်းချုပ်ဖို့ကြိုးစားတယ်။ အဲဒီတော့ ထိန်းချုပ်မှုထဲမှာ ပါလာတဲ့ မတရားတာတွေ အစွန်းရောက်တာတွေကို မခံနိုင်တဲ့လူတွေက အရင်အတိုင်း နိုင်ရာစားအခြေအနေကို ပြန်သွားနိုင်ဖို့ တော်လှန်ကြပြန်တယ်။ ဒီရုပ်ရှင်ဟာ ကမ္ဘာပေါ်က နိုင်ငံရေးသဘောတရားမျိုးစုံ အားပြိုင်နေပုံနဲ့ ဘယ်သဘောတရားမဆို အစွန်းရောက်နေသရွေ့ လူဆိုတဲ့အမျိုးရဲ့ မကောင်းတဲ့သဘာဝတွေပါနေသရွေ့ ချို့ယွင်းချက်တွေရှိနေမှာပဲဆိုတာ မီးမောင်းထိုးပြထားသလိုပါပဲ။ (အားလုံးသေမှအေးမယ်) ပြီးတော့ ပလက်ဖောင်းထောင်ဟာ အဖြေမရှိတဲ့ ငရဲတွင်းတစ်ခုလိုပဲဆိုတာကို မြင်ရမှာပါ။ အဲဒီထက်ပိုပြီး မသိမသာ မက်ဆေ့ပေးချင်တာကတော့ အထပ်အရေအတွက်နဲ့ လူအရေအတွက်ပါပဲ။ ၃၃၃ ထပ်မှာ ၂ ယောက်စီ နေတာကြောင့် စုစုပေါင်း အကျဉ်းသား ၆၆၆ ယောက်ရှိပါတယ်။ ဒါဟာ ငရဲကို ကိုယ်စားပြုတဲ့နံပါတ်ပါပဲ။ ကျန်တဲ့မက်ဆေ့တွေကတော့ ကိုယ့်အတွေးနဲ့ကိုယ်တွေးရင် ဆက်ကြည့်လို့ရတာမို့ ကြည့်လိုက်ကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mr. Anderson မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.1GB, 655MB Quality – 1080p HEVC, 720p IMDb Rating – 6.2/10 Format – mp4 Duration – 1H 39Min Genre – Horror, Sci-Fi, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Mr. Anderson Encoded by Y

6.2 2024 101 mins
The Platform 2
Cash Out
5.5

မင်းသားကြီး John Travoltaရဲ့ ဘဏ်ဖောက်ကားတစ်ကားကို ထပ်မံရှုစားရဦးမှာဖြစ်ပါတယ်….။ ဒီဇာတ်ကားမှာတော့ မေဆန်(John Travolta)ဟာ နိုင်ငံတကာကအလိုရှိတဲ့နာမည်ကျော်သူခိုးဖြစ်ပြီး ခိုးဖို့အစီအစဥ်ချရာမှာ ကျွမ်းကျင်သူပါ…။ ဒီတစ်ခါလည်း ဘဏ်တိုက်ထဲကနေ crypto walletတစ်ခုကို ခိုးယူဖောက်ထွင်းဖို့ကြံစည်ပါတယ်…။ သူတို့မသိလိုက်တာ ဒီဖောက်ထွင်းမှုဟာ FBIဖက်က ထောက်ချောက်ဆင်ထားတာဖြစ်ပြီး သူတို့ဖောက်ထွင်းမယ့် ပစ္စည်းကလည်း ဟန်ပြသက်သက်ဖြစ်နေတဲ့အခါ….။ ဘဏ်ထဲမှာ ပိတ်မိနေတဲ့ ကျွမ်းကျင်သူခိုးအုပ်စုတစ်စုဟာ ရဲတွေလက်ကလွတ်အောင် ဘယ်လိုအကွက်ချပြီး လွတ်မြောက်လာမလဲဆိုတာကို ရှုစားရမယ့်ဇာတ်ကားလေးပဲ ဖြစ်ပါတယ်…။ File size…2.23GB /679MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 32m Genre ….. Action Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

Thriller • Drama • Action • Crime
5.5 2024 90 mins
Cash Out
Cornell’s Box
6.6

Cornell’s Box (2025) ******************** IMDb….. 6.6 လူတစ်ယောက်ရဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်မရှိမှု သိမ်ငယ်မှုတွေက သူ့ကို ဘယ်လောက်ထိ ဆွဲချသွားနိုင်လဲဆိုတာကို သည်းထိပ်ရင်ဖိုစွာနဲ့ ပဟေဠိဆန်ဆန် ကြည့်ရှုရမဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း- ငယ်စဉ်ကတည်းက ခင်မင်ရင်းနှီးခဲ့ကြတဲ့ ထယ်အီနဲ့ အွန်ဝူးဟာ ပန်းချီကို ချစ်မြတ်နိုးသူတွေဖြစ်ကြပြီး ယခုလက်ရှိမှာလည်း ပန်းချီပညာနဲ့ အသက်မွေးဝမ်းကျောင်းပြုဖို့ ကြိုးစားနေသူတွေပါ။ ဒါပေမဲ့လည်း အွန်ဝူးရဲ့ ပန်းချီလက်ရာတွေဟာ ထယ်အီ့ထက် အမြဲတမ်း သာလွန်နေခဲ့တာကြောင့် ထယ်အီဟာ အွန်ဝူးနဲ့ယှဉ်လိုက်ရင် သိမ်ငယ်နေခဲ့ရတာပေါ့။ တစ်ရက်… ထယ်အီ့ရဲ့ ရည်းစားဖြစ်သူ ယူဂျင်းဟာ ရုတ်တရက် မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့ပါတယ်။ ဒါကို လက်မခံနိုင်တဲ့ ထယ်အီနဲ့ ယူဂျင်းရဲ့ညီမဖြစ်သူ ယူရင်းတို့ဟာ ယူဂျင်းရဲ့ အဆုံးစီရင်ခဲ့ရတဲ့ အကြောင်းပြချက်နဲ့ အမှန်တရားကို အတူတူ လိုက်လံစုံစမ်းကြပါတော့တယ်။ သူတို့တွေ ဖော်ထုတ်လေလေ ယူဂျင်းရဲ့အတိတ်နဲ့ပက်သက်ပြီး ကိစ္စတွေဟာ ပိုပြီး နက်နဲလာခဲ့ပြီးတော့ အဆုံးမှာတော့ ဘယ်လိုအကြောင်းအရာတွေရှိနေမလဲဆိုတာကို လျှို့ဝှက်နက်နဲပြီး စိတ်ဝင်စားဖို့လည်း ကောင်းတာကြောင့် ကြည့်ရှုကြည့်ကြပါဦးနော်။ (ဇာတ်လမ်းအညွှန်းကိုတော့ Yati Naing မှ ‌ရေးသားထားပေးပါတယ်။) File Size : 1.15GB/ 550MB Quality : WEB-DL 1080p/ 720p Format…mp4 Duration…01:37:17 Genre : Thriller, Mystery, Horror, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Lai Laii, Yati Naing & Yee Wai Encoded by Tiff

Crime • Comedy • Action
6.6 2025
Cornell’s Box
Serial Rabbit One
4

Serial Rabbit One (2025) အီစတာနေ့ရောက်တိုင်း ရက်ရက်စက်စက် လူသတ်မှုတွေဖြစ်ပွားခဲ့တယ်။ လူသတ်သမားက ယုန်၀တ်စုံ‌၀တ်ထားပြီး နည်းမျိုးစုံနဲ့လူတွေအများကြီးကို သတ်ခဲ့တယ်။ ၃ နှစ်လုံး အီစတာနေ့မှာပဲသတ်ခဲ့ပေမဲ့ ၄ နှစ်မြောက်မှာတော့ ပြောင်းလဲသွားခဲ့ပြီး အီစတာနေ့မဟုတ်တဲ့နေ့မှာပါ လူသတ်မှုတွေရှိလာခဲ့တယ်။ နောက်ဆုံးမှာတော့ ကွင်းဆက်လူသတ်ယုန်ကို ဖမ်းမိခဲ့ပြီး သူသတ်ခဲ့တဲ့သူတွေ ၊ သူ့နောက်ခံငယ်ဘ၀ရယ်၊ သတ်ရတဲ့အကြောင်းရင်းကို စစ်မေးသွားပါမယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Su ဖြစ်ပါတယ်။) File size… (1.4 GB) / (650 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy, Horror Duration…. 01:21:42 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Su

Drama • Romance
4 2025 81 mins
Serial Rabbit One