YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Tell.Me.What.You.Saw.S01E02.1080p.CM.mp4

863.62 MB N/A video/mp4 900 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Pada
7.4

ဒီဇာတ်လမ်းလေးကတော့ ၁၉၆၆မှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံမှာ မြေယာတွေရဲ့ ဉပဒေကို ထိန်းချုပ်ခန့်ခွဲပြီး မြေယာအခွန်ကောက်ခံတဲ့ တရားဉပဒေပညာရှင်တွေရှိပါတယ်။ ၁၉၆၆မှာ အဲ့ဒီမြေယာခွန်ရှေ့နေတစ်ယောက်ရဲ့ရုံးခန်းထဲကို "Ayyankali Pada"တွေလို သူတိုကိုယ်သူတို ထုတ်ဖော်ပြောကြားတဲ့ လူငါးယောက် ဝင်လာပြီး ကယ်ရလာဉပဒေအဖွဲအစည်းက ပြင်ဆင်ချက်ထုတ်ခဲ့တဲ့ အာဒီဗာစီမြေယာအက်ဉပဒေကို ပယ်ဖျက်ပေးဖို တောင်းဆိုကြပါတယ်။ ဒါကို မြေယာခွန်ရှေ့နေက လက်မခံတဲ့နောက်မှာ သူတိုဟာ အဲ့လူကို ဓားစားခံအဖြစ် ဖမ်းဆီးလိုက်ကြပါတယ်။ သူတိုပြောတဲ့စကားကတော့ "ကျုပ်တိုက မတရားမှုကို စိန်ခေါပြီး ရင်ဆိုင်တိုက်ခိုက်တဲ့သူတွေပါ"တဲ့။ ဒီလူတွေဟာ ကြီးမားတဲ့တော်လှန်ရေးအတွက် ပြင်ဆင်နေကြတဲ့သူတွေပါ။ သူတိုရဲ့မြေ၊ သူတိုရဲ့တောအုပ်၊ သူတိုအိမ်ဖြစ်တဲ့ အာဒီဗာစီကို ထိပါးလာတဲ့ အစိုးရအာဏာပိုင်တွေကို ရင်ဆိုင်ပြီး မျက်လုံးတစ်လုံး၊ သွားတစ်ချောင်းပြန်လည်တောင်းဆိုဖို စိုင်းပြင်းနေကြတဲ့သူတွေပဲဖြစ်ပါတယ်။ ဘယ်သူမှ ကိုယ်ချစ်ရတဲ့အရာတစ်ခုကို ထိလာရင် သွေးမအေးနိုင်ကြပါဘူး။ ဒါက ကိုယ်တွေရဲ့မြေပါ။ ကိုယ်တွေရဲ့ အိမ်ပါ။ ရဲရဲတောက်နေတဲ့ ဒီလိုစိတ်ထားမျိုးနဲ့ အင်အားကြီးလို လက်ဝါးကြီးအုပ်တဲ့ အစိုးရကို ဘယ်လို တော်လှန် သွားမလဲဆိုတာကို ဒီကားလေးထဲမှာ ကြည့်ရမှာပဲဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာ နဂိုRatingမြင့်တာအပြင် အိဒ္ဒိယနိုင်ငံရဲ့ သတင်းစာတိုက်ဖြစ်တဲ့ The Times of Indiaရဲ့ Anna Mathews ဟာ ဒီရုပ်ရှင်ကို Rating ၄/၅ အထိ ပေးထားတဲ့ ကားလေးဖြစ်ပါတယ်။ ကြည့်ပြီးရင် နောင်တမရနိုင်မယ့် ဖြစ်ရပ်မှန်ဇာတ်လမ်းတွေထဲက တစ်ခုပါပဲ။ File size…2GB / 1GB Quality…1080p AMZ WEB DL  Malay AAC5.1CH / 720p Format…mp4 Duration….2h 10m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Guu Guu & Honeyey & Yate

Comedy • Drama • Romance
7.4 2022 125 mins
Pada
The Tunnel
5.8

ဒီတစ်ခါတင်ဆက်ပေးမဲ့ဇာတ်ကားလေးကတော့ Imdb 5.8ရရှိထားတဲ့ The Tunnelဆိုတဲ့ Horror, Thriller ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ Natasha Warnerဟာ Sydneyမြို့မှာနေတဲ့ သတင်းထောက်တစ်ယောက်ပါ။ တစ်နေ့မှာ အစိုးရဟာ Sydneyမြို့ရဲ့ မြေအောက်ဥမင်တွေအတွက် စီမံကိန်းတွေဆွဲပြီး လုပ်ဆောင်ချက်တွေကြေငြာပြီးမှ အမျိုးအမည်မသိအကြောင်းတစ်ခုခုကြောင့် ထိုအစီအစဉ်တွေအားလုံးကို ချက်ခြင်းဖျက်သိမ်းခဲ့ပါတယ်။ အစိုးရဟာ ဘာကြောင့်အဲဒီလိုလုပ်ခဲ့လဲဆိုတာကို Natashaဟာ အရမ်းသိချင်တဲ့အတွက် သူမရဲ့ အဖွဲ့နဲ့အတူတူ မြေအောက်ဥမင်တွေထဲကို အရဲစွန့်သွားဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ဘာအကြောင်းကြောင့် အစိုးရဟာ ထိုအစီအစဉ်တွေဖျက်သိမ်းခဲ့သလဲ၊ Natashaတို့ရော မြေအောက်ဥမင်တွေထဲမှာ ဘာတွေနဲ့တွေ့ရမလဲဆိုတာကို ထိတ်လန့်ဖွယ်ရာရိုက်ကူးထားတဲ့ ကားကောင်းတစ်ကားဖြစ်သောကြောင့် Horror, Thriller fanတွေ လက်မလွှတ်တမ်းကြည့်သင့်‌ကြောင်းပြောလိုက်ရပါတယ်ခင်ဗျာ Translated by Yurnero File size…(1.6 GB)/(877 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre… Horror, Thriller, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Yurnero

5.8 2011
The Tunnel
Armored

ကျည်ကာ ကုန်ကားကုမ္ပဏီကို အလုပ်ဝင်ခါစ စစ်သားဟောင်း တိုင် ဟာ မိဘနှစ်ပါးဆုံးပါးသွားပြီးနောက် တိုင်နဲ့ ညီဖြစ်သူ ဂျင်မီတို့ဟာအကြွေးတွေနဲ့ကျန်ခဲ့ပါတော့တယ်။ မိဘများမှ ဘဏ်တွင်အိမ်ကို အပေါင်ထားထားခဲ့ရာ ဘဏ်မှလည်း အိမ်ကိုသိမ်းမည့်အကြောင်း အကြောင်းကြားစာတွေလည်း အပို့ခံနေရပါတယ်။ ငွေကြေးအကျပ်အတည်း ရင်ဆိုင်နေရတုန်းမှာပဲ ရင်းနှီးတဲ့လုပ်ဖော်ကိုင်ဖက်တစ်ယောက်မှ သယ်ယူပို့ဆောင်ပေးရမယ့် ငွေ ၄၂မီလီယံကို ခိုးယူကြဖို့ အကြံပြုလာပါတော့တယ်။ တိုင်တစ်ယောက် ဒုစရိုက်မှုနဲ့ အသိဉာဏ်ကြားလွန်ဆွဲရင်း ဘယ်လိုဆုံးဖြတ်ချက်ချမလဲ။ ဒေါ်လာ ၄၂ မီလီယံခိုးယူမယ့် အစီအစဉ်ရော အောင်မြင်မှာလား။ လောဘဖုံးလွှမ်းသွားရင် လူတွေက ဆင်ခြင်တုံတရားနည်းသွားပုံတို့ကို သည်းထိပ်ရင်ဖိုရိုက်ကူးပြထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ File size…(1.4 GB)/(711 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:28:00 Genre…Action, Crime, Drma, Thriller, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Eunice

0 2009
Armored
LOL
4.4

LOL (2012) ========== ဒီဇာတ်လမ်းက ကျောင်းဖွင့်ဖွင့်ချင်းမှာ သူ့ကောင်လေးဆီက ဖောက်ပြန်ခံရတာကိုသိပြီး အသည်းကွဲနေတဲ့ Lola နဲ့ သူ့ကို တစ်ဖက်သတ်ချစ်နေတဲ့ အချစ်ဆုံးသူငယ်ချင်း Kyle ရဲ့ ကျောင်း သားအချစ်ဇာတ်လမ်းတစ်ပုဒ်ပါ။ ဒီကားထဲမှာ ဆယ်ကျော် သက်အချစ်အပြင် အချင်းချင်းမရည်ရွယ်ဘဲ ပြဿနာတွေတက် ရင်း ပြန်ပြေလည်အောင်ဖြေရှင်းကြတဲ့ Lola နဲ့သူ့အမေတို့လို မိသားစုအချစ်ကိုလည်း ဖော်ကျူးထားပါတယ်။ Lola နေရာမှာ သရုပ်ဆောင်ထားသူကတော့ Miley Cyrus ပဲ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Miley Cyrus ဖြစ်ပါတယ်) File Size……….(1.41 GB) / (552 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 37Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Drama, Romance Translator…….Miley Cyrus Encoder……….SWM

4.4 2012
LOL
Axone
6.9

Axone (2019) “အာစွန်း” IMDb – 6.9/10 အိန္ဒိယအရှေ့မြောက်ပိုင်းကနေ ပြောင်းလာတဲ့ သူငယ်ချင်းတစ်စု ဒေလီမှာ အခြေချဖို့ တိုက်ခန်းငှားပြီး စုနေကြတာပေါ့။ ဒီလိုနဲ့ သူတို့အဖွဲ့ထဲက မီနမ်က လက်ထပ်တော့မယ်ဆိုတော့ ကျန်တဲ့ သူငယ်ချင်းတစ်စုလည်း အိန္ဒိယမြောက်ပိုင်းရိုးရာဟင်းတစ်ခွက်ကို မင်္ဂလာအထိမ်းအမှတ်အနေနဲ့ ချက်ပြုတ်ဖို့ပြင်ဆင်ကြပါတော့တယ်။ ဖြစ်ချင်တော့ ဟင်းလျာမှာ မဖြစ်မနေပါရမယ့်အရာက အာစွန်းလို့ခေါ်တဲ့ ပဲငပိဖြစ်နေတော့ အနံ့ကပြင်းတဲ့အပြင် အပ်ဆနာနဲ့ ရှန်ဘီးတို့ကလည်း ဟင်းချက်ဆို ကြက်ဥတောင်တူးမယ့်သူတွေဖြစ်နေလေတော့ ချက်မယ့်လူကမရှိ၊ အိမ်ရှင်ကလည်း ပဲငပိဟင်းချက်ဖို့ကိုလက်မခံ၊ ချက်တတ်တဲ့သူက ချက်မယ့်နေရာကိုလာလို့မရနဲ့ လွဲပြီးရင်လွဲနေ၊ တစ်ဖက်ကလည်း မီနမ်ကလက်ထပ်မယ့်နေ့ကျမှ အလုပ်အင်တာဗျူးသွားနေရလို့ မရှိနေလေတော့…. သူငယ်ချင်းရဲ့ မင်္ဂလာပွဲမှာ မြောက်ပိုင်းအငွေ့အသက်လေးပါစေချင်တဲ့ အပ်ဆနာတို့တစ်သိုက် အာစွန်းနဲ့ဝက်သားဟင်းကို အဆင်ပြေပြေချက်ပြုတ်နိုင်မလားဆိုတာ ကြည့်ရှုခံစားလိုက်ရအောင်ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alex ~ BpL ~ V ~ Yunniတို့ပဲဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

Romance • Comedy • Drama • TV Movie
6.9 2019 96 mins
Axone
Fighter
6.9

Fighter (2024) WEB-DL ကြည်တောက်ရှင်း =========== Imdb6.9/10 အားလုံးပဲစောင့်မျှော်နေတဲ့ လက်ပွားမင်းသားရီသိက်ရိုရှန်နဲ့ အိန္ဒိယရဲ့တန်ကြေးအကြီးဆုံးမင်းသမီးစာရင်းဝင် ဒီပီကားပါဒူကွန်းတို့ရဲ့ အက်ရှင်ကားလေးကတော့ အကြည်ဗားရှင်း ထွက်လာပါပြီ…ရုံတင်ရက်တွေ အကြောင်းအမျိုးမျိုးကြောင့် နောက်ဆုတ်ခဲ့ရပေမယ့် ရုံတင်ချိန်မှာတော့ world wide ၃၃၇.၂ ကုဋေထိ အသားတင်ဝင်ငွေ အမြတ်ထွက်ခဲ့တဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။ CM Bollywood ပရိသတ်ကြီးကို တစ်ခုလောက်မေးပါရစေ တိုက်လေယာဉ်တွေ စတန့်ထွင်ပြီးမောင်းပြမယ်။ Ninja Kawaski ဆိုင်ကယ်ကြီးမှာ ဂျက်ဖိုက်တာဂျက်ကက်ကြီးဝတ်ပြီး စော်ကိုတင်ပြီး လျှောက်ပတ်မောင်းမယ်။ ပါဖြောင့်ရုပ်ချောမင်းသားရယ် အလန်းအချောမင်းသမီးတို့ ရေကူးဝတ်စုံလေးတွေဝတ်ပြီး အပန်းဖြေတဲ့အခန်းလေးလည်းပါမယ်။ အဲ့ဒါဘာဇာတ်ကားဖြစ်မလဲ…. ဟုတ်ပါတယ် တွမ်ခရုရဲ့ Top Gun ရုပ်ရှင်ပါပဲ အောင်မြင်လွန်းလို့ ဘိုးတော်အရွယ်ရောက်မှ နောက်တစ်ကားထပ်ထွက်လည်း ထပ်အောင်မြင်ပါသေးတယ်… အခုလက်ပွားဦးဆောင်ပါဝင်ထားတဲ့ကားကလည်း Top Gun ဘောလိဝုဒ်ဗားရှင်းပါပဲ အိန္ဒိယနဲ့ပါကစ္စတန် နှစ်နိုင်ငံကြားက မရိုးနိုင်တဲ့တိုက်ပွဲတွေကို အခြေခံလို့ ဇာတ်လမ်းဆင်ထားပါတယ်။ အိန္ဒိယလေတပ်က ဇွတ်တရွတ် တိုက်လေယာဉ်မှူးနဲ့ မင်းသမီးချောချောလေးနဲ့ အချစ်ဇာတ်လမ်း ဘာညာ အက်ရှင်အသားပေးတင်ဆက်ထားပါတယ်။ ဘောလိဝုဒ်အနေအထားနဲ့ဆို ရှယ်လန်းတဲ့ အက်ရှင်စွန့်စားခန်းတချို့ကို မြင်တွေ့ရမှာဖြစ်ပြီး မင်းသားရော မင်းသမီးရော ဇာတ်ရုပ်နဲ့ လိုက်ဖက်ညီတဲ့ ဝါရင့်သရုပ်ဆောင်တွေမလို့ bollywood ဖန်တွေ ကျေနပ်အားရမယ့်ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။ ကြည်တောက်ရှင်းဗားရှင်းလေးနဲ့ခံစားအားပေးကြပါဦး အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲ ဖြစ်ပါတယ် File size… 3.7 GB / 1.6 GB / 742 MB Quality… Web-DL 1080p / 720p / 480p Format… mp4 Duration…. 2h 46m Genre ….. Action/Adventure Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by CM Bollywood Team

6.9 2024
Fighter
Charisma
6.8

Charisma (1999) ~ IMDb – 6.8/10, Rotten Tomatoes – 76% ~ ထူးခြားတဲ့အပင်တစ်ပင်အတွက် တစ်တောလုံးကို သတ်ပစ်မလား။ တစ်တောလုံးကို ကယ်ဖို့အတွက် အဲဒီအပင်တစ်ပင်ကို သတ်ပစ်မလား။ နှစ်မျိုးစလုံးကို ကယ်မှာလား။ နှစ်မျိုးစလုံးကို ကယ်ဖို့လုပ်ရင်း နှစ်ခုလုံးက သေသွားတာဖြစ်နိုင်ပြန်ပါသေးတယ်။ ဒါမှမဟုတ် နှစ်မျိုးလုံးကို သတ်ပစ်လိုက်ပြီးတော့ အစသစ်တစ်ခုကို ဖန်တီးမှာလား။ ဒီလိုဝေခွဲရခက်တဲ့ မေးခွန်းတွေကို Charisma (1999) ဆိုတဲ့ ဇာတ်ကားလေးက မေးပြီးတော့ အဖြေတွေကို ဖြေပြသွားပါတယ်။ အပင်တွေရဲ့ ဂေဟစနစ်နဲ့ လူ့အဖွဲ့အစည်းကိုလည်း လှလှပပလေး ယှဉ်ပြီး ပြသွားပါသေးတယ်။ မှန်းဆမရတဲ့ လူ့သဘာဝနဲ့ မတူတဲ့ ယုံကြည်မှုရှိတဲ့သူတွေ၊ မတူတဲ့ အဖြေတစ်ခုစီ ရှိနေကြတဲ့ လူတွေရဲ့ ပဋိပက္ခတွေ စတဲ့ အဖြေရှာမရတဲ့ ပြဿနာတွေကို အဓိကဇာတ်ကောင်က ဖြေရှင်းသွားတဲ့ပုံကတော့ ရွဲ့တယ်ပဲ ထင်ရမလား၊ အဲဒါကပဲ တကယ့်အဖြေဖြစ်နေမလား၊ ဒါမှမဟုတ် ဇာတ်ညွှန်းရေးဆရာရဲ့ ယုံကြည်မှု ဒါမှမဟုတ် နောက်ထပ် အဖြေတစ်ခုပဲလားတော့ ကျွန်တော်လည်း မသိတော့ပါဘူး။ ဂျပန် Psychological Horror လောကကို အပြောင်းအလဲတစ်ခုဖြစ်အောင် လုပ်နိုင်ခဲ့တဲ့ Cure ဇာတ်ကားရဲ့ ပဲ့ကိုင်ရှင် ဒါရိုက်တာ Kiyoshi Kurosawa ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းတစ်ကားပေါ့။ ခိရိုရှိကူရိုဆာဝါဟာ ခိုဂျိနဲ့တွဲရိုက်တဲ့ သူ့မာစတာပိစ်ရုပ်ရှင်ဖြစ်တဲ့ Cure နဲ့ နိုင်ငံတကာမှာ အောင်မြင်မှုရပြီးနောက်ပိုင်းမှာ Perfect Days နဲ့ခုနောက်ပိုင်း ဒီကလူတွေတော်တော်သိလာတဲ့ ခိုဂျိနဲ့ပဲ Charisma နဲ့ Pulse ကို ဆက်ရိုက်ခဲ့တယ်။ ဒီနှစ်ကားကလည်း Cure လိုပဲ ဂျပန်ဟော်ရာရုပ်ရှင်တွေရဲ့ မှတ်တိုင်တစ်ခုဖြစ်ခဲ့တယ်။ ဟော်ရာနဲ့ပတ်သက်ရင် အခုနောက်ဆုံးထွက်တဲ့ Chime မှာ ဘာမှမပါဘဲကို ရိုက်ပြနိုင်တဲ့ အမြင့်ဆုံးအဆင့်လို့ပြောလို့ရတဲ့ အဆင့်ကိုရောက်သွားပြီဆိုတော့ ဒီအစောပိုင်းကားတွေမှာ ဘယ်လိုလက်စွမ်းပြထားမလဲ ကြည့်ကြသင့်တဲ့ ရုပ်ရှင်ပါပဲ။ ဂျပန်ဟော်ရာနဲ့ပတ်သက်ရင် Kiyoshi Kurosawa ကတော့ ခင်ဗျားကို ဘယ်တော့မှ စိတ်ပျက်စေမှာမဟုတ်ဘူး။ (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.3GB, 980MB Quality – 1080p, 720p IMDb Rating – 6.8/10 Format – mp4 Duration – 1H 44Min Genre – Drama, Mystery Subtitle – Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

6.8 1999
Charisma
The Seed of the Sacred Fig
7.8

The Seed of the Sacred Fig (2024) IMDb Rating (7.8) / Rotten Tomatoes (93%) ဘာသာရေးကိုင်းရှိုင်းပြီးရိုးသားတဲ့ရှေ့နေတစ်ယောက်ဖြစ်တဲ့ အီမန်ဟာ ဇနီးဖြစ်သူ နက်ဂျ်မား၊ သမီးနှစ်ဦးတို့နဲ့အတူနေထိုင်ပါတယ်။ လတ်တလောမှာတော့ အီမန်ကို တီဟရန်ကအထူးတရားရုံးမှာ စုံစမ်းစစ်ဆေးရေးတရားသူကြီးအဖြစ်ရာထူးတိုးမြှင့်ခံထားရတဲ့အတွက် လစာပိုကောင်းလာမှာဖြစ်သလို သူတို့မိသားစုအတွက် တိုက်ခန်းကျယ်တစ်ခုလည်းရမှာဖြစ်တဲ့အတွက် တစ်မိသားစုလုံးဝမ်းသာပျော်ရွှင်နေကြတဲ့အချိန်ပါ။ အဲ့ဒီအချိန်မှာပဲ မာဆာအာမီနီ ဆိုတဲ့ ၂၂ နှစ်အရွယ်အီရန် ကာ့ဒ်အနွယ်ဖွားမိန်းကလေးတစ်ယောက်ဟာ ဟီဂျပ်ဘ်ကောင်းကောင်းမခြုံလို့ဆိုတဲ့အမှုနဲ့ ဘာသာရေးရဲတွေက ဖမ်းဆီးစစ်ဆေးနေစဉ်မှာသေဆုံးသွားတဲ့ဖြစ်စဉ် ဖြစ်သွားခဲ့ပါတယ်။ အဲ့ဒီဖြစ်ရပ်ကတစ်ဆင့် နိုင်ငံအနှံ့ဆန္ဒပြပွဲတွေဖြစ်ပေါ်လာခဲ့ပြီး အီမန်ရဲ့သမီးကြီးဖြစ်သူ ရေ့ဇ်ဗန်းရဲ့ သူငယ်ချင်းတစ်ဦးလည်းဖမ်းဆီးခံလိုက်ရပါတယ်။ ဒီဖြစ်စဉ်တွေအပေါ် အီမန်နဲ့နက်ဂျ်မားကအုပ်ချုပ်သူတွေ၊ စည်းမျဉ်းစည်းကမ်းတွေကသာ အမှန်လို့ယူဆပြီး သမီးနှစ်ဦးကတော့ သူတို့နဲ့ဆန့်ကျင်ဘက်အမြင်ဖြစ်ပြီးသဘောထားကွဲလွဲခဲ့ကြပါတယ်။ ဒါတွေဟာ တည်ငြိမ်အေးချမ်းတဲ့ သူတို့မိသားစုအတွက် ရင်ဆိုင်ရမယ့် မုန်တိုင်းရဲ့အစပဲရှိပါသေးတယ်။ The Seed of the Sacred Fig ဟာ ရုပ်ရှင်ပွဲတော်တွေမှာအောင်ပွဲခံနေကျ အီရန်ကားတွေရဲ့ဖန်တီးရှင် Mohammad Rasoulof ရဲ့လက်ရာဖြစ်ပြီး သူ့အတွက်နောက်ထပ်ဂန္ဓဝင်ကားကောင်းတစ်ခုဖြစ်လာမှာပါ။ ၂၀၂၄ အော်စကာဆုအတွက်လည်း German entry အဖြစ်ရွေးချယ်ခံထားရပါတယ်…ရှုစားကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(1.4 GB) / (730 MB) Quality….WEB-DL 1080p HEVC /720p Format…. mkv/mp4 Genre….Crime, Drama, Thriller Duration….02:47:08 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Alias

7.8 2024 167 mins
The Seed of the Sacred Fig
Keshava Chandra Ramavath (KCR)
7.4

KCR(2024) ယုံကြည်ရာဆီသို့ သန်ဒါဆိုတဲ့ရွာလေးမှာ ကီရှာဗာဆိုတဲ့ ကလေးလေးဟာ သူ့မိသားစုနဲ့အတူ ပျော်ရွှင်နွေးထွေးစွာရှိနေတာပါ။ အဖေရယ်၊ အမေရယ်၊ အဘွားရယ်ဟာ သူ့ကို တစ်ဦးတည်း‌သောသား‌လေးရယ်ဆိုပြီး တုန်နေအောင်အချစ်ခံရသူပေါ့။ တောရွာလေးတွေရဲ့ထုံးစံအတိုင်းသူ့ဖခင်ဟာ ဆိတ်ကျောင်းရင်းအသက်မွေးရသူမို့ ငွေကြေးအရာမှာတော့မတတ်နိုင်ရှာကြပါဘူး။ တစ်နေ့သူ့အမေက ချောင်းအလွန်ဆိုးနေတဲ့အတွက် ဆေးခန်းပြဖို့ရာ သူတို့အဘွားရဲ့နားကပ်ကိုရောင်းရဖို့ဖြစ်လာပါတော့တယ်။ ဒီလိုနဲ့စာမဖတ်တတ်တဲ့သူ့ဖခင်ကို ကီရှာဗာက ဦးဆောင်ခေါ်သွားရင်း လမ်းကဆိုင်းဘုတ်တွေလည်း သူပဲဖတ်ပြလာပါတယ်။ ဘဏ်ကိုရောက်သွားတဲ့အခါမှာတော့ သူ့အဘွားရဲ့နားကပ်ဟာ သူတို့တစ်ခါမှတောင်မမြင်ဖူးတဲ့ပစ္စည်းပါဆိုပြီး အပေါင်မရခဲ့ဘဲ ငွေပဲချေးခဲ့ရပါတော့တယ်။ အပြန်လမ်းမှာ ကီ‌ရှာဗာလေးဟာ ဗိုက်အလွန်ဆာလို့ ဆိုင်ကြီးတစ်ဆိုင်ထဲ သားအဖနှစ်ယောက်ဝင်ထိုင်ရုံရှိသေး ဝတ်စားထားတာနွမ်းနေလို့ပါဆိုပြီး နှင်ထုတ်ခံရပြန်ပါတယ်။ အဲဒီလိုနဲ့ တွန်းလှည်းလေးနဲ့ရောင်းတဲ့မုန့်ကိုသားအဖနှစ်ယောက်စားနေရင်း လမ်းဘေးတစ််နေရာ တီဗွီကနေ သူတို့ဘဝတွေကိုပြောင်းလဲပေးပါမယ်ဆိုတဲ့ KCR အမည်ရှိ လူတစ်ယောက်ရဲ့မိန့်ခွန်းပြောနေသံကို တွေ့မြင်ကြားသိခဲ့ရပါတယ်။ သူတို့ရဲ့ဘဝဟာဘာတွေဖြစ်လို့ပြောင်းလဲချင်နေရပါသလဲဆိုရင်တော့ အိမ်နားကဦးလေးဟာ ဘဏ်ကြွေးတွေမဆပ်နိုင်လို့ စိတ်ဖိအားများကာ သေသွားရတာ၊ လယ်ကွင်းထဲရေလွှတ်ရင်း မြွေကိုက်လို့သေသွားရတာ၊ ကိုယ်ဝန်ဆောင်သည်အမျိုးသမီးတစ်ယောက် ဆေးရုံသွားမယ့်လမ်းမှာ လမ်းဆိုးလွန်းလို့သေသွားရတာ စသည်ဖြင့် အများကြီးပါပဲ။ ကီရှာ‌ဗာလေးဟာ အဲဒီနေ့ကစပြီး KCR ရဲ့မိန့်ခွန်းတွေနားထောင်ပြီး လေးစားအားကျစိတ်အပြည့်နဲ့ ပါးစပ်ကမချ ဖြစ်သွားပါတော့တယ်။ တစ်ဖက်မှာလည်း ကီရှာဗာဟာ သူ့ကိုအချစ်လေးလို့ချစ်စနိုးခေါ်ပြီး အရိပ်တကြည့်ကြည့်နဲ့ဘေးမှာရှိနေပေးတဲ့ မန်ဂျူဆိုတဲ့ကလေးမလေးဆီကလည်းဂရုစိုက်ခံရလေရဲ့။ ကီရှာဗာကရှေ့ဆက် သူတို့ရွာကိုဘယ်လိုပြောင်းလဲဦးဆောင်မှာလဲ သူ့မိသားစုတွေ‌ကရော ဘယ်လိုတားဆီးပိတ်ပင်မလဲ ထောက်ပံ့အားပေးမလဲ မန်ဂျူကရော ဘေးကနေဘယ်လိုပါရမီဖြည့်ပေးမှာလဲ ဆိုတာ ကြည့်ရှူခံစားပေးကြပါဦး။ အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်

History • Drama
7.4 2024 133 mins
Keshava Chandra Ramavath (KCR)
Along with the Gods 2: The Last 49 Days
7.1

Along with the Gods 2: The Last 49 Days (2018) ********************************************** IMDb….. 7.1 ဒီတစ်ခေါက် တင်‌ဆက်ပေးသွားမှာကတော့ 2018 တုန်းက ထွက်ရှိခဲ့ပြီး လူကြိုက်များခဲ့တဲ့ Fantasy အက်ရှင်ဒရမ်မာကားလေးဖြစ်ပြီး ပရိသတ်နဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ သရုပ်ဆောင် Ha Jung Woo, Ju Ji Hoon, Kim Hyang Gi, Ma Dong Seok, Kim Dong Wook နဲ့ Lee Jung Jae တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း ဒီတစ်ခါမှာတော့ သေမင်းတမန် Kang Rim၊ လုံခြုံရေး တာဝန်ခံသေမင်းတမန် Hae Won Maek၊ လက်ထောက်ရှေ့နေမလေး Deok Chun တို့ သေမင်းတမန် ၃ ပါးက မီးသတ်သမားလေး ဂျာဟုန်းရဲ့ ညီဖြစ်သူ တပ်ကြပ် ဆူဟုန်းရဲ့ တရားခွင်မှာ ပါဝင်ဖို့ဖြစ်လာခဲ့ပြီး တရားခွင်ကို ကျင်းပဖို့အတွက် ၄၉ ရက်အတွင်းမှာ အိမ်စောင့်နတ် ကာကွယ်စောင့်ရှောက်ပေးနေတဲ့ အဘိုးအိုရဲ့ ဝိညာဉ်ကို ခေါ်လာဖို့ သေမင်းတမန် ၃ ပါးဆီ တာဝန်ပေးခံရပါတော့တယ်။ Hae Won Maek နဲ့ Deok Chun တို့က အဘိုးအိုကို ခေါ်ဖို့အတွက် လူ့လောကကို ဆင်းသက်လာရင်း အိမ်စောင့်နတ်နဲ့ တွေ့ဆုံခဲ့ပြီးနောက် အဲဒီအိမ်စောင့်နတ်က သူတို့ မေ့ပျောက်နေတဲ့ သူတို့ရဲ့ အတိတ်ဘဝအကြောင်းအရာတွေကို သိရှိနေတာကိုပါ သိလိုက်ရတဲ့အခါမှာတော့.. သေမင်းတမန် ၃ ပါးက လက်ရှိမျက်မှောက်ကမ္ဘာ၊ အနာဂတ်ကမ္ဘာ၊ အတိတ်ကမ္ဘာတို့ကြား ခရီးဆက်ရင်း သူတို့ရဲ့ လျှို့ဝှက်ချက်ကို ရှာဖွေကာ Soo Hong ရဲ့ အပြစ်ကင်းစင်မှုကို သက်သေပြဖို့အတွက် ဘယ်လိုတွေကြိုးစားပြီး ကာကွယ်ဖြေရှင်းပေးသွားမလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းကိုတော့ May Thet မှ ရေးသားပေးထားပါတယ်။) File Size : 2.50GB/ 1.13GB Quality : Blu-Ray 1080p 5.1 CH/720p Format…mp4 Duration…02:19:00 Genre : Action, Drama, Fantasy Subtitle : Myanmar Subtitle (Hard Sub) Translated by Thinn, May Thet, ToeToe Aung & Hazelle Encoded by Tiff

Drama • History • Crime
7.1 2018 141 mins
Along with the Gods 2: The Last 49 Days
Now It’s My Turn

အချစ်ရဲ့ စေရာ ============ Reset to Rememberထဲမှာ အတွဲညီခဲ့တဲ့ Meenနဲ့ Ameeတို့ရဲ့ နောက်ထပ် GL Series လေး ထွက်ရှိလို့လာပါပြီ။ ဖိုက်ဆိုတဲ့ကောင်မလေးဟာ နပ်ဒေါင်ဆိုတဲ့ ကောင်မလေးကို ကျောင်းတက်စဉ်အရွယ်ကတည်းက ချစ်မြတ်နိုးခဲ့ပြီး သူ့အချစ်ကို ရဖို့အတွက် ကြိုးစားခဲ့သူတစ်ယောက်ပါ။ ကျောင်းတွေပြီးသွားလို့ ဖိုက်နဲ့ နပ်ဒေါင်တို့၂ယောက် ဝေးခဲ့ကြပေမယ့်လည်း ၂နှစ်ကြာပြီးတဲ့အချိန်မှာတော့ မန်နေဂျာနဲ့ အတွင်းရေးမှူးအဖြစ် ပြန်လည်တွေ့ဆုံခဲ့ကြပါတော့တယ်။ ငယ်စဉ်အရွယ်ကတည်းက ချစ်ခဲ့ပြီး ယခုထိတိုင် အချစ်မလျော့ခဲ့တဲ့ မမ ဖိုက်ကတော့ ဒီအခွင့်အရေးကို အသုံးချပြီး နပ်ဒေါင်ရဲ့ အချစ်ကို ပြန်ရနိုင်ဖို့အတွက်ကြိုးစားပါတော့တယ်။ သို့ပေမယ့်လည်း အချိန်တွေ ကြာတဲ့အထိ နပ်ဒေါင်ရဲ့ အချစ်ကို ကြိုးစားရင်း မရတဲ့အခါမှာတော့ မန်နေဂျာမမဖိုက်တစ်ယောက် လက်လျှော့ချင်လာပါတော့တယ်။ ဒီလိုအချိန်ရောက်ခါမှ နပ်ဒေါင်တစ်ယောက် ဖိုက်ကို ချစ်မိသွားပြီဆိုတာ သိလိုက်ရတဲ့အခါ သူ ငြင်းလွှတ်ခဲ့တဲ့ ဖိုက်ကို ပြန်ပြီး လိုက်ဖို့အတွက် ပြန်ကြိုးစားရပါတော့တယ် ကဲဒီလိုနဲ့ မန်နေဂျာမမဖိုက်နဲ့ အတွင်းရေးမှူးမလေး နပ်ဒေါင်တို့နှစ်ယောက် ဘယ်လိုတွေ ချစ်ပြ ရိုပြကြမလဲဆိုတာကိုတော့ ဒီကားလေးထဲမှာ ဆက်လက်ကြည့်ရှုပေးကြပါဦးရှင့်။ File size…(2.3 GB)/(1.1 GB) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:48:00 Genre… Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by CharOu & KIM

Drama • Romance
0 2025
Now It’s My Turn
Zhongkui: Snow Girl and the Dark Crystal
5.3

Zhongkui: Snow Girl and the Dark Crystal (2015) တရုတ်ရှေးဟောင်း စိတ်ကူးယဉ်သိုင်းကားနှစ်သက်သူတွေ မြည်းစမ်းကြည့်နိုင်ဖို့အတွက် အကယ်ဒမီဆုရ ဒါရိုက်တာပီတာပေါင်း ရိုက်ကူးထားတဲ့ဇာတ်ကားလေးကိုတင်ဆက်လိုက်ပါတယ်။ မကောင်းဆိုးဝါးမိစ္ဆာတွေကိုနှိမ်နင်းသူဖြစ်တဲ့ ဒဏ္ဍာရီထဲက သူရဲကောင်းကျုံးကွေဟာ လျှို့ဝှက်ဆန်းကြယ်တဲ့စွမ်းအင်ရှိသူဖြစ်ပြီး ကောင်းကင်ဘုံနဲ့ငရဲမှာ တစ်ပြိုင်နက်တိုက်ခိုက်ရင်း လူသားတွေနဲ့ သူချစ်ရတဲ့မိန်းကလေးကို ကယ်ဆယ်ပုံကို ဇာတ်အိမ်တည် ရိုက်ကူးထားတာပါ။ တရုတ်ဒဏ္ဍာရီ ဇာတ်လမ်းတွေရဲ့ ထုံးစံအတိုင်း ဒီဇာတ်လမ်းမှာလည်း နတ်သမီးတွေ၊ မကောင်းဆိုးဝါးတွေနဲ့ လူတွေအတူတကွ အေးအေးချမ်းချမ်း နေလို့မရတဲ့စကြဝဠာကြီးနဲ့ စတင်ထားပါတယ်။ ထောင်စုနှစ်တွေ ဖြတ်သန်းပြီးတိုင်းမှာ မကောင်း ဆိုးဝါးတွေကလည်း လူသားတွေအဖြစ် ပြန်ဝင်စားသလို အဆင့်မြင့်သွားတာတွေလည်းရှိတာကြောင့် မိုးနတ်မင်းဟာဆိုရင် ငရဲပြည်က မကောင်းဆိုးဝါးတွေ လွတ်လာမှာအလွန်စိုးရိမ်နေခဲ့ပါတယ်။ နတ်ဘုရား ကျန်ဒေါင်ရှန်ဟာ မိစ္ဆာရန်က ကာကွယ်နိုင်ဖို့အတွက် သူ့တပည့်ဖြစ်တဲ့ ကျုံးကွေကို မကောင်းဆိုးဝါးတွေ ရဲ့ဝိညာဉ်တွေသိမ်းဆည်းတဲ့ ငရဲပြည်ကနေ အနက်ရောင် သလင်းကျောက်ကို ယူဆောင်စေခဲ့ပါတယ်။ တစ်ကိုယ်တည်းသမားကျုံးဟာ မိစ္ဆာတွေနဲ့မကောင်းမှုမှန်သမျှ ဖယ်ရှားရှင်းလင်းသူ တစ်ယောက်ဖြစ်တာကြောင့် သူ့ဆရာ ရဲ့ စေခိုင်းချက် အတိုင်းလုပ်ဆောင်ခဲ့ပါတယ်။ မကောင်းဆိုးဝါး ဘုရင်က ဟူမြို့တော်ကို အေးခဲသွားအောင် လုပ်ဖို့ အတွက် နှင်းမင်းသမီးကိုခိုင်းစေခဲ့ပါတယ်။ နှင်းမင်းသမီးနဲ့ မကောင်းဆိုးဝါးတွေဟာ ပါရှင်းအကအဖွဲ့ ယောင်ဆောင်ပြီး ဟူမြို့တော်ထဲဝင်ခဲ့ပြီး ပျောက်ဆုံးသွားတဲ့ ကျုံးရဲ့ချစ်သူလို့ ထင်မှတ်အောင်လည်း ညှို့ယူခဲ့ပါတယ်။ ဒီဇာတ်လမ်းက စိတ်ကူးယဉ် လျှို့ဝှက်ဆန်းကြယ် ဇာတ်ကားဖြစ်လို့ အထူးပြုလုပ်ချက်တွေ အလွန်အကျွံသုံးထားတာကြောင့် ကြည့်ရတာတစ်မျိုးဖြစ်နေပေမယ့်လည်း အတိုက်အခိုက် ဇာတ်ကွက်လေးတွေကတော့ ကြည့်ကောင်းပါတယ်။ အကအဖွဲ့ကိုယုံလွယ်မိတဲ့ လူသားတွေကို မိစ္ဆာတွေက ဘယ်လိုဒုက္ခပေးဦးမှာလဲ။ မိစ္ဆာတွေကို နှိမ်နင်းတဲ့ကျုံးကွေတစ်ယောက် သူချစ်ရတဲ့ နှင်းမင်းသမီးနဲ့ ဆုံစည်းခွင့်ရမလားဆိုတာ ကြည့်လိုက်ကြဦးနော်။ ဒီဇာတ်ကားမှာ မြန်မာပရိသတ်တွေနဲ့ မစိမ်းတဲ့ မင်းသမီးလီပင်းပင်းက နှင်းမင်းသမီးအဖြစ်သရုပ်ဆောင်ထားပြီး သူရဲကောင်း ကျုံးကွေအဖြစ် မင်းသားချန်ကွန်းက သရုပ်ဆောင်ထားပါတယ်။

Comedy • Drama • Romance
5.3 2015 118 mins
Zhongkui: Snow Girl and the Dark Crystal
One Piece Film: GOLD
7.1

One Piece Film: Gold (2016) ———————————– IMDB – 7.1/10, MyAnimeList – 7.8/10 One Piece Movies တွေထဲမှာ ၁၃ ကားမြောက်ဖြစ်ပြီး Runtime အရှည်ဆုံး ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းသဘောအရတော့ Dressrosa Arc အပြီးကာလဝန်းကျင် ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ဘယ်လိုနေနေပါ Movie တွေအကုန်လုံးက Non-canon ဖြစ်တဲ့အတွက် အေးဆေးကြည့်လို့ရပါတယ်။ Non-canon ဆိုလို့ အထင်တော့ မသေးလိုက်နဲ့ဗျာ ဇာတ်လမ်းဇာတ်အိမ်ကလည်း မိုက်တဲ့အပြင် Villain ကောင်တွေကလည်း Awaken ဖြစ်နေပြီးသား ဆရာကြီးဆိုတော့ အသေအကျေ တိုက်ခိုက်တာတွေ ကြည့်ရဖို့သာ ပြင်ထား။ ဒီကားမှာ တစ်ခုသဘောကျမိတာလေးက ခါတိုင်းလို သာမန် Adventure အပြင် Ocean Eleven တို့လို Money Heist တာလေးတွေ MI ရုပ်ရှင်တွေလို ပလန်လေးတွေချ အဖွဲ့ကိုယ်စီ Mission လုပ်တာလေးတွေက တော်တော်မိုက်တယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ဆရာ Luffy တို့ တစ်သိုက် ကမ္ဘာ့နံပါတ် ၁ ဖျော်ဖြေရေးဆိုတဲ့ ဧရာမ Gran Tesoro ဆိုတဲ့ကျွန်းပေါ်ကို ရောက်လာရာက စတယ်။ တစ်ကျွန်းလုံးက တကယ်တမ်း ဧရာမသင်္ဘောကြီးတစ်ခု နောက်ပြီး အကုန်လုံးကို ရွှေတွေနဲ့ ဖန်တီးပြုလုပ်ထားတာ။ ထုံးစံအတိုင်း အသစ်အဆန်းဆို မျက်လုံးတွေ အရောင်တောက်ပြီး ဘာကိုမှ မမြင်တော့တဲ့ ဆရာသမားတွေကို ကျွန်းပေါ်က ပိုင်ရှင်အဖွဲ့ကနေ VIP ဧည့်သည်တွေပါ ဧည့်ခံပါမယ် ငွေတွေလည်း ချေးပါမယ်ဆိုပြီး ကာစီနိုတွေ လောင်းကစားတွေ ကစားခိုင်းရာကနေ ငလူဖီတို့အုပ်လိုက် ခွေးဖြစ်ကြမှာရယ်။ နောက်ကွယ်က ကျွန်းပိုင်ရှင်က ဘယ်သူလဲ၊ တကယ့်အဖြစ်မှန်တွေကရော ဘာလဲ၊ ကမ္ဘာ့အစိုးရနဲ့ရော ဘယ်လိုတွေပတ်သက်ပြီး ဘယ်လိုအကွက်တွေရွှေ့နေတာကို Luffy တို့နဲ့ တွေ့မှ ဘာသောက်တလွဲတွေဖြစ်ပြီး ရေကုန်ရေခမ်း တိုက်ခိုက်ရတဲ့အထိ ဖြစ်လာမလဲဆိုတာကို Nami ရဲ့ ဉာဏ်ကစားမှုတွေ အသားပေးပြီး Twist ကလေးတွေနဲ့ တဖြည်းဖြည်း ဆွဲခေါ်သွားလို့ ၂ နာရီကုန်လို့ကုန်မှန်းတောင် မသိလိုက်ရမယ့် OP တစ်ကား ဖြစ်လို့ မကြည့်ရသေးရင် အပြေးကြည့်လိုက်ကြပါဦးလို့…။ (အညွန်းနဲ့ ဘာသာပြန်ကတော့ Thura Aung ဖြစ်ပါတယ်) File size… 2 GB / 1 GB Quality… Blu-ray 1080p / 720p Format… mp4 Duration…. 2h 04m Genre ….. Animation, Adventure, Action Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Thura Aung

Comedy
7.1 2016 120 mins
One Piece Film: GOLD