YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Tell Me That You Love Me(2023)EP1.WEB-DL.720P(CM).mp4

337.8 MB N/A video/mp4 294 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Kissable Lips
1

ဒီကားလေးက blကိုမှ သွေးစုပ်ဖုတ်ကောင်နဲ့သွေးသန့်လူသားတို့ရဲ့အချစ်ဇာတ်လမ်းလေး wpတွေမှာ အရမ်းစိတ်ကူးယဥ်ပြီးရေးဖူးတာတွေတွေ့မှာပါ ဒီကားလေးကလည်းအဲ့လိုပါပဲ။ "ချန်ရစ်ခဲ့သူနဲ့ကျန်ရစ်ခဲ့သူတွေမှာ အခံစားရဆုံးက ကျန်ရစ်ခဲ့သူတွေ" လို့ ပြောကြတယ် အဲ့ထဲမှာမှ ကိုယ့်ကြောင့်ချစ်ရတဲ့သူက ထွက်သွားရတာဆို လုံးဝဖြေမဆည်နိုင်အောင်ပါပဲ ဇာတ်လမ်းလေးထဲမှာလည်း ဂျန်ဟိုဆိုတဲ့သွေးစုပ်ဖုတ်ကောင်ဟာ သူ့စိတ်မထိန်းနိုင်မှုကြောင့် သူ့ချစ်သူဒိုဟွန်းကိုဆုံးရှုံးခဲ့ရပါတယ် ပိုဆိုးတာက သူတို့သွေးစုပ်ဖုတ်ကောင်တွေမှာလဲ စည်းမျဥ်းတွေရှိနေတာပါပဲ လူသား (သို့မဟုတ်) မျိုးတူအချင်းချင်းကိုသတ်မိရင် အဲ့ဒီသွေးစုပ်ဖုတ်ကောင်ဟာ ၁၀ နှစ်အတွင်းပျောက်ကွယ်သွားမှာပါ ခုလည်းချစ်သူလူသားကိုသတ်မိတဲ့ ဂျန်ဟိုဟာ ပျောက်ကွယ်ဖို့အချိန်နီးကပ်လာပါတော့တယ် ဒါပေမဲ့ ရှင်သန်ချင်ရင် နည်းလမ်းမရှိတာတော့ မဟုတ်ပါဘူး အဲ့ဒါကတော့ သွေးသန့်လူသားကို ရှာပြီးသူ့သွေးကိုစုပ်ရမှာပါ သွေးသန့်လူသားကလည်း ရာစုနှစ်တစ်ခုကြာမှတစ်ယောက်ပဲမွေးဖွားပါတယ် လူသားဖြစ်ဖို့နည်းလမ်းရှာနေတဲ့ဂျန်ဟိုတစ်ယောက် သွေးသန့်လူသားချွဲမင်ဟျွန်းကိုတွေ့တဲ့အခါမှာ ဘာတွေဆက်ဖြစ်မလဲ ဘယ်လိုကြိုးစားမလဲ စိတ်ဝင်စားစရာလေးမို့ကြည့်ကြည့်ပါနော် ပြီးတော့ uke လေးရော seme လေးရောအရမ်းချောတာမို့ ကြည့်ရတာတန်ပါတယ်ရှင် ဂျန်ဟိုအဖြစ် Kim Ji Woong ချွဲမင်ဟျွန်းအဖြစ် Yoon Seo Bin ဟေးဆိုးအဖြစ် Moon Ji Hoo တို့ကပါဝင်သရုပ်ဆောင်ထားပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့ Kong Hou ပဲ ဖြစ်ပါတယ်။ Genre.....BL, Drama, Romance Quality….WEB-DL 1080p and 720p File size…1.23GB and 647MB and 230MB Format…mp4 Duration….1h 26min Subtitle….Myanmar Subtitle (Hardsub) Translator ..... Kong Hou Encoder ..... August

Horror
1 2022 86 mins
Kissable Lips
Uncle Boonmee Who Can Recall His Past Lives
6.7

ရုပ်ရှင်ဆုပေးပွဲတွေထဲ အော်စကာထက်တောင် ရုပ်ရှင်ပရိသတ်တွေ အလေးထားရတဲ့ ဆုပေးပွဲကြီးဖြစ်တဲ့ ကိန်းရုပ်ရှင် ဆုပေးပွဲရဲ့ အမြင့်ဆုံးဆုဖြစ်တဲ့ Palme d'Or ဆုကို ရထားတဲ့ ရှားရှားပါးပါး ထိုင်းရုပ်ရှင်ပါ။ သူ့အရင် ကိန်းမှာ Palme d'Orရထားတဲ့ အာရှကားဆိုလို့ ဂျပန်ကား၃ကားနဲ့ Farewell My Concubine ဆိုတဲ့ တရုတ်ကားပဲရှိခဲ့ပါတယ်။ သူ့နောက်မှာတော့ Parasite နဲ့ Shoplifters ပဲရှိပါတယ်။ ဒီလိုဆုမျိုးကို ထိုင်းရုပ်ရှင်တစ်ကားက ရတာ ဆန်းတော့ဆန်းပါတယ်။ တခြားကားမရှိလို့ ရတာလား ဆိုရအောင်လည်း Abbas Kiarostami လို ဆရာ့ဆရာကြီးရဲ့ Certified Copy, လီချန်းဒုံလို ဆရာ့ဆရာကြီးရဲ့ Poetry , Alejandro Iñárritu ရဲ့ Biutiful တို့လည်း ဆန်ခါတင်ဝင်ခဲ့သလို Blue Valentine လည်း အဲဒီပွဲကိုရောက်ခဲ့ပါတယ်။ ပြင်သစ်နယူးဝေ့ရဲ့ ပိုင်အိုးနီးယားတစ်ယောက်ဖြစ်တဲ့ Jean-Luc Godard ရဲ့ Socialism တောင်ပါပါသေးတယ်။ အဲဒီလိုကားတွေကို ကျော်ပြီး ရသွားခဲ့တဲ့ ထိုင်းရုပ်ရှင်ပါပဲ။ ဒီရုပ်ရှင်ရဲ့ ဒါရိုက်တာ Apichatpong Weerasethakul ဟာ Memoria, Tropical Malady နဲ့ Cemetery of Splendor တို့လို တန်းတစ်ခုရှိတဲ့ ရုပ်ရှင်တွေကိုလည်း ရိုက်ခဲ့တဲ့သူလည်း ဟုတ်ပါတယ်။ ဒီရုပ်ရှင်က နာမည်ကတော့ ဆန်းတယ်မလား။ ဒါကိုမှ ပိုစတာကို ထပ်ကြည့်လိုက်ရင်လည်း တစ်မျိုးကြီးပဲမလား။ သေချာတာကတော့ အထဲကရုပ်ရှင်ကတော့ ဒီထက်ပိုဆန်းကြယ်ပါတယ်။ ကျောက်ကပ်ပျက်စီးပြီး သေတော့မယ့် လူတစ်ယောက်ရဲ့ နောက်ဆုံးအချိန်တွေမှာ သေသွားတဲ့ သူ့မိန်းမနဲ့ ပျောက်သွားပြီး လူဝံဖြစ်သွားတဲ့ သူ့သား ပြန်ရောက်လာတာကနေ ဇာတ်လမ်းကို အစပျိုးထားပြီး နောက်ပိုင်းတွေက တော်တော်လည်းဆန်းသလို ဉာဏ်မမီနိုင်အောင်လဲ တော်တော်ဖြစ်ရတဲ့ ရုပ်ရှင်ပါပဲ။ သူ့ပြကွက်တွေက ဆန်းလည်းဆန်းပါတယ်။ ဥပမာဆို တစ်ခန်းမှာ ကောင်လေးတစ်ယောက်နဲ့ မိန်းမကြီးတစ်ယောက် တီဗီထိုင်ကြည့်နေကြတယ်။ ကောင်လေးက အပြင်ထွက်ပြီး တစ်ခုခုသွားစားမယ်ပြောတယ်။ ကောင်လေးနဲ့ မိန်းမကြီးက အပြင်ထွက်ပြီး မုန့်သွားစားကြတယ်။ သို့ပေမဲ့ ကောင်လေးနဲ့ အဲဒီမိန်းမကြီးက အဲဒီအခန်းထဲမှာပဲ တီဗီထိုင်ကြည့်နေကြတယ်။ ဘာကိုပြချင်တာလဲတော့ ဉာဏ်မီသလို ခံယူကြပေါ့။ ရုပ်ရှင်ဆိုတာ နားလည်ဖို့တော့ မလိုဘူးမလား။ ဒီလိုတင် ဆန်းတာလားဆိုတော့ မဟုတ်သေးဘူး။ ၁၈ပလပ်ဆန်ဆန် ဆန်းတာတွေလည်းပါသေးတယ်။ မိန်းမတစ်ယောက်က ရေထဲဆင်းတယ်။ ငါးခူတစ်ကောင်... သာမန်ငါးခူတော့ ဟုတ်ပုံမရပါဘူး။ အဲဒီငါးခူက မိန်းမပေါင်ကြားထဲ တိုးဝင်တယ်။ ခေါင်းပဲတိုးဝင်သလား အဝတင်ပဲ ပတ်တိုးနေသလားတော့ မမြင်ရဘူးပေါ့။ ဒီလို ခပ်ဆန်းဆန်းတွေ နားမလည်နိုင်လောက်အောင်ပြသွားတဲ့ ရုပ်ရှင်မှာ ကျွန်တော့်အကြိုက်ဆုံးအခန်းပြောရရင်တော့ နောက်ဆုံးအခန်းပါပဲ။ ဘာလို့လဲမသိ နောက်ဆုံးအခန်းရယ် တော်တော်နားစွဲတဲ့ အပိတ်သီချင်းသံရယ်ဟာ ကျွန်တော့်အတွက်တော့ အတော်ကြည့်လို့ကောင်းခဲ့တယ်။ ဘာဖြစ်ဖြစ် Palme d'Or ရထားတဲ့ ဘေးချင်းကပ်နိုင်ငံက ဉာဏ်မီရခက်တဲ့ ရုပ်ရှင်ကားကို ထိုင်ကြည့်ပြီး ဆွေးနွေးလိုက်ကြပါဦး။ ကျွန်တော်တော့ ဉာဏ်မမီတာမို့ ဒီလောက်ပဲ ညွှန်းချင်ပါတယ်။ ကြည့်သင့်တဲ့ ရုပ်ရှင်ပါပဲ။ ဘာမှနားမလည်လိုက်ပေမဲ့ တစ်ချို့အခန်းတွေကြောင့် ဒီတိုင်းကြည့်ရတာတင် တော်တော်တန်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.5GB, 750MB Quality - 1080p, 720p IMDb Rating - 6.7/10 Format - mp4 Duration - 1H 54Min Genre - Drama, Fantasy Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Drama
6.7 2010 114 mins
Uncle Boonmee Who Can Recall His Past Lives
The Bourne Legacy
6.2

IMDb - 6.7/10 ဒီဇာတ်ကားဖြန့်ချိရေးကို ကမ္ဘာကျော်ရုပ်ရှင် ထုတ်လုပ်ရေး ကုမ္ပဏီကြီး Universal Pictures က တာဝန်ယူထားသည်။ ကျော်ကြားသော အမေရိကန်စပိုင်ရုပ်ရှင် The Bourne ဇာတ်ကားများ၏ အဆက်ဖြစ်ပြီး ယခုဇာတ်ကားသည် ၄ ကားမြောက်အဖြစ် အသစ်ထွက်ရှိသည်။ ဇာတ်ညွှန်းကို တိုနီဂေးရွိုင်းနှင့် ညီဖြစ်သူ ဒန်ဂေးရွိုင်းနှင့် ပူးတွဲရေးသားပြီး သူကိုယ်တိုင် ဒါရိုက်တာအဖြစ် ရိုက်ကူးခြယ်မှုန်းပေးထားသည်။ ဇာတ်ကားထုတ်လုပ်မှု ကုန်ကျစရိတ် ဒေါ်လာသန်း ၉၀ ရှိပြီး ယခင်ဇာတ်ကားများနည်းတူ အက်ရှင်ဇာတ်ဝင်ခန်းများနှင့် ဇာတ်လမ်း၊ ဇာတ်အိမ်ကောင်းမွန်သည်။ ထူးခြားမှုတစ်ခုမှာ ယခင်ဇာတ်ကားများတုန်းက သရုပ်ဆောင်ခဲ့သည့် မင်းသားမက်ဒေါမွန်ကို ပြန်လည်သုံးစွဲခြင်း မပြုတော့ဘဲ မင်းသားသစ် ဂျယ်ရီရမီးရန်နာကို အဓိက ခေါင်းဆောင်မင်းသားအဖြစ် ယခုဇာတ်ကားမှ ပွဲထုတ်ထားခြင်း ဖြစ်သည်။ စာရေးဆရာ အဲရစ်ဗန်လက်စဗန်ဒါ၏ The Bourne Legacy ဝတ္ထုအား ရုပ်ရှင်အဖြစ် အသက်သွင်းလိုက်ခြင်း ဖြစ်သည်။ ဇာတ်လမ်းအကျဉ်း The Bourne Ultimateum ဇာတ်ကားတုန်းက အဖြစ်အပျက်များကြောင့် ပြည်သူလူထုနှင့် နိုင်ငံရေးသမားများသည် လမ်းများပေါ်သို့ ထွက်လာကာ CIA နှင့် ရင်ဆိုင်လာသည်။ ထို့ကြောင့် CIA သည် ပြဿနာအရှုပ်အထွေးတွေ ယခုထက် ပိုမိုများပြားမလာခင် သူတို့၏ Operation Outcome ပရော်ဂျက်ကြီးအား လက်စတုံးဖျောက်ဖျက်ပစ်ဖို့ ကြံရွယ်လာခဲ့ကြသည်။ သဲလွန်စတစ်ခုမကျန် မြေကြီးထဲ မြှပ်နှံပစ်ဖို့ အမိန့်ပေးခဲ့သည်။ ထို့ကြောင့် စေခိုင်းခြင်းခံရသူ စပိုင်များသည် Operation Outcome ၏ လူအားလုံးကို သတ်တော့သည်။ အေရွန်ခရော့စ် (ဂျယ်ရီမီးရန်နာ) က Operation Outcome ၏ အေးဂျင့်တစ်ဦး ဖြစ်သောကြောင့် လုပ်ကြံသူများလက်ကနေ လွတ်မြောက်အောင် ကိုယ်လွတ်ရုန်းပြေးရတော့သည်။ ပြေးရင်းလွှားရင်း သူနှင့်ဘဝတူအဖြစ် ဆုံစည်းလာသူက ဒေါက်တာစတီဗင်စနိုက်ဒါ (မင်းသမီးချော ရေချယ်ဝိုက်စ်) ဖြစ်သည်။ ဒေါက်တာစတီဗင်သည် Outcome အေးဂျင့်များကို ဖန်တီးပုံဖော်ရာတွင် အဓိက အကူအညီပေးခဲ့သည့် ဆရာဝန်တစ်ဦးဖြစ်တာကြောင့် သူလည်းလုပ်ကြံသူများ လက်ကနေ လွတ်မြောက်အောင် မနည်းကြိုးစားရရှာသည်။ သူတို့ကို နောက်ကနေ အသေအလဲ လိုက်လံလုပ်ကြံနေသူက ဇာတ်ကားအစမှာကတည်းက ရန်သူတော်တစ်ဦး ဖြစ်သည့် စီအိုင်အေအေးဂျင့်ဗျာ (အင်ဒ်ဝပ်နော်တန်) ဖြစ်သည်။ သူက အေးရွန်ခရော့စ်နှင့် ဒေါက်တာစတီဗင်တို့အား အငြိုးကြီးကြီးဖြင့် သတ်ဖြတ်ဖို့ ကြိုးစားသည်။ အေရွန်ခရော့စ်တို့ စုံတွဲကလည်း ပြေးရင်းလွှားရင်းနှင့်ပင် အမှန်တရားကို ဖော်ထုတ်ကာ သူတို့၏ လွတ်မြောက်ရာလမ်းကို ရှာဖွေကြမည်။ ဇာတ်ကားတစ်ကားလုံး ပြေးလွှားပစ်ခတ်ကြသည်များကို အသည်းတယားယား၊ ရင်တဖိုဖို ကြည့်ကြရမည်။ CIA က Operation Outcome အဖွဲ့ကို မြေမြှပ်ဖို့ ဆုံးဖြတ်ချက်ချပြီး အမိန့်ထုတ်ပြန်လိုက်ကတည်းက The was never justone တစ်ယောက်မှ မကျန်စေနဲ့ဆိုတဲ့ ကြောက်စရာစကားလုံးကြီး အောက်ကနေ အေရွခရော့စ်တို့ ဘယ်လိုရုန်းထွက်ပြီး လွတ်မြောက်အောင် ပြေးကြမလဲဆိုတာကတော့ စိတ်ဝင်တစားကြည့်ရမှာ ဖြစ်ပါတယ်

Horror • Thriller
6.2 2012 135 mins
The Bourne Legacy
End of the Road
5

End of the Road ( 2022 ) Fast and Furiousကားတွေနဲ့ လူသိများတဲ့ Ludacrisရဲ့ action , thrillerကားအသစ်ပါ။ အကြွေးတွေပိနေလို့ အိမ်ရောင်းဆပ်ပြီး အဘွားအိမ်ကိုပြောင်းဖို့ နှစ်ညအိပ်သုံးရက်ခရီးရှည်ကြီးကို အိမ်စီးကားလေးနဲ့သွားကြတဲ့ မိသားစုတစ်စုရဲ့ လမ်းတစ်လျှောက်က အခက်အခဲတွေအကြောင်းပါ။ မတည့်မရှု့ဖြစ်နေတဲ့ သူတို့မိသားစုဟာ ဘုနဲ့ဘောက်နဲ့ ခရီးထွက်ကြရင်း လမ်းမှာ မိုတယ်တစ်ခုမှာ တစ်ညဝင်အိပ်ကြပါတယ်။ ဘေးခန်းက အသံတွေကြားလို့ သွားကြည့်တော့ လူတစ်ယောက်သေနတ်မှန်ထားလို့ ကယ်ဖို့လုပ်ရင်း သူထားခဲ့တဲ့ပိုက်ဆံလက်ဆွဲအိတ်လိုက်ကြီးကို တွေ့သွားကြတယ်။ ကယ်ဖို့လုပ်ကြပေမဲ့ မမီတော့ပါဘူး။ ငွေတွေယူပြီးပဲထွက်လာလိုက်ကြတယ်။ လမ်းခုလတ်ကျတော့ ငွေတွေရဲ့ပိုင်ရှင် မူးယစ်ရာဇာကြီးက သူ့ငွေတွေကိုပြန်တောင်းပါတယ်။ မူးယစ်ရာဇာကြီးက သူ့ကလေးတွေကိုပါပြန်ပေးဆွဲပြီးငွေတွေပြန်ရအောင်ကြံပါတယ်။ ဒီလိုနဲ့ အမေနဲ့ဦးလေးဟာ ကလေးနှစ်ယောက်အတွက် အဲဒီနယ်တစ်ခွင်က ဘယ်သူမှမော်မကြည့်ရဲတဲ့လူဆိုးကြီးနဲ့ ထိပ်တိုက်ရင်ဆိုင်ကြတဲ့အခါမှာတော့.. File Size__(1.5GB) / (800MB) Quality__WEB-DL_1080p, 720p IMDb Rating__5/10 Format__mp4 Duration__01:29:00 Type__Action, Crime, Drama Subtitle__Myanmar Subtitle (Hardsub) Translated by W Encoded by Naing Aung Latt

Adventure • Animation • Comedy • Family • Fantasy • Music
5 2022
End of the Road
Raven’s Hollow
5.3

Raven’s Hollow (2022) ================ အမေရိကန် နိုင်ငံရဲ့ ၁၈၃၀ ခုနှစ် ဆောင်းဦးကာလမှာ ဗိုလ်လောင်း အက်ဂါ ပိုး ဟာ တခြား ဗိုလ်လောင်း ၄ ယောက်နဲ့အတူ လေ့ကျင့်ရေးကွင်းဆင်းဖို့ ထွက်လာခဲ့ပါတယ်။ ထိုသို့ ထွက်လာရင်း လူတစ်ယောက်ကို စာ‌ခြောက်ရုပ်သဖွယ် ကြိုးတွေနဲ့ ချည်ထားပြီး ဗိုက်ကို ဓားနဲ့ အခွဲခံထားရတာကို တွေ့လိုက်ရပါတယ်။ ထိုသူမသေခင် နောက်ဆုံး ပြောသွားတဲ့ စကားမှာ “ကျီးကန်း” ဆိုပြီး တစ်ခွန်းတည်း ပြောသွားခဲ့ပါတယ်။ ထိုအခါမှာ ပိုးလည်း လိုက်စုံစမ်းရင်း ကျီးကန်းဆိုတဲ့ မြို့လေးတစ်မြို့ဆီကို ရောက်သွား ပါ‌တော့တယ်။ အဆိုပါ မြို့လေးဟာ သေးငယ်ပြီးတော့ လူလည်း မရှိသလောက်ဖြစ်နေပါ တော့တယ်။ လူတစ်ယောက်က သူတို့ကို မနေဖို့ တားပေမယ့် ဆက်နေခဲ့ကြပါတယ်။ ထိုနေ့ညမှာပဲ သူတို့ထဲက တစ်ယောက် ပျောက်ဆုံးသွားပါတော့တယ်။ ထိုမြို့လေးကတော့ “ကျီးကန်း” ဆိုသည့်အရာကြီးကို နတ်ဆိုးအဖြစ် သတ်မှတ်ထားပြီး ကြောက်ရွံ့နေပါတယ်။ ပိုးတို့ လူတစ်စုလည်း မြို့မှာ သောင်တင်နေပြီး ထွက်ဖို့ ကြိုးစားတဲ့ သူက သေဆုံးသွားပါတော့တယ်။ ထိုသို့ ဆန်းကြယ်တဲ့ အဖြစ်တွေကို ဆက်တိုက်ကြုံနေရ ပါတယ်။ “ကျီးကန်း” ဆိုတဲ့အရာကြီးက ဘာလဲ ထိုမြို့နဲ့ ဘယ်လို ပတ်သက်နေလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှု့ရမှာပဲ ဖြစ်ပါတယ်။ Horror, Thriller အရသာကို ကောင်းကောင်း ကြီး ခံစားရမှာဖြစ်လို့ ညအချိန် နားကြပ်နဲ့ တပ်ပြီး ကြည့်ရှု့ဖို့ အကြံပေးချင်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Leonard Lin ဖြစ်ပါတယ်)

Action • Crime • Drama
5.3 2022 98 mins
Raven’s Hollow
Ca$h
5.9

Ca$h(2010) =========== ဒီဇတ်ကားကတော့ 2010 ခုနှစ်မှာ ထွက်ရှိထားတဲ့ အ‌‌မေရိကန် crime-thriller အမျိုးအစား ဇတ်ကားတစ်ခု ဖြစ်ပါတယ်။ နံမည်ကြီးဇတ်ကား များဖြစ်တဲ့ The Lord of the Rings တွင် ပါဝင်သရုပ်ဆောင်ထားသော မင်းသားကြီး Sean Bean ၊Marvel ရဲ့ဇတ်ကားများတွင် မိုးကြိုးနတ်ဘုရား Thor အဖြစ်သရုပ်ဆောင်ထားသော ကမ္ဘာကျော်မင်းသားChris Hemsworth နှင့် မင်းသမီး Victoria Profeta တို့က အဓိက ပါဝင် သရုပ်ဆောင်ထားတာကြောင့် ကြည့်မကောင်း မှာတော့ စိုးရိမ်စရာမလိုပါဘူးနော။ ဇတ်လမ်းလေးကတော့ Sam (Chris Hemsworth) နှင့် Leslie (Victoria Profeta) တို့က ပိုက်ဆံ အပြည့်ပါတဲ့ လက်ဆွဲအိတ်ကို ကောက်ရခဲ့ပြီး သူ့တို့ ရဲ့ ဘဝကြီး ပြောင်းလဲသွားတော့မယ်လို့ ထင်နေကြပါတယ်။ အဲ့ဒီအချိန်မှာ လက်ဆွဲအိတ်ရဲ့ ပိုင်ရှင်ဆိုသူ Pyke Kubic ( Sean Bean ) တစ်ယောက်ရောက်လာပြီး သူ့ရဲ့ ပိုက်ဆံတွေကို ပြန်လာတောင်းပါတော့တယ်။ ပိုက်ဆံတစ်ချို့ကို သုံးပြီးသွားတဲ့ Sam တို့ လင်မယားနှစ်ယောက် နဲ့ လက်ဆွဲအိတ်ပိုင်ရှင်တို့ ဘယ်လိုနှစ်ပါးသွားကြမလဲ။ သူတို့ရဲ့ ပိုက်ဆံတွေကို ပြန်ရအောင်ဘယ်လိုလုပ် ကြမှာလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ ဒီဇတ်ကားက crime-thriller အမျိုးအစားလို့ဆိုပေမဲ့ thriller မကြိုက်တဲ့သူတွေတောင် ပေါ့ပေါ့ပါးပါးနဲ့ ကြည့်လို့ကောင်းမဲ့ ဇတ်ကားမျိုးဖြစ်ပါတယ်။ File size…2.13GB / 942MB / 630MB Quality…Blu-Ray 1080p / 720p / 480p Format…mp4 Duration….1h 48m Genre …..Crime , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Winter Bear

Action • Adventure • Drama • History • Thriller
5.9 2010 108 mins
Ca$h
Innocent Blood

IMDB 6.2/10 ရထားတဲ့ Innocent Blood (1992)ဆိုတဲ့ Comedy/Horror သွေးစုတ်ဖုတ်ကောင်ကားလေးပါ.. စွဲမက်ဖွယ် ပြင်သစ် မင်းသမီး Anne Parillaud (La Femme Nikita)က သွေးစုတ်ဖုတ်ကောင်မလေးအဖြစ်၊ Anthony LaPaglia (Without a Trace)က ရဲအရာရှိ ဂျိုးအဖြစ်၊ ကွယ်လွန်သွားပြီဖြစ်တဲ့ မင်းသားကြီး Robert Loggia (Big) က Sallie The Sharkအဖြစ် ပါဝင် သရုပ်ဆောင်ထားကြပါတယ်.. ဇာတ်လမ်းအကျဉ်း မာရီက ဆိုးသွမ်းတဲ့ယောကျ်ားတွေကိုပဲ အရောဝင် သွေးသောက်တတ်တဲ့၊ တစ်ကိုယ်တော် လှုပ်ရှားတတ်တဲ့ သွေးစုတ်ဖုတ်ကောင်မလေးပါ.. တစ်နေ့မှာတော့ သွေးစုတ်ဖို့ သားကောင်ရှာရင်း သူကိုက်လိုက်မိတဲ့ သားကောင်က မြို့ထဲက အဆိုးတကာ့အဆိုးထွဋ်ခေါင်ဆိုတဲ့ Sallie The Shark ဖြစ်နေခဲ့ပြီး.. ပြန်လည်ရှင်သန်နိုင်စွမ်းရှိတဲ့ သွေးစုတ်ဖုတ်ကောင်အစွမ်းတွေကို ရရှိသွားတဲ့ ဆယ်လီက တခြားလူတွေကိုပါ သွေးစုတ်ဖုတ်ကောင်အဖြစ်ပြောင်းပြီး မြို့ကို သိမ်းပိုက်ဖို့ကြိုးစားလာချိန်မှာတော့.. ကိုယ်ဇာတ်ကိုယ်မနိုင်ဘဲ ဆယ်လီ့ကို လက်စသိမ်းနိုင်ဖို့အရေး မာရီက အမျိုးမျိုးကြိုးစားရပါတော့တယ်.. ဒီလိုနဲ့ ဆယ်လီ့ကို ဖမ်းဆီးဖို့ကြိုးစားနေတဲ့ ရဲအရာရှိဂျိုးနဲ့ အမှတ်မထင်တွေ့ဆုံခဲ့ကြရာမှာတော့.. သွေးစုတ်ဖုတ်ကောင်နဲ့ လူသားရဲအရာရှိတို့နှစ်ယောက်ကြား ဘယ်လိုတွေဆက်ဖြစ်ကြမလဲ.. ရဲအရာရှိဂျိုးတစ်ယောက် မာရီ့မာယာအောက်မျောပါပြီး သွေးစုတ်ဖုတ်ကောင်အဖြစ် ပြောင်းလဲသွားလေမလား.. ဒါမှမဟုတ် မာရီနဲ့ နှစ်ယောက် လက်တွဲပြီးတော့ပဲ ဆယ်လီ့ကို နှိမ်နင်းနိုင်ကြမလား.. ဆယ်လီကပဲ သူ့မူလအစီအစဉ်အတိုင်း မြို့ကိုလက်ဝါးကြီးအုပ်သွားနိုင်မလား ဆိုတာကိုတော့.. ဇာတ်ကားထဲမှာပဲ ဆက်ကြည့်လိုက်ကြပါလို့.. (P.S သွေးစုတ်ဖုတ်ကောင်ကားဖြစ်တာနဲ့အညီ သွေးထွက်သံယိုအခန်းတွေနဲ့ သွေးစုတ်ဖုတ်ကောင်မလေးက မာယာနဲ့ဖျားယောင်းပြီး သွေးစုတ်တာမို့၊ ပြောစရာမလိုအောင်ကို ဟိုအခန်း ဒီအခန်း ဘာအခန်း ညာအခန်းတွေက တချို့တလေ ပါနေတာမို့၊ ပါတဲ့အခန်းတွေကလည်း ကွက်ကွက်ကွင်းကွင်းရယ်မို့ မိသားစုနဲ့ ကြည့်ရှုဖို့မသင့်ပါဘူးနော်.. တချို့တလေလို့ သေချာပြောလိုက်ပါတယ်နော်..တော်ကြာ ညိုကီတို့က အများကြီးလည်းမပါဘူးဖြစ်နေမှာစိုးလို့.. Horror အခန်းတွေကြည့်ချင်ကြတဲ့ တချို့သော ညိုကီတို့အတွက်ပြောပါတယ်..) (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Emily ပါ) File size…(3 GB)/(1 GB)/(600 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:01:00 Genre…Comedy,Horror,Thriller,Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Emily

0 1992
Innocent Blood
Kousalya Supraja Rama
8

Kousalya Supraja Rama(2023) IMDb-8.1/10 Budget ၆ ကုဋေပဲ အသုံးပြုပြီး ၁၅ ကုဋေပြန်ရအောင်ရှာနိုင်ခဲ့တဲ့ ကန်နားဒါးဇာတ်ကားကောင်းလေးပါ ဒီကားထဲက ရမ်နဲ့ မူတူးလက်ခ်ျမီးနေရာမှာ သရုပ်ဆောင်တဲ့ အဓိကဇာတ်ဆောင်နှစ်ယောက်ကလည်း ဇာတ်ကားတော်တော်များများတွဲဖက်သရုပ်ဆောင်ဖူးကြတော့သူတို့ရဲ့ဇာတ်ရုပ်ကလည်း ဒီထဲမှာလိုက်ဖက်ညီညီရှိနေမှာပါ ဇာတ်လမ်းအညွှန်း ယောက်ျားဆိုတာ ယောက်ျားမာနရှိရတယ် မိန်းမတွေကို လွှမ်းမိုးရမယ် မိန်းမတွေရဲ့အကူအညီကိုယူနေရတယ်ဆိုရင် ယောက်ျားမပီသတာပဲ ဒီလိုအဆိပ်အတောက်ဆန်တဲ့ ယောက်ျားဝါဒီတွေဆက်တိုက်ရိုက်သွင်းခံခဲ့ရတဲ့ ရမ်တစ်ယောက် ဘယ်မိန်းမကိုမှ အရေးမလုပ်မာနခဲ အဲဒီမာနခဲကိုမှကြွေနေကြတဲ့ ကျောင်းသူတွေကလည်းအများသား၊ သူကတော့ တစ်ယောက်ကိုမှအရေးမလုပ်ခဲ့ ၊ အဲဒီချိန်မှာကောင်မလေးတစ်ယောက် အနားရောက်လာခဲ့တယ် အဲဒီကောင်မလေးကပဲ သူ့ယောက်ျားမာနကို ရိုက်ချိုးခဲ့မိသလို အဲဒီကောင်မလေးကိုပဲ သူချစ်မိသွားခဲ့တယ် ငါတို့ယောက်ျားဆိုတာ….ဆိုပြီး အမြဲမာန်တက်နေတဲ့ ဆန်တူတစ်ယောက် အချစ်နဲ့တွေ့တဲ့အချိန်မှာ ပြောင်းလဲသွားမလား သူ့အတ္တမာနတွေပဲဆက်ပြီးလွှမ်းမိုးနေမလား တစ်ယူသန်နဲ့ အရောင်စုံ လောကပတ်ဝန်းကျင်ကြားယှဉ်ပြိုင်မှုကို ရှုစားကြည့်ပါဦး အညွှန်းနှင့်ဘာသာပြန်ကတော့ CM Bollywood Team မှဖြစ်ပါတယ်

8 2023
Kousalya Supraja Rama
A Creature Was Stirring

မင်းသမီးချောလေး Annalise Basso ပါဝင်သရုပ်ဆောင်ထားတဲ့ Horror ဇာတ်ကားလေးတစ်ကားပါ Louisville ဆိုတဲ့ မြို့လေးတစ်မြို့ရဲ့ ခရစ္စမတ်ကာလမှာ နှင်းမုန်တိုင်းတွေအပြင်းအထန်တိုက်နေတဲ့ကြားကနေ ဘာသာရေးယုံကြည်သက်ဝင်တဲ့ မောင်နှမနှစ်ယောက်ဟာ သာသနာပြန့်ပွားရေးအတွက်ခရီးထွက်လာကြရင်းနဲ့ ခိုလုံဖို့အိမ်တစ်အိမ်ကို ကျူးကျော်ဝင်ရောက်ခဲ့ကြတယ် အိမ်ရှင်ဖြစ်တဲ့ ဖိတ် ဆိုတဲ့ Nurse တစ်ယောက်ဟာ သူ့သမီးနဲ့အတူနေထိုင်တာပေါ့ သူ့ရဲ့သမီးဖြစ်တဲ့ ချမ် မှာ ထူးဆန်းတဲ့ ရောဂါတစ်ခုဖြစ်နေတာကို အမေဖြစ်သူက ကြိတ်ကုနေတာပေါ့ ရောဂါကတော့အဆန်းပဲ Body Temperature တစ်ခုကိုရောက်သွားရင် ထူးဆန်းတဲ့ သတ္တဝါတစ်ကောင်အဖြစ် ပြောင်းလဲသွားတာပါပဲ ဒါကိုလူသိမခံချင်တဲ့ သားအမိနှစ်ယောက်နဲ့ အိမ်ဖောက်ပြီးရောက်လာတဲ့ မောင်နှမနှစ်ယောက်ကြားမှာ ဘယ်လိုကြောက်စရာဖြစ်ရပ်တွေနဲ့ သည်းထိတ်ရင်ဖိုတွေဖြစ်ကြဦးမလဲဆိုတာကိုတော့….. ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ် File size…(1.6 GB)/(748 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre… Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Leo

History • Adventure • Drama
0 2023
A Creature Was Stirring
The Gentlemen
7.8

The Gentlemen (2019) IMDb – (7.8)/ Rotten Tomatoes (75%) သူ့နာမည်က မစ်ကီပီရာဆန်…..ဥာဏ်ကောင်းပြီးအောက်စဖိုဒ့်ကျောင်းသားတစ်ယောက်ဖြစ်ပေမယ့် သူက ဆင်းရဲတယ်…သူဟာ ထက်မြက်တဲ့သူတစ်ယောက်ဆိုပေမယ့် ကျောင်းမပြီးဘူး…ဘာလို့ဆို မူးယစ်ဂိုဏ်းက လူတစ်ချို့နဲ့အဆက်အသွယ်ရပြီး အချိန်တိုအတွင်း ငွေတွေမျိုးမျိုးမျက်မျက်ဝင်တဲ့ ဒီလောကကို သူသဘောကျသွားတယ်… လူတစ်ယောက်ရဲ့ လည်ပင်းကိုလှီးပြီး သွေးစင်တာတောင် မျက်တောင်ခတ်ဖို့ သတိမရတတ်တဲ့ဒီပတ်ဝန်းကျင်မှာ ဟိုနေရာဆေးလေးပို့ ဒီနေရာဆေးလေးပို့ ငွေလေးယူလိုက် အမြတ်ငွေလေးအိပ်ထဲထည့်လိုက်ရုံနဲ့မပြီးဘူးဆိုတာသိတဲ့နောက်မှာတော့ မစ်ကီတစ်ယောက်ဟာ သူ့ကိုယ်သူ ဒီလောကရဲ့ အများသူငါမော်မကြည့်ရဲတဲ့ ဘုရင်တစ်ပါးအဖြစ်ပုံပြောင်းပါတော့တယ်…. ဒီဇာတ်ကားက ဂန်းစတားတွေအကြောင်းရိုက်ထားတာပါ…ဒုစရိုက်သမားတွေရဲ့ ကတုံးပေါ်ထိပ်ကွက်တွေ… လည်သူစားစတမ်းတွေ….လက်မရွှံတွေကြား မျက်ခုံးမွေးပေါ်စင်္ကြန်လျှောက်တဲ့သူတွေနဲ့ ဒီကားကတော်တော်မိုက်ပါတယ်… The Irishman (2019) တို့လို့ ခပ်အေးအေးနဲ့ ဇာတ်လမ်းကို ဆွဲခေါ်တတ်တဲ့အမျိုးအစားမဟုတ်ပါဘူး..သူက ဖြစ်ရပ်မှန်ကိုအခြေခံထားတာကြောင့် လည်းပါမှာပေါ့လေ…The Gentlemen (2019) ကတော့ ခပ်သွက်သွက်နဲ့ကိုဇာတ်လမ်းစထားပါတယ်…အဓိက သရုပ်ဆောင်ဖြစ်တဲ့ Matthew McConaughey ကိုတော့ အားလုံးသိကြမှာပါ…အခြားဝါရင့်ဟာသသရုပ်ဆောင်တွေ အက်ရှင်သရုပ်ဆောင်တွေ ပါဝင်ထားပါတယ်။ လူငယ်အနေနဲ့လည်း crazy rich Asian တို့ last Christmas တို့ရဲ့ မင်းသား ဟင်နရီ ဂိုးဒင်းတို့လည်း ပါဝင်ထားပါသေးတယ်။ www.cmapp.tv မှာ member ဝင်ပြီး CM App ကနေလဲ လွယ်ကူစွာတိုက်ရိုက်ကြည့်ရှုနိုင်သလို Download လဲ ပြုလုပ်နိုင်ပါတယ်။

7.8 2019 113 mins
The Gentlemen
Polarized
6.6

ဒီတစ်ခါ cm ပရိသတ်ကြီးကို ဒရာမာ ရိုမန့်ကားကောင်းလေး တစ်ကားဖြစ်တဲ့ Polarized ဆိုတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီကားက IMDB မှာ 6.7 အထိ ရရှိထားပါတယ်။ ဇာတ်ကြောင်းကတော့ လီဆာဆိုတဲ့ ဝါသနာအရ ကိုယ်ပိုင်သီချင်းတွေ ရေးရင်း တီးခတ်နေတဲ့ ကောင်မလေးဟာ တစ်ဘက်မှာလည်း မိဘတွေပိုင်တဲ့ ယာတောကို ဘဏ်က အသိမ်းခံလိုက်ရပြီး ဘဝအခက်အခဲတွေနဲ့ ရင်ဆိုင်နေရသူပါ။ ဖခင်ဖြစ်သူကလည်း ကင်ဆာရောဂါ နောက်ဆုံးအဆင့်နဲ့ ရင်ဆိုင်နေရပြီး သူမဟာ မြို့ပြစတိုင်စိုက်ပျိုးရေး တစ်ခုမှာ အလုပ်ဝင်နေပါတယ်။ တစ်နေ့တော့ လုပ်ငန်းခွင် မတော်တဆတစ်ခု ဖြစ်ရာကနေ မန်နေဂျာဖြစ်တဲ့ ဒါလီယာဆိုတဲ့ ကောင်မလေးကို လူမျိုးရေး ခွဲခြားတဲ့ စကားတွေ ပြောမိပြီး ပြဿနာတက်ကြပါတယ်။ ဒါလီယာက ပါလက်စတိုင်းက ရွှေ့ပြောင်းအခြေချလာတဲ့ မိသားစုဝင်တစ်ဦး ဖြစ်ပြီး လီဆာအလုပ်လုပ်နေတဲ့ စိုက်ပျိုးရေး အလုပ်ကို သူတို့မိသားစုက ပိုင်ဆိုင်တာပါ။ အရှေ့အလယ်ပိုင်း ရှေးရိုးစွဲ အယူအဆတွေကြားမှာ ကြီးပြင်း လာခဲ့ပေမယ့် ခေတ်အမြင်ပွင့်လင်းတဲ့ ဒါလီယာနဲ့ လီဆာတို့ နှစ်ယောက် မတူညီမှုတွေကြားထဲကနေ တူညီတဲ့ ခံစားချက်တွေ ဖြစ်လာချိန်မှာတော့…။ ဒီဇာတ်ကားလေးက အမျိုးသမီး နှစ်ဦးကြားက ပြောင်းလဲလို့မရတဲ့ သိမ်မွေ့တဲ့ ချစ်ခြင်းမေတ္တာကို မြင်သာအောင် ဖော်ကြူးထားနိုင် တာမို့ အားပေးကြည့်ရှုကြပါဦးလို့….။ File size…1.15GB / 606MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 44m Genre ….. Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

6.6 2023 104 mins
Polarized
Alien: Romulus
7.3

နာမည်ကျော် Alien ရုပ်ရှင်တွဲတွေထဲက နောက်ဆုံးထွက် ရုပ်ရှင်ပဲ ဖြစ်ပါတယ်။ အချိန်ကာလအရတော့ Alien (1979) နဲ့ Aliens (1986) ကြားကာလပါပဲ။ Alien ရုပ်ရှင်အပြီး နှစ် ၂၀၊ Aliens ရုပ်ရှင်မလာခင် ၃၇ နှစ် အလိုပဲ ဖြစ်ပါတယ်။ ဒီရုပ်ရှင်တွေကို အချိန်ကာလအတိုင်း ကြည့်ချင်ရင်တော့ Prometheus (2012) 2093 ခုနှစ် Alien: Covenant (2017) 2104 ခုနှစ် Alien (1979) 2122ခုနှစ် Alien: Romulus (2024) 2142 ခုနှစ် Aliens (1986) 2179 ခုနှစ် Alien³ (1992) 2179 ခုနှစ် Alien Resurrection (1997) 2381 ခုနှစ် ဆိုပြီး ဖြစ်ပျက်ခဲ့တဲ့အတိုင်း ကြည့်ရှုနိုင်ပါတယ်။ ဇာတ်လမ်းအကျဉ်း ************** ဝေးလန်း-ယူတာနီ ကုမ္ပဏီလက်အောက်မှာ စာချုပ်ကြောင့် ကျွန်တွေလို အလုပ်လုပ်ပေးနေရပြီး ဘယ်ကိုမှ သွားခွင့်မရှိတဲ့ အလုပ်သမားလူငယ်အုပ်စုလေးဟာ ယူဗာဂါဂြိုလ်ကို အရမ်း ထွက်သွားချင်နေကြပါတယ်။ တစ်နေ့မှာတော့ လူမရှိတော့တဲ့ ယာဉ်တစ်စီး မျောနေတာကိုတွေ့ပြီး အဲဒီယာဉ်ကို ခိုးပြီးတော့ ကိုလိုနီကနေ ထွက်ပြေးဖို့ စုပေါင်းကြိုုးစားချပါတယ်။ အဲဒီအထဲမှာ စက်လူသား အန်ဒီလည်း ပါဝင်ပါတယ်။ ဒါပေမဲ့ သူတို့ယာဉ်ကနေ အေးခဲလောင်စာမလောက်လို့ နောက်ထပ် စခန်းပျက်တစ်ခုကို ကပ်ပြီး ဝင်ရှာမိလိုက်ချိန်မှာတော့ စခန်းထဲမှာ လူတွေသေပြီး ကျန်နေတဲ့ ကပ်ပါးကောင် ဂြိုလ်သားမျိုးစိတ်တွေနဲ့ ရင်ဆိုင်ရပါတော့တယ်။ အာကာသ သိပ္ပံ ဟော်ရာတွေရဲ့ ထုံးစံအတိုင်း လွတ်မြောက်ဖို့ ကြိုးစားရင်းနဲ့ ဘယ်သူတွေ သေကျန်ခဲ့မလဲ ဘယ်သူတွေ ရှင်ကျန်ခဲ့မလဲဆိုတာ ရင်တထိတ်ထိတ်နဲ့ ကြည့်ရမဲ့ အမျိုးအစားပဲ ဖြစ်ပါတယ်။ File size…4.49GB /1.83GB / 978MB Quality…WEB-DL 4K HEVC / 1080p HEVC / 720p Format…mkv / mp4 Duration….1h 59m Genre ….. Horror , Sci-Fi , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai , Thit San Khant Translated by Mr.Anderson

7.3 2024 119 mins
Alien: Romulus
The Grey Men 2
6

2024 က ထွက်ခဲ့တဲ့ The Grey Men ရဲ့ ဒုတိယမြောက်ကားလို့ပဲဆိုရမှာပါ ပထမကားကို ကြည့်ချင်ရင် ဒီနေရာကို နိပ့်ပါ ဒီနေ့မှာတော့ ထိုင်ဝမ်ကားချစ်သူတို့ တစ်ခေတ်တစ်ခါက ကြယ်လိုင်းမှာ ငမ်းခဲ့ရတဲ့ X Family ကမင်းသားလေး Jiro Wang ဖန်သားပြန်ပေါ် ပြန်လာပါပြီ… ဒီဇာတ်ကားလေးကို အမှီ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်နော်… ဇာတ်လမ်းအကျဉ်းလေးကိုပြောရမယ်ဆိုရင်…. မူးယစ်ဆေးနဲ့ ငွေအိတ်ပြည့်ခဲ့တဲ့ မူးယစ်ဝိဇ္ဇာဒုစရိုက်ခေါင်းဆောင် စုန့်ပန်းက အခုတော့ နိုင်ငံရေးလောကထဲကို ငွေအိတ်နဲ့ ပစ်ပြီး ဝင်ဖို့ ကြိုးစားနေပြန်ပြီတဲ့… ပထမဆုံးလုပ်တဲ့အလုပ်ကတော့ ရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း တင်ဒါလုတာပါပဲ… လုမရတော့ တင်ဒါအောင်ပြီးသားသူကို မိသားစုဖမ်းပြီး ခြိမ်းခြောက်တယ်…. ဆန့်ကျင်တဲ့သူကို ပစ်သတ်လိုက်တယ်… ဒီလိုနဲ့ ငြင်းမရတဲ့အဆုံးမှာ စီမံကိန်းကို ပေးဖို့ စာချုပ်ချုပ်မယ်ဆိုမှ… မြေယာသုံးစွဲခွင့်ကနေ ပိုင်ဆိုင်မှု လွှဲပြောင်းစာဖြစ်နေပြန်ရော… ဟုတ်ပါတယ်… စုန့်ပန်းတစ်‌ယောက်ဟာ ငွေနဲ့ပေါက်ပြီး တစ်မြို့လုံးကို မောင်ပိုင်စီးချင်ပြန်တာပါ… ဒါနဲ့ ရွာသူကြီးက လက်မှတ်မထိုးဘူးဆိုတော့ ငါးစာကျွေးလိုက်ပါတော့တယ်… ဒီလိုဆိုးတဲ့ စုန့်ပန်းကို ဘယ်သူကရှင်းပေးမှာလဲ…ဘယ်လိုမျိုးမှ ရှင်းနိုင်မှာလဲ…

Comedy • Adventure • Action
6 2025
The Grey Men 2