YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Teen.Wolf.S01.EP10.mp4

240.36 MB N/A video/mp4 115 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Operation Sniping
5

ဒီဇာတ်ကားလေးဟာဆိုရင် တစ်နိုင်ငံလုံးကို တုန်လှုပ်သွားစေခဲ့တဲ့ ဖြစ်ရပ်မှန် ကွမ်တုန်း မူးယစ်ဆေးဝါး အမှုတစ်ခုဖြစ်တဲ့ "GG Project" ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ် လူငယ်ရဲတပ်ဖွဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ဝမ်ရှင်း / ခေါင်းဆောင် လီကွမ်းဖုန်းတို့နဲ့အတူတူ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များဟာ မူးယစ်ဆေးဝါး နှိမ်နှင်းရေး တိုက်ပွဲတစ်ခုကို အသေအကျေ ဝင်ရောက်ခဲ့ပုံတွေကို ပုံဖော်ပြထားတဲ့ ကားလေးဆိုရင်လဲ မမှားပါဘူး နိုင်ငံတကာ မူးယစ်ဆေးဝါးထုတ်လုပ်မှုနဲ့ ရောင်းဝယ်ဖောက်မှု အမှုတစ်ခုကို စစ်ဆေးဖို့အတွက် ဆောင်ရွက်ခဲ့ကြတဲ့ ရဲတပ်ဖွဲ့ရဲ့ ပုံရိပ်တွေ / လက်တွေ့ကျကျ စေ့စပ်မှုတွေနဲ့ တာဝန်ကို ထမ်းဆောင်ခဲ့ကြတဲ့ ပုံရိပ်တွေ ကိုလဲ ရိုက်ပြထားပါသေးတယ် ဒါ့အပြင် ပစ်ခတ်မှုတွေ ရန်ပွဲတွေ ဖောက်ခွဲမှုတွေကြားက မူးယစ်ဆေးဝါး တိုက်ဖျက်ရေး မြင်ကွင်းများကို မီးမောင်းထိုး ရိုက်ကူးထားတဲ့ ကားလေးဖြစ်တာမို့ Action ကားတွေ ကြိုက်နှစ်သက်တဲ့ သူတွေ အနေနဲ့ကတော့ ဒီကားလေးကိုကြိုက်နှစ်သက်မိမှာအမှန်ပါပဲရှင် အဲ့တော့ အခုပဲ ကြည့်ရှုလိုက်ရအောင်ပါနော် [ Reviewed By Chit Mya Mya Hmwe] Quality : WEB-DL 1080p , 480p Format : mp4 Genres : Drama , Action Runtime : 1h 31 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Action • Thriller
5 2021 91 mins
Operation Sniping
Gangs of Wasseypur - Part 2
7.9

လမ်းမတော်ဖိုးတုတ်တို့လို လူမိုက်ဇာတ်လမ်းတွေကြိုက်တယ်ဆိုရင် ဒီဇာတ်ကားက အနှစ်ပါပဲ။ ဘောလိဝုဒ်ရဲ့အကောင်းဆုံးဇာတ်ကားများစာရင်းကိုပြုစုမယ်ဆိုရင် Gangs of Wasseypur က မပါမဖြစ်ပါ။မှတ်မှတ်ရရဆိုရရင် Oscar ရထိုက်သော Bollywoodကားများ စာရင်းထဲမှာလည်း GOW ဟာ ထိပ်ဆုံးက ပါဝင်နေတာပါ။ IMDB 8.6/10 နဲ့Rotten Tomatoes 96% ထိ ရရှိထားပါတယ်။ 2012လိုခုနှစ်မျိုးမှာ ဒိတ်ဒိတ်ကြဲသရုပ်ဆောင်တွေကြားထဲကမှ မျက်နှာသစ်အများစုနဲ့ပွဲထုတ်ခဲ့ပြီး အမှန်အကန် အောင်မြင်မှုတွေရရှိခဲ့ကာ Bollywood ရုပ်ရှင်လောကကို တစ်ဆင့်မြှင့်တင်ပေးနိုင်ခဲ့တယ်လို့ပဲ ပြောရပါမယ်။အဲ့တုန်းက မျက်နှာသစ်သရုပ်ဆောင်တွေဟာ GOW ရဲ့ အောင်မြင်မှုအရှိန်နဲ့အစလိုက်ပြုလိုက်တာ ခုချိန်မှတော့ အောင်မြင်တဲ့သရုပ်ဆောင်တွေအဖြစ် ရပ်တည်နိုင်ခဲ့ကြပါပြီ။ ဒီဇာတ်လမ်းမှာ သရုပ်ဆောင်ပိုင်းတွေ၊ ဇာတ်လမ်းအသွားအလာတွေ နောက်ခံသီချင်းတွေ၊ သွေးအေးအေးနဲ့ လူသတ်ရဲတဲ့ အက်ရှင်ခန်းတွေ၊ အထူးသဖြင့် Casting ပိုင်းပေါ့ ====================================================== 1942 ကနေ 2004 ခုနှစ်ထိ အိန္ဒိယနဲ့ဘင်္ဂလားနယ်စပ်က Wasseypur မြို့မှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်ကို အခြေခံထားပြီး အကောင်းဆုံး ပုံဖေါ်ခဲ့တာဖြစ်ပါတယ်။ ကမ္ဘာမီးလောင် သားကောင်ချနင်းဆိုတဲ့ စကားပုံအတိုင်း အင်္ဂလိပ်အစိုးရလက်ထက်မှာ ကျောက်မီးသွေးတွေက အဓိကသွင်းအားစုဖြစ်နေတဲ့ အချိန် နေရာတကာမှာ ကျောက်မီးသွေးလုပ်ငန်းတွေ ကျယ်ကျယ်ပြန်ပြန့်လုပ်ကိုင်နေကြပြီး တောမီးလောင် တောကြောင် လက်ခမောင်းခက်ဆိုတဲ့အတိုင်း တောပုန်းဓားပြတွေ ပေါများတဲ့ခေတ်မှာ အဆိုးရွားဆုံး ဓားပြဗိုလ်က ဆူလ်တာနာ့ ဆူလ်တာနာ နာမည်ကိုအသုံးချပြီး လက်တလုံးခြား ဆူလ်တာနာကို မလိမ့်တပ်လုပ်ကာ ဖြတ်လုနေတာက ရှဟီးဒ်ခန်းမ် အလည်လွန်တဲ့ဘီး ချေးနင်းမိဆိုသလို ဆူလ်တာနာနဲ့ ထိပ်တိုက်တွေ့တဲ့အခါ အသက်လုပြေးလာခဲ့ရတယ် နောက်မွေးလာမယ့်ကလေးအတွက် ဒီလိုခိုးဆိုးနှိုက်အလုပ်ကို မလုပ်တော့ဘဲ ရှဟီးဒ်ခန်းမ် တစ်ယောက် တခြားနေရာကို ပြောင်းသွားခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ရာမာဒီးရ်ဆိုတဲ့ ခရိုနီတစ်ယောက်ရဲ့ တိုက်ခိုက်ရေးသမား ဖြစ်လာခဲ့တယ့် " ဒီခွေးအင်္ဂလိပ်တွေက ရိုတီတစ်ချပ်လောက်ကို ပစ်ကျွေးခဲ့တာ ဒီကမျောက်အုပ်လိုက်က လုနေကြတယ်၊ ရာမာဒီးရ်ကိုရော ဒီပိုင်ဆိုင်မှုတွေ သူ့အဖေပေးခဲ့တာလား သူလည်း ဒီအတိုင်းယူလိုက်တာပဲ မနက်ဖြန်ဆို သူ့အလောင်းပေါ်ကနေ ရှဟီးဒ်ခန်းမ်ဆီ ရောက်လာလိမ့်မယ်" သူ့အကြံအကောင်ထည်မဖေါ်နိုင်ခဲ့ပေ ရာမာဒီးရ်ရဲ့ အလုပ်တစ်ခုကို လုပ်ပေးရင်း ရှဟီးဒ်ခန်းမ် ပြန်ရောက်မလာတော့ဘူး သူ့သား ဆဒါးရ်ခန်းမ်ကို တပည့်ဖြစ်သူ နဆီးရ်က စောင့်ရှောက်ခဲ့ပြီး အဖေ့အတွက်အကြွေးကို သားတစ်ယောက်က ပြန်သိမ်းဖို့အထိ ဖြစ်လာခဲ့ပါတယ် " ငါ့ဘဝမှာ ရည်မှန်းချက်တစ်ခုပဲရှိတယ် ... ကလဲ့စားချေဖို့ " သူ့ရည်မှန်းချက်က ပြည့်ဝပါ့မလားဆိုတာကိုတော့ ======================================================= ဇာတ်လမ်းကို ဒီလောက်ပဲပြောထားတာ အကြောင်းရှိပါတယ်၊ ကိုယ်တိုင်ခံစားကြည့်ကြပါခင်ဗျာ သရုပ်ဆောင်တွေရဲ့ သရုပ်ဆောင်မှုက အားကောင်းလှသလို ဇာတ်လမ်းကလည်း အစအဆုံးဆွဲခေါ်သွားနိုင်တဲ့ ဇာတ်ကားမျိုးဖြစ်ပါတယ် Castတွေအနေနဲ့ ဆဒါးရ်ခန်းမ် အနေနဲ့ Manoj Bajpayee ဖိုက်ဇဲလ်ခန်းမ် အနေနဲ့ Nawazuddin Siddiqui နဂ်မား ခါတွန် အနေနဲ့ Richa Chadda မိုဟ်ဆီးနား အနေနဲ့ Huma Qureshi ရာမာဒီးရ်ဆင့် အဖြစ် Tigmanshu Dhulia နဲ့ တခြားနာမည်ကျော် သရုပ်ဆောင်များလည်း ပါဝင်ထားကြပါတယ်။ ဇာတ်လမ်းက ၅ နာရီခွဲလောက်ကြာမြင့်တာမို့ Part(1)နဲ့(2) ခွဲထုတ်ထားပြီး နှစ်ကားလုံးကို ဒီမှာ https://channelmyanmar.org/?s=Gangs+of+Wasseypur ကြည့်လို့ရပါတယ်။ File Size : (3.3 GB)/ (1.3 GB)  Quality : Blu-Ray 1080p/720p Running Time : 2hr 39min Format : mkv/mp4 Genre :Action, Crime, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Zaw Htoo Encoded by Thanhtike Zaw,Nyeinsaeya Aung

Action • Crime • Thriller
7.9 2012 160 mins
Gangs of Wasseypur - Part 2
Ramabanam
5.6

Ramabanam 2023 IMDb 5.9/10 Action/Drama အခုတစ်ခါတင်ဆက်ပေးမယ့် တေလဂူးရုပ်ရှင်ကတော့ အက်ရှင်အကြမ်းစားတွေအပြင် မိသားစုတွေကြားထဲက ၅၂၈မေတ္တာ ချစ်သူတွေကြားက ၁၅၀၀မေတ္တာကိုပါ ကြည့်ရှုခံစားရမယ့် ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ ရိုးသားမှုကို အရင်းခံပြီး သမာအာဇီဝကျကျနဲ့ စီးပွားရေးလုပ်ကိုင်နေတဲ့ ရာဂျာရမ်မှာ ဗစ်ကီလို့ခေါ်တဲ့ ညီလေးတစ်ယောက်ရှိပါတယ်။ ရန်ကိုရန်ချင်းမတုံ့နှင်းဖို့ အစ်ကိုဖြစ်သူက အမြဲဆုံးမလေ့ရှိပါတယ်။ ဒါပေမဲ့ တစ်နေ့မှာ ဗစ်ကီတစ်ယောက် အစ်ကိုဖြစ်သူ မတရားသဖြင့် ဒုက္ခခံနေရတာကို မြင်ရပြီးနောက် လက်တုံ့ပြန်ခဲ့ပါတယ်။ အစ်ကိုဖြစ်သူသိသွားပြီး ဗစ်ကီနဲ့ အချေအတင်ဖြစ်ကြတဲ့အခါ ဗစ်ကီတစ်ယောက် အိမ်ကနေ ထွက်ပြေးသွားခဲ့ပါတယ်။ ကာလကတ္တားမြို့ကို လက်ဗလာနဲ့ရောက်သွားတဲ့ဗစ်ကီတစ်ယောက် လုပ်ငန်းရှင်တစ်ဦးနဲ့ချိတ်ဆက်မိပြီး ယုံကြည်အားကိုးရတဲ့သူတစ်ယောက်ဖြစ်လာပါတယ်။ ထင်ထားသလောက်မရိုးရှင်းတဲ့စီးပွားရေးလုပ်ငန်းမှာ ဗစ်ကီတစ်ယောက် အစ်ကိုဖြစ်သူမကြိုက်တဲ့ ဒုစရိုက်မှုတွေလုပ်ပြီး ကြီးပြင်းလာခဲ့ပါတယ်။ အချိန်တန်အရွယ်ရောက်လို့ ချစ်ရတဲ့သူတွေ့လာတဲ့အခါ လက်ထပ်ထိမ်းမြားဖို့ မိသားစုက အရေးပါတယ်ဆိုတာ ဗစ်ကီသိရတဲ့အခါ အစ်ကိုဖြစ်သူနဲ့မိသားစုဝင်တွေရှိရာဆီကို ပြန်လာခဲ့ပါတယ်။ မိသားစုတွေ ပြန်လည်ပေါင်းစည်းကြမိပေမယ့် ဖုံးကွယ်ထားရတဲ့အခက်အခဲကိုယ်စီလည်း ရှိနေကြပါတယ်။ ဗစ်ကီနဲ့အစ်ကိုဖြစ်သူ ဘာတွေဆက်ဖြစ်ကြမလဲ။ အခက်အခဲတွေကရော ဘာတွေဖြစ်မလဲ။ မိသားစုတွေ ပျော်ပျော်ရွှင်ရွှင်နေသွားရမလားဆိုတာကို ဒီဇာတ်ကားထဲမှာ ဆက်လက်ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V, BpL, Zwe Yan, Dee နဲ့ Cherryတို့ဖြစ်ကြပါတယ်။)

5.6 2023
Ramabanam
The Morning After
5.8

ဟာသရုပ်ရှင်တွေကို ကြိုက်တဲ့ ပရိသတ်တွေအတွက် နာမည်ကြီး လူရွှင်တော် တွေနဲ့ ရိုက်ကူးထားတဲ့ ဟာသကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- နှစ် ၃၀ ကျော် ငါးရောင်းခဲ့သူ ဦးလေးယာ၊ ငါးပြတိုက်ကြီးတစ်ခုမှ လင်းပိုင်လေ့ကျင့်သူ အားလဲ့နှင့် ငါးပြတိုက်လုံခြုံရေး တုကျစ်ကော်တို့ဟာအလုပ်ကြောင့် ခင်မင်သွားကြပါတယ်။ သူတို့ဟာ ဘဝကို ကြိုးစားဖြတ်သန်းနေပေမဲ့လဲ အချစ်ရေးတော့ကံမကောင်းကြပါဘူး တစ်နေ့မှာ သူတို့ ၃ ယောက် စုပြီး စိတ်ညစ်ညစ်နဲ့ အရက်သောက်ကြပါတယ်။ မူးနေကြပြီး ဘာမှ မသိတော့တဲ့ အချိန်မှ ာ ကားတစ်စီးက ငါးပြတိုက်ကို ရောက်လာခဲ့ပါတယ်။ မူးနေတဲ့ ဦးလေးယာဟာ ပစ္စည်းစာရင်းပေါ်မှာ လက်မှတ်ထိုးခဲ့ပါတယ်။ နောက်တစ်နေ့မနက်မှာတော့ ငါးပြတိုက်ထဲက နာမည်ကြီးလင်းပိုင်ပေါင်ပေါင်ကို သူတို့ ၃ ယောက် နိုင်ငံခြားသို့ရောင်းလိုက်ကြောင်း သိလိုက်ရပါတယ်။ ဒီကိစ္စကြောင့် သူတို့ ၃ ယောက်ဟာ လင်းပိုင်ကို ခိုးရောင်းခဲ့တဲ့ တရားခံတွေ ဖြစ်သွားပါတော့တယ်။ သူတို့ ၃ ယောက် လင်းပိုင်ကို ပြန်ရှာတဲ့ လမ်းတစ်လျှောက်မှာ ကြုံတွေ့ရမယ့် အလွှဲတွေကို ကြည့်ရှုရယ်မောပြီး ဘဝအမောတွေကို ဖြေဖျောက်ကြရအောင်နော်။

5.8 2018
The Morning After
The Breaking Ice
6

ကိုယ့်ဘဝကိုယ် အဓိပ္ပာယ်ကင်းမဲ့နေသလို ခံစားနေရလား။ အဲ့လိုအချိန်မျိုးရောက်ရင် ခရီးထွက်လိုက်ပါ။ ဒီရုပ်ရှင်လေးကတော့ ဘဝရည်မှန်းချက်ပျောက်နေကြတဲ့ လူငယ် ၃ ယောက်တို့ ခရီးစဉ်တစ်ခုမှာ ခင်မင်ခဲ့ပြီးနောက် ပြောင်းလဲမှုများကို ခံစားကြည့်ရှုရမှာ ဖြစ်ပါတယ်။ ယန်ဂျီဟာ တရုတ်မြောက်ပိုင်းနယ်စပ်မြို့လေးတစ်မြို့ ဖြစ်ပါတယ်။ ရှန်ဟိုင်းကနေ သူငယ်ချင်းရဲ့မင်္ဂလာပွဲကိုတက်ဖို့လာတဲ့ ဟောက်ဖုန်းဟာ ဘဝအတွက် လမ်းပျောက်နေသလို ခံစားနေရပါတယ်။ နယ်စပ်ကို လည်ပတ်တဲ့ ခရီးစဉ်တစ်ခုမှာ သူဟာ နာ့နာ့ဆိုတဲ့ အသက်ငယ်ငယ်ဧည့်လမ်းညွှန်တစ်ယောက်ကို သဘောကျမိသွားပါတယ်။ နာ့နာ့ကတစ်ဆင့် သူမရဲ့ စားဖိုမှူးသူငယ်ချင်း ဟန်ရှောင်းနဲ့ ခင်မင်ခဲ့ရပြီး သူတို့ ၃ ယောက်ဟာလည်း ဟန်ရှောင်းရဲ့ ထမင်းတစ်နပ်ကြောင့် သူငယ်ချင်းတွေ ဖြစ်သွားကြပါတယ်။ တစ်ကြိမ်တစ်ခေါက် နွေးထွေးစွာ ထိတွေ့မှုဟာ သူတို့ကို သူတို့ရဲ့ အတိတ်နဲ့ လျှို့ဝှက်ချက်တွေကို ရင်ဆိုင်စေဖို့အားအင်တွေဖြစ်လာစေခဲ့ပါတယ် သူတို့ ၃ ယောက် ဘယ်လို အဓိပ္ပာယ်မရှိတဲ့ လုပ်ရပ်တွေကို လုပ်ပြီး စိတ်လှုပ်ရှားမှုနဲ့ လွတ်လပ်မှုတွေကို ရှာဖွေကြမလဲဆိုတာကို ရုပ်ရှင်လေးထဲက ရှုခင်းလှလှလေးတွေနဲ့အတူ ခံစားကြည့်ရှုလိုက်ပါနော်။

6 2023
The Breaking Ice
A Fish Called Wanda
7.5

ဒါကတော့ 1988 တုန်းကရိုက်ကူးထားတဲ့ အမေရိကန်-ဗြိတိသျှ မှုခင်းဟာသဇာတ်ကားဖြစ်ပြီး IMDB 7.5 ရရှိထားပါတယ်။ သမီးရည်းစားနှစ်ယောက်ဖြစ်ကြတဲ့ ဂျော့ဂျ်တွမ်မဆန်နဲ့ ဝန်ဒါဂတ်ရှဝတ်ဇ်တို့ဟာ ဝန်ဒါရဲ့အစ်ကိုဖြစ်သူ အော်တိုဝက်စ်နဲ့ စကားထစ်တဲ့ သူငယ်ချင်းဖြစ်သူ ခန်ပိုင်းလ်နဲ့အတူ ရတနာဆိုင်တစ်ဆိုင်ကို ဓားပြတိုက်ကြတယ်။ အောင်မြင်သွားပြီး စိန်တွေရသွားခဲ့ပေမဲ့ သူတို့အဖွဲ့က စိန်တွေကို လေးပုံပုံပြီးခွဲမယူချင်ကြဘဲ အပြန်အလှန်သစ္စာဖောက်ဖို့ ကြိုးစားကြတယ်။ အဲဒီအချိန်မှာ ခေါင်းဆောင်ဖြစ်တဲ့ ဂျော့ဂျ်က အဖမ်းခံလိုက်ရပြီး ပြဿနာကပိုဆိုးသွားတယ်။ ဝန်ဒါက သက်သေအဖြစ် တရားရင်ဆိုင်ပေးရမှာဆိုပေမဲ့ သူကဉာဏ်နီဉာဏ်နက်များတယ်။ တကယ်တော့ အော်တိုကသူ့အစ်ကိုမဟုတ်ဘဲ ရည်းစားဖြစ်နေတယ်။ သူတို့နှစ်ယောက်တည်း စိန်တွေကို အပိုင်လိုချင်တော့ ဂျော့ဂျ်ကိုသစ္စာဖောက်ဖို့လုပ်တယ်။ ဒါပေမဲ့ ဝန်ဒါကလည်း အော်တိုကိုသစ္စာထပ်ဖောက်ဖို့ လုပ်နေတာကို ဘယ်သူမှမသိခဲ့ဘူး… သရုပ်ဆောင်တွေလည်း ကောင်းသလို မှုခင်းနဲ့ဟာသကို အရမ်းမပေါသွားစေသလို အရမ်းလေးမသွားအောင် ပြသသွားတဲ့ ဇာတ်ကားကောင်းတစ်ကားမို့ ကြည့်ရှုဖို့ တိုက်တွန်းလိုက်ပါတယ်။ File size… 2.9 GB / 1.2 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 48m Genre ….. Comedy/Crime Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Kasashi

Horror
7.5 1988 109 mins
A Fish Called Wanda
The Village
5.8

The Village (2023) ~ MyDramaList – 7.1/10 ~ ပြီးခဲ့တဲ့နှစ် ဇွန်လက Netflix ကနေ ထုတ်လွှင့်ပြသခဲ့တဲ့ Drama, Suspense, Thriller အမျိုးအစား “The Village” ဆိုတဲ့ ဂျပန်ဇာတ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ကာမွန်ရွာ (Kamon Village) မှာ ကလေးဘဝကတည်းက နေထိုင်တဲ့ ကာတယာမ ယူ (Katayama Yu) ဆိုတဲ့ ကောင်လေးတစ်ယောက်က သူ့အတိတ်ကဖြစ်ရပ်တစ်ခုကြောင့် အထက်တန်းကျောင်းပြီးလို့ ရွာကနေထွက်သွားချင်တာတောင် ထွက်သွားလို့မရတဲ့အပြင် သူ့အမေချေးထားတဲ့ငွေအများကြီးကို ပြန်ဆပ်ဖို့အတွက် ရွာအနားမှာ ဆောက်လုပ်ထားတဲ့ စွန့်ပစ်အမှိုက်ရှင်းလင်းရေးစက်ရုံမှာ ဝင်ရောက်လုပ်ကိုင်နေရပါတယ်။ ရည်မှန်းချက်တွေ မျှော်လင့်ချက်တွေ တစ်ခုမှရှိမနေဘဲ သူများအနိုင်ကျင့်တာကိုပါခံရရင်း ရှင်သန်နေသူလည်းဖြစ်တယ်။ တစ်နေ့ သူ့ငယ်သူငယ်ချင်းဖြစ်တဲ့ နာကာအီ မီဆာကီ (Nakai Misaki) က တိုကျိုကနေ ကာမွန်ရွာဆီ ပြန်လာခဲ့ပါတယ်။ မီဆာကီပြန်လာခြင်းက ကာတယာမ ယူ ကို အကြီးအကျယ် ပြောင်းလဲစေခဲ့ရင်း သူတိုနှစ်ယောက်ဆက်ဆံရေးက သူတို့ကိုယ်တိုင်နဲ့ ကာမွန်ရွာတစ်ရွာလုံးကို ဘယ်လိုဖြစ်စေမလဲဆိုတာ ပိတ်ကားထက်မှာ ကြည့်ရှုလိုက်ကြပါခင်ဗျာ။ The Village (2023) ကို ဒါရိုက်တာ Michihito Fujii က ကိုယ်တိုင်ရေး၊ ကိုယ်တိုင်ရိုက်ကူးခဲ့ပါတယ်။ Michihito Fujii ဆိုတာ Hard Days (2023), The Last 10 Years (2022), The Journalist (2019), The Journalist (2022 – Netflix Series) စတဲ့ ဇာတ်ကား၊ စီးရီးတွေကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာပါ။ ကာတယာမယူ နေရာမှာ သရုပ်ဆောင်တဲ့သူက Usogui (2022), Akira and Akira (2022), Your Eyes Tell (2020) စတဲ့ဇာတ်ကားတွေမှာ သရုပ်ဆောင်ခဲ့တဲ့ Ryusei Yokohama ဖြစ်ပြီး နာကာအီမီဆာကီနေရာမှာတော့ Kyrie no Uta (2023), It Comes (2018), The Bride of Rip Van Winkle (2016) စတဲ့ဇာတ်ကားတွေမှာ သရုပ်ဆောင်ခဲ့တဲ့ Haru Kuroki ဖြစ်ပါတယ်။ Wataru Ichinose, Shido Nakamura (Monster ထဲက Yori လေးရဲ့အဖေ), Furuta Arata တို့လို ဝါရင့်သရုပ်ဆောင်တွေလည်းပါကြပါတယ်။ The Village ထဲမှာပါတဲ့ နိုပြဇာတ် (Noh Theatre) ဆိုတာ နာမည်ကျော်ဂျပန်ရိုးရာပြဇာတ်တွေထဲက ပြဇာတ်အမျိုးအစားတစ်ခုဖြစ်တယ်။ နိုပြဇာတ်ကဘယ်လိုပြဇာတ်မျိုးလဲ၊ စွန့်ပစ်အမှိုက်ရှင်းလင်းရေးစက်ရုံရဲ့ လုပ်ငန်းဆောင်တာတွေက ဘာတွေလဲ၊ ကာမွန်ရွာကို ဘယ်လိုအကျိုးပြုသလဲဆိုတာ ပြသထားပါတယ်။ ဒီဇာတ်ကားက ကြည့်ရှုသူအပေါ်လိုက်ပြီး Suspense, Thriller အပြင် တစ်ခြားခံစားချက်တွေပါရပြီး ဇာတ်ကားပြီးသွားရင်တော့ ဘယ်လိုကြီးမှန်းမသိဆိုပြီး ရင်ထဲဖြစ်ကျန်ခဲ့မှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို AK မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.8GB, 890MB Quality – 1080p, 720p IMDb Rating – 5.8/10 Format – mp4 Duration – 2H Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by AK Encoded by Y

5.8 2023 120 mins
The Village
Something’s Gotta Give

ဆန်ဘွန်လို့ခေါ်တဲ့ အသက်၆၀အရွယ်လူတစ်ယောက်ဟာ အောင်မြင်နေတဲ့ လုပ်ငန်းရှင်ဖြစ်ရုံသာမက စော်ကြည်ဘဲကြီးတစ်ယောက်လည်းဟုတ်ပါသေးတယ်။ ဆန်ဘွန်ဟာ တွဲလိုက်ရင် အသက်၃၀အောက် ကောင်မလေးလန်းလန်းလေးတွေနဲ့ပဲ တွဲပြီး အသက်၆၀ကျော်လာတဲ့အထိ အိမ်ထောင်မပြုသေးတဲ့ လူပျိုကြီးအဖြစ် နာမည်ကြီးပါတယ်။ ဒီလိုနဲ့ မာရင်လို့ခေါ်တဲ့ကောင်မလေးနဲ့ ဆန်ဘွန်ပတ်သတ်မိရာက မာရင့်ရဲ့ ကမ်းခြေအိမ်မှာ အပန်းဖြေလို့ လိုက်သွားရာကနေ မမျှော်လင့်ဘဲ မာရင့်အမေ အဲရစ်ကာဟာလည်း အဲဒီအိမ်မှာ ရောက်ရှိလာတဲ့အခါမှာတော့ ……. ၃၀အောက်လေးတွေကိုပဲ စားသုံးနေတဲ့ လူပျိုကြီးဆန်ဘွန်ဟာ သူနဲ့ရွယ်တူအမျိုးသမီးတစ်ယောက်နဲ့ အနေနီးလာတဲ့အခါမှာ ဘယ်လိုဇာတ်လမ်းလေးတွေဖြစ်ကြမလဲ…… မာရင်နဲ့ ဆန်ဘွန်ရဲ့ ကိစ္စကရော ဘယ်လိုဆက်ဖြစ်သွားမလဲ …..ဆိုတာတွေကို ကြည့်ရှုခံစားရမယ့် ဟာသဒရာမာဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Sakura ပဲ ဖြစ်ပါတယ် File size…(2.3 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:20:00 Genre… Drama, Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sakura

0 2003
Something’s Gotta Give
Passion Play
5.5

Passion Play (2010) အရင်က နာမည်ကြီး trumpet player ဖြစ်ခဲ့တဲ့ Nate Poole က လူဆိုးဂိုဏ်းခေါင်းဆောင်တစ်ယောက်ရဲ့ ဇနီးကို မသိဘဲအိပ်မိရာကနေ လူဆိုးဂိုဏ်းခေါင်းဆောင်က လိုက်သတ်လို ကန္တာရထဲ ထွက်ပြေးခဲ့ရတယ်။ အဲဒီမှာသူ ဆပ်ကပ်ပွဲတစ်ခုဆီရောက်သွားပြီး မထင်မှတ်ဘဲ အတောင်ပံတွေရှိတဲ့ မိန်းမလှလေးကို တွေ့ခဲ့ချိန်မှာတော့ သူ့ဘဝကြီးရော ငှက်အတောင်ပံတွေနဲ့ မိန်းမပျိုလေးရဲ့ဘဝရော ဘယ်လိုတွေပြောင်းလဲသွားမလဲဆိုတာကိုတော့ ဒီဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုလိုရပါတယ်။ နာမည်ကြီး မင်းသားမင်းသမီးကြီးတွေဖြစ်တဲ့ Mickey Rourke၊ Megan fox၊ Bill Murray၊ Rhys Ifans နဲ့ Kelly Lynch တိုအကုန် ပါဝင်တာမို မလွတ်တမ်းကြည့်ရှုသင့်ပါတယ်နော်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Thwal Htoo Zin ပါ ) File size_(1.5GB)/(700MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:30:00 Genre_Drama, Fantasy, Romance Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Thwal Htoo Zin

5.5 2010 94 mins
Passion Play
An American Werewolf in Paris
5.1

1981 ခုနှစ်မှာထွက်ရှိခဲ့တဲ့ An American Werewolf in London ရဲ့ sequel ရုပ်ရှင်ဖြစ်ပြီး ဒီတကြိမ်မှာတော့ ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့မှာ ဇာတ်အိမ်တည်ထားပါတယ်။ ‌‌ 1981 ရုပ်ရှင်အပြီး လန်ဒန်မြို့မှာ ဒေးဗစ် ကတ်စလာ ‌ေ-သဆုံးသွားခဲ့တဲ့နောက် ဒေးဗစ်ရဲ့ ချစ်သူ အဲလက်စ် ပရိုက်စ်က ဒေးဗစ်နဲ့ရခဲ့တဲ့ သမီးလေး ဆာရာဖင်းနဲ့အတူ ပဲရစ်မြို့ကိုပြောင်းနေခဲ့တာက‌နေ ဆာရာဖင်းအရွယ်ရောက်လာပြီးနောက်ပိုင်းကို ဇာတ်လမ်းဆက်ထားတာပါ။ 1981 ရုပ်ရှင်ကိုပဲကျောရိုးယူထားပြီး ရိုက်ကူးထားတာဖြစ်ပေမဲ့ အထူးပြုလုပ်ချက်တွေ ၊ မိတ်ကပ်တွေက 1981 ရုပ်ရှင်ကို မမှီဘူးဆိုပြီး ဝေဖန်မှုတွေရှိခဲ့တဲ့ ရုပ်ရှင်ကားပဲဖြစ်ပေမဲ့လည်း ကောင်း၊ မကောင်းကိုတော့ ကိုယ်တိုင်ကြည့်ပြီးမှ ဆုံးဖြတ်လိုက်ကြပါဦးဗျ။ သွေးထွက်သံယိုပြကွက်တွေပေါပေါများများပါဝင်လို့ ကလေးသူငယ်တွေကြည့်ရှုဖို့မသင့်တော်ပါဘူး။ File Size : 7.3 GB, 2 GB, 872 MB Quality : Blu-Ray HEVC 4K / 1080p / 720p Running Time : 1hr 38min Format : Mkv and Mp4 Audio : AAC, AC3 Genre : Comedy, Fantasy, Horror Subtitle : Myanmar Subtitle (Hard Sub) Translated by : TMMT Encode by : Thit San Khant

Crime • Thriller
5.1 1997
An American Werewolf in Paris
Inside Job
8.2

Drama တွေ အက်ရှင်တွေရိုးနေတဲ့ လူတွေအတွက် Documentary type ဇာတ်လမ်းတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ 2008ခုနှစ်မှာဖြစ်ခဲ့တဲ့အရာတွေအများကြီးထဲကမှ ၂၀၀၈ ကမ္ဘာ့စီးပွားရေးပျက်ကပ်ဆိုရင် အတော်များများကြားဖူး သိဖူးမယ်လို့ထင်ပါတယ်။ ကမ္ဘာတစ်ဝှမ်းနဲ့ အမေရိကက စီးပွားရေးလုပ်ငန်းနဲ့ အိမ်ခြံမြေအရောင်းအဝယ်နဲ့ ကြွေးမြီကိစ္စတွေ အတော်လေးကို ထိုးဆင်းပြီး အရှုံးတွေလည်း ဒေါ်လာ ထရီလီယံနဲ့ချီတယ်လို့ပြောကြပါတယ်။ ဒီ 2008 စီးပွားပျက်ကပ်အကြောင်းကို စိတ်ဝင်စားပြီး ဘယ်ကနေဘယ်လိုအစပြုလို့ ဘယ်လိုကိစ္စ ဘယ်လိုလုပ်ငန်းတွေမှာ တိုင်ပတ်ခဲ့သလဲ ဘယ်သူတွေအကျိုးအမြတ်ရသွားကြလဲ ဘယ်လောက်တောင်ရသွားကြလဲဆိုတာနဲ့ ဘယ်လိုတွေ ဖြေရှင်းခဲ့ကြသလဲဆိုတာကို ဒီဇာတ်လမ်းလေးထဲမှာ ကြည့်ရှုခံစားနိုင်မှာဖြစ်ပါတယ်။ File Size : 1.9 GB, 703 MB Quality : Blu-Ray 1080p / 720p Running Time : 1hr 49min Format : Mp4 Genre : Crime, Documentary Subtitle : Myanmar Subtitle (Hard Sub) Translated by : Ko Wunna Encode by : Thit San Khant

Thriller • Action
8.2 2010 109 mins
Inside Job
Uncanny
6.2

Uncanny (2015) ******************* အခုခေတ်မှာ AI နည်းပညာတွေက အရမ်းအောင်မြင်နေပေမဲ့ ဒီလိုအောင်မြင်လာဖို့အတွက် ဟိုးအရင်ကတည်းကစတင်ကြိုးစားခဲ့ကြရတာပါ။ အဲ့ဒါရဲ့ရလာဒ်အနေနဲ့ဟိုးအရင်ကတည်းက AI နဲ့ပတ်သတ်တဲ့ ရုပ်ရှင်တွေလည်းအများကြီးထွက်ရှိခဲ့ပါတယ်။ AI ဆိုတာ လူလုပ်အသိဉာဏ်တုဖြစ်ပြီး အဲ့ဒီအသိဉာဏ်တုကို ကိုယ်လိုချင်တဲ့ပုံစံအတိုင်း ပြည့်စုံအောင် ပုံဖော်ဖန်တီးရတာဖြစ်တဲ့အတွက် လွယ်တဲ့ကိစ္စတော့မဟုတ်ပါဘူး။ အခုတင်ဆက်ပေးမဲ့ 2015 ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ Uncanny ဆိုတဲ့ IMDb 6.2 ရရှိထားတဲ့ဇာတ်ကားမှာလည်း ပြည့်စုံတဲ့ AI တစ်ခုကိုဖန်တီးရတာ ဘယ်လောက်ခက်ခဲတယ်ဆိုတာအပြင် ဖြစ်လာနိုင်မဲ့ဘေးထွက်ဆိုးကျိုးတွေကိုပါ ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့ ရိုက်ကူးတင်ဆက်ထားတာကိုတွေ့ရမှာပဲဖြစ်ပါတယ်။ ဒေးဗစ်ခရန်ဆန်ဆိုတဲ့လူက အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ကျောင်းတွေအများကြီးပြီး အဆင့်မြင့်ဘွဲ့တွေအများကြီးရရှိထားပြီး စက်ရုပ်နည်းပညာကို အရမ်းစိတ်ဝင်စားတဲ့လူတစ်ယောက်ဖြစ်ပါတယ်။ အခုလည်းကက်စတယ်လို့ခေါ်တဲ့ အလုပ်ရှင်ကြီးတစ်ယောက်က သူ့ကိုလုပ်ခိုင်းထားတဲ့လူသားနဲ့ လုံး၀ချွတ်စွတ်တူပြီးပြည့်စုံတဲ့ AI စက်ရုပ်တစ်ခုကို အိမ်ထဲကအိမ်ပြင်မထွက်ဘဲ ကြိုးစားတီထွင်နေပါတော့တယ်။ သူ့လက်ရာတွေက အရမ်းပြောင်မြောက်ပြီး နာမည်ကြီးတဲ့အတွက် သတင်းထောက်တစ်ယောက်က သူ့အကြောင်းဆောင်းပါးရေးဖို့ တစ်ပတ်တာလာလေ့လာခဲ့ပါတယ်။ သူလက်ရှိတီထွင်ထားတဲ့စက်ရုပ်က ဘယ်လောက်တောင်ပြောင်မြောက်လဲဆိုရင် စစချင်းတုန်းကသတင်းထောက်ဟာ သူ့လက်ထောက်အက်ဒမ်လို့ထင်တဲ့လူကို ထွင်ထားတဲ့စက်ရုပ်ဖြစ်နေမှန်းတောင် လုံး၀မသိခဲ့ပါဘူး။ ဒီလိုနဲ့သတင်းထောက်မလေးက သူတို့အလုပ်တွေကို တစ်ပတ်တာလေ့လာရင်းနဲ့ AI စက်ရုပ်အက်ဒမ်က သတင်းထောက်မလေးအပေါ်မှာ ခံစားချက်တွေရှိလာတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်လာမယ်ဆိုတာကို စိတ်ဝင်စားစရာကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (အညွှန်းကို Saw Lay မှ ရေးသားထားပါတယ်) File size…1.23GB / 629MB Quality… Blu Ray 1080p/ 720p Format…mp4 Duration….1h 27m Genre ….. Sci-Fi, Horror, Thriller, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Saw Lay Encoded by AHtet

6.2 2015 91 mins
Uncanny
Back in Action
6.7

Back In Action (2025) ================= ဒီရုပ်ရှင်ကတော့ 2025 ရဲ့ထိပ်တန်းနာမည်ကြီးသရုပ်ဆောင်တွေနဲ့ စတင်ထားတဲ့ Nonstop အက်ရှင်ကားကောင်းတစ်ကားပါ…Jamie Fox , Cameron Diaz , Andrew Scott စတဲ့ နာမည်ကြီးအမြောက်အမြားပါဝင်ထားပါတယ်…. CIA ရဲ့ ထိပ်တန်းစပိုင် ၂ ယောက်ဖြစ်တဲ့ အမ်မလီနဲ့ မတ်ဟာ ရုရှားတွေဆီကနေ… ကမ္ဘာအနှံ့က အရေးပါတဲ့ နယူးကလီယားဓာတ်ပေါင်းဖို.ဆည်ကြီးတွေ ဓာတ်အားပေးရုံတွေ စတဲ့အရာတွေကိုထိန်းချုပ်နိုင်တဲ့ သော့တစ်ချောင်းကို ခိုးလာပါတယ်… ဒီသော့ကိုပြန်အပ်ဖို့ အပြန်လမ်း လေယာဉ်ပေါ်မှာ အမ်မလီဟာ မတ်ကြောင့် ကိုယ်ဝန်ရသွားကြောင်း သိရာကနေ..စီးလာတဲ့လေယာဉ်ပါ ချောက်ချခံလိုက်ရပြီး ရန်သူဘက်က တိုက်ခိုက်တာကိုခံရတာကြောင့် လေယာဉ်ပျက်ကျသွားပါတယ်…သော့ပါပျောက်သွားပြီး သူတို့နှစ်ယောက်လုံး သေလူဟန်ဆောင်က ဇာတ်မြှုပ်နေလိုက်ကြပါတယ် ဒါပေမယ့် ၁၅ နှစ်ကြာအပြီး သားနဲ့သမီးနဲ့ သာမန်မိသားစုလေးတစ်ခုရလာချိန်မှာ… အတိတ်ကသူတို့ရဲ့ ဘဝဇာတ်ကြောင်းတွေ ပြန်လိုက်လာတဲ့အတွက် စွန့်လွှတ်ခဲ့တဲ့ သူလျှိုဘဝကိုပြန်သွားရပါတော့တယ်.. File Size : ( 2.71GB ) ( 1.92GB) ( 782MB ) Quality : NF Web-Dl 4K HEVC / 1080p AAC5.1 / 720p Format…mp4 / mkv Duration…01:55:00 Genre : Spy, Action, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Matteo & Thiha Encoded by Phyo Pyae , Min Wai

Romance • Drama
6.7 2025 114 mins
Back in Action
Big Rage
5

ဒီတစ်ခါမှာတော့ ကြည့်ရှုသူပရိသတ်တွေအတွက် အက်ရှင် ဇာတ်ကားတစ်ကားကို ယူဆောင်လာပါပြီ။ ၂၀၂၄ ခုနှစ်တုန်းက ထွက်ရှိခဲ့ပြီးတော့ ဒါရိုက်တာ Waymon Boone က ရိုက်ကူးထားပါတယ်။ အဓိကသရုပ်ဆောင်တွေအဖြစ် Fabian Arnold, Meredith Thomas, Justin Powell, David Millbern တို့က ပါဝင် ပေးထားပါတယ်။ ဇာတ်လမ်းအကျဉ်းကိုပြောပြရရင် ပြန်ပေးဆွဲခံလိုက်ရတဲ့ လီသီယမ်မိုင်းပိုင်ရှင် သူဌေးကြီးရဲ့သမီးကို လက်ဝှေ့ သမားဟောင်းနှစ်ယောက်က ပြန်လည်ကယ်တင်ဖို့ ကြိုးစားကြပါတယ်။ အဲဒီလိုနဲ့ သူတို့နှစ်ယောက်ရဲ့အတိတ်ဆိုးတွေ ပြန်ပေါ်လာပြီးတော့ တစ်ယောက်ရဲ့စိတ်ဒဏ်ရာကို တစ်ယောက်ကကုစားပေးရင်း စွန့်စားမှုတွေကြားထဲကနေ ပြန်ပေးဆွဲခံလိုက်ရတဲ့သူကို ကယ်တင်ကြပုံကို ရှုစားကြရမှာပါ။ အက်ရှင်ခန်းတွေက ကြည့်လို့ကောင်းပြီးတော့ ဇာတ်လမ်းက အကြမ်းစားတွေချည်းပဲမဟုတ်ဘဲ emotional ဖြစ်စေတဲ့ အခန်းလေးတွေလည်း ပါပါတယ်။ File size… (1.35 GB) / (639 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 55m Genre ….. Action , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Austin

Drama • Thriller
5 2024 113 mins
Big Rage
Exorcism Chronicles: The Beginning
6.8

Exorcism Chronicles: The Beginning (2025) ***************************************** IMDb… 6.8 သည်းထိတ်ရင်ဖို စွန့်စားခန်းတွေပါဝင်မှ ကြိုက်နှစ်သက်ကြတဲ့သူတွေအတွက် ကိုးရီးယားရဲ့ နာမည်ကျော်စာရေးဆရာ Lee Woo-hyuk ရဲ့ စာအုပ်ရေပေါင်း 10 မီလီယံကျော် ရောင်းချထားရတဲ့ “TOEMAROK” ဆိုတဲ့ နတ်ဆိုးနှိမ်နင်းရေးဝတ္ထုရှည်ကို အခြေခံပြီးဖန်တီးထားတဲ့ Animation အသစ်လေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ -ဇာတ်လမ်းအညွှန်း- နှစ်ပေါင်းရာချီတိတ်ဆိတ်စွာ နေထိုင်ခဲ့တဲ့ ဟယ်ဒုံလျှို့ဝှက်ဗုဒ္ဓဘာသာဂိုဏ်းရဲ့ ၁၄၅ ဆက်မြောက် ဘာသာရေးခေါင်းဆောင်ဟာ အစွမ်းထက်တဲ့ မကောင်းဆိုးဝါး စွမ်းအင်တွေကို ရယူဖို့အတွက် အသက်ပေါင်းများစွာကို ယဇ်ပူဇော်တဲ့ အခမ်းအနားတစ်ခုပြုလုပ်ရန် ကြံစည်နေပါတော့တယ်။ ဒါ့ကြောင့်ပဲ အဲဒီအကြံအစည်ကို တားဆီးပြီး ကမ္ဘာကြီးကို ကယ်တင်ဖို့အတွက် ထူးခြားတဲ့ စွမ်းရည်တွေ ပိုင်ဆိုင်ထားတဲ့ နတ်ဆိုးနှိမ်နင်းသူ လေးယောက်အဖွဲ့ ပေါ်ပေါက်လာပါတယ်။ အဲဒီအဖွဲ့မှာ ဖာသာကြီးဘတ်၊ ပညာရှင် ဟျွန်းအမ်၊ ငယ်ရွယ်တဲ့ စွမ်းအားရှင်လေး ဂျွန်းဟူနဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ ဆွန်းဟီးဆိုသူ ၄ ဦးပါဝင်ပြီး သူတို့တစ်ယောက်ချင်းစီရဲ့ အစွမ်းအစတွေကို ပေါင်းစပ်ပြီး အမှောင်ထုထဲက နတ်ဆိုးတွေနဲ့ ထိပ်တိုက်ယှဥ်ပြိုင်လာတဲ့အခါမှာတော့… ဒီကားလေးထဲမှာ ကြောက်စရာကောင်းတဲ့ နတ်ဆိုးတွေ၊ အမှောင်လောကရဲ့ လျှို့ဝှက်ချက်တွေ၊ စိတ်လှုပ်ရှားဖွယ်ရာ တိုက်ခိုက်ခန်းတွေနဲ့ ပြည့်နှက်နေတာမို့ သဘာဝလွန် သည်းထိတ်ရင်ဖို ဇာတ်လမ်းတွေကို နှစ်သက်သူတွေအတွက် မဖြစ်မနေ ကြည့်ရှုသင့်တဲ့ လက်ရာကောင်းတစ်ခုဆိုတာတော့ မလွဲဧကန်ပါပဲ… (ဇာတ်လမ်းအညွှန်းကိုတော့ Hsu Pyae မှ ရေးသားပေးထားပါတယ်ပါတယ်။) File Size : 1.25GB/ 620MB Quality : WEB-DL 1080p/ 720p Format…mp4 Duration…01:45:08 Genre : Animation, Fantasy, Horror, Action Subtitle : Myanmar Subtitle (Hard Sub) Translated by Hnin Wai Oo, Vanessa, Su Sandi & Toe Toe Aung Encoded by Tiff

Comedy
6.8 2025 86 mins
Exorcism Chronicles: The Beginning