YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Teen Titans - S04E04 - Cyborg the Barbarian.1080p.(CM).mp4

247.42 MB N/A video/mp4 84 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Thugs

IMDb 8.4 Crash Course အိန္ဒိယဝက်ဘ်စီးရီးထဲမှာ ဆက်သရာနေရာက သရုပ်ဆောင်ခဲ့တဲ့ မင်းသားချော Hridhu Haroon တယောက် စီသူ အနေနဲ့ အဓိက သရုပ်ဆောင်ထားပါတယ်။ (Charsh Course စီးရီးကိုလည်း CM မှာတင်ဆက်ပေးထားပါတယ် ဒီလင့်မှာlink ဝင်ဒေါင်းလို့ရပါတယ်) ဇာတ်လမ်းအကျဉ်းက ဒီလို... စီသူက မိဘမဲ့ တကောင်ကြွက်၊ အဖေဖြစ်သူဆုံးတော့ သူ့အဖေရဲ့သူဌေး အန်နာချီက သူ့အဖေနေရာမှာပဲ စာရင်းကိုင်ခန့်ထားခဲ့တယ်။ မြင်မြင်ချင်းချစ်မိခဲ့တဲ့ ကာရဲလ်လေးကြောင့်ပဲ စီသူ တယောက် ဘ၀ကြီးက မနေ့ကနဲ့မတူ မနေ့ကလို မပူတော့ဘဲ အချစ်သစ်တဖန်မွေးဖွားခဲ့ပေမဲ့လဲ... အချစ်စစ်တို့ မည်သည် ဖြောင့်တန်းရိုးမရှိဆိုသလို အနှောင့်အယှက်ဝင်လာတာက သူဌေးလူယုံရဲ့ ညီ ပက်ချက်ရန်၊ ချစ်ရသူ ကာရဲလ်လေးကို အမျိုးမျိုး လိုက်နှောင့်ယှက်နေတဲ့ လူယုတ်မာ ပက်ချက်ရန်ကို ဒေါသကြောင့် သတ်ခဲ့မိပြီး ထောင်ကျပါလေရော။ ထောင်ထဲမှာပဲ ဆရာကြီးတပွေနဲ့ ပေါင်းမိပြီး ချစ်ရသူကိုပြန်ရှာဖို့ ထောင်ဖောက်ပြေးဖို့ကြိုးစားပါတော့တယ်။ နောက်ကြောင်းပြန် ပြန်ပြောင်းပြောရင်း ဇာတ်ကို ခပ်သွက်သွက်လေးသွားထားပြီး ဒရမ်မာနဲ့အက်ရှင် အချိုးကျ ပေါင်းစပ်ထားတဲ့ Thugs (2023) ဇာတ်ကားသစ်ကို CM ပရိတ်သတ်ကြီးထံ တင်ဆက်ပေးလိုက်ပါတယ်။ အညွှန်းရေးသားသူကတော့ chiclon3 ဖြစ်ပြီး ဘာသာပြန်တွေကတော့ Yunni & BpL & Khin Khin & Aditi & chiclon3 တို့ဖြစ်ပါတယ် File size…1.52GB/ 630MB Quality…1080p WEB DL /720p Format…mp4 Duration….2h 2m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni & BpL & Khin Khin & Aditi & chiclon3 Reviewd by chiclon3

Drama • History • War
0 2023 122 mins
Thugs
Men in Black: International
5.9

အမ်အိုင်ဘီ အသစ်ထွက်လာလို့ တင်ပေးထားပါတယ်။ အမ်အိုင်ဘီဆိုတာ ကလေးကတည်းက ရင်းနှီးပြီးသား လျို့ဝှက်အဖွဲ့ပါပဲ။ ဂြိုလ်သားတွေရန်က ကာကွယ်ဖို့ လျို့ဝှက်ဖွဲ့စည်းထားတာပါ။ သူတို့ရဲ့ မှတ်ဉာဏ်ဖျောက်တဲ့ ကင်မရာလိုအရာလေးတွေကို အားလုံးမှတ်မိနေကြမှာပါ။ မင်းသားနဲ့ မင်းသမီးကိုတော့ စူပါဟီးရိုးဖန်တွေ သိပြီးသားပါ။ သောရ်နဲ့ ဗယ်ခရီ တို့ပါပဲ။ ဇာတ်လမ်းအကျဉ်း အေးဂျင့် အိတ်ချ်ဟာ အမ်အိုင်ဘီရဲ့ အတော်ဆုံး အေးဂျင့်တစ်ယောက်၊ ကမ္ဘာကြီးကို ကယ်တင်ခဲ့ဖူးသူပါ။ အေးဂျင့်အမ်ကတော့ အမ်အိုင်ဘီကို ရအောင်ရှာပြီး အဖွဲ့ဝင်ဖြစ်ဖို့ အစမ်းခန့်ကာလ အေးဂျင့်တစ်ယောက်ပါ။ သူတို့ နှစ်ယောက်တွဲပြီး တာဝန်ယူတဲ့ အရေးမကြီးလှတဲ့ တာဝန်တစ်ခုဟာရုတ်ချည်း ကမ္ဘာကြီးပျက်စီးမယ့် အဖြစ်ကိုပြောင်းလဲသွားတဲ့အခါ....... ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Littleneo ပဲဖြစ်ပါတယ်.... File Size :5.8GB / 2GB / 1GB Quality :4k HEVC WEB DL / 1080p / 720p Format…mp4 Duration…01:54:00 Genre :  Action, Adventure, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Littleneo Encoded by Thit San Khant

Comedy • Drama
5.9 2019 115 mins
Men in Black: International
A Night in Nude: Salvation
6.5

Ren ဆိုတဲ့ ကောင်မလေးက ငယ်စဉ်ကတည်းက မိဘတွေရဲ့နှိပ်စက်မှုကိုခံခဲ့ရပြီး တစ်နေ့မှာ နာရီပျောက်မှုတစ်ခုကို Jiro(Naoto Takenaka)ဆိုတဲ့ ထူးဆန်းတဲ့အလုပ်မှန်သမျှအကုန်လုပ်တဲ့ လူဆီမှာ အမှုသွားအပ်ခဲ့ပါတယ် JiroဟာRenကိုတဖြည်းဖြည်းသနားစိတ်ဝင်လာရာကနေ အချစ်တစ်ခုပေါက်ဖွားကာ ကောင်မလေးကိုအမှောင်ကမ္ဘာထဲက ဆွဲခေါ်ထုတ်နိုင်မလား ဒါမှမဟုတ် သူပါနစ်ဝင်သွားမလားဆိုတာ အသည်းတယားယားနဲ့ကြည့်ရမဲ့ဇာတ်ကားလေးဖြစ်ပါတယ် ဒါ့အပြင် Renကငယ်စဉ်ကတည်းကရခဲ့တဲ့Traumaကြောင့် ကြိုးစားရှင်သန်ဖို့ဘယ်လိုမျိုးတွေအစီစဉ်ချသွားမလဲဆိုတာကိုလဲ ရင်ဖိုဖိုနဲ့ကြည့်ရှုရမဲ့ကားလေးဖြစ်ပါတယ် File Size__(1.3GB) Quality__720p IMDb Rating__5.9/10 Format__mp4 Duration__02:07:00 Type__Adult, Crime, Thriller Subtitle__Myanmar Subtitle (Hardsub) Translated by DS Team Encoded by Dark Devil

Action • Drama
6.5 2010 145 mins
A Night in Nude: Salvation
Secret Lives Of Housewives
3.5

Secret Lives Of Housewives (2022) ======================== ပီတာနဲ့ကန်ဒရာတို့အိမ်ကို ပြုပြင်ဖို့အတွက် ကန်ထရိုက်တာ အဲရစ်က တာဝန်ယူရပါတယ်။ အဲရစ်ဆိုတာ ပညာတတ်လူငယ် တစ်ယောက်လည်းဖြစ်ပြီး အပြောကကောင်း သဘောကလည်း ကောင်းဆိုတော့ ကန်ဒရာတစ်ယောက် စိတ်လှုပ်ရှားမှုတွေဖြစ် လာခဲ့တယ်ပေါ့။ တတ်နိုင်သလောက် ထိန်းခဲ့ပေမယ့် နှလုံးသား ဆိုတာ ကိုယ့်စကားနားထောင်တဲ့အရာမဟုတ်တော့ ကြာသပ တေးနေ့ညမှာ အဲရစ်နဲ့ချိန်းတွေ့မိပါတယ်။ ပီတာတစ်ယောက် ခြေလှမ်းတွေပျက်နေတာကို ကန်ဒရာရိပ်မိ ပေမယ့်မပြောဖြစ်ခဲ့ပါဘူး။ ကားပတ်မောင်းမယ်ပြောပြောပြီး တစ်နာရီနှစ်နာရီလောက် ပျောက်ပျောက်နေခဲ့တယ်။ တစ်နေ့ဆို ညသန်းခေါင်မှပြန်လာတယ်။ ကန်ဒရာလည်း အိပ်ချင်မူးတူးနဲ့ နှုတ်ဆက်ပြီး ပြန်အိပ်ပျော်သွားခဲ့တယ်။ နောက်တစ်နေ့ အိပ်ရာနိုးတော့ အဲရစ်အိမ်နားမှာ ရဲတွေအများကြီး၊ အဲရစ်အိမ်ကနေ အဝတ်ဖြူအုပ်ထားတဲ့ အလောင်းတစ်လောင်းကို လည်း ထမ်းစင်နဲ့သယ်သွားတာတွေ့လိုက်တယ်။ အဲရစ်နဲ့ သူနဲ့သိ အောင် မိတ်ဆက်ပေးခဲ့တဲ့ အဲရစ်ရဲ့အချစ်ဆုံးမိန်းကလေးကို ဖုန်း ဆက်မေးကြည့်တော့ အဲရစ်ဆုံးပြီတဲ့။ ဘာကြောင့်လဲ၊ အဲရစ် ဘယ် လိုဖြစ်ပြီးဆုံးသွားတာလဲ၊ ဘယ်သူကသတ်လိုက်တာလဲ၊ နောက် ဆုံးမှာမထင်ထားတဲ့ လူသတ်သမားကရော ဘယ်သူဖြစ်သွားမလဲ၊ အဲဒီ မေးခွန်းပေါင်းများစွာရဲ့ အဖြေကို ကိုယ်တိုင်ပဲကြည့်ရှုရှာဖွေ လိုက်ကြပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်) File Size..........(1.34 GB) / (460 MB) / (290MB) Quality............WEB-RIP 1080p / 720p / 480P Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama Translator.......Jo Jo Va Encoder..........SWM

Comedy • Crime • Drama • Romance
3.5 2022 84 mins
Secret Lives Of Housewives
Nussa: The Movie
7.7

Nussa: The Movie (2021) ================== IMDb Rating – 7.7/10 ချစ်စရာကောင်းတဲ့ကာတွန်းဇာတ်ကောင်လေးတွေဟာ ကြည့်တဲ့ သူတိုင်းကို စိတ်ကြည်နူးစေပါသတဲ့။ ဒီအင်ဒိုနီးရှား Animation လေးကတော့ ကြည်နူးစရာကောင်းတာထက် ပိုတယ်ဆိုရမလားပါပဲ။ နူဆာဟာ ခြေတစ်ဖက်မသန်တဲ့ ဉာဏ်ကြီးရှင်လေးတစ်ယောက်ပါ။ ပျော်စရာမိသားစု၊ ချစ်စရာသူငယ်ချင်းတွေရှိတဲ့ နူဆာဟာ ကျောင်းသိပ္ပံ ပြိုင်ပွဲတွေမှာအမြဲဆုရလေ့ရှိပါတယ်။ ဒုံးပျံလေးတွေဖန်တီးရင်း အာကာသ ထဲကို စိတ်ကူးနဲ့သွားနေတတ်သူပေါ့။ အဖေဖြစ်သူ အဝေးရောက်နေတာက လွဲပြီး သူ့ဘ၀လေးဟာ ပျော်စရာကောင်းလှပါတယ်။ ဒါ့အပြင် နူဆာ တစ်ယောက် သူပြိုင်ရမယ့် သိပ္ပံပြိုင်ပွဲကြီးမှာ ဖခင်ပြန်လာဖို့အရေးကို စောင့်မျှော်နေပါတယ်။ အဲဒီအချိန် သူတို့ကျောင်းကို ဂျွန်နီဆိုတဲ့ကျောင်းသားသစ်လေးရောက်လာ ပါတယ်။ ဂျွန်နီဟာ နူဆာလိုပဲ ဒုံပျံလေးတွေဖန်တီးတဲ့ ဉာဏ်ကြီးရှင်ပါ။ ဂျွန်နီဟာ အရမ်းချမ်းသာပေမဲ့ အလုပ်များတဲ့မိဘတွေကြောင့် အမြဲအထီး ကျန်နေသူ၊ သူငယ်ချင်းလည်းမရှိသူလေးပါ။ သူကတော့ မိဘတွေရဲ့အာရုံ စိုက်မှုကို မျှော်နေသူလေးပေါ့။ ဒီလိုနဲ့ နူဆာနဲ့ဂျွန်နီတို့ဟာ ပြိုင်ဘက်တွေအဖြစ် စတင်တွေ့ဆုံရပါတယ်။ ခပ်စိမ်းစိမ်းဖြစ်နေကြတဲ့ သူတို့နှစ်ယောက်အတွက် ရင်းနှီးခင်မင်စရာအကြောင်း ပေါ်ပေါက်လာတဲ့ တစ်နေ့မှာတော့… မိသားစုမေတ္တာ၊ သူငယ်ချင်းသံယောဇဉ်တွေကို ချစ်စရာကောင်းအောင် ပုံဖော် ထားပြီး တစ်ကားလုံးမပျင်းရတာမို့ Animation ချစ်သူတွေအကြိုက်တွေ့ကြမှာ သေချာပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ C’mon ဖြစ်ပါတယ်)

Horror • Mystery • Science Fiction • Thriller
7.7 2021
Nussa: The Movie
Nomad
6.8

Nomad (1982) ၁၉၇၉ မှာ ဟောင်ကောင် New Wave စတင်ခဲ့ပြီး ၁၉၈၀မှာတော့ ဒီနယူးဝေ့ရဲ့အရှိန်နဲ့ ဟောင်ကောင်ရုပ်ရှင်လောက တစ်ချိုးတကွေ့ပြောင်းလဲခဲ့တယ်။ အဲဒီအပြောင်းအလဲရဲ့နောက်မှာ ခင်ဗျားတို့ ကျွန်တော်တို့ သိပ်ကြိုက်ပါတယ်ဆိုတဲ့ ဟောင်ကောင်ရုပ်ရှင်တွေအများကြီးထွက်လာခဲ့တယ်။ First New Wave မှာတော့ Ann Hui, Tsui Hark, Patrick Tam, Allen Fong တို့ရဲ့ ရုပ်ရှင်တွေထွက်ရှိခဲ့တယ်။ Ann Hui နဲ့ Tsui Hark ကိုတော့ အားလုံးကောင်းကောင်းသိကြမှာပါ။ Tsui Hark ကတော့ A Chinese Ghost Story ကိုရိုက်ခဲ့တဲ့၊ A Better Tomorrow ကို ပရိုဂျူဆာလုပ်ခဲ့တဲ့ဘဲပါပဲ။ ဟောင်ကောင်ရုပ်ရှင်ရဲ့ Second New Wave ကတော့ 1984 မှာစတင်ခဲ့ပြီး လက်ရှိကာလအထိအကျုံးဝင်နေပါသေးတယ်။ ပထမနယူးဝေ့ကနေ အားယူပြီး ထွက်ပေါ်လာတဲ့ ဒုတိယနယူးဝေ့မှာတော့ ကျွန်တော်တို့သိပ်ခိုက်ရတဲ့ ဒါရိုက်တာတွေပေါ်လာပါတယ်။ Mabel Cheung ရဲ့ The Illegal Immigrant နဲ့ An Autumn’s Tale, John Woo ရဲ့ A Better Tomorrow, Stanley Kwan ရဲ့ Rouge, ဝေါင်ကာဝေးရဲ့ As Tears Go By, Days of Being Wild နဲ့ Chungking Express, Fruit Chan ရဲ့ Made in Hong Kong, နောက် မာတင်စကောဆေးစိကြီးပါ မှီးခဲ့ရ ပြန်ရိုက်ခဲ့ရတဲ့ Infernal Affairs တို့ပါပဲ။ ဝေါင်ကာဝေးရဲ့ As Tears Go By က နောက်ဆုံးအခန်းကို မာတင်ကြီးက Gangs of New York မှာပြန်သုံးခဲ့ပေမဲ့ As Tears Go by ကလည်း မာတင်ကြီးရဲ့ Mean Streets ကို မှီးခဲ့ဖူးတော့ ကျွန်းကိုင်မှီ ကိုင်းကျွန်းမှီပါပဲ။ ဟောင်ကောင် နယူးဝေ့ဟာ မာတင်စကောဆေးစိလို ခေါင်တကော့ခေါင် ဒါရိုက်တာကြီးတွေကိုပါ သက်ရောက်မှုရှိခဲ့ဖူးတယ်။ ဟောင်ကောင်နယူးဝေ့ဟာ နိုင်ငံခြားရုပ်ရှင်တွေကနေ ဖြစ်တည်လာခဲ့သလို နိုင်ငံခြားရုပ်ရှင်တွေဟာလည်း ဟောင်ကောင်နယူးဝေ့ကနေ ပြန်မှီးခဲ့ရဖူးတာပါပဲ။ ဘာလို့ ကားအကြောင်းမပြောဘဲ ဒါတွေပြောနေသလဲဆို ဒီကားက သိပ်မကောင်းလို့ပါပဲ။ သိပ်မကောင်းဆို ဒီကားက ၁၉၇၉မှာစခဲ့တဲ့ ဟောင်ကောင် ပထမနယူးဝေ့ရဲ့ အစောပိုင်း ကားဆယ်ဂဏန်းလောက်ထဲက တစ်ကားပါပဲ။ အရွေ့တစ်ခုရဲ့အစကို ပျိုးခဲ့တဲ့ကားဖြစ်နေတော့ ခေတ်ဟောင်းနဲ့ခေတ်သစ်ရဲ့ အကူးအပြောင်းကာလမှာ လက်ခံခြင်းမခံခြင်းစည်းနှစ်ခုခြားရပ်ခဲ့ရတဲ့ ရုပ်ရှင်တွေထဲက တစ်ကားဆိုတော့ ဟိုမကျ ဒီမကျတော့ ဖြစ်နေပါတယ်။ Nomad ရဲ့ ဒါရိုက်တာ ပက်ထရစ်ထန်းဟာ ဟောင်ကောင်ပထမနယူးဝေ့ရဲ့အစ ၁၉၈၀မှာလည်း The Sword ဆိုတဲ့ကားတစ်ကားထွက်ဖူးတယ်။ ဒီကားက ဟောင်ကောင်ပထမနယူးဝေ့ထဲက သူ့ရဲ့ဒုတိယကားပေါ့။ ပထမကားကတော့ ခေတ်ဟောင်းရဲ့အငွေ့ပိုသင်းပေမဲ့ ဒီကားမှာတော့ ခေတ်သစ်ရဲ့အငွေ့တော့ ပိုသင်းလာခဲ့တယ်။ ဒီလိုပိုသင်းလာတာနဲ့အမျှပဲ အရွေ့ကြားထဲက ဒီကားကပိုဂွမ်းသွားတယ်။ ဒါပေမဲ့ ဒီကားကျေးဇူးနဲ့ နောက်ပိုင်းမှာ မာစတာပိစ်လို့ ကျွန်တော်တို့ ခေါ်ကြတဲ့ ရုပ်ရှင်တွေထွက်လာခဲ့လေတော့ ဒီကားကို ကျွန်တော်တို့ ပစ်ပယ်ထားလို့မရပြန်ဘူး။ ဒီ Nomad ကို ဟောင်ကောင်နယူးဝေ့ကို ကိုယ်စားပြုနေတဲ့ ရုပ်ရှင်တွေထဲကတစ်ကားလို့လည်း ဆိုကြတယ်။ လတ်စလီချောင်အနေနဲ့လည်း ဝေါင်ကာဝေးလက်ထဲမရောက်ခင် Farewell My Concubine တို့ မတိုင်ခင် ၁၀စုနှစ်တစ်ခု အစောပိုင်းက ကားဆိုတော့ လတ်စလီချောင်ရဲ့ သရုပ်ဆောင်စွမ်းရည်လည်း အရောင်မထွက်သေးဘူး။ ဇာတ်ကလည်း ဖွယ်တယ်တယ်နဲ့ စိတ်ပျက်စရာတော့ကောင်းနေတယ်။ ဒါပေမဲ့လည်း ဟောင်ကောင်ပထမနယူးဝေ့ရဲ့ အမှတ်သညာရုပ်ရှင်တစ်ခုအဖြစ် တစ်ခုတ်တရကြည့်ကြတဲ့ ရုပ်ရှင်ဆိုတော့လည်း ဟောင်ကောင်ရုပ်ရှင်တွေကို ချစ်ရင် ကြည့်သင့်ပြန်တာပါပဲ။ ဟောင်ကောင်ရုပ်ရှင်တွေနဲ့ စိမ်းတဲ့သူတွေတော့ ဘယ်လိုမှမကြည့်သင့်ပါဘူး။ အခန့်မသင့်ရင် ဟောင်ကောင်ကားတွေကိုပါ မုန်းသွားနိုင်တယ်။ Nomad (1982) ဟာ ဇာတ်လမ်းတည်ဆောက်မှု မခိုင်မာသလို သရုပ်ဆောင်တွေလည်း မကောင်းလှပေမဲ့ ဒီလိုရဲတင်းတဲ့တင်ပြမှုပုံစံကနေ ဒီလိုဇာတ်လမ်းပုံစံမျိုးကနေမှ ကျွန်တော်တို့ကြိုက်လှပါတယ်ဆိုတဲ့ ရုပ်ရှင်တွေဖြစ်လာတာကိုတော့ အသိအမှတ်ပြုရမှာပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.8GB, 820MB Quality – 1080p, 720p IMDb Rating – 6.8/10 Format – mp4 Duration – 1H 36Min Genre – Drama, Romance, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

TV Movie • Romance • Comedy
6.8 1982 96 mins
Nomad
There Was a Father
7.6

There Was a Father (1942) ~ IMDb – 7.6/10, Rotten Tomatoes – 100% ~ There Was a Father က အိုဇုရဲ့ အသံတိတ်မဟုတ်တဲ့ ရုပ်ရှင်တွေထဲတော့ အစောဆုံးတွေထဲက တစ်ကားပဲ။ ၁၉၃၆မှာ သူ့ရဲ့ ပထမဆုံးဒိုင်ယာလော့သံပါတဲ့ ရုပ်ရှင် The Only Son ကို ရိုက်ပြီးတဲ့နောက် ၁၉၃၇မှာ စစ်မှုမထမ်းမနေရစနစ်အရ စစ်မှုထမ်းခဲ့ရတယ်။ ၁၉၃၉မှာမှ စစ်မှုထမ်းကာလပြီးဆုံးခဲ့တယ်။ ၁၉၄၁မှာ Brothers and Sisters of the Toda Family ကိုရိုက်ပြီးတဲ့နောက် ၁၉၄၂မှာ There Was a Father ကို ရိုက်ခဲ့တယ်။ ၁၉၄၃မှာတော့ အိုဇုကို ဗမာပြည်မှာ ဝါဒဖြန့်ရုပ်ရှင်ရိုက်ခိုင်းဖို့ ထပ်ပြီး စစ်မှုပြန်ထမ်းခိုင်းခဲ့တယ်။ ဒုတိယကမ္ဘာစစ်ဖြစ်နေတုန်းကာလပေါ့။ ၁၉၄၅မှာ ဒုတိယကမ္ဘာစစ်ပြီးတဲ့နောက် ၁၉၄၆မှပဲ သူပြန်လာခဲ့ရတယ်။ ဒီနောက်ပိုင်းမှာ သူရဲ့နာမည်ကျော် Noriko Trilogy ကို ရိုက်ခဲ့တယ်။ စစ်ပြီးကာလရုပ်ရှင်တွေမှာမှ သူ့ဟန်ပိုပေါ်လာတယ်လို့ ပြောကြတယ်။ There was a fatherကတော့ သူ့ရဲ့ဟန်ပေါ်မလာခင် စပ်ကြားကာလက ရုပ်ရှင်လို့ပြောရမယ်။ Tatami Shot လို့ခေါ်တဲ့ သူထွင်ခဲ့တဲ့ သူ့ Trademarkရိုက်ဟန်တောင် ဒီမှာ သိပ်ပုံမပေါ်သေးဘူး။ Tatami Shot ဆိုတာက တတမိဖျာပေါ်ဒူးတုပ်ထိုင်နေတဲ့လူနဲ့ ဗီဒီယိုကိုကြည့်နေတဲ့လူ မျက်လုံးချင်းဆုံးနိုင်တဲ့အနေအထားအထိ ကင်မရာကို ခပ်နိမ့်နိမ့်ထားထားတဲ့ အနီးကပ်ရိုက်ဟန်မျိုး။ စစ်ပြီးနောက်ပိုင်းရိုက်ခဲ့တဲ့ တိုကျိုစတိုရီလို အိုဇုကားတွေမှာ ဒီလိုရိုက်ချက်မျိုးကို ဖောဖောသီသီတွေ့ရတယ်။ There Was a Father မှာတော့ ဒီလိုရိုက်တာမျိုး သိပ်မမြင်ရပေမဲ့ ပေါ်သလောက်တော့ရှိနေပြီဖြစ်သလို နှောင်းပိုင်း သူ့ရုပ်ရှင်‌တွေအတိုင်းပဲ သူမြင်နေရတဲ့ခေတ်နဲ့ သူမြင်နေရတဲ့အရာတွေကိုပဲ တင်ပြထားတယ်။ သူ့စစ်မှုထမ်းကာလတွေစပ်ကြားမှာ ရိုက်ခဲ့တဲ့ကားဆိုတော့ ဒီအပေါ် သူ့အမြင်ကိုလည်းမြင်ရတယ်။ သူ့အမြင်က ဘဝထဲကြုံရမယ့် တစ်စိတ်တစ်ပိုင်းအရာတစ်ခုလိုပဲ မြင်ပုံပဲ ထူးထွေခိုင်မာတဲ့ ခံစားချက်တစ်စုံတရာတော့ ရှိမနေဘူး။ ကျန်တဲ့ အိုဇုရုပ်ရှင်တွေမှာ စစ်ပွဲနဲ့ပတ်သက်တဲ့ အမြင်ကို ဘယ်တော့မှပြလေ့မရှိဘဲ စစ်ပွဲရဲ့ဒဏ်ကို ခံခဲ့ရတဲ့ လူတွေရဲ့ ဝေဒနာတွေကိုပဲပြတာများတယ်။ There Was a Father မှာတော့ အဓိကအားဖြင့် အဖေတစ်ယောက်ရဲ့ဘဝနဲ့ ခံယူချက်အကြောင်းပဲပြထားတယ်။ The Only Son နဲ့ There Was a Father ကြားက တူညီတဲ့အခြေအနေတစ်ချို့ကြောင့် There Was a Father ကို The Only Son ရဲ့ တခြားတစ်ဘက်အမြင်လို့ ဆိုရင်လည်း ဆိုလို့ရနိုင်တယ်။ အဖေတစ်ခုသားတစ်ခုနေနေကြတဲ့ သားအဖ၂ယောက်ရှိတယ်။ အဖေက ကျောင်းဆရာလုပ်တယ်။ တစ်နေ့မှာ ကျောင်းအပျော်ခရီးထွက်ကြရင်း ကျောင်းသားတစ်ယောက် လှေမှောက်သေသွားတဲ့နောက် တာဝန်ယူစိတ် တာဝန်ခံစိတ်ကြီးတဲ့အဖေက သူ့အပြစ်တော့မဟုတ်လှပေမဲ့ သူ့အပြစ်ပါပဲလို့ယူဆပြီး ကျောင်းဆရာလုပ်ရမှာကို ကြောက်သွားတယ်။ သူနဲ့မထိုက်တန်တဲ့အလုပ်လို့ ယူဆသွားတယ်။ ဒီနောက် သူ့သားကိုခေါ် ဇာတိမြို့ကလေးကိုပြန်ပြီး တခြားအလုပ်တစ်ခုရှာလုပ်တယ်။ ဒါပေမဲ့ သူ့သားကိုသိပ်ချစ်တော့ သူ့သားကိုကျောင်းကောင်းကောင်းပို့နိုင်ဖို့က ဒီနယ်မြို့ကလေးမှာ လုပ်အားခအဲဒီလောက်မရလေတော့ သူ့သားကို ဘော်ဒါကျောင်းထား ခွဲထားခဲ့ပြီး တိုကျိုကိုတက်လာခဲ့တယ်။ သူ့သားကလည်း စာကိုကြိုးစား သူကလည်း အလုပ်ကိုကြိုးစားမယ်။ ဒီလိုကြိုးစားလာရင်း အဖေတစ်ခုသားတစ်ခုပဲရှိနေတဲ့ဘဝမှာတောင် ခွဲနေနရတဲ့ သူတို့တွေ တစ်နေ့အတူတူပြန်နေကြဖို့ သားရောအဖေရော အိပ်မက်ထားခဲ့ကြတယ်။ ဒီလိုနဲ့ သူ့သားကလည်း အဖေတူသား ကျောင်းဆရာဖြစ်လာတယ်။ သူတို့သားအဖရဲ့အိပ်မက် ဖြစ်လာသလားတော့ ဆက်ကြည့်လိုက်တာကောင်းမယ်။ There Was a Father မှာ အိုဇုဟာ သူ့နာမည်အတိုင်း အဖေတစ်ယောက်ရဲ့အချစ်နဲ့ခံယူချက်တွေအကြောင်းကိုပဲ ပုံဖော်ပြသသွားခဲ့ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.55GB, 630MB Quality – 1080p, 720p IMDb Rating – 7.6/10 Format – mp4 Duration – 1H 34Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Romance
7.6 1942 93 mins
There Was a Father
Depravity
5

ဒီတစ်ခါ cm ပရိသတ်ကြီးကို Crime Thriller ဇာတ်ကားလေး တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇတ်လမ်းကတော့ ဘောလုံးပရို လောကကနေ အနားယူပြီး လန်ကက်စတာလို့ခေါ်တဲ့ အိမ်ရာအဆောက် အဦးကို အသစ်ရောက်ရှိလာတဲ့ အဲလက်စ်ဆိုတဲ့ ကောင်လေးက မျက်နှာချင်းဆိုင် အခန်းဖော် ကျောင်းသူနှစ်ယောက်ဖြစ်တဲ့ ဥပဒေကျောင်းသူ ဂရေ့စ်နဲ့ အာရီယာဆိုတဲ့ အနုပညာမေဂျာ ကျောင်းသူတို့နဲ့ အဖွဲ့ကျ ခင်မင်သွားကြပါတယ်။ အခန်းမှာနေပြီး မကြာခင် အဲလက်စ် သတိထား မိတာက သူတို့နဲ့ တစ်ထပ်တည်းမှာ နေပြီး ဂရေ့စ်တို့အခန်းနဲ့ ကပ်လျက်နေတဲ့ ကားလ်အဲဗားဆိုတဲ့ ထူးဆန်းတဲ့သူ တစ်ယောက်ကိုပါ။ အဲဒီသူက ဘယ်သူနဲ့မှ အရောတဝင် မနေသလို သူ့ရဲ့ အခန်းကိုလည်း ထူးဆန်းတဲ့ပုံစံနဲ့ ဧည့်သည်တွေ ဝင်ထွက်လေ့ရှိတာပါပဲ။ နောက်ပြီးတော့ သူတို့ရပ်ကွက်မှာ မိန်းကလေးငယ်တွေ ပျောက်ဆုံးမှု မကြာခဏဖြစ်တာကြောင့် ကွင်းဆက် လူသတ်သမား ရှိနေတယ်ဆိုပြီး ရဲတွေကတောင် မှတ်ချက်ပေးထားကြပါတယ်။ ဒီတော့ ထူးဆန်းတဲ့ အိမ်နီးချင်းကို သင်္ကာမကင်း ဖြစ်လာတဲ့ အဲလက်စ် တစ်ယောက် ဂရေ့စ်တို့နဲ့အတူ သုံးယောက်သား အဲဒီလူရဲ့ အိမ်ထဲကို မျက်နှာကျက်ကနေ တစ်ဆင့် ဖောက်ထွင်း ဝင်ရောက် စုံစမ်းဖို့ ကြိုးစား ကြပါတယ်။ သူတို့တွေ ကားလ်အခန်းထဲကို ရောက်တဲ့အချိန်မှာ သူတို့ မထင်တားတဲ့ အရာတွေကို အခန်းထဲမှာ တွေ့လိုက်တဲ့အခါမှာတော့…..။ File size… 1.53GB / 829MB Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 52m Genre ….. Crime , Drama , Mystery , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

5 2024 112 mins
Depravity
Mesrine: Public Enemy #1
7.4

Genre – Action, Biography, Crime IMDB – 7.4/10 ပြင်သစ် လမ်းမတော်ဖိုးတုတ်ကြီးရဲ ဒုတိယကား လာပါပြီ။ ဒီကားကြည့်မယ်ဆို ပထမကား ဖြစ်တဲ့ Mesrine: Killer Instinct ကို အရင်ကြည့်ပေးကြပါ တင်ထားတာရှိပါတယ် မဟုတ်ရင် ဇာတ်လမ်းကို နားမလည်ပဲ နေမှာစိုးလို့ပါ။ ဒီတော့ ပထမကားမှာ တဖြည်းဖြည်းနဲ့ ဆရာကြီးလူမိုက် ဖြစ်ပြီးနောက် ဒီ ဒုတိယကားမှာတော့ ပြင်သစ်တစ်နိုင်ငံလုံးရဲ့ အလိုအရှိဆုံး ဝရမ်းပြေး နံပါတ် ၁ ဖြစ်သွားခဲ့ပါပြီ။ ဒီ ဂျက်မယ်ရင်းဆိုတာက ပြင်သစ်နိုင်ငံ ၁၉၇၀ ခုနှစ်ဝန်းကျင် လောက်မှာ အပြင်မှာတကယ်ရှိခဲ့တဲ့ လူမိုက်ကြီးတစ်ယောက်ပါ သူ့ရဲ့ ကြမ်းတမ်းပုံတွေ ဘဏ်လုယက်တာ ထောင်ဖောက်တာ ပြန်ပေးဆွဲတာ မိန်းမတွေနဲ့ ကြူးတာ စသဖြင့် လမ်းမတော်ဖိုးတုတ်လုပ်ပုံတွေကို ရိုက်ကူးပြထားတဲ့ ဖြစ်ရပ်မှန်ကားကောင်းပါ။ ဒီ ဒုတိယကားမှာတော့ အရင်ကားလို သာမညလူဆိုးတစ်ယောက်မဟုတ်တော့ပဲ တစ်တိုင်းပြည်လုံးက သိတဲ့လူဆိုးဖြစ်နေပြီး ထောင်တွေ ဉာဏ်ပါပါ ဖောက်ခဲ့တာတွေ၊ တရားရုံးမှာ ဘယ်လိုသောင်းကျန်းပြီး တရားသူကြီးကို ဘယ်လိုတွေဖြဲခဲ့တာ၊ တောထဲမှာ သက်စွန့်ဆံဖျား ရဲလက်ကနေ ပြေးရတာတွေ၊ တဖြည်းဖြည်းနဲ့ လူမိုက်လုပ်ရာကနေ စနစ်ကို တော်လှန်ချင်တဲ့ စိတ်ကူးတွေပေါက်လာတာတွေ၊ သူဌေးကြီးတွေကို ပြန်ပေးဆွဲပြီး ငွေညှစ်ကြတာတွေ၊ သတင်းထောက်တွေနဲ့ ညှိကြတာတွေ၊ နောက်ဆုံး လူမိုက်တို့သွားရာလမ်း သေလမ်းကို ဘယ်လိုဘယ်ပုံရောက်ခဲ့တာတွေနဲ့ အတော် ကြည့်လို့ကောင်းတဲ့ Biography ကားတစ်ကားပါ။ မင်းသားနေရာက ဟောလိဝုဒ်ကား တွေမှာပါ သရုပ်ဆောင်ဖူးတဲ့ ပြင်သစ်မင်းသားကြီး Vincent Cassel က ပိုင်နိုင်စွာ သရုပ်ဆောင်ထားပါတယ်။ ဒါရိုက်တာနေရာမှာဆိုလည်း ၂၀၂၃ ခုနှစ်တုန်းက ထွက်ထားတာ မကြာသေးတဲ့ Gerald Butler ရဲ့ Plane လေယာဉ်ပျက်ကျပြီး သက်စွန့်ဆံဖျား ရုန်းကန်ရတဲ့ကားကို ရိုက်ပေးထားတဲ့ ပြင်သစ်ဒါရိုက်တာ Jean-François Richet ပဲ ဖြစ်ပါတယ်။ လူမိုက်ဇိုးဘဲကြီးကား ဖြစ်တဲ့အတွက် အိပ်ရာပေါ်အခန်းတွေ အသတ်အဖြတ်တွေပါတဲ့အတွက် သတိထားပြီး ကြည့်ရှုစေလိုပါတယ်ဗျ။ ပြင်သစ် ဖိုးတုတ်ကြီးကို ခံစားလိုက်ကြပါဦး။ File size…2.96GB / 1.06GB Quality…WEB-DL 1080p / 720p Format…mp4 Duration….2h 13m Genre ….. Action , Biography , Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Aung

7.4 2008 133 mins
Mesrine: Public Enemy #1
To Be Immortal
5.9

ဒီတစ်ခါ အမောလည်းပြေ ခေါင်းလည်းစားစေမယ့် ဟာသကားလေးတစ်ခုကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… ဇာတ်လမ်းအကျဉ်းလေး မိတ်ဆက်ပေးရမယ်ဆိုရင် ဖုယန်ဆိုတဲ့ကောင်လေးဟာ သေဆုံးသွားခဲ့ပါတယ်…. ဟုတ်ပါတယ် ဆေးရုံမှာ ဝိညာဉ်နဲ့ ကိုယ်၊ ရုပ်နဲ့နာမ်ကွဲသွားပြီး အသက်ပျောက်သွားခဲ့တဲ့အချိန်မှာပဲ… သေမင်းလိုလို ဘာလိုလို ဝတ်စုံနက်ကြီးနဲ့လူတစ်ဦးကလွဲပြီး ဘယ်သူမှ သူ့ကိုမမြင်ရဖြစ်နေတာကြောင့် စကားသွားပြောရာကနေ … ငါနဲ့ မသေမျိုးကျင့်စဉ် ကျင့်မလား ချက်ချင်းငရဲသွားမလားလို့ အမေးခံလိုက်ရတယ်…. ဒီလိုအမေးခံရရင် ဘယ်သူကများ ငရဲတန်းသွားမယ်ဖြေမှာလဲနော်…. ဖုယန်လည်း နောက်ဆုံးမှာ ကျင့်စဉ်ကျင့်ဖို့ ရွေးခဲ့ရာကနေ အချိန်စက်ဝန်းမန္တန်အရ ဘယ်ရောက်မှန်းမသိရောက်သွားရာကနေ… ပထမဆုံး ဓားပျံလေးက ပြောင်းလဲသွားတဲ့ ဓားဝိညာဉ်ကို ကြွေသွားတာက တစ်မျိုး… ဘိုးတော်ဘုရားခေတ်ကိုပြန်ရောက်ပြီး လေ့ကျင့်မှုတွေကို လေ့ကျင့်ရတာက တစ်မျိုး… နောက်ပြီး မသေမျိုး စစ်ဆေးခြင်းစာမေးပွဲ ကျရင် ဝိညာဉ်ပျက်စီးသွားမယ်တာကြီးကလည်းရှိနေတော့… မသေမျိုးဖြစ်အောင် ဘယ်လိုတွေကျင့်မှာလဲ…. သူစာမေးပွဲတွေကို အောင်ပါ့မလား… ဘာစာမေးပွဲတွေလဲ… နောက်ပြီး အဆုံးသတ်တော့မှာ အိပ်မက်ကြီးဆိုပြီးပဲ အဖျားရှူးသွားမလားဆိုတာ ဇာတ်လမ်းလေးဒေါင်းပြီး ပေါက်ပေါက်လေးစားရင်း ကြည့်ပြီး အဖြေထုတ်လိုက်တော့နော်…

Action • Adventure • Thriller
5.9 2018
To Be Immortal
Vena
7.4

Vena (2024) IMDb Rating (7.4) ဂျန်နီဟာ သူ့ရဲ့အတူနေချစ်သူနဲ့မမျှော်လင့်ပဲ ကိုယ်ဝန်ရသွားခဲ့ပါတယ်။ မိသားစုဘ၀ကိုလိုချင်ပေမယ့်လည်းငယ်ရွယ်သူဖြစ်တဲ့အတွက် ဆုံးဖြတ်ချက်အမှားတွေတစ်ခုပြီးတစ်ခုအပြင် မိခင်ဖြစ်သူရဲ့အုပ်ထိန်းမှုအောက်က သူ့ရဲ့သားဦး၊လက်ရှိကြုံတွေ့နေရတဲ့အခက်အခဲတွေကနေ ရှောင်ထွက်ဖို့အလွယ်လမ်းကိုလိုက်ရင်း မူးယစ်ဆေးရဲ့သားကောင်အဖြစ်ကလည်းရုန်းမထွက်နိုင်တဲ့အတွက် သူ့ဘ၀ဟာ ထွက်ပေါက်မဲ့ မွန်းကြပ်စရာအတိပါပဲ။ ဒါပေမယ့်လည်း ဘယ်တုန်းကသူ့ဆီမှာရှိနေမှန်းမသိတဲ့ မိခင်စိတ်တစ်ချို့ရုန်းကြွလာချိန်မှာတော့ ဂျန်နီတစ်ယောက်အတိတ်ကအမှားတွေမှန်သမျှကိုပြုပြင်ဖို့ကြိုးစားရင်း၊ သူ့အနာဂတ်အတွက် သူ့ကလေးလေးအနာဂတ်အတွက်မကောင်းနိုင်တဲ့ပတ်ဝန်းကျင်ကသူတွေကိုပါရှောင်ဖယ်ရုန်းထွက်ချိန်မှာ ကြုံတွေ့ရတဲ့အခက်အခဲတွေ၊ မျှော်လင့်ချက်ရောင်ခြည်တွေ၊ ထင်မှတ်မထားသူတွေဆီကအကူအညီနဲ့ ကြိုဆိုမှုတွေကို မြင်တွေ့ရမှာပါ။ သူ့အတွက် ပြင်ဆင်ချိန်ဟာ တကယ်တမ်းမှီနိုင်သေးရဲ့လား? ဘာလင်မြို့မှာကျင်းပခဲ့တဲ့ First Steps Awards ဆုပေးပွဲမှာ အကောင်းဆုံးရုပ်ရှင်ဆု ဓာတ်ပုံဆုတွေ ရရှိခဲ့ပြီးဝေဖန်ရေးဆရာတွေရဲ့အကောင်းမြင်မှတ်ချက်တွေရရှိထားတဲ့ ဒရာမာကားကောင်းတစ်ကားဖြစ်ပါတယ်။ကလေးမွေးတဲ့အခန်းကိုကွက်ကွက်ကွင်းကွင်းပုံဖော်ရိုက်ပြထားတာတွေနဲ့ လိင်ဆက်ဆံခန်းတစ်ချို့၊မူးယစ်ဆေးအသုံးတွေကြောင့် မိသားစုနဲ့ကြည့်ဖို့အဆင်မပြေနိုင်ပါ။ 18+ အခန်းတချို့ပါသောကြောင့် မိသားစုနှင့်အတူ မကြည့်သင့်ပါကြောင်း အသိပေးအပ်ပါသည်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(1.5 GB) / (810 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:56:48 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Alias

Comedy • Romance • Action
7.4 2024 117 mins
Vena
Away We Go
7

Away We Go (2009) IMDb – 7.0 ဇာတ်လမ်းအညွှန်း ~~~~~~~~~~~ အိမ်ထောင်တစ်ခု‌ထူထောင်ကြတော့မယ်ဆိုရင် ဘာကအရေးအကြီးဆုံးဖြစ်မယ်လို့ထင်ကြလဲ။ မင်္ဂလာ အကြီးအကျယ်ဆောင်တာလား၊ လက်ထပ်ခွင့်သေချာအတောင်းခံရတာလား။ ဘာဖြစ်မယ်ထင်လဲ။ ဒီဇာတ်ကားလေးထဲမှာတော့ အိမ်ထောင်ရေး၊ မိသားစုနဲ့ ဆိုင်တဲ့ သဘောတရားတွေကို နားလည်လွယ်အောင် ထည့်သွင်းရိုက်ကူးထားပါတယ်။ ဇာတ်လမ်းထဲမှာတော့ မင်္ဂလာမဆောင်ရသေးတဲ့အတွဲတစ်တွဲရဲ့ဖြတ်သန်းပုံကိုအဓိကပုံဖော်ထားပါတယ်။ ဘာ့တ်နဲ့ ဗီရိုနာတို့ဟာ လက်မထပ်ရသေးပေမယ့် ရုတ်တရက် ဗီရိုနာ့မှာ ကိုယ်၀န်ရှိလာတဲ့အခါမှာ ဘ၀နေရေးထိုင်ရေးအတွက် ဘယ်လိုတွေရုန်းကန်ကြမလဲဆိုတာကြည့်ရှုရမှာပါ။ Quite Place(2018) ထဲက မင်းသား John Krasinki နဲ့ Animaton ဇာတ်ကားတော်တော်များများရဲ့ အသံသရုပ်‌ဆောင် Maya Rudolph က အဓိကပါ၀င်သရုပ်‌ဆောင်ထားပါတယ်။ File Size – 1GB/ 458 MB Quality – BluRay 1080p/ 720p Duration – 1:38:37 Format – mp4 Genre – Comedy, Drama, Romance Subtitle – Myanmar Subtitle (Hard Sub) Translated by – Ivy Noe Encoded by – Treasure Htet

7 2009 98 mins
Away We Go
He Got Game

ဒီတစ်ခုကတော့ ကြာပြီပေမဲ့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ပါပဲ။ Spike Lee ရိုက်ကူးထားပြီး American sports flim မျိုးပါ။ Plot အရဆိုရင် ဂျိတ်ခ်ရှက်တာဝေါ့ဆိုတဲ့လူက မိန်းမဖြစ်သူကို သတ်မှုနဲ့ အကျဉ်းကျနေတဲ့ထောင်သားတစ်ယောက်ပါ။ ဂျိတ်မှာ သားနဲ့သမီး နှစ်ယောက်ရှိပြီး သူ့ရဲ့သားဖြစ်သူဂျီးဆပ်က တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဘက်စကက်ဘောမှာ တော်တော်လေးကို တော်တဲ့ကစားသမားဖြစ်တာကြောင့် ကျောင်းအကုန်လုံးနီးပါးက သူ့ကိုမျက်စိကျနေကြပါတယ်။ ဂျီးဆပ်ကိုယ်တိုင်ကလည်း ဘ၀ရဲ့အရေးအကြီးဆုံးဆုံးဖြတ်ချက်ဆိုတဲ့စကားတွေကြားမှာ ဘယ်တက္ကသိုလ်တက်ရမလဲ ဝေခွဲမရဖြစ်နေတဲ့အချိန်ပေါ့။ အဲဒီအချိန်မှာ ပြည်နယ်အုပ်ချုပ်ရေးမှူးကဂျီးဆပ်က ဂျိတ်ခ်ရဲ့သားမှန်းသိတော့ သူတက်ခဲ့တဲ့ တက္ကသိုလ်ဘစ်စတိတ်ကို တက်ဖို့ သူ့သားကို သိမ်းသွင်းနိုင်ရင် ဂျိတ်ခ်ရဲ့ထောင်ဒဏ်သက်တမ်းလျှော့ချပေးမယ်ဆိုပြီး အပေးအယူလုပ်ခဲ့ပါတယ်။ ဂျိတ်ခ်က အဲဒါကိုလက်ခံလိုက်ပြီး ခံ၀န်တစ်ပတ်နဲ့လွတ်လာပြီး သူ့သားဖြစ်သူနဲ့ ဆက်ဆံရေးအဆင်မပြေတဲ့ကြားက ဘစ်စတိတ်ကို တက်ဖို့ သိမ်းသွင်းသွားနိုင်မှာလားဆိုတာကိုတော့ ကိုယ်တိုင်ပဲကြည့်ကြည့်လိုက်ကြပါ။ File size…(2.7 GB)/(1.4 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Phu Thet khin

Drama • Comedy
0 1998
He Got Game