YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Takopi Original Sin 05.mp4

352.6 MB N/A video/mp4 0 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Tokyo Story
8.2

~ IMDb - 8.2/10, RT - 100%, Meta - 100% ~ မျက်ရည်ဝိုင်းခဲ့တဲ့ ကမ္ဘာမှာ တစ်စင်းတည်းစီးနေရတော့ အဲဒီမြစ်ရဲ့ တစ်နေ့တစ်နေ့မှာ နေ့တာညတာတွေ သိပ်ရှည်ခဲ့ရသတဲ့။ သူ့ရဲ့မြစ်လက်တက်တွေကလည်း အဲဒီမြစ်ဆီ တစ်ကွေ့တစ်ကြုံထက်ပိုလို့ လည်ပြန်မစီးခဲ့ကြပါဘူး။ စိတ်ပျက်လက်ပျက် အကျိုးအပျက်နေ့တို့ကို ခဝါချလိုက်တဲ့အခါ အကြွင်းနတ္ထိဖြစ်လာခဲ့တဲ့ဘဝမှာ ငါတို့အတ္တတွေဟာ ကြီးပြီးရင်း ကြီးလာ နှလုံးသားတွေဟာ သေးပြီးရင်းသေးလာ... ။ ငါမမြင်နိုင်ခဲ့တဲ့နေ့တို့ထဲ ငါ့ရဲ့အကြီးဆုံးနောင်တကို မိုက်မဲစွာနဲ့ ငါပြန်တွေ့ရှိလိုက်ရချိန်... တစ်စစီခွဲခဲ့သူဟာ တစ်စစီကွဲခဲ့ရတာပါပဲ။ ကျန်ရစ်သူတို့နဲ့ ချန်ရစ်သူတို့ ဘယ်သူပိုကြေကွဲခဲ့ရစမြဲလဲ။ သံတုတ်နဲ့ရိုက်ရိုက် သစ်သားတုတ်နဲ့ရိုက်ရိုက် နာကျင်သူဟာ ခေါင်းပဲမို့ ထိုစဉ်မှာ လုံလောက်အောင် မချစ်နိုင်ခဲ့တဲ့လူကတော့ တစ်ချိန်မှာ ပိုကြေကွဲပေးရလိမ့်မယ်။ အချိန်တွေပိုကြာလာလေ ငါပိုသေချာလာနေတဲ့အရာက လူဟာ လောက်အောင် မချစ်ပေးနိုင်ခဲ့လို့တော့ နောင်တမရသင့်ပါဘူး။ သိပ်ရက်စက်လွန်းတယ်။ ချစ်တတ်ဖို့ သိပ်လွယ်ရင်း ချစ်တတ်ဖို့ သိပ်ခက်ရင်း ချစ်ခြင်းကိုသာ ပယ်ခဲ့ရင် လူဟာ ဘာမှမဟုတ်တော့တဲ့အခါ ငါဟာ လူမမည်နိုင်လေတော့ဘူး။ အနေကြာလာရင် မင်းသိမှာပါ ဘ၀ဟာ အခိုင်မာဆုံးစိတ်ဓာတ်တွေကိုတောင် ပြိုလဲစေနိုင်တယ်။ ဘာတွေဘယ်လိုပဲဖြစ်ဖြစ် ငါတို့ ဂရုမစိုက်ခဲ့ကြပါဘူး။ ဒီလိုနဲ့ အနေကြာလာတယ်... ငါလွမ်းမိလာတယ်... လူဖြစ်ခဲ့ဖူးတဲ့ ငါ့ကိုယ်ငါ။ ~ ~ ~ ~ အိုဇုရဲ့ တိုကျိုစတိုရီဟာ ဂျပန်ရွှေခေတ်ရဲ့ အထင်ကရရုပ်ရှင်တွေထဲ တစ်ကားဖြစ်သလို အိုဇုရဲ့မာစတာပိစ်လို့ သတ်မှတ်ထားကြတဲ့ ရုပ်ရှင်ဆိုလည်း မမှားဘူး။ ရုပ်ရှင်သမိုင်းရဲ့ အကြီးကျယ်ဆုံး ရုပ်ရှင်တွေထဲက တစ်ကားဆိုလည်းဟုတ်တယ်။ အိုဇုဟာ အသံတိတ်ရုပ်ရှင်ခေတ်နှောင်းလောက်ကတည်းက ရုပ်ရှင်ရိုက်လာတဲ့ ဒါရိုက်တာပေမဲ့ ကူရိုဆာဝါနဲ့ အိုဇုရဲ့ အတောက်ပဆုံးအချိန်တွေက အတူတူပဲဆိုတော့ ခေတ်ပြိုင်မဟုတ်ပေမဲ့ ခေတ်ပြိုင်လို့ပြောလို့ရပေမဲ့ သူတို့ဟန်တွေကတော့ ဆန့်ကျင်ဘက်စီပဲ။ တကယ့်ကို ဆန့်ကျင်ဘက်ဖြစ်လွန်းပါတယ်။ ကူရိုဆာဝါရုပ်ရှင်တွေဟာ အနောက်တိုင်းဆန်တယ်လို့ပြောကြပြီး အိုဇုကျ ဂျပန်အဆန်လွန်နေတယ်လို့ အပြောခံရတယ်။ အခုရုပ်ရှင် တိုကျိုစတိုရီဟာ အင်္ဂလိပ်ကားကို သူ့နည်းသူ့ဟန်နဲ့ မှီးပြီး ပြန်ရိုက်ထားတာပါပဲ။ ဒါပေမဲ့ မမှားပါဘူး။ အနောက်တိုင်းကားကို မှီးပြီးရိုက်ထားတဲ့ ရုပ်ရှင်မှာတောင် အိုဇုဟာ ဂျပန်အဆန်လွန်နေခဲ့တယ်။ အကောင်းဘက်ကပါပဲ။ နောက် ကူရိုဆာဝါရဲ့စတိုင်ဟာ Extrovert အလွန်ဆန်ပြီး အိုဇုကတော့ Introvert အလွန်ဆန်တယ်လို့လည်း နှိုင်းယှဉ်ခံခဲ့ရတယ်။ နောက် ကူရိုဆာဝါဟာ မြင်ကွင်းကျယ်ရိုက်ချက်လှိုင်လှိုင်သုံးပြီး အိုဇုကတော့ အနီးကပ်ရိုက်လှိုင်လှိုင်သုံးတတ်တယ်။ တကယ့် ဆန့်ကျင်ဘက်ပါပဲ။ ဒါပေမဲ့ ဒီနှစ်ယောက်စလုံးက ဂျပန်ရွှေခေတ်ရဲ့ အခရာဖြစ်ခဲ့သလို ဒီနေ့ထိ World Cinema ကို လွှမ်းမိုးထားနိုင်တုန်းလူတွေဆိုတာကတော့ မမှားပါဘူး။ ဂျပန်စီနီမာကို ကြည့်ရင်တော့ အိုဇုက ပိုလွှမ်းမိုးတယ်ပြောရမလားပါပဲ။ နောက်ပိုင်းဒါရိုက်တာတွေထဲ အိုဇုအငွေ့နဲ့ မကင်းတဲ့လူတွေ မနည်းဘူး။ လက်ရှိရဲ့ ထိပ်တန်းဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ Kore-eda ဆို အိုဇုဟန်ကြီး လုံးလုံးသုံးတတ်ပြီး သူနဲ့ခေတ်သိပ်မကွာလှတဲ့ ဒါရိုက်တာဆိုလည်း တိုကျိုဖမ်မလီဆိုပြီး ဒီကားကိုပြန်ရိုက်ခဲ့ပါတယ်။ သူကတော့ အိုဇုလို ထိန်ကွက်တွေ မချန်သွားဘူး။ ဇာတ်တူပုံစံကွဲပေါ့။ သူ့ဟာနဲ့သူတော့ ကြည့်ကောင်းခဲ့တယ်။ ဘာပဲဖြစ်ဖြစ်ပါ... သိပ်တန်ဖိုးကြီးတဲ့ ရုပ်ရှင်တွေကို စာရင်းလုပ်ကြရင် အိုဇုရဲ့ တိုကျိုစတိုရီဟာ မဖြစ်မနေ ထည့်ရမယ့်ရုပ်ရှင်ပါပဲ။ နှစ်ပေါင်းလေးထောင်အတွင်းမှာတောင် လူသားတွေဟာ ဘာကိုမှ သင်ယူမရရှိခဲ့တဲ့နောက် အနုပညာကလည်း သူ့အတ္တနဲ့သူရှင်သန်နေတဲ့ လူတွေကို ဘာမှသင်ပေးနိုင်မှာတော့ မဟုတ်ဘူး။ ရုပ်ရှင်ကနေ ခံစားရုံသက်သက်ထက်ပိုပြီး တစ်စုံတရာ သေသေချာချာရခဲ့မယ်ဆိုရင်လည်း အဲဒီအရာဟာ ချစ်ခြင်းပဲလို့ ကျွန်တော်တော့ သေချာတယ်။ ရုပ်ရှင်ဟာ အသည်းကိုတစ်စစီခွဲပြီးမှ ပိုချစ်တတ်လာအောင် တစ်စချင်းပြန်ဆက်ပေးတတ်တဲ့ အရာပဲမို့လား။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2GB, 950MB Quality - 1080p, 720p IMDb Rating - 8.2/10 Format - mp4 Duration - 2H 16Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Drama • Romance
8.2 1953 137 mins
Tokyo Story
Game of Love
6.4

ငယ်ငယ်တုန်းက Blended ထဲမှာ ကြွေခဲ့ရပြီး ကြီးလာတော့လည်း The Babysitter တို့၊ Midnight Sun တို့ထဲမှာ ထပ်ကြွေခဲ့ရပြန်တဲ့ မမ Bella Thorne ရဲ့ Game of Love ခေါ် Time Is Up 2 ကို တင်ဆက်ပေးလိုက်ပါတယ်။ ချစ်ခြင်းတရားတွေအပြည့်နဲ့ မြန်မာကားတွေထဲ ဇာတ်လမ်းဇာတ်အိမ်လေးနဲ့ ဖွဲ့စည်းထားတဲ့ ဇာတ်ကားကောင်းလေးပေါ့။ ဇာတ်လမ်းလေးကတော့ ဒီလိုပါ။ ကောင်လေးနဲ့ ကောင်မလေးရှိတယ်။ ကောင်လေးက ကျောင်းစရိတ်မလောက်တာမို့ ကျောင်းဆက်တက်ဖို့ အခက်အခဲဖြစ်နေတယ်။ ဒီတော့ ကောင်မလေးက စွန့်လွှတ်ခြင်းကြီးစွာနဲ့ ကောင်လေးမိသားစုရဲ့ လယ်တောအိမ်ကို ရောင်းဖို့အတွက် ကောင်လေးရဲ့ဇာတိကို လိုက်ခဲ့တယ်။ ဒီအခန်းတွေကို အီတလီရဲ့စစ္စလီတို့လို တကယ့်နေရာကောင်း နေရာလှလေးတွေမှာ ရိုက်ပြထားခဲ့တယ်။ ကောင်လေးရဲ့ ငယ်ချစ်ဦးပေါ်လာပြီး အချစ်လွန်ဆွဲပွဲတွေဖြစ်ကြတယ်။ ဟိုဆွဲ ဒီဆွဲ နောက်ဆုံး ပန်းချီပြခန်းထဲ သူတစ်ပြန်ကိုယ်တစ်ပြန် ငြိမ်းချမ်းရေးနဲ့ ချကြတဲ့အထိပေါ့။ ဘယ်လာသွန်းကလည်း တရုန်းရုန်းနဲ့ အလှတွေမနည်းပြထားတာမို့ မိသားစုနဲ့တော့ ကြည့်လို့မရပါဘူးပေါ့။ ချစ်ခြင်းမေတ္တာဟာ ဘာလဲသေချာပြထားတဲ့ကားလေးမို့ ပညာယူ ကြည့်ရှုကြသင့်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို "___" မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.81GB, 877MB Quality - 1080p, 720p IMDb Rating - 2.4/10 Format - mp4 Duration - 1H 31Min Genre - Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by "___" Encoded by Y

Action • Animation • Science Fiction
6.4 2022 91 mins
Game of Love
Between the Seasons
5.8

ဒီတစ်ခေါက်မှာတော့ LGBTQ+ တွေထဲက လူတစ်ချို့ရဲ့ဘဝနဲ့ ပတ်ဝန်းကျင်လူတစ်ချို့ရဲ့ သူတို့အပေါ်ထင်မြင်ချက်တွေ သူတို့ရဲ့ အချစ်ရေးမှာ တွေ့ကြုံရတတ်တဲ့ ပြဿနာအခက်အခဲတွေကို ရိုက်ကူးပြသထားပါတယ် "အများနဲ့ မတူညီတာ ဘာမှားလို့လဲ မတူညီတဲ့လူတွေလည်း ကိုယ့်ကိုယ်ကိုယ် လက်ခံဖို့ ခက်ခဲပင်ပန်းခဲ့ကြမှာပါ" တဲ့ ဇာတ်လမ်းအကျဉ်း စေ့စပ်ပွဲ ဖျက်သိမ်းခဲ့ရလို့ ဟန်ဟဲဆူတစ်ယောက် အသည်းကွဲနေခဲ့တယ် သူမဟာ ဆိုးလ်ကနေ အခြားမြို့လေးကို ပြောင်းရွှေ့လာပြီးတော့ ကော်ဖီဆိုင်လေး တစ်ဆိုင်ဖွင့်ထားတာပေါ့ တစ်ရက်မှာတော့ သူမရဲ့ကော်ဖီဆိုင်ကို ကော်ဖီလာဝယ်တဲ့ ဆောယယ်ဂျီဆိုတဲ့ ဂျစ်ကန်ကန်ကျောင်းသူကောင်မလေးနဲ့ တွေ့ခဲ့တယ် ကော်ဖီကိုခါးခါးသောက်တတ်တဲ့ကောင်မလေးကို ထူးဆန်းစွာနဲ့ သူမမှတ်မိနေခဲ့တယ် ခဏခဏအမှတ်မထင်တွေ့ဆုံမှုတွေကနေ ရင်းနှီးသွားပြီးနောက်ပိုင်းမှာ ယယ်ဂျင်က ကော်ဖီဆိုင်မှာ အချိန်ပိုင်းဝင်လုပ်ပါတော့တယ် မိတ်ဆွေလို ညီအစ်မလို ခင်မင်ရာကနေ ယယ်ဂျင်ရဲ့ ခံစားချက်တွေ အဆင့်တက်လာတဲ့အခါ... ဘာတွေဆက်ဖြစ်မှာလဲဆိုတာကို ဒီဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုပါရှင့် ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Hay Thar Oo ပါ ) File Size__(1GB) Quality__720p IMDb Rating__7.1/10 Format__mp4 Duration__01:39:00 Type__Drama Subtitle__Myanmar Subtitle (Hardsub) Translated by Hay Thar Oo Encoded by Naing Aung Latt

Comedy • Family
5.8 2018 98 mins
Between the Seasons
Resolution
6.3

(၂၀၁၂) လောက်ကထွက်ထားတဲ့ Resolution လို့ခေါ်တဲ့ Horror/ Thriller ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ ဇာတ်လမ်းအကျဉ်းကတော့ ခရစ်ဟာဝေးလံခေါင်သီတဲ့အရပ်က တဲအိမ်လေးတစ်လုံးမှာနေထိုင်တဲ့ အားတိုင်းဆေးကွဲပြီးရမ်းကားနေတဲ့ ဆေးသမားတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့မှာတော့ သူ့ရဲ့အထက်တန်းတုန်းကသူငယ်ချင်း မိုက်ခ်ဟာ သူငယ်ချင်းကိုဒီဘဝကကယ်တင်ဖို့ရည်ရွယ်ချက်နဲ့ ခရစ်ဆီရောက်လာပါတော့တယ်။ ခရစ်ကို ပြည်လည်ထူထောင်ရေးစင်တာကိုပို့ဖို့ အနုနည်းနဲ့ပြောမရတာကြောင့် အကြမ်းနည်းသုံးပြီး ခရစ်သဘောတူလာမဲ့အချိန်ထိ လက်ထိပ်ခတ်ဖမ်းဆီးထားပါတော့တယ်။ ဒါပေမဲ့ သူတို့ဉာဏ်မမီတဲ့ ထူးဆန်းတဲ့ကိစ္စတွေ တစ်ခုပြီးတစ်ခုဖြစ်လာတဲ့အခါမှာတော့ သူတို့ရဲ့ဘဝတွေလည်း ဇောက်ထိုးမိုးမျှော်ဖြစ်ကုန်ပါတော့တယ်။ ဒီဇာတ်ကားမှာ Setting ကိုလည်း အဟောင်းအနွမ်းတွေနဲ့ပြည့်နှက်နေတဲ့ ဒေသခံတွေကလည်းဖော်ရွေမှုမရှိတဲ့ ထူးဆန်းတယ်ဆိုတဲ့ခံစားချက်ကို အပြည့်အဝရစေတဲ့ တောခေါင်ခေါင်နေရာတစ်ခုမှာ ရွေးချယ်ရိုက်ကူးထားတာမို့ Horror ကား vibe အပြည့်အဝရစေမှာပါ။ Horror ဆိုပေမဲ့လည်း Jump scare တွေနဲ့ပြည့်နေတဲ့ သရဲကားလိုပုံစံမျိုးမဟုတ်ဘဲ တထိတ်ထိတ်နဲ့ဇာတ်လမ်းကို ဖြည်းဖြည်းချင်းပဲဆွဲခေါ်သွားတာမို့ Mystery/Thriller လို့ပြောရင် ပိုမှန်ပါလိမ့်မယ်။ ကားဟောင်းတစ်ကားဖြစ်ပေမဲ့ IMDB rating 6.3 ထိရရှိထားတာမို့ Horror ကားတစ်ကားအတွက်တော့ တော်တော်လေးမြင့်တဲ့ rating ကို ရရှိထားတယ်လို့ ပြောလို့ရပါတယ်။ ဒါ့အပြင် ဇာတ်‌ဆောင်မင်းသမီးမပါဘဲ မင်းသားနှစ်ယောက်နဲ့တင် ဇာတ်ကားကိုဆွဲခေါ်သွားပြီး rating ကောင်းကောင်းရယူထားတာမို့ ဘယ်လိုဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ဘယ်လိုတွေကြည့်လို့ကောင်းတဲ့ဇာတ်ကားတစ်ကားဖြစ်မလဲဆိုတာ ကြည့်ရှုဝေဖန်ပေးကြပါဦးနော်။

Drama • Thriller
6.3 2013 93 mins
Resolution
The Shepherd
6.1

ဒီကားလေးကတော့ Disneyကထွက်လာတဲ့ ကြာမြင့်ချိန် ၃၈မိနစ်သာသာ short filmအမျိုးအစားမူဗီလေးပါ…။ Christmasအမီထွက်လာခဲ့တာဖြစ်ပြီး ဗြိတိန်စာရေးဆရာ Frederick Forsythရဲ့ ၁၉၇၅ခုနှစ်ထွက် The Shepherdဆိုတဲ့ ဝတ္ထုကိုရိုက်ကူးထားတာပါ…။ ဒီဝတ္ထုကိုစရေးခဲ့စဥ်က စာရေးဆရာဟာ ဇနီးဖြစ်သူအတွက် Christmas gift အနေနဲ့ Ghost Storyတစ်ပုဒ်လောက်ပေးချင်လို့ရေးသားခဲ့တာပါ….။ ၁၉၇၄ခုနှစ်ဝန်းကျင်မှာ ဗြိတိန်တော်ဝင်လေတပ်နဲ့ပတ်သက်ပြီး ဆန်းကြယ်တဲ့ ပုံပြင်တွေအတော်များများရှိသလို Forsythကိုယ်တိုင်ကလည်း လေယာဥ်မှူး ဟောင်းတစ်ယောက်ဖြစ်နေလေတော့… ခရစ်စမတ်အမီအိမ်ပြန်ချိန်မှာ ပင်လယ်ပြင်ကိုတစ်ကိုယ်တော်ဖြတ်ပျံတဲ့ လေယာဥ်မှူးအကြောင်း ပုံပြင်လေးရေးသားခဲ့ပါတယ်…။ ပုံပြင်လေးကဘယ်လိုလေးဖြစ်မလဲဆိုတာကို ကိုယ်တိုင်ပဲကြည့်ရှုနိုင်ပါပြီ…။ File size…439MB / 193MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….38m Genre ….. Short , Drama , Fantasy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

6.1 2023
The Shepherd
Elvis & Anabelle
7.1

Elvis & Anabelle (2007) ================= IMDb Rating – 7.1/10 အလှမယ် အန်နာဘဲလ်က Miss Taxas Rose အဖြစ် သရဖူရပြီး စက္ကန့်ပိုင်းမှာပဲ မေ့လဲပြီး သေဆုံးသွားခဲ့တယ်။ အလှမယ်သေဆုံး ကြောင်း သတင်းတွေလည်းပြန့်နေပြီး သုဘရာဇာလုပ်တဲ့ ဆယ် ကျော်သက်ကောင်လေး အယ်လ်ဗစ်က အန်နာဘဲလ်အလောင်းကို ဆေးစီရင်ဖို့လုပ်နေချိန်ပဲ အန်နာဘဲလ်က ရုတ်တရက်ကြီး အသက် ရှင်ပြီး ထလာခဲ့တယ်။ နောက်ပိုင်းမှာတော့ သေရွာကပြန်လာတဲ့ အန်နာဘဲလ်တစ်ယောက် သူ့အမေရဲ့ထိန်းချုပ်မှုအောက်ကလွတ်ပြီး ဘဝကိုပျော်ပျော်ရွှင်ရွှင် နေထိုင်ဖို့စိတ်ကူးနဲ့ အိမ်ကထွက်ပြေးပြီး အယ်လ်ဗစ်ဆီ သွားပါတော့ တယ်။ နောက်ပိုင်း သူစိမ်းတွေဖြစ်တဲ့ အယ်လ်ဗစ်နဲ့အန်နာဘဲလ်တို့ ဆက်ဆံရေး ဘယ်လိုဆက်ဖြစ်လာမလဲ​ဆိုတာကို ဒီအချစ်ဇာတ်လမ်း မှာ ဆက်လက်ကြည့်ရှုကြပါလို့။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်) File Size……….(2.1 GB) / (817 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 46Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama, Romance Translator…….Thwal Htoo Zin Encoder……….SWM

Action • Thriller
7.1 2007 106 mins
Elvis & Anabelle
Getting Even with Dad

Getting Even with Dad (1994) IMDb – 4.9/10 Home Aloneရုပ်ရှင်တွေမှာ လူကြီးတွေကို ပညာပြခဲ့တဲ့ ကောင်ဆိုးလေးက ဒီရုပ်ရှင်မှာလည်း လူကြီးတွေထက် နှာတစ်ဖျားသာပြီး ဘယ်လိုတွေပညာပြမလဲကြည့်ရမှာပါ။ အမေဖြစ်သူ ကင်ဆာနဲ့ဆုံးပြီး အဒေါ်နဲ့နေတဲ့ တင်မီလေးတစ်ယောက် အဒေါ်ဖြစ်သူ ယောကျ်ားယူသွားလို့ အဒေါ်ရဲ့ ဟန်းနီးမွန်းခရီးမှာလိုက်ရင်း ပြဿနာရှာတဲ့အတွက် အဒေါ့်ယောကျ်ားငြိုငြင်မှုနဲ့အတူ ငယ်ငယ်ကတည်းက ပစ်ထားခဲ့တဲ့ အဖေဖြစ်သူရဲ့တိုက်ခန်းမှာ သွားနေရာကစပါတယ်။ အဖေဖြစ်သူကလည်း သူ ငယ်စဉ်ကတည်းက ထောင်နဲ့ ကူးချည်သန်းချည်လုပ်နေသူဖြစ်တဲ့အတွက် ကလေးဘ၀ကတည်းက အတူနေဖူးတာမရှိ။ ဒီမှာပဲ အဖေဖြစ်သူနဲ့ အတူနေရတဲ့ တစ်ပတ်တာကာလအတွင်း သားဖတွေကြား သံယောဇဉ်တွေနဲ့ အဖေဖြစ်သူလုပ်ထားတဲ့ ရာဇဝတ်မှုကို ဘယ်လိုတွေဝင်နှောင့်မလဲဆိုတာ ကြည့်ရမှာပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ aungmo3han ပဲ ဖြစ်ပါတယ်။ Genre….. Comedy, Crime, Family Quality…. 1080p | 720p File size… 2.1GB | 1.1GB Format… mp4 Duration…. 1h 49min Subtitle…. Myanmar Subtitle (Hardsub) Translator ….. aungmo3han Encoder ….. Aaron

Horror • Comedy
0 1994
Getting Even with Dad
Strangers When We Meet
5.9

ထောင်တံခါးဝမှာဆုံခဲ့တဲ့သူစိမ်းနှစ်ယောက်ဟာ အရင်းနီးဆုံးအလေးထားရဆုံးသူတွေဖြစ်လာနိုင်ပါတယ်။ (၂၇)နှစ်ထောင်ကျခဲ့တဲ့အတွက် လူပျိုကြီးဖြစ်နေတဲ့ လောင်ချင်ဟာ မိဘတွေကိုသားတစ်ယောက်တာဝန်ကျေဖို့အတွက် မိန်းမယူဖို့သင့်တော်တဲ့သူရှာနေပါတယ်။ ထောင်(၂)ခါကျဖူးတဲ့အတွက် ဒီကိစ္စဟာမလွယ်ပါဘူး လက်မခံနိုင်တဲ့သူများပြီး လူလိမ်နဲ့သာကြုံခဲ့ရတယ်။ သူနဲ့ဘဝတူလက်တွဲဖော်ရှာမယ်ဆိုပြီး အမျိုးသမီးထောင်ပေါက်ဝမှ ာသွားရှာရင်း အသက်(၂၀)ကျော်ကလေးမလေးတွေ့ဆုံခဲ့ကြတယ်။ နှစ်ယောက်သားအစမ်းလက်ထပ်ခဲ့ပြီး တကယ်လက်ထပ်ဖို့ဆုံးဖြတ်ခဲ့ကြတယ်။ ကလေးမလေးက တင်တောင်းငွေ (၁၈၄၄၀၀)ယွမ်ကို လက်ခံရရှိပြီးနောက်ပိုင်းမှာတော့ ပျောက်သွားခဲ့ပါတယ်။ လောင်ချင်ဟာလိမ်ခံလိုက်ရပြီလို့ထင်နေတဲ့အချိန်မှာပဲ ဒီငွေပမာဏရဲ့နောက်ကွယ်ကအကြောင်းအရင်းကိုသိသွားပြီးတော့ လင်မယားဆိုတာထပ် ပိုပြီးဖြူစင်တဲ့သံယောဇဉ်တွေဖြစ်လာခဲ့ပါတယ်။ ကံဆိုးသူနှစ်ယောက်ကြားကသံယောဇဉ်အကြောင်း ပုံဖော်ထားတဲ့ ဒရာမာကောင်းလေးပဲဖြစ်ပါတယ်။

TV Movie • Crime • Drama • Mystery • Romance
5.9 2024
Strangers When We Meet
The Lyricist Wannabe
5.8

လူတိုင်းမှာ အိပ်မက်ရှိကြပါတယ်။ အိပ်မက်ရှိကြတဲ့ လူတိုင်းက အိပ်မက်ကို အကောင်အထည်ဖော်ဖို့ ကြိုးစားတတ်ကြပါတယ်။ ဒါပေမဲ့ ဒီအိပ်မက်က ကိုယ့်ရဲ့ စိတ်ကူးယဉ်ရုံ သက်သက်ဆိုရင်ရော…… လော်ရင်ရှီးဟာ အလယ်တန်းအရွယ်မှာပဲ သူ့အိပ်မက်လမ်းကြောင်းကို သေချာခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သီချင်းစာသားဖြည့်သူတစ်ယောက် ဖြစ်ချင်တာတဲ့။ အဲဒီအိပ်မက်အတွက် ၁၀ နှစ်ကျော်အချိန်ပေးပြီး တစ်စိုက်မတ်မတ် ကြိုးစားနေခဲ့ပါတယ်။ ဒါပေမဲ့ ကြိုးစားတိုင်း အောင်မြင်မှာမဟုတ်တာ လူ့ဘဝ ဓမ္မတာပဲဖြစ်တဲ့အတွက် လော်ရင်ရှီးဟာလည်း အရှုံးတွေကို ရင်ဆိုင်ရတာ ပုံမှန်လို ဖြစ်နေခဲ့ပါတယ်။ သီချင်းစာသားဖြည့်သူဖြစ်ဖို့အတွက် လမ်းကြောင်းပြသူမရှိ၊ ဝင်ငွေမရှိဖြစ်နေပြီး ကိုယ်တိုင်က အခမဲ့ရေးပေးမယ်လို့ ပြောတာတောင် အထင်သေးခံနေရပါသေးတယ်။ နေ့စဉ်နဲ့အမျှ ဒီအိပ်မက်အတွက် ကိုယ့်မှာ ပါရမီ ပါရဲ့လားလို့ သံသယဖြစ်နေခဲ့ရပါတယ်။ ဆယ်နှစ်တာ အချိန်အတွင်း လော်ရင်ရှီးတစ်ယောက် သူ့အိပ်မက်အတွက် ဘယ်လို ကြိုးစားမှုတွေ လုပ်ခဲ့သလဲ…… အကြိမ်ကြိမ်ကြိုးစား အကြိမ်ကြိမ်ရှုံးနိမ့်ရတဲ့ ဘဝမှာ ဘာအတွက်ကြောင့် သူ့အိပ်မက်တွေအတွက် တောင့်ခံထားနိုင်ရတာလဲ…… ဆိုတာကို ရုပ်ရှင်နဲ့အတူ ကြည့်ရှုလိုက်ရအောင်နော်။

Romance • Drama
5.8 2024
The Lyricist Wannabe
Deep Fear
5

Deep Fear (2022) IMDb Rating (5.0) / Rotten Tomatoes (93%) သဲထိပ်ရင်ဖို ဇာတ်ကားတွေကို ကြိုက်နှစ်သက်သူတို့အတွက် တကယ်စိတ်ဝင်စားဖို့ ကောင်းတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ကျောင်းပြီးသွားတဲ့ ကျောင်းသားသုံးယောက်ဟာ ဘားမှာဆိုရဲ့ ပဲရစ်ရောက်တုန်း ကြုံတောင့်ကြုံခိုက် ပဲရစ်ကိုသွားလည်ဖို့ ရွယ်ခဲ့ကြပါတယ်။ ဖြစ်ချင်တော့ သူတို့ရဲ့ လမ်းပြဟာ ပဲရစ်ရဲ့ နာမည်ကြီး မြေအောက်လိုဏ်ဂူဖြစ်တဲ့ “ကာတာကွန်း” ဆိုတဲ့နေရာကို ခေါ်သွားခဲ့ပါတယ်။ နှစ်ရာနဲ့ချီ ကမ္ဘာစစ်သက်တမ်းမှီတဲ့အထိ နာမည်ကြီးနေတဲ့ ပဲရစ်တစ်မြို့လုံးရဲ့ မြေအောက်ကို ဖုံးနေတဲ့ အဲဒီမြေအောက်လိုဏ်ဂူမှာ ဘာတွေရှိနေမလဲဆိုတာကို ဒီဇာတ်လမ်းထဲမှာ စိတ်ဝင်တစားကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။) File size…(950 MB) / (630 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Horror Duration….01:20:31 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Mark

Thriller • Crime • Action
5 2022
Deep Fear
Don’t Tell Mom the Babysitter’s Dead
6.3

တစ်ခါတလေကျတော့လည်း အရင်တုန်းက ပေါ့ပေါ့ပါးပါး ဇာတ်လမ်းကလေးတွေကို ပြန်ကြည့်ကြရတာက အသက်အရွယ်ငယ်ငယ် ဆယ်ကျော်သက်ဘဝတွေကို ပြန်လည် အမှတ်ရစေတာကတော့ တကယ်ပါပဲ။ ခေတ်တွေ ဘယ်လောက်ပဲ ပြောင်းလဲနေပါစေ ဆယ်ကျော်သက်အရွယ်ကလေးတွေ ကပေါက်တိကပေါက်ချာလုပ်ကြတဲ့ ဇာတ်ကွက်တွေနဲ့ ဇာတ်လမ်းတွေကိုတော့ ဘယ်အချိန်နေနေ ပြန်လည်ကြည့်ရှုချင်မိကြမှာကတော့ အသေအချာပဲ ဖြစ်ပါတယ်။ (၁၉၉၁)ခုနစ်မှာ ထွက်ရှိခဲ့တဲ့ Comedy/ Dark comedy အမျိုးအစား ဇာတ်လမ်းတစ်ပုဒ်ဖြစ်တဲ့ “Don’t Tell Mom the Babysitter’s Dead” ဇာတ်လမ်းလေးမှာဆိုရင်တော့ စွဲလ်တို့မောင်နှမတသိုက် ဖြတ်သန်းရမယ့် နွေရာသီအားလပ်ရက်တွေကို မြင်တွေ့ရမှာပြ ဖြစ်ပါတယ်။ ခင်ပွန်းနဲ့ ကွာရှင်းထားသူ စွဲလ်တို့အမေက စွဲလ်တို့မောင်နှမငါးယောက်ကို ထိန်းေကျာင်းပျိုးထောင်ရင်းနဲ့ နှစ်ပေါင််း(၃၀)ကျော်ကို ကုန်ဆုံးခဲ့တာ ပင်ပန်းလွန်းလှလို့ တူပါရဲ့ ဒီနွေတော့ သူ့ကလေးတွေကို အိမ်မှာထားခဲ့ကာ၊ သူ့ချစ်သူနဲ့ ဥရောပကို ခရီးထွက်သွားပါတော့တယ်။ The babysitter ဆိုတဲ့အတိုင်း စွဲလ်တို့ကို ထိန်းကျောင်းဖို့ ကလေးထိန်းဘွားဘွားတစ်ယောက်ကိုလည်း အိမ်မှာ ခန့်ခဲ့ပါသေးတယ်။ ကလေးထိန်းသက်တမ်းရင့်နေပြီဖြစ်တဲ့ ကလေးထိန်းအဘွားကြီးက စည်းကမ်းအလွန်အမင်းတင်းကျပ်လွန်းတာကြောင့် ကလေးတွေက အစ်မကြီးဖြစ်သူစွဲလ်ကို အားကိုးတကြီး ပြောပေးခိုင်းကြတော့တာပေါ့။ စွဲလ်လည်း ကလေးထိန်းအဘွားကြီးကို သွားအပြော ဘာမှန်းမသိ သေဆုံးနေတဲ့ အဘွားကြီးကို တွေ့လိုက်ရပါတော့တယ်။ အဘွားကြီး သေသွားတာကို စွဲလ်တို့တွေဟာ ပျော်ချင်တိုင်းပျော်ခွင့်ရမယ့် သူတို့နွေအားလပ်ရက်ရေး ဆုံးရှုံးသွားမှာကို စိုးရိမ်တာကြောင့် သူတို့အမေကို မပြောဖို့ ဆုံးဖြတ်ကြပြီးတော့ စွဲလ်ဦးဆောင်မှုအတိုင်း မောင်နှမငါးယောက်စခန်းသွားကြပါတော့တယ်။ ဒီနွေရာသီအားလပ်ရက်လေးက စွဲလ်တို့အတွက် လုပ်ချင်တာလုပ်ဖို့ အခွင့်အရေးလား ဒါမှမဟုတ် ဂြိုဟ်ဆိုးဝင်တာလားပဲဆိုတာကိုတော့ CMက တင်ဆက်ပေးလိုက်တဲ့ “Don’t Tell Mom the Babysitter’s Dead” (1991) ဇာတ်လမ်းလေးထဲမှာ ခံစားကြည့်ရှုနိုင်မှာပဲ ဖြစ်ပါတယ်။ File Size : 2.8 GB, 1.3 GB Quality : WEB-DL 1080p / 720p Running Time : 1hr 40min Format : Mp4 Genre : Comedy, Dark Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by : Doros Encode by : Thit San Khant

Thriller • Crime • Action
6.3 1991 105 mins
Don’t Tell Mom the Babysitter’s Dead
Michael Jackson: Moonwalker

အရင်တစ်ခေါက် မိုက်ကယ်ဂျက်ဆင်ရဲ့ Ghost က အမြည်းဆိုရင် ဒါကတော့ ဟင်းပွဲကြီးပါပဲ။ ၁၉၈၈ မှာထွက်ထားတဲ့ ဒီ anthology ရုပ်ရှင်လေးက မိုက်ကယ်ဂျက်ဆင်ရဲ့ ဖန်တီးနိုင်စွမ်းရှိတာတွေ ဂီတပါရမီတွေကို ရုပ်ရှင်ရိုက်ပြသလိုထည့်ထားတာပါ။ Music Video အရှည်ကြီးကို ကြည့်နေရသလို feeling မျိုးကိုကောင်းကောင်းကြီးပေးနိုင်ပါတယ်။ ရုပ်ရှင်နာမည် Moonwalker ကတော့ မိုက်ကယ်ဂျက်ဆင်ရဲ့ Iconic ကကွက်ဖြစ်တဲ့ Moonwalker Lean နာမည်ကိုယူထားတာပါ။ Man in the Mirror , Badder, Speed Demon , Leave Me Alone နဲ့ နာမည်ကြီး Smooth Criminal သီချင်းနဲ့ကကွက်တွေ နဲ့ Come Together သီချင်း ကပြမှုနဲ့ ပိတ်ထားပါတယ် ။ မိုက်ကယ်ဂျက်ဆင် သီချင်းတွေကို ကြိုက်တယ် မိုက်ကယ် ဂျက်ဆင်ကို ကြိုက်တယ် ဆိုရင်တော့ လုံးဝကို လက်မလွှတ်သင့်တဲ့ကားလေးပါ။ File Size : 4.7 GB, 1.8 GB Quality : Blu-Ray 1080p / 720p Running Time : 1hr 33min Format : Mp4 Genre : Action, Crime, Fantasy, Music Subtitle : Myanmar Subtitle (Hard Sub) Translated by : Nikobaby Encode by : Thit San Khant

0 1988 93 mins
Michael Jackson: Moonwalker
The Calendar Killer Sebastian Fitzeks Der Heimweg
5.5

The Calendar Killer (2025) IMDb Rating (5.5) ဂျာမန်စကားပြော သည်းထိပ်ရင်ဖိုရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ နာမည်ကြီး ပြက္ခဒိန်လူသတ်သမားဟာ ကလာရာကို ပြန်ပေးဆွဲသွားပြီး ကလာရာ သတိပြန်ရလာတော့ နံရံပေါ်မှာ “၁၂ လပိုင်း ၆ ရက်နေ့ – သူ(သို့မဟုတ်) မင်း – နှစ်ယောက်ထဲက တစ်ယောက်သေရမယ်” လို့ သွေးနဲ့ရေးထားတာကို တွေ့လိုက်ရတယ်။ ကလာရာဆိုတာ နိုင်ငံရေးသမားတစ်ဦးရဲ့ ဇနီးသည်ဖြစ်ပြီး ရှေ့နေအလုပ်ထွက်ကာ အိမ်ထောင်ရှင်မအဖြစ် ယောကျာ်းစိတ်တိုင်းကျနေရတဲ့အပြင် ဇနီးသည်ကို အရာဝတ္ထုလိုစိတ်တိုင်းကျခိုင်းစေပြီး အနိုင်ကျင့်တတ်တဲ့ သူ့ယောကျာ်းကတော့ စောနက ပြက္ခဒိန်လူသတ်သမား ခြိမ်းခြောက်ထားတဲ့ “သူ” ပါပဲ။ ဒီဇင်ဘာ ၆ ရက်နေ့မှာ ကူကယ်ရာမဲ့ထွက်ပြေးလာတဲ့ ကလာရာကို “ကူညီပါရစေ” ဖုန်းလိုင်းမှ ဂျူးလ်ဆိုတဲ့လူကကယ်တင်ပေးနိုင်မှာလား ဆိုတာကတော့.. (အညွှန်းနဲ့ဘာသာပြန်ကတော့ Sike Tan ဖြစ်ပါတယ်။) File size…(4.4 GB) / (1.2 GB) / (600 MB) Quality….WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre….Crime, Thriller Duration….01:34:28 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Sike Tan

5.5 2025 93 mins
The Calendar Killer Sebastian Fitzeks Der Heimweg
Qimen Mechanism Scroll
5.8

ဒဏ္ဍာရီထဲမှာ ချီမိန်စက်ကျမ်းစာထဲမှာ အလောင်းဘုရင် ချုပ်ထိန်းပညာကို မှတ်တမ်းတင်ထားတယ်လို့ ပြောကြပါတယ်။အဲဒီ ကျမ်းစာကို ရသူက လောကကြီးကို ပိုင်နိုင်ပြီတဲ့။ အဲဒီကျမ်းစာကို ကွေကူသင်္ချိုင်းမှာ ရှိတယ်လို့ ပြောကြတဲ့အတွက် ချီတိုင်းပြည်နဲ့ ချူတိုင်းပြည်တို့က သူ့ထက်ငါအရင်ရအောင် သင်္ချိုင်းဂူထဲကို ဆင်းရှာခဲ့ကြပါတယ်။ ဒါပေမဲ့ ကျမ်းစာကိုမရတဲ့အပြင် နှစ်ဖက်လုံး ဒဏ်ရာရသူ သေဆုံးသူ များပြားခဲ့ပါတယ်။ မော့ဂိုဏ်းတပည့် မော့ရှင်းဟာ ဆရာတူအစ်ကို ကုံးစူးယန်နဲ့ ဆရာတူညီမလေး အားပေါင်းတို့ကို ခေါ်ပြီး နှစ်နိုင်ငံစစ်ရေးကို တားဆီးနိုင်ဖို့ မျှော်လင့်ချက်နဲ့ ကွေကူသင်္ချိုင်းကို သွားခဲ့ပါတယ်။ ကွေကူသင်္ချိုင်းထဲမှာ ကျမ်းစာကို မရခဲ့ပေမဲ့ ကျမ်းစာရှိရာနေရာကို ပြတဲ့ မြေပုံတစ်ခုတော့ ရခဲ့ပါတယ်။ စစ်ဖြစ်ချင်သူအဖွဲ့နဲ့ စစ်ကို ရှောင်ရှားချင်သူတို့ကြား ဘယ်လို ဉာဏ်နီဉာဏ်နက်တွေနဲ့ အကြံအစည်မျိုးတွေ ရှိနေမလဲ…… အဲဒီ အကြံအစည်တွေ နောက်ဆုံး အောင်မြင်လိမ့်မလား…… ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။

Comedy • Action
5.8 2025
Qimen Mechanism Scroll
Cells at Work!
6.8

Cells at Work! (2024) ********************** လူတွေက မိခင်ရဲ့ ဝမ်း‌ဗိုက်ထဲကစလို့ ဆုံးပါးသည်အချိန်ထိ ဇီဝကမ္မလုပ်ငန်းစဉ်တွေကို အစဉ်မပြတ် ဆောင်ရွက်နေရတာပါ။ နေ့စဉ်နဲ့အမျှ အသက်ရှူသွင်းတယ်၊ ရှူထုတ်တယ်၊ အစာစားတယ်၊ ဝမ်းသွားတယ်။ ဒါတွေက သတ္တဝါတိုင်း လုပ်တဲ့ အခြေခံဖြစ်စဉ်တွေပါ။ ဗုဒ္ဓဘုရားဟောကြားခဲ့သလို ခန္ဓာကိုယ်ကြီးကို ကလပ်စည်းပေါင်း အသင်္ချေနဲ့ ဖွဲ့စည်းသလို၊ သိပ္ပံရှုထောင့်က ကြည့်မယ်ဆိုလည်း မိုက်ခရိုစကုပ်နဲ့မှ မြင်နိုင်မယ့် ဆဲလ်ပေါင်း ၃၇ထရီလီယံခန့်နဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ************** ဒီဇာတ်ကားလေးထဲမှာတော့ ခန္ဓာကိုယ်ထဲက သွေးနီဥဆဲလ်နဲ့ သွေးဖြူဥဆဲလ်ကို အဓိက ဇာတ်ကောင်အနေနဲ့တွေ့ရမှာဖြစ်ပြီး… ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်အမျိုးအစားပေါင်းများစွာနေရာမှာ လူတွေအဖြစ် စိတ်ကူးယဉ် ရိုက်ကူးထားပြီးတော့ … ဗဟုသုတနဲ့ ရိုမန်တစ်အနည်းငယ် ပေါင်းစည်းထားတဲ့ ထူးခြားတဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်… သွေးနီဥဆဲလ်နဲ့ သွေးဖြူဥဆဲလ်တို့ရဲ့ နေ့စဉ်လုပ်ငန်း‌တွေအပေါ်အခြေခံပြီး ကိုယ်ခန္ဓာထဲကို ဝင်ရောက်လာတဲ့ ဘက်တီးရီးယား‌တွေ၊ ဗိုင်းရပ်စ်တွေကို ဘယ်လိုတိုက်ဖျက်သလဲဆိုတာ… ဆဲလ်တွေရဲ့ စစ်ဆင်ရေးတွေကို ဟာသနှောပြီး စိတ်ဝင်စားဖွယ် ရိုက်ကူးထားပါတယ်… ဒဏ်ရာတစ်ခုခု ရတဲ့အချိန် သွေးခဲစေတဲ့ ဆဲလ်လေးတွေထွက်လာတဲ့နေရာမှာ ကလေးငယ်လေးတွေအဖြစ် ရိုက်ကူးထားတာကြောင့် ကြည့်ရှုသူတွေအတွက် ချစ်စရာကောင်းတဲ့အပြင် ပညာရသများစွာရရှိစေနိုင်တယ်။ စားသောက်လိုက်တဲ့ ကျန်းမာရေးနဲ့ မညီညွှတ်တဲ့ အစားအစာတွေ… သောက်လိုက်တဲ့ အရက်တွေ… ဒါတွေ အားလုံးက ခန္ဓာကိုယ်ပိုင်ရှင်အနေနဲ့ အစပိုင်းမှာ ထိခိုက်မှုမရှိပေမဲ့… အတွင်းပိုင်းအင်္ဂါနဲ့ ဆဲလ်လေးတွေအပေါ် ဘယ်လိုသက်ရောက်မှုရှိသလဲဆိုတာ…. ကွက်ကွက်ကွင်းကွင်းမြင်ရမှာမို့လို့ ကိုယ့်ခန္ဓာကိုယ်ထဲကို ထည့်သွင်းတဲ့အရာမှန်သမျှကို ထိန်းချုပ်ရမယ်ဆိုတာ သံဝေဂရစေမှာပါ။ (အညွှန်းကို Reddy မှ ရေးသားထားပါတယ်) File size…1.59GB / 847MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 50m Genre ….. Action, Adventure, Fantasy, Comedy Subtitle….Myanmar Subtitle (Hard Sub) Translated by Reddy & Mary Christ Encoded by AHtet

Drama
6.8 2024 110 mins
Cells at Work!