YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Taken.In.Montana.2023.1080p.(CM).mp4

1.5 GB N/A video/mp4 65 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
[18+] The Influencer
6.5

ဇာတ်ကားရဲ့နာမည်အတိုင်းပါပဲ... အခုချိန်မှာခေတ်စားလာတဲ့ Live လွှင့် ဖော်လိုဝါရှာပြီး ဖော်လိုဝါ များလာရင် အဲ့ဒါကိုအခြေတည်လုပ်စားလေ့ရှိကြတဲ့ လူတန်းစားတစ်ရပ်ရဲ့နောက်ကွယ်ကအကြောင်းရင်းတွေကို တစ်စေ့တစ်စောင်းလှစ်ဟပြထားတာဖြစ်ပါတယ်။ ယက်ဆယ်က ဖော်လိုဝါများ၊လူကြိုက်များ လူချစ်လူခင်များတဲ့ လူငယ် Influencer တစ်ယောက်ပါ။ ရုပ်ချော အပြောကောင်း အပေါင်းအသင်းဆန့်သလိုသုံးနိုင်ဖြုန်းနိုင်တဲ့သူမို့ ဘော်ဒါတွေဝိုင်းဝိုင်းလည်နေပြီး ကောင်မလေးတွေလဲကြည်တော့ တစ်နေ့တစ်ယောက်ပြောင်း ဘယ်သူနဲ့မှအတည်တွဲမထားတတ်တဲ့သူမျိုးပါပဲ။ ဒါတွေဟာ အပေါ်ယံတွေသာဖြစ်ပြီး တကယ်တမ်းတော့ ယက်ဆယ်ဟာ ဆင်းရဲသားရပ်ကွက် တိုက်ခန်းကျဉ်းလေးမှာနေထိုင်ပြီး မိခင်နဲ့လက်ကြောမတင်းတဲ့ပထွေးကို ထောက်ပံ့နေရပါတယ်။ ဘယ်သူမှမရိပ်မိအောင် သူဌေးသားတွေနဲ့ပဲ ပေါင်းသင်းအမှီပြု စားသောက်နေတာဆိုတော့ သံသယလဲမဝင်ကြပါဘူး။ တစ်နေ့တော့ နီနာဆိုတဲ့ ညှို့အားပြင်းတဲ့မိန်းမလှလေးတစ်ယောက်နဲ့ ဘားမှာငြိပြီး နှစ်ဦးသဘောတူတစ်ညတာ ဖြတ်သန်းခဲ့ရာကနေ သူ့ဘဝကပြောင်းကပြန်တွေဖြစ်ဖို့အစပျိုးလာပါတော့တယ်။ အဲ့ဒီကောင်မလေးဟာ စိတ္တဇတစ်ပိုင်းဖြစ်နေပြီး ဘယ်လိုမောင်းထုတ်ထုတ် သူ့အနားမှာတွယ်ကပ်နေရုံတင်မက နည်းမျိုးစုံနဲ့ အနှောင့်အယှက်ပေးရာကနေ အဆုံးစွန်အနေနဲ့ သူ့ကိုတိုက်ခန်းထဲမှာချုပ်နှောင်ထားတဲ့အထိဖြစ်လာပြီးတဲ့နောက်... Tahan နဲ့ ပရိသတ်ကိုဖမ်းစားခဲ့တဲ့မင်းသမီးချောလေး Cloe Barretto က ဒီကားထဲမှာ လင်တရူးမလေးအဖြစ်အရင်ထက်နှစ်ဆ ရှယ်ကြမ်းပြထားပါတယ်။ တိုက်ခန်းထဲမှာ ချုပ်နှောင်ပြီး မင်းသားကိုလုပ်တဲ့အပြုအမူတွေကတော့ ယောက်ျားထုကြီးအတွက် စိတ်ကူးယဉ်စရာဖြစ်မလား၊ အိမ်မက်ဆိုးတွေဖြစ်နေမလားဆိုတာကိုတော့ ကိုယ်တိုင်အဖြေရှာကြည့်ကြပါ... (ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.7GB, 770MB Quality - 1080p, 720p Format - mp4 Duration - 1H 37Min Genre - Adult, Drama Subtitle - Myanmar Subtitle (Hardsub) Translated by Alias Encoded by RGB

Action • Horror • Thriller
6.5 2022 97 mins
[18+] The Influencer
Weathering with You
8

သဘာဝ ၏ ရင်သွေးငယ် "နေရောင်ခြည်ကို မမြင်ရတော့ရော ဘာဖြစ်လဲ?? ကောင်းကင်ပြာကြီးထက် နင့်ကို ပိုပြီး လိုချင်တယ်" ~Morishima Hodaka ဒါက ၁၆ နှစ်သားကောင်လေးတစ်ယောက်ရဲ့ မိုက်ရူးရဲစကားတစ်ခွန်း... ဒီစကားတစ်ခွန်းကပဲ ကမ္ဘာကြီးတစ်ခုလုံးကို ပြောင်းလဲပစ်လိုက်တယ်ဆိုရင် သင် ယုံနိုင်မလား...?? ဟုတ်ပါတယ် ဟိုဒါကာ ဆိုတဲ့ကောင်လေးကတော့ တကယ်ကို အဲ့ဒီစကားနဲ့အညီ လုပ်ချသွားခဲ့ပါတယ် ကိုယ်ချစ်ရသူနဲ့ ကမ္ဘာကြီးတစ်ခုလုံးကို ဘယ်ဟာကိုရွေးမလဲ ဆိုရင် မိုက်ရူးရဲဆန်ဆန်နဲ့ပဲ ကိုယ့်ရဲ့ချစ်သူကို ရွေးကြမှာပါ ကျွန်တော်တို့လည်း အဲ့ဒီ ၁၆ နှစ်သားကောင်လေးလို မိုက်ရူးရဲဆန်ခဲ့ဖူးကြတယ်မလား? ဒီဇာတ်ကားလေးကို ကြည့်ပြီး အဲ့ဒီခံစားချက်လေးကို ပြန်အသက်သွင်းလိုက်ကြရအောင်... အရင်ဆုံးပြောချင်တာက ဒီကားကို အားလုံးလိုလိုကြည့်ပြီးလောက်ကြပါပြီ Cam Version ကနေစလို့ ထပ်ထွက်တဲ့ WebRip အထိပေါ့ ဒါကိုမှ ထပ်ထွက်တဲ့ အကြည် Blue-ray မှာ ကွာလတီအပြည့်နဲ့ပြန်ခံစားလို့ရအောင် သိမ်းချင်လဲသိမ်းထားလို့ရအောင် ထပ်လုပ်ပေးတဲ့သဘောပါပဲ။ ဘာကွာသွားလဲဆိုရင် ကြည့်သာကြည့်ကြည့်ပါလို့ပဲပြောပါရစေ။ မိုးစက်မှုံလေးတွေကအစ နေ‌ရောင်ခြည်အဆုံး ကာလာစုံလွန်းလို့ပါ ဖြစ်နိုင်ရင် တီဗွီနဲ့သာကြည့်ပါ။ ဆိုတော့ ဇတ်လမ်းကိုတော့ အားလုံးအလွတ်နီးပါးရနေကြလောက်ပါပြီ။ ဒါပေမယ့် မကြည့်ရသေးတဲ့သူတွေအတွက် နည်းနည်းလောက် ညွှန်းပေးပါရစေ။ မိုရီရှိမာ ဟိုဒါကာ(Morishima Hodaka) ဆိုတာက သူနေတဲ့ ကျွန်းမြို့လေးကနေ တိုကျိုမြို့ကြီးဆီကို ထွက်ပြေးလာတဲ့ ၁၆ နှစ်အရွယ်အိမ်ပြေးကောင်လေးတစ်ယောက် အာမာနို ဟီနာ(Amano Hina) ကတော့ တိုကျိုမြို့ကြီးမှာ အချိန်ပိုင်းအလုပ်လုပ်ပြီး ဘဝကို ထိန်းကျောင်းနေတဲ့ကောင်မလေး တိုကျိုမြို့ကြီးမှာ အသက်မပြည့်တဲ့ကလေးတွေအတွက် အလုပ်ရဖို့ဆိုတာ အင်မတန်ခဲယဉ်းပါတယ်...ဒီတော့ ဟိုဒါကာ အနေနဲ့ တိုကျိုမြို့ကြီးမှာ ဒုက္ခပင်လယ်ဝေပြီး အခက်ကြုံတော့တာပေါ့ ဒါပေမဲ့ တစ်နေ့မှာ ဟီနာဆိုတဲ့ ကောင်မလေးနဲ့ အမှတ်မထင်တွေ့ဆုံခဲ့အပြီးမှာတော့...... အခု ပရိတ်သတ်ကြီး ခံစားကြည့်ရှုရမယ့် "Weathering with you" ဆိုတဲ့ ဇာတ်လမ်းကြီး စတင်ပါတော့တယ်.... ရုပ်ရှင်တစ်ကားလုံး စိုစွတ်တဲ့ခံစားချက်တွေရလောက်အောင် ရိုက်ပြထားတယ် အေးချမ်းတဲ့ မိုးရာသီကို ကြိုက်နှစ်သက်တဲ့သူတွေအတွက်တော့ တကယ်ဖီးလ်လို့ကောင်းတဲ့ဇာတ်ကားပေါ့ အခုချိန်ကလည်း မိုးတွင်းရောက်နေပြီဆိုတော့ မိုးရွာနေတဲ့အချိန် ကော်ဖီလေးတစ်ခွက်နဲ့ ဒီကားလေးကြည့်နေရရင် Perfect ပါပဲ ဇာတ်ဝင်တေးနဲ့ နောက်ခံတီးလုံးတွေကလည်း ထုံးစံအတိုင်း ရှယ်တွေပါ... နားကြပ်လေးတပ်ကြည့်သင့် (ဒီကားထဲမှာပါတဲ့ cameo အခန်းလေးတွေကလည်း ပရိသတ်ကို အတော်လေးဆွဲဆောင်ထားနိုင်ခဲ့ပါတယ်) ကဲ အညွှန်းလည်း အတော်လေးရှည်သွားပြီမို့လို့ … အခုပဲ ကြည့်ရှု့ခံစားကြည့်လိုက်ကြပါဦး။ အညွှန်းကိုတော့ မားရဲကရေးသားပေးထားပါတယ် Quality – Blu-ray 1080p/720p Duration – 1hr 52min Format – Mp4 Translator – IdiotMyoKo Synced and Edited by CM Encoder – YK,Myoko

Action & Adventure • Sci-Fi & Fantasy
8 2019 112 mins
Weathering with You
Delia’s Gone
4.4

Delia’s Gone (2022) ငယ်စဉ်က မြစ်ထဲပြုတ်ကျခဲ့တဲ့ မတော်တဆမှုတစ်ခုကြောင့် ဦးနှောက်ထိခိုက်ခဲ့ရတဲ့လူးဝစ်စ်တစ်ယောက်မှာ ခင်တွယ်စရာဆိုလို့ အစ်မဖြစ်သူဒေလီယာတစ်ယောက်ပဲရှိပါတယ်။ ပြောင်းလဲမှုကိုမနှစ်သက်တဲ့လူးဝစ်စ်ကို ဒေလီယာက အလုပ်အတွက် အိမ်ပြောင်းမယ့်အကြောင်းကို ထုတ်ပြောလာချိန်မှာတော့ မောင်နှမနှစ်ယောက် ကတောက်ကဆဖြစ်ပြီး ဒေလီယာတစ်ယောက် လူးဝစ်စ်ကို လှည့်ပတ်ပြောဆိုလို့ အိမ်ကနေခိုးထွက်သွားပါတယ် ။ အဲဒီညက လူးဝစ်စ်လည်း မူးရင်သွေးဆိုးတတ်တာကိုမေ့ပြီး အရက်သောက်မိသွားပါတယ်။ ပြောင်းလဲမှုကို မနှစ်သက်တဲ့ လူးဝစ်စ်အတွက်တော့ အဲဒီညလေးက ကြမ္မာဆိုးငင်တဲ့ညလေးဖြစ်ခဲ့တဲ့အခါ… နောက်တစ်ရက်နိုးလာချိန်မှာ အစ်မဖြစ်သူအလောင်းနဲ့အတူ လက်မှာသွေးတွေပေကျံရင်း နိုးထလာတဲ့လူးဝစ်စ်တစ်ယောက် အစ်မကိုသတ်တဲ့လူအဖြစ် ထောင်ကျသွားတဲ့အချိန်မှာ လူသတ်သမားအဖြစ်ခံယူရင်း ကိုယ့်ကိုယ်ကို ပိတ်‌လှောင်ပြီး ၇ နှစ်တာကြာမြင့်ခဲ့ပါတယ်။ ဒီအချိန်မှာ မဖိတ်ခေါ်ဘဲရောက်လာတဲ့ စတက်ကာကိုးလ်ဆိုတဲ့ဧည့်သည်နဲ့ သူနဲ့အတူပါလာတဲ့ ဒေလီယာသေဆုံးမှုနဲ့ပတ်သတ်တဲ့သဲလွန်စ ပေါ်ထွက်လာချိန်မှာတော့ ဒေလီယာရဲ့‌ သေဆုံးမှုနောက်ကွယ်က ခါးသီးတဲ့အမှန်တရားကို လူးဝစ်စ်တစ်ယောက် ဘယ်လိုရှာဖွေမလဲဆိုတာ ဒီကားလေးထဲမှာ ကြည့်ရှုခံစားလိုက်ကြပါစို့လား။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Mary Chirst ပဲ ဖြစ်ပါတယ်။ Genre….. Crime, Drama, Mystery Quality…. 1080p | 720p | 480p File size…1.16GB | 633MB | 284MB Format… mp4 Duration….1h 30min Subtitle…. Myanmar Subtitle (Hardsub) Translator …..Mary Chirst Encoder …..August

Crime • Drama • Mystery
4.4 2022 90 mins
Delia’s Gone
Love Can’t Be Said
6.3

ကိုယ့်ရဲ့ လူငယ်ဘဝ အချိန်လေးကို တောက်ပပေးစေနိုင်တဲ့လူလို့ ထင်မိစေလောက်တဲ့အထိ သဘောကျခဲ့ရတဲ့ အချစ်ဦးမျိုးရော ရှိခဲ့ဖူးလား? သူများနဲ့ စကားပြောရတာ မကြိုက်တတ်သူ ၊ မိတ်ဆွေဖွဲ့ဖို့ ဝန်လေးနေတတ်သူ ၊ ကိုယ့်ကိုကိုယ်အမြဲသိမ်ငယ်ပြီး နှိမ့်ချနေတတ်သူ တက္ကသိုလ် စတုတ္ထနှစ်ကျောင်းသူလေး – ထုန်ကျစ်းလျောင် ခင်မင်တတ်ပြီး ပျော်ပျော်နေတတ်သူ ၊ အပင်လေးတွေကိုချစ်မြတ်နိုးတဲ့သူ ၊ သူများတကာကို ကူညီစိတ်အပြည့်ရှိသူ စတုတ္ထနှစ်ကျောင်းသားလေး – ကုပင်း ကိုယ့်ကို အမြဲနှိမ့်ချ သိမ်ငယ်နေတတ်တဲ့ ထုန်ကျစ်းလျောင်တစ်ယောက် ထိုင်ပေကနေပြီး ကွမ်ကျိုးကို ကျောင်းလာတတ်တဲ့ ကုပင်းဆိုတဲ့ ကောင်လေးကို လေးနှစ်တိတိ သဘောကျလာခဲ့ပါတယ် ။ ဒါပေမဲ့လို့ ဖွင့်ပြောဖို့အတွက် သူမမှာ သတ္တိမရှိခဲ့ပါဘူး ။ ဖွင့်ပြောမယ် ဆုံးဖြတ်ချက်ချခဲ့တိုင်းလဲ လွဲမှားမှူတွေ အမျိုးမျိုးကြောင့် ဖွင့်ပြောဖို့ အခွင့်မသာခဲ့ပြန်ပါဘူး ။ ❏ သူမရဲ့ ဘဝလေးကို တောက်ပစေခဲ့တဲ့ “သူ” ❏သူမ ငယ်ရွယ်မှုတွေထဲက ပျော်ရွှင်မှုတွေကို ယူဆောင်လာပေးခဲ့တဲ့ “သူ” ❏ ရှင်သန်ရခြင်းရဲ့ အဓိပ္ပာယ်က ဘာလဲဆိုတာ သူမကို သိစေခဲ့တဲ့ “သူ” ဘွဲ့ရပြီး နေရပ်ကိုပြန်ချိန် ကုပင်းတစ်ယောက် ထိုင်ပေကို ပြန်တော့မည့် အချိန်အတွင်းမှာမှ ထုန်ကျစ်းလျောင်တစ်ယောက် သတ္တိအပြည့်နဲ့ ဖွင့်ပြောခဲ့ပါတယ် ။ “တစ်ချိန်လုံး အမြဲတမ်း ရှင့်ကိုပဲ သဘောကျနေမိခဲ့တာ “…! ❏ ဒါပေမဲ့ သူမရဲ့ ဖွင့်ပြောမှုက အောင်မြင်နိုင်ပါ့မလား ? ❏ ကုပင်းမှာရော ဖုံးကွယ်ထားတဲ့ အရာတွေများရှိနေမလား ? ❏ ငယ်ရွယ်ချိန်မှာ တွေ့ရှိခဲ့ကြတဲ့ သူတို့နှစ်ယောက် သက်ဆုံးထိတိုင် ပေါင်းဖက်သွားနိုင်ပါ့မလား ? ဆိုတာ ဒီဇာတ်ကားလေးကိုကြည့်ရှုလိုက်ပါရှင် ။ ဒီဇာတ်ကားလေးကို ကြည့်ပြီးသွားတာနဲ့ “ကိုယ်သဘောကျတဲ့သူကို ဖွင့်ပြောလိုက်ပါ ။ မဖွင့်ပြောမိလိုက်တဲ့အတွက် ရလိုက်တဲ့နောင်တက ကိုယ့်ဘဝတစ်လျှောက်လုံး အဖော်ပြုနေပေးသွားမှာ” ဆိုတာ သိရှိလာစေပါလိမ့်မယ် ။

Horror
6.3 2022
Love Can’t Be Said
The Assassin
6.7

The Assassin(2023) ***************** ဂျိုဆွန်းမှာ စစ်ပွဲတွေဖြစ်ပြီး ဘုရင်ရဲ့ အာဏာလည်း သက်ရောက်မှုမရှိတော့ လူသတ်ပွဲတွေ ခိုးဆိုးလုယက် အကျင့်ပျက်မှုပေါင်းများစွာနေရာတကာမှာဖြစ်နေတယ်.. ဒီအထဲမှာတော့ ငွေရှိတဲ့သူတွေဟာ သူတို့ပြိုင်ဘက်ပေါင်းများစွာကို တော်လွန်းတဲ့လုပ်ကြံသတ်ဖြတ်ရေးသမားတွေကိုငှါးပြီး သုတ်သင်လေ့ရှိတယ်… ဒီထဲမှာ အီနန်ဆိုတာ ဒီလောကရဲ့ ဓားရေးအထက်မြက်ဆုံး လုပ်ကြံရေးသမားအဖြစ်နာမည်ကြီးတယ်…..ဓားရေးထက်မြက်တဲ့အပြင် လှုပ်ရှားမှုတွေက လျှင်မြန်လွန်းတော့ သူ့နာမည်ကြားတာနဲ့ တော်ရုံသက်တော်စောင့်တွေတောင် ထွက်ပြေးကြတယ်..တစ်နေတော့အီနန်ဟာ အတွင်းအား အသုံးပြုတဲ့အချိန် နှလုံးနဲ့အဆုတ်မှာပြဿနာဖြစ်နေတော့ ဆေးဆရာက ဒီရောဂါကိုကုနိုင်တာ ထူးဆန်းတဲ့ဆေးတစ်ခုပဲရှိတယ်.. ဒါပေမယ့် ခုချိန်ထိ ဘယ်သူမှ ရှာမတွေ့သေးဘူးလို့ အီနန်ကိုပြောလိုက်တယ်.. ဒီအကြောင်းကိုသိတဲ့ အခြားလုပ်ကြံရေးသမားတွေဟာ အီနန်ကို ရေဆုံးရေခမ်း လိုက်လံသုတ်သင်ပါတော့တယ်…အီနန်တစ်ယောက် ဘယ်လိုရုန်းထွက်မလဲဆိုတာကိုတော့… File Size :(2.04GB)(810MB) and (287MB) Quality : WEB-DL.1080P, 720p Format…mp4 Duration…01:41:00 Genre : Action, Adventure Subtitle : Myanmar Subtitle (Hard Sub) Translated by Miri & Hnin Wai Oo Encoded by Phyo Pyae

6.7 2023 101 mins
The Assassin
Pretty Red Dress
6.5

Pretty Red Dress (2022) ================== သိပ်လှတဲ့ အနီရောင်ဝတ်စုံတစ်စုံက မိသားစုတစ်စုကို လုံးဝပြောင်းလဲ ပေးလိုက်တဲ့အကြောင်းပေါ့။ ဖုံးနေတာတွေ ပုန်းနေတာတွေ ပေါ်လာပြီး၊ မိသားစု၃ယောက်လုံး တစ်ဦးချင်းစီရဲ့သွင်ပြင်အစစ်အမှန်တွေကို ထွက် ပေါ်လာစေတယ်လို့ပဲ ဆိုရလေမလား။ သမီးကိုကျွေးမွေးဖို့ အလုပ်လုပ် ရင်း သူ့ရဲ့အိပ်မက်ကို လက်မလွှတ်နိုင်ဘဲ တစ်ဖက်တစ်လမ်းကနေ ဖြစ် ညှစ်ကြိုးစားနေတဲ့အမေ။ ယောက်ျားလေးဆန်ပြီး ဂျစ်ကန်ကန်နိုင်တဲ့ အပြင် မိဘတွေနဲ့အစေးမကပ်တဲ့ သမီးလေး။ ဇိုးလိုလို ဘာလိုလိုနဲ့ ထောင် ကနေ ထွက်လာခါစအဖေ။ တစ်နေ့မှာတော့ ချစ်ဇနီးရဲ့အလိုကိုအရင်းပြုလို့ အစ်ကိုဖြစ်သူရဲ့ဆိုင်မှာ အလုပ်လုပ်ပေးဖို့ဖြစ်လာပြီး အိမ်သူသက်ထားလိုချင်လှပါချည်ရဲ့ဆိုတဲ့ အနီရောင်ဝတ်စုံလှလှလေးကို မောင်မင်းကြီးသားက ချွေးနှဲစာနဲ့ မဖြစ် ညှစ်ကျယ်ဝယ်ပေးရှာတော်မူတယ်။ အဲလိုနဲ့ အဲဒီအနီရောင်ဝတ်စုံ သူတို့ အိမ်ရောက်လာချိန်ကစလို့ မထင်မှတ်ထားတဲ့ ပြဿနာတစ်ခုအရင်းပြု ပြီး မိသားစုဆက်ဆံရေးကြား အဖုအထစ်၊ချိုင့်ခွက်လေးတွေ ဟိုနေရာ သည်နေရာကနေ ပေါ်လာတော့တာပေါ့။ ပတ်ဝန်းကျင်က ဘယ်လိုပဲဖြစ်ဖြစ် ဘာတွေပဲပြောပြော၊ကိုယ့်ဘေးနားက ကိုယ့်မိသားစုလောက် အရေးကြီးပါ့မလား။ အဲဒီအနီရောင်ဝတ်စုံကြောင့် သူတို့၃ယောက်လုံး ပြောင်းလဲသွားတယ်။ အသိတွေပြောင်းလဲသွားတယ်။ အမူအကျင့်တွေပြောင်းလဲသွားတယ်။ အမြင်တွေပြောင်းလဲသွားတယ်။ နည်းလမ်းတွေပြောင်းလဲသွားတယ်။ ဒီမိသားစုကတော့ တစ်ဦးချင်းစီရဲ့ ပြောင်းလဲမှုတွေကို စစ်မှန်တဲ့သံယောဇဉ်တွေနဲ့ လက်ခံပေးခဲ့ကြပါသတဲ့လေ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်) File Size……….(2.19 GB) / (804 MB) / (465 MB) Quality…………WEB-DL 1080p / 720p / 480p Duration………1Hr 50Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama Translator…….Ngwe Zin Encoder……….SWM

6.5 2022 110 mins
Pretty Red Dress
The Saint of Second Chances
7.6

The Saint of Second Chances (2023) ========================== IMDb Rating – 7.6/10 Netflix ကနေ အသစ်ထွက်ထားတဲ့ အပြင်မှာ တကယ်ရှိခဲ့တဲ့လူအကြောင်းနဲ့ ဒုတိယအခွင့်အရေးဆိုတာ ဘာလဲ တင်ဆက်ပေးချင်တဲ့ မှတ်တမ်းပုံစံရုပ်ရှင် ကားလေး ဖြစ်ပါတယ်။ မိုက်ဗက်ဆိုတာ နာမည်ကျော် ဘေ့စ်ဘောအသင်းပိုင် ရှင် ဖခင်ရဲ့ လောင်းရိပ်အောက်ကနေ ရုန်းထွက်ချင်သူတစ်ယောက်ပေါ့။ ဒီလို ရုန်းထွက်ချင်လွန်းလို့လည်း ကြိုးစားပြီး သူများနဲ့မတူတဲ့ အကြံတွေနဲ့ ဘေ့စ် ဘောပွဲကို လူစည်အောင် လုပ်ခဲ့ရာမှာ အမှားတွေ ဖြစ်ခဲ့ပြီး ဖခင်ကိုပါ ဘဝပျက် စေသလို ဖြစ်ခဲ့ရပါတယ်။ ဒီလိုနဲ့ နှစ်ပေါင်းများစွာ ပူဆွေးနေပြီးတော့ ဒုတိယအခွင့်အရေးတွေ ရလာပြီး ဘယ်လိုမျိုး ပြန်ကြိုးစားခဲ့တာတွေ၊ တခြားလူတွေကိုလည်း ဒုတိယအခွင့်အ ရေးတွေ ပေးခဲ့လို့ ဘယ်လိုမျိုးတွေ ကြုံဆုံရတာတွေ၊ မိသားစုနဲ့ လုပ်ငန်းကြား က ဘယ်အရာက တန်ဖိုးရှိတာတွေဆိုတာကို မိုက်ဗက်ကိုယ်တိုင်က ပြန်ဇာတ် ကြောင်းပြောဆိုထားပြီး ဘေ့စ်ဘောလောကနောက်ခံ အရှုံးမပေးပဲ ဒုတိယ အခွင့်အရေးဆိုတာကို အမိအရ ဖမ်းဆုပ်တတ်ဖို့ ပညာပေးထားတဲ့ မှတ်တမ်း ရုပ်ရှင်လေး ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thura Aung ဖြစ်ပါတယ်) File Size……….(2.13 GB) / (724 MB) Quality…………WEB-DL 1080p / 720p Duration……..1Hr 33Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Documentary, Biography, Drama Translator……Thura Aung Encoder……….SWM

7.6 2023
The Saint of Second Chances
My Lucky Stars
6.3

ဒီတစ်ကားမှာတော့ မာဆယ် (ဂျက်ကီချန်း) နှင့် ရစ်ကီတို့ဟာ ရဲဌာနက သိမ်းဆည်းရမိတဲ့လက်ဝတ်ရတနာတွေကို ခိုးထုတ်ပြီးတော့ သစ္စာဖောက်ပြီး ဂျပန်ကိုရှောင်ပြေးသွားတဲ့ စုံထောက်တစ်ယောက်ကို ဂျပန်ထိ လိုက်ဖမ်းရပါတော့တယ်။ ဒါပေမဲ့ ဒီသစ္စာဖောက်စုံထောက်ဟာ ဂျပန်က စာခြောက်ရုပ်ဂိုဏ်းကို ဝင်ရောက်ခိုလှုံသွားတဲ့အတွက် သူတို့နှစ်ယောက်သား ဒီဂိုဏ်းနဲ့ ပတ်သက်ရပြီး ရစ်ကီတစ်ယောက်အဖမ်းခံရတဲ့အတွက် မာဆယ် (ဂျက်ကီချန်း) တစ်ယောက် ဟောင်ကောင်အထူးရဲတပ်ဖွဲ့ကို တပ်ကူတောင်းရပါတော့တယ်။ မာဆယ်က ရဲမှန်းမသိသာဘဲ စိတ်ချယုံကြည်ရမယ့် သူ့ဘော်ဒါဖြစ်တဲ့ တုတ်ကြီးကို လွှတ်ပေးဖို့ အကူအညီတောင်းပါတယ်။ ဒီအချိန်မှာ တုတ်ကြီးက မာဆယ်သတင်းပေးလို့ ထောင်ကျနေတာဖြစ်လို့ မာဆယ်က တုတ်ကြီးကို တစ်ဖက်လှည့်နဲ့ ပြန်လွှတ်စေချင်တာပါ။ ဒီလိုနဲ့ တုတ်ကြီးကို လွှတ်ငြိမ်းခွင့်ပေးပြီး ဂျပန်သွားခိုင်းပါတော့တယ်။ ဒါနဲ့ တုတ်ကြီးကလည်း သူ့ဘော်ဒါရင်းတွေဖြစ်တဲ့ ပြောင်ကြီး၊ ဆန်ဒီ၊ ဂင်ရှင်း၊ ရာဝစ်တို့ကိုပါ ခေါ်သွားချင်တဲ့အတွက် ကြီးကြပ်ရေးမှူးလည်း ခွင့်ပြုလိုက်ပေမယ့် သူ့လက်ထောက်ကောင်မလေးပါထည့်လိုက်ပြီး တစ်ပြုံတမကြီး ဂျပန်လစ်ပါတော့တယ်။ ဒီအချိန်မှာ တုတ်ကြီးတို့အဖွဲ့ ဘယ်လိုနှာဘူးကျဦးမလဲ၊ တလွဲတွေလုပ်ကြဦးမလဲ၊ လွဲရင်း လွဲရင်းနဲ့ မစ်ရှင်ကို ဘယ်လိုအောင်မြင်အောင် ဆောင်ရွက်ကြမလဲဆိုတာ အူတက်အောင်ရယ်ရင်း ကြည့်ရှုရမှာဖြစ်ပါတယ်။ စိတ်ညစ်စရာတွေပျောက်သွားအောင် အူတက်ပြီး ရယ်ရတဲ့ဇာတ်ကားမျိုးကို ရှာနေတယ်ဆိုရင်တော့ ဒီကားသာ ကြည့်လိုက်ဖို့ တိုက်တွန်းလိုပါတယ်ခင်ဗျာ။ File size…(2.2 GB)/(1.6 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:36:00 Genre…Action, Comedy, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Matteo

6.3 1985
My Lucky Stars
The Story of Yuan Tiangang
5.8

” ငါ့ကံကြမ္မာက ကောင်းကင်ဘုံပေါ်မမူတည်ဘူး ငါ့အပေါ်ပဲမူတည်တယ် ” ဒီဇာတ်ကားလေးကတော့ ကံကြမ္မာဆိုတဲ့အရာကိုမယုံတဲ့ ယွမ်ထျန်းကန်းတစ်ယောက်ကံကြမ္မာနဲ့ အတိုက်အခံလုပ်ပြီး ဘဝကိုရှင်သန်သွားတဲ့ဇာတ်ကားလေးပါ ။ ဇာတ်လမ်းအကျဉ်းအနေနဲ့ ယွမ်ထျန်းကန်းဆိုတဲ့ ကလေးလေးက ငယ်ငယ်တည်းက ကံကြမ္မာဆိုးတဲ့မွေးဖွားလာခဲ့တဲ့သူပါ ။ မွေးမွေးချင်းပဲ မိဘနှစ်ပါးအပြင် အိမ်နီးနားချင်းတွေကိုပါ ထူးဆန်းစွာ‌နဲ့သေသွားစေခဲ့ပါတယ် ။ အဲဒီလိုနဲ့ရွာသားတွေပါ သူ့ကိုမကောင်းဆိုးဝါးဆိုပြီးနှင်ထုတ်ကြပါတော့တယ် ။ ဒါပေမဲ့ စိတ်သဘောထားကောင်းတဲ့ သူ့ရဲ့ဦးလေးဖြစ်သူက ယွမ်ထျန်းကန်းကိုခေါ်ထားပြီး သူ့နောက်ကိုလိုက်ပြီးတောက်ဓမ္မကျင့်စေပါတယ် ။ ဒီလိုနဲ့သူ အသက် ၁၅နှစ်မှာ အပြင်းအထန်ဖျားပြီးမေ့လဲသွားခဲ့ပါတယ် ။ ပြန်နိုးလာတဲ့အချိန်မှာ သူ့ဦးလေးရော သူတို့ဂိုဏ်းတစ်ခုလုံး အမြစ်ပြန်သုတ်သင်ခံလိုက်ရတာကိုသိလိုက်ရပါတော့တယ် ။ အဲဒါကြောင့်ပဲ ယွမ်ထျန်းကန်းဟာ သူ့ကိုယ်သူအပြစ်တင်ရင် ကံကြမ္မာဆိုး ကံကြမ္မာကောင်းဆို‌တာတွေကိုမယုံဘဲ ကံကြမ္မာနဲ့တိုက်ခိုက်ဖို့လုပ်ပါတော့တယ် ။ သူ့ကိုယ်သူလူသတ်သမားအဖြစ်ခံယူရင်း ကံကြမ္မာနဲ့ဘယ်လိုတိုက်ခိုက်သွားမလဲ သူကရော အဆုံးမှာဘယ်လိုရှင်သန်ကျန်ရစ်ခဲ့မလဲ ? ပျောက်ဆုံးနေတဲ့ရတနာဓားနဲ့ သူကရောဘယ်လိုဆက်နွယ်နေမလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်

5.8 2024
The Story of Yuan Tiangang
Easy Money III: Life Deluxe
6.2

Easy Money 3 (2013) IMDB – 6.2 ဒီဇာတ်လမ်းကတော့ မူးယစ်ခေါင်းဆောင်ကြီး ရာဒိုဗန်ရဲ့ ကျရှုံးခန်းပါ။ ဂိုဏ်းအဖွဲ့အချင်းချင်း ရန်ပွဲတွေကြောင့် ရာဒိုဗန်တစ်ယောက် လုပ်ကြံခံလိုက်ရတယ်။ ကျည်ကာအင်္ကျီနဲ့ဆိုတော့ မသေပေမယ့် သူ့နိုင်ငံမဟုတ်တဲ့ ဆွီဒင်နိုင်ငံမှာ ဒီလိုရန်ငြှိုးတွေက သူ့အတွက်ကြီးမားတဲ့ အန္တရာယ်ဆိုတာသူနားလည်သွားတယ်။ ကျန်တာကိုဂရုမစိုက်ပေမယ့် တစ်ယောက်တည်းကျန်ခဲ့မယ့် သူသမီးလေးကိုသူအရမ်းစိတ်ပူသွားတယ်။ သူ့သမီးနားမှာ ယုံကြည်ရတဲ့သူဖြစ်တဲ့ မာတင် ဆိုတဲ့လူငယ်ကိုထားခဲ့တယ်။ မာတင်ဟာ ရဲအဖွဲ့ကလွှတ်ထားသူလျှိုဖြစ်ပြီး တစ်ချိန်က ရာဒိုဗန်ရဲ့လူဟောင်းဟောရုဟဲ အကူအညီနဲ့ အဖွဲ့ထဲကိုဝင်လာခဲ့ပါတယ်။ တစ်ဖက်မှာလည်း ရာဒိုဗန်ရဲ့ မိသားစုအတွင်းက ရာထူးအာဏာလိုချင်တဲ့ လက်ထောက်ကလည်းရှိနေတဲ့အခါမှာတော့ ရာဒိုဗန်တစ်ယောက် ဘယ်လိုကျရှုံးသွားမလဲဆိုတာ ဆက်လက်ကြည့်ရှုပေးကြပါဦး… File size…1.78GB / 818 MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….2h 7m Genre ….. Action , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin

Drama • Romance
6.2 2013
Easy Money III: Life Deluxe
The Scent of Green Papaya
7.3

၁၉၅၀ ခုနှစ်ဝန်းကျင် Saigon မြို့က မိသားစုကြီးတခုမှာ မူးအိ ဆိုတဲ့ ၁၀နှစ်အရွယ် ကလေးမလေးတယောက်ဟာ အိမ်ကနေထွက်လာပြီး အလုပ်လာလုပ်ပါတယ် သူ အလုပ်လုပ်ရတဲ့ မိသားစုကြီးရဲ့ ပြဿနာအရှုပ်အထွေးတွေကြား သူ့တာဝန်ဖြစ်တဲ့ အစေခံအလုပ်ကို တစိုက်မတ်မတ်လုပ်ရင်း အရွယ်ရောက်ကြီးပျင်းလာတဲ့အချိန် တနေ့မှာတော့ သူ ငယ်ငယ်ကတည်းက ကြိတ်သဘောကျခဲ့ရတဲ့သူရဲ့အိမ်မှာ အစေခံအဖြစ် အလုပ်သွားလုပ်ရပါတော့တယ် ဇာတ်လမ်းလေးက ရှုပ်ရှုပ်ထွေးထွေးဇာတ်ကွက်ရယ်လို့ တခုမှ မပါဘဲနဲ့ မူးအိရဲ့ ကလေးဘဝအတွေးအခေါ်ကနေ ကြီးပျင်း ရင့်ကျက်လာတဲ့အချိန် ပြောင်းလဲလာတဲ့စိတ်ထားကို ပုံဖော်ထားရုံတင်ပါပဲ အဲဒီခေတ်က ဗီယက်နမ်မိန်းကလေးတယောက်ရဲ့ ဘဝပုံစံပေါ့ ၁နာရီနဲ့ မိနစ်၄၀ လောက်ကြာတဲ့ ဇာတ်ကားဖြစ်ပေမဲ့လို့ ဒိုင်ယာလော့ဂ်များများစားစားမပါဘဲ ရိုက်ကွက်တွေရယ် တီးလုံးနောက်ခံလေးရယ်နဲ့ ဇာတ်လမ်းကိုသွားထားတာပါ ဒီရုပ်ရှင်ကို Vietnam Film ဆိုပြီး အထင်မသေးလိုက်ပါနဲ့ Cinematography ကောင်းတဲ့အပြင် Musical theme ရော သရုပ်ဆောင်ပိုင်းရောကောင်းပါတယ် IMBD 7.3, rotten tomatoes 100% ထိရထားတဲ့ ဗီယက်နမ်ရုပ်ရှင်ပါ ဒါရိုက်တာက Haruki Murakami ရဲ့ Norwegian Wood ကို ရိုက်ကူးခဲ့တဲ့ Tran Anh Hung ပါပဲ သူ့ရဲ့ ၉၀ခုနှစ်တွေတုန်းက အတော်ပေါက်ခဲ့တဲ့ အနုပညာလက်ရာပေါ့ သူဟာ ဒီရုပ်ရှင်နဲ့ ဆုတွေအများကြီးရခဲ့သလို ဒီရုပ်ရှင်ကိုယ်တိုင်လည်း ကိန်းရုပ်ရှင်ပွဲတော်မှာ Golden Camera, Award of the Youth, Cèsar Awards မှာ Best First Work ဆုတွေ ရခဲ့သလို Academy Awards ကပေးတဲ့ Best Foreign Film ဆုမှာ nominee ဝင်ခဲ့တဲ့ ပထမဆုံးဗီယက်နမ်ရုပ်ရှင်ပါ ဒါကြောင့်မို့ ဒီရုပ်ရှင်ကို မြည်းစမ်းကြည့်ကြဖို့ အကြံပြုချင်ပါတယ်ဗျာ File size… 1.5 GB / 658 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 44m Genre ….. Drama/Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Fio

Documentary
7.3 1993
The Scent of Green Papaya
K.G.F: Chapter 1 KGF 1
8.9

K.G.F: Chapter 1 (2018)အညွှန်း Kannada Audio အစစ်နဲ့ 4K ကိုတင်ဆက်ထားပါတယ်။ ****************************** IMDb rating – 8.7/10 Google Users – 95% ၁၉၅၁ ခုနှစ်ကို အခြေတည်ရေးသားထားတဲ့ ကိုလာရွှေလုပ်ကွက်ရဲ့ အကြောင်းအရာတွေ ပါဝင်နေတဲ့ ဂျာနယ်လစ်အာနန်းအင်္ဂလာဂီရဲ့ “El Dorado- အယ်လ်ဒိုရာဒို”စာအုပ်ကို အိန္ဒိယအစိုးရက တားမြစ်ပိတ်ပင်ပြီး ထုတ်ဝေထားသမျှ စာအုပ်အားလုံးကို မီးရှို့ဖျက်ဆီးပစ်လိုက်တယ်။ မျက်မှောက်ခေတ်ကို ရောက်တော့ ဒီစာအုပ်ကိုပဲ တီဗီချန်နယ်တစ်ခုက မရမက ရှာဖွေပြီး ဂျာနယ်လစ်ကို အင်တာဗျူးလုပ်တယ်။ စာအုပ်ထဲက အကြောင်းအရာတွေကို စာရေးသူက ပြန်လည်ပြောပြရာကနေ ဒီဇာတ်လမ်း ပြန်လည်အသက်ဝင်လာခဲ့တော့တယ်။ “ကိုလာရွှေလုပ်ကွက် ဖြစ်တည်လာပုံနှင့် ရော်ကီမွေးဖွားလာပုံ ပြိုင်တူအဖြစ်အပျက်နှစ်ခု…” ဟိုး ၁၉၅၁ခုနှစ်တုန်းက အိန္ဒိယနိုင်ငံတောင်ပိုင်းမှာရှိတဲ့ မိုင်ဆောပြည်နယ် (ယခု ကာနာတားကားပြည်နယ် – ကိုလာခရိုင်) မှာ အစိုးရအာဏာပိုင်တွေဟာ ရွှေကြောတစ်ခုကို တွေ့ရှိခဲ့ကြတယ်။ ဒီရွှေကြောကို ရှာတွေ့ခဲ့တဲ့ နေ့မှာ အဖြစ်အပျက်နှစ်ခု ပြိုင်တူဖြစ်ပွားခဲ့တယ်။ တစ်ခုက ရာဂျားကရစ်ရှ်နားပါးဘိုင်ယာဆိုတဲ့ လူသားတစ်ယောက် အသက်မပြည့်သေးပဲ ကိုယ်ဝန်လွယ်ထားရတဲ့ အမိဝမ်းကနေ ကမ္ဘာမြေပေါ်ကို ရောက်ရှိလာခဲ့တာ ဖြစ်ပြီး နောက်တစ်ခုက ကိုလာရွှေကြောကို တွေ့ရှိတဲ့နေရာမှာကြီးစိုးတဲ့ ဆူရိယဗာဒန်ဆိုသူ လူမိုက်ကြီးဟာ ရွှေကြောကို တွေ့ရှိတဲ့ အစိုးရအာဏာပိုင်တွေကို လက်စဖျောက်ပစ်ပြီး ရွှေကြောကို အပိုင်စီးလိုက်တာပဲ…။ အဲ့ဒီနောက်မှာ ဒီနေရာကို တပ်မက်နေတဲ့သူတွေလက်ကနေ ကာကွယ်ဖို့ ၉၉နှစ်တာ လုပ်ကိုင်ခွင့် စာချုပ်နဲ့အတူ နာရာချီထုံးကျောက်တူးဖော်ရေးကုမ္ပဏီဆိုပြီး သတ္တုတူးဖော်ရေးကုမ္ပဏီတစ်ခုကို ကောက်ထူထောင်ပြီး ခံတပ်ကြီးတစ်ခုကို အခိုင်အမာ ဆောက်တည်တယ်။ အင်အားကြီးလာတဲ့ ဆူရိယဗာဒန်ဟာ ပတ်ဝန်းကျင်ဒေသတွေမှာရှိတဲ့လူတွေကို သူ့ခံတပ်အတွင်းကို အတင်းအဓမ္မခေါ်ယူပြီး မညှာမတာ အလုပ်စေခိုင်းတော့တယ်။ လုံခြုံရေးသုံးဆင့်ကာရံထားတဲ့ ခံတပ်ကြီးအတွင်းကို ရောက်ရှိသွားသူတွေဟာ ပြန်လမ်းမရှိတော့ဘူး။ အဲ့ဒီလုံခြုံရေးသုံးဆင့်ဆိုတာက ၁ – အခိုင်အမာတည်ဆောက်ထားတဲ့ ဧရာမတံတိုင်းကြီး ၊ ၂ – ဧရာမတံခါးကြီး နဲ့ ၊ ၃ – အဲ့ဒီနှစ်ခုကို စောင့်ရှောက်ပေးမယ့် ရက်စက်ကြမ်းကြုတ်လွန်းသူ လူမိုက်ခေါင်းဆောင် ဗားနာရမ် တို့ ဖြစ်တယ်။ လက်ရှိအချိန်မှာ သူဟာ နာမကျန်းဖြစ်ပြီးတော့ အိပ်ယာထဲ လဲနေတယ်။ သူ့အရိုက်အရာကို ဆက်ခံဖို့ သားကြီးဖြစ်တဲ့ ဂါရူးဒါးကို တာဝန်ပေးထားတယ်။ ကိုလာရွှေလုပ်ကွက်ရဲ့ ခေါင်းကိုင်ဖခင်ကြီးမှာ အိုးစားဖက် ငါးယောက်ရှိတယ်။ ၁ – ဘာဂါ့ဗ်ရဲ့သား ကာမဲလ် (ကိုလာရွှေလုပ်ကွက်က ထွက်လာသမျှ ရွှေတွေကို သန့်စင်ပေးတဲ့သူ) ၂ – ရာဂျန်ဒရာဒီစိုင်း (ဘန်ဂလောမှာနေရင်း ကိုလာရွှေတွေကို စျေးကွက်ကို ဖြန့်ပေးတဲ့သူ) ၃ – အင်ဒရူး (ရေလမ်းကုန်သွယ်ရေးအတွက် အနောက်ကမ်းရိုးတမ်းကို ချုပ်ကိုင်ထားတဲ့သူ) ၄ – ဂုရုပန်ဒရန်း (ဆူရိယဗာဒန်ကြောင့် နိုင်ငံရေးသမား ဖြစ်လာတဲ့သူ) ၅ – အာဒီးရာ (ဆူရိယဗာဒန်ရဲ့ ညီအရင်း) ဒီ၅ယောက်ကို အုပ်ချုပ်ပြီး ၊ ဒီ၅ယောက်ရဲ့ အကူအညီနဲ့ ကိုလာရွှေလုပ်ကွက်ကို လည်ပတ်နေတာ….။ “ရော့ကီ့အကြောင်း” ရော့ကီဟာ ဘုံဘေမြို့မှာနေထိုင်တယ်။ ငယ်ကလည်းက ဇရှိတယ် ၊ လက်ရဲတယ်။ရည်မှန်းချက် ကြီးမားတယ်။ သွားလေသူ မိခင်ပေးခဲ့တဲ့ ဘ၀ခွန်အားတွေကြောင့် အမြင့်ဆုံးကို ရောက်ချင်နေတဲ့သူ။ ငယ်ကလည်းက လက်ယဉ်တာကြောင့် ဘုံဘေရှက်တီဆိုသူ လူမိုက်ကြီးရဲ့ လက်သပ်မွေးခြင်းကို ခံရတဲ့သူ။ ရှက်တီ့မှာ ကြုံလာသမျှ ဘေးရန်တွေ ၊ ရှက်တီ့လုပ်ငန်းတွေကို စွမ်းစွမ်းတမံလုပ်ကိုင်ပေးရင်း သူမတူတဲ့သူ့အစွမ်းအစကြောင့် လုပ်ဖော်ကိုင်ဖက်တွေရဲ့ အမြင်မကြည်တာကို ခံရတဲ့သူ။ သူ့အစွမ်းအစကို ရှက်တီက အသိအမှတ်မပြုပေမယ့် ရှက်တီ့အထက်က အကောင်ကြီးတစ်ကောင်ဖြစ်တဲ့ နံပါတ် ၃ အိုးစားဖက် အင်ဒရူးက ရော့ကီ့အကြောင်းကို ကြားပြီး အလုပ်တစ်ခု လာကမ်းလှမ်းတယ်။ ကမ်းလှမ်းတဲ့အလုပ်က လုံခြုံရေးအပြည့်ယူထားပြီး ဘန်ဂလောမြို့ကို လာမယ့်လူတစ်ယောက်ကို အပြတ်ရှင်းပေးရမှာ…။ ဒီတော့ သူဟာ ဘုံဘေကနေ ဘန်ဂလောကို ခရီးထွက်လာခဲ့ပြီး သူ့အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ ဖြစ်လာခဲ့ပါတယ်။ အပိုင်း၂အတွက်ဆိုရင်တော့ ဇာတ်ဆောင် အသစ်တွေ မြင်ရတော့မှာပါ။ ရာမီကာစိမ်းဆိုတဲ့ လူထုဩဘာသံနဲ့အတူ နိုင်ငံရေးလောကထဲ ဝင်ရောက်လာသူနဲ့ ဆူရီးယားဗာဒန်ရဲ့ ညီ၊ ဂါရူးဒါးရဲ့ ဦးလေးဖြစ်တဲ့ အားဒီးယားပါ။ အပိုင်း၁မှာတော့ သူတို့အကြောင်း အနည်းငယ်မျှသာ ပါဝင်ခဲ့ပြီး အပိုင်း၂မှာတော့ ရော့ကီရဲ့ အဓိကပြိုင်ဘက်တွေ ဖြစ်လာနိုင်ပါတယ်။ မကြာခင်ထွက်လာတော့မယ့် အပိုင်း၂ကို စောင့်စားရင်း အပိုင်း၁ကို အရင်ကထက် ပိုလန်းတဲ့ အရည်အသွေး၊ ပိုကောင်းတဲ့မြန်မာမှု၊ မူရင်းအသံတို့နဲ့အတူ ပြန်လည် ခံစားလိုက်ကြရအောင်ဗျာ။ File Size :(7.6 GB)/ (2.9 GB)/ (1.20 GB ) /(600 MB) Quality : WEB-DL 4K HEVC/1080p/720p Running Time : 2h 36min Format : Mp4 Genre : Action, Drama Subtitle : Myanmar Subtitle (Hard Sub) Source : WEB-DL-1080p-UNTOUCHED-AVC-DD5.1 Translated by Myint Thu & Nyi Nyi Koe (MLMC) Encoded by Phyo Pyae,Ka Naung

8.9 2018 156 mins
K.G.F: Chapter 1 KGF 1
You Are My Diamond aka Tu Mano Deimantas

Tu Mano Deimantas/ You are my Diamond (2023) Genre – Thriller 2023 ခုနှစ်ထွက် လစ်ယူနီးယန်း သည်းထိပ်ရင်ဖိုကားလေးပါ ပွင့်လင်းမြင်သာသော အိပ်ရာခန်းများ ပါဝင်သဖြင့် ၁၈ ယောက် စုကြည့်ကြဖို့ အကြံပေးတိုက်တွန်းအပ်ပါတယ်။ Jacob ဆိုတဲ့လူက စိန်ကုန်သည်တစ်ယောက် လုပ်ငန်းအောင်မြင်ပြီး မိန်းမမရှုပ် ဘာမရှုပ်နဲ့ ဘော်ဒါတွေက မြှောက်ပေးတာတောင် တစ်ယောက်ဆိုတစ်ယောက် ပိတောက်ဆိုပိတောက် လုပ်ချင်သူ ကိုရိုးသားကြီးပေါ့။ ဒီအချိန်မှာ တွေ့ထားတာ မကြာသေးတဲ့ ချစ်သူလေး Catherine ဆိုတာ ရှိပါတယ်၊ သူနဲ့ပဲ ဘဝကို ရိုးမြေကျ ဖြတ်သန်းတော့မယ်ပေါ့။ တစ်ရက်ကျ Jacob ဆီကို ပြဿနာရှိတဲ့ စိန်ထုပ်လေး လာရောင်းပါတယ် ထူးဆန်းတယ်ထင်ပေမဲ့လည်း ဝယ်ယူလိုက်ပြီး ပိတ်ရက်မှာ ချစ်သူလေးနဲ့ သူခေါ်ဆောင်ရာကို လိုက်ပါသွားတဲ့အချိန် နောက်ကနေ ထူးဆန်းတဲ့လူ ၂ ယောက်က နောက်ယောင်ခံလာပြီး ဘယ်လိုတွေ ကြမ္မာဆိုးငင်တော့မလဲဆိုတာ ဆက်လက်ရှုစားရမှာပါ။ (အညွန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်)

0 2023
You Are My Diamond aka Tu Mano Deimantas
Jungle 2 Jungle
5.2

Jungle 2 Jungle (1997) IMDb – 5.2 ဟာသမင်းသားကြီး Tim Allen ရဲ့ 1997 ထွက် ဟာသကားကောင်းတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ မိုက်ကယ် ခရုန်ဝဲလ် (Tim Allen) ဟာ အောင်မြင်တဲ့ trader တယောက်ဖြစ်ပြီး ရည်းစားဖြစ်သူ ချားလော့နဲ့ လက်ထပ်ဖို့ပြင်ဆင်နေသူပါ။ ဒါပေမဲ့ ပထမဇနီးဖြစ်သူ ပက်ထရစ်ရှာနဲ့ အရင်ကွာရှင်းဖို့လိုသေးတာကြောင့် ပက်ထရစ်ရှာရှိတဲ့ ဗင်နီဇွဲလားနိုင်ငံက လီပို လီပိုကျွန်းအထိလိုက်သွားခဲ့ပါတယ်။ ပက်ထရစ်ရှာဆီကို ကွာရှင်းဖို့သွားခဲ့တာဆိုပေမဲ့ ပက်ထရစ်ရှာဆီမှာ သူနဲ့ရတဲ့ သားလေးတစ်ယောက်ရှိနေသလို ဒေသခံ မျိုးနွယ်စုရဲ့ ဓလေ့အတိုင်းနေထိုင်တဲ့ ကလေးတယောက်ဖြစ်နေခဲ့ပါတယ်။ မိုက်ကယ်လည်း သားဖြစ်သူနဲ့စကားစမြည်ပြောရင်း မတော်တဆ နယူးယော့ခ်က လေဘာတီရုပ်တုဆီလိုက်ပို့ပေးမယ်လို့ ကတိပေးမိသွားခဲ့ပါတယ်။ ဒါကြောင့် အဖေတယောက်ရဲ့ ကတိအတိုင်းလေဘာဆီရုပ်ဆီခေါ်သွားပေးဖို့ သားဖြစ်သူ နယူးယော့ခ်ကိုခေါ်လာပြီးနောက်မှာတော့ တောတွင်းသားနဲ့ သူ့အဖေတို့ရဲ့ နယူးယော့ခ် မြို့ပြမျက်မည်းပေါ်က အလွဲလွဲအချော်ချော်ဖြစ်ကြပုံတွေကို ရယ်ရယ်မောမောကြည့်ရှုကြရမှာဖြစ်ပါတယ်။ File size… 2.4 GB / 1.2 GB Quality… BluRay 1080p / 720p Format… mp4 Audio… AAC Duration…. 1h 46m Genre ….. Comedy/Family Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by TMMT

Adventure • Action • Science Fiction
5.2 1900 105 mins
Jungle 2 Jungle