YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Tag-Init.2023.480p.(CM).mp4

487.03 MB N/A video/mp4 1087 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Final Game
6.9

သင့်အနေနဲ့ အားကစားရုပ်ရှင်ကားကောင်းလေးတွေ၊ ဘောလုံးပွဲ Documentary ကောင်းလေးတွေ၊ ရုပ်ရှင်လေးတွေကြည့်ရတာကို နှစ်သက်တယ်ဆိုရင်တော့ ဒီရုပ်ရှင်လေးကိုလည်း လက်လွတ်မခံသင့်ပါဘူး။ သင်ဟာ ပီလီရဲ့ရုပ်ရှင်နဲ့ Documentary ကို ကြည့်ထားဖူးသူ၊ ရော်နယ်ဒို၊ မက်ဆီ၊ ဖာဂူဆန်၊ ရွန်းနီ၊ အာဆင်ဝင်းဂါးစတဲ့ ဘောလုံးအကျော်အမော်တွေရဲ့ ရုပ်ရှင်တွေကို မလွတ်တမ်းကြည့်ရှုတတ်သူဆိုရင်တော့ ဒီရုပ်ရှင်ကားကောင်းလေးဟာလည်း သင့်အတွက် ထပ်မံထွက်ရှိလာခဲ့တာပဲဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားကောင်းလေးကတော့ ဘောလုံးလောကအကြောင်း၊ ဘောလုံးပြိုင်ပွဲတွေအကြောင်းမဟုတ်ဘဲ အိုလံပစ်ပြိုင်ပွဲတွေထဲက ဝါတာပိုလိုအသင်းတွေအကြောင်းရိုက်ကူးထားတဲ့ရုပ်ရှင်ကားကောင်းလေးပါပဲ။ IMDb အနေနဲ့လည်း 6.7/10 တောင်ရရှိထားတဲ့ စပိန်ကားကောင်းလေးဖြစ်ပြီး ရထားတဲ့ Rating တွေနဲ့ ထိုက်ထိုက်တန်တန် သရုပ်ဆောင်တွေရဲ့ ဇာတ်ကောင်ပိုင်နိုင်မှု၊ ဇာတ်လမ်းဇာတ်ကွက်နိုင်နင်းမှုရှိတဲ့ ကားကောင်းလေးလည်းဖြစ်ပါတယ်။ အားကစားရုပ်ရှင်ကြည့်တတ်သူတိုင်းအတွက် နောက်ထပ် ဆွေမျိုးမေ့စေမယ့်ဟင်းတစ်ခွက်ဖြစ်ပြီး မမြည်းစမ်းလိုက်ရရင်တော့ နောင်တရနိုင်တဲ့ဟင်းလျာလေးတစ်ခွက်လို့ပြောရမှာပါပဲ။ ဒီရုပ်ရှင်လေးထဲမှာတော့ ၁၉၉၂ ခုနှစ်တုန်းက ဝါတာပိုလိုအိုလံပစ်ဖိုင်နယ်ပွဲအတွက် ကြိုးစားနေကြတဲ့ စပိန်ဝါတာပိုလိုလက်ရွေးစင်အသင်းရဲ့ အခက်အခဲတွေ၊ အရှုပ်အထွေးတွေကို ဇာတ်ကွက်ကောင်းကောင်းနဲ့ ရှုစားရမှာဖြစ်ပြီး ဖြစ်ရပ်မှန်ဇာတ်လမ်းကိုလည်း ရိုက်ကူးထားတာဖြစ်တဲ့အပြင် နာမည်ကြီးစပိန်စီးရီးတစ်ခုဖြစ်တဲ့ Money Heist က ဒန်ဗာ့နေရာမှာသရုပ်ဆောင်တဲ့ နာမည်ကြီး စပိန်သရုပ်ဆောင် Jaime Lorente López ပါပါတဲ့ ရုပ်ရှင်လေးဖြစ်တာကြောင့် 42 segundos ရုပ်ရှင်ကားလေးကို ရှု့စားအားပေးလှည့်ပါဦးခင်ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို San Thu Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2GB, 890MB Quality - 1080p, 720p IMDb Rating - 6.7/10 Format - mp4 Duration - 1H 46Min Genre - Adventure, Biography, Drama Subtitle - Myanmar Subtitle (Hardsub) Translated by San Thu Aung Encoded by Y

Horror • Mystery • Thriller
6.9 2022 106 mins
The Final Game
The Strangers
6.1

ဒီနေ့မှာတော့ IMDb 6.1 ရထားပြီး ဖြစ်ရပ်မှန်ကိုအခြေခံရိုက်ကူးထားတဲ့ The Strangers စိတ္တဇလူသတ်ကားလေးတင်ပေးမှာဖြစ်ပါတယ်၊ ဇာတ်လမ်းအစမှာ ဂျေမီနဲ့ ခရစ်စတန်တို့ အတွဲက ကတောက်ကစလေးတွေ ဖြစ်ပြီး အပန်းဖြေအိမ်ကိုပြန်လာကြပါတယ်၊ နောက်မှသူတို့သိလိုက်ရတာကတော့ အပန်းဖြေအိမ်က အပန်းပြေစရာမကောင်းမှန်းပါ။ အိမ်ပတ်လည်မှာ တင် မျက်နှာဖုံးစွပ်နဲ့လူတွေရောက်လာလိုက် ပျောက်သွားလိုက်နဲ့ ဖြစ်ရာက နောက်ဆုံး သူတို့ကို ကိုယ်ထိလက်ရောက် အန္တရာယ်ပေးဖို့ဖြစ်လာကြပါတယ်။ ကဲ…. သဲထိတ်ရင်ဖိုကားမို့ အရမ်းမ spoil ချင်တာကြောင့် ဒီလောက်နဲ့တင်အညွှန်းရပ်ပြီး၊ ကိုယ်တိုင်ရှုစားကြည့်ဖို့အကြံပေးပါတယ်။ File size…(950Mb)/(400Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre...Horror, Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Mia

Thriller
6.1 2008 86 mins
The Strangers
Hunter Killer
6.9

(အက်ရှင်ဦးစားပေးစစ်ကားဖြစ်သဖြင့် Blu-Ray 1080p 5.1 CH , Blu-Ray 720p အားUpdate ပေးလိုက်ပါသည်...)) စစ်ကားကောင်းတွေ ငတ်နေကြသူတွေအတွက် ရုရှားနဲ့ အမေရိကန်ဆော်ကြမယ့် 2018 ထွက် Hunter Killer ဆိုတဲ့ ဇာတ်ကားကောင်းတစ်ကား တင်ဆက်ပေးလိုက်ပါတယ်.... Hunter Killer ဆိုတာက အမေရိကန်ရေငုပ်သင်္ဘော အမျိုးအစားတစ်ခုရဲ့နာမည်ဆိုပါတော့... တစ်နေ့ အမေရိကန်ရေငုပ်သင်္ဘောတစ်စီး (တန်ပါဘေး) ဟာ အာတိတ်သမုဒ္ဒရာထဲ ကင်းထောက်နေတုန်း ရုရှား ရေငုပ်သင်္ဘောတစ်စီး ပေါက်ကွဲပျက်စီးသွားတာကြားလိုက်ရပါတယ်... ဘာကြောင့် ဒီလိုဖြစ်သွားသလဲ စုံစမ်းနေတုန်း မရှေးမနှောင်းမှာပဲ သူတို့သင်္ဘော တန်ပါဘေးလည်း ဒုံးကျည်ထိမှန်ပြီး နစ်မြုပ်ခဲ့ရပါတယ် ...အမေရိကန်အစိုးရ နဲ့ ရုရှားအစိုးရလည်း ဘယ်သူက စတင်ပစ်ခတ်တယ်ဆိုတာ မသေချာပေမယ့် နှစ်ဖက်စလုံးမှာအထိအခိုက်ရှိသွားတာဖြစ်တဲ့အတွက် နိုင်ငံရေးတင်းမာမှုတွေ ရှိလာခဲ့ပါတယ်... ဒါကြောင့် အမေရိကန် ရေတပ်ဗိုလ်ချုပ်ကြီးက နစ်မြုပ်သွားတဲ့ တန်ပါဘေးကို ကယ်ဆယ်ဖို့ ကပ္ပတိန် ဂျိုးဂလက်စ် ဦးစီးတဲ့ Hunter killer တစ်စီးလွှတ်ပါတော့တယ်... မြေပြင်မှာ လည်း ရုရှားသမ္မတရဲ့ခြေလှမ်းတွေစောင့်ကြည့်ဖို့ အထူးစစ်သားလေးယောက် ချထားလိုက်ပါတယ်.... ရုရှား အမေရိကန် နိုင်ငံရေးတင်းမာမှုတွေဟာ ဘယ်လောက်ထိကြီးကျယ်ပြီး တတိယကမ္ဘာစစ်ကို ခေါ်ဆောင်သွားနိုင်သလားဆိုတာ ပရိတ်သတ်ကြီးပဲ ရှုစားတော်မူကြပါ ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Zuel Khant Thwinပဲဖြစ်ပါတယ်... File Size : (2.13GB),(982MB)  Quality : Blu-Ray 1080p 5.1 CH, Blu-ray 720P Format…mp4 Duration…02:02:00 Genre : Action, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Zuel Khant Thwin Encoded by Phyo Pyae

Drama • Mystery • Sci-Fi & Fantasy
6.9 2018 121 mins
Hunter Killer
Foodies

Foodiesကားရဲ့ အဓိကhighlightက Netherlandsနိုင်ငံရဲ့ မြို့တော်Amsterdamရဲ့ ရှုခင်းအလှတွေပါ။ ဇာတ်လမ်းထဲမှာဆိုရင် အစားအသောက်ချစ်တဲ့စိတ်ရင်းကြောင့် Food bloggerဖြစ်လာတဲ့ဆမ်၊ ဆမ်ရဲ့bffဂျက်ကလင်း၊ chef မာကို၊ Food bloggerလီလီယမ် တို့ ပါဝင်ပါတယ်။ ရိုမန့်နဲ့ comedyအခန်းတွေကိုတော့ heavyမဖြစ်ပဲ အနောက်တိုင်းကားတွေမှာမြင်နေကြအတိုင်း ပေါ့ပေါ့ပါးပါးပဲ သွားထားတယ်။ ဇာတ်ကားနာမည်က Foodieဆိုပေမဲ့ အစားအစာနဲ့ပက်သက်ပြီး အထူးတလည်သင်ယူရတာမျိုးတော့မပါဘူး။ ဇာတ်ကားရဲ့ပေးချင်တဲ့messageတစ်ခုတော့ရှိတယ်။ Actor/Actressတွေ သရုပ်ဆောင်တာအသက်ပါတယ်။သရုပ်ဆောင်နေတာလို့မမြင်ပဲ အပြင်မှာတကယ်ရှိတဲ့သူတွေလိုမျိုး ခံစားချက်ရစေတယ်။ ဇာတ်လမ်းက Food bloggerနှစ်ယောက်ပြိုင်ဆိုင်ကြတာကို သမာရိုးကျပဲသွားထားပေမဲ့ အဆုံးထိမပျင်းပဲကြည့်ရတယ်။ Family, Friendship, Romance, Comedyခန်းတွေပါတယ်။ ကောင်းမွန်တဲ့ စိတ်ခံစားချက်ပေးတဲ့ကားမျိုးဖြစ်ပြီးတော့ ရှုခင်းကောင်းကောင်းနဲ့ စိတ်ပြေလက်​ပျောက်ကြည့်ကောင်းတဲ့ကားမျိုး၊ lightဖြစ်ပြီးအများကြီးတွေးစရာမလိုတဲ့ဇာတ်ကားတစ်ကားမျိုးပေါ့။ File size…(1.73 GB)/(0.98 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:29:00 Genre…Drama, Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su Eaindra

0 2022 91 mins
Foodies
The Girl of Destiny
5.6

CM ရဲ့ ချစ်ပရိသတ်တို့ကို ဒီတစ်ခါမှာတော့ ရှေးခေတ်မှာ ကာကွယ်ရေးနတ်အနေနဲ့ အကိုးကွယ်ခံရတဲ့ ငှက်နတ်သမီး အကြောင်းကို စိတ်ကူးယဉ်ရိုက်ကူးထားတဲ့ ဇာတ်ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… ဒီဇာတ်လမ်းမှာဆိုရင် မျိုးနွယ်အစုသီးသီးကြားက ငှက်နတ်သမီးရွေးချိန်မှာ ကျိုဖုန်းဆိုတဲ့ ဖုန်းမျိုးနွယ်က သမီးပျိုလေးကို ငှက်နတ်သမီးအဖြစ် ရွေးချယ်ခဲ့တယ်ဆိုပေမယ့် တကယ့် ငှက်သမီးက သက်သက်ရှိနေတယ်ဆိုတာနဲ့ အစချီခဲ့ပါတယ်… ငှက်နတ်သမီးဟာ တရှန့်ညွှန့်ပေါင်းပြည်ထောင်ကြီးကို ကာကွယ်ပေးရမယ့် တာဝန်ရှိသလို အများကလည်း တလေးတစားနဲ့ အရေးတယူ ဆက်ဆံရတဲ့ မြင့်မြတ်တဲ့ ပုဂ္ဂိုလ်မျိုးပေါ့… ဒီလိုအလေးပေးခံရတဲ့အတွက် ငှက်နတ်သမီးမှာ တရှန့်ညွှန့်ပေါင်းပြည်ထောင်ကြီးကို ကာကွယ်ပြီး ထီးနန်းဆက်ခံမယ့် အရှင့်သားရဲ့ မိဖုရားခေါင်အဖြစ် အရှင့်သားနဲ့အတူ နန်းတက်ရမယ်လို့လည်း ယုံတမ်းရှိနေခဲ့တယ်… ဒါကြောင့်လည်း ကုလင်စစ်သူကြီးက သူ့သမီးကို ငှက်နတ်သမီးဖြစ်အောင် လုပ်ထားပြီး ညွှန့်ပေါင်းပြည်ထောင်စုကို ထိန်းချုပ်ဖို့ ကြိုးစားနေခဲ့တာပေါ့… ဒါပေမယ့် တစ်ဖက်မှာ ဖုဟောင်ဆိုတဲ့ အမျိုးသမီးလေးဟာ မွေးတည်းက သူ့ကိုယ်သူ ငှက်နတ်သမီးလို့ ယုံကြည်နေသူတစ်ယောက်ပေါ့… သူ့ပင်ကိုယ်အရည်အချင်းအရ လက်ရုံးရည်ရော နှလုံးရည်ပါ ပြည့်စုံနေသူတစ်ဦးပေါ့… လူသားစားတဲ့ လော့မျိုးနွယ်စုက ပုန်ကန်လာချိန်မှာတော့ တကယ့်ငှက်နတ်သမီးတစ်ယောက်ရဲ့ သမိုင်းပေးတာဝန်အရ သွေးဆူပြီး မရရတဲ့နည်းနဲ့ ရှေ့ထွက်တိုက်ခဲ့တယ်… အဆုံးသတ်မှာတော့ ဖုဟောင်တစ်ယောက် ငှက်နတ်သမီးအဖြစ် အလေးစားခံရမှာလား… ကုလင်စစ်သူကြီးရဲ့ သမီးကရော ဘာဆက်ဖြစ်မှာလဲ… ညွှန့်ပေါင်းပြည်ထောင်စုကရော ဘာတွေဆက်ဖြစ်မှာလဲ… လော့မျိုးနွယ်တိုက်ပွဲရဲ့ နောက်ဆုံးရလဒ်ကရော ဘာတွေတွေဖြစ်လာမှာလဲ…

Romance • Drama
5.6 2023
The Girl of Destiny
Midnight Special
6.6

CM ပရိသတ်ကြီးတို့ကို Sci-fi ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ရှုပ်ရှုပ်ယှက်ယှက်နဲ့ သိပ္ပံဗဟုသုတ အများကြီးရှိမှ ကြည့်လို့နားလည်မယ့် ဇာတ်ကားမျိုးလည်း မကြည့်ချင်ဘူး Sci-fi အမျိုးအစားလည်း ကြည့်ချင်တယ်ဆိုရင်တော့ ဒီကားလေးက သေချာပေါက် ပရိသတ်ကြီးတို့အကြိုက်ပါ။ ဇာတ်ကားနာမည်လေးက Midnight Special လို့ ခေါ် ပြီးတော့ ၂၀၁၆ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဇာတ်ကားလေးပါ။ ဇာတ်လမ်းအကျဉ်းကို ပြောပြရရင်တော့ အယ်တွန်မာယာလို့ခေါ်တဲ့ အသက် ၈ နှစ်အရွယ်ကောင်လေးကို အဖေဖြစ်သူ ရွိုင်တွန်လင်က ပြန်ပေးဆွဲသွားရာကနေ ဇာတ်လမ်းအစပြုပါတယ်။ အဖေအရင်းက ပြန်ပေးဆွဲတယ်ဆိုလို့ မအံ့ဩပါနဲ့။ တကယ်တော့ အယ်တွန်ကို ရန့်ချ်လို့ခေါ်တဲ့ ဘာသာရေးအဖွဲ့အစည်းခေါင်းဆောင်က မွေးစားထားတာပါ။ အယ်တွန်လေးက သူများနဲ့မတူဘဲ စူပါမန်းလို မျက်လုံးကနေ ရောင်ခြည်တွေထွက်တတ်တဲ့ ကလေးဖြစ်နေတာပါ။ ကလေးဟာ နေရောင်ထဲကို ထိလို့မရသလို သူ့အစွမ်းအရှိန်က ပစ္စည်းတွေကို ကွဲကြေပျက်စီးစေပါတယ်။ ဒါပေမဲ့ ရန့်ချ်အဖွဲ့အစည်းကတော့ ဒါဟာ ဘုရားသခင်က ဆက်သွယ်တာဆိုပြီး ယုံကြည်ကြတယ်။ ကလေးရဲ့ နာကျင်မှုတွေကို မမြင်ရက်တော့တဲ့အဆုံးမှာ အဖေဖြစ်သူက ကလေးကိုခေါ်ပြီး ထွက်ပြေးခဲ့တာပါ။ တစ်ချိန်တည်းမှာပဲ အစိုးရဘက်ကလည်း ဒီကလေးကို လက်နက်တစ်ခုလို့သဘောထားပြီး လိုက်လံရှာဖွေခဲ့ပါတယ်။ ဆိုတော့ အယ်တွန်လေးက ဘာလို့အစွမ်းတွေရှိနေတာလဲ၊ သူတို့တွေ ဘယ်ကိုထွက်ပြေးကြမလဲ၊ ထွက်ပြေးတဲ့ လမ်းတစ်လျှောက်မှာရော ဘယ်လိုထူးဆန်းထွေလာ ဖြစ်ရပ်တွေကို ကြုံတွေ့ရမလဲ၊ ဘာသာရေးအဖွဲ့အစည်းနဲ့ အစိုးရအဖွဲ့အစည်းတွေက ဘယ်လိုမျိုးဆက်လုပ်ဆောင်ကြမလဲဆိုတာကိုတော့ ပရိသတ်ကြီးတို့ကိုယ်တိုင် ဒီဇာတ်ကားထဲမှာပဲ ကြည့်ရှုလိုက်ကြပါနော်။ File size… 1.4 GB / 630 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 52m Genre ….. Drama/Sci-Fi Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Elizabeth Khant

6.6 2016 112 mins
Midnight Special
The Gossip
6.6

The Gossip (2021) ဒီတစ်ခေါက်တင်ဆက်ပေးမယ့်မူဗီလေးကတော့ Dark Humor တွေနဲ့ ရယ်မောရတဲ့အပြင် စိတ်ဝင်စားစရာအပြည့်နဲ့ ကြည့်ရှုရမယ့် ၂၀၂၁ တုန်းက ထွက်ရှိထားတဲ့ Gossip ဆိုတဲ့ကားလေးပဲဖြစ်ပါတယ် ဂျောင်ဆော့ဆိုတဲ့ တက္ကသိုလ်ကျောင်းသားလေးဟာ မြို့ပြနဲ့ဝေးတဲ့တစ်နေရာမှာ ငွေဖောဖောသီသီရတဲ့အချိန်ပိုင်းအလုပ်လုပ်ဖို့ ဖြစ်လာခဲ့ပါတယ် သူ့အလုပ်ကတော့ အိပ်ရာထဲလဲနေတဲ့ ဥက္ကဌကြီးကို ဒိုင်ပါလဲပေးရတယ် ဆလိုင်းသွင်းပေးရတယ် ဆေးတိုက်ရတယ် ဒါပါပဲ သူ့ထက်အရင် အချိန်ပိုင်းအလုပ်လုပ်နေတဲ့ ဝါရင့်အစ်ကိုကြီးတစ်ယောက်ရော ရှိနှင့်နေတယ်လေ ဒီလိုနဲ့ နှစ်ယောက်သား စကားဖောင်ဖွဲ့ရင်း ယောက်ျားချင်းစကားတွေ ပြောကြရင်း အိပ်ရာထဲမှာ ဘုရင်မတစ်ဆူလို့ နာမည်ကြီးတဲ့ မိန်းကလေးတစ်ယောက်ကို ခေါ်ကြည့်ဖို့ဖြစ်လာပါတော့တယ် အဲဒီလိုနဲ့ ကောင်မလေးရောက်လာတဲ့အခါ ၃ယောက်သား အရက်အတူသောက် ရယ်စရာတွေပြော အဖွဲ့ကျနေကြတုန်းမှာပဲ ရုတ်တရက် ဥက္ကဌကြီးက နိုးလာပြီးတော့ ဝါရင့်အစ်ကိုကြီးကို လည်ပင်းလာညှစ်ပါတော့တယ် .. ခုခံဖို့ လုပ်ကြရင်းနဲ့ ဥက္ကဌကြီး နဲ့ အဲဒီ အရှုပ်တော်ပုံကို ဘယ်လို ရှင်းကြမလဲဆိုတာကို သိချင်ရင်တော့ တစ်ဖြတ် လာရောက် ကြည့်ရှုဖို့ ဖိတ်ခေါ်ပါရစေနော် ကြည့်ဖို့ ခိုင်လုံတဲ့ အဓိကအချက်ကတော့ “မင်းသားက အဆင်လေးပါ အဆင်လေးပါ” ဒါပါပဲ အညွှန်းကိုတော့ Shin Shin က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Shin & Cali ပဲ ဖြစ်ပါတယ်။ Genre….. Comdey, Horror, Mystery, Thriller Quality…. 1080p | 720p File size… 977MB | 381MB Format… mp4 Duration…. 1h 24min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Shin & Cali Encoder ….. Aaron

6.6 2021
The Gossip
[18+] Kabit
6.7

ဒါရိုက်တာ Lawrence Fajardo ဟာကိုယ်တိုင်ပြဇာတ်သရုပ်ဆောင်တစ်ဦးဖြစ်ခဲ့ဖူးသလို၊ နိုင်ငံတကာရုပ်ရှင်ပွဲတော်တွေမှာ ပွဲတိုးတဲ့ ဆုတွေအများကြီးရခဲ့ဖူးတဲ့သူပါ။ အဲ့ဒီလိုပဲ ကျနော်တို့ပရိသတ်တွေနဲ့ရင်းနှီးပြီးသား Nerisa, Mahjong Nights,Reroute, Scorpio Nights 3 တို့လိုကားတွေ ရဲ့ဖန်တီးရှင်လည်းဖြစ်ပါသေးတယ်။ ဒီဇာတ်ကားမှာတော့ သူအကျွမ်းကျင်ဆုံးဘာသာရပ်ဖြစ်ပုံရတဲ့ ပြဇာတ်လောကကို အခြေခံထားပါတယ်။ နာမည်ကျစပြုနေတဲ့ (သူ့ကိုယ်သူတော့ အနုပညာမှာဆရာတစ်ဆူလို့ထင်နေပုံရတဲ့)ပြဇာတ်ဒါရိုက်တာတစ်ယောက်၊ ငယ်စဉ်ကတည်းက အနုပညာလောကထဲရောက်ခဲ့ပေမယ့် အခုချိန်ထိရှေ့တန်းမရောက်နိုင်တဲ့ မင်းသားငယ်တစ်ဦး ပြီးတော့ သူပါဝင်ခဲ့သမျှရုပ်ရှင် role တွေကို မကျေနပ်ပဲ အခုချိန်မှ ပြဇာတ်လောကကို ခေါင်းဆောင်အနေနဲ့တိုးဝင်မယ့် မျက်နှာသစ်မင်းသမီး အစရှိတဲ့သူတွေဟာ သူတို့အားလုံးအတွက် အောင်မြင်ပေါက်ရောက်စေမယ့် ပြဇာတ်တစ်ခုကိုဖန်တီးကြမှာပါ။ ပြဇာတ်ရဲ့ဇာတ်လမ်းသွားကတော့ ၉၉ ကထွက်ခဲ့တဲ့ Ang kabit ni Mrs. Montero သို့မဟုတ် Lady chatterley’s lover နဲ့ကျောရိုးအတူတူပါပဲ။ အောက်ပိုင်းသေနေတဲ့သူဌေးကြီး၊ သူ့ကိုအားမရတော့တဲ့ ဇနီးနဲ့ သူတို့လယ်တောက အားကောင်းမောင်းသန်သူရင်းငှားလေးတို့ကြားကဇာတ်ရှုပ်ဖြစ်ပါတယ်။ အဲ့ဒီလိုဇာတ်ကို ဇာတ်ခုံပေါ်မှာတင်ဆက် ကပြမှာဖြစ်တဲ့အတွက် public sex ဝါသနာရှင်တွေအတွက်တော့ ရှယ်ပါပဲ။ ဇာတ်လမ်းက ကြောက်စရာကောင်းလောက်အောင်ကိုကြမ်းပါတယ်။ရှုစားကြပါ။ ( အညွှန်းရေးသားထားသူကတော့ alias ပါ ) File size_( 1.3GB)/( 680MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_02:00:00 Genre_Adult, Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias

6.7 2024 124 mins
[18+] Kabit
Ghost World
7.3

Ghost World (2001) ~ IMDb – 7.3/10, RT – 93%, Meta – 90% ~ Coming-of-Age ကားလည်းဖြစ်တယ်၊ ရုပ်ရှင်ပိုစတာမှာလည်း ဆယ်ကျော်သက် ကောင်မလေး ၂ ယောက်ပုံနဲ့ဆိုတော့ သာမန် Rom-Com ကားလေးလို့ပဲ ထင်ရက်စရာရှိတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အဲဒီလိုထင်ခဲ့တာပဲ။ ဒါပေမဲ့ ဒီရုပ်ရှင်က Coming-of-Age ထက်ပိုတဲ့ ဒါမှမဟုတ် သာမန် Coming-of-Age တွေထက် ပိုအဓိပ္ပာယ်ရှိတဲ့ ရုပ်ရှင်တစ်ခုလို့ပြောလို့ရတယ်။ ဘာကြောင့်လဲဆိုတော့ ဒီရုပ်ရှင်က 90s နဲ့ 00s ခုနှစ်တဝိုက်ကထွက်တဲ့ ဆယ်ကျော်သက်ရုပ်ရှင်တွေလို ကျောင်းကပွဲမှာ ဒိတ်ရဖို့၊ ကျောင်းမှာ ရည်းစားရဖို့၊ သူငယ်ချင်းရဖို့၊ အလှဆုံးဖြစ်ဖို့၊ နာမည်ကြီးဖို့ ဘာဘာညာညာ ဖန်တရာတေ ဇာတ်လမ်းမျိုးမဟုတ်ဘူး။ အဲဒီဇာတ်လမ်းတွေထဲမှာက ပြဿနာတစ်ခုကို အရင်ဆုံးပြထားပြီး နောက်ဆုံး အဖြေပေါ်ရာကနေ ဇာတ်လမ်းပြီးတယ်။ ကပွဲအတွက် အတွဲရသွားတာတို့၊ အလှဆုံးဖြစ်တာတို့၊ နာမည်ကြီးသွားတာတို့ပေါ့။ ဒီရုပ်ရှင်မှာက ကျောင်းသားပြဿနာတွေကိုကျော်ပြီး အထက်တန်းပြီးပြီးချင်း ဘဝကြီးထဲရောက်လာတဲ့ ကောင်မလေး ၂ ယောက်ရဲ့ ရှုထောင့်တွေကိုပြောထားတယ်။ ဒဿနပိုင်းအရလည်း တော်တော်ကိုပြည့်ဝတဲ့ Coming-of-Age ရုပ်ရှင်တစ်ခုလို့ပြောလို့ရတယ်။ လူငယ်ဘဝကိုဖြတ်သန်းဖူးတဲ့လူတိုင်း ကြုံခဲ့ရမယ့် -ism တွေပေါ့။ ဒါကို ဟာသဆန်ဆန် ပြောပြသွားတာ လက်ဖျားခါဖို့ကောင်းတယ်။ ဒီရုပ်ရှင်က ရုပ်ပြစာအုပ်ကနေ ရုပ်ရှင်အဖြစ်ပြန်ရိုက်ထားတဲ့ကား။ ရုပ်ပြအကြောင်းတော့ တကူးတက သိပ်ပြောဖို့မလိုပါဘူး။ ဘာလို့ဆို ဒီရုပ်ရှင်က ရုပ်ပြနဲ့ တော်တော်လေးကို နီးစပ်အောင် ရိုက်ထားနိုင်လို့ပါပဲ။ ရုပ်ရှင်ကိုကြည့်ရုံနဲ့ ရုပ်ပြဘယ်လောက်ကောင်းသလဲ မြင်သာပါတယ်။ ပြီးတော့ ဒီရုပ်ရှင်က Adaptive Screenplay အော်စကာဆုအတွက်တောင် ဆန်ကာတင်ပါခဲ့ပါသေးတယ်။ ဒါရိုက်တာ Terry Zwigoff ဆိုတာကလည်း ကားနည်းနည်းပဲရိုက်ပေမဲ့ ဒီလို “စည်းအပြင်ကလူ” အထာ ဇာတ်လမ်းမျိုးတွေ ကြိုက်တဲ့ဘဲမျိုးဆိုတော့ တော်တော်ကို အံကိုက်ဖြစ်သွားတယ်ပြောရမယ်။ သူကိုယ်တိုင်ကိုကလည်း အဲဒီလို ဘုကန့်လန့်ကိုး။ သူ့မိတ်ဆွေတစ်ယောက် ကြားမကောင်းတဲ့အမှုတစ်ခုနဲ့ ထောင်ကျတာကိုတောင် ပြန်လွှတ်ဘာညာ လှော်ခဲ့သေးတာ။ ဒီရုပ်ရှင် Iconic ဖြစ်ရတဲ့ အကြောင်းပြချက်ထဲမှာ သရုပ်ဆောင်တွေကောင်းတာကြောင့်လည်း ပါတယ်။ Thora Birch က လောကကြီးကို အမြင်ကပ်ပြီး လူတွေကို စိတ်ကုန်နေတဲ့ ကောင်မလေးဇာတ်ရုပ်နဲ့ သိပ်ကိုက်တယ်။ ဇာတ်လမ်းထဲတင်မဟုတ်ပါဘူး။ အပြင်မှာလည်း ရိုက်ကူးရေးအဖွဲ့ကို ဂဂျီဂဂျောင်ကျလွန်းလို့ အကုန်လုံးစိတ်ဒုက္ခရောက်ရတယ်ဆိုပဲ။ ဒုက္ခအိုးဇာတ်ရုပ်ကို အပြင်ထိသယ်သွားနိုင်တယ်ပဲပြောရမလား၊ လက်တွေ့ဘဝကဇာတ်ရုပ်ကို ရုပ်ရှင်ထဲထိ သယ်လာတယ်ပြောရမလားတော့မသိဘူး။ နောက်ထပ် ချီးကျူးရမှာက Steve Buscemi ပေါ့။ ဒီဘဲကတော့ သိတဲ့အတိုင်း အုန်းဆီကောက်လိမ်း၊ ခေါင်းဆွဲဖြီးပေးပြီး ရှပ်အင်္ကျီကို ခါးကြားညှပ်ခိုင်းလိုက်ရင် အရှုံးသမားလိုလို Geek လိုလိုရုပ်ပေါက်သွားတာမျိုး။ ဒီထဲမှာလည်း သူက အဲဒီလိုပဲလုပ်ထားတယ်။ အံ့ဩဖို့ကောင်းတာက သူ့ရဲ့ အဲဒီလို အူကြောင်ကြားပုံစံက Creepy ဖြစ်မယ့်အစား ကြည့်နေတဲ့လူတွေအတွက်ပါ တစ်မျိုးလေး ခင်ချင်စရာကောင်းသွားတာပဲ။ နောက်အဓိကတစ်ယောက်ကတော့ မမ Scarlett Johansson ပေါ့လေ။ မမကတော့ မမ ဖြစ်နေလို့ အရမ်းကောင်းတဲ့အပြင် လှချက်ကလည်း လက်ဖျားခါဖို့ကောင်းတယ်။ သရုပ်ဆောင်တာနဲ့ပတ်သက်ရင် သဘာဝကျလွန်းနေတာက သဘောကျဖို့ကောင်းတယ်။ အပြင်လက်တွေ့ဘဝက ကောင်မလေးတွေ စကားပြောနေသလိုကို သဘာဝကျတာ။ အတင်းတုပ်တာကစလို့ ရန်ဖြစ်ကြတဲ့အထိ။ ဇာတ်လမ်းအကြောင်းကတော့ အထက်တန်း ပြီးခါစ ကောင်မလေး ၂ ယောက်ကစတယ်။ အီနစ် (Thora Birch) နဲ့ ရေဗက္ကာ (Scarlett Johansson)။ အထက်တန်းပြီးတော့ အားလုံးကိုယ်စီ ဘဝလမ်းကြောင်းရွေးရမယ့်အချိန်ပေါ့။ ဒီအချိန်ကို လူတိုင်းနီးပါးကြုံဖူးလိမ့်မယ်။ ကိုယ့်ဘဝကိုယ် ဘာလုပ်ရမှန်းမသိဖြစ်တဲ့အချိန်မျိုးပေါ့။ ကျောင်းစာတွေကနေ ဝေးပြီး လူ့လောကထဲ အတည်ပေါက်ရောက်လာတော့ လူတွေအကြောင်းပိုပိုသိလာလေလေ လူတွေကို အမြင်ကပ်လာလေလေနဲ့ တစ်လောကလုံးကို ဆန့်ကျင်ချင်စိတ်ပေါက်လာတဲ့ကာလမျိုး။ ဒီအချိန်မျိုးမှာ သူတို့ ၂ ယောက်ကလည်း ‌လျှောက်မွှေတာပေါ့လေ။ တစ်နေ့ကျတော့ သတင်းစာထဲမှာ လူရှာ‌တဲ့ကြော်ငြာတစ်ခုတွေ့လိုက်တယ်။ အဲဒီလူက လေဆိပ်ထဲမှာ တွေ့ခဲ့ရတဲ့ ကောင်မလေးကို ရှာနေတာ။ အဲဒါနဲ့ သူတို့ကလည်း စသလိုနောက်သလိုနဲ့ ဖုန်းဆက်ပြီး ဆိုင်တစ်ဆိုင်ကို ချိန်းလိုက်တယ်။ ပြီးတော့ အဲဒီလူ ထိုင်စောင့်နေတာကို ထိုင်ကြည့်ပြီး ဟားကြတာပေါ့။ ဟားရုံနဲ့တင်မပြီးဘဲ အဲဒီလူနေတဲ့နေရာကို နောက်ယောင်ခံလိုက်မယ် ဆိုပြီး Stalk ကြပါလေရော။ ဖြစ်ချင်တော့ အဲဒီလူက သူတို့နဲ့ တစ်ရပ်ကွက်ထဲမှာ နေတဲ့လူဖြစ်နေတယ်။ သူက ရှေးဟောင်းပစ္စည်းတွေစုတာ၊ အထူးသဖြင့်ဓာတ်ပြားပေါ့။ သူ့နာမည်က ဆီးမောလို့ခေါ်တယ်။ သူက ဓာတ်ပြားဟောင်းတွေလည်း ပြန်ထုတ်ရောင်းတတ်တယ်။ ဒါနဲ့ သူတို့သူငယ်ချင်း နှစ်ယောက်က အဲဒီလူ ဓာတ်ပြားထုတ်ရောင်းတဲ့နေရာကို ဟိုလိုလို ဒီလိုလိုနဲ့ ဝင်ပြီး မိတ်‌ဖွဲ့တာပေါ့။ အဲဒီမှာ ယောက်ျားတွေကို ငတုံးတွေ၊ မုန်းဖို့ကောင်းတဲ့ကောင်တွေလို့ ယူဆထားတဲ့ အီနစ်က ဆီးမောကို မြင်တော့ သနားသွားတယ်။ သူတို့ အဲဒီလို ဓာတ်ပြားငှားလိုက်ပေးလိုက်နဲ့ ပိုပိုခင်လာတယ်။ သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးက အသက်အရွယ်ကွာပေမဲ့ လူတွေကို စိတ်ပျက်တာချင်း တူတာကြောင့် ပေါင်းလို့သင်းလို့အဆင်ပြေနေတာပေါ့။ အီနစ်က အလုပ်ရှာဖို့ ဝေလေလေ လုပ်နေတဲ့အချိန် ရေဗက္ကာကတော့ အိမ်ခွဲနေဖို့ စိုင်းပြင်းနေတယ်။ အဲဒီမှာ အခင်ဆုံးသူငယ်ချင်းတွေဖြစ်တဲ့ သူတို့နှစ်ယောက်ရဲ့ ဘဝလားရာက ကွာလာတယ်။ အီနစ်က လူတွေကိုစိတ်ပျက်တယ်။ သူလုပ်ချင်တာကို လွတ်လွတ်လပ်လပ် မလုပ်ရလို့ စိတ်ညစ်နေတယ်။ ပြီးတော့ လူတွေရဲ့ စံနှုန်းကို အချိန်ပြည့်မေးခွန်းထုတ်နေတယ်။ ရေဗက္ကာကကျ ဘဝကို သာမန်အတိုင်း လိုက်လျောညီထွေနေသွားချင်နေတယ်။ သူ့အဖေကလည်း အီနစ်ကြည့်မရတဲ့ မိန်းမတစ်ယောက်နဲ့ပြန်တွဲနေတယ်။ ‌အီနစ်အနေနဲ့ ရေဗက္ကာရဲ့လုပ်ရပ်တွေ၊ သူ့အဖေရဲ့လုပ်ရပ်တွေကို နားမလည်နိုင်ဖြစ်လာတယ်။ မလာတော့မယ့်ဘတ်စ်ကားကို နေ့တိုင်း လာထိုင်စောင့်နေတဲ့ နော်မန်ဆိုတဲ့လူကို သူနားလည်လာတယ်။ ဒီလိုနဲ့ ရုပ်ရှင်တစ်ခုလုံးကို ပေါ့ပေါ့ပါးပါးဆွဲခေါ်ပြီး နောက်ဆုံးမှာ တွေးစရာတစ်ခုနဲ့ ဇာတ်သိမ်းပေးလိုက်တယ်။ ဇာတ်သိမ်းကတော့ တွေးကြည့်ရုံပေါ့။ ပုံမှန် Coming-of-Age ကားတွေမှာ မြင်ရတဲ့ပုံစံမျိုးတော့မဟုတ်ဘူး။ ဒဿန Philosophy ပိုင်းမှာလည်း ဒီရုပ်ရှင်က တော်တော် ခြုံမိတယ်ပြောရမယ်။ ဒီလို လူ့စရိုက်ကို သိသိသာသာပြနိုင်တဲ့ High School Rom-Com မျိုး တော်တော်ရှားတယ်။ အဓိကကတော့ Nihilism နတ္ထိက ဝါဒ နဲ့ Absurdism ဘဝအနက်မဲ့ဝါဒ ပေါ့။ အီနစ်ရဲ့ ဘဝကိုရှုမြင်ပုံက အဲဒီနှစ်မျိုးကို ရောထားတာပဲ။ နီးချာရဲ့ Nihilist ပုံစံနဲ့ ကမူးရဲ့ Absurdist ပုံစံမျိုး။ အီနစ်ဆီမှာ လူမှုစံနှုန်းတွေကို မေးခွန်းထုတ်ပြီး သူ့ကိုယ်သူ သင်းကွဲတစ်ယောက်လို ခံစားလာရတာကို အထင်းသားမြင်နေရတယ်။ အဲဒီ ဝါဒနှစ်ခု ယှဉ်တွဲ‌တယ်ဆိုတဲ့နေရာမှာ အီနစ်ရဲ့ လူ့လောကကိုရှုမြင်ပုံက Nihilist ဆန်ပြီး လောကကြီးကို သူတုံ့ပြန်တဲ့ပုံစံက Absurdist ဆန်နေတယ်။ လောကကြီးက အဓိပ္ပာယ်မရှိဘူး၊ မရှိလို့ လောကကြီးရဲ့ အပိုဆာဒါးစံနှုန်းတွေကို ဆန့်ကျင်ပြီး ငါ့လမ်းငါဖောက်မယ်ဆိုတဲ့ သဘောမျိုးပေါ့။ ကျွန်တော်တို့လည်း တစ်ချိန်မဟုတ် တစ်ချိန်တော့ လောကကြီးရဲ့ အဓိပ္ပာယ်မဲ့မှုတွေကို စိတ်ကုန်လာမိလိမ့်မယ်။ ဘဝရဲ့အဓိပ္ပာယ်ကို လိုက်မရှာနေရင်တောင် ငါတို့က ဘာကြောင့် ဆိုတဲ့ မေးခွန်းလေးတစ်ခုကို ကိုယ့်ကိုယ်မေးဖူးကြလိမ့်မယ်။ အဲဒီအတွက်လည်း အဖြေတွေ အမျိုးမျိုးရှိနေလိမ့်ဦးမယ်။ ကမူးစကားအရဆိုရင်တော့ “ပျော်ရွှင်မှုကို ဘာနဲ့ဖွဲ့စည်းထားလဲလိုက်ရှာနေရင် ပျော်ရမှာမဟုတ်ဘူး။ ဘဝရဲ့ အဓိပ္ပာယ်ကိုလိုက်ရှာနေရင် ဘယ်တော့မှ ဘဝကို တကယ်နေထိုင်ရမှာမဟုတ်ဘူး” ပေါ့။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.75GB, 1.4GB Quality – 1080p, 720p IMDb Rating – 7.3/10 Format – mp4 Duration – 1H 51Min Genre – Comedy, Drama Subtitle – Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Drama • Romance
7.3 2001 111 mins
Ghost World
Scooby-Doo! Legend of the Phantosaur
6.6

ရှက်ဂီတို့အဖွဲ့ အမှုလိုက်နေရင်း ရှက်ဂီတစ်ယောက် အကြောက်လွန်ရောဂါ ရသွားပါတော့တယ်။ ဆရာဝန်နဲ့သွားပြတဲ့အခါမှာ ရှက်ဂီ့ကို အကြောက်လွန်ရောဂါကြောင့် ကြောက်စရာတွေနဲ့ ဝေးဝေးနေဖို့၊ အမှုဆက်မလိုက်တော့ဖို့အတွက် မှာလိုက်ပါတယ်။ တစ်ဖက်မှာ ဖရက်ကလည်း သိပ္ပံစာတမ်းထပ်တာမှာ ပရော်ဖက်ဆာက သူ့စာတမ်းကို မကြိုက်လို့ ပယ်ချလိုက်တဲ့အတွက် စာမေးပွဲကျမလိုဖြစ်နေပါတယ်။ ဒါတွေအကုန်လုံးကို အဆင်ပြေအောင်လို့ ဒက်ဖ်နီက သူ့ဦးလေးတစ်ယောက် လာဆရီနာမြို့မှာ Spa ဖွင့်ထားကြောင်း၊ အဲဒီနားမှာ ကျောက်တွင်းရှိကြောင်းပြောပြပါတော့တယ်။ ဖရက်လည်း စာတမ်းရေးဖို့ အကြောင်းအရာရသလို ရှက်ဂီ့အတွက် ကြောက်လန့်စရာ တစ်ခုမှမရှိတဲ့အတွက် လာဆရီနာမြို့ကို သွားဖို့ ဖြစ်လာကြပါတယ်။ ဒီလိုနဲ့ လာဆရီနာမြို့မှာ ရှက်ဂီတို့အုပ်စု ဘယ်လိုအတွေ့အကြုံတွေ ရလာမလဲ… File Size : 1.6 GB, 864 MB Quality : Blu-Ray 1080p / 720p Running Time : 1hr 15min Format : Mp4 Genre : Animation, Adventure, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by : Benni Encode by : Thit San Khant

Drama • Mystery
6.6 2011 75 mins
Scooby-Doo! Legend of the Phantosaur
Genius
6.5

Maxwell Perkins ဟာ နာမည်ကျော် အမေရိကန်စာရေးဆရာကြီးများဖြစ်တဲ့ The Great Gatsby ကို ရေးသားခဲ့သူ F. Scott Fitzgerald နဲ့ စာပေနိုဘယ်ဆုရှင် Ernest Hemingway တို့ကို တွေ့ရှိစင်တင်ပေးခဲ့သူ အယ်ဒီတာတစ်ဦးဖြစ်ပြီး ၁၉၂၉ ရဲ့ တစ်ခုသောနေ့မှာ သူ့ဆီကို စာမျက်နှာပေါင်း တစ်ထောင်ကျော်တဲ့ စာမူတစ်ထပ်ကြီး ရောက်လာပါတယ်။ အဲဒီစာမူပိုင်ရှင်က Thomas Wolfe ဆိုတဲ့ မထင်မရှား လူငယ်စာရေးဆရာတစ်ဦးဖြစ်ပြီး Maxwell ကလည်း စာမူကို အကြမ်းသဘော ဖတ်မိရာကနေ တစ်ပတ်တာလုံးလုံး ဇနီးနဲ့သမီးတွေကိုတောင် ဂရုမစိုက်အားဘဲ စာမူကို လက်ကမချစတမ်း ဖတ်ရှူမိပါတော့တယ်။ နောက်ဆုံးမှာ Maxwell ဟာ Thomas Wolfe နဲ့ တွေ့ဆုံပြီး ဒီစာမူကို စာအုပ်အဖြစ်ထုတ်ဝေဖို့ စာချုပ်ချုပ်လိုက်ရာကနေ “Look Homeward, Angel” ဆိုတဲ့ စာအုပ်ဖြစ်လာပြီး Thomas Wolfe ဟာလည်း အမေရိကန်စာပေသမိုင်းမှာ အရေးပါဆုံး စာရေးဆရာတစ်ဦး ဖြစ်လာခဲ့ပါတယ်။ တစ်ချိန်တည်းမှာလည်း Maxwell နဲ့ Thomas တို့အကြားမှာလည်း ထူးခြားလေးနက်တဲ့ ဆက်ဆံရေးမျိုးနဲ့ မမေ့နိုင်စရာ အဖြစ်သနစ်တွေ ပေါ်ပေါက်လာပါတော့တယ်။ ဒီဇာတ်ကားကို တိုနီဆုရ ဒါရိုက်တာ Michael Grandage ရိုက်ကူးထားပြီး ဉာဏ်ကြီးရှင် အယ်ဒီတာလို့ လူသိများတဲ့ Maxwell Perkins နဲ့ ဉာဏ်ကြီးရှင် စာရေးဆရာလို့ ထင်ရှားတဲ့ Thomas Wolfe တို့နှစ်ဦးအကြားက မတူကွဲပြားတဲ့ အယူအဆတွေနဲ့ လေးနက်တဲ့ ဆက်ဆံရေးအပြင် သူတို့မိသားစုတွေအပေါ် သက်ရောက်လာတဲ့ အကျိုးဆက်တွေကို ဖွဲ့ဆိုတင်ဆက်ထားတဲ့ Drama/History ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ အက်ဖ်စကော့ ဖစ်ဂျရယ်နဲ့ အားနက်စ်ဟဲမင်းဝေးတို့နဲ့ အဲဒီခေတ် အမေရိကန်စာပေလောကကိုလည်း တစေ့တစောင်း မြင်တွေ့နိုင်ပါသေးတယ်။ Maxwell အဖြစ် Collin Firth ၊ Thomas Wolfe အဖြစ် Jude Law ၊ Thomas ရဲ့ အတူနေချစ်သူအဖြစ် Nicole Kidman ၊ Scott Fitzgerald အဖြစ် Guy Pearce ၊ Ernest Hemingway အဖြစ် Dominic West တို့လို နာမည်ကျော် သရုပ်ဆောင်တွေ ပါဝင်ထားပါတယ်။ ဒရာမာ နှစ်သက်သူတွေ ကြည့်ရှုသင့်တဲ့ ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ File size…(1.6 GB)/(750 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:44:00 Genre… Biography, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Wolfenheim

6.5 2016 104 mins
Genius
Wish You Were Here
5.8

“လူတစ်ယောက်ကိုတကယ်ချစ်မိသွားဖို့က အချိန်အကြာကြီးမလိုအပ်ဘဲ တစ်ဒင်္ဂအတွင်းမှာလည်းဖြစ်ပျက်သွားနိုင်ပါတယ်” ဆိုတဲ့အဓိပ္ပာယ်ကို ဖော်ကျူးထားတဲ့ Wish You Are Here ကတော့ Romance အမျိုးအစား အချစ်ကာဖြစ်ပါတယ်။ စားပွဲထိုးမလေးရှားလော့တစ်ယောက် သူငယ်ချင်းနဲ့အပြင်ထွက်ရင်း မထင်မှတ်ဘဲ အဒမ်ဆိုတဲ့ကောင်လေးနဲ့တွေ့ပြီး တစ်ညတာအတူနေခဲ့ မိကြပါတယ်။ ရှားလော့ထင်မထားခဲ့မိတာက အဲဒီတစ်ညဟာ သူ့ဘဝ အတွက်အရေးပါဆုံးနဲ့အပျော်ရွှင်ဆုံးဖြစ်လာခဲ့တာပါပဲ။ ဒါပေမဲ့ အရာရာကိုမေ့တတ်လွန်းတဲ့အဒမ်ဟာ ရှားလော့ထင်သလို ရိုင်းစိုင်းတဲ့ကောင်လေးတစ်ယောက်မဟုတ်ဘဲ ကင်ဆာဝေဒနာတစ်ခုကြောင့် သေရတော့မယ်ဆိုတာကိုသိလိုက်ရတဲ့အချိန်မှာတော့ ရှားလော့ဟာ အဒမ်ရဲ့နောက်ဆုံးအချိန်တွေမှာ အတူရှိနေပေးဖို့ဆုံးဖြတ်ခဲ့ပါတယ်။ အဒမ်က သူမရှိတော့တဲ့အချိန်မှာ ရှားလော့တစ်ယောက် ဘဝကို ရှေ့ဆက်ပြီးလူကောင်းတစ်ယောက်နဲ့တွေ့ဖို့မျှော်လင့်ပေမယ့် လောကကြီးကနေ အဒမ်ထွက်ခွာသွားချိန်မှာ ရှားလော့ကတော့ ဖြေရာမရခဲ့ပါဘူး။ နောက်ဆုံးမှာတော့ ရှားလော့တစ်ယောက် မိသားစုဝင်တွေ၊ သူငယ်ချင်းမိတ်ဆွေတွေရဲ့ကူညီဖေးမမှုတွေကြောင့် အဒမ်ဖြစ်စေချင်ခဲ့သလို ဘဝကိုရှေ့ဆက်ပြီး လူကောင်းတစ်ယောက်နဲ့ လည်းဆုံစည်းနိုင်ခဲ့ပုံကိုရိုက်ကူးထားတာဖြစ်ပါတယ်။ File size… (1.29GB) / (728MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 39m Genre ….. Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

Comedy • Science Fiction • Action
5.8 2025 99 mins
Wish You Were Here
Animal Factory

ထောင်တွင်း ဇာတ်လမ်းတွေကို သဘောကျနှစ်သက်သူတွေအတွက် 2000 ခုနှစ်ထွက် ထောင်တွင်းဇာတ်လမ်း Animal factory ဖြစ်ပါတယ် မင်းသားကြီး Willem Dafoe ပါဝင်ထားတဲ့ကားတစ်ကားဖြစ်ပြီး သူ့ခေတ်သူ့အခါက သဘာဝကျတဲ့ ထောင်ဇာတ်ကားတစ်ကားအဖြစ် အသိအမှတ်ပြုမှုတွေရရှိခဲ့ပါတယ် ဇာတ်လမ်းကတော့…. မိသားစုနောက်ခံကောင်းကောင်းကလာတဲ့ Rich Kid လေး ရွန်ဒက်ကာ တစ်ယောက် ဆေးခြောက်လက်ဝယ်တွေ့ရှိမှုနဲ့အဖမ်းခံလိုက်ရပါတယ် ထောင်မကျအောင် အစွမ်းကုန်လျှောက်လှဲတဲ့ကြားက ထောင်ကျသွားပါတော့တယ် ထောင်ထဲမှာတော့ သူ့ကို နှစ်ကြီးသမားကြီး အားလ်ကိုပန် က အကာအကွယ်ပေးခဲ့ပါတယ် ထောင်ထဲမှာ ကြုံရမယ့်အခက်အခဲတွေကနေ ကာကွယ်ပေးရုံတင်မကဘဲ သူ့ရဲ့ပြစ်ဒဏ်ကနေပါ လွတ်ငြိမ်းခွင့်ရအောင် အားလ်က ကူညီပေးဖို့ကြိုးစားပါတော့တယ် အရာရာ အဆင်ပြေပြေနဲ့ပဲ ရွန် တစ်ယောက် အပြင်ပြန်ထွက်သွားနိုင်မလား ဒါမှမဟုတ် အခက်အခဲတွေကြုံလာရဦးမလားဆိုတာကတော့…… File size…(1.6 GB)/(892 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Min Thway

0 2000
Animal Factory
Zombie Repellent
5.5

ဇာတ်လမ်းအကျဉ်းကတော့ လစ်ဇ်နဲ့ချက်ဒ်တို့က ဘယ်သူမှမသိအောင် ဗီးကပ်စ်ကိုခိုးထွက်လာပြီး မင်္ဂလာဆောင်ဖို့စီစဉ်ထားကြတယ်။ စီစဉ်ထားတဲ့အတိုင်းပဲ မနက်ဖြန်မင်္ဂလာဆောင်ရမယ့် နေ့ဖြစ်တဲ့အတွက် ချက်ဒ်နဲ့လစ်ဇ်တို့က ကားတစ်စီးနဲ့ နှစ်ယောက်တည်း ဘယ်သူမှမရှိတဲ့အမြန်းလမ်းမပေါ်က နေဗီးကပ်စ်ကိုထွက်လာကြတယ်။ လစ်ဇ်ကတော့မင်္ဂလာပွဲအမှီမရောက်မှာစိုးနေပေမယ့် ချက်ဒက်ကတော့ ဇနီးလောင်းလေးကိုအမှတ်တရတွေ များစွာရနိုင်မယ့်အမြန်လမ်းကနေမောင်းဖို့ရွေးချယ် ခဲ့တာဖြစ်ကြောင်းပြောပြနေလေရဲ့။ ဒါပေမယ့် လမ်းခုလတ်အရောက်မှာကားကပျက်သွားတယ်။ အရင်ကတည်းကမကျေနပ်တဲ့လစ်ဇ်ကစိတ်ဆိုးပြီး ကားပေါ်ကဆင်းသွားတယ်။ချက်ဒ်ကလိုက်ချော့နေရင်းနဲ့ပဲ ကားအခိုးလိုက်ရတယ်။ နှစ်ယောက်သားစိတ်ပျက်လက်ပျက်နဲ့ အမြန်လမ်းမပေါ်မှာလမ်းလျှောက်နေတုန်း ကားတစ်စီး ရောက်လာတယ်။ သူတို့ကားကိုယူသွားတဲ့သူကို သိကြောင်း လိုက်ပို့ပေးမယ်လို့ပြောနေတာကြောင့်နှစ်ယောက်သား ကားကြုံစီးလိုက်ရတယ်။ ကားဝပ်ရှော့မှာသူတို့နှစ်ယောက်ရဲ့ကားကိုတွေ့ပေမယ့် ကားကဘတ်ထရီလုံးဝပျက်နေတာကြောင့် မနက်ဖြန် နေ့လည်မှပြင်လို့ပြီးမှာဖြစ်ကြောင်းပြောလိုက်တဲ့အတွက် ဒီမြို့မှာပဲညအိပ်ဖို့စီစဉ်လိုက်ရတယ်။ မိုတယ်မရှိတဲ့အတွက် မစ္စပိုဝဲလ်ကသူ့အိမ်မှာ တစ်ညတာ အိပ်ဖို့စီစဉ်ပေးလိုက်တယ်။ အိမ်ရဲ့စည်းကမ်းကိုလိုက်နာဖို့နဲ့ ညဖက်မှာအပြင်မထွက်ဖို့ပြောထားပေမယ့် ညဖက် ရောက်တော့ လစ်ဇ်ကမြေအောက်မှာအသံကြားလို့ ထကြည့်တဲ့အခါမှာတော့…. File size… (785 MB) / (396 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 17m Genre …..Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin

Drama
5.5 2025
Zombie Repellent
An Abandoned Team
5.9

တစ်သက်လုံး ဘုကလန့်လူ့ဂွစားအနေနဲ့ ဖြတ်သန်းလာခဲ့တဲ့ ရန်ချွင်းကျားဟာ တောင်ပေါ်မှာ မတော်တဆဖြစ်ခဲ့ပါတယ်။ ကံကောင်းစွာနဲ့ ခွေးလေခွေးလွင့်ရှောင်းနန်က ကယ်တင်ပေးခဲ့ပြီး တိရစ္ဆာန်ပရဟိတလုပ်သူ ယွဲ့နာ့က သတိထားမိတဲ့အတွက် အန္တရာယ်က လွတ်မြောက်နိုင်ခဲ့ပါတယ်။ ရှောင်းနန်က ဦးလေးကျားကို ခင်တွယ်တဲ့အတွက် ဖြည်းဖြည်းချင်း ဒီလူအိုရဲ့ စိတ်နှလုံးကို ဖွင့်ပေးနိုင်ခဲ့ပါတယ်။ ဦးလေးချွင်းနဲ့ ယွဲ့နာ့တို့ဟာလည်း မိတ်ဆွေတွေ ဖြစ်သွားကြပါတယ်။ ယွဲ့နာ့ရဲ့ အကူအညီနဲ့ ဦးလေးကျားဟာလည်း သမီးဖြစ်သူနဲ့ နှစ်ပေါင်းများစွာ ဖုံးကွယ်ထားတဲ့ အထင်လွှဲမှုတွေကို ဖြေရှင်းနိုင်ခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ အနီးနားမှာ ခွေးလေခွေးလွင့်တွေကို တမင်အဆိပ်ခတ်နေသူလည်း ရှိနေပါတယ်။ ခွေးကလေးတွေ အဆိပ်ဘေးက လွတ်မြောက်နိုင်ပါ့မလား…… ရန်ချွင်းကျားကရော ဘယ်လိုကြောင့် အခုလို လူ့ဂွစားဖြစ်လာခဲ့တာလဲ…… ယွဲ့နာ့ကရော ချစ်ရသူနဲ့ သူချစ်ရဲ့ လုပ်ငန်းကြားမှာ ဘယ်လိုရွေးချယ်မှုတွေ လုပ်လိမ့်မလဲ..ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။

5.9 2024
An Abandoned Team