YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Sylvies Love.2020.WEB-DL.720P.PP.mp4

1.06 GB N/A video/mp4 402 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Assassination of Nie Yinniang
2

သိုင်းလောကကိုကြိုက်နှစ်တဲ့သူတွေအတွက် ဇာတ်ကားကောင်းတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ် အခုဒီကားလေးကတော့ သိုင်းပညာရုပ်ရှင်ကားတွေ မြွေဖြူမြွေစိမ်း(Green Sanke)နဲ့ ၂၀၂၀တုန်းက ထွက်ခဲ့တဲ့ဝူခုန်းကား(Great God Monkey)စတဲ့ နာမည်ကြီးကားတွေပါဝင်သရုပ်ဆောင်ခဲ့တဲ့ NanSheng(Royi)လေးရဲ့ကားဖြစ်ပါတယ် ထန်မင်းဆက် အန်းရှီအရှုပ်တော်ပုံပြီးသွားတဲ့နောက် ကျန်ရစ်ခဲ့တဲ့အန်းရှီမျိုးနွယ်တွေက လမ်းစဉ်အသစ်ဖန်တီးမယ်ဆိုပြီး ပုန်ကန်မှုတွေ တိုက်ခိုက်မှုတွေဖြစ်အောင် ပြန်ပြီးပြဿနာရှာနိုင်အောင်လို့ ဖေးယိဂိုဏ်းကိုထူထောင်ခဲ့တယ် လောကကြီးအေးချမ်းသာယာအောင် မကောင်းဖေးယိဂိုဏ်းကို နန်းတွင်းကသုတ်သင်ဖြေရှင်းဖို့ ချန်ရွှိန်ဂိုဏ်းဆိုပြီးထူထောင်ခဲ့တယ် Yinniangကလည်း ချန်ရွှိန့်ဂိုဏ်းရဲ့တပည့်ပီပီ ဝေ့ပေါ်ကစစ်သူကြီးဆီမှာ သူ့သမီးယောင်ဆောင်ပြီးတော့ ဖေးယိဂိုဏ်းခေါင်းဆောင်ကိုသတ်ဖို့လုပ်နေခဲ့တယ် ညီအစ်မလိုနေနေတဲ့ဆရာတူအစ်မက အလေးပေးခြင်းမခံရတဲ့အခါမှာဂိုဏ်းကိုစိတ်တိုပြီး စိတ်လိုက်မာန်ပါလုပ်ရင်းဘာတွေဆက်ဖြစ်မလဲ? တကယ်ပဲအစ်မဖြစ်သူကဂိုဏ်းကိုသစ္စာဖောက်မှာလား Yunniangက နောက်ဆုံးမှာ ဂိုဏ်းရဲ့လျှိုဝှက်သိုင်းကို ကျင့်ကြံနိုင်ပြီး ဖေးယိခေါင်းဆောင်ကို သတ်နိုင်မလား ဂိုဏ်းနှစ်ဂိုဏ်းရဲ့လှပတဲ့သိုင်းကွက်တွေနဲ့ ဆန်းကြယ်လှတဲ့ဉာဏ်ဆင်အကွက်တွေကို ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကြည့်ရှုလို့ရမဲ့ဇာတ်လမ်းကောင်းတစ်ခုဖြစ်ပါတယ် Quality : WEB-DL 1080p , 480p Format : mp4 Genres : Drama , Action Runtime : 1h 25 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Crime • Drama • Mystery • Thriller
2 2022 85 mins
The Assassination of Nie Yinniang
The White Tiger
6.9

Netflix ရဲ့ ရုပ်ရှင်အသစ်လေး ခံစားကြည့်ရအောင်။ မင်းသား မင်းသမီးတွေက နာမည်ကြီးတွေလို့တော့ ပြောကြတယ်ဗျ။ ကျွန်တော်ကတော့ အကြည့်နည်းလို့ သိပ်မသိဘူး။ ဒါပေမယ့် ဇာတ်လမ်းအကြောင်းကိုပဲ ပြောရအောင်။ သိပ်ကောင်းပါတယ်။ အိန္ဒိယရဲ့ စွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်ယောက်က တရုတ်ဝန်ကြီးချုပ် ဝန်ကျားပေါင်နဲ့ တွေ့ခွင့်ရဖို့ သူ့ဘဝဇာတ်ကြောင်းကို အီးမေးလ် ပို့ရာကနေ စတာပေါ့ဗျာ။ အိန္ဒိယနိုင်ငံမှာ ဇာတ်နိမ့်တွေ ဇာတ်မြင့်တွေ အမျိုး ၁၀၀၀ လောက် ရှိခဲ့ပေမယ့် တကယ်တော့ ဇာတ် ၂ မျိုးပဲ ရှိပါတယ်။ ဗိုက်ပူနေတဲ့သူနဲ့ ဗိုက်ပိန်နေတဲ့သူပေါ့။ သခင် နဲ့ အစေခံပေါ့။ အိန္ဒိယနိုင်ငံရဲ့ လူတန်းစား ကွာခြားမှုအမြင်တွေ ရုန်းကန်မှုတွေ အကြောင်း ကောင်းကောင်းကြီး ပုံဖော်ထားတာပါပဲ။ ဇာတ်လိုက်ရဲ့ ဥပမာကတော့ သူတို့လို အစေခံ လူတန်းစားတွေကို ကြက်လှောင်အိမ်ထဲက ကြက်တွေနဲ့ နှိုင်းယှဉ်ပြထားတယ်ဗျာ။ ကြက်လှောင်အိမ်ထဲက ကြက်တွေဟာ သူတို့ရှေ့မှာ ကြက်တွေကို သတ်နေတာတွေ မြင်ရတယ် သွေးနံ့တွေရတယ်။ ဒါပေမယ့် လှောင်အိမ်ထဲက ထွက်ဖို့ မကြိုးစားကြဘူး။ အစေခံတွေအားလုံးဟာလည်း ဒီလိုလူတွေပဲလို့ ဆိုထားတယ်။ ဒီဇာတ်လမ်းကတော့ ကြက်လှောင်အိမ်ထဲကနေ ထွက်ဖို့ ကြိုးစားခဲ့တဲ့ ကြက်တစ်ကောင်အကြောင်းပေါ့ဗျာ။ အားလုံးကြိုက်ကြမှာပါ။ File size…(1.7 GB) and (900 MB) Quality…Blu-Ray Rip 1080p and 720p Format…mp4 Duration….02:05:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Littleneo Translated by Littleneo

Drama
6.9 2021 125 mins
The White Tiger
Geostorm
6.1

ဒီရုပ်ရှင်ကားကို စကြည့်မိတဲ့ အချိန်ဘာကို သတိရမိလဲ ဆိုတော့အရင်က သဘာဝဘေး အကြောင်း ရုပ်ရှင်တွေ ရိုက်ပြီးရင် အပြင်မှာလဲဆူနာမီ လို မုန်တိုင်းတွေ တိုက်ခတ်ပြီးတကယ်ဖြစ်ဖြစ်သွားတာ လန့်လွန်းလို့ရှေ့ပြေးနိမိတ် ရုပ်ရှင်မဟုတ်ပါစေနဲ့ အရင်ဆုတောင်းရတယ် ကဲ ဇတ်လမ်းအကြောင်း နည်းနည်းပြောပြမယ်.... ဒီရုပ်ရှင်ကားကို Director: Dean Devlin က ရိုက်ကူးခဲ့ပြီးOctober 11, 2017 မှာ ရုံတင်ပြသခဲ့တယ်... Budget ကို 120 million USD နဲ့ ရိုက်ကူးခဲ့ပေမယ့် Box office မှာ184.4 million USD အထိ ရရှိခဲ့တယ် IMDb 5.6 သာ ရရှိထားပေမယ့် ကျနော့်စိတ်နဲ့ ဆို 7.0 လောက်ထိပေးချင်ပါတယ် ဒါဆို ဒီရုပ်ရှင်ဘယ်လောက်ကောင်းတယ်ဆိုတဲ့ အညွှန်းမလာသေးခင်ကြည့်ရတာ တန်တယ်ဆိုတဲ့ ခံစားချက် တစ်ခုပဲ ရှိသေးတယ်နော် ===================== ဇတ်လမ်းပုံစံကတော့ ၂၀၁၉ ခုနှစ်မှာ ကမ္ဘာအဝှမ်း ရာသီဥတုဆိုးရွားပျက်ဆီးမှုတွေ နဲ့ ကြုံတွေ့လာခဲ့ရတာကို စတင်ပြသထားပြီးအဲ့ဒီ ရာသီဥတု ဆိုးဝါးတာတွေကို ကာကွယ်ဖို့ အတွက်ဂျိတ် နဲ့ မတ် ဆိုတဲ့ ညီအကို ၂ ယောက်က နိုင်ငံတကာကသိပ္ပံပညာရှင်တွေနဲ့ ပူးပေါင်းပြီး ဒက်ချ်ဘွိုင်း ဆိုတဲ့ စနစ်တစ်ခုကိုဖန်တီးခဲ့ပြီး အာကသ ထဲတွင် စခန်းတည်ဆောက်ကာသက်ဆိုင်ရာ နိုင်ငံတွေ ရဲ့ ရာသီဥတုတွေကို လိုက်လျောညီထွေစေရန်ဆောင်ရွက်အောင်မြင်ခဲ့ကြပါတော့တယ်.... ဒီလိုနဲ့ တစ်ရက်မှာတော့ ဂျိတ် ဦးဆောင်ခဲ့တဲ့ ဒက်ချ်ဘွိုင်း စနစ်ကိုနာဆာ လက်အောက်ကို ရယူဖို့အတွက် ဂျိတ် ကို အလုပ်ဖြုတ်ပြီးစနစ် နဲ့ ဝေးရာကို တွန်းပို့ခဲ့ကြပါတော့တယ် ဂျိတ်မရှိတဲ့နောက်မှာဂျိတ် ရဲ့ ညီ ဖြစ်သူ မတ် က စနစ်ကို နာဆာ လက်အောက်မှ တဆင့်ဦးဆောင်ရင်း ၃ နှစ်ခန့် ကြာသော အခါမှာတော့.... နာဆာ ရဲ့ ဒက်ချ်ဘွိုင်း ဂြိုလ်တု တစ်ခုဟာ အာဖဂန်နစ်စတန် ရဲ့သဲကန္တာရ တစ်ခုထဲက မြို့အပေါ်ကျခဲ့ပြီး တစ်မြို့လုံး ရေခဲပြီးအကုန်အေးခဲသေသွားကြတယ်... အဲ့ဒီလို ဖြစ်ပြီး ဟောင်ကောင် မှာလဲ အပူရှိန်လွန်ကဲကာဂစ်လိုင်းတွေ ပေါက်ကွဲတဲ့ သတင်း ဖြစ်ပွားခဲ့ပြန်တယ် အဲ့ဒီသတင်းကြောင့် ဒက်ချ်ဘွိုင်း ကို ဦးဆောင်နေတဲ့အဖွဲ့ဟာအလုပ်တွေရှုပ်ပြီး ဘာကြောင့်မှန်း အဖြေရှာမရ ဖြစ်ခဲ့တယ် ဒီလိုနဲ့ မတ် ဟာ ဒီစနစ်ကို စတင်ဦးဆောင်တည်ဆောက်ခဲ့သူသူ့အကို ဂျိတ် ကို နာဆာ ကို ပြန်လာပြီး ဒီ ပြသနာတွေကို အဖြေရှာဖို့ပြန်လိုက်ရှာခေါ်ရပါတော့တယ် ပထမတော့ ဂျိတ် ဟာ ဒီကိစ္စတွေနဲ့ဝေးဝေးနေချင်ပေမယ့် သူ့ဘ၀ တစ်ခုလုံးနီးပါး ရင်းပြီး အချိန်ပေးခဲ့တဲ့ ဒက်ချ်ဘွိုင်း ရဲ့ ပြသနာကို အဖြေရှာဖို့ ပြန်လက်ခံခဲ့ပါတယ်... ဂျိတ် တစ်ယောက် နာဆာ မှ တဆင့် အာကသ ထဲက ဒက်ချ်ဘွိုင်းစနစ်တည်ရှိရာ စခန်းသို့ ရောက်သွားချိန်မှာတော့ သူ့ညီ မတ်ထင်နေခဲ့သလို ဒက်ချ်ဘွိုင်း ရဲ့ စနစ်ချို့ယွင်းမှု မဟုတ်ပဲအမည်မသိ တစ်စုံတစ်ယောက်ရဲ့ မိုးလေဝသ ထိန်းချုပ်တဲ့ စက်အပေါ်လူသတ်လက်နက် အဖြစ် အသုံးချနေတဲ့ အဖြစ်မှန်း သိရှိသွားခဲ့သောအခါ..... -------------------------------------------- ရုပ်ရှင်ကား ကြာမြင့်ချိန် ၁ နာရီ ၄၀ မိနစ် ခန့် ရှိပြီးAction, Sci-Fi, Thriller အမျိုးအစား ဖြစ်လို့ ဇတ်လမ်းစတင်ချိန်မှဇတ်လမ်းအဆုံးသတ်ချိန်ထိ ရင်တမမ သည်းထိတ်ရင်ဖို ကြည့်ရှုရမယ့်ရုပ်ရှင်ကားကောင်း တစ်ခုပဲ ဖြစ်ပါတယ် ဒီဇာတ်ကားကို ဘာသာပြန်ပေးထားသူတွေကတော့CM Translator တွေ ဖြစ်တဲ့ စောဝဏ္ဏ နှင့် အိစံ တို့ပဲ ဖြစ်ပါတယ် ... File Size : (980 MB) and (340 MB) Quality : Blu-Ray 720p Running Time : 1hr 49min Format : Mp4 Genre :Action, Sci-Fi, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.BluRay.x264-GECKOS  Translated by Saw Wunna & Ei San Review by Thit San Khant Encoded by Thanhtike Zaw

Family • Fantasy
6.1 2017 109 mins
Geostorm
Taipei Story
7.6

Taipei Story ( 1985 ) ————————– IMDb – 7.6 Rotten Tomatoes – 100% Directed By Edward Yang New Taiwenese Cinema ရဲ့ အစောပိုင်းရုပ်ရှင်တွေထဲ တစ်ကားအပါအဝင်ဖြစ်တဲ့ ထိုင်ပေစတိုရီကို ထိုင်ဝမ်ရုပ်ရှင်သစ်ရဲ့ ပဲ့ကိုင်ရှင်တွေထဲက တစ်ယောက်ဖြစ်တဲ့ အတ်ဒဝတ်ယန်းက ရိုက်ကူးထားပါတယ်။ Criterion Collectionကလည်း World CInema Project အတွက် 4k နဲ့ပြန်ထုတ်ခဲ့တဲ့ ထိုင်ဝမ်ရုပ်ရှင်ရဲ့ မှတ်တိုင်တစ်ခုလို့ ပြောလို့ရပါတယ်။ A Brighter Summer Day မှာ ယန်းဟာ ပြည်မနဲ့ထိုင်ဝမ် ခွဲထွက်တဲ့ကာလကို ရိုက်ပြပြီး အဲဒီခေတ်က အခြေအနေတွေကို ထင်ဟင်အောင်ရိုက်ပြခဲ့သလို ဒီရုပ်ရှင်မှာလည်း ယန်းဟာ ဂျပန်နဲ့ အမေရိကန်လွှမ်းမိုးမှုအောက်က ထိုင်ဝမ်စီးပွားရေးအခြေအနေကို သူ့ဟန်အတိုင်း ကာရိုက်တာတွေအများကြီးသုံးပြီး ပုံဖော်ရိုက်ကူးသွားတာပါပဲ။ ရိုးရိုးရှင်းရှင်းဇာတ်ဝင်ခန်းတွေ tragedy တွေ မထင်ရင်မထင်သလို တော်တော်လှလာတတ်တဲ့ စီနီမာတိုတွေကို သုံးပြီး ၁၉၆၉ဝန်းကျင်က ထိုင်ပေမြို့ပြရဲ့ အခြေအနေကို မသိမသာရော သိသိသာသာရော ပြထားတဲ့ ရုပ်ရှင်ပါ။ ဒီကာလဟာ ယန်းလည်း ၂၀ဝန်းကျင်လောက်ပဲ ရှိသေးတဲ့ကာလဖြစ်သလို ဒီရုပ်ရှင်ရဲ့ တရုတ်နာမည်က ငယ်ဘဝရည်းစားကို ရည်ညွှန်းတယ်ဆိုတော့ ဒီရုပ်ရှင်ထဲက ကာရိုက်တာဟာ သူ့အကြောင်း တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ မင်းသမီးကတော့ သူနဲ့ယူလိုက်တဲ့ Tsai Chin ကို သုံးထားပြီး မင်းသားက‌တော့ သူ့ရောင်းရင်း ထိုင်ဝမ် new wave ဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ Hou Hsiao – Hsien ပါ။ ယန်းဟာ တော်တော်တော်တဲ့ ဒါရိုက်ပေမဲ့ That Day on the beach , Taipei Story , Terrorizers , A brighter Summer Day , A Confucian Confusion , MahJong, Yi YI အစရှိသဖြင့် features Film ၇ကားပဲရိုက်ကူးခဲ့ပြီး CMမှာတော့ A Brighter Summer day , Yi Yi နဲ့ အခု ထိုင်ပေစတိုရီ ၃ကားတင်ပြီးပါပြီ။ ယန်းရဲ့ ရုပ်ရှင်တွေဟာ ထိုင်ဝမ်ရဲ့ မာစတာပိစ်တွေအကြောင်း ပြောရင် ဖယ်ထားလို့မရတဲ့ ရုပ်ရှင်တွေပါပဲ။ ထိုင်ပေစတိုရီဟာ ထိုင်ပေမြို့ပြလရောက်တမ်းခြင်းလို့ ပြောရင်လည်း မမှားပါဘူး။ ယန်းရဲ့ A brighter Summer Dayနဲ့တန်းတူ critic rating 100% ရထားတဲ့ ရုပ်ရှင်လည်း ဟုတ်ပါတယ်။ (ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ WiRa Aung ပါ ) File Size__(2.1GB) / (1GB) Quality__1080p, 720p IMDb Rating__7.6/10 Format__mp4 Duration__01:59:00 Type__Drama Subtitle__Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Naing Aung Latt

Crime • Drama • Thriller
7.6 1985
Taipei Story
Art Museum by the Zoo
7

Art Museum by the Zoo (1998) တိရိစ္ဆာန်ရုံနံဘေးက ပန်းချီတစ်ချပ်အကြောင်း စိုထိုင်းစအသင့်အတင့်နေ့တွေရဲ့ သံသရာထောင့်ချိုးကလေးတစ်ကွေ့မှာ ရှုံးပြီးသားကောင်မလေးနဲ့ ရှုံးပြီးသားကောင်ကလေးတို့ ဝင်တိုက်မိခဲ့တဲ့အခြင်းအရာမျိုးနဲ့ ငါမက်မောဖူးခဲ့တဲ့တိမ်တွေလိုပဲ တကယ်မရှိခဲ့တဲ့နေ့တွေ။ တစ်သက်ရဲ့နှစ်ဘဝမှာ တစ်ခါချစ်ရင်း တစ်ကြိမ်တော့ ငါတို့လွဲမှားဖူးကြမှာပဲ။ ရှိဘူယဘူတာက ဟာချီကိုလို… အရိုးခေါင်းကျွန်းက ကင်းကောင်လို… လွဲမှားစွာမက်မောမိခဲ့တဲ့ ငါတို့ရဲ့ မီးစိမ်းကလေးတွေဟာ အသက်နဲ့ဘဝကို ဆူးကလေးတစ်ချောင်းလို ဆင်မယဉ်သာ နှုတ်သွားခဲ့ကြမယ်လို့လည်း ငါတို့ ဘယ်ထင်ခဲ့ပါ့မလဲ။ အလေ့အကျင့်တွေဆိုတာလည်း ငါတို့ကစခဲ့ပြီးမှ ငါတို့ကို ပုံပြန်သွင်းသွားတဲ့အရာတွေပဲ မဟုတ်လား။ သဏ္ဍာန်တူအဖြစ်အပျက်တို့နဲ့ ပက်ပင်းတိုးမိတဲ့အခါ ဒီကဗျာကို မင်းနားလည်နိုင်ကောင်းရဲ့။ ဘာတွေဘာကို ထိုင်တွေးနေမှန်းမသိနိုင်တဲ့ ရိုဒင့်ပန်းပုထက် ထိုင်ဖို့တောင် ပျင်းနေလောက်မယ့်ပန်ဒါကလေးကို မင်းပိုသဘောကျခဲ့မှာပဲ။ ဗန်ဂိုးရဲ့ ဂျုံခင်းထဲ ကျီးကန်းတွေရဲ့ ရက်စက်လွန်းတဲ့ကမ္ဘာထက် ခေါက်ရှာငှက်ကလေးရဲ့ ကဗျာကို မင်းပိုသဘောကျခဲ့မှာပဲ။ တစ်ခါတလေပေါ့ မတူညီခြင်းတွေဟာ ပိုဝေးစေတယ်။ တစ်ခါတလေလည်း မတူညီခြင်းတွေဟာ ပိုနီးစေတယ်။ တိရိစ္ဆာန်ရုံလေးရဲ့နံဘေးက မင်းအလွမ်းပြေစမ်းဖို့ ပန်းချီလေးတစ်ချပ်လိုအဖြစ်နဲ့ ကမ္ဘာကို ငါရဲရဲကြီး ခါးစည်းခံထားခဲ့တာလည်း ကြာပြီ။ အလှတရားနဲ့ ငါ့ကိုသတ်သွားတဲ့ ကမ္ဘာကြီးရဲ့အပြင်ဘက်မှာ မိုးတွေရွာနေပြီ အချစ်ရေ။ လွမ်းတယ်။ မင်းလည်းမင်းအချစ်နဲ့ ငါလည်းငါ့အချစ်နဲ့ ငါတို့လည်း ချစ်ခဲ့ကြတဲ့ ကောင်းကင်မှာ မိုးသားတွေမဲလို့… ငါ့ဘဝရဲ့ နေ့တွေလည်း ဒီလိုပဲ…. ဝါဆို။ အညွှန်း နဲ့ ဘာသာပြန်ကတော့ WiRa Aung ပဲ ဖြစ်ပါတယ်။ Genre….. Comedy, Drama, Romance Quality…. 1080p | 720p File size… 1.5GB | 708MB Format… mp4 Duration….1h 48min Subtitle…. Myanmar Subtitle (Hardsub) Translator ….. WiRa Aung Encoder ….. Aaron

Drama • Crime
7 1998
Art Museum by the Zoo
The Fence
6.9

စတိဗ်ဆိုတဲ့ ကောင်လေးကသူရှာထားတဲ့ပိုက်ဆံတွေစုပြီး ဆိုင်ကယ်လေးတစ်စီးကိုဝယ်ခဲ့ပါတယ်။ဝယ်ပြီးသိပ်မကြာခင်မှာပဲ အိမ်ရှေ့မှာရပ်ထားတုန်းအခိုးခံခဲ့ရပါတော့တယ်။ ဒီလိုနဲ့ရဲသွားတိုင်တော့ သူက သူ့အစ်ကိုအန်ဒရူးရဲ့ညီဖြစ်နေတာကိုသိသွားတော့ ရဲတွေက မကူညီချင်သလိုထုံးစံအတိုင်းအင်တင်တင်လုပ်ပါတော့တယ်။ သူ့အစ်ကိုအန်ဒရူးဆိုတာက အမြဲတမ်းထိုးလိုက်ကြိတ်လိုက်နဲ့ လူကြမ်းတစ်ယောက်မလို့ အခုလဲခံဝန်နဲ့လွတ်လာတာဖြစ်ပါတယ်။ ဒီလိုနဲ့စတိဗ်တစ်ယောက် သူ့ဆိုင်ကယ်လေးကိုဘယ်သူခိုးသွားတယ် ဆိုတာကိုလိုက်စုံစမ်းရင်းနဲ့ သတင်းအတိအကျရလာတဲ့အခါ သူ့အသက် အရွယ်နဲ့ ဘာမှလုပ်မရတဲ့အတွက်သူ့အစ်ကိုကိုပဲ လူမိုက်ငှားပြီးခေါ်သွား ခဲ့ပါတော့တယ်။သူ့အစ်ကိုကလဲမဆီမဆိုင်နဲ့ရဲတွေနဲ့ သူ့ကြားမှာ ပဲကြီးလှော်ဆားညှပ်နေတဲ့သူ့ ညီကိုသနားပြီးအတတ်နိုင်ဆုံးလိုက်ကူ ညီပေးခဲ့ပါတယ်။ဒီလိုနဲ့ဆိုင်ကယ်တော့ပြန်မရခဲ့ပေမဲ့လျော်ကြေးတော့ ပြန်ရခဲ့ပါတယ်။ဒါပေမယ့်တကယ်တမ်းအပြစ်ရှိတဲ့လူကဆိုင်ကယ် သူခိုးမဟုတ်ပဲ နဲ့ ညီအစ်ကိုနှစ်ယောက်လုံးနဲ့ရန်စရှိနေတဲ့လူတွေ ဖြစ်တဲ့အခါမှာတော့ဘာတွေဖြစ်မယ်ဆိုတာကိုစိတ်ဝင်စားစွာနဲ့ ကြည့်ရှုရမဲ့အက်ရှင်ကားတစ်ကားပဲဖြစ်ပါတယ်။ File size…2.45GB / 744MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 34m Genre ….. Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Soe Lay

6.9 2022 94 mins
The Fence
Friends: The Reunion
8.7

Friends: The Reunion (2021) ===================== IMDb Rating – 8.7/10 FRIENDS တီဗီရှိုး ပြီးဆုံးပြီး ၁၇ နှစ်အကြာမှာတော့ Friends Reunion ပြန်လာခဲ့ပါပြီ။ Friends စီးရီး(စ/ဆုံး) Season 10 ခုစလုံးကို ဒီမှာ https://channelmyanmar.to/?s=friends+1994 ကြည့်ပါ။ ဒီ Reunion က ကျွန်မတို့တွေထင်ထားသလို အပိုင်းအသစ်မဟုတ်ပါဘူးနော် သူတို့တွေ ပြန်ဆုံကြပြီး talk show တခုလို စကားဝိုင်းဖွဲ့ပြောကြရင်း flashback တွေကို ပြန်ခံစားကြတာမျိုးပါ။ အဲတာကြောင့် Ross တို့ Rachel တို့လို character တွေကို မြင်ရမှာမဟုတ်ပဲ David Schwimmer, Jennifer Aniston စသဖြင့် မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒီ reunion ဟာ ဇာတ်လမ်းတွဲအစအဆုံးကို ပြန်ပြီး reflect လုပ်မှာဖြစ်တဲ့အတွက် မကြည့်ရသေးသူတွေ အနေနဲ့ major spoiler အကြီးကြီးတွေမိနိုင်သလို တချို့နေရာတွေကို နားမလည်နိုင်တာမျိုးတွေ ကြုံရနိုင်ပါတယ်။ အဲတာကြောင့် အညွှန်းလေးသေချာဖတ်ပြီးမှ ကြည့်ကြဖို့အကြံပေးချင်ပါတယ်။ သိပြီးသားသူတွေအတွက်ကတော့ ဒီဇာတ်ဆောင် ၆ ယောက်အပြင် Gunther တို့ Janice တို့လို အခြားသရုပ်ဆောင်တွေ အများကြီးကိုလဲ စုံစုံလင်လင်ပြန်မြင်တွေ့ကြရမယ့်အပြင် အထင်ကရဖြစ်တဲ့ အခန်းတွေ ဒိုင်ယာလော့တွေအကြောင်း ဇာတ်လမ်းတွဲနောက်ကွယ်က ပုံပြင်တွေ အကြောင်းစသဖြင့်ကို ရယ်မောစရာ လွမ်းဆွေးစရာကောင်းအောင် ပြန်လည်ခံစား ကြည့်ရှုကြရမှာပါ။ ဒါ့အပြင် ဧည့်သည်သရုပ်ဆောင်တွေလဲဖြစ်/Fan တွေလဲ ဖြစ်တဲ့ David Beckham, Lady Gaga, Justin Bieber, BTS စတဲ့ အခြားအနုပညာရှင်တွေရဲ့ cameo ကိုလဲတွေ့မြင်ရမှာပါ။ ၁၇ နှစ်ကြာမှ ပထမဆုံးပြန်ဆုံကြရတာဖြစ်တဲ့အတွက် တကယ်ကို emotional ဖြစ်ရတဲ့အပြင် ပျော်စရာကောင်းတာတွေလဲ အများကြီး ပါဝင်တာမို့ Friends Fan ဆိုရင် တကယ်ကိုကြည့်သင့်တယ်လို့ညွှန်းပါရစေနော်။ (ဒီဇာတ်လမ်းရဲ့ အညွှန်းကို Pan Pwint Phyu မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ idiot Myoko, Pan Pwint Phyu, Han Htoo Zaw တို့ပဲဖြစ်ပါတယ်။) Quality – 1080p, 720p WebRip Duration – 1h 40min Subtitle – Myanmar Hardsub Format – Mp4 Genre : Drama Source : 1080p.WebRip Translator – idiot Myoko, Pan Pwint Phyu, Han Htoo Zaw Encoder – SWM

8.7 2021
Friends: The Reunion
Pontypool
6.5

ဒီတစ်ခါမှာတော့ Horror&Mystery ဇာတ်ကားအမျိုးအစားကိုမှ ကြိုက်နှစ်သက်တဲ့ ကြည့်ရှု့သူပရိတ်သတ်ကြီးကို ဒါရိုက်တာ Bruce McDonaldရိုက်ကူးတင်ဆက်ထားတဲ့ Pontypoolဆိုတဲ့ rating 6.5/10 ရရှိထားတဲ့ ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးပါရစေ… ဒီဇာတ်ကားဟာ ပေါင့်တီပူးလ်မြို့ အွန်တာရီနိုမှာ ဖြစ်ပွားနေတဲ့ ထူးဆန်းဖွယ် ကူးစက်ရောဂါအကြောင်းကို ဇာတ်အိမ်တည်ရိုက်ကူးထားပြီး မင်းသားStephen McHattieနဲ့ မင်းသမီး Lisa Houleတို့က ပါဝင်အားဖြည့်သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်းအစမှာ ဂရန့်မက်ဇီတစ်ယောက် အွန်တာရီနိုမြို့လေးမှာ ရှိတဲ့ရေဒီယိုအသံလွှင့်ရုံမှာ အသံလွှင့်နေရင်း ထူးဆန်းတဲ့ သတင်းစကားတစ်ခုကိုကြားဖြတ်ဖမ်းမိလိုက်ပါတယ် အဲ့တာကတော့ မြို့ထဲက ဒေါက်တာမန်ဒန်ရဲ့ရုံးမှာ လူထုအုံကြွမှုတစ်ခုဖြစ်နေတယ်လို့ ကြားလိုက်တာဖြစ်ပါတယ် ဂရန့်တို့တစ်တွေလည်း ဒါဟာ ကောလဟာလသက်သက်လား စနောက်နေတာသက်သက်လားဆိုပြီး ဝေခွဲမရဖြစ်ကုန်ပါတယ် အဲ့နောက် တဖြည်းဖြည်းချင်းနဲ့ လူထုဆူပူအုံကြွမှုအကြောင်းတွေ အကြမ်းဖက်ဖြိုခွင်းတာတွေ စတဲ့အကြောင်းတွေပဲ ဆက်တိုက်ဝင်လာနေပါတယ် ဒီလိုနဲ့ အတည်ပြုဖို့ကြိုးစားနေကြတဲ့အချိန်မှာပဲ နောက်ဆုံးမှာ ထူးဆန်းတဲ့ကပ်ရောဂါတစ်ခုပျံနှံ့နေလို့ ပေါင့်တီပူးလ်မြို့ကို ကန့်သတ်ထိန်းချုပ်ထားလိုက်ပြီ ဆိုတဲ့အကြောင်းသိရှိလိုက်ရပါတယ် ရောဂါကလည်း ထူးဆန်းစွာပဲ လူ့ခန္ဓာကိုယ်အသွေးအသားနဲ့ လေထဲကနေတဆင့်ကူးစက်တာမဟုတ်ဘဲ ပြောနေတဲ့စကားလုံးတွေကတဆင့် ကူးစက်နေတာ ဖြစ်ပါတယ် အဲ့ဒီနောက် ရောဂါပိုးက စကားလုံးတွေကနေ ဘယ်လိုမျိုးကူးစက်တာဖြစ်မလဲ ဘယ်စကားလုံးတွေကရော ရောဂါပိုကိုပျံ့နှံ့စေတာဖြစ်မလဲ ရေဒီယိုအသံထုတ်လွှင့်တင်ဆက်နေတဲ့ ဂရန့်တို့တစ်တွေကော ဘယ်လိုအခက်အခဲတွေကိုကြုံတွေ့ရမလဲ သူတို့တွေ ဒီကူးစက်ရောဂါကနေ အသက်ရှင်ကျန်ရစ်အောင် ဘယ်လိုမျိုးရင်ဆိုင်ကျော်လွှားကြမလဲ အစိုးရကကော ကာကွယ် ဆေးကိုအချိန်မှီတွေ့ရှိပါ့မလား ဆိုတာကိုဒီဇာတ်ကားလေးထဲမှာ စိတ်ဝင်စားဖွယ်စီးမျော ကြည့်ရှုလိုက်ပါဦး ဒီဇာတ်ကားက Horror ဇာတ်လမ်းကောင်းကောင်းလေးကိုမှ ကြိုက်နှစ်သက်တဲ့ကြည့်ရှုသူတွေ လက်မလွတ်စတမ်းကြည့်ရှုသင့်တဲ့ ဇာတ်ကားလေး တစ်ကားဖြစ်ပါတယ်….. File size…1.12GB / 492MB Quality…WEB-Rip 1080p 5.1 CH/ 720p Format…mp4 Duration….1h 33m Genre ….. Horror , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Eh Phaw

Comedy
6.5 2008
Pontypool
The Lie
5.8

The Lie (2018) ============ ဒီဇာတ်ကားလေးကတော့ broken family တစ်ခုရဲ့ သက်ရောက်မှု တွေကို ဖော်ကြူးထားပါတယ်။ ဆယ်ကျော်သက်လေး ကေလာဟာ အမေ အဖေ တစ်ကွဲစီနဲ့ ဟိုကူးဒီကူးလုပ်နေရသူလေးပါ။ မိဘတွေ ကိုယ်စီမှာလည်း နောက်လူ အသီးသီးနဲ့ပေါ့။ တစ်ရက် ကျောင်းကပွဲ ကို တက်ရမယ့် အသွားလမ်းမှာ သူငယ်ချင်း ဘရစ်တနီကို တွေ့တာမို့ သူ့အဖေကားနဲ့ တစ်ပါတည်းလိုက်ဖို့ ခေါ်ခဲ့တယ်။ ဘရစ်တနီဆိုတာလည်း အလန်းဇယားလေးတစ်ယောက်၊ ကိစ္စလေး တစ်ခုနဲ့ စကားများရင်း အဖေ့ကွယ်ရာအရောက် သူငယ်ချင်းကိုတွန်း ချလိုက်စဉ်မှာ ပြဿနာတွေက စပါတော့တယ်။ သမီးဖြစ်သူ ငယ်ငယ် ရွယ်ရွယ်ကို ထောင်ထဲအပါမခံနိုင်တဲ့ မိဘတွေရဲ့ ကြိုးပမ်း အားစိုက် လိမ်ညာမှု၊ သူတို့တွေရဲ့ အပူမီးကို ကွက်ကွက်ကွင်းကွင်း မြင်နိုင်မယ့် ဒရာမာကောင်းလေး ဖြစ်တာမို့ ကြည့်ရှုသင့်ပါကြောင်း ညွှန်းဆိုလိုက် ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thu Thu ဖြစ်ပါတယ်) File Size……….(1.22 GB) / (455 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 37Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama, Thriller Translator…….Thu Thu Encoder……….SWM

TV Movie • Comedy • Romance
5.8 2018 95 mins
The Lie
Michael Jackson’s Ghosts
7.5

ဒီတစ်ခါ တင်ဆက်ပေးသွားမှာကတော့ ကျွန်တော်တို့ ငယ်ငယ်က ကြည့်ခဲ့ဖူးတဲ့ Michael jackson သရုပ်ဆောင်ထားတဲ့ ကားလေး တင်ဆက်ပေးသွားမှာပါ ဒီဇာတ်လမ်းလေးကိုတော့ Michael Jackson နဲ့ The Shining တို့ IT တို့ကိုရေးတဲ့ စာရေးဆရာ Stephen King နှစ်ယောက်ရေးထား ပြီး Terminator တို့ Jurassic Park တို့မှာ Special effect Make up artist လုပ်ခဲ့သူ Stan Winston က ဒါရိုက်တာ လုပ်ထားတဲ့ Short Film လေးဖြစ်ပါတယ် ။ ဒီဇာတ်လမ်းမှာ Michael Jackson က မြို့ထဲက အိမ်အကြီးကြီးမှာ နေတဲ့လူထူးဆန်းတစ်ယောက်ဖြစ်ပြီး သူ့ကိုမြို့ထဲကနေ မြို့တော်ဝန် ကမနေဖို့ လာနှင်ထုတ်တဲ့ အကြောင်းပါ။ ဒီ ဇာတ်လမ်းတိုထဲမှာ Michael Jackson ရဲ့ သီချင်းသုံးပုဒ် ဖြစ်တဲ့ Ghosts , 2 Bad နဲ့ Is it scary? တို့ဘာပါပါတယ်။ ဒီထဲမှာ Michael Jackson တစ်ယောက်သူရဲ့ သီချင်း အကတွေကို Short Film ထဲမှာ ဘယ်လိုပေါင်းစပ်ထားမလဲဆိုတာ ကြည့်ရှုလိုက်ပါ။ File Size : 1.8 GB, 513 MB Quality : DVDrip 1080p / 720p Running Time : 39min Format : Mp4 Genre : Fantasy, Horror, Music Subtitle : Myanmar Subtitle (Hard Sub) Translated by : Nikobaby Encode by : Thit San Khant

Comedy • Music
7.5 1996 39 mins
Michael Jackson’s Ghosts
The Fast and the Furious Fast and Furious 1
6.7

Fast and Furious ရုပ်ရှင်ကားတွေအကုန်လုံးကို 4K DD.5.1 Quality နဲ့ Extended Version တွေချည်း တင်ဆက်လိုက်ပါတယ်… ဒီမှာ https://www.channelmyanmar.to/category/special-package/fast-and-furious/ ကြည့်ပါ။ +++++++++++++++++++ The Fast and the Furious (2001) IMDb Rating (6.8) / Rotten Tomatoes (55%) မင်းသား Paul Walker နဲ့ Vin Diesel တို့ရဲ့ နာမည်ကျော် Franchise ဖြစ်လာစေမယ့် ပထမဆုံးသော ဇာတ်ကားပါ။ ဇာတ်လမ်းကတော့…. ဒွမ်တို့အဖွဲ့ဟာ မြို့ရဲ့ အကြီးမားဆုံးသောခိုးမှုတွေမှာ ရဲတပ်ဖွဲ့တွေရဲ့ သံသယအရှိဆုံးသူတွေပါ။ အချီကြီးမှချတတ်သလို ပိရိလွန်းပြီးလက်တွဲညီလွန်းတဲ့သူတို့အဖွဲ့ကြောင့် ရဲတပ်ဖွဲ့ဟာ ကြိတ်မနိုင်ခဲမရ ဘယ်ကအစကောက်ပြီးလိုက်ရမှန်းမသိဖြစ်နေတယ်။ အဲ့ဒီအချိန်မှာပဲ ကားမောင်းကျွမ်းကျင်ပြီး ဂျလေဘီပုံပေါက်နေတဲ့ ဘရိုင်ယန်ကို သူလျှိုအဖြစ်စေခိုင်းရင်း ဒွန်တို့အဖွဲ့ကို ရဲတပ်ဖွဲ့ဟာ ဖြိုခွင်းဖို့ကြိုးစားပါတော့တယ်။ File Size : (6.9 GB) /(2.1 GB) / (1 GB) Quality : BluRay 4K HEVC/ 1080p / 720p Running Time : 1hr 46min Format : Mkv/Mp4 Genre :Action, Crime, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Thura Zarni Aung Encoded by Phyo Pyae/Thanhtike Zaw/Ka Naung

Crime • Drama
6.7 2001 106 mins
The Fast and the Furious Fast and Furious 1
Good Luck To You
5.6

ဒီတစ်ခါ CM ကနေတောပေါ့ပေါ့ပါးပါးဇာတ်လမ်းလေးတစ်ပုဒ်နဲ့မိတ်ဆက်ပေးချင်ပါတယ်။ ယနေ့ခေတ်မှာအလုပ်တခုရဖို့အတွက် အင်မတန်မှခက်ခဲလာတဲ့ခေတ်ကြီးထဲ ဘွဲ့ရခါစတက္ကသိုလ်ကျောင်းသားတွေအတွက်တော့ပိုလို့တောင်ဆိုးရွားနေခဲ့တာပေါ့။ ကျန်းသာ့လုံကတော့ ဘွဲ့ရပညာတတ်ဖြစ်ပေမဲ့ဘွဲ့ရခါစဖြစ်တာမို့ ကုမ္ပဏီတော်တော်များများကမခန့်ချင်ကြပေမဲ့လည်း ကြိုးစားရှာဖွေနေတဲ့သူပေါ့။ ဒီလိုအဆင်မပြေမှုများလာတဲ့အပြင်မိဘတွေကပါနေ့တိုင်း သူ့ကိုဆူပူ ကြိမ်းမောင်းလာကြတော့ အဖွားဖြစ်သူကသူ့ကိုကံဆိုတာ ကိုယ့်ခြေထောက်ပေါ်မှာဖြစ်ကြောင်း အပြင်ထွက်များများ လည်သွားခိုင်းကြောင်းဆိုဆုံးမပြီးတော့ ကျန်းသာ့လုံလည်းအဖွားစကားအတိုင်းအပြင်ထွက်တဲ့နေ့မှာတင် မထင်မှတ်ပဲမြစ်ဘေးမှာကလေးတစ်ယောက် ရေထဲပြုတ်ကျသွားတာကိုတွေ့တော့ အလျင်အမြန်ကယ်ဆယ်ခဲ့တယ်။ အဲ့အချိန်မှာသတင်းထောက်တစ်ဦးရဲ့ ကမ်းလှမ်းမှုဖြစ်တဲ့ထန်ဖေးကယ်ဆယ်ရေးအဖွဲ့ထဲဝင်ပါဖို့ ကမ်းလှမ်းမှုကိုသဘောတူခဲ့ပြီးတဲ့နောက်မှာ ထန်ဖေးကယ်ဆယ်ရေးအဖွဲ့ကသူထင်သလို လွယ်တဲ့ကိစ္စမဟုတ်သလို သူကြွားလုံးထုတ်ခဲ့သလိုမျိုးမလုပ်နိုင်တော့တဲ့တာသိလိုက်ရတဲ့အပြင် မိဘတွေကပါသူ့ကို အသုံးမကျတဲ့လူအဖြစ်ဆူပူလာကြတွေ မျိုးစုံသောဖိအားတွေနဲ့ရင်ဆိုင်နေရတဲ့ကျန်းသာ့လုံတစ်ယောက် ဘာတွေဆက်ဖြစ်သွားမလဲဆိုတာ ဒီဇာတ်လမ်းလေးကို ဆက်လက်စောင့်မျှော်ကြည့်ရူလိုက်ရအောင် ~

Horror • Drama
5.6 2025
Good Luck To You
All the Wrong Ingredients
5.1

All the Wrong Ingredients (2024) IMDb Rating (5.1) ဒီဇာတ်လမ်းလေးက “Everything Everywhere All At Once” နဲ့ “Jojo Rabbit” တိုလို ဇာတ်လမ်းမျိုးကိုကြိုက်တဲ့ပရိသတ်တွေအတွက် “Ratatouille” နဲ့ “Inside Out” ရဲ့ live action အရောလို ဟာသဇာတ်လမ်းကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ ရည်မှန်းချက်၊ တီထွင်ဖန်တီးမှုနဲ့ ဆန္ဒပြင်းပြမှုရဲ့အကျိုးဆက်တွေကို စိတ်ကူးစိတ်သန်းကောင်းကောင်းနဲ့ ဟာသအပြည့်ထည့်ပြီး ပေါ်လွင်အောင် ရိုက်ကူးထားပါတယ်။ Plot summary: ဟင်းချက်ပြိုင်ပွဲတစ်ခုမှာ အနိုင်ရဖိုစိတ်အားထက်သန်နေတဲ့ Ben က သူ့ဇနီးကကျောင်းထွက်အလုပ်လုပ်ပြီး သူ့ကိုငွေကြေးထောက်ပံ့ပေးနေရတာကြောင့် ပြိုင်ပွဲမှာ အနိုင်မရရင် ဘဝပျက်မှာကိုကြောက်ပြီး အရူးအမူးကြိုးစားနေတဲ့ပြိုင်ပွဲဝင်တစ်ယောက်ပေါ့။ သူ့ရဲ့ အနိုင်ရချင်စိတ်ရည်မှန်းချက်တွေ ပြင်းထန်လာတဲ့အချိန်မှာ Jones လိုခေါ်တဲ့ စိတ်ကူးယဉ်သူငယ်ချင်းတစ်ယောက်ပေါ်လာပြီး Ben ကို ကူညီလာတယ်။ ဒီလိုနဲ့ ပြိုင်ပွဲမှာ Ben နဲ့ Jones တို Ben ရဲ့ စိတ်ကူးယဉ်ကမ္ဘာထဲ စွန့်စားခန်းတွေထွက်ပြီး ပြိုင်ပွဲမုန့်တွေအတွက် အတူတူအကြံထုတ်ကြ‌‌လေရဲ့။ ဒါပေမဲ့ Ben ရဲ့ ရည်မှန်းချက်ကြီးမှုအပြင် တခြားခံစားချက်တွေလည်း ပြင်းထန်လာတာနဲ့ နောက်ထပ်စိတ်ကူးယဉ်သူငယ်ချင်းတွေ တစ်ယောက်ပြီးတစ်ယောက်ပေါ်လာချိန်မှာတော့ Ben တစ်ယောက် သူ့ရဲ့ အတ္တစရိုက်မျိုးစုံကို ဘယ်လိုထိန်းချုပ်မလဲဆိုတာ ဒီဇာတ်လမ်းထဲမှာ ဟာသမျိုးစုံနဲ့ ဆက်လက်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။) File size…(1.8 GB) / (810 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Drama,Family,Fantasy,Science Fiction Duration….01:27:27 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Thwal Htoo Zin

5.1 2024 87 mins
All the Wrong Ingredients
[18+] The Sweat Collector

The Sweat Collector (2016) ကာအိုရူးနဲ့တယ်ရူဟီကိုတို့ဟာ အောင်သွယ်ဝန်ဆောင်မှုတစ်ခုကတစ်ဆင့်တွေ့ဆုံခဲ့ပေမယ့် မြင်မြင်ချင်း ချစ်ကျွမ်းဝင်လက်ထပ်ဖြစ်ခဲ့ကြတဲ့လင်မယားတွေဖြစ်ပါတယ်။ ဇနီးသည်ဖြစ်သူ ကာအိုရူးဟာ ယော်ကျားတွေရဲ့ချွေးနံ့ကိုယ်နံ့ကိုစွဲလန်းလိင်စိတ်ကြွတတ်တဲ့ Fetish တစ်မျိုးရှိပြီး လမ်းမှာကြုံဆုံတတ်တဲ့ အားကစားသမားတွေရဲ့ချွေးစိုနေတဲ့ အင်္ကျီတွေကိုခိုးယူစုဆောင်းလေ့ရှိပါတယ်။ တစ်နေ့မှာတော့ အိမ်ကိုရေပိုက်လာပြင်တဲ့အလုပ်သမားတစ်ယောက်ရဲ့ချွေးသုတ်ပုဝါကိုနမ်းပြီးစိတ်ဖြေနေတဲ့အချိန်မှာ လူမိခံလိုက်ရပြီးအလုပ်သမားက တက်ဒချိသွားပါတော့တယ်။ မသင့်တော်ဘူးဆိုတာသိပေမယ့်လည်း အထိအတွေ့နဲ့စွဲလန်းစိတ်ကိုရုန်းမရနိုင်တဲ့ကာအိုရူးတစ်ယောက် ရှေ့ကိုတိုးသထက်တိုးနေချိန်မှာ ခင်ပွန်းဖြစ်သူ တယ်ရူဟီကိုရဲ့အမှောင်စိတ်ကိုဖွင့်ပေးမယ့်သူတစ်ယောက်ပေါ်လာချိန်မှာတော့..သူတို့နှစ်ယောက်ရဲ့အေးစက်နေတဲ့ အိမ်ထောင်ရေးဟာ ဘယ်လိုအလှုပ်အခတ်အပြောင်းအလဲတွေကြုံဆုံလာမလဲဆိုတာ ဆက်လက်ရှုစားရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(1.5 GB) / (640 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,Romance Duration….01:12:44 Subtitle….Myanmar Subtitle (Hardsub) Encoder….Alvar Translated by Alias

Horror • Drama
0 2016
[18+] The Sweat Collector
The 39 Steps
7.6

ဂန္ထဝင်ရုပ်ရှင်တွေ အကြောင်းပြောမယ်ဆိုရင် Alfred Hitchcock ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်တွေကို ချန်ထားလို့ မရပါဘူး။ သူရိုက်ထားတဲ့ The 39 Steps movie. ကလည်း တစ်ကားလုံး ပဟေဠိဆန်ဆန်ကြည့်ရမယ့် ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ Best Director award ဆုကို 2nd place ကနေရရှိထားတဲ့ movie လေးလည်းဖြစ်ပါတယ်။ အညွှန်း ဇာတ်လမ်း ထဲမှာ ကနေဒါ နိုင်ငံသား ရစ်ချက်ဟန်နေးက လန်ဒန်ကိုလာရောက်နေထိုင်တုန်းမှာ ထူးဆန်းတဲ့ အဖြစ်အပျက်ကြုံခဲ့ရပါတယ် ။ ဗော်ဒါဗယ်လီ ပြပွဲကအပြန်မှာ ရစ်ချက်ဟန်နေးက အန်နာဘယ်လာစမစ် ဆိုတဲ့ ထူးဆန်းတဲ့ မိန်းမတစ်ယောက်နဲ့ တွေ့ခဲ့တယ်။ စမစ်က သူ့သူ့ကိုယ်သူလည်း နိုင်ငံခြားစုံ‌‌ထောက် အေးဂျင့်တွေ လိုက်ဖမ်းတဲ့ စပိုင် ထောက်လှမ်းရေးတစ်ယောက်လို့လည်းပြောခဲ့တယ်။ အဲ့ညမှာပဲ သူက ဟန်နေးရဲ့ ‌အခန်းမှာ သတ်ခံခဲ့ရတယ်။ စမစ်သတ်ခံရမှုအတွက် ဟန်နေးကို လူသတ်တရားခံအဖြစ် သတ်မှတ်လိုက်ကြတယ်။ ဟန်နေးက သူစမစ်ကို သတ်တာမဟုတ်ကြောင်း သက်သေဖို့နဲ့ ဗြိတိသျှ လျို့ဝှက်ချက်တွေ မပေါက်ကြားဖို့ရန်အတွက် ဟန်နေးက စကော့တလန်ကို သွားခဲ့တယ် ။ အဲကိုသွားတဲ့လမ်းမှာ သူက ပက်မလာ ဆိုတဲ့ မိန်းကလေးတစ်ယောက်နဲ့ တွေ့ခဲ့တယ် ။ ဟန်နေးအနေနဲ့ ခြေလှမ်း ၃၉ လှမ်း ဆိုတဲ့အဖွဲ့ ရဲ့ ပဟေဠိကဘာလဲဆိုတာ ဖြေရှင်းဖို့အတွက် တာဝန်ရှိလာပြီး သူအပြစ်မရှိကြောင်း ဘယ်လိုပြသနိုင်မလဲဆိုတာကို ပဟေဠိဆန်ဆန် ကြည့်ရှုရမယ့်ကားလေးပဲဖြစ်ပါတယ်ရှင့်။ ရစ်ချက် ဟန်နေးအဖြစ် Robert Donat ပတ်မလာ အဖြစ် Madeleine Carroll အန်နာဘယ်လာ စမစ် အဖြစ် Lucie Mannheim ပရော်ဖက်ဆာ ဂျော်ဒန်အဖြစ် Godfrey Tearle တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Nway Nway Aung ဖြစ်ပါတယ်။) File size… 4.7 GB / 1.88 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 26m Genre ….. Crime/Thriller/ Mystery Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Nway Nway Aung

Drama • Romance
7.6 1935 86 mins
The 39 Steps