YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Sword And Fairy 6 E15 720p WEB-DL CM.mp4

327.41 MB 720p video/mp4 228 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Nobody's Fool
6.8

ဇာတ်လမ်းအကျဥ်းကတော့ Donald Sullivan(Sully) ဆိုတဲ့အဘိုးကြီးက သူ့သူငယ်ချင်းRubအတူ Carl Roebuckရဲ့ဆောက်လုပ်ရေးလုပ်ငန်းမှာအလုပ်လုပ်ပါတယ်။ အလုပ်လုပ်တုန်းကရခဲ့တဲ့ဒူးဒဏ်ရာအတွက်တရားရုံးကတစ်ဆင့်Carlဆီကလျော်ကြေးကိုလည်းခြေထောက်တစ်ဖက်ပဲရှိတဲ့ရှေ့နေသူငယ်ချင်းနဲ့တောင်းကြတာငြင်းခံရတယ်။ သူ့ရဲ့သားPeterတို့မိသားစုကိုပြန်တွေ့တော့ သူ့မိန်းမနဲ့သားကိုထားခဲ့တဲ့Sullyအတွက် မထင်မှတ်ထားတဲ့တာဝန်တွေကိုကြုံလာရပါတော့တယ်။ အဲ့တစ်ချိန်ထဲမှာပဲ သူ့အိမ်ရှင်အမျိုးသမီးBerylရဲ့သားကSullyကိုအိမ်မှာဆက်မထားဖို့ သူ့အမေကိုတွန်းအားပေးတဲ့အခါ Sullyဘယ်လိုဖြေရှင်းမလဲ Carlရဲ့မိန်းမကိုကြုံရင်ကြုံသလိုအီစီကလီလုပ်ရင်း Carlနဲ့တစ်ယောက်တစ်လှည့်ဘယ်လိုအနိုင်ယူကြမလဲဆိုတာကို ပေါ့ပေါ့ပါးပါးဟာသလေးတွေနဲ့ကြည့်ရမယ့်ကားလေးပါ ဒီကားလေးကအော်စကာနှစ်ဆုအပြင်တခြားဆုပေါင်းများစွာအတွက်လည်းNominationဝင်ထားပါတယ် ဒီဇာတ်ကားရဲ့Directorနဲ့Screenplayကတော့ Kramer vs. Kramer(1979)နဲ့ ScreenplayရောDirectorရော အော်စကာရခဲ့တဲ့Robert Bentonပါ။ ဒါ့အပြင်Bonnie and Clyde(1967)နဲ့Superman(1978)အတွက်ရောတွဲဖက်ရေးပေးခဲ့ပါသေးတယ်။ Sully အနေနဲ့ကတော့အော်စကာဆုရှင်မင်းသားကြီးPaul Newmanနဲ့ Berylနေရာမှာတော့အော်စကာဆုရှင်မင်းသမီးကြီးJessica Tandy၊ Carlအနေနဲ့ကတော့လူတိုင်းသိတဲ့Bruce Willisကသရုပ်ဆောင်ထားပေးပါတယ်။ Sullyရဲ့သားPeterနေရာမှာတော့Superman & Lois မှာ Sam Laneအနေနဲ့သရုပ်ဆောင်တဲ့ Dylan Walshပါ။ File size…(1.9 GB)/(1.1 GB)/(580 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:52:00 Genre...Drama, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Soe Thiha

Crime • Drama • Mystery
6.8 1994 110 mins
Nobody's Fool
Vesper
6.4

~ IMDb - 6.4/10, Rotten Tomatoes - 90% ~ အနာဂတ်မှာ ကမ္ဘာကြီးရဲ့ဂေဟစနစ်ပျက်စီးတော့မှာကို လူသားတွေသိရှိခဲ့ပြီးတော့ အပင်တွေမပျက်စီးဖို့ ကြိုတင်ပြင်ဆင်ခဲ့ကြပါတယ်။ ထိုင်နေတုန်းကအကောင်း ထသွားမှကျိုးမှန်းသိ ဆိုသလို သူတို့တွေစမ်းသပ်ပြင်ဆင်နေတဲ့ အပင်မျိုးစိတ်တွေက ဓါတ်ခွဲခန်းတွေထဲကနေ လွတ်ထွက်သွားပြီး ကမ္ဘာတစ်ခုလုံးဗြောင်းဆန်သွားတော့တာပါပဲ။ နဂိုရှိရင်းစွဲ အပင်နဲ့တိရိစ္ဆာန်မျိုးစိတ်တွေအကုန် မျိုးသုဉ်းသွားတဲ့အပြင် ကမ္ဘာပေါ်မှာလည်း လူသားအနည်းငယ်သာကျန်ပါတော့တယ်။ ကျန်နေခဲ့တဲ့လူသားတွေထဲမှာမှ အထက်တန်းလွှာတွေက Citadel လို့ခေါ်တဲ့ အလုံပိတ်မြို့တော်တွေမှာနေနေကြပြီး ကျန်တဲ့သူတွေကတော့ ခက်ခဲကြမ်းတမ်းတဲ့လောကကြီးမှာ အသက်ရှင်ကျန်ဖို့ ရုန်းကန်ကြရပါတော့တယ်။ ကျွန်တော်တို့ရဲ့ဇာတ်လိုက် ၁၃ နှစ်သမီး ဗက်စ်ပါဟာ ဉာဏ်ကောင်းတဲ့သူ၊ တော်တဲ့ ထက်မြက်တဲ့သူဖြစ်သော်ငြားလည်း အထက်တန်းလွှာမဟုတ်တဲ့အပြင် သူ့အဖေကလည်း အိပ်ရာပေါ်မှာ ပက်လက်ပါ။ မြို့တော်အတွက် စစ်မှုထမ်းရင်း မသန်စွမ်းဖြစ်ခဲ့ရတာကြောင့် ကရုဏာကြေးပေးထားတဲ့ ဒရုန်းလေးကနေတစ်ဆင့်ပဲ သားအဖနှစ်ယောက် စကားပြောဆက်သွယ်ကြရပါတယ်။ မြို့တော်တစ်မြို့နဲ့ကုန်သွယ်နေတဲ့ ဦးလေးတော်သူကလည်း တူမကို ကူညီဖို့နေနေသာသာ ခြေတော်တင်ဖို့အထိ စိတ်ကူးနေတဲ့သူဆိုတော့ ဗက်စ်ပါအတွက် အန္တရာယ်ပတ်လည်ဝိုင်းနေတဲ့ လောကကြီးပါပဲ။ ဒီလိုနဲ့ တစ်ရက်မှာ တောထဲ အစာလိုက်ရှာနေတုန်း အပင်တွေသွေးဝိုင်းစုပ်နေတဲ့ အမျိုးသမီးတစ်ယောက်ကို တွေ့ခဲ့ပြီးတော့ ကယ်တင်ခဲ့ပါတော့တယ်။ သူကယ်တင်ခဲ့တဲ့အမျိုးသမီးက မြို့တော်ကဖြစ်နေပြီးတော့ အဲဒီအမျိုးသမီးက တစ်ယောက်တည်းလာခဲ့တာမဟုတ်ပါဘူး။ အဲဒီကနေ...... ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့ထွက်ရှိထားတာ မကြာသေးတဲ့ Sci-Fi ဇာတ်ကား Vasper မှာ ကြည့်ရှူလိုက်ကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Htet Kyaw Myo မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.14GB, 1.11GB, 710MB Quality - 1080p, 720p, 480p IMDb Rating - 6.4/10 Format - mp4 Duration - 1H 54Min Genre - Adventure, Drama, Sci-Fi Subtitle - Myanmar Subtitle (Hardsub) Translated by Htet Kyaw Myo Encoded by Y

Comedy • Drama • Family
6.4 2022 112 mins
Vesper
Ranga Ranga Vaibhavanga
4.6

ရီရှီနဲ့ ရာဒါဆိုတဲ့ ကောင်လေးနဲ့ ကောင်မလေးနှစ်ယောက်ဟာ တစ်ရက်တည်း အချိန်အတူတူမွေးလာကြတဲ့သူတွေပေါ့ သူတို့ရဲ့အဖေတွေကလည်း ငယ်ပေါင်းကြီးဖော် သူငယ်ချင်း အရင်းခေါက်ခေါက်တွေ သူတို့ကလည်း ငယ်ငယ်ကတည်းက တပူးပူးတတွဲတွဲ ကြီးပြင်းလာခဲ့ကြပြီး တစ်ယောက်နဲ့တစ်ယောက်လည်း သူငယ်ချင်းထက်ပိုတဲ့ သံယောဇဉ်တွေနဲ့ အရမ်းချစ်ကြတဲ့သူတွေပေါ့ ဒါပေမယ့် ချစ်ကြပေမယ့် မာနချင်းပြိုင်ရတဲ့ နေ့တစ်နေ့ကို ရောက်လို့လာခဲ့တယ် အဲဒါကတော့ သူတို့ အလယ်တန်းမှာ ကိစ္စတစ်ခုကြောင့် တစ်ယောက်ပါးတစ်ယောက် ရိုက်လိုက်မိရာက နင်စကားမပြောရင် ငါလည်းမပြောဘူးဆိုပြီး ဖြစ်သွားကြပြီး ကြီးတဲ့အထိ စကားမပြောဘဲ နေလာကြတာ ကောလိပ်ရောက်တဲ့အထိပါပဲ ရင်ထဲမှာတော့ တစ်ယောက်ကိုတစ်ယောက် ဂရုစိုက်တဲ့အချစ်တွေနဲ့ ရှိကြပေမယ့် မာနတွေကြောင့်သာ သူတို့ဝေးကွာနေခဲ့ကြတာပေါ့ အဲဒီလိုနဲ့ အဲဒီလိုအရမ်းချစ်ကြတဲ့ သူတို့နှစ်ယောက်ရဲ့ မာနတွေ ပြိုကွဲသွားစေမယ့်အရာက ဘာဖြစ်မလဲ အခေါ်အပြောမလုပ်ကြတဲ့ သူတို့နှစ်ယောက်မှာ ဘယ်သူက အရင်စကားစပြောတဲ့သူ ဖြစ်မလဲဆိုတာ ဒီကားလေးထဲမှာ မိသားစုဘဝ ဟာသလေးတွေနဲ့ပါ အချစ်ရိုမက်တစ်ရသကို အပြည့်ခံစားပြီး ကြည့်ရှုရမှာပဲဖြစ်ပါတယ် File size…2.9GB / 1.3GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 2m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thet Ko & BpL & Sora

Horror • Science Fiction
4.6 2022 122 mins
Ranga Ranga Vaibhavanga
The Money Pit
6.5

ပေါ့ပေါ့ပါးပါး စခွီထစရာ ရုပ်ရှင်ကားဟောင်းလေးတစ်ကားကြည့်ပြီးတော့ အချိန်ကောင်းလေးတွေ ပိုင်ဆိုင်လိုက်ပါ..။ ဟိုးရှေးရှေးတုန်းကပေါ့ဗျာ..။ အခု ဒီဇာတ်ကားကို ဒေါင်းလုဒ်လုပ်ပြီး ကြည့်မယ့်သူတချို့ မွေးချင်မှတောင် မွေးဦးမယ့်အချိန်တုန်းက..။ ခပ်ငယ်ငယ် မင်းသားဘဝနဲ့ Tom Hanks က 'ငွေယိုပေါက်' လို့ မြန်မာလို အလွယ်တကူ ဘာသာပြန်လိုက်လို့ရမယ့် ရုပ်ရှင်တစ်ကားရိုက်ခဲ့သေးတာပေါ့..။ ဇာတ်လမ်းအကျဉ်းကတော့ ချစ်သူကောင်မလေးရဲ့ အိမ်မှာ ကပ်နေနေရာကနေ အိမ်ပိုင်ရှင်ဖြစ်သူ ကောင်မလေးရဲ့ ခင်ပွန်းဟောင်း ဥရောပကနေ ပြန်ရောက်ချလာတဲ့အခါ Tom Hanks တစ်ဖြစ်လည်း ဝေါ်လ်တာတစ်ယောက် နေစရာ ရှာရတော့တာပေါ့..။ အဖြစ်ကဆိုးတယ်..။ တိုက်ခန်းလေး တစ်ခန်းရှာရာကနေ အချိုအချောင်ဈေးနဲ့ အိမ်တစ်လုံးရလိုက်တဲ့ ဝေါ်လ်တာနဲ့ သူ့မဟေသီတစ်ယောက် ဘယ်လို စခန်းသွားကြမလဲ..? ဒီအိမ်ကိုရော ဘာလို့များ ငွေယိုပေါက် လို့ ခေါ်ရသလဲဆိုတာ ဟာသနှောပြီး ကြည့်ရှုနိုင်တော့မှာပါ..။ ဖြစ်ပျက်သမျှ တလွဲအဖြစ်အပျက်တွေမှာ Tom Hanks ရဲ့ သရုပ်ဆောင် ပိုင်ဆိုင်နိုင်ပုံ မျက်နှာအမူအရာတွေနဲ့ ရောစပ်ပေါင်းထည့်လိုက်တဲ့အခါ တခွိခွိကို ဖြစ်နေစေရမှာ..။ ညဘက်ရောက်မှ အေးအေးဆေးဆေး ကြည့်မယ်ဆိုပြီး အိပ်ရာထဲမှာ မကြည့်စေချင်ပါဘူး..။ လူအိပ်ချိန်ရောက်မှ အသံပြဲနဲ့ အော်ရယ်နေလို့ အိမ်ကလူတွေ ထရိုက်နေရင်တော့ တာဝန်မယူဘူးဗျာ..။ ​ပြီးတော့ ဒီဇာတ်ကားမှာ နောက်ထပ် ပြောစရာရှိတာ အရင်ခေတ်က အမျိုးသမီး သရုပ်ဆောင်ပေါ့..။ တောက်ပြောင်နေတဲ့နှုတ်ခမ်းဆိုးဆေးရွှန်းရွှန်းစိုစိုလေးနဲ့ မိတ်ကပ်က ဒီဘက်ခေတ်ထိ လှနေဆဲ ၊လှတုန်းပါပဲ..။ သရုပ်ဆောင်ထားတာကလည်း ဇာတ်ရုပ်နဲ့ အပိုအလိုမရှိ ၊ ကွက်တိ..။ တကယ်တော့ အညွှန်းအတွက် လိုအပ်လို့သာ ဒီလောက် ပြောပြနေရသေးတာပါ..။ Tom Hanks ဆိုတာ ဘယ်သူ ဘယ်ဝါရယ်လို့ ညွှန်းစရာမလိုပဲ သူ့ဇာတ်ကားရွေးချယ်မှုကိုပဲ ယုံကြည်ပြီးတော့ကို ကြည့်လိုက်လို့ရတဲ့အထိ သူ့အနုပညာသက်တမ်းတစ်လျှောက်မှာ သက်သေပြခဲ့ပြီးပြီပဲ မဟုတ်လား..? ဒါကတော့ ဟိုးတုန်းက ဇာတ်ကားတစ်ကားပါ..။ တောင်းဆိုထားတဲ့သူတွေအတွက် ဟော့ဒီမှာ Tom Hanks ရဲ့ The Money Pit ရပါပြီဗျား..။ အခုပဲ ဒေါင်းလုဒ်ဆွဲလိုက်ပါ..။ File size…(1.73 GB)/(1.23 GB)/(491.93 MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:31:00 Genre...Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Shin Mann Htet Myat

Drama • Mystery
6.5 1986 91 mins
The Money Pit
Something Wicked This Way Comes
6.4

Imdb rating 6.7/10 rotten tomatoes 59% ၁၉၆၂ ခုနှစ်မှာ စာအုပ်အဖြစ်အရင်ဆုံးထွက်ရှိ ခဲ့တာပဲဖြစ်ပြီးတော့ ၁၉၈၃ခုနှစ်မှာ walt disney ရုပ်ရှင်ဇာတ်ကားအဖြစ်ပြန်ထုတ်ခဲ့တာဖြစ်ပါတယ်။ဒီရုပ်ရှင်ကားကို ဒါိရီုက်တာ Jack Clayton က ရိုက်ကူးခဲ့တာဖြစ်ပြီးတော့ အော်စကာ၂ပိုင်ရှင် Jason Robardsအပြင် vidal peterson ၊ shawn carson နဲ့ Jonathan Pryce တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအသွားကတော့ ၁၃နှစ်အရွယ် အချစ်ဆုံးသူငယ်ချင်း၂ယောက်ဖြစ်တဲ့ ဂျင်မ်နိုက်ရှိဒ်နဲ့ ဝီလီယမ် ဟောလိုဝေးတို့က သူတို့နေထိုင်တဲ့အီလီနွိုက် ပြည်နယ် ဂရင်းမြို့ကို တစ်နေ့မှာရုတ်တရက် နယ်ပတ်ပျော်ပွဲရွှင်ပွဲ  တစ်ခုကရောက်လာတဲ့အခါ သူတို့ရဲ့ အိမ်မက်ဆိုးဆန်တဲ့အဖြစ်အပျက်ကို သူတို့  ကြုံတွေ့ခဲ့ရတယ်။အဲ့ဒီ ပျော်ပွဲရွင်ပွဲမှာ ကြောက်စရာကောင်းတဲ့အရာတွေကို ရင်ဆိုင်ရင်းနဲ့ သူတို့နှစ်ယောက်ရဲ့ အကြောက်တရားတွေကို ဘယ်လိုရင်ဆိုင်ကြလဲဆိုတာကို စိတ်ဝင်စားဖွယ်ရိုက်ကူးထားတဲ့ Horror/Fantasyအမျိုးအစားဇာတ်ကားလေးပဲဖြစ်ပါတယ်။ သင်ဟာ disney ရုပ်ရှင်တွေကို ကြိုက်နှစ်သက်တဲ့သူဆိုရင်တော့ ဒီကားလေးဟာ ခါတိုင်း walt disneyကထုတ်တဲ့ ရုပ်ရှင်တွေနဲ့မတူလို့ကြည့်သင့်တဲ့ကားတစ်ကားဖြစ်ပါတယ်တယ် File size…(2.5 GB)/(1 GB)/(500 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:35:00 Genre...Fantasty, Mistery, Thriller, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Phyo Phil

Drama
6.4 1983 95 mins
Something Wicked This Way Comes
Red, White & Royal Blue
8

Red, White, and Royal Blue (2023) 2019 မှာ Casey McQuiston ရဲ့ Red, White, and Royal Blue ဝတ္ထုထွက်လာခဲ့ပါတယ်။ အဲ့ဒီအချိန်ထဲက ရုပ်ရှင်အဖြစ်အသက်သွင်းဖို့ LGBTQ+ တွေ ပရိသတ်တွေအားလုံး အစောင့်စားရဆုံးဇာတ်လမ်းတွေထဲမှာ ဒီ Red, White, and Royal Blue ပါဝင်ခဲ့ပါတယ်။ LGBTQ+ တွေရဲ့အချစ်ရေးက မဖြောင့်ဖြူးပါဘူး၊ လူတွေရဲ့ဝေဖန်မှုတွေကို သာမန်ထက်ပိုခံရပါတယ်ဆိုမှ ဒီအချစ်ရေးမှာပါဝင်နေသူတွေကသာ တကယ့်ထိပ်ခေါင်တွေဖြစ်နေကြရင်ရော။ သူတို့ကတော့ အမေရိကန်သမ္မတရဲ့သား အဲလက်စ်နဲ့ အင်္ဂလန်ရဲ့တော်ဝင်မင်းသား ဟင်နရီတို့ပါပဲ။ အဲလက်စ်က သမ္မတသားဆိုတော့ သူ့အမေပုံရိပ်အတွက် လိုအပ်တဲ့ပွဲတွေတက်၊ ဓာတ်ပုံတွေအရိုက်ခံပေါ့။ ဒါပေမဲ့သူကတကယ်တမ်းတော့ သူ့အမေအတွက်ကမ်ပိန်းမှာ အိုင်ဒီယာတွေပေး နိုင်ငံရေးကိုလေးလေးနက်နက်ပါဝင်ချင်တာပါ။ မင်းသားဟင်နရီကျတော့ တစ်မျိုး။ သူကတော်ဝင်ဘဝကြီးမှာ မွန်းကျပ် ငြီးငွေ့နေတာ။ သူတို့စိတ်နေစိတ်ထားတွေက တော်တော်တူပေမယ့်လဲ နားလည်မှုလွဲနေတာလေးတစ်ခုကြောင့် တစ်ယောက်ကိုတစ်ယောက် တစ်စက်မှကြည့်မရကြပါဘူး။ ဒါပေမဲ့ ဒီနှစ်ယောက််််သား နိုင်ငံရေးအရချစ်ကြည်မှုပြရင်း ခင်မင်မှုတွေချစ်ခြင်းတွေ တည်ဆောက်သွားတာကို တစ်ဆင့်ချင်းမြင်ကြရမှာပါ။ ဒီကားရဲ့ အကောင်းဆုံးအပိုင်းဆိုရင် Chemistry မိလွန်းတဲ့ မင်းသားနှစ်ယောက်လို့ပြောရမှာပဲ။ ရန်ဖြစ်စကားနိုင်လုချိန်မှာလဲ သူတို့ကိုကြည့်ပြီးခွီရသလို လေးနက်ကြပြန်ရင်လဲ သူတို့နှစ်ယောက်အပြင်မရှိပြန်ပါဘူး။ နိုင်ငံရေးနဲ့ပတ်သက်ပြီးလဲ အဲလက်စ်ရဲ့လူငယ်အမြင်နဲ့ ပေါ့ပေါ့ပါးပါးပါဝင်ထားသေးတာမို့ စိတ်ဝင်စားစရာကောင်းသလို နိုင်ငံရေး စာပေ ရုပ်ရှင် အညွှန်းတွေပါဝင်တာကလဲဇာတ်လမ်းကိုပံ့ပိုးပေးပါတယ်။ 3 CNN entertainment ကတော့ "ဒါက နတ်သမီးပုံပြင်လေးပါပဲ ဒါပေမဲ့ဒီဇာတ်လမ်းမှာ အတားအဆီးက မိထွေးကြီးမဟုတ်သလို ကောက်ကျစ်တဲ့စုန်းမကြီးလဲမဟုတ်ဘူး အချစ်စစ်က မင်းသားတစ်ယောက်ထဲမဟုတ်ပဲ နှစ်ယောက်ကိုတွေ့သွားတဲ့အခါ တွေ့ရမယ့်အတားအဆီးတွေပါပဲ" လို့ညွှန်းဆိုထားပါသေးတယ်။ အညွှန်းကိုတော့ Rashida က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Rashida, Mary Christ, Hnin Ei Pai တို့ပဲ ဖြစ်ပါတယ်။

Crime • Drama • Thriller
8 2023 121 mins
Red, White & Royal Blue
Dirty Grandpa
5.9

IMDb Rating (5.9/10) ထိရရှိထားတဲ့ Comedy အမျိုးအစားဇာတ်ကားဖြစ်ပါတယ်။ မြေးတွေထက် ခေတ်ရှေ့ပြေး လန်းနေတဲ့ အဘိုးက ဘဝကိုရိုးရိုးစင်းစင်းဖြတ်သန်းနေတဲ့မြေးတော်မောင်ကို ဘဝဆိုတာ ရိုးစင်းခြင်းထက်ပိုမိုကြောင်း လက်တွေ့ပြတဲ့ ဟာသဆန်ဆန်ဇာတ်ကားပါ။ ဘဝမှာ အမှားတွေရှိမယ်...အမှန်တွေရှိမယ်...ဒါတွေကိုလိုက်ဖက်ညီစွာခံစားဖို့ လွတ်လပ်တဲ့ နှလုံးသားတစ်စုံလိုအပ်ကြောင်း ချပြထားပါတယ်။ အလန်းဇယားဘိုးတော်အဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသားကြီး Robert De Niro ကို The Intern ဇာတ်ကားမှာလဲ အတော်သဘောကျမိသလို ဒီဇာတ်ကားမှာလဲ နှစ်ခြိုက်မိပါတယ်။ Comedy ဇာတ်ကားကြိုက်သူများလက်မလွတ်သင့်တဲ့ဇာတ်ကားပါ။ File size...(854MB)  Quality...WEB-Rip 720p  Format...mp4 Duration....01:41:51 Subtitle....Myanmar Subtitle (Hardsub) Encoder....Nyeinsaeya Aung

Adventure • Comedy • Science Fiction
5.9 2016 102 mins
Dirty Grandpa
Maestro
7.2

Maestro (2023) ~ IMDb – 7.2/10, RT – 80%, Meta – 78% ~ Maestro ဟာ လက်ရှိမှာ American Film Institute ရဲ့ Top Ten Films of The Year စာရင်းဝင်ထားပြီး Bradley Cooper ရဲ့ ဒါရိုက်တာဘဝ ပိုအသက်ဝင်လာစေတဲ့ ရုပ်ရှင်လို့ပြောကြတယ်။ Maestro ကို ကနဦးမှာတော့ ပါရာမောင့်က မာတင်စကောဆဲစီရိုက်ဖို့ ရည်ရွယ်ခဲ့တာဖြစ်ပြီး The Irishman ရိုက်ဖို့ မာတင်ကြီးက ငြင်းလိုက်လို့ စပီးဘာ့ဂ်ရဲ့ Amblin Entertainment လက်ထဲရောက်သွားပြီး ဘရက်ဒလေကူးပါးလက်အပ်လိုက်ပါတယ်။ မာတင်စကောဆဲစီလည်း သူ မရိုက်ဖြစ်ပေမဲ့ စတီဗင်စပီးဘာ့ဂ်နဲ့အတူတူ ပရိုဂျူဆာတော့ ဝင်လုပ်ထားပေးတယ်။ စီနီမာတိုဂရပ်ဖာကတော့ ဒါရန်အာရွန်နော့စကီးရဲ့ Pi (1998), Requiem for a Dream (2000), The Fountain (2006) နဲ့ Black Swan (2010) တို့အပြင် သူ့ကားတိုင်းအားလုံးနီးပါးမှာ စီနီမာတိုဂရပ်ဖာလုပ်ပေးခဲ့တဲ့ Matthew Libatique ပါပဲ။ ကူးပါးရဲ့ ပထမကား A Star is Born မှာလည်း သူပဲ စီနီမာတိုဂရပ်ဖာလုပ်ပေးထားတာပါ။ ဇာတ်ညွှန်းပိုင်းကိုတော့ ဘရက်ဒလေကူးပါးနဲ့ ဂျို့စ်ဆင်းဂါးက ကိုင်ခဲ့တယ်။ ဂျို့စ်ဆင်းဂါးက Spotlight (2015) နဲ့ အော်စကာမှာ အကောင်းဆုံးဇာတ်ညွှန်းဆုရဖူးတဲ့လူလည်းဟုတ်သလို The Post (2017) နဲ့ First Man (2018) တို့ကိုလည်း ဇာတ်ညွှန်းရေးခဲ့ဖူးတယ်။ ဇာတ်ကတော့ ခေတ်တစ်ခေတ်ရဲ့ဂန္ထဝင် ဂီတပညာရှင်တစ်ယောက်ဖြစ်တဲ့ လီယိုနာ့ဒ်ဘန်စတိုင်းအကြောင်းပါ။ သူ့အကြောင်းဆိုတာထက် သူနဲ့ သူ့မိန်းမ တယ်လီဗေးရှင်းမင်းသမီး ဖယ်လီစီယာမွန်တီလက်ဂျ်ရဲ့ ဆက်ဆံရေးအကြောင်းဆို ပိုမှန်မယ်။ အဲဒီဆက်ဆံရေးဆိုတာကလည်း ကျွန်တော်တို့မြင်နေကျတွေလို ကတောက်ကဆတွေချည်း ရိုက်ပြထားတာမျိုးမဟုတ်တာက သူ့ထူးခြားချက်ပဲဖြစ်မယ်။ လီယိုနာ့ဒ်အကြောင်းအရင်ပြောရရင် ဒီဘဲက ဂီတပညာရှင်။ ဘယ်လိုဂီတပညာရှင်လဲဆိုတော့ ဂီတနဲ့ပတ်သက်ရင် အကုန်သူ့နယ်ပယ်ပဲလို့ ခံယူပြီး ဂီတနဲ့ပတ်သက်သမျှ အကုန်လုပ်တဲ့ အကုန်လည်းဟုတ်တဲ့ ဂီတပညာရှင်။ သူက ဂီတမှူး၊ ဂီတစာဆို၊ စန္ဒယားဆရာ၊ ဂီတသင်ကြားသူ၊ ရုပ်ရှင်နောက်ခံတေးစသဖြင့် အစုံ့အစုံအကုန်လုပ်ခဲ့တဲ့သူ။ အမေရိကန်သမိုင်းက အတော်ဆုံး အအောင်မြင်ဆုံး ဂီတသမားတွေထဲက တစ်ယောက်လည်းဟုတ်တယ်။ သူ့ကို နာမည်နဲ့တွဲမသိရင်သာနေမယ်။ ရုပ်ရှင်သမားတွေတော့ သူ့ဂီတနဲ့ကောင်းကောင်းရင်းနှီးကြလိမ့်မယ်။ Elia Kazan ရိုက်ပြီး မာလွန်ဘရန်ဒိုသရုပ်ဆောင်ထားတဲ့၊ Best Picture အထိရခဲ့တဲ့ On the Waterfront ရဲ့ နောက်ခံတေးကို သီကုံးခဲ့တဲ့သူ။ အဲဒီကားနဲ့ သူဆန်ခါတင်လည်းဝင်ခဲ့ဖူးတယ်။ West Side Story မူရင်းကားရဲ့ဂီတပိုင်းကိုရော သူပဲကိုင်ခဲ့သလို လူမရှိတော့ပေမဲ့ စပီးဘာ့ဂ်ပြန်ရိုက်တဲ့အသစ်မှာလည်း သူ့ဂီတကိုပဲ ပြန်သုံးထားတယ်။ ကုန်ကုန်ပြောရရင် ဒီ Maestro ထဲက ဂီတပိုင်းတောင် သူ့ဂီတကိုပဲ ပြန်သုံးထားတာပါပဲ။ လီယိုနာ့ဒ်ဟာ တိုနီဆု ၂ဆု၊ ဂရမ်မီ ၁၆ဆု၊ အမ်မီ ၇ဆု ရခဲ့တယ်။ အော်စကာတော့ မရခဲ့ရှာပါဘူး။ ဒါပေမဲ့လည်း သူ့လိုင်းက ပြဇာတ်နဲ့ဂီတမှူး ဂီတစာဆိုလိုင်းဘက်ပိုသွားတော့ သူလုပ်ခဲ့တာတွေနဲ့ သူရထားတာတွေနဲ့က အံကိုက်တော့အံကိုက်ပါပဲ။ ဘန်စတိုင်းနေရာကတော့ ဘရက်ဒလေကူးပါးကပဲ သရုပ်ဆောင်ထားပြီး သူ့မိန်းမနေရာကတော့ ကာရေးမယ်လီဂန်က သရုပ်ဆောင်ထားတယ်။ Maestro မှာ ကူးပါးဟာ ဘန်စတိုင်းရဲ့ ဘဝဇာတ်ကို သူ့အနုပညာနဲ့ သူ့မိသားစုဘဝ ၂ခုလုံးကို ပြသွားတယ်။ ဒီလိုဆိုပေမဲ့ သူ့မိသားစုဘဝဘက်ကိုတော့ ပိုအလေးပိုလိမ့်မယ်။ ဒီရုပ်ရှင်မှာ ဘန်စတိုင်းရဲ့ အောင်မြင်ခြင်းတွေထက် သူ့မိန်းမဖယ်လီစီယာရဲ့ အချစ်နဲ့နားလည်မှုက သူ့အောင်မြင်ခြင်းကို ဘယ်လိုအရောင်တင်ပေးခဲ့လဲ ပိုအလေးပေးပြသွားတယ်လို့ပြောရမယ်။ ဒါကြောင့်ပဲ မယ်လီဂန်အတွက် သရုပ်ဆောင်ကွက် ပိုရခဲ့သလို သူကလည်း ကောင်းကောင်းကြီး ထုတ်ပြနိုင်ခဲ့တယ်။ ဒီရုပ်ရှင်မှာတော့ ကူးပါးထက်ကို မယ်လီဂန်ရဲ့သရုပ်ဆောင်ပေါက်တွေက ပိုတာသွားတယ်လို့ မြင်တယ်။ ၂၀၀၉မှာ An Education, ၂၀၂၀မှာ Promising Young Woman တို့နဲ့ အော်စကာ ဆန်ခါတင်ဝင်ဖူးခဲ့တဲ့ Carey Mulligan ကတော့ ဒီနှစ်လည်း Golden Globe မှာ မင်းသမီးဆုဝင်ထားသလို Maestro နဲ့ သူ့ကိုရသင့်တယ်အော်နေကြတဲ့ အသံတွေလည်းရှိနေ‌တော့ ဆန်ခါတင်ပဲထပ်ဝင်သွားမလား ရပဲရသွားမလား ကြည့်ရဦးမှာပါပဲ။ လီယိုနာ့ဒ်နဲ့ ဖယ်လီစီယာတို့ရဲ့ သမီးနှစ်ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ ဂျေမီအဖြစ်သရုပ်ဆောင်သွားတဲ့ Maya Hawke ကလည်း အခန်းသိပ်မရပေမဲ့ ပါသလောက်မှာ သဘောကျချင်စရာတော့ကောင်းတယ်။ ဇာတ်လမ်းက လီယိုနာ့ဒ်နဲ့ သူ့မိန်းမကြားက အချစ်လို့ခေါ်မလား မေတ္တာလို့ခေါ်မလား အဲဒီအရာတစ်ခုကိုတော့ ပေါ်လွင်အောင်ပြသွားနိုင်ခဲ့တယ်။ ပြဿနာလုံးဝကင်းတယ်တော့မဟုတ်ပေမဲ့ ချစ်ခြင်းနဲ့အဆုံးသတ်ပြီး သတိရခြင်းနဲ့ ခရီးဆက်နေတဲ့ လီယိုနာ့ဒ်ရဲ့အခြေအနေကိုလည်း ပြသွားတယ်။ ပြောရရင် Maestro တစ်ယောက်ရဲ့ ဘဝပဲ့ကိုင်ရှင်တစ်ယောက်အကြောင်းပဲထားပါတော့။ သေချာတာတော့ သတိရခြင်းနဲ့ ခရီးဆက်နေတဲ့ လူတစ်ယောက်ကိုတော့ ခံစားမိမှာပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.6GB, 1.2GB Quality – 1080p, 720p IMDb Rating – 7.2/10 Format – mp4 Duration – 2H 9Min Genre – Biography, Drama, Music Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.2 2023
Maestro
Laced
5.1

ဒီရုပ်ရှင်က တစ်ကားလုံးကို လူလေးယောက်နဲ့ အိမ်တစ်အိမ်ထဲမှာပဲ ရိုက်ထားပါတယ်။ Charlie နဲ့ Molly နဲ့က မပျော်ရွှင်တဲ့ အိမ်ထောင်ရေးတစ်ခုကို အသက်ဆက်နေကြတာပါ။ Mollyကတော့ Charlieကို ပိုပြီး မုန်းတီးလို့နေပါတယ်။ အဲ့ဒါကြောင့်ပဲ သူ့ယောကျ်ားစားမယ့် ညစာထဲကို အဆိပ်ခတ်သတ်ဖို့ စီစဉ်ခဲ့တာပါ။ သူ့အကြံက သူတစ်ယောက်ထဲ စီစဉ်ထားတာလား? သူ့ကို ကူညီပေးနေတဲ့ ဖုန်းထဲက အမျိုးသမီးရှိပါတယ်။ ဇာတ်လမ်းအစမှာ Mollyက အဆိတ်ခတ်ထားတဲ့ ညစာကို ပြင်ဆင်လို့နေပါတယ်။ သူ့ရဲ့ ခင်ပွန်းဖြစ်သူ Charlieကတော့ ဘောလုံးပွဲကို အားကြိုးမာန်တက် ကြည့်နေတာပါ။ ကြည့်ရင်းနဲ့ ယောက်ဖဖြစ်သူကိုပါ ဖုန်းလှမ်းခေါ်လိုက်ပါသေးတယ်။ နှင်းမုန်တိုင်းထန်နေတဲ့အချိန်မှာ Mollyရဲ့ မောင်အရင်း Austinကလည်း သူတို့ အိမ်ကို ဦးတည်လာနေပါတယ်။ Mollyက သူ့ယောကျ်ားအတွက် အဆိပ်ထည့်ထားတဲ့ပန်းကန်ရယ် သူ့အတွက် ပန်းကန်ရယ်ကို ထားပြီး ဖုန်းသွားဖြေနေတုန်းမှာ ယောကျ်ားဖြစ်သူ Charlieက စားပွဲပြင်ပြီး စောင့်လို့နေတာပါ။ ဒီလိုနဲ့ ဘယ်ပွဲက အဆိပ်ပါမှန်း မသိတော့တဲ့ Mollyက သူ့အကြံအစည်အောင်မြင်ပါ့မလား? ဖုန်းထဲက အမျိုးသမီးကရော သူနဲ့ ဘယ်လိုဆက်ဆံရေးလဲ? ဇာတ်အသွားအလာအေးပေမယ့် thriller ကားကောင်းဖြစ်ပါတယ်။ File size…(1 GB)/(493 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre…Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Leonie

War • Drama • History
5.1 2023 95 mins
Laced
Joram
7.4

Joram (2023) “ဂျိုရမ်” IMDb 7.4 ရထားတဲ့ ဟင်ဒီ thriller ရုပ်ရှင်ကားသစ်ဖြစ်ပြီး ဝေဖန်ရေးဆရာတွေ ရွေးချယ်တဲ့ အကောင်းဆုံးရုပ်ရှင်ဆုနဲ့ သရုပ်ဆောင်ဆုတွေ ဆန်ခါတင်ထားတဲ့ ဇာတ်ကား ဖြစ်ပါတယ် ခေတ်ပျက်တစ်ခုမှာ တည်ထားပြီး အရာရာယိုယွင်းနေတဲ့ အုပ်ချုပ်ရေးနဲ့အတူ ငတ်မွတ်မှုတွေ အာဏာပိုင်တွေရဲ့ လျှို့ဝှက်ချက်တွေ ကြားထဲမှာ ရုန်းကန်ရတဲ့ လူတွေအကြောင်းကို တင်ဆက်ထားတာပဲ ဖြစ်ပါတယ် ဇာတ်လမ်းကို အဓိကဇာတ်ကြောင်းနှစ်ခုနဲ့ တည်ဆောက်ထားပါတယ်… ဖခင်တစ်ယောက် ၃ လသားအရွယ် သမီးလေးကို ပိုက်ပြီး အာဏာပိုင်တွေရဲ့ လက်ကနေ ထွက်ပြေးနေရပုံကို ပြထားပြီး နောက်ထပ် ဇာတ်သွားတစ်ခုမှာတော့ နိုင်ငံရေးတက်ကြွလှုပ်ရှားမှုဇာတ်လမ်းကို ပုံဖော်ထားပါတယ် Dasru တစ်ယောက် ဘာဖြစ်လို့ ထွက်ပြေးနေရလဲ သူ့ရဲ့ အတိတ်က ဘာတွေများ အရှုပ်အရှင်းတွေ ရှိခဲ့လဲ… အာဏာပိုင်တွေရဲ့ ရည်ရွယ်ချက်က ဘာလဲ စတဲ့ မေးခွန်းပေါင်းများစွာနဲ့ ကားလိပ်ချသည့်တိုင် ဇာတ်လမ်းရဲ့ လျှို့ဝှက်ဆန်မှု မပျောက်သွားပဲ သမီးအတွက် အရာရာကို ရင်ဆိုင်မယ့် ဖခင်တစ်ယောက်ရဲ့ သတ္တိကို မြင်တွေ့ရမှာပါ အိန္ဒိယရုပ်ရှင်တွေရဲ့ သမာရိုးကျ ဒိုင်ယာလော့ခ်အခြေခံတဲ့ ရုပ်ရှင်တွေနဲ့ အတော်လေးကွဲထွက်ထားပြီး “အပြောထက် အပြ” ကို ဦးစားပေးဆိုသလို မျက်စိပသာဒဖြစ်ဖွယ် အလှတရားထက် ရက်စက်ကြမ်းကြုတ်တဲ့ လက်တွေ့လောကကို အရှိအတိုင်း တင်ဆက်ထားတဲ့ ဒီဇာတ်ကားလေးကို ပရိသတ်ကြီး ခံစားပေးကြပါဦး အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ် ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

Horror • Drama
7.4 2023 117 mins
Joram
Outlaw Posse
5

လူဖြူလူမည်းခွဲခြားတဲ့ပြဿနာတွေက ဟိုးဘိုးဘေးဘီဘင် လက်ထက်ကတည်းက အခုထက်ထိ မပြီးနိုင်သေးပါဘူး။ မြန်မာနိုင်ငံမှာတော့ သိပ်မသိသာပေမဲ့ အမေရိကန်နိုင်ငံမှာတော့ လူဖြူလူမည်းပြဿနာတွေက အခုထက်ထိပြင်းထန်နေဆဲ ဖြစ် ပါတယ်။ဘာလို့အဲ့လိုဖြစ်ရတာလဲဆိုရင်တော့ ဟိုးအရင်ခေတ်တုန်းက လူဖြူတွေက လူမည်းတွေကို ကျွန်ပြုခဲ့ရာကနေစပါတယ်။ အခုတင်ဆက်ပေးမဲ့ Outlaw Posse ဆိုတဲ့ဇာတ်ကားမှာလည်း လူမျိုးရေးခွဲခြားမှု အရမ်းပြင်းထန်နေတဲ့အချိန် ဖြစ်ခဲ့တဲ့ ၁၉၀၈ ခုနှစ် ကောင်းဘွိုင်ခေတ်ကို အခြေခံပြီးရိုက်ကူးထားတဲ့ လူမည်းသူရဲကောင်း တစ်ယောက်အကြောင်းကိုတင်ဆက်ပြသထားတာကိုတွေ့ရမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာ လူမျိုးရေးခွဲခြားတဲ့လူတွေက အရက်ဆိုင် တစ်ဆိုင်ထဲကိုဝင်လာပြီး ဆိုင်ပိုင်ရှင်အင်ဒီးယန်းလူနီကိုစော်ကား ပုတ်ခတ်ကြပါတော့တယ်။အဲ့ဒီအချိန်မှာဘေးဝိုင်းက လူမည်း တစ်ယောက်ထလာပြီး ကြားဝင်လိုက်တဲ့အခါမှာတော့ အကုန် တိတ်ဆိတ်သွားပါတော့တယ်။ ဘာလို့လဲဆိုတော့အဲ့ဒီလူမည်းကဂန္တဝင်၀ရမ်းပြေးတစ်ယောက် ဖြစ်နေလို့ပါပဲ။လူမြင်ကွင်းကနေပုန်းကွယ်နေတာကြာပြီး အခုမှ ပြန်ပေါ်လာရတဲ့အကြောင်းအရင်းကတော့ အင်ဒီးယန်းတွေရဲ့ တောင်တွေထဲမှာ လူဖြူတွေဖွက်ထားခဲ့တဲ့ရွှေတွေကိုရှာဖို့အတွက် ပါပဲ။ဒါပေမယ့် အဲ့ဒီရွှေတွေကိုလိုချင်နေတာ သူတစ်ယောက်တည်း မဟုတ်ပါဘူး။အိန်ဂျယ်လို့ခေါ်တဲ့ လူဖြူတပ်ကြပ်ကြီးကလည်း အရင်ကတည်းက သူနဲ့ပြိုင်ဖက်တွေဖြစ်ခဲ့ပြီး သူ့ပြိုင်ဖက်ကရွှေတွေကို ရှာနေတဲ့သတင်းကြားတော့ အပြိုင်အဆိုင်ရှာဖို့ကြိုးစားကြတဲ့ ပြိုင်ဆိုင်မှုကြီးတွေအပြင် လူကောင်းတွေကလူဆိုးတွေဖြစ်ပြီး လူဆိုးတွေက တကယ်တမ်းလူကောင်းတွေဖြစ်နေတဲ့အချိန်မှာ ဘယ်လိုအပြောင်းအလဲတွေကိုကြုံတွေ့ရမလဲဆိုတာတွေကို စိတ်ဝင်စားစရာကောင်းအောင်ကြည့်ရှုရမဲ့ဇာတ်ကားကောင်း တစ်ကားပဲဖြစ်ပါတယ်။ File size…2.12GB / 1.14GB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 48m Genre ….. Western Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

5 2024
Outlaw Posse
Low Life
6.1

Low Life (2004) *************** ဘာကိုမှ မကြောက်ရွံ့တတ်ခဲ့တဲ့ ထယ်ဝန်းတစ်ယောက် အနိုင်ကျင့်ခံရတဲ့ သူငယ်ချင်းအစား လက်စားချေဖို့အတွက် Hongik အထက်တန်းကျောင်းကို တစ်က်ုယ်တည်း သွားခဲ့တယ် အနိုင်ကျင့်သူကို ရှာတွေ့သွားပြီး ကောင်းကောင်း ပြန်ရိုက်နိုင်ခဲ့ပေမဲ့လည်း လှည့်အပြန်မှာ မျက်မြင်သက်သေ ကျောင်းသားတစ်ယောက်ရဲ့ ဓားနဲ့ ထိုးတာကို ခံလိုက်ရတယ် .. အဲဒီအခါမှာ ဒေါသတကြီးနဲ့ ဓားထိုးသူအိမ်ကို လိုက်သွားခဲ့ရာ ဓားထိုးသူက သမ္မတရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်း ဘတ်အီဝန်းရဲ့ သားဖြစ်သူ ဆွန်းမွန်း ဖြစ်ကြောင်း သိလိုက်ရတယ် .. ဒါပေမဲ့လည်း ရဲကိုတော့ ဖွင့်မဟခဲ့ပါဘူး အဲဒီ‌နောက်ပိုင်းမှာ ဘတ်အီဝန်းက ထယ်ဝန်းကို သားအနေနဲ့ မွေးစားလိုက်တော့တယ် ဘတ်အီဝန်းဆီမှာ ဟယ်အို့ဆိုတဲ့ သမီးတစ်ယောက်ရှိခဲ့ရာ သမီးဖြစ်သူက ထယ်ဝန်းကို တိတ်တိတ်လေး ရင်ခုန်နေခဲ့တယ် .. အဲဒီနောက် ထယ်ဝန်းက မြောင်ဒုံ‌လူမိုက်ဂိုဏ်းက လူမိုက်တစ်ယောက်ဖြစ်လာခဲ့တယ် တစ်နေ့မှာတော့ မွေးစားအစ်မဖြစ်တဲ့ ဟယ်အို့ အပေါ်မှာ စိတ်မထိန်းနိုင်ဘဲ ချစ်ကြိုးသွယ်မိသွားတယ် .. ဟယ်အို့နဲ့ လက်ထပ်လိုက်တဲ့နောက်မှာ စီးပွားရေး မပြေလည်လာတဲ့အတွက် မကောင်းတဲ့ ဒုစရိုက်အလုပ်တွေ အကုန်လုပ်ခဲ့တယ် ထယ်ဝန်းတစ်ယောက် ဘဝက နိမ့်လိုက် မြင့်လိုက်နဲ့ ခက်ခဲကြမ်းတမ်းနေခဲ့တယ် ဒီလိုနဲ့ တစ်နေ့မှာ မထိသင့်တဲ့ အရာကို သွားထိမိခဲ့ရာက ထယ်ဝန်းတစ်ယောက် ဘယ်လို ဖြစ်လာမလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ကြည့်ရှုအားပေးလိုက်ကြပါဦးနော် .. (အညွှန်းကို Miri မှ ရေးသားပေးထားပါတယ်) File size…5.13GB / 1.48GB Quality… WEB-DL 1080p/ 720p Format…mp4 Duration…. 1 hr. 45 min. Genre ….. Action, Crime, Political Subtitle….Myanmar Subtitle (Hard Sub) Translated by Miri Encoded by AHtet

6.1 2004
Low Life
Alien Hunt
4.3

Alien Hunt (2024) အမ်မလီဟာ မြို့ကြီးပြကြီးက အလုပ်မှာအဆင်မပြေတာကြောင့် နယ်မှာရှိတဲ့ သူ့အိမ်ကိုခဏပြန်လာရင်း အစ်ကိုတစ်သိုက်နဲ့အတူတောအုပ်ထဲကိုစိတ်ပြေလက်ပျောက်အမဲလိုက်ခရီးထွက်ခဲ့ပါတယ်။ အဲ့ဒီအချိန်မှာပဲ သူတို့သွားမယ့်တောအုပ်ထဲမှာ အမျိုးသားအစောင့်တပ်ဖွဲ့အမည်ခံ သိပ္ပံပညာရှင်တစ်ယောက်နဲ့ သူ့လက်ပါးစေအမျိုးသမီးဆာဂျင်တစ်ယောက်တို့ဟာ လျှို့ဝှက်သိပ္ပံစမ်းသပ်မှုတစ်ခုကိုလုပ်ဆောင်နေပြီး တောအုပ်ထဲဝင်လာတဲ့သူတွေကို သူတို့လျှို့ဝှက်ချက်ကိုသိသွားမှာစိုးလို့ နူတ်ပိတ်ရှင်းပစ်တတ်ပါတယ်။ အမ်မလီဟာ အစ်ကိုတစ်သိုက်နဲ့အတူ တောအုပ်ထဲအရောက်မှာတော့ သူတို့လိုက်စရာ အမဲတိရိစ္ဆာန်တစ်ကောင်တစ်မြီးမှမတွေ့ရပဲ အန္တရာယ်ကြီး အင်အားကြီးတဲ့ အမည်မသိသတ္တဝါတစ်ကောင်နဲ့အပြန်အလှန်အမဲလိုက်တမ်းကစားရဖို့ဖြစ်လာပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ပဲဖြစ်ပါတယ်။) File size…(1.9 GB) / (780 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Duration….01:21:18 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Alias

4.3 2024
Alien Hunt
Hot Frosty
5.8

Christmasမှာ ကြည့်ဖို့ Christmasကားလေးတွေရှာနေရင်တော့ 2024မှာထွက်ထားတဲ့ rating5.8ရှိတဲ့ Hot Frosty ဆိုတဲ့ ကားလေးရှိနေတယ်နော်။ ဒီကားလေးကတော့ Hope Spring မြို့လေးမှာမှော်ဆန်ဆန်ဖြစ်ခဲ့တဲ့ အဖြစ်အပျက်လေးကိုရိုက်ပြထားတဲ့ကားလည်းဖြစ်ပါတယ်။ Kathy ဆိုတဲ့မိန်းကလေးတစ်ယောက်ကသူရဲ့ယောကျာ်းဆုံးပါး သွားပြီးကတည်းက ကိုယ့်ဟာကိုယ်တောင်ဂရုမစိုက်နိုင်တော့ဘဲ အလုပ်တွေသာဖိလုပ်နေခဲ့ပါတယ်။ တစ်ခုသောညမှာတော့ သူမက ခန္ဓာကိုယ်တောင့်တောင့်တင်းတင်းနဲ့ နှင်းလူသားရုပ်တစ်ရုပ်ကို သူမရဲ့လည်စည်းအနီလေးစည်းပေးပြီးအိမ်ပြန်သွားခဲ့ပါတယ်။ အဲ့ညအချိန်မှာပဲ နှင်းလူသားရုပ်ဟာ မှော်ဆန်ဆန်နဲ့ အသက်ဝင် ရှင်သန်လာခဲ့ပါတယ်။ နောက်တစ်နေ့မနက်မှာ နှင်းလူသားနဲ့ Kathyတို့တွေ့ကြတဲ့အခါ ဘာတွေဆက်ဖြစ်သွားမလဲ…. ဘယ်လိုအခက်အခဲတွေနဲ့ကြုံတွေ့ရမလဲ…. နှင်းလူသားကလဲအရည်ပျော်သွားမှာလား…. Hot Spring မြို့ရဲ့ရိုးသားနွေးထွေးမှုတွေရယ် ရဲအရာရှိHunterရဲ့မြို့ကို ကြိုးစားပြီးကာကွယ်ပေးချင်တဲ့စိတ်ထားတွေရယ် အချစ်နဲ့မထိတွေ့ ရတာကြာပြီဖြစ်တဲ့Kathyတို့ရဲ့အကြောင်းတွေကို စောင်ထဲကွေးပြီး ကြည့်လိုကောင်းမဲ့ကားဖြစ်တဲ့အပြင် မိသားစုနဲ့ပါကြည့်လို့ရမယ့် ကားကောင်းလေးဖြစ်ပါတယ်။ File size…(1.48GB) / (801MB) Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 32m Genre …..Comedy , Fantasy , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Koo Luu Moo

5.8 2024 90 mins
Hot Frosty
Deck the Walls
5.9

Deck the walls (2024) IMDb Rating (5.9) ဒီဇာတ်လမ်းလေးကတော့ ခရစ္စမတ်vibeအပြည့်နဲ့ ခရစ္စမတ် decorationတွေအများကြီးနဲ့ကိုမှ ဆောင်တွင်းလေးမှာအေးအေးဆေးဆေးကြည့်လို့ကောင်းမဲ့ကားလေးပါ။ ၁၅၀၀အချစ်တင်မကပဲ၅၂၈မေတ္တာတွေကိုပါထည့်သွင်းရိုက်ကူးပြထားတာမို့လို့ မိသားစုလိုက်တူတူကြည့်လို့ရပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အဓိက‌ဇာတ်ဆောင်တွေဖြသ်တဲ့ စဲလ်နဲ့ရိုစ့်ဆိုတဲ့မောင်နှမနှစ်ယောက်ဆီကစမှာပါ။ သူတို့နှစ်ယောက်လုံးဟာ ဆောက်လုပ်ရေးနယ်ပယ်မှာကျွမ်းကျင်ကြတဲ့သူတွေပါ။ စဲလ်ကတော့ဆောက်လုပ်ရေးတစ်ခုပိုင်ရှင်ဖြစ်ပြီး ညီမဖြစ်သူရိုစ့်ကတော့ ချီကာဂိုမှာ သူ့ကိုယ်ပိုင်အိမ်တွင်းအလှဆင်လုပ်ငန်းကိုလုပ်ဆောင်နေသူပါ။ သူတို့မိဘတွေဆုံးသွားချိန်မှာတော့ ရိုစ့်ဟာချီကာဂိုကိုထွက်လာခဲ့တာဖြစ်ပြီးတော့ သူ့အစ်ကိုကတော့ဆိုလန်းဆိုတဲ့မြို့လေးမှာပဲကျန်နေရစ်ပြီး သူ့မိဘခြေရာကိုနင်းခဲ့ပါတယ်။ ဒီလိုနဲ့တနေ့မှာတော့ ခရစ္စမတ်အတွင်းမှာသူတို့မို့လေးရဲ့စံပြဖြစ်တဲ့ကျောင်းအုပ်တစ်ယောက်ကိုမြို့တော်ဝန်ကနေ အိမ်တစ်လုံးပေးဖို့စီစဉ်ခဲ့ပြီးတော့ ဒါကိုစဲလ်ရဲ့ဆောက်လုပ်ရေးကတာဝန်ယူရမှာပါ။ ဒီလိုနဲ့ညီမဖြစ်သူနဲ့အတူတူအတွင်းခန်းအလှဆင်ဖို့အကြောင်းဖန်လာချိန်မှာတော့ ရိုစ့်ကသူတို့ရဲ့အရင်အိမ်ကိုပြန်လာခဲ့ပြီးတော့ ကူညီခဲ့ပါတယ်။ ဒီလိုနဲ့စဲလ်ရဲ့လုပ်ဖော်ကိုင်ဖက်ကတချိန်တုန်းကရိုစ့်ကြိတ်ကြိုက်နေရသူဖြစ်နေပြီး အိမ်ကိုခရစ္စမတ်မတိုင်ခင် ဘတ်ဂျက်အတတ်နိုင်ဆုံးချွေတာပြီး အခက်ခဲတွေကြားကနေ မရရအောင်ပြုပြင်‌တာကို စိတ်ဝင်စားဖွယ်ကြည့်ရမှာမို့လို့ ကိုယ်တိုင်ပဲရှုစားလိုက်ကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ C.M Min Htike ဖြစ်ပါတယ်။) File size…(1.8 GB) / (890 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Romance Duration….01:24:18 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by C.M Min Htike

Drama • Comedy • Romance
5.9 2024 84 mins
Deck the Walls