YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Sweet and Cold E16 CM.mp4

342.47 MB N/A video/mp4 49 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
30 Minutes or Less
5.7

IMDb – 6.1/10 Rotten Tomatoes -45% ချက်ကြီးဟာမူလတန်းကျောင်းဆရာတစ်ယောက်။ ချက်ကြီးဘော်ဒါငှက်ကြီး(နစ်ခ်) ကပီဇာဆိုင်မှာ ဒယ်လ်လီဗာရီပို့တဲ့သူ။ ဒီဘဲနှစ်ပွေကငယ်ငယ်လေးတည်းက ခင်ခဲ့တဲ့ ငယ်ပေါင်းကြီးဖော်တွေ။ တစ်ဖက်မှာလည်း ဘုရင်ကြီးဒွီဝိန်းနဲ့သူ့နောက်လိုက်တပည့်ကျော်ထရားဗစ်ဆိုတာ ရှိသေးတယ်။ချက်ကြီးတို့လို ငယ်ပေါင်းကြီးဖော် တွေပဲ။ ဘုရင်ကြီးတို့က ၁၀၉-၁၁၀ တွေ။ သူ့ဖားသားကြီး အငြိမ်းစားဗိုလ်မှူးအိမ်မှာ လက်တိုလက်တောင်းလေး လုပ်ပြီးခိုကပ် နေတဲ့ဘဲတွေ။ဘိုးတော်ကြီးကထီပေါက်ထားပြီး ထောနေတော့ ၁၀၉-၁၁၀ ကောင်တွေကို ရှယ်ဟောက်တာပေါ့။ အလုပ်မရှိအကိုင်မရှိအာဝါးဒါးရိုက်မနေနဲ့ အဖြစ်ရှိအောင်လုပ် ဘာညာပေါ့ဗျာ။ ဘုရင်ကြီးလည်း ပွားခံရပါများတော့ ဘိုးတော်ကြီးကို ကပ်တိုးလေးအသည်းပေါက်နေတယ်။ မြေနိုးကြီး သေရင် အမွေတွေရမယ် သူလည်းသူဌေးတန်းဖြစ်မယ်ပေါ့။ အဲဒါနဲ့ဘိုးတော်ကြီးကို လုပ်ကြံဖို့အကြံထုတ်တယ်။ ထုတ်တဲ့အကြံထဲမှာ ပီဇာပို့တဲ့ ငှက်ကြီး(နစ်ခ်)က မဆီမဆိုင် သားကောင်ဖြစ်သွားတယ်။ ချက်ကြီး၊ငှက်ကြီးတစ်ဖွဲ့ အကြံကြီးတဲ့ဘုရင်ကြီးတို့ကတစ်ဖွဲ့ ဂတုံးပေါ် ထိပ်ကွက်ဖို့ကြိုးစားကြတာတွေ တခွီခွီနဲ့ကြည့်ရမှာဖြစ်တယ်။ ဒီရုပ်ရှင်မှာ The Social Network, Justice League, Now you see me ဇာတ်ကားတွေမှာပါဝင်တဲ့ Jesse Eisenberg က ငှက်ကြီးအဖြစ်ပါဝင်ထားပြီး Master of None series မှာ နာမည်ကြီးတဲ့ Aziz Ansari က ချက်ကြီးအဖြစ်ပါဝင်ပြီး တခြား ဟောလိဝုဒ်မှာနာမည်ကျော်ဟာသသရုပ်ဆောင်များစွာပါဝင်ထားပါတယ်။ Box Office မှာလည်းဒေါ်လာသန်း၄၀ကျော်ရရှိထားတဲ့ရုပ်ရှင်ဖြစ်ပါတယ်။ File size…1.41GB / 591MB Quality…Blu-Ray 1080p 5.1CH/ 720p Format…mp4 Duration….1h 23m Genre ..... Action , Comedy , Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Kaung Paing

Comedy
5.7 2011 83 mins
30 Minutes or Less
Nymphomaniac: Vol. II
6.8

Rating အမြင့်တွေ၊ ဝေဖန်ချက်ကောင်းတွေချည် းရထားတဲ့ Adult Art flim တစ်ခု ဖြစ်ပြီး နာမည်ကျော်ဒါရိုက်တာ Lars Von Trier ရဲ့ အကောင်းဆုံး လက်ရာ‌တွေထဲက တစ်ကားဖြစ်ပြီး ရှည်လွန်းလို့ နှစ်ကား ခွဲထားရတဲ့ Nymphomaniac Vol-1 ပထမကားရဲ့ အဆက် Volume 2 ပါ။ Volume 1 နောက်ဆုံးမှာ လိင်ပိုင်းဆိုင်ရာ အာရုံခံစားမှုတွေ ပျောက်သွားတဲ့ ကာမစိတ်လွန်ကဲနေတဲ့ ဂျိုးတစ်ယောက် သူ့ရဲ့ ကာမခံစားမှုတွေနဲ့ orgasm ကို ပြန်ရဖို့အတွက် အားသွန်ခွန်စိုက် ကြိုးစားရင်း ဖြစ်လာခဲ့တဲ့ စိတ်ဝင်စားဖွယ်ရာ ဖြစ်ရပ်တွေ၊ ခံစားချက်တွေကို အဘိုးကြီးကို ပြန်ပြောင်းပြောရင်း ရင်ဖွင့်လိုက်ပါတယ်။ သိုင်းချတဲ့အခန်းတွေတော့ အများကြီးမပါတော့ပေမဲ့ ဇာတ်လမ်းကတော့ အရမ်းကိုကောင်းသထက်ကောင်းရင်း ပြီးသွားတဲ့အထိကို ဇာတ်ရှိန်ကျမသွားတဲ့ တကယ်ကိုကောင်းမွန်တဲ့ Art Film တစ်ခုပါပဲ။ ဂျိုးနဲ့အဘိုးကြီးရဲ့စကားဝိုင်းကလည်း တချိန်လုံးနီးပါး စကားလုံးအမြင့်တွေကိုပဲ သုံးထားပြီး လူ့အသိုင်းအဝိုင်းက သတ်မှတ်ထားတဲ့ စံတွေကို ချိုးဖောက်တဲ့ အယူအဆတွေ၊ ရှုထောင့်တွေကို သေသေသပ်သပ် ထည့်သွင်းနိုင်တာကလည်း ဇာတ်လမ်းကို ပိုတောင်ကြွသွားစေပါတယ်။ နာမည်ကျော်မင်းသားကြီး William Dafoe တောင်မှ scene နှစ်ခုလောက် ပါဝင်အားဖြည့်ထားပါတယ်။ ခံစားချက်အမျိုးမျိုးကို ပေးစွမ်းနိုင်တဲ့ သိပ်ကောင်းတဲ့ 21+ကားလေးကိုတော့ လက်လွှတ်မခံဘဲကြည့်ရှုလိုက်ပါတော့။ File Size          : 4.3GB, 1.2GB,495MB Quality            : 1080p Blu-ray AC3 5.1CH, 720p Blu-ray, 480p Format            : mp4, mkv Duration         : 2hr & 4mins Genre              : Adult, Drama Translated by 333 Encoded by DevilDad

Drama • Romance
6.8 2013 124 mins
Nymphomaniac: Vol. II
Aurora Teagarden Mysteries: Something New
6.8

ဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်ဖြစ်တဲ့ Aurora teagarden ဆိုတဲ့ မိန်းကလေးဟာ ဖြစ်ရပ်မှန်မှုခင်းစာပေကို ရူးသွပ်သူတစ်ဦးဖြစ်ပါတယ်၊ သူမအချစ်ဆုံးသူငယ်ချင်းရဲ့ မင်္ဂလာပွဲမတိုင်ခင် ရက်ပိုင်းလေးမှာ သတို့သားက ပျောက်ဆုံးသွားခဲ့တယ်၊ ပျောက်သွားတဲ့ သတို့သားကိုရှာဖွေပေးဖို့ သူငယ်ချင်းက အကူအညီတောင်းလာတဲ့အခါ Aurora လည်း ရဲတပ်ဖွဲ့ကသူငယ်ချင်းဖြစ်သူနဲ့အတူ ကူရှာပေးဖို့ဖြစ်လာခဲ့တယ်၊ စုံစမ်းရှာဖွေကြရာကနေ သတို့သားရဲ့ အိမ်ခန်းလသာဆောင်အောက်မှာ လူသေအလောင်းတစ်လောင်းကို တွေ့ခဲ့ကြတဲ့အခါ... လူသေမှုလား..လူသတ်မှုလား.. Aurora ကရော ဖြစ်ရပ်မှန်မှုခင်းစာပေကရတဲ့ဗဟုသုတတွေနဲ့ ဒီအမှုမှာ ဘယ်လိုတွေကူညီပေးမလဲဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမှာဖြစ်ပါတယ်၊ genre က crime, drama, mystery ဖြစ်ပြီး IMDb rating 6.3/10 ရရှိထားပါတယ် 2015 က စတင်ထွက်ရှိခဲ့တဲ့ Aurora teagarden mysteries series ကို movie အနေနဲ့ ထွက်ရှိလာတာဖြစ်ပြီး လျှို့ဝှက်ဆန်းကြယ် မှုခင်းဖြေရှင်းတာမျိုးတွေ ကြိုက်နှစ်သက်တဲ့သူတွေအတွက် ဇာတ်လမ်းကောင်းလေးဖြစ်တာကြောင့် ကြိုက်နှစ်သက်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်. File size…(1.3 GB)/(553 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….02:00:00 Genre...Drama, Crime, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by N1K

Action • Crime • Thriller
6.8 2023 84 mins
Aurora Teagarden Mysteries: Something New
Antlers
6.3

Story telling ဆိုတာ ​​ရှေးလူကြီး​တွေရဲ့ ဓ​လေ့​တွေ ယဥ်​ကျေးမှု​တွေ ဖြတ်သန်းခဲ့ရတဲ့ အ​တွေ့အကြုံ​တွေကို ​ နောင်လာ​နောက်သား​တွေဆီ ​ပြောပြတဲ့ နည်းလမ်းတစ်ခုပါ။ Storytelling လို့​ပြောတဲ့​နေရာမှာ တကယ့်သမိုင်း​ တွေသာမက fairytale ​တွေ၊ ဒဏ္ဍာရီ​တွေလည်း ပါဝင်တယ်။အဲ့လိုနဲ့ အော်​ရေဂန်​ဒေသက ​ရှေးတိုင်းရင်း အ​မေရိကန်လူမျိုး​တွေရဲ့ ယုံတမ်းပုံပြင်​တွေ အစပျိုးခဲ့တယ်။ ဇာတ်လမ်းအကျဥ◌်းလေးပြောရရင် . . . ဂျူလီရဲ့ အတန်းထဲမှာ ထူးဆန်းတဲ့ လူးကတ်လို့​ခေါ်တဲ့ ခပ်ပိန်ပိန်​ကောင်​လေးတစ်​ယောက်ရှိတယ်။ ဘယ်သူနဲ့မှလည်း အ​ပေါင်းအသင်းမလုပ်သလို အနိုင်ကျင့်တာလည်း ခံ​နေရတယ်။ တစ်​နေ့​ ဂျူလီက ပုံပြင်​ပြောပြဖို့ ​ရေးခဲ့ပါဆိုပြီး အိမ်စာ​ပေးလိုက်တယ်။ တခြားက​လေး​တွေက သာမန် နတ်သမီးပုံပြင်​တွေ ​ပြော​ပေမယ့် အဲ့ကောင်လေးက​တော့ မတူထူးဆန်း​နေတယ်။ "ဝက်ဝံ၃​ကောင်ဟာ ​တောင်​ပေါ်က ​အေးစက်တဲ့ ဂူမှာ​နေတယ် ဝက်ဝံကြီးရယ် ဝက်ဝံ​လေးရယ် ဝက်ဝံ​ပေါက်​လေးရယ်​ပေါ့ ဝက်ဝံကြီးက အားလုံးကို ​စောင့်​ရှောက်ရတာ​ပေါ့ တစ်​နေ့ဝက်ဝံ​လေးပြန်လာ​တော့ ဝက်ဝံကြီးနဲ့ ဝက်ဝံ​ပေါက်​လေးက ထူးဆန်း​နေတယ် ဝက်ဝံကြီးက ​နေမ​ကောင်းဖြစ်​နေပြီး စားစရာ အသားလည်းမရှိ​တော့ဘူး" လူးကတ်​ပြောပြတဲ့ ပုံပြင်ကို ဂျူလီကြားပြီး​နောက် အိမ်တွင်းအကြမ်းဖက်ခံ​နေရတယ် အထင်နဲ့ စိုးရိမ်ပြီး ကိစ္စ​တွေကို စုံစမ်း​ဖော်ထုတ်ရင်း လူသား​တွေရဲ့ ပုံမှန် ပြသာနာ မဟုတ်ဘူးဆိုတာ သိလိုက်ရတဲ့အခါ ဘာ​တွေဆက်ဖြစ်လာမလဲဆို တာကို ရင်ခုန် စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာပါ (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Oleander ဖြစ်ပါတယ်။ File Size - (950 MB)/(520 MB) Quality – WebDL - (720p) / (480p) Duration - 1hr 39min Subtitle – Myanmar Hardsub Format – MP4 Genre :  Drama, Horror, Mystery Translator – Oleander Encoder – SWM

Drama • Mystery • Sci-Fi & Fantasy
6.3 2021 99 mins
Antlers
My True Fairytale
6.3

My True Fairytale (2021) ================== IMDb Rating – 6.3/10 ဒီဇာတ်ကားလေးရဲ့ဒါရိုက်တာဖြစ်သူ D.Mitry ဟာ ကားအက်ဆီးဒင့် တစ်ခုမှာ သူ့ရဲ့၁၇နှစ်အရွယ်သမီးလေးကိုဆုံးရှုံးလိုက်ရပါတယ်။ My True Fairytale ဆိုတဲ့ဇာတ်ကားလေးဟာ သူ့ရဲ့ဆုံးသွားတဲ့ သမီးလေးအတွက် ရည်ရွယ်ပြီး ရိုက်ကူးခဲ့တာပါ။ ဒီဇာတ်ကားလေးထဲမှာ ဒါရိုက်တာဟာ သူ့ရဲ့ နောင်တတွေနဲ့ ပြန်ပေးဆပ်ချင်မှုတွေကို တစ်ထောင့်တစ်နေရာကနေထည့် သွင်းပုံဖော်ထားတာဖြစ်ပါတယ်။ အဓိကဇာတ်ဆောင် အန်ဂျီနဲ့ သူ့bffနှစ်ယောက်ဟာ ကားအက်ဆီးဒင့်တစ်ခု ဖြစ်သွားခဲ့ပါတယ်။ ဒါတကယ့်အပြင်ကအတိုင်းပါပဲ။ သူ့သူငယ်ချင်းနှစ်ယောက်က ဒဏ်ရာကြီးကြီးမားမားမရပေမယ့် အန်ဂျီကတော့ ပျောက်ချင်းမလှပျောက်ပြီး လုံးဝရှာမတွေ့တော့ပါဘူး။ ဒါဟာဇာတ်လမ်းတစ်ခုလုံးရဲ့ကျောရိုးပါ။ ဒါရိုက်တာ အတွက် တကယ့်လက်တွေ့အပြင်မှာ သူ့အတွက် သူ့သမီးလေးဟာ ခန္ဓာကိုယ်ပဲ ပျောက်သွားတာဖြစ်ပြီး သူ့ရင်ထဲမှာအမြဲရှင်သန်နေတယ်ဆိုတာ ပြချင်လို့ဖြစ်ပါ လိမ့်မယ်။ အန်ဂျီဟာ စူပါဟီးရိုးဖြစ်ချင်ပြီးကမ္ဘာကြီးကို ကယ်တင်ချင်နေတဲ့သူတစ်ယောက်ပါ။ ဒါပေမယ့် သူကယ်တင်ချင်တဲ့ကမ္ဘာကြီးဆိုတာ ဘာကိုပြောတာလဲ။ အန်ဂျီဘယ်လို ကယ်တင်မှာလဲ။ သူဘာတွေကိုပြန်ပြင်ချင်တာလဲ။ ဖခင်တစ်ယောက်ရဲ့ လွမ်းဆွတ် တမ်းတခြင်းတွေနဲ့ ပြည့်နှက်‌နေတဲ့ဒီဇာတ်ကားလေးထဲမှာ ဒါရိုက်တာဟာ အရွယ်မတိုင် ခင်သေဆုံးသွားရတဲ့ သမီးလေးရဲ့ဆန္ဒတွေကို နည်းလမ်းတစ်မျိုးလေးနဲ့ ရိုက်ကူးပုံဖော် ထားတာကို ကြည့်ရှုခံစားရမှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်) File Size……….(936 MB) / (368 MB) / (200 MB) Quality…………WebRip 1080p / 720p / 480p Duration………1Hr 26mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama, Mystery, Thriller Translator…….Ngwe Zin Encoder……….SWM

Drama • Horror • Thriller
6.3 2021
My True Fairytale
Alex/October
7.2

Alex/October (2022) ~ IMDb rating – 7.2/10 ~ ဒီဇာတ်လမ်းဟာ ကြေကွဲနေတဲ့ လူကြီးတစ်ယောက်နဲ့ လောကကြီးကို ငြီးငွေ့စိတ်ကုန်နေတဲ့ ကောင်မလေးတစ်ယောက်ကြားက ဇာတ်လမ်း။ အဲလက်စ်ဆိုတာကတော့ အသက် ၄၀ ကျော်အရွယ် အရက်ဖြတ်ထားရသူ တစ်ဦး။ ငြီးငွေ့ဖွယ်အလုပ်တစ်ခု၊ ဖြေမဆည်နိုင်စရာအတိတ်တစ်ခု၊ ကွာရှင်းထားတဲ့ အိမ်ထောင်တစ်ခု… အဲ့ဒါတွေအားလုံးထက်ပိုပြီး ခုထိ မအောင်မြင်သေးတဲ့ ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ခြင်းတစ်ခုနဲ့ ဘဝရဲ့ အဆုံးစွန်ကိုရောက်နေတဲ့ သက်လတ်ပိုင်းအကျပ်အတည်းထဲက လူ။ အောက်တိုဘာကတော့ ၂၀ ကျော်ကျော် အနုပညာကျောင်း နှစ်ဝက်နဲ့ နားထားတဲ့သူ။ အပေါင်းအသင်းတွေနဲ့ ဆိုးသွမ်းလိုက်၊ ကလပ်လေးတက်လိုက်၊ အလုပ်လေးထွက်လိုက်နဲ့ ဒါပေမဲ့ ဘဝမှာ နေထိုင်ရမယ့်အကြောင်းအရင်း တစ်နည်းပြောရရင် ကိုယ့်ကိုယ်ကိုယ် ပျောက်ဆုံးရင်း အနာဂတ်ကို ရှာမတွေ့သူလေး။ အဲလက်စ်က တစ်ရက်မှာ သူ့ကို သတ်ပေးဖို့ လူငှားတဲ့ ပို့စ်တစ်ခု လိုင်းပေါ်တင်ခဲ့ပြီး အောက်တိုဘာလေးက စူးစမ်းလိုစိတ်နဲ့ အလုပ်လက်ခံခဲ့တဲ့အခါမှာတော့ သူတို့ ကိုယ်ပိုင်ဘဝတွေမှာ အံဝင်ခွင်ကျမှုကို ရှာမတွေ့နိုင်ကြတဲ့ စိတ်ပျက်အားလျော့နေတဲ့ လူ၂ဦးကြား ခံစားမှုတွေထိခတ်မိရင်း မီးပွင့်လေးတွေ ထွက်လာပါတော့တယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.8GB, 780MB Quality – 1080p, 720p IMDb Rating – 7.2/10 Format – mp4 Duration – 1H 28Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by Z Encoded by Y

7.2 2022 84 mins
Alex/October
Camp
6.7

မိဘမဲ့ကလေးတွေ စွန့်ပစ်ခံရတဲ့ကလေးတွေ မိဘတွေက ပြစ်မှုကျူးလွန်လို့ ထောင်ကျပြီး ဂရုစိုက်မပေးနိုင်တဲ့ကလေးတွေကို စုပြီး တစ်ပတ်လောက် ပျော်စရာတွေ အားကစားပြိုင်ပွဲတွေနဲ့ အပန်းဖြေကြတဲ့ နွေရာသီစခန်းလေး တစ်ခုအကြောင်းပါ။ အီလိုင့်အမေက ဆေးစွဲနေပြီး အပျော်အပါးတွေ ရည်းစားကိစ္စတွေနဲ့ပဲ အလုပ်ရှုပ်နေပါတယ်။ အီလိုင့်ကို သူ့အခန်းထဲမှာပဲ ပိတ်ထားပြီး နှိပ်စက်တတ်ပါတယ်။ သူ့အဖေကလည်း လူတွေကို လက်ပါတတ်ပြီး ရိုက်တတ်သူတစ်ယောက်ပါ။ ဒီလိုနဲ့ အီလိုင့်ကို လူမှုလုပ်သားတွေက ထိန်းသိမ်းထားလိုက်ပြီး နွေရာသီစခန်းလေးဆီ ရောက်လာပါတော့တယ်။ ခန်မက်သရူးကတော့ ငွေကြေးအကြံပေးတစ်ယောက်ပါ။ သူ့ဖောက်သည် ဖြစ်လာနိုင်တဲ့ မာဂရက် ဆန်းမားဖီးလ် အထင်ကြီးအောင်လုပ်ဖို့ နွေရာသီစခန်းမှာ လုပ်အားပေးတယ်လို့ ညာလိုက်ပါတယ်။ ဒီလိုနဲ့ စိတ်မပါဘဲ Ken တစ်ယောက် နွေရာသီစခန်းကို ရောက်လာပါတော့တယ်။ မိဘတွေဆီက ရခဲ့တဲ့ စိတ်ဒဏ်ရာတွေကြောင့် လောကကြီးကို ဘက်တိုက်နေတဲ့ ဂျစ်ကန်ကန်ကောင်လေး အီလိုင်နဲ့ စိတ်မပါဘဲ စခန်းမှာ လုပ်အားလာပေးတဲ့ ခန်တို့ နွေရာသီစခန်းလေးမှာ ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲဆိုတာကိုတော့ စောင့်ကြည့်လိုက်ကြပါဦးနော် ဘာသာပြန်နဲ့ အညွှန်းရေးသားသူကတော့ Phu Myat Thwe ပါ File size… 2.1 GB / 1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 49m Genre ….. Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by… Phu Myat Thwe

6.7 2013
Camp
Perfect Harmony
6.8

သင်ဟာ တစ်ယောက်တည်းသမား ပြီးတော့ သင်နဲ့ လိုက်ဖက်မယ့် Right person၊ တစ်နည်းပြောရရင် ကိုယ်နဲ့ ကိုက်ညီမယ့် Perfect ဖြစ်တဲ့ Harmony ကို ရှာဖွေနေသူဆိုရင် ဒီရုပ်ရှင်က သေချာပေါက်ကြည့်ရမယ့်ထဲမှာ ပါပါတယ်။ အပိုဆုအနေနဲ့ ပြောရရင် သင်က သင်နဲ့ မတည့်အတူနေ သူငယ်ချင်းလေးကို ချစ်မိနေတဲ့လူဆိုရင် ဒီရုပ်ရှင်ကို လက်လွတ်မခံပါနဲ့။ IMDb ratingကလည်း 6.8တောင် ရထားတာဆိုတော့ ပိုလို့တောင်ကောင်းပေါ့။ ဂျက် ချန်ဒလာနဲ့ ဘာရက် ဝုဒ်ဝက်တို့ ၂ယောက်က မတည့်အတူနေ သူငယ်ချင်း ၂ဦးပါ။ သူတို့ ၂ယောက် ဘယ်လောက်တောင် မတည့်လဲဆိုတော့ တွေ့တာနဲ့ကို တစ်ယောက်နဲ့ တစ်ယောက် ရန်တွေ့လိုက် ရန်ဖြစ်လိုက်ပါပဲ။ ဂျက်က အနားယူထားတဲ့ နာမည်ကျော် အဆိုတော်တစ်ဦးပါ။ ဘာရက်ကတော့ ကဗျာ Phdရထားတဲ့ ကျောင်းမှာ စာသင်ပေးနေတဲ့ ပါမောက္ခတစ်ဦးပါ။ သူတို့မှာ ဆိုင်မွန်နဲ့ နာအိုမီလို့ ခေါ်တဲ့ သူငယ်ချင်း ၂ယောက် ရှိပါတယ်။ ဂျက်နဲ့ ဘာရက်နဲ့က အချင်းချင်း သတ်ရင်းနဲ့သာ အချိန်ကုန်နေကြတာ ဆိုင်မွန်နဲ့ နာအိုမီကတော့ လက်ထပ်ပြီး မင်္ဂလာဆောင်ကြတော့မှာဖြစ်ပါတယ်။ ဂျက်တို့တတွေရဲ့ သူငယ်ချင်းဖြစ်သူ၂ယောက်က မင်္ဂလာဆောင်အတွက် ဂျက်တို့ကို အကူညီတောင်းလာတဲ့အခါမှာတော့ အကူညီပေးဖို့ဖြစ်လာပါတော့တယ်။ ဂျက်နဲ့ ဘာရက်တို့ မင်္ဂလာပွဲအတွက် ကူညီရင်း ဘယ်လိုအလွဲလေးတွေဖြစ်မလဲ …. ဘယ်လို ကတောက်ကဆလေးတွေဖြစ်မလဲ …. သူတို့အချင်းချင်း ညှိနှိုင်းကြရင်း သူတို့၂ယောက်လုံး လိုအပ်နေတဲ့ Perfect Harmony လေးကို ရှာတွေ့သွားကြမလား ….. ဆိုတာကို ဒီရုပ်ရှင်မှာ မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒီ ရုပ်ရှင်က ပေးချင်တဲ့ message ကိုသာ ခံစားမိမယ်ဆိုရင် ဝါကျွတ်ရင် လက်ထပ်ချင်တဲ့စိတ်တွေပါ ပေါက်လာပါလိမ့်မယ်။ Review ရေးတဲ့ လူလည်း Perfect Harmony ကို ရှာတွေ့ချင်ပြီး Reviewကို ဖတ်နေတဲ့ CMပရိသတ်ကြီးလည်း Perfect Harmonyကို ရှာတွေ့နိုင်ကြပါစေလို့ ဆုတောင်းပေးရင်း reviewလေးကို အဆုံးသတ်ပါရစေ။ အညွှန်းနဲ့ ဘာသာပြန်သူက Minn Khant Kyi Win ဖြစ်ပါတယ်။ File size…(1.7 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre…Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Min Khant Kyi Win

Crime • Comedy
6.8 2022 84 mins
Perfect Harmony
Wonka
7.3

Wonka (2023) ~ IMDb – 7.3/10, RT – 82%, Meta – 66% ~ အားလုံးမျှော်နေတဲ့ ချစ်စရာ Willy Wonka ရဲ့ မအောင်မြင်ခင်အရွယ်က Musical ဇာတ်လမ်းလေး လာပါပြီ။ ဒီဇာတ်လမ်းမှာ ဝမ်ကာဟာ ငယ်ငယ်က သူ့အမေနဲ့ ထားခဲ့တဲ့ ကတိတစ်ခု ရည်ရွယ်ချက်တစ်ခုကို ဖြည့်ဆည်းဖို့၊ သူ့ရဲ့ ချောကလက်ပညာတွေကို ထုတ်ပြဖို့ မြို့လေးတစ်မြို့ကို ရောက်ခဲ့ပါတယ်။ အောင်မြင်မှုဆိုတာတော့ လွယ်လွယ်နဲ့ မရနိုင်တာ လူတိုင်းအသိပါ။ အလားတူပဲ ဝမ်ကာဟာလည်း သူ့ရဲ့ ပန်းတိုင်ကို လျှောက်လှမ်းတဲ့ ခရီးမှာ အခက်အခဲတွေ ပြဿနာတွေ ရန်သူတွေ မိတ်ဆွေတွေ ရခဲ့ပါတယ်။ မိမိဘက်က လက်မလျှော့သ၍ အိပ်မက်တွေဟာ ပျက်စီးမသွားဘူးဆိုတဲ့ Message လေးကို အကအလှတွေ မြိုင်ဆိုင်တဲ့ သီချင်းတွေ သီဆိုရင်း Timothée Chalamet က အဓိကဦးဆောင် တင်ဆက်ထားပြီး ဟောလိဝုဒ်ရဲ့ အ‌ကျော်အမော်တွေဖြစ်တဲ့ အော်စကာဆုရှင် Olivia Colman, မင်းသားကြီး Rowan Atkinson နဲ့ Hugh Grant တို့အပြင် ဟာသမင်းသား Keegan-Michael Key ကလည်း ဇာတ်ရံနေရာကနေ အကောင်းဆုံးပါဝင်အားဖြည့်ပေးထားပါသေးတယ်။ ဂန္ထဝင်မင်းသားကြီး Gene Wilder နဲ့ Johnny Depp တို့ရဲ့ အရင်နှစ်ကားက Willy Wonka အတိတ်ဘဝဇာတ်ကြောင်းအစစ်ရယ်မဟုတ်ဘဲ Standalone ခွဲထွက်ထားတာဖြစ်လို့ ဒါကြည့်ဖို့ အရင်ကားတွေကို ကြည့်စရာမလိုပါဘူး။ အဲဒီတော့ ဒီအတိုင်း Musical ကားတစ်ကားအနေနဲ့ပဲ အကအလှတွေ ခံစားနားဆင်လိုက်ကြပါဦး။ (အညွှန်းကို Act Molemy ကရေးသားပေးထားပြီး ဇာတ်ကားကိုတော့ Mr. Anderson နဲ့ Act Molemy တို့က တင်ဆက်ပေးထားပါတယ်) Size – 3.8GB, 1.9GB. 1GB Quality – 4K HEVC, 1080p, 720p IMDb Rating – 7.3/10 Format – mp4 Duration – 1H 56Min Genre – Adventure, Comedy, Family Subtitle – Myanmar Subtitle (Hardsub) Translated by Mr. Anderson & Act Molemy Encoded by Ka Naung

Drama • Crime • Thriller
7.3 2023
Wonka
From the Ashes
5.2

From the Ashes (2024) ဒီကားလေးကိုတော့ ဆော်ဒီအာရေဗျမှာဖြစ်ခဲ့တဲ့တကယ့်အဖြစ်အပျက်တွေကို အခြေခံပြီးရိုက်ကူးထားတယ်လို့ဆိုပါတယ်။ အမျိုးသမီးသီးသန့်ကျောင်းတစ်ကျောင်း မီးလောင်တဲ့အကြောင်း ဖြစ်ပါတယ်။ မီးလောင်နေတုန်း ဆရာမတွေရော ကျောင်းသူတွေရော ဝရုန်းသုန်းကားတွေဖြစ်၊ အဲဒါအပြင်ကို စတိုခန်းထဲမှာပိတ်မိနေတဲ့ ကျောင်းရဲ့စံပြကျောင်းသူလေး အသက်သေဆုံးသွားတာကြောင့် ကျောင်းအုပ်ဆရာမကြီးက တရားခံရှာပုံတော်ဖွင့်တာကို စိတ်၀င်တစားကြည့်ရှုရမှာပါ။ သင်ခန်းစာတွေပါတဲ့ကားတွေကြိုက်တတ်တဲ့ ပရိသတ်တွေအတွက် ဒီကားလေးက‌ရွေးချယ်သင့်တဲ့ကားလေးပါပဲ။ တစ်နာရီခွဲစာအချိန်လေးမှာ ပေးချင်တဲ့မက်ဆေ့ဂ်တွေ သင်ခန်းစာတွေ တပြုံတခေါင်းကြီး ပြွတ်သိပ်ထည့်တာကို အားရပါးရကြည့်ရှုနိုင်မှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.85GB, 745MB Quality – 1080p, 720p IMDb Rating – 5.2/10 Format – mp4 Duration – 1H 32Min Genre – Drama, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Soe Thiri Swe Encoded by Y

5.2 2024
From the Ashes
Galaksi
6.5

Galaksi (2023) ဒီတစ်ခေါက်မိတ်ဆက်ပေးမယ့်ကားလေးကတော့ “ Galaksi “ လို့ခေါ်တဲ့လူငယ်ကြိုက်ကျောင်းသားလူမိုက်ကားလေးဖြစ်ပါတယ် ဂါလက်ဆီ လို့ခေါ်တဲ့ကောင်လေးတစ်ယောက်က Ravispa ဆိုတဲ့ကျောင်းသားတွေချည်းပါဝင်ထားတဲ့လူမိုက်အဖွဲ့ရဲ့ခေါင်းဆောင်ပါ လူမိုက်တွေဆိုပေမယ့် သူတို့တွေဟာ Broken Family ကနေ လာကြတဲ့ စိတ်ဒဏ်ရာကိုယ်စီနဲ့ ကလေးတွေဆိုလည်းမမှားပါဘူး တစ်နေ့မှာတော့ အဖွဲ့ခေါင်းဆောင်ဂါလက်ဆီဟာ သူတို့ကျောင်းက စာကြိုးစားတဲ့ စံပြကျောင်းသူမလေးတစ်ယောက်ကိုစိတ်ဝင်စားမိသွားပါတော့တယ် အဲ့ဒီကျောင်းသူမလေးကတော့ဂါလက်ဆီကိုဆိုရင်လုံးဝကိုကြည့်မရပါဘူး ဒါပေမယ့်တဖြည်းဖြည်းဂါလက်ဆီနဲ့သိကျွမ်းလာပြီး နောက်မှာ သူ့ကိုမမုန်းတော့တဲ့အပြင် ဂါလက်ဆီရဲ့ဘဝလေးကိုပြုပြင်ပေးနိုင်ဖို့ကြိုးစားပါတော့တယ် ဆက်လက်ပြီးတော့ သူမဂါလက်ဆီရဲ့ဘဝကိုပြုပြင်ပြီးလမ်းပြပေး နိုင်ပါ့မလား သူတို့နှစ်ယောက်ရဲ့အချစ်ရေးကချောမွေ့ပါ့မလားဆိုတာကြည့်လိုက်ကြရအောင် အညွှန်း နဲ့ ဘာသာပြန်ကတော့ Thae Thae ပဲ ဖြစ်ပါတယ်။ Genre….. Action, Drama, Romance Quality…. 1080p | 720p File size… 1.4GB | 792MB Format… mp4 Duration…. 1h 58min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Thae Thae Encoder ….. Aaron

6.5 2023
Galaksi
Sometimes Always Never
6.3

ခရစ်ယာန်ကျမ်းစာတွေထဲမှာ ပျောက်သောသားအကြောင်း ရေးသားထားတဲ့ ကျမ်းပိုဒ်တွေ ပါဝင်ပါတယ်။အဲ့ဒီ ပျောက်သော သားဆိုတာက အိမ်ရဲ့စည်းစိမ်တစ်ဝက်ကို ယူကာအိမ်ကနေ ဆင်းသွားပြီး သုံးဖြုန်းလို့ ကုန်တော့မှ အိမ်ကိုပြန်လာတဲ့ သားအကြောင်းပဲ ဖြစ်ပါတယ်။အဖေဖြစ်သူက အဲ့ဒီပျောက်သော သားပြန်လာတဲ့အခါမှာ စိတ်မဆိုးမငြိုငြင်တဲ့အပြင် အိမ်ရဲ့ ကျွဲနွားတစ်ဝက်ကိုသတ်ပြီးစားသောက်ပွဲကြီးလုပ်ပေးတဲ့အပြင် လက်စွပ်တစ်ကွင်းပါ ပြန်လာတဲ့အနေနဲ့ ပေးခဲ့ပါသေးတယ်။ အဲ့ဒီအချိန်မှာ ဘေးနားကနေရပ်ကြည့်နေရတဲ့ လူကတော့ အဖေ့နားမှာပဲ ကျန်ပြီး အစစအရာရာကူလုပ်ပေးခဲ့တဲ့ လိမ္မာတဲ့သားပါပဲ။ အခုတင်ဆက်ပေးမဲ့ Sometimes Always Never ဆိုတဲ့ ဇာတ်ကားကလည်းအဲ့ဒီအကြောင်းအရာကို Live Action ပြန်ရိုက်ထားသလားတောင် ထင်ရပါတယ်။2018 ခုနှစ်က ထွက်ရှိခဲ့တဲ့ ဇာတ်ကားဟောင်းလေးတစ်ကားဖြစ်ပြီး IMDb Rating 6.3 ရရှိထားပါတယ်။ ဇာတ်ကားလေးရဲ့ အကျဉ်းချုပ်ကတော့ အထက်မှာပြောခဲ့ သလိုပဲ အလန်ဆိုတဲ့အဖေမှာ ပီတာနဲ့ မိုက်ကယ်ဆိုတဲ့ သားနှစ်ယောက်ရှိပြီး မိုက်ကယ်ကတော့ ငယ်ငယ်လေးကတည်းက အိမ်ကနေဆင်းသွားပြီး ပျောက်ဆုံးနေခဲ့တာပဲဖြစ်ပါတယ်။ အဲ့ဒီတော့ အလန်ကမိုက်ကယ်ပျောက်သွားတဲ့အချိန်ကတည်းက စပြီး လိုက်ရှာနေခဲ့တာအခုဆိုရင် နှစ်ပေါင်းများစွာကြာခဲ့ပါပြီ။ အဲ့ဒီလို ပျောက်သောသားကို လိုက်ရှာနေရင်းနဲ့ အဖေဖြစ်သူရဲ့ အနွံတာတွေ အားလုံးကို ခံနေရသူကတော့ ပီတာပဲဖြစ်ပြီး သူ့အဖေပြဿနာရှာသမျှ ဒုက္ခပေးသမျှကို ခါးစည်းခံရင်းနဲ့ပဲ သည်းခံနေလာခဲ့တာဖြစ်ပါတယ်။ဒါပေမယ့် အလန်ကတော့ ပီတာ့ကို မမြင်ဘဲပျောက်သောသားကိုပဲ လိုက်ရှာနေရင်းနဲ့ နောက်ဆုံးမှာ ကျမ်းစာထဲကလို ပျောက်သောသားအိမ်ပြန် လာပါ့မလားဆိုတာကို ကြည့်နေကျဇာတ်ကားတွေနဲ့ Feeling မတူပဲ တစ်မျိုးလေးကြည့်ရှုခံစားရမဲ့ ဒရာမာဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ File size…890MB / 363MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 31m Genre ….. Comedy , Drama , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

6.3 2018
Sometimes Always Never
The Killer Inside: The Ruth Finley Story

အသစ်ထွက်ရှိထားတဲ့ ဖြစ်​ရပ်မှန် မှုခင်းဇာတ်ကားလေးဖြစ်ပါတယ်။ Crime/Thriller အမျိုးအစားဖြစ်ပြီး ၁၉၇၀ ကျော်​ခုနှစ်​တွေက အမှန်​တကယ် ဖြစ်ပွား​ခဲ့တဲ့ Ruth Finley ဆိုသူ​ အမျိုး​သမီး​တစ်ဦး​ရဲ့ ဖြစ်​ရပ်​မှန်​ကို ရိုက်​ကူး​ထားတာ​ ဖြစ်​ပါတယ်။ Lois & Clark စီးရီးထဲက Louis Lane အဖြစ် သရုပ်ဆောင်​ခဲ့တဲ့ Teri Hatcher က Ruth Finley အဖြစ်​ ပါဝင်​ထား​ပါတယ်။ ဇာတ်လမ်း​အကျဥ်း​ကတော့​ ၁၉၈၀ မတိုင်မီကာလတွေမှာ အမေရိကန်​ပြည်ထောင်​စု ကန်း​ဆတ်​စ်​ပြည်နယ်​ Wichita မြို့​မှာ BTK killer ဆိုတဲ့ ကွင်း​ဆက်​လူသတ်သမား တစ်ဦး​ သောင်းကျန်းနေခဲ့ပါတယ်။ Ruth ဆိုတဲ့ အမျိုး​သမီး​တစ်ဦးဟာ ခင်​ပွန်း​ဖြစ်​သူ Ed Finley နဲ့အတူ Wichita မြို့​မှာနေထိုင်ပါတယ်။ တစ်နေ့​မှာ ခင်ပွန်း​ဖြစ်​သူ နှလုံး​ရောဂါ​ကြောင့်​ ဆေးရုံ​တင်​လိုက်ရပြီး မကြာခင်မှာပဲ Ruth ဆီကို​ အမည်​မသိ​လူတစ်ဦးကနေ ဖုန်း​ခေါ်ဆို​မှုတွေ၊ ခြိမ်း​ခြောက်​စာတွေ ရရှိလာပါတော့တယ်။ Ruth နောက်​ကိုလည်း​ တစ်စုံ​တစ်​ယောက်​က ထက်ကြပ်​မကွာ နောက်​ယောင်​ခံစောင့်ကြည့်နေသလို ခံစား​မိတာကြောင့် ရဲတိုင်ခဲ့ပေမဲ့လည်း ထူး​ဆန်း​စွာနဲ့ သဲလွန်စ​တစ်ခုမှ ရှာမတွေ့ခဲ့ပါဘူး။ Ruth ကို နောက်​ယောင်​ခံ​လိုက်​နေသူက နာမည်​ကြီး BTK killer ပဲလား၊ တခြား​တစ်ယောက်​လား၊ Ruth တစ်ယောက်​ ဒီလို​ကြုံတွေ့​နေခြင်း​ နောက်​ကွယ်​မှာ အကြောင်း​ရင်းတစ်ခုခုရှိလား ဆိုတာ​ကို စိတ်ဝင်စား​ဖွယ်​ ကြည့်​ရှု​ရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားက​ TV ရုပ်​သံ​လိုင်း​ကနေ ပြသတဲ့ ရုပ်​ရှင်​ဖြစ်ပြီး ဇာတ်​လမ်း​ဇာတ်​အိမ်က ရိုး​ရှင်းပေမဲ့ အချိန်​ပေးကြည့်ရှုလို့ အဆင်ပြေမဲ့ ဇာတ်ကား​တစ်ခုဖြစ်ပါတယ်။ တကယ့်ဖြစ်ရပ်မှန်ကို အခြေ​ခံထားတာကြောင့်လည်း ပိုပြီး​စိတ်ဝင်စား​ဖို့ ကောင်းပါ​တယ်။ File size…(647 MB) Quality….Webdl 720p Format…mp4 Duration….01:27:00 Genre… TV Movie, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Wolfanheim

Horror
0 2024
The Killer Inside: The Ruth Finley Story
The Wind Will Carry Us
7.4

The Wind Will Carry Us (1999) ~ IMDb – 7.4/10, Rotten Tomatoes – 97% ~ Abbas က ဝတ္တုတွေထက် ကဗျာတွေက ခံစားချက်အပေါ် သက်ရောက်မှုပိုများတယ်လို့ ယုံတဲ့လူမျိုးပဲ။ The Wind Will Carry Us ဆိုတဲ့ နာမည်ရော ဒီကားထဲက ကဗျာစာသားတွေကိုရော သူက ကဗျာတစ်ပုဒ်ကနေ ယူသုံးထားတယ်။ Poetic Cinema ဟာ ဇာတ်ကြောင်းပြောရုံသက်သက်ရုပ်ရှင်တွေထက် ခေတ်ရဲ့တိုက်စားမှုကို ခံနိုင်မယ်လို့ သူက ယုံခဲ့တယ်။ သူ့အိမ်က စာကြည့်ခန်းထဲမှာဆိုလည်း ဝတ္တုစာအုပ်တွေဟာ အသစ်ကျပ်ချွတ်လိုကိုဖြစ်နေတယ်တဲ့။ ဝတ္တုတွေကို သူတစ်ခါလောက်ပဲဖတ်ပြီး ဂျောင်ထိုးထားတာမလို့လို့ပြောတယ်။ သူ့ကဗျာစာအုပ်တွေဆို သူထပ်ခါထပ်ခါ ဖတ်လွန်းလို့ ထောင့်ဘက်တွေဆို ပြုတ်ထွက်နေပြီတဲ့။ “ကဗျာက ကိုယ့်ဆီကနေ အမြဲထွက်ပြေးနေတယ်။ ဖမ်းဆုပ်ဖို့ ခက်တယ်။ ဖတ်လိုက်တိုင်း ကိုယ့်စိတ်အခြေအနေကိုမူတည်ပြီး ဖမ်းဆုပ်မိတဲ့အရာက တူမှာမဟုတ်ဘူး။ ဝတ္တုတွေကတော့ ဖတ်လိုက်တာနဲ့ ဖမ်းဆုပ်မိတယ်တဲ့။ ဝတ္တုတိုင်းကိုတော့ မဆိုလိုဘူးပေါ့။ ကဗျာအနှစ်သားဝင်နေတဲ့ ဇာတ်လမ်းမျိုးတွေလည်းရှိသလို ဝတ္တုနဲ့တူနေတဲ့ ကဗျာတွေလည်းရှိတယ်။ ကျောင်းမှာ ကျုပ်တို့ကျက်ရတဲ့ ကဗျာတွေကတော့ ပိုးဖလံတို့ ပင့်ကူတို့ ဘာတို့အကြောင်းရေးထားတာတွေပေါ့။ ဒီကဗျာတွေကတော့ ကျုပ်တို့ကို ကဗျာရဲ့အရသာအစစ်ကို သင်ပေးဖို့ ထည့်ထားတဲ့ ကဗျာတွေတော့မဟုတ်ဘူးပေါ့။ ဒီကဗျာတွေက ကျုပ်တို့ကို ကဗျာကနေတစ်ဆင့် လူကောင်းသူကောင်းတွေဖြစ်လာအောင် လေ့ကျင့်ပျိုးထောင်ပေးဖို့ပါပဲ” လို့လည်း ဆိုခဲ့တယ်။ ဆိုရရင် ဒီစကားကိုကြည့်ရုံနဲ့တင် Abbas က တကယ့်ကဗျာသမားအစစ်လို့ ကျွန်တော်တို့ခံစားမိလောက်တယ်။ သူက ဒါရိုက်တာအပြင် ကဗျာဆရာလည်းဟုတ်တယ်။ သူ့ရုပ်ရှင်တွေကို ကဗျာဆန်ဆန်ရိုက်ချင်တဲ့လူမျိုးပေါ့။ ဒီတော့ ကျွန်တော်တို့အနေနဲ့လည်း သူ့ရုပ်ရှင်တွေကို ကဗျာတစ်ပုဒ်လိုပဲ ဖတ်လို့ရနိုင်မယ်။ Abbas ရဲ့တင်ဆက်ပုံက အင်မတန်ရိုးရှင်းပြီးကို အံ့ဩဖို့ကောင်းတယ်လို့ပြောရမယ်။ ဥပမာ Where Is the Friend’s House? ဆိုတဲ့ ရုပ်ရှင်ဆိုပါစို့။ သူ့ဇာတ်ကြောင်းက ရှင်းရှင်းလေးလိုပဲ။ ကောင်လေးတစ်ယောက် သူ့သူငယ်ချင်းကျောင်းထုတ်ခံရမှာကို စာနာတဲ့စိတ်နဲ့ ဒုက္ခခံပြီး သူ့သူငယ်ချင်းအိမ်ကို မရောက်ရောက်အောင်သွားရှာတယ်။ စာနာတရားအကြောင်း လှလှပပလေးပြသွားတယ်။ ဒါပေမဲ့ တစ်ဘက်မှာတော့ ကောင်လေးရဲ့ မစာနာနိုင်မှုကိုပါ ထည့်ပြသွားတယ်။ ကောင်လေးက လမ်းမှာ အဘိုးကြီးတစ်ယောက်နဲ့တွေ့တယ်။ အဘိုးကြီးက တံခါးတွေကို အနုပညာတစ်ခုလို လုပ်ခဲ့ပေမဲ့ လူတွေက အခုသူ့တံခါးတွေကို ဖျက်ပြီး ခိုင်မာတဲ့သံတံခါးကြီးတွေနဲ့ အစားထိုးနေတာကို မြင်နေရတယ်။ သူ့ကိုစာနာပေးမယ့်သူလည်းမရှိဘူး။ နာကျင်နေရတယ်။ ကောင်လေးက အဘိုးကြီးဆီရောက်လာတော့ ကောင်လေးကို အဘိုးကြီးက သူ့တံခါးတွေကို သူဘယ်လိုလုပ်ခဲ့ကြောင်း၊ ဘယ်မှာသူ့တံခါးတွေရှိသေးကြောင်း၊ မြို့ကိုရောက်ရင်လည်း သူ့တံခါးတွေကို သူလိုက်ရှာသေးကြောင်း၊ ရှာမတွေ့တော့ကြောင်းပြောပြတယ်။ အပြန်ကျ အဘိုးကြီးက ကောင်လေးကို သူလုပ်ခဲ့တဲ့တံခါးတွေကို ပြချင်သေးလို့ တခြားလမ်းက သွားချင်ပေမဲ့ ကောင်လေးက နောက်ကျနေပြီဆိုပြီး ပိုမြန်မယ့်လမ်းကပဲသွားချင်ခဲ့တယ်။ အဘိုးကြီးနှေးနေတာကိုလည်း အားမလိုအားမရဖြစ်နေခဲ့တယ်။ ဒါက ကောင်လေးရဲ့ မစာနိုင်ခြင်းအကြောင်းပဲ။ ကောင်လေးက သူ့သူငယ်ချင်းအတွက်အိမ်စာရေးပေးချင်လို့ မြန်မြန်ပြန်ချင်တာ ဖြစ်နိုင်ပေမဲ့ သူ့သူငယ်ချင်းဝေဒနာထက် အများကြီးပိုကြီးတဲ့ အဘိုးကြီးရဲ့ဝေဒနာကိုတော့ သူနားမလည်လို့ မစာနိုင်ခဲ့ဘူး။ ကျွန်တော့်အမြင်အရတော့ ဒီရုပ်ရှင်က စာနာခြင်းရော မစာနာခြင်းရောမဟုတ်တဲ့ စာနာတရားဆိုတာ ဘယ်လိုမျိုးလဲလို့ မေးခွန်းထုတ်ထားတဲ့ ရုပ်ရှင်ပဲ။ ဒါကို Abbas က ရိုးရိုးလေးနဲ့ ပြသွားတယ်။ The Wind Will Carry Us ကတော့ ဒီထက်နည်းနည်းပို Abstract ပိုဆန်သွားပြီလို့ မြင်တယ်။ The Wind Will Carry Us က တော်တော်လေးပိုဝေဝါးသွားပေမဲ့ ကျွန်တော့်အမြင်အရတော့ “အကျိုး” “အမြတ်” ” အကောင်း” “အဆိုး”တွေအကြောင်းပါပဲ။ အကောင်းနဲ့အဆိုးကို ဘယ်လိုပိုင်းခြားလဲ ငါကောင်းကောင်းမသိဘူး။ ဒွန်တွဲလျက်ရှိနေတယ်လို့တော့ ပြောကြတာပဲ။ ကောင်းတဲ့လူတွေလည်း အမြဲတမ်းမကောင်းနိုင်။ ဆိုးတဲ့လူတွေလည်း အမြဲတမ်းမဆိုးနိုင်။ ဒါပေမဲ့လည်း အကောင်းဘက်ကို ပိုသွားတဲ့လမ်းကြောင်းများစွာကို ငါတို့ကြိုးစားရှာဖွေခဲ့ကြတယ်။ ငါမသိဘူး။ တစ်ခါတလေပေါ့။ လမ်းလွဲခဲ့ကြတယ်။ အားလုံးမကောင်းကြပါဘူး။ ဒါပေမဲ့ အားလုံးအကောင်းဘက်ကို သွားချင်ကြတယ်။ အားလုံးနီးပါးပေါ့။ တစ်ယောက်ကပြောတယ်။ အားလုံးဟာ အကျိုးအမြတ်အတွက်ပဲတဲ့။ ဟုတ်မှာပါ။ ဒါပေမဲ့လည်း ဘာမှမကောင်းတာထက်စာရင် ဘယ်လိုပဲဖြစ်ဖြစ်ကောင်းနေသေးတာကိုက တော်ပါသေးတယ်။ ခင်မောင်ရင် စကားကိုလည်း ငါပြေးမြင်တယ်။ “ဘဝနေရန်အတွက် အနုပညာကိုချစ်ခြင်းသည် လူတစ်ယောက်ကို လူကောင်းဖြစ်စေသည်” တဲ့။ ဒါပေမဲ့လည်း ငါတို့လူ့ဘောင်ရဲ့ စံနှုန်းအရဆိုရင် ဒါလည်းပဲ တော်တော်မှားသွားလိမ့်မယ်။ ဘောင်မရှိတဲ့အနုပညာသမားတွေက ငါတို့လူစံနှုန်းအရတော့ ကောင်းတယ်လို့ လူမြင်စရာဖြစ်နေမှာမဟုတ်ဘူး။ သူ့စံနှုန်း သူ့ရပ်တည်ချက်နဲ့တော့ မသွေဖီကြဘူး။ ထားပါ။ ဘရိတ်လေးတစ်ခုပေါ့။ တစ်ခါတလေ အကျိုးအမြတ်ကိုဦးတည်တဲ့စိတ်ဓာတ်ကို အနုပညာက ဘရိတ်အုပ်ပေးနိုင်လောက်တယ်။ ကောင်းလာတာလည်းဖြစ်နိုင်တယ်။ မကောင်းလာတာလည်းဖြစ်နိုင်တယ်။ တတ်နိုင်သလောက် ကြိုးစားကြည့်ခဲ့ကြပါတယ်။ ဘာမှရစရာမရှိတော့ရင်တောင်မှ အတတ်နိုင်ဆုံးပေါ့။ အားလုံး ခဏလေးပါ။ ကမ္ဘာကြီးမလည်တော့လည်း လိုတာထက်ပိုတာတွေကို မမက်နဲ့ပေါ့။ အကြောက်တရားဟာ ငါတို့ကို အဆိုးဆီ ဦးတည်စေလိမ့်မယ်။ ဘာကိုပဲဆုံးရှုံးရ ဆုံးရှုုံးရ မကြောက်ဖို့ပါပဲ။ ကမ္ဘာဟာ ဘယ်လိုပဲ ကွေ့ကောက်ကွေ့ကောက် ငါတို့သွားရမယ့်ဆီ “လေတွေက ငါတို့ကို ခေါ်ဆောင်သွားလိမ့်မယ်”… (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.35GB, 1.2GB Quality – BluRay 1080p, 720p IMDb Rating – 7.4/10 Format – mp4 Duration – 1H 58Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.4 1999
The Wind Will Carry Us