YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Surely Tomorrow (2025) E02 WEB-DL 720p.mp4

317.31 MB N/A video/mp4 21 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Beverly Hills Chihuahua
5.3

ဒီတစ်ခါမှာတော့ CM ကပရိသတ်ကြီးတို့ရဲ့ Childhood memory လေးတွေကိုတူးဆွပေးမယ့် ဇာတ်ကားကောင်းလေးတစ်ခုကိုတင်ဆက်ပေးလိုက်ရပါတယ်။ ခလိုဝီဆိုတာကတော့ LA Beverly Hills သူဌေးရပ်ကွက်မှာ Gucci တွေ Louis တွေအပြည့်နဲ့ ပိုးမွေးသလိုမွေးခံထားရတဲ့ Rk Chihuahuaမလေးဖြစ်ပြီး အတော်လေးလည်းကြီးကြီးကျယ်ကျယ်နိုင်ပါတယ်။ တစ်နေ့မှာတော့ ခလိုဝီ့သခင်က အလုပ်ခရီးသွားရမှာမို့လို့ ခလိုဝီ့ကို စပ်စလူးစိန်တူမဖြစ်သူနဲ့အပ်ခဲ့မိရာမှာ... ကလပ်တက်ပြီး ဘဲပဲငမ်းနေတဲ့ မမချောကြောင့် ခလိုဝီဟာ မက္ကဆီကိုလိုနိုင်ငံအလန်းစားလေးမှာလမ်းပျောက်ပြီး rk ခွေးဘဝကနေ လမ်းဘေးခွေးလုံးလုံးကိုရောက်သွားရပြီး ကုဋေရှစ်ဆယ်သူဌေးသမီးအကွက်နဲ့ ဗီဇာမပါ လေယာဥ်မစီးဘဲ US ကိုပြန်ရဖို့ အမျိုးစုံကြိုးခုန်ရပါတော့တယ်.....။ 2k born တို့ငယ်ငယ် တစ်ရာဖိုးသုံးခွေခေတ်တည်းက Eng Sub တစ်ဝက်တစ်ပျက်ကိုမှ ဘုမသိဘမသိနဲ့တောင် ကြိုက်လွန်းလို့ ကြည့်ခဲ့ရတဲ့ကားကောင်းလေးမို့လို့ ကြည့်ပြီးရင် နောင်တမရမှာအာမခံပါတယ်နော် ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Hnin Wut Yi ပါ ) File Size__(1.6GB) / (900MB) Quality__BluRay_1080p, 720p IMDb Rating__5/10 Format__mp4 Duration__01:31:00 Type__Adventure, Comedy, Drama Subtitle__Myanmar Subtitle (Hardsub) Translated by Hnin Wut Yi Encoded by Naing Aung Latt

Action • Crime • Drama • Thriller
5.3 2008 91 mins
Beverly Hills Chihuahua
The Babysitter: Killer Queen
6.4

Babysitter : Killer Queen ကတော့ 2017 ကထွက်ရှိခဲ့တဲ့ Babysitter ရဲ့အဆက် ဖြစ်ပါတယ် ဒီဇာတ်ကားလေးမှာဆိုရင်တော့ အဓိကဇာတ်ကောင် ကိုးလ် ဟာ အထက်တန်းကျောင်းသား ဖြစ်နေပါပြီ  ဒါပေမဲ့ လွန်ခဲ့တဲ့ ၂နှစ်က အဖြစ်ဆိုးကြီးကို လူတိုင်းကို ပြောပြလိုက်မိတာကြောင့် ကျောင်းမှာရော အိမ်မှာရော  စိတ်ရောဂါရှိတဲ့ငကြောင်တစ်ကောင်လို သတ်မှတ်ခံနေရပြီး  စိတ်ငြိမ်ဆေးတွေသောက်နေရပါတယ် ဒီလိုနဲ့ တစ်နေ့ ကိုးလ်တစ်ယောက် သူ့ရဲ့ ခရက်ရှ်လေး  မယ်လန်နီနဲ့အတူ ကန်ပါတီကိုသွားဖို့အကြောင်းဖန်လာခဲ့ချိန်မှာတော့ ယခင် ၂ နှစ်က သူ့ရဲ့ အိပ်မက်ဆိုးကြီးကို ပြန်လည်ရင်ဆိုင်ရပါတော့တယ် File Size -  1.1 gb Quality - Web-dl 1080p Subtitle -  burmese Translator - Chuck Chuck Encoder - Thit San Khant

Horror
6.4 2020 101 mins
The Babysitter: Killer Queen
A Dog's Purpose
7.6

ဘေလီ လို့ခေါ်တဲ့ ရွှေဝါရောင် အမဲလိုက်ခွေး အမျိုးအစားလေး က သူ့ကို တကယ်ချစ်ပြီး ကြင်နာပေးတဲ့ အီသန် နဲ့ ဟန်နာ တို့ရဲ့အချစ်တော်ခွေးလေးပေါ့ အီသန် က ဘေလီ ကို Rugby ဘောလုံးလေးနဲ့ကစားနည်းလေးတွေ သင်ပေးခဲ့တယ် တစ်နေ့မှာတော့ အကြောင်းကြောင်းကြောင့် အီသန် နဲ့ ဟန်နာ တို့ လမ်းခွဲ ခဲ့ကြတယ် နောက်ပိုင်း အီသန် ပညာသင်ဖို့ထွက်ခွာသွားခဲ့တဲ့အချိန်မှာတော့ ဘေလီ လေးလည်း သခင်ကို လွမ်းတဲ့စိတ်နဲ့ နေမကောင်းဖြစ်ပြီး ဆရာဝန်တွေက သူ့အတွက် အကောင်းဆုံး ဖြစ်အောင် လုပ်ပေးခဲ့ကြတယ် ဒီလိုနဲ့ ဘေလီဟာ နောက်ဘဝတစ်ခုမှာတော့ ရဲတပ်သား ခွေးလေးဘဝကို ပိုင်ဆိုင်ခဲ့ပြီး သူတတ်စွမ်းသလောက် အခြားလူတွေ နဲ့သူ့ရဲ့သခင်အသစ်ကို ကူညီပေးခဲ့တယ် ဒါပေမဲ့လည်း ဘေလီ ကတော့ အီသန် ကို မေ့လို့မရနိုင်ခဲ့ပါဘူး နောက်ဆုံး ဘဝတစ်ခုမှာတော့ သူတကယ် အကျပ်အတည်းနဲ့ရုန်းကန်ခဲ့ရပါတယ် သူ့ကိုမချစ်တဲ့ သူ့သခင်တစ်ယောက်က စွန့်ပစ်ခဲ့တဲ့ အချိန်မှာတော့ အိမ်မပြန်တော့ပဲ ခြေဦးတည့်ရာထွက်လာရင်း အရင်ဘ၀ သူနဲ့ရင်းနှီးတဲ့ နေရာတစ်ခုကို ပြန်ရောက်လာခဲ့တယ် ဒီအချိန်မှာတော့ သူဟာ အီသန် ကို ရှာတွေ့နိုင်ခဲ့ပါပြီ အီသန် ကတော့ သူ့ကို မသိခဲ့ပါဘူး ဘေလီလေး တစ်ယောက် အထီးကျန်နေတဲ့ အီသန်ကို ဘယ်လိုကူညီမလဲ သူက ဘေလီ ပါဆိုတာကို အီသန် သိအောင် ဘယ်လို ကြိုးစားမလဲဆိုတာတော့ ဇာတ်လမ်းထဲမှာ ကြည့်ရှုလိုက်ကြပါဦး ခင်ဗျာ ဘဝများစွာ ဖြတ်သန်းခဲ့ရပေမဲ့ သခင်ကို ချစ်တဲ့စိတ် သခင်အပေါ်သံယောဇဉ်ကြီးတတ်တဲ့ ခွေးလေးတွေ ရဲ့အကြောင်းကို ရိုက်ကူးထားတာတဲ့ ဇာတ်လမ်းလေးဖြစ်တာကြောင့် CM ပရိသတ်တွေထဲကမှ တရိစ္ဆာန်ချစ်သူလေးတွေ သဘောကျ နှစ်သက်ကြလိမ့်မယ် ထင်ပါတယ် (ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်သူကတော့ Carey Nyein ပဲဖြစ်ပါတယ်) File Size : 850 MB /300 MB Quality :  Bluray 720P Running Time : 1hr 40minutes Format : Mp4 Genre :    Action, Comedy,Drama Encoder : Thanhtike Zaw

Action & Adventure • Animation • Sci-Fi & Fantasy
7.6 2017 100 mins
A Dog's Purpose
Clue
7.2

Clue (1985) ~ IMDb – 7.2/10, Rotten Tomatoes – 68% ~ Clue ဟာ board game ကို Inspiration ယူပြီး ပြန်ရိုက်ထားတဲ့ ရုပ်ရှင်ပါ။ နည်းနည်းတော့ ဆန်းတယ်မလား။ ပုံမှန်ဆို ရုပ်ရှင်ကိုမှ board game ပြန်လုပ်ကြတာမလား။ ဒီရုပ်ရှင်ဟာ တကယ့် ကလပ်စစ်ဂကြောင် ရုပ်ရှင်ပါ။ ဘာလို့ဆို သူဆန်းတာက ဒီလောက်တင်မဟုတ်ဘဲ စုံထောက်ကားကိုမှ ဟာသကားဖြစ်အောင်ရိုက်ထားတာလည်း ပါတာကိုး။ တကယ့် ကကြိုးကကြောင်ဇာတ်ဝင်ခန်းတွေနဲ့ ရယ်လည်းရယ်ရ စိတ်ဝင်စားဖို့လည်းကောင်းတဲ့ ရုပ်ရှင်ပါပဲ။ ဇာတ်လမ်းစစဖွင့်ချင်းမှာ အိမ်တစ်အိမ်ကို လူ့နယ်ပယ်နဲ့ သူ နာမည်ကြီးတဲ့ နာမည်ကျော်လူတွေကို ဖိတ်ခေါ်လိုက်တယ်။ နာမည်ပျက်ခံလို့မရတဲ့သူတွေချည်းပေါ့။ သူတို့အားလုံးမှာ တူညီတာက ငွေညှစ်ခံနေရတဲ့တစ်ချက်ပဲ။ အဲဒီငွေညှစ်ခံရတာကို ဖိတ်ခေါ်တဲ့သူက ဘယ်လိုသိလဲ ဘာလဲညာလဲ အဖြေရှာရင်း လူသတ်မှုတွေဖြစ်လာတယ်။ အဲဒီလူသတ်မှုကို သူတို့ ကြားထဲပဲ ပြန်အဖြေရှာတယ်။ ဒါပါပဲ။ ဘုတ်ဂိမ်းကို ပြန်ရိုက်ထားတာဆိုတော့ ဘုတ်ဂိမ်းဆန်ဆန် ဇာတ်လိုက်လည်းမပါသလို ကစားသမားတိုင်းက အဓိကပါပဲ။ ဘုတ်ဂိမ်းကစားသလိုကို ကစားသမားတွေရဲ့ စောက်တလွဲတွေ ဖြစ်ချင်သလိုဖြစ်နေတာတွေနဲ့ ခွီရမယ့် လူသတ်မှုအဖြေရှာတဲ့ စောက်တလွဲဇာတ်လမ်းပါပဲ။ သေချာတာကတော့ ဘာပဲဖြစ်ဖြစ် ခင်ဗျား ပထမ၁၅မိနစ်လောက်ကို ကြည့်ကြည့်ပါ။ ခင်ဗျားစိတ်က ဒီဇာတ်လမ်းပြင်ပကို ဘယ်လိုမှမထွက်နိုင်တော့ဘူး ဖြစ်သွားပါလိမ့်မယ်။ ဒီလိုဆွဲဆောင်မှုရှိတဲ့ ဂကြောင်ဇာတ်လမ်းပါ။ သူ့ဆန်းပုံက ဒါတင်ပဲမဟုတ်သေးဘူးရယ်။ ပါရာမောင့်ရဲ့ စောက်စားအကွက်ကြီးလည်း ဒီရုပ်ရှင်ရဲ့ကြောင်နိုင်အားကို ပိုဆန်းသစ်စေခဲ့ပါတယ်။ ဒီရုပ်ရှင်ရုံတင်တုန်းက ပါရာမောင့်က တစ်ချို့ရုံတွေက ဇာတ်သိမ်းတစ်မျိုး တစ်ချို့ရုံတွေတစ်မျိုးနဲ့ ဇာတ်သိမ်း၃ခု သုံးခဲ့ပါတယ်။ ဇာတ်သိမ်းသုံးခုလုံးကို သိချင်ရင် လက်မှတ်၃ခါပြန်ဝယ်ပြီး ရုံတွေလိုက်ပတ်ကြည့်ရအောင်လုပ်ထားတဲ့ ပါရာမောင့်ရဲ့ မဟာစီးပွားရေးအကွက်မြင်မှုကြီးပေါ့။ ဒီလိုနဲ့ ဒီရုပ်ရှင်ဟာ သမိုင်းတွင်တဲ့ ရုပ်ရှင်ဖြစ်ခဲ့တာပါပဲ။ ကလပ်စစ် ဂကြောင်ကားကြီးပေါ့။ ဒီမှာတောာ့ ဇာတ်သိမ်းသုံးခုလုံးကို ပြထားသလို ကိုယ့်စိတ်ကြိုက်ဇာတ်သိမ်းကိုလည်း ရွေးလို့ရပါတယ်။ ကျွန်တော်ကတော့ ပထမဇာတ်သိမ်းကို အကြိုက်ဆုံးပါပဲ၊ ဆက်စီကျပြီး လန်းလို့ပါ။ ရော်ဂျာအတ်ဘတ်ကတော့ ၃ခုလုံးကြည့်ရအောင်တန်တဲ့ကားမဟုတ်ဘူးပြောပေမဲ့ ကျွန်တော်သာ အဲဒီခေတ်မှာ ပတ်ကြည့်မှ ၃ခုလုံးကြည့်ရမယ်ဆို ကြည့်မိမှာတော့ အမှန်ပါပဲ။ ဟာသဖြစ်အောင်ရိုက်ထားလို့ ကြောင်သလို ပဟေဌိလည်းဆန်တဲ့ တကယ့်စုံထောက်ဇာတ်ကောင်းလည်းဟုတ်ပါတယ်။ သရုပ်ဆောင်တွေ ပြောင်မြောက်တာကလည်း တစ်ပိုင်းပေါ့။ ဆက်စီကျတဲ့ သရုပ်ဆောင်ကလည်းကျတယ်။ စောက်တလွဲတွေချည်းအကုန်ပတ်လုပ်ကြတာတွေကလည်း တကယ်အသက်ဝင်ပါတယ်။ ဒီဗရုတ်သုတ်ခတွေကိုက ဒီဇာတ်လမ်းရဲ့ အားသာချက်ပဲလို့ ဆိုရပါမယ်။ နာမည်ကျော်ဘုတ်ဂိမ်းကြီးကို သရုပ်ဆောင်တွေက အသက်ဝင်အောင်လုပ်ပေးခဲ့တဲ့ ကလပ်စစ် ဂကြောင်ကားအဆန်းကြီးကို ကြည့်ချင်ရင်တော့ ထူးထူးခြားခြား ဒီ Clue ဆိုတဲ့ကားကို ကြည့်ကြည့်ကြပါ။ အင်တာတိန်းလည်း တော်တော်ဖြစ်သလို အချိန်လည်းသိပ်မပေးရတဲ့အပြင် ကလပ်စစ်အရသာကိုပါ ခံစားနိုင်မယ့် ရုပ်ရှင်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.4GB, 704MB Quality – 1080p, 720p IMDb Rating – 7.2/10 Format – mp4 Duration – 1H 34Min Genre – Comedy, Crime, Mystery Subtitle – Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

Crime • Drama • Thriller
7.2 1985 94 mins
Clue
The Cold Light of Day
4.9

ဘရုစ် ဝီလီ နဲ့ စူပါမန်းမင်းသား ဟင်နရီကဗေးလ်တို့ သားအဖအဖြစ် သရုပ်ဆောင်ထားတဲ့ အက်ရှင်ကားကို ကြည့်ဖူးပြီလား။ မကြည့်ဖူးသေးရင် ဒီမှာကြည့်လို့ရပါပြီ။ ဒီရုပ်ရှင်ထဲမှာ ဟင်နရီက ကုမ္ပဏီလေးတစ်ခုကို ဦးစီးနေတဲ့ စီးပွားရေးသမားတစ်ယောက်ပါ။ သူ့အဖေ ဘရုစ်ကတော့ သံရုံးမှာ ယဉ်ကျေးမှုနဲ့ဓလေ့ထုံးတမ်းဆိုင်ရာကိုယ်စားလှယ်အနေနဲ့ အလုပ်လုပ်နေတဲ့သူပေါ့။ တစ်ရက်မှာတော့ စပိန်နိုင်ငံ၊ မက်ဒရစ်မြို့မှာ မိသားစုတွေ အားလပ်ရပ် အပမ်းဖြေဖို့ ချိန်းကြတာကြောင့် အဖေနဲ့မတည့်ပေမဲ့ မအားတဲ့ကြားက အရောက်လာပေးခဲ့ပါတယ်။ ရောက်လာပြီးတဲ့အချိန်မှာတော့ သူ့အဖေရဲ့ ဇာတ်ရှုူပ်တွေကြားထဲမှာကြားညပ်သွားပြီး ကြောက်စရာအဖွဲ့အစည်းတွေနဲ့ ရင်ဆိုင်ရပါတော့တယ် File size…(1.82GB/(945MB)/(487MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:33:00 Genre…Action / Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr. Anderson

Action • Comedy
4.9 2012 93 mins
The Cold Light of Day
Taxidermia
6.8

အခုမိတ်ဆက်ပေးချင်တာက သာမာန်ဇာတ်ကားပုံစံနဲ့မတူကွဲထွက်နေတဲ့ ဟန်ဂေရီကားလေးတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ မျိုးဆက်သုံးဆက်ရဲ့ ယောက်ျားသုံးယောက်စီမှာရှိတဲ့ မတူညီတဲ့အမူအကျင့်တွေနဲ့ မတူညီတဲ့ စိတ်အားထက်သန်မှုတွေကို အနှစ်ကျကျရိုက်ကူးထားတာပါ။ ပထမဆုံးမျိုးဆက် အမျိုးသားက အင်မတန်နှာဘူးထတဲ့ကျော်ကြီးပါ။ သူ့ကမ္ဘာမှာ မိန်းမမရှိရင် မရှင်သန်‌နိုင်လောက်တဲ့အထိ တဏှာရမက်ကြီးမားလွန်းတဲ့သူဖြစ်ပါတယ်။ ဒုတိယမျိုးဆက်ဖြစ်တဲ့သူ့သားကတော့ အစားအင်မတန်ကြီးလွန်းသူဖြစ်ပြီး အစားအသောက်ပြိုင်ပွဲတွေမှာ ထိပ်တန်းအဆင့်ရှိသူတစ်ယောက်ဖြစ်ပါတယ်။ ပြီးတော့ သူ့ရဲ့သားနောက်ဆုံးမျိုးဆက်ကတော့ အသက်မရှိတော့တဲ့ အကောင်တွေကို အစာသွပ်ပုံသွင်းတဲ့ ပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ သူဟာ သူ့အလုပ်မှာ တစ်ဖက်ကမ်းခတ်ကျွမ်းကျင်သူဖြစ်တာကြောင့် သာမာန်အစာသွပ်ပညာရှင်တွေ မလုပ်နိုင်တဲ့ကိစ္စမျိုးတွေကို သူ့ကိုပဲ လာအပ်ကြရပါတယ်။ ဒီ မြေးအဖိုးအရင်းတွေရဲ့ မတူညီတဲ့ခံယူချက်၊ စိတ်ထား၊ ဝါသနာနဲ့ အလုပ်အကိုင်တို့ကို စိတ်၀င်စားစရာကောင်းအောင်ရိုက်ကူးထားတာကြောင့် အက်ရှင်တွေ၊ ဒရာမာတွေကနေ ခဏအနားယူလိုသူတွေ ကြည့်သင့်တဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ လိင်ပိုင်းဆိုင်ရာတွေ၊ အော်ဂလီဆန်စရာတွေ ပါ၀င်တာကြောင့် ရွံတတ်သူ၊သွေးကြောက်သူတွေကြည့်မယ်ဆိုရင် သတိထားသင့်ပါတယ်။ File size…699.3MB Quality…WEB-Rip 720p Format…mp4 Duration….1h 31m Genre ….. Comedy , Drama , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jaka

6.8 2006 91 mins
Taxidermia
The Chalice of Blood
5.6

The Chalice of Blood (2022) အခု မိတ်ဆက်ပေးမယ့် ဇာတ်ကားကတော့ ၂၀၂၂ ခုနှစ်မှထွက်ရှိထားတဲ့ စစ်ကားပဲဖြစ်ပါတယ်။ ၁၉၄၃ ခုနှစ်မှာ ဗာတီကန်ဘုန်းတော်ကြီးတစ်ယောက်ကနေ ခွင်ဆင်ထားတဲ့ဇာတ်အပေါ်ကို ဖင်လန်စစ်သားတွေကနေ ကြိုးကိုင်ခံလိုက်ရတဲ့အ‌ကြောင်းပါ။ ဒီဇာတ်ကားရဲ့ မင်းသားဖြစ်တဲ့ မီလီကော့ဗ်စကီဟာဆိုရင် စစ်ရေးကနေပြန်လာပြီး မိန်းမယူဖို့အတွက် တပ်ကနေထွက်တော့မယ့် အချိန်ဆဲဆဲမှာပဲ ဇာတ်လမ်းလေးက စပြီးအကြောင်းဖန်လာတာဖြစ်ပါတယ်။ ဇာတ်လမ်းရဲ့ အဓိကသော့ချက်ဖြစ်တဲ့ တန်ဖိုးကြီးဖလားတော်ကို မင်းသားတို့တစ်သိုက်လိုက်ရှာဖွေရင်း ဘယ်လိုအတွေ့အကြုံသစ်တွေနဲ့ ရင်ဆိုင်ကြုံတွေ့ရမလဲဆိုတာကို စိတ်လှုပ်ရှား ကြည့်ရှုရမယ့် ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းက ဂျာမန်နဲ့ ဖင်လန်စစ်‌တပ်တွေရဲ့ စစ်တိုက်ပုံတွေ၊ တပ်တွင်းထဲမှာ အတွင်းရေးတွေကို ဘယ်လိုကိုင်တွယ်လေ့ရှိလဲ… အဲဒါအပြင်ကို စစ်သားတစ်ယောက်ဖြစ်ရတဲ့ ကောင်းကျိုး ဆိုးကျိုး အားသာချက် အားနည်းချက်တွေကိုပါ ကွက်ကွက်ကွင်းကွင်းဖော်ပြထားတာမို့လို့ ဗဟုသုတတွေပါ တစ်လှေကြီးရမယ့်ဇာတ်ကားဆိုလည်း မမှားပါဘူး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.75GB, 710MB Quality – 1080p, 720p IMDb Rating – 5.6/10 Format – mp4 Duration – 1H 30Min Genre – Action, Drama, War Subtitle – Myanmar Subtitle (Hardsub) Translated by Mark Encoded by Y

Drama
5.6 2022 91 mins
The Chalice of Blood
[18+] Beauty Salon: Special Service 2

(18+)Beauty Salon Special Service 2 (2018) အလှပြင်ဆိုင်တစ်ခုက သာမန်မြင်နေကြ ဆံပင်ညှပ်ပေးရုံတင်မဟုတ်ပဲ ယောကျ်ားလေးသီးသန့် အထူး ဝန်ဆောင်မှုပေးတဲ့ အကြောင်းရိုက်ကူးထားတဲ့ ကိုရီးယား 18+ဇာတ်လမ်းလေးပဲဖြစ်ပါတယ် Beauty Salon 1 မှာ တုန်းကနဲ့မတူတဲ့ သရုပ်ဆောင်တွေနဲ့ တမူထူးတဲ့ ရှယ်ကောင်း service တွေဘယ်လိုပေးတယ်ဆိုတာ ဒီဇာတ်လမ်းမှာခံစားကြည့်ရှုရမှာပါ ပိုက်ဆံရှာဖိုအတွက် အရင်အလှပြင်ဆိုင်ဟောင်းကို လက်လွှယူလိုက်တဲ့ သူဌေးမ လှလှရယ် ဝန်ထမ်းကောင်မလေးရယ်က ရေခဲချောင်းစားနည်း သင်တန်းနဲ့ ငွေရှာနေတုန်း သူတိုစျေးကွက်ကို ဖြတ်လုမယ့် ကျွမ်းကျင် ဝန်ထမ်း ဆရာမကြီးရောက်လာတဲ့ အခါဘယ်လိုတွေ ဆက်ဖြစ်မယ်ဆိုတာကို ဇာတ်လမ်းလေးနဲ့ကြည့်ရမှာပါ လေ့လာစရာအကွက်တွေ စုံသလို အလှပြင်ဆိုင်က မမကြီးတွေ ဘယ်လို ကျွမ်းကျင်နည်းတွေနဲ့ ယောကျ်ားလေးတွေကို ဆွဲဆောင်မလဲဆိုတာ လေ့လာရဦးမယ့် ကားကောင်းလေးတစ်ကားလိုညွှန်းချင်ပါတယ် (Dark Side Production မှ တင်ဆက်သည်။) Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegram https://t.me/Darksideproductionmm မှာ Join ထားပေးကြပါ။

Comedy • Romance
0 2018
[18+] Beauty Salon: Special Service 2
The Book of Clarence
5.7

ပိတ်ရက်လည်းနီးပြီဆိုတော့ အခွီဓာတ်လေးလည်းပါရမယ် ပေါကားကြီးလည်း မကြိုက်ဘူးဆိုသူတွေအတွက် Biblical comedyလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သမ္မာကျမ်းစာက အသုံးအနှုန်းတွေများတဲ့ကားလေးဆိုတော့ အမှားပါခဲ့ရင် မေတ္တာရှေ့ထား သည်းခံပေးကြဖို့ တောင်းဆိုရင်းနဲ့ပဲ ဇာတ်လမ်းလေးကို ဆက်လိုက်ရအောင်ပါ။ ကလဲရန့်စ်ဆိုတာ ရွာထဲကပြဿနာအိုးငမွှေထိုး သူခိုး ကြမ်းပိုး တစ်ယောက်၊ ညိုကီတို့တောင် တချီတချီထထလုပ်ချင်တဲ့ ဝိစိုက်ရောင်းတဲ့အလုပ်ကို အကောင်အထည်ဖော်ထားတဲ့သူပေါ့။ မကောင်းတာမှန်သမျှ အကုန်လုပ်တဲ့သူဟာ ခရစ်တော်ကို မယုံကြည်တဲ့ ဘာသာမဲ့ အပယ်ခံလည်း ဖြစ်‌နေပါသေးသတဲ့။ ဒီလိုနဲ့တစ်နေ့မှာ ကံလေးများတက်မလားဆိုပြီး မယ်ရီဆိုတဲ့ စော်လေးနဲ့ ရထားပြိုင်မောင်းရာက ချော်တောငေါ့ပြီးရှုံး၊ ငွေတိုးချေးစားတဲ့ ဂျေဒဒိုင်ယာဆိုတဲ့ ရက်စက်တဲ့နေရာမှာ နှစ်ယောက်မရှိတဲ့ဘဲကြီးဆီမှာ အကြွေးတင်သွားပါတော့တယ်။ ရက် ၃၀ အတွင်းအကြွေးမဆပ်ရင် လည်ကုပ်နားဝဲနေတဲ့ ဂျေဒဒိုင်ယာရဲ့ဓားကိုလည်းကြောက်ရ၊ တသက်လုံး ရုန်းကန်ခဲ့ရတဲ့ အမေ့ကိုလည်း အိမ်ကောင်းကောင်းနဲ့ထားချင်၊ နှလုံးသားထဲက ချစ်ဦးသူဖြစ်တဲ့ ဂျေဒဒိုင်ယာရဲ့ညီမလေး ဗာရီယာနဲ့လည်း အကြောင်းပါချင်တဲ့ ကလဲရန့်စ်တစ်ယောက် သူငယ်ချင်းတစ်စုနဲ့ ဘူရှိန်းဘိန်းရှူရင်းနဲ့ အတွေးပေါက်သွားပါသတဲ့။ ဒါကတော့ သူ့ကိုယ်သူ ယေရှုရဲ့ ၁၃ ယောက်မြောက် တမန်တော်မေရှိယအဖြစ် ခံယူပြီးတော့ လှူစာကမ်းစာတွေကို တစ်ဝစားလို့ အကြွေးပါဆပ်ပြီး လူချမ်းသာလုပ်မယ်ဆိုတဲ့ ဘုရားစူးအတွေးလေးပါပဲ။ ဘာသာမဲ့မှသည် ဘုရားသခင်ရဲ့တမန်‌တော်လုပ်မယ့် ရွှေဉာဏ်တော်နဲ့ သူ့ရဲ့အတွေးကို အကောင်အထည်ဖော်ဖို့ ခရီးထွက်လာတဲ့ ကလဲရန့်စ် တစ်ယောက် ဘာတွေဘယ်လိုဆက်ဖြစ်မလဲဆိုတာ အားလုံးအတူ ရှုစားလိုက်ရအောင်ပါ…. File size…2.73 GB / 1.11 GB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….2h 9m Genre ….. Adventure , Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by TD

5.7 2023 129 mins
The Book of Clarence
Pay It Forward

Pay It Forward (2010) ********************* ဒီကားလေးဟာ ၂၀၀၀ ခုနှစ်က ထွက်ရှိခဲ့လေတော့ တော်ရုံသတိထားမိကြမယ်မထင်ဘူးဗျ… ဒီကား အဓိက လုပ်ဖြစ်ရတဲ့အကြောင်း (၂) ချက်ရှိပါတယ်… ပထမအချက်က စာရေးဆရာမ ဂျူး ရေးသားထားတာကိုဖတ်မိလို့ပါ…. ဆရာမ ရေးသားသုံးသပ်ထားတွေဟာ အတော်စိတ်ဝင်စားဖို့ကောင်းသလို… သူမကိုယ်တိုင်ညွှန်းပြီဆိုတော့ ဒီကားလေးကို လုပ်ဖြစ်သွားပါတယ်… ဒုတိယ အချက်က A.I. Artificial Intelligence ဇာတ်ကားထဲမှာ… ကလေးအရွယ်စက်ရုပ်အဖြစ်သရုပ်ဆောင်ပြီး…ကျွန်တော်တို့နှလုံးသားတွေကို… ကြေကွဲဆိုနင့်ပြိုကျအောင် အလဲထိုးခဲ့ဖူးတဲ့ ကလေးသရုပ်ဆောင် Haley Joel Osment ကြောင့်ပါ။ ဇာတ်လမ်းအကျဉ်း ————– အဖေနဲ့ကွဲသွားတဲ့ အမူးသမားအမေနဲ့အတူနေရတဲ့ အလယ်တန်းကျောင်းသားလေးတစ်ယောက်ဟာ… ကျောင်းမှာ ဆရာကနေ တစ်နှစ်လုံးစာ လုပ်ရမယ့် Social Studies သင်ခန်းစာ Project တစ်ခု လုပ်ခိုင်းလာတဲ့အခါ… သူ့ရဲ့အသက်အရွယ်နဲ့မတန်လောက်အောင် သိပ်ကိုလှပတဲ့ စိတ်ကူးလေးတစ်ခု ရသွားပါတယ်။ အဲဒါကတော့ ဘာဖြစ်မလဲ… ဒီဇာတ်ကားလေးနဲ့ပတ်သက်ပြီး ပြောချင်တာက ခင်ဗျားဟာ ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ်နေနေ… ဘယ်လိုကားအမျိုးအစားကိုမှ ကြိုက်နှစ်သက်သည်ဖြစ်စေ…ခင်ဗျားရဲ့ အသက်ဟာ ဘယ်အရွယ်ကိုပဲရောက်နေနေ… ခင်ဗျားရဲ့နှလုံးသားဟာ ခံစားနိုင်စွမ်း အကန့်အသတ်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ.. ဒီကားလေးကို ဒေါင်းကြည့်ကြပါလို့ တိုက်တွန်းပါရစေ… ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Sherlock ဖြစ်ပါတယ်….. File Size : 2.54GB / 953MB Quality : WEB-DL 1080p 5.1ch / 720p Duration : 02:03:00 Genre : Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Sherlock Encoded by Heather Oo

0 2000 122 mins
Pay It Forward
Like Mike
5.4

Like Mike (2002) IMDb Rating (5.4) / Rotten Tomatoes (57%) NBA ဟာသဇာတ်မြူးကားလေးပါ။ အမေရိကန် Rapper Bow Wow, Jesse Plemons, Jonathan Lipnicki, Brenda Song စတဲ့မင်းသားမင်းသမီးတွေရဲ့ ငယ်ဘဝကဇာတ်ကားလေးတစ်ကားပါ။ ဇာတ်ကားလေးကတော့ မိဘမဲ့ဂေဟာတစ်ခုမှာနေနေကြတဲ့ အချစ်ဆုံးသူငယ်ချင်းတွေဖြစ်ကြတဲ့ ကယ်လ်ဗင်၊ မာ့ဖ် နဲ့ ရစ်ဂျ် တို့သုံးယောက်ဟာ သူတို့ကိုမွေးစားမယ့်မိဘ တွေကိုမျှော်လင့်တကြီးစောင့်စားနေကြတဲ့သူတွေပါ။ ဂေဟာကိုအုပ်ချုပ်တဲ့သူကလည်း ကလေးတွေကို NBA ပွဲတွေမှာသကြားလုံးရောင်းခိုင်းပြီးပိုက်ဆံရှာပါတယ်။ တစ်နေ့တော့ ကယ်လ်ဗင် ဆီကို MJ လို့ရေးထားတဲ့စာသားပါတဲ့ဖိနပ်တစ်ရံရောက်လာပါတယ်။ ကယ်လ်ဗင် တို့သူငယ်ချင်းသုံးယောက်ကလည်း မိုက်ကယ်ဂျော်ဒန် ရဲ့ဖိနပ်ဖြစ်ရမယ်လို့ အတိအကျမှတ်ယူထားကြတာပေါ့ ဒီလိုနဲ့ အဲဒီဖိနပ်ကိုအကြောင်းပြုပြီး ကယ်လ်ဗင် တစ်ယောက် NBA သမိုင်းမှာ အသက်အငယ်ဆုံး၊ အရပ်အပုဆုံး ဘတ်စကတ်ဘောစူပါစတားတစ်ယောက်ဖြစ်လာရာကနေ ဘာတွေဘယ်လိုဆက်ဖြစ်ကြ မှာလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုခံစားကြဖို့တိုက်တွန်းလိုက်ရပါတယ်။ (ဒီဇာတ်ကားလေးကို အညွှန်းရေးပြီးဘာသာပြန်ပေးထားတာကတော့ Loe ပဲဖြစ်ပါတယ်။) File size…(2.6 GB) / (1.2 GB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Family,Fantasy Duration….01:40:18 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Leo

5.4 2002 99 mins
Like Mike
Welcome Wedding
5.5

Welcome Wedding (2024) မင်္ဂလာပွဲ ဒီတစ်ခါတင်ဆက်ပေးမယ့်ဇာတ်ကားကတော့ ဘောလိဝုဒ်ပရိသတ်ကြီးတို့ ပေါ့ပေါ့ပါးပါးကြည့်ရှုနိုင်မယ့် ဟာသအချစ်ဇာတ်လမ်းတစ်ခုဖြစ်ပါတယ်ဗျ။ ဒီကားမှာတော့ မင်းသားဖြစ်သူပရမ်းဟာ အမေရိကမှ ပညာသင်ပြီးပြန်လာတဲ့ သူဌေးသားလေးဖြစ်ပါတယ်။ သူ့အဖေဟာ သားအပေါ်က မျှော်လင့်ချက်ကြီးလွန်းပြီး ပြန်လာတာနဲ့ကုမ္ပဏီကိုလွှဲပေးဖို့ပြင်နေသူပါ။ ဘုန်းတော်ကြီးတစ်ပါးရဲ့ဟောပြောချက်အရ ပရမ်းရဲ့ပထမဆုံးခြေလှမ်းဟာ ကုမ္ပဏီမှာဖြစ်မှ ကြီးပွားတိုးတက်မယ်လို့ တစ်ထစ်ချယုံကြည်ထားပေမဲ့ သားတော်မောင်က ရုံးကိုမလာဘဲ အိမ်ပြန်သွားလို့ စိတ်ဆိုးနေပါတယ်။ ပရမ်းကတော့ လူငယ်ပီပီ ဟောပြောချက်ကိုမယုံကြည်တာကြောင့် အဖေနဲ့သားကြားမှာ အလောင်းအစားတစ်ခုလုပ်ခဲ့ကြပါတော့တယ်။ ဘယ်လိုအလောင်းအစားလုပ်ပြီး ဘယ်လိုအခြေအနေအခက်အခဲတွေတွေ့ရမလဲ.. ဘယ်လိုလှည့်ကွက်တွေလာမလဲဆိုတာကိုတော့ ဇာတ်လမ်းတလျှောက်ကြည့်ရှုခံစားပေးပါဦးဗျာ။ ( ဘာသာပြန်နဲ့အညွှန်းကတော့ CM Bollywood Team မှ ရေးသားထားပါတယ် )

Action • Adventure
5.5 2024
Welcome Wedding
Prince and Family
5

Prince and Family 2025 (ပရင့်စ်နဲ့ သူ့မိသားစုဘဝ) ဒီတစ်ခါမှတော့ မလေယာလမ်ရုပ်ရှင်လောကမှာ နာမည်ကြီးတဲ့ မင်းသားကြီး Dileep ရဲ့ ဟာသဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။ ပရင့်စ်ဆိုသူဟာ မိသားစုမှာ အကြီးဆုံးသားတစ်ယောက်ဖြစ်ပါတယ်။သူဟာ ဒီဇိုင်နာပညာကို သင်ယူထားပြီး ဖက်ရှင်ဆိုင်လေးဖွင့်ကာ မိသားစုရဲ့ တာဝန်တွေကို ထမ်းနေရသူတစ်ဦးပေါ့။ ပရင့်စ်ရဲ့ ညီနှစ်ယောက်ကတော့ မိန်းမကိုယ်စီရကာ ကလေးတွေနဲ့ဖြစ်နေတဲ့အချိန်ထိ ပရင့်စ်တစ်ယောက်ကတော့ လူပျိုကြီးအဖြစ်နဲ့ပဲ သူ့စိတ်ကြိုက် အမျိုးသမီးကို ရွေးချယ်လျက်ရှိနေပါတယ်။ ဒီလိုနဲ့ ချေးများလွန်းတဲ့ လူပျိုကြီး ပရင့်စ်တစ်ယောက် ဘလော့ကာမလေးနဲ့တွေ့ကာ အိမ်ထောင်ကျခဲ့ရပါတော့တယ်။ ဒီမှာပဲ ပြဿနာတွေက စတင်လာပါတော့တယ်။ ပရင့်စ်ကတော့ ရှေးရိုးစွဲတည်တည်ငြိမ်ငြိမ်အတွေးနဲ့ရှိပေမဲ့ သူယူလိုက်တဲ့ မိန်းမကတော့ ဘလော့ကာလည်းဖြစ် ငယ်ရွယ်သူလည်းဖြစ်တော့ နှစ်ဦးသား ကိုက်ညီမှုမရှိဖြစ်လာတဲ့အခါမှာတော့ …….. ဒီဇာတ်လမ်းမှာ မိသားစုကိစ္စတွေ အသက်အရွယ်ကွာဟမှုကြားက ပြဿနာတွေကို ဟာသလေးတွေနှောလို့ ကြည့်ရှုရမှာဖြစ်လို့ လက်မလွှတ်တမ်း ကြည့်ရှုလိုက်ပါဦး ပရိသတ်ကြီးတို့ ။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)

5 2025 134 mins
Prince and Family