YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Supercop 2.(1993).480p.(CM).mp4

892.01 MB N/A video/mp4 1146 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Scream VI
7.2

Scream VI ထွက်လာပါပြီ။ သရဲမျက်နှာဖုံးနဲ့ လူသတ်သမားတွေဟာ ဟော်ရာရုပ်ရှင်သမိုင်းရဲ့ ထင်ရှားတဲ့အမှတ်အသားတစ်ခုပါ။ ဟာသကားတွေမှာရော၊ ဟောလိုးဝင်းပွဲတွေမှာရော အမြဲတွေ့နေရတဲ့မျက်နှာတွေပါပဲ။ ဘယ်အချိန်တွေ့တွေ့ ကြောက်ဖို့ကောင်းနေတုန်းပါပဲ။ ဒီရုပ်ရှင်မတိုင်ခင် အရင်ရုပ်ရှင်တွေမှာတော့ သရဲမျက်နှာလူသတ်သမားပေါင်း ၉ ယောက်ရှိခဲ့ပါတယ်။ အခုရုပ်ရှင်မှာတော့ အဲဒီ ၉ ယောက်လုံးအကြောင်းကို အမှတ်တရအနေနဲ့ ထည့်သွင်းပေးထားပါတယ်။ ဒီတစ်ခေါက်မှာတော့ အဓိက ဇာတ်ကောင်တွေက အရင် Scream မှာ အသက်ရှင်ကျန်ခဲ့တဲ့ ဝုစ်ဘရိုက သူတွေပါပဲ။ သရဲမျက်နှာလူသတ်သမားရဲ့ သမီး ဆမ် နဲ့ တာရာတို့ဟာ အခြားမြို့ကို ပြောင်းရွှေ့လာခဲ့ပါပြီ။ ဆမ်ဟာ ဝုစ်ဘရိုမှာ သရဲမျက်နှာလူသတ်သမား နှစ်ယောက်ကို သတ်ခဲ့နိုင်ပေမဲ့ အင်တာနက်ပေါ်မှာတော့ သူဟာ လူသတ်သမားအစစ်ဖြစ်ပြီး သူများတွေကို ချောက်တွန်းခဲ့တယ်လို့ ကောလဟာလတွေထွက်ပြီး နာမည်တွေပျက်နေခဲ့ပါတယ်။ အဲဒီ လူသတ်သမားတွေကို အရမ်းအားကျတဲ့ သူတွေကလည်း သူ့ကိုသတ်နိုင်ဖို့ကြိုးစားနေကြပါတယ်။ ဒီလိုနဲ့ သူတို့အနားကလူတွေ တဖြုတ်ဖြုတ် အသတ်ခံလာရတဲ့အခါ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို ထုံးစံအတိုင်းလှည့်ကွက်လေးတွေနဲ့ ကြည့်ရမှာပါပဲ။ ညီအစ်မနှစ်ယောက်နေရာမှာတော့ အရင် Scream မင်းသမီး Melissa Barrera နဲ့ ဝန့်ဇ်ဒေးစီးရီးထဲကမင်းသမီးလေး Jenna Ortega တို့ ပါဝင်ထားရုံတင်မက ပင်တိုင်စံမမကြီး Courtney Cox လည်း ဆက်ပါထားပါသေးတယ်။ Scream 6 ကားစလုံးကို Scream Franchise မှာ ဝင်ကြည့်လို့ရပါတယ်... (ဒီဇာတ်ကားနဲ့အညွှန်းကို Mr. Anderson မှ ပြန်ဆို ရေးသားထားပါတယ်) Size - 6.7GB, 1.85GB, 860MB Quality - 4K HEVC, 1080p, 720p IMDb Rating - 7/10 Format - mp4 Duration - 2H 2Min Genre - Horror, Mystery, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Mr. Anderson Encoded by Y

Comedy • Drama • War
7.2 2023 123 mins
Scream VI
[18+] The Brown Bunny

ဒီကားက Experimental ကား ပီပီသသနဲ့ပဲ လိင်ဆက်ဆံခန်းတွေဟာ သာမန် 18+ ကား‌တွေထက်တောင် လက်တွေ့ဆန်အောင်ပြထားတယ်။ ပုံမှန် 18+ ကားတွေပြလေ့မရှိတာတွေကိုပါ ရဲရဲတင်းတင်းပြထားတယ်ဆိုပါစို့။ အဲဒီလိုဆိုလို့ အပေါစား အညှီအဟောက်ဇာတ်ကားတစ်ခုသက်သက်လားဆိုတော့လည်း မဟုတ်နေပြန်ဘူး။ ဘာလို့ဆို ကိန်းရုပ်ရှင်ပွဲတော်မှာပါ ပြခဲ့ရတဲ့ကားဖြစ်နေလို့ပါပဲ။ ဒါပေမဲ့လည်း ဒီကားရဲ့အပြတွေအရ ကိန်းလိုရုပ်ရှင်ပွဲတော်ကြီးနဲ့ မထိုက်တန်ဘူးဆိုပြီး ရုပ်ရှင်ဝေဖန်ရေးဆရာတွေကြား အငြင်းပွားခဲ့ရသလို ဂန္ထဝင်ရုပ်ရှင်‌ဝေဖန်ရေးဆရာကြီး Roger Ebert ကတောင် ကိန်းရုပ်ရှင်ပွဲတော်သမိုင်းပြခဲ့သမျှထဲ အဆိုးဆုံးကား ဆိုပြီးတောင် ထောပနာပြုခဲ့ပါသေးတယ်။ ‌ဒါပေမဲ့ ရုပ်ရှင်ပွဲတော်မှာ မပြခဲ့တဲ့ နောက်ဗားရှင်းကိုတော့ သူလည်း အကောင်းဘက်က ချီးကျူးခဲ့ပါတယ်။ ကားရဲ့ ဇာတ်အိမ်ကလည်း တော်တော်လေးဆန်းတယ်။ လေလွင့်နေတဲ့လူတစ်ယောက်ရဲ့ ခြေရာခံရခက်တဲ့အတိတ်ကို တငွေ့ငွေ့ချင်း ပုံဖော်ရင်း ဒီလူ ဘာလို့လေလွင့်နေလဲဆိုတာကို တစ်စတစ်စချင်း ပုံဖော်ပြသသွားတယ်။ Experimental Road Drama ပီပီသသပဲ လမ်းပေါ်မှာ တကယ်သွားနေတဲ့ အနေအထားနဲ့ တော်တော်ကျအောင်လည်းပြသွားတယ်။ ၁၈အပေါင်းထက် ပိုရင်ပိုလောက်တဲ့ ၂၁အပေါင်းကားပေမဲ့ အနုပညာလည်း မြောက်သလို Experimental ဖလင်ဖန်တွေအကြိုက်တွေ့မယ့်ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Abyss မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.7GB, 750MB Quality - 1080p, 720p Format - mp4 Duration - 1H 33Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by Abyss Encoded by RGB

Action • Adventure • Drama • Mystery
null 2003 93 mins
[18+] The Brown Bunny
What to Expect When You're Expecting
6

ကလေးတစ်ယောက် မွေးဖွားတယ် ကိုယ်ဝန်ဆောင်တယ်ဆိုတာ တကယ်မလွယ်တူတဲ့ ကိစ္စပါ စိတ်ရော ကိုယ်ပါ အများကြီး ပြင်ဆင်ရ ပြောင်းလဲရပါတယ် ဒီဇာတ်လမ်းမှာတော့ မတူညီတဲ့ စုံတွဲငါးတွဲရဲ့ မိဘဖြစ်ဖို့ ကြိုးစားကြပုံတွေကို ပြထားပါတယ် ပထမဆုံးစုံတွဲကတော့ နာမည်ကြီးရှိုး Lose it and weep ရဲ့ နည်းပြ ဂျူးလ်စ်ဘက်စ်တာနဲ့ နာမည်ကြီးအကသမား အက်ဗန်ဝက်ဘာပါ အကပြိုင်ပွဲတစ်ခုမှာ အတူပြိုင်ကြရင်း မထင်မှတ်ဘဲ ကိုယ်ဝန်ရသွားတာကြောင့် သူတို့ကိုယ်ဝန်အတွက် ပြင်ဆင်နေကြတဲ့ စုံတွဲပါ နောက်တစ်တွဲကတော့ ကလေးချစ်တတ်သူ ကလေးစာအုပ်တွေရေးတဲ့ စာရေးဆရာမလေး ဝင်ဒီနဲ့ ဂယ်ရီကူးပါးတို့ စုံတွဲပါ ကလေးယူဖို့ နှစ်နဲ့ချီကြိုးစားပြီး သူတို့လိုချင်တဲ့ကလေးကို ရပါပြီ ဒါပေမဲ့ ကိစ္စတွေက ဝင်ဒီထင်ထားသလို လွယ်မနေပါဘူး နောက်တစ်တွဲတော့ ဂယ်ရီ့အဖေ ပြိုင်ကားမောင်းသမား ရမ်ဆီကူးပါးနဲ့ စမောလေး စကိုင်လာတို့အတွဲပါ သူ့သား ဂယ်ရီနဲ့ နေရာတကာလိုက်ပြိုင်နေတတ်ပါတယ် သူ့မိန်းမက အမွှာကိုယ်ဝန်ဆောင်ထားတာကြောင့် ဂယ်ရီထက် နှာတစ်ဖျားသာသွားလို့ ရမ်ဆီတစ်ယောက် ဂုဏ်ဆာနေပါတယ် နောက်စုံတွဲကတော့ ကိုယ်ဝန်မဆောင်နိုင်လို့ ကလေးမွေးစားဖို့ ကြိုးစားနေတဲ့ ဟော်လီနဲ့ အဲလက်စ်ပါ ဟော်လီက ကလေးအရမ်းလိုချင်နေပေမဲ့ အဲလက်စ်ဘက်ကတော့ သိပ်မသေချာပါဘူး စိုးရိမ်စိတ်တွေများနေပါတယ် နောက်ဆုံးစုံတွဲကတော့ ကျောင်းတော်က ရန်စဟောင်း ရိုစီနဲ့ မာကိုပါ မာကိုက ရိုစီကို အထက်တန်းတုန်းက ပလေးသွားခဲ့ဖူးပါတယ် အခုလည်း စီးပွားရေးချင်း အပြိုင်အဆိုင်တွေဖြစ်ပြီး ရန်စောင်နေကြပါတယ် ဒီစုံတွဲတွေမှာ တူညီတာတစ်ခုက မိဘဖြစ်ဖို့ ပြင်ဆင်နေကြတာပါ ဒါပေမဲ့ ဘဝဆိုတာ ထင်မထားတာတွေ ဖြစ်လာတတ်တော့ အရာအားလုံး သူတို့စီစဉ်ထားသလို ဖြစ်မလာပါဘူး ဂျွမ်းထိုးမှောက်ခုံနဲ့ အလွဲလွဲ အချော်ချော်ဖြစ်ကြတာတွေကို ရိုက်ပြထားပါတယ် ပေါ့ပါ့ပါးပါး ဇာတ်ကားလေးတွေ ကြည့်ချင်သူတွေအတွက် အကြိုက်တွေ့မဲ့ကားလေးမို့ ခံစားကြည့်လိုက်ကြပါဦးနော် (အညွှန်းနဲ့ ဘာသာပြန်ကို Phu Myat Thwe ရေးသားထားပါတယ်) File size…1.79 GB/ 781.1 MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 50m Genre ..... Comedy , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Phu Myat Thwe

Action • Crime • Thriller
6 2012 110 mins
What to Expect When You're Expecting
Kamu Tidak Sendiri
5.2

Kamu Tidek Sendiri (2022) -အင်ဒိုနီးရှားဇာတ်ကားထဲမှာ ဒီကားသဘောအကျဆုံးပဲ ။ အင်ဒိုနီးရှားနိုင်ငံမှာ သဘာဝဘေးအန္တရာယ်ကြောင့် အထူးသဖြင့် ငလျင်၊ ဒါတွေကြောင့် လူတွေထိခိုက်သေဆုံးရတာတွေ ၊ အပျက်အစီးအောက်မှာ ပိတ်မိနေတဲ့သူတွေ ခံစားရတာတွေ ၊ ကိုယ်ချစ်တဲ့သူ တန်ဖိုးထားရတဲ့သူတွေကို မေ့လျော့ပစ်ပယ်မထားသင့်ဘူးဆိုတာတွေ၊ စတာစတာတွေကို အရိုးရှင်းဆုံး ဘာလှည့်ကွက် ဘာဝှက်ကွက်မှမပါပဲ ရိုက်ပြထားတာပါ။ ဇာတ်လမ်းက ဓာတ်လှေကားမှာ စပြီးတော့ ဓာတ်လှေကားမှာပဲ ဆုံးသွားတာပါ။ မင်းသားကြီး Ryan Reynolds ရဲ့ Burn ကိုတောင် သွားသတိရမိတယ် အဲ့လောက်တော့ မမွန်းကျပ်ဘူးပေါ့လေ။ -ဇာတ်အိမ်ကတော့ မင်းသမီးက ကုမ္ပဏီမှာ အထက်လူကြီးတစ်ယောက်၊မသိတဲ့သူကိုစကားပြောဖို့ဝန်လေးသူ ။ အပေါက်ဆိုးတယ် ဆက်ဆံရေးမကောင်းဘူးလို့ သတ်မှတ်ခံထားရတဲ့သူ။ တစ်နေ့ မနက်ဖြန်အမှီအလုပ်အပြီးသတ်ရမှာဆိုတော့ ညနက်မှအလုပ်ကဆင်းမယ့်အချိန် ဓာတ်လှေကားကနေအဆင်း တစ်လွှာတည်းအလုပ်လုပ်ကြတဲ့ကောင်လေးနဲ့ကြုံ ဓာတ်လှေကားစီးနေတုန်း ငလျင်လှုပ်ရာ ကြုံရဆုံရ လူ့ဘဝကို ဘယ်လိုတွေ ဖြတ်သန်းခဲ့ကြလဲဆိုတာ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။ Genre….. Drama, Thrillee Quality…. 1080p | 720p | 480p File size…778MB | 398MB | 219MB Format… mp4 Duration…. 1h 40min Subtitle…. Myanmar Subtitle (Hardsub) Translator ….. K.Hein Encoder ….. August

5.2 2022
Kamu Tidak Sendiri
Pleasantville
7.5

Pleasantville (1998) ~ IMDb – 7.5/10, Rotten Tomatoes – 86% ~ ဒီခေတ်က ဖြစ်ရပ်တွေကိုကြည့်ရင်း “အရင်ခေတ်ကလူတွေသာ ဒါကိုမြင်ရင် ဘယ်လိုနေမလဲ” ဆိုတာမျိုးကို တစ်ခါလောက်တော့ တွေးမိဖူးကြမယ့်လူတွေများပါလိမ့်မယ်။ ဒီရုပ်ရှင်ကတော့ အဲဒီလိုအရင်ခေတ်တစ်ခုကိုပြန်ရောက်သွားတာပါ။ သိပ္ပံကားတွေလို အချိန်ခရီးသွားရင်း တကယ့်သမိုင်းထဲရောက်တာမျိုးတော့မဟုတ်ဘူးပေါ့။ ဒေးဗစ် နဲ့ ဂျန်နဖာဆိုတဲ့ အမွှာမောင်နှမ ၂ယောက်က ၁၉၅၀ လောက်က တီဗီရှိုးတစ်ခုဖြစ်တဲ့ Pleasantville ဆိုတဲ့အစီအစဉ်ထဲကို ပဉ္စလက်ဆန်ဆန် ဝင်ရောက်သွားတာဖြစ်ပါတယ်။ ပလဲဆန့်ဗေးလ်က ပြောရမယ်ဆိုရင် စိတ်ကူးယဉ်အိပ်မက်ကမ္ဘာလိုပါပဲ။ လူတိုင်းတာဝန်ကိုယ်စီနဲ့၊ နေ့တိုင်းကလည်း ဒီလို မပြောင်းမလဲ၊ အိမ်တွေကအစတူပြီး မီးတောင်မလောင်တတ်လို့ မီးသတ်ဆိုတာ သစ်ပင်ပေါ်တက်ပြီးပြန်မဆင်းတတ်တဲ့ကြောင်လေးတွေကို ကယ်ဖို့လောက်အသုံးဝင်တာပါ။ ရာသီဥတုကလည်း အမြဲတစ်ချိုးတည်း၊ အပူချိန်ကလည်း မတက်မကျ။ ဒီလို သူ့နေရာနဲ့သူ အံဝင်ခွင်ကျဖြစ်ပြီး ပြည်သူတွေအားလုံးပျော်နေကြတဲ့ ပလဲဆန့်ဗေးလ်တီဗီရှိုးထဲက ပလဲဆန့်ဗေးလ် မြို့ကလေးပါ။ ဒါပေမဲ့ ဒေးဗစ်တို့မောင်နှမ ၂ ယောက်ရောက်သွားပြီး ပြောင်းလဲမှုတွေ အံမဝင်မှုတွေနဲ့ ထိတွေ့ပေးလိုက်တဲ့အခါ အဖြူအမည်းလောကကြီးက တစ်စ တစ်စ အရောင်တွေပေါ်လာပါတော့တယ်။ လူတွေ လမ်းတွေ ပန်းတွေ အရောင်တွေစပေါ်လာကြတော့ လူတိုင်းက အထူးအဆန်းလိုဖြစ်သွားကြတာပေါ့။ ဘာကြောင့်များအရောင်ပေါ်လာတာလဲ…။ အဖြူအမည်းလူတွေက ဒါကိုအစိုးရိမ်ကြီးစိုးရိမ်ပြီး ပလဲဆန့်ဗေးလ်က အရင်လို အဖြူအမည်းနဲ့မှလှကြောင်း၊ ပုံစံခွက်ထဲက မထွက်ဖို့၊ ရှိရင်းစွဲအလုပ်တွေကိုပဲ လုပ်ဖို့၊ ကိုယ့်တာဝန်နဲ့ကိုယ် နေကြဖို့ လိုက်ဆော်ဩပြီး အရောင်ရှိသူတွေနဲ့ အဖြူအမည်းလူတွေလို့ ခွဲခြားသတ်မှတ်လိုက်ပါတယ်။ အဖြူအမည်းလူတွေကပဲ လူနေမှုစံစည်းမျဉ်းဆိုတဲ့ စည်းမျဉ်းထုတ်ပြီး လူတိုင်းယှဉ်တွဲနေလို့ရအောင်ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ အရောင်ရှိသူတွေတွေကို ဖိနှိပ်ထားတဲ့ စည်းမျဉ်းတွေကိုထုတ်ပြန်လိုက်ပါသေးတယ်။ လူတွေဟာ ဘာကြောင့် အရောင်မဲ့နေတာလဲ… ဘာကြောင့် အရောင်စုံလာတာလဲ… ရုပ်ရှင်လေးကြည့်ရင် ဒီအဖြေကိုသိရပါလိမ့်မယ်။ ဒါရိုက်တာ Gary Ross ကလည်း အင်တာဗျူးတစ်ခုမှာ “တစ်ကိုယ်ရည်စိတ်တွင်းဖိနှိပ်ထားရမှုဟာ အခြားကျယ်ပြန့်တဲ့လူ့အဖွဲ့အစည်းကိုပါ လိုက်လံဖိနှိပ်မှုဆီ ဦးတည်ပါတယ်။ ဒီရုပ်ရှင်က ကျွန်တော်တို့ဟာ စိတ်တွင်းအရာတစ်ခုခုကိုကြောက်တဲ့အခါ… ဒါမှမဟုတ် အပြောင်းအလဲလုပ်ရမှာကိုကြောက်တဲ့အခါ အဲဒီအကြောက်တရားကို တခြားသူတွေဆီပုံချတဲ့အခါ ပိုရုပ်ဆိုးအကျည်းတန်တဲ့ လူမှုရေးပြဿနာတွေကို ဦးတည်သွားတတ်တဲ့အကြောင်း ရိုက်ကူးထားတဲ့ရုပ်ရှင်ပါ” လို့ပြောထားခဲ့တယ်။ ရုပ်ရှင်ရဲ့ အဖြူအမည်း၊ အရောင်ရှိ အရောင်မဲ့ ဆိုတာ အရောင်သဘာဝထက်ကိုပိုတဲ့ လေးနက်တဲ့အရာတွေကို ရည်စူးထားခဲ့တာပါ။ တွေးနိုင်ရင်တွေးနိုင်သလောက် အယူအဆကြိုးရှည်တွေ တစ်သီကြီး ဆွဲဆန့်နိုင်မယ့်ရုပ်ရှင်ပါပဲ။ ဒီရုပ်ရှင်က Gary Ross ကို ပွဲဦးထွက်မှာတင် လျှမ်းလျှမ်းတောက်စေခဲ့တဲ့ရုပ်ရှင်ပါ။ သူကိုယ်တိုင်ရေး၊ Co-poduce လုပ်ပြီး သူကိုယ်တိုင်ရိုက်ကူးခဲ့ပါတယ်။ Cast ကလည်း Tobey Maguire, Jeff Daniels, Joan Allen နဲ့ Reese Witherspoon တို့လို ခုခေတ်ရဲ့ထိတ်ထိတ်ကြဲတွေအပြင် Paul Walker တောင် ပါထားပါသေးတယ်။ ဇာတ်လမ်းက သိပ်ပါးနပ်တယ်။ ရိုက်ကွက်တွေက သိပ်ကိုလှလွန်းပါတယ်။ အဖြူအမည်းတွေကနေ အရောင်လေးတွေစုံလာပုံများ… တကယ့်မျက်စိပသာဒဖြစ်စရာပါ။ ရုပ်ရှင်ကြည့်ရင်း အဖြူအမည်းကို ဘယ်လိုရောသလဲ သိချင်လာလို့ အကြမ်းဖျင်းရှာကြည့်ခဲ့သလောက်ဆိုရင် ရုပ်ရှင်တစ်ကားလုံးကို အစက အရောင်နဲ့ရိုက်ထားတာပါတဲ့။ ပြီးမှ လိုတဲ့အပိုင်းတွေကို အရောင်နဲ့ဆက်ထားရင်ထား၊ အဖြူအမည်းပြောင်းရင်ပြောင်း လုပ်တာပါတဲ့။ ဝတ်စုံတွေ မိတ်ကပ်တွေလည်း တော်တော်သုံးပြီး တကယ်ခေါင်းအစားခံ ရိုက်ကူးထားပါတယ်။ ဒါကြောင့်လည်း အော်စကာဆု သုံးခုအတွက် ဆန်ကာတင်ဝင်ခဲ့တဲ့အပြင် ဆုပေါင်း ၁၈ခုရရှိပြီး တခြားဆုပေါင်း ၄၈ နေရာမှာ ‌ဆန်ကာတင်စာရင်းဝင်ခဲ့ပါတယ်။ The Beatles တို့ရဲ့ “Across the Universe” Adapted Version ကလည်း ရုပ်ရှင်နဲ့အံဝင်ခွင်ကျပါပဲ။ “Nothing’s gonna change my world…” ဆိုတဲ့စာသားနဲ့အတူ အရောင်မဲ့အပြောင်းအလဲတွေကိုဖက်တွယ်သင့်လား… ဘဝကြီးကို ‌အရောင်စုံဖြတ်သန်းသင့်သလား… ဆိုတာကိုတော့ Comedy, Drama, Fantasy ဆိုတဲ့ Genres တွေခံစားရင်း ကြည့်ကြတာပေါ့ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.40GB, 1.1GB Quality – 1080p, 720p IMDb Rating – 7.5/10 Format – mp4 Duration – 2H 4Min Genre – Comedy, Drama, Fantasy Subtitle – Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Horror • Comedy
7.5 1998
Pleasantville
Eloïse’s Journey
6

ဒီတစ်ခါတင်ဆက်မဲ့ကားလေးကတော့ ပရိတ်သတ်များအတွက် ပေါ့ပေါ့ပါးပါးနဲ့ကြည့်လို့ကောင်းမဲ့ စိတ်အပန်းဖြေစရာ ဇာတ်ကားလေးတစ်ကားပါ။ ဇာတ်လမ်းအညွှန်းလေးကတော့ ပဲရစ်မြို့ကကောင်မလေးတစ်ယောက်ဟာ ခုံတန်းရှည်တစ်ခုပေါ်မှာ ရုတ်တရက်နိုးလာပါတယ်။ သူဟာ သူ့နာမည်ကိုတောင်မမှတ်မိပဲ သူဘယ်နေရာကနေ ဘယ်လိုအကြောင်းကြောင့် ဒီခုံပေါ်ကိုရောက်နေရလဲဆိုတာလဲ မမှတ်မိတော့ပါဘူး။ ဒီတော့ သူ့မှာရှိသမျှသဲလွန်စလေးတွေကနေပဲ သူ့ဘဝအကြောင်းကိုပြန်သတိရအောင်အစွမ်းကုန်ကြိုးစားတဲ့အ‌ကြောင်းလေးပါ။ ဒီဇာတ်ကားလေးဟာ အတိတ်မေ့ကောင်မလေးတစ်ယောက်ရဲ့ တွေ့ကြုံရတဲ့အခက်အခဲတွေ, ဖြတ်ကျော်ရတဲ့အတားအဆီးတွေ‌ကို အချစ်ရေးနဲ့ ဟာသလေးနှောပြီး သဘာဝဆန်ဆန်လေးနဲ့ ပေါ့ပေါ့ပါးပါးလေးရိုက်ထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားပါပဲ။ File size…(1.3 GB)/(700 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre…Comedy, Fantasy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Yurnero

Adventure
6 2022 101 mins
Eloïse’s Journey
Arctic Armageddon

ဒီကားလေးကတော့ ပြီးခဲ့တဲ့နှစ်ကမှ ထွက်ရှိခဲ့တဲ့ သဘာ၀ဘေးအန္တရာယ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာ ဘူမိဗေဒသိပ္ပံပညာရှင်နှစ်ယောက် အတ္တလန်တိတ်သမုဒ္ဒရာမှာ အချက်အလက်ယူဖို့ ရေကြောင်းပြဗော်ယာတွေကိုနေရာချနေရင်း ငလျင်ကြီးလှုပ်ခတ်ပြီး သမုဒ္ဒရာကြီး ရုတ်တရက်စတင်အေးခဲလာပြီး အဲဒီပညာရှင်နှစ်ယောက်သေဆုံးသွားပါတယ်။ အဲဒီအဖြစ်အပျက်ကြောင့် စီနီယာဘူမိသိပ္ပံပညာရှင်နှစ်ယောက်ကို ပင်တဂွန်ရဲ့ အတွင်းရေးမှူးက ခေါ်ယူပြီးဖြေရှင်းချက်ရှာကြပါတယ်။ ငလျင်ကြောင့် အပျက်အစီးရေခဲထုကြီးဖြစ်လာပြီး ပင်လယ်ရေအောက်ရေနွေးစီးကြောင်းကိုပိတ်ဆို့နေတာကြောင့် အပူချိန်ထိုးကျပြီး သမုဒ္ဒရာတစ်ခုလုံးခဲသွားတဲ့အပြင် ‌ကုန်းမြေတွေပါ ထိခိုက်လာပါတယ်။ အဲဒါကြောင့် ရေငုပ်သင်္ဘောလွှတ်ပြီး ဒေတာယူ အပျက်အစီးရေခဲထုကြီးကိုဖျက်ဆီးဖို့ ကြိုးစားကြပုံတွေကို စိတ်၀င်စားစရာကြည့်ရှုရမှာပါ။ အားလုံးပဲကြည့်ရှုခံစားလိုက်ကြပါဦး။ File size…(1.3 GB)/(600 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:26:00 Genre… Science Fiction, Action, Adventure Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Soe Thiri Nwe

Drama • History
0 2023
Arctic Armageddon
Ghost’s News

သရဲလေးတစ်ယောက် အသည်းကွဲနေတယ် (၂၀၂၄) ထိုင်းကားတွေမှာ သရဲကားကို အခွီလေးတွေ ရိုက်ရင် ထိမိနေအောင် ရိုက်တတ်ကြပါတယ်။ ဒီကားကလည်း ဒီလိုမျိုး မကြောက်ဘဲ ရယ်နေရတဲ့ သရဲကားမျိုးပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ “အသည်းကွဲသရဲ” အကြောင်းပါပဲ။ ချစ်ရတဲ့ ကောင်မလေးဆီကနေ အထင်လွဲခံလိုက်ရတဲ့ Bert ဆိုတဲ့ ကောင်လေးက ရေနစ်သေပြီးတော့ သရဲ ဖြစ်သွားခဲ့ပါတယ်။ ဒါပေမဲ့ မထင်မှတ်ထားတဲ့ ဖြစ်ရပ်တစ်ခုကတော့ ဖြစ်လာခဲ့ပါတယ်။ အဲဒါကတော့ အလောင်းကောင်တစ်ကောင် ငုတ်တုတ်ထိုင်နေတဲ့ပုံတစ်ပုံက လူမှုကွန်ရက်မှာ ပြန့်လာခဲ့တာပါပဲ။ ညတွင်းချင်း ကြည့်ရှုသူပေါင်း သန်းနဲ့ချီ ရှိလာခဲ့တာကြောင့် သတင်းသမားတွေက ဒီသတင်းကို အလုအယက် လိုက်ကြပါတော့တယ်။ သတင်းသမားတစ်သိုက်နဲ့ ဒီသရဲရဲ့ အလွဲလွဲ အချော်ချော် ဖြစ်ရပ်တွေကို အသောအခွီတွေနဲ့ ရယ်မောကြည့်ရှုရမှာကတော့ အသေအချာပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Wadi Nwe Aung ပဲ ဖြစ်ပါတယ်။ Genre…..Comedy, Horror Quality…. 1080p WEB-DL | 720p WEB-DL File size… 1.2GB | 677MB Format… mp4 Duration…. 1h 54min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Wadi Nwe Aung Encoder ….. Aaron

0 2023
Ghost’s News
Udaan
8.1

Udaan (2010) ************** IMDb….8.1 တစ်ချို့သောမိဘတွေဟာ သူတို့ရဲ့ချစ်ခြင်းမေတ္တာ၊သားသမီးအပေါ်ထားတဲ့ စေတနာ၊အကြင်နာတွေကို ကလေးအိပ်ပျော်သွားတဲ့အချိန်ရောက်မှ ခိုးနမ်းရင်း ပြကြတယ်… ဘာဖြစ်လို့ အဲဒီလိုလုပ်ကြလဲမေးရင် သူတို့ရဲ့ပျော့ညံမှုကို သားသမီးတွေ မမြင်စေလိုတာရယ်တစ်ကြောင်း တအားချစ်မှန်းသိရင် ကလေးကို ဆုံးမရခက်မှာစိုးရိမ်လို့ဆိုတဲ့စကားမျိုးဖြေကောင်းဖြေကြပါလိမ့်မယ်….မိဘတစ်ချို့ဟာ ကလေးစကားစပြောတတ်ပြီဟေ့ ဆိုတာနဲ့ အများဆုံးဘာသင်လဲဆိုတော့ သားလေး သမီးလေး ကြီးလာရင်ဘာလုပ်မလဲဆိုတဲ့အမေးစကားကို ဆရာဝန်ကြီးလုပ်မယ်… အင်ဂျင်နီယာကြီးလုပ်မယ်ဆိုတဲ့အဖြေစကားပါပဲ….ဧည့်သည်တွေ ဆွေမျိုးတွေကြားထဲမှာ ဒီကလေးတွေရဲ့အဖြေဟာ ဂုဏ်ယူစရာဖြစ်ခဲ့သလို အရွယ်ရောက်လာရင်လည်း ဒီလိုမျိုးတွေဖြစ်လာဖို့ ပြုစုပျိုးထောင်ပုံသွင်းကြတယ်…တချို့သောကလေးတွေအတွက် အဆင်ပြေပေမဲ့ ၀ါသနာနဲ့ နှလုံးသားရဲ့ မြတ်နိုးရာ လမ်းကြောင်းတစ်ခုကို ကိုယ်တိုင်ရှာဖွေတွေ့ရှိသွားတဲ့ကလေးတွေအတွက် အနာဂတ်ဟာ ဝေ၀ါးသွားတတ်တယ်.. ..နားလည်ပေးနိုင်တဲ့မိဘမျိုးဆိုအဆင်ပြေပေမဲ့ အတ္တအနည်းငယ်ကြီးတဲ့မိဘမျိုးရှိသူ ကလေးအတွက်တော့ လမ်းမှားတောင်ရောက်သွားနိုင်ပါတယ်.. ..ဒီကားက အင်ဂျင်နီယာကြီးဖြစ်စေချင်တဲ့ မိဘနဲ့ စာရေးဆရာ ကဗျာဆရာဖြစ်ချင်တဲ့ သားတစ်ယောက်အကြောင်းရိုက်ပြထားတာပါ….. အိန္ဒိယရုပ်ရှင်တွေရဲ့အကောင်းဆုံး (၄၆) ကားစာရင်းထဲပါခဲ့သလို အကောင်းဆုံးရုပ်ရှင်ဆု၊ အကောင်းဆုံးဇာတ်လမ်းဆု၊ အကောင်းဆုံးဇာတ်ပို့ဆုနဲ့ အခြေားဆုပေါင်းများစွာရရှိထားပါတယ်…. ဒီကားမဒေါင်းခင်ကြိုပြောလိုတာက မင်းသမီးမပါသလို ခမ်းနားထည်ဝါတဲ့ အကတွေ သမီးရည်းစားအချစ်ခန်းတွေမပါဘူး…. ပညာပေးကားတွေရိုက်တဲ့နေရာမှာ အိန္ဒိယကားတွေဟာ အဆန့်အတန်းရှိကြောင်း ခင်ဗျားဟာ ဒီကားကြည့်ပြီး သတိထားမိသွားလိမ့်မယ်… အယ် အစကထဲက သတိထားမိပြီးသားဆိုရင်လည်း ခင်ဗျားတို့ကြိုက်တဲ့ အဆင့်အတန်းရှိပညာပေးကားစာရင်းမှာ Udaan ဆိုတဲ့ကားကို စာရင်းထပ်သွင်းလိုက်မှာ ကျွန်တော်ရဲရဲကြီးအာမခံရဲတယ်…. (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Lyric Lynn Khant ဖြစ်ပါတယ်…..) File Size… 3.64GB/ 1.11GB Quality…Blu-Ray 1080p 5.1 CH/ Blu-Ray 720p Format…mp4 Duration…02:14:00 Subtitle…Myanmar Subtitle(Hardsub) Encoder…..Phyo Pyae Translated by Lyric Lynn Khant

Horror • Science Fiction
8.1 2010 138 mins
Udaan
Love Child
7.6

Love Child (2024) IMDb Rating (7.6) အိုင်လာနဲ့ ပါလိုတို့ဟာ ကောလိပ်မှာတွေ့ဆုံချစ်ကျွမ်းဝင်ခဲ့သူတွေဖြစ်ပြီး မမျှော်လင့်ပဲ ကိုယ်ဝန်ရချိန်မှာ မိသားစုတွေကို ဆန့်ကျင်ပြီး အတူတူနေထိုင်ဖို့ကျောင်းထွက် လိုက်ကြပါတယ်။ နောက်လေးနှစ်အကြာမှာတော့ သူတို့ရဲ့သားလေး ကာလီဟာ အော်တစ်ဇင်ကလေးငယ်တစ်ယောက်ဖြစ်ကြောင်း မမျှော်လင့်ပဲသိခဲ့ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့သားအတွက် အကောင်းဆုံးပေးဆပ်ဖြည့်ဆည်းဖို့ စိတ်ပိုင်းဖြတ်ပြီးသားဖြစ်ကြပေမယ့် ကလေးရဲ့ကျောင်းစရိတ်၊ကုထုံးဆရာတွေ၊ အထူးကုတွေရဲ့စရိတ်တွေဟာ ပညာရေးတစ်ပိုင်းတစ်နဲ့ကျောင်းထွက်လာကြတဲ့သူတို့နှစ်ယောက်အတွက် လုပ်လေမြုပ်လေဖြစ်လာခဲ့ရပါတယ်။ “Love Child” ဟာပညာပေးကားလို့ပြောလို့ရပေမယ့် အော်တစ်ဇင်ကလေးငယ်တစ်ယောက်ရဲ့မိဘတွေရင်ဆိုင်ကြုံတွေ့ရတဲ့ အခက်အခဲတွေကို ရိုးသားပွင့်လင်းစွာတင်ဆက်ထားတဲ့ဇာတ်ကားဖြစ်ပါတယ်။ ကလေးနဲ့မိဘတွေကြား၊ ပတ်ဝန်းကျင်အသိုင်းအဝိုင်းကြားနေ့စဉ်ရင်ဆိုင်ကြုံတွေ့ရတဲ့ ဆက်ဆံပြောဆိုမှု၊ ရင်ဆိုင်ရတဲ့ဒုက္ခသုခတွေကို အားကောင်းတဲ့သရုပ်ဆောင်မှုတွေ၊ ပြေပြစ်တဲ့ဇာတ်လမ်းတင်ဆက်ပုံနဲ့ပျင်းစရာလုံး၀ မကောင်းပဲ တစ်ထိုင်တည်းမျောပါသွားစေမယ့် ဒရာမာကားကောင်းတစ်ကားပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(2.1 GB) / (910 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Romance Duration….01:41:55 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Alias

7.6 2024 100 mins
Love Child
Along with the Gods: The Two Worlds
7.2

Along with the Gods: The Two Worlds (2017) ********************************************** IMDb….. 7.2 ကိုရီးယားနိုင်ငံက ဒိတ်ဒိတ်ကြဲ သရုပ်‌ဆောင်တွေ ဖြစ်ကြတဲ့ Ha Jung Woo, Ju Ji Hoon, Cha Tae Hyun, Lee Jung Jae, Ma Dong Seok, Kim Hyang Gi တို့အပြင် သရုပ်ဆောင်များစွာ ပါဝင်တဲ့ ဇာတ်ကားကြီးကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ -ဇာတ်လမ်းအညွှန်း- လူသားတွေဟာ သေလွန်ပြီးနောက် တမလွန်ဘဝ ရောက်တဲ့အခါ ၄၉ရက်တာ ကာလအတွင်း တရားခွင် ၇ခု စီရင်ခံရတယ်လို့ ဆိုပါတယ်။ မီးသတ်သမားလေး ဂင်ဂျာဟုန်း (Cha Tae Hyun) ဟာ ပြည်သူတွေရဲ့ အသက်ကို ကယ်တင်ရင်းနဲ့ပဲ သူရဲကောင်း ဆန်ဆန် ဘဝကူးပြောင်းသွားခဲ့ပါတယ်။ သေမင်းတမန် ၃ယောက်ရဲ့ အကူအညီနဲ့ အတူ တမလွန်ဘဝကို ရောက်ရှိလာခဲ့တဲ့ ဂင်ဂျာဟုန်းဟာ တရားခွင် ၇ခုကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့မယ်ဆိုရင်တော့ လူဝင်စား ဖြစ်ခွင့်ရမှာ ဖြစ်ပါတယ်။ သက်ရှိ လောကမှာ ကျန်ရစ်ခဲ့တဲ့ မိခင်ဖြစ်သူကို ပြန်လည် တွေ့ရှိနိုင်ဖို့အတွက် ဂင်ဂျာဟုန်းဟာ သူ့ကို ကူညီပေးမဲ့ သေမင်းတမန် ၃ယောက်နဲ့ အတူ တရားခွင် အားလုံးကို ဖြတ်ကျော်နိုင်ပါ့မလား… ဘယ်လို စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရမလဲဆိုတာကို စိတ်ဝင်တစား ကြည့်ရှုနိုင်ဖို့ အတွက် ညွှန်းပေးလိုက်ရပါတယ်။ (ဇာတ်လမ်းအညွှန်းကိုတော့ Treasure Htet မှ ရေးသားပေးထားပါတယ်။) File Size : 2.39GB/ 1.14GB Quality : Blu-Ray 1080p 5.1 CH/720p Format…mp4 Duration…02:19:00 Genre : Action, Drama, Fantasy Subtitle : Myanmar Subtitle (Hard Sub) Translated by Theint, Treasure Htet, Hsu Pyae & Kyoun Encoded by Tiff

Crime • Drama
7.2 2017 139 mins
Along with the Gods: The Two Worlds
Eleven
5.6

Eleven (2025) “အတိတ်ဆိုး” IMDb- 7.9/10 မှုခင်းရုပ်ရှင်ကြိုက်တဲ့သူတွေအတွက် ဇာတ်အလှည့်အပြောင်းများတဲ့ အိန္ဒိယတောင်ပိုင်းရုပ်ရှင်ကားကြီးကို တင်ဆက်ပေးလိုက်ပါတယ်။ သေခြင်းတရားဆိုတာ ကိုယ့်ဘ၀ထဲက ကျန်နေရစ်သူတွေအတွက်ချမှတ်လိုက်တဲ့ ကြောက်စရာပြစ်ဒဏ်တစ်ခု၊ လူတွေက ကျူးလွန်သူတွေအပေါ်မှာ ခွင့်လွှတ်ချင်ကြပြီး ခံရတဲ့သူတွေကိုတော့ မေ့ပစ်ချင်ကြတယ်။ ငါကတော့ မေ့လည်းမမေ့သလို ခွင့်လည်းခွင့်မလွှတ်ဘူးဆိုတဲ့ ကွင်းဆက်လူသတ်သမားတစ်ယောက်။ ရဲအရာရှိရန်ဂျစ်က အဲဒီလူသတ်သမားကို စုံစမ်းနေပေမဲ့ သေဆုံးသူခြောက်ယောက်ထိ ရှိလာပြီး အမှုမှန်ပေါ်မလာခဲ့သေးပါဘူး။ အရာရှိရန်ဂျစ်နေရာမှာ ဒီကွင်းဆက်လူသတ်မှုကို ပြောင်းပြီးကိုင်ရတဲ့သူက ထူးချွန်ထက်မြတ်တဲ့ ရဲအရာရှိအာဗင်ဒန်။ သဲလွန်စတစ်ခုမှ ရှာမတွေ့တဲ့ထိ တစ်ယောက်ပြီးတစ်ယောက် ပစ်သတ်မီးရှို့ခံနေရတဲ့ ဒီအမှုကို အာဗင်ဒန်တစ်ယောက် ဘယ်လိုဖော်ထုတ်မလဲဆိုတာကို ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်)

TV Movie • Comedy • Romance
5.6 2025 135 mins
Eleven