YoteShin Drive is below this article. Scroll down to view.

Google Pixel Watch brows and major functions

Author: Anonymous Published on: 12 Aug 2022

Google will announce the first smartwatch of the company called Pixel Watch on October 6. Before the introduction of the smartwatch, the photo and key features of the smartwatch were leaked. Black It will produce silver with gold and gold and can choose the colors such as Lemongrass, Olive, Red, Gray, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige and Green. The photos have been seen in the photo and crown. Google Pixel Watch: That Pic.twitter.com/jfeac8fkuj & mdash; Snoopytech (@_snoopytech_) October 2, 2022 You can wear up to 50 meters of water and protect against Gorilla Glass. Sleeping, The health features that measure heart rate will include Emergency Mode, Quick Pairing Buds and 6-month Fitbit Premium subscription. Other functions will include Maps for Wear OS, Google Assistant, Google Wallet, and Health BY Fitbit. Google will sell the minewriting for the pixel watch in the winter, and the smartwatch in the photo box shared by the Google News Telegram Channel. Sports Band, There are a USB-C Magnetic Charging Cable and Quick Start Guides. The pixel watch will be supported by Gmail and Google Calendar and the smartwatter's battery life will be used for a day. Wifi / Bluetooth edition is expected to set the LTE edition $ 399 for $ 399. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Super.Action.S01E03.1080p.CM.mp4

2.01 GB N/A video/mp4 23 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Shanghai Triad
6.8

~ IMDb - 7.1/10, RT - 90%, MyDramaList - 7.2/10 ~ ပွဲဦးထွက်ကားဖြစ်တဲ့ Red Sorghum (1988) ကနေစပြီး သိပ်အတွဲညီလာတဲ့ ကျန်းရိမူနဲ့ ဂေါင်လီတို့ အတွဲအစပ်ဟာ ရိုက်သမျှကားတိုင်း တွဲရိုက်လာတာ ၁၉၉၀ရဲ့ Shanghai Triad မှာမှ နားသွားပါတယ်။ ဒီကြားထဲ ကျန်းကျိရီနဲ့ ၃ကားလောက်တွဲရိုက်ခဲ့သလို တခြားသရုပ်ဆောင်တွေနဲ့လည်း ရိုက်ဖြစ်ခဲ့တယ်။ Hero တို့ House of Flying Daggers တို့လို ဂေါင်လီနဲ့သူ တွဲရိုက်ခဲ့တဲ့တုန်းကရှိခဲ့တဲ့ သူ့မူလဟန်ကနေ နည်းနည်းကွဲထွက်တဲ့ဟန်နဲ့လည်းမြင်လာရသလို ကျွန်တော့်အတွက် သူ့မာစတာပိစ်အဖြစ်ဆုံးကားဖြစ်တဲ့ Hero ကိုလည်း ဟောင်ကောင်ရဲ့ Top Star တွေ သုံးပြီး ရိုက်ဖြစ်ခဲ့တယ်။ နောက်ပိုင်းတော့ ၁၆နှစ်အကြာ ၂၀၀၆မှာ ဂေါင်လီနဲ့ပြန်တွဲပြီး ချောင်ယွန်ဖတ်ကိုပါထည့်သုံးပြီး Curse of the Golden Flower ကို ရိုက်ဖြစ်ခဲ့တယ်။ Curse of the Golden Flower ဟာ အဲဒီခေတ်ကာလက ဘတ်ဂျက်အများဆုံးသုံးထားတဲ့ တရုတ်ရုပ်ရှင်အဖြစ်လည်း မှတ်တမ်းဝင်ခဲ့တယ်။ နောက် 2014 မှာ Coming Home ကို ဂေါင်လီနဲ့ နောက်ဆုံးရိုက်ကူးခဲ့တယ်။ ကျန်းရိမူနဲ့ဂေါင်လီရဲ့ ပွဲဦးထွက်ကတည်းက ဆက်တိုက်တွဲရိုက်လာခဲ့တဲ့ Shanghai Triad ထိ ၆ကားရယ်၊ Curse of the Golden Flower ရယ်၊ Coming Home ရယ် ၈ကားကို Collaborations - The Cinema of Zhang Yimou & Gong Li ဆိုပြီး အခွေ၈ခွေနဲ့ ၂၀၂၁ မှာ Box Set ကြီးထုတ်ခဲ့ပါသေးတယ်။ CMမှာလည်း ကျန်းရိမူ ဂေါင်လီ Collaboration ကားတွေ တင်လာတာ အခုဆို အကုန်နီးပါးပါပဲ။ သို့ပေမဲ့ ဒီကားက နောက်ဆုံးလက်ကျန်ကားတော့မဟုတ်ပါဘူး။ The Story of Qiu Ju တစ်ကားလိုပါသေးတယ်။ အဲဒီတစ်ကားပြီးရင်တော့ CM မှာ ကျန်းရိမူ ဂေါင်လီ Collaboration Collection တစ်ခုလုံး စုံပါပြီ။ Shanghai Triad ကတော့ ကျန်းရိမူဂေါင်လီရဲ့ ပထမ Era ရဲ့ အဆုံးသတ်ရုပ်ရှင်ပါပဲ။ ဒီကားကိုတော့ Li Xiao ရဲ့ ဝတ္တုဖြစ်တဲ့ Rules of a Clan ကို ပြန်ရိုက်ထားတယ်။ ၁၉၃၀ ပြည့်နှစ် ရှန်ဟိုင်းက ဒုစရိုက်လောကကို ကျောရိုးထားပြီး ဂေါင်လီရဲ့ အလှအပတွေနဲ့ ခြယ်မှုန်းထားတယ်။ ဒီကားမှာလည်း ရှေ့ကားတွေမှာလိုပဲ ကျန်းရိမူအမြဲပြနေကျဖြစ်တဲ့ ဇာတ်လမ်းနဲ့ ယှဉ်တွဲပါလာတတ်တဲ့ သူတို့ရိုးရာ ဓလေ့တွေ ထုံးတမ်းတွေကို မြင်ရဦးမှာပါပဲ။ သူရိုက်တဲ့ ဝတ္တုနာမည်ကိုက Rules of a Clan ဆိုတော့ စည်းမျဉ်းနဲ့ ဂိုဏ်း ယှဉ်တွဲနေတာကိုပါ မြင်ရဦးမှာပါပဲ။ ဆန်းတာက မူရင်းစာအုပ်ကပဲ ဒီလိုတင်ပြထားသလားမသိပေမဲ့ Shanghai Triad ဆိုတဲ့ နာမည်နဲ့မလိုက်အောင်ပဲ ဒီဇာတ်လမ်းကို ကျွန်တော်တို့ ရှန်ဟိုင်းကို ပထမဆုံးရောက်လာတဲ့ ဆယ်ကျော်သက်ကလေးတစ်ယောက်ရဲ့ အမြင်ကနေပဲ တစ်ကားလုံးပြသွားတာပါ။ ရှန်ဟိုင်းကို ချုပ်ကိုင်ထားတဲ့ ဂိုဏ်းခေါင်းဆောင်ကြီးရဲ့ တပည့်ဖြစ်တဲ့ သူ့ဦးလေးက သူ့ကို အဲဒီဂိုဏ်းခေါင်းဆောင်ကြီးရဲ့ အပျော်မယားဖြစ်တဲ့ ဂေါင်လီဆီမှာ အစေခံအဖြစ်သွင်းပေးတဲ့အချိန်ကနေ ပြသွားတာပါပဲ။ တစ်ကားလုံးက ဒီကောင်လေးကြုံခဲ့ရတဲ့ ၇ရက်တာပါပဲ။ ဒီကောင်လေးဟာ ခုနစ်ရက်တာအတွင်း ရှန်ဟိုင်းရဲ့ မြေအောက်လောကကို ဘယ်လောက်ထိသိသွားနိုင်မလဲ၊ ခုနစ်ရက်တာဟာ လူတစ်ယောက်ရဲ့ဘဝကိုပြောင်းလဲပစ်ဖို့ လုံလောက်တဲ့အချိန်ဖြစ်လာမလားဆိုတာ မြင်ကြရမှာပါပဲ။ ဒီကားမှာ ဂေါင်လီဟာ ကျန်းရိမူနဲ့ တွဲရိုက်ခဲ့တဲ့ ရှေ့ကားတွေလိုမဟုတ်ဘဲ ခေတ်နည်းနည်းပိုဆန်တဲ့အလှနဲ့ မြင်ရမှာဖြစ်သလို ရှေ့ကားတွေက ဂေါင်လီရဲ့ အလှကို ဂန္ထဝင်ဆန်တယ်လို့ သတ်မှတ်ရင် ဒီကားက တစ်ချို့အခန်းတွေက ဂေါင်လီရဲ့အလှကို ကျွန်တော်တော့ မှော်ဆန်တယ်လို့ပဲ သတ်မှတ်ချင်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.15GB, 875MB Quality - 1080p, 720p IMDb Rating - 7.1/10 Format - mp4 Duration - 1H 48Min Genre - Crime, Drama, History Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Drama • Romance
6.8 1995 108 mins
Shanghai Triad
Thick as Thieves
6

Thick as Thieves (2009) ရစ်ပလေ ဆိုတဲ့နာမည်ကတော့ သိုးဆောင်းတို့ဘာသာစကားမှာ တော်တော်ဟိတ်ဟန်ကြီးသ‌ဗျ။ တွမ် ရစ်ပလေ ဆိုတဲ့ ဇာတ်ကောင်တစ်ကောင်နဲ့ ကျွန်တော် လူကြီးမင်းတို့ကို မိတ်ဆက်ပေးဖူးတယ်။ အဲဒီကောင်ကလည်း လူဆိုးဂိုဏ်းလောကမှာ တစ်ကိုယ်တော် လူစွမ်းကောင်း။ အခုဇာတ်ကားမှာတော့ ကစ်သ် ရစ်ပလေ တဲ့ဗျာ။ တကယ့်လူ။ နှစ်ဖက်ချွန်တာနဲ့ အားမရတော့ သုံးဖက်ချွန်တဲ့ စမူဆာလိုလူကြီး။ နောက်ပိုင်းမှာ အဖက်ဖက်ကိုချွန်နေတဲ့ ဆိုင်ကယ်စပေါ့ကတ်ကြီး ဖြစ်နေပါရော့လား။ စပေါ့ကတ်တောင် ခွေးသွားစိတ်များတဲ့ နံပါတ်ကြီးဗျ။ လူဆိုးဂိုဏ်းသားကြီးတော့ မဟုတ်ပါဘူးလေ။ တစ်ကိုယ်တော် သူခိုးကြီးပါ။ တစ်ပွဲစားအဆင့်ကြီးပေါ့။ သူတပါးပစ္စည်း အပျောက်ဖျောက်တဲ့နေရာမှာ အနုပညာမြောက် ကျွမ်းကျင်မှော်ဝင်သူ။ သူခိုးကားတွေရဲ့ ထုံးစံလိုပါပဲလေ။ တွဲဖက်တစ်ယောက်ရှိတယ်။ သူများသတ်လို့သေသွားတယ်။ ဒီတော့ တွဲဖက်ရဲ့ မပြီးဆုံးသေးတဲ့ကိစ္စတွေကို ပြီးဆုံးအောင်လုပ်ပေးဖို့တာဝန်ရယ်၊ သူ့သမီးလေးကို စောင့်ရှောက်ရမယ့်တာဝန်ရယ်။ ဒီတာဝန်တွေကို တစ်ဦးတည်းဆောင်ရွက်ဖို့ အသက်ကြီးသွားပြီဖြစ်တဲ့ ကစ်သ် ရစ်ပလေ က လူငယ်ခြေတက်၊ သူခိုးပေါက်စလေး ဂေဘရီရယ် ရဲ့အကူအညီကို ယူရဖို့ဖြစ်လာတယ်။ သူတို့ခိုးရမယ့်ပစ္စည်းက ရုရှားဇာဘုရင်မိသားစုရဲ့ တော်ဝင်နန်းတွင်းရတနာရွှေဥနှစ်လုံး။ လုံခြုံရေးစနစ်က ယင်ကောင်တောင် ဝင်မရလောက်ဘူး။ တံခါးသုံးဆင့်မြေတိုက် လုံခြုံရေးခန်းထဲမှာ ကျည်ကာမှန်သေတ္တာထဲထည့်ထားတဲ့ ဥတွေ။ ရစ်ပလေ ဘယ်လိုကြံပြီး ဘယ်လိုယူမလဲဆိုတာ စိတ်ဝင်စားဖို့တော့ ကောင်းသား။ Plot twist ခပ်ပါးပါးလေး ပါတယ်။ ရုပ်ရှင်နဲ့ ရင်းနီးသူဆိုရင် ရိပ်မိလောက်မှာပါ။ ဟာခနဲဖြစ်သွားရင်တော့ လူကြီးမင်း ရုပ်ရှင်ကြည့်သက်တမ်း ဝါနုသေးတယ် xD။ ကဲပါလေ။ မင်းသားကြီး Morgan Freeman ရယ်၊ Antonio Banderas ရယ်၊ မင်းသမီးကြီးက Radha Mitchell တို့ သရုပ်ဆောင်ထားကြပါတယ်။ Rating ကလည်း မဆိုးသလို ကြည့်လို့ကောင်းတဲ့ဇာတ်ကားဖြစ်တာကြောင့် လူကြီးမင်းတို့အတွက် တင်ဆက်ပေးလိုက်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.85GB, 810MB Quality – 1080p, 720p IMDb Rating – 6/10 Format – mp4 Duration – 1H 44Min Genre – Action, Crime, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

Drama • Romance
6 2009
Thick as Thieves
Wingwomen
5.7

Wingwomen (2023) =============== Netflix ရဲ့ အက်ရှင်ကားကောင်း‌ ကားသစ်လေးတင်ဆက်ပေးလိုက်ပါပြီ။ သူလျှိုဂိုဏ်းကနေ အေးဂျင့်တွေအဖြစ် လုပ်ကိုင်ရင်း လက်ရွေးစင်တွေဖြစ် လာတဲ့ ကာရိုးနဲ့ အဲလက်စ်ဆိုတဲ့ အမျိုးသမီး ၂ ယောက်ရှိပါတယ်။ မိန်းမတွေ ဆိုပေမယ့် လျှော့တွက်လို့မရတဲ့ ဓားပြတိုက် လူသတ် လုပ်ကြံစတဲ့ လက် ရွေးစင် လူသတ်သမားတွေပေါ့။ သူတို့နှစ်ယောက်ဟာ မစ်ရှင်များစွာလုပ်ရင်း နောက်ဆုံးမှာ အနားယူကြဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဂိုဏ်းခေါင်းဆောင်ကြီးက သူတို့ကိုအမျိုးမျိုး မနား ဖို့စည်းရုံးနေပေမယ့် ဘယ်လိုမှ ညှိမရတာကြောင့် သူတို့နှစ်ယောက်ကို လက်စသပ် အစဖျောက်ဖို့အမျိုးမျိုးကြိုးစားပါတော့တယ်။ ကိုယ့်ရဲ့ ဂိုဏ်းသား တွေနဲ့ ပြန်ရင်ဆိုင်တွေ့တဲ့အခါမှာ ဘယ်လိုမျိုးရင်ဆိုင်တိုက်ခိုက်ကြလဲဆိုတာ ကို အက်ရှင်ခန်းကောင်းကောင်းတွေနဲ့ ရိုက်ပြသွားတာဖြစ်ပါတယ်။ မင်းသမီး အလန်းလေး ၂ ယောက်က အဓိကဇာတ်ကောင်အဖြစ် ပါဝင်ရိုက်ကူးထားပါတယ် (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်) File Size……….(1.8 GB) / (752 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 56Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Action, Comedy, Crime Translator…….Thiha Yan Naing Encoder……….SWM

Horror • Fantasy • Thriller
5.7 2023
Wingwomen
The Remains of the Day
7.8

The Remains of the Day (1993) ~ IMDb – 7.8/10, Rotten Tomatoes – 96% ~ ဒီရုပ်ရှင်ဟာ အော်စကာ ဆန်ခါတင်စာရင်းမှာ ၈ ဆုတောင် တသီကြီးဝင်ခဲ့ပေမယ့် အဲဒီတုန်းက သူနဲ့ အပြိုင်က Schindler’s List ဖြစ်နေခဲ့တာကြောင့် ဘာဆုမှ ချိတ်မသွားရှာခဲ့တဲ့ တစ်ခါတုန်းက အကောင်းဆုံးရုပ်ရှင်တစ်ကားပါ။ ခုခေတ်ရဲ့ ဂန္ထဝင်တွေလို့ သမုတ်ခံနေကြရပြီ‌ဖြစ်တဲ့ Sir Anthony Hopkins, Hugh Grant, Christopher Reeve နဲ့ Emma Thompson တို့လို ပုဂ္ဂိုလ်တွေ ခေါင်းဆောင်ပါဝင်ထားပါတယ်။ ၁၉၃၀ ပြည့်လွန်နှစ်တွေရဲ့ ဗြိတိန်မှာ ဇာတ်အိမ်တည်ထားတဲ့ သစ္စာရှိ၊ တာဝန်သိ အိမ်တော်ထိန်းကြီးတစ်ယောက်အကြောင်းဖြစ်ပါတယ်။ Booker Prize ရထားတဲ့ နာမည်တူ စာအုပ်ကိုပဲ ရုပ်ရှင်ပြန်ရိုက်ထားတာဖြစ်ပြီး ဒုတိယကမ္ဘာစစ်မတိုင်ခင်က ကြီးကျယ်ခမ်းနားတဲ့ အင်္ဂလိပ်လူမျိုး အထက်တန်းလူတန်းစားတစ်ရပ်ကိုတွေ့မြင်ရမှာပါ။ စည်းစနစ်ကြီးပြီး အလုပ်မှာသာ အရာရာမြှုပ်နှံထားတဲ့ စတီဗင်ဆိုတဲ့ အိမ်တော်ထိန်းကြီးတစ်ယောက် သူအိမ်ကြီးရှင် သခင်ဒါလင်တန်အပေါ် မှာထားတဲ့အကြွင်းမဲ့ယုံကြည်မှုနဲ့ သစ္စာတရားအပေါ် သခင်ဒါလင်တန် ကွယ်လွန်ပြီးနှစ်အတော်ကြာမှ သူကိုယ်တိုင်ပြန်မေးခွန်းထုတ်လာမိပါတယ်။ သခင်ဒါလင်တန်ဟာ တကယ့်လူကြီးလူကောင်းစစ်စစ်တစ်ယောက် အရှိန်အဝါကြီးသူတစ်ယောက်ဖြစ်ခဲ့ပေမဲ့ သူ့ရဲ့ တလွဲစာနာမှုတစ်ခုအပေါ် အခြေခံမိတဲ့ဆုံးဖြတ်ချက်အမှားတစ်ခုကြောင့် ဗြိတိန်နိုင်ငံသားတွေရဲ့ သစ္စာဖောက်လို့ အခေါ်ခံရမှုတွေအောက်မှာ နောက်ဆုံးနေ့တွေကို ဖြတ်သန်းခဲ့ရသူပါ။ ဂုဏ်ရှိန်ပြင်းချိန်ကစလို့ မီးငယ်မှိန်ချိန်အထိ အနားမှာ တောက်လျှောက်ခစားခဲ့တဲ့သူကတော့ အိမ်တော်ထိန်းကြီး စတီဗင်ပါ။ ဒါလင်တန်စံအိမ်ကြီးနဲ့ သခင်ဒါလင်တန်ဟာ စတီဗင်အတွက်တော့ ကမ္ဘာတစ်ခုလုံးပါပဲ။ သူ့ရဲ့ သခင်အသစ်က နားရက်ပေးပြီး ခရီးသွားခိုင်းချိန် “ကမ္ဘာကြီးကို နောက်ဆုံးမြင်ခဲ့တာ ဘယ်တုန်းကလဲ စတီဗင်” လို့မေးတာကို “အတိတ်တုန်းကတော့ ကမ္ဘာကြီးကသာ ဟောဒီအိမ်ကြီးဆီ အမြဲ အလည်လာနေကျပဲ” လို့ ပြန်ဖြေတတ်သူမျိုးပေါ့။ ဇာတ်လမ်းအစစ်ကဘယ်အချိန်မှာစလဲဆိုတော့ သခင်ဒါလင်တန် ကွယ်လွန်သွားပြီးနောက် စာနယ်ဇင်းတွေမှာ ပလူပျံနေတဲ့ မကောင်းသတင်းကို ကြားပြီး မခံမရပ်ဖြစ်တဲ့စိတ်နဲ့အတူ စတီဗင်ဆီ ရောက်ရှိလာခဲ့တဲ့ စာတစ်စောင်ကြောင့်ပါ။ စာကိုပို့လိုက်သူကတော့ တခြားမဟုတ်ဘဲ တစ်ချိန်က စတီဗင်နဲ့အတူ အိမ်တော်ကြီးမှာ အတူခစားခဲ့ကြတဲ့ မစ္စကန်တွန်ဆိုတဲ့ အမျိုးသမီးပါပဲ။ အိမ်တော်ထိန်းကြီးရဲ့ မျက်လုံးတွေကတဆင့် လွန်ခဲ့တဲ့ နှစ်၂၀က ဒါလင်တန်စံအိမ်မှာ ဖြစ်ပျက်ခဲ့သမျှတွေကို လက်ရှိအချိန်နဲ့ လူးလာကူးရင်းတွေ့ရမှာပါ။ ရုပ်ရှင်က ၂နာရီ ၁၄ မိနစ်စာဆိုပေမဲ့ ဘဝကြီးတစ်ခုလုံးစာကြာတယ်လို့ ခံစားရပါလိမ့်မယ်။ မကောင်းတဲ့သဘောနဲ့ပြောတာမဟုတ်ဘဲ အဲဒီလောက်ထိကို လူကိုကျေနပ်သွားစေတယ်လို့ ပြောချင်တာပါ။ မဆိုသစလောက်လေးတော့ လေးပေမယ့် ပေါ့ပေါ့ပါးပါးခံစားရစေမယ့် အပိုင်းလေးတွေလည်း ပါပါတယ်။ ဒီကားရဲ့ အိမ်တော်ထိန်းကြီး စတီဗင်နေရာမှာ သရုပ်ဆောင်ဖို့ကို Sir Anthony Hopkins က ဘတ်ကင်ဟမ်နန်းတော်မှာ အဲလိဇဘက်ဘုရင်မကြီးအတွက် အနှစ် ၅၀ အမှုထမ်းခဲ့တဲ့ Cyril Dickman လို့ခေါ်တဲ့ အိမ်တော်ထိန်းကြီးတစ်ယောက်ဆီကနေ လေ့လာသင်ယူအကြံတောင်းခဲ့တာဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.3GB, 900MB Quality – 1080p, 720p IMDb Rating – 7.8/10 Format – mp4 Duration – 2H 14Min Genre – Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by Z Encoded by Y

Crime • Thriller
7.8 1993 134 mins
The Remains of the Day
Blue Valentine
7.3

Blue Valentine (2010) ~ IMDb – 7.3/10, RT – 86%, Meta – 81% ~ မပြေလည်ခြင်းများဟာ အနီရောင်နေ့ရက်တစ်ချို့ရဲ့အတွင်းသားထဲ စီးဆင်းသွားတဲ့နောက် ခရမ်းရောင်တစ်ခုက အရောင်ဗေဒတွေအတိုင်း ငါ့သွေးကြောထဲလှည့်ပတ်နေခဲ့ရင်း အခုဆိုဘယ်နှရာသီ။ ဘဝဟာ ချောကလက်ဘူးတစ်ဘူးနဲ့ သဏ္ဍာန်တူကြောင်း ရုပ်ရှင်ထဲက ခပ်အအ,ကာရိုက်တစ်ကောင်ပြောဖူးတာ ကြားဖူးမှာပါ။ ကိုကိုး၈၀ရာခိုင်နှုန်း ကိုကိုး၉၀ရာခိုင်နှုန်း ကိုကိုး၉၉ရာခိုင်နှုန်း။ များများစားစား မျှော်လင့်စရာဟာ အခါးဓာတ်နဲ့ အသားကျသွားဖို့ပေါ့။ အောင်မြင်တဲ့အချစ်ကို ဘဝတစ်ကွေ့မှာ ငါတို့ပက်ပင်းတွေ့ဖူးကြမှာပဲ။ ကမ္ဘာအဆက်ဆက်က ဖူးစာလို့ ထင်ကောင်းထင်ခဲ့ကြဖူးလိမ့်မယ်။ “ကြည်ဖြူနိုင်သူ နှစ်ဦး”လည်း ဖြစ်ခဲ့ကြဖူးတယ်။ မင်းအရိပ်မှာငါခို ငါ့သီချင်းမှာကခဲ့ဖူးတဲ့ ဆံပင်တွေလည်းမရှည်သေးဘူး။ ချိုသော နွေးသော မဖြောင့်တန်းသော လေမသွေးလက်များ ကံတော်မကုန်ခင်အထိတော့ တံလျှပ်တို့က အစစ်ပဲ အချစ်ရယ်။ နေဝင်သွားတဲ့ တံတားကြီးရဲ့ဟိုးတစ်ဘက်က ညနေဟာ ငါသိတဲ့ကဗျာတစ်ပုဒ်ကို လှိုက်စားသွားဖူးတယ်။ ဒါဟာ ရွှေရင်ပြုံးတုံ့အခါလည်ပေါ့။ မျက်ရည်တွေတောင်မှ ခမ်းနားလို့ ဟိုးတုန်းကတော့ အဲဒီနေ့တို့က ကောင်းကင်ပြာခြင်းတို့ရဲ့အပြာ။ အနောက်ဘက်တစ်ခြမ်းမှာတော့ ကျရှုံးခန်းတွေ ကျောက်စာထူထားတဲ့ စစ်မြေပြင်မှာ အားလုံးတိတ်ဆိတ်နေခဲ့တယ်။ ငါတို့သိတဲ့အချစ်များပြန်ရှာရင်း ငါတို့မသိတဲ့ငါတို့ကို ငါတို့ပြန်တွေ့ရှိခဲ့ရ။ ဟိုအရင်ကလိုပဲ ချက်ကော့ရဲ့သေနတ်ဟာ ချစ်သူတို့ရဲ့နေ့ရက်တိုင်းကို ချိန်ရွယ်ထားတုန်းပဲ။ ချက်ကော့ရဲ့သေနတ်ဟာ ချက်ကော့ရဲ့သေနတ်ဖြစ်နေလို့ပဲ ငါတို့တည့်တည့်ကြီးမှန်လို့ ငါတို့ကလည်စင်းခံ။ အမှတ်မထင် ကျည်ဆန်တွေရဲ့ ထိပ်ဖူးကို ငါတွေ့လိုက်ရတဲ့နေ့က အဲဒီကျည်ဟာ ခရမ်းရောင်ပကတိ။ “ပုံစံသဏ္ဍာန်ကွဲ အဖြစ်အပျက်နှစ်ရပ်တို့ ထပ်တူကျဖို့လည်း သီအိုရမ်တွေ အခုထိထွက်မလာသေး”။ ဒီလိုနဲ့ နေမလောင်ထားတဲ့ အရစ်ကြောင်းကို ငါမြင်နေခဲ့ရတယ်။ သီချင်းဟာ ဒီမှာရှုံးသွားတယ်။ ကပွဲဟာ ဒီမှာဆုံးသွားတယ်။ အောင်မြင်တဲ့အချစ်ဟာလည်း တစ်ကွေ့ကွေ့တော့ ရှုံးရမှာပါပဲ။ အားလုံးဟက်တက်ကွဲဖူးကြလိမ့်မယ်။ ကံကြမ္မာဟာ ငါတို့မြင်ချင်တဲ့ကမ္ဘာကြီးကို ပြလို့ ငါတို့မမြင်ချင်တဲ့ကမ္ဘာကြီးကို ပေးလိမ့်ဦးမယ်။ The Holdovers နဲ့ Election တို့ရဲ့ ဒါရိုက်တာ အလက်ဇန္ဒားပိုင်းန်ကို သူ့ရုပ်ရှင်တွေမှာ ဘာလို့ အကျအရှုံးတွေ ဒီလောက်များနေတာလဲလို့ မေးတော့ သူဖြေတာက ဘဝမှာ ဒီပြင်ဘာများရှိသေးလို့လဲတဲ့။ Blue Valentine ဟာ အောင်မြင်ခဲ့တဲ့အချစ်တစ်ခုရဲ့ ကျရှုံးခန်းအကြောင်းပါပဲ။ ဘယ်စစ်ဘုရင်ရဲ့ ကျရှုံးခန်းကမှတော့ ဒီကျရှုံးခန်းထက် ကြီးကျယ်ခမ်းနားမယ်မထင်ဘူး။ ကျွန်တော်တို့သိသမျှမှာ ဘယ်အချစ်ကရော မခမ်းနားဖူးလို့လဲ။ ” “– ဘဝဆက်တိုင်းအတူ – ကိုမောင်မောင် ” “– တစ်ပင်တည်း ရင်ထဲကနွယ် – ဖိုးချို (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.9GB, 1.25GB Quality – 1080p, 720p IMDb Rating – 7.3/10 Format – mp4 Duration – 1H 52Min Genre – Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.3 2010
Blue Valentine
My Sassy Girl
8

My Sassy Girl (2001) IMDb Rating (8.0) / Rotten Tomatoes (93%) ကိုရီးယားရုပ်ရှင်လောကမှာကော၊ Asia ရုပ်ရှင်လောကမှာပါ Jun Ji Hyun ( Gianna Jung ) ဆိုပြီး နာမည်တစ်ခုကို ခိုင်ခိုင်မာမာရစေခဲ့တဲ့အပြင် ခုချိန်ထိ လူကြိုက်အများဆုံး Korean romcom အဖြစ်သတ်မှတ်ထားတဲ့ ရုပ်ရှင်ဆိုရင်တော့ 2001 ခုနှစ်ကထွက်ခဲ့တဲ့ My Sassy Girl ပါပဲ။ အဲ့နှစ်ပိုင်းတွေမှာ Jun Ji Hyun ကိုယောကျ်ားလေး၊ မိန်းကလေးတွေသာမက သူတို့အနုပညာလောကသားအချင်းချင်းတောင် ကြိတ်ကြွေခဲ့ရတာပါတဲ့။ ကြောငြာတွေ၊ ရုပ်ရှင်တွေဆိုတာလည်း သူမှသူပါပဲ။ ခုချိန်ထိ အာရှရဲ့အလှဆုံးမင်းသမီးတွေထဲမှာ နှစ်တိုင်းပါပြီး ကိုရီးယားရဲ့ အနုပညာကြေးအမြင့်ဆုံးမင်းသမီးတွေထဲမှာ နံပတ်တစ်ဖြစ်နေတုန်းပါ။ ပြန်ရိုက်တဲ့ကားတွေ၊ နောက်ပိုင်းဆက်ထွက်တဲ့ကားတွေရှိပေမယ့် အပွင့်လင်းဆုံးပြောရရင်တော့ original movie ကို ဘယ်ကားမှ မမှီပါဘူး။ My Sassy Girl ကတော့ ဘယ်တော့ကြည့်ကြည့်မရိုးသွားသလို၊ romcom တွေရဲ့ ထုံစံအတိုင်းပေါ့ပျက်ပျက်လည်း ဖြစ်နေဘူး။ ရယ်ရတဲ့အပိုင်း၊ ကြည်နူးရတဲ့အပိုင်း၊ ဝမ်းနည်းရတဲ့အပိုင်းလေးတွေတိုင်း သူ့ဟာနဲ့သူ အံဝင်ခွင်ကျရှိတယ်။ ဇာတ်လမ်းက ခပ်ရိုးရိုးအူကြောင်ကြောင်ကောင်လေး နဲ့ အရမ်းလှပြီးသူလုပ်ချင်ရာလုပ်တတ်တဲ့ကောင်မလေးတို့ရဲ့ အကြောင်းလေးဆိုပေမယ့် ဇာတ်လမ်းလေးကချစ်ဖို့လည်းကောင်းသလို ငိုလည်းငိုရပါတယ်။ အရမ်းအနိုင်ကျင့်တတ်တဲ့ကောင်မလေး ပြောသမျှ၊ လုပ်သမျှကို တစ်ချက်မငြီးပဲငြိမ်ခံနေတဲ့ကောင်လေးကို “ဘာလို့အဲ့လောက်သည်းခံတာလဲ” မေးတော့ သူပြန်ပြောတဲ့ စကားလေးတွေဆို အရမ်းကြည်နူးစရာလေး။ ပျော်ချင်ယောင်ဆောင်ပြီး တစ်ယောက်တည်းကြိတ်ဝမ်းနည်းတတ်တဲ့ ကောင်မလေးရဲ့အတွင်းစိတ်ကိုလည်း ပေါ်အောင်ရိုက်ပြနိုင်တယ်။ မင်းသားကော၊ မင်းသမီးကော သရုပ်ဆောင်ကောင်းချက်က သူတို့ရဲ့နောက်ထွက်တဲ့ ရုပ်ရှင်တွေကြည့်ရင်တောင် ဒီကားကိုပြေးပြေးမြင်မိတယ်။ ကိုရီးယားကားမကြိုက်တဲ့သူတွေတောင် ကြည့်ဖူးကြမယ်ထင်တာပဲ။ admin အတွက်တော့ rom-com တွေဘယ်လောက်အသစ်ထွက်ထွက် ခုကားလေးကိုမမှီဘူး။ OST ဖြစ်တဲ့ “ I Believe “ ဆိုရင်လည်း အရမ်းနာမည်ကြီးတာ။ မကြည့်ရသေးရင်ဖြစ်ဖြစ်၊ ကြည့်ပြီးလို့မေ့နေရင်ဖြစ်ဖြစ် ကြည့်ကြည့်နော်။ (ရုပ်ရှင်အညွှန်းကို Willow Summer II FB Page မှကူးယူဖော်ပြပါသည်။) ဘာသာပြန်ကိုရော Quality ပိုင်းကိုရော အပြည့်စုံဆုံး Version ဖြစ်တဲ့ BluRay Director’s Cut Version နဲ့တင်ဆက်ထားတာမလို့ ဒီ Version ကိုတဖန်ပြန်ကြည့်သင့်ပါတယ်။

TV Movie • Comedy • Romance
8 2001
My Sassy Girl
Precious Cargo
5.5

ဒီတစ်ခါမှာတော့ ကြည့်ရှုသူချစ်ပရိတ်သတ်ကြီးကို ၂၀၁၆ကထွက်ရှိခဲ့တဲ့ Precious Cargo ဆိုတဲ့ ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက် ပေးချင်ပါတယ် ဒီဇာတ်ကားကို ဒါရိုက်တာ Max Adams ကရိုက်ကူးပုံဖော်ထားပြီး နာမည်ကြီးမင်းသားတွေဖြစ်တဲ့ Bruce Willis ,Mark-Paul Gosselaar နဲ့ မင်းသမီး Claire Forlani ,Logan တို့က ပါဝင်သရုပ်ဆောင် ထားပါတယ် ဇာတ်လမ်းအစမှာ ဂျက်ခ်အဖြစ်သရုပ်ဆောင်ထားတဲ့ မင်းသား Mark-Paul Gosselaar တို့အဖွဲ့ လက်နက်အလှယ် အလဲလုပ်ရာကနေ အပြန်အလှန်ပစ်ခတ်ကြပုံနဲ့ စတင် ထားပါတယ် အဲ့နောက် ရုတ်တရက် ဂျက်ခ်ရဲ့ရည်းစားဟောင်း ဖြစ်တဲ့ ကာရန်ဆိုတဲ့ အမျိုးသမီးတစ်ယောက်က အက်ဒီလို ခေါ်တဲ့ တကယ့် လူဆိုးဂိုဏ်းခေါင်းဆောင်နဲ့ ပတ်သက် မိပါတယ် တည်ငြိမ်အေးချမ်းနေတဲ့ ဂျက်ခ်တို့ရဲ့အဖွဲ့လေးဆီကို ကာရန်တစ်ယောက်ရောက်လာတဲ့အချိန်မှာ သူနဲ့အတူမုန်တိုင်း ကိုပါ တစ်ပါတည်းခေါ်ဆောင်လာခဲ့ပါတယ် အကြောင်းက ကာရန်က အက်ဒီလို့ခေါ်တဲ့သူခိုးဓားပြဂိုဏ်းခေါင်းဆောင်ကို အကြွေးပေးစရာသန်းချီရှိနေပါတယ် အဲ့နောက်ကိုယ်ဝန် ရှိချင်ယောင်ဆောင်ထားတဲ့ ကာရန်တစ်ယောက် ကလေးကို ဗန်းပြပြီး စီအိုင်အေရဲ့ ဒေါ်လာသန်းချီတန်တဲ့ စိန်တွေကို ခိုးယူဖို့ ဂျက်ခ်တို့အဖွဲ့ကိုအကူအညီတောင်းပါတယ် ခိုးမယ့်အဖွဲ့ကဂျက်ခ်တို့ အပြင် တကယ့်နာမည်ကျော် အက်ဒီတို့ကပါ ဒီစိန်တွေကို အပြိုင်အဆိုင်ရယူဖို့ကြိုးစား ကြပါတယ် အဲ့ဒီနောက် ဂျက်ခ်တို့ရဲ့သူခိုးဆီကနေ သူဝှက်ပြန်လုမယ့်အစီအစဉ်ကရော ဘာတွေဆက်ဖြစ်ကြမလဲ ကာရန်ဗိုက်ထဲက ကလေးကရောဘယ်သူ့ကလေးဖြစ်မလဲ ဂျက်ခ်တို့ကရော ဒီစိန်တွေကို အက်ဒီနှောင့်ယှက်နေတဲ့ ကြားထဲနေ အောင်အောင်မြင်မြင်ခိုးထုတ်နိုင်ပါ့မလား ဆိုတာကိုဒီဇာတ်ကားလေးထဲမှာ ပရိတ်သတ်ကြီးကိုယ်တိုင် လိုက်ပါစီးမျောကြည့်လိုက်ပါဦး ဒီဇာတ်ကားက Action, Comedy & Thriller အမျိုးအစား ကိုမှ ကြည့်ရှုရတာ ကြိုက်နှစ်သက်ပါတယ်ဆိုတဲ့ ပရိတ်သတ်တွေ မလွတ်စတမ်း ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ် File size…1.81GB / 976MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 30m Genre ….. Action , Comedy , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Eh Phaw

5.5 2016
Precious Cargo
Inside Out 2
7.8

2015 တုန်းက အကောင်းဆုံးကာတွန်းရုပ်ရှင် အော်စကာဆုရခဲ့တဲ့ နာမည်ကျော် ကာတွန်းကားရဲ့ နောက်ဆက်တွဲ ထွက်လာပါပြီ။ ၁၀ နှစ်နည်းပါး ကြာခဲ့ပေမဲ့ ဇာတ်လမ်းနဲ့ ရိုက်ချက်တွေက စောင့်ရတာ တန်တယ်လို့ ပြောနိုင်လောက်အောင် ကောင်းနေပါတယ်။ Rating လည်း 7.8 ထိ ရောက်နေတာမို့ ဘော်ချက်ရုံသက်သက် ကာတွန်းအဆက်တွေ စွတ်ထုတ်နေတာထက်တော့ သာပါတယ်။ Inside Out 2015 မှာ ပြခဲ့တဲ့ကလေးတစ်ယောက်ရဲ့ ဦးနှောက်သဘောတရားတွေကို ပုံဖော်မှုက အတော်ပြောင်မြောက်ခဲ့သလို အခု ရုပ်ရှင်မှာလည်း ကလေးဘဝကနေ ရင့်ကျက်မလာခင် ခံစားချက်မျိုးစုံနဲ့ ဦးနှောက်ရဲ့သဘောကို ပီပီပြင်ပြင် ပြထားနိုင်လိုက်တာပါပဲ။ “သူ့ကို ငါ့အစား လဆီ ခေါ်သွားပေးပါ” ဆိုတဲ့ ဘင်းဘောင်ရဲ့ အခိုက်အတန့်မျိုးကိုတော့ ပြန်ဖန်တီးဖို့ မဖြစ်နိုင်သလောက်ပါပဲ။ ဒီရုပ်ရှင်ထဲမှာ Joy ရဲ့အိပ်ရာဘေးမှာ ဘင်းဘောင်အရုပ်လေးကို တွေ့ရပါလိမ့်မယ်။ ဇာတ်လမ်းအကျဉ်း ဇာတ်လိုက်မလေး ရိုင်လီဟာ ဆယ်ကျော်သက်ဖြစ်လာပြီး အလယ်တန်းကျောင်းရဲ့ ဟော်ကီအသင်းမှာ ကစားနေပါပြီ။ ဟော်ကီကစားတာ တော်တာကြောင့် အထက်တန်းကျောင်းနည်းပြက သူ့ရဲ့ ၃ ရက် စခန်းသွင်းလေ့ကျင့်ရေးကို ဖိတ်လိုက်ပါတယ်။ အဲဒီမှာသာ အရွေးခံရရင် အထက်တန်းဟော်ကီအသင်းမှာ ပါရမဲ့အပြင် ပညာသင်ဆုပါ ရနိုင်မှာမို့ ရိုင်လီ့အတွက် အခွင့်အရေးကောင်းကြီးပါပဲ။ ဒါပေမဲ့ တိုက်တိုက်ဆိုင်ဆိုင်ပဲ အရွယ်ရောက် ခံစားချက်တွေဖြစ်တဲ့ စိတ်ပူတာ၊ စိတ်ကုန်တာ၊ အားကျတာ၊ ရှက်တာ စတဲ့ ခံစားချက်တွေက ဌာနချုပ်ကို အသစ်ရောက်လာပြီး အရင်တုန်းက ပျော်ရွှင်၊ ဝမ်းနည်း၊ ဒေါသ၊ ကြောက်ရွှံ့၊ ရွံရှာ တို့တွေနဲ့ ပြဿနာတွေဖြစ်ကြပါတယ်။ သူ့ရဲ့ခံစားချက်တွေကို နားမလည်နိုင်တော့တဲ့အခါ ကိုယ့်ကိုယ်ကိုယ်သိစိတ် ပျောက်လာတဲ့ ရိုင်လီတစ်ယောက် ဟော်ကီလေ့ကျင့်ရေးမှာ ဘာအမှားတွေလုပ်ပြီး Joy တို့ တစ်စု အတွင်းထဲကနေ ဘယ်လို ပြင်ဆင်ကြမလဲဆိုတာ ကြည့်ရပါလိမ့်မယ်။ File Size : 5.4 GB / 1.8 GB / 1 GB Quality : Blu-Ray HEVC 4K / 1080p / 720p Running Time : 1hr 36min Format : Mkv and Mp4 Audio : AAC and AC-3 Genre : Animation/Drama / Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by : Mr.Anderson Encode by : Thit San Khant

Action • Crime
7.8 2024 97 mins
Inside Out 2
Jai Gangaajal
5.8

Jai Gangaajal (2016) “ကယ်တင်ရှင်မလေး” အိန္ဒိယရဲ့ဈေးအကြီးဆုံးမင်းသမီး ပရီယန်ကာချိုပရာရဲ့ မှုခင်းအက်ရှင် ကားအဟောင်းလေးကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ် ရုံတင်ငွေ ရူပီး 495.9 Million ရရှိခဲ့ပြီး အောင်မြင်ခဲ့တဲ့ ဇာတ်လမ်းလေးလည်း ဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ ဘန်ကပူရ်ခရိုင်မှာ လူမိုက်ညီအစ်ကိုနှစ်ယောက်ဟာ ရဲတွေနဲ့ပေါင်းပြီး မြေတွေကို အဓမ္မသိမ်းယူလေ့ရှိသလို မထင်ရင်မထင်သလို လူပေါ်လူဇော်လုပ်လွန်းတာကြောင့် သူတို့နှစ်ယောက်ကို အမှုန့်ချေချင်နေကြသူတွေ အများကြီးရှိပေမယ့် အားမတန်လို့ မာန်လျှော့နေကြရပါတယ်။ ဒီလို ဒုစရိုက်တွေထူပြောလှတဲ့ နယ်မြို့လေးကို လှလှပပ မိန်းမသားရဲအရာရှိတယောက် ပြောင်းရွှေ့ရောက်ရှိလာတဲ့အခါမှာတော့ ရုပ်လေးသနားကမားနဲ့မလိုက် နင်းကန်ကြမ်းပြရင်း မတရားမှု ဒုစရိုက်အမှုတွေကို ဘယ်လိုဖော်ထုတ်သွားမလဲဆိုတာ….။ ပရီယန်ကာချိုပရာရဲ့ ရဲအရာရှိ အမူအရာစတိုင်တွေက လုံးဝအလန်းစားတွေမလို့ ကြည့်ကောင်းတဲ့ ဘောလိဝုဒ်ဖိုက်တာဇာတ်ကားပါပဲ။

Drama
5.8 2016 149 mins
Jai Gangaajal
28 Days Later
7.6

ခေတ်သစ် Zombie ရုပ်ရှင်ကမ္ဘာရဲ့ မှတ်တိုင်တစ်ခု ==================================== ဒါရိုက်တာ – Danny Boyle ထွက်သည့်နှစ် – ၂၀၀၂ အဓိက သရုပ်ဆောင်များ – Cillian Murphy, Naomie Harris, Christopher Eccleston 28 Days Later ဟာ ရိုးရိုး zombie ဇာတ်ကားတွေနဲ့ မတူတဲ့ ထူးခြားမှုတွေရှိနေပါတယ် ဒါရိုက်တာ Danny Boyle ဟာ ဒီဇာတ်ကားကို Digital Video Camera တွေနဲ့ ရိုက်ကူးခဲ့ပြီး London မြို့ကြီးရဲ့ လူသူကင်းမဲ့နေတဲ့ မြင်ကွင်းတွေကို ထိတ်လန့်စရာကောင်းလောက်အောင် ရိုက်ကူးပြသခဲ့တာပါ ဇာတ်လမ်းအကျဉ်း Jim (Cillian Murphy) ဆိုတဲ့ courier တစ်ယောက်ဟာ ဆေးရုံမှာ ၂၈ ရက်ကြာ Coma နေရာကနေ နိုးလာတဲ့အခါ London မြို့ကြီး လူသူကင်းမဲ့နေတာကို တွေ့ရှိရပါတယ်။ “Rage virus” ဆိုတဲ့ ဗိုင်းရပ်စ်ကြောင့် လူတွေ အကြမ်းဖက်သတ္တဝါတွေဖြစ်ကုန်ကြတာကို တွေ့လိုက်ရတဲ့ အခါမှာ Jim ဟာ Selena (Naomie Harris)၊ Frank (Brendan Gleeson) နဲ့ Hannah (Megan Burns) တို့နဲ့ တွေ့ဆုံပြီး အသက်ရှင်ရပ်တည်ဖို့ ကြိုးစားရပါတော့တယ် ထူးခြားချက်များ ဒီဇာတ်ကားမှာပါတဲ့ infected တွေဟာ ရိုးရိုး zombie တွေလို နှေးကွေးစွာ မလှုပ်ရှားဘဲ အလွန်မြန်ဆန်ပြီး ကြမ်းတမ်းကြပြီးတော့ Digital Video ကင်မရာသုံးထားတာကြောင့် ပိုမို realistic ဖြစ်စေပြီး documentary ပုံစံမျိုး ခံစားရမှာပါ Post-apocalyptic London ရဲ့ ရိုက်ကွင်းတွေကို နာမည်ကြီး tourist နေရာတွေမှာ အစစ်အမှန် ရိုက်ကူးထားပါတယ်။ သရုပ်ဆောင်များအကြောင်း Cillian Murphy ရဲ့ Jim ဇာတ်ရုပ်က ရိုးသားပြီး လူသားဆန်တဲ့ ဇာတ်ရုပ်ကို အထာကျကျ သရုပ်ဆောင်ထားပြီး Naomie Harris ကလည်း သူ့ရဲ့ ခက်ထန်ပြီး အသက်ရှင်ရပ်တည်ရေးကို ဦးစားပေးတဲ့ Selena ဇာတ်ရုပ်နဲ့ ပရိသတ်ကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။ ဒါရိုက်တာအကြောင်း Danny Boyle ဟာ Trainspotting၊ Slumdog Millionaire လို နာမည်ကြီးရုပ်ရှင်တွေကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာဖြစ်ပြီး ဒီဇာတ်ကားမှာလည်း သူ့ရဲ့ ထူးခြားတဲ့ ရိုက်ကူးမှုပုံစံတွေကို တွေ့မြင်ရမှာပါ ဥပမာ – handheld camera techniques တွေ၊ အရောင်အသွေး ပြုပြင်မှုတွေနဲ့ တီးလုံးအသုံးပြုပုံတွေဟာ ဇာတ်လမ်းရဲ့ စိတ်ဖိစီးမှုနဲ့ တင်းမာမှုတွေကို ပိုမိုထင်ဟပ်စေပါတယ်။ 28 Days Later ဟာ zombie genre ထဲမှာ မှတ်တိုင်ထူနိုင်ခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ လူသားတွေရဲ့ survival instinct၊ လူ့အဖွဲ့အစည်းပြိုကွဲသွားတဲ့အခါ ဖြစ်ပေါ်လာနိုင်တဲ့ ပဋိပက္ခတွေကို ထိထိမိမိ တင်ပြထားပါတယ်။ နောက်ပိုင်းထွက်ရှိလာတဲ့ zombie ဇာတ်ကားတွေအပေါ် လွှမ်းမိုးမှုရှိခဲ့ပြီး ခေတ်သစ် horror genre ကို ပြောင်းလဲစေခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ 28 Days Later (2002), 28 Weeks Later (2007),28 Years Later (2025) ၃ ကားစလုံးကို CM App နဲ့ Web မှာ တင်ထားပါပြီ။ File Size : 3.4 GB, 1.3 GB Quality : Blu-Ray 1080p / 720p Running Time : 1hr 53min Format : Mp4 Genre : Drama, Horror, Mystery Subtitle : Myanmar Subtitle (Hard Sub) Encode by : Thit San Khant

Drama • Romance
7.6 2002 113 mins
28 Days Later
Feeling Better
6

ဒီဇာတ်ကားဟာ ၂၀၂၄ ခုနှစ် ဗင်းနစ်ရုပ်ရှင်ပွဲတော်ရဲ့ Orizzonti အပိုင်းမှာ အဖွင့်ရုပ်ရှင်အဖြစ် ရွေးချယ်ခံရပြီး Rome ရဲ့ ဆေးရုံတစ်ခုမှာ လူအီဟာ ဆေးရုံမှာ ရေရှည်နေထိုင်နေရင်း တာဝန်ဝတ္တရားတွေ၊ စိတ်ဖိစီးမှုတွေက ကင်းလွတ်နေတဲ့ ဘဝကို အေးဆေးစွာ နှစ်ခြိုက်နေတဲ့သူပါ။ ဒီကာလရှည် ဆေးရုံနေထိုင်မှုဟာ သူ့အတွက် လွတ်လပ်မှုတစ်မျိုးဖြစ်ပြီး ဆေးရုံရဲ့ ပုံသေပုံစံဘဝကို သူလက်ခံထားတယ်။ ဒါပေမဲ့ တရက်မှာ စိတ်မထိန်းနိုင်တဲ့ လူနာအသစ်တစ်ဦး ရောက်ရှိလာတဲ့အခါ သူ့ရဲ့ အေးချမ်းတဲ့ဘဝဟာ ပြောင်းလဲသွားပါတယ်။ ဒီလူနာအသစ်ဟာ ဆေးရုံရဲ့ စည်းမျဉ်းတွေ၊ ဓလေ့တွေကို ဆန့်ကျင်တဲ့ ဒေါသအိုးတယောက်ဖြစ်နေသလို ဘဝကို အန္တရာယ်တွေနဲ့အတူ လွတ်လွတ်လပ်လပ်နေထိုင်လိုသူဖြစ်နေတယ်။ ဒီနှစ်ယောက်ရဲ့ ဆန့်ကျင်ဘက်သဘောထားတွေဟာ သူတို့ကို ဘဝ၊ သေဆုံးမှု၊ နဲ့ အချစ်ရဲ့ အဓိပ္ပာယ်ကို ပြန်လည်ဆန်းစစ်စေဖို့ ကံကြမ္မာက သူတို့နှစ်ယောက်ကို ထိပ်တိုက်တွေ့ပေးလိုက်တဲ့အခါမှာတော့…. File Size… (1.22GB) / (703 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 33m Genre ….Drama , Fantasy Subtitle….Myanmar Subtitle (Hard Sub)

Music • Thriller • Drama
6 2024 93 mins
Feeling Better