YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Sumpahan Malam Raya 2023 1080p NF WEB-DL CM.mp4

1.72 GB 1080p video/mp4 184 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Tinnitus
8

နားအူဖူးကြပါသလား။ နားထဲစူးနေတဲ့အသံတွေကြောင့် အိပ်မရဖြစ်ဖူးပါသလား။ ကျွန်တော်တို့အားလုံး တစ်သက်မှာတစ်ခါလောက်တော့ကြုံဖူးမယ်ထင်ပါတယ်။ Tinnitus ဆိုတာဟာ နားထဲအဆက်မပြတ်အသံစူးစူးကြားရတဲ့ရောဂါလို့အဓိပ္ပာယ်ရပါတယ်။ သူ့ကိုတော့ စိတ်ပိုင်းဆိုင်ရာကြောင့်ဖြစ်သလား၊ ရုပ်ပိုင်းဆိုင်ရာကြောင့်လား လေ့လာနေဆဲပါ။ ခံစားရသူတွေတချို့က သူတို့အနေနဲ့ စိတ်ဖိစီးမှုများတယ် လို့ပြောကြသလို တချို့ကလည်း နားရောဂါတစ်ခုခုရဲ့ လက္ခဏာလို့ဆိုကြပါတယ်။ ဒီဇာတ်ကားကတော့ နားအဆက်မပြတ်အူတဲ့ရောဂါခံစားနေရတဲ့ ‌ဒိုင်ဗင်မယ် မာရီနာနဲ့စထားပါတယ်။ သူ့လိုတခြားသူတွေလည်းရှိနေပြီး သူတို့တွေခံစားနေရတာကိုပါရိုက်ကူးထားပါတယ်။ ကျွန်တော်တို့တွေ တစ်ရက်လောက်နားတွေအူပြီးအိပ်မရရင်တောင် တော်တော်ခံရခက်ပါတယ်။ တစ်ရက်မက နှစ်ရက်မက ခံစားရတဲ့အခါ ခေါင်းတွေပေါက်ထွက်တော့မယ့်အထိ ခံစားရမှာ‌အသေအချာပါပဲ။ ဒီလိုနဲ့ မာရီနာဟာ သည်းမခံနိုင်တဲ့အ‌ဆုံး ဒိုင်ဗင်အားကစားကိုစွန့်လွှတ်ပြီး နားအူ‌ခြင်းကိုပဲဆက်ကုပါတော့တယ်။ ဒါပေမဲ့ ဝါသနာဆိုတာ စွန့်လွှတ်ရခက်တဲ့အတိုင်း သူဒိုင်ဗင်အားကစားကိုပြန်လုပ်နိုင်ဖို့ ကြိုးစားပါတော့တယ်။ သူချစ်တဲ့အားကစားကိုဆက်လုပ်နိုင်မလား။ နားအူတာကကော ဘယ်လောက်တောင်ဆိုးသလဲဆိုတာကို ရိုက်ကူးထားတာ‌ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ ဘရာဇီးလ်ကားဖြစ်ပြီး ဘရာဇီးလ်ဟာ လက်တင်အမေရိကမှာ အကြီးဆုံးနိုင်ငံတစ်ခုဖြစ်တဲ့အတိုင်း သူတို့ရဲ့ရုပ်ရှင်အဆင့်အတန်းကလည်း နိုင်ငံတကာကို တန်းညှိနိုင်တဲ့အထိရှိပါတယ်။ ရုပ်ရှင်ရိုက်ကွက်တွေက လှတယ်လို့ပြောနိုင်တဲ့အပြင် အသံပိုင်းကိုလည်း သေချာဂရုစိုက်ထားတာတွေ့ရပါတယ်။ Body Horror/Thriller အမျိုးအစားလို့ပြောပေမယ့် ကျွန်တော့်အနေနဲ့ကတော့ ကြောက်စရာအခန်းတွေသိပ်မပါဘဲ ငြိမ့်ငြိမ့်လေးပဲ ဆွဲသွားတဲ့ကားလို့မြင်ပါတယ်။ နားအူ‌သံတွေကိုပါ သရုပ်ဆောင်တွေနဲ့အတူလိုက်ခံစားချင်ရင်တော့ နားကြပ်လေးတပ်ရင်း အနှောက်အယှက်ကင်းကင်း ကြည့်ဖို့အကြံပေးချင်ပါတယ်ခင်ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.9GB, 790MB Quality - 1080p, 720p IMDb Rating - 6.1/10 Format - mp4 Duration - 1H 45Min Genre - Drama, Horror, Sport Subtitle - Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Action • Crime • Thriller
8 2023 105 mins
Tinnitus
Drishyam 2
8.1

IMDb-8.6/10 ကဲ တောင်းဆိုနေတဲ့ Drishyam 2 CMပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါပြီ ရုံတင်ငွေ ကုဋေ 300ကျော် ရခဲ့တဲ့ အဂျေးရဲ့ 2022 စံချိန်တင်၀င်ငွေရတဲ့ကားပါ ဒီတစ်ခေါက်မှာဗီဂျေးရင်ဆိုင်ရမယ့်လူကတော့ စစ်တုရင်ကိုတောင်စိတ်နဲ့ဆော့ပြီး အနိုင်ယူတဲ့အထိဉာဏ်ပြေးလွန်းတဲ့ ပြည်နယ်ညွှန်ကြားရေးမှူးတစ်ယောက်ပါ ဇာတ်လမ်းအညွှန်းကတော့ Drishyam မှာဖြစ်ပျက်ခဲ့တာတွေအပြီး 7 နှစ်အကြာ ဗီဂျေးဟာ ရုပ်ရှင်ရုံပိုင်ရှင်ဖြစ်လာပြီး သူတို့ဖြစ်ရပ်ကို ပြန်ရိုက်ဖို့အတွက် အိမ်၀န်းရဲ့တစ်စိတ်တစ်ပိုင်းကိုရောင်းပြီး ရင်းနှီးမြှုပ်နှံခဲ့ပါတယ် သို့ပေမယ့် တစ်နှစ်ကြာသည်ထိရုပ်ရှင်ကအကောင်အထည်ပေါ်မလာခဲ့ပါဘူး သူ့ဇာတ်လမ်းကိုလူအများကသဘောကျကြပေမယ့် ဇာတ်သိမ်းကိုတော့ အားမရကြပါဘူး လက်တွေ့ဘ၀မှာလည်း ၇ နှစ်ကြာသည်ထိ သားဖြစ်သူအတွက် အခဲမကျေနိုင်ဖြစ်နေတဲ့ မီရာဟာ အိန္ဒိယကိုပြန်ရောက်နေခဲ့ပါတယ် သူ့သားရဲ့ ဝိဉာဉ်အေးချမ်းဖို့အတွက်အလောင်းနေရာကိုမေးခဲ့ပေမယ့် ဗီဂျေးကမပြောပြခဲ့တော့ ထက်မြတ်တဲ့ရဲအရာရှိဖြစ်ခဲ့ဖူးတဲ့မီရာဟာ သားအတွက် တရားမျှတမှုဘယ်လိုရအောင်ပြန်ရှာမလဲ ဗီဂျေးကရော ဘယ်လိုမျိုးဉာဏ်လျင်လျင်နဲ့ ကျော်လွှားဖြေရှင်းပြဦးမလဲ ဒီတစ်ခါသူ့ရင်ဆိုင်ရမယ့်ဖြစ်ရပ်ကနေရော အများသဘောကျကျေနပ်မယ့် ဇာတ်သိမ်းမျိုးရနိုင်မလား ကြည့်ရှူခံစားကြည့်ပါဦး File size…1.92GB / 847MB Quality…1080p True WEB DL / 720p Format…mp4 Duration….2h 20m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by OeliuJ ~ BpL ~ Yunni ~ Cherry

Comedy • Horror
8.1 2022 142 mins
Drishyam 2
The Equalizer
7.2

ဂယ်ရီ ဟာ အထပ်သားစက်ရုံတစ်ခုမှာ နေ့စားအလုပ်သမား တစ်ယောက်အဖြစ် လုပ်ကိုင်ပီးး ဘဝကို အေးဆေးတည်ငြိမ်စွာ ဖြတ်သန်းနေသူတစ်ဦးပါ..။ နောက်ပီး သူ့ဟာ သူများအပေါ်ကူညီလိုတဲ့ စိတ်နဲ့, အမြဲတမ်း အကောင်းမြင်ပီး စိတ်ဓာတ်ကျနေတဲ့ လူတွေကို အားပေးတက်တဲ့ လူဖြစ်လို့ ပတ်ဝန်းကျင်ကလူတွေကလဲ ဂယ်ရီ ကို လေးစားချစ်ခင်ကြပါတယ်..။ အေးဆေးနေတက်တဲ့ ဂယ်ရီတစ်ယောက်.. တစ်နေ့.!! သူထိုင်သောက်နေကျ ကော်ဖီဆိုင်လေးမှာ ထိုင်သောက် နေရင်း....''အလီဇာ'' ဆိုတဲ့ ပြည့်တန်ဆာမလေး နဲ့ ခင်မိပါတယ်..။ ဂယ်ရီဟာ အမြဲတမ်းစိတ်ညစ်နေပီးး စိတ်ဓာတ်ကျနေတဲ့ 'အလီဇာ''ကို အားပေးရင်း လေးလေးစားစား ဆက်ဆံရင်း ပိုရင်းနှီးမိပါတယ်..။ ဒီလိုနဲ့..!! တစ်ရက်မှာ...'' အလီဇာ'' တစ်ယောက် သေလောက်အောင် အရိုက်ခံထားရပီးး ဆေးရုံမှာ ရောက်နေတယ်လို့ သတင်းကြားတော့် ဂယ်ရီဟာ ဆေးရုံထိလိုက်သွားပီး 'အလီဇာ' ရဲ့ နောက်ကြောင်းကို စုံစမ်းကြည့်တဲ့ အခါ... အလီဇာ ဟာ..ပြည့်တန်ဆာအလုပ်ကို မလုပ်ချင်ပဲလုပ်နေရပီး ရုရှားမာဖီးယားဂိုဏ်းတွေ (ဖာခေါင်းဂိုဏ်း) နဲ့ ပတ်သတ်နေပါတယ်..။ ဒါကြောင့် ဂယ်ရီ ဟာ..အလီဇာ့ ကို လွတ်မြောက်ပေးဖို့, ပြည့်တန်ဆာဘဝကနေ ထွက်သွားခွင့်ပေးဖို့ အတွက် ရုရှားဂိုဏ်းခေါင်ဆောင်ကို ငွေပေးပီး သွားရောက်ငြိနှိုင်း ခဲ့ပါတယ်..။ ဒါပေမယ့် ဂိုဏ်းခေါင်းဆောင်က လက်မခံတာ ကြောင့် ဂယ်ရီဟာ.. ဂိုဏ်းခေါင်းဆောင် နဲ့ တပည့်၅ယောက်ကို စက္ကန့် ၃၀အတွင်းမှာ သတ်ပစ်လိုက်ပါတယ်..။ (သတ်တဲ့အခန်းက ကျွတ်ဆင်) ဒါကြောင့်တစ်ခြား ရုရှားမာဖီးယားဂိုဏ်း တွေကလဲ.. သူ့လူတွေကို သတ်သွားတဲ့ ဂယ်ရီကို လိုက်ရှာပီး ပြန်သတ်ဖို့အတွက် ကြေးစားလူသတ်သမားတစ်ဦးကို ငှါးရမ်းလိုက်ပါတယ်..။ ဂယ်ရီ..တစ်ယောက်..!! လူဆိုးဂိုဏ်းတွေနဲ့ ဘယ်လိုရင်ဆိုင်ရမလဲ..?? ကြေးစားလူသတ်သမားနဲ့ရော ဘယ်လိုရင်ဆိုင်ရမလဲ..?? နောက်ပီး..!! လူ၅ယောက်ကို စက္ကန့် ၃၀အတွင်း သတ်နိုင်ခဲ့တဲ့ ဂယ်ရီ့ ရဲ့ နောက်ကြောင်းရာဇဝင်, ဘဝအမှန်က ဘယ်လိုပုံစံလဲ..?? ဆိုတာကိုတော့် ဒီရုပ်ရှင်ထဲမှာပဲ ဆက်လတ်ရှုစားကြပါ..။ ဒီကားဟာ Film Awards ဆုတွေ တစ်သီကြီးဆွတ်ခူး ရရှိထားပါတယ်..။ ဒီရုပ်ရှင်မှာ ဂယ်ရီအဖြစ် မင်းသားကြီး #Denzel Washington က ကြမ်းကြမ်းတမ်းတမ်းနဲ့ ပီပြင်စွာ.. သရုပ်ဆောင်ထားပီးး, #Training Dayရုပ်ရှင်နဲ့ ကမ္ဘာကျော်ခဲ့တဲ့ ဒါရိုက်တာကြီး #Antoine_Fuqua က ဒီရုပ်ရှင်ကို ရိုက်ကူးထားပါတယ်..။ တစ်ကားလုံး စွဲဆောင်မှုအပြည့်နဲ့ ကောင်းမွန်သေသပ်လှတဲ့ အက်ရှင်ခန်းတွေကြောင့် သင့်ကို အစ ကနေ အဆုံးထိ ဆွဲခေါ်သွားပါလိမ့်မယ်..။ John Wick နဲ့ Criminal လို ဇာတ်ကားမျိုးတွေကို ကြိုက်နှစ်သက်တယ်ဆိုရင်..သင့်အတွက် ဒီရုပ်ရှင်ဟာ.. တကယ့် ''ရွှေ'' ပါပဲ..။ (ဇာတ်လမ်းအညွှန်းကိုတော့ ကိုသက်နိုင်ထူးရဲ. Facebook Account (https://www.facebook.com/profile.php?id=100014023510392) မှကူးယူဖော်ပြထားပါတယ်) File Size : (851 MB) Quality : 720pBluray Running Time : 2hr 12minutes Format : Mp4 Genre : Action, Crime, Thriller Subtitle : Myanmar Subtitle (Hard Sub) Review by Thet Naing Htoo Encode by Thanhtike Zaw

Action • Drama • History
7.2 2014 132 mins
The Equalizer
Of Mice and Men
7.5

Of Mice and Men (1992) ~ IMDb – 7.5/10, Rotten Tomatoes – 97% ~ အမေရိကန်စာရေးဆရာကြီး ဂျွန်စတိုင်းဘတ် (John Steinbeck) ရဲ့ ကမ္ဘာကျော်ဝတ္ထုတစ်ပုဒ်ဖြစ်တဲ့ Of Mice and Men ကို ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားပဲဖြစ်ပါတယ်။ ရှေးတစ်ခေတ်က အမေရိကန်ကျောမွဲလယ်လုပ်သားတွေရဲ့ဘဝကို ပုံဖော်ထင်ဟပ်ထားတဲ့ဇာတ်လမ်းပါပဲ။ ကျွန်တော်တို့ဆီမှာလည်း လယ်ပိုင်နွားပိုင်မရှိတဲ့ စာရင်းငှား(သူရင်းငှား) လယ်ကူလီလို့ခေါ်ကြတဲ့ လူတန်းစား ရှိတာပါပဲ။ ၁၉၂၀ ဝန်းကျင်လောက်က အမေရိကန်နိုင်ငံမှာလည်း ကိုယ်ပိုင်မြေမရှိ၊ အနာဂတ်မရှိ လယ်တောခြံတစ်ခုကနေတစ်ခု ပြောင်းရွှေ့ပြီး အလုပ်လုပ်ကြရတဲ့ လယ်လုပ်သားတွေ ရှိခဲ့ပါတယ်။ ဂျော့ နဲ့ လန်နီ တို့ဟာ အဲဒီလို ရွှေ့ပြောင်းလယ်လုပ်သားနှစ်ယောက်ပါ။ ဂျော့ က ပညာမတတ်ပေမယ့် ထက်ထက်မြက်မြက်ရှိသူတစ်ယောက်။ လန်နီကတော့… လန်နီကတော့ ထွားကျိုင်းသန်စွမ်းလှတဲ့သူဖြစ်ပေမယ့် ပြောရရင် ဦးနှောက်ဖွံ့ဖြိုးမှုအားနည်းတယ် လို့ ဆိုရမလား၊ ကျပ်မပြည့်ဘူးလို့ပဲ မညှာမတာပြောရမလား အဲလိုလူတစ်ယောက်ပါ။ လန်နီဟာ ပင်ကိုယ်စိတ်ရင်းက ကလေးတစ်ယောက်လို အလွန်နူးညံ့ပါတယ်။ လှလှပပ ချောချောမွေ့မွေ့အရာလေးတွေ ဥပမာ – ကတ္တီပါစလိုဟာလေးတွေ၊ အဝတ်လှလှလေးတွေ၊ ကြောင်ကလေး ခွေးကလေးတွေရဲ့ အမွေးလေးတွေကိုတွေ့ရင် သူက ယုယုယယ ပွတ်သပ်ပေးနေချင်တာ။ ဒါပေမဲ့ သူ့ခွန်အားကို သူက မထိန်းသိမ်းတတ်တော့ ဘာကောင်မှ သူ့လက်ထဲကြာကြာမခံဘူး။ အဲဒီအကျင့်ကြောင့်လည်း ဘယ်အလုပ်ထဲမှာမှ မမြဲဘဲ ပြေးခဲ့ကြရပေါင်းလည်း များလှပြီ။ ( ဥပမာ – ကောင်မလေးတစ်ယောက် ဝတ်ထားတဲ့ ဝတ်စုံလှလှလေးကို သွားပြီး ကိုင်ကြည့်မိလို့ ကောင်မလေးက သူ့ကို မုဒိန်းကျင့်ဖို့ကြံစည်တယ်ထင်ပြီးအော်ပါလေရော။ လူတွေက လိုက်ဖမ်းကြတော့ သူတို့နှစ်ယောက် အသက်လုပြီး ထွက်ပြေးရတာမျိုးပေါ့ ) နောက်ပြီး သူက မှတ်ဉာဏ်ကလည်း မကောင်းတော့ ဘာပဲဖြစ်ဖြစ် အကုန်မေ့သွားတာပဲ။ သူမမေ့တာဆိုလို့ တစ်ခုပဲရှိတယ်။ အဲဒါက ဘာလဲဆိုတော့… လန်နီ နဲ့ ဂျော့တို့မှာ အိပ်မက်တစ်ခုရှိတယ်။ တစ်နေ့ကျရင် သူတို့နှစ်ယောက် ကိုယ်ပိုင်မြေတစ်ကွက် ဝယ်ကြမယ်။ အဲဒီမြေပေါ်မှာ သူတို့ နေမယ့်အိမ်ကလေးတစ်လုံးရှိမယ်။ နွားတွေ ဝက်တွေ ကြက်တွေ မွေးကြမယ်။ လန်နီကတော့ ယုန်လေးတွေမွေးမယ် တဲ့။ ယုန်လေးတွေကို သူပဲ ထိန်းမှာတဲ့။ အဲဒီအကြောင်းတွေကို ဂျော့က လန်နီ့ကို အိပ်ယာဝင်ပုံပြင်လို မကြာခဏပြောပြရလေ့ရှိပါတယ်။ သူ မပြောချင်လည်း လန်နီက သတိရတိုင်းပြောခိုင်းတာပဲ။ ဒီဇာတ်ကားကိုရိုက်ကူးခဲ့တဲ့ မူရင်းဝတ္ထု ထွက်ရှိခဲ့တဲ့ အချိန်တုန်းက ဝတ္ထုထဲမှာ စကားလုံးအသုံးအနှုန်းတွေက ကြမ်းတမ်းလို့၊ လူမျိုးရေးခွဲခြားတဲ့ အသုံးအနှုန်းတွေပါလို့ဆိုပြီး အမေရိကန်နိုင်ငံက စာကြည့်တိုက်တွေ ကျောင်းတွေမှာ ပိတ်ပင်ခံခဲ့ရပါသတဲ့။ ဆင်ဆာအထိဆုံးစာအုပ်တစ်ရာ စာရင်းတွေထဲမှာလည်း မကြာခဏ ပါနေခဲ့တဲ့ စာအုပ်ဖြစ်ပါတယ်။ တကယ်တော့ စာရေးဆရာက အမေရိကန်ကျေးလက်လူတန်းစားရဲ့ အငွေ့အသက်ကို အရှိအတိုင်း ပုံဖော်ထားတဲ့အတွက် အဲဒီလိုစကားလုံးတွေ ပါနေတာလို့ပဲ ယူဆပါတယ်။ ဇာတ်ကားထဲမှာလည်း အဲဒီစရိုက်က ပီပြင်ပါတယ်။ ဘာပဲပြောပြော အဆဲကလေးနဲ့ပြောတာမျိုး၊ သဒ္ဒါမမှန်တဲ့ စကားပြောတွေ၊ အနှိမ်ခံရတဲ့ လူမည်းတစ်ယောက်ရဲ့ ရင်ပွင့်စကား(ရင်ဖွင့်မဟုတ်)တွေ စသဖြင့်…။ ဒီဝတ္ထုကို ကျွန်တော်တို့ဆီက စာရေးဆရာ၊ ကဗျာဆရာ # ပိုင်သ က “တို့ပိုင်တဲ့မြေ” ဆိုတဲ့နာမည်နဲ့ ဘာသာပြန်ဖူးကြောင်း သိရပါတယ်။ ဗီဒီယိုရိုက်ဖို့လည်း ကြိုးစားဖူးပါသတဲ့။ ဆင်ဆာအဖွဲ့က ဒီဇာတ်လမ်းကို ရိုက်ခွင့်မပြုခဲ့ဘူးလို့ ဆိုပါတယ်။ ဝတ္ထုတစ်ပုဒ်ကို ရုပ်ရှင်ရိုက်တဲ့အခါ ပျက်သွားတာများပါတယ်။ ဒီတစ်ခုကတော့ ဝတ္ထုနဲ့ရုပ်ရှင်နှစ်ခုလုံးက ပေးစွမ်းနိုင်တဲ့ ခံစားမှု အရသာချင်း ထပ်တူနီးပါး ရနိုင်မှာပါ။ ဝေဖန်ရေးဆရာတွေရော ပရိသတ်တွေကပါ အားပေးချီးကျူးမှုများစွာ ရခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါကြောင်း။ (ဒီဇာတ်ကားနဲ့အညွှန်းကို Thaman Myint မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 880MB Quality – 1080p, 720p IMDb Rating – 7.5/10 Format – mp4 Duration – 1H 55Min Genre – Drama, Western Subtitle – Myanmar Subtitle (Hardsub) Translated by Thaman Myint Encoded by Y

Drama
7.5 1992
Of Mice and Men
Milk
7.5

ဒီဇာတ်ကားလေးကတော့ လိင်တူနှစ်သက်သူအခွင့်အရေးတက်ကြွလှုပ်ရှားသူ နိုင်ငံရေးပညာရှင် ဟာဗီမစ်ရဲ့ဘဝအကြောင်းကို ပြန်လည်ရိုက်ကူးထားတဲ့ Biographical Film လေး ဖြစ်ပါတယ်။ IMDb Rating 7.5/10 နှင့် Rotten Tomatoes မှာ Audience Rating 93 % ရရှိထားတဲ့ လုံးဝလက်မလွှတ်သင့်ဘဲ ကြည့်ရှုသင့်တဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ဟာဗီမစ်ဆိုတဲ့လိင်တူချစ်သူနှင့် သူ့ကောင်လေး စကော့စမစ်တို့ဟာ နယူးရော့ခ်ကနေ ဆန်ဖရန်စစ္စကိုကို ရေကြည်မြက်နုရာ တူနှစ်ကိုယ် ပြောင်းရွေ့လာရင်း ကက်စထရိုမြို့မှာပဲ ကင်မရာဆိုင်လေးဖွင့်ရာကနေ လိင်တူနှစ်သက်သူ ဂေးတွေဟာ အိမ်ရာ အလုပ်အကိုင် ပညာရေး လူမှုပတ်ဝန်းကျင် အဘက်ဘက်မှာ ခွဲခြားဆက်ဆံတာတွေ အလုပ်ဖြုတ်ပစ်တာတွေ ငယ်ငယ်ရွယ်ရွယ်နဲ့ မိဘကနှင်ချတာတွေ အနိုင်ကျင့်တာတွေ အစရှိတဲ့မတရားမှုတွေကို သူမျက်စိရှေ့မှာ မြင်တွေ့ကြုံတွေ့လာရတဲ့အခါ လိင်တူချစ်သူဂေးတွေ လက်စဘီယန်တွေရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေအတွက် တက်ကြွလှုပ်ရှားရာကနေ နိုင်ငံရေးဘက်ကို ကူးပြောင်းလာပြီး လိင်တူနှစ်သက်သူတွေအတွက်တင်မကဘဲ အသားအရောင်မတူညီမှု သက်ကြီးရွယ်အို မသန်စွမ်းတွေ အစရှိတဲ့ ခွဲခြားဆက်ဆံမှုတွေထိ ကြီးမားခက်ခဲတဲ့နိုင်ငံရေးအတိုက်အခံတွေကြားထဲကနေ ဘယ်လိုအများအကျိုးသယ်ပိုးသွားခဲ့လဲဆိုတာက အောက်မေ့ဖွယ်ကြည့်ရှုရမှာ ဖြစ်ပါတယ်။ File size…(2.4 GB)/(1.2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:08:00 Genre…Drama, Biography, History Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Matteo

7.5 2008 128 mins
Milk
Shelter
7.6

Shelter (2007) ============ IMDb Rating – 7.6/10 ခပ်ငြိမ့်ငြိမ့်လေး စီးမျောခံစားရမဲ့ အချစ်-ဒရမ်မာ ဇာတ်လမ်းလေး တစ်ပုဒ်ပါ။ မိသားစုအတွက် အနစ်နာခံရင်း အနာဂတ်အိပ်မက်တွေ ပျောက်လုနီးပါးဖြစ်နေတဲ့ ကောင်လေးတစ်ယောက် အချစ်နဲ့တွေ့လာ တဲ့အခါ ဘာတွေပြောင်းလဲသွားမလဲ…။ ဇာတ်လမ်းအကျဉ်း – ဇက်ဟာ အထက်တန်းကျောင်းပြီးထားပေမဲ့ ကျောင်းဆက်မတက်ဖြစ် ဘဲ အချိန်ပိုင်းအလုပ်တွေကိုလုပ်ရင်း တူဖြစ်သူ ကိုဒီလေးကို ထိန်းပေး နေရသူပေါ့။ အစ်မဖြစ်သူဂျီးန်ကတော့ single-mom တစ်ယောက်ပါ။ ဇက်တစ်ယောက် အားလပ်ချိန်မှာ ရေလွှာလျှောစီးလိုက် စကိတ်စီးလိုက် street art တွေရေးလိုက်နဲ့ အချိန်ဖြုန်းနေပေမဲ့ တကယ်တမ်း သူ့ရည်ရွယ် ချက်က အနုပညာကျောင်းတက်ရဖို့ပါ။ ဒါပေမဲ့ မိသားစုကိုငဲ့ရင်း ကျောင်း တက်မဲ့ကိစ္စကို စွန့်လွှတ်ထားခဲ့ရပါတယ်။ တစ်နေ့တော့ အချစ်ဆုံးသူငယ်ချင်းဂေ့ဘ်ရဲ့ အစ်ကိုဖြစ်သူ ရှောန်တစ်ယောက် မြို့ကိုပြန်ရောက်လာပြီး ဇက်နဲ့ ပြန်ဆုံပါတယ်။ ဇက်နဲ့ ရှောန်တို အတူတူလည် ပတ်သွားလာရင်း ခံစားချက်တွေမျှဝေဖြစ်ခဲ့ကြပါတယ်။ ရှောန်ရဲ့အားပေးမှု ကြောင့်ပဲ ဇက်တစ်ယောက် အနုပညာကျောင်းတက်မဲ့အိပ်မက်ဟာ ပြန်အသက် ၀င်လာပါတယ်။ အဲဒီကစလို ဇက်ရဲ့ဘ၀ဟာ အပြောင်းအလဲတွေကြုံရဖို့ အ ကြောင်းဖန်လာပါတော့တယ်။ ဇက်တစ်ယောက် အနာဂတ်အိပ်မက်ကိုရွေးမှာလား မိသားစုကိုရွေးချယ်မှာ လား၊ သံယောဇဉ်အချုပ်အနှောင်တွေကြားမှာ အိပ်မက်နောက်လိုက်နိုင်ပါဦး မလား၊ အစ်မဖြစ်သူရဲ့အတ္တနဲ့ အယူသည်းမှုတွေကနေ ဘယ်လိုရုန်းထွက်မလဲ ဆိုတာ… ထပ်တူစီးမျောခံစားရင်း ကြည့်ရှုလိုက်ကြပါဦးနော်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ C’mon ဖြစ်ပါတယ်) File Size……….(3.8 GB) / (850 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 37Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama, Romance, Sport Translator…….C’mon Encoder……….SWM by C’mon

Drama • Family
7.6 2007 89 mins
Shelter
The Late Game

ဒါကတော့ ရေခဲပြင်ဟော်ကီအကြောင်းရိုက်ထားတဲ့ ရုပ်ရှင်ပါ။ ရုပ်ရှင်ဆိုတာထက် ရေခဲပြင်ဟော်ကီပွဲကစားပွဲတစ်ခုကို ရိုက်ကူးပြထားတာလို့ပြောရင်တော့ ပိုမှန်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ရေခဲပြင်ဟော်ကီကစားသမားအသစ်တစ်ဦးက မိတ်ဆွေတွေနဲ့ ညသန်းခေါင်မှာ ရေခဲပြင်ဟော်ကီကို ဘီယာတိုက်ကြေး အပျော်ဆော့ကြတဲ့အကြောင်းပါပဲ။ ရေခဲပြင်ဟော်ကီရဲ့ ကစားပုံကစားနည်းတွေ၊ စည်းမျဉ်းတွေ၊ ကစားသမားတွေရဲ့အထာတွေကို မြင်တွေ့ရမယ်။ ကစားသမားအချင်းချင်း trash talk လုပ်တာတွေ၊ လူလဲတုန်း ဟော်ကီကွင်းဘေးမှာ အချင်းချင်းပြောကြတဲ့ စကားဝိုင်းတွေ စသဖြင့် ညသန်းခေါင် ရေခဲပြင်ဟော်ကီပွဲကို စ လယ် ဆုံး ကြည့်ရှုရမှာပါ။ ရေခဲပြင်ဟော်ကီက ဒီနိုင်ငံမှာ အတော်များများ မရင်းနှီးကြတဲ့အားကစားဖြစ်တာကြောင့် အားကစားပရိတ်သတ်တွေ၊ မတူညီတဲ့အားကစားတွေကို စူးစမ်းချင်နေတဲ့သူတွေအဖို့တော့ အပျင်းပြေစေမယ့်ရုပ်ရှင်လေးဖြစ်ပါတယ်။ File size…(1.6 GB)/(920 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:25:00 Genre…Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven Khant

0 2024 85 mins
The Late Game
Sharp Teeth
5.6

သဲထိတ်ရင်ဖိုဇာတ်လမ်းတွေကြိုက်တတ်တဲ့ပရိသတ်ကြီးအတွက် Sharp Teeth ဆိုတဲ့ သဲထိတ်ရင်ဖိုဇာတ်ကားကောင်းလေးကို CM ကတင်ဆက်ပေးလိုက်ပါပြီ ။ ဇာတ်လမ်းအညွှန်းလေးကတော့ : ဦးလေးနျိုနဲ့သူ့နောက်လိုက်ငယ်သားတွေက ပင်လယ်ထဲကနေ ရှားပါးသတ္တဝါတွေကိုဖမ်းယူပြီး တရားမဝင် ကုန်သွင်းကုန်ပို့လုပ်ငန်းတွေနဲ့ ပိုက်ဆံအများကြီးရှာကြတဲ့သူတွေပါ။ တစ်နေ့မှာတော့ ထူးဆန်းတဲ့ငါးအကြီးကြီးကိုဓာတ်တို့ဖမ်းမိလာခဲ့ရာကနေ အဲဒီငါးကြီးနဲ့မျိုးတူငါးပေါက်စလေးတွေပါပါလာခဲ့ပါတော့တယ် ။ ဒီငါးကြီး လူစားတတ်တဲ့အကြောင်းကိုတော့ အပြင်ကိုပေါက်ကြားမသွားအောင် ဖုံးထားဖိထားရင်းနဲ့ပေါ့ ။ တစ်ဖက်မှာလည်း မုန့်ရှန်နဲ့သူ့ချစ်သူကျန်းရှောတို့သူငယ်ချင်းအုပ်စုက အရင်တည်းဖို့လုပ်ထားနဲ့ဟိုတယ်ကနေ အကြောင်းအမျိုးမျိုးကြောင့် မတည်းဖြစ်ရာကနေ နောက်ထပ်ဟိုတယ်တစ်ခုရှာရပါတော့တယ် ။ အဲဒီမှာ မထင်မှတ်ထားဘဲ လူသားစားငါးကြီးရှိတဲ့ ဟိုတယ်ကို‌သူငယ်ချင်းအုပ်စုရောက်သွားပါတော့တယ်။ အဲဒီမှာ ဟိုတယ်ရဲ့တရားမဝင်အလုပ်တွေကိုဘယ်လိုဖော်ထုတ်သွားမလဲ သူတို့သူငယ်ချင်းအုပ်စုကရော လူသားစားငါးကို ဘ ယ်လိုမျိုးရင်ဆိုင်သွားမလဲဆိုတာကို စိတ်ဝင်စားစွာ ကြည့်ရှုလိုက်ရအောင်နော်။

5.6 2024
Sharp Teeth
Inception
8.8

Inception (2010) IMDb Rating (8.8) / Rotten Tomatoes (87%) ဒါရိုက်တာ ခရစ္စတိုဖာနိုလန်ရဲ့ အော်စကာ လေးဆုရ မာစတာပိစ် ရုပ်ရှင်တစ်ခုကို 4K Quality ဘာသာပြန်မှန်မှန်နဲ့ Update တင်ဆက်ပေးလိုက်ပါတယ်။ Leonardo DiCaprio, Joseph Gordon-Levitt, Cillian Murphy, Tom Hardy, Elliot Page, Marion Cotillard, Ken Watanabe , Michael Caine စတဲ့သရုပ်ဆောင်တွေပါဝင်ပြီး မင်းသားတွေကတော့ နိုလန့်လက်စွဲ မင်းသားတွေပါပဲ။ ဇာတ်ကားကတော့ သိပ္ပံစိတ်ကူးယဉ်၊ အက်ရှင်စွန့်စား၊ Psychological Thriller အမျိုးအစားပါ။ ဇာတ်လမ်းအကျဉ်း…. ရုပ်ရှင်ရဲ့ အခြေခံသဘောတရားကတော့ လူတွေဟာ အခြားလူတွေရဲ့ အိပ်မက်ထဲကို ဝင်ပြီး မသိစိတ်နဲ့သိစိတ်တွေထဲက အတွေးတွေစိတ်ကူးတွေကို ခိုးယူနိုင်ကြပါတယ်။ဒါကို စိတ်ဆွဲထုတ်ခြင်း Deception လို့ခေါ်ကြတယ်။ ဒီနည်းပညာကိုသုံးပြီး ကော်ပိုရိတ်ကြီးတွေ ဩဇာကြီးတဲ့လူတွေက လိုချင်တာကိုရဖို့ အချင်းချင်း တိုက်ခိုက်နေကြတာပါ။ ကော့ဘ် (လီယိုနာဒို) ဟာ အိပ်မက်ထဲကနေ အတွေးခိုးတဲ့လူတွေထဲမှာ အတော်ဆုံးပါပဲ။ ဒါပေမဲ့ သူသွားခိုးရတဲ့ သူဌေးကြီးတွေ ခေါင်းဆောင်ကြီးတွေကလဲ အိပ်မက်သမားတွေအကြောင်းကို သိနေတာမို့ သူတို့ကိုယ်တိုင် မသိစိတ်ကနေ အိပ်မက်ထဲမှာ ကာကွယ်နိုင်အောင် လေ့ကျင့်ထားပါတယ်။ ဒီတော့ ကော့ဘ်တို့ လူတစ်ယောက် အိပ်မက်ထဲကို လွယ်လွယ်ဝင်ပြီး ခိုးချင်တာခိုးလို့ ရနေတာမဟုတ်ပါဘူး။ မသိစိတ်ကနေ ထုတ်ထားတဲ့ ဇာတ်ကောင်တွေ လုံခြုံရေးတွေရဲ့ တိုက်ခိုက်တာကို အိပ်မက်ထဲမှာ ရင်ဆိုင်ရပါတယ်။ ဒါပေမဲ့ ကော့ဘ်ရဲ့အားသာတဲ့အချက်က အိပ်မက်အကြောင်း သိထားတဲ့သူတောင် မျက်စိလည်သွားအောင် အိပ်မက်ထဲက အိပ်မက် ဒါမှမဟုတ် ဒုတိယ အိပ်မက်အလွှာကို ဖန်တီးပြီး ထပ်လှည့်စားတာပါပဲ။ ဒါပေမဲ့ သူ့ရဲ့အားနည်းချက်ကတော့ သူ့ဇနီးကိုသတ်မှုနဲ့ အမေရိကန်ကို ပြန်ခွင့်မရှိသလို သူ့ရဲ့ သားနဲ့သမီးကိုလည်း တွေ့ခွင့်မရှိပါဘူး။ တစ်နေ့မှာတော့ လုပ်ငန်းရှင်ကြီးတစ်ယောက်က သူ့ကို အမေရိကန် ပြန်ခွင့်ရအောင်လုပ်ပေးမယ် မိသားစုနဲ့ပြန်ဆုံအောင်လုပ်ပေးမယ် ဆိုပြီး ကမ်းလှမ်းလာပါတယ်။ အပေးအယူအနေနဲ့ ပြိုင်ဘက်လုပ်ငန်းရှင်ရဲ့သားကို Inception လုပ်ပေးရမှာပါ။ အင်ဆက်ရှင်ဆိုတာကတော့ အိပ်မက်ပညာရှင်လောကမှာ မဖြစ်နိုင်ဘူးလို့ ယူဆထားကြတဲ့ နည်းပညာပဲဖြစ်ပါတယ်။ လူတွေရဲ့စိတ်ကူးကို ခိုးယူရတာမဟုတ်ဘူး လူတစ်ယောက်ရဲ့ခေါင်းထဲကို စိတ်ကူး အတွေးစ တစ်စထည့်ပေးလိုက်ပြီး အဲဒီစိတ်ကူးကို သူ့ဘာသာ တွေးမိတာလို့ ယုံအောင်ပါလုပ်ရတဲ့ နည်းပါ။ အဲဒီမဖြစ်နိုင်တာကိုလုပ်ဖို့ အိပ်မက်ဆေးတွေ စပ်တတ်တဲ့သူ၊ မသိစိတ်လုံခြုံရေးတွေ မဝင်နိုင်အောင် အိပ်မက် ဝင်္ကပါ ဆောက်မဲ့သူ နဲ့ သူ့လို အိပ်မက်သမား တွေကို စုစည်းပြီး ကြံစည်ပါတော့တယ်။ ဒါဆိုရင် ဆက်ကြည့်လို့ရပါပြီ။ ဇာတ်သိမ်းမှာတော့ ကောဘ့်ဟာ အိပ်မက်မက်နေတုန်းလား ကမ္ဘာအစစ်ကိုရောက်သွားပြီလား ဆိုတာ ကိုယ်တိုင် ဆက်စဉ်းစားဖို့နဲ့ ဒါရိုက်တာ Christopher Nolan ကရော ဇာတ်သိမ်းနဲ့ပတ်သက်ပြီး ဘယ်လိုအတွေးအမြင်လဲဆိုတာ အင်တာဗျူးတချို့ပါ လိုက်ဖတ်ကြည့်ကြရမှာပါ။ ++++++++++++++++++++++++ ဒီအောက်ကတော့ ကြည့်ပြီးမှ မျက်စိလည်ရင် ပြန်ဖတ်ဖို့ ရေးပေးထားတာပါ စပွိုင်လာ ပါပါတယ်။ ဒီဇာတ်လမ်းမှာ အလွှာ ၅ ခု ပါပါတယ်။ အိပ်ဆေးအပြင်းစားကို သုံးထားတဲ့အတွက် အချိန် အဆ ၂၀ ကွာပါတယ်။အရင်အိပ်မက်တွေက ၁၂ ဆပဲ ကွာတာပါ။ အလွှာ ၁ – ကမ္ဘာအစစ် (၁၀ နာရီ) အလွှာ ၂ ပထမအိပ်မက်အလွှာ – မိုးရွာနေတဲ့မြို့ ( တစ်ပတ်) အလွှာ ၃ ဒုတိယအိပ်မက်အလွှာ – ဟိုတယ် ( ၆ လ) အလွှာ ၄ တတိယ အိပ်မက်အလွှာ – နှင်းတော(၁၀နှစ်) အလွှာ ၅ – လင်ဘို (ဆိုက်တို နှစ် ၅၀ ကျော် နေလိုက်ရ၊ နှစ်ပေါင်း ရာနဲ့ချီရှိနိုင်) ကမ္ဘာအစစ်မှာ ဖစ်ရှာကို အိပ်ဆေးပေးတာ ရှင်းပါတယ်။ မိုးရွာနေတဲ့ ပထမအိပ်မက်အလွှာ (ယူဆက်ရဲ့အိပ်မက်) ဖစ်ရှာကို ပြန်ပေးဆွဲပြပြီး ဂဏန်း ၆ လုံး အတင်းမေးပါတယ်။ အဲဒီ ၆ လုံးက တတိယအိပ်မက်အလွှာမှာ မီးခံသေတ္တာဖွင့်လို့ရအောင် ပြန်သုံးပြမှာပါ။ ဒါကြောင့် ဒုတိယအလွှာကို သွားတဲ့အချိန်မှာ ယူဆက်က နေခဲ့ပြီး ပြန်နိုးဖို့ တီးလုံးသံနဲ့ အချက်ပြမှာပါ။ ကားကို ရေထဲမောင်းချပြီးအားလုံးကို ဒုတိယအလွှာဟိုတယ်ကနေ နှိုးဖို့ပါ။ ဟိုတယ် ဒုတိယအိပ်မက်အလွှာ ( အာသာရဲ့အိပ်မက်) အဲဒီမှာ ကော့ဘ်က ဖစ်ရှာကို အယုံသွင်းပြီး တတိယအလွှာဟာ ပီတာ့အိပ်မက်လို့ ထင်အောင်လုပ်လိုက်တာပါ။ ဒီတော့ အိပ်မက်ပိုင်ရှင် အာသာက နေခဲ့ပါပြီ။ ဟိုတယ်ကိုဖောက်ခွဲပြီး နှင်းတောကလူတွေကို နှိုးမှာပါ။ ပထမအိပ်မက်မှာ ကားက ရေထဲကျနေပြီ ဆွဲငင်အားပျောက်နေတော့ ဓာတ်လှေကားထဲကို ထည့်ပြီး အရေးပေါ် ဖြုတ်ချပြီးနှိုးသွားတာပါ။ နှင်းတော တတိယအိပ်မက်အလွှာ ( အီးမီးရဲ့ အိပ်မက်) အဲဒီအိပ်မက်မှာ ဖစ်ရှာ့ကို စိတ်ကူးထည့်ပေးလိုက်နိုင်ပေမဲ့ မဲလ်က ဖမ်းခေါ်သွားလို့ လင်ဘိုအထိ ကော့ဘ် နဲ့ အရီရာ့ဒ်နီတို့ လိုက်သွားရတာပါ။ နှင်းတောထဲက အဆောက်အဦကို ဖောက်ခွဲပြီး အရီရာ့ဒ်နီတို့ကို လင်ဘိုထဲကနေ နှိုးမှာပါ။ လင်ဘို လင်ဘိုမှာတော့ ရှင်းပါတယ်။ ကော့ဘ်က ဆိုက်တို့ကို လိုက်ရှာပြီး သူတို့နှစ်ယောက်သတ်သေပြီး အလွတ်ရုန်းကြတာပါ။ အိပ်မက်သုံးလွှာလုံးက နှိုးတာတွေကိုလည်း လွတ်သွားတော့ သူတို့နှစ်ယောက် ကမ္ဘာအစစ်ဆီ ပြန်ရောက်နိုင်လာလား။ ဒါမှမဟုတ် လင်ဘိုထဲမှာပဲ ကမ္ဘာအစစ်လိုဖန်တီးမိသွားတာလား။ ဆိုက်တိုကရော ဆိုက်တိုလား မဲလ်လား။ ဒါတွေကတော့ ကြည့်ပြီးမှ အတွေးပွား ဆွေးနွေးပေးကြပါဦး။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Mr.Anderson မှ တင်ဆက်ထားပါတယ်။)

Action • Horror • Science Fiction • Thriller
8.8 2010 148 mins
Inception
Napoleon Dynamite
7

IMDB rating 7 နဲ့ Rotten Tomatoes 72% ရရှိထားတဲ့ ဒီဇာတ်ကားဟာ ခုချိန်ထိအောင် quote တွေအများကြီးနဲ့ နာမည်ကျော်တဲ့ comdey/indie flim တစ်ခုပါ။ ဇာတ်လမ်းက Idaho, Preston မြို့မှာနေတဲ့ ဆယ်ကျော်သက်အထက်တန်းကျောင်းသားအရွယ် နပိုလီယန်ဒိုင်းနမိုက်ဆိုတဲ့ ခပ်ကြောင်ကြောင်ကောင်လေးတစ်ယောက်ရဲ့ မိသားစုရေးရာ၊ အချစ်ကိစ္စ၊ လူငယ်ပြဿနာတွေကို သူ့နည်းသူ့ဟန်နဲ့ ဖြတ်ကျော်တဲ့အကြောင်းပေါ့ သူ့နေ့စဉ်ဘဝမှာ ပါဝင်တဲ့သူတွေက ကစ်ပ် ဆိုတဲ့ cage fighter ဖြစ်ချင်တဲ့ အိမ်မှာပဲ ၂၄/၇ နေပြီး စော်နဲ့ အွန်လိုင်းကနေ chatting ထိုင်နေတတ်တဲ့ ပိုးဟပ်ဖြူခန္ဓာကိုယ်နဲ့အစ်ကိုရယ် အတိတ်မှာ သူသာ ဒဏ်ရာမရခဲ့ရင် အခုချိန် ပြည်နယ်ချန်ပီယံဖြစ်နေလောက်ပြီဆိုပြီး ယူကြုံးမရဖြစ်နေလို့ အိမ်လိုက်ပတ်ပြီး ပစ္စည်းတွေ ဂျင်းထည့်ရောင်း ပိုက်ဆံစုပြီး အချိန်ခရီးသွားစက်ဝယ်ဖို့ပြင်နေတဲ့ ဦးလေးဖြစ်သူ အန်ကယ် ရီကို ရယ် ကျောင်းမှာ သိပ်ဝင်မဆံ့တဲ့ နပိုလီယန်ရဲ့တစ်ဦးတည်း‌သောသူငယ်ချင်း ကျောင်းပြောင်းလာတဲ့ စပိန်သား အင်္ဂလိပ်စကားမပီတပီ ပက်ဒရို ဆိုတဲ့ကောင်လေးရယ် ကောလိပ်တက်ဖို့ တိုလီမိုလီ လက်လုပ် accessory တွေနဲ့ အလှဓာတ်ပုံရိုက်ဆရာလုပ်ပြီးပိုက်ဆံစုနေတဲ့ ဒက်ဘ် ဆိုတဲ့ကောင်မလေးရယ် သူ‌တို့တွေနဲ့ နပိုလီယန်ရဲ့ အခက်အခဲအရှုပ်အထွေးတွေကို ဖြေရှင်းဖြတ်သန်းကြတာကို ကြည့်ရမှာပါ ဒီကားက ပထမဆုံးအကြိမ်ကြည့်ရင် နားမလည်ဘူး ထပ်ခါထပ်ခါ အေးအေးဆေးဆေး ပြန်ကြည့်မှ ဇာတ်ကားရဲ့သဘောကို နားလည်ရမယ့် ဇာတ်ကားမျိုးပါ။ CM ပရိသတ်ကြီးလည်း ဘယ်လိုခံစားရမလဲသိရအောင် ကြည့်ရှုခံစားကြည့်ကြပါဦး File Size : 3 GB / 1 GB Quality : BluRay 1080p / 720p Running Time : 1hr 40min Format : Mp4 Genre :Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by : Encode by : Thit San Khant

Horror • Fantasy
7 2004
Napoleon Dynamite
Balu Gani Talkies
5.3

Balu Gaani Talkies 2024 (ဘာလူရဲ့ ရုပ်ရှင်ရုံလေး) ဘာလူဆိုတဲ့ကောင်လေးဟာ သူ့အဖေလက်ထပ်က ထားခဲ့တဲ့ ရုပ်ရှင်ရုံအသေးလေးကို ဆက်လက်အမွေခံပြီးတော့ လုပ်ကိုင်လျက်ရှိပါတယ်။ ဒါပေမဲ့လည်း ဒီရုံကို ဆက်လက်လည်ပတ်ဖို့ ပိုက်ဆံမရှိတဲ့အတွက် တွေ့တဲ့သူဆီကနေ ပိုက်ဆံလိုက်ချေးရင်းကနေ တစ်ရွာလုံးက သူ့အကြွေးရှင်တွေဖြစ်ကုန်ပါတော့တယ်။ ဒီလိုနဲ့ အကြွေးတောထဲ နစ်နေပေမယ့် သူ့အဖေပေးခဲ့တဲ့ ဒီရုံလေးကို မစွန့်ပစ်နိုင်တာကြောင့် ဆက်လက်လုပ်ကိုင်လျက်ရှိပါတယ်။ ရုံလေးအတွက် ဇာတ်ကားကြီးတွေ မတင်နိုင်တဲ့အခါမှာ အဖော်အချွတ်ဇာတ်လမ်းတွေပဲ တင်ပြီးတော့ ဆက်လက်ပြီး ယိုင်နဲ့နဲ့ ရပ်တည်လာခဲ့ရင်း တစ်ရက် သူတို့ရွာရဲ့ ပွဲတော်နားနီးလာတဲ့အချိန်မှာ ဘာလူဟာ ဘာသာရေးကားပြပြီး ရုံကနေ အမြတ်ထွက်ဖို့အတွက် ကြံစည်ပါတော့တယ်။ ဒီလိုနဲ့ သူ့အဖေရဲ့ အမွေ ဒီရုံလေးကို ဆက်လက်ပြီးတော့ ရပ်တည်သွားနိုင်မှာလား ……. ဒီရုံလေးကို အောင်မြင်ဖို့အတွက် ဘယ်လိုတွေကြိုးစားသွားမလဲဆိုတာကို မြင်တွေ့ရမယ့် ဇာတ်ကားလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ ToMo~ V~ Alex~ KKKZ~ Zwe တို့ပဲဖြစ်ပါတယ်)

Thriller • Mystery
5.3 2024 122 mins
Balu Gani Talkies
The Dreamer

ယခုအခါတင်ဆက်ပေးလိုက်တာကတော့ ၂၀၂၄ ခုနှစ်ထွက် ပြင်သစ်ဘာသာစကားပြော Romance,drama ဇာတ်ကားလေးပါ…. အသက် ၆၀ အရွယ်ရှိပြီးတော့ မျက်လုံးတစ်ဖက်ပဲရှိတဲ့ ရာဖဲလ်ဟာ သူ့မိခင်နဲ့အတူနေထိုင်ပါတယ်…. သူဟာစံအိမ်ကြီးတစ်အိမ်ကိုကြည့်ရှုစောင့်ရှောက်နေရသူဖြစ်ပြီး စံအိမ်ကြီးရဲ့ပိုင်ရှင်ဆုံးပြီးကထဲက သူတို့သားအမိနှစ်ယောက်ပဲ အေးအေးဆေးဆေးနေထိုင်လာခဲ့ကြပါတယ်…..မိုးတွေသည်းနေတဲ့တစ်ည စံအိမ်ကြီးရဲ့အမွေခံဖြစ်သူ ဂဲရန်စ့်ချပ်တဲလ်ဆိုတဲ့ အမျိုးသမီး အိမ်ကိုပြန်ရောက်လာတဲ့အခါမှာတော့ ရာဖဲလ်ရဲ့တည်ငြိမ်နေတဲ့ဘဝလေးစတင်လှုပ်ခတ်လာပါတော့တယ်…. File size…(1.2 GB)/(1 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Akm

Drama
0 2024
The Dreamer
Dunston Checks In
5.4

Dunston Checks In (1996) IMDB : 5.4 Rotten Tomatoes: 17% Genre :Family/Comedy Dunston Checks In (1996) ကတော့ ဘဝအမောကိုခဏလောက်ပြေပျောက်သွားစေမယ့် ဟာသဇာတ်လမ်းလေးတစ်ခုဖြစ်ပါတယ်။ ဟာသဇာတ်မြူးလေးမလို့ မိသားစုနှင့်ဖြစ်စေ တစ်ဦးတည်းဖြစ်စေ ကြည့်ရှုလို့ရမှာဖြစ်ပါတယ်။ ဇာတ်ညွှန်း ရော်ဘတ်ဆိုတာကတော့ Majestic ကြယ်ငါးပွင့်ဟိုတယ်ကြီးရဲ့ မန်နေဂျာတစ်ယောက်ဖြစ်ပါတယ်။ သူ့မှာ သားနှစ်ယောက်ရှိပြီး အဆိုပါဟိုတယ်ထဲမှာပဲ အတူတူနေထိုင်ကြတာဖြစ်ပါတယ်။ သားနှစ်ယောက်ကလည်း အတော်မွှေတယ်ဆိုပါတော့။ La Monde ခရီးသွားအဖွဲ့အစည်းကနေပြီး ကိုယ်စားလှယ်တစ်ယောက် လျှို့ဝှက်စေလွှတ်ကာ ကြယ်ငါးပွင့်ဟိုတယ်တိုင်းကို ကြယ် ၆ ပွင့် တိုးပေးမယ်ဆိုပြီး ဟိုတယ်ပိုင်ရှင်က မန်နေဂျာ ရော်ဘတ်ကိုပြောခဲ့ပါတယ်။ ဖြစ်ချင်တော့တစ်ရက်မှာ မျောက်တစ်ကောင်နဲ့ လူတစ်ယောက်ရောက်လာခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ မျောက်ကိုခိုင်းပြီး လက်ဝတ်လက်စားတွေခိုးယူဖို့ဖြစ်ပါတယ်။ သူဟာမျောက်ကိုလူမသိအောင်ခိုးသယ်လာခဲ့ပေမယ့် သတိထားမိသူတစ်ယောက်ရှိနေခဲ့ပါတယ်။ အဲဒါကတော့ ရော်ဘတ်ရဲ့ သားအငယ်ကောင်ဖြစ်ပါတယ်။ ဒီလိုနဲ့ La Monde က ကိုယ်စားလှယ်ရောက်လာချိန်မှာ မျောက်ကလည်း ဟိုတယ်ထဲပတ်မွှေနေပါပြီ။ ဘယ်လိုအလွဲတွေဖြစ်မလည်းဆိုတာကိုတော့ ဆက်လက်ရှုစားလိုက်ကြပါခင်ဗျာ။ File size… 3.7 GB / 1.3 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 29m Genre ….. Family / Comdey Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Lucifer Maximoff

5.4 1900 88 mins
Dunston Checks In