YoteShin Drive is below this article. Scroll down to view.

5G connectivity in India

Author: Anonymous Published on: 12 Aug 2022

Indian Prime Minister Nandra Mosman announced that it has provided 5G communication at the 6th Indian Mobile Congress in New Delhi. The 5G network is first available in 22 cities, and includes Ahmedabad, Hydeabad, Gandigai, Gurugrah, Gurugrah, Jamnagar, Kolkata, Siliguri and Varanasi. PM @narendamodi launches 5G Services in India 🔹5g Technology Will Provide Seamless Coverage, High Data Rate, Low Low Low Lenncy, and Highly Reliable Communications. 🔹it Will Increase Efficiency and Network Efficiency and Network Efficiency. & mdash; Ministry of Information and Broadcasting (@mib_india) October 1, 2022 5G Services Reliance Joio, Reliance Joi, Reliance Jo, and Reliance Jo. Airtel and Vodafone-IDA will be provided in India. Airtel's users are now using 5G networks in some cities. India Mobile Congress 2022: & quot; Service Providers Will Roll Out 5g by 2024 & AMP; 75% Indian Citizens Will AVAIL 5G Services. & Quot; Shri Devusinh Chauhan, Hon'ble Minister of State for Communications, Government of India Register Now: https://t.co/rk0e6c4OJ#MC2022 # IMC5GLAUNCH & mdash; India Mobile Congress (@Exploreimc) October 1, 2022 Airtel's 5G connection is available in Bengaluru, Chennai, Hyderabad, Hyderabad, Kolkata, Mumba, Mumba, Siliguri and Varanasi will be provided by the country in March 2024. Reliance Jobs will provide 5G connection in Chennai, Delkata and Mumbai by Diwali, and in December 2023 in December 2013 in December 2013 VI has not yet been told that the 5G network will be provided. The BSNL will provide 5G network on August 15 next year. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Sugar.Baby.2024.1080p.WEBRip.HEVC (CM).mkv

1.62 GB 1080p video/x-matroska 103 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Land of Gold
7

ဒီ Land of Gold ဆိုတဲ့ ဇာတ်ကားလေးကတော့ 2022 ခုနှစ်ကထွက်ရှိထားတဲ့ ဒရာမာကားလေးတစ်ကားဖြစ်ပါတယ်။ IMDB 6.9/10 ရရှိထားတဲ့ ဇာတ်ကားဖြစ်တဲ့အပြင် 2021 မှာပြုလုပ်ခဲ့တဲ့ Tribeca ရုပ်ရှင်ပွဲတော်ကြီးမှာ အကောင်းဆုံးရုပ်ရှင်ဇာတ်ကားဆုကို ရထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းကိုတော့ အမေရိကန်-ပန်ချာဘီ လူမျိုးဖြစ်တဲ့ ကီရန်ဆိုတဲ့ အမျိုးသားနဲ့ သူ့ရဲ့မိသားစုအပေါ်အခြေခံပြီး ရိုက်ကူးထားတာပါ။ ကီရန်က မိသားစုအခြေအနေကြောင့် မိမိကိုယ်ကိုအနစ်နာခံပြီးတော့ အလုပ်အမြဲကြိုးစားနေတဲ့သူတစ်ယောက်ပါ။ ဒီလိုနဲ့ သူ့မိသားစုကိုသေချာအချိန်မပေးနိုင်ပဲ သူ့မိခင်ကော သူ့အမျိုးသမီးနဲ့ပါ စကားအခြေအတင်ဖြစ်ခဲ့ပါတယ်။ သူ့အမျိုးကတော့ ကလေးမွေးလုဆဲဆဲဖြစ်နေတော့ သူလည်း မိသားစုအတွက် ပိုက်ဆံရှာဖို့ ဘော်စတွန်ကို ကုန်မောင်းပို့ရာကနေဇာတ်လမ်းစပါတော့တယ်။ လမ်းတစ်လျှောက်မှာ အယ်လီနာဆိုတဲ့ မိန်းကလေးတစ်ယောက် သူ့ကုန်ကားပေါ်ပါလာတာကိုတွေ့ပြီး သူ့ကိုကူညီပေးဖို့အကြောင်းဖန်လာတော့တယ်။ ဒီဇာတ်ကားလေးမှာ လက်တွေ့လောကမှာဖြစ်လေ့ဖြစ်ထရှိတဲ့ မိသားစုပြဿနာ၊ ဇနီးမောင်နှံတွေကြားက မပြေလည်မှုတွေ၊ ပတ်ဝန်းကျင်ရဲ့ ရိုက်ပုတ်မှုတွေက ကလေးတစ်ယောက်ရဲ့ စိတ်ခံစားမှုအပေါ် ဘယ်လောက်အထိလွမ်းမိုးမှုရှိသွားနိုင်လဲဆိုတာကို ပေါ်လွင်အောင် ရိုက်ကူးပေးထားလို့ ရသပေါင်းများစွာပေးစွမ်းနိုင်တဲ့ ဒရာမာဇာတ်ကားကောင်းလေး တစ်ကားဖြစ်ပါတယ်။ အားပေးကြည့်ရှုဖို့အတွက် ဖိတ်ခေါ်ချင်ပါတယ်ဗျ။ File size…(1.8 GB)/(870 MB)/(420 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:50:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mark

Action • Adventure • Science Fiction
7 2023 110 mins
Land of Gold
Ram Setu
5.3

ဒီနေ့ကတော့ မင်းသားကြီးတွေရဲ့ကား ထွက်တဲ့နေ့ပါပဲ အခုလည်း အာရှေးကူမာရဲ့ ဘာသာရေး သမိုင်းနဲ့ ယုံကြည်ကိုးကွယ်မှုဆိုင်ရာ ဇာတ်ကားကောင်းလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ် အာရန် (အာရှေးကူမာ) က ဘာသာတရားနဲ့ ဘုရားကို အယုံအကြည်မရှိတဲ့ ရှေးဟောင်းသုတေသနပညာရှင် တစ်ယောက်ပေါ့ သူက အချက်အလက်ရှိပြီး သက်သေပြနိုင်တဲ့ အရာကိုပဲ ယုံကြည်တဲ့သူဖြစ်ပါတယ် အိန္ဒိယလူမျိုးတွေဟာ အရှင်ရာမကို အလေးအနက်ယုံကြည်ကြတဲ့သူတွေဖြစ်ပြီး ရမ်ဆက်တူဆိုတဲ့ တံတားကိုလည်း အရှင်ရာမတည်ထောင်ခဲ့တာလို့ ယုံကြည်ထားကြပါတယ် အဲဒီတံတားကို အစိုးရအဖွဲ့အစည်းက ကုန်သွယ်ရေးကိစ္စတစ်ခုနဲ့ ဖြိုချဖို့ လုပ်လာတဲ့အခါ ပြည်သူတွေက ဆူပူအုံကြွလာကြပါတော့တယ် ဒါကို အဲဒီရမ်ဆက်တူဆိုတာဟာ လူဖန်တီးထားတာမဟုတ်၊ သဘာဝအလျောက် ဖြစ်တည်နေတာဖြစ်ကြောင်းကို အစိုးရအဖွဲ့အစည်းက အာရန်ကို သက်သေထူခိုင်းပါတယ် ဒါပေမယ့် အများနဲ့တစ်ယောက်ဖြစ်နေသလိုပဲ ပြည်သူလူထုက လူအင်အားများပြီး အစိုးရအဖွဲ့အစည်းက လူအင်အားနည်းနေတဲ့အခါ အိန္ဒိယပြည်သူတွေရဲ့ ယုံကြည်မှုနဲ့ နိုင်ငံတော်အစိုးရအဖွဲ့အစည်းရဲ့ စီးပွားရေးကြိုးပမ်းမှုနဲ့ အာရန်ရဲ့ သက်သေပြမှုတွေကြားက တိုက်ပွဲကို ခင်းကျင်းပြသထားတဲ့ ဒီကားဟာ နိုင်ငံရေးရော ဘာသာရေးရော ပါဝင်တဲ့ ဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ် File size…2.69GB / 1.3GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 20m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Sora~ Poe ~ Yunni ~ OeliuJ

Fantasy
5.3 2022 149 mins
Ram Setu
Event Horizon
6.5

Resident Evil ဇာတ်ကားအများစုရဲ့ ဒါရိုက်တာ Paul W.S. Anderson ရိုက်ထားတဲ့ ရုပ်ရှင်ပါ။ ဒီကားကို ပါရာမောင့်က ထုတ်ခဲ့တာဖြစ်ပြီး ဒီကားကို ထုတ်ပေးဖို့ ပါရာမောင့်မှာ ဆွယ်တရားသွားဟောတုန်းက ကားတောင်ထွက်မလာသေးဘဲ ပါရာမောင့် အမှုဆောင်တွေ လန့်ပါလန့်ခဲ့ရတဲ့အထိဖြစ်ခဲ့ပါတယ်။ The Matrix ထဲက မောဘီးယပ်စ်ကြီး Laurence Fishburne က အဓိက ပါဝင်သရုပ်ဆောင်ထားသလို ဘွန်းခဲ့ပေမဲ့လည်း Cult Classic Horror Film တစ်ကားဖြစ်ခဲ့တဲ့အတွက် ကြည့်သင့်တဲ့ ဂန္ထဝင်တစ်ကားပါပဲ။ သိပ္ပံစိတ်ကူးယဉ်ဇာတ်တွေကို သဘောကျတဲ့လူတွေလည်း အကြိုက်တွေ့ကြမှာပါ။ သိပ္ပံစိတ်ကူးယဉ် သဲထိတ်ရင်ဖိုကားပီသသလို တော်တော်လည်းကြမ်းတာကြောင့် အသည်းငယ်တတ်သူတွေတော့ မကြည့်စေချင်ပါဘူး။ ဒီကားကြည့်ပြီးရင်တော့ အချင်းချင်း ခေါင်းစားကြစရာ အချက်အလက်တွေ အများကြီးထွက်လာမှာတော့ မြေကြီးလက်ခတ်မလွဲပါပဲ။ လူသားတွေဟာ လပေါ်မှာ အပြီးတိုင်အခြေချပြီးတဲ့နောက် ၂၅ နှစ်အကြာမှာ လူသားသမိုင်းတလျှောက် ပထမဆုံးသော အလင်းထက်မြန်တဲ့ အာကာသယာဉ် Event Horizon ကို လွှတ်တင်နိုင်ခဲ့ကြတယ်။ ဒါပေမဲ့ စကြဝဋ္ဌာမှာ ဖျက်အားအကြီးဆုံးလို့ သမုတ်ကြတဲ့ အာကာသတွင်းနက်တစ်ခုကို ယာဉ်တွင်းမှာဖန်တီးပြီးတော့ စကြဝဠာအတွင်း အလင်းနှစ်များစွာဝေးကွာတဲ့နေရာ တစ်ခုကနေတစ်ခုဆီကို မျက်စိတစ်မှိတ်အတွင်း အရောက်သွားနိုင်ဖို့ ဒီဇိုင်းထုတ်ထားတဲ့ ဒီယာဉ်ဟာ နေစကြဝဠာရဲ့အစွန်အဖျားဆီ သွားရောက်မယ့် သူ့ရဲ့ပထမဆုံးခရီးစဉ်မှာပဲ ပျောက်ချင်းမလှပျောက်ဆုံးသွားခဲ့တယ်။ ဒီအဖြစ်ဆိုးကြီးပြီးတဲ့နောက် ၇ နှစ်အကြာမှာတော့ အာကာသယာဉ်အသွားအလာ မရှိသလောက်နည်းတဲ့ နက်ပ်ကျွန်းဂြိုဟ်အနားကနေ အရေးပေါ်ကယ်ဆယ်ရေး အချက်ပြမှုတစ်ခု ထုတ်လွှင့်လာတဲ့အတွက် ကယ်ဆယ်ရေးယာဉ် Louise & Clarke က ကျွမ်းကျင်သူ ဒေါက်တာဝီယာနဲ့အတူ အရောက်သွားခဲ့ပေမဲ့ အရေးပေါ်အကူအညီ တောင်းခံထားတဲ့ယာဉ်ဟာ လူသားသမိုင်းမှာအဆိုးဆုံး အာကာသခရီးစဉ်လို့ သတ်မှတ်ခံထားရတဲ့ Event Horizon ဖြစ်နေပြီး ဒီယာဉ်ပေါ်ကို ရောက်လာပြီးတဲ့နောက်မှာ အရင်အဖွဲ့ ကြမ္မာငင်ခဲ့ကြပုံကို တဖြည်းဖြည်း ပိုသိလာရသလို သူတို့ကိုယ်တိုင် သင်္ကာမကင်းစရာကိစ္စတွေနဲ့ ဆက်တိုက်တွေ့လာရချိန်မှာ သူတို့အသက်ရှင်သန်နိုင်ဖို့ Event Horizon ကိုပဲ အားကိုးရမယ့်အဖြစ်နဲ့ ကြုံလာရတဲ့အခါမှာတော့... (ဒီဇာတ်ကားနဲ့အညွှန်းကို Costanza မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.04GB, 890MB Quality - REMASTERED 1080p, 720p IMDb Rating - 6.6/10 Format - mp4 Duration - 1H 36Min Genre - Horror, Sci-Fi, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Costanza Encoded by Y

6.5 1997 96 mins
Event Horizon
Love and Leashes
6.9

ရုပ်ရည်ချောမောပြီး ယောက်ျားဆန်ဆန်ဆွဲဆောင်မှုအပြည့်နဲ့ မိန်းကလေးတွေကြားမှာ နာမည်ကြီးရေပန်းစားလှတဲ့ .. Jung Ji Hoo ကုမ္ပဏီကြီးတစ်ခုမှာ အလုပ်လုပ်နေပြီး လုပ်ဖော်ကိုင်ဖက်ဖြစ်သူ Jung Ji Hoo အပေါ် တိတ်တခိုးခံစားချက်ရှိနေတဲ့ .. Jung Ji Woo တစ်နေ့မှာတော့ Jung Ji Hoo ဆီကိုပို့လိုက်တဲ့ ပါဆယ်ထုပ်က ကံကြမ္မာရဲ့လှည့်ကွက်ကြောင့်လို့ပဲဆိုရမလား နာမည်ချင်းဆင်ပြီး သူ့အပေါ်စိတ်ဝင်စားနေတဲ့ Jung Ji Woo ဆီကိုမှ ရောက်သွားပါတော့တယ်။ အဲဒီကနေတဆင့် အရာအားလုံးပြီးပြည့်စုံပြီး သူမတူတဲ့ sexual taste ရှိတဲ့ ကောင်ချောလေး Jung Ji Hoo ရဲ့ လျှို့ဝှက်ချက်ကြီးကို Jung Ji Woo သိရှိသွားပြီး နှစ်ဦးသဘောတူ ၃ လတာ relationship တစ်ခုကို စတင်လိုက်ကြတဲ့အခါ ..။ (Brace yourself ပါ SONE အပေါင်း သူတော်ကောင်းတို့xP) နာမည်ကြီး Webtoon “Moral Sense” ကို အခြေခံရိုက်ကူးထားတဲ့ Rom-com movie အမျိုးအစားဖြစ်တာမို့ အချိုတွေ အခွီတွေစုံအောင် ခံစားရမှာဖြစ်သလို Cast တွေအနေနဲ့ - U-KISS အဖွဲ့ဝင်ဟောင်း - Lee Jun Young - Girls’ Generation ရဲ့ maknae - Seohyun တို့က အဓိကပါဝင်ထားပြီး 2022 အတွက် Netflix ရဲ့ ပထမဆုံး ပွဲဦးထွက် movie လည်းဖြစ်ပါတယ်။ Age rating ကို 18+ သတ်မှတ်ထားတာကြောင့် ကြည့်ချင်သလိုကြည့်ကြပါလို့ပဲလက်တို့ရင်း ..။ အညွှန်းကိုတော့ Lai Laii က ဘာသာပြန်ပေးထားပြီးတော့ ဘာသာပြန်ထားတာကတော့ JimX, Lai Laii, Thuu Thuu, Shwe Pyae တို့ပဲ ဖြစ်ကြပါတယ်။ Genre.....Romance, Comedy Quality….WEB-DL 1080p and 720p and 360P File size…1.6GB and 857MB and 277MB Format…mp4 Duration….1h 57min Subtitle….Myanmar Subtitle (Hardsub) Translator ..... JimX, Lai Laii, Thuu Thuu, Shwe Pyae Encoder ..... August

Thriller
6.9 2022 118 mins
Love and Leashes
Waist Deep
6.5

ဒီတစ်ခါတင်ဆက်ပေးချင်တဲ့ဇာတ်ကားကတော့ အက်ရှင်ကားကြမ်းကြမ်းကိုမှ မိသားစုဆိုတဲ့အဓိပ္ပါယ်ကိုလည်း ပေါ်လွင်အောင်ရိုက်ပြထားတဲ့ 2006 ခုနှစ်မှာထွက်ထားတဲ့ Tyrese Gibson ရဲ့ Waist Deep ဆိုတဲ့ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ ဇတ်လမ်းအကျဥ်းကတော့... O2(Tyrese Gibson) ဟာ မူးယစ်ဂိုဏ်းအဖွဲ့ဝင်ဟောင်းတစ်ယောက်ဖြစ်ပြီးတော့ ထောင်ကနေလွတ်လာတာသိပ်မကြာသေးတဲ့အကျဥ်းသားဟောင်းတစ်ယောက်လည်းဖြစ်ပါတယ်။ ထောင်ကလွတ်လာပြီးတဲ့နောက်မှာလုံခြုံရေးဝန်ထမ်းတစ်ဦးအဖြစ်နဲ့သားလေးကိုစောင့်ရှောက်ပြီးဘဝကိုရိုးရိုးသားသားနဲ့တစ်ကပြန်စဖို့ကြိုးစားနေတဲ့လူတစ်ယောက်လည်းဖြစ်ပါတယ်။ ဒါပေမဲ့ ကံတရားက O2 ကို အေးချမ်းခွင့်မပေးခဲ့ပါဘူး။ တစ်နေ့သူ့သားလေးကိုကျောင်းသွားကြိုပြီးပြန်လာတဲ့လမ်းမှာ သားလေးကိုအတင်းအဓ္ဓမပြန်ပေးဆွဲခံလိုက်ရပါတယ်။ ပြီးတော့ သူဘယ်လိုမှမတတ်နိုင်တဲ့ငွေပမာဏဖြစ်တဲ့ ဒေါ်လာတစ်သိန်းနဲ့ပြန်ရွေးဖို့အကျပ်ကိုင်ခံရပါတယ်။ တစ်ဦးတည်းသောခင်တွယ်စရာသားလေးအတွက် O2 တစ်ယောက် မလုပ်ချင်တဲ့အလုပ်တွေကိုပြန်လုပ်ဖို့ကြိုးစားရာကနေ အဆင်ပြေပြေနဲ့သားလေးကိုပြန်ရွေးနိုင်မလား? အဲ့ဒီလူဆိုးဂိုဏ်းကရော သူ့ကိုမှ Target ထားပြီး ဘာလို့အခုလိုလုပ်ရတာလဲ ဆိုတာကို ဇာတ်ကားထဲမှာအတူတူကြည့်ရှုရင်းအဖြေရှာလိုက်ကြရအောင်ပါ။ ကြမ်းကြမ်းရမ်းရမ်းအက်ရှင်ခန်းတွေရယ် အန္တာရယ်ကြားကဆုံစည်းခဲ့ရတဲ့ မိန်းကလေးနဲ့အချစ်ဇာတ်လမ်းတစ်ပုဒ်ရယ်၊ ဖအေနဲ့သား ညီအကိုတွေကြားက သံယောဇဥ်ထုံးဖွဲ့မှုတွေရယ်နဲ့ ဇာတ်လမ်းတစ်ခုလုံးကို အစကနေအဆုံး အနိမ့်အမြင့်အတက်အကျအစုံအလင်နဲ့ရင်တစ်ထိတ်ထိတ်ကြည့်ရှုရစေဖို့အတွက် တင်ဆက်ပေးလိုက်ရပါတယ်။

Drama
6.5 2006 97 mins
Waist Deep
The Falconer
6

The Falconer (2021) ~ IMDb – 6/10, Rotten Tomatoes – 100% ~ ခရမ်းချဉ်သီးအလုံးတစ်ရာအပြည့်နဲ့ Art Film ကားကောင်းတစ်ကားပါ။ ရုပ်ရှင်ပွဲတော်တွေမှာ ဆု ၁၂ဆုရထားပါတယ်။ ဝင်ပြိုင်တဲ့ပွဲ အားလုံးနီးပါး ဆုရသွားခဲ့တဲ့‌ ကားကောင်းတစ်ကားပေါ့။ ဇာတ်လမ်းကတော့ Falconer ဆိုတဲ့အတိုင်းပဲ ဖယ်ကွန်တစ်ကောင်ကို လေ့ကျင့်ပေးတဲ့ တိရိစ္ဆာန်ချစ်တဲ့ ကောင်လေးတစ်ယောက်အကြောင်းပါ။ သားကောင်ကို စားတဲ့ သားရဲတွေဟာ လှောင်ချိုင့်ထဲကနေ အပြင်လောကကို လွှတ်ပေးခံလိုက်ရတဲ့အခါ ကြာကြာမနေနိုင်ပါဘူး။ သုံးလေးရက်နေ သေကြတာပါပဲ။ အရင်လိုသန်မြန်မှုတွေ မရှိတော့တာကြောင့်ပေါ့။ Falcon တွေလည်း ထိုနည်းလည်းကောင်းပါပဲ။ တိရိစ္ဆာန်ရုံထဲ လှောင်ထားခံထားရတာကြာတဲ့ ဖယ်ကွန်တစ်ကောင်ဟာ ရင်အုပ်ကြွက်သားတွေမရှိတော့ဘဲ ကောင်းကောင်းမပျံနိုင် သားကောင်ကိုဖမ်းဖို့မတတ်နိုင်ဖြစ်ကုန်ပါတယ်။ တိရိစ္ဆာန်ရုံစောင့်တဲ့ ကောင်လေးနှစ်ကောင်ဟာ အခြေအနေအကြောင်းကြောင်းနဲ့ ဖယ်ကွန်တစ်ကောင်ကို ခိုးပြီး အပြင်လောကမှာ ရှင်သန်နိုင်အောင် လေ့ကျင့်ပေးကြတဲ့ ဇာတ်လမ်းလေးပါပဲ။ တိရိစ္ဆာန်ချစ်တဲ့လူတွေအတွက်ရော Independent Film ကြိုက်တဲ့သူတွေအတွက်ရော အကြိုက်တွေ့မယ့် ကားကောင်းတစ်ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.85GB, 850MB Quality – 1080p, 720p IMDb Rating – 6/10 Format – mp4 Duration – 1H 40Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by W Encoded by Y

Action • Adventure • Comedy • Fantasy
6 2021
The Falconer
Causeway
6.6

IMDb 6.6 Rotten Tomatoes 87% မင်းသမီး ဂျနီဖာလောရန့်စ်ရဲ့ ရုပ်ရှင်အသစ်တစ်ကားကို Apple TV ကနေ တင်ဆက်လိုက်ပါပြီ။ အာဖရန်နစ္စဂန်က စစ်တပ်မှာတာဝန်ထမ်းဆောင်ရင်း ပေါက်ကွဲမှုထဲကိုယ်တိုင်ပါဝင်သွားခဲ့တဲ့ လင်စီက ဆေးခွင့်နဲ့ မွေးရပ်မြေဆီပြန်ရောက်လာခဲ့ပါတယ် ဦးနှောက်သွေးယိုစီးမှုခံစားနေရတဲ့သူမ ဆေးလည်းတစ်ဖက်ကုရင်း သူမပြန်သွားချင်တဲ့အလုပ်ခွင်ထဲပြန်ရောက်ဖို့ကြိုးစားနေသူပေါ့… ဂျိမ်းကတော့ ကားပြင်ဆရာပါလင်စီ့ကားကိုပြင်ပေးရင်း သူတို့နှစ်ယောက်ရင်းနှီးသွားတော့ တစ်ယောက်အကြောင်းတစ်ယောက်ရင်ဖွင့်ရင်း ဂျိမ်းမှာလည်းသူမလိုဖြစ်ရပ်ဆိုးရှိနေမှန်းသိသွားခဲ့တယ် ဒီလိုနဲ့ ခံစားချက်တူလူနှစ်ယောက်အချင်းချင်းဖေးမရင်း သူတို့သာမန်ဘဝကိုပြန်သွားကြပုံတွေကို ပေါ့ပေါ့ပါးပါးကြည့်ရှုရမှာပဲဖြစ်ပါတယ် File size…(1.3GB) / (668MB) / (454MB) Quality…. Web 1080P / 720p / 480P Format…mp4 Duration….01:32:00 Genre… Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Yunni

Drama • History
6.6 2022 96 mins
Causeway
Nomad
6.8

Nomad (1982) ၁၉၇၉ မှာ ဟောင်ကောင် New Wave စတင်ခဲ့ပြီး ၁၉၈၀မှာတော့ ဒီနယူးဝေ့ရဲ့အရှိန်နဲ့ ဟောင်ကောင်ရုပ်ရှင်လောက တစ်ချိုးတကွေ့ပြောင်းလဲခဲ့တယ်။ အဲဒီအပြောင်းအလဲရဲ့နောက်မှာ ခင်ဗျားတို့ ကျွန်တော်တို့ သိပ်ကြိုက်ပါတယ်ဆိုတဲ့ ဟောင်ကောင်ရုပ်ရှင်တွေအများကြီးထွက်လာခဲ့တယ်။ First New Wave မှာတော့ Ann Hui, Tsui Hark, Patrick Tam, Allen Fong တို့ရဲ့ ရုပ်ရှင်တွေထွက်ရှိခဲ့တယ်။ Ann Hui နဲ့ Tsui Hark ကိုတော့ အားလုံးကောင်းကောင်းသိကြမှာပါ။ Tsui Hark ကတော့ A Chinese Ghost Story ကိုရိုက်ခဲ့တဲ့၊ A Better Tomorrow ကို ပရိုဂျူဆာလုပ်ခဲ့တဲ့ဘဲပါပဲ။ ဟောင်ကောင်ရုပ်ရှင်ရဲ့ Second New Wave ကတော့ 1984 မှာစတင်ခဲ့ပြီး လက်ရှိကာလအထိအကျုံးဝင်နေပါသေးတယ်။ ပထမနယူးဝေ့ကနေ အားယူပြီး ထွက်ပေါ်လာတဲ့ ဒုတိယနယူးဝေ့မှာတော့ ကျွန်တော်တို့သိပ်ခိုက်ရတဲ့ ဒါရိုက်တာတွေပေါ်လာပါတယ်။ Mabel Cheung ရဲ့ The Illegal Immigrant နဲ့ An Autumn’s Tale, John Woo ရဲ့ A Better Tomorrow, Stanley Kwan ရဲ့ Rouge, ဝေါင်ကာဝေးရဲ့ As Tears Go By, Days of Being Wild နဲ့ Chungking Express, Fruit Chan ရဲ့ Made in Hong Kong, နောက် မာတင်စကောဆေးစိကြီးပါ မှီးခဲ့ရ ပြန်ရိုက်ခဲ့ရတဲ့ Infernal Affairs တို့ပါပဲ။ ဝေါင်ကာဝေးရဲ့ As Tears Go By က နောက်ဆုံးအခန်းကို မာတင်ကြီးက Gangs of New York မှာပြန်သုံးခဲ့ပေမဲ့ As Tears Go by ကလည်း မာတင်ကြီးရဲ့ Mean Streets ကို မှီးခဲ့ဖူးတော့ ကျွန်းကိုင်မှီ ကိုင်းကျွန်းမှီပါပဲ။ ဟောင်ကောင် နယူးဝေ့ဟာ မာတင်စကောဆေးစိလို ခေါင်တကော့ခေါင် ဒါရိုက်တာကြီးတွေကိုပါ သက်ရောက်မှုရှိခဲ့ဖူးတယ်။ ဟောင်ကောင်နယူးဝေ့ဟာ နိုင်ငံခြားရုပ်ရှင်တွေကနေ ဖြစ်တည်လာခဲ့သလို နိုင်ငံခြားရုပ်ရှင်တွေဟာလည်း ဟောင်ကောင်နယူးဝေ့ကနေ ပြန်မှီးခဲ့ရဖူးတာပါပဲ။ ဘာလို့ ကားအကြောင်းမပြောဘဲ ဒါတွေပြောနေသလဲဆို ဒီကားက သိပ်မကောင်းလို့ပါပဲ။ သိပ်မကောင်းဆို ဒီကားက ၁၉၇၉မှာစခဲ့တဲ့ ဟောင်ကောင် ပထမနယူးဝေ့ရဲ့ အစောပိုင်း ကားဆယ်ဂဏန်းလောက်ထဲက တစ်ကားပါပဲ။ အရွေ့တစ်ခုရဲ့အစကို ပျိုးခဲ့တဲ့ကားဖြစ်နေတော့ ခေတ်ဟောင်းနဲ့ခေတ်သစ်ရဲ့ အကူးအပြောင်းကာလမှာ လက်ခံခြင်းမခံခြင်းစည်းနှစ်ခုခြားရပ်ခဲ့ရတဲ့ ရုပ်ရှင်တွေထဲက တစ်ကားဆိုတော့ ဟိုမကျ ဒီမကျတော့ ဖြစ်နေပါတယ်။ Nomad ရဲ့ ဒါရိုက်တာ ပက်ထရစ်ထန်းဟာ ဟောင်ကောင်ပထမနယူးဝေ့ရဲ့အစ ၁၉၈၀မှာလည်း The Sword ဆိုတဲ့ကားတစ်ကားထွက်ဖူးတယ်။ ဒီကားက ဟောင်ကောင်ပထမနယူးဝေ့ထဲက သူ့ရဲ့ဒုတိယကားပေါ့။ ပထမကားကတော့ ခေတ်ဟောင်းရဲ့အငွေ့ပိုသင်းပေမဲ့ ဒီကားမှာတော့ ခေတ်သစ်ရဲ့အငွေ့တော့ ပိုသင်းလာခဲ့တယ်။ ဒီလိုပိုသင်းလာတာနဲ့အမျှပဲ အရွေ့ကြားထဲက ဒီကားကပိုဂွမ်းသွားတယ်။ ဒါပေမဲ့ ဒီကားကျေးဇူးနဲ့ နောက်ပိုင်းမှာ မာစတာပိစ်လို့ ကျွန်တော်တို့ ခေါ်ကြတဲ့ ရုပ်ရှင်တွေထွက်လာခဲ့လေတော့ ဒီကားကို ကျွန်တော်တို့ ပစ်ပယ်ထားလို့မရပြန်ဘူး။ ဒီ Nomad ကို ဟောင်ကောင်နယူးဝေ့ကို ကိုယ်စားပြုနေတဲ့ ရုပ်ရှင်တွေထဲကတစ်ကားလို့လည်း ဆိုကြတယ်။ လတ်စလီချောင်အနေနဲ့လည်း ဝေါင်ကာဝေးလက်ထဲမရောက်ခင် Farewell My Concubine တို့ မတိုင်ခင် ၁၀စုနှစ်တစ်ခု အစောပိုင်းက ကားဆိုတော့ လတ်စလီချောင်ရဲ့ သရုပ်ဆောင်စွမ်းရည်လည်း အရောင်မထွက်သေးဘူး။ ဇာတ်ကလည်း ဖွယ်တယ်တယ်နဲ့ စိတ်ပျက်စရာတော့ကောင်းနေတယ်။ ဒါပေမဲ့လည်း ဟောင်ကောင်ပထမနယူးဝေ့ရဲ့ အမှတ်သညာရုပ်ရှင်တစ်ခုအဖြစ် တစ်ခုတ်တရကြည့်ကြတဲ့ ရုပ်ရှင်ဆိုတော့လည်း ဟောင်ကောင်ရုပ်ရှင်တွေကို ချစ်ရင် ကြည့်သင့်ပြန်တာပါပဲ။ ဟောင်ကောင်ရုပ်ရှင်တွေနဲ့ စိမ်းတဲ့သူတွေတော့ ဘယ်လိုမှမကြည့်သင့်ပါဘူး။ အခန့်မသင့်ရင် ဟောင်ကောင်ကားတွေကိုပါ မုန်းသွားနိုင်တယ်။ Nomad (1982) ဟာ ဇာတ်လမ်းတည်ဆောက်မှု မခိုင်မာသလို သရုပ်ဆောင်တွေလည်း မကောင်းလှပေမဲ့ ဒီလိုရဲတင်းတဲ့တင်ပြမှုပုံစံကနေ ဒီလိုဇာတ်လမ်းပုံစံမျိုးကနေမှ ကျွန်တော်တို့ကြိုက်လှပါတယ်ဆိုတဲ့ ရုပ်ရှင်တွေဖြစ်လာတာကိုတော့ အသိအမှတ်ပြုရမှာပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.8GB, 820MB Quality – 1080p, 720p IMDb Rating – 6.8/10 Format – mp4 Duration – 1H 36Min Genre – Drama, Romance, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

TV Movie • Romance • Comedy
6.8 1982 96 mins
Nomad
Horse in the Coat!

ပိုဒ်ဗာရီဇို့ဗ်ဆိုတဲ့ လက်ထောက်အုပ်ချုပ်ရေးမှူးတစ်ယောက်ဟာ လာဘ်စားပေမဲ့ ဖမ်းခံရမှာကိုတော့ ကြောက်နေသူတစ်ဦးပဲဖြစ်ပါတယ်။ သူ့ရဲ့ လာဘ်စားဖော်တွေ အဖမ်းခံရရင် သူ့မှာ ကြောက်ဒူးတုန်ပြီး ဆုတောင်းရတာလည်း အမောပါ။ ပိုဒ်ဗာရီဇို့ဗ်မှာ ဇနီးသည်ချောချောလေးတစ်ယောက်လည်း ရှိပါတယ်။ ဇနီးဖြစ်သူဟာလည်း ချမ်းသာကြွယ်ဝချင်တဲ့စိတ်နဲ့ ပိုဒ်ဗာရီဇို့ဗ်ဖြစ်သူကို ယူထားတာဖြစ်ပြီး ဇနီးဖြစ်သူကို တိတ်တခိုး ကြိုက်နေတဲ့ ဘေးအိမ်ကလူတစ်ယောက်လည်းရှိနေပါသေးတယ်။ ဒီလိုနဲ့ နှစ်သစ်မကူးခင်ရက်ပိုင်းမှာ သူနဲ့ သူ့မိန်းမရဲ့ နှစ်ပတ်လည်ပွဲလေးကျင်းပရင်း အဲဒီပွဲမှာပဲ သူ့ကို လာဘ်စားတဲ့အမှုနဲ့ လာရောက်ဖမ်းခြင်းကို ခံလိုက်ရပါတော့တယ်။ ယောက်ျားဖြစ်သူ အဖမ်းခံရတဲ့နောက်မှာ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို အသိမ်းမခံရဖို့အတွက် ဘယ်လိုတွေ ထုခွဲရောင်းချသွားမလဲ….. ဇနီးဖြစ်သူကို တိတ်တခိုးကြိုက်နေတဲ့သူကရော ခင်ပွန်းဖြစ်သူမရှိချိန်မှာ ဘယ်လိုတွေ ကြိုးပမ်းဦးမလဲ ……. ပိုဒ်ဗာရီဇို့ဗ်ဖြစ်သူကရော ဘာတွေဆက်ဖြစ်သွားမလဲ …. စတာတွေကို ဟာသလေးတွေနှောပြီးတော့ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File size…(1.9 GB)/(970 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:35:00 Genre…Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Darcy

0 2023
Horse in the Coat!
#ChadGetsTheAxe
5.6

ChadGetsTheAxe(2022) အခုတစ်ခါ CM ပရိသတ်ကြီးကို တင်ဆက်ပေးချင်တဲ့ horror ကားလေးကတော့ အမြင်လဲဆန်းသလို ပေါက်ကရတွေချည်းပါပဲ ရီပဲရီရမှာလိုလို ကြောက်ပဲကြောက်ရမှာလိုလိုနဲ့ပါ ဇာတ်ကားကိုရိုက်ကူးထားပုံကလည်း POV စတိုင်မို့ ကြည့်ရတာ Reality ဆန်နေမှာပါ ခုခေတ်ကြီးမှာ Live လွှင့်တာတွေ Stream လုပ်တာ လူတွေကို prank လိုက်လုပ်ပေါက်ကရတွေလုပ်ပြီး Like တွေ View တွေ သူတောင်းစားလုပ်တာက Social media မှာ အရမ်းခေတ်စားနေတာပါ ခုဇာတ်ကားထဲမှာလည်း ‌follower လိုချင်လို့ သရဲခြောက်တဲ့နေရာတွေမှာ live လွှင့်ပြီး ပေါက်ကရလုပ်ပြတဲ့ celebrity တစ်သိုက် ဟိုကသရဲက စိတ်တိုပြီး တကယ်ထတီးမလား ဒါမှမဟုတ် View လိုချင်လို့ပဲ အင်ထုနေတာလားဆိုတာ ကြည့်ရှုရင်း သရဲမကြောက်ရတဲ့အပြင် like သူတောင်းစားလေးတွေကို တီးပေးတာကို နှစ်ထောင်းအားရကြည့်ရှုရမှာမို့ လက်မလွှတ်ကြဖို့ အကြံပေးလိုက်ပါတယ် အညွှန်းနဲ့ဘာသာပြန်ကတော့ Saii Thurein Lynn ပဲ ဖြစ်ပါတယ် Genre….. Horror, Comedy Quality…. 1080p WEB-DL | 720p WEB-DL File size… 1.66GB | 879MB Format… mp4 Duration…. 1h 23min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Saii Thurein Lynn Encoder ….. Aaron

5.6 2022
#ChadGetsTheAxe
Mr. Perfect
6.7

Mr. Perfect (2014) ***************** ဒီတစ်ခါတော့ CM ပရိသတ်ကြီးအတွက် ၂၀၁၄ တုန်းကထွက်ခဲ့တဲ့ Comedy/Sport Drama အမျိုးအစား ကားကောင်းလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်။ အဓိကသရုပ်ဆောင်တွေအနေနဲ့ Yoon Shi Yoon၊ Yeo Jin Goo၊ Lee Kyung Young တို့အပြင် ပရိသတ်နဲ့ရင်းနှီးပြီးသား သရုပ်ဆောင်များစွာလည်း ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း ************* ပါရမီရှင် ဂေါက်ရိုက်သမားတစ်ယောက်ဖြစ်တဲ့ ဘဲ့ဆယ်ဂျင်း(Yoon Shi Yoon)ဟာ အချိန်တိုအတွင်းမှာ အဓိကပြိုင်ပွဲပေါင်းများစွာကို အနိုင်ရဗိုလ်စွဲခဲ့ပြီး လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့ပေမဲ့ သူ့ရဲ့ ပင်ကိုယ်စရိုက်ကြောင့် အောင်မြင်မှုကို ရေရှည်မထိန်းနိုင်ဘဲ အရှုပ်အပွေသတင်းပေါင်းများစွာနဲ့ လက်ရည်ပိုင်းမှာရော ကြေးစားအဆင့်သတ်မှတ်ချက်မှာပါ ကျဆင်းလာခဲ့ပါတယ်။ တစ်နေ့ အရက်မူးပြီးကားမောင်းရင်းနဲ့ မတော်တဆမှုဖြစ်ခဲ့ပြီး ကားပေါ်မှာပါလာတဲ့ သူ့ရဲ့သူငယ်ချင်းပါ အသက်ဆုံးရှုံးခဲ့ရတယ်။ အဲဒီအချိန်ကစလို့ ဘဲ့ဆယ်ဂျင်းဟာ စိတ်ဒဏ်ရာကြောင့် စကားမပြောနိုင်ဖြစ်သွားခဲ့ရပါတယ် .. ဒီလိုနဲ့ နောက် ၁ နှစ်လောက်အကြာမှာတော့ .. ရွာငယ်လေးတစ်ရွာက ကျောင်းအုပ်ဖြစ်သူက ကျောင်းမှာဆရာ မရှိတဲ့အတွက် ကျောင်းကို ပိတ်လိုက်ရမဲ့အရေးနဲ့ရင်ဆိုင်နေရတာကြောင့် ကျောင်းသားတွေကို ဂေါက်ရိုက်သင်ပေးပြီး အငယ်တန်းဂေါက်ရိုက်ပြိုင်ပွဲမှာအသိအမှတ်ပြုခံရရင် ကျောင်းမပိတ်ရအောင် ကယ်တင်နိုင်မယ်ဆိုတဲ့ စိတ်ကူးနဲ့ ဘဲ့ဆယ်ဂျင်းကို ဖိတ်ခေါ်ခဲ့ပါတော့တယ် .. ကျောင်းသားမိဘတွေအနေနဲ့ စကားမပြောတတ်သူတစ်ယောက်ကို ဆရာအနေနဲ့လက်ခံနိုင်မှာလား… ကျောင်းမပိတ်ရအောင် ကယ်တင်နိုင်မှာလားဆိုတာကိုတော့ ဇာတ်ကားထဲမှာ ရသမျိုးစုံနဲ့ ခံစားကြည့်ရှုလိုက်ပါဦးနော် .. အညွှန်းကို Zoronoa မှ ရေးသားပေးထားပါတယ် File size…2.10GB / 825MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1 hr. 41 min. Genre ….. Comedy, Drama, Sports Subtitle….Myanmar Subtitle (Hard Sub) Translated by Zoronoa & Kay Kay Encoded by AHtet

6.7 2014
Mr. Perfect
Pitch Perfect 2
6.4

Pitch Perfect 2 ဟာ ၂၀၁၅ခုနှစ်က ထွက်ရှိခဲ့သော အမေရိကန်ဟာသကားဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်တွင် ထွက်ရှိခဲ့သော Pitch Perfect ၏ နောက်ဆက်တွဲကားလည်း ဖြစ်ပါတယ်။ ဂီတ-ဟာသ များတွင် ယခုထက်ထိ ဝင်ငွေ အများဆုံးရရှိထားသော ဇာတ်ကားဖြစ်ပါတယ်။ IMDb Rating 6.5/ 10 ရရှိထားပြီး Rotten Tomatoes တွင် 66% Rating ရရှိထားပါတယ်။ ဒီရုပ်ရှင်ထဲမှာ Cappella သီဆိုခြင်း ကို အဓိကထားပြီး ဇာတ်အိမ်တည်ထားပါတယ်။ Cappella သီဆိုခြင်း ဆိုတာကတော့ တူရိယာ မပါဘဲ အဖွဲ့တစ်ဖွဲ့တွင်ပါဝင်သော လူများကပဲ သီချင်းများကို သီဆိုခြင်း၊ ပါးစပ်ဖြင့် Beatbox သံလုပ်ခြင်းအပါအဝင် တူရိယာသံလုပ်ခြင်းများကို ကိုယ်တိုင်ဖန်တီး၍ လုပ်ဆောင်ရခြင်းဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အမေရိကန်သမ္မတ Barack Obama ၏ မွေးနေ့ပွဲတွင် Bella အဖွဲ့က ဖျော်ဖြေဆင်တင်ဆက်ရာမှ ဖြစ်ပွားခဲ့ရသော အမှားတစ်ခုကြောင့် Bella အဖွဲ့၏နာမည်ကျဆင်းခဲ့ရပြီး ဖျော်ဖြေရေးခရီးစဉ်များကို ပိတ်ပင်ခဲ့သောကြောင့် နာမည်ကောင်း ပြန်လည် ရရှိဖို့ရန်အတွက် ကမ္ဘာ့ Cappella ပြိုင်ပွဲတွင် အနိုင်ရရှိစေရန် အစွမ်းကုန် ကြိုးစားအားထုတ်ရပါတော့တယ်။ Jesse J ၏ Flashlight သီချင်းကို အဓိကဇာတ်ဝင်တေး အဖြစ်ခံစားရမှာဖြစ်ပြီး အခြားနာမည်ကြီးသီချင်းများစွာ ကိုလည်း ပုံစံအသစ်ဖြင့် နားဆင်ရမှာပဲဖြစ်ပါတယ်။ ထို့အပြင် လွတ်လပ်သော လူငယ်ကျောင်းသားဘဝ၊ Teamworking၊ သူငယ်ချင်းချစ်ခြင်းမေတ္တာတို့ကို ဟာသနှောကာ ရူစားရမှာပဲဖြစ်ပါတယ်။

6.4 2015 115 mins
Pitch Perfect 2
A Dangerous Method
6.4

ဒီဇာတ်ကားကတော့ စိတ်ပညာရပ်နယ်ပယ်မှာ ဖခင်ကြီးတစ်ဖြစ်တဲ့ အော်စတြီးရန်းနိုင်ငံသာ ဂျူးလူမျိုး အာရုံကြောပါရဂူ ဆစ်ဂ်မန်ဖရွိုက်ဒ်နဲ့ ကားလ်ဂျန်ဆိုတဲ့ စိတ်ကုထုံးကညာရှင်တစ်ဦးရဲ့အကြောင်းကို အသားပေးရိုက်ကူးထားတဲ့ Biography Drama ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဒေါက်တာကားလ်ဂျန်ဟာ စိတ်ဖောက်နေတဲ့ ရုရှားသူ ဆဘရီနာရှပီရွိုင်းဆိုသူကို လူနာအဖြစ် လက်ခံကုသပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူ့ကိုကုသရမှာ သူတို့ခေတ်အခါက ကုထုံးတွေ နည်းလမ်းတွေကိုသုံးပြီး စိတ်ကိုစိစစ်ကုသပေးခဲ့ပါတယ်။ သို့ပေမဲ့လည်း သူတစ်ဦးတည်းကုသဖို့ အဆင်မပြေတဲ့အခါ ပရော်ဖက်ဆာဖရွိုက်ဒ်နဲ့ တွေ့ဆုံပြီး နည်းလမ်းအသစ်တွေရှာဖို့ကြိုးစားပါတော့တယ်။ ဇာတ်လမ်းကတော့ ပညာရပ်ပိုင်းဆိုင်ရာဇာတ်ကားဖြစ်တဲ့အတွက် ခက်ခဲနက်နဲပြီး တွေးရတာကြိုက်တဲ့သူတွေအတွက် အဆင်ပြေမယ့်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇတ်ကားက ဒိတ်ဒိတ်ကြဲဆရာကြီးတွေရဲ့ စကားဝိုင်းတွေ အတွေးအခေါ်တွေအပေါ်ကို အခြေခံရိုက်ကူးထားတာဖြစ်လို့ သာမန်လူတစ်ယောက်အနေနဲ့ကြည့်မယ်ဆိုရင် လိုက်မီဖို့ ခက်ခဲနိုင်ပါတယ်။ ဒါပေမဲ့ သင်က လက်ရှိခေတ်စိတ်ပညာရပ်ပိုင်းဆိုင်ရာရဲ့ သမိုင်းကြောင်း မြစ်ဖျားခံရာကို လေ့လာလိုသူဆိုရင်တော့ ဒီဇာတ်ကားက သင့်အတွက်ပါပဲ။ File Size : 1.9 GB, 728 MB Quality : Blu-Ray 1080p / 720p Running Time : 1hr 39min Format : Mp4 Genre : Biography, Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by : Vader ft Riley Encode by : Thit San Khant

Drama • Romance
6.4 2011
A Dangerous Method
Detective Dee and Fire Unicorn
6.5

Detective Deeရဲ့ စုံထောက်ကားတွေကို ကြိုက်နှစ်သက်သူတွေအတွက် အသစ်ထွက်ရှိလာတဲ့ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီတခါမှာစုံထောက်ကြီးဒီးရန်ကျယ် အစွမ်းပြပြီးလိုက်ရမယ့်အမှုကတော့ ဒီလိုပါ။ မီးပုံးပွဲ​တော်နေ့မှာ ပြည်သူတွေဟာဘုရင်မကြီး ဝူကျယ်ထျန်းအတွက် ဆုတောင်းမေတ္တာပို့သနေကြတာပေါ့။ အဲ့ဒီအချိန်မှာ တစ်ကိုယ်လုံးမှာမီးတောက်လောင်နေတဲ့ ထူးဆန်းတဲ့ ဦးချိုတစ်ချောင်းနဲ့ သတ္တဝါတစ်ကောင် ပေါ်ထွက်လာပါတယ်။ အဲ့ဒီသတ္တဝါရဲ့အသားကိုစားရင် ၉၆ ပါးသောရောဂါကို ပျောက်ကင်းစေနိုင်သတဲ့။ ဆိုတော့ ဘုရင်မကြီးဟာ တလီတရားရေးဌာနကို ဒီထူးဆန်းတဲ့သတ္တဝါအကြောင်းကို ခုနစ်ရက်အတွင်းအဖြေရှာဖို့ မိန့်တော်မူလိုက်ပါလေရော။ အဲ့မှာ ဇာတ်လိုက်ကျော်စုံထောက်ကြီးဒီးဟာ အမှုလိုက်ဖို့ဖြစ်လာပါတော့တယ်။ အဲ့ဒီသတ္တဝါကလူလား မကောင်းဆိုးဝါး လေလား။ ဘယ်ကရောက်လာတာများလဲ။ ထူးဆန်းတဲ့ သတ္တဝါကြီးအကြောင်းကို ဘယ်လိုလိုက်မလဲဆိုတာနဲ့ နောက်ကွယ်က ဇာတ်ကြောင်းကလည်း စိတ်ဝင်စားဖို့ကောင်းတာမို့ အခုပဲကြည့်လိုက်ကြရအောင်

Crime • Drama • Thriller
6.5 2022
Detective Dee and Fire Unicorn
Ranganayaka
3.8

Ranganayaka (2024)”ကြေးမုံပြင်တစ်ချပ်ပေါ်က ပုံရိပ်” ========================================= ချန်နယ်မြန်မာရဲ့ အိန္ဒိယရုပ်ရှင်ပရိသတ်တွေအတွက် ထူးခြားတဲ့ ကန်နာဒါစကားပြောရုပ်ရှင်တစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်ဟာ ဇာတ်လမ်းဇာတ်ကွက် ထူးခြားရုံတင်မကဘဲ ရုပ်ရှင်ရဲ့ အကြောင်းအရာကိုက ထူးဆန်းနေတာပါ။ ဒီရုပ်ရှင်ကို ရိုက်တဲ့ ဒါရိုက်တာ မာတာဂုရုပရာဆတ်ဟာ ဆန်ဒယ်ဝုဒ်လို့ခေါ်တဲ့ ကန်နာဒါရုပ်ရှင်လောကထဲက ဆရာကြီးတစ်ပါးဖြစ်ပြီး ဒီရုပ်ရှင်ဟာ သူ မကွယ်လွန်ခင် နောက်ဆုံးရိုက်ကူးခဲ့တဲ့ရုပ်ရှင်ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ တီဗွီအစီအစဉ်တစ်ခုမှာ အိပ်ငွေ့ချ အင်တာဗျူးခံရတဲ့ နာမည်မကြီးတကြီး ဒါရိုက်တာတစ်ယောက် အင်တာဗျူးခံရင်း သူ့ရဲ့ အတွေ့အကြုံတွေ၊ ခပ်ရွဲ့ရွဲ့ အတွေးအခေါ်တွေ၊ သေခြင်းတရားကို ချဉ်းကပ်ပုံတွေ၊ ဘဝအပေါ်အမြင်တွေကို စိတ်ဝင်စားစရာကောင်းအောင် ပြောပြသွားတာကို ရိုက်ကူးတင်ဆက်ပြထားတာပါ။ ထူးခြားချက်အနေနဲ့ အင်တာဗျူးခံရတဲ့ ဒါရိုက်တာနေရာမှာ ဒီရုပ်ရှင်ရဲ့ ဖန်တီးသူ ဒါရိုက်တာဂုရုပရာဆတ်ကိုယ်တိုင် သရုပ်ဆောင်ထားတာဖြစ်ပြီး အနုပညာရှင်တစ်ယောက် နောက်ဆုံးအသက်သွင်းသွားတဲ့ အနုပညာလက်ရာတစ်ခုကို ပရိသတ်တွေ စီးမျောခံစားနိုင်ဖို့ ချန်နယ်မြန်မာရဲ့ ဘောလိဝုဒ်အဖွဲ့သားတွေက ညွှန်းဆိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်…။

Romance • Drama
3.8 2024 121 mins
Ranganayaka