YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Su-ji And U-ri (2024) S01 EP48 WEB-DL,1080p(CM).mp4

606.39 MB 1080p video/mp4 29 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Colors of Fire
7.2

ဒီဇာတ်ကားထဲမှာ ဘဏ်လုပ်ငန်းရှင်သူဌေးကြီးမာဆယ်ပယ်ရီကော့ရဲ့စျာပနနဲ့ ဇာတ်လမ်းကိုစတင်ခဲ့တယ်။ သူဌေးသမီး မယ်ဒလင်းက ဖခင်မရှိတော့တဲ့နောက်မှာ အားကိုးရာမဲ့သွားရာကနေ စီးပွားရေးမှာ မိတ်ဆွေရင်းတွေဆီက သစ္စာဖောက်မှုကိုခံခဲ့ရပြီး ဖခင်ဆီကရရှိခဲ့တဲ့အမွေအားလုံးဆုံးရှုံးသွားတော့တယ်။ သစ္စာဖောက်တဲ့သူတွေကလည်း မယ်ဒလင်းယုံကြည်ခဲ့ရတဲ့အနီးဆုံးလူတွေပဲဖြစ်နေခဲ့တယ်။ ဒီဖြစ်ရပ်ဆိုးတွေမဖြစ်ခင် သူဌေးကြီးပယ်ရီကော့ရဲ့စျာပနမှာကတည်းက မယ်ဒလင်းရဲ့ ၁၁နှစ်အရွယ်သားဖြစ်သူပေါလ်က အဖိုးရဲ့အခေါင်းအပေါ်ကိုခုန်ချခဲ့တယ်။ ဒီလုပ်ရပ်ကရော ဘာအတွက်ကြောင့်ဖြစ်မလဲ? ဖြစ်ရပ်ဆိုးတွေအပြီးမှာ မယ်ဒလင်းဟာ သားဖြစ်သူနဲ့အတူ သာမန်လူတန်းစားဘဝမှာ ၅နှစ်ကြာဖြတ်သန်းရင်း သူမကိုသစ္စာဖောက်ခဲ့တဲ့သူတွေရဲ့သတင်းကိုပဲ တစ်ချိန်လုံးလိုက်နေခဲ့တယ်။ နောက်ဆုံးမှာ သူမရဲ့လက်စားချေပွဲက အရာထင်မလားဆိုတာ...။ လက်စားချေဇာတ်လမ်းမျိုးဆိုပေမဲ့ tensionမများပဲ ငြိမ့်ငြိမ့်ညောင်းညောင်းပုံစံမျိုးနဲ့ တင်ဆက်ရိုက်ကူးထားတဲ့ကားမျိုးပါပဲ။ ဇာတ်လမ်းထဲမှာ မတူတဲ့ရှုထောင့်အမျိုးမျိုးနဲ့ကြည့်လို့ရတဲ့ ချစ်ခြင်းမေတ္တာဆိုင်ရာ ဇာတ်လမ်းတစ်ပုဒ်လည်းပါပါတယ်။ ဇာတ်ကားတစ်ကားလုံးခြုံပြောရရင် စိတ်ကူးယဥ်ဆန်တဲ့ဇာတ်လမ်းမျိုးတော့မဟုတ်ပဲ လူ့ဘဝထဲက လက်တွေ့ဖြစ်ပျက်တတ်တဲ့အကြောင်းအရာတွေကိုမှ ကဗျာဆန်ဆန် တင်ဆက်ထားတဲ့ ဇာတ်ကားတစ်ကားပါပဲ။ File size…(2.3 GB)/(900 MB)/(420 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:15:00 Genre...Drama, History Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Su Eaindra

Action • Thriller
7.2 2022 135 mins
The Colors of Fire
The Moustache
6.3

~ IMDb - 6.6/10, Rotten Tomatoes - 86% ~ ပြင်သစ်ဒါရိုက်တာ Emmanuel Carrère ရိုက်ထားတဲ့ Mystery / Drama အမျိုးအစားရုပ်ရှင်ပါ။ ကိန်းကနေ မင်းသားဆုရထားတဲ့ ပြင်သစ်မင်းသား Vincent Lindon နဲ့ César Award for Best Actress ရထားတဲ့ မင်းသမီး Emmanuelle Devos တို့က သရုပ်ဆောင်ပေးထားပါတယ်။ ဝေဖန်ရေးသမားတွေတော့ ဒီရုပ်ရှင်ကို အကြိုက်တွေ့ခဲ့ကြပြီး RT - 86% ရထားပါတယ်။ Mystery / Drama ဆိုပေမဲ့ Psychological Drama လိုလို ဘာလိုလိုပါပဲ။ ဒီတစ်ကားလုံးကို မင်းသားနဲ့ သူ့နှုတ်ခမ်းမွှေးအပေါ် အခြေခံထားတယ်။ ကားစစမှာ မင်းသားနဲ့ သူ့မိန်းမပြောစကားအရ မင်းသားဟာ နှုတ်ခမ်းမွှေးမရိတ်တာ တော်တော်ကြာပြီဖြစ်တဲ့လူဆိုတာကို ပြထားတယ်။ ပြီးကျ သူတို့တွေ သူတို့မိတ်ဆွေတွေရဲ့ ကလေးတစ်ယောက်ရဲ့မွေးနေ့ပွဲသွားကြတယ်။ ထူးတာက မင်းသားက မုတ်ဆိတ်ရိတ်လာပေမဲ့ သူ့မိန်းမအပါအဝင် ဘယ်သူကမှ သတိမထားမိကြဘူး။ ဒီလိုနဲ့အပြန်မှာ သူ့ကိုနောက်နေကြတာလားဆိုပြီး ပေါက်ကွဲရော။ နောက်မှ သူ့မိန်းမစကားအရ သူ့မှာ နှုတ်ခမ်းမွှေးမရှိခဲ့ဘူးဆိုတာကို သိလိုက်ရတယ်။ ဒါပေမဲ့ သူယုံရခက်နေတယ်။ ဒီလိုနဲ့နောက်ထပ် သူ့ဘဝထဲကလူတွေကို သူနှုတ်ခမ်းမွှေးရှိခဲ့ပြီး အခုမရှိတော့တာ သတိထားမိလား လိုက်စမ်းသပ်တယ်။ ဒီလိုနဲ့ သူ့မှာမရှိခဲ့တာ သေချာသလိုလိုဖြစ်လာတယ်။ ဒါပေမဲ့လည်း ရှိခဲ့လား မရှိခဲ့လားနဲ့ သူ မသည်းကွဲနေဘူး။ ဒီကားဟာ လူတစ်ယောက် နှုတ်ခမ်းမွှေးတကယ်ရှိမရှိ အဖြေရှာရမယ့်ကားပါ။ အဆုံးကျ အဲဒီလူမှာ နှုတ်ခမ်းမွှေး ရှိမရှိ ခင်ဗျားတို့ ဆုံးဖြတ်ရမယ့် ရုပ်ရှင်ပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.85GB,780MB Quality - 1080p, 720p IMDb Rating - 6.6/10 Format - mp4 Duration - 1H 27Min Genre - Drama, Mystery Subtitle - Myanmar Subtitle (Hardsub) Translated by W Encoded by Y

Comedy • Horror • Romance • Thriller
6.3 2005 87 mins
The Moustache
Timeline
5.7

အလယ်ခေတ်ကလူတစ်ယောက် တောအုပ်ထဲကနေပြေးထွက်လာပြီး ကားလမ်းအလယ်မှာ သေဆုံးသွားတာနဲ့စတင်ထားပါတယ်။ ပြီးတော့ အဲ့အလောင်းကို အိုင်တီစီက မတော်တဆမှုတစ်ခုအဖြစ်ဖန်တီးလိုက်ပါတယ်။ နောက်တော့ ပရောဖက်ဆာ ဂျွန်စတန် နဲ့ သူ့ရဲ့ ရှေးဟောင်းတူးဖော်မှုအဖွဲ့ရဲ့ အလယ်ခေတ် ပြင်သစ်နဲ့အင်္ဂလိပ်တို့ရဲ့ တိုက်ပွဲနေရာမှာ တူးဖော်မှုတွေပြုလုပ်နေခဲ့ပါတယ်။ တူးဖော်မှု‌တွေပြုလုပ်နေရင်း တစ်နေ့မှာတော့ ပရော်ဖက်ဆာရဲ့ မျက်မှန်၊ လက်ရေးမှုနဲ့အကူအညီတောင်းထားတဲ့ စာကို ကိတ် နဲ့ မရက် ကထူးဆန်းစွာရှာဖွေတွေ့ရှိသွားပါတယ်။ ပရော်ဖက်ဆာရဲ့ အဖွဲ့က ရှာတွေ့ထားတာတွေကို ကာဗွန်သက်တမ်းစစ်ကြည့်လိုက်တော့ နှစ်ပေါင်း ၆၀၀ လောက်သက်တမ်းရှိနေပြီဆိုတာကို သိလိုက်ရတယ်။ အဲ့ဒီအခါမှာ ပရော်ဖက်ဆာရဲ့သား ခရစ် နဲ့ သူ့အဖွဲ့က သူ့အဖေကိုလိုက်ရှာဖို့ အကြောင်းဖန်လာပါတော့တယ်။ အိုင်တီစီကို သွားပြီး သူ့အဖေကို ဘာလုပ်လိုက်လဲဆိုတာကို အဖြေရှာပါတော့တယ်။ ဇာတ်ကားရဲ့ နာမည် Timeline ဆိုတဲ့အတိုင်း ဒီနေ့ခေတ်နဲ့ အလယ်ခေတ် ကို အသွားအပြန်လုပ်ရင်း ခရစ်တစ်ယောက် သူ့အဖေကိုရော ပြန်ရှာပြီး ကယ်တင်နိုင်ပါမလား ဆိုတာတော့ ဇာတ်ကားလေးထဲမှာ ဆက်လက်ကြည့်ရှု့လိုက်ကြပါခင်ဗျာ ဒီဇာတ်လမ်းထဲမှာတော့ ပရော်ဖက်ဆာရဲ့သား ခရစ် အဖြစ်နဲ့ သရုပ်ဆောင်ထားတဲ့ ကျွန်တော်တို့ရဲ့ အချစ်တော် fast and furious မင်းသား Paul Walker ကိုအလွမ်းပြေတွေ့ရမှာပါ File Size :(3.2GB) (1.1GB) and (371MB) Quality : Blu-Ray 1080p5.1Ch,720p Format…mp4 Duration…01:56:00 Genre : Action ,Adventure, Sci-Fi Subtitle : Myanmar Subtitle (Hard Sub) Translated by Proxy Encoded by Phyo Pyae

Comedy
5.7 2003 116 mins
Timeline
Gully Boy
7.4

IMDb...8.4 / Rotten Tomatoes (96%) "ကျွန်တော့်ဘဝနဲ့ ထပ်တူညီဖို့ ကျွန်တော့် အိမ်မက်တွေကိုပြောင်းလဲမှာမဟုတ်ဘူး.... ကျွန်တော့်အိမ်မက်တွေနဲ့ထပ်တူကျဖို့ ကျွန်တော့်ဘဝကိုပြောင်းလဲပစ်မှာ..။" မင်းသားရမ်ဘီဆင်း...မင်းသမီးအာလီယားဘတ်တို့နဲ့ ဒီဇာတ်ကားက ၂၀၁၉ ခုနှစ်ရဲ့ အောင်မြင်မှုတလှေကြီးရခဲ့တဲ့ရုပ်ရှင်ဇာတ်ကားကြီးပါ။ ဇာတ်လမ်းကတော့... အသက် ၂၂ နှစ်အရွယ်မူရတ်ဆိုတဲ့ Rap ဂီတကိုရူးသွပ်တဲ့ မွတ်ဆလင် ကောင်လေးတစ်ယောက်အကြောင်းကို ရိုက်ပြထားတာပါ.... သူ့အဖေဖြစ်သူက ဒါရိုက်ဘာလုပ်ပြီး သူ့ရဲ့ပညာရေးအတွက် ပင်ပန်းဆင်းရဲခံပြီး ငွေကြေးပမာဏအမြောက်အမြားကို ရင်းနှီးမြှုပ်နှံ ပံ့ပိုးပေးခဲ့ပါတယ်..... ဒါပေမဲ့ သူ့အဖေဖြစ်သူက နောက်အိမ်ထောင်ပြုလိုက်တဲ့အခါ သူတို့အိမ်မှာ နေ့စဉ်ငရဲလို ဖြစ်နေပါတော့တယ်..... မူရတ်ဟာ rap ဂီတကို ရူးသွပ်သူပါ ဒီလိုနဲ့ သူ့ရင်ဘတ်ထဲက မုန်တိုင်းတွေကို သီချင်းတွေအဖြစ် ပေါက်ကွဲပစ်လိုက်ပါတော့တယ်... သူတို့ လမ်းထဲမှာ နေထိုင်ကြတဲ့ ဆင်းရဲသားတွေရဲ့ ခံစားချက်တွေကို သူကိုယ်တိုင်ရေးဖွဲ့ထားတဲ့ rap သီချင်းတစ်ပုဒ်ကို YouTube မှာ တင်လိုက်ရာက သူ့အတွက် ဂီတခရီးလမ်းမှာ ဆက်လက်လျှောက်လမ်းဖို့ရာ အခွင့်အလမ်းတစ်ခု ပေါ်လာခဲ့ပါတယ်.... တစ်ဖက်မှာလည်း သူ့မှာ သဝန်တိုတတ်တဲ့ ချစ်သူ တစ်ယောက် ရှိပါတယ် သူကတော့ သူတို့ ၁၃ နှစ်အရွယ်ကတည်းကနေ သစ္စာရှိရှိတွဲလာတဲ့ သူဌေးသမီး ဆရာဝန်မလေးပါ ...သူ ဂီတအလုပ်တွေ လုပ်တဲ့အချိန်မှာ အဆင်ပြေပါ့မလား သူတို့ ၂ ဦး အချစ်ဇာတ်လမ်းကရော ဘယ်လို ဖြစ်သွားမှာလဲ ဇာတ်နာခဲ့တဲ့ မူရတ်တစ်ယောက် အမြဲငိုနေရတဲ့ သူ့အမေဖြစ်သူကိုရော ဆင်းရဲတွင်းက ကယ်တင်နိုင်ရဲ့လားဆိုတာ ဆက်လက်ကြည့်ရှုကြပါ rap သီချင်းမြောက်မြားစွာနဲ့ ဇာတ်လမ်းဇာတ်အိမ်ခိုင်ခိုင် ရိုက်ကူးထားတဲ့ ဂီတကားကောင်းတစ်ခုပါ IMDB rating 8.4 ထိ ရထားတဲ့ ဇာတ်ကားကောင်းလေးဖြစ်တာမို့ လက်မလွတ်တန်း ကြည့်ရှုကြဖို့ ညွှန်းပေးချင်ပါတယ်..... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ May Tharaphi Lwin နှင့် Aye Mon Kyaw တို့ပဲဖြစ်ပါတယ်... File size…(6 GB) /(2.3 GB) / (1.2 GB) Quality….BluRay 4K HEVC/ 1080p HEVC /720p Format…mp4 Duration….02:34:37 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung,Phyo Pyae Translated by May Tharaphi Lwin & Aye Mon Kyaw

Action • Drama • History
7.4 2019 156 mins
Gully Boy
Thousand and One Lies
8

1001 Nunakal (2022) IMDb-8.0/10 ဇာတ်လမ်းတင်ဆက်ပုံခပ်ဆန်းဆန်းလေးနဲ့ အိမ်ထောင်သည်တွေ၊ အိမ်ထောင်တခုထူထောင်ဖို့ စဉ်းစားနေသူတွေကို အသိလေးတခုပေးနိုင်တဲ့ အိန္ဒိယကားလေးကိုတင်ဆက်ပေးလိုက်ပါပြီ။ ဇာတ်လမ်းနာမည်က မုသားစကား ၁၀၀၁တဲ့။ ဒီဇာတ်လမ်းမှာ အဓိကဇာတ်ဆောင်တွေကို မျက်နှာသစ်သရုပ်ဆောင်တွေ သုံးထားပေမယ့် ကျရာဇာတ်ရုပ်နဲ့လိုက်ဖက်အောင် ပါဝင်နိုင်ကြတာကို စိတ်ဝင်တစားနဲ့ကြည့်ကြရမှာပါ။ နေရာတခုတည်းမှာပဲ အဓိကတည်ပြီး ရိုက်ထားတဲ့ဇာတ်လမ်းတွေကိုကြည့်လိုက်ရင် စိတ်ဝင်စားစရာကောင်းရင်ကောင်း မဟုတ်ရင် ပျင်းစရာကောင်းလာရော။ကျွန်တော့်အမြင်အရကတော့ ဒီဇာတ်လမ်းကစိတ်ဝင်စားစရာပဲ။ဘာလဲဆိုတော့ ကြုံဖူးသိဖူးနေကြအကြောင်းရာတွေပါသလို ဘာတွေဖြစ်လာဦးမလဲ ဘာတွေပေါ်လာဦးမလဲဆိုတာမျိုးကို သိချင်စိတ်ဖြစ်အောင် ရိုက်ထားနိုင်လို့။ ဇာတ်လမ်းအကျဉ်းကိုပြောရရင် အဆောက်အဦးကြီးတခုမီးလောင်တယ်။အဲဒီမှာနေတဲ့ တိုက်ခန်းတွေက မိသားစုနှစ်ခုက သူတို့သူငယ်ချင်းအရင်းကြီးတယောက်အိမ်မှာ ခဏလာတည်းတယ်။ညစာစားကြရင်း နောက်ရက်မှာ အိမ်ရှင်လင်မယားရဲ့ ဆယ်နှစ်ပြည့်မင်္ဂလာနှစ်ပတ်လည်နေ့ရောက်မယ်ဆိုတာသိတော့ ပြန်မယ့်ဟာ မပြန်ကြသေးဘဲ ပွဲလေးကျင်းပကြတာပေါ့။တကယ်ခင်မင်ကြတဲ့ သူငယ်ချင်းအရင်းကြီးတွေပဲစုပြီးပွဲလေးလုပ်ရော။ အဲဒီမှာ သူငယ်ချင်းတွေဝိုင်းထိုင်ကြရင်း သူတို့တွေပြောကြတဲ့အကြောင်းအရာတွေ အဖြစ်အပျက်တွေက ဇာတ်လမ်းကိုဆွဲခေါ်သွားတာပဲ။ကွဲပြားတဲ့အမြင်တွေ အယူအဆမတူညီကြတာတွေကနေ သူတို့ရဲ့ဘ၀တွေကို စကားတွေကနေတဆင့် တင်ဆက်ပြသသွားတာကို ကြည့်လိုက်ကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V~BpL~Zwe~Yunniတို့ဖြစ်ပါတယ်) File size…1.37GB  /  613MB  Quality…1080p WEB DL  / 720p Format…mp4 Duration….1h 45mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  V~BpL~Zwe~Yunni

Drama • Mystery
8 2022 104 mins
Thousand and One Lies
Dragon Gate Posthouse 6: Concubine Tears
6

ကန္တာရရဲ့ အစွန်းဆုံးက ယွဲ့ယာမြို့ဟောင်းမှာ လုံမိန်ရပ်နားစခန်းတစ်ခုရှိပါတယ်။ အခု CM ကဘာသာပြန်ပေးတဲ့ ရုပ်ရှင်လေးကတော့ လုံမိန်ရပ်နားစခန်းနဲ့ ယွဲ့ယာမြို့အတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ ဇာတ်လမ်းလေးတွေပဲ ဖြစ်ပါတယ်။ ဆယ်ကားထွက်ထားတဲ့ရုပ်ရှင်ဖြစ်တာကြောင့် ကျန်ဇာတ်ကားများအားလုံးကို တစုတစည်းထဲ အောက်ကလင့်မှာရှာလို့ရပါတယ် ဒီမှာရှာပါ ဒါကတော့ မိန်းမတစ်ယောက်ရဲ့ ဆိုးရွားလှတဲ့ ကံကြမ္မာနဲ့ ခက်ခက်ခဲခဲတိုက်ခိုက်ရတဲ့ ဝမ်းနည်းစရာ ဇာတ်လမ်းပဲ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်လောက်က ယွဲ့ယာမြို့ကိုပြောင်းလာခဲ့တဲ့ ထျန်းယာအရက်ဆိုင်က သူဌေးမ ချိုးညန်ဟာ ဉာဏ်ကောင်းပြီး တော်တဲ့ မိန်းမတစ်ယောက်ဖြစ်ပါတယ်။ သူမမှာ အပေါ်ယံမှာ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုတစ်ခုကို ပိုင်ဆိုင်ထားပေမယ့် ချိုးညန်အတွက်တော့ စိတ်ထဲမှာ စိုးရိမ်နေရပါတယ်။ တစ်ဖက်က ချိုးညန်တစ်ယောက် ကလေးမရနိုင်ခြင်း နောက်တစ်ဖက်မှာတော့ ယောကျာ်းဖြစ်သူ ဖန်းယိုသယ်ဟာ အရင်ဇနီး လျိုဖူရုန်အနားကို ပြန်သွားမှာ စိုးရိမ်နေရပါတယ်။ ဒီရခဲလှတဲ့ မိသားစုဘဝကို ထိန်းသိမ်းဖို့ သာမန်မိန်းမတစ်ယောက်လိုမျိုါ် ငြိမ်းချမ်းသာယာတဲ့ ဘဝမျိုးမှာ နေထိုင်ရဖို့ ချိုးညန်ဟာ နည်းလမ်းပေါင်းစုံကို သုံးခဲ့ပြီး ထိုအတွက် လူသတ်ဖို့လည်း ဝန်မလေးခဲ့ပါဘူး။ သို့သော် ကံကြမ္မာရဲ့ စီမံမှုကြောင့် အဝေးကနေ ယောကျာ်းကိုလာရှာတဲ့ ဖူရုန်ဟာ အရက်ဆိုင်ကို ရောက်လာတဲ့အခါမှာတော့ …….. ဒီရုပ်ရှင်ထဲမှာတော့ သားကိုအလေးပေးပြီး သမီးကို တန်ဖိုးမထားတဲ့ တရုတ်နိုင်ငံရဲ့ရှေးခေတ်အချိန်က အမျိုးသမီးတွေရဲ့ ဘဝကြမ်းတမ်းခက်ခဲမှုတွေကို ချိုးညန်ရဲ့ဘဝအတွေ့အကြုံတွေ အဖြစ်နဲ့သရုပ်ဖော်ထားတာ ဖြစ်ပါတယ်။ ချိုးညန်ရဲ့ ခက်ခဲကြမ်းတမ်းလှတဲ့ ဘဝကို CM ရဲ့ ဘာသာပြန်နဲ့အတူ ကြည့်ရှုခံစားလိုက်ရအောင်နော်။

6 2018
Dragon Gate Posthouse 6: Concubine Tears
Scott Pilgrim vs. the World
7.5

Scott Pilgrim vs. the World (2010) ~ IMDb – 7.5/10, Rotten Tomatoes – 82% ~ ခင်ဗျားတို့အတွက် စီနီမာ (ရုပ်ရှင်) ဆိုတာ ဘာများလဲ။ မက်ဆေ့တစ်သီတစ်သန်းနဲ့ကားတွေလား။ ကြီးကျယ်ခမ်းနားလှတဲ့ ဆက်တင်ကြီးတွေ သိပ်ကောင်းတဲ့ စီဂျီအိုင်တွေ တပြုံတမကြီးသုံးထားတဲ့ ခမ်းကြီးနားကြီးကားတွေလား။ ကျွန်တော့်အတွက်တော့ စီနီမာဟာ အရသာရှိနေခြင်းပဲ။ ခမ်းနားချင်မှလည်း ခမ်းနားမယ်၊ ဘာတစ်ခုမှမပါဘဲ ပြကွက်တစ်ကွက်တည်းကိုပဲ အကြာကြီးပြချင်လည်းပြမယ်၊ သောက်တလွဲတွေချည်း ပြောချင်လည်းပြောမယ်၊ ဂလည်အူကြောင်ပြကွက်တွေ ပြချင်လည်းပြမယ်။ ဒါပေမဲ့ ဒီရုပ်ရှင်ကို ကြည့်လိုက်လို့ အရသာတော်တော်ကြီးရှိနေပြီဆိုရင် အဲဒီရုပ်ရှင်ဟာ ရုပ်ရှင်စစ်တယ်။ စီနီမာဖြစ်တယ်လို့ပဲ ပုဂ္ဂလိကအရ သတ်မှတ်လိုက်တာပဲ။ Scott Pilgrim vs. the World ဟာ အဲဒီစီနီမာအရသာ အပြည့်ရှိနေတဲ့ကားပေါ့။ မသိတဲ့လူဆို ဘာမှမဟုတ်ဘူးထင်ရင်း ကြည့်နေရင်း ကြည့်နေရင်း အရသာက တဖြည်းဖြည်းတက်လာမယ့် ရုပ်ရှင်မျိုးပဲ။ နောက်တစ်ချက်အားဖြင့်တော့ ဒီဘက်ခေတ်မှာ ကျွန်တော်တို့ ပြန်မရနိုင်တော့တဲ့ ကျွန်တော်တို့ငယ်ငယ်က ရုပ်ရှင်တွေမှာရှိနေခဲ့တဲ့ အငွေ့အသက်မျိုးပေးနိုင်တဲ့ကားလို့ ပြောလို့ရပါတယ်။ အဲဒီအငွေ့အသက်ကို ခင်ဗျား ဇာတ်လမ်းကတင်မဟုတ်ဘဲ သရုပ်ဆောင်တွေဆီကပါ ရလိမ့်မယ်။ Chris Evans, Brie Larson, Mary Elizabeth Winstead, Aubrey Plaza, Brandon Routh, Ellen Wong, Alison Pill နဲ့ Anna Kendrick တို့ကို ခင်ဗျား ဘယ်တော့မှ ထပ်မမြင်ရတော့မယ့်ပုံစံတွေနဲ့ မြင်ရလိမ့်မယ်။ မြင်ရရင်တောင် ဒီလိုမဟုတ်ဘဲ ကြောင်တောင်တောင်ဖြစ်နေမှာပဲ။ စကော့အဖြစ်သရုပ်ဆောင်တဲ့ Michael Cera ကိုလည်း ခင်ဗျား ဒီလိုပုံစံနဲ့ထပ်မြင်ရတော့မှာမဟုတ်ဘူး။ ပိုထူးတာက Jason Schwartzman ပဲ။ ဝက်စ်အန်ဒါဆန်ကားတွေတိုင်းပါခဲ့ဖူးတဲ့ သူ့ကို ဒီမှာမြင်ရတဲ့အဖြစ်မျိုးက ကြောင်တောင်တောင်တော့နိုင်ပေမဲ့ မိုက်လည်းမိုက်နေတယ်။ ပါတဲ့ပုံစံကလည်း စားတာကိုး။ မဆန်းပါဘူး ဂရပ်ဖစ်နိုဗယ်ကို ပြန်ရိုက်ထားပြီး စာအုပ်ကို အပြည့်အဝသစ္စာရှိထားတော့ ကြောင်တောင်တောင်ကြီးလုပ်ပြမနေမှကို ဆန်းနေမှာ။ ဇာတ်လမ်းအကျဉ်းကတော့ ရှင်းရှင်းလေးပဲ။ Scott Pilgrim ဆိုတဲ့ကောင်လေးက ကောင်မလေးတစ်ယောက်ကိုချစ်မိတယ်။ သူ့အချစ်ကိုရဖို့ အဲဒီကောင်မလေးရဲ့ ဆိုးရွားလှတဲ့ ရည်းစားဟောင်းခုနှစ်ယောက်ကို အနိုင်ပိုင်းရတယ်။ ဒါတွေကို ဂီတာဟီးရိုးလိုလို စထွိဖိုက်တာလိုလို မြင်ရုံနဲ့ Nostalgia ဖြစ်မယ့် အကွက်ဆန်းကြီးတွေနဲ့ချည်းပြသွားတာ။ တစ်ခါတလေ နိုင်ပုံနိုင်နည်းတွေကလည်း တော်တော်ဂလည်အူကြောင်နိုင်တယ်။ ဒါပေမဲ့ သူ့ Inner Logic ထဲဆို‌တော့ “လခွမ်းဟ” ဆိုပြီး ဖြစ်သွားရုံကလွဲ ကြည့်ကောင်းနေတာပါပဲ။ ဆက်တင်တွေကလည်း တော်တော် Nostalgia ဖြစ်တယ်။ ဒါကြောင့်လည်း တချို့က Scott Pilgrim vs. the World ကို စီနီမာရဲ့ တစ်ထောင့်တစ်နေရာက စီနီမာစစ်စစ် အရသာပေးနိုင်တဲ့ ရုပ်ရှင်ကားကောင်းတစ်ကားလို့ဆိုကြတယ်။ ဂရပ်ဖစ်နိုဗယ်ကို ရိုက်ပြီး ဒီလိုခပ်ကြမ်းကြမ်း လှလှပပ ရုပ်ရှင်ထွက်လာတာလည်း ကြက်ကန်းဆန်အိုးတိုးတာတော့မဟုတ်ဘူး။ Edgar Wright ကိုယ်တိုင် ရိုက်ကူး ဇာတ်ညွှန်းဝင်ရေး ပရိုဂျူဆာပါလုပ်ထားသကိုး။ ဒီဘဲက Satirical ဖလင်တွေမှာ ဂျွတ်လေတော့ ဒီကားကလည်း သူနဲ့အပြည့်အဝလည်း ကီးကိုက်သွားတယ်။ ဒီဘဲရိုက်တဲ့ကားတွေအကုန်ကလည်း ကြည့်လို့တော်တော်ကောင်းတဲ့ ကားတွေချည်း။ Shaun of the Dead, Hot Fuzz နဲ့ The World’s End ဆိုတဲ့ နာမည်ကျော် Cornetto Trilogy နဲ့ Baby Driver တို့လို ကားတွေကို ရိုက်ခဲ့တဲ့အပြင် သူရိုက်ခဲ့တဲ့ပုံစံတွေကနေ ကွဲထွက်ပြီးရိုက်ခဲ့တဲ့ Last Night in Soho ကလည်း တော်တော်လေး ကောင်းခဲ့တယ်။ ဒီလိုဘဲက အသက်သွင်းထားတဲ့ ကားဆိုတော့လည်း ဒီလိုထွက်လာတာပါပဲ။ Scott Pilgrim vs. the World ဟာ Edgar Wright ရဲ့ မာစတာပိစ်အဖြစ်ဆုံးရုပ်ရှင်ဖြစ်သလို စီနီမာရဲ့ စီနီမာစစ်မှန်တဲ့ ရုပ်ရှင်တွေထဲက တစ်ကားပါပဲ။ ဒီကားရဲ့အရသာမျိုးက ဒီကားမှာပဲရနိုင်တာမို့ Comic Book Movies တွေကြိုက်ရဲ့နဲ့ ဒီကား မကြည့်ဘူးဆိုတာက ဘယ်လိုမှမဖြစ်သင့်ပါဘူး။ (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်) Size – 7.75GB(HDR), 8.77GB(SDR), 2.75GB, 1.25GB Quality – 4K HEVC, 1080p, 720p IMDb Rating – 7.5/10 Format – mp4 Duration – 1H 52Min Genre – Action, Comedy, Fantasy Subtitle – Myanmar Subtitle (Hardsub) Translated by 666 Encoded by Y, Ka Naung

7.5 2010
Scott Pilgrim vs. the World
My Wife Is a Gangster 3
6.4

My Wife Is a Gangster 3 (2006) မှာတော့ ရှေ့ကထွက်ရှိခဲ့တဲ့ ကိုရီးယားမင်းသမီး Eun-Kyung Shin ရဲ့ ဇာတ်ကားတွေနဲ့ မဆက်စပ်တော့ပါဘူး။ ဒီတစ်ခါ ဂိုဏ်းစတားမလေးကတော့ တရုတ်မင်းသမီးလေး ရှုကြည် Shu Qi ပါ။ မင်းသားကတော့ ကိုရီးယားက တလွဲကောင်ဖြစ်ပြီး သူ့ရဲ့လက်ထောက် လူမိုက်တလွဲကောင်တွေနဲ့ ရှယ်ရီနေရပါတယ်။ မင်းသမီးရှုကြည်က တရုတ်လိုပဲရတော့ တရုတ်-ကိုရီးယား ဘာသာပြန်ငှားရပြီး ငှားလိုက်တဲ့ ဘာသာပြန်ကလဲ တကယ့်ထွန်းထွန်းပေါက်ပေါက်မလို့ အလွဲလွဲအချော်ချော်တွေနဲ့ mission တွေကို ချီတက်ကြမှာပါ။ ဒီဇာတ်ကားက My Wife is a Gangster ဇာတ်ကားတွေထဲမှာ အရယ်ရဆုံးဇာတ်ကားဖြစ်ပြီး ဒရမ်မာဖက်မှာတော့ ရှေ့ကကားတွေလောက် မဖိစီးထားပါဘူး…အက်ရှင်ဟာသဖက်ပိုသွားပါတယ်။ Sequel အဖြစ်ထွက်ရှိခဲ့ပေမယ့် မတူကွဲပြားတဲ့တင်ဆက်မှုတွေကြောင့် IMDb Rating (6.4) ထိ ရရှိအောင်မြင်ခဲ့ပါတယ်။ ****My Wife is a Gangster ရုပ်ရှင်ကားတွေက ၃ ကားထွက်ရှိထားပြီး https://channelmyanmar.to/?s=my+wife+is+a+gangster မှာကြည့်ရှုနိုင်ပါတယ်။***

6.4 2006 115 mins
My Wife Is a Gangster 3
Duplicity
6.1

cm ပရိသတ်ကြီးကို ဒီတစ်ခါ ရိုမန်တစ် မှုခင်း ဟာသ ဇာတ်ကားလေး တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီကားလေးကို ဝါရင့်နာမည်ကြီး သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ မင်းသမီးကြီး ဂျူလီယာရောဘတ်နဲ့ မင်းသား ကလိုက်ဗ်အိုဝင်တို့ တွဲဘက်ညီညီ သရုပ်ဆောင် ထားကြပါတယ်။ ဂျူလီယာရောဘတ်ရဲ့ ပရိသတ်ဆိုရင် ကြည့်ကိုကြည့်သင့်တဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ ဇာတ်ကြောင်းက အစိုးရစစ်တပ်ထောက်လှမ်းရေး အရာရှိ ရေးကိုဗယ်ဟာ ဒူဘိုင်းက ပါတီတစ်ခုမှာ စီအိုင်အေ အေးဂျင့်တစ်ဦးဖြစ်တဲ့ ကလဲရာစတန်ဝစ်ကို အကြောင်းမသိဘဲ လူပါးပုလင်းထိ သွားပြီးဇာတ်လမ်း စမိပါတယ်။ ဟိုတယ်ရောက်တော့ ကလဲရာက သူ့ကို ဆေးခတ်အိပ်ပျော်အောင် လုပ်ပြီး သူ့ဆီက လျှို့ဝှက်အရေးကြီး စာရွက်စာတမ်းတွေကို အလစ်သုတ်သွားခဲ့တာပါ။ နောက်သုံးနှစ်အကြာ ရောမမြို့မှာ ပြန်ဆုံမိကြတဲ့အခါ နှစ်ယောက်အတူ အကောင်းစား ဟိုတယ်တစ်ခုမှာ ရက်အတန်ကြာ ပြန်ချိတ်မိခဲ့ကြပါတယ်။ အစိုးရအလုပ်တွေကို ထွက်ပြီး ပြိုင်ဆိုင်မှု များတဲ့ စီးပွားရေး ကော်ပိုရေးရှင်းအလုပ်မှာ ဂျင်ပေါ်ကထုံး လုပ် ပိုက်ဆံများများ ရှာဖို့ အတူကြံခဲ့ကြပြီး အစီအစဉ်တွေ ဆွဲကြပါတော့တယ်။ တခြားသူတွေကို လှည့်စားနိုင်ဖို့အတွက် နှစ်ဦးသား အကွက်ကျကျ ဘယ်လိုတွေ လုပ်ကြမလဲ။ တစ်ဦးခြေလှမ်း တစ်ဦးကြိုမြင်နေကြတဲ့ သူတို့နှစ်ဦး ဘယ်လိုတွေ ကွက်ကျော်ရိုက်ကြမလဲဆိုတာကိုတော့ ဇာတ်လမ်းလေးနဲ့ မျောပါရင်း ကြည့်ရှုခံစားကြည့်ကြပါဦး…။ File size…1.66GB , 789MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….2h 5m Genre …..Comedy , Crime , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

Drama
6.1 2009 125 mins
Duplicity
Ulajh
7.4

Ulajh (2024) “အာဂမိန်းကလေး” အသစ်ထွက်ရှိလာတဲ့ ဟင်ဒီ spy-thriller ရုပ်ရှင်လေးကို ပရိသတ်တို့အတွက် တင်ဆက်ပေးလိုက်ပါတယ် ဒီထဲမှာ မင်းသမီး SriDevi ရဲ့သမီး Janhvi Kapoor က ရဲရင့်တဲ့အမျိုးသမီးငယ်လေးတစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်ထားတာပဲ ဖြစ်ပါတယ် ဇာတ်လမ်းလေးကတော့ ဆူဟာနာဟာ ဂုဏ်သရေရှိနိုင်ငံရေးမိသားစုမှ ပေါက်ဖွားလာသူဖြစ်ပြီး ဖခင်ခြေရာနင်းကာ သံတမန်ရေးရာကျွမ်းကျင်လိမ္မာသူအမျိုးသမီးပါ အိန္ဒိယနိုင်ငံရဲ့ အသက်အငယ်ဆုံးသော လက်ထောက်သံအမတ်ဖြစ်လာခဲ့ပြီး ဗြိတိန်ကိုသွားရောက်ရမှာပါ ဒါကို ဂုဏ်ပြုသူတွေလည်းရှိသလို မိသားစုအရှိန်အဝါကြီးလွန်းတာကြောင့် ဒီနေရာရတယ်လို့ ဝေဖန်တိုက်ခိုက်သူတွေလည်း ရှိနေပါတယ် ချစ်သူကလည်း အချိန်မပေးနိုင်လို့ သစ္စာဖောက်သွားခဲ့ပြီး အမေကိုယ်တိုင်က သူ့သမီးလေးကို အလုပ်နဲ့လက်ထပ်ရတဲ့ဘဝမျိုး မရောက်စေချင်လို့ ဒီရာထူးကို သဘောမကျဘဲရှိပါတယ် ဒါတွေအားလုံးကို တွန်းလှန်လို့ အမျိုးသမီးငယ်လေးတစ်ယောက် သက်သေပြနိုင်မှာလား ဒီထက်ရှုပ်ထွေးတဲ့ပြဿနာတွေ ကြုံလာရတဲ့အခါ ဘယ်လိုရင်ဆိုင်မှာလဲ ပရိသတ်ကြီးရှုစားအားပေးကြပါဦး အညွှန်းနဲ့ဘာသာပြန်ကတော့ V ~ BpL ~ Alex ~ Zwe ~ KKKZ တို့ပဲဖြစ်ပါတယ်

Drama • Romance
7.4 2024
Ulajh
War Blade

Director Nicholas Winter ရဲ့ 2024 စစ်ကားအသစ်လေးပါ။ အခြားစစ်ကားတွေလို စစ်တိုက်တာတွေ စစ်ပွဲအသုံးအဆောင်တွေကို ကျယ်ကျယ်ပြန့်ပြန့်မပြထားပဲ ဇာတ်ကောင်နည်းနည်းနဲ့ ဇာတ်ကြောင်းက ကျစ်ကျစ်လစ်လစ်လေးရှိပါတယ်။ ဇာတ်ကြောင်းကတော့ ဘန့်စ်‌ဆိုတဲ့အေးဂျင့်တစ်ယောက် နာဇီကတုတ်ကျင်းတစ်ခုကနေ ပြင်သစ်တော်လှန်ရေးသမားတစ်ယောက်ကို ကယ်တင်ရမယ့်တာ၀န်ပေးခံရတော့ သူဘယ်လိုကယ်တင်မလဲဆိုတာလေးပါပဲ။ ရိုးရိုးလေးပေမယ့် ဇာတ်ကောင်တွေက ပြန့်ကားမနေပဲ စစ်ကားကြိုက်တဲ့သူတွေရော စစ်တိုက်နေတာချည်းပဲ မကြည့်ချင်တဲ့သူတွေရောအတွက်ရော အပျင်းပြေကြည့်ပျော်ပါတယ်။ File size…(1.5 GB)/(918 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…War, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Bambi

0 2024
War Blade
The Cure
7.7

The Cure (1995) IMDb Rating (7.7) / Rotten Tomatoes (45%) ဒီကားလေးကတော့ Monster ( 2023 ) လို Vibe လေးရစေမယ့်ကားလေးပါ။ ကြည့်ပြီးရင် ရင်ထဲမှာ ဟာတာတာကြီးကျန်ခဲ့ပြီး တစိမ့်စိမ့်တွေးမိနေမယ့် ကလေးနှစ်ယောက်ကြားက ဖြူစင်တဲ့ခင်မင်မှုလေးပေါ့။ ဇာတ်လမ်းလေးကကျ ဒက်စ်တာဆိုတဲ့ကောင်လေးက ကလေးဘ၀တုန်းက သွေး‌ပြောင်းသွင်းရင်းကနေ AIDS ရလိုက်တာ။ အခြားကလေးတွေနဲ့လည်းအတူမဆော့ရပဲ တစ်ယောက်တည်းနေရင်းကနေ တစ်နေ့ကျ အိမ်ပြောင်းတော့ အဲရစ်ဆိုတဲ့ ဘေးအိမ်က ကောင်လေးနဲ့ခင်မင်သွားကြတယ်။ အဲ့ဒီခေတ်က AIDS ဆိုတာက Gay တွေမှာအဖြစ်များတာမို့ ဒက်စ်တာကအမြဲတမ်းအဲ့တာကြောင့်အနိုင်ကျင့်ခံရတာတွေကို အဲရစ်က ကာကွယ်ပေးလေ့ရှိတယ်။ ဒက်စ်တာရဲ့ရောဂါပျောက်ဖို့အတွက် ကုသဆေးကိုရအောင်ရှာမယ်လို့ အဲရစ်က ဆုံးဖြတ်လိုက်ပြီး ဆေးရှာပုံတော်ဖွင့်ကြပါတော့တယ်။ မိသားစုနဲ့အတူလည်းကြည့်လို့ရပြီး ကြည့်မိလို့နောင်တရမယ့် ကားမျိုးမဟုတ်ပါဘူး။ 1995 ကကားလေးပေမယ့် ဒီလိုကားလေးတွေကြိုက်ရင် ရွှေပါပဲ။ ရောဂါသည်ကောင်လေးနဲ့ အိမ်တွင်းရေးမကောင်းတဲ့ကောင်လေးနှစ်ယောက်ရဲ့အမြင်ဘက်ကနေ ကလေးအတွေးလေးနဲ့ ဆေးရှာဖို့ ဘယ်လိုတွေစွန့်စားခန်းဖွင့်ပြီး ဘယ်လိုမျိုးလေးအဆုံးသတ်သွားမလဲ ကြည့်ကြည့်လိုက်ကြနော်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Phu Thet Khin ဖြစ်ပါတယ်။) File size…(1.9 GB) / (1 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Adventure, Drama, Family Duration….01:38:58 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Phu Thet Khin

7.7 1995 97 mins
The Cure
Romance on the Ranch
6.8

Romance on the Ranch (2024) IMDb Rating (6.8) Romance ဇာတ်ကားလေးတွေကို နှစ်သက်ကြတဲ့ပရိသတ်တွေအကြိုက်တွေ့စေမယ့် Romance on the Ranch ကားလေးကတော့ ဘဝကိုအသစ်တစ်ဖန်ပြန်စဖို့ကြိုးစားကာ အလုပ်သစ်တစ်ခု‌အတွက် Nevada ကိုခရီးနှင်လာတဲ့ Sara ဆိုတဲ့ကောင်မလေးနဲ့ မွေးမြူရေးခြံက Aidan ဆိုတဲ့ အမျိုးသားလေးနဲ့ သူ့ညီ Porter တို့သုံးဦးရဲ့ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ S‌ara ရဲ့ညီမဖြစ်သူက Sara ရဲ့ချစ်သူဟောင်းနဲ့လက်ထပ်ပြီးတဲ့နောက် Nevada ကိုအလုပ်သစ်အတွက်ခရီးထွက်လာရင်း လမ်းခုလတ်မှာကားပျက်ရာနေ Aidan တို့သားအဖနဲ့အမှတ်မထင်တွေ့ဆုံခဲ့ကြပါတယ်။ ကူညီတတ်တဲ့ Aidan တို့သားအဖကြောင့် မွေးမြူရေးခြံလေးကိုခဏတာနားခိုဖို့ရောက်လာခဲ့တဲ့နောက် မိသားစုဆန်တဲ့နွေးထွေးပျူငှာမှုတွေ ချစ်ခြင်းမေတ္တာတွေကို ခံစားမိလာတဲ့ Sara ဟာ ဒီမိသားစုလေးအပေါ် တွယ်တာစိတ်ဖြစ်လာပြီး ခရီးဆက်ရမယ့်ရက်ရောက်လာတဲ့အခါ ဒီနေရာလေးကိုစွန့်ခွာပြီး Nevada ကိုခရီးဆက်သွားမလား၊ သူလိုချင်မိတဲ့ ပျော်ရွှင်စရာအိမ်လေးနဲ့ဘဝကိုရွေးချယ်သွားမလား စောင့်ကြည့်ရမယ့် ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ T Hmue ဖြစ်ပါတယ်။) File size…(1.9 GB) / (1 GB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Romance Duration….01:28:48 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by T Hmue

6.8 2024 95 mins
Romance on the Ranch