YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Su-ji And U-ri (2024) S01 EP26 WEB-DL,720p(CM).mp4

213.09 MB 720p video/mp4 88 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Dreaming Walls: Inside the Chelsea Hotel
5

Dreaming Walls: Inside the Chelsea Hotel (2022) ~ IMDb - 6.1/10, Rotten Tomatoes - 70% ~ ဒါကတော့ 1884 ခုနှစ်ကတည်းကတည်ဆောက်ခဲ့ပြီး နယူးယော့မြို့ မန်ဟက်တန်မှာရှိတဲ့ နာမည်ကြီးဂန္ထဝင် ချဲလ်ဆီးဟိုတယ်အကြောင်း Documentary လေးပဲဖြစ်ပါတယ်။ ရိုက်ကူးထားတာကတော့ ဟိုတယ်ကိုပြန်လည်ပြုပြင်မွမ်းမံရေးလုပ်နေတဲ့အချိန်မှာပါ။ ဒီဟိုတယ်ဟာ ဘာကြောင့်ဒီလောက်နာမည်ကြီးရသလဲဆိုတော့ ဒီနေရာဟာ အရင့်အရင်တုန်းက အနုပညာရှင်တွေရဲ့ ကျက်စားရာဖြစ်ခဲ့သလို မန်ဟက်တန်အနုပညာတစ်ခေတ်မှာလည်း တကယ့်နာမည်ကြီးအနုပညာ‌ရှင်တွေနေထိုင်သွားတဲ့နေရာတစ်ခုဖြစ်ခဲ့လို့ပါ။ အမေရိကန်ကိုလာတဲ့အနုပညာရှင်တိုင်း ချဲလ်ဆီးဟိုတယ်လေးမှမတည်းရရင် အမေရိကန်ပြည်ရဲ့အနုပညာအသိုင်းအဝိုင်းကိုမထိတွေ့လိုက်ရသလိုခံစားရလောက်အောင် အရှိန်အဝါရှိခဲ့တာဖြစ်ပါတယ်။ နေထိုင်သွားခဲ့တဲ့အဆိုတော်ပေါင်းမြောက်များစွာထဲ ‌Bob Dylan, Bob Marley, Jimi Hendrix တို့ပါဝင်သလို Madonna ကလည်း ဓာတ်ပုံရှုတင်တစ်ခုရိုက်ခဲ့ပါသေးတယ်။ Mark Twain တို့ Dylan Thomas တို့ Thomas Wolfe တို့လို ဂန္ထဝင်စာရေးဆရာကြီးတွေအပြင် တခြားပန်းချီအနုပညာ‌ရှင်ပေါင်းများစွာနေထိုင်သွားခဲ့တဲ့ ဟိုတယ်တစ်ခုပါ။ အန်ဒီဝါးဟိုးလ်နဲ့ ပေါလ်မောရစ်ဆီတို့ကလည်း Chelsea Girls ဆိုတဲ့နာမည်နဲ့ ရုပ်ရှင်တစ်ကားရိုက်သွားခဲ့ပါသေးတယ်။ ဒီဟိုတယ်ဟာ ဒီလိုအနုပညာရှင်တွေကြောင့်ဂုဏ်သိက္ခာကြီးမားခဲ့တဲ့အပြင် သရဲခြောက်တယ်ဆိုတဲ့ဇာတ်လမ်းတွေကြောင့်လည်းနာမည်ကြီးပါသေးတယ်။ ဒီ Documentary ကတော့ ချဲလ်ဆီးဟိုတယ်ပြုပြင်နေဆဲကာလမှာ ဟိုတယ်မှာကျန်နေတဲ့ မူလလက်ဟောင်းအိမ်ငှားတွေရဲ့ဘဝကို အသားပေးရိုက်ကူးထားပြီး သူတို့နဲ့ဟိုတယ်ကြီးကြား နှောင်ကြိုးတွေကိုပြောပြထားတာပါ။ အသည်းကွဲဇာတ်လမ်းကနေ အနုပညာဈာန်ဝင်စားတဲ့အထိ ဟိုတယ်မှာဖြစ်ပျက်ခဲ့သမျှနဲ့ ဒီဟိုတယ်ကြီးဟာ ဘယ်လို နယူးယော့မြို့အနုပညာရှင်တွေရဲ့ ဉာဏ်ကွန့်မြူးရာဘူမိနက်သန်ဖြစ်လာခဲ့ရသလဲဆိုတာမြင်ရမှာဖြစ်ပါတယ်။ အိမ်ငှားအိုကြီးတွေက ဟိုတယ်နဲ့ပတ်သက်တဲ့ သူတို့ရဲ့ ရှေး‌ဟောင်းနှောင်းဖြစ်လေးတွေပြောရင်း ဟိုတယ်ကြီးရဲ့အမွေအနှစ်ကိုချပြသွားတာပါ။ ဒီလိုဂုဏ်သိက္ခာနဲ့ သမိုင်းကြောင်းထည်ဝါတဲ့ချဲလ်ဆီးဟိုတယ်ကြီးအကြောင်းကို အနုပညာဆန်ဆန်၊ ဘဝသရုပ်မှန်မှန် ရိုက်ကူးထားတဲ့ Documentary ပါပဲ။ နိုင်ငံတကာဆုကြီးတွေမရခဲ့ပေမယ့် အကောင်းဆုံး Documentary အဖြစ် ဆန်ကာတင်စာရင်းများစွာဝင်ခဲ့ပါတယ်။ "နံရံတွေသာစကားပြောတတ်ရင် ချဲလ်ဆီးဟိုတယ်ကအခန်းတွေ ပါးစပ်‌ကိုပိတ်တော့မှာမဟုတ်ဘူး" လို့ပြောရလောက်အောင် သမိုင်းကြောင်းတွေ၊ ဇာတ်လမ်းတွေပြည့်ဝခဲ့တဲ့ ချဲလ်ဆီးဟိုတယ်ကြီးအကြောင်းကို စိတ်ဝင်စားရင်တော့ မြည်းကြည့်ဖို့အကြံပေးလိုပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.5GB, 620MB Quality - 1080p, 720p IMDb Rating - 6.1/10 Format - mp4 Duration - 1H 17Min Genre - Documentary Subtitle - Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Drama
5 2022 80 mins
Dreaming Walls: Inside the Chelsea Hotel
The Siege
4.7

The Siege (2023) ============ အက်ရှင်ကား ကြိုက်သူများအတွက် ၂၀၂၃ ခုနှစ်မှာ အသစ်ထွက် ရှိလာတဲ့ အက်ရှင်ကားအသစ် တင်ဆက်ပေးလိုက်ပါတယ်။ ဘက် ဂျက်အကြီးကြီး ရုပ်ရှင်မျိုးတော့ မဟုတ်ပေမယ့် သူ့ဘက်ဂျက်နဲ့ နိုင်သလောက် လုပ်ပြထားတဲ့ ပုံစံမျိုးပါ။ တစ်ချို့ပြကွက်တွေမှာ John Wick လို ရုပ်ရှင်မျိုးကိုမှ မတူတဲ့ပုံစံတစ်မျိုးနဲ့ ကြည့်ရှု့ရမှာပဲ ဖြစ်ပါတယ်။ ဝေါ်ကာဟာ ကြေးစားလုပ်ကြံရေးသမားတစ်ယောက်ပါ။ မစ်ရှင် တစ်ခုမှာ သူ့ရဲ့ ရုပ်ကိုမြင်သွားလို့ ခဏလောက် ခြေရာဖျောက်နေရင်း အထောက်အထားအသစ်လုပ်ဖို့အတွက် ပြန်လည်ခန့်အပ်ရေးစင် တာကို ရောက်လာခဲ့ပါတယ်။ ပြန်လည်ခန့်အပ်ရေးစင်တာဆိုကတော့ John Wick ထဲက Continental Hotel လိုမျိုးပဲ လုပ်ကြံရေးသမား တွေအတွက် ညအိပ်ဖို့၊ အထောက်အထားအသစ်တွေ လုပ်ဖို့ ကူညီ ပေးတဲ့နေရာတစ်ခုပါ။ စင်တာမှာ ဝေါ်ကာရောက်နေတုန်း လူဆိုးအဖွဲ့တစ်ဖွဲ့က သူတို့သူဌေး ဖမ်းဆီးထားတဲ့ မိန်းကလေးတစ်ယောက်နဲ့ သူ့ကို ကယ်ထုတ်သွားတဲ့ အယ်လ်ဒါ့ကို ဝင်ရှာဖို့အတွက် စင်တာကို ဝင်စီးပါတော့တယ်။ အယ်လ် ဒါလည်း ဝေါ်ကာ့အကြောင်းကို သိထားပြီးသားဆိုတော့ သူတို့ကို ကူညီဖို့အတွက် ဝေါ်ကာ့ကို အကူအညီတောင်းပါတော့တယ်။ ဝေါ်ကာ လည်း ပဲလှော်ကြား ဆားညှပ်ဆိုသလိုပဲ လူဆိုးဂိုဏ်းလက်ထဲကနေ အမျိုးသမီး နှစ်ယောက်ကို ကယ်ရင်းနဲ့ တစ်ညတာရှင်သန်နိုင်ဖို့ ကြိုး စားရပါတော့တယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Leonard Lin ဖြစ်ပါတယ်) File Size..........(1.11 GB) / (413 MB) / (231 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1H 37Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Action Translator.......Leonard Lin Encoder..........SWM

Drama
4.7 2023 97 mins
The Siege
Narcosis
7

Narcosis (2022) ပူဆွေးသောကဆိုတာ လူတိုင်းမှာရှိစမြဲပါ။ တချို့ကတော့ ဒီသောကကို ယစ်မူးစေတတ်တဲ့အရာတွေနဲ့ ဖြေသိမ့်တတ်ကြတယ်။ တချို့ကျတော့ ကိုယ့်ရဲ့အချစ်ဆုံးသောသူတွေရဲ့မေတ္တာကြောင့် ဒီအပူတွေက အလိုလိုငြိမ်းသွားတတ်ကြပါတယ်။ တချို့ကျတော့ ကြုံကြုံသမျှအခက်အခဲမှန်သမျှကို ကိုယ်တစ်ယောက်တည်း ရင်ဆိုင်ဖြေရှင်းရတာပေါ့။ ဒီဇာတ်ကားမှာတော့ အဖြစ်ဆိုးတစ်ခုနဲ့ တွေ့ကြုံလိုက်ရတဲ့ မိသားစုတစ်စုရဲ့ ရင်ဆိုင်လာရတဲ့ ပြဿနာတွေကို ဘယ်လိုရင်ဆိုင်ဖြေရှင်းကြလဲဆိုတာကို ရှုမြင်ရမှာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ နာမည်ကြီး ဒတ်ခ်ျဒါရိုက်တာ Martijn de Jong ကိုယ်တိုင်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဒါ့အပြင် ဆုပေါင်း ၉ ခုနဲ့ IMDb ဆို 7/10 အထိရရှိထားပါသေးတယ်။ ဒီဇာတ်ကားမှာဆိုရင်တော့ ရိုးရှင်းမှုရဲ့သဘောသဘာဝကို ကွက်ကွက်ကွင်းကွင်းမြင်အောင် CGI တွေကိုလည်း လျှော့သုံးထားပါတယ်။ သည်းထိတ်ရင်ဖိုကြိုက်တတ်တဲ့သူတွေအတွက်တော့ အားမရတာမျိုးဖြစ်စေနိုင်ပေမဲ့ ရိုးရိုးလေးတွေကြိုက်တတ်တဲ့သူတွေအတွက်တော့ ဖီးလ်အပြည့်ပေးစွမ်းနိုင်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.05GB, 891MB Quality – 1080p, 720p IMDb Rating – 7/10 Format – mp4 Duration – 1H 50Min Genre – Drama, Mystery, Romance Subtitle – Myanmar Subtitle (Hardsub) Translated by Mark Encoded by Y

Adventure • Action
7 2022
Narcosis
Fugitive Pieces
6.9

ဒီဇာတ်ကားလေးကတော့ ကမ္ဘာစစ်အတွင်းမှာ နာဇီတွေကြောင့် ဂျူးလူမျိုးတွေ ခံစားခဲ့ရတဲ့အကျိုးဆက်ကိုရိုက်ကူးထားတဲ့ ကားတစ်ကားပဲဖြစ်ပါတယ်။ ပိုလန်နိုင်ငံက တောအုပ်လေးထဲမှာ ဂျူးမိသားစုလေးယောက် အေးအေးချမ်းချမ်း နေနေပေမဲ့ နာဇီစစ်သားအချို့ဝင်လာပြီး အဖေ၊ အမေနဲ့ အစ်မဖြစ်သူတို့ကို ဆွဲခေါ်သွားပါတယ်။ ဂျက်ကော့ကိုယ်တိုင်တောင် စားပွဲအောက်မှာပုန်းနေလို့ အသက်ဘေးလွတ်ခဲ့ရတာပါ။ အမေတို့ကတော့ စောင့်နေဖို့မှာခဲ့ပေမဲ့ ကလေးဆိုတော့ ကြောက်ကြောက်လန့်လန့်နဲ့ တောအုပ်ထဲပြေးမိပြေးရာပြေးရင်း တိမ်ကောသွားတဲ့မြစ်ကို သုတေသနလာလုပ်တဲ့ ဂရိနိုင်ငံသား ရှေးဟောင်းသုတေသနပညာရှင်နဲ့တွေ့ပြီး မွေးစားခံလိုက်ရပါတယ်။ သူတို့နှစ်ယောက်ဟာ ပိုလန်ကနေ ဂရိကို ခိုးကြောင်ခိုးဝှက် ပြန်လာခဲ့ပါတယ်။ နုနယ်သေးတဲ့ကလေးအရွယ်မှာ မျက်စိရှေ့တင် အဖေအသတ်ခံရ အစ်မနဲ့ အမေတို့ကို ဆွဲခေါ်သွားတာတွေ တွေ့လိုက်ရတဲ့အတွက် ဒီကလေးရင်မှာ စိတ်ဒဏ်ရာတွေ ဘယ်လောက်တောင်များ ရှိနေလိုက်မလဲ။ ဒီကလေးဟာ ကောင်းကောင်းမွန်မွန်ရော ကြီးပြင်းသွားပါ့မလား။ အချစ်ဆိုတဲ့အရာကိုရော သူခံစားနိုင်ပါဦးမလား။ စောင့်နေလို့မှာခဲ့တာကို မစောင့်ခဲ့မိတဲ့သူ့ကိုယ်သူရော အပြစ်တင်နေဦးမလား စတဲ့မေးခွန်းပေါင်းများစွာနဲ့ ဒီဇာတ်ကားကို ဆက်လက်‌ကြည့်ရှုပေးပါဦးခင်ဗျာ။ File size…2.87GB / 941MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 44m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jane

6.9 2007 104 mins
Fugitive Pieces
Choose Love
5.1

Choose Love (2023) အသက် ၂၀ နဲ့ ၃၀ ကြားဆိုတာ ဘဝတိုးတက်ရေး နဲ့ right person soulmateဆိုတာတွေကြား လမ်းပျောက်လို့ကောင်းတဲ့အရွယ်ပေါ့။ တစ်ယောက်ယောက်ကိုရွေးချယ်မှဖြစ်မှာလား? တစ်ယောက်ထဲနေသွားပြီးhappy endingဖြစ်လို့ရောမရဘူးလား…? ကယ်မီက တက်ကြွပြီး အလုပ်ကြိုးစားတဲ့ အသံဖမ်းအင်ဂျင်နီယာတစ်ယောက်ဖြစ်ပြီး အေးဆေးတည်ငြိမ်တဲ့ Relationship ကို ပိုင်ဆိုင်ထားတဲ့သူပါ။ ဒါပေမဲ့ ကိုယ် အကြာကြီး လက်တွဲလာတဲ့သူက Right person ဟုတ်ရဲ့လား မသေချာဘဲ အိမ်ထောင်သည်ဘဝ ကို ဝင်ဖို့ တွန့်ဆုတ်နေတဲ့အချိန် ဘဝထဲကို နောက်ထပ်လူနှစ်ယောက် ရောက်လာတဲ့အခါ ကယ်မီတစ်ယောက်ဘယ်လိုရွေးချယ်မှုတွေလုပ်သွားမလဲ လက်တွဲဖော် ရှာတွေ့သွားမလား? နောက်ဆုံးတစ်ယောက်ထဲပဲတောက်ပသွားမလား? ဇာတ်လမ်းကြည့်ရင်း ကယ်မီနဲ့အတူတူရွေးနိုင်ပါပြီ… အညွန်း နဲ့ ဘာသာပြန်ကတော့ Hnin Ei Pai ဖြစ်ပါတယ်။ Genre….. Comedy, Romance Quality…. 1080p | 720p File size… 1.4GB | 734MB Format… mp4 Duration….1h 17min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Hnin Ei Pai Encoder ….. Aaron

Drama • Comedy • Romance
5.1 2023 77 mins
Choose Love
Alice Upside Down
5.2

Alice Upside Down (2007) ==================== ကြည့်တဲ့သူတိုင်းကို စိတ်ကြည်နူးပြုံးရွှင်စေမယ့် ချစ်စရာကောင်းတဲ့ Family/Drama ဇာတ်လမ်းလေးတစ်ပုဒ်အကြောင်း ပြောပြချင်ပါ တယ်။ သရုပ်ဆောင်တွေကလည်း Step Up, Riverdale, High School Musical လို နာမည်ကြီးဇာတ်လမ်းတွေမှာ ပါကြသူတွေမို အားလုံး ရင်းနှီးပြီးသား ဖြစ်မှာပါ။ ဇာတ်လမ်းအကျဉ်းကတော့… အဲလစ်ဆိုတဲ့ အသက် ၁၁ နှစ်အရွယ် ကောင်မလေးဟာ ၅ နှစ်အရွယ်က မိခင်ဆုံးပါးသွားပြီး အဖေဖြစ်သူ ဘန်၊ အစ်ကိုဖြစ်သူ လက်စ်တာတိုနဲ့ အတူနေထိုင်ပါတယ်။ အမေမရှိဘဲ အဖေရယ်အစ်ကိုရယ်နဲ့ပဲ ဖြစဖြစ်သ လို ကြီးပြင်းလာရတဲ့ အဲလစ်လေးဟာ ကိုယ့်ကိုယ်ကို အားမရမှုတွေနဲ့ အရှုံးသမားတစ်ယောက်လို သိမ်ငယ်နေသူပါ။ ဒါပေမဲ့ စိတ်ကူးတွေ ယဉ်ပြီး ကိုယ့်ဘာသာ မာန်တင်းတတ်ပါတယ်။ တစ်နေတော့ သူတို့နေရာထိုင်မြိုကနေ ပြောင်းလာပြီး အိမ်အသစ် ကျောင်းအသစ်ကို အဲလစ်ရောက်လာပါတယ်။ ထုံးစံအတိုင်း မပေါင်းတတ် မသင်းတတ်တဲ့ အဲလစ်မှာ သူငယ်ချင်းမရှိ‌သလောက်ပါပဲ။ ပိုဆိုးတာက ကျောင်းမှာ သူမကျချင်တဲ့ ဆရာမအခန်းထဲ ရောက်သွားခဲ့တာပါ။ တစ်ရက် တော့ သူတို့ကျောင်းမှာ ဂီတပြဇာတ်တစ်ခု လုပ်ဖိုစီစဉ်ကြပါတယ်။ ပြဇာတ် စီစဉ်သူက အဲလစ်သဘောကျမိတဲ့ ဆရာမလေးပါ။ အဲလစ်တစ်ယောက် ပြ ဇာတ်ကိုအကြောင်းပြုပြီး ဆရာမလေးနားကပ်ဖို အကြံရသွားပါတယ်။ ပြီး တော့ ပြဇာတ်မှာ မင်းသမီးလေးနေရာပါ၀င်ရဖို့လည်း အဲလစ်တစ်ယောက် ကြိုးပမ်းပါတော့တယ်။ အဲလစ်လေး ပြဇာတ်မှာပါရပါ့မလား၊ သူငယ်ချင်းတွေ ရနိုင်ပါဦးမလား၊ ကျောင်းမှာရော အိမ်မှာပါ ဘယ်လိုရယ်စရာ ပျော်စရာ ၀မ်းနည်းစရာတွေ ကြုံရဦးမှာလဲ… ဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ လောင် စရာတွေမပါဘဲ ပေါ့ပေါ့ပါးပါး ချစ်စရာဇာတ်လမ်းလေးမို့ ခဏတာစိတ်အ ပန်းပြေစေမှာတော့ သေချာပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ C’mon ဖြစ်ပါတယ်) File Size……….(1.64 GB) / (644 MB) Quality…………WEB-DL 1080p / 720p Duration……..1Hr 31Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Adventure, Comedy, Drama Translator……C’mon Encoder……….SWM

Drama
5.2 2007 91 mins
Alice Upside Down
Kapan Hamil?

Kapan Hamil [2023] အယ်လန်နဲ့ နာဒရာတို့ လက်ထပ်ထားတာ ၃နှစ်ရှိပြီဖြစ်သည့်တိုင် ကလေးမထွန်းကားသေးတာက သူတို့အတွက် ပြဿနာတစ်ခုဖြစ်လို့နေပါတယ်… ပြဿနာဖြစ်ရခြင်းရဲ့ အဓိကလက်သည်ကတော့ အယ်လန့်အမေပါ .. အယ်လန့်အမေက တချိန်လုံး နာဒရာ့ကို ကိုယ်ဝန်ရှိမရှိနဲ့ ပက်သက်ပြီးတော့ စစ်လားဆေးလားမေးလားမြန်းလား လုပ်လွန်းတဲ့အတွက် သူတို့လင်မယားအဖို့ စိတ်ဖိစီးစရာ ဖြစ်နေပါတော့တယ်… ဒီလိုနဲ့ တနေ့မှာ သူတို့နှစ်ဦး ဆေးခန်းပြဖို့ သဘောတူလိုက်ကြပါတော့တယ်… အယ်လန်ရဲ့မိခင်က သူ့သားဟာ သားသမီးအရမ်းထွန်းကားတဲ့ မျိုးရိုးကဆင်းသက်လာသူမို့ ကိုယ်ဝန်မရရခြင်းဟာ နာဒရာ ချို့ယွင်းနေတာကြောင့်လို့သာ တစ်ထစ်ချ ယုံကြည်ထားပါတယ်… တကယ်တော့ ချို့ယွင်းနေတာဟာ အယ်လန်သာ ဖြစ်ပါတယ်… အယ်လန်ကိုယ်တိုင်ကလည်း စီးပွားရေးလုပ်ငန်းရှင် Social influencer တစ်ယောက်ဖြစ်နေတာမို့ သူ့ရဲ့ မြုံနေတဲ့ အားနည်းချက်ကို ဖုံးဖိဖို့ နည်းမျိုးစုံနဲ့ ကြိုးစားပါတော့တယ်… ဒါပေမယ့်လည်း အဆုံးမှာ ဇနီးသည်က ဖန်ပြွန်သန္ဓေသားကုထုံးကို လက်ခံလိုက်တာမို့… ကိုယ့်သွေးရင်းသားရင်းကသာ လိုချင်တဲ့ အယ်လန်တစ်ယောက် အခက်ကြီးကြုံရပါတော့တယ်… ဒီလိုနဲ့ အယ်လန့်အနေနဲ့ ဒီအခက်အခဲတွေကြားက ဘယ်လိုကျော်လွှားသွားမလဲ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့ Tun Aung Kyaw ပဲ ဖြစ်ပါတယ်။ Genre….. Comedy, Romance Quality…. 1080p | 720p File size… 1.3GB | 613MB Format… mp4 Duration…. 1h 31min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Tun Aung Kyaw Encoder ….. Aaron

0 2023
Kapan Hamil?
(2023)
6

ဒီဇာတ်ကားလေးကတော့ 2024 မှာထွက်ရှိခဲ့တဲ့ အက်ရှင်ဇာတ်ကားကောင်းလေး တစ်ကားဖြစ်ပါတယ်။ မာဆာ က လူမည်းဂိုဏ်းလောကအသိုင်းအဝိုင်းမှာ လူလေးစားခံရသူတစ်ယောက်ပါ။ သူ့မှာ အန်တွိုင်းလို့ခေါ်တဲ့ သားတစ်ယောက်ရှိပြီး သားအဖနှစ်ယောက်ဆက်ဆံရေးက အဆင်မပြေလှပါဘူး။ မာဆာ က ထောင်ထွက်တစ်ဦးဖြစ်ပြီး သတ္တုစက်ရုံတစ်ခုမှာ အလုပ်လုပ်ရင်း ဘဝကို အေးဆေးဖြတ်သန်းနေသူပါ။ တစ်ချိန်တည်းမှာပဲ ဓားပြအဖွဲ့တစ်ဖွဲ့က မာဆာ အလုပ်လုပ်နေတဲ့စက်ရုံက ဒေါ်လာသန်းနဲ့ချီတဲ့ ပလက်တီနမ်ချောင်းတွေကို ဝင်ပြီး ဓားပြတိုက်ဖို့အတွက် ကြံစည်နေတယ်။ အဲဒီအချိန်မှာပဲတိုက်တိုက်ဆိုင်ဆိုင် အမေရိကန်နိုင်ငံမှာ လူမည်းဆိုင်ကယ်သမားကို ရဲတွေက ရိုက်နှက်မှုကြောင့် ဆန္ဒပြပွဲတွေအကြီးအကျယ် ဖြစ်ပြီး ဆူပူအုံကြွမှုတွေဖြစ်လာပါတော့တယ်။ ဒီဇာတ်ကားမှာတော့ သားဇောနဲ့ မာဆာ၊ ဆူပူမှုကိုအခွင့်ကောင်းယူကြမဲ့ ဓားပြ အုပ်စုတို့ကို အက်ရှင်အခန်းတွေအပြည့်နဲ့ ကြည့်ရှုကြရမှာဖြစ်ပါတယ်။ File size…1.22GB / 698MB Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 37m Genre ….. Action , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Wil

6 1992
(2023)
Harta Tahta Raisa

Harta Tahta Raisa (2024) Raisa Andriana ဆိုသူ အင်ဒိုနီးရှားက အဆိုတော်မလေးရဲ့ မှတ်တမ်းရုပ်ရှင်လေးပဲ ဖြစ်ပါတယ် Billboard chart တွေမှာလည်း ချိတ်ခဲ့တဲ့အပြင် အင်ဒိုနီးရှားက GBK Stadium ဆိုတဲ့ လူဦးရေ ၇၇၀၀၀ ဆံ့တဲ့ ကွင်းကြီးထဲမှာ ကွင်းလုံးပြည့် concert လုပ်နိုင်ခဲ့တဲ့ ပထမဆုံးအမျိုးသမီးတစ်ကိုယ်တော်အဆိုရှင် ဖြစ်လာတဲ့ ကောင်မလေးရဲ့အကြောင်းဖြစ်ပြီး သူငယ်ငယ်ကတည်းက ဂီတနောက်ကိုလိုက်ခဲ့ပုံ သူ့နားမှာ အားပေးထောက်ခံကူညီခဲ့တဲ့လူတွေအကြောင်း၊ အင်ဒိုနီးရှား popstar တစ်ယောက်ရဲ့ အနုပညာခရီး၊ သမီးတစ်ယောက်၊ မိခင်တစ်ယောက်၊ ဇနီးတစ်ယောက်နဲ့ အဆိုရှင်ဖြစ်လာဖို့ အိပ်မက်မက်သူတစ်ယောက်အဖြစ် သူဖြတ်သန်းခဲ့ရတဲ့ ဘဝခရီးကို ခံစားကြည့်ရှုပေးပါဦး အညွှန်းနဲ့ဘာသာပြန်ကတော့ ToMo~ V~ Alex~ KKKZ~ Zwe ဖြစ်ပါတယ်

0 2024
Harta Tahta Raisa
Mulk
6.1

အဓိကသရုပ်ဆောင်တွေအဖြစ် ဂန္တဝင်မင်းသားကြီး Rishi Kapoor နှင့် မင်းသမီးချော Taapsee Pannu တို့က ပါဝင်သရုပ်ဆောင်ထားပြီး တခြားအနုပညာရှင် အတတ်ပညာရှင်ပေါင်းစုံမှ အကောင်းဆုံး အားဖြည့်ပါဝင်ထားပါတယ် ဇာတ်လမ်းလေးကတော့ အသက် ၆၅ နှစ်အရွယ် မူရာဒ် အလီ မိုဟမ္မဒ် အစ္စလာမ် ဘာသာဝင် တစ်ယောက်ဖြစ်ပြီးပတ်ဝန်းကျင်မှာ လူလေးစားကြည်ညိုရတဲ့ ရှေ့နေတစ်ယောက်လူတိုုင်းနဲ့ အဆင်ပြေပြီး ပျော်ရွှင်စရာကောင်းတဲ့ မိသားစုတစ်ခုပိုင်ဆိုင်ထားသူ ဂြိုဟ်ဆိုးဝင်ချင်တော့ သူနဲ့ တစ်အိမ်တည်းနေ သူ့အုပ်ထိန််းမှုအောက်မှာရှိတဲ့ သူ့တူဖြစ်သူ ရှာဟစ်(ဒ်)ဟာ ဗုံးဖေါက်ခွဲပြီး အပြစ်မဲ့လူ ၁၆ ယောက်ကို သေစေခဲ့ပါတယ် အကြမ်းဖက်သမားဖြစ်သွားတဲ့ ရှာဟစ်(ဒ်)ကြောင့် သူတို့တစ်မိသားစုလုံး ပြောင်းပြန်အခြေအနေကို ရောက်ရှိသွားခဲ့ကြတယ် မူရာဒ် အလီ မိုဟမ္မဒ်နဲ့ သူ့ညီ ဘေလား(လ်) မိုဟမ္မဒ်တို့ဟာ အကြမ်းဖက်ဝါဒ အားပေးမှုနဲ့ တရားစွဲဆိုခြင်း ခံခဲ့ရပါတယ် စွပ်စွဲချက်ပေါင်းစုံနဲ့ တရားရုံမှာ သူတို့အပြစ်မရှိကြောင်း ဘယ်လိုသက်သေပြကြမလဲ သက်သေရော ပြနိုင်ပါ့မလားအားလုံးပဲ ဆက်လက်ရှု့စားကြည့်လိုက်ပါ ပေးရတဲ့အချိန် ထိုက်တန်ကြောင်း သိရပါလိမ့်မယ် (ဆက်ဆက်ထိမခံ ဘာသာရေး ပြဿနာကို ဒီလိုဇာတ်လမ်းရိုက်ရဲတဲ့ ဒါရိုက်တာကိုတော့ ချီးကျူမိပါတယ် ဘာသာရေး အသုံးအနှုန်းများကို အနီးစပ်ဆုံးဖြစ်အောင် ကြိုးစားဘာသာပြန်ပေးထားပါတယ် အလွဲအမှားများပါခဲ့ပါက ဒီနေရာကပဲ ကြိုတောင်းပန်ထားပါရစေ) (ဇာတ်လမ်းအညွန်းနဲ့ဘာသာပြန်သူကတော့ ကိုဇော်ထူးပါ)

6.1 2018 140 mins
Mulk
American Reunion American Pie 4
6.7

American Pie ဇာတ်ကားတွေဆိုတာနဲ့ အူတက်အောင် ရယ်နေရတဲ့ ကျောင်းသားဟာသ အခွီကားတွေမှန်း သိကြမှာပါ။ ဒါပေမယ့် အဲ့လိုဟာသက်သက် အပြောင်အပျက်ဇာတ်ကားတွေမဟုတ်ဘဲ သူ့မှာ တခြားအဓိပ္ပါယ်ရှိတဲ့ ချစ်ခြင်းမေတ္တာ နွေးထွေးမှုတွေအကြောင်း အများကြီးပါဝင်နေပါတယ်။ ဒါကို ရှင်းပြဖို့ဆို American Pie ဇာတ်ကားတွေကို အပိုင်း (၂)ပိုင်းနဲ့ ရှင်းပြဖို့လိုပါတယ်။ American Pie ရဲ့ Original မူလဇာတ်ကြောင်းက ဇာတ်ကား (၄) ကားပဲရှိတယ်။ – American Pie (1999) – American Pie 2 (2001) – American Wedding (2003) – American Reunion (2012) ဒီရုပ်ရှင်ကား ၄ ကားသာလျင် သရုပ်ဆောင်တွေရော ဇာတ်လမ်းရောက တဆက်တည်းဖြစ်ပါတယ်။ လူငယ်သဘာဝ လူပျိုဖော်ဝင်စ အပျိုဖော်ဝင်စ ပြသနာတွေနဲ့ ကျောင်းသားဟာသတွေကို အစပြုထားပြီးတော့ သူငယ်ချင်းတွေကြားက ခင်မင်မှုတွေ၊ ချစ်သူတွေကြားက ကြင်နာယုယမှုတွေ၊ မိသားစုတွေကြားက နွေးထွေးတဲ့မေတ္တာတွေကို အဓိကထားတင်ဆက်ထားတာမလို့ ရယ်လဲရယ်နေရသလို နွေးထွေးတဲ့ ချစ်ခြင်းမေတ္တာတွေအကြောင်းကိုလဲ ခံစားမိစေမှာပါ။ ဒီရုပ်ရှင်ကား ၄ ကားစလုံးရဲ့ ကုန်ကျစရိတ်က Budget $147 million ခန့်သာရှိခဲ့ပေမယ့် ရုံတင်ဝင်ငွေ Box office $989.5 million ပြန်ရတဲ့ထိ အောင်မြင်ခဲ့ပြီး Rating တွေလဲ ထိုက်သင့်သလောက်ကောင်းမွန်ခဲ့သလို ဝေဖန်ရေးဆရာတွေလဲ အကြိုက်တွေ့ခဲ့ကြတဲ့ ဇာတ်ကားတွေဖြစ်ပါတယ်။ နောက်တပိုင်းကတော့ American Pie ရဲ့ Spin-off ဇာတ်ကားတွေဖြစ်တဲ့ American Pie Presents ဇာတ်ကားတွေပါ။ – American Pie Presents: Band Camp (2005) – American Pie Presents: The Naked Mile (2006) – American Pie Presents: Beta House (2007) – American Pie Presents: The Book of Love (2009) – American Pie Presents: Girls’ Rules (2020) ဒီ American Pie Presents ဇာတ်ကားတွေကတော့ ဇာတ်လမ်းတွေ ဆက်စပ်မှုသိပ်မရှိတော့ဘဲ ဆယ်ကျော်သက် ပါတီတွေ၊ နောက်ပြောင်မှုတွေ၊ လိင်မှုဆိုင်ရာ ဟာသတွေကိုသာ အသားပေး တင်ဆက်ထားပါတယ်။ မူလဇာတ်ကြောင်းထဲက Jim ရဲ့ အဖေဖြစ်သူနဲ့ Stifler ရဲ့မိသားစုကိုသာ အခြေခံထားပြီး Stifler ရဲ့ညီဝမ်းကွဲတွေက အဓိကဇာတ်ကောင်အဖြစ်ပါဝင်သွားပါတယ်။ ဒီ American Pie Presents ဇာတ်ကားတွေကတော့ direct-to-video(DVD)လိုအဖြစ်သာ ရိုက်ကူးထားတာဖြစ်လို့ Rating တွေလဲ သိပ်မကောင်းခဲ့ဘဲ ကျောင်းသားဟာသဇာတ်ကားတွေအဖြစ်သာ ကြည့်ရှုကြရမှာဖြစ်ပါတယ်။ +++++++++++++++ American Reunion (2012) American Pie 4 IMDb Rating (6.7) ဒီကားကတော့ American Pie 4 လို့ တနည်းအားဖြင့်ခေါ်ရမှာဖြစ်ပြီး မူလဇာတ်လမ်းရဲ့ အဆုံးပိတ်ရုပ်ရှင်ကားဖြစ်ပါတယ်။ American Reunion ဆိုတဲ့အတိုင်း Jim,Kevin,Oz,Finch,Stifler တို့ ၉၉ ကျောင်းသားအုပ်စုတွေ နှစ်ပေါင်းများစွာအကြာမှာ တဖန်ပြန်တွေ့ကြမယ့်ပွဲပါ။ 1999 ခုနှစ်က အထက်တန်းကျောင်းသားတွေအဖြစ်နဲ့ ပျော်ရွှင်ကြည်နူးခဲ့ကြတဲ့ သူတို့အုပ်စု ဆယ်စုနှစ်တခုကျော်အကြာ ၂၀၁၂ မှာ ဘာတွေဖြစ်နေကြပြီလဲ အထက်တန်းကျောင်းတုန်းက ကျောင်းမှတ်တမ်းစာအုပ်မှာ အသီးသီးရေးထားခဲ့ကြတဲ့ သူတို့ရဲ့ရည်မှန်းချက်တွေ ခုချိန်မှာ ဖြစ်တည်နေကြပြီလား လူ့ဘဝကြီးမှာ တခါတလေ လှောင်ရယ်ချင်စရာကောင်းတာက မှန်းထားတာနဲ့ ဖြစ်နေကြတာတွေက တလွဲစီတွေ ဖြစ်နေတတ်ကြတာမျိုးပဲမလား ဖြူစင်တဲ့ကလေးဘဝကိုကျော်ဖြတ်ပြီးသွားကြတဲ့ Jim တို့အုပ်စု ဘယ်လိုအနေအထားတွေနဲ့ ပြန်ဆုံကြမလဲ… သူတို့ချစ်သူရည်းစားတွေနဲ့ရော ဘယ်သူတွေက တည်တံ့ခိုင်မြဲနေပြီလဲ ပြောရရင် American Pie ဇာတ်လမ်းတခုလုံးကို ဒီ American Reunion က အကောင်းဆုံးပိတ်သိမ်းပေးနိုင်ခဲ့ပါတယ်။ Jim တို့ ၉၉ ကျောင်းသားအုပ်စုရဲ့ သူငယ်ချင်းသံယောဇဉ်တွေ မိသားစုမေတ္တာတွေ ဖြူစင်မှုတွေကို အကောင်းဆုံးချပြပိတ်သိမ်းနိုင်ခဲ့ပြီး ဒီ American Reunion ဇာတ်ကားကြောင့်ပဲ ရှေ့က ၃ ကားလုံးက ပိုပြီး တောင်ပြောင်သွားစေတယ်လို့ ရဲရဲကြီး ပြောချင်ပါတယ်။ ဘာဆင်ဆာမှမဖြတ်ထားတဲ့ Unrated Version ကို တင်ဆက်ထားပြီး CM အနေနဲ့ မြန်မာစာတန်းထိုးကိုလဲ ယခင်ကထက်ပိုမိုကောင်းမွန်အောင် ပြင်ဆင်ပေးထားပါတယ်။ (American Pie ဇာတ်ကားတွေက အဖော်အချွတ်ခန်းတွေနဲ့ အပြောအဆိုတချို့ကြောင့် R-Rated အဆင့်ဖြစ်ပြီး မိသားစုနဲ့ကြည့်လို့မရပါဘူး။)

Thriller • Crime • Mystery
6.7 2012 113 mins
American Reunion American Pie 4
The Astronaut’s Wife

သိပ္ပံရုပ်ရှင်တွေကို ကြိုက်နှစ်သက်ကြတဲ့သူတွေအတွက် 1999 ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ The Astronaut’s Wife ဆိုတဲ့ Sci-fi, Thriller ရုပ်ရှင်နဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်မှာတော့ ပရိသတ်တို့ရဲ့ အသည်းကျော် ပဲလှော် Johnny Depp က Commander Spencer Armacost အဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ်။ နိုင်ငံတော်ကစေလွှတ်တဲ့ အာကာသမစ်ရှင်တစ်ခုကို ထမ်းဆောင်ဖို့ Commander Spencer နဲ့ Captain Alex တို့နှစ်ဦးဟာ အဖွဲ့သားတွေနဲ့အတူ ဂြိုဟ်ပတ်လည်ကြောင်းတစ်ခုဆီ သွားခဲ့ကြပါတယ်။ အဲဒီမစ်ရှင်မှာ မတော်တဆတစ်ခုဖြစ်ပွားခဲ့ပြီးတဲ့နောက် သူတို့နှစ်ဦးကို အသက်ရှင်လျက် ကမ္ဘာမြေပေါ် ပြန်လည်ခေါ်ဆောင်ခဲ့ပြီးတဲ့အခါမှာတော့ ပုံမှန်မဟုတ်တဲ့ဖြစ်စဉ်တွေ လွဲမှားနေတဲ့ပုံစံတွေဖြစ်လာခဲ့ပါတော့တယ်။ အဲဒါကို သတိထားမိလာတဲ့ Spencer ရဲ့ အမျိုးသမီး Jillian တစ်ယောက်ဟာ ပဟေဠိဆန်တဲ့အဖြစ်အပျက်တွေကြား အဖြစ်မှန်ကိုသိရှိသွားမလား။ အဲဒီမတော်တဆမှုရဲ့‌နောက်ကွယ်မှာ ဘာတွေရှိနေနိုင်မလဲ။ ဖြစ်လာမယ့်အန္တရာယ်တွေကို Jillian တစ်ယောက် အဆုံးထိရင်ဆိုင်သွားနိုင်ပါ့မလားဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမယ့်သိပ္ပံရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ်။ File size…(1.7 GB)/(1 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Drama, Science Fiction, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Vivien

0 1999
The Astronaut’s Wife
The Way, My Way

The Way, My Way” (2024) က စပိန်နိုင်ငံကနေ ကီလိုမီတာ 800 ရှည်တဲ့ Camino de Santiago လို့ခေါ်တဲ့ ရှည်လွန်းတဲ့ လမ်းကို လျှောက်ဖို့ ဆုံးဖြတ်ခဲ့တဲ့ အမျိုးသားတစ်ဦးအကြောင်း ရိုက်ကူးထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ Chris Haywood အဖြစ်သရုပ်ဆောင်ထားတဲ့ အဲ့အမျိုးသားက သူ့အကြောင်းပိုလေ့လာချင်စိတ်နဲ့ဘဝကို ကောင်းကောင်းနားလည်ချင်တယ်။ လမ်းတစ်လျှောက်မှာ သူက ရုပ်ရှင်ဒါရိုက်တာ Bill Bennett နှင့် လွန်ခဲ့တဲ့ နှစ်တွေက အလားတူလမ်းကြောင်းအတိုင်း လျှောက်လှမ်းခဲ့တဲ့ တကယ့်ခရီးသည်တွေ အများအပြားနှင့် တွေ့ဆုံခဲ့တယ်။ ရုပ်ရှင်ကတော့ စိမ်းလန်းတဲ့ တောင်ကုန်းတွေ၊ ရွာဟောင်းတွေ နှင့် ရှည်လျားပြီး ကွေ့ကောက်တဲ့ လမ်းတွေကို ရိုက်ပြ ထားပြီး သူနှင့်အတူ လမ်းလျှောက်နေရသကဲ့သို့ ခံစားရစေမှာပါ ။ တစ်ချို့အခိုက်အတန့်တွေက ရယ်စရာကောင်းတယ်၊ တချို့က ဝမ်းနည်းဖို့ကောင်းတယ်၊ တစ်ချို့က အတွေးတွေဝင်လာစေတယ်။ ခရီးက ခက်တယ်၊ တစ်ခါတလေ မောပန်းပြီး စိတ်ပျက်သလို ခံစားရပေမယ့် သူက ဆက်လျှောက်တယ်။ ရုပ်ရှင်ကြည့်သူအချို့က ငြိမ်းချမ်းတဲ့ ခံစားမှုကို နှစ်သက်ကြပြီး အချို့ကတော့ နှေးကွေးပြီး စိတ်လှုပ်ရှားစရာမဟုတ်တဲ့ကားလို့ ထင်မြင်ချက်ပေးကြပါတယ်။ ကြီးမားတဲ့ အက်ရှင်ဇာတ်ဝင်ခန်းတွေအစား၊ ဒီဇာတ်ကားက လူတစ်ယောက်ရဲ့ နှလုံးသားနဲ့ စိတ်ကို ဘယ်လိုပြောင်းလဲစေလဲဆိုတာကို အာရုံစိုက်ရိုက်ကူးထားပါတယ်။ သင်ယူခြင်း၊ တိုးတက်လာခြင်းနှင့် ငြိမ်းချမ်းမှုကို ရှာဖွေတာနဲ့ ဆိုင်တဲ့ ဇာတ်ကားပါ။တိတ်ဆိတ်စွာနဲ့ငြိမ်းချမ်းတဲ့ဇာတ်ကားကိုကြိုက်တဲ့သူတွေအတွက်တော့အကြိုက်တွေ့မှာပါ။ File size…(1.2 GB)/(775 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Comedy, Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Drama

0 2024
The Way, My Way
Odela 2
8.6

Odela 2 (2025) “မိစ္ဆာဝိညာဉ်” အသစ်ထွက်ရှိထားတဲ့ တေလဂူးဟော်ရာဇာတ်လမ်းကို ပရိသတ်တို့အတွက် တင်ဆက်ပေးလိုက်ပါတယ် သရုပ်ဆောင်တွေအနေနဲ့ ဈေးအကြီးဆုံး တောင်ပိုင်းမင်းသမီးတွေထဲက တစ်ယောက်ဖြစ်တဲ့ Tamanna Bhatia နဲ့အတူ KGF နဲ့ နာမည်ရလာတဲ့ ဗီလိန်မင်းသား Vasishta Niranjan Simha တို့ ပါဝင်ထားပါတယ် အိုဒယ်လာ အမည်ရ ရွာကလေးမှာ မင်္ဂလာဦးညမတိုင်ခင် သတို့သမီးပျိုတွေကို အဓမ္မကျင့်သတ်ဖြတ်တဲ့ တီရူပါတီဆိုတဲ့ လူယုတ်မာတစ်ယောက်ဟာ သူ့ရဲ့မိန်းမလက်ချက်နဲ့ ခေါင်းပြတ်ခဲ့ရပြီး ရွာသားတွေက စံပြအနေနဲ့ သေလူကို ကြီးလေးတဲ့ အပြစ်ဒဏ်ပေးဖို့ ဆုံးဖြတ်လိုက်ကြတယ် အဲဒါကတော့ တီရူပါတီရဲ့ အလောင်းကို မကျွတ်မလွတ်စေဖို့ တစ်ရွာလုံးက အစီအရင်နဲ့မြေမြှုပ်လိုက်တာပါပဲ အယုတ်ညံ့ဆုံးနည်းလမ်းနဲ့ မြေမြှုပ်အပြစ်ပေးခံခဲ့ရတဲ့ တီရူပါတီ ပြန်လည်လွတ်မြောက်လာပြီးနောက်မှာ တစ်ရွာလုံးကို လက်စားချေပါတော့တယ် ဒါကို ရွာသားတွေ ဘယ်လိုအစီအရင်တွေနဲ့ အဖြေရှာကြမလဲ စိတ်ဝင်တစား ကြည့်ရှုရမယ့် ဟော်ရာရုပ်ရှင်လေးပဲ ဖြစ်ပါတယ် အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်

Horror • Thriller
8.6 2025
Odela 2