YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Study.Group.2025.E06.720p.TVING.WEB-DL.[RMC].mp4

354.74 MB 720p video/mp4 17 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Internship
6.3

Billy McMahon နဲ့ Nick Campbell တို့ဟာ အလွန်တော်တဲ့ အရောင်းသမားတွေ ဖြစ်ကြပါတယ်။ အလုပ်လည်း ကြိုးစားကြသလို သူတို့ဘဝဟာ ခိုင်မာတယ်လို့ မြင်ခဲ့ကြပါတယ်။ ကံကြမ္မာ အလှည့်အပြောင်းမှာတော့ သူတို့ရဲ့ နာရီကုမ္ပဏီဟာ လုပ်ငန်းဖျက်သိမ်းလိုက်တာကို မသိလိုက်ကြပါဘူး။ အသက်ကြီးမှ ခက်ခက်ခဲခဲ အလုပ်လိုက်ရှာကြတဲ့အခါမှာလည်း ခက်ခဲပြီး စိတ်ဓာတ်ဆိုးဝါးတဲ့ အလုပ်ရှင်တွေနဲ့ပဲ တွေ့ရပါတယ်။ နောက်ဆုံး Billy ဟာ အင်တာနက်ကနေတဆင့် အလုပ်ရှာဖို့ ဆုံးဖြတ်လိုက်ပါတယ်။ Google ကို သုံးပြီး အလုပ်ရှာနေတဲ့ Billy ဟာ Google က ခေါ်တဲ့အလုပ်တစ်ခုကို တွေ့ပါတယ်။ အဲဒီအလုပ်ဟာ အမြဲတမ်းအလုပ် မဟုတ်သေးပဲ အလုပ်သင်အနေနဲ့ ခေါ်တာ ဖြစ်ပေမယ့် Bill က စိန်ခေါ်မှုအသစ်တွေ ရင်ဆိုင်ဖို့ တိုက်တွန်းတာကြောင့် Nick လည်း စိတ်ပါသွားခဲ့ပါတယ်။ သူတို့နှစ်ယောက်ကို အွန်လိုင်းကနေ အင်တာဗျူးတဲ့အခါ သက်ဆိုင်ရာနယ်ပယ်မှာ အတွေ့အကြုံလည်း မရှိ၊ အသက်အားဖြင့်လည်း အတော်ကြီးနေပေမယ့် ရှေးရိုးမဆန်ပဲ သွက်လက်တဲ့ အဖြေကြောင့် အလုပ်သင်အဖြစ် ရွေးချယ်ခံရပါတယ်။ သူတို့ Google ကို ရောက်တဲ့အခါမှာတော့ စိတ်ကူးယဉ်သိပ္ပံဝတ္ထုတွေထဲမှာသာ မြင်ဖူးတဲ့ နည်းပညာတွေကို စတင်တွေ့ရှိရပါတော့တယ်။ ဒါ့အပြင် တခြားကုမ္ပဏီတွေလို မဟုတ်ပဲ အစစအရာရာ အလကား အသုံးပြုနိုင်တဲ့အပြင် လုပ်ငန်းခွင်အတွင်း အနားယူချိန်မှာလည်း ပြည့်ပြည့်ဝဝနဲ့ သက်တောင့်သက်သာ အနားယူနိုင်တာကြောင့် သူတို့နှစ်ယောက် သဘောကျသွားကြပါတယ်။ ပြဿနာကတော့ အလုပ်သင်တွေကို အဖွဲ့ခွဲ၊ အဖွဲ့လိုက်ပြိုင်ပွဲ ကျင်းပပြီး အနိုင်ရတဲ့ အဖွဲ့ကသာ Google မှာ အလုပ်ရဖို့ အာမခံမှာ ဖြစ်ပါတယ်။ သူတို့နဲ့ အတူ ပါဝင်ရမယ့် သူတွေဟာ တက္ကသိုလ် ပြီးကာစ လူငယ်တွေ ဖြစ်ပြီး အသက်အရွယ်ကြောင့် သူတို့နဲ့ ဘယ်သူကမှ အဖွဲ့မဖွဲ့ချင်ကြပါဘူး။ နောက်ဆုံး သူတို့အဖွဲ့မှာ ဘယ်သူကမှ မခေါ်ချင်တဲ့လူတွေချည်း ကျန်နေခဲ့ကြပါတယ်။ Nooglers လို့ခေါ်တဲ့ ဒီအလုပ်သင်တွေဟာ အုပ်စုဖွဲ့ပြီး သူတို့ကို ပေးအပ်လာမယ့် တာဝန်ကို စောင့်နေကြရပါတယ်။ သူတို့အဖွဲ့ထဲမှာ Stuart လို့ခေါ်တဲ့ သူ့ဖုန်းကိုပဲ စိတ်ဝင်စားသူ၊ Yo-Yo လို့ခေါ်တဲ့ အိမ်မှာပဲ စာသင်ဖူးပြီး ပြင်ပလောကကို ခုမှ စတင်ထိတွေ့သူ၊ Neha လို့ခေါ်တဲ့ ပေါက်ကရတွေးတတ်တဲ့ ကောင်မလေးတို့ ပါဝင်လာပြီး အဖွဲ့ခေါင်းဆောင်ကတော့ သူ့ရဲ့ စိတ်မလုံခြုံမှုကြောင့် အမြဲတမ်းလိုလို တက်ကြွချင်ယောင်ဆောင်နေတဲ့ Lyle ဆိုတဲ့ Google က ဝန်ထမ်းငယ်လေးပါ။ Mr. Chetty ဟာ ဒီအလုပ်သင်တွေကို အကဲဖြတ်ပေးမယ့်သူဖြစ်ပြီး သူတို့အဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေ၊ အားကစားနဲ့ နည်းပညာပိုင်းမှာ ဘယ်လို အကျွမ်းတဝင်ရှိသလဲဆိုတာတွေကို လေ့လာစောင့်ကြည့်နေပါတယ်။ Billy နဲ့ Nick ရဲ့ ရှေ့ခရီးဟာ ဘာတွေ ဖြစ်လာမလဲ။ မတူညီတဲ့ ပတ်ဝန်းကျင်တွေမှာ ကြီးပြင်းလာပြီး လူတွေနဲ့ အဆင်မပြေတဲ့ သူတို့အဖို့ ဘယ်လို အခက်အခဲတွေ ကြုံတွေ့ရမလဲ။ သူတို့ ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေက ဘာတွေလဲ။ သူတို့ထက် အင်အားကြီးမားသူတွေ၊ ငယ်ရွယ်ထက်မြက်သူတွေကို ဘယ်လို ရင်ဆိုင်ကြမလဲ ဆိုတာကိုတော့ ဆက်လက်ရှုစားကြပါ။ ဒါရိုက်တာ Shawn Levy ရိုက်ကူးပြီး Vince Vaughn နဲ့ Owen Wilson တို့ ခေါင်းဆောင်ပါဝင်ထားတဲ့ The Internship ဇာတ်ကားဟာ Google ကို ကြော်ငြာပေးတဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ လူမှုဘဝဟာသတွေနဲ့ Google ရဲ့ လူသစ်စုဆောင်းမှုကို ပေါင်းစပ်ထားပြီး အရောင်းမြှင့်တင်ရေး သဘောမျိုး ရိုက်ကူးထားတာ ဖြစ်ပါတယ်။ Vince Vaughn နဲ့ Owen Wilson တို့ အတူပူးတွဲပါဝင်တဲ့ တတိယမြောက် ဟာသဖာတ်ကားလည်း ဖြစ်ပါတယ်။ IMDb မှာ Rating 6.3 ပေးထားပေမယ့် Rotten Tomatoes မှာတော့ Tomatometer 34% ပဲ ပေးထားပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ ဟာသဇာတ်ကား ကြည့်ချင်သူတွေ၊ ခေတ်သစ် ဟာသအရသာ ခံစားချင်တဲ့သူတွေ၊ ဘဝအတွက် ရည်မှန်းချက် ပျောက်ပြီး စိတ်ညစ်နေသူတွေ ကြည့်သင့်တဲ့ ဇာတ်ကား ဖြစ်ပါတယ်။ ဝေဖန်သူအများစုကတော့ Google ကို အလွန်အမင်း ပုံရိပ်မြှင့်တင်ပေးထားခြင်းနဲ့ ကြော်ငြာဆန်နေခြင်းကို အပြင်းအထန် ဝေဖန်ထားကြပါတယ်။ အလုပ်ခွင်မှာ စိတ်ညစ်နေသူတွေအတွက်တော့ အပန်းဖြေကြည့်ရှုစရာ ဇာတ်ကားတစ်ကား ဖြစ်ပါလိမ့်မယ်။ File size…2.18GB / 970MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 59m Genre ..... Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Kasashi

Drama • Mystery • Thriller
6.3 2013 119 mins
The Internship
The Visitor from the Future
6.4

The Visitor from the Future (2022) ~ IMDb - 6/10, Rotten Tomatoes - 82% ~ အချိန်ခရီးသွားသီအိုရီတွေ အချိန်ခရီးသွားတာတွေ၊ Timeline အပြောင်းအလဲတွေကို စိတ်ဝင်စားတဲ့လူတွေအတွက် ရုပ်ရှင်ကားသစ်ကြီးထွက်ရှိလာပါပြီ။ Sci-fi/Comedy ကားပေမဲ့ Rotten Tomatoes မှာ ၈၂ရာခိုင်နှုန်း ရထားတာဆိုတော့ အထာကျကျအခွီဖောက်ထားတဲ့ ရုပ်ရှင်လို့တော့ ပြောလို့ရပါတယ်။ အချိန်ခရီးသွားပြီး အနာဂတ်မှာဖြစ်လာမယ့် ကပ်ဘေးတစ်ခု မဖြစ်အောင်တားတာကိုကြည့်ရင်း အချိန်လမ်းကြောင်းမှာ ဘယ်လိုအပြောင်းအလဲတွေ ဖြစ်လာမလဲ တွေ့ကြရမှာပါ။ အနာဂတ်မှာ အဏုမြူဓာတ်ပေါင်းဖိုကြီးပေါက်ကွဲသွားလို့ တိမ်တွေဟာ ဓာတ်သင့်သွားပြီး အဆိပ်သင့်တိမ်တိုက်တွေဖြစ်လာပါတယ်။ ဒီတိမ်တွေရဲ့ လမ်းကြောင်းကလူတွေဟာ သေဘေးကိုရင်ဆိုင်ရတော့မှာပါ။ ပြောရရင် တစ်ကမ္ဘာလုံး လူမျိုးသုဉ်းတော့မယ့် အန္တရာယ်ကို ကြုံရတော့မှာပါ။ ဒီတော့ အနာဂတ်က လူကောင်းသူကောင်းတွေဟာ အတိတ်ကိုသွားပြီး အဏုမြူဓာတ်ပေါင်းဖိုကြီး မပေါက်ကွဲအောင်လုပ်ဖို့ တားဖို့ကြိုးစားကြပါတယ်။ ဒါပေမဲ့ ဒီလောကမှာလည်း မာဗယ်ရဲ့ TVA လို အဖွဲ့အစည်းတစ်ခုရှိနေပါတယ်။ အချိန်ခရီးသွားပြီး ရှုပ်ထွေးအောင်လုပ်တဲ့လူတွေကို လိုက်ဖမ်းတဲ့အဖွဲ့၊ ကမ္ဘာကြီးကို ကယ်တင်ချင်တဲ့အဖွဲ့၊ အချိန်ကို သူ့အတိုင်း ထိန်းသိမ်းထားချင်တဲ့အဖွဲ့ အဲဒီလို အဖွဲ့တွေ ထိပ်တိုက်တွေ့ပြီး အချိန်ကစားပွဲကြီး စတင်လာခဲ့တော့တယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.9GB, 830MB Quality - 1080p, 720p IMDb Rating - 6/10 Format - mp4 Duration - 1H 45Min Genre - Action, Adventure, Comedy Subtitle - Myanmar Subtitle (Hardsub) Translated by W Encoded by Y

Romance
6.4 2022 102 mins
The Visitor from the Future
[18+] Tubero
5.8

ပေါ်လာဟာ သူ့အတူနေချစ်သူလိုဂန်နဲ့ မကြာခင်လက်ထပ်တော့မှာပါ။ သူတို့ကြားမှာပြဿနာတစ်ခုလိုဖြစ်နေတာကတော့ လိုဂန်ဟာ ရာဂရမ္မက်ကြီးတဲ့သူဖြစ်ပြီး ထမင်းစားခန်းထဲမှာ၊ ရေချိုးခန်းထဲမှာ၊ မီးဖိုချောင်ထဲမှာ ကြုံရင် ကြုံသလို ဂျိန်းချင်နေတာပါပဲ။ ပေါ်လာကတော့ ချစ်သူတစ်ယောက်အနေနဲ့ လိုဂန်ကို တစ်ခြားအရာတွေဆီကနေ စောင့်ရှောက်ရရင် တာဝန်ကျေပြီယူဆပြီး လိင်ဆိုင်ရာတပ်မက်မှုတော့နည်းပါတယ်။ တစ်နေ့တော့ လိုဂန်ကို သူ့သူငယ်ချင်းတွေနဲ့ ဂန်ဘန္တတရားကျင့်နေချိန်မှာ လက်ပူးလက်ကြပ်မိပြီး ပြဿနာတွေတက်ရာကနေ ပေါ်လာ့ဘက်က စိတ်မပါတဲ့ပုံစံကိုမပြင်ရင် လိုဂန်က Open relationship ပုံစံမျိုးသွားပြီး ဖြစ်ချင်တဲ့သူနဲ့ဖြစ်ချင်တိုင်းဖြစ်တော့မှာဖြစ်ကြောင်း စိန်ခေါ်ပါတော့တယ်။ အကျပ်ရိုက်နေတဲ့ပေါ်လာကို ကူညီလမ်းပြပေးမယ့်သူကတော့ အထူးပိုက်ပြင်သမားလေးဖြစ်တဲ့ ဂီမိုပါပဲ။ ကျွမ်းကျင်သူတစ်ဦးဖြစ်တဲ့ ဂီမိုကနေ ပေါ်လာရဲ့ကာမခလုတ်တွေကိုတစ်ခုချင်းဖွင့်ပြလိုက်တဲ့အချိန်မှာတော့ ပေါ်လာဟာ တစ်ဖက်က ငါ့ရဲ့ဝါသနာ၊ တစ်ဖက်မှာ ငါ့ရဲ့ဝမ်းစာတို့ကြားမှာဆိုပြီး နှစ်ဖက်ကြား ဗျာများဖို့ဖြစ်လာပါတော့တယ်။ ဂီမိုအဖြစ် အစွမ်းပြထားတဲ့သူကတော့ အားလုံးနဲ့မစိမ်းတဲ့ပင်တိုင်စံ Vince Rillon ဖြစ်ပါတယ်။ ဒါပေမယ့် မျက်နှာသစ်မင်းသမီးလေးနှစ်ယောက်ကို ပွဲဦးထွက်မိတ်ဆက်ထားပေးပြီး တစ်ယောက်ကတော့ တစ်တော့ဆယ်လီ / Cam girl လေးဖြစ်တဲ့ @jemmilton ပါပဲ။ အားလုံးပဲ အကြိုက်တွေ့ကြလိမ့်မယ်ထင်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.8GB, 885MB Quality - 1080p, 720p Format - mp4 Duration - 1H 58Min Genre - Adult, Drama Subtitle - Myanmar Subtitle (Hardsub) Translated by Alias Encoded by RGB

Thriller
5.8 2022 118 mins
[18+] Tubero
The Get Together
4.7

The Get Together (2022) ================== Plot twist တွေမပါဘဲ ပေါ့ပေါ့ပါးပါးနဲ့ ရယ်ရတဲ့ ဇာတ်လမ်းတစ်ပုဒ်ကို ရှာနေတယ်ဆိုရင်တော့ ဒီကားလေးကို ကြည့်ကြည့်ပါ။ သောကြာနေ့ညရဲ့ ပါတီပွဲတစ်ခုကို အခြေခံထားပြီး အဲဒီပါတီပွဲက ဇာတ် လမ်းလေးတွေနဲ့ပဲ တစ်ညတည်း အပြီးရိုက်ပြထားသလိုမျိုးလေးပေါ့။ ကဲလက်ဘ်၊ ဘက်စီ၊ ဒေမီယန်၊ လူးကက်စ်၊ လေစီ၊ မက်ကောလ် စတဲ့ သူငယ်ချင်းတွေ တစ်ယောက်ချင်းစီရဲ့ ဇာတ်လမ်းလေးတွေကို playback ပြန်ပြန်ပြပြီး တစ်ခုနဲ့တစ်ခု ချိတ်ဆက်ပေးထားပါတယ်။ အားလုံးက သောကြာ ညလေးမှာ အခြေခံထားတာဆိုတော့ သူတို့ဆီက လူငယ်တွေ ပါတီပွဲ ဖြတ်သန်းကြပုံတွေ၊ ပျော်ကြပါးကြပုံတွေကိုတော့ တဝကြီး ကြည့်ရှု့ရမှာပါ။ စုံတွဲတစ်တွဲရဲ့ လက်ထပ်ခွင့်တောင်းပုံတောင်းနည်းအဆန်းလေးကိုလည်း မြင်ရပါလိမ့်မယ်။ ဟာသဇာတ်မြူးကားလေးဆိုပေမယ့် ကလိထိုးရယ်ခိုင်းတဲ့ plot တွေမပါဘဲ တွေးတွေးပြီးနားလည်ကြရမယ့် ပုံစံမျိုးလေး ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်) File Size……….(922 MB) / (467 MB) Quality…………WebDL 1080p / 720p Duration………1Hr 14mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy Translator…….May Thet Khine Soe Encoder……….SWM

History • War
4.7 2022
The Get Together
Inglourious Basterds
8.3

Rotten Tomatoes 89% IMDb 8.3/10 ရရှိထားပြီး အော်စကာ ၁ ဆုနဲ့ အခြားသော ဆုပေါင်း ၁၂၄ ဆုရရှိခဲ့တဲ့ ၂၀၀၉ ခုနှစ်ထွက် ဟစ်တလာ လုပ်ကြံရေး ဇာတ်ကားကောင်း တစ်ကားကို CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ ဒုတိယကမ္ဘာစစ်ရဲ့ အစပိုင်း ပြင်သစ်ကို နာဇီတို့ သိမ်းပိုက်ထားချိန်ကာလ….. နာဇီတွေကို တန်ပြန်သုတ်သင်ဖို့အတွက် မဟာမိတ် တွေဟာ လျှို့ဝှက် တပ်ဖွဲ့တစ်ခုကို ဖွဲ့စည်းဖို့ လက်ဖတင်နင် Aldo Raine (Brad Pitt)ကို တာဝန်ပေးခဲ့ပါတယ်။ Aldo ဟာ Basterds လို့ခေါ်တဲ့ ဂျူး ကပြားတွေ အများအပြားပါဝင်တဲ့ တပ်ဖွဲ့ကိုဖွဲ့စည်းပြီး ဟစ်တလာရဲ့ နားရွက်ကို တံတွေးစွတ်ပါတော့တယ်။ Basterds တွေဟာ နာဇီမှန်သမျှရက်ရက်စက်စက်သတ်ပြီး ဦးခေါင်းရေကို ခွါယူလေ့ရှိပါတယ်။သူနဲ့သူ့လူတွေဟာ ဟစ်တလာကို လုပ်ကြံဖို့ ဗြိတိသျှတို့ရဲ့သူလျှို၊ဂျာမန် နာမည်ကြီးမင်းသမီး Bridget von Hammersmark(Diane Kruger)နဲ့ပူးပေါင်းပြီး ကီနို စစ်ဆင်ရေးကို အကောင်အထည်ဖော်ဖို့ ကြိုးပမ်းကြပါတော့တယ်။ အဲဒီအချိန်မှာပဲ နာဇီတွေ သုတ်သင်ခဲ့တဲ့ ဂျူးမိသားစုတစ်ခုက ထွက်ပြေးလွတ်မြောက်ပြီး နာဇီတွေကို လက်စားချေဖို့ကြိုးစားနေတဲ့ ရုပ်ရှင်ရုံပိုင်ရှင် ဂျူး မိန်းမလှလေး Shosanna Dreyfus(Mélanie Laurent) ကလည်း သူ့လက်စားချေမှုကို အကောင်အထည်ဖော်ဖို့ အခွင့်အရေးတစ်ခုကို အမှတ်မထင် ရရှိလာပါတယ်။ ဒီလို အခြေအနေမှာပဲ Jews Hunter လို့နာမည်ကြီးပြီး ကောက်ကျစ်စဉ်းလဲပြီး ဉာဏ်များတတ်တဲ့၊ ကာနယ် Hans Landa (Christoph Waltz) ဟာ ဒီလုပ်ကြံမှုကို ဘယ်လိုမျိုး တားဆီးကာကွယ်မလဲ။ Basterds တွေရဲ့ ကံကြမ္မာနဲ့ ဟစ်တလာရဲ့ ကံကြမ္မာဟာ ဘယ်သူ့အပေါ်မှာ မူတည်မလဲ? လုပ်ကြံမှုကရော အောင်မြင်မလား…. ကျဆုံးမလား ဆိုတာကို ရင်သပ်ရှုမောနဲ့ ကြည့်ရှုရမှာပါ။ ဒီဇာတ်ကားဟာ ဇာတ်လမ်း ဇာတ်အိမ်နဲ့ ဇာတ်ရုပ်တွေကို အများနဲ့မတူအောင် ခွဲထွက်ရိုက်ကူးတဲ့ နေရာမှာ နာမည်ကျော်တဲ့ အော်စကာဆုအပြင် အခြားဆုတွေအများကြီး ရထားတဲ့ ဒါရိုက်တာ Quentin Tarantino ရဲ့ လက်ရာပါ။ ဇာတ်လမ်း၊ သရုပ်ဆောင်မှု နဲ့ ရိုက်ကူးတင်ပြမှုတွေအရမ်းကောင်းတာကြောင့် ကြာမြင့်ချိန် ၂ နာရီခွဲကို ဆိမ့်နေအောင် ကျကျနနခံစားကြရမှာပါ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Kaung Thant Sin မှတင်ဆက်ထားပါတယ်။) 4K Quality ကိုတော့ ကာလာပိုလှတဲ့ HDR Version နဲ့ တင်ဆက်ထားတာမလို့ 4K ဖိုင်ကို HDR Play နိုင်တဲ့ ခေတ်ပေါ် Device များသာကြည့်ရှုလို့ရမှာဖြစ်ပြီး 1080p နဲ့ 720p ဖိုင်တွေကိုတော့ ပုံမှန်အတိုင်း ကြည့်ရှုလို့ရပါတယ်ခင်ဗျာ။

8.3 2009 153 mins
Inglourious Basterds
Always – Sunset on Third Street
7.7

Always: Sunset on Third Street (2005) ~ IMDb – 7.7/10, RT – 90%, MyDramaList – 7.9/10 ~ ~~~~~~~~~~~~~~~~~~~~ ဓား ငါ ပျော်ရင်တော့ မင်းကို ခွဲပေးပါ့မယ် အဲဒါ လွယ်တယ် ငါ မပျော်ရင်တော့ မင်းကို ခွဲမပေးတော့ဘူး အဲဒါ ခက်တယ် သံက မီးဖိုထဲမှာ အရည်ပျော်ပြီး ပြန်လာသလိုမျိုး။ ။ ~ သုခမိန်လှိုင် (ချစ်သော တောပန်းကလေးများ – ၂၀၁၅) ~~~~~~~~~~~~~~~~~~~~ Always ဟာ ၁၉၅၈၊ ၁၉၅၉၊ ၁၉၆၄ စတဲ့ နှစ်ကာလသုံးခုရဲ့ တိုကျိုမြို့ တိုကျိုတာဝါနားက ရပ်ကွက်ကလေးအကြောင်းကို ခုနှစ်တစ်ခုကို တစ်ကားနှုန်းနဲ့ Trilogy ထုတ်ထားတဲ့ ရုပ်ရှင်ပါ။ ရုပ်ရှင်ကတော့ ရပ်ကွက်တစ်ခုထဲကလူတွေနဲ့ သူတို့ရဲ့ ဆက်ဆံရေးကိုပြထားတာပါပဲ။ဆိုပေမဲ့ ထူးထူးခြားခြား ဆူဇူကီးမော်တော်ကားကုမ္ပဏီရဲ့ မူလဘူတလို့ ယူဆရတဲ့ ဆူဇူကီးဆိုတဲ့ လူတစ်ယောက်ပါတယ်။ သူကလည်း မော်တော်ကားကုမ္ပဏီနာမည်တပ်ထားတဲ့ ကုမ္ပဏီမဖြစ်သေးတဲ့ ၀ပ်ရှော့လေးကိုထောင်ထားတယ်။ Fictional Founder ပါပဲ။ အပြင်က တကယ့်ဆူဇီးကီးကတော့ ရုပ်ရှင်ထဲက ဆူဇူကီး၀ပ်ရှော့အဆင့်ပဲရှိသေးတဲ့ 1958 လောက်မှာ ကားကုမ္ပဏီကို ထောင်ပြီးနေပြီ။ ကျားကုတ်ကျားခဲ ကြိုးစားခဲ့ရတာချင်းတော့တူတယ်။ ဂျပန်ရဲ့ Image ကိုဖော်ပြချင်လို့ ဂျပန်ရဲ့နာမည်ကျော် ဆူဇူကီးကုမ္ပဏီရဲ့ ဇာစ်မြစ်ဆန်ဆန်ဇာတ်ကောင်ကို ထည့်သွင်းထားတာ ဖြစ်နိုင်ပါတယ်။ ဇာတ်ကောင်ရဲ့ ဒေါသထိန်းမရတဲ့စရိုက်အပါအဝင် မတော်မတည့်စရိုက်အချို့ကြောင့် မူလလူနဲ့ကွဲလွဲအောင် ဖန်တီးပေးထားတာဖြစ်မယ်။ ဆူဇူကီးအိမ် မျက်စောင်းထိုးမှာက ဂျပန်ရဲ့အမြင့်ဆုံးစာပေဆုဖြစ်တဲ့ အခုတဂဝစာပေဆုရဖို့ကြိုးစားရင်း ဖြစ်မလာဘဲ ကလေးစာပေတွေပဲ ရေးနေရတဲ့ စာရေးဆရာ နေတယ်။ ဒီဇာတ်လမ်းမှာ သူက Emotional အဖြစ်ဆုံးဇာတ်ကောင်။ စားဖို့အနိုင်နိုင်ဘဝမှာ သူများကလေးကို အိမ်ခေါ်တင်ထားပြီး ဂေးရှားမယ်ကလေးကို ချစ်မိခဲ့တဲ့ ခပ်ညံ့ညံ့စာရေးဆရာပေါ့။ နောက်ဇာတ်ကောင်က အကြွေးတွေဆပ်ဖို့ ဂေးရှားမယ်လုပ်ခဲ့ပြီး ရပ်ကွက်ထဲ အရက်ဆိုင်လာဖွင့်ထားတဲ့ မိန်းကလေး။ နောက်တစ်ယောက်က ရွာကနေ ဆူဇူကီးကားကုမ္ပဏီမှာ အလုပ်လာလုပ်တဲ့ ကောင်မလေး။ စစ်အတွင်းမှာ သူ့ဇနီးနဲ့ သားသမီးကိုဆုံးရှုံးလိုက်ရတဲ့ ရပ်ကွက်ဆရာ၀န်။ ဇာတ်လမ်းကတော့ သူတို့ အပါအဝင် သူတို့မိသားစုတွေရဲ့ ငိုစရာ ရယ်စရာ ဘဝအကြောင်းလေးတွေပါပဲ။ ဇာတ်ကောင်တွေ ဇာတ်အိမ်တွေရဲ့ ချစ်ဖို့ကောင်းချက်ကတော့ ကြည့်နေရင်း ပြုံးမိခဲ့တာ ခဏခဏကိုပါပဲ။ ဇာတ်ကောင်တိုင်းဟာ တစ်နည်းမဟုတ်တစ်နည်းနဲ့ ကျွန်တော်တို့ဘ၀ထဲက လူတွေ သို့မဟုတ် ကျွန်တော်တို့ကိုယ်တိုင်နဲ့ ဆင်တူနေတယ်။ ဒါကြောင့်ပဲ ဇာတ်ကောင်တွေရဲ့ စိတ်ထဲကို လွယ်လွယ်ကူကူနဲ့ ၀င်ရောက်နိုင်ခဲ့တယ်။ တစ်ဖက်ကကြည့်ရင် ဇာတ်လမ်းဟာပေါ့ပါးပေမဲ့ တစ်ဖက်ကကြည့်တော့လည်း နည်းနည်းလေးနက်တယ်။ သူ့အငွေ့အသက်က ဂျပန်စာပေရဲ့ အငွေ့အသက်တော့ မကင်းဘူး။ ဖတ်ဖူးတဲ့ ဂျပန် ဘာသာပြန်စာအုပ်တစ်ချို့မှာ နှောင်းခေတ်အတော်ကြာအောင် ဂျပန်တွေဟာ ဒုတိယကမ္ဘာစစ်ရဲ့ ဒဏ်တွေရဲ့ စိတ်ပိုင်းဆိုင်ရာ ရိုက်ခတ်မှုကိုခံနေရတုန်းဆိုတာ ပေါ်လွင်အောင် ထည့်သွင်း ရေးသားထားတတ်ကြတယ်။ ဒီရုပ်ရှင်က ဇာတ်ကောင်တစ်ချို့ကလည်း ဒီအခြေအနေကိုပုံဖော်ထားတယ်။ ရပ်ကွက်ဆရာဝန်ဆို စစ်အတွင်းက သူ့ဇနီးနဲ့သမီးကိုဆုံးရှုံးထားပြီး ၁၃နှစ်ကြာတဲ့အထိ စိတ်ဝေဒနာ ဖြစ်နေတုန်းပဲ။ ဆူဇူကီးဆိုလည်း စကားပြောရင် စစ်ပွဲအကြောင်း မပါမဖြစ်ပြောတတ်တယ်။ စစ်အတွင်းမှာကျဆုံးခဲ့တဲ့ သူ့ရဲဘော်တွေအတွက် လိပ်ပြာမလုံတဲ့စိတ်ကို ခံစားနေရတုန်းပဲ။ နောက် ဂျပန်ဆိုတာကို ထင်ဟပ်စေတဲ့ အရာတစ်ချို့လည်း သုံးထားတယ်။ ရုပ်ရှင်တစ်ကားကနေ ဘာမက်ဆေ့ရပါတယ်လို့ ကျွန်တော် မပြောချင်ပါဘူး။ ပြောလိုက်ရင်လည်း သူ့အနုပညာကို စော်ကားလိုက်သလိုပဲ။ Always က ပေးနိုင်တဲ့အရာဟာ နေဝင်ချိန်တစ်ခုပါပဲ။ ဘာလို့နေဝင်ချိန်လဲဆိုရင်… အားလုံးမှာအဆင်မပြေဖြစ်ခဲ့ကြတဲ့ နေ့တို့တွေ ရှိခဲ့ဖူးမှာပဲ။ မအောင်မြင်ခဲ့ကြတဲ့… တစ်စုံတစ်ရာကို ဆုံးရှုံးခဲ့ကြတဲ့… မျှော်လင့်ချက်မဲ့နေ့တို့တွေ ရှိခဲ့ဖူးမှာပဲ။ မီးဖိုထဲက အရည်ပျော်ပြီး ပြန်လာရတဲ့နေ့တွေရဲ့ အဆုံးမှာ နေဝင်ချိန်လေးတစ်ခုကို တစ်ခါတလေတော့လည်း ငေးမောဖူးမှာပေါ့။ မလှပခဲ့တဲ့နေ့ရက်တွေရဲ့ လှပတဲ့နေဝင်ချိန်ကလေးတစ်ခုဟာ မနက်ဖြန်ဟာတော့ လှပဦးမှာပါလို့ မျှော်လင့်ချက်ရှိစေခဲ့တယ်။ စိတ်ပျက်လက်ပျက်နေ့တွေကို ကြုံပြီးတဲ့အခါ ဆည်းဆာလှတတ်တဲ့ ညနေခင်းတွေဆို တိမ်တွေကို မြင်ရတဲ့ လက်ဖက်ရည်ဆိုင်ကလေးရဲ့ တစ်ထောင့်မှာ သောက်ရတဲ့ ချိုစိမ့်တစ်ခွက်ရဲ့အရသာဟာ ဒီကမ္ဘာမှာ ကျွန်တော်အသက်ပြင်းခဲ့ရတဲ့ အကြောင်းတရားတစ်ရံပေါ့။ ဒီထက်ပိုတဲ့အရာတွေလည်း ရှိကောင်းရှိလိမ့်မယ်။ ဒီတစ်ခုကတော့ ပိုသေချာတယ်လို့ ကျွန်တော်ယုံတယ်။ ကံဟာ ဘယ်တော့မှ ထင်တိုင်းမဖြစ်ခဲ့ရင်တောင် အနည်းဆုံးအားဖြင့် ဆွဲယူသွားလို့မရနိုင်တဲ့အရာပေါ့။ အဲဒီနေ၀င်ချိန်တွေဟာ အမြဲတမ်းလှပနေဦးမှာပဲ။ ဘယ်လောက်ပဲ မျှော်လင့်ချက်မဲ့နေပါစေ မနက်ဖြန်တွေဟာလည်း အမြဲတမ်းဆက်ရှိနေဦးမယ်။ ဒီရုပ်ရှင်ဟာ ရှေ့ဆက်ရဦးမယ့် မနက်ဖြန်များမှာ အမြဲတမ်းရှိနေဦးမယ့် နေ၀င်ချိန်တွေအကြောင်းပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.7GB, 1.1GB Quality – 1080p, 720p IMDb Rating – 7.7/10 Format – mp4 Duration – 2H 13Min Genre – Comedy, Drama, Family Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Drama
7.7 2005 133 mins
Always – Sunset on Third Street
Chillerama
5.6

(ပြင်းထန်တဲ့စကားလုံးအသုံးအနှုန်းနဲ့ ဇာတ်ဝင်ခန်းတွေကြောင့် မိသားစုနဲ့ကြည့်ဖို့မသင့်တဲ့ ဇာတ်ကားတစ်ကားအဖြစ် ကြိုတင်အသိပေးပါရစေ) Chillerama ကတော့ ရုပ်ရှင်ဝါသနာတူပြီး ဟော်ရာရုပ်ရှင်အမျိုးအစားအပေါ်မှာ အကြိုက်တူတဲ့ ဒါရိုက်တာ ၄ ယောက်တွေ့ဆုံရာကနေ မွေးဖွားလာခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ရုပ်ရှင်ဒါရိုက်တာ Adam Rifkin နဲ့ Tim Sullivan တို့ စတင်ခဲ့တဲ့စိတ်ကူးတစ်ခုကို ခေတ်နဲ့အံမဝင်ခဲ့တာကြောင့် ပုံမဖော်ခဲ့ပေမယ့် Adam Green နဲ့ Joe Lynch တို့နဲ့ပါ တွေ့ဆုံပြီးချိန်မှာတော့ ၄ ယောက်ပေါင်း လောင်းကျော်ဖို့ ဖြစ်လာပါတော့တယ်။ ရလဒ်အနေနဲ့ Wadzilla, Teenage Werebear, Diary of Anne Frankenstine နဲ့ Zom-B-movie ဆိုတဲ့ Short Movies ၄ ကား ရလာခဲ့ပါတယ်။ ထိုဇာတ်ကားများကို စုပေါင်းပြီး Anthology Film တစ်ခုအဖြစ် Chillerama ကို ဖန်တီးခဲ့ကြပါတယ်။ ဇာတ်ကားတစ်ကားချင်းစီကလည်း ခေတ်တစ်ခေတ်ရဲ့ Horror Genre တစ်ခုချင်းစီကို လှောင်ပြောင်ထားတဲ့ ဇာတ်ကားတွေဖြစ်လို့ ပရိသတ်နဲ့ အမြင်မစိမ်းတဲ့ ဇာတ်ကားတွေထဲက ဇာတ်ကွက်များကို ဟာသအမြင်နဲ့ ပြန်လည်တင်ဆက်မှုတွေကို ပြုံးထေ့ထေ့နဲ့ ကြည့်ရမယ့်ကားမျိုးလည်း ဖြစ်ပါတယ်။ အရာရာကို ဟာသဖောက်ပြောဆိုတတ်တဲ့ လူတွေကို အပြင်လောကမှာ မြင်တွေ့နိုင်သလို ထိုအတွေးအမြင်မျိုးနဲ့ ဒါရိုက်တာတွေ စိတ်ကူးဆန်းဆန်းနဲ့ တင်ဆက်ထားတဲ့ Horror Comedy ဇာတ်ကားတစ်ကားကိုလည်း CM ပရိသတ်ရှေ့မှောက် တင်ဆက်ပေးလိုက်ပါတယ်။ File size… 1.6 GB / 754 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 2hrs Genre ….. Action/Comedy/Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Hein Tayza Translated by Sai Sumali

Thriller • Crime • Romance
5.6 2011 120 mins
Chillerama
Devil’s Horns
5

သရဲကားကောင်းကောင်းလေးတွေမှ ကြည့်ချင်သူတွေအတွက် အင်ဒိုသရဲကား ကောင်းကောင်းလေးတစ်ကားကို ထပ်မံ တင်ဆက်ပေးလိုက်ပါတယ်။ အင်ဒိုနီးရှားသည်းထိပ်ရင်ဖိုသရဲကားတွေကလည်း အခု နောက်ပိုင်းမှာ ထိုင်းသရဲကားတွေနီးနီးလိုက်မှီလာတာကို တွေ့ရမှာပါ။ယဉ်ကျေးမှုရိုးရာတွေကလည်း ခပ်ဆင်ဆင် ဖြစ်တဲ့အတွက် ဘာသာစကားသာ မကွာခြားဘူးဆိုရင် ထိုင်းသရဲကားလို့တောင် ထင်မိမှာအမှန်ပါပဲ။အခု တင်ဆက် ပေးမဲ့ဇာတ်ကားလေးရဲ့နာမည်ကတော့ Tanduk Setan (Devil’s Horn) ဖြစ်ပြီး ကျေးလက်ဒေသဖက်မှာ ကြုံတွေ့ ရတတ်တဲ့ အဖြစ်အပျက်တွေအကြောင်းကို သည်းထိပ်ရင်ဖို စရာကောင်းအောင်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ရွာတစ်ရွာမှာ ဆူမီရာဆိုတဲ့ အမျိုးသမီးတစ်ယောက်က မီးဖွားခါနီးပြီဖြစ်တဲ့အတွက် ယောက်ျားဖြစ်သူရော အမေ ဖြစ်သူရော တစ်အိမ်လုံးအလုပ်တွေရှုပ်ယှက်ခတ်နေပါ တော့တယ်။သားဖွားဆရာမရယ် ရွာထဲကအမျိုးတွေထဲက ကလေးလာကြည့်တဲ့သူတွေရယ် ယောက်ျားဖြစ်သူဂျာရာရဲ့ သူငယ်ချင်းတွေနဲ့ ဝင်လိုက်ထွက်လိုက်ဖြစ်နေခဲ့ပြီး ရိုးရိုး ရှင်းရှင်းညလေးတစ်ညဖြစ်ခဲ့ပါတယ်။ဒါပေမယ့် မနေ့က မနက်ကတည်းက ဗိုက်အောင့်နေပြီး နောက်ရက်မိုးလင်းတဲ့ အချိန်အထိ ကလေးမမွေးနိုင်သေးတဲ့အခါမှာတော့ ဆေးရုံကို တန်းပြေးရပါတော့တယ်။ကားက နှစ်ယောက်တည်းစီးလို့ ရတဲ့ကား ဖြစ်နေတဲ့အတွက် ဂျာရာနဲ့ဆူမီရာတို့နှစ်ယောက်တည်း မြို့မှာ ဆေးရုံပြဖို့ထွက်လာခဲ့ကြပါတော့တယ်။မြို့ကိုသွားတဲ့ လမ်းမှာ ထူးဆန်းမှုတွေအများကြီးကြုံတွေ့ခဲ့ရပြီး နောက်ဆုံး ရောက်သွားခဲ့ပေမဲ့ ရောက်သွားတဲ့ဆေးရုံကြီးကကြောက်မက် ဖွယ်ရာဆေးရုံကြီးဖြစ်နေတဲ့အခါမှာ ဘာတွေဆက်ဖြစ်ကြမယ် ဆိုတာကိုသည်းထိပ်ရင်ဖိုစွာနဲ့ ကြည့်ရှုရမဲ့ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။ File size…778MB / 360MB Quality…NF WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 21m Genre ….. Drama , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

5 2024
Devil’s Horns
Alone
6.2

Alone (2020) IMDb Rating (6.2) / Rotten Tomatoes (94 %) Rating မြင့်တဲ့ Thriller ဇာတ်ကားကောင်းတစ်ကားကိုတင်ဆက်ပေးချင်ပါတယ် ဂျက်စီဆိုတဲ့ကောင်မလေးဟာ အတိတ်တုန်းကဖြစ်ပျက်ခဲ့တဲ့ဆိုးရွားတဲ့ကိစ္စတွေကြောင့် စိတ်ဒဏ်ရာရနေတဲ့သူတစ်ယောက်ပါ ဒါကြောင့် အရာအားလုံးကိုမေ့ဖျောက်ပစ်လိုက်ဖို့အတွက် သူမ နေတဲ့မြို့ကနေတစ်ယောက်တည်း ခရီးထွက်လာခဲ့ပါတယ် ခရီးထွက်လာရင်းနဲ့ လမ်းမှာ လူစိမ်းတစ်ယောက်နဲ့အမှတ်မထင်ဆုံခဲ့ရပါတယ် မကြာခင်မှာပဲ အဲ့ဒီလူစိမ်းက သူမနောက်ကို နောက်ယောင်ခံလိုက်နေတယ်ဆိုတာကို သတိထားမိလိုက်တဲ့အခါမှာတော့……… ဆက်ညွှန်းနေရင် Spoiler ဖြစ်သွားမှာစိုးလို့ ဒီလောက်နဲ့ပဲအညွှန်းကိုရပ်ပါရစေ။ ကြည့်နေရတဲ့သူတောင်မွန်းကြပ်ပြီး ဇာတ်လမ်းထဲ ကိုယ်တိုင်ပါဝင်နေရသလို ခံစားရစေမှာပါ။ သေချာပေါက် လက်မလွှတ်သင့်တဲ့သည်းထိတ်ရင်ဖိုဇာတ်ကားကောင်းတစ်ကားလို့ပဲ အပြည့်အဝညွှန်းချင်ပါတယ်။

6.2 2020
Alone
Treasure Trackers
6.4

Treasure Trackers (2024) ***************************** ဒီတစ်ခေါက်မှာတော့ Channel Myanmar ရဲ့ ပရိသတ်တိုကို ဟော်လိုးဝင်းပွဲတော် နဲ့ ခရစ်စမတ်ကာလကြား ကြည့်ကောင်းမယ့် ပေါ့ပေါ့ပါးပါးဇာတ်ကားကောင်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ် .. ဇာတ်လမ်းအကျဥ်း ************* ကယ်လီဖိုးနီးယားကနေ နယ်မြိုလေးတစ်ခုကို ပြောင်းလာရတဲ့ လီယာဟာ ဖခင်ဖြစ်သူကပါ အဒေါ်အိမ်မှာ ထားခဲ့လို စိတ်ညစ်နေပါတယ် .. တဆက်တည်းမှာပဲ ပြောင်းလာတဲ့နယ်မြိုကလည်း ဟော်လိုးဝင်းပွဲတော်တစ်ဝိုက်ဖြစ်နေလို လေထုက ခြောက်ခြားစရာ ပုံပြင်တွေနဲ့ပေါ့ .. ဒီအချိန်မှာ လီယာတစ်ယောက် သူငယ်ချင်းအသစ်တွေ နဲ့ ဒေသခံ ဟော်လိုးဝင်းပုံပြင်တွေကြား၊ စုန်းမတွေနဲ့ ကျိန်စာသင့်ရွှေတွေကြား၊ ဒဏ္ဍာရီလာတိရစ္ဆာန်တွေ၊ စွန့်စားခန်းလေးတွေနဲ့ ပြသာနာတွေကြား မြိုသစ်လေးမှာ နေရာကျသွားမလား ကယ်လီဖိုးနီးယားကိုပဲ ပြန်ပြောင်းပြေးသွားမလားဆိုတာကို ပေါ့ပေါ့ပါးပါးလေးတင်ဆက်ထားတာဖြစ်လို ပိတ်ရက်မှာ မိသားစုတွေနဲ့အတူကြည့်သင့်တဲ့ ဇာတ်ကားလေးဖြစ်ပါတယ် .. (အညွှန်းကို Su မှ ရေးသားထားပါတယ်) File size…2.23GB / 1GB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 32m Genre ….. Mystery, fun, adventure Subtitle….Myanmar Subtitle (Hard Sub) Translated by Su Encoded by AHtet

Crime • Drama • Mystery • Thriller
6.4 2024 92 mins
Treasure Trackers
Mojave
5.2

Mojave (2015) မိုဟာဗီး ကန္တာရထဲမှာ စာရေးဆရာတစ်ယောက်နဲ့ စာဖတ်သူတစ်ယောက် တွေ့ကြတဲ့ဇာတ်လမ်းလေးပါ။ စာရေးဆရာက ၁၉ နှစ်သားကတည်းက နာမည်ရလာတဲ့ စာရေးဆရာ၊ စာဖတ်တဲ့သူက ၂ နှစ်သားကတည်းက စာဖတ်လာတဲ့သူ။ သူတို့ရဲ့ ဇာတ်လမ်းအပေါ် စိတ်ကူးဉာဏ်ကွန့်မြူးပုံတွေ လူ့ဘဝအပေါ် အမြင်တွေက တူတူလိုဖြစ်နေပြီး တစ်ချိန်တည်းမှာ တခြားစီလိုဖြစ်နေတာကို တွေ့ရမှာပါ။ သူတို့ရဲ့ တွေ့ဆုံပုံက ရိုးရှင်းနေပေမဲ့ ဆန်းကြယ်နေသလို နောက်ထပ်ဖြစ်လာတဲ့ သူတို့ရဲ့ အဖြစ်အပျက်တွေ မတော်တဆတွေက ထူးဆန်းတဲ့ ဖြစ်ရပ်မှန်တစ်ခုလို စိတ်ကူးယဉ် ဇာတ်လမ်းတစ်ပုဒ်လို ဖြစ်နေလိမ့်မယ်။ နှစ်ယောက်က အချင်းချင်း သတ်ဖို့ ကြိုးစားနေကြတယ်ဆိုပေမဲ့ လက်နက်တွေ ခန္ဓာကိုယ်တွေ အသုံးချတဲ့ တိုက်ပွဲမျိုးထက် ပိုပါတယ်။ နှစ်ယောက်လုံးက ဇာတ်လမ်းကို ချစ်ကြသူတွေဖြစ်တော့ ဇာတ်လမ်းတွေနဲ့ တိုက်ခိုက်သွားကြတာကို တွေ့ရပါလိမ့်မယ်။ ရှိတ်စပီးယား ပရိသတ် စာဖတ်သူရဲ့ လူ့ဘဝအပေါ် အမြင်တွေကလည်း တစ်မျိုးထူးဆန်းနေပြီး တချို့ အတွေးတွေက ကိုယ့်စိတ်ကူး အချို့နဲ့ တိုက်ဆိုင်နေတာတွေကို တွေ့ရမှာပါ။ ဗုဒ္ဓက ကန္တာရကို ထွက်သွားတယ်။ ယေရှုက ကန္တာရကို ထွက်သွားတယ်။ ပြန်လာကြတော့ ဉာဏ်အလင်းပွင့်လာကြတယ်။ တူညီနေသလောက် ကွဲပြားနေတဲ့ ဒီလူနှစ်ယောက် ကန္တာရထဲမှာ တွေ့ကြပြီး သူတို့ရဲ့ အပြန်ခရီးကရော ဘယ်လိုဖြစ်လာမလဲ… (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.5GB, 745MB Quality – BluRay 1080p, 720p IMDb Rating – 5.2/10 Format – mp4 Duration – 1H 33Min Genre – Action, Adventure, Crime, Drama, Mystery, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

Action
5.2 2015 93 mins
Mojave
Empty Nets Leere Netze
6.5

Empty Nets (2024) IMDb Rating (6.5) / Rotten Tomatoes (100%) ဒီရုပ်ရှင်ရဲ့ ဒါရိုက်တာ Behrooz Karamizadeဟာ အီရန်သားပေမဲ့ ၁၉၈၄ သူ့အသက်၆နှစ်သားမှာ မိသားစုလိုက် ဆိုဗီယက်ကို ပြောင်းရွှေ့အခြေချခဲ့ပြီး ၁၉၈၅ကနေ အခုထိတော့ ဂျာမန်မှာ အခြေချနေတယ်။ ဒီတော့ ဒီရုပ်ရှင်ဟာ ဂျာမနီထုတ်လုပ်ရေးပေမဲ့ အီရန်ဒါရိုက်တာ အီရန်သားတွေနဲ့ အီရန်စကားသုံးပြီး ရိုက်ထားတဲ့ အီရန် ရုပ်ရှင်လို့ပြောလို့ရပါတယ်။ ဒါရိုက်တာရဲ့ပွဲဦးထွက်ရုပ်ရှင်လည်းဟုတ်တယ်။ ပွဲဦးထွက်မှာ Rt- 100ရထားတော့ ဒါရိုက်တာက အထင်တော့ သေးမရဘူးပေါ့။ ချစ်ပြီးရင်တော့ အားလုံးပေါင်းဖက်ချင်ကြမှာပဲ။ ဒီဇာတ်လမ်းရဲ့ ဇာတ်ဆောင်က ချစ်ပြီးမှတော့ ညားချင်ခဲ့တဲ့ ကောင်လေးနဲ့ ကောင်မလေးနှစ်ယောက်ပါပဲ။ ဒါပေမဲ့ ဒီကာလမှာ သူတို့နိုင်ငံမှာ သူလိုကိုယ်လိုပဲ ငွေကြေးဖောင်းပွမှုကလည်း ပိုပိုဆိုးလာသလို အလုပ်အကိုင်တွေကလည်း ရှားပါးလာတဲ့နောက် အာမာဆိုတဲ့ကောင်လေးဟာ သူ့ကောင်မလေးနဲ့ လက်ထပ်ဖို့ တော်တော်လေး အကြပ်ရိုက်နေခဲ့တယ်။ ဒီနောက် မှန်တာတစ်ခုခုဘက်ကနေမိတဲ့အတွက် ကောင်လေးက ရှိနေတဲ့အလုပ်လေးကပါ ပြုတ်သွားတယ်။ ဒီအနေမှာ မဖြစ်နိုင်တော့တဲ့ တည်ချင်တဲ့ကမ္ဘာအတွက် ရင်ကွဲရသူ သုံးယောက်တော့ ရှိခဲ့တယ်။ ကောင်လေးရယ် ကောင်မလေးရယ် ကောင်လေးအမေရယ်ပေါ့။ ဒီဇာတ်မှာ ကောင်လေးအမေက အခန်းကဏ္ဍနည်းပေမဲ့ ဇာတ်တစ်ခုလုံးရဲ့အကြောင်းအရာကို ပြောင်းလဲပစ်နိုင်တဲ့ မေတ္တာပါပဲ။ ဒီလိုနဲ့ ကောင်လေးက အလုပ်ကြမ်း ငါးဖမ်းလှေထွက် သွားလုပ်တယ်။ ဒါပေမဲ့လည်း ဒါကလည်းမဖူလုံလောက်ခဲ့ပါဘူး။ သူ့ဘဝဟာ “ချစ်တိုင်းလည်းညားကြရင် ကိုယ့်လိုလူ ဘယ်လိုလုပ်ရမှာလဲ” ဆိုတဲ့ စိုင်းခမ်းလိတ်စာသားအတိုင်းပေါ့။ ဒီလိုနဲ့ မှန်နေတဲ့လမ်းတွေက ဘယ်တော့မှမဖြောင့်တဲ့နောက် ကောင်လေးက လွယ်ကူကွေ့ကောက်တဲ့ လမ်းတစ်ခုနောက် လိုက်သွားခဲ့တယ်။ အဲဒီလမ်းက ကောင်လေးကို ဘယ်ဆီဘယ်ခေါ်သွားမလဲလို့ ဆွေးရမယ့်ရုပ်ရှင်ပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ WiRa Aung ဖြစ်ပါတယ်။) File size…(1.8 GB) / (930 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:38:08 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by WiRa Aung

Comedy • Drama • Mystery • Thriller
6.5 2024 98 mins
Empty Nets Leere Netze
Kutukan Calon Arang
5.5

Kutukan Calon Arang (2024) IMDb Rating (5.5) ရမ်မ်နဲ့မေတို့ မောင်နှမနဲ့အတူ သူငယ်ချင်းငါးယောက်တို့ဟာ ပြဿနာပေါင်းစုံနဲ့ ဘ၀ဟောင်းတွေကို ကျောခိုင်းပြီး သူတို့နှစ်ယောက်ရဲ့လူသူမနီးတဲ့ ကျေးလက်အိမ်ကြီးတစ်ခုမှာဘ၀သစ်ပြန်စဖို့ မျှော်လင့်ချက်နဲ့ရောက်လာခဲ့ကြပါတယ်။ ဒါပေမယ့်လည်း ရောက်ရောက်ချင်းညမှာပဲ အိမ်ကြီးရဲ့လျှို့ဝှက်ခန်းထဲက ထူးဆန်းတဲ့ စာအုပ်တစ်အုပ်ကိုတွေ့ရှိခဲ့ကြပြီး အဲ့ဒီစာအုပ်ကို မတော်တဆရွတ်ဖတ်မိရာကနေ မကောင်းဆိုးဝါးတွေကိုဖိတ်ခေါ်မိသလိုဖြစ်ပြီး သူတို့အားလုံးအတွက်ကြမ္မာဆိုးတွေကျရောက်ဖို့ဖြစ်လာပါတော့တယ်။ Evil Dead အင်ဒိုနီးရှားဗားရှင်းလို့ပြောလို့ရတဲ့ကားပါ။ ဒါပေမယ့် မကောင်းဆိုးဝါးရောက်လာပုံနဲ့တစ်ချို့နေရာတွေ ဆင်တူနေတာကလွဲလို့ အားလုံးထပ်တူကျနေတာတော့လည်းမဟုတ်ပါဘူး။ သာမန်မြင်နေကျအောက်လမ်းအတိုက်တွေ ၊ ဘာသာရေးတွေနဲ့ရောထွေးနေတဲ့ ဇာတ်ကားမျိုးလည်းမဟုတ်ပဲ ကွဲထွက်နေတဲ့ဇာတ်ကားပါပဲ။ အီလေးဆွဲနေတာတွေ အိုင်နေတာတွေမပါပဲ ဇာတ်လမ်းစကတည်းက သွက်သွက်လက်လက်နဲ့အဆုံးထိ ဆွဲခေါ်သွားနိုင်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(1.4 GB) / (710 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Horror,Thriller Duration….01:42:36 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Alias

Thriller • Horror
5.5 2024 101 mins
Kutukan Calon Arang